Thursday, September 8, 2011

နွားချေးပုံ



တစ်ရံသောအခါက အသိဥာဏ်ပညာနှင့်ပြည့်စုံတဲ့ ရဟန်းအိုကြီးတစ်ပါးဟာ တောကျောင်းကလေးတစ်ခုမှာ အေးချမ်းစွာ သီတင်းသုံးနေပါတယ်။ သူ့ကိုကြည်ညိုတဲ့ ဒကာ၊ ဒကာမတစ်ချို့ဟာ လာရောက်ပြီး တရားဆွေးနွေး မေးမြန်းလေ့ ရှိကြပါတယ်။ တရားဝါသနာပါတဲ့ မောင်နှမနှစ်ဦးလည်း ပါဝင်ပါတယ်။ အစ်ကိုဖြစ်သူက ကတ်သီးကတ်သတ် ပြောဆိုဆွေးနွေးရတာ ၀ါသနာပါပါတယ်။ သို့သော်လည်းပဲ ဥာဏ်ပညာကြီးမားတဲ့ ဆရာတော်ကြီးကိုတော့ အမြဲပဲအရူံးပေးရပါတယ်။
ဒီလိုနဲ့တစ်နေ့မှာ
ဒကာ ။ ။ အရှင်ဘုရား၊ တပည့်တော်ကို ဘယ်လိုမြင်ပါသလဲ။
ရဟန်းအို။ ။ ဒကာ၊ သင်ဟာ လူကောင်းတစ်ယောက်ဖြစ်ပါတယ်။ အရည်အချင်းကောင်းတွေ အများအပြား ရှိပါတယ်။ဘုရားအလောင်းတော်လို လူမျိုးပါပဲ။
(ဒကာဖြစ်သူဟာ လွန်စွာဝမ်းမြောက်သွားပါတယ် )
ရဟန်းအို ။ ။ ဒါနဲ့ ဒကာကော ကျွန်ုပ်ကို ဘယ်လိုမြင်ပါသလဲ။
(သက်တော်ကြီးရင့်နေပြီဖြစ်တဲ့ ရဟန်းတော်ကြီးဟာ ရုပ်သွင်နုပျို လန်းဆမ်းမူ့တွေ မရှိတော့ပါဘူး)
ဒကာ ။ ။ အရှင်ဘုရားကိုကြည့်ရတာ နွားချေးပုံနဲ့တူပါတယ်။
( ရဟန်းတော်ကြီးကလည်းပဲ ကျေကျေနပ်နပ်နဲ့ပဲ ခေါင်းညိတ်လက်ခံတော်မူပါတယ်)
ဒကာဖြစ်သူဟာ ဒီတစ်ခါတော့ သူအနိုင်ရပြီဆိုပြီးတော့ ၀မ်းသာအားရနဲ့ အိမ်ကိုပြန်လာပါတယ်။ ညီမဖြစ်သူဟာလည်းပဲ အသိဥာဏ်ပညာနဲ့ ပြည့်စုံသူဖြစ်ပါတယ်။
အစ်ကို ။ ။ ညီမ၊ ငါ ဒီတစ်ခါတော့ ဆရာတော်နဲ့စကားပြောတာ အနိုင်ရလာပြီကွ။ ဆရာတော်က ငါ့ကို ဘုရားအလောင်းနဲ့တူတယ်လို့ ပြောတာ၊ ငါက သူ့ကို နွားချေးပုံနဲ့ တူတယ်လို့ ပြန်ပြောလိုက်တယ်။
ညီမ ။ ။ အစ်ကိုမှားပြီ၊ ဆရာတော်ဟာ သူတော်ကောင်းဖြစ်တယ်၊ သူ့ရင်ထဲမှာ တရားတွေ ပြည့်ဝနေလို့ ကောင်းတဲ့အရာတွေကို မြင်အောင်ကြည့်တတ်သူ ဖြစ်တယ်၊ အစ်ကို့ရင်ထဲမှာတော့ နွားချေးပုံပဲရှိလို့ ဘာကိုပဲကြည့်ကြည့် နွားချေးပုံလို့ပဲ မြင်တာပေါ့။
အစ်ကို ။ ၊ ဟိုက်။
မဟာယနပုံပြင်လေးတစ်ပုဒ်ပါ၊ ကျွန်ုပ်တို့၏ ရင်ထဲမှာရော ဘာတွေပါလဲ။

Posted by Thein Win

သူငယ်ချင်း ကောင်မလေးများသိစေဖို့

 မိန်းကလေးတွေဖတ်ဖြစ်အောင် ဖတ်ပေးပါခင်ဗျ
 အခုပြောချင်တဲ့ဆေးတွေကတော့ မြန်မာအခေါ်အဝေါ်နဲ့ဆိုရင် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများစာရင်းမှာ ထည့်ရမယ် ထင်ပါတယ်။ အခုပြောမယ့်ဆေးတွေကို တစ်ခါတစ်ရံမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို အထောက်အကူပြုဖို့ အသုံးပြုကြပါတယ်။ တွေဖတ်ဖြစ်အောင် လိင်ပိုင်းဆိုင်ရာကျူးလွန်တယ်ဆိုရာတွင် ကာယကံရှင်၏ သဘောဆန္ဒမပါသော လိင်မှုဆိုင်ရာအပြုအမူတိုင်းကိုဆိုလိုပါသည်။ ဤနေရာတွင် မလျှော်ရာ ကိုင်တွယ်ခြင်းမှအစ (မရိုသေစကား) အမျိုးသမီးအင်္ဂါတွင်း တစ်စုံတစ်ရာဖြင့် ထိုးသွင်းခြင်းအဆုံး၊ လိင်ဆက်ဆံခြင်း၊ မုဒိမ်းကျင့်ခြင်းနှင့် မုဒိမ်းကျင့်ရန်ကြံစည်ခြင်းတို့ပါ ပါဝင်ပါသည်။ ယခုပြောမည့် ဆေးဝါးများ၏ အာနိသင်ကြောင့် ဆေးခတ်ခံရသူဟာ ရုပ်ပိုင်းဆိုင်ရာ ခုခံနိုင်မှု မရှိတော့ဘဲ လိင်ဆက်ဆံမှုအားငြင်းပယ်နိုင်စွမ်း ပျောက်ဆုံးကာ မည်သို့ ဖြစ်ပျက်ခဲ့သည် ဆိုသည်ကိုပင် မှတ်မိနိုင်စွမ်း မရှိတော့ပေ။ ယင်းဆေးဝါးများသည် ယေဘုယျအားဖြင့် အရောင်မရှိ၊ အနံ့မရှိဘဲ အရသာလည်း မရှိသဖြင့် တစ်ဖက်သား မရိပ်မိစေဘဲ အချိုရည်အတွင်းသို့ ထည့်ခတ်နိုင်ပေသည်။ Date rape drug အမျိုးအစား အနည်းဆုံး သုံးမျိုး ရှိပါသည်။ ယင်းတို့မှာ - * GHB (Gamma Hydroxybutyric Acid) * Rohypnol (Flunitrazepam)* Ketamine (Ketamine Hydrochloride) တို့ ဖြစ်ကြပါသည်။ Date rape (ချိန်းတွေ့ကျင့်ကြံခြင်းလို့ ဘာသာပြန်ရင် ရမယ်ထင်ပါ့) ဟုအသုံးများသော်လည်း ပညာရှင်အများစုကတော့ ဆေးဝါး အသုံးပြု၍ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်း (drug-facilitated sexual assault) ဟူသော အသုံးအနှုန်းကို ပိုမိုနှစ်သက်ကြသည်။ ယင်းဆေးဝါးများအား ဓါးပြမှုနှင့် ရုပ်ပိုင်းအရ တိုက်ခိုက်ခြင်းများကဲ့သို့သော အခြားရာဇ၀တ်မှုများတွင်လည်း အသုံးပြုနိုင်ပြီး ကျားမ မရွေး ဆေးအာနိသင် ပြနိုင်ပေသည်။
GHB  သည် အရောင်အဆင်းနှင့် အနံ့မရှိသော အရည်၊ အဖြူရောင်အမှုန့်နှင့် ဆေးပြားဟူ၍ ပုံစံအမျိုးမျိုး ရှိသည်။
Rohypnol သည် ဆေးပြားပုံစံဖြစ်ပြီး အရည်များတွင် ပျော်ဝင်နိုင်သည်။ ဆေးပုံစံအသစ်သည် အရည်များတွင် ပျော်ဝင်သည့်အခါ အပြာရောင်သန်းသွားသော်လည်း အရောင်မရှိသည့် ဆေးပုံစံဟောင်းအားလည်း ရရှိနိုင်ပေသေးသည်။
Ketamine မှာမူ အဖြူရောင်အမှုန့်ဖြစ်သည်။
ခန္ဓာကိုယ်အား အကျိုးသက်ရောက်ပုံ
ဆေးသည် လျှင်မြန်စွာ အာနိသင်ပြနိုင်သည်။ ဆေးအာနိသင်မပျယ်ခင် ခံသည့်အချိန်မှာမူ ကွဲပြားသည်။ ယင်းသည် ဆေးမည်မျှ အသုံးပြုသည်ဆိုသည့်အချက်နှင့် အရက်ကဲ့သို့သော အခြားပစ္စည်းများနှင့်ရောစပ်ထားသည့်အပေါ်တွင် မူတည်သည်။ အရက်သည် ထိုဆေးများ၏ အာနိသင်ကို ပိုမိုဆိုးဝါးစေပြီး ကျန်းမာရေးကို ပိုမိုထိခိုက်စေနိုင်ပါသည်။ ထို့ပြင် GHB ကို အိမ်တွင်ပင် အလွယ်တကူ ပြုလုပ်နိုင်ပေသည်။
GHB ၏ အာနိသင်များ
* အာရုံစူးစိုက်နိုင်မှု လျှော့ကျခြင်း
* အိပ်ချင်မူးတူးဖြစ်ခြင်း
* မူးဝေခြင်း
* မအီမသာနှင့် ပျို့ချင် အန်ချင်စိတ်ဖြစ်ခြင်း
* အမြင်ေ၀၀ါးလာခြင်း
* သတိလစ်ခြင်း
* လေဖြတ်သကဲ့သို့ဖြစ်ခြင်း
* ဆေးခတ်ခံရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ
အဖြစ်အပျက်များအား မမှတ်မိခြင်း
* အသက်ရှူရန် ခက်ခဲခြင်း
* တုန်တုန်ယင်ယင်ဖြစ်ခြင်း
* ချွေးထွက်ခြင်း
* အော့အန်ခြင်း
* နှလုံးခုန်နှုန်း နှေးကွေးခြင်း
* အိပ်မက်ကဲ့သို့ ခံစားရခြင်း
* သတိမေ့မြောခြင်း (ဦးနှောက်အလုပ် ရပ်ဆိုင်းခြင်း - coma)
* သေဆုံးခြင်း
Rohypnol ၏ အာနိသင်များ
* ဆေးခတ်ခံရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ
အဖြစ်အပျက်များအား မမှတ်မိခြင်း
* သွေးပေါင်ချိန်ကျခြင်း
* အိပ်ချင်လာခြင်း
* ကြွက်သားများ အားလျှော့လာခြင်း သို့မဟုတ် ကြွက်သားများအား
ထိန်းချုပ်နိုင်စွမ်း မရှိတော့ခြင်း
* အရက်မူးသကဲ့သို့ဖြစ်ခြင်း
* မအီမသာနှင့် ပျို့ချင် အန်ချင်စိတ်ဖြစ်ခြင်း
* စကားမပြောနိုင်တော့ခြင်း
* လှုပ်ရှားရန် ခက်ခဲလာခြင်း
* အသိစိတ် ပျောက်ဆုံးခြင်း
* ဇဝေဇ၀ါဖြစ်ခြင်း
* အမြင်ေ၀၀ါးလာခြင်း
* မူးဝေခြင်း
* အစာအိမ် မအီမသာဖြစ်ခြင်း
Ketamine ၏ အာနိသင်များ
* စိတ်အာရုံချောက်ခြားခြင်း
* အချိန်နှင့် အမှတ်အသားများအား မှတ်သားနိုင်စွမ်း ပျောက်ဆုံးခြင်း
* အမြင်နှင့် အကြားအာရုံများ မမှန်မကန် ဖြစ်လာခြင်း
* မိမိကိုမ်ကို မထိန်းသိမ်းနိုင်ဟု ခံစားလာရခြင်း
* လှုပ်ရှားနိုင်စွမ်းအား ထိခိုက်လာခြင်း
* အသက်ရှူရန် ခက်ခဲလာခြင်း
* အူတက်အောင်ရယ်ခြင်း
* အော့အန်ခြင်း
* ခန္ဓာကိုယ် ထိတွေ့ခံစားနိုင်စွမ်း မရှိတော့ခြင်း
* မှတ်ဉာဏ်ထိခိုက်ခြင်း
* အိပ်မက်ကဲ့သို့ ခံစားရခြင်း
* ထုံထိုင်းခြင်း
* လှုပ်ရှားမှုအား ဟန်ချက်ညီအောင် ထိန်းနိုင်စွမ်း ပျောက်ဆုံးခြင်း
* အမူအရာ ကြမ်းတမ်းလာခြင်း
* စကားသံ ဗလုံးဗထွေးဖြစ်ခြင်း
ဒီဆေးတွေ တရားဝင်သလား?ဟုတ်ကဲ့။ တစ်ချို့ဆေးတွေက တရားဝင်ပါတယ်။ ဒါပေမယ့် သင့်ကို မထိခိုက်ဟု မဆိုလိုပါ။ တရားဝင်ဆေးဝါးဖြစ်သော်လည်း ကျန်းမာရေးဝန်ဆောင်မှုပေးသူများ (ဆရာဝန်ကဲ့သို့သော ပုဂ္ဂိုလ်များ) ၏ ညွှန်ကြားချက်မပါဘဲ အသုံးမပြုသင့်ပါ။ Rohypnol သည် မဟုတ်ပါ။ သို့သော် ဥရောပနှင့်မက္ကစီကိုတို့တွင် အိပ်မပျော်သည့်ရောဂါများအတွက် သောက်ရန် ညွှန်လေ့ရှိပြီး ခွဲစိတ်ရာတွင် တရားဝင်ဆေးဝါး မေ့ဆေးအဖြစ်လည်း တရားဝင် အသုံးပြုတတ်ကြသည်။ Ketamine ကို အမေရိကတွင် လူများနှင့် တိရိစ္ဆာန်များအတွက် မေ့ဆေးတစ်မျိုးအဖြစ် တရားဝင်သုံးစွဲကြသည်။ တိရစ္ဆာန်များတွင် အများဆုံး အသုံးပြုကြသည်။ တိရိစ္ဆာန်ဆေးခန်းများရှိ Ketamine ဆေးများအား မကြာခဏလုယက်ခံကြရကြောင်း သိရသည်။ GHB အား narcolepsy ဟုခေါ်သည့် အိပ်မပျော်သည့်ရောဂါအား ကုသရန်အတွက် အမေရိကတွင် မကြာသေးမီက တရားဝင်ဆေးဝါးအဖြစ် သတ်မှတ်ခဲ့သည်။ ဆေးခတ်မခံရအောင် ဘယ်လိုကာကွယ်မလဲ? * ကိုယ်နှင့်မသိသူများမှ တိုက်ကျွေးသည့် ဖျော်ရည်၊ သောက်ရေ စသည့်အရည်များအား မသောက်ပါနှင့်။
* အအေးသံဗူးများအား ကိုယ်တိုင်ဖွင့်၍ သောက်ပါ။
* ကိုယ်ပိုင် သောက်ရည်နှင့် အအေးဗူးများအား ကိုယ်နှင့်မကွာထား၍
အိမ်သာသွားလျှင်ပင် ယူသွားပါ။
* အအေးနှင့် ရေအား အခြားသူနှင့် မျှဝေမသောက်ပါနှင့်။ Punch
ဖျော်ရည်များနှင့် ယင်းကဲ့သို့သော လူအများ စုပေါင်းသောက်သုံးသည့်
ခွက်များ၊ ပုလင်းများအတွင်းမှ အရည်များအား မသောက်ပါနှင့်။ (မိန်းကလေးတွေ
သင်္ကြန်လိုအချိန်မျိုး သတိထားကြဗျို့။ အဲဒီဟာတွေထဲမှာ
ဆေးခတ်ထားနိုင်ပါတယ်။)
* ထူးခြားသော အနံ့နှင့် အရသာရှိသော မည်သည့်အရည်ကိုမျှ မသောက်ပါနှင့်။
များသောအားဖြင့် GHB တွင် ငန်သောအရသာ ရှိပါသည်။
* အကယ်၍ ဆေးခတ်ခံရသည် သို့မဟုတ် မုဒိမ်းကျင့်ခံရသည်ဟုထင်ပါက ရဲစခန်း
သို့မဟုတ် ဆေးရုံသို့ တိုက်ရိုက်သွားပါ။
* ဖြစ်နိုင်သမျှ ချက်ခြင်း ဆီးစစ်ဆေးမှု ခံယူပါ။ ဆေးအာနိသင်သည် အလွန်လျှင်မြန်စွာ ပျယ်သွားနိုင်ပါသည်။ Rohypnol သည် ခန္ဓာကိုယ်အတွင်းတွင်နာရီပေါင်းများစွာ နေနိုင်ပြီး ဆေးသောက်သုံးပြီး ၇၂ နာရီ အတွင်းတွင် ဆီးအတွင်း စစ်ဆေးတွေ့ရှိနိုင်ပါသည်။ GHB မှာမူ ၁၂ နာရီ အထိသာ ခန္ဓာကိုယ်အတွင်း နေနိုင်ပါသည်။
* တစ်စုံတစ်ရာ အကူအညီမရမချင်း ဆီးမသွားပစ်ပါနှင့်။ ရေလောင်းဆေးခြင်း၊ ရေချိုးခြင်း သို့မဟုတ် အ၀တ်အစားလဲခြင်း မပြုလုပ်ပါနှင့်။ ယင်းအရာများသည်မုဒိမ်းကျင့်ခံရသည်ဆိုသည့် သက်သေများ ဖြစ်ပါသည်။
* အရေးပေါ်ဖုန်းနံပါတ် သို့မဟုတ် ရဲဌာနသို့ ဖုန်းခေါ်ပါ။ ရှက်ခြင်း၊ အပြစ်ရှိသလို ခံစားရခြင်း၊ ကြောက်လန့်ခြင်းနှင့် တုန်လှုပ်ခြင်းတို့သည်
ပုံမှန်ဖြစ်တတ်သော အရာများ ဖြစ်ပါသည်။ ကျွမ်းကျင်သည့် ပညာရှင်များ၏ အကြံဉာဏ်ရရှိရန် အရေးကြီးပါသည်။
* အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲများသို့သွားလျှင် တစ်ဦးတည်း မသွားပါနှင့်။ သူငယ်ချင်းများ စုပေါင်းသွားခြင်းဖြင့် တစ်ဦးကို တစ်ဦး
အပြန်အလှန် ကူညီနိုင်ပါသည်။
* သင့်စိတ်တွင် ပုံမှန်မဟုတ်ဟု ခံစားရသော အဖြစ်အပျက်များနှင့် ခပ်ဝေးဝေးတွင်သာ နေပါ။
* သင် အပြည့်အ၀ ယုံကြည်နိုင်ခြင်းမရှိသူထံမှ မည်သည့်တိုက်ကျွေးမှုကိုမျှ လက်မခံပါနှင့်။
* သင်သောက်နေသောခွက်အား စိတ်ချရသော စောင့်ကြည့်ပေးမည့်သူမရှိဘဲ အိမ်သာသွားလျှင်ပင် ချန်မထားခဲ့ပါနှင့်။
အထက်ပါ ဆေးများအား အရက်အပြင် အချိုရည်များ၊ လက်ဘက်ရည်၊ ကော်ဖီနှင့် ချောကလက်ဖျော်ရည်အပူ စသည်တို့တွင် ထည့်ခတ်နိုင်ပါသည်။ သင့်အား ခုခံနိုင်စွမ်းမရှိအောင် ပြုလုပ်နိုင်သည့် ဆေးဝါးများစွာရှိပြီး အများစုသည် သောက်သုံးသည့် အရည်များအတွင်း အလွယ်တကူ မသိရှိနိုင်ပါ။
* ပုလင်းအတွင်းမှ အရည်ကို သောက်သုံးပြီး ပုလင်းအ၀အား သင့်လက်မဖြင့် ပိတ်ထားခြင်းသည်
အကောင်းဆုံးနည်းလမ်း ဖြစ်ပါသည်။ ထိုပုလင်းအား
စောင့်ကြည့်ပေးမည့်သူမရှိဘဲ ထားခဲ့လျှင် ယင်းပုလင်းအတွင်း မည်သူက မည်သည့်အရာများ
 ထည့်လိုက်သည်ဟု သိရှိနိုင်စွမ်း မရှိတော့ပေ။
* အကယ်၍ ထိုသို့ထားခဲ့မိ၍ ပြန်လာသည့်အခါ သင်၏ ပုလင်း သို့မဟုတ် ခွက်သည် နေရာ ရွေ့နေခြင်း၊
ပုံစံပြောင်းနေခြင်း၊ ပြည့်အောင်
ထပ်ဖြည့်ထားသည်ဟု ထင်ရခြင်း သို့မဟုတ် အရသာ ထူးခြားနေခြင်းတို့ တွေ့ရှိရပါက ဆက်လက်သောက်
သုံးခြင်း မပြုပါနှင့်။
* အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲတွင် ယခုမှ တွေ့ဖူးသူနှင့် အတူပြန်ရမည်ဆိုပါက အထူးစဉ်းစားပြီးမှ
 ဆုံးဖြတ်ပါ။
* တစ်ခွက်၊ နှစ်ခွက်မျှနှင့် မူးလာသည်ဟု ခံစားလာရပါက ယုံကြည်ရသော မိတ်ဆွေ၊ ကလပ်မှ လုံခြုံရေးဝန်
ထမ်း သို့မဟုတ် အရက်ဆိုင်
အုပ်ချုပ်သူများထံမှ အကူအညီ ရယူပါ။ လုံခြုံစိတ်ချရသည့်နေရာသို့ ဖြစ်နိုင်သမျှ မြန်မြန် ရောက်ရှိရန်
အရေးကြီးပါသည်။
* သင်အကူအညီတောင်းမည့်သူသည် မည်မျှကြာအောင်ပင် သိရှိနေခဲ့သူ ဖြစ်စေကာမူ လုံးဝယုံကြည်ရသူ
ဟုတ်မဟုတ် သေချာစွာ ဆင်ခြင်သုံးသပ်ပါ။
ကျားမ မရွေး ဆေးခတ်ခံရနိုင်ပါသည် အထက်တွင် ဖော်ပြခဲ့သည်များမှာ ဆေးဝါး အသုံးပြု၍ လိင်ပိုင်းဆိုင်ရာ
 ကျူးလွန်ခြင်းအန္တရာယ်အား လျှော့ချရန် နည်းလမ်းများ ဖြစ်ပါသည်။ သင်အပြင်သွားသည့်အခါတိုင်း
အထက်ပါ အချက်အလက်များအား မှတ်မိနိုင်လိမ့်မည်ဟု မမျှော်လင့်ပါနှင့်။ ထို့ကြောင့် မည်သည့်အချိန်
တွင်မဆို အထူးဂရုပြုသင့်ပါကြောင်း။
Forword mail

Wednesday, September 7, 2011

Face book မှတဆင့် လူတို့၏ စိတ်နေသဘောထားမျာကိုး ခန့်မှန်းခြင်း


သင်ဒီစာကိုဖတ်နေသော အချိန်တွင် ကျွန်တော်သည် facebook တွင်မရှိတော့ပါ log out လုပ် ကွန်ပြူတာမှ wifi ခလုပ်ကိုပင်ပိတ်ကာ Commend & Conqure Generals Zero Hour ဂိမ်းအား စိတ်ပါဝင်စားစွာဖြင့် တိုက်ပွဲ ဆင်နွဲလျှက်ရှိနေပါသည် ( ဤကား စကားချီး ) ။

လောကတွင် အပင်မရှိပဲ သီးသော အသီးမှာ ဂေါက်သီးတစ်မျိုးတည်းသာရှိပါသည် ( တော်လိုက်တဲ့ ပညာရှိ ) ကျွန်တော်မပြောလည်း ခင်များပြောတော့မှာ မဟုတ်လား ။ တက်ကျမ်း စာရေးဆရာတစ်ယောက်က “ မိမိနှင့်အတူတွဲ၍ စီးပွားရေးလုပ်တော့မည့် လူ၏ စိတ်ဓါတ်ကို သိစေရန် ဂေါက်သီး ရိုက်ကစားခြင်းဖြင့် တဖက်သား၏စိတ်ကို အကဲခတ်နိုင်ပါသည် ” ဟု ပြောဖူးပါသည်။ သို့သော် ၄င်း အပင်မရှိပဲ သီးသော အသီးကို ရိုက်ကစားဖို့ရာ အဖိုးအခမှာ မနည်းလှ၍ လူတိုင်းကစားနိုင်သော အရာမဟုတ်ပါ ။ ကျွန်တော်တို့ အားလပ်ချိန်များတွင် အပျင်းပြေ ကစားသည့် တစ်ခြားသော ကစားနည်းများကစားခြင်းဖြင့်လည်းသိနိုင်ပါသည် ဘောလုံးကစားခြင်းဖြင့်လည်း ဒီလူဟာ တစ်ကိုယ်ကောင်းဆန်တတ်လား အသင်းအဖွဲ့စိတ်ဓါတ်ရှိလား ညစ်တတ်သလား သိနိုင်ပါသည် ။ ခြင်းလုံးခတ်ခြင်းဖြင့်လည်း သိနိုင်ပါသည် စနူကာ ထိုးခြင်းဖြင့်လည်းသိနိုင်ပါသည် ။

သို့ရာတွင် ယခုခေတ်အချိန်ကာလမှာတော့ ကျောင်းသားဆိုလျှင်လည်း ကျောင်းချိန်ပြီးတာနဲ့ ကျူရှင်တက် ကျောင်းမနေတဲ့သူများမှာလည်း မိသားစု ဝမ်းရေးပြည့်စုံဖို့ အလုပ်တွေ ဖိလုပ်နေကြသူများ များလာသဖြင့် သူငယ်ချင်းတွေနဲ့ ဆုံဖို့ဆိုတာလည်း မလွယ်တော့ ပိုနေသည့် အချိန်ဆိုတာလည်းနည်းလာကြသဖြင့် ၄င်း အားမှ ကစားနိုင်သော အားကစား များကစားနိုင်သောသူနည်းပါးလာကြပါသည် ။ ထို့ကြောင့် အလုပ်ပြီးအိမ်ပြန်ရောက်တာနဲ့ အခန်းထဲက မထွက်ပဲ ကစားနိုင် အပေါင်းအသင်းများနှင့် စကားစမြည်ပြောနိုင်သော facebook ဟုခေါ်သော လူမှုဆက်သွယ်ရေးကွန်ယတ်တွင်သာ အားလပ်ချိန်တွင်ဖြစ်ပေါ်လာသည့် ပျင်းရိညဉ်းငွေ့စိတ်များကို ဖြေဖျောက်ရပါတော့သည်။

၎င်းကွန်ယတ်တွင် “ What ’s on your mind ? ” ဆိုသည့် ကွတ်လပ်ကလေးပေးကာ လူတို့၏ စိတ်ထဲတွင်ခံစားရသည်များကို အော်ခွင့်ပေးထားသည် ၄င်း status မှတဆင့် အော်ကြသည်များကိုကြည့်၍ လူတို့၏ စိတ်ဓါတ်ကိုခန့်မှန်းနိုင်ပါသည် ၄င်းတို့၏ လုပ်ဆောင်ချက်များကိုကြည့်၍လည်း သူတို့၏စိတ်ကိုခန့်မှန်းနိုင်ပါသည် ။ ကျွန်တော် facebook သုံးလာတဲ့ တစ်နှစ်တာ ကာလအတွင်း သိကျွမ်းခဲ့တဲ့ မိတ်ဆွေများရဲ့ လုပ်ဆောင်ချက်များကိုကြည့်၍ သူတို့ရဲ့စိတ်နေသဘောထားများကို ဟာသအမြင်ဖြင့် ရေးသားတင်ပြပါမည် ။ နားနဲ့မနာ ဖဝါးနဲ့မနာ မျက်စိနဲ့သာ ကြည့်တော်မူပါ မိတ်ဆွေ အပေါင်းတို့ ….။

နိုင်ထူးအောင်ဟု အမည်ရသော လူတစ်ယောက်သည် စာများရေး၏ သူများရေးသောစာများကိုကား မဖတ် သူရေးသည့်စာကိုတော့ သူများဖတ်ချင်မှန်းမသိ မဖတ်ချင်မှန်းမသိ အတင်းကာရောလိုက်တဂ်ပေး၏ သို့သော် သူရေးသည့်နုတ်ကို like button နှိပ်၍ အားပေးသူမှာ သူတဂ်ပေးထားသော အရေအတွက်လောင်ပင်များချေ ရှက်ဖွယ်လိလိဖြစ်၏ ။ ဤသူသည်ကား အင်မတန်မှ နာမည်ကြီးချင်သောသူဖြစ်ပါသည် ။

ကိုဟန်သစ်ငြိမ်ကတော့ သူဘာရေးရေး ဘာလုပ်လုပ် သူများကိုတဂ်ပေးခြင်းမျိုးမရှိချေ ထိုသူကတော့ ကိုယ်လုပ်ချင်ရာလုပ်မယ် ဘယ်သူ့မှ ဂရုမစိုက်ဘူးဟူသော သဘောရသည် အတ္တကြီးသည် ထိုလူမျိုးများသည် လူပျိုကြီးများသာဖြစ်တတ်ကြသည် ။

ကိုကမ္ဘာ့ဖျာနှင့် ကိုမျိုးသက်ပိုင်တို့သည် နေ့စဉ်နှင့် အမျှ စတေးတပ်မှ သူတို့သိသမျှ အော်ကြသည် သူတို့ကိုယ် သူတို့ ပညာရှိသည်ဟု ထင်ကြသည် ထို့ကြောင့် အကြံလည်းကြီးသည် ထို့ကြောင့် သူဌေးသမီးမှချိုင်ခြင်ကြသည် ။ ထိုသူတို့သည် အိမ်ထောင်ရေးတွင် မိန်းမက သြဇာပေးခြင်းခံသောသူများဖြစ်ကြသည် ။ အိမ်ထောင်မရှိပါကလည်း အိမ်ထောင်ကျလျှင်ထိုသို့ဖြစ်မည် ။

တစ်နှစ်နေလို့ တစ်ခါမျှ စတေးတပ်မှ မိမိအကြောင်း မအော်ဖူးသော ကိုရီးယားမှ ကိုဝင်းမင်းဦး ဆိုသူမျိုးသည် အင်မတန်လျှို့ဝှက်တတ်သောသူဖြစ်သည် ။ လင်မယားခြင်း မသိအောင် လျှိုထားသော ကိစ္စမျိုးပင်ရှိနိုင်သည် ။

လူအများက ကသံဟုခေါ်သော မောင်သံလွင်ကတော့ တဆိတ်ရှိ စတေးတပ်မှ ထထ ဆဲတပ်သည် လူကောင်ပုသောသေးသော သူများသည် သူများက အထင်မသေးစေရန် သူတို့ မည်မျှမိုက်ခဲ့ကြောင်း ခဏခဏ ကြွားတတ်သည် ကြောက်သောခွေးက အစွယ်ထုတ်ပြသည် ဆိုသည့်သဘော အရကြည့်မည်ဆိုလျှင် ဤသူသည် သူ့ပါတ်ဝန်းကျင်နှင့် ရုံးတွင် နေ့တိုင်း လူတကာက အဆူခံ အငေါက်ခံရသောသူဖြစ်မည် ထို့ကြောင့် FB ကအပေါင်းအသင်းကြားတွင် လူရှိန်စေရန် ဟန်ရေးပြနေရဖြစ်သည် ။

FB စသုံးစဉ်မှစ၍ ပရိုဖိုင်းဓါတ်ပုံ မပြောင်းသော မောင်ဥက္ကာစည်သူဆိုသူသည် ရည်းစား မျက်နှာမများနဲ့နော်ဆိုသော အမိန့်ကို မလွန်ဆန်ဝံ့သဖြင့် မပြောင်းပဲနေခြင်းကို ဂုဏ်ယူစရာတစ်ခုဟု သတ်မှတ်နေသူဖြစ်သည် ။ ဤသူသည်ကား အိမ်ထောင်ကျပါက ကိုယ့်မိန်းမ ကိုယ်မကြောက်ရင် သူများကြောက်သွားမှာပေါ့ကွ ဟုဆိုကာ ဂုဏ်ယူဝံ့ကြွားစွာကြောက်နေမည့်သူဖြစ်သည် ။

စတော်ဟတ်ရက်ကီ ဆိုသူမှာတော့ ကိုယ်တိုင်က စာမရေးပဲ စာရေးသူမှန်သမျှကို လိုက်အဒ်ကာ သူများရေးသမျှစာကို ဒိုင်ခံဖတ်နေသူဖြစ်သည် ။ ဤသူသည် အင်မတန် ပါးနပ်သော လူလည်တစ်ယောက်ဖြစ်သည် အကယ်၍ အပြင်မှာတွေ့ဆုံခဲ့ပါမူ သူများတိုက်သော လဘက်ရည်ကပ်သောက်မည့်သူဖြစ်သည် ။

ဒေါ်ပျိုးယုဝသုန် သည် သူစားသည့် နံနက်စာ ညစာ စသည်များကို fb မှ သူငယ်ချင်းအပေါင်းတို့ တဂ်ပေးတတ်သည် မသိလျှင်တော့ သူငယ်ချင်းများကို ထမင်းစားသည့် အချိန်၌ပင် သတိရသည်ဟု ထင်စရာရှိသည် တကယ်တော့ ထိုသို့မဟုတ် အနုစားရက်စက်နည်းတစ်မျိုးဖြစ်သည် သူစားသည်ကို သူတစ်ပါးအားပြ၍ သွားရည်ကျအောင်ပြုခြင်းဖြစ်သည် ။ မိမိကတော့နာမည်ကောင်းယူ၍ တစ်ပါးသူကို ဒုက္ခရောက်အောင်ပြုခြင်းဖြစ်သည် ။ ထိုအမူအကျင့်မျိုးသည် များသောအားဖြင့် အပျိုကြီးများတွင်ရှိတတ်သည် အိမ်ထောင်ကျခဲ့ပါကလည်း အိမ်ထောင်ဖက်အား မိမိလောက်ဂရုစိုက်လိမ့်မည်မဟုတ်ချေ ။

ဒေါ်အေးလဲ့ထွင်းကတော့ တစ်နေ့တစ်နေ့ သူမ ဖတ်သမျှ စာကောင်းပေကောင်းများကို fb တွင်ပြန်ရှယ်လေ့ရှိသည် ။ အစာကောင်းစားရတော့ ချစ်သူကို သတိရ စာကောင်းဖတ်ရတော့ သူငယ်ချင်းတွေကို သတိရ ဟု သူငယ်ချင်းတွေကို ချစ်သည်ဟု ထင်စရာရှိသည် အမှန်တော့ သူမ မည်မျှစာဖတ်ကြောင်း သူ့ပရိတ်သတ်ကို ကြွားခြင်းသာဖြစ်သည် ။

Sleepy Luke ဆိုသူသည် ဘီယာတစ်ဗူးဖေါက်သည်ကအစ စတေးတပ်မှအော်တတ်သည် ဤသူသည်ကား အလုပ်အားနေကာ ခလေးစိတ်ပင်မကုန်သေးကြောင်း ထင်ရှားလှပေသည် ။

ကိုသောင်းဟိန်းဆိုသူကတော့ တရားဓမ္မများကို မကြာခဏ တင်နေသဖြင့် ဘာသာရေးကိုင်းရှိုင်းသူဟု ထင်စရာရှိသည် အမှန်ကတော့ အသက်ကလည်း သုံးဆယ်ကျော်ပြီ ရည်းစားကလည်းမရှိ ကောင်မလေးတွေကို ပိုးရအောင်ကလည်း ဗျူဟာကလည်းမတတ်သဖြင့် တရားကိုဘန်းပြကာ ကောင်မလေးတွေက ဘာသာရေးကိုင်းရှိုင်းသူဟု အထင်ကြီးခံစေရန် သမာဓိပိုး ပိုးနေခြင်းဖြစ်သည် ။

ငယ်ငယ်ရွယ်ရွယ်နှင့် အသက်နှင့်မလိုက်အောင် ဘာသာရေးတရားများ ရေးသားနေသူများသည် နှလုံးသားတွင် ဒါဏ်ရာအကြီးအကျယ်ရခဲ့ဖူးသူများဖြစ်သည် ။


တစ်ချို့သောသူများသည် မိမိဓါတ်ပုံကိုဖေါ်ပြလေ့မရှိ ထိုသူများသည် “ ကိုယ်တိုင်က မဟုတ်တာလုပ်သောသူသည် သူများအား ယုံကြည်မှုမရှိ ” ဆိုသည့်စကားအရ ထိုသူတို့သည် မဟုတ်တာလုပ်နေ၍ သူတစ်ပါးကို မယုံခြင်းဖြစ်သည် ။

ဓါတ်ပုံတင်ထားသူများကတော့ ငါက ဓါတ်ပုံတင်ထားကွ လူလိမ်မဟုတ်ဘူးဟု ဆိုကာ လုပ်ချင်ရာ လုပ်လေ့ရှိသည် ထိုသူတို့သည် မျက်နှာပြောင်တိုက်ခြင်းဖြစ်သည် ။

တစ်ချို့သောသူတို့သည် ဘာအကြောင်းပြချက်မရှိပဲ လာအဒ်သည် ထိုနောက် ဘာအကြောင်းပြချက်မှ မပြပဲ သူငယ်ချင်းအဖြစ်မှ ရပ်စဲသွားတတ်ကြသည် ။ ၄င်းတို့သည် ကိုယ့်စိတ်ကို မနိုင်သေးသောသူများဖြစ်ကြသည် ။

Fb ကိုစစ်လင်းပြင်လိုသဘောထားကာ နိုင်ငံရေးအကြောင်း  အားကြိုးမာန်တက် အာပေါင်အာရင်းသန်သန် ပြောနေသူများလည်းရှိ၏ ထိုသူများသည်ကား လေထဲတွင်လက်သီးထိုးနေခြင်းဖြစ်သည် ။

တစ်နှစ်နေလို့ နိုင်ငံရေးစကားမပြောသူများမှာ တော်လှန်ရေးတွင် ဝင်မပါပဲ လွတ်လပ်ရေးရမှ လက်ခမောင်း ခတ်မည့် ရေသာခိုသူများဖြစ်သည် ။

ယခုလို ခေတ်အချိန်အခါတွင် လူငယ်ဖြစ်ပြီး FB အကောင့်မရှိသောသူများသည် အင်မတန်ခက်နောက်ကျနေသော သနားစဖွယ်လူများဖြစ်သည် ။

ဤကား ကျွန်ုပ်၏ FB အသုံးပြုသက်တမ်း တစ်နှစ်ပြည့် အတွေ့အကြုံတည်း
ဟီး ….ကျန်တာတော့ ခင်များတို့ ဆက်ရေးကြတော့ဗျာ ကျွန်တော်ဆက်ရေးနေရင် ပြေးပေါက်ရှိမှာမဟုတ်တော့ဘူး …။

ဝေနေများစွာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဒူဟူဟူ ...
အကြည်တော်ရဲ့ညီ ( ဖအေမတူ မအေကွဲ )
အနောက်တော် အောင်စိုး
မရှိခဏမလေးရှား

ကံနှင့်စပ်၍ သိမှတ်ဘွယ်


လောကရှိ သတ္တ၀ါတို့သည် ကောင်းမှု၊ မကောင်းမှုတို့ကို လုပ်ဆာင်ကြစဉ် စေ့ဆော် တိုက်တွန်းသည့် စေတနာများ ပါဝင်လျက်ရှိကြသည်။ စေတနာသည် နာမ်တရားတို့၏ သဘာဝအတိုင်း မျက်စိတစ်မှိတ် လျှပ်တပျက်အတွင်း ကုဋေတစ်သိန်းမက ချုပ်ပျောက်၍ သွားပေသည်။ ထိုသို့ ချုပ်ပျောက် သွားရာတွင် အမှတ်တမဲ့ ချုပ်ပျောက်သွားသည် မဟုတ်၊ ဖြစ်ပေါ်လာသည့် စေတနာတိုင်းမှာ အကျိုးတရားကို ပေးဆောင် နိုင်သည့် သတ္တိများ(ကမ္မသတ္တိများ) ပါရှိနေ၏။ မျိုးပေစ့များမှာ အပင်ပေါက်သည့် အစွမ်း သတ္တိ များပါရှိနေ သလိုပင်ဖြစ်သည်။ စေတနာတရား ချုပ်ပျောက် သွားသည့်အခါ အကျိုးကို ပေးဆောင်သည့် အစွမ်းသတ္တိကို ချန်ထားပြီးမှ ချုပ်ပျောက်သွားခြင်းဖြစ်ရာ ထို အစွမ်းသတ္တိသည် အကြောင်းညီညွတ်မှုနှင့် တွေ့ခဲ့သော် အကျိုး တရားကို ပေးဆောင်တော့သည်။
ဥပမာ မျိုးစေ့များကို စိုက်ပျိုးသည့်အခါ မြေကောင်းနှင့် ရေကောင်း အောကာင်းညီညွတ်မှု နှစ်ခုနှင့် တွေ့ဆုံရပါက အပင်များ ပေါက်ရောက် ရှင်သန် လာကြသလို စေတနာတရားက ချန်ထားရစ်ခဲ့သော အစွမ်းသတ္တိသည်လည်း အကြောင်းညီညွတ်မှုနှင့် တွေ့ဆုံရလျှင် ပြန်လည်၍ အကျိုးပေး လာတော့သည်။
၁။ ယောနသော မနသိကာရ- သင့်တော်မှန်ကန်စွာ နှလုံးသွင်းမှု။
၂။ ကလျာဏမိတ္တ-ဆရာကောင်း သမားကောင်း မိတ်ဆွေကောင်းများနှင့်တွေ့ဆုံရမှု။
အကြောင်းနှစ်ခုတို့ဖြစ်။ ထိုအကြောင်းနှစ်ခုနှင့် တွေ့ဆုံရပါက ကောင်းကျိုးကို ပေးဆောင်ပေမည်။
မကောင်းမှုပြုလုပ်သူများအဖို့ဆိုပါက-
၁။ အယောနိသော မနသိကာရ- မသင့်မတော် မမှန်မကန် နှလုံးသွင်းမှု။
၂။ ပါပမိတ္တ-ဆရာယုတ် မိတ်ဆွေယုတ်များနှင့် တွေ့ဆုံရမှု ထိုအကြောင်းနှစ်ခုနှင့် တွေ့ဆုံရပါက မကောင်းကျိုးကို ပေးဆောင် သွားပေလိမ့်မည်။ ကောင်းမှုရှင်၊ မကောင်းမှုရှင် ပုဂ္ဂိုလ်များအဖို့ ကောင်းမှု မကောင်းမှုရှင် ပုဂ္ဂိုလ်များအဖို့ ကောင်းမှု မကောင်းမှုများ ပြုလုပ်ပြီးသည့်နောက် ကောင်းကျိုး မကောင်းကျိုးများ ဖြစ်ပေါ်လာခြင်းမှာ ထိုအကြောင်း ညီညွတ်မှုများနှင့် တွေ့ဆုံရမှုကြောင့်ဖြစ်၏၊ ထိုကဲ့သို့ အကျိုးတရား ပေးဆောင်မှုသည် တစ်ဘ၀အတွက်သာမဟုတ် ဘ၀အဆက်ဆက် နိဗ္ဗာန်ရသည့်ဘ၀ အထိ ပေးဆောင်သွားမည် ဖြစ်ပါသည်။
ကံဟု ခေါ်ဆိုရသည့် စေတနာ၏ အစွမ်းသတ္တိသည် အရိပ်ပမာ ကံပြုသူ၏ နောက်သို့ ထက်ကြပ် မကွာ လိုက်ပါနေပေသည်။ ၄င်းကံတို့သည် မည်သည့်နေရာဌာန၌ တည်ရှိနေပါသနည်းဟု မေးလာခဲ့သော် တည်ရာဌာနကို တိတိကျကျ ညွှန်ပြဖို့ရန် တတ်နိုင်ကောင်းသော အရာမဟုတ်ချေ၊ တရာဌာနကို မညွန်ပြနိုင် သဖြင့် ကံနှင့် ကံ၏အကျိုးတရား မရှိဟုယူဆပါက မှားယွင်းသော အယူအဆဖြစ်သွားမည်။ အကြောင်း ကိုပယ် အကျိုးကိုပယ်သည့် အဟေတုကဒိဋ္ဌိ- နတ္ထိကဒိဋ္ဌိ- အကိရိယဒိဋ္ဌိ အယူအဆရှိသူများ ဖြစ် သွားမည်။ ထို အယူများ ခိုင်မြဲသွားလျှင် အ၀ီစိငရဲသို့ ဧကန်မုချ ရောက်ရမည်ဖြစ်၏။
ထိုကံတို့၏ တည်ရာဌာန မရှိမဟုတ်၊ ရုပ်တရား နာမ်တရားတို့သည် တစ်ခဏအတွင်း ဖြစ်ပေါ်ပြီး နောက် တစ်ခဏအတွင်း တည်ရှိကာ တစ်ခဏ အတွင်း ချုပ်ပျောက်နေခြင်းဖြစ်ရာ အစဉ် မပြတ် တရစပ် ဖြစ်ပေါ် ချုပ်ပျောက်နေခြင်းဖြစ်ရာ အစဉ်မပြတ် တရစပ်ဖြစ်ပေါ် ချုပ်ပျောက်နေသော ရုပ်အစဉ် နာမ် အစဉ် ဖြစ်ခြင်းကြောင့် တည်ရာဌာနကို တိတိကျကျ ညွှန်ပြဖို့ရန် မတတ်ကောင်းဟု ဆိုရခြင်းဖြစ်၏။ ယေဘုယျ ညွန်ပြရလျှင် ရုပ်အစဉ် နာမ်အစဉ်ကိုပင် တည်ရာဌာန အဖြစ်ဖြင့် ညွှန်ပြရပေလိမ့်မည်။
ဥပမာပြရလျှင် အသီးသီးတော့မည့် သရက်ပင်တစ်ပင်ရှိ၏။ သို့သော် အသီးမသီးသေး။ အသီး မသီးသေးသည့် ထိုသရက်ပင်၌ အသီး၏ တည်နေရာကို မညွန်ပြနိုင်သဖြင့် အသီးမရှိဟု ဆိုလျှင် လုံးဝ မှားယွင်း သွားပေလိမ့်မည်။ ယေဘုယျ ညွှန်ပြရလျှင် သရက်ပင်ကိုပင် ညွန်ပြရသကဲ့သို့ ဖြစ်၏။
ကုသိုလ်ကံ အကုသိုလ်ကံ နှစ်ခုတို့တွင် ကုသိုလ်ကံသည် များပြား၍ အကုသိုလ်ကံသည် နည်းပါး၏။ အဘယ့်ကြောင့်ဆိုသော် အကုသိုလ်ကံ မကောင်းမှုကို ပြုလုပ်မိပြီဟု စိတ်နှလုံး မချမ်းမသာ ဖြစ်၏၊ စိတ်နှလုံး မချမ်းမသာ ပူလောင်သောကြောင့် မကောင်းမှု အကုသိုလ်သည် မတိုးပွား နည်းပါးခြင်းဖြစ်သည်။ ကုသိုလ်ကောင်းမှု ပြုလုပ်သူမှာ ပူလောင်မှုမရှိ စိတ်နှလုံး ကြည်လင်အေးမြ ရွှင်လန်းရ၏၊ စိတ်ရွှင်လန်းသူမှာ ၀မ်းမြောက် ၀မ်းသာ ဖြစ်ရ၏။ ၀မ်းမြောက် ၀မ်းသာဖြစ်သူမှာ နှစ်သက်မှုဖြစ်ပေါ်လာ၏။ နှစ်သက်သောစိတ် ရှိသူ၏ ခန္ဓာကိုယ်သည် ငြိမ်းအေး၏။ ခန္ဓာကိုယ် ငြိမ်းအေးသူသည် ချမ်းသာသုခကို ခံစားရ၏၊ ချမ်းသာသော သူ၏ စိတ်သည် တည်ငြိမ်၏၊ တည်ငြိမ်သူသည် ဟုတ်တိုင်းမှန်ရာကို သိ၏။ ထို အကြောင်းများကြောင့် ကုသိုလ်ကောင်းမှုသည် များပြားတိုးပွားခြင်းဖြစ်သည်။
မကောင်းမှုကံ ပြုလုပ်ရာ၌ သိလျက်ပြုလုပ်ခြင်းနှင့် မသိမူ၍ ပြုလုပ်ခြင်းဟု နှစ်မျိုးရှိရာ မသိမူ၍ ပြုလုပ်ခြင်းက အပြစ်များပြားသည်။ ဥပမာ ပြရလျှင် မီးလျှံရဲရဲ တောက်လောင်နေသော သံတုန်းသံခဲကို သိလျက်ကိုင်သူနှင့် မသိမူ၍ ကိုင်သူ နှစ်မျိုးတွင် မသိမူ၍ ကိုင်သူမှာ ပြင်းထန်သည့် ပူလောင်မှု ဝေဒနာ ကို ခံစားရပေလိမ့်မည်။
ထိုနည်းတူစွာ မသိမူ၍ မကောင်းမှု အကုသိလ်ကံပြုလုပ်လျှင် ထိုသူ၏ အကုသိုလ်ကံသည် ပိုမို၍ အပြစ်များခြင်း ဖြစ်ပေသည်။
ဤသို့ဆိုလျှင် လမ်းလျှောက်သွားလာရင်း ပုရွက်ဆိပ်စသည့် တိရစ္ဆာန်ငယ်လေးများ နင်းမိ၍ သေစေခဲ့သော် အပြစ်မရှိပါဟု ပြောကြားရာ၌ အထက်ပါ စကားနှင့် ဆန့်ကျင်နေသည် မဟုတ်ပါလောဟု မေးစရာရှိပေသည်။ ဤနေရာ၌ အမှတ်သညာဖြင့် အဆုံးအဖြတ် ပေးရပါမည်။ အမှတ်သညာဟူသည် တမင် တကာ ကျူးလွန်လိုသည့် အမှတ်သညာဖြစ်၏၊ ထို့ကြောင့် ကျူးလွန်လိုသည့် အမှတ်သညာရှိနေလျက် နင်း၍ သေစေခဲ့သော် အကုသိုလ်အပြစ် ကြီးပေမည်။ ကျူးလွန်လိုသည့် အမှတ်သညာ မရှိပဲ အမှတ်တမဲ့ နင်း၍ သေစေခဲ့သော် အကုသိုလ် အပြစ်မရှိနိုင်။
အားရှိအားနည်း၊ အားကောင်းမကောင်း နှစ်မျိုးခွဲလျှင် ကောင်းမှုကုသိုလ်ကံသည် အားရှိ၏၊ အားကောင်း၏၊ မကောင်းမှု အကုသိုလ်ကံသည် အားနည်း၏၊ အားမကောင်း။ ဤသို့ဆိုလျှင် လူသတ်မှု၊ မတရားလုယက်မှု၊ သူ့မယား ကျူးလွန်မှုစသော ရာဇ၀တ်မှု ကျူးလွန်သူတို့သည် ဖမ်းဆီး ချုပ်နှောင်ခံရခြင်း၊ အသေစားသေစေခြင်းစသည့် ဆိုးကျိုးများကို ပစ္စပ္ပာန်ဘ၀မှာပင် ခံစားကြရသည်။
ကောင်းမှုကုသိုလ် ပြုလုပ်သူတို့သည် ပစ္စပ္ပာန်ဘ၀မှာ စည်းစိမ်ချမ်းသာ အခြွေအရံ များစွာရခြင်း၊ ရာထူးတက်ခြင်းစသော ကောင်းကျိုးများ အထင်အရှား ခံစားကြရသည်ကို တွေ့မြင်ရသည်မှာ နည်းပါးလှ ပါသည်။
ထိုအချက်များကို ထောက်၍ မကောင်းမှု အကုသိုလ်ကံသည် အားကြီးသည် အားကောင်းသည်။ ကောင်းမှု ကုသိုလ်ကံသည် အားနည်းသည် အားမကောင်းဟု ယူဆခဲ့သော် ထိုအယူအဆသည် မှန် မမှန်? ထိုအယူအဆသည် မှားယွင်းသည်၊ အဘယ်ကြောင့်ဆိုသော် မကောင်းမှု အကုသိုလ်ကံသည် နည်းပါး သောကြောင့် မြန်မြန် ဆန်ဆန် အကျိုးပေးခြင်းဖြစ်၏၊ ကောင်းမှု ကုသိုလ်ကံသည် များမြတ်ပြန့်ပြော သောကြောင့် အချန်ကြာမြင့်မှ အကျိုးပေးခြင်းဖြစ်၏။
ဥပမာ ပြရလျှင် သက်နုစပါးမျိုးသည်(၂)လ(၃)လ ကြာလျှင် မှည့်ရင့်၏။ စားသုံးနိုင်သည့်အဆင့်သို့ ရောက်၏။ သက်ရင့်စပါးမျိုးကား စိုက်ပြီးနောက် ၄-လ ၅-လကြာမှ မှည့်ရင့်၏။ စားသုံးနိုင်သည့်အဆင့်သို့ ရောက်၏။ စပါးဖြစ်လာမှုချင်း တူသော်လည်း အာနိသင်ကား ကွာခြားလှဘိသည်။ သက်နုစပါးမျိုးသည် အဆီသြဇာ နည်းပါးသည်။ အောက်အခြေခံ လူတန်းစားတို့သာ စားသုံးကြသည်၊ သက်ရင့်စပါးမျိုးကား အဆီ သြဇာများသည်၊ အထက်တန်းလွှာ လူတန်းစားတို့ သုံးဆောင်သော အစာအဟာရဖြစ်သည်။
ထိုနည်းတူစွာ မကောင်းမှု အကုသိုလ်ကံသည် သက်နုစပါးမျိုးနှင့်တူ၍ နည်းပါးသောကြောင့် မြန်မြန် အကျိုးပေးသည်။ ကောင်းမှုကုသိုလ်ကံသည် သက်ရင့်စပါးမျိုးနှင့်တူ၍ များမြတ်ပြန့်သောသောကြောင့် အချိန်ကြာမြင့်မှ အကျိုးပေးသည်။
ထပ်မံဆိုဖွယ်ရှိသေးသည်။ တစ်ဘက် ရန်သူကို အလျှင်အမြန် တိုက်ခိုက်၍ ရန်သူကို အရှင် လတ်လတ် ဖမ်းဆီး အနိုင်ယူနိုင်သော စစ်သားသည် ရဲရင့်သော သူရဲကောင်းဖြစ်သည်။ ရောဂါ ဝေဒနာကို အလျှင်အမြန် ပျောက်ကင်းအောင် ကုသနိုင်သော ဆေးဆရာ ဆရာဝန်သည် ကျွမ်းကျင် လိမ်မာသည့် ဆေးဆရာ ဆရာဝန်ဖြစ်သည်။ အတွက် အချက်ကို လျှင်လျှင် မြန်မြန် တွက်ချက်နိုငသော သင်္ချာဆရာသည် ကျွမ်းကျင် လိမ်မသည့် သင်္ချာဆရာသည်။ ပြိုင်ဘက် လက်ဝှေ့သမားကို အလျှင်အမြန် အလဲထိုး၍ အနိုင်ယူနိုင်သော လက်ဝှေ့သမားသည် စွမ်းရည်ပြည့်ဝသည့် (ချန်ပီယံ) လက်ဝှေ့သမားဖြစ်သည်။
ထိုနည်းတူစွာ အလျှင်အမြန် အကျိုးပေးသည့်ကံက အားကြီးသည် အားကောင်းသည်ဟု တဆင့်တက်၍ မေးခဲ့ငြားအံ့။ ထိုအမေးအတွက် အဖြေပေးရလျှင် ဆိုင်ရာ ဆိုင်ရာ မင်းအစိုးရ အဆက်ဆက်တို့က လူသတ်သူ မတရားလုယက်သူ သူများမယား ကျုးလွန်သူ စသူတို့အား အသေးစား သေစေ ဤ၍ဤမျှ ဒဏ်ချစေ၊ ဤရွှေ့ဤမျှ ထောင်ချစေ စသည်ဖြင့် ဥပဒေထုတ်ထားကြသည်။
ထိုဥပဒေများအရ အရေးယူသဖြင့်သာ မကောင်းမှု အကုသိုလ်ကံသည် လျှင်လျှင်မြန်မြန် ဒိဋ္ဌဓမ္မ ပစ္စပ္ပာန်မှာပင် အကျိုးခံစားရသည်ဟု ဆိုပေသည်။ မင်းအစိုးရ အဆက်ဆက်တို့က အလှူဒါနပြုလုပ်သူ သီလ စောင့်ထိန်းသူ ဥပုဒ်စောင့်သုံးသူ၊ ဘာဝနာပွားများသူ စသူတို့အား ဤရွေ့ဤမျှ စည်းစိမ် ဥစ္စာအခြံအရံကို ပေးရမည် စသည်ဖြင့် ဥပဒေမထားရှိကြပေ။ ထိုကဲ့သို့ ဥပဒေမထားရှိသောကြောင့် ကောင်းမှု ကုသိုလ်ကံ သည် မျက်မှောက်ပစ္စုပ္ပာန် ဒိဋ္ဌိဓမ္မ မခံစားကြရဟု ဆိုရသည်။ သို့သော် အကြောင်းညီညွတ်မှုနှင့် တွေ့ဆုံရ လျှင် ခံစားရမည်သာ ဖြစ်သည်။
ကုသိုလ်-အကုသိုလ်ကံတို့၏ အကျိုးပေးပုံသည် ဆန်းကြယ်လှသည်။ အပေါ်ယံသာ သိမြင် ထားကြသူများအဖို့ မယုံကြည်နိုင်စရာပင်ဖြစ်၏။ ဥပမာပြရလျှင် ဗာရဏသီပြည် မဟာပတာပ မင်းကြီးဖြစ်၍ ဘုရားလောင်းလျာက သားတော် မင်းသားလေးဖြစ်ခဲ့သည်။ ဓမ္မပါလဟု နာမည်ပေးခဲ့ကြ၏။ မယ်တော် စန္ဒာဒေ၀ီ မိဘုရားကြီးက သားတော်လေးနှင့်အတူ ရွှင်မြူးကားနေစဉ် မင်းကြီးလာသည်ကို နေရာမှထပြီး မကြိုဆိုမိချေ။ မင်းကြီးသည် ဒေါသထွက်၍ သူသတ်သမားကို ခေါ်ကာ ရက်ရက်စက်စက် သတ်စေခဲ့သည်။
ဘုရားလောင်းလျာအား ထိုသို့ပြုပါလျက် ရှင်ဒေ၀ဒတ်သည် အချို့ဘ၀များ၌ ဘုရားလောင်းလျာထက် အဆင့်မြင့်နေသည်။ စည်းစိမ်ဥစ္စာ အခြွေအရံများစွာ ရရှိနေသည်။ ထိုသို့ဖြစ်ရာ၌ အကုသိုလ်ကံသည် အကျိုး မပေးပါသလောဟု မေးစရာရှိ၏။ အကျိုးပေးပါသည်ဟု ဖြေရမည်ဖြစ်သည်။ အကျိုးပေးသည်မှာ အချို့ဘ၀များ၌ဆိုလျင် မြေမျို၍ အ၀ိစိငရဲ၌ ကျသည်အထိဖြစ်၏။
ရှင်ဒေ၀ဒတ်လောင်းလျာ ပြုလုပ်သည့်ကံကို ဆန်းစစ်လျှင် သူသည် ဘုရားလောင်းလျာကိုသာ အနှောက်အရှက် အန္တရာယ်ပေးခြင်းဖြစ်သည်။ အခြားသူများကို အနှောက်အယှက် အန္တရာယ် ပေးသည်မဟုတ်။ သူသည် လူအများ ချမ်းသာရေးအတွက် ပေးကမ်းလှူဒါန်းခဲ့သည်။ ရေတွင်း ရေကန် တူးဖော်ခဲ့သည်။ တည်းခိုဇရပ်ဆောက်ခြင်း၊ လမ်းဖောက်ခြင်းစသော ကောင်းမှုများကို ပြုလုပ်ခဲ့သည်။
လူအများ ချမ်းသာရေးအတွက် ကောင်းမှုများစွာကို ပြုလုပ်ခဲ့သောကြောင့် ကောင်းမှု အကျိုးများ ကိုလည်း ခံစားရသည်။ ထို့ကြောင့်ပင် အချို့ဘ၀များ၌ ဘုရားလောင်းလျာက်ထက် သာလွန်နေခြင်းဖြစ် ပါသည်။ ကုသိုလ်ကံက ကောင်းကျိုး၊ အကုသိုလ်ကံက ဆိုးကျိုးကို ပေးသည်မှာ ကမ္မနိယာမပင် မဟုတ် လော။
ကောင်းမှုကုသိုလ်ကံ၏ ကျောင်းကျိုးပေးခြင်း၊ မကောင်းမှုအကုသိုလ်ကံ၏ ဆိုးကျိုးပေးခြင်းတို့သည် ၀ိပတ္တိ(၄)မျိုး၊ သမ္ပတ္တိ(၄)မျိုးတို့နှင့် တွေ့ဆုံရမှုကြောင့်လည်း အကျိုးပေးမှု အကျိုးမပေးမှုတို့ ဖြစ်လာနိုင်သေး ၏။
သမ္ပတ္တိ(၄)မျိုးဟူသည်။
၁။ ကာလသမ္ပတ္တိ- မင်းကောင်းစိုးကောင်းနှင့် လူကောင်းများရှိရာ အခါနှင့်ပြည့်စုံမှု။
၂။ ဥပဓိသမ္ပတ္တိ- ခန္ဓာကိုယ်အစိတ်အပိုင်း အင်္ဂါရပ်များပြည့်စုံ၍ ရုပ်ရေအဆင်း သန့်ရှင်း ကြည်လင်
တင့်တယ်ခြင်းနှင့် ပြည့်စုံမှု။
၃။ ပယောဂသမ္ပတ္တိ- မကောင်းမှု ဒုစရိုက်များမှ ရှောင်ရှား၍ ကောင်းမှု သုစရိုက်များကို လုပ်ဆောင်
ခြင်းနှင့် ပြည့်စုံမှု။
၎။ ဂတိသမ္ပတ္တိ-လူ့ဘ၀ နတ်ဘ၀ဖြစ်ရခြင်းနှင့် ပြည့်စုံမှုတို့ဖြစ်သည်။
ဝိပတ္တိ(၄)မျိုးဟူသည်--
၁။ ကာလ၀ိပတ္တိ- မင်းကောင်း စိုးကောင်းနှင့် လူကောင်းများရှိရာ အခါနှင့် မပြည့်စုံမှု။
၂။ ဥပဓိဝိပတ္တိ- ခန္ဓာကိုယ်အစိတ်အတိုင်း အင်္ဂါရပ်များချို့တဲ့၍ ရုပ်ရည်အဆင်း မတင့်တယ်မှု။
၃။ ပယောဂ၀ိပတ္တိ-မကောင်းမှု ဒုစရိုက်များကို ပြုလုပ်မှု။
၎။ ဂတိဝိပတ္တိ- ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ် အပါယ်လေးဘုံ၌ ဖြစ်ရမှုတို့ ဖြစ်သည်။
မကောင်းမှုများကို ပြုလုပ်ထားသော အချို့ပုဂ္ဂိုလ်များအဖို့ အပါယ်လေးဘုံ၌ ကျရောက်လျှင် လုပ်ထားသည့် မကောင်းမှုကံ အကျိုးပေးမည် ဖြစ်သော်လည်း ကောင်းမှုကံ တစ်ခုကြောင့် လူ့ဘ၀ နတ်ဘ၀၌ ဖြစ်နေလျှင် မကောင်းမှုကံက အကျိုးမပေးနိုင်တော့ချေ။ ဂတိသမ္ပတ္တိက တားမြစ်ထားသော ကြောင့် ဖြစ်၏။
ထိုနည်းတူစွာ မကောင်းမှုများစွာကို ပြုလုပ်ထားသော အချို့ပုဂ္ဂိုလ်များအဖို့ ရုပ်ရည် ဥပဓိ ပျက်စီးနေ လျှင် မကောင်းမှုကံက အကျိုးပေးမည် ဖြစ်သော်လည်း ကောင်းမှုကံတစ်ခုကြောင့် ရုပ်ရည် ဥပဓိ လှပတင့် တယ်နေလျှင် မကောင်းမှုကံက အကျိုးမပေးနိုင်တော့ချေ။ ဥပဓိသမ္ပတ္တိက ထားဖြစ်ထားသောကြောင့်ဖြစ်၏။
ထိုနည်းတူစွာ မကောင်းမှုများစွာကို ပြုလုပ်ထားသော အချို့ပုဂ္ဂိုလ်များအဖို့ ကာလပျက်စီးနေလျှင် မကောင်းမှုကံက အကျိုးပေးမည်ဖြစ်သော်လည်း ကောင်းမှုကံတစ်ခုကြောင့် မင်းကောင်း စိုးကောင်းနှင့် လူကောင်းများရှိရာ အခါ၌ ဖြစ်နေလျှင် မကောင်းမှုကံက အကျိုးမပေးနိုင်တော့ချေ။ ကာလသမ္ပတ္တိက တားမြစ်ထားသောကြောင့်ဖြစ်၏။
ထိုနည်းတူစွာ မကောင်းမှုများစွာကို ပြုလုပ်ထားသော အချို့ပုဂ္ဂိုလ်များအဖို့ မကောင်းမှု ဒုစရိုက် များကို လုပ်ဆောင်နေလျင် ပြုလုပ်ထားသော မကောင်းမှုကံက အကျိုးပေးမည်ဖြစ်သော်လည်း ကောင်းမှု ကံတစ်ခုကြောင့် ပယောဂသမ္ပတ္တိ၌ တည်လျက် ကောင်းမှု သုစရိုက်များကို ပြုနေလျှင် မကောင်းမှုကံက အကျိုးမပေးနိုင်တော့ချေ။ ပယောဂသမ္ပတ္တိက တားမြစ်ထားသောကြောင့်ဖြစ်၏။
ကောင်းမှုများစွာကို ပြုလုပ်ထားကြသော အချို့ပုဂ္ဂိုလ်များအဖို့ လူ့ဘ၀ နတ်ဘ၀၌ ဖြစ်ရလျှင် ကောင်းမှုကံက အကျိုးပေးမည် ဖြစ်သော်လည်း မကောင်းမှု ကံတစ်ခုကြောင့် အပါယ်လေးဘုံ၌ ဖြစ်နေ ရလျှင် ကောင်းမှုကံက အကျိုးမပေးနိုင်တော့ချေ။ ဂတိဝိပ္ပတ္တိက တားမြစ်ထားသောကြောင့် ဖြစ်၏။
ထိုနည်းတူစွာ ကောင်းမှုများစွာကို ပြုလုပ်ထားကြသော အချို့ပုဂ္ဂိုလ်များအဖို့ ရုပ်ရည် ဥပဓိပြည့်စုံလျှင် ကောင်းမှုကံက အကျိုးပေးမည် ဖြစ်သော်လည်း မကောင်းမှုကံ တစ်ခုကြောင့် ရုပ်ရည် ဥပဓိပျက်စီးနေလျှင် ကောင်းမှုကံက အကျိုးမပေးနိုင်တော့ချေ။ ဥပဓိဝိပ္ပတ္တိက တားမြစ်ထားသောကြောင့် ဖြစ်၏။
ထိုနည်းတူစွာ ကောင်းမှုများစွာကို ပြုလုပ်ထားကြသော အချို့ပုဂ္ဂိုလ်များအဖို့ မင်းကောင်း စိုးကောင်းနှင့် လူကောင်းများရှိရာအခါနှင့် ကြုံရလျှင် ကောင်းမှုကံက အကျိုးပေးမည်ဖြစ်သော်လည်း မကောင်းမှု ကံတစ်ခုကြောင့် ကာလပျက်စီးမှုနှင့် ကြုံကြိုက်နေလျှင် ကောင်းမှုကံက အကျိုးမပေးနိုင်တော့ ချေ။ ကာလ၀ိပ္ပတ္တိက တားမြစ်ထားသောကြောင့် ဖြစ်၏။
ထိုနည်းတူစွာ ကောင်းမှုများစွာကို ပြုလုပ်ထားကြသော အချို့ပုဂ္ဂိုလ်များအဖို့ သုစရိုက်တရားတို့ကို လုပ်ဆောင်မှုဟူသော ပယောဂသမ္ပတ္တိနှင့် ကြုံကြိုက်နေလျှင် ကောင်းမှုကံက အကျိုးပေးမည် ဖြစ်သော် လည်း မကောင်းမှု ဒုစရိုက်တို့ကို လုပ်ဆောင်မှုဟူသော ပယောဂ၀ိပ္ပတ္တိနှင့် ကြုံကြိုက်နေပါလျှင် ကောင်းမှု ကံက အကျိုးမပေးနိုင်တော့ချေ။ ပယောဂ၀ိပ္ပတ္တိက တားမြစ်ထားသောကြောင့်ဖြစ်၏။
ထိုသို့ ဆိုခဲ့ပြီးသည့်အတိုင်း ကောင်းမှုကံ၏ ကောင်းကျိုးပေးမှု မကောင်းမှုကံ၏ ဆိုးကျိုးပေးမှုတို့သည် ၀ိပ္ပတ္တိ(၄)မျိုး၊ သမ္ပတ္တိ(၄)မျိုးတို့နှင့် တွေ့ဆုံရမှုကြောင့်လည်း အကျိုးပေးမှု အကျိုးမပေးမှုတို့ ဖြစ်လာနိုင်ကြ သေးသည်။
အသင် စာရှုသူတို့သည် ကံနှင့် ကံ၏အကျိုးပေးပုံသဘောကို နက်နဲစွာ ဆင်ခြင်စဉ်းစားလျက် ဆောင်ရန်တို့ကိုဆောင်၊ ရှောက်ရန်တို့ကိုရှောင်၍ ကောင်းကျိုးချမ်းသာရရှိအောင် လုပ်ဆောင်နိုင်ကြပါစေ။
(မိလိန္ဒပါဠိတော်၊ ၀ိဘင်္ဂပါဠိတော်တို့ကိုမှီး၍ရေးသားသည်။)
အရှင်ဝါယမိန္ဒာဘိဝံသ
တိပိဋကဓရ၊ တိပိဋကဓမ္မဘဏ္ဍာဂါရိက

ကြွက်တက်ခြင်း အတွက် အိမ်တွင်း ဖြေရှင်းနည်း


ကြွက်တက်တာကို လူတိုင်း နီးပါး ခံစားဖူးကြ ပါတယ်။ ပုံမှန် လုပ်ဆောင်မှုတွေ လုပ်ဆောင်ရင်း ကြွက်သားတွေ ကျုံ့သွားတဲ့ အခါ ကြွက်တက်တာ ဖြစ်လာပါတယ်။ ကြွက်တက်တဲ့ အခါ အလွန် နာကျင်ပြီး လှုပ်ရှားဖို့ တောင် ခက်ခဲတတ် ပါတယ်။ ခြေထောက်၊ နောက်ကျော နဲ့ လက်မောင်းတွေဟာ ကြွက်တက်တာကို အများဆုံး ခံစားရတတ် ပါတယ်။ ကြွက်သားတွေ အသုံးပြုရတဲ့ လုပ်ဆောင်မှု များတာကြောင့်၊ ခန္ဓာကိုယ်မှာ ရေဓာတ် ခန်းခြောက်တာကြောင့်၊ ထိခိုက်ဒဏ်ရာ ရတာ စတာ တွေကြောင့် ကြွက်တက်တာကို ဖြစ်စေပါတယ်။ ကြွက်တက်တာကို အိမ်တွင်း ကုထုံးတွေနဲ့ လွယ်ကူစွာ ဖြေရှင်း နိုင်ပါတယ်။

ညင်သာစွာ နှိပ်နယ်ပေးပါ
ညင်သာစွာ နှိပ်နယ် ပေးတာက ကြွက်သားတွေကို ပျော့ပျောင်း နေစေပါတယ်။ သွေးလှည့်ပတ်မှုကို ကောင်းစေပြီး ကြွက်တက်တာကို သက်သာစေ ပါတယ်။ လိမ်းဆေး တစ်ခုခု လိမ်းပြီး နှိပ်နယ် ပေးပါက ကြွက်သား နာကျင်တာကို ထိထိ ရောက်ရောက် သက်သာ ပျောက်ကင်းအောင် ဖြေရှင်းနိုင် ပါတယ်။

ရေနွေးနဲ့ ရေချိုးပေးပါ
ကြွက်တက်တာကို သက်သာစေ ပါတယ်။ ရေနွေးနွေးလေးကို ကြွက်သားတွေပေါ် လောင်းချလိုက်တဲ့ အခါ ကြွက်သားတွေ ပြေလျော့ သွားတာကြောင့် ကြွက်တက်တာကို သက်သာစေ တာပါ။

ဆွဲဆန့် လေ့ကျင့်ခန်း ပြုလုပ်ပါ
ခြေသလုံးကြွက်သားတွေ ကြွက်တက်တဲ့ အခါ ပက်လက် အနေအထား အတိုင်း ခြေထောက်ကို သင့် ဦးခေါင်းဆီသို့ မြှောက်တင်ပြီး မိနစ် ၃၀ နေပါ။ ပေါင် နောက်ဘက် ကြွက်သားတွေပါ ပြေလျော့စေ ပါတယ်။ ပေါင်ကြွက်သားတွေ ကြွက်တက်တဲ့ အခါ ခြေထောက်ကို နောက်ကျောဘက် တင်ပါးဆီသို့ ထိအောင် ဆွဲပေးပြီး မိနစ် ၃၀ နေပါ။ ပုံမှန် ပြုလုပ်ပေးပါက ကြွက်သားတွေ ပျော့ပြောင်း နေစေပြီး ကြွက်တက်တာ မဖြစ်အောင် ကာကွယ်နိုင် ပါတယ်။

အပူအအေး ကုထုံး
ရေခဲအိတ်ကို ကြွက်တက်တဲ့ နေရာပေါ်မှာ ၁၀ မိနစ်လောက် ကပ်ပြီး ပွတ်ပေးပါ။ အရေပြား နီရဲလာ ပါက ပြန်ခွာပါ။ ဒါမှမဟုတ် ကြွက်တက်တဲ့ နေရာကို ရေနွေးအိတ် ကပ်ပေးပါ။ သွေးလှည့်ပတ်မှုကို ကောင်းစေပြီး ကြွက်သားတွေကို ပျော့ပျောင်းစေ ပါတယ်။

ရေဓာတ် ဖြည့်ပေးပါ
ရေဓာတ် ခမ်းခြောက်တာကြောင့် လည်း ကြွက်တက်တာ ဖြစ်နိုင်ပါတယ်။ နေ့စဉ် ရေများများ သောက်ပြီး ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ ရေဓာတ်ကို ဖြည့်တင်းပေးနိုင် ပါတယ်။

ကျန်းမာရေး နှင့် ညီညွတ်စွာ စားသောက်ပါ
သင်ဟာ မကြာခဏ ကြွက်တက်တာ ဖြစ်ပေါ်ပါက အာဟာရဓာတ် ချို့တဲ့တဲ့ လက္ခဏာ တစ်ရပ်ပါ။ ပိုတက်စီယမ်၊ ကယ်လ်စီယမ် စတဲ့ သတ္တုဓာတ်တွေ ခန္ဓာကိုယ်မှာ လျော့နည်းတဲ့ အခါ  ကြွက်တက်တာကို ဖြစ်စေပါတယ်။ ကယ်လ်စီယမ်ဓာတ် များစွာ ပါဝင်တဲ့ ဒိန်ချဉ်၊ နွားနို့၊ ပိုတက်စီယမ်ဓာတ်များစွာ ပါဝင်တဲ့ ငှက်ပျောသီး၊ အာလူးတွေ စားပေးပါ။

ချမ်မိုမိုင်း လက်ဖက်ရည် သောက်ပါ
ချမ်မိုမိုင်း လက်ဖက်ရည်မှာ ဂလိုင်စင်းလို့ ခေါ်တဲ့ အမိုင်နို အက်စစ်ဓာတ် ပါဝင်ပြီး  ကြွက်သားတွေကို ပြေလျော့စေ ပါတယ်။  ကြွက်တက်တာကို ကာကွယ်နိုင်ဖို့ အတွက် တစ်နေ့ကို ချမ်မိုမိုင်း လက်ဖက်ရည် ငါးခွက် သောက်ပါ။

ပျားရည် သောက်ပါ
 ကြွက်တက်တာကို ကာကွယ်နိုင် စေဖို့ သင် ထမင်းစားတဲ့ အခါ ပျားရည် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းကို သောက်ပေးပါ။

မုန်ညင်းချဉ် စားပါ
မုန်ညင်းချဉ် စားပေးပါက  ကြွက်တက်တာကို ကာကွယ် ပေးနိုင် ပါတယ်။

ပန်းသီး ဖျော်ရည် သောက်ပါ
ပိုတက်စီယမ်ဓာတ် ကြွယ်ဝစွာ ရရှိစေ ပါတယ်။ ပန်းသီး ဒါမှမဟုတ် သစ်တော်သီးကို ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ရှလကာရည် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းနဲ့ ရေနွေး ရောစပ်ပြီး ဖျော်ရည် ပြုလုပ် သောက်သုံးပါ။

မိုးငယ်အောင်

ကတိသစ္စာ၊ တည်သောခါဝယ်


"ကတိသစ္စာ၊ တည်သောခါ၌၊
သြဇာလေးနက်၊ ပေါ်စီတက်၍၊
နွယ်မြက်သစ်ပင်၊ ဆေးဘက်ဝင်၏။"
(ရှင်မဟာသီလ၀ံသ)
ကတိတည်ခြင်း၊ သစ္စာရှိခြင်းဟူသော အကျင့်တရားများသည် လောကလူသားများအတွက် အလွန်အရေးကြီးပြီး တန်ဖိုးထားသင့်သည့် ဂုဏ်သိက္ခာများဖြစ်၏။ ကတိတည်ခြင်း၊ သစ္စာရှိခြင်းများသည် ကိုယ်ကျင့်သိက္ခာ အပိုင်းနှင့်လည်း ဆက်စပ်နေသကဲ့သို့ ကတိတည်သူ၊ သစ္စာရှိသူများသည်လည်း အကျင့်သီလမြဲသူများအဖြစ် ဂုဏ်တင့်နိုင်ကြမည် ဖြစ်၏။ ကတိသစ္စာ တည်နေသမျှ အခက်အခဲမှန်သမျှကိုလည်း ထိုအကျင့်တရားများဖြင့် ရင်ဆိုင်ကျော်လွှားနိုင်ကြမည်သာ ဖြစ်၏။ အထူးသဖြင့် သစ္စာတရားသည် မေတ္တာအားဖြင့် ပေါင်းစပ်နိုင်လျှင် မဖြစ်နိုင်သည်များပင် ဖြစ်လာနိုင်ပြီး သက်ရှိသက်မဲ့အားလုံးတို့၏ အပြောင်းအလဲဖြင့် အကောင်းများပင် တွဲလာနိုင်မည်ဖြစ်၏။ ထို့ကြောင့် သူတော်ကောင်းများက ကတိသစ္စာတည်လာပါက သက်မဲ့ဖြစ်သည့် နွယ်မြက်သစ်ပင် စသည်များပင် ဆေးဘက်ဝင်လာတတ်ကြောင်း ဆိုခြင်းဖြစ်၏။

မှန်၏။ ကတိသစ္စာသည် တည်တံ့လျှင် တည်တံ့နိုင်သည်နှင့်အမျှ အကျိုးသက်ရောက်မှု ကောင်းများကို ဖြစ်စေနိုင်ပေ၏။ မိမိ၏ ကတိသစ္စာ တည်တံ့မှုကို အကြောင်းပြု၍ မိမိလည်း အကောင်းများ စုနိုင်သကဲ့သို့ သူတပါးကိုလည်း ကောင်းမှုအစုများ ပြုပေးနိုင်ပေ၏။ သစ္စာစကားဖြင့် အပြစ်အနာအဆာများကိုပင် ပျောက်ပေးစေနိုင်၏။ ဗုဒ္ဓမြတ်စွာဘုရားရှင် ကိုယ်တော်တိုင်ပင် အမျိုးမျိုးသော သစ္စာစကားများကို တိုင်တည်မှုပြုကာ သတ္တဝါအများ၏ ဒုက္ခအပေါင်းကို ကယ်တင်ပေးဖူး၏။ သတ္တဝါအများ၏ ဘေးအန္တရာယ်များကို အရံအတားပြုကာ အကာအကွယ်ပြုပေးထားသည့် ဘုရားရှင်၏ ပရိတ်ဒေသနာများတွင် ထိုသို့သော သစ္စာပြုချက်များကို အများအပြား တွေ့ရမည်ဖြစ်၏။ ဗုဒ္ဓ၏ ပရိတ်ဒေသနာတော်များတွင် “ဧတေန သစ္စဝစ္စေန သောတ္ထိတေ ဟောတု သဗ္ဗဒါ” ဟူသော စကားများကို အများအပြား တွေ့ရမည်ဖြစ်၏။ ထိုစကား၏ အဓိပ္ပါယ်မှာ “ဤမှန်သော သစ္စာစကားကြောင့် သတ္တဝါများအား အခါခပ်သိမ်း ချမ်းသာခြင်းကို ဖြစ်ပါစေ”ဟူ၍ ဖြစ်၏။ ဤသည်မှာ မှန်ကန်သည့်သစ္စာ၊ တည်တံ့သည့် ကတိစကားများသည် သတ္တဝါများအား အားအသစ်ကိုဖြစ်စေပြီး ထိုအားများကပင် သတ္တဝါများ၏ အခက်အခဲများကို ဖြေရှင်းပေးနိုသည့် သဘောမျိုးဖြစ်၏။

အားဟုဆိုသော်လည်း စင်စစ်ထိုအားများသည် မည့်သည့်တန်ခိုးရှင်၊ ဖန်တီးရှင်ကမျှ ဖြည့်ပေးနိုင်သည့် အားများမဟုတ်ဘဲ မိမိတို့ကိုယ်တိုင်သာလျှင် ကတိတည်ခြင်း၊ သစ္စာရှိခြင်းဟူသည့် အကျင့်သိက္ခာ တရားများဖြင့်သာ ပြည့်စေရမည့်အားများ ဖြစ်ပါ၏။ ကတိများများတည်လျှင်၊ သစ္စာများများရှိလျှင် မိမိသန္တန်တွင် ထိုကတိသစ္စာ တရားများ၏ စွမ်းအားများသည်လည်း ပိုမိုတိုးပွားကာ လိုအပ်သည့် အကျိုးတရားများကို ပြီးမြောက်စေနိုင်မည် ဖြစ်သဖြင့် သက်ရှိသက်မဲ့ အရာအားလုံးတို့၏ တန်ပြန်သက်ရောက်မှု အကျိုးကောင်းများကို ရယူလိုသူများသည် ကတိသစ္စာတရားများကို အခိုင်မာဆုံးဖြစ်အောင်သာ ကြိုးစားကြရမည် ဖြစ်ပါ၏။

အမှန်အားဖြင့် ကတိသစ္စာတည်ခြင်းဟူသည် အခြားမဟုတ်၊ ကိုယ်ကျင့်သိက္ခာလုံနေခြင်းပင် ဖြစ်၏။ သီလလုံနေသူ တစ်ယောက်သည် စကားကိုအလွယ်ပြော၊ ကတိကို အလွယ်ပေးပြီး စောင့်ထိန်းရမည့် သစ္စာတရားကို ချိုးဖောက်သူ အဖြစ်မှလည်း ရှောင်ကြဉ်ပြီးသား ဖြစ်နေပေ၏။ သာမန်လူများ အနေဖြင့် နေ့စဉ်စောင့်ထိန်းရသည့် ငါးပါးသီလကိုသာ မကျိုးမပေါက်အောင် စောင့်ထိန်းထားနိုင်လျှင် ကတိလည်း တည်နေမည်ဖြစ်ပြီး သစ္စာလည်းရှိနေမည်သာ ဖြစ်၏။ ဥပမာအားဖြင့် လူပုဂ္ဂိုလ်တစ်ယောက်သည် မိမိ၏ အိမ်ထောင်သည် အပေါ်မှာ သစ္စာရှိခြင်း၊ သူတပါးအကျိုး ယုတ်စေမည့် မဟုတ်မမှန်သည့် စကားများကို ပြောဆိုခြင်းမှ ရှောင်ကြဉ်နေခြင်းသည် ငါးပါးသီလထဲမှ ကာမေသုမိစ္ဆာစာရနှင့် မုသာဝါဒ သိက္ခာပုဒ်များကို စောင့်ထိန်းနေခြင်း ဖြစ်သဖြင့် အပြန်အနေဖြင့် ထိုသီလများကို စောင့်ထိန်းနေသမျှ ကတိသစ္စာများလည်း တည်နေကြပြီးသား ဖြစ်ပါ၏။ ထိုသို့ အကျင့်သိက္ခာလုံသဖြင့် ကတိသစ္စာတည်နေသူများသည် လောကဓံ အလှည့်အပြောင်းများကြောင့် ဘဝအတက်အကျများနှင့် ကြုံနိုင်ငြားသော်လည်း အရေးကြီးသည့်အခါ မိမိတို့၏ သီလတရားကို သက်သေထားကာ သစ္စာပြုမည်ဆိုပါက ထိုသစ္စာတရား၏ အားများဖြင့် အခက်အခဲများကို ကျော်လွှားနိုင်မည်မှာ အမှန်ပင် ဖြစ်ပါ၏။ မိမိက အကျင့်သိက္ခာ မြင့်မားစွာဖြင့် ကတိသစ္စာ တည်ထားလျှင် မိမိသာလျှင်မဟုတ် မိမိနှင့် ပတ်သက်သူများကိုပင် သစ္စာစကားဖြင့် ဒုက္ခအစုကို ကျော်လွှားနိုင်မည်မှာ အသေအချာပင် ဖြစ်ပါ၏။

ဗုဒ္ဓဘာသာ မြန်မာအများ ရင်းနှီးပြီးသားဖြစ်သည့် အင်္ဂုလိမာလ ပရိတ်တော်ကို ကြည့်ပါက အင်္ဂုလိမာလ မထေရ်ကြီးသည် မိမိ၏ ကတိသစ္စာစကားဖြင့် မီးမဖွားနိုင်သည့် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား အလွယ်တကူ မီးဖွားနိုင်စေရန် သစ္စာပြုကာ ဘေးရန်ကာပေးနိုင်ခဲ့သည်ကို အထင်အရှား တွေ့ကြရမည်ဖြစ်၏။ အင်္ဂုလိမာလ ပရိတ်တော်၏ အဓိကအပိုင်းတွင် အင်္ဂုလိမာလ မထေရ်ကြီး သစ္စာပြုသည့် စကားတော်မှာ “နှမ ငါသည် မြတ်စွာဘုရားရှင်၏ သာဝက အရိယာ ဖြစ်တော်မူပြီးချိန်မှစ၍ သေစေလိုသော စေတနာဖြင့် သူတပါးအသက်ကို သတ်ဖြတ်ခြင်းကို ပြုလည်းမပြု၊ သိလည်းမသိတော့ပေ၊ ဤမှန်သော သစ္စာစကားကြောင့် မီးဖွားရန် အခက်အခဲဖြစ်နေသော ချစ်နှမအား ချမ်းသာမှုဖြစ်ပါစေ”ဟူ၍ ဖြစ်၏။ အင်္ဂုလိမာလ မထေရ်ကြီး၏ ထိုသစ္စာစကားမှာ မိမိကိုယ်တိုင် အကျင့်သီလပိုင်းကို အကောင်းဆုံးဖြစ်အောင် စောင့်ထိန်းပြီး ထိုအကျင့်သီလ ကောင်းကိုသက်သေပြု့ကာ အများတကာ ချမ်းသာရေး သစ္စာဆိုပေးထားသည့် စကားဖြစ်သဖြင့် ထိုအကျင့်သစ္စာ အစွမ်းအားများသည်လည်း လက်တွေ့တွင် သတ္တဝါများအား ချမ်းသာမှုကို ဖြစ်စေခဲ့ခြင်း ဖြစ်၏။ အရင်းစစ်သော် အကျင့်သိက္ခာကောင်းသည် သစ္စာအားအဖြစ် ကောင်းမြတ်သည့် သြဇာကို သက်ရောက်ပေးခြင်းပင် ဖြစ်၏။ ထို့ကြောင့် မိမိသူတပါး ချမ်းသာရေးအတွက် အကောင်းဆုံး သက်ရောက်မှုကို ပေးလိုသူများသည် ကိုယ်ကျင့်သီလကို လုံခြုံအောင်စောင့်ထိမ်းခြင်းဟူသည့် ကတိသစ္စာကို တည်တံ့အောင်သာ ကြိုးစားကြရန်လိုကြောင်း ဆိုခြင်းဖြစ်ပါ၏။

စင်စစ် ကတိသစ္စာတရားသည် အကျင့်သိက္ခာ အားကောင်းနေသမျှ အစွမ်းအာနိသင်များလည်း တိုးပွားနေမည်သာ ဖြစ်ပါ၏။ ထိုအချက်ကို ဘုရားလက်ထက်မှစ၍ ရှေးရှေးသူတော်ကောင်းများ၏ အဖြစ်အပျက်များကို ကြည့်ပါက လက်တွေ့အားဖြင့် သိနိုင်မည်သာ ဖြစ်၏။ အကျင့်သီလ အားကောင်းစွာဖြင့် ဆိုခဲ့ကြသည့် သစ္စာစကားများသည် သူတော်ကောင်းများ၊ နတ်ကောင်းနတ်မြတ်များ၏ အထံသို့ပင် ပြန့်နှံ့ကာ ထိုထိုသူတော်ကောင်းများ၊ နတ်ကောင်းနတ်မြတ်များ၏ စောင့်ရှောက်မှုဖြင့် သတ္တဝါများအား ချမ်းသာမှုကို ဖြစ်စေခဲ့ကြသည်မှာ အထင်အရှားပင် ဖြစ်ပါ၏။ ကတိသစ္စာတည်ခြင်းဟူသော အကျင့်သီလကောင်းသည် သက်ရှိသက်မဲ့များအပေါ်တွင် သက်ရောက်မှုဖြစ်ကာ ယုတ်စွာအဆုံး နွယ်မြက်သစ်ပင်များသည်ပင် အစွမ်းထက်သည်အထိ အကျိုးရှိစေခဲ့သည်မှာ အမှန်ပင် ဖြစ်ပါ၏။

သို့သော် သဒ္ဓါတရား၊ သီလတရား၊ ဝီရိယတရား၊ ပညာတရား၊ သတိတရားများ ယုတ်လျော့လာသည့် ယနေ့ခေတ်ကာလတွင်ကား လူအတော်များများသည် ကတိတရားများ ဖောက်ဖျက်နေကြသကဲ့သို့ သစ္စာတရားများလည်း ပျောက်ပျက်နေကြသဖြင့် ထိုကတိသစ္စာတရား၏ စွမ်းပကားများမှာ ထင်သလောက် အစွမ်းမရောက်ဘဲ ဖြစ်နေကြသည်ကို တွေ့နေရ၏။ လူအတော်များများသည် ကတိကို အလွယ်ပေးကာ အလွယ်ဖျက်နေတတ်ကြသကဲ့သို့ စောင့်ထိန်းရမည့် သစ္စာတရားများကိုလည်း မစောင့်ထိန်းဘဲ အလွယ်တကူပင် ဖောက်ဖျက်နေတတ်ကြ၏။ တဒင်္ဂအခိုက်အတန့် အရေးကိုသာ ဦးစားပေးနေပြီး ထိုအခိုက်အတန့် အဆင်ပြေရေးအတွက်ဆိုလျှင် လိမ်ပြောရမှာလည်း ဝန်မလေး၊ မသိမသာတစ်မျိုး၊ သိသိသာသာတစ်ဖုံ ခိုးဝှက်ရမည်ကိုလည်း မကြောက်လန့်၊ အိမ်ထောင်ရှိနေသူရော၊ မရှိသူများပါမကျန် အိမ်ထောင်ရေး ဖောက်ပြန်ကာ သစ္စာဖျက်ရမည်ကိုလည်း အလေးမထား၊ သောက်သောက်စားစား လုပ်ရမှာလည်း ပေါ့ပေါ့ပါးပါးပင် ဖြစ်နေတတ်ကြ၏။ ထိုသို့အကျင့်တရားကို အခြေခံထားသည့် ကတိသစ္စာတရားများ မတည်ဘဲ သွားနေကြသဖြင့် သတ္တဝါများအား ဒုက္ခတရားများ ဖြစ်ပေါ်လာသည့်အခါတွင်လည်း သစ္စာတရား၏ အစွမ်းအာနိသင် အကျိုးသက်ရောက်မှုမှာလည်း ထင်သလောက် အစွမ်းမထက်ဘဲ ဖြစ်နေကြခြင်း ဖြစ်၏။

အရင်းစစ်သော် သစ္စာတရားက အစွမ်းမထက်ခြင်းမဟုတ်၊ မိမိတို့၏ အကျင့်တရားများက အစွမ်းထက်အောင် မထောက်ပံ့နိုင်ခြင်းသာ ဖြစ်၏။ အကယ်၍သာ အကျင့်တရားကို ကောင်းအောင်နေထိုင်ကြမည်ဆိုလျှင် အကျင့်ကောင်းသဖြင့် ကတိလည်းကောင်းမည်ဖြစ်ပြီး သစ္စာလည်းကောင်းနေမည်ဖြစ်ကာ ကတိသစ္စာ ကောင်းလာလျှင် ထိုအကောင်းများ၏ အကျိုးသက်ရောက်မှုသည်လည်း သြဇာကောင်းများအဖြစ် အပြောင်းအလဲဖြစ်ကာ သက်ရှိသက်မဲ့များအထိ သက်ရောက်မှုဖြစ်စေလျက် အကျိုးကောင်းများကို ဖြစ်လာစေမည်မှာ မလွဲဧကန်ပင် ဖြစ်ပါ၏။

ဆိုလိုသည်မှာ ယနေ့ခေတ်တွင် လူအတော်များများသည် ကိုယ်ကျင့်သိက္ခာအပိုင်းတွင် တဖြည်းဖြည်း ဆုတ်ယုတ်လာနေသည်နှင့်အမျှ ကတိမတည်ခြင်း၊ သစ္စာမရှိခြင်းများသည်လည်း ပိုမိုများပြားလာကာ ထိုကတိသစ္စာ ဖောက်ဖျက်မှုများကို အကြောင်းပြု၍ သက်ရှိသက်မဲ့များ၏ အစွမ်းသတ္တိများသည်လည်း တဖြည်းဖြည်း ဆုတ်ယုတ်လာနေကြခြင်း ဖြစ်သဖြင့် ထိုအချက်ကို သတိပြုဆင်ခြင်ကာ လောကသားများ အနေဖြင့် မိမိတို့၏ သန္တာန်တွင် ကတိသစ္စာတည်တံ့စေလျက် သက်ရှိသက်မဲ့များအထိ သြဇာသက်ရောက်မှု ဖြစ်စေကာ အကျိုးသက်ရောက်မှုကောင်းများ ရရှိနိုင်ကြစေရန် မိမိတို့၏ အကျင့်သိက္ခာကိုသာ ကောင်းမွန်အောင် စောင့်ထိန်းကြရမှာဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် လောကဘုံသား လူအများအနေဖြင့် အပျက်တရားများ များများလာသည့် ယနေ့ခေတ်တွင် မည်သူ တရားပျက်ပျက် မိမိတို့မပျက်အောင်၊ မည်သူ ကတိသစ္စာပျက်ပျက် မိမိတို့မပျက်အောင် ကတိသစ္စာတည်တံ့ခြင်း၏ အခြေခံအကြောင်းဖြစ်သည့် အကျင့်သိက္ခာပိုင်းကိုသာ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေထိုင်ရင်း မိမိတို့ကိုယ်တိုင်သာ သဒ္ဓါ၊ သီလ၊ သတိ၊ ပညာ၊ ဝိရီယတရားများဖြင့် မိမိတို့၏အစွမ်းကို ထုတ်နိုင်အောင် လေ့ကျင့်ကြဖို့ သတိပေးတိုက်တွန်းလိုက်ရပါသည်။

Ashin Vicitta

Tuesday, September 6, 2011

Why Not Me!!

ရင့်ကျက်သောစိတ် (တတိယပိုင်း)


ပြဌာန်းခံဝါဒ( Determinism) ဆိုတဲ့ အယူအဆတရပ် ရှိပါတယ်။ လူတွေဟာ ပတ်ဝန်းကျင် အကြောင်းတရားရဲ့ စီရင်ပြဌာန်းမှုကို ခံနေရသူများ ဖြစ်တယ်လို့ သည်အယူအဆက ခံယူထားပါတယ်။

ဆိုးသွမ်းလူငယ်ဆိုတာ အိမ်ထောင်ပျက် မိသားစုက ဖန်တီးလိုက်တာ ဖြစ်တယ်၊ ရာဇ၀တ်သားဆိုတာ ပတ်ဝန်းကျင်မကောင်းလို့ ပေါ်ပေါက် လာရတာ ဖြစ်တယ်၊ စသည်ဖြင့် ဖြစ်ပေါ်လာတဲ့အရာ မှန်သမျှအတွက် ပတ်ဝန်းကျင်ကို လက်ညှိုးထိုးတဲ့ ၀ါဒ ဖြစ်ပါတယ်။

သည်အယူအဆကို မျက်စိပိတ်လက်ခံလိုက်ရင် နောက်ဆုံးတော့ လူဟာ လည်စင်းခံရတဲ့ ယာဇ်ကောင်လို ဘ၀မျိုးကို ရောက်ရတော့တာပါပဲ။ ကျေးပိုင်ကျွန်ပိုင် ပဒေသရာဇ်စနစ်တို့ အာဏာရှင်စနစ်တို့ရဲ့ အခြေခံအုတ်မြစ်ဟာ ပြဌာန်းခံဝါဒပဲ ဖြစ်ပါတယ်။

ပြဌာန်းခံဝါဒရဲ့ လွှမ်းမိုးမှုအောက်က လွတ်မြောက်ဖို့ အတွက် ကိုယ့်ရဲ့ အမြင်ကို ပြောင်းလဲ ပစ်ရပါမယ်။ လူဟာ ပတ်ဝန်းကျင်ပြုသမျှ နုရမယ့်သူမျိုး မဟုတ်၊ ကိုယ့်ဘ၀ကို ကိုယ်လိုသလို ပြုပြင်ဖန်တီးနိုင်သူသာ ဖြစ်တယ်၊ ကိုယ့်ကိုယ်ကိုယ် ပိုင်စိုးနိုင်တဲ့သူ ဖြစ်တယ်၊ စသဖြင့် ကိုယ့်ရဲ့ အမြင်ကို ပြောင်းလဲဖို့ လိုပါတယ်။

သည်အမြင်က ဗုဒ္ဓဘာသာဝင်တွေ ကိုင်စွဲရမယ့် အမြင်လည်း ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့ အဆုံးပန်းတိုင်ဟာ လွတ်မြောက်မှု ဖြစ်ပါတယ်။ လွတ်မြောက်တဲ့ လူသား တယောက် အဖြစ် ရှင်သန်နိုင်ရေး ဖြစ်ပါတယ်။ လွတ်မြောက်မှုဆိုတာက ကိုယ်ကိုယ်ကိုယ် ပိုင်စိုးခြင်း ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပိုင်စိုးခြင်း၊ အမှီအခို ကင်းရှင်းခြင်း၊ အစွဲအလန်းအနှောင်အဖွဲ့မှ ကင်းလွတ်ခြင်း၊ လွတ်မြောက်ခြင်း စတဲ့ ဂုဏ်ရည်တွေဟာ ဖြစ်တည်မှုတခုတည်းရဲ့ အနှစ်သာရများ ဖြစ်ပါတယ်။ သည်ဂုဏ်ရည်အနှစ်သာရများဟာ ပြဌာန်းခံဝါဒကို ဆန့်ကျင်တဲ့ အမြင်မှာ မြစ်ဖျားခံပါတယ်။

ပြဌာန်းခံဝါဒရဲ့အောက်မှာ နှစ်ပေါင်းများစွာ ရပ်တည်နေရတဲ့ လူသားမျိုးနွယ်တွေ အနေနဲ့  ကိုယ့်ကိုယ်ကိုယ် ပိုင်စိုးခြင်းဆိုတာ ဘယ်လိုမှ စိတ်ကူးလို့ မရတဲ့ အခြေအနေတရပ် ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာ ကျေးကျွန်စနစ်ကို ဖျက်သိမ်းတဲ့အခါတုန်းက တချို့ ကျေးကျွန်တွေဟာ ၀မ်းပမ်းတနည်း ကြေကွဲခဲ့ကြတယ်လို့  ဆိုပါတယ်။ သူတို့ ဟာ အရှင်သခင်နဲ့  ကင်းလွတ်ပြီး မနေချင်ကြပါဘူး။ ဒါကြောင့် ကျေးကျွန်အဖြစ်က မလွတ်မြောက်ချင်ကြပါဘူး။ ကိုယ့်ကိုယ်ကိုယ် ပိုင်စိုးတဲ့ ဘ၀ကို မလိုချင်ကြပါဘူး။ လွတ်မြောက်တဲ့ဘ၀မှာ အရှင်သခင် မရှိဘဲ ကိုယ့်တာဝန် ကိုယ်ယူရမယ့် အခြေအနေကို ရင်မဆိုင်လိုကြပါဘူး။

"လွတ်လပ်ခြင်း ဆို တာ ကိုယ့်ကိုယ်ကိုယ်တာဝန်ယူခြင်းနဲ့  အတူတူ ဖြစ်တယ်။ ဒါကြောင့် လူတွေက လွတ်လပ်မှု ကို ကြောက်ကြတယ်"  လို့  စာရေးဆရာကြီး ဘားနတ်ရှောက ပြောဖူးပါတယ်။

ကိုယ့်ကိုယ်ကိုယ်တာဝန်ယူရမှာ ကြောက်တဲ့အတွက် ပြဌာန်းခံဝါဒကို ထွေးပိုက်ရင်း ကျေးကျွန် ဘ၀မှာ နစ်မွန်းနေတတ်တဲ့အကြောင်းကို စိတ်ပညာရှင် အဲရစ်ဖရွမ်း (Eric Fromm) က လွတ်လပ်မှုမှ ထွက်ပြေးခြင်း(Escape from Freedom) " လို့ အမည်ပေးထားတဲ့ စာအုပ်မှာ အကျယ်တ၀န်း ရေးသားတင်ပြထားပါတယ်။

ကျေးပိုင်ကျွန်ပိုင် ပဒေသရာဇ် စနစ်မှ နာဇီဝါဒအထိ လူလူချင်း အနိုင်ကျင့်နှိပ်စက်တာတွေ၊ ညှဉ်းပမ်းသတ်ဖြတ်တာတွေဟာ ပြဌာန်းခံဝါဒ မှာ မြစ်ဖျားခံတယ်လို့  သူက ဆိုပါတယ်။ ပြင်သစ်တွေးခေါ်ရှင် ယွန်းပေါဆတ် ကတော့ ကိုယ့်ကိုယ်ကိုယ် တာဝန်မယူရဲသူတွေကို မရိုးသားသူတွေလို့ ကင်ပွန်းတပ်ပါတယ်။

လူ့ ဘောင်လောကကြီး ရင့်ကျက်လာတာနဲ့ အမျှ လူသားတွေဟာလည်း ကျေးတော်မျိုး ကျွန်တော်မျိုး အဆင့်ကနေ လွတ်လပ်တဲ့လူသားများ အဆင့်ကို တက်လှမ်းလာနေပြီ ဖြစ်ပါတယ်။ လူတဦးချင်းရဲ့ ဘ၀ဖြစ်စဉ်ဟာလည်း အလားတူ ဖြစ်ရပါမယ်။ မွေးဖွားကာစ အရွယ်မှာ ပြဌာန်းခံတွေ ဖြစ်ခဲ့ရပေမယ့် ကြီးပြင်းလာတာနဲအမျှ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး နိုင်တဲ့ လွတ်လပ်လူသားများ ဖြစ်လာရပါမယ်။

ရင့်ကျက်သူဆိုတာ ကိုယ့်တာဝန် ကိုယ်ယူတတ်သူဖြစ်တယ်လို့  ရင့်ကျက်သောစိတ် အကြောင်း ရေးသားတဲ့ ဆရာကြီး အိုဗာစထရိက ဆိုပါတယ်။ လူသားဟာ ဘယ်လို တာဝန်မှ မရှိဘဲ မွေးဖွားခဲ့တာ ဖြစ်ပြီး လူ့ လောကကြီး အတွင်း ၀င်ရောက်လာရဖို့  သူ့ဖာသာသူ ရွေးချယ်ခဲ့တာ မဟုတ်ပေမယ့် အရွယ်ရောက်လာတာနဲ့ အမျှ တာဝန်တွေကို တိုးတိုးပြီး ယူလာ ရမှာဖြစ်တယ်လို့  ဆိုပါတယ်။

အရွယ်ရောက်နေပြီဖြစ်တဲ့ လူတယောက်က သူလူဖြစ် လာရတာဟာ သူ့တောင်းဆိုချက်ကြောင့် ဖြစ်လာရတာ မဟုတ်တဲ့အတွက်ကြောင့် သူ့ဘ၀အတွက် ဘာမှ တာဝန်မယူနိုင်ပါဘူးလို့  ဆင်ခြေပေးနေရင်တော့ အဲသည်သူကို မရင့်ကျက် သူလို့  သတ်မှတ်ရမှာ ဖြစ်တဲ့အကြောင်း ဆရာကြီး အိုဗာစထရိက ပြောပါတယ်။ တာဝန် ကွင်းဆက်ကို ခိုင်မာစေဖို့ အတွက် ဖြည့်ဆည်းရမယ့် အချက်သုံးချက် ရှိတယ်လို့ သူက ဆိုပါတယ်။

- ပထမအချက်မှာ မိမိဧ၊၊် လူသားကဏ္ဍကို လက်ခံရန်ဖြစ်သည်။ လူဖြစ်ဖို့  မတောင်းဆိုရပါဘဲလျက် လူဖြစ်လာရပါသည် ဟူသော သိမ်ဖျင်းသည့် ဆင်ခြေမျိုးကို ပေးလျှင် အလားတူ ဆင်ခြေမျိုးကို တခြားသူအားလုံးကလည်း ပေးနိုင်သည် ဆိုသောအချက်ကို သူ မေ့ပြီး ပြောနေခြင်းသာ ဖြစ်သည်။ သူ့ဘ၀အတွက် တာဝန်ကို တခြားသူတွေက ယူရမည်ဆိုလျှင် သူ့ကို မွေးထုတ်ခဲ့သူတို့ကလည်း အလားတူဆင်ခြေမျိုးပေးပြီး တာဝန်ကို ရှောင်လွှဲနိုင်ပါသည်။
စင်စစ် လူ့ လောကအတွက် ကြီးမားသောတာဝန်များကို ထမ်းဆောင်နေကြသူတို့ သည်လည်း လူအဖြစ် ရရောက်ရေးကို တောင်းဆိုခဲ့ကြသူများ မဟုတ်ပါ။ ရင့်ကျက်မှုအတွက် တဖြည်းဖြည်း တိုးမြှင့်လက်ခံရမယ့် အချက်တချက်မှာ လူသားတယောက်ဧ။် အတွေ့အကြုံကို လူသား အားလုံးက မျှဝေခံစားရသည် ဟူသော အချက် ဖြစ်သည်။ တိုးတက်မှုကို ဖြစ်စေ ဆုတ်ယုတ်မှုကို ဖြစ်စေ လူသားအားလုံးက မျှဝေခံစားရသည်ဟူသောအချက်ကို မြင်ရန်လိုသည်။ လူသားတယောက်က လူသားမျိုးနွယ်စုကြီးနှင့် မဆက်စပ်ဘဲ ကိုယ့်ကိုယ်ကိုယ် သီးခြားလို မြင်နေလျှင် ရင့်ကျက်မှု မရှိသူသာ ဖြစ်ပေသည်။
- ဒုတိယအချက်မှာ ကိုယ်လုပ်ရမည့်အလုပ်ကို သိရှိရန် ဖြစ်သည်။ ကိုယ်တာဝန်ယူထား ရသည့်အလုပ်ကို မသိသေးသရွေ့ ၊ တာဝန်ယူထားရသည့်အလုပ်ကို စိတ်ပါလက်ပါ မထမ်း ဆောင်သေးသရွေ့ ၊ ယင်းအလုပ်ကို လေးလေးနက်နက် တန်ဖိုးမထားသေးသရွေ့  ထိုသူသည် ရင့်ကျက်မှု မရှိသေးသူသာ ဖြစ်သည်။
ဥပမာ ပြရလျှင် အမျိုးသားတယောက်သည် အိမ်ထောင်ပြုပြီးသည့်နောက်တွင် မိန်းမဖြစ်သူဧ။် အပြုအစု ကိုသာ ခံယူလိုပြီး မိသားစု စားဝတ်နေရေးအတွက် ငွေကြေးရှာဖွေရခြင်းကို ခိုင်းနွား တကောင်ဧ။် အလုပ် အဖြစ်သာ မြင်နေလျှင် ရင့်ကျက်မှု မရှိသူသာ ဖြစ်သည်။
အမျိုးသမီးတယောက် သည်လည်း အိမ်ထောင်ရေးဧ။် အကျိုးကျေးဇူးကို ခံစားနေပါလျက် အိမ်မှုကိစ္စကိုမလုပ်ချင်၊ သားသမီးကို ကျွေးမွေးစောင့်ရှောက်မှု မလုပ်လိုလျှင် မရင့်ကျက်သူသာ ဖြစ်သည်။ ဆိုလိုသည်မှာ အလုပ်ထံမှရသည့် အကျိုးကျေးဇူးနှင့် ဂုဏ်သိက္ခာကို ခံစားလိုသော်လည်း အလုပ်ကို အပင်ပန်းခံပြီး မလုပ်လိုသူသည် မရင့်ကျက်သူသာ ဖြစ်သည်။
- တတိယအချက်မှာ ကိုယ်လုပ်သည့်အလုပ်ကို စနစ်တကျလုပ်တတ်အောင် လေ့ကျင့်ဖို့ ဖြစ်သည်။ ကလေးသည် မည်သည့်အလုပ်ကိုမှ စနစ်တကျ မလုပ်တတ်။ အကြောင်း နှင့် အကျိုး ဆက်စပ်နေပုံကို မတွက်ချက်တတ်သေးသည့်အတွက် ဘာလုပ်လျှင် ဘာဖြစ်မည်ကို မသိ။ ထိုကြောင့် ရည်ရွယ်ချက်တခုဖြင့် စီမံကိန်းချပြီး လုပ်နိုင်စွမ်း မရှိသေး။ " လေပွေရူးနှယ် ကလေးငယ်" ဆိုသော စကားကဲ့သို့ ပင် ကလေးငယ်တယောက်ဧ။် စိတ်သည် ဟိုရောက် သည်ရောက် ဖြစ်နေတတ်သည်။ အချို့ သူများသည်လည်း အသက်ကြီးပါလျက် စနစ်တကျ လုပ်ကိုင်တတ်ခြင်း၊ တွေးခေါ်စဉ်းစားတတ်ခြင်း မရှိဘဲ ကလေးငယ်ကဲ့သို့  ဖြစ်နေတတ်သည်။ ထိုသူများကား မရင့်ကျက်သေးသည့် ကလေးကြီးများ ဖြစ်ပေသည်။
- ကလေးကြီးတချို့ကား အာရုံထွေပြားလှသည်။ သူတို့ စိတ်သည် ဘာကိုမှ စူးစိုက်နိုင်ခြင်း မရှိ။ သစ်ကိုင်းတကိုင်းမှ နောက်တကိုင်းသို့  မပြတ်တမ်းကူးနေသော မျောက် တကောင် ကဲ့သို့  သူတို့ စိတ်က အစဉ်ပြောင်းလဲနေသည်။ စကားပြောလျှင်လည်း ဦးတည်ချက် တခုကို အဓိကထားပြီး မပြောတတ်။ ဟိုရောက်လိုက် သည်ရောက်လိုက် ဦးတည်ချက်တွေ များလွန်းနေရာ နောက်ဆုံးတော့ ဘယ်ကိုမှ မရောက်တော့။ သူတို့ အတွက် ဘ၀သည် ဆုပ်ကိုင် မရနိုင်သော အရာ ဖြစ်နေသည်။ ဘ၀ကို ပိုင်စိုးနိုင်ဖို့  ပျာယာခတ် ကြိုးပမ်းသော်လည်း သမာဓိမရှိသည့် ထိုကလေးကြီးများအတွက် ဘ၀ဟူသည် ဖမ်းမရ နိုင်သော ငါးရှဉ့် တကောင် ဖြစ်နေသည်။
- ကလေးကြီးတချို့ ကတော့ အာရုံမထွေပြားစေကာမူ အလုပ်ကို သေသေသပ်သပ် မလုပ်တတ်ဘဲ ပလုံးပထွေး ဖြစ်နေသည်။ ထို့ ကြောင့် ရည်ရွယ်ချက်ကောင်းပြီး ဇွဲလုံ့လ ရှိသော်လည်း ကြောင်းကျိုးဆင်ခြင်ဥာဏ် ခေါင်းပါးလေရာ လုပ်သမျှကိုင်သမျှသည် အမှားအယွင်း အချွတ်အချော်နှင့်သာ ပြည့်နေတော့သည်။
ကလေးကြီးတချို့ကတော့ ကိုယ့်အမှားကို တာဝန်မယူဘဲ ဆင်ခြေပေးပြီး ကိုယ့်ကိုယ်ကိုယ် ကင်းလွတ်ခွင့် ပေးနေတတ်သည်။ အချိန်နောက်ကျခြင်းကို ခွင့်လွှတ်ရန်အတွက် သူတို့တွင် နောက်ကျသော နာရီတလုံး အမြဲ ရှိနေသည်။ သို့မဟုတ် ယာဉ်ကြောပိတ်ဆို့မှုနှင့် အမြဲ တိုးနေတတ်သည်။ သို့မဟုတ် အိမ်မှထွက်ကာနီးတွင် စကားကြောရှည်သော မိတ်ဆွေ တယောက်နှင့် အမြဲ တွေ့နေတတ်သည်။ သို့မဟုတ်လျှင်လည်း ကိုယ့်ကိုယ်ကိုယ် ထူးခြားသော လူတယောက်ကဲ့သို့ ခံယူနေတတ်သည်။ ပါရမီရှင်ဆိုသည်မှာ အချိန်ကို ဂရုမစိုက်တတ်သူ ဖြစ်သည်ဟူသော အယူအဆမျိုးဖြင့် ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နေချင်သည်။
အထက်က ဖော်ပြချက်များဟာ ဆရာကြီး အိုဗာစထရိရဲ့ ယူဆချက်များဖြစ်ပါတယ်။ ရင့်ကျက်တဲ့ လူတယောက်ဟာ တာဝန်သိရမယ် ဆိုတဲ့ အချက်ကို မီးမောင်းထိုးပြထားတာတွေပါ။ ကလေးငယ်ဘ၀မှာ တာဝန်ဆိုတာကို မသိနားမလည်ပေမယ့် ရင့်ကျက်တဲ့သူ ဆိုတာကတော့ ကိုယ့်တကိုယ်တည်းအတွက် တာဝန်ကိုသာမက လူ့လောကအတွက်ပါ တာဝန်ယူတတ်သူ ဖြစ်ရမယ်လို့  ဆိုထားပါတယ်။

ဒါပေမယ့် တာဝန်ယူတတ်သူအဖြစ်ကို အလိုအလျောက် ရောက်မှာ မဟုတ်ဘူး၊ ရောက်ရှိဖို့အတွက် ကြိုးပမ်းအားထုတ်ရမယ်၊ သည်လို ကြိုးပမ်းအားထုတ်နိုင်ဖို့ အတွက် ကိုယ့်မှာ ရှိတဲ့ အကျင့်စွဲတွေ အသိစွဲတွေကို ဖြတ်ကျော်ဖို့  လိုတဲ့အကြောင်း သည်လို ဆက်ပြောပါတယ်။

တာဝန်မသိမှုမှ တာဝန်သိမှုဆီသို့ လျှောက်လှမ်းရသောဘ၀သည် ဘေးအန္တရာယ်တို့နှင့် ပြည့်နေသည်။ ကလေးငယ်ဘ၀တွင် လုံခြုံရေးပြဿနာကိုလည်းကောင်း၊ အရေးပါ အရာရောက်အောင် လုပ်ရသည့် ပြဿနာကိုလည်းကောင်း ရင်ဆိုင်ရသည်။ သို့သော် မိမိ လိုချင်သည့်အရာကို ရအောင် ကြိုးပမ်းရန်အတွက် စွမ်းရည် စွမ်းအား လုံလုံလောက်လောက် မရှိသေးသဖြင့် တစုံတယောက်ကို အားကိုးမှီခိုနေရသည်။ ယင်းသို့  မှီခို နေရစဉ်အတွင်း "အောင်မြင်စွာ မှီခိုတတ်သော အကျင့်" ကို ခိုင်မာအောင် လုပ်မိလာတတ်သည်။ ထိုသို့ လုပ်မိလျှင် တာဝန်ယူတတ်သည့်စိတ်သည် မဖွံ့ဖြိုးလာတော့။ ယင်းမှာ ပထမ အန္တရာယ်ဖြစ်သည်။

ဒုတိယအန္တရာယ်မှာ သူတပါးကို မှီခိုရင်း သိမ်ငယ်စိတ် ၀င်သွားတတ်သည့်အချက် ဖြစ်သည်။ မှီခိုခြင်းကင်းပြီး လွတ်လပ်သည့်ဘ၀သို့  ဦးတည်သည့် စိတ်ဆန္ဒနေရာတွင် အညံ့ခံ အရှုံးပေးတတ်သည့် ကျွန်စိတ်က အစားထိုးဝင်ရောက်လာခြင်း ဖြစ်သည်။ သို့မဟုတ်လျှင်လည်း ခံပြင်းစိတ်ကြောင့် ဘယ်အရာကိုမဆို မှုန်ဆန်ပုန်ကန်တတ်သည့် စိတ် ၀င်လာတတ်သည်။

အရွယ်ရောက်သူတွေရဲ့ တာဝန်မဲ့အပြုအမူများရဲ့ နောက်ကွယ်မှာ မမြင်ရတဲ့ အကြောင်းတရားတွေ ရှိနေတယ်လို့  ဆရာကြီး အိုဗာစထရိက ယူဆပါတယ်။ ကလေးငယ်ဘ၀မှာ တင်းကျပ်တဲ့ စည်းကမ်းတွေနဲ့  ထိန်းချုပ်ခံခဲ့ရတာမျိုး၊ မှီခိုအားထားတတ်တဲ့ အကျင့်နဲ့ နေထိုင်ရင်း ကယ်တင်ရှင်ကိုပဲ မျှော်လင့်နေတတ်တာမျိုး ၊ သည်လို အကျင့်မှား အသိမှားတွေက မသိစိတ်ထဲမှာ ကိန်းအောင်းသွားတာကြောင့် တာဝန်မယူတတ်တော့တာလို့ သူက ကောက်ချက်ချပါတယ်။

ဘာပဲဖြစ်ဖြစ် လူဟာ အမှီအခိုကင်းတဲ့ ဘ၀ကို ရောက်ဖို့  ကိုယ့်ဖာသာ ကြိုးပမ်းအားထုတ်ရမှာပဲလို့  ဆရာကြီးက ဆိုပါတယ်။ ကိုယ့်အားကိုယ်ကိုးတတ်တဲ့စိတ်၊ တာဝန်ယူတတ်တဲ့ စိတ်တွေဟာ အလိုအလျောက် မဖြစ်လာတတ်ဘူး၊ ကိုယ့်ဖာသာ လေ့ကျင့်အားထုတ်ရလိမ့်မယ်၊ လူသားဟာ ရင့်ကျက်သူအဖြစ်ကို ရရောက်ဖို့  တာဝန်ယူခြင်း ကွင်းဆက်ကို ခိုင်မာအောင် လုပ်ရမယ်၊ တာဝန်ယူခြင်းကွင်းဆက် ချို့တဲ့အားနည်းရင် အချောင်သမား အဖြစ်ပဲ ရပ်တည်နေရလိမ့်မယ်လို့  သူက သတိပေးထားပါတယ်။     ။

ကျမ်းညွှန်း- Criteria of Maturity by Harry A. Overstreet
မောင်သာမည
(ရင့်ကျက်မှုအတွက် ကွင်းဆက်များ ၂၀၀၃ စာအုပ် တွင် ပါဝင်ခဲ့သော ဆောင်းပါး ဖြစ်ပါသည်။)

Tuesday, 06 September 2011 00:58

http://www.maukkha.org/index.php?option=com_content&view=article&id=1786:2011-09-06-01-08-23&catid=86:feature&Itemid=266

Friday, September 2, 2011

Some Favorite Quotations!!


*** Success is based on Right Decision! Right Decision is based on Experiences! Experiences are based on Wrong Decisions!


*** ပြုသူအသစ်၊ ဖြစ်သူအဟောင်း။ 


*** As long as you have attachments, you will have to face a lot of sufferings when you come cross the loss of something in your life. 


*** သေသူကမွေး၊ သေသွေးပါလာ၊
သေမှာမလွဲ၊ သေမြဲသေချာ၊
ငါလည်းပဲ၊ တစ်နေ့သေရမှာ။ 
('Cause of the fact that was born from the person who can die, got dead blood since born;
It will never deniable to die, and the death is so sure;
I'm also..., have to die one day!)


*** မုသားကို ရေလိုသုံးနေသူအတွက် မလုပ်ရဲတဲ့ မကောင်းမှုဆိုတာ မရှိ။
(For the one who uses lies so easily like using water, there's not a bad thing that he doesn't dare to commit!)


*** ကျွန်မတို့ဟာ ကျွန်မတို့ဖန်တီးတဲ့ ကိုယ်ပိုင်ကမ္ဘာထဲမှာ ကျွန်မတို့ နေထိုင်ခွင့် ရကြတာပါ။  အကယ်၍ တစ်စုံတစ်ဦးဟာ ရှုပ်ရှုပ်ထွေးထွေးတွေဖန်တီးရင် ရှုပ်ထွေးတဲ့သူ့ကမ္ဘာမှာ နေထိုင်ရမှာ ဖြစ်ပါတယ်။ ရှင်းရှင်းလင်းလင်း ဖန်တီးရင်တော့ ရှင်းလင်းတဲ့ကမ္ဘာမှာ နေထိုင်ခွင့်ရမှာဖြစ်ပါတယ်။
(We are able to live in our own world of our creation! If someone creates his world so messy, he will have to live in his messy world. If someone creates his world so neat and tidy without mess, he will be living in the world of purity!)


*** မိမိအတွက်လဲ အဆင်ပြေအောင်၊ သူတစ်ပါးအတွက်လည်း အဆင်ပြေအောင်၊ ရက်ရက်စက်စက် ရိုးသားလိုက်စမ်းပါ။ ဒီလိုရိုးသားမှုကို သူတော်ကောင်းတွေက နှစ်သက်ပါတယ်။
(In order to be ok for the own sake, and also in order to be convenient for others, please be honest absolutely!! Good people admire this honesty!)


*** ဘ၀မှာ ရိုးရိုးသားသားလေး နေခြင်းဟာ တည်ငြိမ်အေးချမ်းလုံခြုံတဲ့ ရသကို ပေးစွမ်းနိုင်တယ်။
(Living a life with honesty can give us a favor of calm and peaceful taste of life!)


*** ကတိသစ္စာ တည်သောခါဝယ်၊ သြဇာလေးနက် ပေါ်စီတက်သို့၊ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏။ 
(When promises are set and believable in this world, even grass can become a medicine due to good words/manners/behaviors.)


*** သစ်ပင်ကြီးသည် ခုတ်လှဲသူကို မလှဲမချင်း အရိပ်ဖြင့် အေးစေ၏။ နံ့သာတုံးသည် မီးရှို့သူကို မကျွမ်းမချင်း အနံ့ဖြင့် မွှေးစေ၏။ သူတော်ကောင်းသည် ညည်းဆဲသူကိုသော်လည်း မသေမချင်း အကျိုးဆောင်၏။
(A big tree can give coolness by shadow to the person who cuts down the tree until the big tree falls down to the ground. A tree bark with good smell can give the good smell to the person who burns the tree bark until the whole tree bark is burned down. A good person always helps to the person who always gives trouble until he dies!)


*** ခွင့်လွှတ်တယ်ဆိုတာ အနိုင်ယူလိုက်တာလည်း မဟုတ်ဘူး။ အရှုံးပေးလိုက်တာလည်း မဟုတ်ဘူး။ အထက်စီးကနေတာလည်း မဟုတ်ဘူး။ အောက်ကျို့တာလည်း မဟုတ်ဘူး။ ခွင့်လွှတ်လိုက်တာဟာ ကိုယ့်ကိုယ်ကို လွတ်လပ်မှု ပေးလိုက်တာပဲ။ ကိုယ့်စိတ်ကို ငြိမ်းချမ်းခွင့် ပေးလိုက်တာပဲ။ ခွင့်လွှတ်တယ်ဆိုတာ ဘေးလူမြင်ကောင်း ကြားကောင်းအောင် လုပ်တဲ့အလုပ် မဟုတ်ဘူး။ ကိုယ့်စိတ်ထဲမှ တကယ်လွတ်လပ်မှုရသွားအောင် တကယ်ငြိမ်းချမ်းသွားအောင် လုပ်တဲ့အလုပ်ဖြစ်တယ်။ 
(Forgiveness is neither winning nor losing; neither discriminating nor begging. Forgiveness is something that gives ourselves a freedom; something that gives our mind peaceful. Forgiveness is not something that has to be done due to others' good perspectives upon us, but it's a great job that lets our mind be free and peaceful!!)


*** တရားစကား နေ့တိုင်းကြားက စိတ်ထားဖွေးလက် ဥာဏ်ရည်ထက်၏။ 
(Listening dhamma words everyday makes our attitudes be pure and our intelligence be sharp!)


*** မိမိကိုယ်ကို ယဉ်ကျေးအောင် ဆုံးမရခြင်းသည် ခဲယဉ်းလှပေစွ။
(It's so difficult to teach ourselves to be polite/good!)


*** အတ္တာ ဟိ အတ္တနော နာထော... မိမိသည်သာ မိမိ၏ ကိုးကွယ်ရာ ဖြစ်သည်။  ။
(One cannot depend on others, except self!)


Thursday, September 1, 2011

စိတ်ဓါတ်ကျခြင်း (Depression)


ရောဂါလက္ခဏာများ

၁။ အမြဲ ၀မ်းနည်းတတ်နေခြင်း၊ ရင်ထဲမှာ ဘာမှမရှိသလို ဗလာနတ္ထိဖြစ်နေတတ်ခြင်း၊ဘ၀တွင် ဘာမှ မရှိတော.ဟု ခံစားရခြင်း။ အရာရာကို အဆိုးမြင်နေတတ်ခြင်း။
၂။ ယခင်က အားတတ်သရော လုပ်ဆောင်ခဲ.သော လုပ်ငန်းဆောင်တာများအပေါ် စိတ်ဝင်စားမှူ နည်းပါးလာခြင်း။
၃။ အစားစားချင်စိတ်မရှိခြင်း။ ( သို.မဟုတ်)  အစားအသောက်ကို သာမန်ထက် ပိုစားလာခြင်း။
၎။ အိပ်မပျော်သော ရောဂါ ရလာခြင်း။ ( သို.မဟုတ်) သာမန်ထက် ပို အိပ်လာခြင်း။ အအိပ်လွန်ခြင်း။
၅။ ကဏှာမငြိမ်ခြင်း။ တည်ငြိမ်မှူမရှိခြင်း။ ဒေါသဖြစ်လွယ်ခြင်း။
၆။ သူငယ်ချင်းအပေါင်းအသင်း မိဘဆွေမျိုး များကို ရှောင်လာခြင်း။
တစ်ဦးတည်းသာ နေလိုခြင်း။
၇။ သေချင်လိုသော အတွေးများကို အမြဲ တွေးနေတတ်ခြင်း။
 ကိုယ်.ကို ကိုယ် သတ်သေရန် အတွေးများကို တွေးလာခြင်း။
၈။ အာရုံစူးစိုက်ရန် ခက်ခဲလာခြင်း။
( ဥပမာ။ ။စာအုပ်ဖတ်ခြင်း။ အလုပ်တခုခု လုပ်ခြင်း)

Depression ရတာ ဘာ.ကြောင့်လဲ

၁။ စိတ်ဖိစီးမှူများသော လူနေမှူဘ၀ပုံစံတွင် နေထိုင်ရခြင်း။
၂။ ရောဂါတခုခုကြောင့် ဖျားနာမှူများကို ခံစားနေရခြင်း။
( ဥပမာ။ ။ နှလုံးရောဂါ။ အသဲရောဂါ။  အဆစ်အမြစ်ယောင်ရောဂါ။ လေဖြတ်ခြင်း။)
၃။ ဟော်မုန်းဆိုင်ရာ ပြောင်းလဲမှူပြသနာများ ရှိခြင်း။
၎။ ကိုယ်လက်လှုပ်ရှား အားကစားများနှင့် exercise လုပ်မှူ မရှိခြင်း။
၅။ ဘ၀တွင် ကြီးမားသော ဆုံးရှုံးမှူ တခုခုကို တွေ.ကြုံရခြင်း။
၆။ မျိုးရိုးလိုက်ခြင်း။

ဘယ်လိုကာကွယ်ရမလဲ

၁။ ဘ၀ကို အကောင်းဘက်က များများတွေးပေးပါ။ များများ မြင်ပေးပါ။
၂။ တခုခုအပေါ်မှာ သင်ရှု.မြင်တဲ. ကြည်.တဲ.နည်းလမ်းကို ထိန်းချူပ်ပေးပါ။
၃။ သင်ကြိုက်တဲ. အရာတွေကို လုပ်ခြင်းအားဖြင့် သင့်အချိန်တွေကို အသုံးချပေးပါ။
၎။ သင့်ကျန်းမာရေးကို အမြဲ ဂရုစိုက်ပေးပါ။
၅။ သင့်ရဲ. အတွေးခံစားချက်တွေကို ရင်းနှီးသောမိတ်ဆွေ သူငယ်ချင်းတွေကို မျှဝေပေးပါ။
၆။ စိတ်ဖိစီးမှူ တခုခု ခံစားနေရလျှင် နှစ်သိမ်.ပညာပေးရန်အတွက် တတ်ကျွမ်းသူများထံ တိုင်ပင်ပါ။

ဘယ်လိုထိန်းချူပ်ကြမလဲ

၁။ music ကို များများနားထောင်ပေးပါ။
၂။ Meditate ကဲ.သို. ယောဂလေ.ကျုင့်ခန်းမျိုးနှင့် စိတ်လေ့ကျင့်ခန်းမျိုး မကြာခဏလုပ်ပေးပါ။
၃။ ကိုယ်လက် လှုပ်ရှား အားကစားနှင့် exercise များများပြုလုပ်ပေးပါ။
(ဥပမာ။ ။ ရေကူးခြင်း၊ အေရိုးဗစ် ကစားခြင်း၊ )
၎။ ဘာသာစကားအသစ် တခုခု ကို သင်ယူလေ.လာပါ။
၅။ လူမှူ လုပ်ငန်း တခုခုတွင် သင်ကိုယ်တိုင် ပါဝင် ပြီး လုပ်အားပေးပါ။


အထောက်အကူ ရနိုင်စေသော အစားအစာများ

၁။ သစ်သီးဖျော်ရည်များ၊ ဟင်းသီးဟင်းရွက်များ၊ လတ်ဆက်သော သစ်သီးများ။
၂။ ဆေးသကြားပါသော အစားအစာများ၊ သဘာဝမဟုတ်သော အစားအစာ၊အချိုရည်များ နှင့်  caffeine ဓါတ်များပါဝင်သော
အစားအစာများကို စားသုံးခြင်းမှ ရှောင်ကြဉ်ပါ။
၃။ အသားဓါတ် အသင့်အတင့်နှင့် Omega 3 fatty acid များကို စားသုံးပေးပါ။
၎။  vitamins နှင့် သတ္တုဓါတ်တွေဟာလဲ မရှိမဖြစ်လိုအပ်တဲ. အစာအဟာရတွေပါ။ စားသုံးပေးပါ။