Thursday, March 13, 2014

MyanPay အွန်လိုင်း ငွေပေးချေမူ စနစ် စတင်အသုံးပြုနိင်ပြီ။


MyanPay စနစ်ဆိုသည်မှာ အင်တာနက်မှ တစ်ဆင့်ငွေပေးချေခြင်း၊ ငွေလွှဲပေးပို့ခြင်း၊ ငွေလက်ခံခြင်း တို့အားဝန်ဆောင်မူပေးခြင်း ဆိုတဲ့ စနစ် တစ်ခုဖြစ်ပါတယ်။
ငွေလွဲပေးပို့ရာတွင် MyanPay အကောင့်အချင်းချင်း
လွဲနိင်ပြီး ငွေလွှဲပြောင်းပေးပို့လို့သူရဲ့ အီးမေးလ်လိပ်စာ သိရှိနိင်ရုံဖြင့် ပေးပို့နိင်မည် ဖြစ်ပါတယ်။ MyanPay ဟာ အွန်လိုင်းပေးမန့်
တစ်ခုဖြစ်တဲ့အတွက်အလွယ်တကူငွေပေးချေနိင်ပြီး အဓိက Online Shooping Website တွေအတွက် အလွန်လွယ်ကူ အဆင်ပြေစေမှာ ဖြစ်ပါတယ်။

MyanPay အကောင့်အသုံးပြုလိုသူများအနေနဲ့ ဘဏ်များနဲ့ အရင်ဦးဆုံး ချိတ်ဆက်ဆောင်ရွက်ရန်လိုပါတယ်။ ယခုလာလောဆယ် မာစတာကတ် ကိုင်ဆောင်ထားသူမည်သူမဆို အဆိုပါ MyanPay အကောင့်ကို အသုံးပြုနိင်မှာ ဖြစ်ပြီး နောက်ပိုင်း VISA
ကတ်များအတွက်ပါ ဆောင်ရွက်နိင်အောင် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မာစတာကတ် အသုံးပြုသူများအနေနဲ့ www.myanpay.com.mmသို့ ၀င်ရောက်ကာ Login ပြုလုပ်ပြီး MyanPay အကောင့်ကိုသုံးနိင်မှာ ဖြစ်ပြီး MyanPay ထဲသို့ ငွေသွင်းရင်တော့ မြန်မာငွေပဲ သွင်းရမှာ ဖြစ်ကာ USD သွင်းရင်တော့ CB Banks ရဲ့ Exchange rate ဖြင့် Currency လုပ်သွားမှာ လို့သိရပါတယ်။


Smart Pro Journal .

No comments:

Post a Comment