Wednesday, March 5, 2014

နနွင်း ( Turmeric ) အကြောင်း သိကောင်းစရာ


နားရက်မို. စာဖတ်ဖြစ်ပါတယ်.... ဟင်းခတ်အမွှေးအကြိုင်တွေအကြောင်း ဖတ်ရင်းက.. ကျွန်တော်တို.မြန်မာများအများဆုံးအသုံးပြုတဲ့ နနွင်းအကြောင်း
ရောက်ရင်း..ရှာဖွေဖတ်ရှုရသမျှကို ဗဟုသုတအဖြစ် ဝေမျှပေးလိုက်ပါတယ်..။

နနွင်း ( Turmeric ) အကြောင်း သိကောင်းစရာ
*****************************

ရုက္ခဗေဒအမည် Curcuma Longa လို.အမည်တွင်တဲ့နနွင်းကိုလွန်ခဲ့တဲ့ နှစ်ပေါင်း(၁၀၀၀)ကျော် လောက်က အိန္ဒိယပြည်နယ်တောင်ပိုင်း Tamilnadu ဆိုတဲ့ဒေသမှာစတင်တွေ.ရှိခဲ့ပါတယ်...လို.ဆိုပါတယ်..။

နနွင်းပင်ပာာ..အပူချိန် ( 20ံ C - 30ံC ) ( 68ံF - 86ံF ) အပူချိန်ရှိတဲ့
ဒေသတွေမှာပေါက်ရောက်တတ်ပြီး..အရွက်တွေဟာအစိမ်းနုရောင်ရှိပြီး..
အရွက်ဖားဖားအမျိုးအစားဖြစ်ပါတယ်..။

နနွင်းတက်ဟာ ချင်တက်လိုမကြီးထွားပေမယ့်... အမြစ်ဖွာအမျိုးအစားမှာ ပါဝင်ပါတယ်..။ သြဂုတ်လောက်မှာဖူးပွင့်တက်ပြီး..ပန်းရောင် ၊ ခရမ်းရောင် ၊ အဖြူရောင်တွေအဖြစ် ဖူးပွင့်တတ်ကြပါတယ်...။

နနွင်းကို အိန္ဒိယ ၊ မလေးရှား ၊ အင်ဒို ၊ မြန်မာ ၊ထိုင်း စတဲ့နိုင်ငံတွေမှာ အဓိက ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြပြီး. တရုတ်နှင့် အိန္ဒိယလူမျိုးများက နနွင်းမှုန့်ကိုဆေး အဖြစ် နှစ်ပေါင်း အတော်ကြာကတည်းက အရိုးပွခြင်း၊ အဆစ်အမြစ် ကိုက်ခဲရောင်ရမ်းခြင်းစသည်ဖြင့် ရောင်ရမ်းသော နာကျင်မှုများကိုကုသရာတွင် အသုံးချခဲ့ကြပါတယ်။

ဥရောပတိုက်များကို၁၃ရာစုနှစ်မှာအာရပ်ကုန်သည်များကနနွင်းရဲ့သုံးစွဲပုံနဲ့အကျိုးအာနိသင်များကို စတင် မိတ်ဆက်ပေးလိုက်ပါတယ်။
အဲဒီနောက်မှစပြီးအနောက်တိုင်းနိုင်ငံတွေလည်း နနွင်းကို လူအများကြိုက်နှစ်သက်ပြီးခေတ်စားလာပါတယ်။
အနောက်တိုင်းဟင်းပွဲတွေမှာလည်းနနွင်းကိုထည့်ခတ်ချက်ပြုတ်လာတာကို တွေ့ရှိရပါတယ်။

အခုအချိန်မှာ နနွင်းကို စီးပွားဖြစ်ဦးဆောင်ထုတ်လုပ်ပြီး ကမ္ဘာတစ်ဝန်းဖြန့်ချိနေသောနိုင်ငံများကတော့ အိန္ဒိယ၊ အင်ဒိုနီးရှား၊ တရုတ်၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ဟာ(အီ)တီနဲ့ဂျမေကာ နိုင်ငံတွေပဲ ဖြစ်ပါတယ်။

နနွင်းရဲ့အစွမ်းအာနိသင်ကတော့ရောဂါတော်တော်များများ ပျောက်ကင်း
အောင်ထိကိုပါပဲ။အူသိမ်၊ အူမ ကြီးရောင်ရမ်းခြင်းကိုလည်းဝ.၂၅ ရာခိုင်နှုန်းလောက်နဲ့တင် သက်သာစေပါတယ်။
ဒီလောက်နှုန်းကတော့နနွင်းမှုန့်ကိုဟင်းထဲထည့်ချက်ရုံနဲ့တင်
ရရှိနိုင်ပါတယ်။ အဆစ်အမြစ်ရောင်ရမ်း ကိုက်ခဲခြင်းရောဂါကိုလည်း သက်သာစေပါတယ်။

အရိုးအဆစ်ရောဂါသည် တော်တော်များများကနနွင်းမှုန့်ကို ပုံမှန်သုံးစွဲခြင်းဖြင့် သက်သာစေပါတယ်လို့ပြောကြပါတယ်။ ဘာကြောင့်လဲဆိုတော့နနွင်းထဲမှာ အမ်တီအောက်စီဒန့် (Antioxidant) နဲ့ အမ်တီ-အင်ဖလိမ်မက်တာရီ (Anti-Inflammatory) နှစ်ခုရောစပ်ထားခြင်းကြောင့် နနွင်းမှုန့်ကို ပုံမှန်သောက်သုံးခြင်း ဟင်းထဲထည့်ချက်ခြင်းဖြင့် ကောင်းသောအကျိုးအာနိသင်များကို ရရှိနိုင်စေပါတယ်။

နနွင်းဟာ ကိုလက်စထရောဓာတ်ကို လည်းလျော့ကျစေပါတယ်။ အသည်းထဲမှ LDL Cholesterol တွေ ကိုနနွင်း ရဲ့ ဓာတ်အား နဲ့ချေဖျက်နိုင်ပါတယ်။ နနွင်းစစ်စစ်ကို ပျားရည်နှင့်လုံးပြီး အခြောက်ခံကာ ပုံမှန်သောက်သုံးပေးခြင်းဖြင့်.. အမျိုးသမီးများ အသားအရေကြည်လင်လှပပြီး ဓမ္မတာလာစဉ် ကိုက်ခဲနာကျင်မှုန်.ကိုလည်း သက်သာစေတယ်လို.ဆိုပါတယ်။

နနွင်းရဲ့အာနိသင်မပျောက်စေရအောင်လေလုံသောဘူးထဲမှာ နေရောင်တိုက်ရိုက်မထိတွေ့နိုင်သောနေရာမှာထားပါ။ကိုယ်တိုင်နနွင်းတက်ကို အမှုန့်ကြိတ်ပြီးသုံးလျှင်ပိုတောင် ကောင်းမွန်ပါတယ်

လူတစ်ယောက်ချင်းဆီမှာတော့မတူညီသောကိုယ်ခံအားများရှိတာကြောင့် တချို့ကနနွင်းနဲ့မတည့်(Allergy) ဖြစ်တာမျိုးများ ရှိပါသလားလို့မေးခွန်းထုတ်ကြပါတယ်။ မတည့်တာမျိုးတော့မရှိပါဘူး။တွဲစားတဲ့အစားအစာ (သို့) လူကို ယားနာစေတာမျိုးတို့ပေါ့။

နနွင်း မှာ ကောင်းသော သံဓာတ်နဲ့မန်ဂနိနှစ်ခုလုံးပါဝင်သလို ဗိုက်တာမင် B 6 ၊အမျှင်ဓာတ်နှင့် ပိုတက်ဆီယံဓာတ်တို့လည်း ပါဝင်ပါတယ်။
ဘယ်လိုပဲအသုံးပြုပြု ဒီဓာတ်အားတွေ အမြဲပါဝင်ရရှိနေတာကြောင့် ကျန်းမာရေးအတွက်အထူးကောင်းမွန်သော ဟင်းခတ်မှုန့်ဖြစ်ပါတယ်။

Shared from ဟင်းချက်နည်းများ (FB)

No comments:

Post a Comment