Wednesday, March 5, 2014

ရခိုင်မုန်.တီ( အာပူလျှာပူ )


ရခိုင်မုန်.တီ( အာပူလျှာပူ ) က ချက်ရတာမခက်ခဲပေမယ့်ကျွန်တော်အလွန်
နှစ်သက်တဲ့မုန်.ဟင်းခါးတစ်မျိုးဖြစ်ပါတယ်..။ကျွန်တော်ကဟင်းရည်ပျစ်ပျစ်
တွေချက်တဲ့မုန်.ဟင်းရည်ဆိုလုံးဝမကြိုက်တတ်ပါဘူး..။ရခိုင်နည်းစစ် ၊မစစ်တော့
မသေချာလှပေမယ့်ကျွန်တော့်မိသားစုနဲ.သူငယ်ချင်းတွေခဏ ..ခဏတောင်း
ဆိုတဲ့အရာတစ်ခုဆိုလည်းမမှားပါဘူး..။ရိုးရာအရ ငါးရွှေနဲ.ချက်တယ်လို.သိရ
ပေမယ့် ငါးရွှေဆိုတဲ့ငါးအမျိုးအစားကရှာရခက်ခဲလှတာကြောင့် ငါးခူနဲ့ချက်တဲ့
နည်းကိုပဲဝေမျှပေးလိုက်ပါတယ်..။

ဒီနည်းကို ဘယ်သူ.ဆီကသင်ယူခဲ့မှန်းမသေချာပေမယ့် ဟိုတစ်စ၊ဒီတစ်စဆွဲ
ပြီးမိမိကိုယ်ပိုင်နည်းပြုလုပ်ထားတာကြောင့် သင်၊မြင်၊ကြားဆရာများအားလုံး
ကိုဂါဝရထားကျေးဇူးတင်ရှိပါတယ်..။

ရခိုင်မုန်.တီ ( အာပူလျှာပူ )

မုန်.ဖတ်အမျှင်သေးသေး..........(၅၀) ကျပ်သား
ငါးခူ....................................(၃၀) ကျပ်သား
ငရုတ်သီးစိမ်း........................(၂၀) တောင့်ခန်.
စိမ်းစားငပိ............................၁ဇွန်း (ထမင်းစားဇွန်း)
မန်ကျည်းသီးမှည့်...................၂ ဇွန်း(...........။......)
စပါးလင်...............................၂ ချောင်း( အဖြူရောင်အပိုင်းသာ)
ပဒဲကောသေးသေး..................၁ တက်
ငါးငံပြာရည်...........................လိုအပ်သလို
ဟင်းခတ်မှုန်. .....................အနည်းငယ်

တွဲဖက်စားသုံးရန်

ငရုတ်သီးပြုတ်ထောင်းရည်
မန်ကျည်းမှည့်ရည်
ပဲကြော်(သို.) ငါးဖယ်ကြော်
ကြက်သွန်ဖြူဆီချက်
နံနံပင်ပါးပါးလှီး

ပထမဆုံး ငါးခူအကောင်လိုက်ကို မီးသွေးပြာ ( သို.) မန်ကျည်းမှည့်ရည်ဖြင့်
အချွဲတွေပြောင်စင်အောင်ဆေးပါ။

ထိုငါးခူကို ငါးပိ ဇွန်းဝက် ၊ ငါးငံပြာရည် ၂ဇွန်း ၊ နနွင်းမှုန်.အနည်းငယ်၊ ဟင်း
ခတ်မှုန်.အနည်းငယ်တို.ဖြင့်နယ်ကာ စပါးလင်တစ်ခုကိုဓါးပြားရိုက်ကာရေ
လေးမြှုပ်ရုံထည့်ကာ နှူးသွားသည်အထိပြုတ်ပေးပါ...။

ရေမခမ်းခင်ငါးနှူးသွားပြီဆိုတာနဲ.ဆယ်ယူအအေးခံကာ အသားတွေနွှင်ထုတ်
ပါ။

ထိုအရိုးတွေကို လက်ကျန်ငါးပြုတ်ရည်ထဲထည့်ကာခေတ္တပြန်ပြုတ်ပေးပါ။

မန်ကျည်းသီးမှည့်ကိုလဲရေနွေးစိမ်ထားပါ။

ငရုတ်သီးစိမ်းတွေကို နှူးအောင်ပြုတ်ပြီးညှက်နေအောင်ထောင်းပါ။ ဆားပါသည်ဆိုရုံလေးနဲ.ရေနွေးလေးထည့်ကာမပျစ်မကျဲလေးဖျော်ပါ။

ငါးဖယ်ကို အရသာထည့်နယ်ပြီးမိမိလိုချင်တဲ့ပုံစံလေးတွေကြော်ပြီးဆီစစ်ထားပါ။

ကြက်သွန်ဖြူ ကို ပါးပါးလေးတွေလှီးပြီးနနွင်းမှုန်.လေးနဲ.အတူ ဆီချက်သတ်
ထားပါ ( ဆီများဖို.မလိုအပ်ပါ )

အထက်ပါအရာတွေအဆင်သင့်ဖြစ်ပြီဆိုရင်...ဟင်းရည်စချက်ပါမယ်။

ပထမဆုံးအိုးတစ်လုံးမှာ ငါးပြုတ်ရည်ကို စစ်ထည့်ပြီး..လက်ကျန်ငပိ၊ စပါးလင်
ဓါးပြားရိုက်၊ ပဒဲကောကိုပါးပါးလှီးထည့်၊ ငရုတ်ကောင်းစေ့ တစ်ဇွန်းကိုမညှက်
တညှက်ထောင်းထည့်ပြီး..စတင်အပူပေးပါ.

ထွက်လာတဲ့အညစ်အကြေးနဲ.အမြှုပ်တွေကိုစစ်ထုတ်ပါ။ ရေအနည်းငယ်ဖြည့်
စွက်ပြီးထိုနည်းအတိုင်းပြုလုပ်ပါ။( ဟင်းရည်ကြည်လင်စေရန်ဖြစ်သည်)

အညစ်အကြေး၊အမြှုပ်တွေကုန်စင်ပြီဆိုတာနဲ.ဟင်းရည်ထဲမှာပါနေတဲ့အရာ
တွေအားလုံးကို ဇကာတစ်ခုနဲ.ပြန်စစ်ထုတ်လိုက်ပါ။

မီးဖိုပေါ်ပြန်တင်ပြီး..ငါးအသားနွှင်ထည့်တွေထည့်ကာ မီးလျှော့ချပြီးတစ်ပွက်
ဆူမှာဟင်းရည်ကျအောင်ပြန်တည်ထားပါ။အရသာ(လိုအပ်ပါက) ဖြည့်စွက်
ပါ။

မုန်.ဖတ်တစ်ပွဲစာထည့်ထားတဲ့ပန်းကန်ထဲကိုဟင်းရည်လောင်းချကာ ပဲကြော်
(သို.) ငါးဖယ်ကြော် ၊ကြက်သွန်ဖြူဆီချက်လေးထည့်ကာ ငရုတ်သီးစိမ်းပြုတ်
ရည်၊ မန်ကျည်းမှည့်ရည်၊ နံနံပင် ၊ ငံပြာရည်တို.ကိုတော့စားသုံးသူအကြိုက်
ထပ်ဖြည့်ပြီးသုံးဆောင်နိုင်ပါတယ်..။

photo credit >>> Google Search
မူရင်းဓါတ်ပုံပိုင်ရှင်အားလေးစားစွာအသိအမှတ်ပြုသလိုကျေးဇူးအထူးတင်ရှိ
ပါကြောင်း။

Admin ( ဟင်းချက်နည်းများ )

No comments:

Post a Comment