Wednesday, July 3, 2013

နမောတဿဖြင့် နေမည် သေမည်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ဘဂဝတော- ဘုန်းကံကြီးမားတော်မူသော၊အရဟတော ဝါသနာနှင့်တကွ တစ်ထောင့်ငါးရာကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်တော်မူသော သမ္မာသမ္ဗုဒ္ဓဿ- သစ္စာလေးပါး ခပ်သိမ်းသောတရား တို့ကို သူတစ်ပါးထံ နည်းမခံဘဲ ကိုယ်တိုင်ဥာဏ်အဟုန်အစွမ်းဖြင့် စူးစမ်းရှာဖွေကာ မှန်ကန်စွာသိတော်မူ သော၊ တဿ-ထိုမြတ်စွာဘုရားအား၊နမော-ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏။ မြတ်စွာဘုရား။

“နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”ဘုရားရှိခိုးကို ကြိမ်ဖန်များစွာ ရွတ်ဆိုပွားများ နေခြင်းကို “နမော တဿ ဘာဝနာ”လို့ လွယ်လွယ်ကူကူ နာမည်ပေးကြပါစို့။မြတ်စွာဘုရား၏ ဂုဏ်တော် တို့ကို ပွားများတာဖြစ်တဲ့အတွက် “ဗုဒ္ဓါနုဿတိ”ဘာဝနာဖြစ်ပါတယ်။နမောတဿ ဘုရားရှိခိုးမှာ အရဟံ ဂုဏ်တော်၊ သမ္မာသမ္ဗုဒ္ဓဂုဏ်တော် ဘဂဝါဂုဏ်တော်ဆိုတဲ့ အရေးကြီးပြီး ပဓာနကျတဲ့ ဂုဏ်တော်ကြီးသုံးပါး ပါဝင်ပါတယ်။

အရဟံဂုဏ်တော်က ကိလေသာ (အကုသိုလ်)တွေကို အကုန်ပယ်သတ်တဲ့ အရဟတ္တမဂ်ဥာဏ်တော် (အာသဝက္ခယဥာဏ်တော်)ကြီးဖြစ်ပါတယ်။လောကုတ္တရာဂုဏ်တော်ဖြစ်တဲ့အပြင်လောကုတ္တရာဂုဏ်တော် တို့တွင် အထွတ်အထိပ်ဂုဏ်တော်ကြီးဖြစ်ပါတယ်။

သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ဆိုတာ သိစရာတွေကို အကုန်သိတော်မူတဲ့ သဗ္ဗညုတဥာဏ်တော်ကြီးဖြစ်ပါတယ်။ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ကြီးက လောကီဂုဏ်တော်ကြီးဖြစ်ပါတယ်။ လောကီဂုဏ်တော်တို့တွင် အထွတ်အထိပ်ဖြစ်တော်မူတဲ့ ဂုဏ်တော်ကြီးဖြစ်ပါတယ်။

အရဟံ”ဂုဏ်တော်ကြီးကလောကုတ္တရာအထွတ်အထိပ်ဂုဏ်တော် ၊ သမ္မာသမ္ဗုဒ္ဓက လောကီ အထွတ် အထိပ်ဂုဏ်တော်၊ အဲဒီလောကီ လောကုတ္တရာ အထွတ်အထိပ်ရောက်အောင် “ရောက်စေသတည်း”လို့ ရောက်ခဲ့တာမဟုတ်ဘဲ ဘဂဝါဂုဏ်တော်ကြီးနဲ့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီကုသိုလ်တော်တွေကို ကြိုးပမ်းအားထုတ် ဆည်းပူးတော်မူခဲ့ရတာပါ။

အရဟံဂုဏ်တော်ကြီးကို ကြည်ညိုမြတ်နိုးသောအားဖြင့် မိမိကိုယ်တိုင်လည်း ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်တွေ မဖြစ်ပွားအောင် တတ်နိုင်သမျှ ရှောင်ကြဉ်ခြင်းဖြင့် နည်းယူကျင့်သုံးပူဇော်ရပါမယ်။ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ကြီးကို ကြည်ညိုမြတ်နိုးသောအားဖြင့် မိမိတို့ အတိုင်းအတာအလျောက် သိသင့် သိထိုက်သမျှသော သိဖွယ်ရာတရားတို့ကို တတ်သိနားလည်အောင် လေ့လာခြင်းဖြင့် သမ္မာသမ္ဗုဒ္ဓဂုဏ် တော်ကြီးကို နည်းယူပူဇော်ရပါမယ်။ “ဘဂဝါ”ဂုဏ်တော်ကြီးကို ကြည်ညိုသောအားဖြင့် ကာယကံကုသိုလ်၊ ဝစီကံကုသိုလ်၊ မနောကံကုသိုလ်တွေ ကြိုးစားပွားများကျင့်သုံးခြင်းဖြင့် ဘဂဝါဂုဏ်တော်ကြီးကို နည်းယူ ပူဇော်ရပါမယ်။

အဲဒီလို အရဟံဂုဏ်တော်၊ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်၊ ဘဂဝါဂုဏ်တော်တို့ကို နည်းယူကျင့်သုံးပူဇော်ပြီး နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” ဘုရားရှိခိုးကို နှုတ်ဖြင့် အကြိမ်ပေါင်းများစွာ သွားရင်း လာရင်း ထိုင်ရင်း အလုပ်လုပ်ရင်း သတိရတိုင်း ပွားများရပါမယ်။သတိရအောင်လည်း ကြိုးစားရပါမယ်။ နှုတ်ဖြင့် ပရိကမ္မဘာဝနာ အင်အားကောင်းအောင် အကြိမ်ကြိမ် ရွတ်ဆိုပွားများနေတော်မူပါ။စိတ်ဖြင့်လည်း ပရိကမ္မဘာဝနာ ရင့်သန်အောင် အထပ်ထပ် မပြတ် ဒလစပ် ရွတ်ဖတ်ပွားများတော်မူပါ။တစ်လလောက် ရိုရို သေသေ ကြိုးကြိုးစားစား ပွားများလိုက်ပါရင် ဗုဒ္ဓနုဿတိဘာဝနာ အသားတက်လာပြီး သမာဓိကောင်း လာပါလိမ့်မယ်။စိတ္တဝိသုဒ္ဓိ၊ မိမိရဲ့စိတ်တွေ(အကုသိုလ်နည်းလာသဖြင့်)စင်ကြယ်သန့်ရှင်းလာတာကို တွေ့ရပါ ခံစားရပါလိမ့်မယ်။

မြတ်စွာဘုရားကို အမြဲသတိရ ပူဇော်နေသဖြင့် မကောင်းမှုတွေကို မပြုဖြစ်တော့ဘဲ ကုသိုလ်တရားတွေ ချည်း အင်အားကောင်းလာပါလိမ့်မယ်။အဲဒီအခါမှာ စိတ်စင်ကြယ်သဖြင့် စိတ်ချမ်းသာခြင်း ဘုရားအာရုံနှင့် နေတတ်လာသဖြင့် စိတ်အနှောက်အယှက်နည်းလာခြင်း၊ ဗုဒ္ဓါနုဿတိဘာဝနာ ကုသိုလ်ကံ အရှိန်အဝါ ကြောင့် စီးပွားရေး လူမှုရေးစသည် အဆင်ပြေလာခြင်း မိမိရဲ့ ကောင်းမြတ်တဲ့ အကြံအစည်များ ကြံတိုင်း အောင်၍ ဆောင်တိုင်းမြောက်လာခြင်းစတဲ့ ပြောမယုံ ကြုံဖူးမှသိရတဲ့ အကျိုးထူးတရားတွေ ဖြစ်ပွား အောင်မြင်လာတာကို ကာယကံရှင်ကိုယ်တိုင် ကိုယ်တွေ့ ဒိဋ္ဌခံစားရပါလိမ့်မယ်။

ဘေးအန္တရာယ်ကို ကြောက်၍ ရှိခိုးခြင်း(ဘယ)၊လာဘ်လာဘ လိုချင်၍ ရှိခိုးခြင်း(လာဘ)၊မိရိုးဖလာအနေဖြင့် ရှိခိုးခြင်း(ကုလာစာရ)ဆိုတဲ့ အဆင့်အတန်းနိမ့်တဲ့ ရှိခိုးခြင်းသုံးမျိုးကို ရှောင်ရှားရမယ်လို့ ကျမ်းဂန်များက ဆိုထားပါတယ်။ဒါကြောင့် နမောတဿဘာဝနာ ပွားများသည်ဖြစ်စေ၊ အခြားသော ဗုဒ္ဓါနုဿတိဘာဝနာ နည်းကို ပွားများသည်ဖြစ်စေ၊ ရိုးရိုးရှိခိုးခြင်းအမှုပြုသည်ဖြစ်စေ၊ ဘယ လာဘ ကုလာစာရ သုံးမျိုးကို ရှောင် ရှားပြီး မြတ်စွာဘုရားရှင်၏ ဂုဏ်တော်တို့ကို တကယ်ယုံကြည်မြတ်နိုး၍ စိတ်သန့်သန့်ရှင်းရှင်း ပူဇော် ကန်တော့ပွားများဖို့လိုကြောင်း စွဲမြဲစွာ မှတ်ယူကြစေလိုပါတယ်။အကျိုးတရားကို နားလည်စေချင်၍ ဘာဖြစ်တတ်သည် ဘာဖြစ်နိုင်သည် ပြောရပေမယ့် လောကအကျိုးတွေ မမျှော်ဘဲ သံသရာဝဋ်မှ လွတ်မြောက် ကြောင်း ကျင့်ဝတ်ပဋိပတ်အနေဖြင့် ကြိုးစားပွားများခြင်းသည်သာ သူတော်ကောင်းကြီးတို့၏ လုပ်ထုံးပီသပါတယ်။ကိစ္စများမြောင် လူတို့ဘောင်ကား ရှုပ်ထွေးလှပါ၏။ဖြေပြေရန်ခက်လှပါ၏။”ဧကစာရ မာန်စောင်ချလျှက် လောဘမစော ဖော်မနှောတည့် တစ်တောထွက်လျှင် တစ်တောဝင်၍ တစ်ပင်ထွက်သွား တစ်ပင်နားလျက်” ဟူသော အဖော်မမှီး တစ်ကိုယ်တည်း တောခရီး ထွက်ဖို့ရန်လည်း မစွန့်နိုင်ကြပါ။အခြေ အနေ မပေးကြသဖြင့် လောကီ အလုပ်တို့ဖြင့်သာ ငုတ်တုတ် အသေခံရမည်ဆိုပါကလည်း သာသနာတော် နဲ့ တွေ့ရကျိုးမနပ် ဖြစ်ကြရပါလိမ့်မယ်။

တောလည်းမထွက်နိုင် ရိပ်သာလည်း မဝင်နိုင်မဲ့အတူ ငူတူတူနဲ့ တွေဝေမနေဘဲ သွားရင်း လာရင်း လုပ်ရင်း ထိုင်ရင်း ပျော်ရင်း ပါးရင်း အလုပ်ဖြစ်နိုင်တဲ့ နမော တဿ ဘာဝနာကို ရိုသေစွာကြိုးစား၍ ပွားများပါလော့။” သာသနာနှင့် တွေ့ကြုံရသောဘဝတွင် “နမောတဿနဲ့ နေ၍ နမောတဿနဲ့သေမယ်”လို့ အဓိဋ္ဌာန်ပြုပြီး နမော တဿ ဘာဝနာနဲ့ ပျော်မွေ့ပါလော့။သာသနာတော် နှင့်တွေ့မှကြုံမှ ထူထောင်ခွင့်ရသော နမော တဿ ဘာဝနာဖြင့် မဟာကုသိုလ်စိတ်ကို အထွတ်အထိပ်ရောက်စေပါလော့။”နမော တဿ ဘာဝနာ သည် သင့်အားလောကီရေး လောကုတ္တရာရေးတို့၌ အလင်းရောင်ကို ပေးဆောင်ပါလိမ့်အံ့။သဒ္ဒါ ပညာရှေ့ သွား၍ ဝီရိယတရားဖြင့် ကြိုးစားပွားများတော်မူပါလော့ဟု “နမောတဿနဲ့နေမယ် သေမယ်”ဆိုတဲ့ အကြောင်းကိုရေးသားလိုက်ရပါသည်။
မှတ်ချက်။ ။အရှင်ပညာစက္က(ဆိပ်ခွန်)၏ ဂါထာပရိတ်တော်များစာအုပ်မှ ကောက်နှုတ်တင်ပြခြင်း ဖြစ်ပါတယ်။

စာဖတ်သူ အားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာ တက္ကသိုလ် အိန္ဒိယနိုင်ငံ)

www.forverfriends.ning.com

ဘာဝနာအကြောင်း

“ဘာဝနာ”ဟူရာ၌ မြန်မာလို “တိုးပွားစေခြင်း၊ ထုံမွမ်းခြင်း”ဟု အဓိပ္ပာယ်ရ၏။ မိမိ၏ စိတ်ကို မြင့်မြတ်ဖြူစင်အောင် အားထုတ်ရသော စိတ်အလုပ် (မနောကံ) တစ်မျိုးတည်း။ ထို့ကြောင့် တွေ့ရာမြင်ရာ သတ္တ၀ါတို့အပေါ်၌ ကောင်းကျိုးချမ်းသာ မည်၏။ “မေတ္တာစိတ်ကို မိမိသန္တာန်၌ တိုးပွား၍ များလာစေခြင်း၊ မေတ္တာစိတ်တို့ မိမိသန္တာန်၌ ထုံမွမ်ခြင်း”ဟု ဆိုလိုသည်။ ထိုမေတ္တာ ဘာဝနာကို အလေ့အလာပြုသူ၌ ထိုမေတ္တာဓာတ်တွေ အလွန်များလေသည်။ တစ်ကိုယ်လုံးကို မေတ္တာဖြင့် ထုံမွမ်ထားသကဲ့သို့ ဖြစ်နေလေသည်။

ထိုသို့ မေတ္တာဓာတ်ခံ ရှိနေသူသည် ဆင်းရဲသူကို မြင်ရပြန်လျှင် ထိုသူကို ဆင်းရဲဒုက္ခမှ ကယ်တင်လိုသော ကရုဏာ ဘာဝနာလည်း အဆင်သင့် ဖြစ်လာတော့၏။ သတ္တ၀ါများ၏ ကောင်းကျိုးချမ်းသာတို့ကို လိုလားသော မေတ္တာဓာတ်ခံရှိနေသောကြောင့် ကြွယ်ဝချမ်းသာသူကိုမြင်လျှင် ၀မ်းမြောက်သော မုဒိတာ ဘာဝနာလည်း အဆင်သင့် ဖြစ်ပေးလာနိုင်ပေသည်။ ဤပြခဲ့သော ဘာဝနာ ၃-မျိုးကား စိတ်နေစိတ်ထား မြင့်မြတ်သူမှန်လျှင် တွေ့ရာ ကြုံရာ သွားလာနေထိုင်ရင်းမှာပင် ဖြစ်နိုင်ပေသည်။

ဗုဒ္ဓါနုဿတိစသော ကမ္မဋ္ဌာန်းတို့တွင် ဘုရားဂုဏ်တော်များကို အာရုံပြုသော ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းကို စီဖြန်းရာ၌ ဘုရားရှင်၏ ရှေးအကြောင်းကောင်းပုံ၊ အကျိုးကောင်းပုံ၊ သတ္တ၀ါတို့အား အကျိုးများပုံ ဤ ၃-ချက်ကို လေးလေးနက်နက် စဉ်းစား၍ အာရုံပြုရမည်။

အကြောင်းကောင်းပုံ

အကြောင်းဆိုသည်မှာ ဘုရားဖြစ်ဖို့ အကြောင်း ဖြစ်သောပါရမီများတည်း။ ထို ကောင်းမူပါရမီတော်များကို ဖြည့်ကျင့်ခဲ့ရာဝယ် အများ သတ္တ၀ါတွေလို ပေါ့ပေါ့ဆဆ မဟုတ်။ အလွန်ထက်သန်တော် မူပေသည်။ ထိုသို့ ထက်သန်စွာ ဖြည့်ကျင့်တော်မူရာ၌လည်း ဘ၀သံသရာဝယ် ကိုယ်တော့် ချမ်းသာရေးကို မျှော်တွေး၍ ဖြည့်ကျင့်သည် မဟုတ်။ သတ္တ၀ါအများ၏ စီးပွားချမ်းသာ ရွက်ဆောင်ဖို့ အရေးကိုသာ မြော်တွေး၍ ဖြည့်ကျင့်တော်မူသည်။ ဤအချက်များ ထင်ရှားအောင် ဝေဿန္တရာမင်းဘ၀၌ ဒါနပါရမီကို စဉ်းစားပါလော့။

များစွာသော လူတို့ ဒါနပြုကြရာ၌ မိမိကိုယ်ကို “အလှူ့ရှင်”ဟု အများသိစေလို၏။ အလှူခံပုဂ္ဂိုလ်တို့က ပြန်၍ ကျေးဇူးတင်စေလို၏။ တတ်နိုင်လျှင် ပြန်၍ပင် ကျေးဇူးဆပ်စေလိုသေး၏။ ဤဒါနကြောင့် နောက်နောင်ဘ၀တို့၌ စည်းစိမ်ချမ်းသာကို ခံစားလိုကြ၏။ အားလုံးပြီးစီးမှ နိဗ္ဗာန်ကို မလိုလဲလိုလဲ ဆုတောင်းကြ၏။ အလောင်းတောင် ဝေဿန္တရာမင်းကား ထိုကဲ့သို့ မဟုတ်ပါ။ ဖွားမြင်ပြီး၍ မကြာခင် မယ်တော့်အထံ လက်ကလေးဖြန့်၍ လှူစရာကို တောင်းတော်မူ၏။ ဤအချိန်မှာ ဂုဏ်ပကာသန စသည်များကို မကွက်တတ်သေးပါ။ ၀ါသနာတော်အတိုင်း သူတစ်ပါးအား ပေးကမ်းလိုသောဆန္ဒက ပြင်းပြတော်မူခြင်းသာ ဖြစ်ပါသည်။

ဤကဲ့သို့ ပြင်းပြသော ဆန္ဒတော်ဖြင့် လက်ဝတ်လက်စားများကို ချွတ်ကာ ချွတ်ကာ မကြာမကြာ ပေးကမ်း၍ ထီးနန်းရသောအခါ နေ့စဉ်နှင့်အမျှ သိန်းပေါင်းများစွာ ကုန်အောင် အလှူတင်းကုပ်ဆောက်လုပ် လှူဒါန်းပါသည်။ အလှူမဏ္ဍပ်ဝယ် စားကြသောက်ကြ ၀တ်ဆင်ကြသူတွေကို ရူစားတော်မူစဉ် စားသောက်ဝတ်ဆင်ကြရသူတို့ ပျော်ရွှင်ကြပုံကို မြင်ရ၍ ကိုယ်တိုင်လည်း အလွန်ရွှင်ပျတော်မူ၏။ ဤနေရာ၌လည်း ကိုယ်တော်၏ နောင်သံသရာ ချမ်းသာရေးနှင့် ဂုဏ်ပကာသနအရေးတို့ကို မတွေးအားပါ။ ထို မရှိဆင်းရဲ စားရမဲ့ သောက်ရမဲ့ ဒုက္ခသည်တို့ကို ကယ်တင်နေရခြင်းကိုပင် “ဓနရှင် သူတော်ကောင်းတို့၏ မွန်မြတ်သော တာဝန်”ဟု အယူရှိ၍ ထိုဒုက္ခသည်တို့ကို ကယ်ဆယ်လိုသော ဆန္ဒ၏ ပြင်ပြတော်မူခြင်းသာ ဖြစ်ပါသည်။

တစ်မြို့လုံး ပွက်ပွက်ဆူအောင် ပစ္စယဆင်ဖြူတော်ကို လှူသောအခါမှာလည်း ဂုဏ်ပကာသနနှင့် ဘ၀စည်းစိမ်ကို တွေးတော်မမူဘဲ “ဤကောင်းမူကြောင့် သဗ္ဗညုတဉာဏ်တော်ကို ရလိုပါ၏”ဟု ဆုတောင်းတော်မူသည်။ ဤနေရာဝယ် သဗ္ဗညုတဉာဏ်ရခြင်းကို ကိုယ်တော်၏ အကျိုးဟု မှတ်ထင်ကြပေလိမ့်မည်။ ထိုထင်သလို မဟုတ်ပါ။ သဗ္ဗညုတဉာဏ်ရခြင်းကြောင့် ကိုယ်တော်မှာ သာ၍ ပင်ပန်းစရာရှိပါသည်။ ထိုအသိဉာဏ်ရသည့်အတွက် မနားမနေ ဟောပြ ဆုံးမတော်မူခြင်း၊ ဒေသစာရီကြွချီတော်မူရခြင်းတို့ဖြင့် အားလပ်ခွင့် ရတော်မမူပုံကို မှန်းဆ၍ ကြည့်ကြပါကုန်။ ထို့ကြောင့် သဗ္ဗညုတဉာဏ်ကို တောင့်တတော်မူခြင်းသည် ကိုယ်တော့်အတွက် မဟုတ်။ အများချမ်းသာဖို့အတွက်သာ ဖြစ်ပါသည်။

နောက်ဆုံး၌ ချစ်လှစွာသော သားတော်သမီးတော် ၂-ပါးနှင့် မဒ္ဒီမိဖုရားကို လှူရက်ပုံမှာ “ကိုယ်တွက်တာမဟုတ်၊ သတ္တ၀ါတို့ အကျိုးသာ ဖြစ်ကြောင်း” ကောင်းကောင်းကြီး ထင်ရှားနေပါသည်။ ချဲ့ဦးအံ့ - လူ့စည်းစိမ်ဖြစ်စေ၊ နတ်စည်းစိမ်ဖြစ်စေ လိမ္မာလှပ မိမိအလိုကျ နေထိုင်ဖော်ရသော ဇနီးနှင့် အဖိုးတန် သားသမီးများ၌သာ အချုပ်အခြာဖြစ်၏။ ထိုအရာများမရှိလျှင် စကြာမင်းပင် ဖြစ်သော်လည်း မပျော်မွေ့နိုင်ပါ။ ဝေဿန္တရာမင်း ဘ၀၌ကား မဒ္ဒီမိဖုရားနှင့် သားတော်သမီးတော် ၂-ပါးသည် တစ်ကမ္ဘာလုံး၏ မျက်နှာဖုံးဟု ဆိုရလောက်အောင် အထက်တန်းရောက်ကြ၏။ ထို့ကြောင့် လောက စည်းစိမ်ဝယ် အမြိန်ဆုံး သားတော်သမီးတော်နှင့် မိဖုရား ရတနာကို လှူရက်တော်မူသည်မှာ မည်သည့်နည်းနှင့်မျှ ဂုဏ်ပကာသနနှင့် ဘ၀စည်းစိမ်အတွက် မဟုတ်နိုင်ပါ။ သဗ္ဗညုတဉာဏ်တော်ကို ရ၍ ဒုက္ခိတ သတ္တ၀ါတွေကို ချမ်းသာစေရန် အကျိုးငှာသာ ဖြစ်ပါသည်။

ဤသို့သော ဆန္ဒတော်ဖြင့် အလောင်းဘုရားသည် ကမ္ဘာပေါင်း များစွာဝယ် အသက်ကိုစွန့်၍ သီလစောင့်ခြင်း၊ အသက်ကိုစွန့်၍ သည်းခံခြင်း၊ မိမိအသက်စွန့်၍ သူတစ်ပါးအသက်ကို ကယ်ဆယ်ခြင်း၊ မဟော်သဓာဘ၀ကဲ့သို့ သူ့အသက်ကို ကယ်ဆယ်ခြင်းအားဖြင့် ပါရမီဖြည့်တော်မူလာခဲ့သောကြောင့် ဘုရားရှင်ကို အကြောင်းရင်း ပါရမီတော်အားဖြင့် ကြည်ညိုသောအခါ လွန်စွာကောင်းသော အကြောင်းများကို တွေ့ရပေသည်။ ဤကား ဘုရားရှင်၏ အကြောင်းကောင်းပုံပေတည်း။

အကျိုးကောင်းပုံ

ပြခဲ့သော ပါရမီကောင်းမူ အကြောင်းကြောင့် ဘုရားဖြစ်မည့်ဘ၀၌ ရရှိသောအကျိုးများ၏ အထက်တန်းကျခြင်းကို“အကျိုးကောင်းခြင်း”ဟု ဆိုလိုပါသည်။ ထိုအကျိုးများကား ရုပ်အဆင်းတော်၏ သပ္ပာယ်ခြင်း၊ ဉာဏ်တော် ကြီးမားခြင်း၊ တန်ခိုးအာနုဘော်ကြီးမားခြင်းများတည်း။ ထို အကျိုးများကို မိမိတို့ ကြားဖူးသည့် အတိုင်း ချဲ့ထွင်း၍ အာရုံပြုကြပါ။

သတ္တ၀ါတို့အကျိုးများပုံ

ထိုပြခဲ့သော အကြောင်းကြောင့် တင့်တယ်ကြီးမား ခမ်းနားသော အကျိုးကို ရရှိတော်မူပြီးသောအခါ အေးအေးသက်သာ သီတင်းသုံးတော်မမူပါဘဲ သတ္တ၀ါတို့၏ အကျိုးစီးပွားများကြဖို့ရာ တရားဟောတော်မူလျက် ၄၅-၀ါ အချိန်အခါကို ကုန်လွန်စေတ်ာမူပါသည်။ ထို့နောက် ပရိနိဗ္ဗာန်စံတော်မူခါနီး ဆဲဆဲမှာပင်-

“ဟန္ဒ ဒါနိ ဘိက္ခဝေ၊ အာမန္တယာမိ ဝေါ။
ဝယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ။”

ဟု ဆုံးမသြ၀ါဒ ပေးတော်မူရှာပါသေးသည်။ ထိုသို့ မနားမနေ ဟောပြတော်မူပေသောကြောင့် ကုဋေများစွာ သတ္တ၀ါတို့ သံသရာဝဋ် ဇာတ်သိမ်း၍ အေးငြိမ်းကြရပါသည်။

ဤသို့ အကြောင်းကောင်းပုံ၊ အကျိုးကောင်းပုံ၊ လုံ့လ၀ီရိယ ကြီးမား၍ သတ္တ၀ါတို့ အကျိုးများပုံကို ယုံယုံကြည်ကြည်နှင့် အာရုံပြုသောအခါ “ဗုဒ္ဓေါ မေ သရဏံ အညံနတ္ထိ = ဘုရားရှင်သည် တပည့်တော်တို့၏ ကိုးကွယ်ရာ ဖြစ်ပါပေသည်။ ဘုရားမှတစ်ပါး တခြား ကိုးကွယ်ရာ မရှိတော့ပါ”ဟု ဘုရားကိုးကွယ်မူ သရဏဂုံသည် အသိဉာဏ်နှင့်တကွ ထက်သန်သော သဒ္ဓါတရားပါ မိမိသန္တာန်၌ တည်တော့၏။ ဤကား ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း စီးဖြန်းပွားများပုံ အချုပ်တည်း။ ဤသို့ စသည်ဖြင့် မေတ္တာကို ဖြစ်စေ၊ ဗုဒ္ဓါနုဿတိ စသော တစ်မျိုးမျိုးကို ဖြစ်စေ၊ မိမိသန္တာန်၌ ဖြစ်စေခြင်း၊ ထုံမွမ်းထားခြင်းကို “ဘာဝနာ”ဟု ခေါ်ရပေသည်။ ဤကား သွားရင်းလာရင်း ဘုရားရှိခိုးရင်း ဖြစ်နိုင်သော ဘာဝနာ တချို့တည်း။ အများပွားနေကျ ဘာဝနာကို“ဘာဝနာ” ကျမ်းဂန်တို့၌ လေ့လာဖတ်ရူကြပါ။


အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

www.forverfriends.ning.com

*** အလှဟူသည် အဘယ်နည်း ? ***



မှန်ထဲပေါ်သည့် ၊ ကိုယ့်ရုပ်ကြည့်၍
ပီတိနှင့် မြူး ၊ လူတိုင်း ရူး၏။

ဘီလူးပုံမျိုး ၊ ကိုယ့်ရုပ်ဆိုးလည်း
မိုးလေမမြင် ၊ လှတယ်ထင်၏။

နတ်သွင်တမျှ ၊ ရုပ်ဆင်းလှက
လက်မ ထောင်ပြ ၊ ပိုရူးကြ၏။

အရေပြားကို ၊ အလှ ဆိုကြ
အရေပြားတွင် ၊ အလှ ထင်ကြ
မျက်မြင်လောက ၊ သဘာဝတည်း။

အရေပြားအောက် ၊ ဖုံး၍ပျောက်သည့်
သိပ်ကြောက်စရာ ၊ ဒိဋ္ဌိ ငါကြောင့်
လူမှာ အမြင် လွဲရသည်။

ကိုယ်ထဲမှာရှိ ၊ မျိုးဒိဋ္ဌိဖြင့်
ကြည့်၍ ငါလှ ၊ သူ မလှဟု
လောကလူ့ရွာ ၊ ပြောဆိုပါ၏။

ငါလှ သူလှ ၊ ငြင်းခုံကြသည့်
မတူ ဝါဒ ၊ လူ ဟူသမျှတို့
အလှဟူသည် အဘယ်နည်း ? ။ ။

ကျော်မိုး ( စကားဝါမြေ )
၃၊၇၊၂၀၁၃(ဗုဒ္ဓဟူးနေ့)

အကြောင်း ၄-ပါးတို့ ပြုပြင်နေပုံ

ဤနေရာဝယ် ဓာတ်ကြီးလေးပါးတို့ စုပေါင်းနေပုံနှင့် ကံ၊ စိတ်၊ ဥတု၊ အာဟာရကြောင့် ရုပ်တို့ ဖြစ်ရကြောင်းကို ထင်ရှားစေရန်ထပ်ရှင်းပါဦးမည်။ ရှေးဦးစွာ မြေကြီးဖြင့် ပြုလုပ်အပ်သော လူရုပ်ကလေးကို စဉ်းစားကြစို့။ မြေမူန့်တွေချည်းသက်သက် လူရုပ်ဖြစ်နိုင်မလား။ မဖြစ်နိုင်။ မြေမူန့်တွေချည်းသက်သက် လူရုပ်ဖြစ်နိုင်မလား။ မဖြစ်နိုင်။ မြေမူန့်ချည်းသက်သက် ထားလျှင် လေတိုက်သဖြင့် လွင့်သွားလမ့်မည်။ သို့ဖြစ်၍ လွင့်မသွားနိုင်အောင် ရေဆွတ်ပေးရလိမ့်မည်။

မြေနှင့်ရေ ပေါင်းမိရုံဖြင့်လည်း လူရုပ်ဖြစ်ဖို့ မဆိုထားဘိ စည်းစည်းလုံးလုံးပင် မဖြစ်နိုင်သေး။ ထို့ကြောင့် စည်းလုံးမိအောင် စုပေးရဦးမည်။ ထိုမျှဖြင့်လည်း လူရုပ်မဖြစ်နိုင်သေး။ ရေဆွတ်ထားသဖြင့် စိုးစွတ်နေသောရွှံ့ကို အရုပ်လုပ်ဖြစ်ရုံ ခပ်ထန့်ထန့်ဖြစ်အောင် နေလှန်းပေးရဦးမည်။ ထိုသို့ မြေဓာတ် ရေဓာတ် လုံးထွေးမိအောင် ပြုပေးသော လေဓာတ်၊ အပူ(မီး)ဓာတ်တို့ဖြင့် သင့်တင်ရုံညီမျှနေသော ရွှံ့ကိုမှ အရုပ်ပြုလုပ်တတ်သူက အရုပ်လုပ်ပေးသောကြောင့် လူရုပ်ကလေး ဖြစ်လာရလေသည်။ ဤကား ဥပမာသဘောအားဖြင့် ပြောပြခြင်းသာတည်း။

ကံစီမံပုံ

ထို့အတူ ပထ၀ီဓာတ်ချည်းသက်သက် ခန္ဓာကိုယ်မဖြစ်နိုင်။ ပထ၀ီဓာတ်လွင့်မသွားအောင် အာပေါဓာတ်က စိမ့်စိုလျက်ရှိရ၏။ စိုထိုင်းထိုင်းမရှိရအောင် တေဇောဓာတ်က အငွေ့ပေးလျက်ရှိရ၏။ တစ်ဖွဲ့စီတစ်ဖွဲ့စီ (တစ်ကလာပ်စီ) တွဲမီအောင် ၀ါယောဓာတ်က တွန်းထိုး ဖိညပ်လျက်ရှိရ၏။ ထိုဓာတ်ကြီး ၄-ခုအစုအဖွဲ့၌ မကင်းစကောင်းသော ၀ဏ ဂန္ဓ ရသ သြဇာတို့ ပါရှိကြ၏။ ထိုသို့ ရုပ်ကလာပ်များစွာတို့ ပူးပေါင်းမိသောအခါ (တော်စွာလျော်စွာ မပူးပေါင်းဘဲ) ရှေးကလူရုပ်ဖြစ်အောင် လုပ်နိုင်သော ကံစီမံချက်အတိုင်း “လူ့ကိုယ်ကောင်”ဖြစ်အောင် ပူးတွဲမိကြလေသည်။

ထိုကဲ့သို့ ကံကစီမံရာ၌ ကံပြုစဉ်က စိတ်အနေအထားလိုက်၍ ယောက်ျားသဏ္ဌာန်၊ မိန်းမသဏ္ဌာန်ဖြစ်အောင်လည်း စီမံရ၏။ အကုသိုလ်ကံအလိုက် ငရဲသဏ္ဌာန်၊ ပြိတ္တာသဏ္ဌာန်များကိုလည်း စီမံရ၏။ ကုသိုလ်ကံ ကောင်းမကောင်းကိုလိုက်၍ လှပသောသဏ္ဌာန်၊ မလှပသောသဏ္ဌာန်များကိုလည်း စီမံရ၏။ အကုသိုလ်ကံကြောင့် တိရစ္ဆာန်သဏ္ဌာန်ကို ရသော်လည်း ရှေးကုသိုလ်ကံများက အခွင့်သာလာလျှင် တိရစ္ဆာန်လှလှကလေးဖြစ်အောင်၊ ကျွေးချင် မွေးချင်စရာကောင်းအောင် စီမံပြန်၏။ ကုသိုလ်ကံကြောင့် လူဖြစ်သော်လည်း အကုသိုလ်ကံက မလှမပဖြစ်အောင်၊ သူတစ်ပါးရွံမုန်းအောင်၊ ပေးကမ်းချင်သူနည်းအောင် စီမံဖန်တီးပြန်၏။ ဤသို့လျှင် ကံတရားသည် မိမိစွမ်းအားရှိသလောက် ဤခန္ဓာကိုယ် (ရုပ်) တရားကြီးကို ပဋိသန္ဓေတည်စ အမိဝမ်းတွင်းကစ၍ စီမံဖန်တီးထားလေသည်။ (ဤကံကြောင့်ဖြစ်သောရုပ်ကို “ကမ္မဇရုပ်”ဟုခေါ်၏)

စိတ်ကပြုပြင်ပုံ

ကံစီမံထားသော ထိုရုပ်ကြီးကို စိတ်ကလည်း ထပ်မံ၍ပြုပြင်ပြန်၏။ စိတ်၏အလိုအတိုင်း ထိုင်ရ၊ အိပ်ရ၊ ရပ်ရ၊ သွားရ၏။ သွားလိုသောစိတ် ဖြစ်သောအခါ စိတ္တဇရုပ်တို့သည် တစ်ကိုယ်လုံး ပျံ့နှံ့လျက်ဖြစ်၏။ ထိုစိတ္တဇရုပ်များ၌ ၀ါယောဓာတ်သည်ခါတိုင်းထက် သတ္တိကောင်း၏။ ထိုဝါယောဓာတ်အစွမ်းကြောင့် တစ်ကိုယ်လုံး လူပ်လူပ်ရွရွဖြစ်၏။ ၀ါယောဓာတ်လွန်ကဲသော ရုပ်ကလာပ်တွေ များသည်ထက် များလာသောအခါ ရွေ့ကာရွေ့ကာ ဖြစ်ရာ၌ (ရွေ့ချင်တိုင်း မရွေ့ဘဲ စိတ်အလိုကျအောင်) ရွေ့ကြရလေသည်။

ဤနေရာ၌ “ရွေ့ကာရွေ့ကာ ဖြစ်ခြင်”ဟူသောစကားကို ထပ်၍ ထင်ရှားစေဦးအံ့ - ယခုကာလ ရုပ်ရှင်ရိုက်ကူးရာ၌ လူတစ်ယောက်၏ ခြေလှမ်း၍ သွားနေပုံထင်ရှားအောင် ကားငယ်ကလေးပေါင်းမျာားစွာ ရိုက်ကူးရ၏။ ပထမကား၌ ရပ်နေပုံသာ ပါသေး၏။ ဒုတိယ တတိယစသော ကားများ၌လည်း ထူးခြားခြင်း မရှိလှသေး။ ကားပေါင်းအတော်များမှ ခြေကြွသလိုပေါ်လာ၏။ ထို့နောက်လည်း ကားပေါင်း အတော်မားမှ ခြေကိုမြှောက်သလို ပေါ်လာ၏။ ဤသို့ သွားနေပုံပေါ်လာအောင် ကားပေါင်းများစွာ ဆက်ရလေသည်။ ထိုကားပုံကလေးများလည်း တကယ့်လူ၏ အနေအထားကို အဆက်ဆက် ထင်ရှားစေသော ပုံကလေးများတည်း။

ထို့ကြောင့် “လူသွားသည်”ဟုဆိုရာ၌ သွားလိုသောစိတ်ကြောင့် ပထမဖြစ်သော ရုပ်များမသွားသေး။ မတ်တတ်ရပ်လျက် ရှိသေး၏။ သို့သော် ပထမရုပ်ကလာပ်၌ ပါဝင်သော ၀ါယောဓာတ် အစွမ်းကြောင့် မငြိမ်မသက်သော အမူအရာဖြစ်လာ၏။ ထို့ကြောင့် ဒုတိယရုပ်စုသည် ပထမရုပ်စု၏နေရာ၌ ထပ်၍မဖြစ်ဘဲ ထိုနေရာနှင့် ဆက်ကပ်နေသော ဒုတိယနေရာ၌ ဖြစ်၏။ ဤသို့လျှင် နောက်နောက်ဖြစ်ရသော ရုပ်ကလာပ်စုက နေရာရွေ့၍ရွေ့၍ ဖြစ်နေရာဝယ် (မျက်စိတစ်မှိတ်ခန့်အတွင်း၌ ကုဋေတစ်သိန်းခန့်မက စိတ်ဖြစ်လျှင် စိတ္တဇရုပ်သည် ကုဋေတစ်သိန်းမက အထပ်ထပ်ဖြစ်သောကြောင့်)မျက်စိတ်စမှိတ်ခန့် အချိန်အတွင်းမှာပင် သွားလာနေသော ပုံသဏ္ဌာန် ထင်ပေါ်လာလေသည်။

ထို့ပြင် “စိတ်ပျိုတော့ကိုယ်နု” ဆိုသည့်အတိုင်း စိတ်ချမ်းသာသောသူ၌ ကြည်လင်သော စိတ္တဇရုပ်များဖြစ်၍ ချစ်ချစ်ခင်ခင် စကားပြောနေသောအခါဝယ် မျက်နှာများကြည်လင်၏။ ထိုက်တန်သမျှကျန်းမာအောင် ကြည်လင်သောစိတ်က စွမ်းဆောင်နိုင်၏။ “စိတ်ထောင်းတော့ ကိုယ်ကြေ”ဟု ပြောရိုးရှိသည့်အတိုင်း စိတ်မချမ်းသာလျှင် စိတ်ကြောင့်ဖြစ်သော ရုပ်များ ညှိုးနွမ်း၏။ စကားပြောမတည့်၍ စိတ်မကောင်းသောအခါ၌ ချိုနေသောမျက်နှာသည်ပင် ချက်ချင်းပျက်တော့၏။

အိမ်တစ်ဆောင်ကို မီးလောင်လျှင် နီးကပ်နေသော အခြားအိမ်များလည်း လောင်ရသကဲ့သို့ စိတ္တဇရုပ်က ညှိုးနွမ်းပူလောင်နေလျှင် ဆက်စပ်နေသော ကမ္မဇ၊ ဥတု၊ အာဟာရဇရုပ်များလည်း ပူလောင်ရတော့၏။ ထို့ကြောင့် အလွန့်အလွန် စိတ်မချမ်းသာသောသူသည် အရွယ်နှင့်မတန်အောင် အိုဆိုး၍ ထိုထက်ပူပန်လာသောအခါ နှလုံးကွဲ၍ စုတေရလေတော့၏။ ဤသို့လျှင် ခန္ဓာကိုယ်ကို ပဋိသန္ဓေကစ၍ စိတ်ကလည်း ပြုပြင်လျက်ရှိလေသည်။

ဥတုက ပြုပြင်ပုံ

ဥတုကလည်း ရုပ်ကိုပြုပြင်နိုင်၏။ သာယာသောဥတု၌ နေထိုင်လျှင် ရုပ်ကြည်လင်၏။ ကျန်းမာဝဖြိုး၏။ သန့်ရှင်းသော အိပ်ရာနေရာ အ၀တ်မားကို ၀တ်လေ့ရှိသူ၌ ထိုအ၀တ်များတွေ့ထိသော ဥတုကြောင့် သန့်ရှင်းသော ဥတုဇရုပ်များ တိုးပွားသဖြင့် ကျန်းမာ၏။ ထို့ကြောင့် အမြဲသန့်ရှင်းနေသော အ၀တ် အိပ်ရာနေရာများကို သုံးစွဲခြင်းသည် ကျန်းမာဖို့အကြောင်း နည်းကောင်းအစစ်ပင်တည်း။ မသန့်ရှင်းသော အ၀တ် အိပ်ရာ နေရာများကို သုံးစွဲသူ၌ကား ဥတုဇရုပ်များ တိုးပွားသဖြင့် ကျန်းမာရေးဆုတ်ယုတ်ပျက်ပြား၏။ တော တောင် သစ်ပင်တို့သည် မိုးကျသောအခါ၌ ဥတုကောင်းနှင့် တွေ့ရ၍ တိုးတက်ပြန့်ပွား စည်ကားကြ၏။ နွေဥတုကျသောအခါ မကောင်းသော ဥတုနှင့်တွေ့၍ ညှိုးနွမ်းခြောက်သွေ့ကြရလေသည်။ ဤသို့လျှင် ဥတုကလည်းခန္ဓာကိုယ်ကို အမိဝမ်းတွင်း အောင်းနေစဉ်ကပင် ပြုပြင်နေရကား ဥတုအလိုက် သစ်ပင်တောတောင်တို့ ပြောင်းလွဲပုံကို ကြည့်၍ မိမိကိုယ်၌လည်း ဥတုကောင်းမကောင်းလိုက်၍ ဥတုဇရုပ်များပြောင်းရပုံကို သတိပြုပါကုန်။

အာဟာရက ပြုပြင်ပုံ

စားသမျှအစာ၌ (သောက်ရေ၌ပင်) ပါရှိသောသြဇာသည် ရုပ်ကိုဖြစ်စေနိုင်၏။ မိမိနှင့်သင့်သော အစားအသောက်နှင့် ဆေးများသာ စားသောက်သုံးစွဲလျှင် ကောင်းသောရုပ်များ တိုးပွား၍ ၀ဖြိုးကြည်လည် စည်ပင်ကျန်းမာ၏။ မသင့်တော်သော အစားအသောက်နှင့် ဆေးများကို သုံစွဲစားသောက်မိလျှင် မကောင်းသော ရုပ်များတိုးပွား၍ ညှိုးနွမ်းသွေ့ခြောက် ရောဂါရောက်ရသည်မှာ မျက်မြင်ပင်ဖြစ်သကဲ့သို့ သင့်တော်သော အစားအသောက်နှင့် ဆေးများကို သုံစွဲစားသောက်လေ့ရှိသူတို့ အသက်ရှည်ကြ၊ အနာကင်းကြသည်မှာလည်း မျက်မြင်ပင်ဖြစ်သည်။

အမိဝမ်းတွင်း သန္ဓေတည်နေစဉ်မှာလည်း ကိုယ်ခန္ဓာကလေး ထင်ရှားသည်မှစ၍ အမိစားသမျှအစာသည် သူငယ်၏ ကိုယ်အတွင်းသို့စိမ့်ဝင်၏။ ထိုအခါ ကလေး၏ ကိုယ်၌ အာဟာရကြောင့် ရုပ်များ တိုးပွားကြ၏။ ထို့ကြောင့် မိမိကလေး၏ ကျန်းမာရေးကို လိုးလားသော မိခင်တိုင်းပင် ကိုယ်ဝန်ရှိသည်ကစ၍ ကလေးနှင့် အသင့်တော်သော အစာအာဟာရများကို အထူးရှောင်ကြဉ်ကြရသည်။ အမိသည် အကြင်အစားအသောက်ကို စားသောက်၏။ ထိုအစားအသောက်ဖြင့် အမိဝမ်း၌တည်နေသော ကိုယ်ဝန်သူငယ်သည်မျှတရရှာ၏။ အမိစားသောအစာသည် ချက်ကြိုးမှစိမ့်၍ ကလေးကိုယ်၌ ပျံ့နှံ့၏ဟု ကျမ်းစာတို့၌ဆို၏။ ယခုအခါ၌ကား ကျန်းမာရေးကို အတော်နားလည်သော ဆရာတို့ညွှန့်ကြားချက်ဖြင့် သန္ဓေရှိသည်ကစ၍ မိခင်သည် အားရှိသောအစာကို စားရ၏။ ကြမ်းကြမ်းတမ်းတမ်း သွားလာမူကို သတိပြုရ၏။ မကြာမကြာ ကိုယ်ဝန်ကို ဆိုင်ရာဆရာထံ ပြရ၏။ အအိပ်အစား မှန်စေရ၏။ မိမိကိုယ်တိုင်က ရောဂါကင်း၍ ထိုကဲ့သို့ ဂရုစိုက်ခြင်းရှိပါမှ ကျန်းမာသော သာသမီးတို့က များပေးလိမ့်မည်။ ထို့ကြောင့် မိခင်တိုင်းကလည်း ကလေး၏ အာဟာရကို ကိုယ်ဝန်ရှိစဉ်ကစ၍ ပြုပြင်ပေးကြပါကုန်။

နိဂုံး

ဤမျှသော စကားအစဉ်ဖြင့် နားလည်သင့်သမျှ ရုပ်တို့၏ အကြောင်းကိုပြခဲ့ပြီ။ ဤသို့ ရုပ်တို့၏ဖြစ်အင်ကို စီစဉ်ရကြောင်း ကောင်းမြတ်သောပဋိပတ်ကြောင့် ဤစာကို ကြည့်ရူသူတိုင်း ယခုဘ၀ကျန်းမာရေး၊ နောင်သံသရာ၌ နိဗ္ဗာန် မပြောင်းရသေးမီ ရုပ်ကောင်း ရုပ်မွန်ရရေးအတွက် ထက်မြက်ကောင်းမြတ်သော ကံကိုပြုနိုင်ကြပါစေ။ ငါနှင့်အတူ အတွင်းလူတို့ကား ဖြစ်လေရာဘ၀၌ (နိဗ္ဗာန်မရသေးလျှင် ကုသိုလ်ကောင်းမူ ပါရမီပြုရာဝယ်) စိတ်သွားတိုင်းကိုယ်ပါ၍ လိုရာကောင်းမူများကို အားထုတ်နိုင်လောက်အောင် ကျန်းမာသန့်ရှင်းသော ရုပ်အဆင်းကိုရရှိကာ ပါရမီတိုးပွားအောင် ကြိုးစားနိုင်ကြပါစေ။

ယခု နောက်နှောင်း၊ ရုပ်ရည်ကောင်းဖို့၊ ကျိုးကြောင်းစုံလင်၊ ရုပ်ဖြစ်အင်ကို၊ စီစဉ်ပါရ၊ ဤပုညကြောင့်၊ ရူကြသသူ၊ များဗိုလ်လူတို့၊ ခုမူမြော်တွေး၊ ကျန်းမာရေးနှင့်၊ နောင်ရေးရုပ်ကောင်း၊ ရဖို့ကြောင်းဟု၊ ကံကောင်းပြုစေ၊ ငါ့အနေမူ၊ ဘဝေ ဘ၀၊ ဖြစ်သမျှ၌၊ ပုညအလုပ်၊ ကြိုးစားထုတ်က၊ ဤရုပ်ခန္ဓာ၊ ကျန်းခံသာ၍၊ ခိုင်မာစေကြောင်း၊ ဖော်အပေါင်းလည်း၊ အကောင်းဆင်တူ၊ ရုပ်စင်ဖြူသည်။ နိဗ္ဗူထုတ်ချောက် ရောက်ရန်သောဝ်။

ရုပ်နှင်စပ်၍ မှတ်ဖွယ်များပြီးပါပြီ။

အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

www.forverfriends.ning.com

ကာမစိတ်မွှန်သူ

မထေရ်တစ်ပါးသည် မြတ်စွာဘုရားအထံတော်မှ ကမ္မဋ္ဌာန်း သင်ယူခဲ့၍ တောသို့သွားကာ အားထုတ်ရာတွင် မကြာမီ ရဟန္တာဖြစ်၍“မြတ်စွာဘုရား၏ ဂုဏ်တော်တို့ကို အောက်မေ့လျက် ဖူးမြင်အံ့”ဟု သာဝတ္ထိသို့ ပြန်လာရာတွင် ရွာတစ်ရွာမှ အမျိုးသမီး တစ်ယောက်သည် သူ၏လင်နှင့် ရန်ဖြစ်၍ မိဘရှိရာသို့သွားမည်ဟု ထွက်လာရာ တောအုပ်တစ်ခုအတွင်း၌ မထေရ်ကို မြင်၍“ငါအဖော်ရပြီ”ဟူသော အမှတ်ဖြင့် မထေရ်၏ နောက်မှ ခွာ၍ လိုက်လာလေသည်။ ဤအမျိုးသမီး နောက်ကပါလာသည်ကို မထေရ်လည်း မသိချေ။

အမျိုးသမီး၏ လင်ယောက်ျားလည်း အိမ်တွင် အမျိုးသမီးကို မတွေ့သဖြင့် “သူ့မိဘအိမ် သွားမှာပဲ”ဟူသော အထင်ဖြင့် အပြင်းခရီးနှင်၍ လိုက်လာလေရာ ၎င်းမိန်းမကိုတွေ့ပြီး “သူအဘယ်ကြောင့် တစ်ယောက်တည်း လာသနည်း”ဟု ကြည့်လိုက်သော် မထေရ်ကို မြင်လေလျှင် “ဤကိုယ်တော် ငါ့မယားကို သွေးဆောင် ခေါ်လာခြင်းဖြစ်မည်”ဟု စိတ်ကူးလျက် မထေရ်ကို ကြိမ်းမောင်း ခြိမ်းခြောက်သောအခါ သူ့မိန်းမက “သူ့နောက်က လိုက်လာသည်ကို မထေရ်ပင် မသိကြောင်း၊ စကားလဲ တစ်လုံးမှ မပြောရကြောင်း နောက်သို့လဲ ပြန်၍ မကြည့်ကြောင်း” ပြောသောအခါ ယောက်ျားက “သင်သည် မိမိကိုယ်ကို ယူ၍သွားပါသည်ဟု ငါ့ကို ဘယ်ပြောမည်နည်း၊ သင့်ကိုယူ၍ ဤကိုယ်တော် မသင့်လျော်သည်ကို လုပ်သည်”ဟု ကာမစိတ်မွှန်ကာ ဒေါသကြီးစွာဖြင့် မိန်းမကို ငြိုး၍ ကိုယ်တော်ကို ရိုက်လေသည်။ ရိုက်နှက်ပြီးမှ မယားကို ခေါ်၍ ပြန်လေသည်။

(ဓမ္မပဒ အဋ္ဌကထာ - ၄၁၅)။

ဤ၌ ရဟန္တာမထေရ်သည် အာရုံငါးပါးတို့တွင်မက အာရုံခြောက်ပါး တံခါးခြောက်ပေါက်တို့ လုံပြီးသား (ဣန္ဒြိယသံဝရ) သီလနှင့် ပြည့်စုံလေသဖြင့် နောက်သို့ပြန်၍ မကြည့်လေသောကြောင့် ဤဒကာမ လိုက်လာသည်ဟူ၍လည်း မသိခဲ့။ မယားဖြစ်သူကလည်း ထိုယောက်ျားနှင့် ရန်ဖြစ်၍ ထွက်လာရာ မည်သူမျှ သွေးဆောင်ခေါ်ဝင်ဖို့လည်း မလိုပေ။ ရန်ဖြစ်သဖြင့် စိတ်လိုက် မာန်ပါ တစ်ယောက်တည်း ထွက်လာတတ်သည်မှာလည်း ထိုဒေါသရှေ့ဆောင်မူ၏ သတ္တိပင်ဟု မစဉ်းစားဘဲ မထေရ်ကို အရမ်းစွပ်စွဲလေသည်။

စွပ်စွဲရုံတွင်မက... “ရာဂအဟုန်၊ ကျဆင်းမူန်သို့၊ သုန်သုန်တိုက်လှည်း၊ အမိုက်သည်း၏...”ဟု မန်လည်ဆရာတော်ဆိုသောအတိုင်း၊ သူယုတ်သူမြတ်မစဉ်းစားဘဲ ကာမစိတ်မွှန်ကာ မိုက်လုံးကြီးစွာဖြင့် ရိုက်နှက်လေသည်။ ဤသည်မှာလည်း ကာမ၀တ္ထု အကြောင်းပြု၍ ဖြစ်ရသော သံသရာဆင်းရဲခြင်းပေတည်း။ ယင်းသို့ မိုက်တွင်းနက်သူ လောကတွင် အများအပြားပင် ရှိတတ်ပေရာ ထိုသည့်လူမျိုးတို့၏ ဉာဏ်အသိတွင် ဤအာရုံထု ဖုံးလွှမ်းပြုခဲ့လျှင် မည့်သည့်အမှန်ကိုမျှ မမြင်ဘဲ ပြုတတ်သည်ကို ဆက်၍ ဖတ်ရူနိုင်ရန် ဖော်ပြပေးပါအုံးမည်။

ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။

ဘာသာရေးစာပေများကို ♣☺ မေတ္တာရိပ် ☺♣ မှာလည်း လာရောက်ဖတ်ရူလေ့လာနိုင်ပါသည်။

www.forverfriends.ning.com

ဥရဂဇာတ်

လောကတွင် ရှိကြသော လူသတ္တ၀ါတို့သည် သေမည်ကို သိကြသူများသာ ဖြစ်သည်၊ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာများသာ၍ပင် သိကြသည်။ အကြောင်းမူ သေတတ်သော ခန္ဓာနှင့်စပ်၍ အသေတရားများကို မကြာခဏပင် နာကြားနေကြရသည်။ သို့သေမည်ကို သိထားသည်ဆိုသော သူများသည် မိမိကိုယ်ကို ဖြစ်စေ၊ မိမိ၏ သားမယား, မိဘ, ညီအစ်ကို, မောင်နှမ, မိတ်ဆွေသင်္ဂဟ, ဆွေမျိုးဉာတိ စသော သူတို့ သေကြလျှင် သော်လည်းကောင်း၊ သတင်းကြားရလျှင်သော် လည်းကောင်း၊ သေခြင်းတရားသည် ဓမ္မတာတရား ဖြစ်၍ မပူဆွေးကြဘဲ တရားရကြပါသလား ဟုမေးလျှင် ဤမေးခွန်းသည် သက်သက် မဖြစ်နိုင်သော မေးခွန်းမျိုးဟု ယူဆကြပေလိမ့်မည်။

သေခြင်းသဘောကိုကား သိကြသည်မှန်၏။ သို့ရာတွင် မိမိအတွက် မဟုတ်သလို မိမိအတွက်ဆိုပါကလည်း အလွန်စောသေးသည်ဟူသော အထင်ရှိကြသည် “ဒီအသက် လောက်နဲ့တော့ သေဖို့ မကောင်းသေးပါဘူး၊ စောလှပါသေးတယ်”ဟူသော စကားမျိုးသည် သေသင့်သော အချိန်ကို သိ၍လော၊ မသိနိုင်သော တရားငါးပါးကိုပင် မကြားဖူး၍လော မပြောတတ်ပေ။

ကျွန်ုပ်တို့ ပြောတတ်သည်ကား ထိုစကားမျိုးပြောသော သူတို့သည် သေတတ်သည်ကို အများပြော အနေနှင့်သာ ကြားရဖူး၍ တကယ်ယုံကြည်မူ မရှိသေးသောသူ၊ သေရမည့်ဘေးကို အလွန်ကြောက်သော သူသာ ဖြစ်ပေလိမ့်မည်။ တကယ်ပင် နှစ်နှစ်ကာကာ ယုံကြည်မူရလျှင် မိမိ၏ အသေကိုပင် မိမိသိနိုင်သော ၀ိပဿနာအလုပ် အားထုတ်ပေတော့မည် ဖြစ်သည်၊ ရှေးအခါ တကယ်သိသော သူတို့၏ သဘောထားကို ကြည့်ပါ။

လွန်လေပြီးသောအခါက ကာသိတိုင်း၊ ဗာရာဏသီပြည်တွင် ဓမ္မပါလ မည်သော ပုဏ္ဏားရွာ တစ်ရွာရှိလေသည်။ ထိုရွာတွင် တစ်ခုသော အိမ်၌ ပုဏ္ဏားကြီး, ပုဏ္ဏေးမ, သား, သမီး, ချွေးမ, ကျွန်မ ငါးဦးတို့ နေကြလေသည်။ ထိုသူတို့သည် “ငါတို့ကား... သေတတ်သော သူတို့ ဖြစ်ကြသည်။ သေခြင်းဟူသည် သတ္တ၀ါခန္ဓာဖြစ်ရှိသော သူတို့၏ မထူးဆန်းသော ကိစ္စဖြစ်၍ သေတတ်သော သဘောသာရှိ၏”ဟု “မရဏာနုဿတိ” သေခြင်းကိုသာ နှလုံးသွင်းလျက် နေကြမြဲဖြစ်လေသည်။ တစ်ဦးတစ်ယောက် အပြင်သို့ ကိစ္စရှိ၍ ထွက်သွားခဲ့သော် ကျန်လူများအား သေခြင်းသဘောကို ပြောပြခဲ့လျက် ကျန်လူများအတွက် အပြင်သွားသောသူအား ပူပန်ခြင်း၊ စိုးရိမ်ခြင်း မရှိဘဲသာလျှင် “သေခြင်းတရား”ကိုသာ မပြတ်နှလုံးသွင်းလျက် နေကြလေသည်။

တစ်နေ့သောအခါ သားနှင့်တူ နွားတို့ကို ယူ၍ လယ်ထွန်ခြင်းငှာ လယ်ထဲသို့ ထွက်သွားလေသည်။ ရှေးဦးစွာ သားဖြစ်သူသည် သစ်ရွက်ခြောက်တို့ကို မီးထည့်ရန် စုနေစဉ် မြွေဟောက် တစ်ကောင်သည် မီးရို့မည်ကို ကြောက်၍ သစ်ခေါင်းမှ ထွက်ပြီးလျှင် သားအား ကိုက်လိုက်ရာ ထိုနေရာတွင်ပင် လဲကျသေဆုံးလေသည်။ သေလေပြီးသော သားသည် သိကြားမင်း ဖြစ်သွားလေသည်။ ဖခင်ဖြစ်သော ပုဏ္ဏားကြီးလည်း သားသေသည်ကို မြင်၍ မိမိတို့ လယ်ထွန်မည့် အနီးမှ ဖြတ်သွားသော ယောက်ျားတစ်ယောက်ကိုတွေ့၍...

“အဆွေယောက်ျား ပုဏ္ဏေးမနှင့် အိမ်သားများကို ပြောလိုက်စေလိုပါသည်၊ အိမ်သားအားလုံးလည်း ရေချိုးပြီးလျှင် အ၀တ်ဖြူဝတ်၍ ပန်းနံ့သာတို့နှင့် တစ်ယောက်စာ ထမင်းကိုယူ၍ အလျင်အမြန် လာကြပါ”

ဟု မှာလိုက်လေသည်။ ခရီးသွား ယောက်ျားလည်း ပုဏ္ဏားကြီးအိမ်သို့ သွား၍ မှာလိုက်သောအတိုင်း ပြောပြလေလျှင် မှာလိုက်သော စကားအရ ပြုလုပ်စီမံကြ၍ သွားကြလေသည်။ ပုဏ္ဏားလည်း ရေချိုး၍ ထမင်းစားပြီးသော် အိမ်သားအာလုံး ၀ိုင်း၍ ထင်းတို့ကို စုဆောင်းပြီးလျှင် အလောင်းကို ထင်းပုံထက်သို့ တင်၍ မီးသွေးဖုတ်ရန် ထင်းပုံကို မီးတိုက်သကဲ့သို့ စိုးရိမ်းခြင်း၊ ပူဆွေးခြင်း မရှိကြပါဘဲ “အနိစ္စသညာ”ကို နှလုံးသွင်း၍ (အဂ္ဂိဈာပန) မီးတိုက်ကြလေသည်။

မြွေကိုက်သေ၍ သိကြားဖြစ်နေသော ပုဏ္ဏားသားသည် ဘုရားအလောင်းတော် ဖြစ်၍ မိမိ၏ ရှေးရှေးဘ၀တို့၌ ပြုအပ်သော ကုသိုလ်ကံတို့ကို ဆင်ခြင်လျက် မိခင်ဖခင်စသော အဆွေအမျိုးတို့အားလည်း အစဉ်သနားသဖြင့် ပုဏ္ဏားအရောင်ဆောင်၍ လာရောက်ပြီးလျှင် အဆွေအမျိုးတို့ မပူမဆွေးသည်ကို ကြည့်၍ အကယ်ပင် သဘောပေါက်သဖြင့် မပူကြခြင်းလော၊ သို့တည်းမဟုတ် ဟန်လုပ်၍ နေခြင်းလောဟု သိလိုသဖြင့်...
“အချင်းတို့ - သမင်ရလို့ ကင်နေကြသလား၊ ကျက်လျှင် ကျွန်ုပ်မှာ ဆာလောင်လှပါသဖြင့် အသား နည်းနည်းပေးကြပါ”ဟု တောင်းလေသာ်...

ပုဏ္ဏားကြီးက...

“မီးရို့နေခြင်းသည် သမင်မဟုတ်ပါ၊ လူသေဖြစ်ပါသည်”

ဟု ဆိုသောအခါ သိကြားပုဏ္ဏားက...

“သြော်... သင်တို့ ရန်သူသေလို့ မီးရို့နေကြသကိုး”

ဟု ဆိုပြန်ရာ...

ပုဏ္ဏားကြီးက...

“ကျွန်ုပ်တို့၏ ရန်သူမဟုတ်ပါ၊ အလွန် ဂုဏ်ကျေးဇူးများသော ငယ်ရွယ်သူဖြစ်သည့် ကျွန်ုပ်တို့၏ ရင်နှစ်သားချစ်ပါ”ဟု ပြောရာ...

သိကြားပုဏ္ဏားက...

“ဤသို့ဆိုလျှင် သင်တို့သည် အဘယ်ကြောင့် မစိုးရိမ်ကြသနည်း၊ မငိုကြွေး ကြသနည်း”ဟု ဆိုလေသောအခါ...

ပုဏ္ဏားကြီးက

(ဥရ ဂေါဝ တစံ ဇိဏံ။ လ။ ဂတောသော တဿယာဂတိ)

ဟူသော ၂ဂါထာဖြင့် ပြန်ပြောပုံကား…
“မြွေသည် အရေဟောင်းကို စွန့်၍ သွားသကဲ့သို့ ဤအတူ သံသရာ၌ ကျင်လည်ရသော သတ္တ၀ါသည် အသက်ကုန်၍ သေသည်ရှိသော ခန္ဓာကိုယ်ကို အသုံးမပြုနိုင်တော့ဘဲ မိမိ၏ ဆွေးမည့်သော ခန္ဓာကိုယ်ကို စွန့်၍ သွားရ၏။ ထိုသေသူသည် သူ၏ ကံအတိုင်း ပို့ဆောင်ရာ ဂတိသို့ သွားရသည်ဖြစ်၍ မီးလောင်ကျွမ်းနေသော ခန္ဓာကိုယ်သည် သူ၏ ဆွေမျိုးတို့၏ ငိုကြွေးခြင်းကို မသိ၊ သို့ကြောင့် ကျွန်ုပ်မငိုပါ”ဟု ပုဏ္ဏားကြီးက ဆို၏။

ပုဏ္ဏားကြီးကို မေးပြီးသောအခါ ပုဏ္ဏေးမကြီးအား သိကြားပုဏ္ဏားက...

“ရှင်မသည် သေသူနှင့် မည်သို့ တော်စပ်ပါသလဲ”

“ဆယ်လတိုင်အောင် လွယ်၍ မွေးပြီးလျှင် ကိုယ်တိုင် နို့တိုက်မွေးရသည့် မိခင်အရင်း ဖြစ်ပါသည်”ဟု ပြောလေသော်...

သိကြားပုဏ္ဏားက...

“သို့ဖြစ်လျှင် ယောက်ျားက စိတ်နိုင်သူမို့ မငိုလျှင် ရှိပါစေတော့၊ အမိတို့ မည်သည်မှာ သားသမီးအပေါ်၌ အလွန်နူးညံ့ပါသည်၊ သင်သည် အဘယ်ကြောင့် မငိုသနည်း” ဟုမေးရာ...

ပုဏ္ဏားမကြီးက...

(အနဗ္ဘိတော တတော အာဂါ။လ။ ဂတောသောတဿယာဂတိ)။

ဟု ပြန်ပြောသည်။

“ငါသည် သူ့ကို လာရန်မခေါ်ခဲ့ပါ၊ ယခုလည်း သွားတော့ဟု ခွင့်မပြုဘဲ သူသွား၏၊ အကြင်သို့သော အခြင်းအရာအားဖြင့် မခေါ်ဘဲ လာ၍ ထိုထိုသို့သော အခြင်းအရာအားဖြင့် ခွင့်မပြုဘဲ သွားသော သံသရာ၌ ဤသို့ဤသို့ တစ်ဘ၀မှ တဘ၀သို့ ကျင်လည် သွားလာနေသော သတ္တ၀ါတို့အတွက် ငိုကြွေးခြင်းသည် အကျိုးအဘယ်မှာရှိမည်နည်း”

(နောက်ဂါထာအတူ)

ဟု ပုဏ္ဏားမကြီးက ပြောပြီးသောအခါ...

သိကြားပုဏ္ဏားက နှမဖြစ်သူတို့...

“မောင်နှင့် နှမဟူသည် အလွန်ချစ်ခင်ကြပါလျက် ယခု မောင်သေသောအခါ သင် အဘယ်ကြောင့် မငိုသနည်း”ဟု မေးလေလျှင်...

နှမက...

(သစေရော ဒေကိသာအဿံ။ လ။ ဂတောသောတဿယာဂတိ)

ဟုပြောလေသည်။

“အကယ်၍ ငိုကြွေးခဲ့ပါမူ ပိန်ချုံးရုံမျှသာ ရှိရာ၏၊ ထိုသို့ ငိုကြွေးခြင်းဖြင့် အဘယ်အကျိုး တစ်စုံတစ်ရာ ရအံ့နည်း။ ငါတို့ဆွေမျိုး မိတ်ဆွေ စသော အကျွမ်းဝင်သူတို့ စိတ်ဆင်းရဲမူသာ ဖြစ်ပါမည်”ဟု ပြန်ပြောသည်။

နောက် မယားဖြစ်သူထံ ချဉ်းကပ်ပြန်၍...

“သေသူသည် သင်၏ လင်ဟု ဆိုသည်၊ မယားဖြစ်သူတို့မှာ လင်ကိုသာလျှင် အားကိုးရာ အားထားရာ မှန်၏၊ ယခု လင်သေသောအခါ သင်သည် မုဆိုးမ ဖြစ်ပေတော့မည်၊ အားထားရာမဲ့ပြီ၊ သို့အတွက် သင် အဘယ်ကြောင့် မငိုသနည်း” ဟုမေးပြန်ရာ...

မယားဖြစ်သူက...

(ယထာပိဒါရ ကေစန္ဒံ။ လ။ ဂတောသော တ ဿယာဂတိ)

ဟု ပြောသည်။

“သူငယ်သည် ကောင်းကင်၌ သွားသောလကို ငါ၏ ရထားဘီးကို ယူပေးပါဟု ဆို၍ ငိုသကဲ့သို့ ဤအတူ အကြင်သူသည် သေသူကို စိုးရိမ်၏၊ ယင်းသို့ စိုးရိမ်ခြင်းသည် ထိုသူငယ်၏ အဖြစ်နှင့် တူသည်သာတည်း”ဟု ဆိုပြန်သော အခါ ကျွန်မထံသို့ ကပ်၍...

သိကြားပုဏ္ဏားက...

“သေသူသည် သင်၏ အရှင်သခင်ဟု ဆိုသည်၊ သင်၏ အရှင်သည် သင့်ကို အလွန် နှိပ်စက်ညှင်းဆဲသူဖြစ်ရမည်၊ ယခုတော့ ငါလွတ်ပြီဟု ၀မ်းသာသော စိတ်နှင့် သင်မငိုသလော”ဟု မေးပြန်၏။

ထိုအခါ ကျွန်မက...

(ယထာပိဗြာဟ္မေ ဥဒကုမ္ဘော။ လ။ ဂတောသော တဿ ယာဂတိ)

“ပုဏ္ဏားကြီး... ကွဲလေပြီးသော ရေအိုးသည် တစ်ဖန် ပြန်စပ်၍ မရသကဲ့သို့ ဤအတူ အကြင်သူသည် သေသူကို စိုးရိမ်၏ ထိုသူ၏ စိုးရိမ်ခြင်းသည် ကွဲလေပြီးသောအိုးကို စပ်၍ မရသည်နှင့်တူ၏ ထိုသေသူသည် မိမိလားရောက်ရာဂတိသို့ သွးလေပြီဖြစ်၍ မီးလောင်ကျွမ်းနေသော ဤကိုယ်ခန္ဓာသည် မိမိတို့၏ ငိုကြွေးခြင်းကို မသိ၊ ထို့ကြောင့် အရှင့်သားကို အကြောင်းပြု၍ မငိုကြောင်း…”

ကျွန်မက ဆိုလေသာ်...

သိကြားသည် ထိုသူတို့၏ စကာကို ကြားရ၍ အလွန်ကျေနပ်လှရား...

“သင်တို့၏ (မရဏဿတိ) သေခြင်းကို နှလုံးသွင်းပွားများမူသည် တကယ်ပင် မှန်လှပေသည်၊ ယနေ့မှစ၍ သင်တို့သည်ဆင်းရဲကြီးစွာ အသက်မမွေးကြရန်အတွက် ငါသည် သင်တို့အိမ်တွင် ရတနာ ၇-ပါး ပြည့်အောင်ထားခဲ့ပြီ။ သင်တို့သည် ပေးလှူခြင်း၌ မမေ့ပါနှင့်၊ သီလစောင့်ခြင်း၊ ဥပုသ်သုံးခြင်းတို့၌ မမေ့မလျော့ပါလေနှင့်”

ဟု ဆုံးမစကားပြောကြားလျက် ငါသည် သေသွးသော သင်တို့၏ သား၊ ယခု သိကြားဖြစ်နေသည်ကို ပြောပြီးလျှင် နတ်ပြည်သို့ ပြန်လေသည်။

ပုဏ္ဏားကြီးမိသားစုလည်း ဒါန-သီလစသည်ကို အသက်ထက်ဆုံး ပြုကျင့်ကြလျက် သေသောအခါ နတ်ပြည်သို့ လားကြလေသည်။

(ဤကား - ဇာတက ပါဠိတော် - ပ - အုပ် ၁၂၂။ ပေတ၀တ္ထုပါဠိတော် အဋ္ဌကထာ - ၅၆ ကို မြန်မာဘာသာပြန်၍ ထည့်လိုက်သည်)။

သတ္တ၀ါ၏အဖြစ်သည် အတိအကျဆိုရမူ သေဖို့ဖြစ်လာသည်ဟု ဆိုက အမှန်ဆိုခြင်းပင်ဖြစ်၏။ လောကစီးပွားရေး၊ သံသရာစီးပွားရေးသည် မသေမီသာ ပြုလုပ်ရသည်။ သေမည့် ပန်းတိုင်ကား သတ္တ၀ါဟုဖြစ်ရှိနေသော ခန္ဓာ အမျိုးမျိုးတို့အတွက် ကျိန်းသေ စိုက်ထူထား၏။ သေခြင်းကို သိပါသည်ဆိုသောသူများ ထိုအသေကို နှစ်သက်စရာဟု မထင်အပ်ပေ။ နှစ်သက်စရာဟု ထင်နေကြ၍သာ ထိုအသေမျိုး မရအောင်၊ ချုပ်ပြတ်အောင် အားထုတ်ရမည့် ၀ိပဿနာအလုပ်ကို မလုပ်လိုဘဲ နေကြခြင်းက ထိုအသေကို နှစ်သက်ပါသည်ဟု ၀န်ခံနေသလိုဖြစ်၍နေ၏။ မြတ်စွာဘုရားသည် ဤ အို, နာ,သေတတ်သော ခန္ဓာ၏ အဖြစ်ဆိုးကို နည်းအမျိုးမျိုးနှင့် ညွှန်ပြသည်။ အပြစ်ကို ဝေဖန်ပြပါလျက် မလိုက်နာကြချေ။

မြတ်စွာဘုရားသည် အသုဘ အဖြစ်ကို ဟောခြင်းကား ခန္ဓာကိုယ်၌ ဖွဲ့စည်းထားသော ၀တ္ထုပစ္စည်းများသည် ဘာမျှ တပ်မက်ဖွယ်ရာ မရှိကြောင်း အတွင်းအပြင် စုံလင်အောင် ဟောပြသည်။ ထင်မြင်အောင် ဟောပြသည်။ အသေကောင်၌ ကြာလေ ရွံဖွယ်ကောင်းလေဖြစ်သော အမှန်သဘောတရားသည် မသေသေးသော မိမိခန္ဓာကိုယ်နှင့်လည်း ဘာမျှမထူးခြားကြောင်းကို ဟောပြသည်၊ ၎င်းပြင် မြတ်စွာဘုရားသည်...

“သစေ ဣမဿ ကာယဿ၊ အန္တော ဗာဟိရကောသိယာ၊ ဒဏ္ဍံနူနဂဟေတွာန၊ ကာကေသောဏေ နိဝါရယေ” ဟု ဟောတော်မူသည်။

“ဣမဿကာယဿ၊ ဤကိုယ်အား။ သစေ၊ အကယ်၍။ အန္တောဗာဟိရကော၊ သံပရာသီးအခြမ်းကဲ့သို့ အတွင်းအပြင် ပြောင်းပြန်လှန်ထားသည်ရှိသော်။ သိယာ၊ ဖြစ်ငြားအံ့။ ဧ၀ံသတိ၊ ဤသို့ ပြောင်းပြန်လှန်ထားသည်ရှိသော်။ တွံ၊ သင်သည်။ ဒဏ္ဍံ၊ တုတ်တောင်ဝှေးကို။ ဂဟေတွာ၊ ကိုင်၍။ ကာကေသောဏ၊ ကျီး, ခွေး တို့ကို။ နိဝါရယေနူန၊ ခြောက်လှန့််တားမြစ်ရမည်မဟုတ်ပါလော”

လက်ရှိ အသက်ရှင်နေသော မိမိ၏ ခန္ဓာကိုယ်၌ လူသေကောင်ကဲ့သို့ မထူးခြးသော ထင်မြင်မူရရှိလျှင် ဤခန္ဓာကိုယ်ကို မှီ၍ဖြစ်သော တဏှာ, မာန, ဒိဋ္ဌိတို့ မဖြစ်ရာသော အကြောင်းမျိုးစုံကိုလည်း ဟောထားသည်။ အသက်ရှိစဉ်က အလွန်အဖိုးတန်သူ ဖြစ်စေကာမူ အသက်သေက တစ်ပြားမှ တန်ဖိုးမရှိတော့ကြောင်းလည်း ဟောကြားထားသည်။

ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။

ဘာသာရေးစာပေများကို ♣☺ မေတ္တာရိပ် ☺♣ မှာလည်း လာရောက်ဖတ်ရူလေ့လာနိုင်ပါသည်။
www.forverfriends.ning.com

ခံစားမှုမှ - ထွက်မြောက်ကြ

(၂၃)

ပါဠိတော်

“ကိဉ္စ ဘိက္ခဝေ ဝေဒနာနံ နိဿရဏံ၊ ယော ဘိက္ခဝေ ဝေဒနာသု ဆန္ဒရာဂ၀ိနယော ဆန္ဒရာဂပ္ပ - ဟာနံ ဣဒံ ဝေဒနာနံ နိဿရဏံ။

မြန်မာပြန်
“ရဟန်းတို့ - ခံစားမူတို့၏ ထွက်မြောက်ရာသည် အဘယ်နည်း၊ ရဟန်းတို့ - ခံစားမူတို့၌ တွယ်တာ တပ်မက်မူကို မဖြစ်စေရန် ဆုံးမခြင်း၊ မဖြစ်အောင် ပယ်ခြင်းသည် ခံစားမူတို့၏ ထွက်မြောက်ခြင်းတည်း”

အဓိပ္ပာယ်ရှင်းလင်းချက်

ခံစားမူဟူသော(ဝေဒနာ) တရားမှာ (သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာ) “ချမ်းသာခံစားမူ၊ ဆင်းရဲခံစားမူ၊ ချမ်းသာမဟုတ်, ဆင်းရဲမဟုတ်သည်ကို ခံစားမူ” အားဖြင့် ၃-မျိုးရှိလေသည်။ ထိုသုံးမျိုးသော ခံစားမူတို့မှ လုံးဝ ထွက်မြောက်နိုင်ရန်အတွက်မှာ မည်သည့် ခံစားမူမဆို တစ်ခုခုအပေါ်၌ ဆန္ဒရာဂမဖြစ်အောင် ဆုံးမခြင်း၊ တားဆီးခြင်း၊ စောင့်ရှောက်ခြင်းအားဖြင့် လုပ်ငန်းစ၍ ထိုခံစားမူတို့ အပေါ် တပ်မက်စွဲငြိသော ဆန္ဒရာဂကို လုံးဝပယ်သတ်နိုင်မူသည် ခံစားမူ (ဝေဒနာ)မှ ထွက်မြောက်ခြင်း ဖြစ်လေသည်။ ထိုထွက်မြောက်ရာတွင် ထွက်မြောက်ခြင်း ၃-မျိုးရှိလေသည်။

“တိဝိဓံကာမရာဂ ဿနိဿရဏံ၊ ၀ိက္ခမ္ဘနနိဿရဏံ တဒင်္ဂနိဿရဏံ၊ သမုစ္ဆေဒနိဿရဏန္တိ၊ တတ္ထအသုဘေပဌမဇ္ဈာနံ ၀ိက္ခမ္ဘနနိဿရဏံနာမ၊ ၀ိပဿနာ တဒင်္ဂနိဿရဏံနာမ၊ အရဟတ္တမဂ္ဂေါ သမုစ္ဆေဒနိဿရဏံနာမ”

(အင်္ဂုတ္တရဋ္ဌကထာ-တ-၆၇)

“ကာမရာဂဟူသော တရား၏ ထွက်မြောက်ရာသည် သုံးပါးအပြားရှိ၏။ ၀ိက္ခမ္တနနိဿရဏ ဟူသော ကြာကြာခွာ၍ ထွက်မြောက်ခြင်း၊ တဒင်္ဂနိဿရဏ ဟူသော ခဏခွာ၍ ထွက်မြောက်ခြင်း၊ သမုစ္ဆေဒနိဿရဏ ဟူသော အပြတ်ခွာ၍ ထွက်မြောက်ခြင်းတို့ဖြစ်၏။ ထိုသုံးပါးတို့တွင် ပထမဈာန်ရအောင် အသုဘရူခြင်းသည် ဆန္ဒရာဂကို ကြာကြာခွာထားနိုင်သောကြောင့် “၀ိက္ခမ္တန နိဿရဏ” မည်၏။ ခန္ဓာကိုယ်အား ပရမတ်ဖြစ်ပျက်ကို ရူနေမူသည် ဆန္ဒရာဂကို ခဏိကအားဖြင့် ပယ်၍ ထွက်မြောက်သောကြောင့် “တဒင်္ဂနိဿရဏ”မည်၏။ အရတ္တမဂ်သည် ကိလေသာ အားလုံးတို့ကို သတ်၍ ကိလေသာမှ ထွက်မြောက်ရာ ဖြစ်သောကြောင့် “သမုစ္ဆေဒနိဿရဏ” မည်၏။

အခြားသော ထွက်မြောက်မူ နိဿရဏ ၁၀၈-မျိုးအထိ ပဋိသမ္ဘီဒါမဂ္ဂ ဋ္ဌကထာ၌ ပြသေး၏။ မည်သို့ပင် ဖြစ်စေ ဆန္ဒရာဂမှ ထွက်မြောက်လျှင်၊ ထွက်မြောက်ရန် အားထုတ်နိုင်လျှင် မြတ်စွာဘုရား၏ ဟောတော်မူချက် ပြည့်စုံပြီဖြစ်၏။ ထွက်မြောက်ခြင်းသုံးပါး ပြရာ၌-

(၁) လှပသော အဆင်းရူပါရုံတစ်ခုကို ဆန္ဒရာဂအားဖြင့် တပ်မက်မူဖြစ်လာလျှင် ထိုအဆင်း၌ တပ်မက်သော စိတ်တို့ ကင်းကွာပြတ်စဲသွားစေရန် အသုဘဟူသော မတင့်မတယ် စက်ဆုပ် ရွံရှာဖွယ် ဖြစ်အောင်ရူ၍ ပထမဈာန်စသည်ရလျှင် ထိုအဆင်း၌ တပ်မက်သော စိတ်တို့ အတော်ကြာအောင်ပင် ခွာထွက်နိုင်သည်ဖြစ်သောကြောင့် ထိုကာမမှ ထွက်မြောက်မူသည်(၀ိက္ခမ္ဘနနိဿရဏ) မည်၏။ သို့ရာတွင် ထိုဈာန်ကြောင့် ခွာခြင်း၊ ထွက်မြောက်ခြင်းသည် စိတ်ချရသော ခွာခြင်း၊ ထွက်မြောက်ခြင်းမျိုး မဟုတ်ပေ။ အဘယ်ကြောင့်ဟူမူ(အနုသယ) မျိုးစေ့ပြုတ်အောင် ခွာနိုင်သော ပညာမျိုးမဟုတ်သောကြောင့် ဖြစ်၏။

(၂) လှပသော အဆင်းရူပါရုံတစ်ခုကို တွေ့လျှင် (ဒိဋ္ဌေဒိဋ္ဌမတ္တံအရ) မြင်တတ်သောသဘောနှင့် မြင်အပ်သောသဘောသာရှိလျှင် ရှိ၏ဟု ပညတ်အာရုံ မယူသော အနိမိတ္တ သမာဓိဖြင့် ပရမတ် အာရုံအတိုင်း အသွင်သဏ္ဌာန်ကို မမှတ်၊ မယူ မြင်တတ်သော သဘောသည် ဖောက်ပြန်တတ်၏။ ချုပ်ပျက်တတ်၏။ မြင်အပ်သဘောသည်လည်း ဖောက်ပြန်တတ်၏။ ချုပ်ပျက်တတ်၏။ မြင်သိသဘောသည်လည်း ဖောက်ပြန်တတ်၏။ ချုပ်ပျက်တတ်၏။ သို့ဖြစ်၍ တတ်, မြင်မြင်အပ်, မြင်သိသဘောတို့သည် ပရမတ်တို့၏ သဘောတရားအတိုင်း မိမိ သူတစ်ပါး ပြုသူပြင်သူမရှိ။ “သူ့သဘောအတိုင်း ဖြစ်ပျက်တတ်သော သဘောတို့”ဟု ရူနေ, သိနေသော အချိန်သည် ထိုမျှလောက် အချိန်နည်းသော်လည်း ကိလေသာကို ခွာခြင်း, ထွက်ခြင်း၌ ၀ိပဿနာရူဆဲ၊ ပရမတ်အာရုံကို သိဆဲအချိန်သည် (တဒင်္ဂနိဿရဏ)မည်၏။ ခေတ္တ ခဏပင် ဖြစ်သော်လည်း ထိုရူဆဲ, သိဆဲ၌(ဖုဿဖုဿဗျန္တီ ကရောတိ) ဟူ၍ အင်္ဂုတ္တရပါဠိတော် ဟောချက်အတိုင်း တိုက်တွေ့တိုင်း ဉာဏ်က ကိလေသာကို သတ်၍သတ်၍ သွားသောကြောင့် ထိုဝိပဿနာဖြင့် ကိလေသာသတ်မူသည် စိတ်ချရလေသည်။

(၃) ယင်းသို့ ဒိဠိကိလေသာမှစ၍ မဂ်အဆင့်ဆင့် ပယ်သတ်လျက်သွားရာ အရဟတ္တမဂ်အရောက်တွင် ကိလေသာဟူသရွေ့ အကြွင်းအကျန်မရှိ။ အမြစ်မှတူး၍ သတ်ပြီးဖြစ်သောကြောင့် (သမုစ္ဆေဒနိဿရဏ) အပြီးသတ် ထွက်မြောက်ခြင်း ဖြစ်လေသည်။

ထွက်မြောက်ခြင်း (နိဿရဏ)ကို ဟောရာ၌ “ဆန္ဒရာဂ ၀ိနယ၊ ဆန္ဒရာဂပ္ပဟာန” နှစ်ချက်ပြ၍ချည်း ဟောတော်မူသည်။ ထိုတွင် ကိလေသာကို သတ်ဆဲ, ဆုံးမဆဲ, အားထုတ်ဆဲ ပုဂ္ဂိုလ်ကို “ဆန္ဒရာဂ၀ိနယ” တစ်နည်း “တဒင်္ဂနိဿရဏ”ဟုခေါ်၍ ကိလေသာကိုသတ်ပြီး, ဆုံးမပြီး, အားထုတ်ပြီးသော ပုဂ္ဂိုလ်ကို “ဆန္ဒရာဂပ္ပဟာန” တစ်နည်း “သမုစ္ဆေဒ နိဿရဏ”ဟု ခေါ်နိုင်လေသည်။

ဝိပဿနာအလုပ် အားထုတ်သော ကျွန်ုပ်တို့သည် “ဆန္ဒရာဂ၀ိနယ” “တဒင်္ဂနိဿရဏ” ဖြစ်ရန်သာ အရေးကြီးစွာ ဂရုစိုက်ဖို့လိုလေသည်။ ကျွန်ုပ်တို့၏ ခန္ဓာ၌ (ဝေဒနာသုံးပါး) ခံစားမူ သုံးမျိုးတို့သည် အခါခပ်သိမ်း ဖြစ်ရှိနေသည်။ ချမ်းသာခံစားခိုက် ဆင်းရဲခံစားမူ၊ ချမ်းသာဆင်းရဲ မဟုတ်သော ခံစားမူမျိုး မရှိပေ။ ဆင်းရဲခံစားခိုက်၊ ချမ်းသာခံစားမူ၊ ချမ်းသာမဟုတ်, ဆင်းရဲမဟုတ်သော ခံစားမူတို့ မဖြစ်မရှိပေ။ ချမ်းသာမဟုတ်, ဆင်းရဲမဟုတ်သော သဘောကို ခံစားခိုက် ချမ်းသာခံစားမူ, ဆင်းရဲ ခံစားမူမျိုးတို့ မဖြစ်, မရှိပေဟု ဘုရားဟောတော်မူသည်။

ဆိုလိုသည်မှာ ကျွန်ုပ်တို့တွင် (ဝေဒနာ) ခံစားမူ တစ်မျိုးမျိုး အမြဲရှိနေသည်။ ဝေဒနာဆို၍ ဒုက္ခတစ်မျိုးတည်းဟု မယူဆလေနှင့်၊ ငါးပါမှောက်သွားမည်။ မိမိသည် အကယ်၍ (သုခဝေဒနာ) ချမ်းသာကို ခံစားနေသည်ဖြစ်အံ့၊ ချမ်းသာနေဆဲတွင် မည်သို့ သဘောထားမည်နည်း။ ချမ်းသာနေလျှင် ချမ်းသာနေသည်ဟု ထင်နေလျှင် နှစ်သက်သဘောကျမူ, တပ်မက်မူ “ရာဂါနုသယ”ကား လက်ပိုက်ကြည့်နေမည် မဟုတ်ပါချေ။ ဝေဒနာသံယုတ်၊ ပဟာနသုတ်ကို ကြည့်လော့။ ထို့ကြောင့် ကျွန်ုပ်တို့သည်…

“ဖြစ်ပျက်မမြင်၊ ချမ်းသာထင်၊ စွဲလျှင်ရာဂမည်”

“ဆန္ဒရာဂ၊ တဏှာပြ၊ မုချလမ်းမှားပြီ”

ဟုဆိုခဲ့သည်၊ ချမ်းသာကို ခံစားနေသော ပုဂ္ဂိုလ်၏စိတ်သည် သာယာသည်၊ နှစ်သက်သည်၊ တပ်မက်သည်၊ တွယ်တာသည်၊ စွဲလမ်းသည်။ သို့ဖြစ်၍ မြတ်စွာဘုရားသည် သဠာယတနသံယုတ်၌…

“သုခံ ဝေဒယမာနဿ၊ ဝေဒနံအပ္ပဇာနတော၊ သောရာဂါနုသယော ဟောတိ၊ အနိဿရဏ ဒဿိနော”

(ပဟာနသုတ် - ၄၀၈)

“ချမ်းသာသော ခံစားမူကို ခံစားသောသူအား ထိုခံစားမူတို့၏ သဘောတရားကို ပျက်မူဟူ၍ မသိသောကြောင့် ခံစားမူတို့၏ အပျက်သဘောကို မမြင်သော ထိုပုဂ္ဂိုလ်သည် ရာဂတဏှာ ကိလေသာသို့ ကိန်းဝပ်ရောက်ရှိခြင်းသည် ဖြစ်၏”

ဟု ဟောတော်မူသည်။ ထိုချမ်းသာခံစားမူ၌ ကိလေသာ မဖြစ်စေရန်ကား… (ပါဠိမြှုပ်ခဲ့အံ့)။

“ချစ်သားတို့… အကယ်၍ ချမ်းသာကို ခံစားဆဲဖြစ်သော ထိုသူသည် ဤသို့သိရာ၏ ငါ့အား ချမ်းသာ ခံစားမူကား ဖြစ်လေပြီ၊ ထိုချမ်းသာ ခံစားမူဟူသည် အလိုအလျောက် ဖြစ်သည်မဟုတ်၊ အစွဲအမှီရှိ၍သာ ဖြစ်ပေါ်လာ၏။ အဘယ်ကို စွဲမှီ၍ ဖြစ်လာသနည်း၊ ဤခန္ဓာကိုယ်ပင် စွဲမှီ၍ ဖြစ်လာ၏။ ဤအစွဲအမှီခံရသော ခန္ဓာကိုယ်သည်ကား မမြဲသောသဘော၊ ပြုပြင်အပ်သောသဘော၊ အကြောင်းကို အစွဲပြု၍ ဖြစ်ပေါ်ခြင်း သဘောရှိ၏။ ဤခန္ဓာသည် ဤသို့ မမြဲသော၊ ပြုပြင်အပ်သော အကြောင်းကို စွဲ၍ ဖြစ်ပေါ်ခြင်းရှိလျှင် ဤခန္ဓာကိုယ်ကိုစွဲမှီ၍ ဖြစ်သောချမ်းသာ ခံစားမူသည် အဘယ်မှာ မြဲပါလိမ့်မည်နည်းဟုသိ၏။ ထိုသူသည် ဤခန္ဓာကိုယ်၌ လည်းကောင်း၊ ချမ်းသာခံစားမူ၌ လည်းကောင်း၊ မမြဲသော သဘောကို မပြတ်ရူလျက်နေ၏။ ပျက်တတ်သော သဘောကို မပျက် ရူလျက်နေ၏။ တပ်မက်ကင်းမူကို မပြတ်ရူလျက်နေ၏။ ချုပ်ငြိမ်းသော သဘောကို မပြတ်ရူလျက်နေ၏။ စွန့်ပစ်ခြင်းသဘောကို မပြတ်ရူလျက်နေ၏။ ယင်းသို့ ရူမြင်နေသော သူအားရာဂတဏှာ ကိလေသာသည် ထိုသူ၌ မကိန်းဝပ်တော့ပေ”

ဤကား (သုခဝေဒနာ) ချမ်းသာ ခံစားမူ၌ ထွက်မြောက်ရာလမ်းတည်း။

ချမ်းသာခံစားခြင်းတကာတို့တွင် ဈာန်ချမ်းသာ ခံစားခြင်းသည် အမွန်ဆုံး၊ အမြတ်ဆုံးနှင့် အသာဆုံးဖြစ်၏။ ထိုဈာန်အဘိညာဏ်တို့ ချမ်းသာကို ခံစားကြသော ဈာနလာဘီ ပုဂ္ဂိုလ်ကြီးများပင်လျှင် ထိုခံစားမူကိုသာ သာယာမနေဘဲ “တံ ဈာနံ ပါဒကံ ကတွာ” ထိုရရှိ ခံစားနေရသော ဈာန်ချမ်းသာကိုပင် အခြေခံထား၍ “ခယ ၀ယံ ၀မ္မ သန္တော” ကုန်တတ် ပျက်တတ်သော သဘောကို ရူမြင်လျက် “၀ိပဿနံ ၀ဍ္ဎန္တော” ၀ိပဿနာကို ပွားကာ “မဂ္ဂပရမ္ပရာယ” မဂ်အဆင့်ဆင့် တက်ပြီးလျှင် “အရဟတ္တံ အပါ ပုဏိ” ရဟန္တာအဖြစ်သို့ ရောက်၏။

ဈာန်ချမ်းသာကို ခံစားသော ပုဂ္ဂိုလ်၏ ၀ိပဿနာလမ်းနှင့် အရဟတ္တဖိုလ် ရရောက်သူတို့ကား များလှချေ၏။ သက်သေတွေ ထုတ်ပြန်ရန်ကား ကျယ်ဝန်းလှသဖြင့် ယခု သာသနာနယ်ပယ်တွင် ထင်ရှားနေသော (ဒုက္ခဝေဒနာ) ဆင်းရဲခံစားမူ၏ ထွက်မြောက်လမ်းကိုသာ ဖော်ပြပါအံ့။

“ဒုက္ခံဝေဒယမာနဿ၊ ဝေဒနံအပ္ပဇာနတော၊ ပဋိဃာနုသယော ဟောတိ၊ အနိဿရဏဒဿိနော”

“ဆင်းရဲသော ခံစားမူကို ခံစားသောသူအား ထိုခံစားမူ သဘောတရားကို ပျက်မူဟူ၍ မသိသောကြောင့် ခံစားမူတို့၏ အပျက်သဘောကို မမြင်သော ထိုပုဂ္ဂိုလ်သည် ပဋိဃာဓနုသယ ဟူသော ဒေါသ ဒေါမနဿတို့ ကိန်းဝပ်ခြင်းသို့ရောက်၏”

ဟု ဟောတော်မူသည်။ ထိုဆင်းရဲ (ဒုက္ခဝေဒနာ) ခံစားမူ၌ စိတ်ငြိုငြင်မူ၊ မကျေနပ်မူ၊ မကြည်သာမူ၊ ကသိကအောက်ဖြစ်မူသည်(အနာဂါမ်ရဟန္တာ) ကလွဲလျှင် ဖြစ်မည်ချည်းတည်း။ ဖြစ်ခဲ့သော် မည်သို့ သဘောထားမည်နည်း၊ ဆင်းရဲကို ဆင်းရဲဟု သိနေရုံမျှနှင့် ဒေါသ, ဒေါမနဿတို့က ခွင့်လွှတ်မည် မဟုတ်ပေ။ ထိုဆင်းရဲခံစားမူအား ၎င်း၏ သဘောတရားကို ဉာဏ်အသိနှင့် သိနေရန်အတွက် မြတ်စွာဘုရား၏ ညွှန်ပြ ဟောကြားပုံကို လေ့လာကြည့်ပါ။ သင့်အတွက် အကျိုးမယုတ်ပါ။

“ချစ်သားတို့… အကယ်၍ ဆင်းရဲကို ခံစားရဆဲဖြစ်သော ထိုသူသည် ဤသို့သိရာ၏၊ ငါ့အား ဆင်းရဲခံစားမူကားဖြစ်လေပြီ၊ ထိုဆင်းရဲခံစားမူဟူသည် အလိုအလျောက် ဖြစ်သည်မဟုတ်၊ အစွဲအမှီရှိ၍သာ ဖြစ်ပေါ်လာ၏၊ အဘယ်ကို စွဲမှီ၍ ဖြစ်ပေါ်သနည်း၊ ဤခန္ဓာကိုယ်ကိုပင် စွဲမှီ၍ ဖြစ်လာ၏၊ ဤအစွဲအမှီခံရသော ခန္ဓာကိုယ်သည်ကား မမြဲသောသဘော၊ ပြုပြင်အပ်သောသဘော၊ အကြောင်းကို အစွဲပြု၍ ဖြစ်ပေါ်ခြင်းသဘောရှိ၏၊ ဤခန္ဓာသည် ဤသို့ မမြဲသော, ပြုပြင်အပ်သော, အကြောင်းကိုစွဲ၍ ဖြစ်ပေါ်သော သဘောရှိလျှင် ဤခန္ဓာကိုမှီ၍ ဖြစ်သော ဆင်းရဲခံစားမူသည် အဘယ်မှာ မြဲပါလိမ့်မည်နည်းဟုသိ၏။ ထိုသူသည် ဤခန္ဓာကိုယ်၌လည်းကောင်း၊ ဆင်းရဲခံစားမူ၌ လည်းကောင်း မမြဲသောသဘောကို မပြတ်ရူလျက်နေ၏။ ပျက်တတ်သောသဘောကို မပြတ်ရူလျက်နေ၏။ ယင်းသို့ ရူမြင်နေသော သူအား ပဋိဃာဓနုသယဟူသော ဒေါသ, ဒေါမနဿသည် မကိန်းဝပ်တော့ပေ”

(သဠာယတနသံယုတ် ဂေလညသုတ် - ၄၀၃)

ဤပါဠိတော် ဟောချက်ကို အလုပ်တရား၏ အမှန်ကို ရှာသော ယောဂီသည် သေချာစွာ လေ့လာအပ်ပေသည်။ “ဝေဒနာ၊ ဝေဒနာ” နှင့်ဒုက္ခ တစ်မျိုးကိုသာ ပေ၍ရူနေသော ယောဂီသည် မည်သို့ပင် သည်းခံနိုင်ပါသည် ဆိုစေကာမူ စိတ်ငြိုငြင်မူ၊ ကသိကအောက်ဖြစ်မူရှိလာလျှင် ထိုစိတ်နှင့်အတူ ဒေါသ, ဒေါမနဿကား ၀င်ပြီး ဖြစ်လေပြီ။ နူးညံ့သိမ်မွေ့သော ပညာဉာဏ်ဖြင့်သာ သိအပ်သော ကြံစည်စိတ်ကူးယူသော စိတ်ကူးယဉ်သူတို့၏ အရာမဟုတ်သော၊ ပညာရှိမဟုတ်, ပညာရှိယောင်ဆောင်ကာ လှည့်ပတ်အပ်သော သဘောမရှိသော ဤတရားကား အလွန်ပင် သိမ်မွေ့လှ၏။ နူးညံ့လှ၏၊ ၀ိပဿနာဖြစ်သော ဉာဏ်၌ ညစ်နွမ်းစေတတ်သော (ကိလေသာ) အခိုးအငွေ့၊ အရှိန်အစော်၊ အနံ့ အသက် လုံးဝကင်းစင်၍ စင်ကြယ်သော “မဇ္ဈိမပဋိပဒါ-၀ိသုဒ္ဓိပဋိပဒါ” စိတ်အကျင့်လမ်းစဉ်၊ ဉာဏ်အကျင့် လမ်းစဉ် ဖြစ်သည်ကို သတိကြီးစွာ ထား၍ လော့လာဖို့လိုသည်။

ဝိပဿနာအလုပ်သည် ရုပ်ခန္ဓာကို အရူခံအဖြစ် ထား၍ ဉာဏ်အသိ လေ့ကျင့်ရသော အလုပ်ဖြစ်သည်ကိုလည်း မျက်ခြည်ပြတ်၍ မရပေ။ ရုပ်နာမ်ခန္ဓာကို ပေတေထား၍ရူနေလျှင်, ကြည့်နေလျှင် ဖြစ်တတ်သော သဘောကို လေ့လာကြည့်ပါ။

ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။

ဘာသာရေးစာပေများကို ♣☺ မေတ္တာရိပ် ☺♣ မှာလည်း လာရောက်ဖတ်ရူလေ့လာနိုင်ပါသည်။
www.forverfriends.ning.com

မြွေကိုက်ခံ၍ တရားနာခြင်း

ဂင်္ဂါဝန၀ါလိ ဟူသော အရပ်၌ ရဟန်းသုံးကျိပ်သည် ၀ါကပ်၍ တရားအားထုတ်ကြလေသည်။ ၁၅-ရက်တစ်ကြိမ် အလှည့်ကျ တရားဟောကြရသည်၊ တစ်ခုသော တရားဟော အလှည့်တွင် မထေရ်တစ်ပါးသည် မြတ်စွာဘုရား၏ ပညတ်တော်အတိုင်း ပစ္စည်းလေးပါးတို့၌ ရောင့်ရဲခြင်း အကျိုးကို ဟောလေသည်။ ပိဏ္ဍပါတိက အမည်ရှိ မထေရ်တစ်ပါးသည် နောက်ကျနေသောကြောင့် ပရိသတ်အစွန် ချောင်ကျ၍ မှောင်ကွယ်သော နေရာ၌ ထိုင်ကာ တရားနာလေသည်။ မြွေပွေး တစ်ကောင်သည် မထေရ်၏ ဒူးခေါင်းသားကို မွေးညှပ်ဖြင့် ဆွဲနုတ်သကဲ့သို့ အပြင်းအထန် ကိုက်လေသည်။ မထေရ်သည် မြွေပွေးကို မြင်သဖြင့် “ယနေ့-ငါသည် တရားနာမူ၏ အန္တရာယ်မဖြစ်စေအံ့”ဟု ကြံ၍ မြွေပွေးကို ဖမ်းကာတောင်းတစ်ခုတွင် ထည့်ထားပြီးလျှင် အ၀၌ ပိတ်ဆို့လျက် တရားနာမြဲ နာလေသည်။ အာရုဏ်တက်လတ်သော် မထေရ်သည် မြွေဆိပ်တက်ခြင်းကို သည်းခံသောအားဖြင့် ဖယ်ခွာ၍ တရားအားထုတ်လေရာ…

၁။ မြွေဆိပ်သည် ကိုက်ရာဌာနမှ ဆင်း၍ မြေသို့ဝင်ခြင်း၊

၂။ မထေရ်သည် အနာဂါမိဖိုလ်၌ တည်ခြင်း၊

၃။ တရားဟော ပုဂ္ဂိုလ်၏ တရားပြီးဆုံးခြင်းသည် တစ်ပြိုင်နက် ဖြစ်လေသည်။

ထို့နောက် တရားပွဲပြီးဆုံး၍ ရဟန်းများပြန်ကြွမည် ရှိသောအခါ မြွေကိုက်ခံရသော မထေရ်က “ငါ့အရှင်တို့ ငါသည် ခိုးသူတစ်ယောက်ကို ဖမ်းမိထားပြီ”ဟု ဆို၍ မြွေကို မြေ၌ လွှတ်၏။ ရဟန်းတို့က “ငါ့ရှင် - ဘယ်အချိန်၌ သင့်ကို ကိုက်သနည်း”ဟု မေးရာ “မနေ့ညဦးက ကိုက်ပါသည်”ဟု ဆိုသောအခါ “ငါ့ရှင် - အဘယ်ကြောင့် ငါတို့ကို မပြောသနည်း”ဟု ဆိုကြသောအခါ မထေရ်က “ငါ့ရှင်တို့ - အကယ်၍ ငါသည် မြွေကိုက်ပြီဟု ပြောလျှင် တရားထူးကို ငါရမည် မဟုတ်ပါ”ဟု ပြောဆိုလေသည်။ နောက်တစ်ပုံ…


ကဠမ္ဗရ အမည်ရှိ မိန်းမတစ်ယောက်သည် သားငယ်ကို ရင်ဝယ်ပိုက်လျက် တရားနာသွားအံ့ဟု စိတ္တလ တောင်သို့ သွား၍ ပရိသတ်အစွန် သစ်ပင်၏ အရင်းတွင် သားငယ်ကို အိပ်စေ၍ မိမိမူကား သစ်ပင်ကို မှီလျက် တရားနာနေလေသည်။ သန်းခေါင်ယံ အချိန်တွင် မြွေတစ်ကောင်သည် ၎င်း၏ မျက်မှောက်၌ အပ်နေသော သားငယ်ကလေးအား အစွယ် ၄-ချောင်းဖြင့် အပြင်းအထန် ကိုက်လေသည်။ ထိုမိန်းမသည် “အကယ်၍ - ငါ့သားအား မြွေကိုက်သည်ဟု အော်လေလျှင် တရား၏ အန္တရာယ်ဖြစ်ပေလိမ့်မည်၊ ငါသည် သံသရာ၌ ကျင်လည်ခဲ့ရသော ဘ၀များတွင် သားသမီးပေါင်း မြောက်မြားစွာ ရခဲ့ဖူးပြီ၊ တရားကိုသာ နာ၍ သိအပ်သော တရားကိုသာ ဂရုစိုက် နှလုံးသွင်းအံ့”ဟု ကြံ၍ ညဉ့်သုံးယံ ပတ်လုံး တရား အားထုတ်လေရာ သောတာပတ္တိဖိုလ်သို့ ရောက်၍ အာရုဏ်တတ်သောအခါ သစ္စာဆိုခြင်းအားဖြင့် သားငယ်ကို အဆိပ်ကျစေလျက် ကောက်ချီ၍ ပြန်သွားလေသည်။

(အင်္ဂုတ္တရ ဋ္ဌကထာ - ဒုအုပ် - ၁၃၄၊ ၁၃၅)။

ဤ၌ ပထမ၀ိဏ္ဍပါတိက မည်သော ရဟန်းမှာ တရားနာနေရာတွင် ဒူးခေါင်း၌ မြွေကိုက်လေသည်။ နောက်တွင် ထိုမြွေကိုက်မူကြောင့်ဖြစ်သော အဆိပ်တက်မူ ဒုက္ခဝေဒနာကို ခွာ၍ တရား အားထုတ်လေရာ အနာဂါမ်လည်းဖြစ်၊ မြွေဆိပ်လည်း မြေသို့ဝင်၊ တရားပွဲလည်း ပြီးဆုံးသွားကြောင်းကို ဆင်ခြင်ကြည့်လျှင် မြွေကိုက်ခံရခြင်း၊ မြွေဆိပ်တက်ခြင်း ဟူသည် သေအံ့သော ဆင်းရဲကြီးစွာသော ဆင်းရဲဖြစ်၏။ ကိုက်သော မြွေကလည်း မြွေပွေးဖြစ်၍ သေတတ်သော အဆိပ်ရှိ သတ္တ၀ါဖြစ်၍ ဆင်းရဲဒုက္ခမှာ သေးငယ်သည် မဟုတ်။

ဤနေရာတွင် ကိုက်သော မြွေကို “ဂေါနသ”ဟု ဆိုရာ အဘိဓာန်၌ စပါးအုံး ဟူ၍လည်းကောင်း၊ ငန်းကျွဲ ဟူ၍လည်းကောင်း၊ မြွေပွေးဟူ၍လည်းကောင်း ဖော်ပြသည်။ သို့ရာတွင် ၀ိမတိဝိနောဒနီဋီကာ၌…

“ဂေါနသာတိသပ္ပ၀ိသေသာ ယေယံပိဋ္ဌေသု မဟန္တာနိ မဏ္ဍလာနိ သန္ဒိဿန္တိ”

“ဂေါနသဟူသည်ကား ထူးသောမြွေတည်း၊ ထိုမြွေ၏ ကျောတွင် အလွန်ကြီးသော အ၀ိုင်းအကွက်တို့သည် ထင်ထင်ရှားရှား ရှိကုန်၏” ဟူ၍ ဆိုရာ မြွေပွေးပင်ဖြစ်လေသည်။

အင်္ဂုတ္တရဋီကာ၌ကား “ဂေါနသောတိမဏ္ဍလသပ္ပေါ”ဟု ဆိုသဖြင့် အကွက်အ၀ိုင်း ရှိသော မြွေပွေးဟုပင် ယူဆရသည်။

မည်သို့ပင်ဆိုစေ မထေရ်မှာ မြွေကိုက်သဖြင့် အဆိပ်တက်လာလေရာ ထိုအဆိပ်ကို အဋ္ဌကထာ၌ “၀ိသံဝိက္ခမ္ဘေတွာ”အဆိပ်တက်မူကို ခွာ၍ ဟု ပြသည်ကို ထင်ရှားခိုင်လုံစေရန် ဋီကာ၌…

“၀ိသံဝိက္ခမ္ဘေတွာဘိ - ၀ိပဿနာ တေဇေန ၀ိသေ၀၀ံက္ခမ္ဘေတွာ”

(အင်္ဂုတ္တရဋီကာ - ၁၂၂)။


“အဆိပ်တက်ခြင်းကို ခွာဖယ်၍ ဟူသည်ကား ၀ိပဿနာ ရူသော ဉာဏ်၏ အစွမ်းသတ္တိဖြင့် အဆိပ်တက်ခြင်းအဟုန်ကို ဖယ်ခွာ၍”

ဟု ဖော်ပြပေရာ ၀ိပဿနာဉာဏ်သည် ရုပ်နာမ်ပရမတ်ကိုသာ ရူသည်ဖြစ်၍ မြွေကိုက်ခြင်း, အဆိပ်တက်ခြင်း စသော ပညတ်အာရုံကို နှလုံးမသွင်း အသိအမှတ် မပြုသောအားဖြင့် မြွေဆိပ်တွင်သာမက ပညတ်မျိုးစုံကိုပင် ဖယ်ခွာ၍ ရူသည် ဖြစ်သောကြောင့် မထေရ်သည် “တိဏ္ဏံ ဖလာနံပါပုဏာတိ” သုံးမဂ်သုံးဖိုလ်ရောက်၍ အနာဂါမ်ဖြစ်လေသည်။ ဒုက္ခဝေဒနာ တွေ့လာတိုင်းသော ပုဂ္ဂိုလ်များအတွက် ဒေသနာတော်တွင် ဖယ်၍ခွာ၍ ရူသည်ချည်းတည်း။

၎င်းအပြင် ကဠမ္ဗရ အမည်ရှိ မိန်းမတစ်ယောက်သည်လည်း စိတ္တလတောင်သို့ သွား၍ တရားနာရာတွင် သားငယ်ကလေးအား ၎င်း၏ ရှေ့တွင် သိပ်ထားသည်။ တရားနာနေစဉ် သန်းခေါင်းယံ အချိန်၌ ကလေးငယ်အား မြွေကိုက်သည်။ ထိုအခါတွင်“ငါ့သားကလေးကို မြွေကိုက်လို့ ဟု အော်လိုက်ပါက အခြားတရားနာသူတို့ အနှောက်အယှက်ဖြစ်မည်။ ငါသည် သံသရာ ဘ၀ပေါင်းများစွာ ကျင်လည်ခဲ့ရာတွင် ဖြစ်ရာဘ၀တို့၌ သားသမီးမြောက်များစွာ ရခဲ့ဖူးပြီ၊ တရားကားမရခဲ့။ သို့အတွက တရားအနှောင့်အယှက်တော့ မဖြစ်စေလို၊ သားသေထိုက်က သေစေတော့”ဟု နှလုံးပိုက်၍ ထိုအချိန်မှစ၍ တရားကို အထူးဂရုစိုက်၍ အားထုတ်လေရာ သောတာပန်ဖြစ်ပြီး အာရုဏ်တက်ခါမှ သစ္စာဆို၍ ကလေးမှ မြွေဆိပ်ကို ကျစေခြင်းဖြင့် အသက်ချမ်းသာရာရပြီး ကလေးကိုချီ၍ အိမ်ပြန်လေသည်ဟု ဆိုသည်။

ဤ၌ တရားနာနေသော အမျိုးသမီး၏ နှလုံးသွင်းမှန်ပုံကို ချီးကျူးစရာကောင်းသည်။ အရေးတစ်စုံ ကိုယ်၌ ကြုံလာက“အနမတဂ္ဂသုတ်”ကို နှလုံးသွင်းဖို့ရန်လိုသည်။ ဓမ္မပဒပါဠိတော် စက္ခုပါလမထေရ်သည် အပြင်းအထန် တရားအားထုတ်နေရင်း မျက်စိရောဂါ ဖြစ်လာသည်။ အိပ်သော ဣရိယာပုတ်ကိုပယ်၍ တရားအားထုတ်ရန် အဓိဋ္ဌာန်ထားမူကြောင့် မျက်စိဆေးကို လဲလျောင်း၍ပင် မခတ်သောကြောင့် ဆေးဆရာလည်း ဆေးမကုတော့ဘဲ စွန့်ပစ်၍ သွားသောအခါ မထေရ်သည် စဉ်းစားလေသည်။ “ငါသည် ဤမျက်စိတို့ကိုပင် ဂရုစိုက်သောအားဖြင့် တရားအားထုတ်မူကို လျှော့ချမည်လာ၊ သို့မဟုတ် မျက်စိရောဂါကို ဂရုမစိုက်ဘဲ တရားကိုသာ ဆက်လက် အားထုတ်မည်လော”ဟု စဉ်းစားပြီးသောအခါ ဆုံးဖြတ်ပုံကား…

“အနမတဂ္ဂသ္မိံ ဟိသံသာရ၀ဋ္ဋေ တ၀အက္ခိကာဏဿဂဏနာ နာမနတ္ထိ၊ အနေကာနိ ပန ဓဗုဒ္ဓသတာနိ၊ ဗုဒ္ဓသဟဿအတီတာနိ တေသုတေဧက ဗုဒ္ဓေါပိ နပရိစဏ္ဏော ဣဒါနိဣမံ အန္တောဝဿံ တယောမာသေန နိပ္ပဇ္ဇိဿာမီတိ တေမာသံနိဗဒ္ဓ၀ီရိယံ ကရိဿာမိ၊ တသ္မာ တေစက္ခူနိ နဿန္တုဝါ ဘိဇ္ဇန္တုဝါ ဗုဒ္ဓေသာသန မေ၀ဓာရေဟိ မာစက္ခူနိ”

(ဓမ္မပဒ ဋ္ဌကထာ - ၇)။


“ငါ့ဆုံးဖြတ်ချက် အမှန်ကိုဆိုလိုက်မည်၊ အစမထင်သော သံသရာဘ၀အမျိုးမျိုး၌ ကျင်လည်လာရသော ငါ့ဘ၀တို့တွင် မျက်စိ မကန်းသော ဘ၀မရှိခဲ့ပေ၊ ကန်းဖူးမည်သာ။ ထိုမျက်စိကို ဂရုစိုက်နေမူကြောင့် ဘုရား တရား, တစ်ထောင်ပင် တွေ့ကြုံပင် တွေ့ကြုံရငြားလည်း ဘုရားတစ်ဆူဆူတွင်မှ ငါလေ့လာဆည်းပူးခဲ့ရသည် မရှိခဲ့ပေ၊ ယခု ငါသည် ၀ါတွင်း သုံးလပတ်လုံး တရားအားထုတ်ရာ၌ အိပ်သော ဣရိပုထ်ကို ပယ်၍ အားထုတ်တော့အံ့ဟု အဓိဋ္ဌာန်ပြု၍ အားထုတ်ပါမှ ဤမျက်စိဒုက္ခပေးသည်၊ ထို့ကြောင့်…

တေ၊ သင်၏။ စက္ခူနိ၊ မျက်စိသည်။ နဿန္တုဝါ၊ ပျက်ချင်လည်း ပျက်စေတော့။ ဘိဇ္ဇန္တုဝါ၊ ကွဲချင်လည်း ကွဲစေတော့။ ဗုဒ္ဓသာသနမေ၀၊ မြတ်စွာဘုရား၏ ဆုံးမတိုင်းသော တရား အလုပ်ကိုသာလျှင်။ ဓာရေဟိ၊ ဆောင်ရွက် အားထုတ်လေလော့။ စက္ခူနိ၊ မျက်စိတို့ကို။ မာဓာရေဟိ၊ မဆောင်မရွက် ဂရုမစိုက်လေလင့်”

ဟု မိမိကိုယ်ကို မိမိဆုံးမပြီးလျှင် တရားအားထုတ်တော့ရာ မျက်စိလည်းပျက်သည်၊ ရဟန္တာလည်းဖြစ်သည်။ လွန်စွာ သတိတရားရဖို့ ကောင်းသော အချက်များပင်။

ယခု မိန်းမသည်လည်း “သံသရာ၌ ကျင်လည်ခဲ့ရသော ငါသည် ဤလို သားသမီးပေါင်း မြောက်မြားစွာ ရခဲ့ဖူသည်၊ သားမြွေကိုက်သည်ကို အော်လိုက်ပါက တရားနာသူတို့ အန္တရာယ်ဖြစ်မည်၊ ငါ့သား သေသော် သေပါစေ၊ ဖြစ်ခြင်းရှိက သေခြင်း ရှိမည်သာ၊ သို့အတွက် ငါတရားရမူသာ ဂရုစိုက်မည်”ဟု အကြံပြုပြီး တရားအားထုတ်လေရာ သောတာပန် ဖြစ်လေသည်။

ပထမ၀တ္ထုပင် ပိဏ္ဍပါတိကမထေရ် မြွေကိုက်ခံရပြီး တရားအားထုတ်ရာ တရားရလေသည်။ ထိုမထေရ် မြွေကိုက်သည်ကို (၀ါ) မြွေကိုက်ခံရသဖြင့် မြွေကိုက်နာ အဆိပ်တက်ခြင်းကို ရူ၍ တရားရသလား၊ ထိုအနာအဆိပ်တက်မူကို ဖယ်ခွာ၍ ရူသောကြောင့် တရားရသလားဆိုသည်ကို အဋ္ဌကထာ စကားဖြင့် ဖော်ပြခဲ့ပြီ။ ထိုမထေရ်သည် ထိုဒုက္ခဝေဒနာကို ရူ၍ တရားရပါသည်ဟု ဒုက္ခဝေဒနာရူ ဆရာတို့က မျက်စိမှိတ်၍ ဇွတ်ငြင်းခဲ့သော်… ဤအမျိုးသမီးမှာ ကလေးကို မြွေကိုက်သည်၊ ကလေးအမေ တရားရသည်၊ မြွေကိုက်ခံရသော ကလေး၏ ဒုက္ခဝေဒနာကို အမေဖြစ်သူက ဘယ်နည်းဘယ်ပုံယူ၍ ရူသောအားဖြင့် တရားရသနည်း… အမှန်တရား မသိမမြင်သူတို့၏ သနားစဖွယ် ယူမှားချက်ပင်။

၎င်းပြင် သံဝေဂယူဖွယ် ကောင်းသည်မှာ သစ္စသံယုတ်တွင် မြတ်စွာဘုရားက…

“ချစ်သားတို့… အသက်တစ်ရာ ရှည်သော ယောက်ျားတစ်ယောက်ကို တစ်ယောက်သောသူက အမောင်ယောက်ျား၊ သင့်အား နံနက်တစ်ကြိမ်လှံဖြင့် အချက်ပေါင်းတစ်ရာထိုးအံ့၊ နေ့ခင်းတစ်ကြိမ်လှံဖြင့် အချက်တစ်ရာထိုးအံ့၊ ညနေပိုင်းတွင်တကြိမ်လှံဖြင့် အချက်ပေါင်းတစ်ရာထိုးအံ့၊ တနေ့လုံးတွင် လှံ အချက်ပေါင်း သုံးရာထိုး၍ နှိပ်စက်အံ့၊ ဤသို့ဖြင့် နေ့စဉ် လှံချက်သုံးရာတို့ဖြင့် အနှစ်ပေါင်းတစ်ရာတိုင်တိုင် လှံဖြင့် အထိုးခံပြီးသော သင့်အား အနှစ်တစ်ရာပြည့်သောနေ့၌ သစ္စာလေးပါးကို သင်ထိုးထွင် သိ၍ သိအောင် ဟောပြပေးအံ့” ဟုဆိုရာ၏။

“ချစ်သားတို့… မိမိအကျိုးကိုသာ လိုလားသော သူမှန်လျှင် ထိုလှံဖြင့်ထိုး၍ သစ္စာတရားကို ပြမည့်သူ၏ထံသို့ ချဉ်းကပ်ရန်ထိုက်၏။ အဘယ်ကြောင့်ဟူမူ သံသရာဘ၀သည် အစပင်မရှိခဲ့၊ ဘ၀ပေါင်းများစွာတွင် လှံထိုးခံရ၍ သေခဲ့ရသောဘ၀၊ ဓားချက်ဖြင့် သေခဲ့ရသော ဘ၀၊ ပုဆိန်ချက်ဖြင့် သေခဲ့ရသော ဘ၀ကား များလှသည်၊ သစ္စာတစ်ပါးမျှပင် မသိခဲ့ရ၊ စင်စစ်မှာ သစ္စာသိခြင်း၌ ဤမျှ ဆင်းရဲဒုက္ခခံမှ သိရသည်ကား မဟုတ်ပေ။

“နခေါပနာဟံ ဘိက္ခဝေ သဟဒုက္ခေန သဟဒေါမနေဿန စတုန္နံ အရိယသစ္စာနံ အဘိယမယံ ၀ဒါမိ”

(မဟာ ၀ဂ္ဂသစ္စသံယုတ် - သတ္တိသကသုတ် - ၃၈၅)။


“ဘိက္ခဝေ၊ ချစ်သားတို့။ သဟဒုက္ခေန၊ ကိုယ်ဆင်းရဲခြင်းနှင့်တကွ။ သဟဒေါမေဿန၊ စိတ်ဆင်းရဲခြင်းနှင့် တကွ။ စတုန္နံ၊ လေးပါးကုန်သော။ အရိယသစ္စာနံ၊ အရိယသစ္စာတရားတို့ကို။ အဘိသမယံ၊ ထိုးထွင်း၍ သိမည်ဟူ၍။ အဟံ၊ ငါဘုရားသည်။ န၀ဒါမိ၊ မဟောပေ။ အပိစ၊ စင်စစ်ငါဟောသည်မှာကား။ ဘိက္ခဝေ၊ ချစ်သားတို့။ သဟာဝသုခေန၊ ချမ်းသာခြင်းနှင့် တကွသာလျှင်။ သဟာဝသော မနေေဿန၊ ၀မ်းသာခြင်းနှင့် တကွသာလျှင်။ စတုန္နံ၊ လေးပါးကုန်သော။ အရိယသစ္စာနံ၊ အရိယသစ္စာတရားတို့ကို။ အဘိသမယံ၊ ထိုးထွင်း၍ သိမည်ဟူ၍။ အဟံ၊ ငါဘုရားည်။ ၀ဒါမိ၊ ဟောတော်မူ၏”

ဤသုတ်အရ ဆင်ခြင်ရာသည်ကား ဘ၀ပေါင်းများစွာတွင် အမျိုမျိုးသော ဓားလှံလက်နက်တို့ဖြင့်သာ သေခဲ့ရသည်။ မည်သည့် တရားသစ္စာ တစ်ပါးပါးမှ မသိခဲ့ရသော ငါသည် ယခုဘ၀တွင် မည်သည့်နည်းနှင့်မဆို သစ္စာသိရန် အားထုတ်မည်ဟု နှလုံးသွင်း အောက်မေ့ အပ်ပေသည်။ အားထုတ်ရာတွင်လည်း ဒုက္ခနှင့် ဒေါမနဿနှင့် ရင်းနှီး၍ ရှာရမည် မဟုတ်ပေ။ ဉာဏ်နှင့် ပညာနှင့်သာ ရင်းနှီး၍ သူသူငါငါ ဉာဏ်မပါလျှင် တွေ့သိနိုင်သော တရားမဟုတ်ပေ။ ဉာဏ်ပညာနှင့်သာ သူက ငါက မသိရသော ပရမတ်တို့၏ သဘောကို သိနိုင်ပေရာ ပညတ်အာရုံဖြင့် သိနေရသော လောကလူတို့ သုံးစွဲနေသည့် သပုတိပညတ်ကိုပင် ပရမတ်ဟု ထင်နေက မိမိအတွက် နစ်နာပေလိမ့်မည်၊ ထို့ကြောင့် ရှေးဆရာတို့သည် “မရှိပညတ်-ရှိပရမတ်-အတပ်သိအောင်ရှာ”ဟု တိုက်တွန်းခဲ့ရာ မရှိသော ပညတ်ကိုလည်း မရှိမှန်းသိ၍ ရှိပရမတ်ကိုလည်း ရှိမှန်းသိကာ အတပ်သိအောင် ဉာဏ်နှင့် ရူကြည့်ရာသတည်း။

ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။

ဘာသာရေးစာပေများကို  ♣☺ မေတ္တာရိပ် ☺♣   မှာလည်း လာရောက်ဖတ်ရူလေ့လာနိုင်ပါသည်။
www.forverfriends.ning.com

အလှပြင်ဆိုင်လေးဖွင့်ချင်လို့

ဒီနေ့တော့ကို ကြော်ငြာဝင်ရဦးမယ်။ မနေ့က ကျနော် ခေါင်းလျှော်ဖို့ အလှပြင်ဆိုင် ရောက်ဖြစ်တယ်။ အဲဒီမှာ သူများတွေ အလှပြင်နေတာကို ကြည့်ပြီး ကျနော် အားတွေကျလာတယ်။ ဆိုင်မှာက ထုံးစံအတိုင်း လူက ခပ်များများမို့ စောင့်နေရတယ်လေ။ အင်း စောင့်နေရင်းက သူများတွေ ဘာတွေများ အလှတွေ ပြင်နေကြပါလိမ့် ဆိုပြီး လျှာရှည်ပြီး လေ့လာလိုက်တော့ အင်း တစ်ယောက်တစ်မျိုးစီကို စုံလို့ပါပဲ။ တစ်ယောက်က ဆံပင် ပေါင်းတင်တယ်။ နောက် တစ်ယောက်က မျက်နှာပေါင်းတင်တယ်။ နောက် တစ်ယောက်ကကျတော့ ခြေထောက်အလှတွေ ပြင်နေပြန်တယ်။ နောက်ထပ် သူများတွေကရော ဆိုတော့ အို ဆံပင်ကို အရောင်လေးတွေ နဲ့ လိုင်းတွေဖောက်နေပြန်တယ်။ အင်း တော်တော်လည်း စုံပါလားပေါ့။ အားလုံးဟာ လှချင်ကြတယ် ဆိုတဲ့ အခြေခံခြင်းတော့ တူတူပါပဲနော်။

အဲဒါလေး တွေကို ကြည့်ပြီး သူတို့တွေရဲ့လှချင်တတ်တဲ့စိတ်ကလေးကို တော်တော်လေး သဘောတွေကျမိပါတယ်။ တဆက်တည်းလည်း ခေါင်းထဲမှာ အကြံလေးတစ်ခု ရမိပါတယ်။ ဘာအကြံလဲဆိုတော့ အလှပြင်ဆိုင်လေး ဖွင့်ချင်တဲ့ အကြံပေါ့။ ဒါပေမယ့် ကျနော်ဖွင့်ချင်တဲ့ အလှပြင်ဆိုင်ကတော့ သူတို့နဲ့ မတူဘူးနော်။ သူတို့က ရုပ်ကို ပြုပြင်ပေးတဲ့ ရုပ် အလှပြင်ဆိုင်လေ။ ကျနော် ဖွင့်ချင်တာကကျတော့ စိတ်အလှပြင်ဆိုင်လေးပါပဲ။ ကျနော်ဖွင့်မယ့် အလှပြင်ဆိုင်ကနော် စိတ်ကိုအဓိက ပြင်ပေးမှာဆိုပေမယ့် ရုပ်ပါပါသွားမှာဆိုတော့ အင်း လာပြင်မယ့်သူတွေ အတွက်လည်း တန်သွားတာပေါ့နော်။ အဲဒီဆိုင်မှာ ကျနော့ဆံပင်ကို လေမှုတ်နေတုန်း စဉ်းစားမိနေတာ။ အင်းသူတို့တွေ အားလုံးပြင်ဖို့ မေ့နေတဲ့ စိတ်အလှပြင်ဆိုင်လေး ကတော့ဖြင့် မရှိမဖြစ်ကို လိုအပ်နေပြီလို့လေ။

ကိုယ့်ရုပ်ကလေးကိုယ် နေ့စဉ် ကြည့်မိလို့သာ ပြင်ရကောင်းမှန်း သိနိုင်တာမလား။ ဘာလို့ပြင်ပါလိမ့် ဆိုတော့ ဒီနေ့ ပြင်ထားတဲ့ ရုပ်အလှတွေက နက်ဖြန် ထိမှ မပါတာလေ။ သူကလည်း ဖြစ်ပြီးပျက်ရတယ်လေ။ ဒီတော့ နေ့စဉ်ကိုပဲ သူ့ကို ကြည့်ပေးပြီး ပြင်ပေးနေရပါတယ်နော်။ အင်း ဒီနေရာမှာ တစ်ချက်လေး စဉ်းစားဖို့ လိုနေတယ်နော်။ ဘာကိုလဲဆိုတော့ ဒီရုပ်ကိုသာ နေ့စဉ်ကြည့်ဖို့ သတိယပြီး စိတ်ကိုတော့ ကြည့်ပေးဖို့ သတိမရကြတာပဲလေ။ အင်းသေချာ စဉ်းစားကြည့်လိုက်ပါလား။ ဒီရုပ်ကို တစ်နေ့နေလို့ တစ်ခါ မှန်မကြည့်ဖြစ်တာမျိုးရှိလို့လား။ အဲ စိတ်ကျတော့ တစ်နှစ်နေလည်း တစ်ခါ မကြည့်ပါဘူး။ ပစ်ထားကြတယ်နော်။ ဒီရုပ်ကျတော့ နေ့စဉ် သန့်ရှင်းပေးကြတယ်။ အလှပြင်ပေး ကြတယ်နော်။ ဒါတောင် တစ်နေ့တစ်ခါမက အခါခါဆိုသလိုပါပဲ။ ဒါဆိုရင်တော့ တို့က တော်တော် မတရားရာ ကျ မနေ ဘူးလား။ ရုပ်ကျတော့ တခုပ်တရ ကြည့်ပြီး လိုတာတွေ ပြုပြင်နေကြပါရဲ့။ စိတ်ကလေးကျတော့ ကြည့်ပေးဖို့ သတိလေး တစ်ချက်တောင် မရကြဘူးနော်။

အကယ်လို့များ ရုပ်ကို တစ်ခါ မှန် ကြည့်တဲ့ အခါတိုင်း မှာ စိတ်ကလေးကိုလည်း တစ်ခါ သတိတရ ကြည့်မိမယ် ဆိုရင် အင်း သူ့မှာလည်း လိုအပ်တာတွေ မလှတာတွေ တွေ့လာမယ်မလား။ အဲဒီ ကျရင်တော့ ရုပ်ထက် ဆိုးတဲ့ စိတ်ကို ပြင်ပေးရပါတော့မယ်။ ရုပ်အလှပြင်ဆိုင်ကတော့ သူတို့ပြင်ပေးမှသာ လှရမှာမလား။ ကိုယ်ကတစ်ခါသွားပြီးရင် နောက် တစ်ခါ ထပ်လှချင်ပြန်ရင် ထပ်သွားရမှာပဲနော်။ စိတ်အလှပြင်ဆိုင်ကျတော့ အဲလို မဟုတ်ဘူး။ ကိုယ့်စိတ်ကို ကိုယ်ကိုယ်တိုင် ပြင်ရမှာနော်။ သူများပြင်ပေးတာ ခံရဖို့လာရမှာ မဟုတ်ဘူးနော်။ ကျနော်တို့ဆိုင်က ပြင်နည်းလေးပဲသင်ပြပေးမှာ။ ကိုယ့်စိတ်ကလေးကို ဘယ်လိုကြည့်ပါဆိုပြီး ကြည့်နည်းလေး မှန်ထောင်ပြမှာ။ အဲဒီမှာ ကိုယ့်စိတ်မှာ ဖြစ်နေတာတွေ တန်းတွေ့ရမှာနော်။ အဲဒီအခါကျမှ လိုအပ်တာလေးကို ပြင်ပေးဖို့ နည်းထပ်ပေးမှာ။ ကိုယ့်ရဲ့ စိတ်ဆိုးကြီးကို ကိုယ်ကိုယ်တိုင်တွေ့ပြီး ကိုယ်တိုင်ပဲပြင်ကြရမှာလေ။ တစ်ယောက်နဲ့ တစ်ယောက်ကတော့ ပြင်ပုံ ပြင်နည်း တူချင်မှတူမယ်။ 

တို့ အလှပြင်ဆိုင်လေးကိုတော့ တစ်ခါပဲ လာရင်ရပြီ။ နောက်ဆို ထပ်လာစရာမလိုဘူးပဲ။ ဘာလို့လဲဆိုတော့ စိတ် အလှပြင်နည်းကို အတတ်သင်ပေးလိုက်မှာမို့လေ။ အင်း ဒါဆိုရင်တော့ နောက်ဆို ကိုယ့်အိမ်မှာကိုယ် အလှပြင်တတ်သွားပြီမို့ အချိန် မရွေး ပြင်နိုင် သွားမယ်နော်။
အင်းတကယ်တော့ စိတ်ကလေးသာ အလှပြင်နိုင်မယ်ဆိုရင် ရုပ်ကလည်း အလိုလို ပါသွားမှာပဲမလား။ စိတ်ကြည်မှ ရုပ်ကြည်မှာနော်။ ဒါဆို ကိုယ့်ကိုယ်ကို မလှမှာ မပူရတော့ပါဘူးနော်။
အင်း ဒီအစီအစဉ်လေးတော့ သူငယ်ချင်းတွေကို ပြောဦးမှပဲလို့ တွေးမိလို့ ကြော်ငြာဝင် လိုက်တာပါ။ ကျနော်တော့ အဲဒီဆိုင်မှာကိုပဲ ဆွဲနေလိုက်တဲ့ အစီအစဉ်တွေလေ။ ကိုယ့်အစီအစဉ် နဲ့ကိုယ် စိတ်ကူးတွေယဉ်ပြီး သဘောတွေတောင်ကျနေ လိုက်တာ။
ကဲ ကျနော့ရဲ့ စိတ်အလှပြင်ဆိုင်လေး ဆီသို့ အရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်တယ်နော်။

စောသဇင် (မန္တလေး)
www.forverfriends.ning.com

Tuesday, July 2, 2013

နိုင်ငံတကာ အခမဲ့ အွန်လိုင်းပညာသင်ကြားရေး ဝဘ်ဆိုဒ်များ



တကယ် အခမဲ့ပါ။ မယုံလို့ တစ်ခုလောက်ဝင်ကြည့်လိုက်တာ ဗီဒီယိုဖိုင်ယူမလား၊ PDF လား၊ သင်ခန်းစာ Note ယူမလား အစရှိသဖြင့် စာသင်ခန်းမှာ ဆရာနဲ့ မတွေ့ရပေမယ့် တကယ့် သင်ရသလိုပါပဲ။

သို့ပေမယ့် နိုင်ငံတကာ ဆိုဒ်ဖြစ်တဲ့အတွက် အားလုံးက အင်္ဂလိပ်လိုချည်း ဖြစ်ပါတယ်။ အခြေခံအင်္ဂလိပ်စာ ဖတ်အား၊ ရေးအား၊ မှတ် အားလေးတော့ ရှိမှ အဆင်ပြေမယ် ထင်ပါတယ်။ ခု ပေးမယ့် ဆိုဒ်များက ကမ္ဘ့ာ့ ထိပ်တန်း အွန်လိုင်း အခမဲ့ ပညာသင်ကြားရေး ဝဘ်ဆိုဒ်တွေချည်း ဖြစ်ပါတယ်။

အချို့ ဆို အွန်လိုင်းကနေပဲ သင်၊ အွန်လိုင်းကနေပဲ စာမေးပွဲဖြေလို့ ဒီပလိုမာတွေ တောင် ယူတယ်လို့ ကြားတယ်။ မြန်မာပြည်ကနေ ဆိုရင်တော့ လွယ်အုံးမယ် မထင်ပါဘူး။

ဒီတော့ အိမ်မှာ ကွန်ပြူတာရှိမယ်၊ အင်တာနက်လိုင်းရှိမယ်ဆိုရင်သင်လို့ ရပါ ပြီ။ လိုင်းအရမ်းကောင်းဖို့ မလိုပါဘူး။ သို့ပေမယ့် ဗီဒီယိုကြည့်ပြီးမှ သင်ချင်တယ် ဆိုတော့ နည်းနည်းစောင့်ရမယ့် သဘော ရှိပါတယ်။ သင်ခန်းစာတွေကို ကိုယ်ကြိုက်ရာ ရွေးလို့ရပါတယ်။

Science, engineering, art, economics, law, language များအပြင် အခြားအခြားသော ပညာရပ်ပေါင်း မြောက်များစွာလည်း ပါဝင်ပြီး ကိုယ်ကြိုက်ရာ ရွေးနိုင်ပါတယ်။ တကယ် လေ့လာနိုင်၊ မှတ်ယူနိုင်ရင် တကယ် ရပါတယ်။ ဒါကြောင့် အားလုံး အသုံးပြုလို့ရအောင် အခမဲ့ ပညသင် ကြားပေးတဲ့ ဝဘ်ဆိုဒ် လခ့်များအား မျှဝေ ပေးလိုက် ရပါတယ်။
--

➤ Massachusetts Institute of Technology (MIT)/OpenCourseWare
✤ Link: http://is.gd/0pm1n1

➤ Udacity / Free interactive College Classes
✤ Link: http://is.gd/xiFMtf

➤ Open Yale Courses / Freely Downloadable
✤ Link: http://is.gd/74Xwb4

➤ Coursera Free Online Courses
✤ Link : http://is.gd/LIDgMa

➤ ALISON Database / Free Online Diplomas
✤ Link: http://is.gd/cqkuBQ

➤ Khan Academy / Free Online Education
✤ Link : http://is.gd/qpJwVP


➤ Johns Hopkins OpenCourseWare
✤ Link: http://is.gd/YWSx0O

➤ Academic Earth Free Online Courses
✤ Link: http://is.gd/BIZJQz

➤ UC Berkeley Free Online Lectures
✤ Link: http://is.gd/mNyFEM

➤ Open University LearningSpace
✤ Link: http://is.gd/84CXnA

➤ Carnegie Mellon Open Learning Initiative
✤ Link: http://is.gd/ADEBmj

➤ University of Washington Video Lectures
✤ Link: http://is.gd/ePO5Me

➤ Tufts OpenCourseWare
✤ Link: http://is.gd/8ABGyb

➤ UC San Diego Podcast Lectures
✤ Link: http://is.gd/oGOjth

➤ AMSER (Applied Math and Science Education Repository)
✤ Link: http://is.gd/N51Mvh

➤ Utah State OpenCourseWare
✤ Link: http://is.gd/ZRew6t

➤ Free Video Lectures.com
✤ Link: http://is.gd/ObsSL5

➤ How-Stuff-Works / Free Online Science-Related Courses
✤ Link: http://is.gd/XEHory

➤ Wolfram Demonstrations Project
✤ Link: http://is.gd/0vbMWk

➤ Free Science and Video Lectures Online!
✤ Link: http://is.gd/JoOFQg

➤ LearningScience.org
✤ Link: http://is.gd/te9NqS

➤ Science.gov Databases
✤ Link: http://is.gd/g4ZK7B

➤ Connexions - Open-Content Library
✤ Link: http://is.gd/C9Inr5

➤ Sophia Free Online Courses
✤ Link: http://is.gd/JBsj55

➤ Honorable Mention: Peoi.org
✤ Link: http://is.gd/QbtScO

For more - http://is.gd/y7Fukg

ရိုးရာလေး (FB)