Monday, March 10, 2014

“ အာနာပါန အကျိုး ၅-မျိုး ”


၁။ အာနာပါန ကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့ပါမူ . .
ယခုခေတ်၊ ယခုကာလ၊ ယခုဘဝ၌ပင်လျှင် ရဟန္တာအဖြစ်သို့ ရောက်နိုင်၏။

၂။ အကယ်၍ အသက်ရှိစဉ် ရဟန္တာအဖြစ်သို့ မရောက်သေးပါမူ . .
သေခါနီးကာလ၌ သမသီသိ ရဟန္တာအဖြစ်သို့ ရောက်နိုင်သေး၏။

၃။ အကယ်၍ သမသီသိ ရဟန္တာ မဖြစ်နိုင်သေးပါမူ . .
နတ်ပြည်သို့ ရောက်သောအခါ ဓမ္မကထိကနတ်သား တရားသံကို ကြားရ၍ ရဟန္တာအဖြစ်သို့ ရောက်ရှိနိုင်၏။

၎။ အကယ်၍ နတ်ပြည်၌ ရဟန္တာ မဖြစ်သေးပါမူ . .
အရိမေတ္တယျဘုရား မပွင့်မီ ပစ္စေကဗုဒ္ဓါ အဖြစ်သို့ ရောက်နိုင်သေး၏။

၅။ အကယ်၍ ပစ္စေကဗုဒ္ဓါ မဖြစ်သေးပါမူ . .
ပွင့်တော်မူလတ္တံ့ ကုန်သော အရိမေတ္တယျ အစရှိကုန်သော ဘုရားသခင်ကိုယ်တော်မြတ် ခြေတော်ရင်း၌
ဒါရုစိရိယမထေရ်ကဲ့သို့ ခိပ္ပါဘိညရဟန္တာ ဖြစ်ရတော့သည်။


( မဟာရာဟုလောဝါဒသုတ် - အကျဉ်း )

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment