Friday, March 7, 2014

“ကုသိုလ်ပြုရာဝယ် သတိပြုဖွယ်”


လူစည်ကား လူမြင်ကွင်းကောင်းတဲ့ ကျောင်းကန်ဘုရားတွေ ၊
တံတိုင်းနံရံ စသည်တွေမှာ မိမိအမည် ၊ ကုမ္ပဏီအမည် လုပ်ငန်းတို့ရဲ့အမည် တို့ကို ကြေငြာကမ္ဗည်းထိုးနိုင်ဖို့ လုပ်တဲ့ကုသိုလ်တွေ၊ သူထက်ငါပြိုင်ပြီး လှူတဲ့အလှူတွေ၊
လူအထင်ကြီးခံချင်လို့ လှူတဲ့အလှူတွေ ၊ ဘွဲ့ထူးရရေး ၊အလုပ်ဖြစ်ရေး၊ ရာထူးဂုဏ်သိန်တိုးရေးအတွက် အဓိဋ္ဌာန်ဝင်တာ၊ ဥပုသ်စောင့်တာ၊
သက်သတ်လွတ်စားတာ ၊ပုတီးစိတ်တာတွေဟာ အညံ့စား ကုသိုလ်ထဲမှာ ပါ..ပါတယ် ၊

အလယ်အလတ်တန်းစားကုသိုလ်ကတော့ ပြိုင်ဆိုင်ကြွားဝါလိုတဲ့ လောကဂုဏ်လောက်သာ ရည်ရွယ်တာမဟုတ်ဘဲ ကံနဲ့ ကံရဲ့အကျိုးကို
ယုံကြည်တဲ့ သဒ္ဓါတရားရှိရှိနဲ့ ပြုတဲ့ကုသိုလ်ပါပဲ။ ဒါပေမယ့် ရည်ရွယ်ချက်က လောကီချမ်းသာကိုသာ တောင့်တရည်မှန်းတာဖြစ်လို့ နိဗ္ဗာန်ရဲ့ အထောက်အပံ့ဖြစ်တဲ့ပါရမီကုသိုလ်မျိုးကို မမှီတဲ့အတွက်
“အလယ်အလတ်တန်းစား ကုသိုလ်”လို့ ဆိုရပါတယ်။

“အဆင့်မြင့်ဆုံးကုသိုလ်”ကတော့ အရိယာနွယ်ဝင် စင်ကြယ်ဖြူးဖြောင့်တဲ့ သူတော်ကောင်း အလေ့အထကို အတုယူနည်းမှီပြီး ပြုလုပ်တဲ့ ကုသိုလ်ဖြစ်ပါတယ် ၊ နိဗ္ဗာန်ကို ဦးတည်ပြီး လုပ်တဲ့ ကုသိုလ်မျိုးပါ၊
ကုသိုလ်ပြုတဲ့အခါ နှလုံးသွင်းမှန်မှ အကျိုးပေးမှန်မှာဖြစ်ပါတယ်။


【ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း) ၏
လူတိုင်းအတွက် ပဋ္ဌာန်းစာအုပ် မှ-】

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment