Monday, April 8, 2013

သံသရာ အရှုပ်ထုပ်ကြီး



မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးကိုယ်တိုင်က.....

"တို့က အဆက်များတယ်ကွဲ့၊ ဒီတော့ လူရှုပ်၊နတ်ရှုပ် ခံရသကွဲ့၊ကိုယ်ရှုပ်ခဲ့တော့ ကိုယ့်ပြန်ရှုပ်ခံရတာပဲ- မှတ်ထား၊ မရှုပ်နဲ့၊ရှင်းရှင်းနေ၊ ရှင်းရှင်းလုပ်၊ သံသရာအရှုပ်ထုပ်ကြီး မြန်မြန်မရှင်းနိုင်ခဲ့လို့ အခုလာရှုပ်သမျှ ခံနေရတာ။ ဘယ်မှာ ဖြောင့်ဖြောင့် တရားအားထုတ်ရလို့တုန်း၊လိုက်လာလိုက်ကြတာဗျား... တယ်ပြီး အနံ့ခံ၊ခြေရာခံကောင်းကြသကိုးဗျ။ သူ့ဝေနေယျနဲ့ သူဆိုတာလည်း ဘုရားခေတ်ကတည်းက ရှိနေခဲ့တာကိုး၊ အရှင်သာရိပုတ္တရာနဲ့ အဆက်ပါတဲ့သူက အရှင်သာရိပုတ္တရာဆီပဲ သွားသဗျ။အရှင်မဟာမောဂ္ဂလာန်နဲ့ အဆက်ပါသူကလည်း အရှင်မဟာမောဂ္ဂလာန်နောက် လိုက်ကြတာပဲ။ တို့က သံသရာရှည်ခဲ့တော့ဗျာ - ရေခပ်မကြုံ၊ ထင်းခွေကြုံဆိုတာလို တစ်ဘ၀မကြုံ၊ တစ်ဘ၀ဆုံပေါ့။ ဘယ်ခေတ်၊ ဘယ်ဘ၀က ကြုံခဲ့ဆုံခဲ့မှန်း မသိတာတွေ အခုစုပြုံပြီး လာရှုပ်နေကြတာ။ အဲဒါ ကိုယ့်အရှုပ်ကိုယ် ရှင်းနေရတာကိုက အလုပ်တစ်ခုဗျ" လို့ အမိန့်ရှိခဲ့ဘူးပါတယ်။

(ဆရာ မောင်သွေးချွန်၏ သုဝဏ္ဏသျှမ် စာစဉ်မှ...)

Shared from Ma Waing Chit


ဘုန်းကြီးတို့ရော ယောဂီတို့ရော - ဂင်္ဂါဝါဠု သဲစုမက - သမုဒ္ဒ၀ါဠု သဲစုမက ဘုရားအဆူဆူပွင့်သွား ကြတာတောင် ပါမသွားဘူး။
ဘယ်ချောင်ကပ်ပြီး ဘယ်ရှောင်တိမ်းလို့ ဘယ်အလည်လွန်နေကြတယ် မသိဘူး။
ဘုန်းကြီး လည်တွေ
ယောင်္ကျား လည်တွေ
မိန်းမ လည်တွေ ချည်းပဲ
သံသရာလုံး လည်လာခဲ့တာ ရှောင်တိမ်းခဲ့တာ ကိုယ့်ကိုကိုယ် သနားစရာ ၀မ်းနည်းစရာတွေ။ အခု ဘုရားစစ်ဘုရားမှန် ၊ တရားစစ် တရားမှန် ၊ သံဃာစစ် သံဃာမှန် တွေ တွေ့ လဲတွေ့နေပြီ။
အချိန်လဲရသေးတယ် --- အားထုတ်လို့လဲရသေးတယ်
ချောင်ကပ်မနေကြနဲ့တော့
ရှောင်တိမ်းမနေကြနဲ့တော့
ကြိုးစားအားထုတ်ကြတော့

မောင်းထောင်မြေဇင်းဆရာတော်



"၂၀၁၂ အတွက် ထိချက်ပြင်းသော အဆုံးအမများ (၁၈၇)"

~~~မေတ္တာမှန်သော်ချစ်တာပြန်မမျှော်~~~

စိတ်အေးချမ်းမှု လိုလားသူတိုင်း
တုံ့ပြန်မှု မျှော်လင့်တဲ့စိတ်
ပတ်သက်မှု သာယာတဲ့စိတ်
ဖြစ်လာခဲ့ရင် “ဒါမေတ္တာမဟုတ်ဘူး၊ တဏှာ” လို့
ရဲရဲကြီး ဆုံးဖြတ်နိုင်ဖို့ လိုပါတယ်။
“တဏှာမဟုတ်ပါဘူး၊ မေတ္တာပါ” လို့
ကိုယ့်ကိုယ်ကိုယ် လိမ်ညာပြီး စကားလုံးအကောင်းတွေနဲ့ချည်း
နှစ်သိမ့်ကျေနပ်နေရင်တော့
တဏှာလှည့်ပတ်နေသမျှခံနေရ၊
ပူလောင်နေရဦးမှာပါပဲ။
မေတ္တာစစ် မေတ္တာမှန်မှာ
တုံ့ပြန်မှုကိုလည်း လုံးဝမမျှော်လင့်သလို
ပတ်သက်မှုကိုလည်း
လုံးဝမသာယာပါဘူး။

(အရှင်ဆန္ဒဓိက ၏ စိတ်အားဖြည့် ဓမ္မနှင်းပွင့် စာအုပ်မှကူးယူဖော်ပြပါသည်။)

Written by Dhamma writer Su Su Hlaing @ Facebook.com



မေတ္တာပို့နေသူ မိမိမှာတော့ ငြိမ်းချမ်းတယ်...
ထို့ကြောင့် မေတ္တာပို့နေရပါတယ်...

မေတ္တာပို့သောကြောင့် သင့်ရဲ့ ပြုံးရွှင်မှုကို ရပါတယ်...
ထို့ကြောင့် မေတ္တာပို့နေရပါတယ်...

ကျွန်ုပ်ကဆဲမိလျှင် သင့်ရဲ့ ဆဲဆိုငြိုငြင်မှုသာ ပြန်ရမယ်...
ထို့ကြောင့် မေတ္တာပို့နေရပါတယ်...

မေတ္တာဆိုတာ အလျှားအနံ မရှိပေမဲ့ အသွားအပြန် ရှိနိုင်တယ်...
ထို့ကြောင့် မေတ္တာပို့နေရပါတယ်...

လောကကြီး ငြိမ်းချမ်းနေတာ မေတ္တာတရားကြောင့် ဖြစ်ပါတယ်...
ထို့ကြောင့် မေတ္တာပို့နေရပါတယ်...

မေတ္တာပွားလို့ ဈာန်ရလျှင် ဗြဟ္မာ့ပြည်သွားနိုင်တယ်...
ထို့ကြောင့် မေတ္တာပို့နေရပါတယ်...

မေတ္တာဈာန်ကို အခြေခံလို့ ဝိပဿနာပွားနိုင်ရင် ဆင်းရဲငြိမ်းနိုင်တယ်...
ထို့ကြောင့် မေတ္တာပို့နေရပါတယ်...

Shared from Buddha In My Life


"စိတ်ပိုင်းဆိုင်ရာ ပရဟိတ"

တစ်ဖက်သားကို အတွေးအခေါ်၊ အယူအဆ မှန်ကန်စေမယ့်၊
စိတ်ဓာတ်နဲ့ အသိညဏ် ရင့်ကျက်မြင့်မြတ်စေမယ့် စာပေတွေ ရေးသားတာ၊ ဟောပြောချက်တွေ ပို့ချတာ၊ စကားတွေ ပြောဆိုတာဟာလည်း စိတ်ပိုင်းဆိုင်ရာ ပရဟိတ အလုပ် လုပ်တာပါပဲ။

အရှင်ဆန္ဒာဓိက


တရားပြည့်ဝအရိပ်ရ

ဘဝဆိုတာ သဲကန္တာရခရီးနဲ့တူတယ်။ သဲကန္တာရခရီးမှာ နွေခေါင်ခေါင် ထီးကလဲမပါ၊ ဖိနပ်မပါ၊ ရေဗူးလည်းမပါဘဲ စိတ်ကူးနဲ့သွားကြည့်စမ်းပါ။ အထက်ကပူ၊ အောက်ကပူ၊ ဆွေ့ဆွေ့ခုန်ပူပြီးတော့ ပင်ပန်းစွာ သွားရတယ်၊ အထက်လည်း ခြစ်ခြစ်တောက်ပူ၊ အောက်ကလဲ ဖိနပ်မပါတော့ ဆွေ့ဆွေ့ခုန်ပူ၊ အပူတွေများလာတော့ ရေဆာ၊ ရေဗူးလည်းမပါ၊ ပူလောင်ပင်ပန်းစွာ သွားရတယ်။

အဲဒါမျိုးပေါ့၊ ဘဝခရီးမှာသွားနေတဲ့ ပုဂ္ဂိုလ်များ၊ ဘုရားကိုလည်း သတိမရ၊ တရားကိုလည်း သတိမရ၊ ကုသိုလ်ကိုလည်း သတိမရ၊ ကြုံသလိုရေစုံမျောပြီးတော့ ဒရွတ်တိုက်ဆွဲသွားတဲ့ ပုဂ္ဂိုလ်များဟာ သဲကန္တာရခရီးမှာ ခြစ်ခြစ်တောက်ပူလောင်စွာနဲ့ဆွေ့ဆွေ့ခုန်သွားနေရတဲ့ ပုဂ္ဂိုလ်တွေနဲ့တူတယ်။

ပူလိုက်တာ မပြောနဲ့တော့၊ သဲကန္တာရခရီးမှာ အတွင်းက အပူသက်သာချင် သက်သာလိမ့်မယ်ဦးမယ်၊ ဘ၀ခရီးကတော့ အတွင်းကပါပူတယ်၊ တရားအရိပ် မခိုနိုင်တဲ့ ပုဂ္ဂိုလ်တွေ အတွင်းကပါပူတယ်။

သဲကန္တာရခရီးမှာ ခရီးသွားနေတဲ့ ပုဂ္ဂိုလ်တွေ ဆွေ့ဆွေ့ခုန်ပြီးတော့ သွားနေစဉ်မှာ ကံအားလျော်စွာ သူများတွေကျ ကျန်ရစ်တဲ့ ဖိနပ်ကလေးတစ်ရံ သွားတွေ့၊ ၀မ်းသာလိုက်တာ။ာ ဖိနပ်ကလေးတစ်ရံတွေ့တဲ့အခါ၊ ဖိနပ်ကလေးကောက်စီးလိုက်၊ လုံးလုံးအပူအငြိမ်းပေမ့် အောက်က ဆွေ့ဆွေ့ခုန်အောင်ပူတဲ့အပူက သက်သာသွားပြီ။ အဲဒီလိုမျိုးပေါ့ ဘဝခရီးမှာ သွားနေကြတဲ့ ပုဂ္ဂိုလ်တွေလည်း ရတနာသုံးပါးဆည်းကပ်မြတ်နိုးကြတဲ့ ပုဂ္ဂိုလ်တွေလည်းပဲ သဒ္ဓါ ပညာရှိတဲ့ ပုဂ္ဂိုလ်တွေလည်း ဘဝခရီး အာရုံတောထဲမှာ ငိုစရာတွေ၊ ပူစရာတွေ၊ စိတ်ညစ်စရာတွေ၊ စိတ်ရှုတ်စရာတွေ၊ ကြောက်စရာတွေ၊ လန့်စရာတွေကြားထဲမှာ သွားလို့နေကြရတဲ့အခါမှာလည်း သွားရင်းသွားရင်းနဲ့ “သြော် - အလကားနေ အလကားပဲ သရဏဂုံလေး တစ်ခေါက်ဆို နည်းတာမှတ်လို့၊ မေတ္တာပို့လေးတစ်ခေါက်ဆို နည်းတာမှတ်လို့၊ ဘုရားဂုဏ်တော်လေး တစ်ခေါက်ဆုံးသွား နည်းတာမှတ်လို့” နှလုံးသွင်းသွား၊ အာရုံပြုသွား၊ လုံးဝအပူမငြိမ်းပေမယ့်၊ အပူသက်သာတယ်။

သဲကန္တာရခရီးမှာ သွားတဲ့လူဟာ ရှေ့ကိုဆက်သွားပြန်တော့ သူများတွေကျကျန်ရစ်တဲ့ ခမောက်စုတ်ကလေးတစ်ခု သွားတွေ့ “အို စုတ်ချင်စုတ်ပစေလေ၊ ခေါင်းကခြစ်ခြစ်တောက် ပူနေတဲ့ဥစ္စာ၊ အပူသက်သာသွားဖို့က အရေးကြီးတယ်” လို့ ခေါင်းပေါ်ကိုတင်ပြီး ဆောင်းလိုက်တော့ လုံးလုံးအပူမငြိမ်းပေမယ့် အပူတော့ တော်တော်သက်သာသွားတယ်။

တရားလက်လွတ်နေသူနဲ့ ဘယ်တူတော့မလဲ

ဒါလိုမျိုးပေါ့ ဘုရားသတိရတဲ့အခါ ဘုရားအာရုံပြုလို့၊ တရားသတိရတဲ့အခါ တရားအာရုံပြုလို့၊ မေတ္တာသတိရတဲ့အခါ မေတ္တာပို့လို့၊ သရဏဂုံလေးဆောက်တည်လို့ သွားရင်းလာရင်းနဲ့တောင် အမှတ်တမဲ့မနေဘူး။ တခါတရံ ဝိပဿနာအသိလေးနဲ့ ဒီလိုသွားတော့ တရားလက်လွတ်နေတဲ့ပုဂ္ဂိုလ်နဲ့ ဘယ်တူတော့မလဲ၊ အပူအများကြီး သက်သာတယ်။

ဒါဟာ တရားပြည့်ဝ အရိပ်ရတာလေ၊ သဒ္ဓါ ပညာကောင်းလို့ အရိပ်ရအောင် ယူတတ်တာပါ။ အဲသလို ယူတတ်ရမှာပေါ့။

ဒါကြောင့် ပညာယ ဟိုတွေးသည်တွေးကင်းစင်ဝေး၍ အတွေးမှန်ကန် အသိဥာဏ်ဆိုသော ပညာတရားကလည်း ၊ ဧနံ သံသရာခရီးသွား ထိုပုဂ္ဂိုလ်များကို ပသာသတိ တရားပြည့်ဝ အရိပ်ရအောင် ကောင်းစွာမသွေ ညွှန်ကြားဆုံးမတတ်ပါပေသတည်း။

ဤသို့လျှင် တရားပြည့်ဝ အရိပ်ရ ဆိုသော တရားကြားနာရတဲ့ ဓမ္မသဝနာမင်္ဂလာနဲ့ ကောင်းမှုစွမ်းအား မြတ်တရားတွေကြောင့် ဘေးရန်အပူခပ်သိမ်း လွတ်ငြိမ်းကြ၍၊ ကောင်းကျိုးချမ်းသာများ ကြီးပွားတိုးတက်ပြည့်စုံကြပြီး လျှင်၊ ကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင်၊ အားကိုးစရာ သူတော်ကောင်းတရား တိုးပွားအောင် ကြိုးစားနိုင်လွယ်ကြလျှက်၊ ဆင်းရဲခပ်သိမ်းလွတ်ငြိမ်းရာနိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကို လွယ်ကူသောအကျင့်၊ လျင်မြန်သောအသိဥာဏ်ဖြင့် အရဟတ္တဖိုလ်ပေါက် မျက်မှောက်ပြုလွယ် ရလွယ်နိုင်ကြပါစေကုန်သတည်း။

(တိပိဋကဓရ - ဓမ္မဘဏ္ဍာဂါရိက ၊ အဂ္ဂမဟာပဏ္ဏိတ ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ) (ယောဆရာတော်)

Shared from ပန်းအိဖြူ (FB)

Wednesday, April 3, 2013

စိတ်ကူးထဲက "လူ"; "The MAN in my thoughts"



သူ့မျက်နှာ ကြည်လင်နေတယ်
သူ ပြုံးတဲ့အခါ တကယ်လန်းတယ်
သူ့အသံ သူ့ဟန်ပန် တို့က ကြားရ မြင်ရသူတို့ကို ငြိမ်းအေးသွားစေတယ်
သူ့နှလုံးသား နူးညံ့လွန်းလှတယ်။


His face is clean and clear
His smiles are always bright and shinning
Hearing his voices & seeing his moves are peaceful to all
He is so soft hearted and compassionate.



သူ့ မျက်လွှာ ချထားတတ်တယ်
သူ တဦးတည်း နေတတ်တယ်
သူ့ရဲ့ နေထိုင် အသက်ရှင်မှူ့ ကိစ္စ ရှင်းလင်း ပေါ့ပါးလွန်းတယ်
သူသည် ဘာဆိုဘာမျှကို မလိုခြင် တော့ပြီ။

He stays in humble way and lonely
He lives in a simple life with less possessions.
He'd lost all the desires.


သူရှိနေလို့ သူ့အတွတ် တစ်ဦးတစ်ယောက်က ငြိုငြင်စရာမရှိ
သူကား ပေးတတ်သောသူသာ ဖြစ်၍ ယူတတ်သူမဟုတ်
သူရှိနေတာကို အများ အလိုရှိတတ်ကြ ၍ သူသေမှာကို အများ နှမျောကြတယ်။ 

His present doesn't make anyone's annoyances.
He's the one who is giving but not taking.
Some like his present and do not want to loose him.


သူ့မှာ ချစ်သူ မုန်းသူ မရှိ
သူ့ကို ချစ်လွန်းသူ မုန်းလွန်းသူ မရှိ
တစ်စုံ တစ်ဦး အတွက် သူ့မှာ ကြောင့်ကြရမှူ့ မရှိ
တစ်စုံ တစ်ဦးမျှသည်လည်း သူ့အတွက် ကြောင့်ကြမှူ့ မရှိ။

He doesn't have love ones or hate ones.
He doesn't have lovers or haters.
He doesn't have hinderer nor hindering for anyone.


သူသည် အမှောင်ဖုံးထား အတိတ် ပိတ်ကားချပ်ပေါ်က ပုံရိပ်များကို တွေ့ ခဲ့ပြီ
အမှောင်ကိုထွင်း အလင်းမြင်၍ အနာဂါတ် ကိုလည်း မှန်းဆနိုင် ခဲ့ပြီ
သူသည် သူ၏ အတိတ် အနာဂါတ် တို့ကို သိသင့်သလောက် သိသွားခဲ့လေပြီ
သူသည် သေခြင်းတရားကို ကြောက်ရွံ့ခြင်း အလျှင်းမရှိတော့ပေပြီ။

He's uncovered the darkness and seen the images of the past on the white screen.
There are lights shinning on the paths win imagination and destination to the future.
He has seen the past, and the future that he should know.
He's then not afraid of the death anymore.


(ဆီလျှော်အောင်သာ ဘာသာပြန် ထားပါသည်)
(Translated from Burmese appropriately, sorry for not well versed.)

Shared from Soe Min (FB)

Wednesday, March 27, 2013

ကွက်လပ်ဖြည့် မေတ္တာ




(၁) ကိုယ့်အစာအိမ်က မလိုအပ်ပဲ ၀ယ်စားလိုက် နေကြာစေ့ တစ်ထုပ်ရဲ့ တန်ဘိုးဟာ ဆာလောင်နေတဲ့ ကလေးတစ်ယောက် အတွက်ဆိုရင် အသက်ကယ်တဲ့ နေ့လည်စာ တစ်နပ်လည်း ဖြစ်နိုင်ကောင်းပါရဲ့....


(၂) ကိုယ့်ဖိနပ်စင်မှာ နေရာမလပ်ရှိနေပါလျှက် ထပ်မံ ဖြည့်တင်းလိုက်တဲ့
ဒေါက်ဖိနပ်တစ်ရံရဲ့ တန်ဘိုးဟာ ဆူးစူးနေတဲ့ ခြေထောက်လေးပေါင်းများစွာ အတွက်တော့ အကာအကွယ် တခု ပေးနိုင်ကောင်းပါရဲ့...

(၃) ပြည့်နှက်နေတဲ့ ကိုယ့်အ၀တ်ဗီဒိုထဲကို ပိုပြီး ကျပ်သိပ်သွားအောင်
ဖြည့်ဆည်းလိုက်တဲ့ နိုင်ငံခြားဖြစ် အ၀တ်တစ်ထည်ရဲ့ တန်ဘိုးဟာ
ခိုက်ခိုက်တုန်အောင် ချမ်းနေတဲ့ ကလေးတစ်ယောက် အတွက်တော့
နွေးထွေးမှုလေးတစ်ခု ပေးစွမ်းနိုင်ကောင်းပါရဲ့...

(၄) ကိုယ့်မိသားစု အတွက် ဘယ်လိုမှ ကောင်းကျိုး မပေးနိုင်ပဲ ဖြုန်းတီးပစ်လိုက်တဲ့ ဘီယာဗူးပေါင်းများစွာရဲ့ တန်ဖိုးဟာ မွတ်သိပ်နေတဲ့ ဘ၀ပေါင်းများစွာ အတွက်တော့ သန့်စင်တဲ့ ရေတစ်ကန် အဖြစ် ကျေးဇူးပြုနိုင်ကောင်းပါရဲ့...

(၅) ကိုယ့်အတွက် လူမြင်ကွင်းမှာ ကြွားဝါဖို့လောက်သာ အသုံးကျတဲ့ iPhone တစ်လုံးရဲ့ တန်ဖိုးဟာ အနာဂါတ်မဲ့ ကလေးတစ်ယောက် အတွက်တော့ ဘ၀အာမခံချက်ကို ပေးနိုင်တဲ့ ပညာရေး တစ်ခု အဖြစ်ဖြည့်ဆည်း
ပေးနိုင်ကောင်းပါရဲ့....

ကိုယ့်အတွက် မလိုအပ်တာလေးတွေကို လောကလိုအပ်ချက်လေးတွေ အဖြစ်
ပြောင်းလဲနိုင်ပါစေ...

မေတ္တာဖြင့်....
( အရှင်တေဇာနန္ဒ )
ရွှေဘုန်း (စေတနာပန်းခင်း) 3.11.2012 at ဇလွန်

.....................................................

ဆရာတော်ရဲ့ Status Message မှ ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်။

Shared from Myanmar News Update (FB)

ကြည်ညိုစရာအကောင်းဆုံး သာဝတ္ထိရွှေပြည်


သာဝတ္ထိမှာ ဝေနေယျတွေဟာ ဘုရားမှန်း တရားမှန်း သံဃာမှန်းသိသိနဲ့  ဘုရားစကား တရားစကား
သံဃာ့စကား နားထောင်လိုက်နာကြတယ်။
အဲ့ဒီတုန်းက သာဝတ္ထိမှာ လူဦးရေ (တစ်ကုဋေ)လောက်ရှိတဲ့အထဲမှာ သုံးပုံနှစ်ပုံ ခုနစ်သန်းခွဲကျော်ဟာ အရိယာတွေချည်းပဲလို့ ဆိုတယ်။ သူတို့ အပါယ်တံခါးပိတ်ကုန်ကြပြီ။ ဒီလောက်သန်းချီတဲ့လူတွေ
အရိယာဖြစ်တယ်ဆိုလို့  ဘုန်းကြီးဝတ်၊ မယ်သီလ၀တ်ပြီး ကျင့်ခဲ့တာလို့ မထင်ပါနဲ့ ၊ သူတို့ လည်း ခင်ဗျားတို့ လိုပဲ အိမ်ထောင်သားမွေးရင်းက ဘုရားစကားအဆုံးအမကို ရိုရိုသေသေ တိတိကျကျ လိုက်နာကျင့်သုံးကြလို့ အရိယာတွေ ဖြစ်ကုန်တာပါ။ ၀ိသာခါကြီး ခုနှစ်နှစ် သမီးနဲ့ သောတာပန်တည်ခဲ့တာပါပဲ၊ ကြီးတော့  အိမ်ထောင်မပြုဘူးလား၊ ပြုလိုက်တာမှ မွေးလိုက်တဲ့ကလေးတွေ မြေးတွေတစ်သီကြီး။ ဒါပေမယ့် သူတို့ ရဲ့ ဘ၀နေနည်းက အာရုံ ခံစားမှုတွေနောက် ကောက်ကောက်ပါလိုက်ပြီး မေ့မေ့မျောမျောကြီးနဲ့ နေတာ မဟုတ်ဘူး။ လောဘ ဒေါသ နဲ နေတာ မဟုတ်ဘူး။ တရားနဲ့ နေတာ၊ အပ္ပမာဒဆိုတဲ့ သတိ နဲ့  နေတာ။

နံနက်မှာ ဆွမ်း၊ ညနေမှာ ဆီမီး ပန်းနဲ့  ရေချမ်း သာဝတ္ထိတို့ ရဲ့ ဒါနခန်း။
အသွားတစ်ဖြာ အလာတစ်ခန်း သတိတန်းလန်း သာဝတ္ထိနေတို့ ရဲ့  ခြေချလမ်း။
အဲဒီလို ဘာလုပ်လုပ် လောကီပေါ်တွင် သတိတင်လျက်က တစ်ခါတည်း နှစ်လုပ်ပြီးစေတဲ့ ဘ၀နေနည်းနဲ့  နေခဲ့ကြတော့ အတ္တလည်းမကြီးသာ၊ မာနလည်း မကြီးသာ၊ ကိလေသာလည်း မ၀င်သာတော့ဘူး။
ဟော နံနက်လင်းတာနဲ့  ဆွမ်းအုပ်ကိုယ်စီရွက်ပြီး ဘုရားရှင်နဲ့ အရိယာအရှင်သခင်ကြီးတွေ
သီတင်းသုံးရာ ဇေတ၀န်ရွှေကျောင်းတော်ကြီးကို ဆွမ်းပို့ သွားကြပါတယ်။ ဒီလိုသွားရာမှာလည်း သွားသွားမှန်းသိ၊ ဘယ်ညာဖ၀ါး ဘယ်လိုသွားနေတယ်ဆိုတာ သိကြတယ်။

ကျောင်းရောက်တော့လည်း သတိမပြတ် မှတ်လျက်ကသာနေကြသတဲ့။
ဆွမ်းကပ်ပြန်တော့လည်း သတိမပြတ် မှတ်လျက်ကသာ နေကြသတဲ့။
ကိုယ့်အိမ်ကို ပြန်ရောက်လို့  အိမ်မှုကိစ္စလုပ်ကြတော့လည်း ရှုမှတ်မှု သတိကလေး အမြဲကပ်ပါနေတယ်။ ဒီလိုနဲ့  တစ်နေ့ လုံး ဘာလုပ်လုပ် တရားနဲ့ သတိနဲ့ လုပ်နေတော့တာ၊ ဟော ညနေချမ်းရောက်လာပြန်တော့လည်း ဘုရားရှင်နှင့် အရိယာအရှင်သခင်ကြီးများ သီတင်းသုံးရာ ဇေတ၀န်ကျောင်းတော်ကိုလာပြီး..
တချို့ က သောက်ရေ၊ သုံးရေ ထမ်းလျက်က။ တချို့ က ချိုးရေ ၊ ခြေဆေးရေ ရွက်လျက်က။ လက်တစ်ဖက်မှာတော့ ဆီမီး၊ နံ့ သာတိုင်တွေ ကိုင်လို့ ၊ လက်တစ်ဖက်မှာ အမွှေးနံ့ သာနဲ့ ပန်းတွေကိုင်လို့  သွားကြ လှူကြ လုပ်နေကြတယ်တဲ့ ။ ဒါန ကုသိုလ် ဝေယျာဝစ္စ ကုသိုလ်တွေကို သတိနဲ့ အတူ ယူကြပြန်ရော။

အဲ့ဒီမှာ ပြောရဦးမှာပေါ့ဗျာ။
ပန်း ဆီမီး နံ့ သာတွေ ဘာ့ကြောင့် လှူတယ်ဆိုတာ ဘုရားရှင်နဲ့  အရိယာအရှင်သခင်ကြီးတွေ ပန်းကြိုက်လို
အမွှေးနံ့ သာ ကြိုက်လို့ မှ မဟုတ်ဘဲ။ ကြိုက်စိတ် မကြိုက်စိတ်တွေ ပယ်ထားပြီးပြီပဲ၊ ဒါ့ဖြင့် ဘာ့ကြောင့် ပန်း ဆီမီး နံ့ သာတွေ ကပ်လှူရသလဲ ဆိုတော့
- ပန်းကား ဘုရားနှင့် မိမိတို့ အကြား ကာခြားထားရန်
- ဆီမီးကား ဘုရားရှင်၏ အသရေတော် ဖူးမြော်ရန်
- နံ့ သာတိုင်ကား မိမိတို့  ကိုယ်ညစ်အနံ့ ဘုရားထံ မပျံ့ နှံ့ ရန်
ဒီလို ရယ်ရွယ်ချက်ကောင်းနဲ့  ကပ်လှူကြတာပါ။

ဒီလိုနဲ့  ဘုရားဖူး၊ တရားနာ၊ တရားလျှောက်လုပ်ကြပြီး အိမ်ပြန်ရောက်လို့  အိပ်ကြတော့လည်း အမှတ်သတိကလေးနဲ့  အိပ်ကြသတဲ့ ဗျ။ ဒီတော့ သာဝတ္ထိပြည်သူပြည်သားတွေရဲ့ တစ်နေ့ တာဆိုတာ အမှတ်သတိ ရှိနေခြင်းရဲ့ တစ်နေ့ တာ။ ဒါ တစ်ရက်တည်းမဟုတ်၊ နှစ်ရက်လည်းမဟုတ်၊ တစ်သက်လုံး ဒီလိုနေသွားကြတာပါ။
ဒါကြောင့် သာဝတ္ထိ ပြည်သူပြည်သား အများစုဟာ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာအဖြစ်နဲ့  ဘုရားရှင်မြင်တွေ့ လိုတဲ့  သာသနာတော်တွင်းသားများအဖြစ်နဲ့  နေပြခဲ့ကြတယ်။
ဘုရားစကား နားထောင်လိုက်နာတဲ့ သာဝတ္ထိမှာ ဘုရားရှင် အကြာဆုံးဝါကပ်တော်မူတာ ဒါကြောင့်ပေကိုး။
သြော် တိုင်းပြည်တစ်ပြည်၏ သုံးပုံနှစ်ပုံသော လူဦးရေများဟာ အရိယာတွေချည်းပဲ ဖြစ်ခဲ့ပေရာ ရာဇ၀င်မှာ လွမ်းတသသ ကြည်ညိုစရာ အကောင်းဆုံး သာဝတ္ထိရွှေပြည်ပါတကား။

မဟာဗောဓိမြိုင်ဆရာတော်ကြီး
(သုဝဏ္ဏသျှမ်တောင်သြ၀ါဒ)

မေတ္တာဖြင့် စုစည်းသူ
အနှိုင်းမဲ့စာတိုပေစများ
(www.infinitydhamma.com)

Shared from အနှိုင်းမဲ့ စာတိုပေစများ (FB)

မေတ္တာပို့ပုံ



နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
.....................................................................
- အားလုံးသော သတ္တ၀ါတွေ ဘေးရန်ကင်းကြပါစေ...။

- အားလုံးသော သတ္တ၀ါတွေ စိတ်ဆင်းရဲခြင်း ကင်းကြပါစေ...။

- အားလုံးသော သတ္တ၀ါတွေ ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ...။

- အားလုံးသော သတ္တ၀ါတွေ မိမိတို့  ခန္ဓာဝန်ကို ချမ်းသာစွာ
ရွက်ဆောင်နိုင်ကြပါစေ...။

- ငါသည် စိတ်ဆင်းရဲခြင်းကို အလိုမရှိသကဲ့သို့ 
အားလုံးသတ္တ၀ါတို့ သည်လည်း စိတ်ဆင်းရဲခြင်း ကင်းကြပါစေ...။

- ငါသည် ရုပ်ဆင်းရဲခြင်းကို အလိုမရှိသကဲ.သို.
အားလုံးသော ရုပ်ရှိသော သတ္တ၀ါအပေါင်းတို့ သည်လည်း
ရုပ်၏ အလွန်အမင်း ဖောက်ပြန်ဆင်းရဲခြင်းမှ ကင်းရှင်းကြပါစေ...။

- ငါသည် တောင်.တတိုင်း ပြည်.စုံမှုကို အလိုရှိသကဲ့သို့ 
အားလုံးသော သတ္တ၀ါအပေါင်းတို.သည်လည်း
လိုရာဆန္ဒ ပြည်.၀ကြပါစေ...။

- ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး၏ အရိပ်အောက်တွင်
ခိုလှုံရသဖြင့် အေးမြချမ်းသာရသကဲ့သို့ 
အားလုံးသော သတ္တ၀ါအပေါင်းတို့ သည်လည်း
တရားအရသာ ရရှိခံစားနိုင်ကြပါစေ...။

မေတ္တာဖြင့် ရေးသားသူ
အနှိုင်းမဲ့စာတိုပေစများ
(www.infinitydhamma.com)

Shared from အနှိုင်းမဲ့ စာတိုပေစများ (FB)

ပန်းရောင်နှုတ်ခမ်းလေးတွေပိုင်ဆိုင်နိုင်ဖို့



နှုတ်ခမ်းတွေမည်းနေတတ်ပြီး ပန်းရောင်နှုတ်ခမ်းလေးတွေကိုပိုင်ဆိုင်ချင်တယ်ဆိုတဲ့ ပျိုမေတွေအနေနဲ့ နွားနို့အေးနဲ့ နနွင်းမှုန့်တို့ကိုရောစပ်ပြီး နှုတ်ခမ်းကိုသုတ်လိမ်းပေးပါ... ပြီးတော့ ငါးမိနစ်လောက် ဒီအတိုင်းထားရပါမယ်... ဒီနည်းလမ်းအတိုင်း တစ်ပတ်လောက်လုပ်သွားမယ်ဆိုရင်ပဲ သင့်နှုတ်ခမ်းအရောင်အသွေးဟာ သိသာထင်ရှားစွာ ပြောင်းလဲလာတာကိုတွေ့ရပါလိမ့်မယ်...

လူအများစုဟာ သူတို့ရဲ့မျက်နှာနဲ့ ခန္ဓာကိုယ်ကို အစိုဓာတ်ထိန်းသိမ်းတတ်ကြပါတယ်... ဒါပေမဲ့ သူတို့ရဲ့ နှုတ်ခမ်းတွေကိုတော့ အာရုံစိုက်မှုအလွန်နည်းပါတယ်... ဆောင်းရာသီမှာ နှုတ်ခမ်းဟာ အစိုဓာတ်ဆုံးရှုံးကာ ခြောက်ပြီး အခြပ်လိုက်ကွာတတ်ပါတယ်... ဒါကြောင့် နှုတ်ခမ်းကို အဆီတောင့် (petroleum jelly) ဒါမှမဟုတ် နှုတ်ခမ်းဆိုးဆေးတွေများများဆိုးပြီး ပျော့ပြောင်းမှုကို ထိန်းသိမ်းရပါမယ်...

အိပ်ရာမဝင်ခင်မှာဗွီတွတ်(beetroot) ဖျော်ရည်နည်းနည်းကို နှုတ်ခမ်းမှာလိမ်းပေးပါ... ဗွီတွတ်တွေဟာ သဘာဝအရောင်တင်ဆေးဖြစ်တဲ့အတွက် မနက်အိပ်ရာထတဲ့အချိန်မှာ သင့်နှုတ်ခမ်းတွေဟာ သဘာဝအတိုင်း ပန်းရောင်သန်းနေပါလိမ့်မယ်...

နှင်းဆီအနီရဲ့ပွင့်ချပ်တွေကို ကြေအောင်ကြိတ်ပြီး သင့်နှုတ်ခမ်းပေါ်သုတ်လိမ်းပါ.... သင့်နှုတ်ခမ်းတွေ နှင်းဆီရောင်သမ်းလာစေတဲ့အပြင် နှုတ်ခမ်းတွေရဲ့ကျန်းမာရေးအတွက်လည်း အထောက်အကူပြုစေပါတယ်...

နောက်တစ်နည်းကတော့ ရှောက်သီးနဲ့သကြားကိုသုံးပြီး သင့်နှုတ်ခမ်းအရေပြားကို ပေါင်းတင်တာပါပဲ... ဒီနည်းအားဖြင့် အရေပြားအသေတွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် လက်ဖက်ရည်/ကော်ဖီချိုးတွေကို ရှင်းလင်းပေးကာ သင့်နှုတ်ခမ်းကို နူးညံ့ပြီး ပန်းရောင်သမ်းစေမှာဖြစ်ပါတယ်...

Shared from Myanmar News Update (FB)

Tuesday, March 26, 2013

Post Type: Dhamma

- "သူ့အတွက် ကိုယ့်ကဏ္ဍကုန်သွားပြီမှန်းကိုသိလျှင် သူ့အပေါ်စေတနာရှိပါသည်ဟု သူ့အပေါ်အတင်းတွယ်ကာ သူ့အတွက် ဝေဖန်စရာ၊ နှမြောစရာ၊ ဝမ်းနည်းစရာလည်း မလိုတော့ပြီ.."

- "ကိုယ့်အတွက် သူ့ကဏ္ဍကုန်သွားပြီမှန်းကိုသိလျှင် သူမရှိတော့၍ အားငယ်စရာ၊ စိတ်ဓာတ်ကျစရာ၊ ဝမ်းနည်းစရာလည်း မလိုတော့ပြီ.." ဆိုတာက ဥပေက္ခာသဘောဆောင်တဲ့ အမြင်ပေါ့ ကိုထူးရဲ့..။

- ဒါဟာ ဆုံခဲ့ ကြုံခဲ့ အပြန်အလှန် ကျေးဇူးရှိခဲ့ဖူးသူတွေကို သတိမရပါနဲ့ ဆိုလိုတာမဟုတ်ပါဘူး။ (အပေါ်က စာကြောင်းနှစ်ကြောင်း ကို သေချာ ပြန်ဖတ်ပြီး စဉ်းစားပါ။)

- တကယ်တော့ ဗြဟ္မဝိဟာရတရားလေးပါးမှာ ဥပေက္ခာသဘောဟာ အမြတ်ဆုံးပဲ။ ဘာကြောင့်လဲဆိုရင် ဥပေက္ခာသဘောသည် တဏှာစွဲ၊ မာနစွဲ၊ ဒိဋ္ဌိစွဲ စတဲ့ အစွဲတွေကို ရှင်းထုတ်နိုင်စွမ်း အရှိဆုံးမို့လို့ပဲ ကိုထူးရဲ့..။

အရှင်ဝိသာရဒ (ရမ္မာဝတီ)
27/03/2013

Shared from Ashin Visarada (FB)

"ဘ၀ဆိုတာဆီးနှင်းတစ်ပေါက်"


"အပ္ပမာယု မနုဿာနံ၊
ဟီဠေယျ နံ သုပေါရိသော။
စရေယျာဒိတ္တသီသောဝ၊
နတ္ထိ မစ္စုဿ နာဂမော။"

လူသားတွေရဲ့ အသက်ဟာ အင်မတန်တိုတောင်းတယ်။
လူသားတွေရဲ့ အသက် တိုတောင်းတဲ့အကြောင်းကို ပိုပြီးတော့ လေးနက်အောင်ဆိုပြီး မြတ်စွာဘုရားက
"အရက ဆရာကြီး"ရဲ့ အဆုံးအမကို
နမူနာပြုပြီးတော့ ဆုံးမခဲ့တယ်။

✿တစ်ခါတုန်းက အရကလို့ခေါ်တဲ့ ဆရာကြီးတစ်ယောက်
ရှိတယ်။
သူက မိမိရဲ့ တပည့်ရာပေါင်းများစွာကို မကြာခဏ
အခုလို ဆုံးမလေ့ရှိတယ်။

“တပည့်တို့၊ လူတွေရဲ့အသက်ဟာ အင်မတန် တိုတောင်းတယ်၊ အသက်ရှင်သန်နေရပြန်တော့လည်း အင်မတန်
ပင်ပန်းဆင်းရဲတယ်။ ဒါကို ဉာဏ်နဲ့ ဆင်ခြင်ပြီးတော့ မသေခင်အချိန်ကာလလေးအတွင်းမှာ ကုသိုလ်ကောင်းမူကိုပြုပါ၊ မြတ်သောအကျင့်ကို ကျင့်ပါ”
လို့ အဲဒီလို မကြာခဏ ဆုံးမလေ့ရှိပါတယ်။

လူ့သက်တမ်းတိုတဲ့အကြောင်းကိုလည်း ဥပမာခုနှစ်မျိုးနဲ့
ဆုံးမလေ့ရှိတယ်။
(၁) ဆီးနှင်း
(၂) ရေပွက်
(၃) ရေပေါ်မျဉ်း
(၄) တောင်ကျမြစ်
(၅) တံတွေး
(၆) အသားတစ်
(၇) သားသတ်များ
အဲဒီ ဥပမာခုနှစ်မျိုးနဲ့ လူ့သက်တမ်း တိုတောင်းလှတဲ့အကြောင်းကို ပေါ်လွင်အောင် ရှင်းပြလေ့ရှိတယ်။

♦ (1)လူတွေရဲ့ အသက်၊ လူတွေရဲက သက်တမ်းဟာ
"ဆီးနှင်းပေါက်"နဲ့ တူတယ်။

မြက်ဖျားပေါ်မှာတင်နေတဲ့ ဆီးနှင်းပေါက်လေးတစ်ခုဟာ
ကြာရှည်စွာ တည်တံ့ခြင်းမရှိဘူး၊ နေရောင်ခြည်
ထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက်တည်း ချက်ချင်းဆိုသလိုပဲ ကွယ်ပျောက်သွားရတယ်။

ဆီးနှင်းတစ်ပေါက်ရဲ့ သက်တမ်း၊ ဆီးနှင်းတစ်ပေါက်ရဲ့ ဖြစ်တည်ရှင်သန်ခွင့်ဟာ
အချိန်ကာလ အင်မတန် တိုတောင်းတယ်။

အဲဒီလိုပါပဲ၊ လူသားတွေရဲ့ အသက်ဟာ အင်မတန်
တိုတောင်းလှပါတယ်။ ဘယ်လောက်မှ မကြာဘူး။
ဆီးနှင်းပေါက်ရဲ့ သက်တမ်းလို ပျောက်ပျက်လွယ်ပါတယ်။

♦ (2) လူသားတွေရဲ့ အသက်၊ လူသားတွေရဲ့ သက်တမ်းဟာ" ရေပွက်ကလေး" နဲ့လည်း တူတယ်။

မြေပြင်ပေါ်မှာ မိုးရွာချလိုက်တဲ့အခါ မြေပြင်ပေါ်က
အောက်ခံ မိုးရေပြင်ပေါ်မှာ မိုးရေထိမှန်တဲ့ နေရာတိုင်း
ရေပွက်ကလေးတွေ ထလာတယ်။
အဲဒီရေပွက်ကလေးတွေဟာ ကြာရှည်စွာ တည်တံ့ခြင်း မရှိဘူး။ မိုးရေထိမှန်လို့ ရေပွက်ထပြီးတာနဲ့ တစ်ပြိုင်နက်တည်း
ချက်ချင်းပဲ ကွယ်ပျောက်သွားရတယ်။

ရေပွက်တစ်ခုရဲ့ သက်တမ်း၊ ရေပွက်တစ်ခုရဲ့
ဖြစ်တည်ရှင်သန်ခွင့်ဟာ အချိန်ကာလ အင်မတန်
တိုတောင်းတယ်။

အဲဒီလိုပါပဲ၊ လူသားတွေရဲ့ အသက်ဟာ အင်မတန်
တိုတောင်းလှပါတယ်။ ဘယ်လောက်မှ မကြာပါဘူး။
ရေပွက်တစ်ခုရဲ့ သက်တမ်းလို ပျောက်ပျက်လွယ်ပါတယ်။

♦(3)လူသားတွေရဲ့အသက်၊ လူသားတွေရဲ့ သက်တမ်းဟာ
" ရေပေါ်မှာ တုတ်နဲ့ ရေးထားတဲ့ အရေးအကြောင်း၊ မျဉ်းကြောင်း"
နဲ့လည်း တူတယ်။

ရေပေါ်မှာ တုတ်ချောင်းလေးတစ်ချောင်းနဲ့ မျဉ်းကြောင်းလေးတစ်ခု ရေးလိုက်မယ်၊ ဒါမှမဟုတ်၊ စာလုံးလေးတစ်လုံး ရေးလိုက်မယ်ဆိုရင် အဲဒီမျဉ်းကြောင်း၊
အဲဒီစာလုံးဟာ ကြာမြင့်စွာ တည်တံ့ခြင်း မရှိဘူး။ ရှေ့ကရေး နောက်ကပျောက်၊
ရှေ့ကရေး နောက်ကပျောက်နဲ့ ချက်ချင်းပဲ
ကွယ်ပျောက်သွားရတယ်။

ရေပေါ်မျဉ်းတစ်ကြောင်းရဲ့ သက်တမ်း၊ ရေပေါ်မျဉ်းတစ်ကြောင်းရဲ့ ဖြစ်တည်ရှင်သန်ခွင့်ဟာ အချိန်ကာလ အင်မတန်တိုတောင်းတယ်။

အဲဒီလိုပါပဲ၊ လူသားတွေရဲ့ အသက်ဟာလည်း အင်မတန် တိုတောင်းလှပါတယ်။ ဘယ်လောက်မှ မကြာပါဘူး၊ ရေပေါ်မျဉ်းတစ်ကြောင်းရဲ့ သက်တမ်းလို ပျောက်ပျက်လွယ်ပါတယ်။

♦(4) လူသားတွေရဲ့ အသက်၊ လူသားတွေရဲ့
သက်တမ်းဟာ" တောင်ပေါ်က စီးဆင်းလာတဲ့ မြစ်ရေ"
နဲ့လည်း တူတယ်။

တောင်ပေါ်ကနေ အရှိန်အဟုန်ပြင်းစွာနဲ့ စီးဆင်းလာတဲ့
ရေဟာ နောက်ကို ဘယ်တော့မှ မပြန်ဘဲ ရှေ့ကိုသာ တောက်လျှောက်စီးဆင်းသွားတယ်။

တောင်ပေါ်ကနေ အရှိန်အဟုန်ပြင်းပြင်းနဲ့ စီးဆင်းလာရတဲ့ အတွက်ကြောင့် တောင်ကျမြစ်ရေဟာ နေရာတစ်နေရာမှာ အချိန်ကြာရှည်စွာ တည်တံ့ခြင်းမရှိဘူး။
မြစ်ရေ ထိဖြတ်ပြီးတာနဲ့ တစ်ပြိုင်နက်တည်း ချက်ချင်းပဲ စီးဆင်းကွယ်ပျောက်သွားရတယ်။

တောင်ကျမြစ်ရေရဲ့သက်တမ်း၊
တောင်ကျမြစ်ရေရဲ့ဖြစ်တည် ရှင်သန်ခွင့်ဟာ အချိန်ကာလ အင်မတန်တိုတောင်းတယ်။

အဲဒီလိုပါပဲ၊ လူသားတွေရဲ့ အသက်ဟာလည်း အင်မတန် တိုတောင်းလှပါတယ်။ ဘယ်လောက်မှ မကြာပါဘူး။ တောင်ကျမြစ်တစ်စင်းရဲ့ သက်တမ်းလို ပျောက်ပျက်လွယ်ပါတယ်။

♦ (5) လူသားတွေရဲ့အသက်၊
လူသားတွေရဲ့ သက်တမ်းဟာ "တံတွေးပေါက်"
နဲ့လည်း တူတယ်။

လူတစ်ယောက် တံတွေးထွေးတော့မယ်ဆိုရင်
ခံတွင်းထဲမှာရှိတဲ့ တံတွေးတွေကို လျှာဖျားမှာ
အရင် စုလိုက်တယ်။ စုပြီးတော့မှ ထွေးလိုက်တယ်။
တံတွေးတွေကို လျှာဖျားမှာ စုလိုက်တဲ့အချိန် လျှာဖျားမှာ စုပြီးသားတံတွေးကို ထွေးလိုက်တဲ့အချိန်ဟာ ဘာမှမကြာဘူး။

ထွေးဖို့ရည်ရွယ်ပြီး လျှာဖျားမှာ စုထားလိုက်တဲ့ တံတွေးဟာ
အပြင်ဖက်ကို မထွေးစွန့်ခင် လျှာဖျားပေါ်မှာ
ကြာရှည်စွာ တည်တံ့ခြင်းမရှိဘူး။ ပျစ်ခနဲ ထွေးလိုက်တာနဲ့ တစ်ပြိုင်နက်တည်း ချက်ချင်းပဲ ကွယ်ပျောက်သွားရတယ်။

အဲဒီလိုပါပဲ၊ လူသားတွေရဲ့ အသက်ဟာလည်း အင်မတန်ကို တိုတောင်းလှပါတယ်။ ဘယ်လောက်မှ မကြာပါဘူး။
တံတွေးတစ်ပေါက်ရဲ့ သက်တမ်းလို ပျောက်ပျက်လွယ်ပါတယ်။

♦ (6)လူသားတွေရဲ့ အသက်၊
လူသားတွေရဲ့ သက်တမ်းဟာ "အသားတစ်"
နဲ့လည်း တူတယ်။

တစ်နေ့လုံး အပူပေးထားတဲ့ သံအိုးကင်းကြီးထဲကို
အသားတုံးလေးတစ်တုံး ပစ်ချလိုက်မယ်ဆိုရင်
အဲဒီအသားတုံးကလေးဟာ ရှဲကနဲမြည်ပြီးတော့ ချက်ချင်းပဲ လောင်ကျွမ်းကြေမွသွားရတယ်။

သံပူအိုးကင်းထဲ ထည့်လိုက်တဲ့ အသားတုံးဟာ သံပူအိုးထဲမှာ
ကြာရှည်စွာ တည်တံ့ခြင်းမရှိဘူး။ ထည့်လိုက်တာနဲ့
တစ်ပြိုင်နက်တည်း ချက်ချင်းပဲ လောင်ကျွမ်းတူးခြစ်ပြီးတော့ကပွယ်ပျောက်သွားရတယ်။

သံပူအိုးကင်းထဲက အသားတစ်တစ်ခုရဲ့ သက်တမ်း၊
သံပူအိုးကင်းထဲက အသားတစ်တစ်ခုရဲ့ ဖြစ်တည်ရှင်သန်ခွင့်ဟာ အချိန်ကာလ အင်မတန် တိုတောင်းတယ်။

အဲဒီလိုပါပဲ၊ လူသားတွေရဲ့ အသက်ဟာလည်း အင်မတန် တိုတောင်းလှပါတယ်။ ဘယ်လောက်မှ မကြာပါဘူး။
သံပူအိုးကင်းထဲက သားတစ်တစ်ခုရဲ့ သက်တမ်းလို ပျောက်ပျက်လွယ်ပါတယ်။

♦(7) လူသားတွေရဲ့အသက်၊ လူသားတွေရဲ့ သက်တမ်းဟာ အသတ်ခံရမယ့် နွားနဲ့လည်း တူတယ်။

သားသတ်ရုံမှာ သတ်ဖို့ ရည်ရွယ်ချက်နဲ့ နွားတစ်ကောင်ကို သားသတ်ရုံရှိရာ ခေါ်သွားမယ်ဆိုရင် အဲဒီနွားရဲ့ ခြေလှမ်းတိုင်း၊ ခြေလှမ်းတိုင်းဟာ သားသတ်ရုံနဲ့ နီးလာတယ်။ သေခြင်းတရားနဲ့ နီးလာတယ်။
အသတ်ခံရဖို့၊ သေရဖို့နဲ့ နီးနီးလာတယ်။

သားသတ်ရုံဘက် ဦးတည်လျှောက်လှမ်းနေတဲ့ နွားဟာ
နွားဘ၀မှာ ကြာရှည်စွာ တည်တံ့ခြင်း မရှိဘူး။
သားသတ်ရုံရောက်လို့ အသတ်ခံရတာနဲ့ တစ်ပြိုင်နက်တည်း
ချက်ချင်းပဲ ကွယ်ပျောက်သွားရတယ်။

သားသတ်ရုံ သွားနေတဲ့ နွားတစ်ကောင်ရဲ့ သက်တမ်း၊
သားသတ်ရုံ သွားနေတဲ့ နွားတစ်ကောင်ရဲ့ ဖြစ်တည်
ရှင်သန်ခွင့်ဟာ အချိန်ကာလ အင်မတန် တိုတောင်းတယ်။

အဲဒီလိုပါပဲ၊ လူသားတွေရဲ့ အသက်ဟာလည်း အင်မတန် တိုတောင်းလှပါတယ်။ ဘယ်လောက်မှမကြာပါဘူး။ သားသတ်ရုံသွားနေတဲ့ နွားတစ်ကောင်လို ပျောက်ပျက်လွယ်ပါတယ်။

အဲဒီလို ဥပမာခုနှစ်မျိုးနဲ့ လူ့သက်တမ်းတိုတောင်းတဲ့
အကြောင်း ပြောပြီးတော့
“တပည့်တို့… အဲဒီလို လူသက်တမ်းတိုတဲ့ အကြောင်းကို
အမြဲမပြတ် ဆင်ခြင်ပြီးတော့ ကုသိုလ်ကောင်းမူကို ပြုကြပါ၊ မြတ်သောအကျင့်ကို
ကျင့်ကြပါ”လို့ အရကဆရာကြီးက ဆုံးမတယ်။

အမှန်ကတော့ အဲဒီအဆုံးအမကို မြတ်စွာဘုရားရှင်က
ဆုံးမချင်တာပါပဲ။
သို့သော်လည်း တိုက်ရိုက်မဆုံးမဘဲ အရကဆရာကြီးဆုံးမခဲ့တာကို နမူနာပေးပြီး ဆုံးမတာဟာ ဘာရည်ရွယ်ချက်လဲဆိုရင်
မိမိရဲ့ အဆုံးအမကို ပိုပြီး လေးနက်စေချင်လို့ပါ။

► ဘယ်လိုလေးနက်သွားသလဲဆိုတော့…

လူ့သက်တမ်းတိုလှပါတယ်လို့ ဆုံးမခဲ့တဲ့ အရကဆရာကြီးတို့
ခေတ်တုန်းက လူ့သက်တမ်းဟာ ဘယ်လောက်ရှည်သလဲဆိုရင် အနှစ်ခြောက်သောင်းရှည်တယ်။

► ဒီကနေ့ခေတ် သက်တမ်းနဲ့ ကြည့်လိုက်ရင်တော့ အနှစ်ခြောက်သောင်းဆိုတာ အသက်တမ်းရှည်လိုက်တာ၊
ကုန်ခဲလိုက်တာလို့ ထင်စရာကြီးပါ။

► အဲဒီလောက်သက်တမ်းရှည်တဲ့ခေတ်မှာတောင်မှ
လူ့သက်တမ်းဟာ တိုလိုက်တာလို့
ပညာရှိသူတော်ကောင်းများ ဆင်ခြင်နှလုံးသွင်းပြီး၊ ကုသိုလ်ကောင်းမူ ပြုခဲ့ကြသေးတယ်ဆိုရင် -

ချစ်သားတို့ ချစ်သမီးတို့၊ ဒီကနေ့ခေတ် လူ့သက်တမ်းမှာ လူ့သက်တမ်းတိုလိုက်တာလို့ ပိုပြီးတော့ ဆင်ခြင်သင့်တာပေါ့၊ ဆင်ခြင်ပြီးတော့ ကုသိုလ်ကောင်းမူတွေ ပိုပြီးတော့ ပြုသင့်တာပေါ့။

► အသက်ရှင်နေရပြန်တော့လည်း ချမ်းချမ်းသာသာ
သက်သက်သာသာနဲ့ ရှင်ရသလားဆိုတော့
"ဗဟုဒုက္ခံ ဗဟုပါယာသံ"၊
ဆင်းရဲခြင်း၊ ပင်ပန်းခြင်းကသာ များတယ်။

“လူ့သက်တမ်းက တိုလိုက်တာ။
အသက်ရှင်နေရပြန်တော့လည်း ဆင်းရဲခြင်းတွေကသာ
များလိုက်တာ၊ ပင်ပန်းခြင်းတွေကသာ များလိုက်တာ”လို့ ပညာရှိသူတော်ကောင်းများ ဆင်ခြင်နှလုံးသွင်းခဲ့ကြပါတယ်။

► အသက်ရှင်ရတာ ပင်ပန်းဆင်းရဲလိုက်တာလို့ ပြောခဲ့တဲ့
အရကဆရာကြီး တို့ရဲ့ ခေတ်တုန်းက အနာရောဂါဆိုလို့
ဘာပဲရှိသလဲဆိုရင်
"ဆဠေ၀ အာဗာဓာ အဟေသုံ။" ရောဂါခြောက်မျိုးပဲရှိတယ်။

► "သီတံ၊ ဥဏှံ၊ ဇိဃစ္ဆာ၊ ပိပါသာ၊ ဥစ္စာရော၊ ပဿာဝေါ။"

(၁) သီတံ - အေးတာရောဂါ၊
(၂) ဥဏှံ - ပူတာရောဂါ၊
(၃) ဇိယစ္ဆာ - ထမင်းဆာတာရောဂါ၊
(၄) ၀ိပါသာ - ရေငတ်တာရောဂါ၊
(၅) ဥစ္စာရော - ကျင်ကြီးစွန့်ချင်တာရောဂါ၊
(၆) ပဿာဝေါ - ကျင်ငယ်စွန့်ချင်တာရောဂါ။

► ဒီကနေ့ ခေတ်အနေနဲ့ ကြည့်လိုက်ရင်တော့ အဲဒီရောဂါခြောက်မျိုးဟာ ရောဂါလို့တောင်
သတ်မှတ်စရာ မဟုတ်ပါဘူး။
ဘာမှ မပြောပလောက်တဲ့ သဘောတရား
ခြောက်မျိုးကိုတောင်မှ အနာရောဂါလို့ သတ်မှတ်ပြီးတော့
အသက်ရှင်ရတာ ပင်ပန်းဆင်းရဲလိုက်တာလို့ ဆင်ခြင်နှလုံးသွင်းခဲ့သေးတယ်ဆိုရင်…

ဒီကနေ့ခေတ် အနာရောဂါတွေ ထူပြောလှတဲ့ခေတ်၊
စားဝတ်နေရေး ကျန်းမာရေးအတွက် ပင်ပင်ပန်းပန်း ရုန်းကန်လူပ်ရှားရတဲ့ခေတ်မှာ
အသက်ရှင်နေရတာ ပင်ပန်းဆင်းရဲလိုက်တာလို့
ပိုပြီးတော့ ဆင်ခြင်နှလုံးသွင်းသင့်ကြတာပေါ့။

အသိအလိမ္မာ ဉာဏ်ပညာရှိတဲ့ သူတော်ကောင်း
ပုဂ္ဂိုလ်တွေဟာ အသက်ကို ကဲ့ရဲ့ရူတ်ချရမယ်”ဆိုတာ
“လူ့သက်တမ်းဟာ တိုတောင်းလိုက်တာ၊
အင်မတန် ကန်ုလါယ်လိုက်တာလို့ ဉာဏ်နဲ့ ဆင်ခြင်ရမယ်”
လို့ ဆိုလိုတာပါပဲ။

[ အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ)]
(မသေခင်ဘာလုပ်ကြမလဲ စာအုပ်မှ-)

--------------------------*--------------------------
- သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ -
"ဣဒံ မေ ပုညံ အာသဝက္ခယာဝဟံ ဟောတု"
_/|\_ ခပ်သိမ်းသော ရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ၊
သတ္တဝါ အားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍
ကိုယ်, စိတ်နှစ်ဖြာကျန်းမာ, ချမ်းသာကြပါစေ ။
လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ၊… _/|\_

Shared from Honey Lay (FB)

Monday, March 25, 2013

Post Type: Dhamma



တို့ဒကာတွေ စိတ်ဒုက္ခရောက်နေတဲ့အခါ ..
စိတ်မငြိမ်မသက် ဖြစ်နေတဲ့အခါ ..
သေသေချာချာ ဆန်းစစ်ကြည့်ကြ။
ကိုယ့်စိတ် မငြိမ်မသက် ဖြစ်နေရင် တစ်ခုခုကို မှီထားမိလို့ပဲဆိုတာ
ပေါ်ကြပလား။

ဥပမာ - သစ်တုံးကို မှီထားရင် သစ်တုံးလှုပ်ရင် ကိုယ်ပါလှုပ်မယ်။
သစ်တုံးလှုပ်တာနဲ့ မှီတဲ့သူပါ လှုပ်တာ။ အဲဒါ မှီထားလို့သာ လှုပ်တာ။ တခြားစီနေရင် မလှုပ်ပါဘူး။ သဘောပေါက်ကြပလား။

ဒီဥပမာအတိုင်းပဲ။
တို့ဒကာတွေ စိတ်မချမ်းမသာ ကိုယ်မချမ်းမသာ ဖြစ်နေရင် ရှိနေရင် တစ်ခုခုကို မှီနေလို့ပဲလို့ ဆုံးဖြတ်ချက်ချ။

( မိုးကုတ်ဆရာတော်ကြီး ဦးဝိမလ )

Shared from 3 Treasures: Buddha, Dhamma & Sangha (FB)

Tuesday, March 19, 2013

ကိုကို မမတို့အားလုံး အတွက် သိထားသင့်တဲ့ နည်းလေးများ

ဒီနေ့တော့ သူငယ်ချင်းတွေ အတွက် ကောင်းနိုး ရာရာ လေးတွေရွေးလို့ မှတ်သားစရာ လေးများ ပြောပြ ဦးမယ်နော်။ တကယ်လဲ အသုံး ဝင်တဲ့ နည်းလေး တွေပါ။

ခေါင်းကိုက်နေပါသလား၊

သံပုရာသီးကို ထက်ခြမ်းခြမ်းပြီး နဖူး တလျှောက် ပွတ်တိုက်ပေးပါ။ တဆစ်ဆစ် ကိုက်နေတာတွေ သက်သာ သွားပါလိမ့်မယ်။

ခြင်ကိုက်လို့ ယားနေပါလား၊

ဆပ်ပြာနဲ့ အနည်းငယ် ပွတ်ပေးခြင်းဖြင့် ခဏတဖြုတ် သက်သာပါတယ်။

သကြားအညိုတွေ ခဲနေပါက ပန်းသီးတစိပ်လောက် ထည့်လိုက်ပါ ချက်ချင်း အရည်ပျော် သွားပါလိမ့်မယ်။

တလတခါ ရာသီလာချိန်မှာ ကိုက်ခဲနာကျင် တတ်သူ အစ်မနဲ့ ညီမလေးတွေ အတွက်ပါ၊ ဒိန်ချဉ် ဘူးလေးပဲ ဖြစ်ဖြစ်၊ ရိုးရိုး ဒိန်ချဉ်ကို သကြားလေးနဲ့ဖြစ်ဖြစ် ဖျော်သောက်ပါ။ ကိုက်ခဲတဲ့ နာကျင် မှု ဝေဒနာ တွေ သက်သာ စေပါတယ်။

ပြောင်းဖူး ပြုတ်တဲ့အခါ ဆားလေးနည်းနည်း ထည့်ပြီး ပြုတ်ကြည့်ပါ။ ပြောင်းဖူးရဲ့ သဘာဝ အချိုဓါတ်တွေ ထွက်လာ စေပါတယ်။

ပုရွက်ဆိပ် ကလေးတွေ အိမ်မှာ တန်းစီနေပါသလား၊ မြေဖြူ ခဲလေးနဲ့သာတားလိုက်ပါ။

ထမင်းအိုး ဟင်းအိုးတွေ တူးပီး ဂျိုးတွေ ကပ်နေပါက ပန်သီးနွာထားတဲ့ အခွံတွေ ထည့်ပြုတ်လိုက်ပါ

ကြေးအိုး ကြေးဇွန်တွေ ပြောင်လက်စေချင်ရင် မန်ကျီးရွက်(မန်ကျီးအနှစ်ရည်)နဲ့ တိုက်လိုက်ပါ

မီးဖိုချောင်သုံး စတီးအိုး ခွက်များကို သံလွင်ဆီ (Olive Oil / Baby Oil )သုတ်ပေးချင်းဖြင့် အရောင်တက်ပီး အပြင်၊ အစွန်းအထင်း တွေကိုပါ ဖုံးလွှမ်း ပေးနိုင်ပါတယ်။

ရုံပတီသီးကြော် စားလို့ ချွှဲပစ်ပစ်ဖြစ်နေတာ မကြိုက်ပါက ဟင်းအိုးချတဲ့ အချိန်မှာ သံပုရာသီး တစိပ် ထည်လိုက်ပါ လုံးဝ မချွှဲတော့ပါဖူး

ကြက်သွန်နီနွာလို့ မျက်ရည် မကျချင်ရင် လှီးမယ့်ဓါးကို ဆားအနည်ငယ် သုတ်ပီး လှီးပါ

အခန်းလုံတွေမှာ ဟင်းချက်ပီး ဟင်းနံ့တွေ စွဲနေပါက ဖယောင်းတိုင် တတိုင်ထွန်းလိုက်ပါ အနံ့တွေ ပျောက်သွား ပါလိမ့်မယ်

ထမင်းစားချိန် ထမင်းစာပွဲမှာ ယင်ကောင်တွေ လာနေပါက ဖယောင်းတိုင် တတိုင်ထွန်းလိုက်ပါ

ရေချိုးခန်းထဲ မှိုတက်ခြင်း၊ ဂျေးတက်ခြင်းတွေကို ကာကွယ်ချင်ရင် baby oil သုတ်ထားလိုက်ပါ အရောင် လွှင်ပြယ်တာကို ကာကွယ်တဲ့ အပြင် ၊မှိုတက် မဖြစ်တော့ပါဖူး

သတင်းစာကို ရေနဲ့ ရှာလကာရည် ဆွတ်ပြီး မှန်ကိုတိုက်လိုက်ပါ တခဏအတွင်း ကြည်ကြည် လင်လင်လေး ဖြစ်လာ ပါလိမ့်မယ်

ရေမှာပါတဲ့ ထုံးဓါတ်ကြောင့် အဖြူလေးတွေကို ရှာလကာရည် ကိုအသုံးပြုပြီး ဘေစင်ကို စင်ကြယ်အောင် တိုက်ချွတ် နိုင်ပါတယ်။

ရေနွေးပူလေးထဲ ဇွန်းနှစ်ပီးမှ ပျားရည်ကို ခတ်ပါက ပျားရည်များ ဇွန်းမှာ ကပ်မနေဖူး။

အားလုံလဲ မှတ်ထားလို့ပျော်ရွင်ကြပါစေ။


Shared from Myanmar News Update (FB)