ဥပမာအားဖြင့် ဖားကို မြွေကိုက်နေရာ ချောက်လန့်၍ မပစ်ကောင်း၊ ချောက်လှန့်ပစ်ပါလျှင် ဖားမှာ ချမ်းသာသော်လည်း မြွေမှာ ငတ်မွတ်ခြင်းဒုက္ခ ခံရတော့မည့်အတွက် အပြစ်မကင်းဟူ၍ မှတ်ထင်နေကြ၏။
မြတ်စွာဘုရားကမူကား စေတနာကိုသာ အရင်းခံထား၍ ဟောကြားတော်မူ၏။ ချောက်လန့်သူသည် မြွေကို ငတ်မွတ်စေလိုသည့်
စေတနာအရင်းခံထားရှိပါက အပြစ်ရှိမည်ဖြစ်သော်လည်း
မြွေ၏ငတ်မွတ်ရေးကို အာရုံမပြု နှလုံးမသွင်းပဲ ဖားချမ်းသာရန်ကိုသာ ရည်သန်စေတနာထားရှိပါမူ အပြစ်တစုံတရာမရှိ…။
ဗုဒ္ဓ၀င် ပတွဲ
Dhamma Garden Centre
No comments:
Post a Comment