Sunday, March 9, 2014

မြီးရှည်လုပ်နည်းလေး ပြန်တင်ပေးပါ ဆိုသူများအတွက်





မြီးရှည်လုပ်နည်းလေး ပြန်တင်ပေးပါ ဆိုသူများအတွက်

ဘယ်ဒေသ မြီးရှည်လုပ်နည်းဆိုတာတော့မပြောတတ်ပါဘူး

ဒါပေမဲ့ ... စားဘူးနေကျ မြီးရှည်အရသာမျိုးနဲ့ မို့ ကျမလဲအရမ်းကြိုက်လို့ 

ပြန်တင်ပေးလိုက်ပါတယ်နော် ...

မြီးရှည်လုပ်ရန် ... မြီးရှည်မုန့် ဖတ် ... ဝက်သားသုံးထပ်သားချက်ထားတာ

ပဲငပိ .. ကြက်သွန်ဖြူကိုထောင်း ဗင်နီကာ ( ရှာလကာရည် )စိမ်ထားတာ

ဆီတိုဟူး .. ငြုပ်သီးမှုန့်  .. ပဲပင်ပေါက် ရေနွေးဖျောထားတာ

ရှမ်းချဉ် ..အရသာမှုန့် 

ကော်မှုန့် ကိုရေထည့်ပျစ်အောင်ကြိုထားပါ ကော်မှုန့် မဟုတ်ဘဲသာကူစေ့

ကိုကြိုရင်လဲရပါတယ်ရှင် .စားဖို့ ပြင်မယ်ဆိုရင် မုန့် ဖတ်ကိုရေနွေးဖျော

ပဲပင်ပေါက်ရေနွေးဖျောထားတာထည့် .. ငြုပ်သီးမှုန့်  ကြက်သွန်ဖြူ

ဗင်နီကာစိမ်ထားတာထည့် ဆီတိုဟူး အရသာမှုန့် ကော်ရည် အသားဟင်း

တို့ ထည့်ပြင်လိုက်ရင်တော့ အရသာရှိတဲ့ မြီးရှည်ရပါတယ်ရှင် ။။


Shared from ထမင်းမိန်မိန်စားရအောင် (FB)

No comments:

Post a Comment