Wednesday, July 3, 2013

မြွေကိုက်ခံ၍ တရားနာခြင်း

ဂင်္ဂါဝန၀ါလိ ဟူသော အရပ်၌ ရဟန်းသုံးကျိပ်သည် ၀ါကပ်၍ တရားအားထုတ်ကြလေသည်။ ၁၅-ရက်တစ်ကြိမ် အလှည့်ကျ တရားဟောကြရသည်၊ တစ်ခုသော တရားဟော အလှည့်တွင် မထေရ်တစ်ပါးသည် မြတ်စွာဘုရား၏ ပညတ်တော်အတိုင်း ပစ္စည်းလေးပါးတို့၌ ရောင့်ရဲခြင်း အကျိုးကို ဟောလေသည်။ ပိဏ္ဍပါတိက အမည်ရှိ မထေရ်တစ်ပါးသည် နောက်ကျနေသောကြောင့် ပရိသတ်အစွန် ချောင်ကျ၍ မှောင်ကွယ်သော နေရာ၌ ထိုင်ကာ တရားနာလေသည်။ မြွေပွေး တစ်ကောင်သည် မထေရ်၏ ဒူးခေါင်းသားကို မွေးညှပ်ဖြင့် ဆွဲနုတ်သကဲ့သို့ အပြင်းအထန် ကိုက်လေသည်။ မထေရ်သည် မြွေပွေးကို မြင်သဖြင့် “ယနေ့-ငါသည် တရားနာမူ၏ အန္တရာယ်မဖြစ်စေအံ့”ဟု ကြံ၍ မြွေပွေးကို ဖမ်းကာတောင်းတစ်ခုတွင် ထည့်ထားပြီးလျှင် အ၀၌ ပိတ်ဆို့လျက် တရားနာမြဲ နာလေသည်။ အာရုဏ်တက်လတ်သော် မထေရ်သည် မြွေဆိပ်တက်ခြင်းကို သည်းခံသောအားဖြင့် ဖယ်ခွာ၍ တရားအားထုတ်လေရာ…

၁။ မြွေဆိပ်သည် ကိုက်ရာဌာနမှ ဆင်း၍ မြေသို့ဝင်ခြင်း၊

၂။ မထေရ်သည် အနာဂါမိဖိုလ်၌ တည်ခြင်း၊

၃။ တရားဟော ပုဂ္ဂိုလ်၏ တရားပြီးဆုံးခြင်းသည် တစ်ပြိုင်နက် ဖြစ်လေသည်။

ထို့နောက် တရားပွဲပြီးဆုံး၍ ရဟန်းများပြန်ကြွမည် ရှိသောအခါ မြွေကိုက်ခံရသော မထေရ်က “ငါ့အရှင်တို့ ငါသည် ခိုးသူတစ်ယောက်ကို ဖမ်းမိထားပြီ”ဟု ဆို၍ မြွေကို မြေ၌ လွှတ်၏။ ရဟန်းတို့က “ငါ့ရှင် - ဘယ်အချိန်၌ သင့်ကို ကိုက်သနည်း”ဟု မေးရာ “မနေ့ညဦးက ကိုက်ပါသည်”ဟု ဆိုသောအခါ “ငါ့ရှင် - အဘယ်ကြောင့် ငါတို့ကို မပြောသနည်း”ဟု ဆိုကြသောအခါ မထေရ်က “ငါ့ရှင်တို့ - အကယ်၍ ငါသည် မြွေကိုက်ပြီဟု ပြောလျှင် တရားထူးကို ငါရမည် မဟုတ်ပါ”ဟု ပြောဆိုလေသည်။ နောက်တစ်ပုံ…


ကဠမ္ဗရ အမည်ရှိ မိန်းမတစ်ယောက်သည် သားငယ်ကို ရင်ဝယ်ပိုက်လျက် တရားနာသွားအံ့ဟု စိတ္တလ တောင်သို့ သွား၍ ပရိသတ်အစွန် သစ်ပင်၏ အရင်းတွင် သားငယ်ကို အိပ်စေ၍ မိမိမူကား သစ်ပင်ကို မှီလျက် တရားနာနေလေသည်။ သန်းခေါင်ယံ အချိန်တွင် မြွေတစ်ကောင်သည် ၎င်း၏ မျက်မှောက်၌ အပ်နေသော သားငယ်ကလေးအား အစွယ် ၄-ချောင်းဖြင့် အပြင်းအထန် ကိုက်လေသည်။ ထိုမိန်းမသည် “အကယ်၍ - ငါ့သားအား မြွေကိုက်သည်ဟု အော်လေလျှင် တရား၏ အန္တရာယ်ဖြစ်ပေလိမ့်မည်၊ ငါသည် သံသရာ၌ ကျင်လည်ခဲ့ရသော ဘ၀များတွင် သားသမီးပေါင်း မြောက်မြားစွာ ရခဲ့ဖူးပြီ၊ တရားကိုသာ နာ၍ သိအပ်သော တရားကိုသာ ဂရုစိုက် နှလုံးသွင်းအံ့”ဟု ကြံ၍ ညဉ့်သုံးယံ ပတ်လုံး တရား အားထုတ်လေရာ သောတာပတ္တိဖိုလ်သို့ ရောက်၍ အာရုဏ်တတ်သောအခါ သစ္စာဆိုခြင်းအားဖြင့် သားငယ်ကို အဆိပ်ကျစေလျက် ကောက်ချီ၍ ပြန်သွားလေသည်။

(အင်္ဂုတ္တရ ဋ္ဌကထာ - ဒုအုပ် - ၁၃၄၊ ၁၃၅)။

ဤ၌ ပထမ၀ိဏ္ဍပါတိက မည်သော ရဟန်းမှာ တရားနာနေရာတွင် ဒူးခေါင်း၌ မြွေကိုက်လေသည်။ နောက်တွင် ထိုမြွေကိုက်မူကြောင့်ဖြစ်သော အဆိပ်တက်မူ ဒုက္ခဝေဒနာကို ခွာ၍ တရား အားထုတ်လေရာ အနာဂါမ်လည်းဖြစ်၊ မြွေဆိပ်လည်း မြေသို့ဝင်၊ တရားပွဲလည်း ပြီးဆုံးသွားကြောင်းကို ဆင်ခြင်ကြည့်လျှင် မြွေကိုက်ခံရခြင်း၊ မြွေဆိပ်တက်ခြင်း ဟူသည် သေအံ့သော ဆင်းရဲကြီးစွာသော ဆင်းရဲဖြစ်၏။ ကိုက်သော မြွေကလည်း မြွေပွေးဖြစ်၍ သေတတ်သော အဆိပ်ရှိ သတ္တ၀ါဖြစ်၍ ဆင်းရဲဒုက္ခမှာ သေးငယ်သည် မဟုတ်။

ဤနေရာတွင် ကိုက်သော မြွေကို “ဂေါနသ”ဟု ဆိုရာ အဘိဓာန်၌ စပါးအုံး ဟူ၍လည်းကောင်း၊ ငန်းကျွဲ ဟူ၍လည်းကောင်း၊ မြွေပွေးဟူ၍လည်းကောင်း ဖော်ပြသည်။ သို့ရာတွင် ၀ိမတိဝိနောဒနီဋီကာ၌…

“ဂေါနသာတိသပ္ပ၀ိသေသာ ယေယံပိဋ္ဌေသု မဟန္တာနိ မဏ္ဍလာနိ သန္ဒိဿန္တိ”

“ဂေါနသဟူသည်ကား ထူးသောမြွေတည်း၊ ထိုမြွေ၏ ကျောတွင် အလွန်ကြီးသော အ၀ိုင်းအကွက်တို့သည် ထင်ထင်ရှားရှား ရှိကုန်၏” ဟူ၍ ဆိုရာ မြွေပွေးပင်ဖြစ်လေသည်။

အင်္ဂုတ္တရဋီကာ၌ကား “ဂေါနသောတိမဏ္ဍလသပ္ပေါ”ဟု ဆိုသဖြင့် အကွက်အ၀ိုင်း ရှိသော မြွေပွေးဟုပင် ယူဆရသည်။

မည်သို့ပင်ဆိုစေ မထေရ်မှာ မြွေကိုက်သဖြင့် အဆိပ်တက်လာလေရာ ထိုအဆိပ်ကို အဋ္ဌကထာ၌ “၀ိသံဝိက္ခမ္ဘေတွာ”အဆိပ်တက်မူကို ခွာ၍ ဟု ပြသည်ကို ထင်ရှားခိုင်လုံစေရန် ဋီကာ၌…

“၀ိသံဝိက္ခမ္ဘေတွာဘိ - ၀ိပဿနာ တေဇေန ၀ိသေ၀၀ံက္ခမ္ဘေတွာ”

(အင်္ဂုတ္တရဋီကာ - ၁၂၂)။


“အဆိပ်တက်ခြင်းကို ခွာဖယ်၍ ဟူသည်ကား ၀ိပဿနာ ရူသော ဉာဏ်၏ အစွမ်းသတ္တိဖြင့် အဆိပ်တက်ခြင်းအဟုန်ကို ဖယ်ခွာ၍”

ဟု ဖော်ပြပေရာ ၀ိပဿနာဉာဏ်သည် ရုပ်နာမ်ပရမတ်ကိုသာ ရူသည်ဖြစ်၍ မြွေကိုက်ခြင်း, အဆိပ်တက်ခြင်း စသော ပညတ်အာရုံကို နှလုံးမသွင်း အသိအမှတ် မပြုသောအားဖြင့် မြွေဆိပ်တွင်သာမက ပညတ်မျိုးစုံကိုပင် ဖယ်ခွာ၍ ရူသည် ဖြစ်သောကြောင့် မထေရ်သည် “တိဏ္ဏံ ဖလာနံပါပုဏာတိ” သုံးမဂ်သုံးဖိုလ်ရောက်၍ အနာဂါမ်ဖြစ်လေသည်။ ဒုက္ခဝေဒနာ တွေ့လာတိုင်းသော ပုဂ္ဂိုလ်များအတွက် ဒေသနာတော်တွင် ဖယ်၍ခွာ၍ ရူသည်ချည်းတည်း။

၎င်းအပြင် ကဠမ္ဗရ အမည်ရှိ မိန်းမတစ်ယောက်သည်လည်း စိတ္တလတောင်သို့ သွား၍ တရားနာရာတွင် သားငယ်ကလေးအား ၎င်း၏ ရှေ့တွင် သိပ်ထားသည်။ တရားနာနေစဉ် သန်းခေါင်းယံ အချိန်၌ ကလေးငယ်အား မြွေကိုက်သည်။ ထိုအခါတွင်“ငါ့သားကလေးကို မြွေကိုက်လို့ ဟု အော်လိုက်ပါက အခြားတရားနာသူတို့ အနှောက်အယှက်ဖြစ်မည်။ ငါသည် သံသရာ ဘ၀ပေါင်းများစွာ ကျင်လည်ခဲ့ရာတွင် ဖြစ်ရာဘ၀တို့၌ သားသမီးမြောက်များစွာ ရခဲ့ဖူးပြီ၊ တရားကားမရခဲ့။ သို့အတွက တရားအနှောင့်အယှက်တော့ မဖြစ်စေလို၊ သားသေထိုက်က သေစေတော့”ဟု နှလုံးပိုက်၍ ထိုအချိန်မှစ၍ တရားကို အထူးဂရုစိုက်၍ အားထုတ်လေရာ သောတာပန်ဖြစ်ပြီး အာရုဏ်တက်ခါမှ သစ္စာဆို၍ ကလေးမှ မြွေဆိပ်ကို ကျစေခြင်းဖြင့် အသက်ချမ်းသာရာရပြီး ကလေးကိုချီ၍ အိမ်ပြန်လေသည်ဟု ဆိုသည်။

ဤ၌ တရားနာနေသော အမျိုးသမီး၏ နှလုံးသွင်းမှန်ပုံကို ချီးကျူးစရာကောင်းသည်။ အရေးတစ်စုံ ကိုယ်၌ ကြုံလာက“အနမတဂ္ဂသုတ်”ကို နှလုံးသွင်းဖို့ရန်လိုသည်။ ဓမ္မပဒပါဠိတော် စက္ခုပါလမထေရ်သည် အပြင်းအထန် တရားအားထုတ်နေရင်း မျက်စိရောဂါ ဖြစ်လာသည်။ အိပ်သော ဣရိယာပုတ်ကိုပယ်၍ တရားအားထုတ်ရန် အဓိဋ္ဌာန်ထားမူကြောင့် မျက်စိဆေးကို လဲလျောင်း၍ပင် မခတ်သောကြောင့် ဆေးဆရာလည်း ဆေးမကုတော့ဘဲ စွန့်ပစ်၍ သွားသောအခါ မထေရ်သည် စဉ်းစားလေသည်။ “ငါသည် ဤမျက်စိတို့ကိုပင် ဂရုစိုက်သောအားဖြင့် တရားအားထုတ်မူကို လျှော့ချမည်လာ၊ သို့မဟုတ် မျက်စိရောဂါကို ဂရုမစိုက်ဘဲ တရားကိုသာ ဆက်လက် အားထုတ်မည်လော”ဟု စဉ်းစားပြီးသောအခါ ဆုံးဖြတ်ပုံကား…

“အနမတဂ္ဂသ္မိံ ဟိသံသာရ၀ဋ္ဋေ တ၀အက္ခိကာဏဿဂဏနာ နာမနတ္ထိ၊ အနေကာနိ ပန ဓဗုဒ္ဓသတာနိ၊ ဗုဒ္ဓသဟဿအတီတာနိ တေသုတေဧက ဗုဒ္ဓေါပိ နပရိစဏ္ဏော ဣဒါနိဣမံ အန္တောဝဿံ တယောမာသေန နိပ္ပဇ္ဇိဿာမီတိ တေမာသံနိဗဒ္ဓ၀ီရိယံ ကရိဿာမိ၊ တသ္မာ တေစက္ခူနိ နဿန္တုဝါ ဘိဇ္ဇန္တုဝါ ဗုဒ္ဓေသာသန မေ၀ဓာရေဟိ မာစက္ခူနိ”

(ဓမ္မပဒ ဋ္ဌကထာ - ၇)။


“ငါ့ဆုံးဖြတ်ချက် အမှန်ကိုဆိုလိုက်မည်၊ အစမထင်သော သံသရာဘ၀အမျိုးမျိုး၌ ကျင်လည်လာရသော ငါ့ဘ၀တို့တွင် မျက်စိ မကန်းသော ဘ၀မရှိခဲ့ပေ၊ ကန်းဖူးမည်သာ။ ထိုမျက်စိကို ဂရုစိုက်နေမူကြောင့် ဘုရား တရား, တစ်ထောင်ပင် တွေ့ကြုံပင် တွေ့ကြုံရငြားလည်း ဘုရားတစ်ဆူဆူတွင်မှ ငါလေ့လာဆည်းပူးခဲ့ရသည် မရှိခဲ့ပေ၊ ယခု ငါသည် ၀ါတွင်း သုံးလပတ်လုံး တရားအားထုတ်ရာ၌ အိပ်သော ဣရိပုထ်ကို ပယ်၍ အားထုတ်တော့အံ့ဟု အဓိဋ္ဌာန်ပြု၍ အားထုတ်ပါမှ ဤမျက်စိဒုက္ခပေးသည်၊ ထို့ကြောင့်…

တေ၊ သင်၏။ စက္ခူနိ၊ မျက်စိသည်။ နဿန္တုဝါ၊ ပျက်ချင်လည်း ပျက်စေတော့။ ဘိဇ္ဇန္တုဝါ၊ ကွဲချင်လည်း ကွဲစေတော့။ ဗုဒ္ဓသာသနမေ၀၊ မြတ်စွာဘုရား၏ ဆုံးမတိုင်းသော တရား အလုပ်ကိုသာလျှင်။ ဓာရေဟိ၊ ဆောင်ရွက် အားထုတ်လေလော့။ စက္ခူနိ၊ မျက်စိတို့ကို။ မာဓာရေဟိ၊ မဆောင်မရွက် ဂရုမစိုက်လေလင့်”

ဟု မိမိကိုယ်ကို မိမိဆုံးမပြီးလျှင် တရားအားထုတ်တော့ရာ မျက်စိလည်းပျက်သည်၊ ရဟန္တာလည်းဖြစ်သည်။ လွန်စွာ သတိတရားရဖို့ ကောင်းသော အချက်များပင်။

ယခု မိန်းမသည်လည်း “သံသရာ၌ ကျင်လည်ခဲ့ရသော ငါသည် ဤလို သားသမီးပေါင်း မြောက်မြားစွာ ရခဲ့ဖူသည်၊ သားမြွေကိုက်သည်ကို အော်လိုက်ပါက တရားနာသူတို့ အန္တရာယ်ဖြစ်မည်၊ ငါ့သား သေသော် သေပါစေ၊ ဖြစ်ခြင်းရှိက သေခြင်း ရှိမည်သာ၊ သို့အတွက် ငါတရားရမူသာ ဂရုစိုက်မည်”ဟု အကြံပြုပြီး တရားအားထုတ်လေရာ သောတာပန် ဖြစ်လေသည်။

ပထမ၀တ္ထုပင် ပိဏ္ဍပါတိကမထေရ် မြွေကိုက်ခံရပြီး တရားအားထုတ်ရာ တရားရလေသည်။ ထိုမထေရ် မြွေကိုက်သည်ကို (၀ါ) မြွေကိုက်ခံရသဖြင့် မြွေကိုက်နာ အဆိပ်တက်ခြင်းကို ရူ၍ တရားရသလား၊ ထိုအနာအဆိပ်တက်မူကို ဖယ်ခွာ၍ ရူသောကြောင့် တရားရသလားဆိုသည်ကို အဋ္ဌကထာ စကားဖြင့် ဖော်ပြခဲ့ပြီ။ ထိုမထေရ်သည် ထိုဒုက္ခဝေဒနာကို ရူ၍ တရားရပါသည်ဟု ဒုက္ခဝေဒနာရူ ဆရာတို့က မျက်စိမှိတ်၍ ဇွတ်ငြင်းခဲ့သော်… ဤအမျိုးသမီးမှာ ကလေးကို မြွေကိုက်သည်၊ ကလေးအမေ တရားရသည်၊ မြွေကိုက်ခံရသော ကလေး၏ ဒုက္ခဝေဒနာကို အမေဖြစ်သူက ဘယ်နည်းဘယ်ပုံယူ၍ ရူသောအားဖြင့် တရားရသနည်း… အမှန်တရား မသိမမြင်သူတို့၏ သနားစဖွယ် ယူမှားချက်ပင်။

၎င်းပြင် သံဝေဂယူဖွယ် ကောင်းသည်မှာ သစ္စသံယုတ်တွင် မြတ်စွာဘုရားက…

“ချစ်သားတို့… အသက်တစ်ရာ ရှည်သော ယောက်ျားတစ်ယောက်ကို တစ်ယောက်သောသူက အမောင်ယောက်ျား၊ သင့်အား နံနက်တစ်ကြိမ်လှံဖြင့် အချက်ပေါင်းတစ်ရာထိုးအံ့၊ နေ့ခင်းတစ်ကြိမ်လှံဖြင့် အချက်တစ်ရာထိုးအံ့၊ ညနေပိုင်းတွင်တကြိမ်လှံဖြင့် အချက်ပေါင်းတစ်ရာထိုးအံ့၊ တနေ့လုံးတွင် လှံ အချက်ပေါင်း သုံးရာထိုး၍ နှိပ်စက်အံ့၊ ဤသို့ဖြင့် နေ့စဉ် လှံချက်သုံးရာတို့ဖြင့် အနှစ်ပေါင်းတစ်ရာတိုင်တိုင် လှံဖြင့် အထိုးခံပြီးသော သင့်အား အနှစ်တစ်ရာပြည့်သောနေ့၌ သစ္စာလေးပါးကို သင်ထိုးထွင် သိ၍ သိအောင် ဟောပြပေးအံ့” ဟုဆိုရာ၏။

“ချစ်သားတို့… မိမိအကျိုးကိုသာ လိုလားသော သူမှန်လျှင် ထိုလှံဖြင့်ထိုး၍ သစ္စာတရားကို ပြမည့်သူ၏ထံသို့ ချဉ်းကပ်ရန်ထိုက်၏။ အဘယ်ကြောင့်ဟူမူ သံသရာဘ၀သည် အစပင်မရှိခဲ့၊ ဘ၀ပေါင်းများစွာတွင် လှံထိုးခံရ၍ သေခဲ့ရသောဘ၀၊ ဓားချက်ဖြင့် သေခဲ့ရသော ဘ၀၊ ပုဆိန်ချက်ဖြင့် သေခဲ့ရသော ဘ၀ကား များလှသည်၊ သစ္စာတစ်ပါးမျှပင် မသိခဲ့ရ၊ စင်စစ်မှာ သစ္စာသိခြင်း၌ ဤမျှ ဆင်းရဲဒုက္ခခံမှ သိရသည်ကား မဟုတ်ပေ။

“နခေါပနာဟံ ဘိက္ခဝေ သဟဒုက္ခေန သဟဒေါမနေဿန စတုန္နံ အရိယသစ္စာနံ အဘိယမယံ ၀ဒါမိ”

(မဟာ ၀ဂ္ဂသစ္စသံယုတ် - သတ္တိသကသုတ် - ၃၈၅)။


“ဘိက္ခဝေ၊ ချစ်သားတို့။ သဟဒုက္ခေန၊ ကိုယ်ဆင်းရဲခြင်းနှင့်တကွ။ သဟဒေါမေဿန၊ စိတ်ဆင်းရဲခြင်းနှင့် တကွ။ စတုန္နံ၊ လေးပါးကုန်သော။ အရိယသစ္စာနံ၊ အရိယသစ္စာတရားတို့ကို။ အဘိသမယံ၊ ထိုးထွင်း၍ သိမည်ဟူ၍။ အဟံ၊ ငါဘုရားသည်။ န၀ဒါမိ၊ မဟောပေ။ အပိစ၊ စင်စစ်ငါဟောသည်မှာကား။ ဘိက္ခဝေ၊ ချစ်သားတို့။ သဟာဝသုခေန၊ ချမ်းသာခြင်းနှင့် တကွသာလျှင်။ သဟာဝသော မနေေဿန၊ ၀မ်းသာခြင်းနှင့် တကွသာလျှင်။ စတုန္နံ၊ လေးပါးကုန်သော။ အရိယသစ္စာနံ၊ အရိယသစ္စာတရားတို့ကို။ အဘိသမယံ၊ ထိုးထွင်း၍ သိမည်ဟူ၍။ အဟံ၊ ငါဘုရားည်။ ၀ဒါမိ၊ ဟောတော်မူ၏”

ဤသုတ်အရ ဆင်ခြင်ရာသည်ကား ဘ၀ပေါင်းများစွာတွင် အမျိုမျိုးသော ဓားလှံလက်နက်တို့ဖြင့်သာ သေခဲ့ရသည်။ မည်သည့် တရားသစ္စာ တစ်ပါးပါးမှ မသိခဲ့ရသော ငါသည် ယခုဘ၀တွင် မည်သည့်နည်းနှင့်မဆို သစ္စာသိရန် အားထုတ်မည်ဟု နှလုံးသွင်း အောက်မေ့ အပ်ပေသည်။ အားထုတ်ရာတွင်လည်း ဒုက္ခနှင့် ဒေါမနဿနှင့် ရင်းနှီး၍ ရှာရမည် မဟုတ်ပေ။ ဉာဏ်နှင့် ပညာနှင့်သာ ရင်းနှီး၍ သူသူငါငါ ဉာဏ်မပါလျှင် တွေ့သိနိုင်သော တရားမဟုတ်ပေ။ ဉာဏ်ပညာနှင့်သာ သူက ငါက မသိရသော ပရမတ်တို့၏ သဘောကို သိနိုင်ပေရာ ပညတ်အာရုံဖြင့် သိနေရသော လောကလူတို့ သုံးစွဲနေသည့် သပုတိပညတ်ကိုပင် ပရမတ်ဟု ထင်နေက မိမိအတွက် နစ်နာပေလိမ့်မည်၊ ထို့ကြောင့် ရှေးဆရာတို့သည် “မရှိပညတ်-ရှိပရမတ်-အတပ်သိအောင်ရှာ”ဟု တိုက်တွန်းခဲ့ရာ မရှိသော ပညတ်ကိုလည်း မရှိမှန်းသိ၍ ရှိပရမတ်ကိုလည်း ရှိမှန်းသိကာ အတပ်သိအောင် ဉာဏ်နှင့် ရူကြည့်ရာသတည်း။

ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။

ဘာသာရေးစာပေများကို  ♣☺ မေတ္တာရိပ် ☺♣   မှာလည်း လာရောက်ဖတ်ရူလေ့လာနိုင်ပါသည်။
www.forverfriends.ning.com

အလှပြင်ဆိုင်လေးဖွင့်ချင်လို့

ဒီနေ့တော့ကို ကြော်ငြာဝင်ရဦးမယ်။ မနေ့က ကျနော် ခေါင်းလျှော်ဖို့ အလှပြင်ဆိုင် ရောက်ဖြစ်တယ်။ အဲဒီမှာ သူများတွေ အလှပြင်နေတာကို ကြည့်ပြီး ကျနော် အားတွေကျလာတယ်။ ဆိုင်မှာက ထုံးစံအတိုင်း လူက ခပ်များများမို့ စောင့်နေရတယ်လေ။ အင်း စောင့်နေရင်းက သူများတွေ ဘာတွေများ အလှတွေ ပြင်နေကြပါလိမ့် ဆိုပြီး လျှာရှည်ပြီး လေ့လာလိုက်တော့ အင်း တစ်ယောက်တစ်မျိုးစီကို စုံလို့ပါပဲ။ တစ်ယောက်က ဆံပင် ပေါင်းတင်တယ်။ နောက် တစ်ယောက်က မျက်နှာပေါင်းတင်တယ်။ နောက် တစ်ယောက်ကကျတော့ ခြေထောက်အလှတွေ ပြင်နေပြန်တယ်။ နောက်ထပ် သူများတွေကရော ဆိုတော့ အို ဆံပင်ကို အရောင်လေးတွေ နဲ့ လိုင်းတွေဖောက်နေပြန်တယ်။ အင်း တော်တော်လည်း စုံပါလားပေါ့။ အားလုံးဟာ လှချင်ကြတယ် ဆိုတဲ့ အခြေခံခြင်းတော့ တူတူပါပဲနော်။

အဲဒါလေး တွေကို ကြည့်ပြီး သူတို့တွေရဲ့လှချင်တတ်တဲ့စိတ်ကလေးကို တော်တော်လေး သဘောတွေကျမိပါတယ်။ တဆက်တည်းလည်း ခေါင်းထဲမှာ အကြံလေးတစ်ခု ရမိပါတယ်။ ဘာအကြံလဲဆိုတော့ အလှပြင်ဆိုင်လေး ဖွင့်ချင်တဲ့ အကြံပေါ့။ ဒါပေမယ့် ကျနော်ဖွင့်ချင်တဲ့ အလှပြင်ဆိုင်ကတော့ သူတို့နဲ့ မတူဘူးနော်။ သူတို့က ရုပ်ကို ပြုပြင်ပေးတဲ့ ရုပ် အလှပြင်ဆိုင်လေ။ ကျနော် ဖွင့်ချင်တာကကျတော့ စိတ်အလှပြင်ဆိုင်လေးပါပဲ။ ကျနော်ဖွင့်မယ့် အလှပြင်ဆိုင်ကနော် စိတ်ကိုအဓိက ပြင်ပေးမှာဆိုပေမယ့် ရုပ်ပါပါသွားမှာဆိုတော့ အင်း လာပြင်မယ့်သူတွေ အတွက်လည်း တန်သွားတာပေါ့နော်။ အဲဒီဆိုင်မှာ ကျနော့ဆံပင်ကို လေမှုတ်နေတုန်း စဉ်းစားမိနေတာ။ အင်းသူတို့တွေ အားလုံးပြင်ဖို့ မေ့နေတဲ့ စိတ်အလှပြင်ဆိုင်လေး ကတော့ဖြင့် မရှိမဖြစ်ကို လိုအပ်နေပြီလို့လေ။

ကိုယ့်ရုပ်ကလေးကိုယ် နေ့စဉ် ကြည့်မိလို့သာ ပြင်ရကောင်းမှန်း သိနိုင်တာမလား။ ဘာလို့ပြင်ပါလိမ့် ဆိုတော့ ဒီနေ့ ပြင်ထားတဲ့ ရုပ်အလှတွေက နက်ဖြန် ထိမှ မပါတာလေ။ သူကလည်း ဖြစ်ပြီးပျက်ရတယ်လေ။ ဒီတော့ နေ့စဉ်ကိုပဲ သူ့ကို ကြည့်ပေးပြီး ပြင်ပေးနေရပါတယ်နော်။ အင်း ဒီနေရာမှာ တစ်ချက်လေး စဉ်းစားဖို့ လိုနေတယ်နော်။ ဘာကိုလဲဆိုတော့ ဒီရုပ်ကိုသာ နေ့စဉ်ကြည့်ဖို့ သတိယပြီး စိတ်ကိုတော့ ကြည့်ပေးဖို့ သတိမရကြတာပဲလေ။ အင်းသေချာ စဉ်းစားကြည့်လိုက်ပါလား။ ဒီရုပ်ကို တစ်နေ့နေလို့ တစ်ခါ မှန်မကြည့်ဖြစ်တာမျိုးရှိလို့လား။ အဲ စိတ်ကျတော့ တစ်နှစ်နေလည်း တစ်ခါ မကြည့်ပါဘူး။ ပစ်ထားကြတယ်နော်။ ဒီရုပ်ကျတော့ နေ့စဉ် သန့်ရှင်းပေးကြတယ်။ အလှပြင်ပေး ကြတယ်နော်။ ဒါတောင် တစ်နေ့တစ်ခါမက အခါခါဆိုသလိုပါပဲ။ ဒါဆိုရင်တော့ တို့က တော်တော် မတရားရာ ကျ မနေ ဘူးလား။ ရုပ်ကျတော့ တခုပ်တရ ကြည့်ပြီး လိုတာတွေ ပြုပြင်နေကြပါရဲ့။ စိတ်ကလေးကျတော့ ကြည့်ပေးဖို့ သတိလေး တစ်ချက်တောင် မရကြဘူးနော်။

အကယ်လို့များ ရုပ်ကို တစ်ခါ မှန် ကြည့်တဲ့ အခါတိုင်း မှာ စိတ်ကလေးကိုလည်း တစ်ခါ သတိတရ ကြည့်မိမယ် ဆိုရင် အင်း သူ့မှာလည်း လိုအပ်တာတွေ မလှတာတွေ တွေ့လာမယ်မလား။ အဲဒီ ကျရင်တော့ ရုပ်ထက် ဆိုးတဲ့ စိတ်ကို ပြင်ပေးရပါတော့မယ်။ ရုပ်အလှပြင်ဆိုင်ကတော့ သူတို့ပြင်ပေးမှသာ လှရမှာမလား။ ကိုယ်ကတစ်ခါသွားပြီးရင် နောက် တစ်ခါ ထပ်လှချင်ပြန်ရင် ထပ်သွားရမှာပဲနော်။ စိတ်အလှပြင်ဆိုင်ကျတော့ အဲလို မဟုတ်ဘူး။ ကိုယ့်စိတ်ကို ကိုယ်ကိုယ်တိုင် ပြင်ရမှာနော်။ သူများပြင်ပေးတာ ခံရဖို့လာရမှာ မဟုတ်ဘူးနော်။ ကျနော်တို့ဆိုင်က ပြင်နည်းလေးပဲသင်ပြပေးမှာ။ ကိုယ့်စိတ်ကလေးကို ဘယ်လိုကြည့်ပါဆိုပြီး ကြည့်နည်းလေး မှန်ထောင်ပြမှာ။ အဲဒီမှာ ကိုယ့်စိတ်မှာ ဖြစ်နေတာတွေ တန်းတွေ့ရမှာနော်။ အဲဒီအခါကျမှ လိုအပ်တာလေးကို ပြင်ပေးဖို့ နည်းထပ်ပေးမှာ။ ကိုယ့်ရဲ့ စိတ်ဆိုးကြီးကို ကိုယ်ကိုယ်တိုင်တွေ့ပြီး ကိုယ်တိုင်ပဲပြင်ကြရမှာလေ။ တစ်ယောက်နဲ့ တစ်ယောက်ကတော့ ပြင်ပုံ ပြင်နည်း တူချင်မှတူမယ်။ 

တို့ အလှပြင်ဆိုင်လေးကိုတော့ တစ်ခါပဲ လာရင်ရပြီ။ နောက်ဆို ထပ်လာစရာမလိုဘူးပဲ။ ဘာလို့လဲဆိုတော့ စိတ် အလှပြင်နည်းကို အတတ်သင်ပေးလိုက်မှာမို့လေ။ အင်း ဒါဆိုရင်တော့ နောက်ဆို ကိုယ့်အိမ်မှာကိုယ် အလှပြင်တတ်သွားပြီမို့ အချိန် မရွေး ပြင်နိုင် သွားမယ်နော်။
အင်းတကယ်တော့ စိတ်ကလေးသာ အလှပြင်နိုင်မယ်ဆိုရင် ရုပ်ကလည်း အလိုလို ပါသွားမှာပဲမလား။ စိတ်ကြည်မှ ရုပ်ကြည်မှာနော်။ ဒါဆို ကိုယ့်ကိုယ်ကို မလှမှာ မပူရတော့ပါဘူးနော်။
အင်း ဒီအစီအစဉ်လေးတော့ သူငယ်ချင်းတွေကို ပြောဦးမှပဲလို့ တွေးမိလို့ ကြော်ငြာဝင် လိုက်တာပါ။ ကျနော်တော့ အဲဒီဆိုင်မှာကိုပဲ ဆွဲနေလိုက်တဲ့ အစီအစဉ်တွေလေ။ ကိုယ့်အစီအစဉ် နဲ့ကိုယ် စိတ်ကူးတွေယဉ်ပြီး သဘောတွေတောင်ကျနေ လိုက်တာ။
ကဲ ကျနော့ရဲ့ စိတ်အလှပြင်ဆိုင်လေး ဆီသို့ အရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်တယ်နော်။

စောသဇင် (မန္တလေး)
www.forverfriends.ning.com

Tuesday, July 2, 2013

နိုင်ငံတကာ အခမဲ့ အွန်လိုင်းပညာသင်ကြားရေး ဝဘ်ဆိုဒ်များ



တကယ် အခမဲ့ပါ။ မယုံလို့ တစ်ခုလောက်ဝင်ကြည့်လိုက်တာ ဗီဒီယိုဖိုင်ယူမလား၊ PDF လား၊ သင်ခန်းစာ Note ယူမလား အစရှိသဖြင့် စာသင်ခန်းမှာ ဆရာနဲ့ မတွေ့ရပေမယ့် တကယ့် သင်ရသလိုပါပဲ။

သို့ပေမယ့် နိုင်ငံတကာ ဆိုဒ်ဖြစ်တဲ့အတွက် အားလုံးက အင်္ဂလိပ်လိုချည်း ဖြစ်ပါတယ်။ အခြေခံအင်္ဂလိပ်စာ ဖတ်အား၊ ရေးအား၊ မှတ် အားလေးတော့ ရှိမှ အဆင်ပြေမယ် ထင်ပါတယ်။ ခု ပေးမယ့် ဆိုဒ်များက ကမ္ဘ့ာ့ ထိပ်တန်း အွန်လိုင်း အခမဲ့ ပညာသင်ကြားရေး ဝဘ်ဆိုဒ်တွေချည်း ဖြစ်ပါတယ်။

အချို့ ဆို အွန်လိုင်းကနေပဲ သင်၊ အွန်လိုင်းကနေပဲ စာမေးပွဲဖြေလို့ ဒီပလိုမာတွေ တောင် ယူတယ်လို့ ကြားတယ်။ မြန်မာပြည်ကနေ ဆိုရင်တော့ လွယ်အုံးမယ် မထင်ပါဘူး။

ဒီတော့ အိမ်မှာ ကွန်ပြူတာရှိမယ်၊ အင်တာနက်လိုင်းရှိမယ်ဆိုရင်သင်လို့ ရပါ ပြီ။ လိုင်းအရမ်းကောင်းဖို့ မလိုပါဘူး။ သို့ပေမယ့် ဗီဒီယိုကြည့်ပြီးမှ သင်ချင်တယ် ဆိုတော့ နည်းနည်းစောင့်ရမယ့် သဘော ရှိပါတယ်။ သင်ခန်းစာတွေကို ကိုယ်ကြိုက်ရာ ရွေးလို့ရပါတယ်။

Science, engineering, art, economics, law, language များအပြင် အခြားအခြားသော ပညာရပ်ပေါင်း မြောက်များစွာလည်း ပါဝင်ပြီး ကိုယ်ကြိုက်ရာ ရွေးနိုင်ပါတယ်။ တကယ် လေ့လာနိုင်၊ မှတ်ယူနိုင်ရင် တကယ် ရပါတယ်။ ဒါကြောင့် အားလုံး အသုံးပြုလို့ရအောင် အခမဲ့ ပညသင် ကြားပေးတဲ့ ဝဘ်ဆိုဒ် လခ့်များအား မျှဝေ ပေးလိုက် ရပါတယ်။
--

➤ Massachusetts Institute of Technology (MIT)/OpenCourseWare
✤ Link: http://is.gd/0pm1n1

➤ Udacity / Free interactive College Classes
✤ Link: http://is.gd/xiFMtf

➤ Open Yale Courses / Freely Downloadable
✤ Link: http://is.gd/74Xwb4

➤ Coursera Free Online Courses
✤ Link : http://is.gd/LIDgMa

➤ ALISON Database / Free Online Diplomas
✤ Link: http://is.gd/cqkuBQ

➤ Khan Academy / Free Online Education
✤ Link : http://is.gd/qpJwVP


➤ Johns Hopkins OpenCourseWare
✤ Link: http://is.gd/YWSx0O

➤ Academic Earth Free Online Courses
✤ Link: http://is.gd/BIZJQz

➤ UC Berkeley Free Online Lectures
✤ Link: http://is.gd/mNyFEM

➤ Open University LearningSpace
✤ Link: http://is.gd/84CXnA

➤ Carnegie Mellon Open Learning Initiative
✤ Link: http://is.gd/ADEBmj

➤ University of Washington Video Lectures
✤ Link: http://is.gd/ePO5Me

➤ Tufts OpenCourseWare
✤ Link: http://is.gd/8ABGyb

➤ UC San Diego Podcast Lectures
✤ Link: http://is.gd/oGOjth

➤ AMSER (Applied Math and Science Education Repository)
✤ Link: http://is.gd/N51Mvh

➤ Utah State OpenCourseWare
✤ Link: http://is.gd/ZRew6t

➤ Free Video Lectures.com
✤ Link: http://is.gd/ObsSL5

➤ How-Stuff-Works / Free Online Science-Related Courses
✤ Link: http://is.gd/XEHory

➤ Wolfram Demonstrations Project
✤ Link: http://is.gd/0vbMWk

➤ Free Science and Video Lectures Online!
✤ Link: http://is.gd/JoOFQg

➤ LearningScience.org
✤ Link: http://is.gd/te9NqS

➤ Science.gov Databases
✤ Link: http://is.gd/g4ZK7B

➤ Connexions - Open-Content Library
✤ Link: http://is.gd/C9Inr5

➤ Sophia Free Online Courses
✤ Link: http://is.gd/JBsj55

➤ Honorable Mention: Peoi.org
✤ Link: http://is.gd/QbtScO

For more - http://is.gd/y7Fukg

ရိုးရာလေး (FB)

စွဲလန်းတတ်တဲ့စိတ်

နာကျင်ရလွန်းလို့ပါ ..
..
ကောင်းကင်က မာယာများတယ်ထင်မိတာ
ိတိမ်တွေလည်းမှိုင်းချင်မှိုင်းမှာပေါ့
မြူတွေလည်းဆိုင်းချင်ဆိုင်းမှာပေါ့
..
အမှတ်မရှိတဲ့ငါကို က ကြေကွဲလွယ်နေတာ..
....

အဖော်မဲ့ရလွန်းလို့ပါ..
..
ကျေးငှက်လေးအော်မြည်သံတေးတစ်ပုဒ်လို ထင်မိတာ.
တွန်ချင်လည်းတွန်မှာပေါ့ ..
ပျံချင်လည်းပျံမှာပေါ့ ...
.
လွမ်းတတ်တဲ့ငါ ကို က ဝမ်းနည်းလွယ်နေတာ ..
...

မျှော်လင့်တတ်လွန်းလို့ပါ ..
..
လေးညှင်းလေးရောက်မလာတဲ့အခါနွှမ်းလျနေမိတာ့..
သဘာဝပဲလေ.. ရောက်ချင်မှလည်းရောက်လာမယ်
ပေါက်ချင်မှလည်းပေါက်လာမယ်
..
စောင့်မိတဲ့ငါ ကိုက ရူးသွပ်လွယ်နေတာ...
...

ကြာခဲ့ လွန်းလို့ ပါ..
....
အတိတ်ညရဲ့ အိပ်မက်ရက်စက်တယ်ထင်နေတာ
ညတစ်ညရဲ့ ဝင်္ကပါ ပဲလေ..
.
အမှောင်ကလည်းနက်ချင်သလောက်နက်မယ်
အိပ်မက်ကလည်းမက်ချင်သလောက်မက်မယ်..
..
စွဲလန်းတဲ့ ငါ ကို က အခါခါမက်နေတာ ....။ ။


လရောင်လွမ်းတဲ့ပင်လယ် (FB)

Saturday, June 29, 2013

မနေသူတွေရဲ့ကြားမှာ နေပါ


`မနေသူတွေရဲ့ကြားမှာ နေပါ´ ဆိုတဲ့ အဆုံးအမအတွက် အဓိကပြောချင်တာက ဘယ်အာရုံနဲ့ တွေ့တွေ့၊ ဘာဝနာနဲ့ မနေသူတွေရဲ့ကြားမှာ ဘယ်အာရုံနဲ့ တွေ့တွေ့ ဘာဝနာနဲ့ နေပါ´ လို့ပြောချင်တာက။ ရေလေးမမြင်လိုက်နဲ့။ မြင်လိုက်တာနဲ့ `သတ္တ၀ါအားလုံး ဤရေကဲ့သို့ အေးချမ်းကြပါစေ´။ 

မျက်နှာလေးမသစ်လိုက်န့။ဲ သစ်လိုက်လို့ မျက်နှာနဲ့ရေနဲ့ ထိလိုက်တာနဲ့ `သတ္တ၀ါအားလုံး ဤရေကဲသို့အေးချမ်းကြပါစေ`။ `ရေလေးမချိုးလိုက်န့၊ဲ ချိုးလိုက်လို့ ခန္ဓာကိုယ်နဲ့ ရေနဲ့ ထိ
လိုက်တာနဲ့ ရေရဲ့ အေးမြမှုကိုအာရုံပြုပြီး၊ ရေရဲ့အေးမြမှုကို သေချာခံစားပြီး `ဤရေကဲသို့ သတ္တ၀ါအားလုံး အေးချမ်းကြပါစေ´။

ဈေးရောင်းတဲ့ ပုဂ္ဂိုလ်ကလည်း ကိုယ်ဆိုင်လာဝယ်တဲ့သူမြင်တိုင်း `ကျန်းမာချမ်းသာပါစေ´ မေတ္တာလေးပို့လို့ပေါ့။ ဆိုင်လာမ၀ယ် လို့လည်း မေတ္တာမပို့ဘူးလို့ မဖြစ်စေရဘူး။ ဆိုင်ရှေ့ ဖြတ်လျှောက်သွားတဲ့သူကိုလည်း မေတ္တာပို့ရမှာပါပဲ။ ကိုယ့်ဆိုင်လာမ၀ယ်တဲ့ သူကျတော့ သေချင်းဆိုးဆိုပြီး ဆဲလို့မဖြစ်ဘူး။ သူများဆိုင် ၀ယ်တဲ့ သူတွေကို ကြည့်ပြီးတော့လည်း သူများဆိုင်ပိုင်ရှင်တွေကိုလည်း မုဒိတာနဲ့ `သြော်....ရောင်းကောင်းကြပါစေ။ အစစအရာရာ
အဆင်ပြေကြပါစေ´။ မုဒိတာ ဘာဝနာလေးပွားလို့။ ၀ယ်တဲ့သူတွေ ကိုလည်း `ကျန်းမာ ချမ်းသာကြပါစေ´ စသည်အားဖြင့် မေတ္တာလေး ပို့လို့ပေါ့။

ဈေးထဲမှာ ဈေးသည်ဈေးဝယ်တွေ တစ်ယောက်နဲ့တစ်ယောက် မြင်တွေ့တိုင်းလည်းပဲ မေတ္တာလေးပွားပေါ့။ မေတ္တာတစ်ခုတည်းမှ မဟုတ်ဘူး။ ၀ိပဿနာဉာဏ်အထိ ပွားနိုင်ရင် အကောင်းဆုံးပေါ့။ ဒါကြောင့်သစ်ရွက်ကလေး ကြွေတာကိုကြည့်ပြီးတော့ သံဝေဂဉာဏ်ပွား၊
ရဟန္တာဖြစ်သွား တဲ့ပုဂ္ဂိုလ်တွေ မရေမတွက်နိုင်အောင်ရှိပါတယ်။ သစ်ရွက်ကြွေတာကို ယောဂီတို့လည်းပဲ နေ့တိုင်းတွေ့မနေဘူးလား။ ဘာဉာဏ်တွေဖြစ်သွားတုံး။ ကိုယ့်ပတ်ဝန်းကျင်မှာ မြင်တွေ့နေသမျှ အာရုံအားလုံးကို ဘာဝနာအာရုံဖြစ်အောင် ကြိုးစားနိုင်ကြရမယ်။ အလေ့အကျင့် လုပ်ထားရင် ဘာမှမခက်ပါဘူးနော်။

ဘာဝနာနဲ့တိုက်ရိုက် ဆက်စပ်နေတဲ့ ထင်ထင်ရှားရှားအာရုံတွေဆိုရင် အမြဲတမ်း တွေ့နေတာပေါ့။ ခရီးသွားနေရင်း၊ ကားစီးနေရင် စေတီတော် တစ်ဆူတွေ့တယ်ကွယ်။ စေတီတော်တစ်ဆူ တွေ့လိုက်တာနဲ့ နဂိုက ဂုဏ်တော်မပွားရာကနေ ဂုဏ်တော်တစ်ခုခုပွားလိုက်ပေါ့။ လက်အုပ်
ချီချင်ချီ၊ မချီချင်နေ။ စိတ်ထဲကနေ `အရဟံ- ကိလေသာကင်းစင်တော် မူသော မြတ်စွာဘုရား´ စသည်အားဖြင့် ပွားလိုက်ပေါ့။ စေတီတော် ရွှေအဆင်းလေး ၀င်းနေတာတွေ့ရင်လည်းပဲ ` ရွှေအဆင်းကဲ့သို့ ၀ါဝင်း တော်မူသော မြတ်စွာဘုရား။´ ရွှေအဆင်းလို ၀ါဝင်းတဲ့ဂုဏ်လေး သိရီ
ဘုန်းတော်လေးကို အရင်ဆုံး အာရုံပြုပြီးတော့မှ ဉာဏ်ကြီးတာတို့၊ ကိလေသာကင်းတာတို့ ဆက်ပြီးတော့ အာရုံပြုပေါ့။

စိတ်ထဲကနေ အထွေအထူး အာရုံစိုက်ပြီးတော့ မပွားချင်ဘူးဆိုရင်လည်း လက်အုပ်ကလေးချီပြီး `နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ´အနည်းဆုံး သုံးခေါက်လောက် ရွတ်ပြီး ရှိခိုးပူဇော်လိုက်ပေါ့။ ဒါဆို စေတီမြင်တိုင်း ဘာဝနာကုသိုလ် တိုးနေတော့တာပါပဲ။ ဦးဇင်းတို့တော့
သထုံကနေပဲ ရန်ကုန်သွားသွား ရန်ကုန်ကနေပဲ သထုံပြန်ပြန်၊ လမ်းခရီးမှာ ဘုရားတွေ့တိုင်း (စေတီတွေ့တိုင်း) ကားပေါ်ကနေ လက်အုပ်ချီပြီးတော့ `နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ´ လို့ သုံးခေါက် ဘုရားရှိခိုးလိုက်ပါတယ်။ ပါးစပ်လှုပ်ပြီး သုံးခေါက်ပေါ့။ သုံးခေါက်ရှိခိုးပြီးရင် လက်အုပ်ချီတာ ပြန်ချပြီး စိတ်ထဲကနေ နမောတဿပဲ ဆက်ရွတ်တဲ့အခါရွတ်
ဂုဏ်တော်အဓိပ္ပါယ် ဆက်ပွားတဲ့အခါ ပွားလိုက်တာပေါ့လေ။

သထုံရန်ကုန်ခရီးမှ မဟုတ်ပါဘူး။ ဘယ်ခရီးဝေးပဲသွားသွား ဘုရားတွေ့တိုင်း လက်အုပ်ချီပြီး နမောတဿ အနည်းဆုံး သုံးခေါက်ရွတ်ဆို ဘုရားရှိခိုးဖြစ်ပါတယ်။ ရန်ကုန်မြို့တွင်း သွားရင်း လာရင်း ရွှေတိဂုံဘုရား စသည်တွေ့တိုင်း တွေ့တိုင်းလည်း ဒီလိုပဲလုပ်ဖြစ်ပါတယ်။

ဒါက ဘာသာရေးနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အာာရုံပေါ့လေ။ ဘာသာရေးနဲ့ တိုက်ရိုက် မသက်ဆိုင်တဲ့ အာရုံဆိုရင်လည်း ဘာဝနာဖြစ်အောင်ပွားရမှာပဲ။ ဘာဘာဝနာရယ်လို့ မဆိုလိုဘူး။ ဗုဒ္ဓါနုဿတိ၊ မေတ္တာ၊ ကရုဏာ၊ အသုဘ အစရှိတဲ့သမထဘာဝနာပဲဖြစ်ဖြစ်၊မြင်တာကို
မြင်တဲ့အတိုင်း၊ ကြားတာကို ကြားတဲ့အ တိုင်း၊ နံတာ၊ စားတာ၊ ထိတာ၊ သိတာကို နံတ့၊ဲ စားတ့၊ဲ ထိတ့၊ဲ သိတဲ့အတိုင်း၊ အရှိ-အရှိအတိုင်းရှုမှတ်နေတဲ့ ၀ိပဿနာဘာဝနာပဲဖြစ်ဖြစ် ပွားလို့ရပါတယ်။

ဒါကြောင့် မြင်သမျှ၊ တွေ့သမျှ၊ ကြုံသမျှ၊ ဆုံသမျှ အာရုံတိုင်းကို ဘာဝနာဖြစ်အောင် မနေသူတွေရဲ့
ကြားမှာ ဘာဝနာဖြစ်အောင်နေပါ။ ဒီလိုယူလို့ မရဘူးလား။ ရတယ်နော် ဒါ့ကြောင့် ဆိုလိုက်ပါ။

မနေသူကြားမှာ နေမှသာ နေရာမြဲနိုင်သည်။
------------------------------------------------
- အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

(ရတနာဝါသကျောင်း )ဆိုဒ်မှတဆင့်ကူးယူတင်ပြဓမ္မဒါနပြုပါသည် ။

Shared from မြတ်ဗုဒ္ဓအလင်း (FB)

Monday, June 24, 2013

B.o.B - Nothin' On You [feat. Bruno Mars] (Official Video)

အသုဘ ခန္ဓာ အကြောင်း…

ခုတလော ကျနော် အနာကြီးရောဂါသည်တွေရဲ့ ကလေးများအတွက် ပညာရေး ထောက်ပံ့ဖို့ဆိုပြီး အလှူခံတွေ နေ့တိုင်း သွားကောက်နေရတယ်။ အဲဒီလို သွားရင်းလာရင်းနဲ့ စဉ်းစားမိတာတစ်ခုရှိတယ်။ အနာကြီးရောဂါ အကြောင်း ပေါ့။ တကယ်တော့ တို့ခန္ဓာကြီးကအနာကြီးတစ်ခုလိုပါပဲ။ တချိန်လုံး ပြည်ပုပ် တွေ ထွက်နေလိုက်တာ။ မျက်လုံးကလည်း ပြည်တွေ ထွက်တယ်၊ နှာခေါင်း ကလည်း တရွှဲရွှဲနဲ့၊ နားထဲ ကလော်ကြည့်ပါလား ။ဘာတွေ့လဲ ပြော..။ ပါးစပ် ကဆို အပုပ်ရည်တွေချည်းပဲနော်။ခန္ဓာက ထွက်လာသမျှ တစ်ခုမှ ကောင်းတာ မရှိပါလား။ ဒီတော့ ကိုယ့်ကိုကိုယ်တောင် ပြောမိတယ်။ အနာကြီးရောဂါသည် အစစ်က တခြားအနာကြီးရောဂါသည်တွေရဲ့ ကလေးတွေအတွက် ကောက် လိုက်ပါဦး လို့သာပြောပြီး ရန်ပုံငွေတွေ ရှာခိုင်းနေရတယ်။

ဒီတော့ ရေချိုးရင်းနဲ့ ဘာတွေးမိလဲဆိုတော့ တို့ ဒီအနာခန္ဓာကြီးကို ဖန်ဆေးပေးနေပါလားလို့။ ရေ အခါခါချိုးရင် ဖန်အခါခါဆေးတာပေါ့နော်။ ဒါလည်း လုံလောက်မှာ မဟုတ်ပါဘူး။ အချိန်ပြည့် ပြည်တစိုစို၊ ချွေးတစိုစိုနဲ့ အနာကြီးက ထုတ်ပေးနေတာလေ။ နောက် ရေချိုးပြီးလို့ သနပ်ခါးလိမ်းတယ်ဆိုရင်ပဲ ဪ.. ဒါ ဒီအနာကြီးကို ဆေးလူးပေးနေရ ပါလားလို့ တွေးမိပါရဲ့။ အင်္ကျီအဝတ်အစားဝတ်တော့ရော ဘာထူးလဲ။ ဒီအနာကြီးကို ကျပ်စည်းပေးရတာပေါ့။ ဒီ ကျပ်စည်းရတာကို ပဲ သောင်းချီ၊ သိန်းချီ အကုန်ခံပြီး ပြိုင်နေတာတွေ ရှိတယ်နော်။

သူ့ပတ်တီး၊ ငါ့ပတ်တီး ဘယ်ဟာက ဘယ်လောက်တန်တယ်ဆိုပြီးတော့လေ။ ဒီပတ်တီး ကိုမှ စိန်တွေ တပ်ပြီး ဂုဏ်ယူချင်နေကြသေးတယ်။ ဪ ဒုက္ခပါပဲ။ ပတ်တီးကလည်း တံဆိပ်အစုံထွက်တယ်နော်။ အကုန် ရောဂါသည် တွေချည်းပဲဆိုတော့ ပတ်တီးမပါလို့ မှ မရတာနော့။ အဲဒီတော့ ဒီတံဆိပ်တွေ အပေါ်မှာ လိုက်ပြီး မာန်တက်နေကြတာတော့ တော်တော့်ကို ဆိုးပါတယ်။ တချို့ကျ လည်း မလုံတလုံတွေဝတ်ပြီး ကိုယ့်ရဲ့စက်ဆုပ်ဖွယ် အနာကြီးကို ကြွားနေ လိုက်တာ။ ဒုက္ခ ဒုက္ခ။ ဒါကို အငမ်းမရ လိုက်ပြီး သရေယိုတာတော့ ပြည်ယိုနေတဲ့အနာကို သကာရည် ဖုံးတဲ့အပေါ် အညာမိနေကြတာနေမှာပေါ့။ မသိပါဘူး။ သနားလည်း သနားမိပါရဲ့။ ကဲ.. ထားပါတော့။

နောက် ထမင်းစား တယ်။ ဒါကတော့ ဒီအနာအတွက် ဆေးသောက်ပေးနေရတာ၊ ဓာတ်စာ ကျွေးနေရတာပဲမဟုတ်လား။ ဒီလိုဆေးလေးတွေ ပါးစပ်ကနေ အချိန်မှန် ကျွေးပေးမှ ပြည်ပုပ်တွေ ပြန်ထွက်လာမှာပေါ့။ ဒါကတော့ စွန့်ုထုတ်တာကို ပြောတာပါ။ ကဲ.. ဒါဆိုတစ်နေ့တနေ့ အနာကို ဓာတ်စာကျွေးလိုက် ခန္ဓာတွင်းက အညစ် အကြေးတွေ စွန့်လိုက်၊ ဖန်ဆေးလိုက်၊ ကျပ်စည်းလိုက်နဲ့ အားရတယ်ကိုမရှိပါဘူး။ ဒီိလို လုပ်ပေးနေတာတောင် ဒီအနာကြီး က သက်သာ ပျောက်ကင်း သလား ဆိုတော့ ဝေးပါသေးတယ်။ အသေဘက် ကို တစ်နေ့ တစ်နေ့ အမြန်ခုတ်မောင်းနေလိုက်တာ မောနေပါပြီ။ အခုဆိုရင် မရဏ ဘူတာကို ဆိုက်ရောက်ဖို့ သိပ်မလိုတော့ပါဘူးလေ။ ရောက်တော့မှာပါ့။ ခုလား ? ။ ခဏနေလား ? ။ မကြာမီလာမည် မျှော် ရမှာပေါ့နော်။

အော်.. ခုမှပဲ အနာကြီးဒုက္ခသည် အစစ်နဲ့ တွေ့ရတော့တယ်လို့ မှတ်ပါနော်။ ကဲ.. ဒီနေ့တော့ သူ့ကို ဖန်ဆေးပြီး ကျပ်စည်းမယ်၊ ပြီးရင် ဆေးလိမ်းပေးမယ်။ ဓာတ်စာ ကျွေးလို့ ပြည်ပုပ်အညစ်အကြေးတွေ ထုတ်ပေး ရမှာမို့ မအားရှာတဲ့ ကျနော့်အဖြစ်ကို နားလည်တဲ့အနေနဲ့ ဒီလောက်နဲ့ပဲ တော်ကြမယ် နော်။

စောသဇင်(မန္တလေး)
Reference: www.forverfriends.ning.com

လူ့ထက်တန်းစား ကျင့်ဝတ်များ... အပိုင်း (၁)


သုတ်ပါထေယျပါဠိတော်
သိင်္ဂါလောဝါဒသုတ်မှ ထုတ်နုတ်ချက်

အသိပေးလွှာ။ ။ ဆိုခဲ့ပြီးသော ဗျဂ္ဃပဇ္ဇသုတ်တော်၌ ပစ္စည်းဥစ္စာတို့ကို ရှာဖွေစုဆောင်းနည်းနှင့် ဝင်လာနည်း ထွက်သွားနည်းတို့ကို အထူးအားဖြင့် ဟောတော်မူ၏။ ထို့ကြောင့် ’’သူဋ္ဌေးဖြစ်ကြောင်း နည်းလမ်းကောင်း’’ ဟူသော ခေါင်းစဉ်ဖြင့် တင်ဆက်ခဲ့ပါသည်။ ဤသိင်္ဂါလောဝါဒသုတ်တော်ကား သူဋ္ဌေးဖြစ်ကြောင်းထက်ပိုသော လောကထဲဝယ် လူတစ်ယောက် ရှိသင့်ရှိထိုက်သော လိုက်နာသင့်လိုက်နာထိုက်သောကျင့်ဝတ်တရားတို့ကို ဟောကြားတော်မူခဲ့ပါသည်။ ထိုကြောင့် ဤသုတ်တော်ကို တင်ဆက်ရာ၌ ’’လူ့ထက်တန်းစား ကျင့်ဝတ်များ’’ အမည်ဖြင့် အပိုင်းလိုက် တင်ဆက်သွားပါမည်။ စောင့်မျှော်ဖတ်ရှုပါရန်။ (တစ်ဆင့်မျှဝေသူ- အရှင်ပုညဝံသ မဟာဂန္ဓာရုံ)

သိင်္ဂါလသတို့သား။ ။ သိင်္ဂါလသတို့သားသည် နဂိုက ဘုရားကို မကြည်ညို၊ ထို့နောက် ဘုရားရှင်၏ လောကကြီးပွားရေးတရားများကို ကြားရမှ ဘုရားကို ကြည်ညို၍ တရား သံဃာတော်ကိုပါ ကိုးကွယ်ဆည်းကပ်လေသည်။ ထိုသတို့သားအား ဟောတော်မူအပ်သော တရားတော်သည် ဗျဂ္ဃပဇ္ဇသုတ်၌ ပါပြီးသော တရားတော်များနှင့် တချို့ သဘောတူ၏။ ထို့ကြောင့် သဘောမတူသော တချို့ကျင့်ဝတ်များကို ထုတ်ပြပါမည်။

အဂတိမလိုက်ရ။ ။ ဘက်လိုက်ခြင်း မျက်နှာလိုက်ခြင်းကို ’’အဂတိဂမန- မလိုက်ထိုက်သည်ကို လိုက်ခြင်း- မပြုထိုက်သည်ကို ပြုခြင်း’’ဟု ခေါ်၏။ ထိုအဂတိသည် ’’ဆန္ဒာဂတိ ဒေါသာဂတိ မောဟာဂတိ ဘယာဂတိ’’ဟု လေးပါးရှိ၏။

ပစ္စည်းဝေရာ၌ ဘက်လိုက်ပုံ။ ။ နှစ်ယောက် သုံးယောက်မှ စ၍ အများဆိုင်ပစ္စည်းများကို ဝေဖန်ရာ၌ ချစ်သူအား ပို၍ ပေးခြင်းသည် ဆန္ဒာဂတိလိုက်ခြင်း မည်၏။
(ဆန္ဒ- ချစ်ခြင်းကြောင့်+ အဂတိ- ဘက်မလိုက်ထိုက်သည်ကို+ ဂမန- လိုက်ခြင်း)
မုန်းသူအား လျော့၍ ပေးခြင်းသည် ဒေါသာဂတိလိုက်ခြင်း မည်၏။ အနည်း အများ နားမလည် အဖိုးတန် မတန် နားမလည်သောကြောင့် တစ်ယောက်မှာ များ၍ အခြားတစ်ယောက်မှာ နည်းအောင် ဝေမိခြင်းသည် မောဟာဂတိလိုက်ခြင်း မည်၏။ ပို၍ မပေးလျှင် ရန်လုပ်မည့်အတွက် ကြောက်သောကြောင့် ပို၍ပေးလျှင် ဘယာဂတိလိုက်ခြင်း မည်၏။
(မိမိပိုင်ပစ္စည်းကိုကား အလိုရှိသလို ပေးနိုင်၏။ ချစ်သူအား ပေးခြင်းကြောင့် ဆန္ဒာဂတိလိုက်သည် မမည်။ သို့သော် မိမိသားသမီး မိမိ တပည့်တို့အား ဝေ၍ ပေးရာ၌ကား အဂတိ မလိုက်မိအောင် သတိထားရသေး၏။)

ရာထူးခန့်ရာ၌ ဘက်လိုက်ပုံ။ ။ လူကို ရာထူးခန့်ရမည့်ကိစ္စ၌ပင် ကိုက ချစ်နေသောကြောင့်ဖြစ်စေ လာဘ်လာဘပေးသည့်အတွက် ယခုမှ ချစ်သောကြောင့်ဖြစ်စေ ချစ်သူအား ရာထူးခန့်ခြင်း ရာထူးတိုးပေးခြင်းသည် ဆန္ဒာဂတိလိုက်ခြင်းမည်၏။ ပင်ကိုက မုန်းသောကြောင့်ဖြစ်စေ လာဘ်မပေးသောကြောင့်ဖြစ်စေ မုန်းသူအား ရာထူးမခန့်ခြင်း ရာထူးမတိုးခြင်း ရာထူးလျှော့ချခြင်းသည် ဒေါသာဂတိလိုက်ခြင်း မည်၏။ သူတို့၏ အရည်အချင်းကို မသိသောကြောင့် ခန့်သင့်သူ ရာထူးတိုးသင့်သူကို မခန့်ဘဲ မတိုးစေဘဲ မခန့်သင့် မတိုးသင့်သူကို ခန့်ခြင်း ရာထူးတိုးပေးခြင်းသည် မောဟာဂတိလိုက်ခြင်း မည်၏။ ကြောက်သောကြောင့် ရာထူးခန့်ခြင်း ရာထူးတိုးပေးခြင်းသည် ဘယာဂတိလိုက်ခြင်း မည်၏။

တရားဆုံးဖြတ်ရာ၌ ဘက်လိုက်ပုံ။ ။ တရားတွေ့သူနှစ်ဖက်တွင် နဂိုကဖြစ်စေ လာဘ်ကြောင့်ဖြစ်စေ ချစ်သူဘက်ကို အနိုင်ပေးခြင်းသည် ဆန္ဒာဂတိလိုက်ခြင်း မည်၏။ ရှေးက ရန်သူဖြစ်နေ၍ (သို့မဟုတ်) ယခုတွေ့မှ အပြောမတည့်၍ (သို့မဟုတ်) လာဘ်မပေး၍ မုန်းသောကြောင့် အရှုံးပေးခြင်းသည် ဒေါသာဂတိလိုက်ခြင်း မည်၏။ တရားအမှန်ကို နားမလည်၍ အရှုံးအနိုင်ပေးရာ၌ အမှားပေးမိခြင်းသည် မောဟာဂတိလိုက်ခြင်း မည်၏။ ကြောက်သောကြောင့် အနိုင်ပေးခြင်းသည် ဘယာဂတိလိုက်ခြင်း မည်၏။

အဂတိလိုက်ခြင်း မလိုက်ခြင်း။ ။ လဆုတ်ရက်များ၌ လ၏အရောင်သည် တစ်နေ့တစ်ခြား ဆုတ်ယုတ်ကာ နောက်ဆုံးနေ့၌ ကွယ်ပျောက်သကဲ့သို့ အဂတိလိုက်သူ၏ အခြွအရံနှင့် ဂုဏ်သတင်း ကျော်စောခြင်းလည်း တစ်နေ့တခြား ဆုတ်ယုတ်ကာ နောက်ဆုံး၌ တိမ်မြုပ်သွားရ၏။ လဆန်းရက်များ၌ လ၏အရောင်သည် တစ်ရက်ထက် တစ်ရက် တိုးတက်လာသကဲ့သို့ အဂတိမလိုက်သူ၏ အခြွေအရံနှင့် ဂုဏ်သတင်း ကျော်စောခြင်းလည်း တစ်နေ့ထက် တစ်နေ့ တိုးတက်၍ လာနိုင်ပေမည်။

မောဟာဂတိ၏ ကြောက်ဖွယ်။ ။ မိမိကိုယ်ကို ဘက်မလိုက်သူဖြစ်အောင် သတိထား၍ စောင့်စည်းလိုသူသည် ဆန္ဒ ဒေါသ ဘယအတွက် ထိန်းသိမ်းနိုင်ဖွယ် ရှိသော်လည်း မောဟအတွက်ကား မစောင့်စည်းနိုင်ချေ။ ထို့ကြောင့် ကိစ္စတစ်စုံတစ်ရာ ကြုံလာလျှင် အရင်းခံအကြောင်းကို သိအောင် စုံစမ်းပြီးမှသာ ပြုလုပ်ရသည်။ ထိုသို့ ပြုလုပ်နိုင်မှ အမှန်ကို ပြုလုပ်ရာရောက်၍ မောဟာဂတိမှ လွတ်မြောက်ပေလိမ့်မည်။ ထိုမျှလောက် ကြိုးစားပါလျက် လွဲသွားလျှင်ကား မိမိ စွမ်းနိုင်သောအရာ မဟုတ်တော့။

ယခုခေတ်ဖြစ်ပုံ။ ။ ယခုခေတ်၌ကား ဆန္ဒာဂတိမှစ၍ အဂတိလိုက်မှု ဘက်လိုက်မှုတွေ များလှသောကြောင့် ဆိုင်ရာအလုပ်ကိစ္စ၌ တာဝန်ယူရသူများပင် ဂုဏ်သတင်း ကျော်စောခြင်း ပျက်ပြယ်ကာ နောက်ဆုံး၌ တိမ်မြုပ်သွားကြရလေသည်။ ထို့ကြောင့် မိမိကိုယ်ကို ပါရမီရှင်ဟု အယူရှိသူတို့သည် မတတ်နိုင်သော မောဟမှတပါး အခြား အဂတိလိုက်မှုများ မလိုက်မိအောင် ရှောင်ကြရပေလိမ့်မည်။

မှတ်ချက်။ ။ ရာထူးပေးရာ၌ အရည်အချင်းရှိသူက မိမိစကားကို နားထောင်မည့်သူ မဟုတ်၊ မိမိအလုပ်ကို ကူညီမည့်သူ မဟုတ်သောကြောင့် ထိုသူ့ကို မပေးဘဲ မိမိအလုပ်ကို ကူညီမည့်သူအား ပေးခြင်းမှာ ဘက်လိုက်ခြင်းဟု မဆိုနိုင်ပါ။

Shared from Ashin Ponnyavamsa (FB)

“ဘုန်းကြီးမဝတ်ခင် သိသင့်တာလေးတွေ”



(ညီတော် နောင်တော် ရဟန်းများကို မေတ္တာဖြင့် တပည့်တော်ရဲ့ အတွေးအမြင်လေး မျှဝေပေးပါရစေ။)

“ရဟန်းတစ်ပါးဟာ ပစ္စည်း(၄)ပါးကို အဓိကထားရှာရင် ပစ္စည်း(၄)ပါးလည်း မရဘူး။ တရားလည်းမရဘူး။”

“ရဟန်းတစ်ပါးသည် တရားကို အဓိကထားရှာရင် ပစ္စည်း(၄)ပါးလည်း ရသည်။ တရားလည်းရသည်။”

ဆွမ်း၊သင်္ကန်း၊ကျောင်း၊ဆေး က ဒကာ၊ဒကာမ အလုပ်တွေပါ။
စာချတဲ့ သံဃာတော်က စာဘဲ့ချ၊ တရားကျင့်တဲ့ သံဃာတော်က တရားဘဲ့ကျင့် သေတဲ့အထိအဲဒီ အလုပ်ဘဲ့ လုပ်ကြပါ။ စာလုပ်တယ်ဆိုတာ တရားကျင့်တာပါဘဲ့ အတူတူပါ။

*ရဟန်းလောကက ပိုအရေးကြီးပါတယ်*

အရှင်ဘုရားတို့ -
"လူတွေဆိုတာက မြေပြင်ပေါ် လမ်းလျှောက်တာနှင့်တူတယ်"

"ရဟန်း၊သံဃာဆိုတာက သစ်ပင်ပေါ် လမ်းလျှောက်တာနှင့်တူတယ်"

မြေပြင်ပေါ် လမ်းလျှောက်တဲ့သူက လဲကျရင် အနည်းဆုံးပွန်းရုံပဲ့ရုံပါဘဲ။
သေလောက်အောင် မဖြစ်ပါဘူး။
သစ်ပင်ပေါ် လမ်းလျှောက်ပြီး ချော်ကျရင်
ခြေကျိုးလက်ကျိုး ဘဝပျက်ပြီး သေနိုင်သကဲ့သို့ 
လူ့လောကမှာ ကိုယ့်လုပ်စာကိုယ်စားပြီးတော့
မဟုတ်တရုတ်နေတဲ့ပုဂ္ဂိုလ်က ခံရလည်း အတော်အသင့်ဘဲ
ကိုယ့်လုပ်စာ ကိုယ်စားတာကိုး။

ရဟန်း၊သံဃာများကျတော့ သင်္ကန်းးဝတ်တဲ့ အချိန်ကစပြီး ဒကာ၊ဒကာမ လုပ်စာ စားရတာပါ။ ဒါကြောင့် ရဟန်း၊သံဃာများကျတော့ ပိုပြီးကိုယ့်ဟာကိုကြည်ညိုအောင်နေကြရတယ်။ ကိုယ့်ဟာကို မကြည်ညိုမိလို့ အပ္ပါယ်ကျရင် လူတွေထက်(၂)ဆ ခံရပါတယ်။ သူများ
ဟာတွေစား သူများဟာတွေ ဝတ်ထားလို့ ပါ။
(မေတ္တာရှင် ရွှေပြည်သာ)

Credit - ပရ ဟိတ ဒကာလေး

Shared from နှလုံးသားအာဟာရ (FB)