Tuesday, March 11, 2014

ကြောင်တို့ ခေါင်းဝေ့ခြင်း သဘော


ကြောင်များဟာ သူ့သခင် သို့မဟုတ် သိနေပြီး ဖြစ်တဲ့ လူတွေ အနားကို ကပ်လို့ ခေါင်းဝေ့ တတ်တာကို သတိထားမိကြမှာ ဖြစ်ပါတယ်။

ယင်း အမူအရာက သူ့သခင်ကို ယုံကြည်ကြောင်း၊ သူ့ကြောင့် လုံခြုံမှု ရှိကြောင်း အမူအရာ ဖြင် သက်သေ ပြခြင်း ဖြစ်ပါတယ်။ ပြီးတော့ နောက် တစ်ချက်က ယင်း လူကို သူပိုင်တဲ့ သူနဲ့ သက်ဆိုင်တဲ့ လူ ဖြစ်ကြောင်း နယ်မြေ သတ်မှတ်ခြင်း ဖြစ်ပါတယ်။ နောက်ထပ် တစ်ချက် ကတော့ သူတို့ဟာအစာတောင်းတဲ့ လက္ခဏာ ဖြစ်ပါတယ်။

ကြောင် များဟာ တောရိုင်း ကြောင်၊ ကျားသစ် မျိုးနွယ်ထဲမှာ အား အနည်းဆုံး ဖြစ်ပြီး လူသားတွေနဲ့ အယဉ်ပါးဆုံး သတ္တဝါ တစ်မျိုး ဖြစ်ပါတယ်။

No comments:

Post a Comment