Wednesday, March 12, 2014

ဟတ်ကာ အမျိုးအစားများ


ကရားတေးပညာရပ်မှာ ခါးပတ်နက်၊ ခါးပတ်မည်းခွဲ သလို၊ ကွန်ပျူတာ underground နယ်ပယ်မှာလည်း သူတို့ရဲ့ ဦးတည်ချက်တွေ၊ သဘောတူညီချက်တွေ အလိုက် အဖွဲ့တွေ ကွဲသွားပါတယ်။ နယ်ပယ်လေးတွေ ဘောင်တွေ ထားရှိထားတာ ဖြစ်ပါတယ်။ အကြမ်းဖျင်းကတော့ အကောင်းဖက်က cracker နဲ့
အဆိုးဖက်က Hacker ပေါ့။ ဒါတွေကလည်း နည်းပညာနယ်ပယ်ရဲ့ သူထက်ငါတော်တယ်ဆိုတဲ့ ပညာရပ်ဆိုင်ရာ မာန်မာနတွေကြောင့် ဖြစ်ပေါ်လာရတာ ဖြစ်ပါတယ်။
Cracker သို့မဟုတ် Cracking ကတော့ အခြားလူရဲ့ကွန်ပျူတာမှာရှိတဲ့ သတင်းအချက်အလက်တွေကို လက်ခံရရှိဖို့ ကြိုးစားခြင်းကဲ့သို့သော် ပြစ်မူတွေမျိုးကို ထိန်းသိမ်းတာ ဖြစ်ပါတယ်။
hacker က အချက်အလက်တွေ ရရှိအောင် ခိုး၊ Cacker က ထိုအချက်အလက်မရအောင် မပေါက်ကြားအောင်ကာကွယ် ထို့သို့ ဖြစ်ပါတယ်။
ဒီလိုအားဖြင့် ရပ်တည်ချက် သဘောတူညီချက်တွေပေါ် လက်ခံခြင်း လက်မခံခြင်းတွေအပေါ်မူတည်ပြီး အဖွဲ့တွေ ကွဲသွားတာ ဖြစ်ပါတယ်။

White hat

ဒီဝေါဟာရကတော့ အင်တာနက် ဗန်းစကားတစ်ခု ဖြစ်ပြီး လူကျင့်ဝတ်နဲ့ ညီတဲ့အပြုအမူတွေကို လုပ်ဆောင်နေတဲ့ ဟတ်ကာများလို့ အဓိပ္ပာယ်ရပါတယ်။ သူတို့ဟာ တိုက်ခိုက်ဖျက်ဆီးလို့တဲ့
ဆန္ဒမပါရှိဘဲ ကွန်ပျူတာနဲ့ ဆိုင်တဲ့ လုံခြုံရေးတွေကို အခြားသူတွေ Hacker တွေ မဖောက်နိင်အောင် အရင် စမ်းသပ်ပေးခြင်းကို ဆောက်ရွက်ပေးနေတဲ့ သူတွေဖြစ်ပါတယ်။ Security ကုမ္ပဏီတွေ
အတွက် ကွန်ပျုတာ လုံခြုံရေး စနစ်တွေ လုံခြုံမူရှိမရှိ အရင်ဆုံး စမ်းသပ် hack ပေးရတဲ့ သူတွေဆိုပါတော့။ နည်းပညာ ကျွမ်းကျင်မူ
ရှိရကာ အများသူငါတွေရဲ့ ကိုယ်ရေးအချက်အလက်နဲ့ စီးပွားရေး ဆိုင်ရာ အကျိုးတွေအတွက် အရင်ဆုံး Hack ကာ စမ်းပေးရတဲ့
သူတွေ ဖြစ်ပါတယ်။ ကောင်းတဲ့ သူတွေရဲ့ အဖွဲ့အစည်း တစ်ခုပါ။

Black Hat

သူကဆိုးပါတယ်။ ကိုယ်ရေးကိုယ်တာ ရရှိမူအတွက် hack တဲ့သူတွေပေါ့။ ထို Black hat hacker တွေဟာ ကျော်ကြားတဲ့ စီးပွားဖြစ် လိုက် hack တဲ့ အဖွဲ့ တစ်ခုပေါ့.သူက ငွေကြေးပေးပြီး
ဌားရမ်းခိုင်းလို့ရပါတယ်။ အများပြည်သူတွေအတွက် ဘေးအန္တာရယ်ရှိတဲ့ အဖွဲ့ဖြစ်ပြီး နက်ဝပ် security တွေကို လိုက်လံဖောက်ပါတယ်။
အချက်အလက်တွေကို ဖျက်ဆီးပြီး နက်ဝပ်ကို သုံးမရအောင် လုပ်လေ့ရှိပါတယ်။ Security နယ်ပယ်နဲ့ ခေတ်သစ်ထဲမှာ ပရိုရရမ်မာတွေအနေနဲ့ Cracker တွေလိုလည်းခေါ်ပါတယ်။ Cracker တွေဟာ သူတို့ကိုယ်တိုင် အားနည်းချက်သိရှိမူကို ထိန်းပြီး လုံခြုံမူ လက်ဟာသွားပြီးဆိုတာနဲ့ အခြား အများနဲ့ ထုတ်လုပ်သူများဆီသို့ အသိမပေးတတ်ပါဘူ။ ဒီလို ဖောက်လို့ရသွားတာနဲ့ကိုယ်ပိုင် အချက်အလက်တွေနဲ့ လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ အရာတွေကို လက်ခံရရှိပြီးဆိုတာကို အများသိအောင် ကြော်ငြာပါတော့တယ်။ သူတို့ စနစ်တစ်ခုလုံးဝကို ထိန်းချုပ်ရသွားတဲ့ တစ်ချိန် သူတို့ကိုယ်တိုင် ထိန်းချုပ်ဖို့သာ ပြန်လည် လုပ်ဆောင်ပါတော့တယ်။

Grey Hat

ထို Grey Hat hacker တွေဆိုတာက Black hat hacker တွေနဲ့ White hat hacker တွေ ပေါင်းစပ်ထားတဲ့ အဖွဲ့ တစ်ခုပါပဲ။ သူတို့ဟာ
အင်တာနက်နဲ့ ကွန်ပျူတာ စနစ်ထဲကို ၀င်ရောက်ဟတ်ပြီး အသိပေးနိင်ပါတယ်။ ဆိုဒ် admin တွေ သူတို့ ဆိုဒ် ကွန်ရက်ဟာ လုံခြုံမူ ရှိတယ် မရှိဘူးဆိုတာကိုပါ။ သူတို့ရဲ့ စနစ်ဟာ ပြန်လည် လုံခြုံရေး စနစ်ကို ပြုပြင်ဖို့ လိုရင်လိုနေတယ်လို့ အသိပေးနိင်ပါတယ်။ ဒီလိုမျိုး မှန်ကန်တဲ့ ပြူပြင်ဖို့ လိုအပ်တဲ့နေရာတွေကို ပြောပြပြီး ၀န်ဆောင်တဲ့
လုပ်ငန်းမျိုး ဖြစ်ပါတယ်။

Elite hacker

ဟတ်ကာတွေကြားတွင် ဆိုရှယ် အဆင့်အတန်းရှိတဲ့ ဟတ်ကာ အမျိုးအစား ဖြစ်ပါတယ်။ Elite ဆိုတဲ့ စကားလုံးကို သုံးရတာကတော့ Skills ( ကျွမ်းကျင်မူ များ) ကိုဖော်ပြဖို့ သုံးတာ ဖြစ်ပါတယ်။
ဆိုလိုတာက Elite ဟတ်ကာတွေဟာ အခြား ဟတ်ကာတွေရဲ့ကြားမှာ ရဲ့ဝင့်တဲ့ လုပ်ရပ်တွေနဲ့ လည်ပတ် ဖြစ်ပေါ်နေမှာ ဖြစ်ပါတယ်။ သူတို့ဟာ အဖွဲ့ဝင်ရွေးချယ်ရင်တောင် အများယုံကြည်လာအောင်
လုပ်ပြနိင်တဲ့သူကိုမှ ရွေးချယ်တာ ဖြစ်ပါတယ်။ ဥပမာ - Masters of Deception ( Elite hacker Group )

Script kiddie

သူကတော့ ဟတ်ကင်မှာ ကျွမ်းကျင်သူ မဟုတ်တဲ့သူမျိုးတွေကိုခေါ်တာပါ။ အခြားတစ်ယောက် (သူများ)ရေးထားတဲ့ အော်တိုမက်တစ် Tools တွေကို သုံးပြီး ကွန်ပျူတာထဲကို ချိုးဖောက်ဝင်တဲ့သူတွေ
မျိုးပါ။ kiddie ဆိုတာ ကလေးလို့ အဓိပ္ပာယ်ရပါတယ်။

အခြား နှစ်မျိုးကတော့ Neophyte နဲ့ Blue hat တို့ ဖြစ်ကြပါတယ်။

Aung Heine ( www.smart.com.mm )

If You like it , Please like & Share.

Read more for update news >>> www.smart.com.mm

No comments:

Post a Comment