Thursday, September 5, 2013

သေချင်လောက်အောင်ထိ ဆိုးနေတဲ့ကံကို ပြုပြင်နည်း


သေချင်လောက်အောင်ထိ ဆိုးနေတဲ့ကံကို ကုသိုလ်၅-မျိုးနဲ့ ပြုပြင် ယူလို့ရပါတယ်။ တိုက်တွန်းစကားအနေနဲ့ ပြောရရင်တော့ သေချင်လောက်အောင် ဆိုးနေတဲ့ကံကို ကုသိုလ် ၅မျိုးနဲ့ နေ့စဉ်ပြုပြင် ပစ်လိုက်စမ်းပါ။ ဆိုးနေတဲ့ကံ ” နင်နေ ငါသွား ” ဖြစ်သွား ပါလိမ့်မယ်။

အဲဒီကုသိုလ် ၅မျိုးကတော့

၁။ ဒါန
၂။ သီလ
၃။ ဂုဏ်တော်
၎။ မေတ္တာ
၅။ ၀ိပဿနာ

တို့ ဖြစ်ပါတယ်။

အဲဒီကုသိုလ် ၅မျိုးကို နေ့စဉ် ဖြစ်စေရမယ်လို့ အဓိဋ္ဌာန်ပြီး နေ့စဉ် ပြုလုပ် သွားဖို့ပါပဲ။

ငါးမျိုးကုသိုလ် ဘယ်လိုပြုရမယ်။

ဒါန

ပထမဆုံးကုသိုလ်က ဒါန ပါ။ ဒါနဆိုတဲ့နေရာမှာ ရှင်၁သောင်းပြုပေးနိုင်မှ။ ကျောင်းကြီးတွေ ဆောက်လုပ်လှူဒါန်းနိုင်မှ ဒါန မဟုတ်ပါဘူး။ အိမ်မှာရှိတဲ့ ဘုရားကို ရေချမ်း ကပ်လိုက်မယ် ဆိုလည်း ဒါန ဖြစ်သွားတာပါပဲ။ နောက် ကိုယ်ထမင်းချက်မယ့် ဆန်ထဲက လက်တစ်ဆုတ်စာလောက်နှိုက်ပြီး အိမ်ရှေ့က စာကလေးတွေ ခိုကလေးတွေကို ပစ်ကျွေးလိုက်မယ်ဆိုရင်လည်း ဒါနဖြစ်သွားတာပါပဲ။ ဆန်လက်တစ်ဆုတ် လောက်နဲ့တော့ မိသားစု ထမင်းဝိုင်းကို သိပ်ပြီးလည်း မထိခိုက်စေပါဘူး။ နေ့စဉ် လက်တစ်ဆုတ် စာလောက် စာကလေးတွေကို ကျွေးနေမယ် ဆိုရင်လည်း ကိုယ့်ဝန် ကိုယ့်အားနဲ့ မျှတဲ့ ဒါန ဖြစ်နေတာပါ။

သီလ

ဒုတိယက သီလ ပါ။ သီလမှာလည်း လောကီ ထဲမှာနေတဲ့ လူတစ်ယောက် အတွက် ငါးပါးသီလလောက် လုံခြုံအောင် စောင့်ထိန်း လိုက်နိုင်တယ် ဆိုရင်ပဲ တော်တော် လုံလောက်နေပါပြီ။ တစ်ဆင့်တက်ပြီး ဥပုသ်နေ့တွေမှာ ၈ပါးသီလ၊ ၉ပါးသီလကို စောင့်ထိန်း နိုင်ရင်တော့ အကောင်းဆုံးပေါ့။ သီလကို စောင့်ရှောက်တဲ့အတွက် သီလကလည်း ကိုယ့်ကို သူ့သတ္တိ အားလျော်စွာ ပြန်စောင့်ရှောက် ပါလိမ့်မယ်။

ဂုဏ်တော်

တတိယက ဂုဏ်တော်ပါ။ ဂုဏ်တော် ၉-ပါးထဲက ကိုယ်နှစ်သက်ရာ တစ်ခုခုကို ပွားလို့ရပါတယ်။

အရဟံဂုဏ်တော်ကိုပဲ …
အရဟံ = ပူဇော်အထူးကို ခံယူထိုက်သော မြတ်စွာဘုရား၊
အရဟံ = ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား၊
အရဟံ = ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား၊
လို့ ပွားများရပါတယ်။

အရဟံ ဆိုတဲ့ ပါဠိလေးရယ်။ အရဟံရဲ့ နောက်က အနက်သုံးမျိုးရယ်က ပွားလို့ ဆင်ခြင်လို့ သိပ်ကောင်းတဲ့ ပါဠိနဲ့အနက်လေးတွေပါ။

ဂုဏ်တော်ပွားတဲ့အတွက် ဂုဏ်တော်က သူ့သတ္တိအားလျော်စွာ ပြန်စောင့်ရှောက်နေ ပါလိမ့်မယ်။

မေတ္တာ

စတုတ္ထက မေတ္တာပါ။ မေတ္တာပွားတဲ့နေရာမှာ ပွားနည်းတွေကတော့ သီသန့်အကျယ်ကို ရှိပါတယ်။ စာရေးသူရဲ့ မေတ္တာ အတွေးများ စာအုပ်မှာလည်း ပွားပုံ ပြည့်ပြည့်စုံစုံ ရေးပြထားပါတယ်။

မေတ္တာပွားတဲ့ နေရာမှာ အဓိက အကြံပေးချင် တာတော့ ပထမ ကိုယ့်အပေါ် ကျေးဇူးရှိတဲ့ ကျေးဇူးများတဲ့ လူပုဂ္ဂိုလ်အားလုံးကို တစ်ယောက်ချင်း ကုန်အောင်ပွားပါ။ ပြီးရင် နတ်ကောင်း နတ်မြတ်တွေ၊ ကိုယ်စောင့်နတ်-အိမ်စောင့်နတ် ကစပြီး၊ လမ်းမြို့နယ်၊ မြို့၊ နိုင်ငံကို စောင့်ရှောက်နေကြသော နတ်ကောင်း နတ်မြတ်တွေ အားလုံး ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ကင်းပါစေ၊ အစစအရာရာ အဆင်ပြေ ပါစေ… စသည်ဖြင့် ပေါ့လေ။

ဝိပဿနာ

နောက်ဆုံးက ၀ိပဿနာပါ။ ၀ိပဿနာ ကတော့ ကိုယ်အားထုတ်ဖူးရာ-ကိုယ်သန်ရာ သန်ရာ ကိုယ့် အာစရိယ ၀ါဒအတိုင်း မှတ်ယူလို့ ရပါတယ်။

(မည်သည့် တရားစခန်း မည်သည့် အာစရိယ၀ါဒမျှ သင်ကြားထားခြင်း မရှိသူများအဖို့ အစပိုင်းတွင် တင်ပလ္လင်ခွေ(ထက်ဝယ်ဖွဲ့ခွေ)ထိုင်၊ ဘယ်လက်ပေါ် ညာလက်ထပ်တင်၊ ခါး-လည်ပင်း-ဦးခေါင်းကို မတ်မတ်ထား၊ အသက်ကို ပုံမှန်ရှူလျှက် ၀င်လေ၀င်လာလျှင် ၀င် လာ သည်ဟု သိပေး၊ ထွက်လေ ထွက်သွားရင် ထွက်သွားသည်ဟု သိပေးခြင်းဖြင့် မိမိစိတ်ကို ထိုထိုနှာသီးဝသို့သာ စူးစိုက်ရောက်ရှိစေရန် ပဏာမ လေ့ကျင့်ကြလျှက် ၇ရက်စခန်း-၁၀ရက်စခန်း စသည်တို့ကို ၀င်ရောက်နိုင်ရန် တိုး၍ ကြိုးစား ကြသင့်ပေသည်။ )

ကုသိုလ်-၅မျိုး တစ်နေ့တာ

ကဲ … စာဖတ်သူ၊ စိတ်ကူးနဲ့ပဲ ကုသိုလ်၅မျိုးကို စမ်းကြည့်ရအောင်ပါ။

အိပ်ရာထ

မနက် အိပ်ရာက ထတာနဲ့ ကိုယ်လက် သန့်စင်ပြီး မိသားစု ကိစ္စတွေကို ဘာမှ မလုပ်နဲ့ဦး။ ဘုရားခန်းကို အရင်သွားပါ။

ဘုရားသောက်တော်ရေကိုအရင်ကပ်ပါ။ (ဒါန)
ကပ်ပြီးရင် ၅ပါးသီလ ခံယူပါ။ (သီလ)
အဲဒါပြီးရင် ဂုဏ်တော်ကို ၅-မိနစ် ( ဂုဏ်တော် )
မေတ္တာကို ၅-မိနစ် ပွားပါ။ ( မေတ္တာ )
ပြီးရင် ၀ိပဿနာ ၅-မိနစ် ပွားများပါ။ ( ၀ိပဿနာ )

အင်မတန် နည်းပါးတဲ့ ၁၅မိနစ်အချိန်လောက်တော့ လူတိုင်း လုပ်နိုင်လောက်မယ် ထင်ပါတယ်။ ( ၅မိနစ်စီ ဆိုသည်မှာ အနည်းဆုံး ပြုရန်အချိန်ကို ဆိုလိုခြင်းဖြစ်ပြီး မိမိတို့၏ ခွန်အားအလိုက် သဒ္ဓါ တရားအလိုက် ၁၀မိနစ်စီ၊ နာရီဝက်စီ၊ တစ်နာရီစီ စသည်ဖြင့် အဓိဋ္ဌာန်ပြု

နေ့တစ်နေ့တာရဲ့ အစကို ကုသိုလ် ၅မျိုးနဲ့ စလိုက်တာ ဘယ်လောက် ကျက်သရေ ရှိသွားလဲ ။ အိပ်ရာထပြီး နာရီဝက် ၁နာရီအတွင်းမှာပဲ ကုသိုလ်၅မျိုး ရနေပါပြီ။ အဲဒီ ကုသိုလ် ၅မျိုးပြုပြီးမှ မိသားစုကိစ္စ၊ ကိုယ့်ကိစ္စ ဝေယျာဝစ္စတွေကို ပြုလုပ်ပါ။

နေ့လည်

အဲဒီလိုနဲ့ မနက်စာစားပြီးတဲ့ အခါ ဆန်လက်တစ်ဆုတ် စာယူပြီး ခြံရှေ့မှာ ငှက်ကလေးတွေ အတွက် ပက်ကျွေးလိုက်ပါဦး။

ကျွေးပြီးသွားရင် အဆစ်အနေနဲ့ ” ဒီနေ့ မနက် ပြုဖြစ်ခဲ့တဲ့ ကုသိုလ်၅မျိုး ကိုလည်း အမျှ ပေးဝေပါတယ်။ အမျှ အမျှ အမျှ ယူတော်မူကြပါ။ သာဓု၊ သာဓု၊ သာဓု ” ဆိုပြီး နတ်ကောင်း နတ်မြတ်များနဲ့တကွ ဝေနေယျ အပေါင်းကို အမျှပေးဝေလိုက်ပါဦး။

ညပိုင်း

တတ်နိုင်တယ်။ အချိန်ရတယ်။ သဒ္ဓါတရားလဲ ထက်သန်လာတယ် ဆိုရင် ညပိုင်း ကိုးရီးယားကားလေး မလာခင်၊ ဒါမှမဟုတ် ကိုးရီးယားကားလေး ပြီးသွားတဲ့အခါ ကုသိုလ်ငါးမျိုးကို မနက်ကအတိုင်း တစ်ကြိမ် ထပ်လုပ်လိုက်ပါဦး။

နေ့စဉ်ပြုအပ်သည်

ဒီအတိုင်းသာ နေ့စဉ်ပြုသွားစမ်းပါ။ ဆိုးနေတဲ့ကံဟာ တောင်းပန်ပြီး ထွက်သွားဦးမှာပါ။

ဒါပေမယ့် ဒီနေ့လုပ်-နက်ဖြန်ဖြစ် ဆိုတဲ့ပုံစံမျိုးတော့ ဘယ်ဖြစ်နိုင်မှာလဲ။ တစ်လတန်သည် တစ်နှစ်တန်သည်တော့ စွဲလုပ်ရပါမယ်။ ရက်မပျက်အောင် အဓိဋ္ဌာန်ပြု၍ လုပ်ရပါမယ်။ အကုသိုလ်ဆိုတဲ့ အင်းအားက ကြီးလွန်းနေရင်တော့ ချက်ခြင်းကြီး ရနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကုသိုလ် အင်အား ကောင်းလာတာနဲ့ အမျှ ကုသိုလ်အင်အားကို ကြည့်ပြီး လန့်ပြေးသွားမှာပါ။

ဒါက ကံဆိုး နေတဲ့သူတွေကို ပြောတာပါ။

ကံကောင်း နေတဲ့သူတွေ အတွက်လည်း အမြဲတမ်း ကံကောင်းနေအောင် ကုသိုလ်၅မျိုး နဲ့ အမြဲပြုစု စောင့်ရှောက်နေသင့်ပါတယ်။

ဒီကုသိုလ်၅မျိုးနဲ့ ကံကောင်းအောင် လုပ်နေတဲ့အတွက် ဒုတိယဘ၀၊ တတိယဘ၀ စသည်တွေမှာလည်း ဆက်ပြီး ကံကောင်းနေဦးမှာပါ။

ဒုက္ခကြံရင် သစ္စာဆို။

ဒီကုသိုလ် ၅မျိုးကို ကံကောင်းခြင်း၊ ကံဆိုးခြင်းကြောင့် မဟုတ်ဘဲ နေ့စဉ်ဝတ်တစ်ခု အနေနဲ့ ပြုရပါမယ်။ အဲဒီလို ပြုနေစဉ် အတွင်းမှာပဲ

ဘ၀ အခက်အခဲ တစ်ခု ကြုံလာမယ်၊ ဒါဆို ကိုယ်ပြုတဲ့ကုသိုလ်၅မျိုးကို နေ့စဉ် အမျှပေးဝေနေတဲ့ နတ်ကောင်းန တ်မြတ်တွေကို တိုင်တည်ပြီး သစ္စာ ဆိုလို့လည်း ရပါတယ်။

” ကျွနှ်ုပ်သည် ကုသိုလ်၅မျိုးကို နေ့စဉ်ပြုပြီး၊ နတ်ကောင်းန တ်မြတ် များကိုလည်း နေ့စဉ် အမျှပေးဝေခဲ့ပါတယ်။ ဤသစ္စာစကား မှန်ကန်ပါက ယခုတွေ့ကြုံနေရသော အခက်အခဲများ ပြေပျောက် ပါစေသတည်း။ နတ်ကောင်း နတ်မြတ်တို့က ကူညီမစတော်မူပါ ” စသည်ဖြင့်ပေါ့လေ…..

သံသရာကပင် ကျွတ်နိုင်ရဲ့

ကုသိုလ် ၅-မျိုးထဲမှာ ၀ိပဿနာလည်း ပါနေတော့ တရားမှတ်ရင် ပါရမီပါခဲ့ရင် တစ်မဂ် တစ်ဖိုလ်မှသည် လေးမဂ်၊ လေးဖိုလ် အထိ တရားထူးတရားမြတ်တွေ ရသွားပြီး သံသရာဝဋ်က ကျွတ်သွားနိုင်ပါသေးတယ်။

ကုသိုလ် ၅မျိုးကို ဘယ်အဆင့်အထိ ပြုရမလဲ … ဆိုရင် ညအိပ်ရာဝင်လို့မှ ဒီနေ့ တစ်နေ့တာအတွက် ကုသိုလ် ၅မျိုး မပြုရသေးရင် အိပ်လို့ လုံးဝမပျော်တဲ့ အဆင့် ချက်ခြင်း ထလုပ်လိုက်မှ အိပ်ပျော်တယ် အိပ်လို့ရတယ် ဆိုတဲ့ အဆင့်ထိ ပြုလုပ်ကြရပါတယ် …

ကဲ …. စာဖတ်သူ … ၊ ကံ နဲ့ ပတ်သက်လို့ သေချင်လောက်အောင် ဆိုးနေပါစေ။ ကုသိုလ် ၅မျိုးနဲ့သာ နေ့စဉ် ပြုပြင် လိုက်စမ်းပါ။ မကြာခင် ကံကောင်းလာပါလိမ့်မယ်။

ရေးသားသူ - အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)
ကျမ်းကိုး
မဟာဝင်ဝတ္ထု - ကျီးသဲလေးထပ်ဆရာတော်
သတင်းချစ်သူ - ဝေဟင်
Shared from အစုံသုပ် အသုပ်စုံ အကုန်သုပ် (FB)

Wednesday, September 4, 2013

“Are you lonely??? So ... What should you do???”


ခေတ်အဆက်ဆက်က လူတွေဟာ အဖော်မဲ့နေတာကို ဖြေဖျောက်ဖို့ ကြိုးစားနေတာပါပဲ။ အဲဒီအဖော်မဲ့နေတဲ့ ခံစားချက်ကို ကဗျာဆရာတစ်ယောက်က ရိုးရိုးလေးနဲ့ ရင်ထဲရောက်အောင် ရေးထားတဲ့ကဗျာတစ်ပုဒ် ရှိတယ်။

Me and my shadow,
Not a soul to tell our troubles to…
Just me and my shadow,
All alone and feeling blue. (by Billy Rose)
ငါနဲ့ငါ့အရိပ်
တို့ရဲ့ဒုက္ခတွေကို ပြောပြရမယ့်သူ တစ်ယောက်မှ မရှိဘူး။
ငါနဲ့ငါ့အရိပ်ပဲ..
တစ်ကိုယ်တည်း..။ မပျော်ဘူး။

ဘယ်ခေတ် ဘယ်အခါမှာဖြစ်ဖြစ် လူတွေဟာ အဖော်မဲ့နေတာကို လွတ်မြောက်သွားဖို့ တတ်နိုင်တဲ့နည်းမျိုးစုံနဲ့ ကြိုးစားကြတယ်။ အသင်းအဖွဲ့အမျိုးမျိုး ဖွဲ့စည်းတယ်၊ တစ်ခုမဟုတ်တစ်ခု စုပေါင်းပြီးတော့ လုပ်တယ်။ ပွဲလမ်းသဘင်တွေ လုပ်တယ်။ အခမ်းအနားတွေလုပ်တယ်။ နှစ်ပတ်လည်ပွဲတွေ လုပ်တယ်။ မိတ်ဆုံစားပွဲတွေလုပ်တယ်။ တစ်ယောက်နဲ့ တစ်ယောက်စုပြီးတော့ ဟိုလူ့အကြောင်း ဒီလူ့အကြောင်း ပြောမယ်။ သတင်းစာထဲမှာပါတဲ့ အကြောင်းတွေ ပြောမယ်၊ တီးမယ်၊ မှုတ်မယ်၊ ဆိုမယ်၊ ကမယ်။ သီချင်းတွေဖွင့်ပြီး နားထောင်နေမယ်။ TV တို့ဘာတို့လည်း ကြည့်ပြီး ကိုယ့်ကိုကိုယ် မေ့ထားကြတာပဲ။ အပြင်အဖော်တွေနဲ့ပဲ အဖော်လုပ်နေကြတယ်။ အခုခေတ်လူတွေက လူကို အဖော်လုပ်လို့မရရင် TV, Video တွေကို အဖော်လုပ်ပြီး နေကြတယ်။ ပိုဆိုးတာပဲ။ အဲဒါပြဿနာကို ဖြေရှင်းတာ မဟုတ်ဘူး။ ပြဿနာကို ဖုံးလိုက်တာ။

အခုခေတ်လူတွေဟာ ပတ်ဝန်းကျင်ပေါ်မှာ၊ တခြားလူတွေပေါ်မှာ မှီခိုမူ အင်မတန်ကြီးမားလာတဲ့အတွက် ပတ်ဝန်းကျင်က လူတွေမှ သူ့ကို တစ်နည်းနည်းနဲ့ အသိအမှတ် မပြုလို့ရှိရင် သူပျောက်သွားတော့မတတ် စိတ်ထဲမှာ ခံစားရတယ်။ ဒါကြောင့် social acceptance လို့ခေါ်တဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းက ကိုယ့်ကိုလက်ခံတာ၊ ကိုယ့်ကို ခဏခဏ အလည်ခေါ်တာတို့ ဖိတ်တာတို့ လုပ်တာ၊ ကိုယ့်ကို သဘောကျတာဟာ ကိုယ့်ရဲ့အဖော်မဲ့ အထီးကျန်ဖြစ်နေတဲ့ ခံစားချက်ကို ခဏသက်သာစေ ပါတယ်။ ငါ့မှာအဖော်ရှိတယ်ဆိုတဲ့ ခံစားချက် ဖြစ်တယ်။ လူတွေဟာ သူများက ကိုယ့်အကြောင်းကို ဘာတွေပြောနေကြသလဲ၊ သူများကကိုယ့်ကို ဘယ်လိုထင်ကြသလဲဆိုတာကို မှီပြီးတော့ ကိုယ့်ကိုကိုယ် ဘယ်လိုလူဆိုတဲ့ စိတ်မျိုးဖြစ်တယ်။

အဲဒီလိုအဖော်မဲ့နေတာကို ဖြေပျောက်ဖို့ စိတ်ကို လမ်းလွှဲတဲ့နည်းတွေကလည်း အခုခေတ်မှာ ပိုများတယ်။ ဟိုလည်ဒီလည်၊ ဟိုသွားဒီသွား၊ ခရီးသွားကြတာလည်း ပါတယ်နော်။ သူများကိုယ့်ကို အာရုံစိုက်အောင်၊ သဘောကျအောင်၊ လက်ခံအောင်၊ ကျေနပ်အောင် လုပ်ကြကိုင်ကြတာလည်း ပိုများလာတယ်။ ကိုယ့်ကိုသူများ အာရုံစိုက်တယ်ဆိုရင် ကိုယ့်ရဲ့အဖော်မဲ့နေတဲ့ ခံစားမူ နဲနဲ့သက်သာသလို ခံစားရတယ်။ ဒါပေမယ့် ကိုယ့်ကို ခဏလောက် အာရုံစိုက်ပေးနိုင်တဲ့သူဟာ ကိုယ့်အတွက် ရေရှည်အဖေါ်ကောင်း ဘယ်ဖြစ်နိုင်မလဲ။

သူ့အနားမှာ လူတွေဝိုင်းပြီးတော့ သူပြောတာကို နားထောင်နေတယ်။ အဲဒီအဖွဲ့ထဲမှာ အုပ်စုထဲမှာ ရောနှောပြီးတော့ တသားထဲ ဖြစ်သွားတယ်။ အဲဒီလို ဝိုင်းဖွဲ့ပြီးတော့ ကိုယ့်ကိုကိုယ် မေ့ပျောက်ပြီးတော့ ဘာမှအရေးမကြီးတာတွေကို အဆတ်မပြတ် ပြောနေတဲ့အချိန်မှာ ကိုယ့်အကြောင်းကိုယ် မတွေးမိတော့ဘူး။ ကိုယ့်ဘဝကို ကိုယ်မတွေးမိတော့ဘူး။ ကိုယ်အဖော်မဲ့နေတာကို မတွေးမိတော့ဘူး။ အဲဒီအချိန်မှာ loneliness ခံစားမူက ပျောက်သွားတယ်။

အဲဒီလို ခဏသက်သာအောင်ပဲ လုပ်နေတဲ့သူဟာ ခိုင်မာရင့်ကျက်တဲ့စိတ်ကို မရနိုင်ဘူး။ loneliness ခဏပျောက်သွားတာနဲ့ အတူ လေးနက်တဲ့ ဦးတည်ချက်၊ ရည်မှန်းချက်၊ ရင့်ကျက်တဲ့ စိတ်နေသဘောထားတွေကို လေ့ကျင့်ပြုစု ပျိုးထောင်ဖို့ အခွင့်အရေးတွေလည်း ဆုံးရှုံးသွားတယ်။ အဲဒါ သူပေးလိုက်ရတဲ့ cost ပဲ၊ တန်ဖိုးပဲ။ ဘာမှမရေရာတဲ့ လူစုလူဝေးထဲမှာပဲ ကိုယ်ပါပျောက်သွားတယ်။ ကိုယ့်ဘဝပါ ပျောက်သွားတယ်။
အဲဒီလိုလုပ်လိုက်ခြင်းအားဖြင့် loneliness ဆိုတာကို ကျော်လွန်နိုင်ဖို့ လွန်မြောက်နိုင်ဖို့အတွက် အရေးကြီးဆုံးဖြစ်တဲ့ ကိစ္စတစ်ခုကို ဆုံးရှုံးသွားပြီ။

***loneliness ဆိုတာကို ကျော်လွန်နိုင်ဖို့ လွန်မြောက်နိုင်ဖို့ အရေးကြီးဆုံးဖြစ်တဲ့ အလုပ်ဟာ.. ကိုယ့်စိတ်ထဲမှာ ရှိနေတဲ့ အရည်အသွေးတွေ၊ အရည်အချင်းတွေကို ထွက်ပေါ်လာအောင်၊ တိုးတက်လာအောင်၊ အားကောင်းလာအောင်၊ ပြုစုပျိုးထောင်ဖို့ ဆိုတဲ့အလုပ်ပဲ..***

ခဏသက်သာအောင် လုပ်တဲ့သူဟာ သူ့စိတ်ထဲမှာ အင်အားရှိတဲ့ လူတစ်ယောက်၊ အတွင်းအားရှိတဲ့လူတစ်ယောက် လုပ်ဖို့ ခဲယဉ်းသွားပြီ။ ပြီးတော့ sense of direction ဆိုတဲ့ ကိုယ်ဘယ်ကိုဦးတည်သွားနေသလဲ၊ ကိုယ့်ဘဝမှာ အရေးအကြီးဆုံး အလုပ်ကဘာလဲ၊ အဲဒါလဲမသိတော့ဘူး။

***အပေါင်းအဖေါ်နဲ့၊ ပြင်ပအဖေါ်တွေနဲ့ပဲ အချိန်များများဖြုန်းတဲ့သူဟာ လေးနက်တဲ့ ဘဝဦးတည်ချက်ကို မျက်ခြေပြတ်သွားမယ်။***

ကိုယ့်စိတ်ထဲမှာရှိတဲ့ အင်အား၊ အရည်အချင်းတွေနဲ့ ကိုယ့်ဘဝရဲ့ဦးတည်ချက်ကို အခြေခံပြီးတော့ လူတွေနဲ့ ထိထိရောက်ရောက် ဆက်ဆံသွားရမှာနော်။ အရည်အချင်းမရှိတဲ့သူ၊ လေးနက်တဲ့ဦးတည်ချက်မရှိတဲ့သူဟာ အဓိပ္မါယ်ရှိတဲ့ ဆက်ဆံရေးကို မတည်ဆောက်နိုင်ဘူး။

ခဏလောက် အဖေါ်မဲ့တဲ့ခံစားမူ သက်သာအောင် လုပ်တဲ့သူဟာ လေးနက်တဲ့ဦးတည်ချက်ရှိအောင် မလုပ်နိုင်တော့ဘူး။ အဲဒီတော့ သူဟာ ဘယ်လိုဖြစ်သွားမလဲဆိုရင် မရေရာတဲ့ လူတစ်ယောက်ဖြစ်သွားမယ်။ အဲသလို မရေရာတဲ့သူက အဖော်မဲ့ အထီးကျန် ပိုပြီးးးတော့ ဖြစ်မယ်။

အဲသလိုအခါမှာ သူ့ကို sense of direction ဦးတည်ချက်တစ်ခုခု ပေးမယ့်သူကို လိုချင်တယ်။ security လုံခြုံမူပေးမယ့်သူ၊ ယုံယုံကြည်ကြည် စိတ်ချလက်ချ ဆက်ဆံလို့ရမယ့် သူတစ်ယောက်ကို လိုချင်တယ်။ ဒါပေမယ့် ”သူ့ရဲ့ယုံကြည်ချက်၊ ခံယူချက်က သူ့အတွင်းကလာမှ ရမှာ။ သူ့ယုံကြည်ချက်နဲ့ သိပြီးတော့ဖြစ်လာတဲ့ ယုံကြည်ချက်၊ ခံယူချက်မှ ဖြစ်မှာ။” သူများကိုမှီလို့ မရဘူး။ ဒါဟာပြဿနာ ဖြေရှင်းနည်းမဟုတ်ဘူး။ သူ့ကို မှီမှကိုယ်ပြဿနာတွေ ပိုကြီးစေတယ်။ ကိုယ့်ရဲ့အတွင်းအားကို မရသေးသ၍ ဘယ်တော့မှ empty ဆိုတဲ့ feeling ကပျောက်မှာ မဟုတ်ဘူး။

ဒီပြဿနာဖြေရှင်းဖို့က ဖြတ်လမ်းမရှိဘူး။ တခြားတစ်ယောက်ရဲ့ဘဝနဲ့ (ဥပမာ-အိမ်ထောင်ဖက်) ကိုယ့်ဘဝကို တွဲထားလိုက်ရုံနဲ့ စိတ်အေးမှာမဟုတ်ဘူး။ တစ်ယောက်ယောက်ကို အားကိုးပြီး နေလိုက်ရုံနဲ့ စိတ်အေးရမှာ မဟုတ်ဘူး။

သူများကိုအားကိုးပြီးတော့ သူများခိုင်းတာ လုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပေါင်းမယ်ဆိုရင်လည်း သူ့ loneliness ကပျောက်မှာ မဟုတ်ဘူး။ တခြားလူတွေကလည်း သူ့လိုပဲကြောက်နေရင်တော့ ပိုတောင်စိတ်အေးနိုင်မှာ မဟုတ်ဘူး။ empty နဲ့ loneliness ရှိနေရင် စိတ်မအေးတော့ဘူး။ ဘယ်လိုမှ စိတ်မအေးနိုင်တော့ဘူး။ anxiety လို့ခေါ်တဲ့ သောကဖြစ်နေပြီ။ အဓိပ္မါယ်မဲ့သလို ခံစားနေရတာနဲ့ အဖော်မဲ့သလို ခံစားနေရတာဟာ တွဲနေတယ်။ empty ဖြစ်တာနဲ့ lonely ဖြစ်တာနဲ့ အတူတူတွဲနေတယ်။ empty မဖြစ်ရင် lonely မဖြစ်ဘူး။ ဘာလို့သူတို့နှစ်ခု အတူတူတွဲဖြစ်တာလဲဆိုတာ တော်တော်နက်နက်နဲနဲ နားလည်ဖို့ လိုတယ်။

Lonely မဖြစ်ချင်ရင် ဘယ်ကစရမလဲဆိုတော့ Empty မဖြစ်ဖို့က စရမယ်။ ကိုယ့်စရိုက်ဝါသနာနဲ့ ကိုက်တာလုပ်နေတဲ့သူ၊ ကိုယ်ပိုင်ညဏ်နဲ့ နေတတ်တဲ့သူဟာ empty ဖြစ်တဲ့ခံစားမူနဲတယ်။ ကိုယ်ဘာကို တန်ဖိုးထားတယ်ဆိုတာ တကယ်သိနေတဲ့သူဟာ empty ခံစားမူမျိုး နဲသွားတယ်။ အဖော်လိုက်ရှာရုံနဲ့ လူတွေအများကြီးထဲမှာ နေသွားရုံနဲ့ အဖော်ရမှာ မဟုတ်ဘူး။ နက်ရှိုင်းတဲ့ခံယူချက်၊ ယုံကြည်ချက်၊ မြင့်မြတ်တဲ့သဘောထားတွေနဲ့မှ အဖော်မဲ့နေတယ် ဆိုတဲ့ ခံစားမူက ပျောက်မှာ။

ဒီတော့ စိတ်အေးရဖို့ဆိုတာ….သောကကင်းဖို့ဆိုတာ…
ကိုယ့်ရင်ထဲမှာ တကယ်မှန်ကန်တဲ့၊ တိကျတဲ့ တန်ဖိုးထားစရာ ရှိရမယ်..၊
ငါ့ဘဝကို ဘယ်လိုနေမယ်..၊
ငါ့ဘယ်လို သဘောထားနဲ့ နေမယ်..၊
ဘယ်လိုခံယူချက်နဲ့နေမယ်..၊
ဘာကိုဦးတည်ချက်ထားမယ်..၊
ဆိုတာကို ကိုယ်ပိုင်ညဏ်နဲ့ ကိုယ်စဉ်းစားပြီးတော့၊ ဆုံးဖြတ်ပြီးတော့ နေနိုင်မှရမယ်။

"သူများလုပ်ပေးလို့မရဘူး။ ကိုယ့်ဟာကိုယ် လုပ်မှ။"

ဆရာတော်ဦးဇောတိက (ဆရာတော်ဦးဇောတိက၏ “ဘာကို တန်ဖိုးထားရမလဲ” စာအုပ်မှ။ စာအရမ်းရှည်နေမှာစိုး၍ လိုရင်းကိုပဲ ယူထားပါသည်)

Shared from နှလုံးသားအာဟာရ (FB)

သင့်ရဲ့ အချိန်တစ်ချို့ဟာ သူတို့အတွက် ဖြစ်ပါစေ

သင့် Facebook မှာ သူငယ်ချင်း ထောင်ဂဏန်းကျော်ရှိမယ်။

သင် ထူးထူးခြားခြား post တစ်ခု တင်လိုက်တဲ့အခါ like လုပ်တဲ့သူက ရာဂဏန်းကျော်ရှိမယ်။

အဲ... သင့်ကို တကယ် comment လာပေးတဲ့သူကတော့ဆယ်ဂဏန်းကျော်ပဲရှိတယ်။

သင်ဖတ်ကြည့်ပါ။ Comment တွေ အားလုံးထဲမှာမှ သင်တင်ထားတဲ့ post ရဲ့ သဘောတရားကို သေချာဖတ် တိကျစွာနားလည်ပြီး ကောင်းမွန်စွာနှစ်ခြိုက်တဲ့သူ၊ ဒါမှမဟုတ် သင်တင်ထားတဲ့ photo ထဲကမှ သင်ပြချင်တဲ့ ပြောချင်တဲ့ အဓိက point ကို နက်ရှိုင်းစွာနားလည် သဘောပေါက်တဲ့သူက ခုဂဏန်း (တစ်ယောက်စ နှစ်ယောက်စ) ပဲရှိမယ်။


ဒီလိုပါပဲ...သင့်ပါတ်ဝန်းကျင်မှာ သင်နေ့စဉ်ထိတွေ့နေရတဲ့ လူတွေ ထောင်ဂဏန်းကျော်ရှိမယ်။

သင့်ရဲ့ ထူးခြားတဲ့ အမူအကျင့်တွေ၊ သင့်ရဲ့ အားနည်းချက်တွေ၊ သင့်ရဲ့ အရည်အချင်းတွေကို သတိပြုမိတဲ့သူကတော့ ရာဂဏန်းလောက်ပဲရှိလိမ့်မယ်။

အဲဒီ့ထဲကမှ သင့်ကို သတိပြုမိပြီး သင့်အနားကို (မိတ်ဆွေ သို့မဟုတ် ချစ်သူ ဖြစ်ချင်လို့) တကယ် ရောက်လာမယ့်လူက ဆယ်ဂဏန်းကျော်ပဲရှိမယ်။

သင် သတိထားကြည့်ပါ။ အဲဒီ့လူတွေထဲကမှသင်ပြောတတ်တဲ့စကားတွေကို သေချာနားထောင်ပြီး ဂရုတစိုက်မှတ်သားထားတတ်တဲ့သူ၊ ဒါမှမဟုတ် သင့်ရဲ့ ဖြစ်တည်မှု ရပ်တည်မှုကို (သင်ရဲ့ နဂိုမူလ ပုံစံကို) တကယ်သဘောကျနှစ်ခြိုက်ပြီး သင့်အပေါ် နားလည်ပေးနိုင်တဲ့သူဟာ ခုဂဏန်း (တစ်ယောက်စ နှစ်ယောက်စ) ပဲရှိပါလိမ့်မယ်။

Facebook မှာ အတွက်ရော၊ အပြင်မှာအတွက်ရော ပြောရရင်တော့........

"အဲဒီ့ တစ်ယောက်စ နှစ်ယောက်စကို သင် သေချာဂရုစိုက်လိုက်ပါ။ သင့်ရဲ့ အချိန်တစ်ချို့ဟာ သူတို့အတွက် ဖြစ်ပါစေဗျာ"

Credit To myanmar facebook society.

Myanmar News Update မှ ပြန်လည် ကူးယူပါသည်။

Shared from အတွေးအမြင်အပိုင်းအစတို့စုစည်းရာ (FB)

Tuesday, September 3, 2013

အိမ်ခြေမဲ့ လူကို ပရိုဂရမ် ပညာသင်ပေးသူ



TechSpace Journal


အိမ်ခြေမဲ့ လူကို ပရိုဂရမ် ပညာသင်ပေးသူ နယူးယောက်မြို့ မှာ ဖြစ်ပါတယ်။ ကမ်းခြေ တစ်နေရာမှာ တောင်းစားနေတဲ့ လူမည်း အမျိုးသား တစ်ဦးကို တွေ့ရှိပြီး ယခုလို အိုင်ဒီယာ ရသွားခြင်း ဖြစ်ပါ တယ်။

သင်ပေးသူကလည်း လူငယ်ပါပဲ။ Patrick McConlogue အမည်ရ အမေရိကန် နိုင်ငံသား ပရိုဂရမ်မာ၊ ဝဘ်ဒီဇိုင်နာ တစ်ဦး ဖြစ်ပြီး အိုင်တီ ပညာ ရပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုနေသူ ဖြစ်ပါတယ်။ ဒါနဲ့ တောင်းစား နေတဲ့ ပုဂ္ဂိုလ်ကို ငွေပေးမယ့် အစား ပညာသင်ပေးရင် သူ့ဘဝတစ်လျှောက်လုပ်စား လို့ရမယ်လို့ စိတ်ကူးမိပြီး စည်းရုံးညှိနှိုင်းပါတယ်။

ဒေါ်လာ ၁၀၀ ပေးမယ်။ သို့ပေမယ့် သင်တဲ့စာတွေ လိုက်လုပ်ဖို့ လိုတယ် ပြောတော့ သဘောတူပါတယ်။ ဈေးသက်သာ Samsung Chrome Book တစ်လုံး ပေးလိုက်ပြီး ပရိုဂရမ်းမင်း (Coding) နဲ့ သက်ဆိုင်တဲ့ စာအုပ် သုံးအုပ် လောက် ပေးလိုက်ပါတယ်။ Javascript ပိုင်းကို Specialize လုပ်ခိုင်း လိုက်ပါတယ်။ ဒီလိုနဲ့ တစ်ရက်ပြီး တစ်ရက် သင်ပေး လာ လိုက်တာ။ ကိုယ်တိုင် ကိုယ်ကျ ရေးတတ်တဲ့ အဆင့်အထိ ရေက်ရှိ လာပြီး ယင်း ပညာနဲ့ အသက်မွေးဝမ်းကျောင်း ပြုနိုင်တဲ့ အဆင့်အထိ ကို ရောက် လာ ပါတယ်။

ဒီလို သင်ပေးလို့ရတယ်ဆိုတာကို သိသွားတဲ့ Patrick McConlogue ဟာ အခြားသော အိမ်ခြေရာမဲ့ ဆင်းရဲနွမ်းပါးသူများကိုပါ Programming ပညာ သင်ကြားပေးမယ့် ပရောဂျက် စတင်တော့မှာ ဖြစ်ပြီး ပါဝင်လှူဒါန်းမယ့် သူတို့ အများအပြား ရှိလာပါတယ်။ ဒီတော့ အမေးအဖြေကဏ္ဍတစ်ခုမှာ ပရိုဂမ်မာ Patrick McConlogue ပြောလိုက်တဲ့ စကား ကတော့ အောက် ပါအတိုင်း ဖြစ်ပါတယ်။

Give a man a fish and you feed him for a day; teach a man to fish and you feed him for a lifetime.

http://blog.techspace.com.mm/2013/08/blog-post_5659.html
Shared from အတွေးအမြင်အပိုင်းအစတို့စုစည်းရာ (FB)

ကျောင်း ကန် ဘုရား သွားမည့် အမျိုးသမီး များ သတိပြုစရာ



ဘုရင်မကြီး ရှင်စောပု က ဘုန်းကြီးကျောင်း သွားခါနီး အခြွေ အရံများကို ပြောစကား ပါ

သမီးတို့  သေသေချာချာ နားထောင်ကြ
ယခု သွားမှာက ရဟန်းတော် တွေ သီတင်းသုံး တဲ့ နေရာ သမီးတို့ ပြင်ဆင်ထားတာက တကယ့် ပွဲလမ်း သဘင် သွားမဲ့အတိုင်းပဲ။ မိန်းမ တယောက် ရဲ့ ဝတ်စားဆင်ယင်မှု နဲ့ အမူအရာတွေက ပုရိသ တွေကို
ဆွဲဆောင်နိုင်စွမ်းရှိတယ်။ အဆန်း တကြယ် ပြင်ဆင် မှုက ညှို့ ယူလိုက်တဲ့အတွက် သူတို့ မှာ ပူလောင်တဲ့ ဆန္ဒ ဖြစ်လာနိုင်တယ်လေ။ ဒီလို သူ့ စိတ်ကို အမှောင်ရိပ် လွှမ်းသွားတာနဲ့ တပြိုင်နက် သူ့ မှာ အပြစ်
ဖြစ်ရသလို သူ့ ကို ပူလောင်အောင် ဝတ်ဆင်တဲ့ မိန်းမ မှာလဲ တန်းတူ အပြစ်
ဖြစ်ရတယ်။
 ဒီတော့ ကိုယ့်ကြောင့် သူတပါး ကို အမှောင်မလွှမ်းပါစေနဲ့ ။ သမီး တို့ ရဟန်းတော် တွေ ဆိုတာလဲ အာသဝေါ ကုန်ခမ်းကြသေးတာ မဟုတ်ဘူး။ ပုထုဇဉ် တွေပဲဖြစ်လို့  ပြာဖုံးတဲ့ မီးခဲတွေလိုပါပဲ။ ဒီ မီးခဲမှာ
ဖုံးနေတဲ့ ပြာကို သမီးတို့  ရဲ့ တပ်မက်စရာ အပြင် အဆင် ရူပါရုံ လေပွေ နဲ့  မွှေ့လိုက်ရင် မဆက်ပါရစေ နဲ့ တော့ကွယ်။
ဒါ့ ကြောင့် သင့်တင့် ရုံ ပြင်ဆင်ကြ။ ခေါင်း က ပန်းတွေ ဖြုတ်ကြ။ မှုံနံ့ သာတွေကို လည်း ဖျက်လိုက်ကြဦး။
လုံလုံ ခြုံခြုံ ဝတ်ဆင်ပြီး မြင်ရသူ စိတ်ထဲမှာ နှမငယ် သမီးငယ် တယောက်
လို ကရုဏာ ပွားလာအောင် ပြော ဆို ဆက်ဆံ ကြပါကွယ်။

မသန်းသန်း ၏ ရှင်စောပု စာအုပ်မှ

Shared from အတွေးအမြင်အပိုင်းအစတို့စုစည်းရာ (FB)

Monday, September 2, 2013

ဘာဖြစ်လို့စေတီအုတ်ကို ရှိခိုးကြပါသလဲ

အသက်တမ်းတိုတော်မူသော ဂေါတမမြတ်စွာဘုရားရှင်က

`ငါဘုရားရှင်ကား ကြာမြင့်စွာတည်နေရမည်မဟုတ်၊ အသက်တမ်း တိုတောင်းလှသည့်အတွက်ငါဘုရားကိုအနည်းငယ်သောသတ္တ၀ါတို့သာဖူးမြှော်ကြရလိမ့်မည်။
မဖူးမမြင်ကြရသောသတ္တ၀ါတို့က သာများလှစွာကုန်၏။ ထိုမဖူးမမြင်လိုက်ကြရသောသတ္တ၀ါတို့သည်
ငါဘုရား၏ဓာတ်တော်များကို ပင့်ဆောင်ကြ၍ ထိုထိုအရပ် ဒေသတို့၌ပူဇော်ကြကာနတ်ရွာဂတိသို့လားရောက်ကြရပေလိမ့်မည်´ ဟုကြံစည်ဆင်ခြင်တော်မူကာ ပရိနိဗ္ဗာန်စံတော်မူကာနီး၌ `ငါဘုရား၏သရီရဓာတ်တော်များသည်အစိတ်စိတ်အမြွာမြွာကွဲပြားစေသတည်း´ ဟုအဓိဋ္ဌာန်တော်မူခဲ့သောကြောင့် ဂေါတမဗုဒ္ဓ ၏ဓာတ်တော်များမှာအစိတ်စိတ်အမြွာမြွာ ကွဲပြားခဲ့ရပါတယ်။

သာသနာတော် (၂၃၅)ခုနှစ်သို့ရောက်၍ တတိယသင်္ဂါယနာတင်သောအခါ အရှင်မဟာမောဂ္ဂလိပုတ္တဿမထေရ်ကြီး ၏ ညွှန်ကြားချက်အရသီရိဓမ္မာသောကမင်းတရားကြီးသည် သာသနာတော်ပြန့်ပွားစေရန် မြတ်စွာဘုရား၏ဓာတ်တော်များကို ရာဇဂြိုဟ်ပြည်မှပင့်ဆောင်၍ (၈၄၀၀၀)သောမြို့ရွာတို့၌(၈၄၀၀၀)သောစေတီပုထိုးများတည်ကာနေရာဒေသအနှံ့ဖြန့်ချီကိုးကွယ်
စေခဲ့ပါတယ်။

ရှေးအခါကယခုခေတ်လိုခေတ်မီသံအားဖြည့်ကွန်ကရိမပေါ်ပေါက်သေး၍အုတ်များဖြင့်သာစေတီပုထိုးတို့ကို တည်ဆောက်လေ့ ရှိကြပါတယ်။

အမြင်မရှင်းသူ အနောက်နိုင်ငံရှိ ဘာသာခြားများက ခေတ်အဆက်ဆက် `ဘာဖြစ်လို့ စေတီအုတ်ကို ရှိခိုးကြပါသလဲ´ ဟု မကြာခဏမေးလေ့ရှိကြပါတယ်။

ဒီအဖြေကို လယ်တီဆရာတော်ဘုရားကြီးနှင့်စစ်ကိုင်းရွှေဟင်္သာဆရာတော်ကြီးတို့က
အသေ အချာ ထိထိမိမိဖြေကြားပုံကို `ရွှေဟင်္သာဆရာတော်ဘ၀နှင့်အထွေထွေစာအုပ်´မှကောက်နုတ်ဖော်ပြအပ်ပါတယ်။

ဦးပဏ္ဍိတသီရိနှင့် ၀တ်လုံတော်ရတစ်ဦး

ခရစ်နှစ် ၁၉၂၀ ခုနှစ်တွင် ရန်ကုန်မှညောင်တုန်းသို့ အမြန်သင်္ဘောပေါ်တွင် ဖြစ်၏။

အင်္ဂလိပ်လူမျိုးဝတ်လုံတော်ရတစ်ဦးနှင့် စွယ်တော်ကျောင်းဘုန်းကြီး ဦးပဏ္ဍိတသီရိတို့ ဆုံမိကြ၏။

ဝတ်လုံတော်ရ၏အမည်မှာ မစ္စတာနီကိုလတ်ဖြစ်သည်။

`ကိုယ်တော် ဘယ်မှာနေပါသလဲ´

`ညောင်တုန်းမှာပါ´

`မြို့ထဲမှာလား´

`မဟုတ်ပါဘူး၊ တောရကျောင်းမှာပါ´

`ကျွန်တော် ရှေ့နေလုပ်ပါတယ်၊ အလုပ်ကို ရန်ကုန်မှာထားတယ်၊ လူကတော့ အင်းစိန်ဖော့ကန်ခြံထဲမှာနေပါတယ်´

`ကိုယ်တော်ခွင့်ပြုတယ်ဆိုရင် ဘာသာရေးပြဿနာတစ်ခုမေးပါရစေ´

`ဟာ မေးနိုင်ပါတယ်၊ သိသမျှတော့ဖြေရတာပေါ့´

`ကိုယ်တော် တိုက်အိမ်ဆောက်တဲ့အုတ်နဲ့ ရွှေတိဂုံစေတီလိုစေတီတည်ထားတဲ့ အုတ်က အုတ်ချင်းတူတူပဲမှုတ်လား၊
တူတူဖြစ်ရက်နဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ ဘာဖြစ်လို့စေတီအုတ်ကို ရှိခိုးကြတာလဲ´

`ဒီမေးခွန်းမျိုး ပဲခူးမင်းကြီး မစ္စတာသွီဘင်ဆင် က လယ်တီဆရာတော်ဘုရားကြီးကို မေးဘူးပါတယ်။ အဲဒီတုန်းက
လယ်တီ ဆရာတော်ဘုရားကြီးက `မင်းကြီး အိမ်မှာ အိမ်ရှင်ဇနီးရှိသလား´ လို့မေးပါတယ်။ ရှိကြောင်းဖြေတော့
` သမီးကောရှိသလား´ လို့မေးတယ်၊ ရှိကြောင်းဖြေတယ်။ `အဲဒီ ဇနီးနဲ့သမီးဟာ အမျိုးသမီးချည်းပဲမဟုတ်လား´လို့မေးတော့
ဟုတ်ကြောင်းဖြေတယ်။ `ဒါဖြင့် အမျိုးသမီးချင်းတူရင် သူတို့၂ဦးအပေါ် မင်းကြီးရဲ့စိတ်ထားပုံချင်းကောတူသလား´
ဟု လယ်တီဆရာတော်ဘုရားကြီး မိန့်တော်မူတော့ ပဲခူးမင်းကြီးဟာ ဟက်ဟက်ပက်ပက်ရယ်မောကာ သဘောကျကျေနပ်သွားသတဲ့။

ဦးပဏ္ဍိတသီရိက ဆက်ပြီးပြောသည်။

`ရွှေတိဂုံဘုရားကြီးကို ရှိခိုးတာဟာ အုတ်ကိုရှိခိုးတာမဟုတ်ပါဘူး၊

စေတီတော်အတွင်းမှာ ဌာပနာထားတဲ့ မြတ်စွာဘုရားရဲ့
ဆံတော်ဓာတ်တွေ မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကို ဓာတ်တော်တွေကိန်းဝပ်နေတဲ့နေရာဖြစ်လို့
စေတီတော်ကြီးကိုလည်း အလေးပြုကြ ရှိခိုးကြရပါတယ်´

`ဒကာကြီးတို့ အင်္ဂလန်မှာ ရေတပ်ဗိုလ်ချုပ်ကြီးနယ်လဆင်ရဲ့ကြေးရုပ်တုကြီးရှိတယ် မဟုတ်လား၊

ကြေးရုပ်တုကြီးရှေ့သွားပြီးလူတွေအလေးပြုကြတာဟာ ကြေးရုပ်ကိုအလေးပြုတာလား´

`ဟာ… မဟုတ်ပါဘူး၊ ဗိုလ်ချုပ်ကြီးနယ်လဆင်ရဲ့ တိုင်းပြည်အတွက်ဆောင်ရွက်ခဲ့တဲ့ဂုဏ်ကျေးဇူးကို
အာရုံပြုပြီး အလေးပြုတာပါ´

`အဲဒီလိုပဲပေါ့၊ ဒီမှာလည်းဗှုဒ္ဓဘာသာဝင်တွေဟာ မြတ်စွာဘုရားရဲ့ဂုဏ်တော် ကျေးဇူးတော်တွေကိုအာရုံပြုပြီး
ဆံတော်ဓာတ်တော်တွေကိန်းဝပ်နေတဲ့စေတီတော်ကြီးကိုရှိခိုးကြတာဖြစ်ပါတယ်´

မစ္စတာနီကိုလတ်သည် ဦးပဏ္ဍိတသီရိ၏အဖြေကိုသဘောကျကျေနပ်သွားပြီး ရန်ကုန်ရောက်လျှင် သူ့ခြံသို့ကြွလာပါရန် ဖိတ်ကြားသည်။
ပါလာသည့် ခြံထွက်သီးနှံအချို့နှင့် မုန့်သေတ္တာတစ်ဘူးကိုလည်း ဦးပဏ္ဍိတသီရိအားလှူဒါန်းသည်။

မျိုးဆက်သစ်တို့မှတ်ဖွယ်

ဤလောကကြီး၌ လူတို့သည် မိမိတို့ ကိုးကွယ်ရာဘာသာကိုသာ အထွတ်အမြတ်ထားတတ်ကြပြီး

မှန်ကန်သောသစ္စာတရားတို့တည်ရာ ဗုဒ္ဓဘာသာကို ဆီလိုအပေါက်ရှာကာ အပြစ်တင်ကဲ့ရဲ့လိုကြ၍

ကတ်သီကတ်သတ်မေးခွန်းများကိုမေးလေ့ ရှိကြပါတယ်။

ယခုခေတ်ဗုဒ္ဓဘာသာလူငယ်နှင့်နောင်အနာဂတ်မျိုးဆက်သစ်လူငယ်တို့သည်

လယ်တီဆရာတော်ကြီးနှင့်ရွှေဟင်္သာဆရာတော်ကြီး တို့လို အချက်ကျကျပြန်လည်ဖြေကြားရှင်းလင်းပြောဆိုနိုင်ရန်

မှတ်သားဘွယ်ဗဟုသုတအလို့ငှာတင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။

ရွှေဥမင်ယောဂီ

---------------------------။-------------------------

Ref: ၂၀၁၀ ခုနှစ်မတ်လထုတ် အတွဲ(၃၇)၊အမှတ်(၃) ရတနာမွန်မဂ္ဂဇင်း စာမျက်နှာ ၃၁-၃၃။
Shared from www.friendsdaygroup.ning.com

ပီတိအကြောင်း

အာရုံတစ်ခုခုကို နှစ်သက်အားရ သဘောကျခြင်းသည် ပီတိတည်း။ ထို့ကြောင့် “အားရနှစ်သက်၊ ပီတိဆက်၍”ဟု ဆိုခဲ့သည်။ ဤပီတိသည် သုခဝေဒနာကဲ့သို့ ခံစားခြင်းမဟုတ်။ နှစ်သက်အားရခြင်း၊ သဘောကျခြင်းမဟုတ်။ ရေငတ်သူသည် ရေရှိကြောင်းကို ကြားရ၊ ရေကို မြင်ရသောအခါ နှစ်သက်၏။ ပီတိဖြစ်၏။ ရေကိုသောက်ရသောအခါ သုခဝေဒနာဖြစ်သည်။

မိမိချစ်သူကို မြင်ရသည်ဖြစ်စေ၊ စကားအတူ ပြောနေရသည်ဖြစ်စေ၊ သီချင်းသံကို ကြားရသည်ဖြစ်စေ၊ တရားသံကို ကြားရသည်ဖြစ်စေ ကြက်သီးထလာအောင် နှစ်သက်ခြင်းဖြစ်၏။ ထိုနှစ်သက်မူသည် ပီတိပင်တည်း။ ရှေးတုန်းက အမျိုးသမီးတစ်ယောက်တောင်ပေါ်က ဘုရားပွဲတော်အချိန်မှာ ကိုယ်လေးလက်ဝန် ရှိနေသောကြောင့် ဘုရားပွဲသို့ မလိုက်ရသဖြင့် မိမိအိမ်မှနေ၍ တောင်ပေါ်ဘုရားကို ဖူးမြော်ရင်း ဖူးမြော်ရင်း အလွန်အမင်း နှစ်သက်ရကာား ထိုပီတိ အဟုန်ကြောင့် တစ်ကိုယ်လုံး မြောက်ပြီးလျှင် ဘုရားရင်ပြင်တော်သို့ ရောက်မှန်းမသိ ရောက်သွားဖူးသတဲ့။

ကုသိုလ်ကောင်းမူ တစ်ခုခုကို ပြုနေစဉ် (အလှူပေးနေစဉ်) မိမိလှူဖွယ်များကို ကြည့်၍လည်းကောင်း၊ စားကြသောက်ကြသည်ကို ကြည့်၍လည်းကောင်း ဤပီတိများ ဖြစ်တတ်၏။ တစ်ခါတစ်ရံ ထိုကဲ့သို့ ပီတိအရင်းခံ၍ အပြင်းအထန် နှစ်သက်လေရာ တဏှာမကင်းသော သောမနဿလည်း ဖြစ်တတ်၏။ ထိုအခါ မျက်နှာလည်း တပြုံးပြုံး တစ်ကိုယ်လုံးလည်း တရွရွ တကြွကြွနှင့် ဖြစ်နေတတ်လေသည်။ ကျန်းမာရေး ပညာရေး စီးပွားရေးများ၌ ၀ီရိယသန်သန်ဖြင့် မှန်မှန်ကြီး လိုက်စားနေသူတို့သည် တစ်နေ့နေ့၌ မိမိရည်ရွယ်သလောက် အကျိုးရ၏။ ထိုအခါ မိမိအလုပ်များကို ကြည့်၍ ပီတိဖြစ်နေတတ်လေသည်။

ဘုရားရှင်ကိုယ်တော်မြတ်သည်ပင် မဟာဗောလိပလ္လင်တော်မှ ထပြီးနောက် ကိလေသာအားလုံးကို သတ်ဖြတ်၍ ဘုရားဖြစ်တော်မူရာ မဟာဗောဓိမဏ္ဍိုင် အရပ်ကို ကျေနပ်သော လက္ခဏာ၊ လွန်စွာနှစ်သက်သော ပီတိဖြင့် ၇-ရက်လုံး မမှိတ်ဘဲ ကြည့်တော်မူပါသည်။ တရားအားထုတ်ကြသော ယောဂီပုဂ္ဂိုလ်များလည်း တရားကို သဘောကျ၍ ထိုင်နေရာမှ မထချင်အောင် ပီတိက ဆွဲဆောင်ထားတတ်ပေသည်။ ဤသို့လျှင် ၀ီရိယရှင်တို့၌ မြင့်မြတ်သော ပီတိများလည်း များစွာ ဖြစ်ခွင့်ရှိသည်။

အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
ဘာသာရေးစာပေများကို ♣☺ မေတ္တာရိပ် ☺♣  မှာလည်း လာရောက်ဖတ်ရူလေ့လာနိုင်ပါသည်။
Shared from www.friendsdaygroup.ning.com

Sunday, September 1, 2013

Pa Auk Sayartaw (California, USA Monestery Information)



Dear Dhamma Friends,.

Following information are regarding Pa Auk Sayadawgyi address and Offering lunch procedure:
ADDRESS IS 13431 GREEN VALLEY ROAD, SEBASTOPOL, CA ,PH – 707-829-1390
Swon ( Lunch Offer) You will prepare only vegetarian's food. Lunch offer time 11:00 am. Sayadawgyi is avoiding the coffee, product from milk such as cotter cheese, chocolate, sugar, tea leaf. We are OK to offer medium spicy Burmese food. For more detail info, please contact PHONE – 707-829-1390

I would like to request following :

1. Please noble silence.
2. Please Park your car at visitor parking.
3. Please Save water and help clean at center.
4. Please ask some one if you are not sure.
5. Please bring disposable plate/bowl and utensil as much as you can.
6 If you plan to bring lunch for Sanggas, please bring corning-ware small bowls for reheat/warming up purpose , then reheat on stove, because they will not use microwave. ADDRESS IS 13431 GREEN VALLEY ROAD, SEBASTOPOL, CA ,PHONE –707-829-1390

FROM SAN FRANCISCO (or Santa Rosa):
TAKE HWY 101 NORTH to Santa Rosa, EXIT RIGHT ON HWY 12 (STAY IN LEFT HAND LANE OF THE TWO HWY 12 EXIT LANES)
Go Freeway overpass to WEST ON HIGHWAY 12 to the first Stop Light, which is FULTON( see photo).
RIGHT ON FULTON for about 100 Feet (and immediately get in the LEFT HAND TURN LANE at the STOP LIGHT)
LEFT ON OCCIDENTAL ROAD for a few miles until The FIRST STOP LIGHT, which is HIGHWAY 116 (Also known as NORTH GRAVENSTEIN HWY)
RIGHT ON HIGHWAY 116 (NORTH GRAVENSTEIN HIGHWAY) 76 Gas station( 1st gas station) and drive for a couple of minutes and get in the left hand turn lane for GREEN VALLEY ROAD. see photo.
\LEFT ON GREEN VALLEY ROAD (There will be a small gas station( see 2nd gas station photo)., Bridge way Gas at this turn, and a green sign on the right side saying "GREEN VALLEY ROAD"

GO EXACTLY 4 1/2 MILES ON GREEN VALLEY ROAD
NOTE: (At the 3 1/2 mile mark, Green Valley Road makes a sharp right curve, and if you go straight you'll be on the wrong road, Harrison Grade)
AFTER THE SHARP RIGHT CURVE (at the 3 1/2 mile mark), 1 MORE MILE TO THE VERY WIDE DRIVEWAY ON THE LEFT THAT LEADS TO OUR PROPERTY
ON THE LEFT SIDE OF GREEN VALLEY ROAD - LOOK FOR A LARGE SIGN THAT SAYS "MOUNT GILEAD BIBLE CONFERENCE"( See MOUNT GILEAD photo) and A SMALLER SIGN THAT SAYS, "GREEN VALLEY FOREST REFUGE" (us :-).Pl4ease go inside that property.
TURN LEFT INTO THE DRIVEWAY AND DRIVE 7/10 (seven tenths) OF A MILE STRAIGHT DOWN THE DRIVEWAY.
AS YOU DRIVE, ON YOUR RIGHT YOU'LL PASS A SOCCER FIELD, A SWIMMING POOL, AND A CLUB HOUSE.
Please be careful for many street bumps.
JUST PAST THE CLUBHOUSE YOU'LL COME ONTO AN ASPHALT PARKING LOT.
BEAR LEFT ACCROSS THE PARKING LOT AND ONTO A GRAVEL DRIVE
FOLLOW THE GRAVEL DRIVE LEFT AROUND A HALF CIRCLE (GO PAST our neighbor's house 13447 with a short driveway up to a wooden fence)
AFTER PASSING OUR NEIGHBOR'S HOUSE, YOU'LL CURVE AGAIN TO THE LEFT AND INTO OUR PROPERTY
THERE IS A STONE WALL AND A LARGE IRON GATE THAT WILL BE OPEN. THAT IS THE ENTRANCE TO GREEN VALLEY FOREST REFUGE.( See gate Photo)
COME TO THE DANA HOUSE (See Photo) .
See you all,
With metta
Kothet.


Please see following Mail from center.

Dear Dhamma Friends,
We just entered all the email addresses of our guest book into our gmail address book, and this is the first message sent to everyone (42 people). Some email will bounce because I may have transcribed some of the addresses incorrectly or they were difficult to read. Some of you live out of state and may not wish to receive emails from us. Let us know and we'll make appropriate corrections. I only entered email addresses and not phone numbers - some of you may need us to have easy access to your phone number, for example if you're a doctor caring for Sayadaw. If that's the case, please email contact@gvfr.org with your phone numbers, skype name, etc. and I'll add them to the address book.
We've updated our website http://www.gvfr.org/

There's a calendar page showing all the days reserved by visitors for meal dana. Please do let us know by email in advance if you are planning to visit and participate in breakfast or lunch, especially if the day is already reserved by someone for a full lunch dana. We've had days where an unannounced large group of visitors offering an unannounced full lunch dana for a day in which there was already someone offering full lunch dana. Our kitchen, refrigerator storage capacity, etc, can not support multiple full lunch dana offerings at this time. If a day is reserved, it doesn't mean you can't visit that day. If you want to visit on a reserved day, we recommend bringing one or few dishes, approximately enough food to cover for the number of people in your party. And please let us know in advance.

If a day is not reserved and you wish to reserve, please email us or call. Email is preferable.
Parking

We've been experiencing some creative parking by visitors. For emergency vehicle and evacuation reasons, roads need to stay open and clear. We also have trees and creeks on the property that are hundreds of years old and can be damaged by creative parking. After loading and unloading cargo at the dana house, please park in the main parking lot, which is located very close to the front entrance gate. The cars that are not in the main parking lot belong to full time resident volunteers or tenants. Thanks for your cooperation!
Best wishes and looking forward to your next visit,
the volunteers at GVFROn Tue, Jul 9, 2013 at 5:42 AM, Pa Auk USA


Dear Brothers & Sisters in the Dhamma

We are happy to announce the arrival of the Sangha on 10 July 2013. The Bhantes & Sayalays spending their Vassa with Venerable Pa-Auk Sayadaw are as follows :-

Bhante Buddharakkhita ( Malaysia ) – arriving on 10 Jul
Bhante Nyanadassana ( China ) – arriving on 10 Jul
Bhante Ariyavamsa ( Taiwan ) ) – arriving on 10 Jul
Bhante Hue Bao ( Vietnam ) – arrived on 7 Jul
Rev. Wei Cheng ( China ) ) – arriving on 10 Jul
Sayalay Sumedha ( Myanmar )
Sayalay Pannesi ( Myanmar )
Sayalay Dhammadinna ( Malaysia ) – arrived on 28 May
Sayalay Santi ( Singapore ) – arrived on 28 May
Sayalay Upasama ( Malaysia ) – arrived on 28 May
Sayalay Anuttara ( England )
Sayalay Kusalanandi ( Germany )
Sayalay Khemankara ( Germany )


Our Spiritual Leader cum Resident Master, Ven. Pa-Auk Sayadaw together with the Bhantes & Sayalays will observe the 3 month Rain Retreat @ Pa Auk
Tawya Vipassana Dhura Hermitage (PATVDH), a newly set up Non-Profit Organisation (NPO) located at 13431 Green Valley Road , Sebastopol ,
CA 95472.

Vassa will start on 23 July 2013. During the Vassa period, you are welcome to provide the Sangha with requisites of robes, food, shelter and medicine.
PATVDH has placed the dana items thru’ Amazon, you are pleased to contribute according to your own dana wish.

Attached, please find the followings :-
PATVDH Dana Items For The Sangha
PATVDH Dana Slip
PATVDH Dana Remittance Details
PATVDH Breakfast Lunch Dana
PATVDH Needs Dhamma Volunteers
For daily meal dana offering, kindly email to “ meal_dana_paauk_usa@yahoo.com ” on the date/s you wish to dana.

This is a good opportunity for us to accrue merits and make aspirations for spiritual progress.

May the Buddha Sasana flourish everywhere.
May the Sangha progress well in Dhamma Vinaya.
May all beings be well, happy and peaceful.

With metta
Pa-Auk Tawya Vipassana Dhura Hermitage ( California )
A Non-Profit Organisation
13431 Green Valley Road
Sebastopol , CA 95472
USA
Phone : (707) 829 1390
Email : paauk_usa@ymail.com

******************************



PATVDH Dana Items For Sangha

Dana Email Address : “ paauk_usa@ymail.com “

Dana is according to your own wish.  Please refer to the quantity that is required & 

you may dana 1 or more, at your own dana desire.

(1)  

Vassa Expenses For Sangha (such as air tickets, robes, food, shelter, medicine, electricity, 
toileteries, 
etc……………….)

(2)

Prairie Collection Twin Storage Bed Counting Pine Finish

Dana Amount : US$ 159.00  /  Quantity : 4

http://www.amazon.com/Prairie-Collection-Storage-Country-finish/dp/B000CRYDHM/ref=sr_1_3?
ie=UTF8&qid=1372032383&sr=8-3&keywords=twin+bed

(3)

Excelsteel 8 Quart 18/10 Stainless Steel 4 Piece Muti-Cookware Set With Encapsulated Base 

Dana Amount : US$ 27.51   /   Quantity : 1

http://www.amazon.com/Excelsteel-Quart-Stainless-Muti-Cookware-Encapsulated/
dp/B002CGSYAS/ref=sr_1_1?s=home-garden&ie=UTF8&qid=1371778704&sr=1-
1&keywords=excelsteel+8+quart

(4)

Tatung Induction Cooker with Stainless Steel Pot - 1500 Watts

Dana Amount : US$ 88.99   /   Quantity : 3

http://www.amazon.com/Tatung-Induction-Cooker-Stainless-Steel/dp/B003J4DYB6

(5)

Shabu Shabu Hot Pot, Electric Mongolian Hot Pot W/DIVIDER

Dana Amount : US$ 53.70  /   Quantity : 1 

http://www.amazon.com/Shabu-Hot-Electric-Mongolian-DIVIDER/dp/B000WUUTZO/ref=sr_1_9?

s=appliances&ie=UTF8&qid=1371676158&sr=1-9&keywords=mini+hot+pot

(6)

Tatung Rice Cooker 

Dana Amount : US$ 115.94  /   Quantity : 1

http://www.amazon.com/Tatung-Tac-11kn-Stainless-Steel-Cooker/dp/B004FWL3UA

(7)

Tiger NFI-A800 Thermal Magic Cooker 

Dana Amount : US$ 226.15   /   Quantity : 1

http://www.amazon.com/Tiger-NFI-A800-Thermal-Cooker-8-0-Liter/dp/B006ZI1CZ8/
ref=sr_1_12?s=home-garden&ie=UTF8&qid=1371669724&sr=1-12

(8)

Thermos Sipp 16 Ounce Stainless Steel Food Jar

Dana Amount : US$ 19.57   /   Quantity : 11

White x 4 pcs  (for Bhantes)

Black x 7 pcs  (for Sayalays)

http://www.amazon.com/Thermos-16-Ounce-Stainless-Steel-White/dp/B00472MNJ8/
ref=pd_sim_k_24

(9)

Stainless Steel 3 Tier Steamer Pot Steaming Cookware 

Dana Amount : US$ 39.99   /   Quantity : 1

http://www.amazon.com/Stainless-Steel-Steamer-Steaming-Cookware/dp/B00CB5TG48/
ref=sr_1_9?s=home-garden&ie=UTF8&qid=1371673871&sr=1
9&keywords=stainless+steel+steaming+set

(10)

Black & Decker TRO480BS Toast-R-Oven 4-Slice Toaster Oven 

Dana Amount : US$ 49.74   /   Quantity : 2

http://www.amazon.com/Black-Decker-TRO480BS-Toast-R-Oven-4-Slice/dp/B002CVTT3Y/
ref=sr_1_4?s=home-garden&ie=UTF8&qid=1371674100&sr=1-4&keywords=toaster+oven

(11)

10 Quart Pressure Cooker

Dana Amount : US$ 83.99   /   Quantity : 1

http://www.amazon.com/Fagor-Splendid-10-Quart-Pressure-Cooker/dp/B00008UA5V/
ref=sr_1_12?ie=UTF8&qid=1372044742&sr=8-
12&keywords=fagor+pressure+cooker+stainless+steel

May the meritorious deeds that you perform be your strongest & supporting kamma to 
attain Nibbana in the soonest possible time.

May your generosity support you in every of your lifetime to enjoy happiness, longevity, 
beauty, wealth, good luck till you attain Nibbana.

May the Buddha Sasana flourish everywhere. 
May the Sangha progress well in Dhamma Vinaya.

Sadhu, sadhu, sadhu !

********************************

Shared from the forward email via Ko Soe Thu & Ma Ohn Mar

Wednesday, August 28, 2013

ဗိုက်ပူသူများ အလွယ်တကူ ပြုလုပ်နိုင်သော လေ့ကျင့်ခန်းများ



ဝမ်းဗိုက်ပူသူ တွေဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက် တွေကို မစားမိအောင် မဆင်ခြင်နိုင်ကြသလို လေ့ကျင့်ခန်း လုပ်ဖို့လည်း ပျင်းရိတတ်ကြ ပါတယ်။ အောက်ပါ လေ့ကျင့်ခန်းတွေက အလွယ်တကူ လုပ်နိုင်ပြီး ဗိုက်ပူတာကို လျော့ကျ စေပါတယ်။

ကြွက်သား သန်မာအောင် လေ့ကျင့်ခန်း လုပ်ပါ

ကြွက်သားတွေက အဆီတွေထက် ခန္ဓာကိုယ်တွင်း ဇီဝဖြစ်ပျက်မှုတွေ ပိုစေ ပါတယ်။ ဇီဝဖြစ်ပျက်မှု ကောင်းတာက အဆီတွေ လျင်လျင်မြန်မြန် လောင်ကျွမ်း စေပါတယ်။ ခန္ဓာကိုယ်မှာ ရှိတဲ့ အဆီတွေ ကို လောင်ကျွမ်းသွားစေပြီး ကြွက်သား တွေကို သန်မာစေတဲ့ လေ့ကျင့်ခန်းလုပ် ပါ။ ခန္ဓာကိုယ် အလေးချိန်က ၁၄၅ ပေါင် ဖြစ်ပါက တစ်ပတ်ကို ၁၄၅ မိနစ်လောက် လေ့ကျင့်ခန်းပြုလုပ်ပါ။

မှန်ကန်သော ခါးကွင်း လှည့်နည်းအတိုင်း လှည့်ပါ

လေ့ကျင့်ပေးနေတဲ့ နည်းပြက ခါးကွင်း လှည့်တဲ့အခါ လှုပ်ရှားမှု ပုံစံသုံးမျိုးနဲ့ ပြု လုပ်ဖို့ အကြံပေး ထားပါတယ်။ ဝမ်းဗိုက် က အဆီတွေကို ချဖို့ ခါးကွင်းလှည့်တဲ့ အခါ ခန္ဓာကိုယ်ကို အရှေ့အနောက်၊ အပေါ်အောက်၊ ဘေးတိုက်တွေ လှုပ်ရှား ပြီး လှည့်ပေးရမှာ ဖြစ်ပါတယ်။

ပေါင်ကြွက်သားများ သန်မာအောင်

လေ့ကျင့်ခန်း လုပ်ရာမှာ ဝမ်းဗိုက် ကြွက်သားတစ်ခုတည်းကို လေ့ကျင့်ခန်း လုပ်တာထက် ခန္ဓာကိုယ်ရဲ့ တခြားနေရာ မှာရှိတဲ့ ဥပမာ-ပေါင်ကြက်သား၊ ရင်အုပ် ပိုင်ြးွကက်သားတွေကိုပါ လေ့ကျင့်တာက ကယ်လိုရီတွေ ပိုမိုလောင်ကျွမ်းစေတာ ကြောင့် ဝမ်းဗိုက်က အဆီတွေအတွက် ပိုမိုထိရောက်မှု ရှိပါတယ်။

ယောဂလေ့ကျင့်ပါ

ယာဂလေ့ကျင့်မှုက ဝမ်းဗိုက်ချပ် ရပ်အောင် ကူညီပေးနိုင်ပါတယ်။ ဝမ်း လျားမှောက်ပြီး လက်တံတောင်ကို ထောက်ထားပါ။ ခြေဖျားတွေကို ထောက်ထားပြီး ခန္ဓာကိုယ်နဲ့ ကြမ်းပြင် မထိဘဲ အပြိုင်အနေအထား မျိုးနေပါ။ အသက်ကို ဖြည်းဖြည်းနဲ့ မှန်မှန် ရှူသွင်း ရှူထုတ် ငါးကြိမ်ပြုလုပ်ပြီး ခဏနားပါ။ လေ့ကျင့်မှုကို ၁၀ ကြိမ်ပြုလုပ်သင့်ပါ တယ်။

အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ

စိတ်ဖိစီးတာကြောင့် ကော်တီဇော ဝမ်းဗိုက်မှာ အဆီတွေကို စုစေပါတယ်။ အသက်ရှူလေ့ကျင့်ခန်းလုပ်တာက စိတ် ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။အသက် ရှူသွင်းတဲ့အခါ တစ်ကနေငါးအထိ စိတ် ထဲမှာ ရွတ်ပြီး အသက်ပြန်ရှူထုတ်တဲ့အ ခါ တစ်ကနေ၁၀အထိ ရွတ်ပါ။ ဝမ်းဗိုက်ချပ်ရပ်ဖို့ အလွယ်တကူ လုပ်နိုင်တဲ့ လေ့ကျင့်ခန်းကို ပြောပြချင် ပါတယ်။

အချိန်မပေးရဘဲ အလုပ်လုပ် အသက်အောင့်ပြီး လေ့ကျင့်ပါ

ဝမ်းဗိုက်ချပ်ရပ်ဖို့ အလွယ်တကူ လုပ်နိုင်တဲ့ လေ့ကျင့်ခန်းကို ပြောပြချင် ပါတယ်။ အချိန်မပေးရဘဲ အလုပ်လုပ် ရင်း၊ စာဖတ်ရင်း၊ အိမ်မှုကိစ္စတွေ လုပ်ရင်းနဲ့ သက်သောင့် သက်သာပဲ လေ့ကျင့်နိုင်ပါတယ်။ အသက်အောင့်ပြီး ဝမ်းဗိုက် ကို ရှပ်ထားလိုက်ပါ။ တစ်ကနေသုံးအထိ စိတ်ထဲက ရေတွက်ပါ။ ပြန်ဖြေလျှော့ပြီး အသက်ရှူပါ။ အလေ့အကျင့် ရသွားတဲ့ အခါ တစ်ကနေ သုံးအထိ ရေတွက်မှုကို သီးသန့်လုပ်စရာမလိုဘဲ လေ့ကျင့်မှု ပြု လုပ်နိုင်ပါလိမ့်မယ်။

ချွေးများများထွက်အောင် လေ့ကျင့်ခန်း

လေ့ကျင့်ခန်း လုပ်တဲ့အခါ ခန္ဓာ ကိုယ်ကို ညှာပြီး ဖြည်းဖြည်းသက်သာ လုပ်နေပါက သင့်ဝမ်းဗိုက်အဆီတွေကို ချနိုင်မှာ မဟုတ်ပါဘူး။ ချွေးထွက်အောင်၊ မောပန်းတဲ့အထိ လေ့ကျင့်ပေးတာက ဝမ်းဗိုက်က အဆီတွေကို လောင်ကျွမ်း သွားစေပါတယ်။

စက်ဘီးစီးပါ

ဝမ်းဗိုက်ချပ်ရပ် စေတဲ့ လေ့ကျင့်ခန်း တွေထဲမှာ စက်ဘီးစီးတာလည်း ပါဝင်ပါ တယ်။ ၂၀၁၂ ခုနှစ်မှာ လေ့လာခဲ့တဲ့ လေ့လာမှုတွေအရ စက်ဘီးစီးလေ့ကျင့် ခန်းလုပ်တာက တခြားလေ့ကျင့်ခန်းတွေ ထက် ဝမ်းဗိုက်က အဆီတွေကို ပိုချနိုင် ကြောင်း တွေ့ရှိခဲ့ပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)
GOOD HEALTH
ကျန်းမာရေးစာတိုများစုစည်းမှု

အမေ

"သား အမေ့ကို ငါးရိုးလေးနွှင်ပေးပါလား အမေ မမြင်ရလို့..."
"ဟာ..အမေကလည်းဗျာ ဒီမှာသားလည်းမနည်းနွှင်စားနေရတာ..
အမေစားနေတာလဲကြည့်ပါအုံး ထမင်းလုံးတွေကအောက်ကျလို့ ဂရုစိုက်မှပေါ့အမေရ...."

ထမင်းဝိုင်းမှ အမေအိုကြီး၏အကူအညီတောင်းသံသည်သားဖြစ်သူ၏အော်ငေါက်သံနောက်တွင်
တိုးလျှိုးပျောက်ကွယ်သွား၏...အသက် ၆၀ ကျော်နေပြီဖြစ်သော သူမအတွက် ထမင်းတလုတ်ကို ပါးစပ်ထဲထည့်ဖို့ လက်တွေက ငယ်ငယ်ကလို သန်သန်မာမာမရှိတော့...ဇရာ၏ နှိပ်စက်မှုသည် သူမတစ်ကိုယ်လုံးကို တုန်တုန်ချိချိ ဖြစ်စေခဲ့သည်.. သူမ၏အတွေးများသည်လွန်ခဲ့သော နှစ်သုံးဆယ်ကျော် ဆီသို့တရွေ့ရွေ့ ပြန်ရောက်သွားသည်...

သားငယ်ငယ်က ထမင်းစားသည့်အခါ ထမင်းလုံးများပေပွ၍ ကြမ်းပြင်
ပေါ်တွင်လည်း ပြန့်ကျဲကျလျှက်..ထိုဟာများကို ရှင်းရသည့်အပြင် အရိုးစူးမှာ စိုး၍ အရိုးနွှင်ပေးရသည်....
နွှင်ပေးသည့်ကြားကမတော်တဆသားအရိုးစူးသည့်အခါအရိုးမြန်မြန်ကျစေဖို့ငှက်ပျောသီးချော့ကျွေး၍
သား၏ရင်ဘတ်လေးကိုကြင်ကြင်နာနာသပ်ပေးပြီးမိမိ၏ သေချာဂရုမစိုက်မှုအတွက်ကိုယ့်ကိုကိုယ်
အပြစ်တင်မဆုံးဖြစ်ခဲ့ရသည်...ခုသူမကိုတော့သားသည်ထိုသို့မဟုတ်ခဲ့....
သားရေချိုးသည့်အခါ ရေဇလုံထဲတွင် ပျော်ပါးမြူးတူးနေသည့် သားကို ချော်လဲမှာစိုး၍ ထိန်းကျောင်းပေးခဲ့ဂရုတစိုက် ရေချိုးပေးခဲ့ရသည့်သူမ..ခု ရေချိုးခန်းထဲရှိရေညှိများဖြင့်
ချောနေသောကြမ်းပြင်ကို အမေချော်လဲမှာစိုး၍ တိုက်ချွတ်ရှင်းလင်းပေးရမှန်း သားသတိမထားမိခဲ့...

ရေချိုးပြီးတိုင်း သနပ်ခါးလိမ်းတတ်သည့် သူမအတွက် "သားကိုယ်တိုင်သွေးထားတာမေမေလိမ်းဖို့ "ဆိုသည့်အပြောမျိုး သားပါးစပ်ဖျားကထွက်ကျလာသည်ကို သူမလိုချင်မိသည်...
သို့သော် ငယ်စဉ်က သားကိုပေါင်ပေါ်တင်၍ မိမိသွေးထားသည့် သနပ်ခါးကို သားမျက်နှာပေါ် ကိုယ်တိုင်ကိုယ်ကျ ပါးကွက်ညီညီလိမ်းပေးတတ်သည့်အချိန်များကို သားမမှတ်မိတော့....
သားလက်သည်းခြေသည်းလေးတွေကိုတပတ်တခါ ညှပ်ပေးတိုင်း အသားလေးကို ညှပ်မိမှာစိုး၍ ဂရုတစိုက် ညှပ်ပေးခဲ့သည့် သူမမေတ္တာ...တခါတရံအသားကိုညှပ်မိ၍ သားဆီမှ စူးခနဲထွက်ပေါ်လာသည့် ငိုသံသည် သူမရင်ကိုဗလောင်ဆူအောင် ပြာယာခတ် စေခဲ့မှန်းသားမသိခဲ့.....
ခုသူမလက်သည်းခြေသည်းတွေ ရှည်လာတော့ သားကိုယ်တိုင် မိမိကို ဂရုတစိုက်ညှပ်ပေးတာမျိုး တမ်းတမိသည်...သို့သော် "ဒါလေးလုပ်တာများ အမေရယ် ကိုယ်တိုင်ပဲညှပ်လိုက်ပါလား
သားမအားဘူး"ဆိုသော သားအပြောအောက်တွင် သူမ၏စိတ်ကူးလေးများပျောက်ပျက်သွားခဲ့ရသည်.....

ကလေးပီပီ ကစားကွင်းသွားရတာ နှစ်သက်သော သားအတွက် တပတ်တခါ အလုပ်အားရက်သည် သားနှင့်အတူ ကစားကွင်းတွင် အချိန်ကုန်စေဖို့ဖြစ်ခဲ့သည်...ပျော်ရွှင်မြူးတူးနေသောသားကိုကြည့်ရင်း
သူမရင်ထဲတွင် တပတ်လုံး လုပ်ခဲ့သမျှ အလုပ် အမောတွေ အားလုံး ပြေပျောက်ခဲ့ရသည်... ခုချိန်
ဘုရားသွားချင်၍ "သားဘယ်နေ့အားလဲ အမေ့ကိုလိုက်ပို့ပါလား"ဟူသော မျှော်တလင့်လင့်အမေးကို
အလုပ်အားရက်တိုင်းသူငယ်ချင်းများနှင့် Golf သွားကစားတတ်သော သား၏ အချိန်များကသားကိုယ်စားအဖြေပေးခဲ့သည်....


သားငယ်စဉ်ကျောင်းမနေရသေးခင်ကာလ သူတွေ့သမျှ စာများကို "မေမေဒါဘာရေးထားတာလဲဟင် သားကိုဖတ်ပြ"ဟူ၍တွတ်တီးတွတ်တာ မေးတတ်သည်....မိမိအတွက်သားမေးတိုင်းကျောင်းမနေရသေးဘူး ငါ့သားက စာတွေစိတ်ဝင်စားနေပြီဟူသောပီတိဖြင့် သားကို ဖတ်ပြရ ရှင်းပြရသည်မှာ
အမောတစ်ခုဟု မထင်မှတ်ခဲ့.....ခု သူမ မျက်လုံးများ ဇရာ၏ နှိပ်စက်မှုအောက်တွင် အရာရာကို
ကြည့်ရမြင်ရသည်မှာ မှုန်တ၀ါးဝါး...

သားကိုဘာရေးထားသည်လဲမေးတော့သားနှုတ်ဖျားမှထွက်ကျလာသည့်"ဒီလောက်စာလုံးကြီးကြီးနဲ
့ရေးထားတာ မမြင်ရဘူးလား အမေရာ "ဆိုသောစိတ်မရှည်သောသား၏အော်သံသည်
မာရသွန်ပြေးပြီး ပြန်လာသောကစားသမား တစ်ယောက်ထက် သူမရင်ကို ပို အမောဆို့စေခဲ့သည်....
သားငယ်ငယ်က ညအိပ်ခါနီးတိုင်း မိမိပုံပြင်စာအုပ်လေးတွေဖတ်ပြမှ သားအိပ်ပျော်တတ်သည်...
သူမသည် သားအတွက် ပုံပြောဆရာမတစ်ဦးဖြစ်ခဲ့သည်...သားမေးသမျှကိုစိတ်ရှည်လက်ရှည် ရှင်းပြခဲ့သည်..ခုတရားစာအုပ်လေးဖတ်ချင်သည့်အခါ သားကိုအကူညီတောင်းမိတော့ "အမေကလည်းတရားခွေတွေ ရှိတာပဲနားထောင်ပါလား " ဟူသော သား၏အပြောသည် မှုန်ဝါးဝါးဖြစ်နေသောသူမ၏ မျက်လုံးအစုံကို ခေတ္တခဏ မိုးရွာစေခဲ့သည်....

သားသည် သူငယ်စဉ်ဘ၀မိမိဂရုစိုက်မှုများကိုမေ့လျော့နေခဲ့သည်...မိမိ၏လက်ရှိအသက်အရွယ်သည် လူ့ဘ၀၏နေ၀င်ချိန်ရောက်နေပြီဆိုတာကို သားသတိမထားမိခဲ့...ဇရာထောင်းလာသော သူမအတွက် အစစအရာရာသည် ငယ်စဉ်ကလေးဘ၀လို သူတစ်ပါးအကူအညီမပါဘဲ လုပ်ကိုင်ဖို့ ခဲယဉ်းသည်ဆိုတာ သားမသိ....အကူအညီပေးသောထိုသူတစ်ပါးသည်မိမိရင်မှမွေးဖွားခဲ့သောတစ်ဦးတည်းသောသားလေး
ဖြစ်စေချင်သည်ကို သားမေ့နေခဲ့သည်....ထိုဆန္ဒသည်အသက်အရွယ်ကြီးရင့်၍ လူပိုတစ်ယောက်လိုဖြစ်နေသော သူမအတွက် သားကိုဒုက္ခပေးလိုခြင်း မဟုတ်...

သားရင်ခွင်ထဲတွင်နေ၍ သား၏ ပြုစုမှုကို တောင့်တမိသည်...ကြင်နာမှုကို လိုချင်မိသည်..
သား၏မေတ္တာကို မျှော်လင့်မိသည်....မိမိဘ၀၏နောက်ဆုံးအချိန်များကို သား၏ ကြင်နာနွေးထွေးသောဂရုစိုက်မှုများအောက်တွင် ကုန်ဆုံးချင်မိသည့် မိဘတစ်ယာက်၏ စိတ်ဆန္ဒသပ်သပ်သာဖြစ်သည်....

သို့သော်အထီးကျန်ဆန်လှသောသူမ၏ဘ၀သည်သူမ၏စိတ်ကူးနှင့်လွန်စွာခြားနားလှသည် မိမိရင်ခွင်ထဲတွင် ပျော်ရွှင်မြူးတူးဆော့ကစားနေခဲ့သော သား၏ ငယ်စဉ်ကာလ ပုံရိပ်လေးကို
ပြန်လည်မြင်ယောင်ရင်း သူမ၏ မျက်ရည်တစ်စသည် ထမင်းဝိုင်းပေါ်ရှိ ထမင်းပန်းကန်ထဲသို့ ပေါက်ခနဲ...................

"သင်၏ ကြင်နာနွေးထွေးသောမေတ္တာတရားကို သင်၏မိဘများ မျှော်လင့်နေကြသည်"
FROM - FB

အမေ.

Shared from အစုံသုပ် အသုပ်စုံ အကုန်သုပ် (FB)