Wednesday, August 28, 2013

Post Type: Love

ကိုယ် အရမ်းချစ်တယ်ဆိုတာ သိရက်နဲ့ လမ်းခွဲချင်နေတဲ့
သူတစ်ယောက်ကို သင်က မဖြစ်မနေ သူ့ ရဲ့ လက်ကို ဖမ်းဆုပ်
ထားချင်နေသေးတာလား.......... ???

ဘယ်သူပဲ ဖြစ်ဖြစ် ကိုယ်ချစ်တဲ့သူ ဆီက နာကျင်မှုတွေ
ခံစားနေရသည့်တိုင် လက်လွှတ်ပေးလိုက်ရမှာတော့ အရမ်းကို
ခက်ခဲနေမိမှာပဲ...........

ဒါပေမဲ့ ကိုယ့်အချစ်တွေနဲ့ သူ မပျော်ရွှင်နိုင်တော့ဘူးဆိုတာ
သေချာနေရင်တော့ လွပ်လပ်ခွင့်ပေးလိုက်ပါ......သူ ပျော်ရွှင်ဖို့ 
အတွက်ပေါ့...............

သူလဲ ကိုယ့်လို ခံစားတတ်လာတဲ့ တစ်နေ့ စွန့် လွှတ်
ပေးလိုက်ရမှာ ကြောက်လို့ ဖမ်းဆုပ်ထားခဲ့ဖူးတဲ့ ကိုယ့်ရဲ့ လက်တစ်စုံကို
သူ နားလည်ခံစားပေးတတ်လာပါလိမ့်မယ်.........


Shared from အစုံသုပ် အသုပ်စုံ အကုန်သုပ် (FB)

Monday, August 12, 2013

အသည်းထိခိုက်စေသည့် အဓိက အကြောင်းရင်းများ



၁) အိပ်ရာဝင်နောက်ကျခြင်းနှင့် အိပ်ယာထနောက်ကျခြင်း
၂) နံနက်ပိုင်း ဆီးမသွားခြင်း
၃) အစားအလွန်အကျွံစားခြင်း
၎) နံနက်စာမစားခြင်း
၅) ဆေးအများအပြား သောက်သုံးခြင်း
၆) ယိုများ၊ ကြာရှည်ခံဆေးသုံးထားသည့် အစားအစာများ၊ အဖြည့်ပစ္စည်များ ထည့်သွင်းထားသည့် အစား အသောက်များ၊ ဆိုးဆေးသုံးထားသည့်အစားအစာများနှင့် အချိုမှုန့်များ အလွန်အမင်းစားသုံးခြင်း
၇) အရက်သောက်သုံးခြင်း
၈) ကျန်းမာရေးနှင့်မညီညွတ်သည့် ဟင်းချက်ဆီများ အသုံးပြုချက်ပြုတ်စားသောက်ခြင်း (အစားအစာ များကို ကြော်သည့်အခါ အကောင်းဆုံးဟင်းချက်ဆီဖြစ်သည့် သံလွင်ဆီကိုပင် တတ်နိုင်သမျှ အနည်းဆုံး ဖြစ်အောင် အသုံးပြုသင့်သည်.... သင့်ကျန်းမာရေးအလွန်ကောင်းနေသည့်အခါမျိုးမှလွဲ၍ ပင်ပန်းနွမ်းနယ် နေသည့် အခါတွင် ကြော်ထားသည့်အစားအစာများ မစားသုံးသင့်ပေ...)
၉) အစိမ်းအတိုင်း စားသုံးခြင်းနှင့် အနူးလွန်သောအစာများ စားသုံးခြင်းတို့သည်လည်း အသည်းကို ဒုက္ခပေးနိုင်သည်... အသီးအရွက်ကြော်များကို တစ်ထိုင်တည်းသာစားသင့်ပြီး မကုန်ပါက သိမ်းမထား သင့်ပေ... ကောင်းမွန်သည့်နေထိုင်မှုပုံစံနှင့် အစားအစာစားသုံးမှုအမူအကျင့်ကို ကျွန်တော်တို့ မွေးမြူရ ပေမည်... ကောင်းမွန်သည့် စားသုံးမှုအမူအကျင့်နှင့် အချိန်ကိုက်စားသုံးမှုကို ထိန်းသိမ်းလုပ်ဆောင်ခြင်း တို့သည် ကျွန်တော်တို့ ကိုယ်ခန္ဓာအတွက် အာဟာရဓာတ်များ စုပ်ယူနိုင်ရန်နှင့် မလိုအပ်သည့်ဓာတု ပစ္စည်းများဖယ်ထုတ်နိုင်ရန် အလွန်ကောင်းမွန်သည့် စီမံချက်တစ်ရပ်ပင်ဖြစ်ပေသည်...

Ref: General knowledge

Shared from http://mmforward.blogspot.sg/2013/08/blog-post_5615.html

Friday, August 9, 2013

အဝတ်သန့်ရသည့် အကြောင်းအရင်း


ညားခါစ လင်မယား နှစ်ဦး အိမ်သစ်ကို ပြောင်းနေပါတယ်။ မနက် စာ စားတိုင်း ဘေးအိမ် (အိမ်နီးချင်း) က အဝတ်ထွက်လှမ်းတာ ကို ပြတင်းပေါက် ကနေ အမြဲလှမ်းမြင်ရပါတယ်။ သူတို့ အဝတ် လှမ်းတာကို မြင်တိုင်း မယားဖြစ်သူက သူ့အမျိုးသား ကို အောက်ပါ အတိုင်း ရေရွတ်ပြောဆိုလေ့ ရှိပါတယ်။

"သူတို့ အဝတ်လျှော်တာ တစ်ထည်မှ မသန့်ရှင်းဘူး။ ဆပ်ပြာ ကောင်းကောင်း၊ ရေကောင်းကောင်း သုံးဖို့လိုတယ်"

ယောင်္ကျားဖြစ်သူကတော့ ဘာမှ ပြန်မပြောပဲ သူစားစရာရှိတာကိုသာ စားပါတယ်။ ဒီလိုနဲ့ တစ်လလုံး ဘေးအိမ်က လှမ်းတဲ့ အဝတ်ကို မနက် တိုင်း မြင်ပြီး အဝတ်စင်အောင် မလျှော်တတ်တာကိုပဲ ကြုံရင် ကြုံ သလို စကားထဲ ထည့်ပြောနေခဲ့မိပါတယ်။

တစ်ရက်ကျတော့ ထမင်းစားရင်း ပြတင်းပေါက် ကနေ လှမ်းကြည့်တော့ အိမ်နီးချင်းက အဝတ်တွေ သန့်ရှင်း အောင်လျှော် ဖွတ်ထားတာကို မယားဖြစ်သူက မြင်တွေ့ လိုက်ရပါတယ်။ ဒီတော့ အံ့သြစွာနဲ့ပဲ သူ့အမျိုးသားကို ယခုလို ပြောပါတယ်။

"ဟိုမှာတွေ့လား၊ အဝတ်တွေ သန့်သွားပြီ။ အဝတ်သန့်အောင် လျှော် နည်းကို ဘယ်သူသင်ပေးလိုက်လဲမသိဘူး။ အရင်ကလို မညစ်ပတ်တော့ဘူးပဲ"

ဒီတော့ အမျိုးသားက အောက်ပါအတိုင်းပြန်ပြောပါတယ်။

"အေး သန့်နေမှာမှာပေါ။ တစ်လလုံး ညစ်ပတ်နေတဲ့ ပြတန်းပေါက် မှန်ကို ငါမနေ့ညနေကပဲ သန့်ရှင်းရေး လုပ်ထားတာ"

--
--
သင်ခန်းစာ - လူတွေဟာ တစ်ခါတစ်ရံမှာ ကိုယ့်အမှားထက် သူများ အမှားကို ပိုမြင်ပြီး ထောက်ပြချင်ကြပါတယ်။ အကြောင်းကိစ္စ တစ်ခုကို ဝေဖန်ထောက်ပြဖို့ ဆုံးဖြတ်လိုက်တိုင်း မိမိဘက်က အမှားမရှိ အောင် အရင်ဆုံးဆင်ခြင် သုံးသပ်ရမှာပဲ ဖြစ်ပါတယ်။
-
Ref: knowledge-facts

Shared from Myanmar Advertising Page (FB)

Thursday, August 8, 2013

"ဘဝရဲ့ တစ်နေ့တာကို သိက္ခာ သုံးပါးနဲ့ ဖွင့်ပါ "

ပိုက်ဆံမကုန်တဲ့ သိက္ခာသုံးပါးကို ပွားများ အားထုတ်ရမှာပါ။
အထူးသဖြင့် သိက္ခာသုံးပါးကို ဖြည့်ကျင့်ပြီး ကိုယ့်ကိုယ်ကို အသစ်ပြန်တည်ဆောက်ရမှာပါ။
အသစ် တည်ဆောက်ဖို့ မိနစ် နှစ်ဆယ် စောထပါ။
သိက္ခာ သုံးပါး တည်ဆောက်တဲ့ နေရာမှာ မနက်အိပ်ရာထ ကိုယ်လက် သန့်စင်ပြီးတဲ့အခါ တည်ဆောက် တာက အကောင်းဆုံးပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ မနက်အိပ်ရာ ထစဆိုတော့ ဘာအာရုံမှမတွေ့ သေးပါဘူး။ ဒီတော့ အာရုံကြောင့်ဖြစ်တဲ့အကုသိုလ် မဝင် သေးပါဘူး။ အကုသိုလ်ဝင်မ လာသေးတဲ့ အတွက် စိတ်ကလည်း ကြည်လင် နေပါတယ်။ ဒါကြောင့် ကိုယ်လက် သန့်စင်ပြီးရင် ဘုရားခန်းထဲ တန်းဝင်လိုက်ပါ။

ဒါပေမယ့် လူတိုင်းလူတိုင်းဟာ အလုပ်ကိုယ်စီရှိကြတဲ့အတွက် မအားကြပါဘူး။ မအားတဲ့ကြားထဲက အချိန်ယူဖို့ ဆိုတာလည်း မလွယ်လှပါဘူး။ ဒါကြောင့် အချိန်ပို တစ်ခု ရဖို့အတွက် မနက်ကို မိနစ်နှစ်ဆယ် စောထ လိုက်ပါ။ မိနစ် နှစ်ဆယ်လောက်တော့ ကိုယ့်အတွက် အိပ်ချိန်ထူးပြီး မထိခိုက်ပါဘူး။ အိပ်ချိန် မထိခိုက်သလို မိသား စုအလုပ်၊ ကိုယ်ပိုင်အလုပ်ကိုလည်း မထိခိုက်တော့ပါဘူး၊ ဒါမှမဟုတ် မိနစ်နှစ်ဆယ် စောအိပ်ရာဝင်လိုက်ပါ။

ဒီတော့ ကိုယ်လက်သန့်စင်ပြီး တာနဲ့ ဘုရားခန်းထဲ တန်းသွားလိုက်ပါ။ ပြီးတော့ ဘုရားကို ဦးသုံးကြိမ်ချပြီး ငါးပါးသီလ ယူလိုက်ပါ။ ဦးချတာ သီလယူတာက သုံးမိနစ်လောက် ရှိပါလိမ့်မယ်။ ဒါဆို သီလသိက္ခာတည်သွား သလို သီလဝိသုဒ္ဓိ= သီလဖြူစင်သူလည်း ဖြစ်သွားပါပြီ။

နောက် - ဂုဏ်တော်ကို ငါးမိနစ်၊ မေတ္တာကို ငါးမိနစ်၊ မရဏာ နုဿတိကို နှစ်မိနစ်၊ ဝိပဿနာကို ငါးမိနစ် ပွါးလိုက်ပါ။ ဒါဆို အားလုံးပေါင်း မိနစ် နှစ်ဆယ်ရှိပါလိမ့်မယ်။

မိနစ်နှစ်ဆယ်အချိန်ပေးလိုက်တာနဲ့ ကိုယ့်ကိုယ်ကို အသစ် တည်ဆောက်ပြီးသား ဖြစ်သွားသလို သီလဖြူ စင်သူလည်းဖြစ်၊ သိက္ခာ သုံးပါးတည်သူလည်း ဖြစ်သွားတော့တာပါ။

လူဆိုတာ ကောင်းတာပဲဖြစ်ဖြစ်၊မကောင်း တာပဲဖြစ်ဖြစ် စွဲနေတတ်ပါတယ်။
ဘဝရဲ့ တစ်နေ့တာကို သိက္ခာ သုံးပါးနဲ့ ဖွင့်လိုက်ရတာဟာ ကိုယ့်ကိုယ်ကို သိပ်ကြည်ညိုဖို့ ကောင်းတာပါ။ ကိုယ့်ဘဝ အသစ်ပြန်တည်ဆောက်ဖို့ မိနစ် နှစ်ဆယ်လေးတော့ အချိန်ပေးသင့်ပါတယ်။

ရဝေနွယ်(အင်းမ)

မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့ အရိပ် (www.infinitydhamma.com)

"အရေးကြီးဆုံး အမြင်မှန်"

ဘုရားဟောတဲ့ ၀ိပဿနာဒေသနာတော်မှာ
ဒီခန္ဓာကိုယ်ကြီးရဲ့ ရုပ်ပိုင်းဖြစ်တဲ့ ဓာတ်ကြီးလေးပါးကို
သိဖို့ ကြိုးစားတဲ့ နေရာတောင်မှ အမှန်ကို
အမှန်အတိုင်းသိမှပဲ ရတယ်။ အထင်နဲ့ မရဘူး။
အဲသလိုပဲ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊
ဓမ္မာနုပဿနာပိုင်းကို ရောက်သွားရင် ကြာလေ
ပိုပြီးတော့ နက်နဲလေ ဖြစ်သွားပြီးတော့
ကိုယ့်စိတ်ထဲမှာ ဖြစ်နေတဲ့ သဘောအမှန်ကို
သေသေချာချာမြင်ရတာပဲ။
အမှန်ကို သိတဲ့ အသိဥာဏ် ဖြစ်လာတယ်။

စိတ်ထဲမှာ လောဘဖြစ်တယ်ဆိုပါတော့၊ အဲဒီ လောဘကို
ဖိဖို့ ဖုံးထားဖို့  မကြိုးစားပဲနဲ့  အဲဒီလောဘရဲ့  သဘာဝကို
သေသေချာချာကြည့်တာပဲ။ သေသေချာချာ
ကြည့်ပါများရင် အကြောင်းရှိမှ ဖြစ်တယ်၊
လောဘဖြစ်စရာ အာရုံတစ်ခုနဲ့ စိတ်နဲ့ တိုက်ဆိုင်မှု
ရှိတဲ့အခါ လောဘဖြစ်တယ် ဆိုတာကို
ကိုယ်တိုင် မြင်ရတယ်၊ ကိုယ်တိုင် သိရတယ်နော်။

အဲသလို ကြာကြာ ကြည့်တဲ့အခါမှာ ၊ အသိအမြင်
ရှင်းလာတဲ့အခါမှာ ဖြစ်လာတဲ့ စိတ်တောင်မှ သူ့ အကြောင်းနဲ့ သူ့ အကျိုး၊ သူ့ သဘောကို
သူဆောင်ပြီးတော့ ဖြစ်လာတဲ့ စိတ်ကလေးဆိုတာ
မြင်လာတယ်။ ငါ့စိတ် မဟုတ်တော့ဘူး၊
အင်မတန်ရှင်းတယ်။
အဲဒါ သိပ်အံ့သြဖို့ ကောင်းတယ်။

အဲသလို ကြည့်တဲ့အခါမှာ အဲဒီလောဘဖြစ်တဲ့ စိတ်ကိုပဲ
စိတ်ဝင်စားစရာ၊ အံ့သြစရာတစ်ခုအနေနဲ့  မြင်ရတယ်။
ငါ့စိတ်လည်း မဟုတ်တော့ဘူး။ စိတ်နဲ့ အာရုံတစ်ခုနဲ့ တိုက်ဆိုင်တဲ့
အခါမှာ ဖျတ်ခနဲ ပေါ်လာတဲ့ စိတ်ကလေး တစ်ခုပဲ။
တော်တော် အံ့သြဖို့ ကောင်းတယ်။

ငါ့စိတ်မဟုတ်တော့ဘူး ဆိုရင်ကိုပဲ အနတ္တသဘောဖြစ်သွားပြီနော်။
အနတ္တဥာဏ်နဲ့ မြင်နိုင်မှသာ ဘုရားသာသနာတော်မှာ အမြင်မှန်
တစ်ခုကို ရပြီလို့  ပြောလို့ ရတယ်။ အရေးကြီးဆုံး အမြင်မှန်
တစ်ခုကို ရသွားပြီ။

ဆရာတော် ဦးဇောတိက
(ကိုယ်နွမ်းသော်လည်း စိတ်မပန်းပါ-
သူ့ ကိုပြင်ချင်ရင် ကိုယ့်ကိုယ်ကို အရင်ပြင် မှ)

မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့ အရိပ် (www.infinitydhamma.com)

"Depression ဖြစ်တာ ဘာကြောင့်လဲ"



စားဝတ်နေရေး တကယ် အဆင်ပြေနေတဲ့ လူတွေကို
သေသေချာချာ အကဲခတ်ကြည့်။ တချို့  စားဝတ်နေရေး
အဆင်ပြေပြီး စိတ်မချမ်းသာတဲ့ လူတွေ အများကြီးရှိတယ်။
ဘာမှ လုပ်စရာလည်း မလိုတော့ဘူး။ စားဝတ်နေရေးက
တကယ်ပြည့်စုံတယ်။ ဒါပေမယ့် စိတ်မချမ်းသာဘူး။
အဲဒါ ဘယ်လို အဓိပ္ပါယ် ကောက်မလဲ။ (Spiritual Need)
စိတ်ရဲ့ မြင့်မြတ်မှု လိုအပ်ချက်က လိုနေပြီ။ အဲဒါ မရှိဘဲနဲ့ 
ဘ၀က အဓိပ္ပါယ် မရှိနိုင်ဘူး။

ဒါကြောင့် လောကီပညာလေး တတ်လာပြီ၊ အလုပ်အကိုင်လေး
ရှိလာပြီ၊ စားဝတ်နေရေးလေး ပြည့်စုံလာပြီဆိုရင်
ကိုယ့်စိတ်ရဲ့  (Spiritual Need) စိတ်ရဲ့ မြင့်မြတ်မှု လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့  လိုအပ်လာပြီ။
အဲသလိုမှ မလုပ်လို့ ရှိရင် ဘ၀ဟာ အဓိပ္ပါယ်မရှိဘူးလို့ 
ခံစားရတော့မယ်။ မလေးနက်ဘူး၊ အနှစ်သာရ မရှိဘူးလို့ 
ခံစားရတော့မယ်။

လူတော်တော်များများ Depression ဖြစ်တာ
ဘာကြောင့်လဲဆိုတော့
"ငါ့ဘ၀ဟာ အဓိပ္ပါယ်မရှိဘူး" လို့ ခံစားရလို့ ။
အဲသလို ခံစားနေရတာဟာ သူ့ ရဲ့  Spiritual Need ဆိုတဲ့
စိတ်မြင့်မြတ်မှု လိုအပ်ချက်ကို မရလို့ ဘဲ။
အဲသလို လူဟာ တရားအားထုတ်လိုက်လို့  စိတ်လေး
နဲနဲ ကြည်လင် သန့် ရှင်းပြီးတော့ မြင့်မြတ်သွားပြီဆိုရင်
သူ့ ဘ၀ကို သူ ပိုပြီး ကျေနပ်မယ်။

(Spiritual Need) စိတ်ရဲ့ မြင့်မြတ်မှု လိုအပ်ချက်က Demand
လုပ်တဲ့အခါ ၊ ဘယ်လို Demand လုပ်လဲ တောင်းဆိုလဲဆိုတော့
"ငါ့ဘ၀ကြီးက ပျင်းစရာကြီး၊ ငါ မပျော်တော့ဘူး။ စားစရာလည်း
ရှိတယ်၊ ၀တ်စရာလည်း ရှိတယ်၊ နေစရာလည်း ရှိတယ်၊ ဒါပေမယ့်
မပျော်ဘူး။" အဲဒါ သူ တောင်းဆိုတာပဲ။ ဒါပေမယ့် အဲဒါကို
အဓိပ္ပါယ် မကောက်တတ်ကြဘူး။

အဲဒီတော့ ပျင်းနေရင် ဘာလုပ်ရမလဲ။ ပျင်းနေရင်
ပျော်စရာရှာမှာပေါ့။ ပျော်စရာနောက်ကို လိုက်ရှာတယ်။
ဘယ်လောက်ရှာရှာ မပျော်ပြန်ဘူး။
ကြာရင် အဲဒီ ပျော်စရာကိုက စိတ်ညစ်စရာ ဖြစ်လာတယ်။ အဲဒါကြောင့် အဲဒါကို အဓိပ္ပါယ်ကောက်မှန်ဖို့ 
အင်မတန် လိုပါတယ်။

ဒါကြောင့် ငယ်ငယ်လေးတည်းက Spiritual Need ကိုပါ
နဲနဲလေး ဖြစ်ဖြစ် တွဲစေချင်တယ်။ ငါးမိနစ် ဆယ်မိနစ်ဖြစ်ဖြစ် နေ့ စဉ် ပုံမှန်လေး
တရားထိုင်စေချင်တယ်။ သွားရင်းလာရင်းဖြစ်ဖြစ် သတိလေး
နဲနဲ ကပ်စေချင်တယ်။ ငါ အခု ဘာတွေးနေလဲ၊ အခု စိတ်ထဲမှာ
ဘယ်လိုခံစားနေရလဲ ဆိုတာကို နဲနဲလေး ကြည့်တတ်တဲ့
အကျင့်လေး လုပ်စေချင်တယ်။

အဲသလို လုပ်တဲ့လူဟာ သိပ်ကြီးကြီးကျယ်ကျယ်
Depression တို့  ဘာတို့ မဖြစ်ဘူး။ တခါတလေ
အဆင်မပြေလို့  စိတ်ညစ်တာတော့ရှိတယ်။
ဒါပေမယ့် အဲဒါ reactive depression လို့ ခေါ်တယ်။
ခဏ အဆင်မပြေလို့ စိတ်ညစ်တာ သို့ မဟုတ်ရင်
ကိုယ့်မိဘတွေ ဆုံးသွားလို့  စိတ်ဆင်းရဲသွားတာမျိုး
ဒါတော့ ဖြစ်မယ်။ အဲဒါဟာ ရောဂါလို့ မခေါ်နိုင်ဘူး။
ဒါ reactive depression ပဲ။ အခြေအနေတစ်ခုကို
react လုပ်လိုက်တာပဲ။
အဲသလို မဟုတ်ဘဲနဲ့  ဘာမှ အကြောင်းမရှိဘဲ
ပျင်းလိုက်တာဆိုတာ ငြီးငွေ့ လိုက်တာ ဆိုတာ
spiritual need ကို လိုနေပြီဆိုတဲ့ အဓိပ္ပါယ်ပဲ။

ဆရာတော် ဦးဇောတိက
(ကိုယ်နွမ်းသော်လည်း စိတ်မပန်းပါ-
သူ့ ကိုပြင်ချင်ရင် ကိုယ့်ကိုယ်ကို အရင်ပြင် မှ)

မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့ အရိပ် (www.infinitydhamma.com)

Monday, August 5, 2013

မိန်းမစိတ်သဘောထား

၁) မနှိုင်းနဲ့

“သူ့မိန်းမက အိမ်ထောင်မှု ဘယ်လောက်ထိန်းနိုင်တယ်၊ သူ့ချစ်သူက ဘယ်လိုကြင်နာတတ်တယ်”လို့ ကိုယ့်မိန်းမ၊ ကိုယ့်ချစ်သူကို တစ်ခြားမိန်းကလေးတွေနဲ့ မနှိုင်းနဲ့။ ကိုယ်ချစ်တဲ့သူနဲ့ အတူနေခွင့်ရတာ မင်္ဂလာတစ်ပါးပါ။ မိန်းကလေးအများက ကိုယ်ချစ်တဲ့လူဆီက ကြားရတဲ့ ချီးကျူးစကား တစ်ခွန်းကို အခြားလူတွေဆီက ကြားရတဲ့ ချီးကျူးစကားတွေထက် ပိုတန်ဖိုးပါတယ်။

၂) လျှစ်လျှူမရှူနဲ့

မိန်းကလေးတွေရဲ့ ခံစားမှုအာရုံက လှုပ်ရှားလွယ်တယ်။ ကိုယ်ချစ်တဲ့လူနဲ့ ပတ်သက်လာရင် မကောင်းတဲ့ဖက် တွေးမြင်လွယ်တယ်။ သဝန်တို၊ အူတိုလွယ်တယ်။ ကိုယ်အခက်အခဲ ကြုံတဲ့အခါ သူ့ကို ဖွင့်ပြောတိုင်ပင်ပြီး မျှဝေခံစားမယ်။ သူဝမ်းနည်းအားငယ်တဲ့အခါ လက်ကို တင်းတင်းဆုပ်ကိုင်ပြီး အကြင်နာငွေ့တွေနဲ့ ကူညီအားပေးမယ်။ အလုပ်မသွားခင် ပုစဉ်းရေနား အနမ်းလေးနဲ့ နှုတ်ဆက်မယ်၊ အိမ်ရောက်ရင်လည်း ပြန်ရောက်ကြောင်း ပွေ့ဖက်နှုတ်ဆက်မယ်။ အဲဒီလိုကိုယ့်အတွက် အပန်းမကြီးတဲ့ နှုတ်ဆက်ခြင်းတွေ၊ အပြုအမှုတွေက မိန်းကလေးတွေအတွက် တစ်သက်လုံး တွေးတိုင်း ကြည်နူးစေနိုင်ပါတယ်။

၃) မျက်နှာထား မပြနဲ့

မိန်းကလေးတစ်ယောက်ကို ဒေါသမျက်နှာနဲ့ တင်းပြတတ်တဲ့ ယောက်ျားလောက် ကြည့်ရဆိုးတာ မရှိဘူး။ ကိုယ်က အပြင်မှာ မအားမလပ် စီးပွါးရှာနေသလို သူလည်း အိမ်မှုကိစ္စ၊ ကလေးတွေနဲ့ အလုပ်ရှုပ်နေတယ်ဆို သတိရပေးပါ။ နောက်ကနေ လိုအပ်သမျှ ဖြည့်ဆည်းပေးတဲ့ သူရှိလို့ အပြင်မှာ ကိုယ်စိတ်ချလက်ချ အလုပ်လုပ်နိုင်တယ်ဆိုတာ သတိရပေးပါ။ ကိုယ်အလုပ်က ပြန်ရောက်ရင် “ မိန်းမရေ.. ပင်ပန်းနေပြီလား” နဲ့ “ မပင်ပန်းပါဘူး.. အပြင်ထွက် အလုပ်လုပ်တဲ့ ယောက်ျားက ပိုပင်ပန်းတာ” ဆိုတဲ့ အပြန်အလှန် စကားပုံရိပ်တွေက လှပတဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ လူကို ကြည်နူးစေပါတယ်။

၎) ပြိုင်ကြတယ်

ယောက်ျားတွေက အလုပ်ပြိုင်၊ ရာထူးပြိုင်သလို မိန်းကလေးတွေလည်း ကိုယ့်ယောက်ျား၊ ကိုယ့်ကလေးအကြောင်း ပြိုင်တတ်ကြတယ်။ ဒါကြောင့် လူတွေရှေ့မှာ မိန်းကလေးတွေကို မဟောက်၊ မအော်ဘဲ အကြင်နာတွေ၊ ဂရုစိုက်မှုတွေ ပေးပါ။ တစ်ခြားမိန်းကလေးတွေ မနာလိုဝန်တို ဖြစ်စေလောက်တဲ့ အချစ်ကို ရထားတဲ့ မင်းသမီးလို့ သူ့ကိုယ်သူ ထင်မြင်အောင် ကြင်နာပြပါ။ သူဟာထက်မြက်တဲ့ မိန်းကလေးဖြစ်ခဲ့ရင် ကိုယ့်အပေါင်းသင်းရှေ့မှာလည်း ကိုယ့်ဟာ မိန်းမကိုဂရုစိုက် ကြင်နာသူအဖြင့် သူမျက်နှာသာ ပြန်ပေးပါလိမ့်မယ်။

၅) ကြည့်တတ်တယ်

မိန်းမလှလေးတွေ မြင်ရင် ယောက်ျားလေးတွေ ကြည့်တတ်ကြသလို ယောက်ျားလေး ချောချောတွေကို မြင်ရင်လည်း မိန်းကလေးတွေ ကြည့်တတ်ပါတယ်။ ဒါကို သဝန်တို၊ စိတ်တိုနိုင်ပေမယ့် ချောတဲ့ ယောက်ျားကိုကြည့်တဲ့ မိန်းကလေးရဲ့အကြည့်က ချောတဲ့မိန်းကလေးကို ကြည့်တဲ့ ကိုယ့်အကြည့်ထက် ရိုးသားပါတယ်။ မိန်းကလေးတွေ ကြည့်တဲ့အကြည့်က လှတဲ့ပစ္စည်းတစ်ခု၊ ပန်းချီကားတစ်ချပ်ကို ကြည့်ရှုခံစား သလိုပဲ ယောက်ျားလေးတွေလို ကြည့်ပြီး စိတ်ကူးယဉ်တာတွေ မပါပါဘူး။

၆) မရိုက်နဲ့

မိန်းကလေးတစ်ယောက်ကို ရိုက်တတ်တဲ့ ယောက်ျားလောက် အောက်တန်းကျတာ မရှိဘူး။ သူ့ကိုတကယ်ချစ်ရင် အပြန်အလှန် လေးစားမှုဆိုတာ ရှိသင့်တယ်။ လက်မပါသင့်ဘူး။ သူ့ကို မချစ်တော့ရင် ကိုယ့်နှလုံးသားကို ပြန်မေးကြည့်ပါ။ သူ့ကိုပျော်အောင် ဆက်ထားနိုင်မလား? တကယ်လို့ မထားနိုင်ခဲ့ရင် ဆုပ်ကိုင်မထားပါနဲ့။ လက်လွတ်လိုက်ပါ၊ သူ လွတ်လပ်ပါစေ။

၇) နူးညံ့ပါ

မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ပဲ ထက်မြက်နေပါစေ ယောက်ျားတစ်ဦးရဲ့ ဦးဆောင်ဆုံးဖြတ်မှုကို ပိုအလေးထားကြတယ်။ ဒါမှ ကိုယ့်အတွက် ဘေးကင်းလုံခြုံတယ်လို့ ထင်တတ်ကြတယ်။ မိန်းမတွေဟာ ယောက်ျားတွေရဲ့ နူးညံ့ သိမ်မွေ့တာကို မလွန်ဆန်နိုင်ဘူး။ တကယ်လို့ မိန်းမတစ်ယောက်ရဲ့ နူးညံ့သိမ်မွေ့မှုက ယောက်ျားတစ်ယောက်ကို ရင်ဆိုင်ဖို့ လက်နက်ဖြစ်ခဲ့တယ်ဆိုရင် ယောက်ျားတစ်ယောက်ရဲ့ နူးညံ့မှုက မိန်းကလေးအတွက် အဏှမြူပဲဖြစ်တယ်။ ဒါပေမယ့် မိန်းကလေးတွေမှာ မွေးရာပါ မိခင်စိတ်ရှိတာကြောင့် တစ်ခါတလေ ကိုယ့်ကို ကလေးလေးတစ်ယောက်လို အစစအရာရာ စိုးရိမ်စိတ်တွေပိုပြီး ဗျစ်တောက်ဗျစ်တောက် လိုက်ပြောမယ်။ အလိုလိုက်တတ်သလို၊ ဟိုဟာမလုပ်နဲ့ ဒီလိုလုပ်လို့ လိုက်စွက်ဖက်မယ်။ ဒါတွေကို အပြစ်မမြင် ဗွေမယူ၊ ဒေါသမထွက်ဘဲ နူးညံ့ပေးပါ။ သူဟာ မိခင်စိတ်ရှိတဲ့ မိန်းမသားဖြစ်နေလို့ပါပဲ။

၈) မိသားစုဟာ ပထမ

ယောက်ျားတွေဟာ အလုပ်ကို တာဝန်ယူရတယ်။ အလုပ်အတွက် စာရိတ္တ ကောင်းရတယ်။ အလုပ်ထဲမှာ ပျော်ရွှင်အောင် နေတတ်ဖို့နဲ့ အလုပ်ရဲ့ ကျေးကျွန်မဖြစ်ဖို့ သိတတ်ရတယ်။ အလုပ်လုပ်တာဟာ မိသားစု ပျော်ရွှင်ဖို့အတွက်၊ မိသားစု စားဝတ်နေရေးအတွက်ဆိုရင် ကိုယ်ချစ်တဲ့သူနဲ့ ကိုယ့်သားသမီးတွေ ပျော်ရွှင်ဖို့ ကိုယ်နဲ့အတူနေခွင့် အချိန်ကို မကြာခဏပေးပါ။

၉) ယောက္ခမဆိုတာလည်း မိဘပဲ

မိန်းမကို တကယ်ချစ်ရင် သူ့မိဘတွေကိုလည်း ချစ်ပါ။ စိတ်ထဲမှာ ဒါကိုယ့်မိဘတွေပဲလို့ ထည့်ထားပါ။ ယောက္ခမတွေကို ကိုယ့်မိဘအရင်းလို သဘောထားနိုင်ရင် သူတို့ကလည်း ကိုယ့်ကို သားအရင်းလို သဘောထားကြပါလိမ့်မယ်။ လူတွေက အသက်ကြီး အိုမင်းလာရင် ကလေးလေးနဲ့ တူသွားတတ်သတဲ့။ ဒါကြောင့် တစ်နေ့တစ်ခြား အိုမင်းလာတဲ့ ယောက္ခမ၊ မိဘတွေကို ကလေးတစ်ယောက် သဘောထားပြီး ဂရုစိုက်ပါ၊ ပြုစုပါ။ သူတို့ပျော်ရွှင်အောင် ချော့မြူပါ။ ကိုယ်လဲ တစ်နေ့နေ့မှာ အိုမင်းလာနိုင်တဲ့အတွက် ကြည့်မှန်တစ်ချပ်ကို ပြုလုပ်နေသလိုပဲ ကိုယ့်သားသမီးတွေ အတုယူနိုင်ဖို့ လူအိုတွေကို ဘယ်လိုဂရုစိုက် လေးစားရမယ်ဆိုတာကို သူတို့ သိမြင်ပါစေ။ ဒါမှ နောင်တစ်ချိန်မှာ ကိုယ့်ကို သူတို့ပြန်လေးစားပါလိမ့်မယ်။

၁ဝ) သစ္စာ၊ ယုံကြည်ခြင်း၊ ခွင့်လွတ်ခြင်း၊ နားလည်ခြင်း

လူနှစ်ယောက် ပေါင်းစပ်ဖို့ ဒါတွေ လိုအပ်ပါတယ်။ ကိစ္စတိုင်းကို ဖွင့်ပြော တိုင်ပင်သင့်တယ်ဆိုပေမယ့် တစ်ခါတလေ မတတ်သာတဲ့အချိန်မှာ ချိုသာတဲ့ မုသားကိုလည်း သုံးနိုင်ပါတယ်။ ပြဿနာတစ်ခုခု ရင်ဆိုင်ရပြီဆိုရင် မိန်းကလေးကို အပြစ်မတင်ခင် ကိစ္စတစ်ခုရဲ့ အတိမ်၊ အနက်ကို ဝေဖန်ပိုင်းခြားတတ်ဖို့ လိုပြီး ရှုထောင့် အဖက်ဖက်ကနေ အရင်ကြည့်ရှုခံစားပေးပါ။ မိန်းကလေးဖက်ကနေ ဝင်ရောက်ခံစားတတ်ဖို့လည်း လိုပါလိမ့်မယ်။ ကိုယ်ဟာ သူ့ရဲ့အချစ်ရဆုံးဖြစ်တဲ့အတွက် သူ့ကိုနားလည်ပေးပါ။ အားပေးပါ။ ခွင့်လွတ်ပေးပါ။

from : အေဒင်ဥယျာဉ်ဆိုက်

စိုးရိမ်မှုမှ လွှတ်မြောက်လိုသော်

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ညွှန်ပြသော နည်းဖြင့် ဝိပဿနာတရားအားထုတ်ကြသော ပုဂ္ဂိုလ်တို့သည် ထိုင်၍ရှုမှတ်သောအခါ ဖောင်းတယ် ၊ပိန်တယ် ၊ ထိုင်တယ်၊ထိတယ်၊ ဟု ရှုမှတ်ကြရပေသည်။ ရှုမှတ်နေရင်းပင် နာတာ၊ကျင်တာ၊ စသည်များဖြစ်ပေါ်လာသောအခါ နာတယ်၊ကျင်တယ်၊ စသည်ဖြင့် ရှုမှတ်ကြရပေသည်။ ရှုမှတ်နေရင်းပင် စိတ်ကူးကြံစည်မှုများဖြစ်ပေါ်လာသောအခါ စိတ်ကူးတယ်၊ကြံစည်တယ်ဟု ရှုမှတ်ကြရပေသည်။ ရှုမှတ်နေရင်းပင် နားကကြားလာသောအခါ ကြားတယ်ကြားတယ် ဟု ကြားကာမျှ မတ္တသဘောကို ရှုမှတ်ကြရပေသည်။

တစ်ထိုင်အတွင်းမှ သတိပဋ္ဌာန် (၄)ပါး ပါဝင်ပုံ

ဤသို့ရှုမှတ်ကြရာတွင် ဖောင်းတယ်၊ပိန်တယ်၊ထိုင်တယ်၊ထိတယ်ဟု ရှုမှတ်ခြင်းသည် ကိုယ်ကာယကို ရှုမှတ်ရသောကြောင့် ကာယာနုပဿနာ သတိပဋ္ဌာန် ဖြစ်ပေသည်။ နာတယ်၊ ကျင်တယ် စသည်ဖြင့် ရှုမှတ်ခြင်းသည် ဝေဒနာကို ရှုမှတ်ရသောကြောင့် ဝေဒနာနုပဿနာ သတိပဋ္ဌာန်ဖြစ်ပေသည်။ စိတ်ကူးတယ်၊ကြံစည်တယ်ဟု ရှုမှတ်ခြင်းသည် စိတ်ကိုရှုမှတ်ရသောကြောင့် စိတ္တနုပဿနာသတိပဋ္ဌာန်ဖြစ်ပေသည်။ ကြားတယ် ကြားတယ်ဟု ရှုမှတ်ခြင်းသည် ကြားကာမျှမတ္တသဘောတရားကို ရှုမှတ်ရသောကြောင့် ဓမ္မာနုပဿနာသတိပဋ္ဌာန်ဖြစ်ပေသည်။ ဤကဲ့သို့ တစ်ထိုင်အတွင်းမှာပင် သတိပဋ္ဌာန်တရား (၄)ပါးလုံး ပါဝင်နေပေသည်။

ဆက်ကာဆက်ကာရှုမှတ်၍ ဝိပဿနာသမာဓိဥာဏ်များအားရှိထက်သန်လာသောအခါ မြင်ရာ၊ကြားရာ၊နံရာ၊စားရာ၊တွေ့ထိစရာ၊ကြံစည်စိတ်ကူးရာတို့ ၌လည်းရှုမှတ်လို့ ရလာတက်ကြပေသည်။ ယင်းကဲ့သို့ (၆) ဋ္ဌာန၊ (၆) ဒွါရတို့၌ ရှုမှတ်လို့ရလာသောအခါ စိုးရိမ်မှုသောကများကို အပြီးတိုင်ပျောက်ကင်းသွားရအောင် ရှုမှတ်နိုင်ကြမည် ဖြစ်ပေသည်။

စိုးရိမ်မှု သောကတို့သည် ညာတိဗျသန=မိဘ ဆွေမျိုးတို့ ပျက်စီးခြင်း၊ဘောဂဗျသန=စည်းစိမ်ဥစ္စာတို့ပျက်စီးခြင်း၊ရောဂဗျသန=အနာရောဂါ ဖိနှိပ်စက်ခြင်း၊ သီလဗျသန=အကျင့်သီလပျက်စီးခြင်း၊ ဒိဋ္ဌိဗျသန=အယူကောင်း အယူမှန်ပျက်စီးခြင်းတို့ကြောင့် ဖြစ်ပေါ်လာကြရပေသည်။

ထိုဗျသနာတရား (၅)ပါးတို့နှင့်တွေ့ကြုံရသောအခါ အနာဂါမ်ရဟန္တာပုဂ္ဂိုလ်တို့မှတစ်ပါး အားလုံးသော ပုဂ္ဂိုလ်သတ္တဝါတို့သည် စိုးရိမ်မှုသောကများ ဖြစ်ကြရပေမည်။ ယင်းစိုးရိမ်မှုသောကများကို သတိပဋ္ဌာန်ဝိပဿနာဥာဏ်အခြေခံရှိကြသော ပုဂ္ဂိုလ်တို့သည်ရှုမှတ်၍ ကင်းပျောက်အောင် ပြုကြရပေသည်။

နာမရှုပ ပရိစ္ဆေဒဥာဏ်အဆင့်သို့ရောက်နေကြသော ပုဂ္ဂိုလ်တို့သည် ပြင်းထန်သည့်စိုးရိမ်မှုသောကများဖြစ်လာသောအခါ သင့်လျော်သည့် နေရာမှာထိုင်၍ မိမိစိတ်၌ ဖြစ်နေသည့် စိုးရိမ်သောကကို စိုးရိမ်တယ် စိုးရိမ်တယ် ဟု ရှုမှတ်လိုက်သည်ရှိသော် စိုးရိမ်နေတာကတစ်ခြား ထိုင်နေသည့်ရုပ်ကိုယ်ကြီးကတစ်ခြားဟု ကွဲပြား၍ သိလာကြပေသည်။

စိုးရိမ်နေခြင်းက သိတက်တဲ့ အတွက်ကြောင့် နာမ်တရားဖြစ်သည်။ ထိုင်နေသည့် ရုပ်ကိုယ်ကြီးက အာရုံကို မသိတက်သောကြောင့် ရုပ်တရားဖြစ်သည်ဟု သိလာတက်ကြပေသည်။ စိုးရိမ်နေသည့် ငါဆိုတာမရှိ၊နာမ်နှင့်ရုပ်သာရှိသည်ဟု သိခြင်းသည် နာမရူပ ပရိစ္ဆေဒဥာဏ်ဖြစ်ပေသည်။ နာမ်နှင့် ရုပ်ကွဲပြားအောင်ရှုမှတ်လိုက်သောအခါ စိုးရိမ်မှုသောကများ တဖြည်းဖြည်းလျော့ပါး၍ ပျောက်ကင်းသွားကြမည်ဖြစ်သည်။

ပစ္စယပရိဂ္ဂဟဥာဏ်အဆင့်သို့ ရောက်နေကြသောအခါ ပုဂ္ဂိုလ်တို့သည် ပြင်းထန်သည့်စိုးရိမ်မှုသောကများဖြစ်လာသောအခါ သင့်လျော်သည့်နေရာ၌ ထိုင်၍ မိမိစိတ်၌ဖြစ်နေသည့် စိုးရိမ်သောက ကို စိုးရိမ်တယ်၊စိုးရိမ်တယ် ဟု ရှုမှတ်လိုက်သည်ရှိသော် စိုးရိမ်သောကများက ရှေ့မှပေါ်ပေါ်ပေးနေ၍ မှတ်သိစိတ်က နောက်မှလိုက်၍ ရှုမှတ်နေရတာဖြစ်ပေသည်။

စိုးရိမ်သောများက အကြောင်းတရားများဖြစ်သည်။ မှတ်သိစိတ်က အကျိုးတရားဖြစ်သည်ဟု အကြောင်းနှင့် အကျိုးကို သိသွားကြပေသည်။ ဤကဲ့သို့ သိခြင်းသည် ပစ္စယပရိဂ္ဂဟဥာဏ်ဖြစ်ပေသည်။ ယင်းကဲ့သို့ အကြောင်းနှင့် အကျိုးကို ရူမှတ်လိုက်သောအခါ စိုးရိမ်သောကများတဖြည်းဖြည်းလျော့ပါး၍ ပျောက်ကင်းသွားကြမည်ဖြစ်ပေသည်။

သမ္မသနဥာဏ်သို့ ရောက်နေကြသော ပုဂ္ဂိုလ်တို့သည် စိုးရိမ်မှုသောကများကို စိုးရိမ်တယ် ၊စိုးရိမ်တယ်ဟု ရှုမှတ်လိုက်သည်ရှိသော် စိုးရိမ်သောကတို့သည် ပို၍ပို၍ စိုးရိမ်သွားကာ၊ ပြန်၍ပြန်၍ လျော့လာတာများကို တွေ့သိလာတက်ကြပေသည်။ စိုးရိမ်မှု သောကတို့သည်မမြဲ၊ပို၍ပို၍လည်း စိုးရိမ်သည်၊ပြန်၍ပြန်၍လည်းလျော့လာသည်ဖြစ်၍ မမြဲခြင်းအနိစ္စဖြစ်သည်ဟု အနိစ္စကိုသုံးသပ်၍ သိလာကြပေသည်။ ဤကဲ့သို့ အနိစ္စကို သိအောင်ရှုမှတ်လိုက်သောအခါ စိုးရိမ်မှုသောကများ တဖြည်းဖြည်းလျော့ပါး၍ ပျောက်ကင်းသွားကြမည်ဖြစ်ပေသည်။

ဥဒယဗ္ဗယဥာဏ်သို့ ရောက်နေကြသောပုဂ္ဂိုလ်တို့သည် စိုးရိမ်မှုသောကများကို စိုးရိမ်တယ် စိုးရိမ်တယ်ဟု ရှုမှတ်လိုက်သည်ရှိသော် စိုးရိမ်မှုသောကတို့သည် ပေါ်လာပြီးလျှင် ပျောက်ပျောက်သွားသည်များကိုတွေ့သိလာကြရပေသည်။ ပေါ်တာကဖြစ် ပျောက်ပျောက်သွားတာက ပျက်ပင်ဖြစ်ပေသည်။ ဤကဲ့သို့ ဖြစ်ပျက်ကိုမြင်အောင် ရှုမှတ်လိုက်သောအခါ စိုးရိမ်မှုသောကများ တဖြည်းဖြည်းလျော့ပါး၍ ပျောက်ကင်းမည် ဖြစ်ပေသည်။

ဘင်္ဂဥာဏ်သို့ရောက်နေကြသော ပုဂ္ဂိုလ်တို့သည်စိုးရိမ်မှုသောကများကို စိုးရိမ်တယ်၊စိုးရိမ်တယ်ဟု ရှုမှတ်လိုက်သည်ရှိသော် စိုးရိမ်မှုသောကတို့သည် ဖြစ်တာကို မတွေ့ရတော့ပါပဲ ကုန်ပျက်ကုန်ပျက်သွားသည်များကိုသာ တွေ့သိကြရပေသည်၊ ကုန်ပျက် ကုန်ပျက်သွားသည်များကိုကိုသာတွေ့သိရသဖြင့် မမြဲခြင်းအနိစ္စဟု သိလာကြပေသည်။

ကုန်ပျက်သည်များက လျင်မြန်လှသဖြင့် နှိပ်စက်နေသကဲ့သို့ဖြစ်၍ ဆင်းရဲခြင်းဒုက္ခဟုလည်း သိလာကြပေသည်။ ကုန်ပျက်နှိပ်စက်နေသည့် ဆင်းရဲခြင်း ဒူက္ခများကို မည်ကဲ့သို့မျှကာကွယ်၍မရ၊ သူ့သဘောအတိုင်း နှိပ်စက်နေသည်ဖြစ်၍ ကိုယ်အစိုးမရခြင်း အနတ္တတို့ကိုသိမြင်အောင် ရှုမှတ်လိုက်သောအခါ စိုးရိမ်သောကများ အလျင်အမြန်ပျောက်ကင်းသွားကြမည် ဖြစ်ပေသည်။

ဆက်ကာဆက်ကာရှုမှတ်၍ ဝိပဿနာသမာဓိဥာဏ်များ အဆင့်ဆင့်တိုးတက်လာသောအခါ အနိစ္စ၊ဒုက္ခ၊အနတ္တဥာဏ်အမြင်များ ရှေ့ကထက်ပို၍ ထက်သန်လာကြမည်ဖြစ်သည်။ ဤကဲ့သို့ ထက်သန်လာသောအခါ မိမိတို့၏ပါရမီအားလျော်စွာ သောတာပန်၊သကဒါဂါမ်၊အနာဂါမ်၊ရဟန္တာ အထိဖြစ်သွားကြမည်ဖြစ်ပေသည်။ စိုးရိမ်သောကများ အပြီးတိုင်ပျောက်ကင်းသွားကြမည် ဖြစ်ပေသည်။

သဒ္ဓမ္မရံသီရိပ်သာဆရာတော်

( ဒီနေ့ နေမကောင်းဖြစ်လို့ အိမ်မှာနားနေရင်း ဖတ်ဖြစ်တဲ့ ဆရာတော်ကြီးစာအုပ်ထဲမှ ကူးယူ ရိုက်နှိပ်ပူဇော်ပါတယ်)

အာလုံးစိုးရိမ်မှုမှ လွတ်မြောက်နိုင်ကြပါစေ

မေတ္တာဖြင့်
အောင်ပြည့်စုံအေး
၅.၈.၂၀၁၃

Friday, August 2, 2013

"အမေ သား မနက်ဖြန် ဘွဲ့ ယူရမှာနော်..."



"အမေ သား မနက်ဖြန် ဘွဲ့ ယူရမှာနော်..."

"အမေ သိပါတယ်သားရယ်... အဲ့ဒါကြောင့် လမ်းထိပ်က ဒေါ်ကျော့ ဆီမှာ
တောင် အမေ အိကျီ င်္အပ်ထားပါသေးတယ်...အမေ့ မှာ အကျီ အသစ်မရှိတော့ဘူးလေ..."

"ဟင်..အမေ ကလိုက်မလို့ လား... အိမ်မှာ အဖေ့ကိုစောင့်ဖို့ လူမရှိဘဲဖြစ်မှာပေါ့.... "

" သားအဖေက သက်သာနေပါပြီသားရယ်... ၀ှီးချဲ လေးနဲ့ ခေါ်သွားရင်ရပါတယ်...."

သား ဖြစ်သူစိတ် ညစ်သွားတယ်... ဒီလိုပွဲမျိုးကိုသူ့ မိဘတွေကို မခေါ်ချင်လို့ တော့မဟုတ်ပါဘူး.... ဈေးထဲမှာ ကြက်သားရောင်းပြီး စကားပြောရင် အော်ကျယ်အော်ကျယ် ပြောတတ်တဲ့  အမေ နဲ့  လေဖြတ်ပြီးလို့ နလန် ထူခါစ အဖေကို သူဒီလိုပွဲမျိုးကို ပွဲမထုတ်ချင်...
သူငယ်ချင်းတွေ ကြားထဲမှာလည်း မိတ်ဆက်ပေးဖို့ ခက်တယ်..
ဒါနဲ့ ဘဲ...မျက်နှာပျက်ပျက်နဲ့ သူ့ အမေ ကိုပြောလိုက်တယ်..

"မလိုက်ပါနဲ့ အမေရာ...ခန်းမထဲကို ၀ှီးချဲ လည်းဝင်လို့ ရတာမဟုတ်ဘူး..
အမေတို့ လိုက်လာလို့ လည်း ဘာမှထူးခြားသွားမှာမှမဟုတ်တာ...
သားတစ်ယောက်ထဲသွားမယ်..."

မိခင် ဖြစ်သူမှာ သားရဲ့ တဇွတ်ထိုးဆန်တဲ့ စိတ်ကိုသိလို့  နာကျင်မိတဲ့ စိတ်
ထဲက ဒဏ်ရာကို မျက်နှာပေါ်က အပြုံးနဲ့ ဖုံးပြီး..

"အေးပါကွယ်...သားလေးသဘောပါ...သားလေး ဘွဲ့ ရရင်ဘဲအမေတို့ ကျေ
နပ်ပါတယ်...အမေ အိမ်မှာဘဲ သားအဖေကို စောင့်နေလိုက်ပါ့မယ်..."

သား ဖြစ်သူလည်း ကျေနပ်ပြီး အိပ်ရာ စောစောဝင် ခဲ့တယ်....

မိခင် ဖြစ်သူမှာတော့ အိပ်ရာပေါ်မှာ အိပ်ပျော်နေတဲ့  ယောက်ျားကိုကြည့်ပြီး
မချိပြုံးလေးပြုံးခဲ့ရတယ်...

မနက်မိုးလင်းတော့ သားလေး စားဖို့ မိခင် ဖြစ်သူက မနက်စာကို အရင်က
ထက်ပို ဂရုစိုက်ပြင်ပေးထားတယ်... ဘွဲ့ သွားယူမှာဆိုတော့ ဗိုက်နာမယ့်အစားအစာတွေ မဖြစ်အောင်ဂရုစိုက်လို့ ပေါ့....

"သားရေ...မနက်စာအဆင်သင့်ဖြစ်ပြီနော်..."

"မစားတော့ဘူးအမေ သားသူငယ်ချင်းတွေနဲ့ ကျောင်းနားက စားသောက်ဆိုင်မှာ ချိန်းထားတယ်...အဲ့ မှာဘဲစားတော့မယ်... "

"အော်... အင်းပါ သားရယ်.. သားလေး ဓာတ်ပုံတွေ ရိုက်ခဲ့နော်..
မေမေတို့ ပြန်ကြည့်ချင်လို့ ..."

"ဟုတ်ကဲ့  ပါဗျာ.. သွားပြီနော်..."


ဒီလိုနဲ့ သားဖြစ်သူက သူငယ်ချင်းတွေနဲ့ ချိန်းထားတဲ့ စားသောက်ဆိုင်ရောက်တော့ လူတောင်တော်တော်စုံနေပြီ ...နာရီကိုကြည့်တော့လည်း ဘွဲ့ ယူဖို့ အချိန်က
တစ်နာရီလောက်လိုသေးတယ်ဆိုတော့ မနက်စာစားဖို့ မှာလိုက်တယ်...
သူငယ်ချင်းဖြစ်သူတွေကိုကြည့်တော့ တစ်ယောက်ထဲလာတဲ့ သူနဲ့ 
မိဘ ခေါ်လာတဲ့သူနဲ့ ပေါ့...အဲ့ အချိန်မှာ သူ့ ရဲ့ သူငယ်ချင်းတစ်ယောက်က
သူ့ အမေနဲ့ မိတ်ဆက်ပေးတယ်..

" ဟေ့ကောင်..ဒါငါ့အမေလေ ငါဘွဲ့ ယူတာ လိုက်လာခဲ့ ပေးတာ...
အမေ ဒါက သားသူငယ်ချင်းပါ..."

မိတ်ဆက်ပေးတဲ့ သူငယ်ချင်းအမေကို လက်ဆွဲနှုတ်ဆက်တော့ အဒေါ်
ကလည်း ပြန်လက်ဆွဲနှုတ်ဆက်တယ်..ဒါပေမယ့် ညာဘက်လက်နဲ့ တော့မဟုတ်ဘူး ဘယ်ဘက်လက်နဲ့ ဆိုတော့
ကောင်လေး မှာ ထူးဆန်းပြီး ညာဘက်လက်ကို ကြည့်လိုက်မိတယ်...

"ဟင်... အဒေါ့်လက်မှာ ပတ်တီး နဲ့ ပါလား ဘယ်လိုဖြစ်တာလည်း..."

ဒါနဲ့ ကောင်လေး သူငယ်ချင်းက ၀င်ဖြေတယ်...

"ဒီလိုကွ...ငါ့အမေ က ဈေးထဲမှာ ငါးရောင်းတာ...အဲ့ ဒါမနေ့ က၀ယ်တဲ့ သူကို
ငါးကိုင်ပေးတာလေ လက်ကို ဓားထိသွားတာ....အဲ့ ဒီ့ဒဏ်ရာနဲ့ ညက အဖျားတွေ တက်လို့ ကွာ..ငါ့မှာစိတ်ပူလိုက်တာ..ဒီမနက်မှ ပြန်ကောင်းလာတာ....
ဒါတောင် မလိုက်ဘူးလုပ်နေတာ...ငါကအတင်းခေါ်လာလိုက်တာလေ...
ငါ့ကိုခုလိ ဘွဲ့ ခန်းမထဲရောက်အောင်ငါ့အမေ ကဈေးထဲမှာ
ငါးေ၇ာင်းပြီး ကျောင်းထားခဲ့ တာကွ....ဒါနဲ့ မင်းအမေနဲ့ အဖေ ရောမတွေ့ ပါလား..."

ကောင်လေး မှာ သူ့သူငယ်ချင်းရဲ့ စကားတွေကို ကြားပြီး နောင်တတွေ များစွာနဲ့ ...

"အော်...အင်း နောက်...နောက်မှာ လိုက်လာတယ်ကွ.... ငါ့ကိုခဏ ခွင့်ပြူပါဥိးကွာ ... မင်းတို့ ဘွဲ့ ခန်းမကဘဲစောင့်နော်..."

စကားလည်းဆုံး ကားလမ်းမကို ထွက်ပြီး Taxi တစ်စီးငှားပြီး အိမ်ပြန်ခဲ့ တယ်...


အိမ်ပေါ်ရောက်တော့ တံခါးကြီးဖွင့်ထားတာတွေ့ တော့ အမေ နဲ့ အဖေ ခန်းကို ၀င်ဖို့ လုပ်တုန်း အခန်းထဲကအသံကြားမိတယ်...

"ဖေကြီး ရေ သားကတော့ ဘွဲ့ သွားယူပြီတော့.... ကျွန်မ ကတော့ ဘွဲ့ ခန်းမ
ကိုမလိုက်ရလည်း သားနဲ့ အတူတူရှိနေသလို အိကျီ င်္အသစ်တွေဝတ်ထားတယ်...ရှင့်ကိုလည်း တိုက်ပုံ အသစ်ဝတ်ပေးထားတာတွေ့ လား..."

"တွေ့ ပါတယ် မေကြီးရာ......သားလေးပြန်မလာခင်တော့ ငါတို့ တွေ အိကျီ င်္လဲရမယ်နော်...တော်ကြာ အဖေနဲ့ အမေ က အဖြစ်သည်းတယ်လို့ ပြောနေပါဥိးမယ်ကွာ..ဟားဟားး"

"ဟုတ်ပတော့....သားလေးက ရှင့်ကို စိတ်ပူပြီး ကျူပ်ကို မခေါ်တာတော့...
သူ့ အဖေ တစ်ယောက်ထဲ ဖြစ်နေမယ်တဲ့ ...အဲ့ တော့မှ ကျုပ်လည်း ရှင့်ကိုသတိရပြီး နေခဲ့လိုက်တာ....သားလေးသာသတိမပေးရင်
ရှင်တစ်ယောက်ထဲကျန်ခဲ့ မှာသိလား....သားလေကို ရှင်ကျေးဇူးတင်...."

"အေးပါကွာ....အေးပါ...... အင်း ငါတို့ သားလေး ဘွဲ့ ရပညာတတ်ဖြစ်ပြီနော်..."

ထိုစကားတွေ ဟာ ကောင်လေးရင်ကို သံချွန်နဲ့ ထိုးလိုက်သလိုဘဲ...
မခေါ်ချင်လို့ ထားခဲ့တဲ့  မိဘ နှစ်ပါးက အပြစ်မမြင်တဲ့ အပြင်
အမေ ကငါ့အပြစ်ကို မသိသလိုပါလား.....
ဒါနဲ့ အခန်းထဲဝင်ပြီး...

"အဖေ နဲ့ အမေ "

"ဟင် ..သား ဘွဲ့ ယူပြီးပြီလား မြန်လိုက်တာ..."

မိဘ နှစ်ပါးမှာ အ၀တ်အစားအသစ်တွေနဲ့ မို့ လို့ မနေတတ်မထိုင်တတ်...
သားလေး မေးလာရင်ဘယ်လို ဖြေရပါ့လဲ လို့ တွေးနေချိန်...

"အဖေနဲ့ အမေ ကို လာခေါ်တာပါ.... ဘွဲ့ ခန်းမ မှာအဖေနဲ့ အမေတို့ အတွက် နေရာရှိသလို....သားရင်ထဲမှာလည်းအမြဲနေရာရှိပါတယ်...သားကို ခွင့်လွှတ်ပါနော်...."

မိဘ နှစ်ပါးရှေ့ မှာ ထိခြင်းငါးပါးနဲ့ ရှိခိုးမိတယ်...
မိဘ နှစ်ပါးကတော့ ၀မ်းသာနဲ့ မျက်ရည်စတွေနဲ့ ဆုတွေပေးလို့ ..............


(မိဘ ဆိုတာ ကမ္ဘာပေါ်မှာ အောက်တန်းအကျဆုံး အလုပ်လုပ်နေရင်တောင်
အဲ့ ဒါဟာ သူတို့ အတွက်မဟုတ်ပါဘူး...သူတို့ သားသမီးတွေ အတွက်ပါ...
သူတို့ သားသမီးတွေအတွက်ဘဲ မလုပ်ချင်တဲ့ အလုပ်တွေလုပ်နေရတာပါ..)

တစ်ကယ်တော့ လောကမှာ အစားထိုး လို့ မရတဲ့ အရာတွေထဲမှာ
မိဘဟာ နံပါတ်တစ်ပါ....

Credit - အ လွမ်း ညည်း သူ

Jay Ki


Shared from နှလုံးသားအာဟာရ (FB)

Thursday, August 1, 2013

*** B ပိုး C ပိုး သမားတွေ အတွက် သတင်းကောင်း ***



ဒီပုံမှာပါတဲ့ အရွက်ကတော့ ဗိန္ဒောဆေးအခေါ် *ဣဿရမူလီ* လို့ခေါ်တယ်။
ဦးဟုတ်စိန်အဘိဓာန်မှာတော့ The Indian Brithwort (*Atistolochia indica)* သာမည ဣဿရီ တဲ့။
ရှမ်းဘာသာကတော့ ၀မ်လီနုတ်ယုံး *(၀၊ခ်ေလီခေူဂ့်ယုင်း*) လို့ခေါ်ပြီး တရုတ်အခေါ်ကတော့ *ခုံ့ရှော့တန်း* လို့ခေါ်တယ်။
အပင်ကတော့ အစိမ်းရောင် နွယ်ပင်တစ်မျိုးပါ။ ခွာညို၊ ခွာဖြူပန်းလို အိမ်မှာ အလှစိုက်ထားလေ့ရှိတယ်။
အပွင့်က ဥဒေါင်းငှက်နဲ့ ဆင်တူပြီး အဖြူ။ အ၀ါ၊ အစိမ်း၊ ခရမ်းရောင် အနဲငယ်သမ်းနေတယ်။
အသီးကတော့ ကင်းမွန်သီးလို ခပ်ဆင်ဆင်ဖြစ်ပြီး အရစ်(အရေးအကြောင်း) အမြောင့်ပါတယ်။ အရွက်ရဲ့ အရသာကတော့ နဲနဲဖန်သလိုလို၊ ကွမ်းရွက်ကဲ့သို့လဲ အနည်းငယ် ရှိန်းသလိုလိုဖြစ်ပြီး အရသာပေါ့တယ်။
ဘီပိုးရောဂါ၊ စီပိုးရောဂါရှိသူများအတွက် မကြာခင်က သိရတဲ့ ဆေးကောင်းတစ်လက်ပါ။
ဒီဆေးအကြောင်းကို မန္တလေး၊ ကျွဲဆည်ကန်နေ နန်းမွေဖေါင် (2nd Year Law) ကနေတဆင့် သိရခြင်းပါ။
သူမအဖေရဲ့ မန္တလေး မိတ်ဆွေတစ်ဦး ဘီပိုးရောဂါဖြစ်ပြီး ယိုးဒယား၊ စင်္ကာပူအထိ သွားကုတာ သိန်းပေါင်းများစွာ ကုန်ပေမယ့် ရောဂါက မပျောက်ဖြစ်နေတယ်။

စိတ်ပျက်ပျက်နဲ့ မန္တလေးကိုရောက်တော့ မိတ်ဆွေ တစ်ယောက်က ဣဿရမူလီ ကို သုံးကြည့်ခိုင်းတယ်။
သူလည်း (၃)လလောက် အဲဒီအရွက်ကို အစိမ်းလိုက် တစ်နေ့ (၃)ခါ၊ တစ်ခါ လေးရွက် ငါးရွက်လောက် ၀ါးစားပြီး ရေသောက်လိုက်တယ်။
နောက်ပိုင်း သူ့ရဲ့ အသားအရေလည်း အရင်လို နီကြောင်ကြောင် နီရဲရဲ မဟုတ်တော့ပဲ အသားအရည်တွေ ၀င်းလာတယ်။ ကြည်လာတယ်။
ကျန်းမာရေးလည်း တော်တော်ကောင်းလာတာတွေ့ရတယ်။ နောက် (၅)လ ကြာတော့ သူယိုးဒယားကို ဆေးစစ်သွားတော့ ဟိုကဆရာဝန်တွေက အံ့သြစွာနဲ့ သူ့ရဲ့ ဘီပိုးရောဂါ လုံးဝပျောက်သွားကြောင်း၊ ဘာဆေးတွေ သုံးကြောင်း မေးလာတော့ သူက တိုင်းရင်းဆေး ဣဿရမူလီ ဆေးကိုသုံးကြောင်း ပြောလိုက်တယ်။
အခု သူကျန်းကျန်းမာမာပါပဲ။
*ဆေးသုံးစွဲနည်း*
(၁) အကောင်းဆုံးကတော့ အရွက်စိမ်းကို ၀ါးစားပြီး ရေသောက်တာ ပိုထိရောက်တယ်။ (၂) သုံးခွက် တစ်ခွက် ကြိုသောက်ရင်လည်း ရပါတယ်။ (၃) အရွက်ကို အခြောက်လှမ်းပြီး လက်ဖက်ရည် သောက်သလိုမျိုး သောက်ရင်လည်း ရတယ်တဲ့။
ဓါတ်ပုံကို လားရှိုးမြို့ ရပ်ကွက် (၆) ရွှေလီကျောင်းအနီး၊ ဒေါ်နန်းရွှေကျောင်းအိမ်မှာ သွားရိုက်ထားခြင်းဖြစ်တယ်။
ဣဿရမူလီ မှတဆင့် ဘီပိုးအတွက် စီပိုးအတွက် ဆေးကောင်းတစ်လက်အဖြစ် ဆက်လက် တိုးတက်အောင် ဖေါ်ဆောင်နိုင်ပါစေ။
*သင်ရဲ့ မိတ်ဆွေထံ ဆက်လက် လက်ဆင့်ကမ်းပြီး ဘေသဇ္ဇဒါန (ဆေးအလှူ) အဖြစ် ကုသိုလ်ယူကြပါရန် . . . . *

မေတ္တာဖြင့်
တောင်တန်းသာသနာပြုဆရာတော်
စ၀်ဆုခမ်း (တန့်ယန်း)
သတင်းစုံလင် ဖေ.ဘုတ်တခွင်

Reference: စိတ်ကူးပျော်ရာ