Sunday, March 9, 2014

ကလေးကို မုန့်ပေးချော့ခဲ့ရသော မိုက်ခရိုဆော့ဖ် ဖြစ်ရပ်မှန်


၂၀၀၄ ခုနှစ် ဇန်နဝါရီလ လောက် မှာ တော်တော် လူသိများသွား တဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။ကနေဒါ အထက်တန်း ကျောင်းသား တစ်ဦး (အိုင်တီ ကျောင်းသား) ရဲ့  အမည်ဟာ Mike Rowe ဖြစ်ပါတယ်။ ပညာသင်နေရင်းနဲ့ အလုပ်လည်း လုပ်ပါတယ်။ ဒီတော့ ဒိုမိန်း တစ်ခု လုပ်ဖို့ စိတ်ကူးရပြီး MikeRoweSoft.com အမည်နဲ့ ဝဘ်ဆိုဒ် တစ်ခု လုပ်ပါတော့တယ်။ Soft ကတော့ အပျော်အပျက် သဘောမျိုးနဲ့ သူထားတဲ့ နာမည် ဖြစ်ပါတယ်။ သို့ပေမယ့် အသံထွက်လိုက်တော့ မိုက်ခရိုဆော့ဖ် နဲ့ လေယူလေသိမ်းချင်းက သိပ်မကွာဘူး ဖြစ်ပါတယ်။ ခပ်မြန်မြန်ဆိုရင် မိုက်ခရိုဆော့ဖ်လို့ပဲ အသံထွက် ပါတယ်။ သူစထောင်လိုက်တာ၂၀၀၃ခုနှစ်သြဂုတ်လကဖြစ်ပါတယ်။
၂၀၀၄ ဇန်နဝါရီရောက်တော့ Microsoft က အပြင်းအထန် ကန့်ကွက် ပါတယ်။ ယင်းဝဘ်ဆိုဒ်ကို ပိတ်ပင်လိုက်ဖို့ တောင်းဆိုပါတယ်။ ဒီအတွက် ၁၀ ဒေါ်လာ ပေးမယ်လို့ ဆိုပါတယ်။ သို့ပေမယ့် Mike ကတော့ အမေရိကန်ဒေါ်လာ ၁သောင်း တောင်းဆိုပါတယ်။ Microsoft က မပေးနိုင်ပါဘူး။ ဒါကြောင် တရားရုံးမှာ ထိပ်တိုင်ရင်ဆိုင်ဖို့အတွက် ချိန်းဆိုလိုက်ပါတယ်။

ကျောင်းသား Mike ဘက်မှာ ပြည်သူအများအပြားရှိနေပြီး ရှေ့ နေငှားဖို့ ကအစ လှူဒါန်းကြပါတယ်။ ဒီလိုနဲ့ နောက်ဆုံး ရလဒ်ကတော့ Networking နဲ့ ပက်သက်တဲ့ မိုက်ခရိုဆော့ဖ်က ဖွင့်တဲ့ သင်တန်း တစ်ခုကို Mike အား တက်ခွင့်ပေးပြီး Cerificate ပါထုတ်ပေးလိုက်ပါတယ်။ ဒါ့အပြင် Xbox ဂိမ်းစက် ခေတ်စားနေချိန်ဖြစ်ပြီး အသစ်တစ်လုံးပေးလိုက်ပါတယ်။
ဒီလိုနဲ့ Mike ဟာလည်း Certificate တစ်ခု၊ Xbox တစ်လုံးနဲ့ ကျေနပ်ပြီး သူ့ MikeRoweSoft.com ကို ပိတ်သိမ်းပေးလိုက်ပါတယ်။ ၁၂ နာရီတွင်းကို Page view ၂သိန်းခွဲ တက်ရလောက်အောင်ကို နာမည်ကြီးသွားခဲ့ပါ တယ်။ လျော်ကြေးငွေတင်မကပဲ ကျောင်းသားလေး Mike ရတာ ရှိပါသေး တယ်။

ဝဘ်ဆိုဒ်ပိတ်လိုက်ပေမယ့် Microsoft နဲ့ အပြန်လည် Message ပို့ စကားပြောထားတဲ့ ဝဘ်ဆိုဒ်ရဲ့  ၂၅ မျက်နှာကိုလည်း amazon မှာ လေလံ တင် ရောင်းချပြီး အမေရိကန်ဒေါ်လာ ၂ သိန်းကျော် ရရှိခဲ့ပါတယ်။ အနည်းငယ်ကို ဆေးရုံအား လှူဒါန်းပြီး ကျန်တာတွေ သူ့ပညာရေးအတွက် အသုံးပြုလိုက်တယ်လို့ ဆိုပါတယ်။
အမည်နဲ့ အသံထွက် မူပိုင်ခွင့်အတွက် တိုက်ပွဲဝင်လိုက် ရတဲ့ Microsoft ရဲ့  ဖြစ်ရပ်မှန် တစ်ခု ဖြစ်ပါတယ်။ သို့ပေမယ့် သမိုင်းထဲမှာတော့ Microsoft က ကလေးအငိုတိတ်အောင် မုန့်ပေးချော့လိုက်ရတယ်လို့ အမှတ်တရတစ်ခု ကျန်ရှိစေခဲ့ပါတယ်။

Shared from မြ၀တီ (FB)

No comments:

Post a Comment