Saturday, April 19, 2014
အလုပ်ကောင်းကောင်းရဖို့ လျှို့ဝှက်ချက်များ
Friday, April 04, 2014
လင်းသိုက်ညွန့် (မြန်မာ့မြေ) "အရေးကြီးတာကို အရင်လုပ်ပါ"
Job Seekers Journal vol.2,No.39
စိတ္တဇဆေးရုံတစ်ခုတွင် ဆေးသုတ်သမား တစ်ယောက် နံရံကို ဆေးသုတ်နေ သည်။ ထိုစဉ် လူနာတစ်ယောက်က ၎င်းကို မေးသည်။
“ခင်ဗျားဆေးသုတ်တံကို သေချာကိုင်ထားရဲ့လား”
“ကိုင်ထားပါတယ်”
“ဆေးဘူးကိုရော သေချာကိုင်ထားရဲ့လား”
“ဟုတ်ကဲ့၊ ကိုင်ထားပါတယ်”
“ဒါဆိုရင် ..လှေကားကို ဖြုတ်လိုက်တော့ မယ်နော်”
စာရေးသူတို့တွေလည်း တစ်ခါတလေ ဒီလို ပါပဲ။ ဆေးသုတ် တံနဲ့ ဆေးဘူးကို သေသေချာချာကိုင်ထားပြီး လှေကားကို ဖြုတ်ပစ်လိုက် တတ်ကြပါတယ်။ ဘ၀မှာ အရေးကြီးတာ အရေးပါတာကို အရင်ဆုံးဦး စားပေး လုပ်ဆောင်ဖို့ ဘယ်တော့မှ မမေ့ပါနဲ့။
အလုပ်အကိုင်ကောင်းကောင်းကို ရရှိပိုင်ဆိုင် လိုသူတွေဟာ တစ်ခါ တလေမှာ အရေးအကြီးဆုံး ဆိုတာတွေကို အရင်ဦးစားပေးဆောင်ရွက် ဖို့ မေ့လျော့နေလေ့ရှိကြပါတယ်။ အလုပ်အကိုင် ကောင်းကောင်းကိုရဖို့ ..
- သင်တန်းမျိုးစုံ တတ်ကြတယ်။
- အင်္ဂလိပ်စာ ကောင်းအောင် ကြိုးစားကြတယ်။
- အဆက်အသွယ်ကောင်းအောင် ကြိုးစားကြတယ်။
- CV တွေကို အားကြိုးမာန်တက်ပို့ကြတယ်။
- အလုပ်ခေါ်အင်တာဗျူးတွေကို အားကြိုးမာန်တက် ၀င်ရောက်ဖြေဆို ကြတယ်။
ဒါပေမဲ့ ..
အလုပ်အကိုင်ကောင်းကောင်း တစ်ခုကိုတော့ မရရှိကြသေးပါဘူး။
ဒါ ..ဘာဖြစ်လို့ပါလဲ။ အဖြေက ရိုးရှင်းပါတယ်။ သူတို့ဟာသူတို့ဆီမှာ ..
- ဘယ်လိုပင်ကိုဗီဇ (Talent) တွေရှိသလဲ။
- အဲ့ဒီ ပင်ကိုဗီဇနဲ့ ကိုက်ညီတဲ့အလုပ်အကိုင်တွေကဘယ်လိုအလုပ် အကိုင် မျိုးတွေလဲ။
- ကိုယ်က တရှိုက်မတ်မတ်နဲ့ အလုပ်တစ်ခုကို လုပ်နေတယ်လို့တောင် မထင်ရတဲ့ အလုပ်အကိုင်မျိုးဆိုတာ ဘယ်လိုအလုပ်အကိုင်မျိုးတွေလဲ။
- ကိုယ်က လက်မှာပတ်ထားတဲ့ နာရီကို ထုတ်မကြည့်မိလောက်အောင်
http://www.myanmarcnn.com/2014/04/blog-post_3178.html
No comments:
Post a Comment