Tuesday, March 11, 2014

နားကြပ်ဖြင့် သီချင်းနားထောင်ခြင်းနှင့် အကြားအာရုံဆုံးရှုံးမှု


ယနေ့ခေတ် ဆယ်ကျော်သက် ၅ယောက်တွင် တစ်ယောက်မှာ အကြားအာရုံချို့ယွင်းမှုများ ရှိနေပြီး ၈၀ခုနှစ်များနှင့် ၉၀ခုနှစ်များထက် ၃၀ရာခိုင်နှုန်းပိုများလာခြင်းဖြစ်သည်။

နားကြပ်အသုံးပြုမှု မြင့်တက်လာခြင်းကြောင့် ဖြစ်ပွားခြင်း ဖြစ်သည်ဟု ပညာရှင်အမြာက်အများက ယုံကြည်လျက်ရှိပြီး အကြားအာရုံ ဆုံးရှုံးမှုအားလျှော့ချရန် မည်ကဲ့သို့ လုပ်ဆောင်နိုင်သည်ကို ကယ်လီဖိုးနီးယားပြည်နယ် ဗယ်လီဂျိုမြို့ရှိ ကလေးနားရောဂါအထူးကု ဆရာဝန် ဂျိမ်းအီးဖွိုင်းက ပြောကြားခဲ့သည်။

ဘယ်လောက်ဆို အရမ်းကျယ်လွန်းနေသလဲ “ယနေ့ထုတ်လုပ်နေတဲ့ MP3 ပလေယာတွေမှာ ရော့ခ်ရှိုးပွဲကြီးတစ်ခုနဲ့ ညီမျှတဲ့ ၁၂၀decibels ပါပါတယ်။ ဒီအဆင့်လောက်မှာဆိုရင် အကြားအာရုံထိခိုက်မှုဟာ ၁ နာရီနဲ့ ၁၅မိနစ်လောက်မှာ ဖြစ်နိုင်ပါတယ်” ဟု ဒေါက်တာဖွိုင်းက သတိပေးခဲ့သည်။ လူများသည် နားကျပ်ဖြင့်နားထောင်သောအခါ အမြင့်ဆုံးအနေဖြင့် အသံကို ၆၀%ထက် ကျော်လွန် နားမထောင်သင့်ကြောင်းလည်း ဒေါကတာဖွိုင်းက အကြံပေးခဲ့သည်။

ဘယ်လောက်ကြာကြာ နားထောင်သင့်လဲ အသံကို အမြင့်ဆုံး ၆၀%လောက်ထားမယ်ဆိုရင် တစ်ရက်ကို မိနစ်၆၀လောက်ပဲ သုံးသင့်ပါတယ်။ အသံကျယ်လေလေ အချိန်နည်းသင့်လေလေပါပဲ။ ဟိုးအမြင့်ဆုံးထိ တင်ထားလိုက်မယ်ဆိုရင် တစ်နေ့မှာ ၅မိနစ်လောက်ပဲ နားထောင်သင့်ပါတော့တယ်” ဟု ဒေါက်တာဖွိုင်းက ပြောကြားခဲ့သည်။

အကြားအာရုံဆုံးရှုံးခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ “နားကြပ်သုံးလို့ အကြားအာရုံဆုံးရှုံးရတဲ့ အမျိုးအစားက သိတာထင်ရှားတဲ့ သတိပေးလက္ခဏာမရှိဘဲနဲ့ ဖြည်းဖြည်းခြင်း စုဖြစ်သွားတာပါ။ အကြားအာရုံစမ်းသပ်မှုနဲ့ ဆေးပညာဆိုင်ရာ စမ်းသပ်မှုတွေကသာ အကြားအာရုံပျက်ဆီးမှုကို ကုသနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပါ” ဟု ဖွိုင်းက ပြောကြားခဲ့သည်။

အောက်ပါလက္ခဏာများ ဖြစ်လာပါက ဆရာဝန်ဆီ သွားသင့်သည် ဟုဆိုသည်။
-နားထဲတွင်အသံများမြည်နေခြင်း
-ဆူညံ့မှုရှိသောနေရာများတွင် စကားကိုနားလည်ရန် ခက်ခဲနေခြင်း
-အသံ မသဲကွဲကာ နားအားပိတ်ဆို့ထားသလိုခံစားရခြင်း
-တီဗီများ၊ရေဒီယိုများကို ယခင်ကထက် အသံမြှင့်ကာ နားထောင်နေရခြင်း

အကြားအာရုံဆုံးရှုံးမှုကိုဘယ်လိုကုသမလဲ
“ဆူညံ့တဲ့အသံတွေကို အလွန်ထိတွေ့တာကြောင့် ဖြစ်လာရတဲ့ အကြားအာရုံဆုံးရှုံးမှုအမျိုးအစားဟာ ကုလို့မရနိုင်ပါဘူး၊ ကြိုတင်ကာကွယ်မှုဟာ အလွန်အရေးကြီးပါတယ်။ အထောက်အကူပြုပစ္စည်းတွေကသာ အသံကို ကျယ်ကျယ်ပြုပြုကြားဖို့နဲ့ လွယ်လွယ်ကူကူကြားဖို့ ကူညီနိုင်ပါတယ်။ ဒါပေမဲ့ ဒါတွေက ပျက်ဆီးအလုပ်မလုပ်တော့တဲ့ နားရဲ့အပိုင်းကိုသာ အစားထိုးပေးရုံသက်သက်ပဲဖြစ်ပါတယ်” ဟု ဒေါက်တာဖွိုင်းက ပြောကြားခဲ့သည်။

ဘယ်လိုကာကွယ်မလဲ
အရေးကြီးဆုံးကတော့ ဘယ်လောက်ကြာကြာနားထောင်မယ်၊ဘယ်လောက်မြင့်မြင့်ထားပြီး နားထောင်မယ်ဆိုတာ ၆၀/၆၀စည်းမျဉ်းကို လိုက်နာဖို့ပါပဲ” ဟု ဒေါက်တာဖွိုင်းက ပြောကြားခဲ့သည်။
ထို့အပြင် နားအတွင်း တိုက်ရိုက်ထည့်ထားသည့် နားကြပ်အစား နားကိုဖုံးအုပ်ထားသည့် ပုံစံheadphoneမျိုးကိုသာ သုံးသင့်သည်ဟုလည်း ၄င်းက အကြံပေးခဲ့သည်။

“headphones ပဲသုံးသုံး နားကြပ်ပဲသုံးသုံး အဓိက ကတော့ အတော်အသင့်ပဲလုပ်ဖို့ပါ။ အသံနားထောင်တဲ့ ကိရိယာတွေကို အလွန်ကျွံသုံးတာကနေ ရှောင်ရှားတာကသာ အကြားအာရုံကို စောစောစီးစီးကာကွယ်ထားတာပဲဖြစ်ပါလိမ့်မယ်” ဟု ဒေါက်တာဖွိုင်းက ပြောကြားခဲ့သည်။

Shared from Health/Beauty (FB)

No comments:

Post a Comment