Wednesday, March 12, 2014

Networking ပညာရပ် အခြေခံကို အွန်လိုင်းမှာ အခမဲ့ လေ့လာမယ်


ကွန်ပြူတာ Networking ပညာရပ်ကို ယခုမှ စတင်လေ့လာ ဖို့ ပြင်ဆင် နေသူများအတွက် အကောင်းဆုံး ဖောင်ဒေးရှင်း ပေးမှာပါ။

လိပ်စာကတော့ - https://learningportal.juniper.net/juniper/resources/courses/golden/netfun/netfun_course/course_start.html

အမေရိကန် Juniper ကုမ္ပဏီက ဖြစ်ပါတယ်။ Cisco မဟုတ်ပါဘူး။ သို့ပေမယ့် အခြေခံကျတဲ့ Network Foundation က အတူတူပါပဲ။ သင်ခန်းစာ ၅ နာရီကြာမြင့်ပါတယ်။ တစ်ခေါက်ထဲနဲ့တော့ မရနိုင်ပါဘူး။ Test လည်းပါရှိပြီး final challenge လည်း ဖြေလို့ရပါတယ်။ ပြီးရင် ကိုယ့် အရည်အချင်း ဘယ်လောက်ရှိတယ်ဆိုတာပါ တစ်ခါတည်း ထွက်ရှိလာမှာပါ။

Juniper မှာ Network အင်ဂျင်နီယာ ဖြစ်လိုသူများအတွက် အခမဲ့ သင်ကြား ပေးတဲ့ Course ဖြစ်ပါတယ်။ အသံနဲ့ ဗီဒီယိုဖိုင်ပါ။ ၅ နာရီ ကြာမြင့်တဲ့ Assignment ကို သုံးခါလောက် လုပ်ပြီးရင် အခြေခံကျတဲ့ အချက်တွေ ရလို့ Network ပညာရပ်ကို လေ့လာသွားနိုင်မှာပါ။ အားလုံး အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့် ပါတယ်။
.
အောင်ခမ်း (www.smart.com.mm)

No comments:

Post a Comment