Wednesday, March 12, 2014

အများကြီး ဆုပ်ကိုင်မထားပါနဲ့


- ကိုယ့်ဘ၀ခရီးလျှောက်လှမ်းနေတဲ့ အချိန်မှာ ကိုယ့်အပေါ်ကောင်းတဲ့သူလည်းတွေ့ချင်တွေ့မယ်။
ဆိုးတဲ့သူလည်း တွေ့ချင်တွေ့မယ်။

- အမြဲတမ်းကိုယ့်အပေါ် ချစ်နေတဲ့သူ၊ ကောင်းနေတဲ့သူ
တွေ့ဖို့၊ ဆုံဖို့၊ ကြုံဖို့ ဆိုတာ အင်မတန်မှ ခဲရင်းပါတယ်။
ရခဲ့ရင်တော့ အင်မတန်မှ ကံကောင်းတဲ့သူဖြစ်သွားတယ်။

- ကိုယ့်အပေါ် အရမ်းကောင်းနေလို့လည်း အများကြီး မမျှော်လင့်စေချင်ဘူး။
မကောင်းတဲ့သူအတွက်လည်း အများကြီး မခံစားရအောင်
နှလုံးသွင်းတတ်ဖို့ လိုတယ်။

- ဒီလိုမှ မဟုတ်ရင် ကောင်းတာ၊ ဆိုးတာ အပေါ်ကို လိုက်ပြီး ကိုယ့်စိတ်မှာ အများကြီး ခံစားရတယ်။
ဖြစ်ပြီးရင် ပျက်သွားမယ်။ တွေ့၊ ဆုံ၊ ကြုံ၊ ကွဲဆို တဲ့
သဘောတရားက လောကရဲ့ နိယာမပဲလို့
ခဏလေးပဲဖြစ်ဖြစ် နှလုံးသွင်းတတ်ရင်၊
နှလုံးသွင်းမိရင် စိတ်သက်သာရာ ရပါတယ်။


- (“ဌေး”သာမဏေကျော်ဆရာတော်)

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment