Friday, March 14, 2014

အလုပ်လုပ်ရင်းနဲ့ တစ်နာရီပြည့်တဲ့အခါမှာ ခဏလောက်လေးဖြစ်ဖြစ် နားပါ။


အလုပ်လုပ်ရင်းနဲ့ တစ်နာရီပြည့်တဲ့အခါမှာ ခဏလောက်လေးဖြစ်ဖြစ် နားပါ။
နားပြီးတော့ စိတ်ကလေးကို ငြိမ်းချမ်းအောင်လုပ်ပါ။ တစ်နာရီပြည့်တိုင်းပြည့်တိုင်း သတိထားပြီးတော့ ''၂မိနစ်,၃မိနစ်'' ဖြစ်ဖြစ် အသက်ကို အားရပါးရ ဝအောင်ရှူပြီးတော့ ခန္ဓာကိုယ်ကိုရော လျှော့ပြီးတော့ ချလိုက်ပါ။
အဲဒီအချိန်မှာ ဘာမှမတွေးပါနဲ့။
အားရပါးရ အသက်ရှူတာကိုပဲ သတိလေးကပ်ထားပါ။
အကယ်၍ ခဏလေးထပြီးတော့ လမ်းလျှောက်လို့ ရတယ်ဆိုရင်
ထပြီးတော့ ဟိုဘက်ဒီဘက် ခြေလှမ်း ၁၀-လှမ်းလောက်ပဲဖြစ်ဖြစ်
သတိလေးထားပြီးတော့ လှမ်းလိုက်ပါ။

အဲဒီလို တစ်နေ့တာလုံး တစ်နာရီမှာ တစ်ခါလောက် ၂-မိနစ် -၃မိနစ်
လုပ်သွားမယ်ဆိုရင် . .
တစ်နေ့တာ ကုန်သွားတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် သတိထားကြည့်ရင်
တွေ့လိမ့်မယ်။
အရင်ကလောက် မပင်ပန်းဘူး။

တစ်နေ့တာလုံး သတိရတဲ့အချိန် ရောက်တဲ့နေရာမှာ ရသလောက်သတိနဲ့ ခန္ဓာမှာဖြစ်နေတာ၊ စိတ်မှာဖြစ်နေတာကို ကြည့်ရမယ်။
ဒီလို တစ်နေ့တာလုံး လုပ်သွားတဲ့သူဟာ ..
သတိပိုပြီးတော့ အားကောင်းလာတယ်။


( ဆရာတော်ဦးဇောတိက )

No comments:

Post a Comment