Monday, March 10, 2014

အညာမုန်.လက်ဆောင်း


မုန်.လက်ဆောင်းလုပ်နည်းကလွယ်ပေမယ့်..မုန်.လက်ဆောင်းဖတ်လုပ်နည်းလေးကသာ.. အနည်းငယ်ခက်ခဲတယ် ထင်ရပေမယ့်... စမ်းလုပ်ကြည့်ပြီး (၁)ကြိမ် (၂)ကြိမ်ဆိုရင်.. အလွယ်ကူဆုံး ဖြစ်သွားပါမယ်..။

အခုခေတ်ကာလမှာဆန်ကြိတ်ဆုံတွေအင်မတန်ရှားပါးသွားလို. အဝေး၊ ပြည်တွင်းအားလုံးအဆင်ပြေလွယ်ကူအောင်ဆန်မှုန်.နဲ.ပဲပြောပေးသွားပါမယ်

မုန်.လက်ဆောင်းဖတ်လုပ်နည်း
********************

ဆန်မှုန်.နုနု...........၁၀ ဇွန်း( ထမင်းစားဇွန်း)
ကော်မှုန်.(သို.) ပြောင်းမှုန်. ..၂ ဇွန်း( ထမင်းစားဇွန်း)
ထုံးကျက်တက်ရည်...........၂ လီတာခန်.
(အစိမ်းရောင်လေးကြိုက်သူများက ဆွမ်းမွှေးရွက်ရည်ထည့်သုံးနိုင်ပါတယ်)

ကျွန်တော်ကတော့အစိမ်းရောင်မကြိုက်တတ်သလို ထန်းလျက်ရည်နဲ.စားတာမို.အရောင်မထည့်ပါဘူး..။

စားထုံးကို ရေ ၂လီတာနဲ.ဖျော်ပြီး ကျောက်ချဉ်တုံး ခပ်သေးသေးကို ထည့်လိုက်ပါ...။အနည်ထိုင်ပြီး အရည်ကြည်တက်လာတာနဲ. ထုံးကျက်တက်ရည်ရပါပြီ။

ဆန်မှုန်. ၊ ကော်မှုန်.(သို.) ပြောင်းမှုန်. တို.ကိုရောပြီး ထုံးကျက်တက်ရည်နဲ. ရောကျိုပါ။ (အရောင်၊ရနံ.ကြိုက်သူတွေက ဆွမ်းမွှေးရွက်ရည် ထည့်သုံးနိုင်ပါတယ်။

တော်တော်လေးပျစ်ခဲမလာခင် ဇလုံကြီးကြီးတစ်ခု (ဖြစ်နိုင်ရင်ရေခဲပါထည့်)
ထားသောခွက်အပေါ်မှာဇကာ (မိမိကြိုက်နှစ်သက်တဲ့ မုန်.ဖတ်အရွယ်ပေါ်မူတည်) တင်ထားပါ။

မုန်.နှစ်ကျိုတာပျစ်လာပြီဆိုရင်..ဇကာထဲကိုနည်းနည်းချင်းလောင်းချပြီးဇွန်းနဲ. ဖိချပေးရပါမယ်...။

ဒါမှသာ မုန်.ဖတ်လေးများအသွင်ရေအေးထဲကိုရောက်ပြီးခဲသွားမှာပါ။

အောက်ခံရေကိုလည်းမကြာခဏဆိုသလိုလဲလှယ်ပေးရပါမယ်...။

နောက်ဆုံးအေးသွားပြီဆိုမှ..ရေအေးပြန်စိမ်ထားပေးပါ။

ထန်းဖိုထန်းလျက်ကိုဆားအနည်းငယ်နှင့်အတူရောကျိုပြီး..အအေးခံပါ။

မုန်.လက်ဆောင်းဖတ်ထဲကို မိမိလိုအပ်သလောက်ထည့်ပြီး.. နှမ်းထောင်းလေးဖြူး..အုန်းသီးခြစ်လေးများ
ထည့်ကာသောက်သုံးနိုင်ပါတယ်..။

နန်ကထိလို.ခေါ်တဲ့ ငချိတ်ပေါင်းလေးများထည့်စားသုံးသလို ဆေးကုလားမ နံ.သာရည်လေးလည်း ထည့်သုံးဆောင်နိုင်ပါတယ်...။

( မှတ်ချက်.. ထန်းဖိုထန်းလျက်မရှိလို. ထန်းလျက် အသေး သုံးထားတာကြောင့် အရောင်မလှသလို ...အုန်းသီးခြစ်လည်း မကြိုက်လို.မထည့်ထားပေမယ့်.. နွေရာသီ.. အညာဒေသကို မှတ်မှတ်ရရ အလွမ်းပြေဖြစ်ပါတယ်)

Shared from ဟင်းချက်နည်းများ (FB)

No comments:

Post a Comment