Sunday, September 13, 2015
သူတော်ကောင်း နတ်ကောင်းစောင့်တယ်ဆိုတာ
အရှင်သာရိပုတြာ တပည့်လေးဟာ တရားထိုင်နေုတုန်း အနာဂါမ်ဖြစ်ပြီး ရဟန္တာဖြစ်ခါနီးမှာ ရှင်သာရိပုတြာက အပြင်ကဆွမ်းခံပြန်လာခဲ့တယ် ကျောင်းထဲဝင်လိုက်တာနဲ့ ကိုရင်လေးဟာ သမာဓိပျက်ပြီး ရဟန္တာမဖြစ်
နိုင်တော့ဘူး အဲဒါကို ဘုရားရှင်က သိတော်မူတယ်။ ဒါ့ကြောင့် ဘုရားရှင်ဟာ ရှင်သာရိပုတြာ ကျောင်းထဲမရောက်ခင် တံခါးဝမှနေ၍ စောင့်ပြီး
အရှင်သာရိပုတြာနဲ့ စကားပြောဆိုပြီး အချိန်ဆွဲထားခဲ့တယ်
ဘုရားရှင်ရဲ့အကြံတော်ကို သိတော့ သိကြားမင်းကလည်း ကိုရင်လေးတိတ်ဆိတ်စွာတရာကျင့်ဖို့ အတွက် ခြင်္သေ့အယောင်ဆောင်ပြီး ကျောင်းနားကနေ အခြားတိရစ္ဆာန်တွေ မလာနိုင်အောင် စောင့်ပေးတယ်
နောက်ပြီး မွန်းတည့်ချိန် ရောက်ခါနီးတဲ့အတွက် ကိုရင်လေး ရဟန္ထာဖြစ်ပြီး ဆွမ်းမစားရမှာစိုးလို့ နေနတ်သားကလည်း နေလုံးကို ဖမ်းဆုတ်ပြီး
မွန်းမလွဲအောင်တားထားတယ် ကိုရင်လေး ရဟန္တာဖြစ်သွားတော့မှ ဘုရားရှင်က အသင့် တပည့်လေးကို ဆွမ်းသွားကျွေးလိုက်ဦး
ဆာနေပြီဆိုပြီး လွှတ်လိုက်တယ် ကိုရင်လေးလည်း ဆွမ်းစားတယ် ဆွမ်းစားပြီးတော့မှ နေနတ်သားကလည်း နေကိုလွှတ်လိုက်တယ်
ချက်ချင်းကြီးမွန်းလွဲသွားတဲ့အတွက် အခြားရဟန်းတွေက မေးလျှောက်တော့မှ ဘုရားရှင်က အဲဒီဇာတ်ကြောင်းကို ဟောတော်မူပြီး သူတော်ကောင်းအလုပ်ကိုလုပ်လျှင် နတ်တွေ မကူညီ၍မရကြောင်း ဟောကြားခဲ့ပါတယ်
တကယ်တော့ နတ်ပြည်နတ်လောကမှာ နတ်သဘင် အစည်းအဝေးတွေ ကျင်းပတယ်ဆိုတာ လူ့ ပြည်က တရားအားထုတ်တဲ့ သူတော်ကောင်းတွေကိုစောင့်ရှောက်ဖို့  သာသနာတော်အတွက် ပေးဆပ်နေသူတွေကို ကာကွယ်ဖို့  စောင့်ရှောက်ဖို့ အထက်နတ်မင်းကြီးတွေကနေ အောက်နတ်တွေအထိ အဆင့်ဆင့်စောင့်ရှောက်ဖို့ ခွဲတမ်းချ တာဝန်ပေးခြင်းအမှု့ တွေကိုပြုတာပါပဲ
တရားကျင့်နေသူ သို့ မဟုတ် သာသနာတော်အတွက် ပေးဆပ်နေသူတွေဟာ ဒုက္ခရောက်နေပြီဆွှိုရင် မိမိနိုင်သလောက်ကူညီရတယ် မကူညီရင် အနီးနားက အောက်နတ်တွေဟာ အထက်နတ်မင်းကြီးတွေရဲ့ ဒဏ်ခတ်ခြင်းကို ခံရတယ်။ ဒါ့ကြောင့် သူတို့ တွေဟာ သူတော်ကောင်းတွေကို ဥပေက္ခာပြုလို့ မရဘူး သူတော်ကောင်းတွေ ဘာလို့ လည်းဆိုတာ အမြဲ စောင့်ကြည့်နေရတာ
ီကိစ္စကို တောထဲမှာ တရားကျင့်နေတဲ့ ဆရာတော်တွေကို လေ့လာကြည့်ရင်သိနိုင်တယ် ဆရာတော်ကြီးအချို့ ဆိုရင် စိတ်ထဲမှာ ဘာမှကို မကြံရဲပါလား လို့ တောင် မှတ်တမ်းတွေမှာတွေ့ ရပါတယ် ဝေဘူဆရာတော်ဘုရားကြီးဆိုရင် ဒို့ များစမ်းကြည့်တာ မှန်တယ်ဗျာတဲ့
သစ်ပင်ရှိရင်ဆွမ်းရှိတာပဲလို့ သစ်ပင်တွေအောက် ဆွမ်းခံတာ ဆွမ်းရကြောင်းစမ်းသပ်ပြီး မိန့် ဆိုဘူးတယ်
Shared from ဦးမြင့်ခိုင် စိတ်ပညာ (FB)
ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်ပါစေ
အိပ်ရာမှာ အိပ်ရင်းနဲ့ပဲ ရသလောက်
အသက်ရှူတာလေးကို သိပြီးတော့နေမယ်။
ဒီကြားထဲ စိတ်ဆိုတာ အငြိမ်မနေဘူးနော်။
တွေးတော့မှာပဲ။ တွေးရင်လည်းပဲ သိလိုက်ပြီးတော့
အသာလေး ဖြတ်ထားလိုက်ဖို့ပဲ။
နေပါစေတော့..။
တော်လောက်ပြီ။
Enough is enough!
တစ်နေကုန် အလုပ်ကိစ္စ တွေးခဲ့ပြီးပြီ။
တစ်နေကုန် ဟိုအကြောင်းတွေး
ဒီအကြောင်းတွေးနဲ့ တွေးတောနေရတာ...။
တော်ပြီ။ စိတ်အေးအေးချမ်းချမ်းလေး
တရားလေးမှတ်ရင်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်းလေး
အိပ်ပျော်သွားရော။
ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်သွားလို့ရှိရင်
အိမ်မက်ဆိုးတွေ ဘာတွေ မမက်ပါဘူး။
သောကဖြစ်စရာ အိမ်မက်တွေ မမက်ပါဘူး။
ပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်း အိပ်ရတဲ့အတွက်ကြောင့်
နာရီနည်းပေမယ့် ပိုပြီးတော့ အိပ်ရေးဝတယ်။
၎-၅နာရီလောက် အိပ်လိုက်ရရင်
တော်တော်လေး လန်းဆန်းပြီးတော့
အားပြန်ပြည့်သွားတယ်။
ဘတ္ထရီကို Charging အပြည့်
ပြန်သွင်းလိုက်သလိုပဲ။
(ဆရာတော်ဦးဇောတိက)
Buddha ကို အရမ်းလေးစားတယ်...
ဘာကြောင့်လဲဆိုတော့...
Buddhaဟာ... ဒီကမ္ဘာကြီးကို
သူပိုင်တယ်လို့ မကြွားခဲ့ပါဘူး....
သူ့ကိုကိုးကွယ်ရင်..
ဆုလာဒ်တွေ ပေးမယ်လို့ မစည်းရုံးခဲ့ပါဘူး....
သူ့ကိုမရှိခိုးရင်...မကိုးကွယ်ရင်..
ငရဲကိုပို့ပစ်မယ်လို့..မခြိမ်းခြောက်ခဲ့ပါဘူး...
သူ့ကိုရှိခိုးခြင်းထက်..
စရဏပိုင်း ကောင်းမွန်ခြင်းဟာ..
ပိုမြတ်တယ်လို့...
ပြတ်၂သား၂ ပြောကြားခဲ့သူပါ...
သူပြောတဲ့..စကားတိုင်းကိုလည်း..
အလွယ်တကူ..မျက်စိမှိတ်မယုံလိုက်ပါနဲ့လို့
ရဲ၂တောက် ပြောကြားခဲ့သူပါ...
သူဟောကြားခဲ့တဲ့..ဒီအမှန်တရားတွေဟာ..
သူပိုင်တာ မဟုတ်ပါဘူး...
သဘာဝအမှန်တရားတွေ သာဖြစ်တယ်လို့
ပေါ်၂တင်၂ပြောကြားခဲ့သူပါ...
သူရရှိခဲ့တဲ့..ဘုရားအဖြစ်ကိုလည်း..
သူတစ်ယောက်တည်း..
မောင်ပိုင်စီးထားတာမျိုးမဟုတ်ဘဲ...
ဘုရားဖြစ်ချင်ရင်လူသားတိုင်း..
ကြိုးစားလို့ရတယ်ဆိုတဲ့...
လမ်းကြောင်းတစ်ခုကို,
စိတ်သဘောထား ကြီးမြတ်စွာ နဲ့ချပြခဲ့သူပါ...
လွပ်လပ်စွာတွေးခေါ်ခွင့်...
လွတ်လပ်စွာပြောဆိုနေထိုင်ခွင့်...
လွတ်လပ်စွာယုံကြည်ခွင့်...ဆိုတဲ့
ဒီမိုကရေစီ သဘောတရားတွေကို
ပြောကြားခဲ့တဲ့ ပထမဆုံးသော..
ဘာသာရေးခေါင်းဆောင် တစ်ယောက်ပါ...
ကိုယ်ကောင်းတာလုပ်ရင်..ကောင်းကျိုးခံစားရမယ် မကောင်းတာလုပ်ရင်..မကောင်းကျိုးခံစားရမယ်..
မိမိရဲ့ကောင်းခြင်းဆိုးခြင်း..ရလာဒ်တွေဟာ.
မိမိရဲ့အတိတ်, ပစ္စုပ္ပန်ကာလတွေရဲ့..
လုပ်ရပ်ကြောင့်ဖြစ်တယ်..
မည်သူတစ်ဦး တစ်ယောက်ကမှ..
ဖန်တီး စီရင်နေတာ, မဟုတ်ဘူးလို့
အကြောင်းတရားကြောင့်..
အကျိုးတရားဖြစ်ရခြင်း..ကိုပြောကြားခဲ့တဲ့..
တစ်ဦးတည်းသော..
ဘာသာရေးခေါင်းဆောင် တစ်ယောက်ပါ...
သူ့ရဲ့တစ်သက်တာ,ကာလပတ်လုံးမှာ,
သူတားမြစ်ခဲ့တဲ့ တရားတွေကို..
သူကိုယ်တိုင်လည်း လုံခြုံခဲ့ပါတယ်...
အဲဒါကြောင့်..ကျွန်တော်ဟာ..
Buddhaကို..အရမ်းလေးစားပါတယ်..
အရမ်းကြည်ညိုပါတယ်....
သူဟောကြားခဲ့တဲ့..ငြိမ်းချမ်းတရားတော်တွေဟာ..
ခုချိန်ထိ မှန်ကန်နေတုန်းပါပဲ...
လိုက်နာကျင့်သုံးရင်..အသုံးဝင်နေတုန်းပါပဲ...
ဒီနေ့ကမ္ဘာကြီး ငြိမ်းချမ်းအောင်..
Buddha တရားတော်တွေထဲမှာ..
နည်းလမ်းတွေ ရှိနေပါတယ်....
Buddha..ကျင်ကြံခဲ့တဲ့..
ဝိပဿနာတရားတွေဟာလည်း..
Buddha,ချမှတ်ပေးခဲ့တဲ့
နည်းလမ်းတွေအတိုင်း..
လက်တွေ့ကျင့်ကြံကြည့်ရင်..
စိတ်ရဲ့ငြိမ်းချမ်းခြင်းကို
အမှန်တကယ် ရှာတွေ့နိုင်တယ်ဆိုတာ..
ဘာသာခြားတွေတောင်..လက်ခံနေကြပါတယ်
ဝိပဿနာတရားစခန်းတွေမှာ..
ဖန်ဆင်းရှင်ဝါဒကို ယုံကြည်တဲ့....
ဘာသာခြားတွေ..
အများကြီးလာရောက်ကျင့်ကြံ
အားထုတ်နေကြတာ..အများကြီးရှိပါတယ်...
*Buddha* ဟာ..ကြွားဝါမှုတွေ..
စည်းရုံးမှုတွေ...ခြိမ်းခြောက်မှုတွေ...
ချုပ်ချယ်မှုတွေ...မလုပ်ခဲ့ပါပဲနဲ့..
သူ့စကားကိုယုံကြည်စွာ..လိုက်နာနေကြတဲ့
Buddhaဘာသာဝင်တွေ..
ယနေ့အထိအများကြီး ရှိနေဆဲဖြစ်တာကို..
ကျွန်တော်အင်မတန်မှကို..ဂုဏ်ယူမိပါတယ်...
အခု..Buddhaမရှိတော့တာ..
နှစ်ပေါင်း၂၅၀၀ကျော်သွားပါပြီ..
အင်အားအကြီးဆုံး ဘာသာကြီး၎ခုထဲမှာ..
အခုချိန်ထိ ပါဝင်နေတာကို..
အံ့သြချီးကျူးလို့ကို..မဆုံးနိုင်တော့ပါဘူး....
ဗုဒ္ဓရဲ့သွန်သင်ဆုံးမမှုတွေက..
စာအုပ်တွေများများ ဖတ်ပြီး..
ဆင်ခြင်သုံးသပ်ကြည့်လေပိုပြီး..
မှန်တယ်ဆိုတာ..သိလာပါတယ်။
ဒါကြောင့်..ကျွန်တော်ဟာ..
Buddhaဘာသာဝင် တစ်ယောက်ဖြစ်ရတာ..
ဂုဏ်ယူပါတယ် Buddhaဘာသာဝင်..အသိုင်းအဝိုင်းကြားမှာ..မွေးဖွားလာရတာကိုလည်း..
အလွန်ကျေနပ်မိပါတော့တယ်....
(ကျွန်တော်..ဒီလိုတွေရေးလိုက်တာဟာ သူများဘာသာကို..ထိခိုက်စေလိုသော.. ဆန္ဒမရှိပါဘူး.. Buddha ဘာသာဝင်တစ်ဦးရဲ့.. ရိုးရှင်းသော.. ရင်တွင်းခံစားချက်သက်သက် သာ.. ဖြစ်ပါတယ်)
Credit to ဗုဒ္ဓမူကြို
မြန်မာတွေ အားကျသင့်တဲ့အရာ
မြန်မာတွေအားကျ သင့်တာကအမေရိကန် သြဇီ ကိုရီးယားတို့ မဟုတ်ပါ။
သီဟိုဠ်နိုင်ငံမှာ ဗုဒ္ဓဘာသာကျောင်းသူကျောင်းသားတိုင်းတနင်္ဂနွေနေ့မှာဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းကို တက်ကြရပါတယ်။ ဒီလိုမျိုးသင်တန်းကို ၁၈၈၁ ခုနှစ်ကတည်းက စတင်သင်ကြားပို့ချခဲ့တာပါတဲ့။
ဒါ့ကြောင့် အခုသီဟိုဠ်နိုင်ငံကို အုပ်ချုပ်နေတဲ့ သမ္မတ၊ ၀န်ကြီး၊ ဗိုလ်ချုပ်ကြီးများဟာ Sunday Dhamma School ကျောင်းဆင်းတွေချည်းပါပဲတဲ့။
Sunday Dhamma School ကို စတင်တည်ထောင်သူကတော့ အမေရိကန်နိုင်ငံသား သာသနာ့အလံကို အကြံပေးခဲ့သူ Henry Olcott ဆိုသူဖြစ်ပါတယ်တဲ့။
ဗုဒ္ဓ၀င်၊ ရာဇ၀င်၊ ယဉ်ကျေးမှုစတာတွေကို သင်ပေးတာပါ။ နိုင်ငံတော်အစိုးရကိုယ်တိုင်က ပညာရေးစနစ်ကို စနစ်တကျ သတ်မှတ်ပေးပြီးစည်းမျဉ်းဥပဒေနဲ့အညီ ဖွင့်လှစ်ပေးထားတာပါ။ သင်တန်းနေရာက ဘုန်းကြီးကျောင်းမှာပါပဲ။
အချို့စွမ်းနိုင်တဲ့ဘုန်းကြီးများက Sunday Dhamma School မှာ ကျောင်းအုပ်အဖြစ် တာဝန်ယူပြီးဆရာ ဆရာမများနဲ့ ၀ိုင်းဝန်းသင်ကြားပေးပါတယ်။ အချို့ဘုန်းကြီးများကတော့ အကူလောက်ပါဘဲ။ ဆရာ၊ ဆရာမတွေက စေတနာ့ဝန်ထမ်းတွေပါ။ ဆရာ၊ ဆရာမဖြစ်ဖို့ သင်တန်းတက်ရပါတယ်။
ဆရာဖြစ်သင်တန်းမှာ
၁၊ ကုသိုလ်ကံ အကုသိုလ်ကံ၊ ကံ၏အကျိုးတရားများ
၂။ ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ
၃။ ပဋိစ္စသမုပ္ပါဒ်။ သမထ ၀ိပဿနာတို့ဖြစ်ပါတယ်။
Sunday Dhamma School ကျောင်းသူ ကျောင်းသားများလည်း အစိုးရကျောင်းများမှာ ၅ နှစ်သားအရွယ်က စတင်ပြီး ပညာသင်ယူရသလို ၅ နှစ်သားအရွယ်က စတင် ပညာသင်ယူရပါတယ်။ အစိုးရကျောင်းမှာရှိတဲ့အတန်းလိုပဲ အတန်းများကို ခွဲခြားသတ်မှတ်ထားပါတယ်။
၁။ သူငယ်တန်း
၂။ ၁ တန်းမှ ၁၀ တန်း (Grade 1 to Grade 10)
၃။ နောက်ဆုံးအဆင့် ၁၊ အဆင့် ၂ (Final 1, 2)ဆိုပြီး
အတန်းပေါင်း ၁၃ တန်း (၁၃-နှစ်) သင်ကြားပေးပါတယ်။
ပြဋ္ဌာန်းစာတွေကတော့
ငါးရာ့ငါးဆယ်လာဇာတ်တော်များ၊ ဓမ္မပဒကျမ်းလာ ဘုရားလက်ထက်က အဖြစ်အပျက်များ၊
ဗုဒ္ဓ၀င်ကဗျာများ၊ ပါရမီ ၁၀ပါး၊ ဒါန သီလ စတဲ့ ပုညကိရိယ၀တ္ထု ၁၀ ပါးအကြောင်း၊
ဘုရားဖြစ်တော်စဉ်ဗုဒ္ဓ၀င်၊ ပရိတ်ကြီးပါဠိ အဓိပ္ပါယ်၊ အဘိဓမ္မာသဘောသဘာဝ၊
သုတ္တနိပါတလာ မှတ်သားဖွယ်ရာများ၊ သီဟိုဠ်ဗုဒ္ဓဘာသာသမိုင်း၊
ရှေးဟောင်းယဉ်ကျေးမှုဗိသုကာများအကြောင်း၊
ရှေးဘုရင်တို့၏အောင်ပွဲနှင့် စစ်သူကြီးများ၏အစွမ်းသတ္တိတို့ကို ဖော်ပြထားတဲ့ ရာဇ၀င်များ၊
ထေရ၀ါဒဗုဒ္ဓဘာသာနဲ့ မဟာယာနဗုဒ္ဓဘာသာအကြောင်းတို့ဖြစ်ပါတယ်
တနင်္ဂနွေနေ့ နံနက် ၇ - နာရီလောက်ကစပြီး ရိုးရာဝတ်စုံဖြစ်တဲ့အထက်အောက် အဖြူရောင်ဝတ်စုံကိုသာ ၀တ်ဆင်ပြီးကျောင်းကို လာကြရပါတယ်။ ပန်း၊ အမွှေးတိုင်၊ ဖယောင်းတိုင်စသည်တို့ကို ယူလာပြီးကျောင်းဝင်းရှိ ဗောဓိပင်အနီး ပန်းတင်ခုံပေါ်မှာ တင်ထားရပါတယ်။
၈ နာရီခွဲမှာ ကျောင်းသူ ကျောင်းသားများ သူ့နေရာနှင့်သူ တန်စီပြီး ပန်း၊ ရေချမ်း စသည်တို့ကို ဘုရားကို ကပ်လှူပါတယ်။ ပြီးတော့ သီလယူပါတယ်။ ကျောင်းတိုက်မှာရှိတဲ့ဆရာတော်က သြ၀ါဒဆက်ပေးပါတယ်။ ပြီးမှ စာသင်ခန်းထဲဝင်ပြီး ဗုဒ္ဓဘာသာ ယဉ်ကျေးမှုစာများကို စတင်သင်ရပါတယ်။ ၁၂ နာရီခွဲမှာ သင်တန်းအားလုံးပြီးပါတယ်။ သင်တန်းပြီးချိန်မှာ ကျောင်းသူကျောင်းသားများဟာ စာသင်ခန်းထဲကနေပြီး ဗောဓိပင်ရှိရာ မျက်နှာမူကာ မေတ္တာပို့ ဆုတောင်းပြီး စာသင်ခန်းထဲမှ ထွက်ခွါကြရပါတယ်။ ဒီလိုအလေ့အကျင့်ဟာ တစ်ရက်မဟုတ်၊ တစ်လမဟုတ်၊ တစ်နှစ်မဟုတ်၊ ၁၃-နှစ်ကြာ တက်ရကြောင်းသိရပါတယ်။
၈ နာရီခွဲမှာ ကျောင်းသူ ကျောင်းသားများ သူ့နေရာနှင့်သူ တန်စီပြီး ပန်း၊ ရေချမ်း စသည်တို့ကို ဘုရားကို ကပ်လှူပါတယ်။ ပြီးတော့ သီလယူပါတယ်။ ကျောင်းတိုက်မှာရှိတဲ့ဆရာတော်က သြ၀ါဒဆက်ပေးပါတယ်။ ပြီးမှ စာသင်ခန်းထဲဝင်ပြီး ဗုဒ္ဓဘာသာ ယဉ်ကျေးမှုစာများကို စတင်သင်ရပါတယ်။ ၁၂ နာရီခွဲမှာ သင်တန်းအားလုံးပြီးပါတယ်။ သင်တန်းပြီးချိန်မှာ ကျောင်းသူကျောင်းသားများဟာ စာသင်ခန်းထဲကနေပြီး ဗောဓိပင်ရှိရာ မျက်နှာမူကာ မေတ္တာပို့ ဆုတောင်းပြီး စာသင်ခန်းထဲမှ ထွက်ခွါကြရပါတယ်။ ဒီလိုအလေ့အကျင့်ဟာ တစ်ရက်မဟုတ်၊ တစ်လမဟုတ်၊ တစ်နှစ်မဟုတ်၊ ၁၃-နှစ်ကြာ တက်ရကြောင်းသိရပါတယ်။
နောက်တစ်ခုထပ်သိရတာက ဘွဲ့ရလို့ အလုပ်လျှောက်တဲ့အခါမှာလည်း Sunday Dhamma School အောင်လက်မှတ်က အရေးပါပြန်တယ်တဲ့။ဒီအောင်လက်မှတ်ပြနိုင်တဲ့သူ၊ Sunday Dhamma School မှာ အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ခဲ့တဲ့သူဟာ အလုပ်လျှောက်ရာမှာ များစွာ အထောက်အကူဖြစ်ပါတယ်တဲ့။ ဦးစားပေးခံရတယ်တဲ့။
သီဟိုဠ်နိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ပတ်သက်ပြီး သီဟိုဠ်နိုင်ငံမှာနှစ်အတန်ကြာနေဖူးတဲ့ မြန်မာဘုန်းကြီးတစ်ပါးက အခုလိုပြောဖူးတယ်။
“သီဟိုဠ်မှာရှိတဲ့ ဗုဒ္ဓဘာသာဝင်ကလေးသူငယ်များဟာ ဘာသာပြောင်းတယ်ဆိုတာ မရှိဘူး၊ ဘာ့ကြောင့်လဲဆိုရင် ကလေးဘ၀က စတင်ပြီးအခြေခံဗုဒ္ဓစာပေများကို စနစ်တကျ သင်ယူခဲ့ရတဲ့အတွက် ဗုဒ္ဓဘာသာရဲ့တန်ဖိုးကို ကိုယ်ကိုယ်တိုင်သိရှိနေကြပြီလေ၊ ဒီတော့ ကိုယ့်ဗုဒ္ဓဘာသာကို ဘယ်သောအခါမှ ကျောမခိုင်းတော့ဘူး”
ဟုတ်တယ်။ သီဟိုဠ်သားတွေက ဗုဒ္ဓဘာသာကို အသက်နဲ့လဲပြီး ချစ်ကြတာ။ ဗုဒ္ဓဘာသာကိုတော့ လာ မစော်ကားနဲ့။ နည်းနည်းလေးမှ သည်းမခံကြဘူး။ ဒါ့ကြောင့် ဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ ကမ္ဘာကို တင်ပြစရာရှိရင် သီဟိုဠ်သားတွေပဲ တင်ပြနေကြတာ။
ဒို့ မြန်မာ နိုင်ငံမှာလည်း ဒီလိုသင်တန်းတွေ ဖွင့်ဖို့  လိုအပ်နေပါပြီ..၊၊
(မူရင်းရေးသားသူမသိပါ သိသူများပြောလာရင် ထည့်ပေးပါ့မယ် သဘောကျလွန်းလို့ ရှယ်လိုက်တာပါ)
Shared from အောင်ရဲစိုး-ဥပဒေ (FB)
(မူရင်းရေးသားသူမသိပါ သိသူများပြောလာရင် ထည့်ပေးပါ့မယ် သဘောကျလွန်းလို့ ရှယ်လိုက်တာပါ)
Shared from အောင်ရဲစိုး-ဥပဒေ (FB)
ဆရာတော်ဒေါက်တာ ဓမ္မသာမိ ထေရုပ္ပတ္တိ အကျဉ်း
ကမ္ဘာ့အကျော်ကြားဆုံး တက္ကသိုလ်ဖြစ်သည့် အောက်စဖို့ဒ် တက္ကသိုလ်မှ ပါရဂူ ဒေါက်တာဘွဲ့ရ မြန်မာပြည်သား ဆရာတော်ဒေါက်တာ ဓမ္မသာမိ ထေရုပ္ပတ္တိ အကျဉ်း
ဒေါက်တာ ဓမ္မသာမိ D Phil (oxford) ကို ၁၉၄၆ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့ နောင်ပန်ရွာ၌ မွေးဖွားပြီး ခမည်းတော် ဦးလုံးစန်းခမ်းသြ (ရှမ်းတိုင်းရင်းသား ဆေးဆရာကြီး ကွယ်လွန်) နှင့် မယ်တော် ဒေါ်ပါစန်းဆွေတို့၏ သားသမီး (၁၀) ယောက်ရှိသည့်အနက် (၇) ယောက်မြောက်သော သားမြတ်ရတနာဖြစ်သည်။
ဆရာတော်သည် ဗုဒ္ဓ ကျမ်းစာပေများကို မြန်မာ (ရှမ်းပြည်နယ်၊ပဲခူး) ၊ ထိုင်း၊ သီရိလင်္ကာ နှင့် ဗြိတိန် နိုင်ငံတို့၌ လေ့လာသင်ကြားပြီး ၂၀၀၄ ခုနှစ်တွင် ကမ္ဘာ့အကျော်ကြားဆုံး တက္ကသိုလ်ဖြစ်သည့် အောက်စဖို့ဒ် တက္ကသိုလ်တွင် ပါရဂူ ဒေါက်တာဘွဲ့ကို ဆွတ်ခူးရရှိသည်။
၂၀၀၃ ခုနှစ် အောက်ဖို့ဒ် တက္ကသိုလ် ဗုဒ္ဓစာပေများကို လူအများ ကျယ်ကျယ်ပြန့်ပြန့် လေ့လာသင်ကြားနိုင်ရန် ရည်ရွယ်၍ ဆရာတော်သည် အောက်စဖို့ဒ်မြို့တွင် အောက်စဖို့ဒ် ဗုဒ္ဓ၀ါဟာရကျောင်းတိုက်ကို တည်ထောင်ပြီး အောက်စဖို့ဒ်တက္ကသိုလ်နှင့် လက်တွဲကာ ဗုဒ္ဓ စာပေ အနှစ်သာရများကို ယခုအထိတိုင် သင်ကြားပို့ချ နေသည်။
ကမ္ဘာ့ ဗုဒ္ဓသာသနာပြု အောက်စဖို့ဒ် ဆရာတော် ဒေါက်တာ ဓမ္မသာမိ DPhil (Oxford), MPhil (Kelaniya) ဆရာတော်အား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရမှ ‘အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ’ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခဲ့သည်။
ဆရာတော်သည် ဗုဒ္ဓကျမ်းစာ စာပေများကို မြန်မာ (ရှမ်းပြည်နယ်၊ ပဲခူး)၊ ထိုင်း၊ သီရိလင်္ကာနှင့် ဗြိတိန်နိုင်ငံတို့၌ လေ့လာသင်ကြားပြီး ၂ဝဝ၄ ခုနှစ်တွင် ကမ္ဘာ့ အကျော်ကြားဆုံး တက္ကသိုလ်ဖြစ်သည့် အောက်စဖို့ဒ် တက္ကသိုလ်တွင် ပါရဂူ ဒေါက်တာဘွဲ့ကို ဆွတ်ခူး ရရှိခဲ့သည်။ ၄င်းအပြင် အောက်စဖို့ဒ် မြို့တွင် အောက်စဖို့ဒ် ဗုဒ္ဓဝိဟာရ ကျောင်းတိုက်ကို တည်ထောင်ပြီး တက္ကသိုလ်နှင့် လက်တွဲကာ ဗုဒ္ဓစာပေ အနှစ်သာရများကို ယနေ့တိုင် သင်ကြားပို့ချလျက် ရှိသည်။
၂ဝဝ၇ ခုနှစ်တွင် ကမ္ဘာအရပ် ရပ်ရှိ ဗုဒ္ဓတက္ကသိုလ် များကို စုစည်း ပေးပြီး ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များ အသင်းကြီးနှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓ တက္ကသိုလ်များ အသင်းကြီးနှစ်ခုကို တည်ထောင်ပေးခဲ့ သည်။
၎င်းအပြင် ထေရဝါဒနှင့် ကိုက်ညီစွာ ရှမ်း၊ မြန်မာ၊ အင်္ဂလိပ် ဘာသာများဖြင့် ဆောင်းပါးနှင့် ကဗျာ များ ရေးသားခဲ့ပြီး ဓမ္မစာအုပ်များလည်း ရေးသား ထုတ်ဝေခဲ့သည်။
လက်ရှိ အချိန်အထိ အမေရိကန်၊ အင်္ဂလန်၊ စပိန်၊ ပြင်သစ်၊ ဟန်ဂေရီ၊ ကနေဒါ၊ ဂျာမနီ၊ ဝေးလ်စ်၊ ကိုရီးယား၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ စသည့် နိုင်ငံများတွင် ဝိပ ဿနာ တရားစခန်းများ ဖွင့်လှစ်ပြသ ပေးလျက် ရှိသည်။
ဆရာတော်သည် အောက်စဖို့ဒ် တက္ကသိုလ်တွင် ကထိက ဆရာ၊ ရန်ကုန် အပြည်ပြည် ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓတက္ကသိုလ်၏ ပါမောက္ခ၊ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ ဗုဒ္ဓ တက္ကသိုလ် များ အသင်းကြီး( IABU ) နှင့်
အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ တက္ကသိုလ်များ အသင်းကြီးတို့၏ တည်ထောင်သူနှင့် အတွင်းရေးမှူး ချုပ်အဖြစ် ဆောင်ရွက်လျက်ရှိပါသည်။
Dragon Patriotic Myanmar Youths Association's post.
စိုးရိမ်သောက
🌷🌷🌷
အားငယ်စိတ်ကြောက်စိတ်ဆိုတာ လူတိုင်းမှာ အနဲနဲ့အများရှိတယ်။ အဲဒီအားငယ်တာ၊ ကြောက်တာ၊ စိုးရိမ်တာတွေကို တနည်းနည်းနဲ့ ငြိမ်းချမ်းအောင်မလုပ်လို့ရှိရင် လူရဲ့စိတ်ဓာတ်အင်အားတွေကို ကုန်ဆုံးသွားစေတယ်။ အဲဒီလူဟာ အမြဲတမ်းလိုလိုပဲ စိတ်ကြည်လင်မှု မရှိဘူး။ တခုခု ခက်ခဲနက်နဲတဲ့အလုပ်ကို လုပ်ရတော့မယ်ဆိုရင်ပဲ သူ့မှာ အားစိုက်ဖို့ရာ အင်အားကမရှိဘူး။ အဲဒီတော့ အဲဒီအားငယ်စိတ်၊ ကြောက်စိတ်တွေကို သက်သာဖို့ဆိုတာလည်းပဲ ဒီတရားအားထုတ်မှ ရနိုင်မယ်။
🌷🌷
အခု သက်သာအောင်နေရင် ရေရှည်မှာ မသက်သာဘူး။ အပျော်အပါးကို ဦးစားပေးပြီးတော့ ရေရှည်မှာအကျိုးရှိမယ့်အလုပ်ကို မလုပ်တဲ့သူဟာ ရေရှည်မှာ မပျော်နိုင်တော့ဘူး။ ပူပင်သောက များမယ်။
🌷🌷🌷
စိတ်အေးရဖို့ဆိုတာက ကိုယ့်ရင်ထဲမှာ တကယ်မှန်ကန်တဲ့၊ တိကျတဲ့ တန်ဖိုးထားစရာ ရှိရမယ်။ ငါ့ဘဝကိုငါ ဘယ်လိုနေမယ်၊ ဘယ်လိုသဘောထားနဲ့နေမယ်၊ ဘယ်လိုခံယူချက်နဲ့နေမယ်၊ ဘာကိုဦးတည်ချက်ထားမယ်ဆိုတာကို စိတ်ချလက်ချ ကိုယ့်ကိုယ်ပိုင်ဥာဏ်နဲ့ကိုယ် စဉ်းစားပြီးတော့ သိပြီးတော့ ဆုံးဖြတ်ပြီးတော့ နေနိုင်မှရမယ်။ သူများက ပေးလို့ မရဘူး။
🌷🌷🌷
ကိုယ့်ရဲ့ယုံကြည်ချက်၊ ခံယူချက်က ကိုယ့်အတွင်းကလာမှ ရမှာ။ ကိုယ့်ကိုယ်ပိုင်ဥာဏ်နဲ့ သိပြီးတော့ဖြစ်လာတဲ့ ယုံကြည်ချက် ခံယူချက်ဖြစ်မှ ရမှာ။ အဲဒါကိုမရသေးသ၍ ဘယ်တော့မှ empty ဆိုတဲ့ feeling က ပျောက်မှာမဟုတ်ဘူး။ ရှုပ်ထွေးပြီး ဘာမှစိတ်မချရတဲ့ လောကကြီးအလယ်မှာ အားငယ်နေမယ်၊ ကြောက်နေမယ်။ emptiness နဲ့ loneliness ဟာ anxiety ရဲ့ မျက်နှာနှစ်ဖက်ပဲ။ အဲဒီ emptiness နဲ့ loneliness ရှိနေပြီဆိုရင် anxiety (စိုးရိမ်သောက) ရှိနေပြီ၊ သေချာပြီ။ စိတ်မအေးတော့ဘူး။ ဘယ်လိုမှ စိတ်မအေးနိုင်တော့ဘူး။
🌷🌷🌷
ကိုယ့်မှာလည်း ယုံကြည်ချက်၊ ခံယူချက် မရှိသလို တခြားသူတွေမှာလည်း ယုံကြည်ချက်၊ ခံယူချက် မရှိဘူးဆိုရင် စိတ်ထဲမှာ မလုံခြုံတဲ့ခံစားမှု၊ ဘယ်သူ့ကိုမှ စိတ်မချတဲ့ခံစားမှု ဖြစ်မယ်။ အဲသလိုလူချင်းဟာ ဘယ်လိုလုပ် စိတ်ချလက်ချဆက်ဆံလို့ ရတော့မလဲ။
🌷🌷🌷
ကိုယ်က ဘာမှအပြစ်မရှိပဲနဲ့ စိတ်အေးလက်အေး နေလို့မရတဲ့အဖြစ်က anxiety ဖြစ်ဖို့ရာ အကြီးမားဆုံးအကြောင်းဘဲ။ ငါမကောင်းတာမလုပ်ရင် ငါ့မှာ အန္တရာယ်မရှိဘူး။ ငါရိုးရိုးသားသား လုပ်မယ်ဆိုရင် ငါရသင့်တဲ့အခွင့်အရေးကို ရိုးရိုးသားသားနဲ့ရမှာဘဲလို့ ယုံကြည်လို့ရတယ်ဆိုရင် နဲနဲ စိတ်အေးတယ်။ ကိုယ့်မှာ ရပ်တည်ရာလေးတခုရှိတယ်။ ဒီလိုနေရင် စိတ်အေးရမှာပဲဆိုတဲ့ နေနည်းထိုင်နည်းလေး life style လေးကို အားကိုးလို့ရတယ်။ အဲဒါမှအားကိုးလို့ မရတော့ဘူးဆိုရင် သူ့ anxiety က အကန့်အသတ်မရှိတော့ဘူး။ ဒါကြောင့် လူတွေမှာ အဲသလို မဖြစ်သင့်တဲ့ anxietyမျိုးတွေ ဖြစ်နေပြီဆိုရင် စိုးရိမ်စရာကောင်းတယ်။ ဘာလုပ်သင့်သလဲ။
🌷🌷🌷
ကိုယ့်စိတ်ကိုကိုယ် သေသေချာချာသိတဲ့ အသိဟာ ပိုပြီးတော့အားကောင်းလာလေလေ အဲဒီ anxiety လို့ခေါ်တဲ့ သောကကို လွန်မြောက်နိုင်ဖို့နဲ့ ခံနိုင်ရည်ပိုရှိဖို့က အခွင့်အရေးအလားအလာ ပိုများလာလေလေပဲ။ ဒါဟာ တခုတည်းသောအားကိုးစရာ ဖြစ်တယ်။ ဒါကြောင့်ငယ်ငယ်ကတည်းက ကိုယ့်စိတ်ကိုကိုယ်ကြည့်တဲ့ အလေ့အကျင့်ကို လုပ်ရမယ်။ ဒါလုပ်သင့်တယ်။⛳ ⛳ ⛳
💡ဆရာတော်ဦးဇောတိက💡
🍀 ( မဟာမြိုင်တောရ ) 🍀
▫ ▫ ၏ ▫ ▫
💧“ တွေးမိတိုင်း ပျော်တယ် ” 💧
စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊
ကယ်တင်ရှင် (သမုဒ္ဒ၀ါဏိဇဇာတ်)
အို...ဗုဒ္ဓဘာသာဝင် အပေါင်းတို့၊ ငါတို့ လေးမြတ် ကိုးကွယ်အပ်သော ဗုဒ္ဓရှင်တော်ဘုရားဟူသည် ဘာသာခြား ဘုရားကဲ့သို့ အရေးပေါ်မှ ကိုယ်တော်တိုင် ကယ်ဆယ်မည်ဟု တာဝန်ခံထားသော ဘုရားမဟုတ်၊ စောစောစီးစီးက ကိုယ်စီကိုယ်င၊ ကျင့်ကြဖို့ရန် လမ်းမှန် ကမ်းမှန် ညွှန်ပြတော်မူသော ဘုရားဖြစ်သည်။ ထိုသို့ ညွှန်ပြတော်မူသဖြင့် အားရသင့်သော အချက်ကို အမြွက်မျှ ပြဦးအံ့။
ရှေးတုန်းက ကုန်သည်တစ်ထောင်ကို ခေါင်းဆောင်နှစ်ယောက်ခွဲ၍ ငါးရာစီ အုပ်ချုပ်ပြီးလျှင် သမုဒ္ဒရာအလယ် ကျွန်းငယ်တစ်ခုကိုတွေ့၍ ပျော်မွေ့စွာ နေထိုင်စဉ် အတော်ကြာလျှင် ကျွန်းပေါ်မှာ အညစ်အကြေးတွေ ပြန့်နှံ့လျက် မသန့်မရှင်း နေထိုင်ကြခြင်းကြောင့် ကျွန်းစောင့်နတ်တို့ အမျက်ထွက်သဖြင့် စည်းဝေးတိုင်ပင်သောအခါ ပင်လယ်ရေကို လွှမ်းမိုးစေပြီးလျှင် တစ်ကျွန်းလုံး ဆေးကြောလျက် လူတွေကို မျှောပစ်ဖို့ ဆုံးဖြတ်ကြလေသည်။
ထို့ကြောင့် တရားစောင့်သော ဓမ္မနတ်သားက မြောက်ဘက်ကောင်းကင်က ကိုယ်ထင်ပြ၍ " နောက် ၁၅ ရက် လောက် ကြာလျှင် ပင်လယ်ရေလွှမ်းသဖြင့် နစ်မွန်းမျောပါကုန်လိမ့်မည်။ စောစောက တင်ကြိုလျက် လှေများ တက်များကို အဆင်သင့်ပြင်ထားကြကုန်လော့ " ဟု ပြောဆို၍ ကွယ်သွားပြီးနောက် လူအများလည်း ညှိုးငယ်စွာ ကျန်ရစ်ကြလေသည်။
ထို့နောက် အဓမ္မနတ်သားက တောင်အရပ်၌ ကိုယ်ထင်ပြ၍ " ယခင်နတ်သား ပြောသွားတဲ့စကားဟာ မဟုတ်ဘူး အသင်တို့ ပျော်ပျော်ပါးပါး နေမြဲတိုင်းသာ နေကြပါ " ဟု ပြောဆိုပြီး နောက် ပျောက်ကွယ်သွားလေသော် ခေါင်းဆောင် လူကြီးနှစ်ယောက်တွင် တစ်ယောက်က " ပထမ နတ်သားသည် ငါတို့ကို သက်သက်လာ၍ ခြောက်လှန့်ခြင်းဖြစ်သည်၊ သင်တို့ ပျော်ပျော်ပါးပါးသာ နေကြ " ဟု ပြောဆိုလျက် မည်သည့်ကိစ္စကိုမျှ မဆောင်ရွက်ဘဲ နောက်လိုက် ငါးရာနှင့်အတူ နေမြဲတိုင်း နေလေသည်။
ခေါင်းဆောင်တစ်ယောက်ကမူ မိမိနောက်လိုက်များကို ပြောဆိုသည်မှာ " အမောင်တို့ လှေများတက်များကို အဆင်သင့် ရှာထားကြစို့ရဲ့၊ ဒုတိယ နတ်သား၏စကား မှန်လျှင်လည်း လှေတက်များကို ရှာရသည့်အတွက် ငါတို့မှာ တာဝန်မတက်လှပါ ၊ အလိုရှိသောအခါ အသုံးချစရာ ဖြစ်ပါလိမ့်မည်၊ ပထမ နတ်သား၏ စကားမှန်လျှင် ပြင်ဆင်ထားသော လှေ , တက်များဖြင့် အဆင်သင့် ထွက်သွားကြရပါလိမ့်မည်။"
ဤသို့ ပြောဆိုပြီလျှင် လပြည့်နေ့အချိန်ခါဝယ် ခါတိုင်ထက် ပို၍ ရေတက်လာကတည်းက အသင့်ရှာထားသော လှေပေါ်သို့ တက်ကြပြီလျှင် ရေလွှမ်း၍အလာတွင်လွတ်ရာသို့ထွက်သွားကြလေသည်။ အခြားခေါင်းဆောင်နှင့် နောက်လိုက် ငါးရာတို့ကား ရေပို၍တက်အလာတွင် မျက်လုံးပြူးကာ ကိုးကွယ်ရာမရဘဲ သမုဒ္ဒရာထဲသို့ မျောရှာ ကြလေသည်။
ွှဤဇာတ်တော်၌ ဓမ္မနတ်သားက လမ်းမှန်ကို ညွှန်ပြမှု အတွက် မည်မျှ ချမ်းသာခွင့်ရ၍ အဓမ္မနတ်သား၏ လမ်းမှားညွှန်ပြမှု အတွက် မည်မျှအသက်ဆုံးရှုံးရပုံကို စဉ်းစားပြီးလျှင် ဘာသာခြားတို့ ဘုရားက "ကယ်တင်မည်" ဟု ၀န်ခံရာ ၀န်ခံသည့်အတိုင်း ကယ်တင်မည် မှန်ပါလျှင် တော်တန်ဖို့ ရှိပါသေး၏။ အချက်ကျမှ မကယ်နိုင်လျှင် အားလုံးပင် ခက်ရှာကြတော့မည်။
ငါတို့ဘုရားကား " ကယ်တင်မည် " ဟု ၀န်မခံပေ။ ကိုယ်တိုင် ကျင့်လျှင် ရနိုင်သော အကျိုးများကို အဆင့်ဆင့် ညွှန်ပြတော်မူ၏ ။ လူချမ်းသာ , နတ်ချမ်းသာ , ဗြဟ္မာချမ်းသာတို့အပြင် နိဗ္ဗာန်ကိုပင် လိုချင်သော ဆုထူးဖြင့် ရနိုင်သော လမ်းစဉ်ကို ညွှန်ပြတော်မူသည်။ အပါယ်လေးပါး သွားရမည့် လမ်းဆိုးများကိုလည်း မသွားမိအောင် ညွှန်ပြတော်မူ၏ ။ ကယ်တင်မည်ဟု ၀န်ခံထားသောဘုရား ကယ်တင်နိုင်တယ် ဆိုပါဦးတော့၊ သူနှင့် အလားတူဖြစ်အောင် ဘယ်တော့မှ မကယ်၊ သူ့အောက်ရောက်ရုံသာ ကယ်တင်မည်။ ငါတို့ဘုရားကား တကယ်ကျင့်နိုင်လျှင် ကိုယ်တော်နှင့် အလားတူ ဘုရားတစ်ဆူ ဖြစ်အောင်ပင် ညွှန်ပြတော်မူ၏ ။ ထိုမျှလောက် အဆိုးအကောင်းကို အကျိုးအကြောင်းကို စုံစွာဖြင့် ညွှန်ပြတော်မူခြင်းထက် သာလွန်လုံလောက်သောအချက် ရှိဦးမည်လော။
ယခုကာလ၌ သေမည့်ဘေးမှ တစ်ခါလောက် ကယ်ဆယ်ဖူးလျှင် " အင်မတန် အသက်သခင်ကျေးဇူးရှင်ကြီးပေ " ဟု ပြောဆိုကာ လွန်စွာ အားထားကြ , မြတ်နိုးကြ , အသက်ကိုပင် အပ်နိုင်ကြ၏ ။ ဘုရားရှင်ကား တစ်သက် တစ်ဘ၀လောက်ကိုသာ ကယ်ဆယ်သည် မဟုတ်သေး။ ဘ၀ပေါင်းများစွာ၊ တစ်သံသရာလုံး ကယ်မ၍ နိဗ္ဗာန်ရသည့် ဘ၀တိုင်အောင် စောင့်ရှောက်ရာကျသဖြင့် အသက်ပေါင်း များစွာ၏ ကျေးဇူးရှင်ကြီးပေတည်း။
ဤနေရာ၌" ကယ်တင်မည် " ဆိုသည့်စကား နှင့် " ကိုယ်တိုင်ကျင့် " ဟူသော စကားနှစ်ရပ်ကို လေးနက်စွာ စဉ်းစားပြန်လျှင် ကယ်တင်မည်ဆိုသော စကားက အဓမ္မနတ်သား၏ " အေးအေးနေကြ " ဟူသော စကားမျိုး ဖြစ်၍ ကိုယ်တိုင်ကျင့်ခြင်းသည် လှေ , တက်များကို အဆင်သင့်ရှာထားခြင်းနှင့် တူ၏ ။ ထိုကဲ့သို့ ကိုယ်တိုင် ကျင့်ကြရသည့်အတွက် တာဝန်လည်း မတက်လှပါ။
လှေ , တက် များကို ရှာကြရသကဲ့သို့ မကောင်းမှုတို့မှ ရှောင်ရ၊ ကောင်းမှုတို့ကို ပြုကျင့်နေရသောကြောင့် အနည်းငယ် တာဝန်တက်သည်မှာ မှန်ပါ၏ ။ သို့သော် ထိုတာဝန်တက်မှုသည်ကား ဤဘ၀အတွက် လူကောင်း သူကောင်းဖြစ်ဖို့ အချက်သာဖြစ်၍ အချည်းနှီး အကျိုးမဲ့ မဖြစ်ဘဲ ကောင်းကျိုးရဖို့ အကြောင်းသာ ဖြစ်ပါပေသည်။ ထို့ကြောင့် ဘုရားရှင်၏ အလိုတော်ကျ ဤကျမ်းက ညွှန်ပြချက်ကို ဦးထိပ်ရွက်ပန်ဆင်ကာ မိမိလိုရာဆုထူးဖြင့် နိဗ္ဗာန်ကူးလိုလျှင် ကယ်တင်မည့်သူကို အားမကိုးဘဲ အဖိုးတန်ပါရမီတရား သင်္ဘော၊ လှေ ၊တက်များကိုသာ သားနားသည်ထက် သားနားအောင် အပြီးအစီး တည်ထောင်ထားနှင့်ကြစေခလို။
မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ရတနာ့ဂုဏ်ရည်ကျမ်းမှ..........
c/o ( မူကြိုဆရာ )
Monday, September 7, 2015
ဘာသာတရားကို ပညာဉာဏ်ဖြင့် ကိုးကွယ်ခြင်း
ဒီကနေ့ခေတ်မှာ
ရှေးတုန်းကတည်းကပေါ့လေ၊ လူသားတွေ စကတည်းက
လူတွေဟာ မိမိတို့ ယုံကြည်ရာ ဘာသာတရားကို
ကိုးကွယ်ပြီးတော့ ထိုဘာသာရဲ့ အဆုံးအမအတိုင်း
လိုက်နာနေကြတဲ့ အထဲမှာ
ယုံကြည်မှုတွေက တစ်ဦးနဲ့ တစ်ဦး မတူကြဘူး ။
ယုံကြည်တယ်လို့ဆိုတဲ့ နေရာမှာ တချို့က
ယုံကြည်ရုံ သက်သက်ပဲ ။
ကိုယ့်ရဲ့ ဘဝ လက်တွေ့နဲ့ ကိုက်သည်ဖြစ်စေ ၊
မကိုက်သည်ဖြစ်စေ ဒီလိုတဲ့ လို့ ပြောတဲ့စကား နောက်မှာပဲ
ယုံကြည်ပြီးတော့ လက်ခံတာ ။
ဖြစ်နိုင်တယ် ၊ မဖြစ်နိုင်ဘူးဆိုတဲ့
စဉ်းစား ဆင်ခြင်ဉာဏ် လုံးဝ မပါဘူး ။
အကြောင်းအကျိုး ဆီလျော်မှု ရှိတယ်၊ မရှိဘူးဆိုတာလည်း
လုံးဝ မစဉ်းစားဘူး ။
ဒါ ဘာသာတရား တဲ့ ၊ ဒါက ကိုးကွယ်ရာ တဲ့ ဆိုတာကို
ကျိတ်မှိတ် ယုံကြည်ပြီးတော့
အများနဲ့ မျောလိုက်သွားတဲ့ ဒါကလည်း တစ်ခု ။
အဲ့လို မဟုတ်ဘူး ၊
ကိုယ့်ကိုယ်ကို စဉ်းစားတယ် ၊
ဖြစ်နိုင်တယ် ၊ မဖြစ်နိုင်ဘူး ။
လူ့ရဲ့ အသိဉာဏ် အရ ဆင်ခြင်စဉ်းစားတယ် ။
လက်တွေ့နဲ့ ကိုက်တယ် ၊ မကိုက်ဘူး ။
အဲဒီလို ဆင်ခြင် စဉ်းစားပြီးတော့မှ
လက်ခံသင့်တာကို လက်ခံတယ် ၊
လက်မခံသင့်တာကို လက်မခံဘူး ။
ကောင်းတယ် ၊ မကောင်းဘူး ဆိုတာလည်း
မိမိကိုယ်တိုင် ဆုံးဖြတ်နိုင်တဲ့ အခါ ၊ ဒါကျတော့
ယုံကြည်မှု ရဲ့ ဟိုဘက်ကို ရောက်သွားတယ် ၊
"ပညာ" လို့ ခေါ်တယ် ။
အဲဒီလို ဘာသာ တရားကို ပညာနဲ့ ကိုးကွယ်တဲ့ ပုဂ္ဂိုလ်က
အလွန်နည်းတယ် ၊ အလွန်နည်းတယ် ။
အခု ကမ္ဘာမှာ ကိုးကွယ်နေတဲ့ ဘာသာတွေကိုဘဲ
အကြမ်းဖျင်း စဉ်းစားကြည့် ။
ဗုဒ္ဓဘာသာက လွဲရင် ကျန်တဲ့ ဘာသာတွေက
နတ် ကိုးကွယ်တဲ့ ဘာသာတွေချည်းပဲ ၊ အကုန်လုံး ။
ကောင်းကင်ဘုံက နတ် နဲ့ ၊ မြေကြီးပေါ်က နတ်
ဒါပဲ ကွာတာပဲ ၊ နတ် ကိုးကွယ်တာပဲနော် ။
ကျေးဇူးတင်တာလည်း နတ် ကိုပဲ ကျေးဇူးတင်တာ ။
ကိုယ့်ဘဝကို ဘုရားသခင် "မ" တာ ၊
ဘုရားသခင် က ပေးထားတာ ။
လူ့ဘဝ ၊ တို့ဘဝကို ဘုရားသခင်က ပေးထားတာ ။
ဆုလာဘ် ပေးထားတာ ။
ဘုရားသခင် ရဲ့ ကျေးဇူးတွေကို တမ်းတရမယ် ၊
အောက်မေ့ရမယ်လို့
ဒီလို ယုံတဲ့လူတွေက ကမ္ဘာမှာ အများစုပဲ ။
ကမ္ဘာမှာ တကယ်ကြည့်လိုက်ရင် အများစုပဲနော် ။
ဘုရားသခင်က ပေးတယ်လို့ ယုံကြည်တယ် ။
ကောင်းကျိုးချမ်းသာ တစ်ခုခု ရရင်လည်း
ဘုရားသခင်က "မ" တာဘဲ ။
မကောင်းတာနဲ့ ကြုံတဲ့အခါ ကျရင်လည်း
ဘုရားသခင်က ဒဏ်ခတ်တာပဲ လို့
ဘုရားသခင် က "မ" တာနဲ့
ဘုရားသခင် က "ချ" တာ
ဒီနှစ်ခု ပဲ ။
အဲတော့ ဒီဟာတွေ တွက်ကြည့်လိုက်မယ် ဆိုရင်
အပြင်ဘက်က အရာတစ်ခုထဲကို
အားကိုး အားထားပြုနေတဲ့ သဘော ရတယ်ပေါ့နော် ။
မိမိကိုယ်တိုင်ဟာ ကိုယ့်ရဲ့ ဆန္ဒဆိုတာလည်း
အသိအမှတ် မပြုရာ ရောက်တယ် ။
ကိုယ့်ရဲ့ သင်ထားတဲ့ ပညာတွေကို လည်း
အသိအမှတ် မပြုရာ ရောက်တယ် ။
ကိုယ့်ရဲ့ ကြိုးစား အားထုတ်မှုကိုလည်း
အသိအမှတ် မပြုရာ ရောက်တယ်လေ ။
အရာရာဟာ ဘုရားက ပေးတာဆိုရင်
ကိုယ်လုပ်တာတွေက ဘယ်ရောက်သွားပတုန်း နော် ။
ကိုယ့်ရဲ့ ဆန္ဒဆိုတာ ၊
လူတိုင်း လူတိုင်းဟာ ကြီးပွားတိုးတက်ချင်တဲ့ ဆန္ဒ
တညီတည်း ဖြစ်ကဲ့သားနဲ့
ဘာဖြစ်လို့ တညီတည်း မ "မ" သလဲ ။
ကိုးကွယ်တဲ့ လူတွေ အားလုံးကို "မ" ပြီးတော့ ၊
မကိုးကွယ်တဲ့ လူတွေ အားလုံးကို "ချ" မှာပေါ့
တကယ် ဆိုလို့ရှိရင် နော် ။
မကိုးကွယ်တဲ့ လူတွေကလည်း အများကြီး ရှိတာပဲနော် ။
God ဆိုတဲ့ ဘုရားကို မယုံကြည်တဲ့ ၊ ရှိတယ်လို့
လက်မခံတဲ့ ပုဂ္ဂိုလ်တွေက "Atheist" လို့ခေါ်တယ် ။
"Theist" ဆိုတာ သူတို့ ဘုရားသခင်
ကောင်းကင်ဘုံက God ဆိုတာ
လူတွေကို ဖန်ဆင်းတယ်လို့ဆိုတဲ့
ဖန်ဆင်းရှင်ကို ရှိတယ်လို့ လက်ခံတဲ့ ဝါဒ ရှိသူကို
"Theist" လို့ ခေါ်တယ် ။
သူတို့ရဲ့ အယူဝါဒ ကို "Theism" လို့ ခေါ်တယ် ။
အဲဒီ God ရှိတယ် ၊ God က ဖန်ဆင်းတယ် ဆိုတာကို
လက်မခံတဲ့ ဝါဒ ကြတော့ "Atheism" လို့ ခေါ်တယ် ။
"A" က ဒီနေရာမှာ negative ပေါ့ ။
မကိုးကွယ်တဲ့ လူတွေကို "Atheist" လို့ ခေါ်တယ် ။
အဲ့တော့ "Theist" တွေ ကြီးပွားပြီးတော့
"Atheist" တွေ ဆင်းရဲရမှာပဲ ၊
ဘုရားသခင်က
တကယ် "မ" တယ်၊ "ချ" တယ်ဆိုလို့ရှိရင်နော် ။
အခုတော့ ကြည့်လိုက်မယ်ဆိုရင်
ပတ်ဝန်းကျင် အခြေအနေ နဲ့
မိမိရဲ့ ဒီ အတွင်းအခြေအနေတွေကို ကြည့်ပြီးတော့
လူတွေဟာ ကြီးပွားတယ် ၊ တိုးတက်တယ် ၊
မကြီးပွားဘူး ၊ မတိုးတက်ဘူး ဆိုတာ
အပြင် တစ်ခုထဲ မဟုတ်ဘူး ၊
အတွင်း ကပါ ပါသေးတယ် ။
အတွင်း ပါတယ် ဆိုတာ
ပညာတတ်တယ် ၊ စိတ်ကောင်းနှလုံးကောင်း ရှိတယ်၊
ကောင်းတဲ့ဘက်ကို လုပ်တယ် ၊
မိတ်ကောင်းဆွေကောင်းတွေ ရှိတယ် ။
ဟော ဒီလို အတွင်း နဲ့ အပြင် နှစ်ခုရှိတဲ့ ပုဂ္ဂိုလ်တွေဟာ
ကြီးပွားနေတာ ။
ကြီးပွားတယ် ဆိုတဲ့ လူတိုင်း လိုက်ကြည့် ၊
အပြင်က အဆက်အသွယ်ကောင်းတယ်ဆိုတာ ပါတယ်။
သူကိုယ်တိုင်ကလည်း အရည်အချင်း ရှိတယ်ဆိုတာ ပါတယ်
အရည်အချင်းဆိုတာ အပြင်က မဟုတ်ဘူး ၊
ကိုယ့်အတွင်းက အရည်အချင်း ။
*******************************
ကျေးဇူးတော်ရှင်
အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်
ပါမောက္ခချုပ် ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ
ဟောကြားတော်မူသော
" အနုမောဒနာ"
တရားဒေသနာတော်မှ
နာယူမှတ်သား ရေးသား၍
အမတဒါန ၊ ဓမ္မဒါန အဖြစ်ဖြင့်
မျှဝေဖော်ပြအပ်ပါသည် ။
*******************************
ဓမ္မအသိတို့ဖြင့် အကျိုးရှိရှိ နေနိုင်ကြပါစေ ကုန်သတည်း။
______________________________________
Shared from Kaung Myat Thu (FB)
ဓမ္မမိတ်ဆွေများအတွက် ကျွန်တော် တင်ပြီးသမျှသော တရားတော်များကို download ရယူရန် (Ko Thein Naing Ohn)
ကျွန်တော်တင်ထားပြီးသမျှသော တရားများကို download ရယူလိုသူများအတွက် အောက်ပါ Link မှာ ဒေါင်းယူနိုင်ကြပါတယ်ခင်ဗျာ။ တင်ထားသမျှပို့စ်များကို စုစည်းပြီး ဆိုင်ရာခေါင်းစဉ်အလိုက် pdf file တစ်ခုထဲပြုလုပ်ပေးထားပါတယ်။
တင်ပြီးသော တရားတော်များမှာ
၁။ ဆရာတော် Dr နန္ဒမာလာဘိဝံသ၏ ဘုရားရှိခိုးနှင့်မေတ္တာပို့၊ သီတဂူဆရာတော်ဘုရားကြီး၏ မေတ္တာပို့
http://www.4shared.com/office/PdseV9Epce/________.html
၂။ ဆရာတော် Dr နန္ဒမာလာဘိဝံသ၏ ၁၈ပါးသော မဟာဝိပဿနာတရားတော်
http://www.4shared.com/office/IkBfcmp0ce/_____.html
၃။ ပဋ္ဌာန်းပစ္စယနိဒ္ဒေသပါဠိအနက်မြန်မာပြန်
http://www.4shared.com/office/4fdEbA1tba/_online.html
၎။ ၀ိပဿနာပါရဂူကျမ်းမှ ထုတ်နှုတ်ချက်များ (၀ိပဿနာရှုပုံအကြောင်း)
http://www.4shared.com/office/ll9wKKJ8ba/__online.html
၅။ ဆရာတော်အရှင်သီလာနန္ဒဘိဝံသ၏အဘိဓမ္မာသင်တန်းပို့ချချက်များ (ပထမတွဲ) အပြည့်အစုံ pdf file
http://www.4shared.com/office/bWmzJzvmba/_____.html
၆။ ဆရာတော်အရှင်သီလာနန္ဒဘိဝံသ၏အဘိဓမ္မာသင်တန်းပို့ချချက်များ (ဒုတိယတွဲ) အပြည့်အစုံ pdf file
http://www.4shared.com/office/lh-F1f3qba/____.html
၇။ ဆရာတော်အရှင်သီလာနန္ဒဘိဝံသ၏အဘိဓမ္မာသင်တန်းပို့ချချက်များ (တတိယတွဲ) အပြည့်အစုံ pdf file
http://www.4shared.com/office/jHpLlAywce/____.html
၈။ ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ၏ ပဋ္ဌာန်းမြတ်ဒေသနာတော်
http://www.4shared.com/office/4V8kv1Xiba/___.html
၉။ ပဋ္ဌာန်းတရားကိုလေ့လာခြင်း group မှာတင်ထားသော ပဋ္ဌာန်းတရားတော်များ
http://www.4shared.com/office/evrJB-xAba/__online.html
၁၀။ An Intoduction to Patthana
http://www.4shared.com/office/HtwxM_eTba/AN_INTRODUCTION_TO_PATTHNA_.html
၁၁။ ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့်လေ့လာခြင်း (ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ)
http://www.4shared.com/office/DILRrd6Nba/_______.html
၁၂။ ဖားအောက်ဆရာတော်ဘုရားကြီး၏ နိဗ္ဗာန်သို့သွားရာ တစ်ကြောင်းတည်းသောလမ်း
http://www.4shared.com/office/mwWy1v1qba/___online.html
၁၃။ မဟာစည်ဆရာတော်ဘုရားကြီး၏ ၀မ္မိကသုတ် တရားတော်ကြီး
http://www.4shared.com/office/wHjMbO4Zba/___online.html
၁၄။ မဟာစည်ဆရာတော်ဘုရားကြီး၏ ပုရာဘေဒသုတ် တရားတော်ကြီး
http://www.4shared.com/office/qxR7Da-6ba/__online.html
၁၅။ မဟာစည်ဆရာတော်ဘုရားကြီး၏ ဘာရသုတ္တန် တရားတော်ကြီး။
http://www.4shared.com/office/a74s13ZWce/_online.html
၁၆။ မဟာစည်ဆရာတော်ဘုရားကြီး၏ မာလုကျပုတ္တသုတ် တရားတော်
http://www.4shared.com/office/Un9n5KYbba/___online.html
၁၇။ မဟာစည်ဆရာတော်ဘုရားကြီး၏ ရှစ်ဖြာမဂ္ဂင် နိဗ္ဗာန်ဝင် တရားတော်
http://www.4shared.com/office/xsn56yncba/___.html
၁၈။ မဟာစည်ဆရာတော်ဘုရားကြီး၏ သာရဏီယတရားတော်
http://www.4shared.com/office/3HMLnJ4Mba/____.html
၁၉။ မဟာစည်ဆရာတော်ဘုရားကြီး၏ အရိယာဝါသတရားတော်
http://www.4shared.com/office/FHCUSSQ-ba/____.html
၂၀။ မဟာစည်ဆရာတော်ဘုရားကြီး၏ အာဒိတ္တသုတ်တရားတော်
http://www.4shared.com/office/kX_RFfAlce/__online.html
၂၁။ မဟာစည်ဆရာတော်ဘုရားကြီး၏ အာဒိတ္တပရိယာယသုတ်
http://www.4shared.com/office/ZZUCorghce/__online.html
၂၂။ မဟာစည်ဆရာတော်ဘုရားကြီး၏ ကောင်းခြင်းလေးဖြာ တရားတော်
http://www.4shared.com/office/fUEpm9Igce/______.html
၂၃။ အရှင်ဣန္ဒြိယ(သျှင်မိုးဝေ)၏ မဟာသတိပဋ္ဌာန်နှင့်မဇ္ဈိမပဋိပဒါကျင့်စဉ်
http://www.4shared.com/office/B5VnnHYgba/________.html
၂၄။ ဆရာတော် Dr နန္ဒမာလာဘိဝံသ၏ ဝေဒနာတရားကို လေ့လာသုံးသပ်ခြင်း တရားတော်
http://www.4shared.com/office/OmvJH-3Bba/___________.html
၂၅။ လေ့လာမိသမျှ စိတ် စေတသိက်အကြောင်းသိကောင်းစရာများ
http://www.4shared.com/office/8nA8VpEVba/__________.html
၂၆။ သစ္စာတရားကိုလေ့လာခြင်း (၀ါ) သစ္စာလေးပါးတရားတော်
http://www.4shared.com/office/HWn-MOo9ce/______.html
၂၇။ ၀ိပဿနာတရားကို လေ့လာခြင်း (မဟာစည်ဆရာတော်ဘုရားကြီးနှင့်ယနေ့ခေတ်ဝိပဿနာ)
http://www.4shared.com/office/PW3Zjh8Lba/____.html
တို့ပဲဖြစ်ပါတယ်။
ကျွန်တော့်ရဲ့ဓမ္မပါလပေ့ဂ်နဲ့Timeline မှာလည်း လာရောက်ဖတ်ဖို့ဖိတ်ခေါ်ပါတယ်။
ဓမ္မပါလ page
https://www.facebook.com/pages/ဓမ္မပါလ/1451534851734569?ref=bookmarks
https://www.facebook.com/kotheinnaingohn
ဗုဒ္ဓကမ္ဘာ မှာလည်း လာရောက်ဖတ်ရှုနိုင်ပါတယ်။
http://buddhismworld.ning.com/profiles/blog/list?user=346i6iv69hehs
http://buddhismworld.ning.com/profile/TheinNaingOhn
တင်ထားသမျှသော တရားတော်များ စုစည်းမှု ဖိုဒါ
http://www.4shared.com/folder/OfbcFlyG/___.html
မေတ္တာဖြင့်
TNO
PS: down ၍ မရသူများ ကျွန်တော့်ဆီ message box ကနေ email လိပ်စာပို့ပေးယင် ကျွန်တော် pdf file များကို ပို့ပေးပါမယ်။
Credit to: Ko Thein Naing Ohn (FB)
https://www.facebook.com/photo.php?fbid=652773771502364&set=a.260133857433026.54541.100003092422923&type=1