Showing posts with label ကျန်းမာရေး ဗဟုသုတများ. Show all posts
Showing posts with label ကျန်းမာရေး ဗဟုသုတများ. Show all posts

Saturday, December 24, 2016

စိတ်ကျရောဂါ


စိတ်မှာပဲဖြစ်ဖြစ် ရုပ်မှာပဲဖြစ်ဖြစ် မကောင်းတာ ကျန်းမာရေးပြဿနာပါ။ ဆရာဝန်တွေဟာ ကိုယ်ကျန်းမာရေးသာမက စိတ်ကျန်းမာရေးအတွက်ပါ တာဝန်ယူကြရတယ်။ လူတိုင်းရဲ့ စိတ်ဟာ တသတ်မှတ်ထဲ တည်ငြိမ်နေတာ မဟုတ်ဘူး။ စိတ်မငြိမ်သက်တာ ကယောက်ကယက် ဖြစ်တာ သာမန်လူတို့ရဲ့ ထုံးစံပါ။ ဝမ်းနည်းဝမ်းသာ စိုးရိမ်ကြောင့်ကြမှုဆိုတာ လောကသုံးပါး မလွဲမသွေ ကြုံတွေ့နေရမှာပဲ မဟုတ်လား။ လူဖြစ်လို့ ဝမ်းနည်းတာ သဘာဝပါ။ ဒါပေမယ့် ခဏပါပဲ။ စိတ်ကျရောဂါကျတော့ မတူတော့ဘူး။ ကျနေတဲ့ စိတ်က တက်မလာတော့တာ ဖြစ်ပါတယ်။ မျှော်လင့်ချက်ကင်းမဲ့တာ၊ဘဝအဓိပ္ပါယ်ကင်းမဲ့သလိုခံစားရတာတွေဟာ စိတ်ကျရောဂါရဲ့ လက္ခဏာဖြစ်ပါတယ်။

စိတ်ကျရောဂါလို့ အမည်တပ်ဖို့ နည်းနည်းခက်တယ်။ဖြစ်တာတွေ တယောက်နဲ့တယောက် တူချင်မှ တူမယ်။ စိတ်ကျရောဂါတွေမှာ လက္ခဏာတွေ ကိုယ်စီရှိတယ်။ အဆင့်သတ်မှတ်ချက်၊ရောဂါအပျော့အပြင်းလည်း မတူကြဘူး။ဝေဒနာခံစားရသူတွေဟာ အစွန်းနှစ်ပါး မလွတ်ကင်းကြတာများတယ်။ စားချင်စိတ်ကဲသူရှိသလို ဘာစားစား ခံတွင်းမတွေ့ပဲ အစားအသောက်ပျက်တာလည်း ရှိတယ်။ တချို့က အအိပ်ပျက် အအိပ်ခက်ပေမယ့် တချို့က အိပ်ပြီးရင်း အိပ်ချင်တတ်တယ်။ မျက်တွင်းဟောက်ပက် အိပ်ရေးပျက်တာ စိတ်ရောဂါနဲ့သက်ဆိုင်တတ်တယ်။ ဒါကိုပဲ ပတ်ဝန်းကျင်က အတင်းပြောတော့ အပျင်းကြီးတယ်ဖြစ်တယ်။ အမှန်က ကိုယ့်စိတ်ကိုယ် မထိန်းနိုင်လို့ ခန္ဓာကိုယ်နရီစီးချက် မမှန်တော့ပဲ စိတ်ပျက်၊အအိပ်ပျက် အစားပျက်ပြီး လူက ပိန်ချုံးလာတတ်တယ်။ တချို့ကလည်း အစားအသောက်တွေပိုစားလာတယ်။ စိတ်ခံစားမှုကို ဒီနည်းနဲ့ ဖြေဖျောက်ဖို့ ကြိုးစားရငိး ဝလာကြတယ်။ ဝလို့လှတယ်ဆိုချင်သူတွေ သတိထားပါလေ။

ဆယ်ကျော်သက်တွေမှာ ဖြစ်ရင် စကားအပြောအဆိုနည်းပြီး အပြုအမူကစ လေးလံထိုင်းမှိုင်းလာတာ သိသာတယ်။ အပြုသဘောမှန်သမျှ ကိုယ်နဲ့မဆိုင်သလို အပျက်သဘောတွေသာ တွေးမြင်လုပ်ကိုင်လာတယ်။ ဘာ့ကြောင့်မှန်းအဖြေရှာမရပဲ အကြောင်းမဲ့ဝမ်းနည်းနေတတ်တယ်။ တချို့က အကြောငိးခံမယ်မယ်ရရ မရှိဘဲ အော်ဟစ်ငိုကြွေးတာမျိုး လုပ်လာတယ်။ စိတိတိုလွယ် ဒေါသကြီးလွယ်တာလည်း ရှိပါတယ်။တဖက်သားကို အလိုလိုမုန်းတီးနေပြီး လောကကြီးနဲ့ သဟဇာတ မဖြစ်သလိုခံစားရတယ်။ ဆုံးဖြတ်ချက် မှန်သမျှ မှားယွင်းလာတယ်။ နေ့စဉ် မျှော်လင့်ချက်ကင်းမဲ့ တတွေတွေတမှိုင်မှိုင်နဲ့ ဝမ်းနည်းပူဆွေးတတ်တာ စိတ်ကျရောဂါရဲ့ လက္ခဏာပါ။ ဆရာဝန်နဲ့ ပြသပြီး စနစ်တကျကုသပါလေ။ဒီလိုလူတွေက နှလုံးနဲ့အစာအိမ်ရောဂါ သူများထက်ပိုဖြစ်တယ်။

အားလုံးထဲမှာ ကိုယ့်ကိုယ်ကို အသုံးမကျဘူးလို့ ခံစားရတာ အဆိုးဆုံးနဲ့ ခံရအခက်ဆုံးပါပဲ။ နောက်ဆုံးအဆင့် ခေါ်ရမယ်။ လူ့ဘဝကြီးက အဓိပ္ပါယ်ကင်းမဲ့သလို ခံစားလာရပြီးနောက် လုပ်စရာ များများစားစားမကျန်တော့ဘူး။ အဆုံးသတ်မှာတော့ ကိုယ့်ကိုယ်ကို သတ်သေတာမျိုး (suicide)တွေ ဖြစ်လာတယ်။ အဖန်ငါးရာ ငါးကမ္ဘာဆိုတာတွေလည်း ခေါင်းထဲမဝင်တော့ဘူး။ တရားသဘောလာမပြောပါနဲ့။ဘာ့ကြောင့်လဲဆိုတော့ ဘဝအတွက် ထွက်ပေါက်က ဒီတခုတည်းရှိတယ်လို့ ခံစားနေရလို့ပဲ ဖြစ်တယ်။

စိတ်ကျရောဂါဟာ လူမျိုးဘာသာနဲ့ မဆိုင်ပါဘူး။ အနောက်နိုင်ငံမှာ ဖြစ်သလိုအရှေ့တိုင်းမှာလည်း တွေ့တယ်။ ပညာတတ်တွေထဲမှာလည်း ဖြစ်ပါတယ်။ အသိဆရာဝန်တယောက်ရှိဖူးတယ်။ ဆရာဝန်ဆိုတော့ ဆေးအကြောင်းနည်းနည်း နားလည်တယ်။ စိတ်အခန့်မသင့်တော့ လောကကြီးကို စိတ်ကုန်လာပြီး suicideလုပ်ဖို့ကြိုးစားတယ်။ လူပြောများတဲ့ ပါရာစီတမော ဗူးလိုက်မော့ပါသတဲ့။ ပါရာစီတမော toxic doseပေးရင် အသည်းထိခိုက်တာလည်း သိထားပြန်တော့ ရွှေဥာဏ်တော် စူးရောက်ပြီး ဘာမီတွန်လက်တခုပ်စာ ဆက်သောက်ပြန်တယ်။ သဘောကတော့ ရောဂါဝေဒနာမခံစားရဘဲ သက်သက်သာသာ ဇီဝိန်ချုပ်အောင်ပေါ့။ ကံကောင်းချင်တော့ ဆေးရုံမြန်မြန်ရောက်သွားပြီး အသက်ကယ်လိုက်နိုင်တယ်။ အသက်ပြန်ရှင်လာပေမယ့် နောက်ဆက်တွဲကတော့ သေရာပါသွားတယ်။ အရာရာသတိမေ့တတ်တာက မပျောက်တော့ဘူး။ တခါတရံ ခြေလက် ထုံကျင်တာ ဖြစ်တယ်။ ဒါတွေက စိတ်ကျရောဂါကနေ ဆင့်ကဲဖြစ်တာတွေပါ။

၂၀၁၃ မှာ စစ်တမ်းတခုလုပ်တော့ ချမ်းသာတဲ့နိုင်ငံအများစုဟာ စိတ်ကျရောဂါ ခံစားရနိုင်ချေ ပိုများတာ တွေ့ရတယ်။ ဘာ့ကြောင့်လဲဆိုတော့ အဖြေက ရှင်းပါတယ်။ အပြိုင်အဆိုင်လုပ်ရသူတွေရဲ့ စိတ်ဖိစီးမှုဟာ လူသာမန်တွေထက် ပိုပါတယ်။ အလုပ်တာဝန်များသူ၊လူအများနဲ့ ဆက်ဆံရသူတွေဟာ စိတ်ကျရောဂါခံစားလွယ်လာကြတယ်။ဒီနေ့ကမ္ဘာမှာ စိုးရိမ်စိတ်အများဆုံး၊စိတ်ဖိစီးမှုအများဆုံးနိုင်ငံတွေဟာ ဖွံ့ဖြိုးပြီး နိုင်ငံတွေဖြစ်ပါတယ်။ နှစ်စဉ် အမေရိကန်လူမျိုး (၂၅)သန်းလောက်ဟာ စိတ်ကျရောဂါခံစားနေရတယ်။ ၁၃မိနစ်တိုင်း လူတယောက်ဟာ suicide သတ်သေမှုကြောင့် အသက်ဆုံးရှုံးနေတယ်။ အမေရိကားမှာ ကိုယ့်ကိုယ်ကိုသတ်သေမှုကြောင့် သေဆုံးမှုက နံပတ်(၁၀)မှာ ရပ်တည်နေတယ်။ ထူးဆန်းတာက နှလုံး၊ကင်ဆာ၊HIVလို ရောဂါတွေထက် စိတ်ကျရောဂါခံစားရသူ အရေအတွက်က ပိုများနေပါတယ်။ အနောက်နိုင်ငံတွေမှာ အောင်မြင်မှု၊ကျရှုံးမှုကို မခံစားနိုင်သူတွေအတွက် ထွက်ပေါက်က အရက်၊ဆေးဝါး၊တားမြစ်ဆေးတွေ အလွယ်တကူရှိတယ်။ စိတ်ကိုပြောင်းလဲစေတဲ့ မူးယစ်ဆေးဝါးတွေက စိတ်ကျရောဂါကို ကဲစေတယ်။ အရက်၊ဟော်မုန်း၊ရောဂါဘယတွေကလည်း စိတ်ကိုသက်ရောက်စေတယ်။ အကြောင်းအရာစုံလို့ တခုတည်းကို လက်ညှိုးထိုးလို့မရဘူး။

စိတ်ကျရောဂါ ဖြစ်စေတဲ့ အကြောင်းရင်းခံတွေက များတယ်။ ဝမ်းနည်းမှုကြေကွဲမှု၊၊အလုပ်အကိုင်၊ဝင်ငွေဆုံးရှုံးမှု၊အိမ်ထောင်ရေး၊စီးပွားရေး၊လူမှုရေးတွေနဲ့ သက်ဆိုင်တယ်။ ငယ်စဉ်က စိတ်အနာတရဖြစ်ဖူးသူ(အဖေအမေကွဲတာ၊အဖိအနှိပ်ခံရတာ၊ဆင်းရဲချို့တဲ့သူ)တွေဟာ ပိုခံစားကြရတယ်။ မိဘအုပ်ထိန်းမှုညံ့တာနဲ့ တိုက်ရိုက်တော့ မဆိုင်ဘူး။ ပိုဆိုင်တာက ကျင်လည်ရတဲ့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေကြောငိ့ ဖြစ်တယ်။ လုပ်ငန်းခွင်အပြိုင်အဆိုင်နဲ့ အလုပ်တာဝန်တွေက စိတ်ကိုဖိစီးစေတယ်။ ဒီအချက်တွေက အိမ်ထောင်ရေး၊စီးပွားရေး၊လူမှုရေးပြဿနာတွေကိုပါ ဆင့်ကဲဖြစ်စေတယ်။ နယ်တွေ၊တောရွာတွေမှာကျတော့ ရောဂါအမည်တပ်ဖို့ ပိုကောင်းတယ်။ စုန်းကိုက်သလို၊နတ်ကိုင်သလို အပြုစားခံရသလို အမျိုးမျိုးပြောကြတာတွေဟာ စိတ်ကျရောဂါကြောင့် ဖြစ်တယ်။ တကယ်တမ်း စိတ်ကျရောဂါအဖြေရှာကြည့်တော့ ဘုရားဟောသလိုပဲ။ "ပုထုဇ္ဇနော ဥမ္မတ္တကော" လူသာမန်တွေရဲ့စိတ်ဟာ တည်ငြိမ်မှုမရှိ၊ဖောက်လွဲဖောက်ပြန် ဖြစ်တတ်လို့ဆိုတာ တွေ့ရပါတယ်။ ကိလေသာမကင်းသမျှ အတက်၊အကျအပြောငိးအလဲကတော့ ရှိနေမှာပဲ ဖြစ်တယ်။

စိတ်ကျရောဂါရဲ့အခြေခံက စိတ်ထိခိုက်တာနဲ့ စိတ်ဒဏ်ရာရတာပါ။ ဒါကို မကုဘဲထားရင် ပိုဆိုးတယ်။ စိတ်ကြောင့်ဖြစ်တဲ့ရောဂါကို စိတ်နဲ့ပဲကုရတယ်။ ဒါပေမယ့် စနစ်တကျကုဖို့နဲ့ ခံစားရတဲ့ဝေဒနာ အတိမ်အနက်ကို နားလည်ဖို့လိုတယ်။ ကျနေတာတခုကို ဆွဲတင်ဖို့ဆေးနဲ့ ဆရာလိုပါတယ်။ ဒါပေမယ့် ဆရာဝန်(သို့) အပေါင်းအဖော်တွေက အားပေးရုံ၊ဖေးမရုံသာ တတ်နိုင်တယ်။ တကယ်ကုရမှာက ကိုယ့်စိတ်ကို ထိန်းဖို့၊သိမ်းဖို့ ပရမ်းပတာ မဖြစ်စေဖို့ပါ။ စိတ်ကျသူတွေအတွက် လောကကြီးကို မှန်တချပ်လို့ သဘောထားပြီး တခြားဖက်က မြင်နိုင်အောင် လှုံဆော်ပေးရတယ်။ အကြည့်တွေလွဲနေ၊လောကကြီးကို သုံးသပ်တာတွေ ပြောင်းလဲနိုင်အောင်ကူညီပေးရတယ်။ စိတ်ပညာရှင်တွေ၊ဆရာဝန်တွေက ဒီနေရာမှာတော့ အသုံးကျပါတယ်။စိတ်ကျဝေဒနာသည်တွေအတွက် ပတ်ဝန်းကျင် အကူအညီ၊ဖေးမမှု၊စာနာမှု၊နားလည်မှုက အရေးကြီးတယ်။ တခါတရံ မျှော်လင့်ချက်ကင်းမဲ့သူတွေကို အားပေးရတာ ကုသိုလ်ဖြစ်တယ်။

စိတ်ကျရောဂါကို ကုသလို့ရပါတယ်။ မကုပဲထားရင် ပိုဆိုးလာမယ်။လေ့လာမှုတွေအရ ဆေးပေးပြီး စနစ်တကျကုသသူရဲ့ (၈၀)ရာခိုင်နှုန်းကျော်ဟာ တိုးတက်ကောင်းမွန်လာတယ်။ ရောဂါဆိုးလေ ဆေးတိုးလေဆိုတာ စိတ်ကျရောဂါကို ဆိုလိုတာပါ။ ဆရာဝန်က ဆေးပေးရသလို ဖြစ်သူဖက်က တွေးပေးရတာလည်း ရှိပါတယ်။ ထပ်လိုတာက စိတ်ဓာတ်ခွန်အားနဲ့ အားပေးစကားပါ။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းက ထပ်ဆောင်းပေးရမှာက နားလည်မှုနဲ့ စာနာမှုပါ။ ကိုယ်တိုင်လိုအပ်တာကတော့ မိမိမှာ စိတ်ကျရောဂါရှိနေပြီဆိုတာသိနေဖို့နဲ့ ပြောင်းလဲချင်စိတ်ရှိဖို့ပဲ ဖြစ်ပါတယ်။ စိတ်ဆောင်ရင် အရာအားလုံးကို အောင်နိုင်ပါတယ်။ စိတ်ကျရောဂါ အဖြေရှာပါတော့။

ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ(၅.၁.၁၅)

ဆယ်လီနာ ပိန်းဥ


ပိန်းဥ တဲ့။ ဆယ်လီနာ တဲ့။ တစ်နေ့ကမှ အဲဒီဗန်းစကားတွေ ကြားဖူးတာ။ ဖေ့ဘွတ်ပေါ်ကလာတဲ့ စကားတွေပေါ့။ ဆယ်လီနာ ဆိုတာ ဟိုနိုင်ငံခြားက ကျွန်တော်ကြိတ်ချစ်နေတဲ့ ဆယ်လီနာဂိုးမက် ဆိုတဲ့လှတပတ ကောင်မလေးကို ပြောတာ မဟုတ်ဘူးခင်ဗျ။ ဖေ့ဘွတ်မှာ လူကြိုက်များသူကို ဆယ်လီခေါ်တယ်မဟုတ်လား။

ဥပမာ အဲဒီဆယ်လီတစ်ယောက်ယောက်က သူများစာခိုးချတယ်၊ သို့မဟုတ် သူများအသက်မွေးဝမ်းကျောင်းကို ထိခိုက်ပြီးဆိုတဲ့အခါ၊ အခြားတစ်ယောက်ယောက်က အဲဒါကို ထောက်ပြရင်၊ မှန်၏ မမှန်၏၊ သင့်၏ မသင့်၏တွေ ဘေးချိတ်လို့ အဲဒီမှားတဲ့ ဆယ်လီကိုထိရင် ဆတ်ဆတ်ခါနာကြသူတွေကို ဆယ်လီနာ ခေါ်တာတဲ့ဗျာ။

ပိန်းဥ ဆိုတာကတော့ ဥပမာ - လူတစ်ယောက်က ဖေ့ဘွတ်မှာ စာရေးတင်လိုက်တယ် "ဘူ" တဲ့။ အဲဒီစာကို နှစ်သက်ကြောင်းပြတဲ့ လူလေးငါးထောင်ဟာ ပိန်းဥ တွေပါပဲ။ သူတို့က သူတို့ကောင်းတယ်ထင်တဲ့လူ ဘာပြောပြောယုံ၊ ဘာလုပ်လုပ် အကောင်းထင်တတ်တဲ့ ရောဂါရှိတယ်။

ကဲ ကြက်ဥနဲ့ ကြက်မ ဘယ်ကစ။ ပိန်းဥတွေ ဆယ်လီနာတွေ မိတ်ဆွေတို့ ပတ်ဝန်းကျင်မှာတွေ့ဖူးနေမှာတော့ သေချာတယ်။ ဒီလူတွေ ဘယ်လိုမွေးလာတုန်းပေါ့။

စကားလေးကြမ်းရင် သည်းခံပါခင်ဗျာ။ မိတ်ဆွေများလည်း ကြားဖူးမှာပေါ့။ "လင်တရူး၊ စုန်းပူး" ဆိုတဲ့စကား။ နားတော့ နည်းနည်းခါးမှာပေမယ့် အဲဒါလေးက စပြောရအောင်။ ဆရာမောင်သာရရဲ့ 'ကတ္တီပါ ဖိနပ်စီး ရွှေထီးဆောင်း' ဆိုတဲ့ ဝတ္ထုလေးဟာ ကျွန်တော်အမှတ်မမှားရင် အဲဒါ ဟစ်စတီးရီးယား ရောဂါသည်မလေး(ဇာတ်ကောင်နာမည်က မမထား ထင်ပါရဲ့) အကြောင်း ရေးထားတာခင်ဗျ။

အခုနောက်ပိုင်း အပျိုအရွယ်လေးတွေ ဘုရားပေါ်မှာ လူးလှိမ့်လို့ ဘာပူးတာ ညာပူးတာ။ ပိုဆိုးလာတာက စာသင်ကျောင်းတွေမှာ နဂါးပူးတာ ဘာညာ။ ဒါနဲ့ အင်္ဂလန်မှာလက်ရှိနေနေဆဲ ဆရာဝန်တစ်ယောက်ကို ဒါနဲ့ပက်သက်လို့ လှမ်းမေးရတယ်။ အဲဒီမှာ ဟစ်စတီးရီးယား (Hysteria) ဆိုတဲ့စကား ပြန်ကြားရတာပဲ။ ဟစ်စတီးရီးယား ဆိုတာဘာတုန်းလို့ ဆရာ့ကိုမေးတော့၊ သူပြန်ဖြေတဲ့စကား အခုမိတ်ဆွေတို့ နားခံသာမှာမဟုတ်လို့ လွယ်လွယ်မှတ်တော့ စောစောက ကျွန်တော်ပြောတဲ့စကား "လင်တရူး၊ စုန်းပူး"။

ဒါဖြင့် ကျောင်းတွေမှာကလေးတွေ ဖြစ်တာကျရောဆို ကျွန်တော့်အမြင်သီးသန့်က ကျောင်းတာဝန်ရှိသူတွေကိုယ်နှိုက်က ဒါကို ခွင့်ပြုလို့ဖြစ်ရတာ။ သို့သော် ဆရာကတော့ ဒီလိုဆိုတယ်။ ကလေးဆိုတာ ရှေ့က အပေါင်းအသင်းတယောက်လုပ်တာကို နောက်က လိုက်လုပ်တတ်ပါသတဲ။့ (Herd psychology / Mass behaviour) တဲ့။ စိတ်ရောဂါ အနုစားတွေလို့ ဆိုပါတယ်။

ကျွန်တော်တို့နိုင်ငံကဲ့သို့ လူဦးရေ သန်း ၅၀ ၀န်းကျင် ရှိသော်လည်း ကျွန်တော်တို့လောက် လူမှုဒုက္ခမများသော အင်္ဂလန်လိုတိုင်းပြည်မှာတောင် စိတ်ရောဂါ နဲ့ ပတ်သက်လို့ စောစောကလို စိတ်ရောဂါအနုစား ရှိသူတွေဟာ လူဦးရေရဲ့  ၂၅% ပါသတဲ့။
ပြင်းထန်သော စိတ်ရောဂါ ရှိသူတွေကတော့ ( schiz / endogenous depression / bipolar) ၃% ရှိပါသတဲ့။ စာသင်ရခက်ခဲသော ကလေးများကတော့ (အနုစား၊ အရင့်စား အားလုံး) ၁၁% ရှိပါသတဲ့။ ဒီလူတွေကို နှစ်စဉ် ကုသစရိတ် ဘီလျံနဲ့ချီ ကုန်ကျခံစောင့်ရှောက်ရပါသတဲ့။

ကဲ… ဒါဆို ကျွန်တော်တို့ စာပေါင်းသိုက်ပြည်ကြီးမှာရော။ စစ်တမ်းမရှိလို့ ဂဏန်းတစ်ခုသာ ထွက်မလာမယ်၊ အင်္ဂလန်ထက် ဘယ်နှဆသာတုန်းလို့သာ ပြောဖို့ရှိတာပဲ။

ဒီတော့ ခေါင်းလောင်းပေါ်မယ်ပြောလည်း ယုံတာပဲ။ ကျွန်တော်က မြစ်ရိုးသား။ ကျွန်တော့်တစ်သက် ကျွန်တော်ငယ်ငယ်က မြစ်ရှိခဲ့တဲ့နေရာတွေမှာ အခုမြစ်မရှိတော့ဘဲ မြစ်မရှိတဲ့နေရာတွေက မြစ်ကြောင်းပြောင်းစီးနေတာတွေ တွေ့ဖူးလှပြီ။ အလယ်တန်းပညာမှာ ပထဝီဝင်သင်ဖူးရင် မြစ်ကျိုးအင်းတို့ဘာတို့ ဘယ်လိုပေါ်လာတယ်ဆိုတဲ့ သဘောလည်း နားလည်ပြီ။ ဒါနဲ့ကို ဟိုးနှစ်ပေါင်းများစွာကမြုပ်ခဲ့တဲ့ ခေါင်းလောင်းကို မြစ်ထဲရှိမယ်ထင်တုန်း။ အောင်မယ် မြင်မကောင်းရှုမကောင်း နဂါးပါပူးလိုက်ကြသေးဗျာ။ စောစောက ပြောတဲ့ ပိန်းဥ တွေပေါ့။

ဒီလို အယူအဆကို လက်ခံသူတွေထဲ စာပေနဲ့ စာနယ်ဇင်းနယ်က လူတွေလည်းပါတယ်။ သူတို့က သူတို့တင်လက်ခံတာမဟုတ်ဘဲ ဖြန့်ဝေသေးတော့ နဂိုခံစိတ်ရောဂါရှိသူတွေမှာ ပိုဆိုး။ ဒါနဲ့ပဲ စာပေါင်းသိုက်ပြည်မှာ အရူးဇာတ်ကို လက်ဆင့်ကမ်းရင်း ပိန်းဥတွေ များများလာတယ်ထင်မိတာပဲ။

အဆိုးဆုံးကတော့ စာသင်ကျောင်းတွေမှာဒါတွေကို လက်ခံတဲ့ သတင်းတွေကြားရတာပါပဲ။ ကလေးတွေစိတ်ခံမှာ အရူးဇာတ်သွင်းပေးနေတယ်လို့ပဲ ကျွန်တော်မြင်ပါတယ်။ အင်္ဂလန်မှာ ဒီလိုစိတ်ရောဂါလို့ သံသယရှိခံရသူတွေဟာ ဆင်းရဲသား အောက်ခြေလူတန်းစားဆို ဆေးရုံဆေးခန်းဆီပြေးပါသတဲ့။ ပိုက်ဆံနည်းနည်းရှိရင်တော့ စိတ်ရောဂါကုဆရာဝန် ဆီသွားသတဲ့။ ကျွန်တော်တို့ဆီမှာတော့ မီးသတ်တပ်ဖွဲ့ကတောင် ပရိတ်ရေကူဖြန်းဆိုလား၊ နိုင်ငံတော်အဆင့်လူတွေကတောင် အမိန့်ပြန်ပေးတယ်ဆိုလား။ အင်း… ဘိလပ်လိုသာ သုံးကြိမ် သုံးခါလောက် ကြူးရင့်လိုက်ချင်တော့တယ် "ဂွတ်ထဟေ့။ ဂွတ်ထဟ" လို့။

ဒီတော့ အနှစ်ချုပ်ရရင် ပင်လယ်ရေ ငန်မငန်၊ သမုဒ္ဒရာအလယ်ထိ သွားကြည့်စရာမလိုဘူးခင်ဗျ။ ကမ်းနားကရေ ခပ်မြည်းကြည့် သိတယ်ရယ်။ စာရှုသူများ ပတ်ဝန်းကျင်မှာရော ပိန်းဥတွေ ပေါမပေါ ပြောကြည့်။ ဒါဆို စောစော ကျွန်တော်ရေးပြခဲ့တဲ့ အင်္ဂလန်ရဲ့ စိတ်ရောဂါစာရင်းနဲ့ ယှဉ်တွေးကြည့်ရင် အဖြေလေး ရေးရေးတော့ရလာမယ်။

ပိန်းဥတွေနည်းလာဖို့က မလိုအပ်တဲ့ ဟိုဟာပူး ဒီဟာပူးတွေ အားပေးမနေဘဲ၊ နည်းမှန်လမ်းမှန် ကုကြဖို့ရယ်၊ ကိုယ့်မှာ အရူးသွေးပါလာရင်လည်း နောက်မျိုးဆက်ကို လက်ဆင့်မကမ်းကြဖို့ရယ် ဒါလေးတွေပြောချင်မိတာ။

ဒါတွေက ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်တိုင်လုပ်ယူရမယ့်ဟာတွေ။ အစိုးရကိုချည်းအားကိုးလို့မရသလို၊ ဒါ့အတွက် အစိုးရကို အပြစ်တင်ဖို့ဆိုတာကလည်း လက်ရှိအစိုးရဟာ ဒီလူများစုကြီးရဲ့ဆန္ဒနဲ့ တင်ခဲ့တဲ့ အစိုးရလေ။ ဆိုလိုတာက သူ့မှာလည်း အခြားလုပ်စရာလေးတွေ အများအပြား ရှိမယ်လို့၊ ကိုယ်ထူကိုယ်ထကြဖို့ အဲဒါလေး ပြောချင်တာပါ။ ဆယ်လီနာတွေကတော့ အခုအောက်ဆုံးစာပိုဒ်ကို ရှာကြံအထအနကောက်ပြီး နာကြမလားပဲ။ ကျွန်တော်က ရိုးရိုးပြောတာပါဗျာ။ တကယ်ပါ။

အောင်မျိုးသူလွင်
၁၀၊၁၂၊၂၀၁၆
စနေ
နေ့လယ် ၁၂း၁၃

Wednesday, June 29, 2016

လေ့ကျင့်ခန်းလုပ်စရာမလို အစားလျော့စရာမလိုသော ဗိုက်ချပ်နည်း



ဒီနည်းလမ်းလေးက ယုမွန် ကိုယ်တိုင်လုပ်ခဲ့တဲ့နည်းလမ်းလေးထဲကတစ်ခုပါ။ဟိုးအရင်က ပေါင်ချိန် ၁၄၅ပေါင်ရှိခဲ့ဖူးတယ် အရပ်က ၅ပေ၇ဆိုပေမဲ့ အဲ့ပေါင်ချိန်နဲ့က ဝတဲ့ဘက်မှာ ရောက်နေတာပေါ့။ပိုဆိုးတာက ဗိုက်ပူတာပါ။ဝိတ်ချလိုက်တာ ပေါင်၁၀၀ဘဲရှိတော့တဲ့အထိပါ။ခုတော့ ၁၂၂ပေါင်ပါ ဒါပေမဲ့ဘယ်လောက်ဝလာဝလာ ဗိုက်မပူလာတော့ဘူး။တကယ်ထိရောက်တဲ့နည်းလေးပါ။အစားရှောင်စရာမလိုပါဘူး။သေချာပုံမှန်လေးလုပ်သွားရင် ဗိုက်ချပ်ပြီး ခါးသေးစေပါတယ်။Gymဆော့ဖို့လည်း အချိန်မပေးနိုင်တဲ့သူတွေ အစားလည်းမရှောင်နိုင်တဲ့သူတွေ အဆီကျဆေးတွေ မသောက်ချင်တဲ့သူတွေအတွက် လုပ်သင့်တဲ့နည်းလမ်းကောင်းတစ်ခုပါ။ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့နည်းပါ။

*****
မနက်အိပ်ရာထထချင်းမှာ ရေတစ်ဖန်ခွက် သောက်ပေးပါရေသန့်ဗူးကြီး 1Literရဲ့တစ်ဝက်-0.5liter)(ဒါမှမဟုတ်)သောက်နိုင်တဲ့သူက ၂ဖန်ခွက်သောက်ပေးပါ ပြီးမှ မျက်နှာသစ် အပေါ့ပါးသွားပါ။မနက်စာကို ရေသောက်ပြီး ၁နာရီကြာမှ စားပါ။မနက်စာစားပြီးပြီးချင်း ရေထပ်မသောက်ရ။နောက် ၁နာရီကြာမှ ရေပြန်သောက်ရမည်။
****
နေ့လည်စာ ထမင်းမစားခင် နာရီဝက်အလို ရေ၁ခွက်သောက်ရမယ်။ပြီးမှ ထမင်းစား ထမင်းစားရင်လည်း ဖြေးဖြေးနဲ့ကြေညက်အောင်ဝါးစားသင့်ပါတယ်။စားနေစဉ်အတွင်း ရေခဲရေ/ကော်ဖီ သောက်ခြင်းကိုလည်းရှောင်ပါ။ပိုပြီး အဆီတွေစုစေပါတယ်။ထမင်းစားပြီး ၁နာရီကြာမှ ရေပြန်သောက်ရမည်။
***
ညစာ မစားခင်နာရီဝက်အလို ရေသောက်ရမယ်။ပြီးမှ ထမင်းစား။ထမင်စားချိန်နဲ့ အိပ်ချိန်ကို အနည်းဆုံး၂နာရီခွာရမယ်။အိပ်ရင်လည်း ရေတစ်ခွက်သောက်ပြီးမှ အိပ်ရမယ်....
****
ထိုင်တဲ့အခါမှာ အမြဲခါးကို မတ်မတ်ထိုင်ပါ။ခွေခေါက်ထိုင်ချင်းက အဆီပိုတွေစုစေပါတယ်။ခါး မတ်မတ်ထိုင်ပါ။ခါးမတ်ထိုင်ချင်းဖြင့် ခန္ဓာကိုယ်ပုံစံပါ smart ကျစေပြီး သွားလာနေထိုင်မှု့ပုံစံမှာ ကျန်မာရေးနှင့်ညီညွတ်ပြီး ပို၍ကြည့်ကောင်းလာစေပါသည်။

(PS....ထမင်းစားပြီးပြီးချင်းရေမသောက်ဖို့ပါ။ထမင်းစားပြီးချင်း ပိန်ချင်ဇောနဲ့လမ်းလျှောက်တာဟာလည်း သိပ်ကိုမှားယွင်းတဲ့အပြုမူပါ။အစာချေဖျက်အားကို ကမောက်ကမဖြစ်စေပါတယ်။လဲလှောင်းချင်းလည်း မပြုရပါ။အနည်းဆုံး ထမင်းစားပြီး ၂နာရီကြာမှ အိပ်စက်အနားယူသင့်ပါတယ်)

နည်းလမ်းလေးတွေက သိပ်ကိုရိုးရှင်းပါတယ်။အဓိကက ရေသောက်နည်းနဲ့ ဗိုက်ချပ်စေတာပါ။အစားမစားခင် နာရီဝက်အလို ရေသောက်ပေးရင် အစာကြေလွယ်စေပါတယ်။တခြား အချိန်တွေမှာလည်း ရေကို ပုံမှန် သောက်လို့ရပါတယ်။အဓိကက မစားခင်နဲ့ စားပြီးအချိန်လေးပါ။ရေကိုလည်း ရိုးရိုးရေဘဲ သောက်သုံးသင့်ပါတယ်။အစပိုင်းမှာ လုပ်ရတာသတိထားနေရတော့ ခက်ခဲတယ်ထင်ရပေမဲ့ နောက်ပိုင်းပုံမှန်လေးလုပ်သွားပေးရင် အဆင်ပြေမှာပါ။အမေရိကန်ကျန်းမာရေးသုတေသီတွေကအစ ထမင်းစားပြီး ရေသောက်တာဟာ ကျန်းမာရေးနဲ့ မညီညွတ်ကြောင်းပြောထားပါတယ်။ရေကိုလည်း နဲနဲ နဲ့ခဏခဏ သောက်ပေးဖို့လိုပါတယ်။ရေသောက်ပေးချင်းအားဖြင့် ခန္ဓာကိုယ်ထဲမှာ မလိုလားအပ်တဲ့ အရည်တွေနဲ့ အဆိပ်တောက်တွေကို ဆီး၊ဝမ်း၊ချွေး၊သလိပ် အဖြစ်စွန့်ထုတ်ပေးပါတယ်။ အဆီပိုတွေကျစေပါတယ်။ရေသောက်ခြင်းအကျိုးကျေးဇူးတွေကတော့ အများကြီးပါ။အသေးစိတ်တော့ရေးမပြတော့ဘူးနော်။ဒီနည်းလမ်းလေးက အဓိက ဗိုက်ချပ်စေတာပါ။လူတစ်ယောက်က အရမ်းဝနေရင်တောင် ဗိုက်ကလေးချပ်နေရင်ကိုအဝတ်စားဝတ်ရတာလည်း အဆင်ပြေ ကြည့်ရတာလည်း အရမ်းsmartဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်😊

**ယုမွန်ရေးထားတဲ့ထဲမှာ ရေကိုအမြဲသောက်ပါလို့ မပြောထားပါဘူး၊သေချာ သောက်ရမဲ့အချိန်လေးမှာ စနစ်တကျသောက်ပေးဖို့ဘဲ ရေးထားတာပါ။ကျန်တဲ့အချိန် တွေမှာရေဆာရင်ဆာသလိုသောက်ပေးလို့ရပါတယ်ရှင်

Yu Mon#
Credit to: Yu Mon

ကျွန်မရဲ့ခန္ဓာကိုယ်အလေးချိန် ထိန်းသိမ်းမှုအကြောင်း


ကျွန်မကိုကလေးမွေးပြီး ဝိတ်ဘယ်လိုထိန်းလည်းဆိုတာ လာလာမေးကြတာများလို့ ကျွန်မရဲ့အတွေ့အကြုံလေးတွေကို အားလုံးနဲ့မျှဝေပေးပါ့မယ်ရှင် ။ ကိုယ်ကအလှကြိုက်တဲ့သူဆိုတော့ အင်္ကျီအဝတ်အစားဝတ်တဲ့နေရာမှာ အဆင်ပြေအောင်အမြဲတစ်စေ ခန္ဓာကိုယ်ကိုခပ်သွယ်သွယ်အနေအထားမျိုးဖြစ်အောင် ထိန်းသိမ်းဖြစ်ပါတယ် ။ ပိန်တာဝတာအရေးမကြီးပေမယ့် ကျွန်မရဲ့ခန္ဓာကိုယ်ကခပ်ပြားပြားမို့ ဝလာတဲ့အခါပုံမကျပန်းမကျနဲ့ တစ်ခြားလူတွေထက်ပိုကြည့်ရဆိုးပါတယ် ။ အဲ့ဒါကြောင့် ကိုယ့်ကိုကိုယ်ကြည့်ကောင်းနေအောင် ခပ်သွယ်သွယ်အနေအထားမှာပဲကြိုးစားထိန်းသိမ်းပါတယ် ။

ကျွန်မတွေ့တွေ့နေရတဲ့ လွဲမှားနေတဲ့ခန္ဓာကိုယ်အလေးချိန်ထိန်းတဲ့အမြင်လေးတစ်ခုကိုအရင်ပြင်ပေးပါရစေ ။ အဲ့ဒါကတော့ တစ်ချို့အမျိုးသမီးတွေက ပွဲတွေလမ်းတွေသွားစရာရှိမှ တစ်ပွဲတိုးဝိတ်ချကြတာကိုပါ ။ နောက်ရက်ကျတော့အရင်ကလိုပြန်စားကြပြီး ဒုံရင်းကနေဒုံရင်းပြန်ဖြစ်သွားကြတာပါပဲ ။ ကျွန်မအမြင်တော့ အချိန်လေးယူပြီး ခန္ဓာကိုယ်ဝိတ်ချတာက ကျန်းမာရေးအတွက်လည်းကောင်းမယ် ရေရှည်မှာလည်းခန္ဓာကိုယ်အလေးချိန်တည်ငြိမ်မယ်ထင်တယ် ။ တစ်ရက်နှစ်ရက်လောက် အငတ်ခံ ။ တစ်ပေါင်နှစ်ပေါင်လောက်ကျသွားတဲ့အခါကျေနပ်ပြီး နောက်ရက်မှာပြန်စားလိုက်နဲ့ ။ အဲ့လိုကျလိုက်တက်လိုက်မြန်တဲ့ ခန္ဓာကိုယ်ကပိုဝိတ်အတက်လွယ်ပါတယ် ။

ကျွန်မကလေးမွေးပြီးကာစက ၁၃၅ ပေါင်ပါ ။ ပုံမှန်ဆို ၁၀၈-၁၁၅ ပတ်ခြာလည်လောက်ရှိနေတဲ့သူက ၁၃၅ ဆိုတော့ ပေါင် ၂၀ လောက်တင်ကျန်နေခဲ့တာပေါ့နော် ။ ကလေးမွေးထားလို့ ဗိုက်ကလည်းခွဲထားလို့ လေ့ကျင့်ခန်းယူလို့မရသေးတဲ့အချိန်မှာ အစားနဲ့အရင်ထိန်းရပါတယ် ။ ပထမဆုံးအချက်ကတော့ ကလေးကိုအမေနို့တိုက်ပါတယ် ။ အမေနို့တိုက်ရင် ခန္ဓာကိုယ်ထဲမှာသိုလှောင်ထားတဲ့ အဆီပိုတွေကယ်လိုရီအပိုတွေပါသွားလို့ ဝိတ်ကျအောင်တစ်ဖက်တစ်လမ်းကအထောက်အကူပြုပါတယ် ။

အစားအသောက်ဘယ်လိုထိန်းသင့်လည်း ?

Diet စတဲ့အချိန်ကစလို့ ကျွန်မ ကစီများတာတွေ ၊ အချိုတွေ ၊ သရေစာမုန့်လေးတွေနဲ့ မလိုင်တွေ အကုန်ဖြတ်လိုက်ပါတယ် ။ ကိုယ်ကကော်ဖီကြိုက်လွန်းသူဆိုတော့ ကော်ဖီ ၊ လက်ဖက်ရည် မဖြတ်ပါဘူး ။ ပထမသုံးလလောက်မှာ အဲ့ဒါတွေလုံးဝမစားပဲ ပုံမှန် မနက်စာ နေ့လည်စာနဲ့ ညစာကိုပဲ အားကိုးပြီးစားပါတယ် ။ မနက်စာကိုစိတ်ကြိုက်စားပါတယ် ။ နေ့လည်စာကိုတော့ ထမင်းနည်းနည်းနဲ့ အသားငါး အသီးအရွက်ပိုစားပါတယ် ။ ညစာကိုတော့ တတ်နိုင်သလောက် ကစီဓာတ်မပါအောင်စားပါတယ် ။ ကြားထဲမှာဗိုက်စာရင် အသီးဒါမှမဟုတ်ကော်ဖီလေး အာသာပြေအောင်သောက်ပါတယ် ။ အဲ့လိုသုံးလလောက် အစားထိန်းလိုက်ပြီး နောက်သုံးလအတွက်တော့ ကိုယ်စားချင်တာလေးတွေကို အသာပြေလောက်စားပါတယ် ။ အစားထိန်းလိုက်တာမှာ တစ်ပတ်တစ်ပေါင်လောက်ပုံမှန်ကျပြီး တစ်လမှာငါးပေါင်လောက်ကျပါတယ် ။

ကျွန်မကကိုယ့်ကိုကိုယ်အကျင့်တစ်ခုလုပ်ထားပါတယ် ။ အဲဒါကတော့ အစားစားရင်ဗိုက်တင်းအောင်မစားပဲ အာသာပြေတင်းတိမ်ရင် ချက်ခြင်းရပ်ပြစ်တာပါ ။ စပြီးကျင့်ယူတဲ့အချိန်မှာ ခက်ခဲပါတယ် ။ အစားစားလို့ စိတ်ကျေနပ်တာတဲ့ရပ်လိုက်ပါ ။ ကိုယ့်ကိုကိုယ်လည်းစိတ်ထဲကနေ ငါစားချင်တာစားလိုက်ရပြီ ဝိတ်မတက်အောင်အခုနေရပ်လိုက်တော့မယ်လို့ပြောပါ ။ ချက်ခြင်းမသိသာပေမယ့် ကြာလာတဲ့အခါ စားချင်တာစားနေရပေမယ့် ဝိတ်သိပ်မတက်တဲ့ကောင်းကျိုးကိုသိသိသာသာမြင်ရပါလိမ့်မယ် ။ အဲ့ဒါလေးကို သတိထားကျင့်သုံးစေချင်ပါတယ် ။

လူတစ်ယောက်ကတစ်နေ့ကို ၂၀၀၀ ကယ်လိုရီလောက်ပဲလိုအပ်ပြီး နို့တိုက်မိခင်ဆို ၂၅၀၀ ကယ်လိုရီလောက်ပဲလိုတာမို့ နို့တိုက်နေလို့နှစ်ယောက်စာစားရမယ်ဆိုတဲ့ မှားယွင်းတဲ့အယူအဆကြီးကို မေ့ထားစေချင်ပါတယ် ။ နို့တိုက်မခင်တွေ နို့တိုက်ရတော့ဗိုက်ကဆာ ကလေးအာဟာရမပြည့်မှာစိုးလို့ပိုစားနဲ့ နောက်ပိုင်းမှာမထိန်းနိုင်မသိမ်းနိုင် ဝိတ်တွေတက်ပြီးကျန်ခဲ့တော့တာပါပဲ ။ ကျွန်မအကြံပေးချင်တာတော့ စားတဲ့သောက်တဲ့နေရာမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို လုံလောက်ရုံလောက်စားပေးရင် ကလေးရောလူကြီးရောအတွက်အဆင်ပြေပါတယ် ။ ကိုယ်စားတဲ့အစာတွေ ကယ်လိုရီဘယ်လောက်ရှိလည်းဆိုတာသိချင်ရင် internet မှာရှာတာမျိုးဖြစ်ဖြစ် အစားအသောက် package တွေရဲ့နောက်ကျောမှာပါတာတွေကနေတဆင့်ဖြစ်ဖြစ် သိနိုင်ပါတယ် ။

လေ့ကျင့်ခန်းဘယ်လိုယူကြမလည်း ?

ကိုယ်အလေးချိန်ကျသွားပြီးတဲ့နောက်မှာတော့ လျော့လျဲပြီးကျန်ခဲ့တဲ့ ခန္ဓာကိုယ်အတွက် လေ့ကျင့်ခန်းလေးတွေလုပ်ရပါတယ် ။ လေ့ကျင့်ခန်းလုပ်တာမှာ အလေးချိန်မြန်မြန်ကျဖို့အတွက် ခပ်မြန်မြန်အကြိမ်ရေများများလုပ်ရတဲ့ လေ့ကျင့်ခန်းတွေရှိသလို လျော့လျဲသွားတဲ့နေရာတွေပြန်ကျစ်လစ်အောင်လုပ်ရတဲ့လေ့ကျင့်ခန်းတွေလည်းရှိပါတယ် ။ အဆီကျအောင် ဝိတ်ကျအောင်လုပ်ရတဲ့လေ့ကျင့်ခန်းတွေကိုတော့ ကျွန်မဝမ်းဗိုက်ကအဆီတွေနဲ့ ပေါင်ကအဆီတွေခပ်မြန်မြန်ကျအောင် ဗိုက်ကချုပ်ရိုးစိတ်ချရတဲ့အချိန်ကနေစပြီးလုပ်ပါတယ် ။ ၁၅ မိနစ်ကနေစလို့ တစ်နေ့နည်းနည်းစီတိုးသွားပြီး ၃၀ မိနစ်လောက်အထိအချိန်ပေးပြီး လေကျင့်ခန်းတွေလုပ်ပါတယ် ။ ခါးလှည့်ကွင်းလှည့်တာတို့ ပြေးတာတို့အဓိကလုပ်ဖြစ်ပါတယ် ။ အဲ့လိုလေ့ကျင့်ခန်းကို တစ်ပတ်လေးရက် နှစ်လလောက်လုပ်ပြီးတဲ့အချိန်မှာတော့ ခန္ဓာကိုယ်အလေးချိန်က အပျိုတုန်းကအလေးချိန်ပြန်ဖြစ်သွားပါပြီ ။ ဒါပေမယ့် အဆီတက်ခဲ့တဲ့နေရာတွေ ကိုယ်ဝန်ဆောင်ခဲ့တဲ့ဝမ်းဗိုက်နေရာတွေက လျော့လျဲပြီးကျန်ခဲ့ပါတယ် ။

ဝိတ်ကျပြီးကျန်ခဲ့တဲ့နေရာတွေ ပြန်ကျစ်အောင်လုပ်ရတာ အခက်ခဲဆုံးပါ ။ အခုထိလုပ်နေရတုန်းပါ ။ ဗိုက်သားအတွက်တော့ အိပ်ထမတင် တင်ပါးအတွက်ကို Hip bridge လို့ခေါ်တဲ့ ပက်လက်လှန်ခါးကိုမတင်တဲ့လေ့ကျင့်ခန်းယူပါတယ် ။ လက်မောင်းနဲ့ကျောနောက်ဖက်အတွက်ကိုတော့ အလေးတုံးလေးတွေမပြီး ပြန်ကျစ်လစ်အောင်လုပ်ပါတယ် ။ Workout နဲ့ပက်သက်လို့တော့ အရမ်းမသိပါဘူး ။ လိုအပ်တယ်ထင်တဲ့နေရာတွေအတွက် လေ့ကျင့်ခန်းကို Workout Application တွေ download လုပ်ထားပြီး သူတို့လမ်းညွှန်ချက်တွေအတွက်လိုက်နာပြီး လေ့ကျင့်ခန်းယူပါတယ် ။ တစ်ကယ်ထိရောက်ပါတယ် ။ ကိုယ်က body building လုပ်ချင်တာမဟုတ်ပဲ ကြွက်သားလေးတွေပြန်ကျစ်အောင်လောက်ပဲမို့ သိပ်ပြင်းထန်တဲ့ workout တွေတော့မလုပ်ပါဘူး ။ ကလေးကိစ္စလုပ်ရ workout လုပ်ရနဲ့ သိပ်ပင်ပန်းလို့ပါ ။

အပေါ်ကပြောသွားတဲ့ အတိုင်းကိုယ့်ကိုကိုယ်ထိန်းသိမ်းတာ အခုဆိုဝိတ်က ၁၀၅-၁၁၀ ဝန်းကျင်နားမှာပဲ တစ်သမတ်တည်းရှိနေပါတယ် ။ အဲ့ထက်သိပ်တက်သွားပြီဆို အစားသေချာပြန်ထိန်းစားလိုက်ပါတယ် ။ နောက်တစ်ခုပြောပြချင်တာက ပိန်တုန်းကဝတ်တဲ့အင်္ကျီတွေကို ဝသွားလို့မတော်တော့ပါဘူးဆိုပြီး တစ်ခြားမပစ်လိုက်ပါနဲ့ ။ တစ်နေ့နေ့မှာပြန်တော်နိုင်ရမယ်ဆိုပြီး အမြဲထုတ်ပြီးဝတ်ကြည့်ပါ ။ တစ်ဖြည်းဖြည်းဝိတ်ကျလာပြီးတော်လာရင် စိတ်ဓာတ်ခွန်အားပိုပိုကောင်းလာပြီး ဝိတ်ချတဲ့နေရာမှာ ပိုအထောက်အကူပြုပါတယ် ။ ကျွန်မဆိုအမြဲကိုယ့်ကိုကိုယ် ကိုယ်နဲ့ကွက်တိဝတ်ရတဲ့အင်္ကျီတွေနဲ့ ဝရင်မတော်တော့ဘူးဆိုတာလေး သတိပေးဖြစ်ပါတယ် ။ အဲ့လိုအသိကြောင့် အစားအသောက်ကိုမလိုအပ်ပဲ အများကြီးမစာ
ဖြစ်တော့ပါဘူး ။ အင်္ကျီဝယ်ရင်လည်း ကိုယ်ဝတ်နေကျ Size 4 , Small ကိုပဲဝယ်ပါတယ် ။ အဲ့ဆိုဒ်ကိုပဲထိန်းထားပြီး ဆိုဒ်မပြောင်းသွားအောင် ဂရုစိုက်ရင်းနဲ့လည်း ကိုယ့်ရဲ့အလေးချိန်ကို တစ်သမတ်တည်းဖြစ်နေအောင် ထိန်းလို့ရပါတယ် ။

ပိန်ဆေးတွေပေါ်ကျွန်မအမြင် ။

ပိန်အောင်ကိုယ်အလေးချိန်ကျစေတဲ့ဆေးတွေသောက်တာ ကျွန်မအနေနဲ့လုံးဝကန့်ကွက်ပါတယ် ။ ပိန်ဆေးအတော်များများမှာ ခန္ဓာကိုယ်အတွက်ဘေးထွက်ဆိုးကျိုးတွေရှိပါတယ် ။ နှလုံးတုန်တာ ညဘက်တွေအိပ်မပျော်တာတွေ ဟိုမုန်းတွေ balance မဖြစ်လို့ စိတ်ဂနာမငြိမ်တာတွေ စတာမျိုးဖြစ်တာတွေ့ဖူးပါတယ် ။ နောက်ဆုံးမစားမလျှော့နိုင်ရင်တောင် ကိုယ်လက်လှုပ်ရှားမှုကိုအားပြုပြီး ဝိတ်ထိန်းပါ ။ ဝလို့ပိန်ဆေးသောက်တဲ့သူတွေက အဲ့ဆေးမသောက်ရရင် ငါတော့ပြန်ဝတော့မှာပဲဆိုတဲ့ စိတ်ကြီးဖြစ်ပြီး ပိန်ဆေးကိုစွဲသွားတာမျိုးတွေလည်းဖြစ်နိုင်ပါသေးတယ် ။ ကျွန်မကတော့ ပိန်ဆေးကိုလုံးဝအားမပေးပါဘူး ။

Detox Tea တွေ Mint tea တွေလိုမျိုး မလိုအပ်တဲ့အဆိပ်တွေနဲ့ အဆီတွေချေဖျက်ပေးနိုင်တာမျိုးကတော့ ပိန်ဆေးသောက်သိပ်မဆိုးတာကြောင့် သောက်တာကိစ္စမရှိဘူးပေါ့နော် ။

ခြုံပြောရရင် ကစီဓာတ်များတဲ့အစာတွေ အချိုရည်တွေ မလိုင်တွေအဆီများတာတွေကို အာသာပြေလောက်ပဲစားတတ်အောင်ကျင့်ယူပါ ။ ဗိုက်အရမ်းတင်းအောင်စားတဲ့အကျင့်ကိုဖြောက်ပါ ။ ကိုယ့်အတွက်သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှားမှုကို တစ်နေ့မှာအနည်းဆုံး ၁၅ မိနစ် တစ်ပတ်မှာ လေးရက်လောက်လုပ်နိုင်အောင်ကြိုးစားပါ ။ ဝိတ်ကိုတစ်ပွဲတိုးကျအောင်လုပ်တာထက် ရေရှည်မှာဖြည်းဖြည်းချင်းကျသွားဖို့ကို စိတ်ရှည်ရှည်နဲ့ plan ချပါ ။

အားလုံးထက်အရေးကြီးတာကတော့ ကိုယ့်ကိုကိုယ်လေးစားပြီး ကိုယ့်ခန္ဓာကိုယ်လေးကိုကြည့်ကောင်းအောင်နေဖို့လိုတယ်လို့ စိတ်လေးထားပါ။ ကိုယ့်ကိုကိုယ်မချစ်ပဲ ပစ်စလတ်ခတ်နေမှတော့ ဘယ်သူကမှလည်းကိုယ့်ကိုချစ်ခင်အထင်ကြီးနိုင်ပါတော့မလည်းနော် ။ အထူးသဖြင့် အိမ်ထောင်သည်ကလေးအမေ အမျိုးသမီးတွေပါ ။ ကိုယ့်သားသမီးနဲ့အိမ်ထောင်ဖက်က ကိုယ့်ကိုလေးစားချစ်ခင်ဖို့ဆို အရင်ဆုံးကိုယ်ကလည်းသူတို့မျက်လုံးထဲမှာ လေးစားချစ်ခင်စရာအမျိုးသမီးဖြစ်နေဖို့လိုတယ်နော် ။ အိမ်အလုပ်တွေနဲ့ ဝိတ်ချဖို့လှဖို့အချိန်မရှိဘူး ဆင်ခြေမပေးပါနဲ့ ။ ကိုယ့်ဘဝကို အိမ်ထောင်ဖက်နဲ့ကလေးတွေအတွက် ထိုက်သင့်သလောက်ပေးဆပ်ပြီးရင် ကိုယ့်ကိုကိုယ်ပျော်ရွှင်အောင်ထားဖို့အချိန်လေးတစ်ခုလည်းပေးသင့်ပါတယ် အမျိုးသမီးတို့ရေ ။ ကိုယ့်ကိုကိုယ်ကြည့်ကောင်းအောင်ပြင်ဆင်ရင်းနဲ့ ဘာနဲ့မှဝယ်မရတဲ့ ယုံကြည်မှုကိုဖြည်းဖြည်းချင်းတည်ဆောက်ကြမယ်နော် ။

‪#‎phyodaybyday‬
Credit to: Phyodaybyday

Thursday, May 12, 2016

ပျိုမေတို့အတွက် တစ်လအတွင်း ၂၅ ပေါင် ကျနည်း (ကိုယ်တွေ့)


မိန်းကလေးနဲ့ ယောက်ျားလေး အစားအစာချင်း ညီမျှစွာ စားရင်တောင် သာမန်အားဖြင့် မိန်းကလေးတွေက အဆီပိုပြီး ထွက်တတ်ကြပါတယ်။ ထိန်းထိန်းသိမ်းသိမ်း ဘာမှမလုပ်နိုင်ရင် နေရာတကာအဆီတွေစုပြီး ဝ,ဝလာတာပေါ့။ အအိပ်အစား မမှန်ရင် ပိုဆိုးပါတယ်။

အစဦးဆုံးပြောပြချင်တာက ညီမနည်းကချက်ချင်းမသိသာပါဘူး။ စစလုပ်တာနဲ့ ပေါင်ချိန်ထားပြီး တစ်လနေမှထပ်ချိန်ပေးပါ။

(1) မနက်စောစော နိုးတာနဲ့ ရေတစ်ခွက်ပြည့်ပြည့် သောက်ပေးပါ။ ဘာမှမစားခင် သောက်ပေးပါ။ အစပိုင်းအန်ချင်သလိုဖြစ်တတ်ပါတယ်။ နောက်ကျကျင့်သားရသွားပါလိမ့်မယ်။ရေသောက်ပြီး ၁၅မိနစ် ခြားပြီးမှ မနက်စာစားပေးပါ။ အရေးကြီးပါတယ်။ အချိန်ခြားပေးပါ။

(2) မနက်စာနဲ့နေ့လည်စာ ကြားအချိန်မှာ တစ်နာရီခြား တစ်ခါ ရေတစ်ခွက် သောက်ပေးပါ။ ပူစီနံအရွက် စိမ်ထားတဲ့ရေ သောက်ပေးရင် ပိုကောင်းပါတယ်။

(3) နေ့လည်စာစားခါနီး ၅မိနစ်အလိုမှာ ရေသောက်ပေးပါ။ ပြီးမှ နေ့လည်စာစားပါ။ အစာစားပြီး အနည်းဆုံး တစ်နာရီအချိန်ခွာပြီးမှ ရေသောက်ပါ။ အစာစားပြီးပြီးချင်း ရေမသောက်ရ။ ရေငတ်ပါက အာစွတ်ရုံသာ သောက်ပါ။

(4) နေ့လည်စာနဲ့ညစာ ကြားအချိန်မှာ သံပုရာသီး ခြမ်းပြီး ရေနွေးစိမ် သောက်ရပါမယ်။ ဘာသကြားမှ မထည့်ရပါဘူး။ စသောက်ခါစ ချဉ်ခါးကြီးပါ။ အစာအိမ်ရှိတဲ့သူများ ပျားရည်ထည့်နိုင်ပါတယ်။ သံပုရာသီး ရေနွေးစိမ်ကို ရေငတ်တိုင်းသောက်ပေးပါ။ သွေးအားနည်းတတ်တဲ့သူ ဆိုရင်တော့ ဒီနည်းကိုမလုပ်လည်း ရပါတယ်။

(5) ညစာစားတဲ့အချိန်ရောက်ပါပြီ။ တက်နိုင်ရင် ခါတိုင်းစားနေကျထက် တဝက်လျော့စားပေးပါ။ ညနေစာကို အတက်နိုင်ဆုံး ၇နာရီထက် မကျော်ပါစေနဲ့။ ညစာကို ကန်စွန်းရွက်ကြော်လို ဟင်းသီးဟင်းရွက်ကြော် တစ်ခုခုပါပါစေ။ အသားမပါသလောက် စားပေးရင် ပိုကောင်းပါတယ်။

(6) ဝိတ်လျှော့နေတဲ့အချိန်မှာ အဓိကကြုံရတာက အသားတွေ ရွဲကျလာတတ်ပါတယ်။ ညပိုင်းကို ခြေလှမ်း ၁၅၀၀ ပြည့်အောင် လမ်းလျှောက်ပေးပါ။ အသားကျစ်ပြီး ဗိုက်ချပ်အောင်လို့ပါ။ နာရီဝက်နီးပါးဘဲ ကြာပါတယ်။

(7) ညီမနည်းက ရေသောက်နည်းနဲ့ ထိန်းတာပါ။ အစာစားပြီးပြီးခြင်း ရေမသောက်ပါနဲ့ တစ်နာရီကွာပါစေ။ အစာစားခါနီး ရေသောက်ပေးပါ။ သံပုရာရေနွေးစိမ်သောက်ပေးပါ။ သံပုရာသီးတစ်လုံးဆိုရင်ရပါတယ်

‌ဒီနည်းနဲ့ချလိုက်လို့ ညီမကတော့ တစ်လအတွင်း ၂၅ပေါင်ကျပါတယ်။

===================================================

အပေါ်ကနည်းလမ်းက အွန်လိုင်းကနေ ညီမ တစ်ယောက် ပေးထားတဲ့ နည်းပါ။ ယခုနည်းကို စမ်းသပ်ချင်တဲ့အတွက် ပိန်ချင်ပါတယ်ရှင့် ဘယ်လိုဝိတ်ချရမလဲဆိုပြီး Page မှာ လာမေးသောသူများအား ပြန်လည်ဝေမျှရင်း အမှန်တကယ် ဝိတ်ကျလာကြလို့ Page မှာ Post တစ်ခု အနေနဲ့ တင်ဆက်ပေးလိုက်ပါတယ်။ အောက်မှာတော့ ကိုယ်တွေ့ ထောက်ခံချက်များကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

(((တောင်ဒဂုံတွင်နေ၍ အစိုးရဌာနတစ်ခုတွင် အလုပ်လုပ်နေသော အသက် ၃၄ ရှိ အိမ်ထောင်ရှိ အမျိုးသမီးတစ်ဦး ပြောပြချက်)))

ဝိတ်ချနည်းတွေလည်း စုံနေပါပြီ။ လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်ဖြစ် (Gym မှာတောင်သွားဆော့ဖြစ်) တာပဲ။ ရုံးမှာဆိုတော့ အထိုင်များလို့လား မသိဘူး။ ဝိတ်က သိသိသာသာ ကျမလာဘူး။ လူမောတာပဲ အဖတ်တင်နေတယ်။ အဲ့ဒါနဲ့ ဒီနည်းလေး ပြောပြလို့ လုပ်ကြည့်တာ သူပြောသလို ၂၅ ပေါင်လောက် မကျပေမယ့် ပေါင် ၂၀ လောက် ကျတယ်ဆိုတော့ အရမ်းပျော်သွားတယ်။ လူလည်း မပင်ပန်းဘူးလေ။ ပြီးတော့ တစ်လအတွင်း အဲ့လောက်တောင်ဖြစ်တာဆိုတော့ လူပုံစံပြောင်းသွားလို့ သူငယ်ချင်းတွေက နင်ပိန်သွားတယ်နော်လို့ ပြောကြတဲ့ အထိပါပဲ။ အခုဆို အဲ့နည်းအတိုင်း နေနေပါတယ်ရှင့်။

(((အလုံတွင်နေ၍ Mini Mart တစ်ခုတွင် ညပိုင်း အလုပ်လုပ်နေသော အသက် ၂၆ နှစ်ရှိ အမျိုးသမီးတစ်ဦး ပြောပြချက်)))

ညီမက ညပိုင်း အလုပ်ဆင်းရတဲ့သူပါ။ နေ့လယ် ဘက်ဆို သင်တန်းတက်ရပါတယ်။ မနက်ပိုင်းကတော့ အိပ်ပါတယ်။ အလုပ်မလုပ်ခင်ကတော့ အားလပ်ချိန်ရှိတဲ့အတွက် လေ့ကျင့်ခန်းတော့ မကြာခဏ လုပ်ဖြစ်ပါတယ်။ အလုပ်လုပ်ပြီး နောက်ပိုင်း တော်တော်ကြာလာတော့ လူက နည်းနည်းဝချင်သလိုလို ဖြစ်လာပါတယ်။ အရမ်းကြီးတော့ မဝလာပေမယ့် ခါးမှာ အဆီများလာပြီး ဘောင်းဘီ size နံပါတ် တိုးလာတော့တာပါပဲ။ အရင်လို အားလပ်ချိန်မရှိ လေ့ကျင့်ခန်းလည်း မလုပ်ဖြစ်တော့ ဝိတ်တွေတက်လာတာလား၊ အလုပ်ချိန်ကြောင့် နေ့နဲ့ည ပုံမှန်မဖြစ်လို့ပဲ ဝိတ်တက်လာတာလား မသိဘူး။ အဲ့ဒါနဲ့ Page ကနေ မေးကြည့်တော့ chat box ကနေ ဒီနည်းလေးပေးလို့ လုပ်ကြည့်တာ တစ်လထဲနဲ့ ၁၅ ပေါင်လောက် ကျသွားတယ်။ အရမ်းလွယ်ကူပြီး အဆင်ပြေတဲ့ နည်းလေးလို့ မှတ်ချက်ပြုချင်ပါတယ်ရှင့်။

(((ရွှေပြည်သာတွင်နေ၍ သားသမီး သုံးယောက် ရှိသော အသက် ၅၀ ကျော် အိမ်ထောင်ရှိ အမျိုးသမီးတစ်ဦး ပြောပြချက်)))

အမက အိမ်ထောင်သက်တမ်းလည်း ကြာပြီ။ မြေးတွေလည်း ရနေပြီဆိုတော့ အလှအပကို သိပ်ပြီး စိတ်မဝင်စားတော့ဘူး။ အလှအပကို သိပ်စိတ်မဝင်စားတော့ဘူး ဆိုပေမယ့်လို့ ကျန်းမာရေးတော့ လိုက်စားဖြစ်တယ်။ စားသင့်တန်တာ စား ရှောင်သင့်တန်တာ ရှောင်ပေါ့။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ စာစောင်တွေလည်း မကြာခဏဆိုသလို ဖတ်ဖြစ်တယ်။ အရမ်းကြီး ကျန်းမာရေး မဆိုးရွားပေမယ့်လို့ လွန်ခဲ့တဲ့ ခြောက်လ လောက်က အမရဲ့ ညာဘက်ခြေထောက် ဒူးဆစ်နားက လှေကား အတက်အဆင်း လုပ်ရင် ကိုက်ကိုက် လာလေ့ရှိတယ်။ ဆရာဝန်ပြတော့လည်း အဆင်မပြေဘူး။
အရိုး အကြောပြလည်း အရှင်းမပျောက်ဘူး။ လေ့ကျင်ခန်းလုပ်လို့ ပြောပေမယ့် မိသားစုအတွက်နဲ့ ဆိုတော့ မလုပ်ဖြစ်ဘူးလေ။ အသိ ဆရာဝန်ကတော့ နင် ဝိတ်လေး ဘာလေး ချပါဦးတဲ့။ သူပြောမှပဲ ကိုယ့်ကိုယ်ကို ကြည့်မိတယ်။ ငါ ဝိတ်တွေ တော်တော်များနေပါလားပေါ့။ အဲ့မှာပဲ Gym သွားကစားရမလား၊ အဆီကျဆေးသောက်ရမလား ဝေခွဲမရ ဖြစ်နေတုန်းမှာ Facebook ကနေ ဒီ Page ရဲ့ ဝိတ်ကျနည်းလေးရေးထားတာကို fri တစ်ယောက် share ထားတာ တွေ့လိုက်တယ်။ Chat Box ကနေ သူတို့ပေးတာလေး တစိုက်မတ်မတ် လုပ်ကြည့်ရင်း အခုဆို ပေါင် ၂၀ လောက်ကျသွားပြီ။ ဒူးဆစ်ကိုက်တာလည်း မရှိတော့ဘူး။ အချိန်ရရင် ရသလို လေ့ကျင့်ခန်းတွေလည်း လုပ်နေပါပြီ။

=====================================

ညီမတို့ မြန်မာနိုင်ငံမှာ အဆီပိုများပြီး အလှပျက်လို့ ကိုယ့်ခန္ဓာကို စိတ်ပျက်နေတဲ့ ညီအကို မောင်နှမတွေ ဒုနဲ့ဒေးပါ။ အဲ့ဒါကြောင့် ကိုယ်ကိုယ်တိုင် ဒီနည်းလေးကို သိရုံသာမက ကိုယ်နဲ့ ဘဝတူ ညီအစ်ကို မောင်နှမ များ သိစေဖို့အတွက် ဒီ Post လေးကို Share ပေးရင်း ကူညီလိုက်ကြပါဦး။

ကျေးဇူးတင်ပါတယ်ရှင့်

(နည်းလမ်းအား မရှင်းသောသူများ Chat Box တွင် မေးမြန်းနိုင်ပါသည်)

-----------
Photo and Credit to: ကျန်းမာရေးဆောင်းပါးများ

Saturday, August 29, 2015

ပျားသံပုရာဖြင့် အဆီချဆေးနည်း


ခန္ဓာကိုယ် ၀လာ၍သော်၎င်း၊ အဆီများလာ၍သော်၎င်း လေ့ကျင့်ခန်းမလုပ်ချင်ပဲ အဆီကျလိုပါလျှင် အောက်ပါ သဘာဝဆေးနည်းကို အသုံးပြုနိုင်ကြပါသည်။

သံပရာသီးကို ပိန်ဆေးအဖြစ် လူအများသိထားသလိုပါပဲ ဒီနည်းဟာလည်း ပျားသံပရာဖြင့် အဆီကျသွားအောင် သောက်ပေးရတဲ့နည်းပါ။

ပျားသံပရာဆိုတာကတော့ ပျားရည်နှင့် သံပရာသီးကို ရေနွေးစိမ်ပြီး သောက်တာကို ဆိုလိုခြင်းဖြစ်ပါတယ်။

၎င်းပျားသံပရာကို သောက်ပေးပါက ခန္ဓာကိုယ်ထဲက ပိုလျှံနေတဲ့ အဆီများကို လျှော့ချပေးသည့်အပြင် သွေးတိုးရောဂါကိုလည်း သက်သာသွားစေပါတယ်။ ဆီးချိုသွေးချိုရှိသူများအနေနဲ့ ပျားရည်တို့ သကြားတို့ မထည့်ပဲ ဒီအတိုင်း စိမ်ပြီး သောက်ပေးနိုင်ပါတယ်။

ပျားရည်နှင့် သံပရာသီး၏အစွမ်းကြောင့် ၀မ်းကို ပုံမှန်ဖြစ်စေပြီး အသားအရေကိုလည်း ကြည်လင်စေပြီး လှပစေပါတယ်။ အစာလည်းကြေစေသည့်အတွက် ကျန်းမာဖွံ့ဖြိုး အလှတိုးစေပါတယ်။

မောပမ်းနွမ်းနယ်မှုများကိုလည်း ပြေပျောက်စေပါတယ်။ ခေါင်းမူး ခေါင်းနှောက်သူများ မကြာခဏ သောက်ပေးပါ။ ခေါင်းရှင်းသွားစေပြီး စိတ်ကိုလည်း လန်းဆန်းလာစေပါတယ်။

ဆေးအဖြစ် ပြုလုပ်ပုံ-

၁။ သံပရာသီးတစ်လုံးကို ရေစင်အောင်ဆေးကျောပြီး အခွံနှင့်အတူ အကွင်းလိုက်ဖြစ်အောင် လှီးလိုက်ပါ။

၂။ ရေနွေးခွက်တစ်ခွက်ထဲကို ၄င်းသံပရာသီးကွင်းများထည့်လိုက်ပါ။

၃။ ပျားရည် ထမင်းစားဇွန်း တစ်ဇွန်းခန့် ထည့်လိုက်ပါ။

၎။ ရေနွေးပူပူ ထည့်ပြီး အဖုံးအုပ်ကာ နာရီဝက်ခန့် နှပ်ထားလိုက်ပါ။

၅။ ရေနွေးများ အေးသွားပါက ၄င်းပျားသံပရာရေနွေးကြမ်းကို သောက်ပေးနိုင်ပါတယ်။ နေ့၊ ည၊ မနက် ကြိုက်သည့်အချိန် သောက်နိုင်ပါတယ်။ တစ်ပတ်ကို ၃ ရက်ခန့် သောက်ပေးနိုင်ပါတယ်။

အခွံထဲမှ အခါးဓါတ်က အဆီများကို လျှော့ချပေးနိုင်ပါတယ်။ သွေးတိုးကို ကျစေနိုင်ပါတယ်။ သံပရာရည်နှင့် ပျားရည်ကတော့ ခွန်အားကိုဖြစ်စေပါတယ်။

သတိပြုရန်=

ဆီးချိုသွေးချိုရှိသူများ ပျားရည်နှင့် သကြားမထည့်ပဲ ဒီအတိုင်း စိမ်ပြီး သောက်နိုင်ပါတယ်။

ပျားရည်ကို မွေးမြူရေးပျားမဟုတ်ပဲ သဘာဝပျားရည်ဖြစ်ရပါမယ်။ ပျားရည်အသစ်က လူကိုဝစေနိုင်သည့်အတွက် ၁ နှစ်ကျော်ပြီးသား ပျားရည်အဟောင်းကို သုံးပါ။

အချဉ်ဓါတ်နှင့် အခါးဓါတ်များ မကုန်မချင်း ၂ ခါ၊ ၃ ခါလောက် ရေနွေးထပ်ထည့်ပြီး သောက်ပေးနိုင်ပါတယ်။ သို့သော် ၂၄ နာရီထက်ကျော်လျှင် မသောက်ပါနှင့်။

လူတိုင်း ကျန်းမာဖွံ့ ဖြိုး အလှတိုးနိုင်ကြပါစေ။

စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား။ ။ Healthy & Beauty Tips (The benefits of lime)

Friday, July 3, 2015

ဆီးချိုသွေးချိုရောဂါအတွက် ဗောက်သီးပင်


ဒီအပင်ကို လမ်းဘေးတွေမှာ မကြာခဏ မြင်တွေ့ဖူးကြမှာပါ။ ဗောက်ပင် ဖြစ်ပါတယ်။ အချို့ကတော့ ဘောင်သီးလို့ခေါ်ပါတယ်။

ဗောက်သီးမှာ ဗီတာမင် အေ၊ ဗီတာမင် စီ၊ ဗီတာမင် B1 and B3 တို့ပါဝင်ခြင်းကြောင့် ဆီးချိုရောဂါအပြင် ရောင်ရမ်းမှုဝေဒနာများ၊ အဆုပ်နာများကိုလည်း သက်သာစေပါတယ်။ ကင်ဆာကိုဖြစ်စေသည့် ရောဂါများကိုလည်း ကာကွယ်ပေးနိုင်သည့် အစွမ်းသတ္တိထူးများ ပါဝင်နေပါတယ်။

ဒီအပင်ရဲ့ ပဉ္စငါးပါးစလုံးကို ဆီးချိုသွေးချိုရောဂါအတွက် အသုံးပြုနိုင်ပါတယ်။ အသီးကိုလည်း စားနိုင်ပါတယ်။ ခရမ်းချဉ်သီးအရသာ ရှိပါတယ်။ မှည့်နေသည့်အသီးများ ချိုသည့်အတွက် ကလေးများ ကြိုက်ကြပါတယ်။ ဆေးဖက်ဝင်သည့်အတွက် နိုင်ငံခြားမှာဆိုရင် ကိတ်မုန့်ပေါ်တင်ထားပြီး စားသုံးကြပါတယ်။

ဆီးချိုအတွက် ဆေးနည်း

၁။ အပင်၊ အရွက်၊ အမြှစ်၊ အသီး၊ အပွင့်တို့ကို လက်တစ်ဆုပ်စာလောက် ခူးပြီး ရေစင်အောင်ဆေးကြောလိုက်ပါ။

၂။ ရေ ၃ခွက် ၁ ခွက်ကျန်တဲ့အထိ ကျိုလိုက်ပါ။

၃။ လက်ဖက်ရည်ခွက် တစ်ခွက်စာခန့်ကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သောက်ပါ။

အရသာခါးလွန်းရင် ထန်းလျက်ခဲအနည်းငယ်နှင့် သောက်ပါ။ တစ်လခန့် သောက်ပါက ဆီးချိုသွေးချိုရောဂါ သက်သာသွားပါမည်။

ဦးစောနွဲ့နေဆိုင် (တိုင်းခမ်းတီ)
ကိုးကား ။ ။ မြန်မာ့ဆေးနည်းများ၊ ဆေးဖက်ဝင်အပင်များ

ကင်ဆာပျောက်တဲ့ မင်းဂွတ်သီး


ကျနော်ရဲ့  မွေးစားမေမေ ကျနော့်အတွက် ရှယ်ထားပေးတဲ့ post လေးကို သူငယ်ချင်းများလဲ ဆေးပညာ ဗဟုသုတ ရအောင် ထပ်ဆင့်မျှဝေပေးလိုက်ပါတယ်

ကင်ဆာအဖုအကျိတ်များကို လက်တွေ့ပျောက်စေတဲ့ မင်းဂွတ်သီး
★ ★ ★ ★ ★ ★ ★ ★

မင်းဂွတ်သီး အစွမ်းကိုလေ အင်တာနက်မှာ ဖတ်ရတာတော့ ကြာပြီ လက်တွေ့မလုပ်ဖြစ်ဘူး။ တစ်နေ့ စာအုပ်ဆိုင်က မင်းဂွတ်သီးနှင့် ကင်ဆာရောဂါဆိုတဲ့ စာအုပ်တွေ့လို့ ဝယ်လာပြီး ဖတ်ကြည့်မိတယ်။

အဲဒီတုန်းက တိုက်တိုက်ဆိုင်ဆိုင် အကျိတ် တစ်လုံးပေါက်လို့ တော်တော်လေးကို ဝေဒနာ ခံစားနေရတဲ့ အချိန်ပေါ့။ အဲဒါ စာအုပ်ထဲကနည်းအတိုင်း မဟုတ်ပေမယ့် မင်းဂွတ်သီး တစ်လုံးကို ခွဲ အသားကိုစား အခွံကိုပါ ဝါးစား ရေသောက်လိုက်တာ ညနေလောက်မှာ နီရဲ ယောင်ကိုင်းနေတဲ့ အကျိတ်ဖုက အယောင်ကျပြီး နာတာပါသက်သာသွားတယ်။ လက်တွေ့ပါ။ စာအုပ်ထဲမှာပါတဲ့ မင်းဂွတ်သီးရဲ့ အကျိုးပြုပုံတွေက ကောင်းလို့ စာအုပ်ထဲက နည်းအတိုင်း လုပ်ပြီး နေ့တိုင်း စားဖြစ်တယ်။

မင်းဂွတ်သီးရဲ့ အကျိုးပြုပုံများ
၁။ အကျိတ်အဖုတွေကို ပျောက်ကင်းစေတယ်။
၂။ ကင်ဆာရောဂါကို သက်သာပျောက်ကင်းစေတယ်။
၃။ ချောင်းဆိုး၊ ပန်းနာ ရင်ကျပ်လည်း ကောင်းစေတယ်။
၎။ သွေးတွင်း ကိုလက်စထရော လည်းကျစေတယ်။ စသည် စသည်ပေါ့။
ပြုလုပ်ပုံကတော့ တော်တော်များများ သိကြမယ်ထင်ပါတယ်။
မင်းဂွတ်သီးကို အညှာက လွဲရင် တစ်လုံးလုံးကို နှစ်သက်ရာနည်းနဲ့ Paste (ပြစ်ပြစ်နှစ်နှစ်လေး) ဖြစ်အောင်လုပ်ပြီး ရေခဲသေတ္တာထဲ ထည့် ထားပြီး တစ်နေ့ နှစ်ကြိမ်လောက် ထမင်းစားပြီးတိုင်း စားရုံပါပဲ။
စိတ်ဝင်စားရင် လုပ်ကြည့်ကြပေါ့နော်။ လက်တွေ့ပျောက်ကင်းလို့ပါ။ လမ်းကြုံရင် စာအုပ်လေးပါ ဝယ်ဖတ်ကြည့်ကြဖို့ တိုက်တွန်းရင်း...
(အိဖြိုး - သက်ရှည်ကျန်းမာ)

နွေည{လေပြေလေညင်းလေး}

ဆရာခို ဆေးစွမ်း


ဆရာခို ဆေးအကြောင်း ကျနော်လဲ သူများပြောလို့ သာ သိရတာ ဒီpostကိုရှာနေတာမတွေ့ ဘူး
ကျနော့်အပေါ် သားသမီးအရင်းတစ်ယောက်လို့  ကောင်းရှာသော online ပေါ်က မွေးစားအမေ
Daw Khin Htwe Myint ရှယ်ပေးလို့  ဖတ်ခွင့်သိခွင့်ရခဲ့ပါတယ်.....မိတ်ဆွေတို့ အနေနဲ့ လဲ ကိုယ့်ပတ်ဝန်းကျင်မှာ ရောဂါသည်တွေ တွေ့ ခဲ့ရင် ထပ်ဆင့်မျှဝေနိုင်အောင်ဆေးပညာဗဟုသုတ အနေနဲ့  ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်...မူရင်း ပိုစ့်ပိုင်ရှင်ကို Creditပေးပါတယ်.....

အံ့သြဖွယ်ဆေးနည်းကောင်း သို့မဟုတ်
ဆရာခိုဆေးနှင့်ပတ်သက်သည့် ဖြစ်ရပ်မှန် စုစည်းမှုအချို့
--------------------------------------------------------
လွန်ခဲ့သောတစ်နှစ်ခန့်က အသည်းကင်
ဆာအဆင့် ၄ ဖြင့် ကုဍင် ၅၀၀ အသည်းဆေးရုံက လက်လွှတ်လိုက်တဲ့
လူနာတစ်ယောက် ယ္ခုအခါ အကောင်း ပကတိကျမ္မာစွာ TAXI မောင်းမောင်းနေ တာကို မြင်လိုက်ရတော့ အလွန်အံ့သြပြီး ဒီ post လေးကို တင်ပေးမိတာပါ!!
သူ့နာမည်က ဦးထွန်းအောင်ကျော် အသက်က ၅၇ TAXI မောင်းတယ်
မနှစ်ကသင်္ကြန်တွင်းမှာ အသဝါ B အသဲ ကင်ဆာနောက်ဆုံးအဆင့်နဲ့ ဆေးရုံကြီး ဆင်းလာပြီး သေလူအဖြစ်နဲ့ စိတ်ဓာတ် ကျနေချိန်မှာ လမ်းထဲက အမကြီးတစ် ယောက် အထုပ်ကြီးတစ်ထုပ်ဆွဲပြီး အိမ် ထဲဝင်လာကာ "မင်း "ဆေးရုံကပြန်လာ တယ်ကြားလို့ ငါလာကြည့်တာ ဘာမှစိတ်ဓာတ်မကျပါနဲ့ အမလဲအဆုတ် ကင်ဆာသမားတစ်ယောက်ဘဲ အခုတော့ မင်းမြင်တဲ့အတိုင်း ငါအားလုံး ကောင်းသွားပြီ ဟောဒီမှာ ငါစားထားတဲ့ ဆေးတွေဆိုပြီး ပြတော့ ဘာဆေးတွေ များလဲလို့ကြည်လိုက်တော့ ဆရာခို အနာလိမ်းဆေး ၁၀၀ တန်တွေ။
အမဒီဆေးတွေဘာလုပ်ဖို့လဲမေးတော့ မင်းစားဘို့ ငါယူလာတာတဲ့ သူကိုယ် တိုင်ကောင်းတဲ့အနေအထားကိုတွေ့ရ
တာကတစ်ကြောင်း ရေနစ်သူအတွက် ကောက်ရိုးတပင်ကလဲအားကိုးစရာ ကိုယ့်ကိုယ်ကိုလဲ သေလူအဖြစ်
သတ်မှတ်ထားကာ စမ်းသပ်လိုတာက
တစ်ကြောင်းကြောင့် ဆရာခိုအနာလိမ်း ဆေးတစ်နေ့ကို တစ်ရာတန်တစ်ဘူး စားလိုက်တယ် တစ်ပတ်လောက်ကြာ တော့ နေရထထိုင်ရတာ တော်တော်လေး ပေါ့ပါးလာတာကို ခံစားရတယ်။ ဒီလိုနဲ့ ဆက်စားလာလိုက်တာ အခုဆို စားကောင်း အိပ်ကောင်းပြီး အလုပတွေ လဲ ကောင်းကောင်းလုပ်နိုင်နေပါပြီ။
ဆရာဝန်တွေက ၃ လဘဲခံတော့မယ် လို့ မိသားစုကို ပြောပါတယ် အခုတော့ လမ်း ထဲကလူတွေက ကျွန်တော်ကိုတွေ့ရင် နာမည်မခေါ်ဘဲ ဆရာခို လို့တောင်ခေါ် နေကြပါတယ်။
ဆေးကိုကြော်ငြာပေးတာလဲမဟုတ်ပါ ကြော်ငြာခလဲမရပါ ကိုက်ညီမှုများရှိခဲ့ ရင်အသုံးပြုနိုင်အောင် တင်ပေးလိုက်တာပါ။
အမည် ကိုထွန်းအောင်ကျော်
အလုပ် ကားမောင်း
လိပ်စာ အမှတ် ၉၂ သဟာယလမ်း
၁၃ ရပ်ကွက် လှိုင်မြို့နယ်။
=====================================
ဒုတိယ- သင်္ဘောသားတစ်ဦး
သင်္ဘောမှပြန်လာပြီး ကျောက်ကပ်တွင် ကျောက်တည်ခြင်းဖြစ်သည်.. ဆီးသွားလျှင်သွေးကျသည်.. ၈ လလောက်ကြာပြီး တဖြေးဖြေးပိန်လာသည်.. နောက်သူကိုယ်တိုင် လက်လျှော့သောအနေအထားမှ ပါးစပ်လမ်းညွှန်မှုဖြင့် ဆရာခိုအား ရေနွေးနှင့်ဖျော်၍သောက်ရာ ပြန်လည်ကောင်းမွန်လာပြီး သင်္ဘောပြန်လိုက်လျက်ရှိပေသည်။ (သူ၏ အဆိုအရ မထူးတော့ပါဘူး သေမယ့်အတူတူဆိုပြီး ၈ ဘူးအထိ သောက်ခဲ့သည် သို့သော် ပါးစပ်လမ်းညွှန်မှုမှာလည်း ပျောက်ကင်းသော သာဓကဖြင့်ပြောသဖြင့် စွဲစွဲမြဲမြဲသောက်သုံးရာ ပျောက်ကင်းခဲ့ပေသည်)
======================================
နောက် ခွေးကိုက် ၊ ဓားရှ ၊ သံစူးစသဖြင့် အသေးအဖွဲများလည်းပျောက်ကင်းပေသည်
ဆရာခိုဆေးသည် အမှန်တကယ်ကောင်းမွန်သော ဆေးစွမ်းကောင်းဖြစ်ပါသည်။ ဆေးနှုန်းလည်း ၁၀၀ မျှသာရှိသည်။
သို့သော် ဤသို့သော ဆေးစွမ်းကောင်းမျိုးသည် ကိုယ်တိုင်သိသော်လည်း မည်သည့်ရောဂါတွင် အပ်ချမတ်ချ အသုံးချရမှန်း ပျောက်ကင်းမှန်းမသိသဖြင့် ဆရာဝန်များလည်း မညွှန်ကြား ၊ ဝေဒနာရှင်များမှလည်း ပျောက်မှန်းသိသော်လည်း မည်သည့် ရောဂါတွင် မည်ကဲ့သို့ အသုံးပြုရမည်မသိသဖြင့် တိကျစွာလမ်းညွှန်ထားသည့် အင်္ဂလိပ် ဆေးများကို ပျောက်သည်ဖြစ်စေ မပျောက်သည်ဖြစ်စေ သောက်ကြသည်။ နောက်ဆုံး အနောက်တိုင်းဆေးများမနိုင်တာ့မှ မထူးဇာတ်ခင်း၍ မြန်မာဆေးများအား သောက်သုံးကြပေသည်။ ထိုအခါ သေလူမှ ရှင်လူ သေကံမရောက် သက်မပျောက်ကဲ့သို့ ပြန်လည်မွေးဖွားလာသူများလည်းရှိပေသည်။
ထိုကဲ့သို့ ပျောက်မှန်းသိလျှင် နောက်ဆုံးဆေးကုန်တော့မှ သောက်သည်ထက် စောလျှင်စွာ သောက်နိုင်လျှင် ပိုမို အချိန်ကုန် ငွေကုန် လူပန်း သက်သာမည်မဟုတ်ပါလား
အနောက်တိုင်းဆေးများနှင့် တိုင်းရင်းဆေးများကွာခြားချက်ကား တစ်ချို့တိုင်းရင်းဆေးများသည် အနောက်တိုင်းဆေးများထက် အဆများစွာအံ့မခန်းကောင်းမွန်သော်လည်း တိုင်းရင်းနည်းလမ်းဖြင့် ရောဂါကိုတိကျစွာရှာဖွေပြီး မှန်ကန်သော ဆေးမပေးနိုင်ခြင်း(အနောက်တိုင်းဆေးများတွင် အသုံးမပြုမီ ရောဂါအား ခေတ်မိကိရိယာများဖြင့် ရှာဖွေနိုင်ခြင်း).. ရောဂါများအား တိုင်းရင်းဆေးဖြင့်ကုသရာတွင်လည်း တိုင်းရင်းဆေးများသည် စနစ်တကျ သုတေသနပြု စမ်းသပ်ခြင်းမရှိဘဲ.. စမ်းသပ်ကုသရင်းဖြင့်သာ ပျောက်ကင်းကြောင်းပြောနိုင်ခြင်း .. တိကျစွာသုံးစွဲရမည့် ပမာဏ အချိန်ကာလမရှိခြင်းစသည်တို့ကြောင့် တချို့သော ဆရာဝန်များပင် မြန်မာဆေးများ၏ အစွမ်းသတ္တိသိသော်ငြား တိကျသေချာခြင်းမရှိသဖြင့် လမ်းညွှန်ဖို့ခက်ခဲခြင်းများဖြစ်နေပေသည်။
ထို့ကြောင့် ယခုအချိန်တွင် လိုအပ်နေသည်ကား မြန်မာဆေးများ၏ အစွမ်းထက်ပုံအား တိကျစွာ ဖော်ထုတ်နိုင်ပြီး မည်သည့်ရောဂါများတွင် မည်ကဲ့သို့ အညွှန်းအတိုင်း တိကျစွာ သောက်သုံးရမည်။ မည်ကဲ့သို့ပျောက်ကင်းနိုင်မည်။ မည်သည့် ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်တတ်သည်။ ကို စံနှုန်းမီအောင်တိကျစွာ လမ်းညွှန်ထုတ်ဖော်ပေးရန် လိုအပ်လျက်ရှိပေသည်။ပြည်ပနိုင်ငံများတွင် ဆေးဝါးသုတေသနအတွက် နိုင်ငံများမှ ဒေါ်လာသန်းပေါင်းများစွာ အသုံးပြုလျက်ရှိပေသည်။ ထို့ကြောင့်လည်း ပေးရသောအချိန် ငွေနှင့်ထိုက်တန်သော ဆေးဝါးကောင်းများတိကျစွာ ပေါ်ထွက်ပြီး ကမ္ဘာတစ်ဝှမ်းရှိပြည်သူများ၏ ကျမ်းမာရေးအတွက် များစွာ လုပ်ဆောင်ပေးနိုင်ပေသည်။ ၄င်းတို့တွင်မရှိသော ဆေးကုန်ကြမ်းများ လိုအပ်တော ဆေးစွမ်းသတ္တိများ မြန်မာနိုင်ငံတွင်းများစွာရှိနေပြီး တိုင်းရင်းဆေးများတွင်လည်းပါဝင်လျက် အစွမ်းသတ္တိများ လူမသိ တိမ်မြုပ်ပျောက်ကွယ်နေပေရာ အဆင့်မီ စံချိန်မီစွာ လမ်းညွှန်ချက်များဖြင့် ထုတ်ဖော်ပေးရန်လိုအပ်ပေသည်။
မြန်မာနိုင်ငံတွင်ဆိုလျှင် ဒေါက်တာခင်မောင်လွင်ဦးစီးသည့် FAME တိုင်းရင်းဆေးဝါးလုပ်ငန်းသည် စနစ်တကျ စံချိန်မီ ထုတ်လုပ်လျက်ရှိပြီး..နိုင်ငံတချို့မှတောင် မှာယူသုံးစွဲလျက်ရှိပေသည်။ ကျန်ရှိသော မြန်မာ့တိုင်းရင်းဆေးများကိုလည်း ထိုကဲ့သို့ မှန်ကန်သော သုတေသနပြုမှုများဖြင့် အစွမ်းများထုတ်ဖော်နိုင်ပြီး စနစ်တကျ လမ်းညွှန်နိုင်လျှင်.. မြန်မာတို့အတွက် အဖိုးအခသက်သာစွာဖြင့် အစွမ်းထက်ဆေးဝါးများရရှိနိုင်မည်ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းသို့ပင် ကျမ်းမာရေးအထောက်အကူများပေးနိုင်မည်ဖြစ်ကြောင်းပြောကြားရင်း.. အဖိုးအခချိုသာသော ဆရာခို၏ တန်ဖိုးဖြတ်မရသော အစွမ်းထက်ပုံအချို့အား ဖော်ထုတ်ပေးလိုက်ပါသည်။
(ဆရာခိုဆေးဈေးတွေလည်း မတက်ပါစေနှင့်ဟု ဆုတောင်းပေးပြီး ထိုကဲ့သို့ ကုသရခက်ခဲသော ရောဂါကြီးများအားပျောက်ကင်းအောင်ကုသပေးနိုင်သည့် ဂျိုကာ သဖွယ် အသုံးပြုနိုင်သည့် အစွမ်းထက်သည့် မြန်မာ့တိုင်းရင်းဆေးများစွာလည်းရှိနေပေသေးသည်။ သို့သော် နောက်ဆုံးမှ ထုတ်သုံးသည့် ဂျိုကာဆိုသည်ကား လူ့အသက်ယှဉ်သောပွဲများတွင်မူ ရှေးဦးစွာ အသုံးပြုနိုင်သော ဆေးများအဖြစ်မမြင်ရခြင်းသည် ရောဂါ၊ အချိန် ၊ ငွေ ၊ ဆေးစွမ်းသတ္တိ အရာအားလုံးတို့အတွက် နှမြောစရာကောင်းလေစွ )
ဗေဒါပျံ

Sunday, June 21, 2015

ကင်ဆာရောဂါမှ အသက်ချမ်းသာရာရရှိခဲ့သူ အမျိုးသမီးမှ ထပ်ဆင့်ဝေမျှတဲ့ ကင်ဆာဆေးနည်း


Bosnia and Herzegovina နိုင်ငံမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦး ဖြစ်တယ်။ အခြားဝေဒနာရှင်တွေ အကျိုးဖြစ်စေဖို့ စိတ်အားထက်သန်တဲ့ သူမက သူမအား အသက်ချမ်းသာရစေခဲ့တဲ့ ဆေးနည်းကို ထပ်ဆင့် ဝေမျှခဲ့တယ်။ ဒီဝေဒနာ ရင် ဆိုင်ခံစားနေရတဲ့ အခြားလူနာတွေ အကူညီပေးဖို့ ဆုံးဖြတ်ခဲ့တယ်။


ယင်းဆေးနည်း ဖော်စပ်ဖို့ ရိုးရှင်းလွယ်ကူပြီး ချင်းနဲ့ ပျားရည်ကိုသာ လိုအပ်ပါ တယ်။ ဒီဘော့စ်နီးယမ်း အမျိုးသမီးကတော့ သူမရဲ့ကင်ဆာရောဂါကို ချေမှုန်း ပေးနိုင်တဲ့ တစ်ခုတည်းသော ဆေးနည်းဖြစ်ကြောင်း အခိုင်အမာ ဆိုထားပါ တယ်။
သူမ endocrine ကင်ဆာရောဂါ ခံစားခဲ့ပြီး ဆေးရုံမှာ အထူးစက်ကိရိယာ အ ပြည့်အစုံနဲ့ ၃ ပတ်ကြာ ကုသနေစဉ် ရောဂါအခြေအနေ ဆိုးဝါးလာခဲ့ပါတယ်။ ဒီဆေးနည်းက ခွဲစိတ်ကုသူမှု သို့မဟုတ် ဓာတ်ကင်လုံးဝလုပ်စရာမလိုပဲ အသက် ချမ်းသာ ရရှိစေခဲ့ပါတယ်။

ချင်းတက်အကြီးနှစ်ခု အခွံလှီးထုတ်ပြီး ကြေညှက်နေအောင် ထောင်းပါ။ နောက် ပျားရည် ကီလိုဝက်လောက်နဲ့ ရောပေး ရပါမယ်။ယင်းဖော်စပ်ထားတဲ့ ဆေးကို ခရားတစ်ခုထဲ သိမ်းထားပြီး တစ်နေ့ကို လက်ဖက်ရည်ဇွန်း (၄) ဇွန်း သောက်ပေး ရပါမယ်။ သတိထားရမယ့် အချက်က သံမဏိဇွန်း လုံးဝမသုံးဘဲ ပလပ်စတစ် သို့မဟုတ် ကြွေထည်မြေထည်ဖြင့် ပြုလုပ်တဲ့ ဇွန်းတွေကိုသာ သုံး ပေးရပါမယ်။
(၃) ရက်အတွင်း တိုးတက်မှု လက္ခဏာ စတင်တွေ့ရှိရပါလိမ့်မယ်။

TrendMyanmar

Wednesday, February 25, 2015

Computer ဆက်တိုက် သုံးနေသူများ မျက်စိကို ဘယ်လို ကာကွယ် ထိန်းသိမ်းကြမလဲ


ယနေ. အိုင်တီခေတ်ကြီးမှာ လူကြီးရော လူငယ်ပါ ကွန်ပျူတာ ဖြင့် နေစဉ် ရက်ဆက် အလုပ်လုပ်ကိုင် နေကျရခြင်းကြောင့် မျက်စိ ချွတ်ယွင်း၊ အားနည်းခြင်း တို.ဖြစ်ပေါ်လာတာ ထူးဆန်းတဲ့ အရာတော့မဟုတ်ပါဘူး။ ဒီလို မချွတ်ယွင်း၊ အားမနည်းအောင် .ဘယ်လိုကာကွယ်ကြမလဲ။အောက်ပါ နည်းလမ်းလေး တွေကိုလိုက်နာပေးလိုက်ပါ။


နေရာ မှန်ပါစေ

သင့်ရဲ့ကွန်ပျူတာ၊ keyboard၊ mouse တို. ကို နေရာမှန်ထားတက်ဖို. အရေးကြီးပါတယ်။ သင့်ရဲ့ ကွန်ပျူတာ screen ဟာ သင့်မျက်လုံးကနေ သင့်ရဲ့လက်တဆန်.စာ အကွာ နဲ. မျက်လုံးရဲ့ ၂၀ ဒီဂရီအောက် နိမ့် နေရပါမယ်။ အလင်းရောင်သင့် အခန်းတွင်း အလင်းရောင် ပျံ့နှံ့နေပါစေ။

ဒါမှ ကွန်ပျူတာ screen မှလာသော reflection တွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ကွန်ပျူတာ screen အား သင့်မျက်စိ နှင့် သင့်တော်ရာ အလင်း၊အမှောင် setting လုပ်ထားပါ။မျက်မှန်Anti-reflective Lenses ပါသော မျက်မှန် ကို တပ်ပေးခြင်းဖြင့် တောက်ပသော အရာမှလာသော reflection တွေကို ကာကွယ်နိုင်ပါတယ်။

သင့်ရဲ.မျက်စိဆရာဝန်က သင့် အား ကွန်ပျူတာ နှင့် ထိတွေ.နေသူမှန်းသိရင် ထို Anti-reflective Lenses ထည့်ထားတဲ့ မျက်မှန်ကို ညွန်းပါလိမ့်မယ်။ 

မိနစ် ၂၀၊ ပေ ၂၀၊ အခါ ၂၀၊ ခြေလှမ်း ၂၀

ကွန်ပျူတာ နှင့် အလုပ်လုပ်သူများ မိနစ် ၂၀ လောက် ကြာတိုင်း ခေါင်းကို ခဏဘေးကိုလှည့်ပြီး ပေ၂၀လောက်ဝေးတဲ့ အရာတခုခုကို ကြည့်ကြည့်ပေးပါ။

ဒီနည်းလမ်းဟာ သင့်ရဲ့ ပင်ပန်းနေတဲ့ မျက်လုံးအား သက်သာရာ ရစေပါတယ်။ နောက်ပြီး အခါ ၂၀ လောက် မျက်စိ အား ပိတ်လိုက်ဖွင့် လိုက်လုပ်ခြင်းဖြင့် မျက်လုံး စိုစွတ်ခြင်းကို ရယူပါ။ ပြီးရင် ခဏ ထိုင်ခုံမှ ထပြီး ခြေလှမ်း ၂၀ လောက် လမ်းလျှောက်ခြင်းဖြင့် သွေးလှည့်ပတ်ပါစေ။ 

မျက်စဉ်း ခတ်ပေးပါ 

လူတစ်ယောက်ဟာ ၁ မိနစ်အတွင်း ပုံမှန် ၁၂ ခါ မျက်တောင်ခတ် ကျပါတယ်။ ဒါပေမယ့် ကွန်ပျူတာနဲ. အလုပ်လုပ်နေရရင် ၅ ခါ လောက်သာ မျက်တောင်ခတ်တာကို သင် သတိထားမိပါသလား။

အကျိုးဆက်အနေဖြင့် မျက်စိအား ခြောက်ကပ်နေစေပါတယ်။ ထိုသို့ ခြောက်ကပ်မနေအောင် မျက်စဉ်း ခတ်ပေးနိုင်ပါတယ်။

လက်ဖဝါးအုပ်ခြင်း

ထိုင်ခုံပေါ်တွင် မတ်မတ်ထိုင်ပြီး သင့်ရဲ့လက်ဖဝါး နှစ်ခုအား နွေးလာသည်အထိ ပွတ်ပေးပါ။ ထိုနွေးနေသော လက်ဖဝါးနဲ့ သင့်မျက်စိနှစ်ဖက်ကို ၁မိနစ်လောက်ဖုံးအုပ်ပေးလိုက်ပါ။သင့်မျက်စိညောင်းကိုက်၊ ပင်ပန်းလာတိုင်း ၂ကြိမ်၊ ၃ကြိမ်လောက် လုပ်ပေးပါ။ ထို လက်ဖဝါးမှ လာသော နွေးထွေးမူသည် သင့်ရဲ့ ပင်ပန်းနေသော မျက်စိအား သက်သာစေပါတယ်။

မျက်နှာသစ်ခြင်း

အားတဲ့အချိန်မှာ မျက်စိမှိတ်ပြီး ရေအေးဖြင့် မျက်နှာသစ်ပေးပါ။ အင်မတန် လန်းဆန်းခြင်းကို ခံစားရပါလိမ့်မယ်။ 

လက်ဖက်ခြောက် အထုပ်

သောက်ပြီးသား လက်ဖက်ခြောက် အထုပ်ကလေး များကို လွင့်မပစ်ပဲ ရေခဲသေတ္တာထဲ ထည့်ထားပြီး အားတဲ့အချိန်ကျရင် ထို လက်ဖက်ခြောက်အထုပ် ၂ထုပ်အား သင့်မျက်စိ တဖတ်စီိတွင် တင်ပြီး အနားယူပါ။ မျက်စိအား အေးမြစေပါသည်။ 

အစားအသောက်

ဗီတာမင် A, C, E ပါသော အစားအစာများ ပိုစားပါ။ သံပရာရည်၊ အသီးအရွက်၊ ခရမ်းချဉ်သီး၊ ဥ နှင့် နို့ထွက်ပစ္စည်းများ လဲ ပိုစားပေးပါ။မျက်စိရောဂါ ကင်းဝေးကြပါစေ။

Credit to: Good Health

Monday, December 8, 2014

ညဖက်မှာ ရေချိုးရင် ဘာဖြစ်မလဲ


လူတိုင်းလိုလို ကိုယ်ခန္ဓာနုပျိုလန်းဆန်းနေတာကို အလိုရှိကြပါတယ်။ ရေချိုးခြင်းဟာလဲ ခန္ဓာကိုယ်လန်းဆန်သွားအောင် လုပ်ဆောင်ခြင်းထဲမှ တမျိုးအပါအဝင်ဖြစ်ပါတယ်။ ဒါပေမဲ့ ညဖက်ပိုင်းမှာ ရေချိုးခြင်းဟာ ကျန်းမာရေးနဲ့ ညီညွတ်သလား ဆိုတာကို လေ့လာကြည့် ရအောင်ပါ။

ရေချိုးခြင်းဟာ ကိုယ်ခန္ဓာအပန်းပြေသွားအောင်အကောင်းဆုံးလုပ်ဆောင်ပေးနိုင်ပါတယ်။ တနေကုန် အလုပ်ထဲမှာ စိတ်ရော ကိုယ်ပါ ပင်ပန်းလာခဲ့တဲ့အတွက် ညနေဖက်မှာ သင့်ရဲ့ကိုယ်ခန္ဓာဟာ ပြန်လည်လန်ဆန်းဖို့ တခုခုလုပ်ဆောင်ရန် လိုအပ်ပါတယ်။ ညပိုင်းမှာ ရေချိုးလိုက်ခြင်းဖြင့် သင့်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ ကိုယ်ခန္ဓာခံနိုင်စွမ်းရည်အားကို ပြန်လည်မြှင့်တက်စေပါတယ်။

ညပိုင်းမှာ ရေချိုးမှုနဲ့ပက်သက်လို့ အယူအဆ ကွဲလွဲမှုတွေ အများကြီးရှိပါတယ်။ တချို့လူတွေက ဒီလိုရေချိုးခြင်းဖြင့် ကိုယ်ခန္ဓာကို ထိခိုက်စေမယ်။ ဖျားနာမှုနဲ့ ရောဂါတွေ ရရှိနိုင်မယ်လို့ ထင်ကြပါတယ်။ ပညာရှင်များကတော့ ထိခိုက်မှု ရှိနိုင်သလားဆိုရဲ့ အဖြေကတော့ “နိုး(NO)” တစ်လုံးထဲပါတဲ့။ ညဖက်မှာရေချိုးလိုက်လို့ ထိခိုက်မှုဖြစ်စေတယ်ဆိုတဲ့ သိပံ္ပနည်းကျ အထောက်အထားများ မတွေ့ရှိရဖူးလို့ ပြောပါတယ်။

ဒါဆိုရင် ဘယ်လိုအကျိုးရှိသလဲ?

ရေနွေးနွေးလေးနဲ့ ချိုးလိုက်ရင် အရေပြားပေါ်ရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးကာ သန့်ရှင်းစင်ကြယ်စေပါတယ်။ မအိပ်ခင်မှာ လန်းဆန်းပြီး သန့်ရှင်းနူးညံ့တဲ့ ခံစားမှုကို ရရှိစေပါတယ်။
စိတ်ဖိစည်းမှု သက်သာစေပြီး သွေးပေါင်ချိန် လျှော့ချစေပါတယ်။ တနေ့ကုန် ပင်ပန်းလို့ကုန်ဆုံးသွားတဲ့ အားအင်တွေကို ဖြည့်ပေးပါတယ်။
တနေကုန်ပင်ပန်းလာပြီး လေ့ကျင့်ခန်းလုပ်ရင်တောင် တောင့်တင်းနေတဲ့ ကြွက်သားတွေဟာ ရေချိုးခြင်းဖြင့် ဖြေလျှော့ ပေးနိုင်ပါတယ်။
ရေနွေးနဲ့ ချိုးလိုက်ရင် အရေပြားကို ချေမွတ်ပြီး ပျော့ပြောင်းစေကာ ရေချိုးပြီးသည်နှင့် တပြိုင်နက် နုပျိုလန်းဆန်းခြင်းကို ခံစားရရှိစေသည်။
ရေချိုးနေစဉ် အချိန်လေးအတွင်းမှာပင် စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်ကာ စိတ်ပြေလက်ပျောက်ဖြစ်စေသည်။
အံ့ဖွယ်အချက်တခုကတော့ ညဖက်ရေချိုးခြင်းက ကောင်းသော ကိုယ်သင်းရနံ့ကို ပေးသည်။
အသားအရေ နူးညံ့သည့် ခံစားမှု သန့်ရှင်း တက်ကြွခြင်းနှင့် ကောင်းမွန်သော ကိုယ်သင်းရနံ့တို့က အိပ်ယာဝင် ချမ်းသာသုခ ကိုအထောက်အကူပေးသည်။ ထို့ကြောင့် နှစ်ခြိုက်စွာ အိပ်ပျှော်စေသည်။
အိပ်မပျှော်ခြင်း၊ မျက်စိကြောင်ခြင်းများ မဖြစ်နိုင်ပါ။
အလုပ်မှာ ပင်ပန်းတယ်ဆိုပြီး ချွေသံတရဲရဲနှင့် တန်းမအိပ်ပါနှင့်။ ရေချိုးခြင်းက စိတ်ရောကိုယ်ပါ အပန်းပြေစေတဲ့အတွက် ခွန်အားသစ် ပြန်လည်ရရှိအောင် ရေချိုးပါ။ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ တဖြည်းဖြည်းချင်း ပြောင်းလဲလာတာကို ခံစားရပါလိမ့်မယ်။

ညဖက်မှာ ရေချိုးရင် ဒါလေးတွေတော့ သတိထားပါ။

ခေါင်းလျှော်ရင် မအိပ်ခင်မှာ ခြောက်အောင်သုတ်ပြီးမှ အိပ်ပါ။ မိမိကိုယ်အပူချိန်ဟာ နေ့ခင်းဖက်မှာထက် လျှော့ကျနေတာကို သတိပြုပါ။
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျှော်ချင်လို့ ရေချိုးတာဆိုရင် မအိပ်ခင်ကလေးမှာ ရေချိုးပါ။
ကိုယ်ကာယ လေ့ကျင့်ခန်းလုပ်ပြီးစမှာ ချွေးပေါက်လေးတွေ ကျယ်နေတဲ့အတွက် ချက်ခြင်းရေတန်းမချိုးပါနဲ့။ မိနစ် ၃၀ခန့် ဆောင့်ပြီး ကိုယ်အပူချိန်လျှော့ကျသွားကာ ချွေးပေါက်တွေပြန်ကျဉ်းသွားတဲ့အတွက် အဲဒီအချိန်မှာ ရေချိုးပါ။
ညဖက် အတော်နောက်ကျမှ ချိုးရင် ရေနွေးနဲ့ချိုးပါ။
ရေနွေးနဲ့ မချိုးခင်မှာ ရေအပူချိန်ကို လက်နဲ့ထိတွေ့ ခံစားကြည့်ပါ။ ပုံမှန်အားဖြင့် လူ့ကိုယ်ခန္ဓာကိုယ်အပူချိန်ထက် ၅ ဒီကရီပို၍ လက်ခံနိုင်သည်။ လူတယောက်၏ သာမန်အပူချိန်ကတောပ ၉၇ံ ဖါရင်ဟိုက်၊ ၃၆ံဆာဆီယပ် ဖြစ်တဲ့အတွက် ကိုယ်လက်ခံနိုင်တဲ့ မပူလွန်း မအေးလွန်း အနေအထားကို ရယူပါ။

ရေချိုးခြင်းဟာ ကိုယ်နဲ့စိတ်ကို သဘာဝအတိုင်း ပြန်လည် လန်းဆန်းတက်ကြွအောင် လုပ်ခြင်းဖြစ်ပါတယ်။ သာမန်အိပ်ပျှော်ရုံ မဟုတ်ပဲ အိပ်မောကျ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျှော်အောင် အထောက်အကူပေးပါသည်ဟု တင်ပြလိုက်ပါသည်။

ဝင်းလှိုင်ဦး
https://www.facebook.com/winn.h.oo
www.winnhlaingoo.wordpress.com
ဖေ့ဘွတ်ပေါ်လစီအရ ပေ့ခ်ျများကို လိုက်ခ်လုပ်ထားသော်လဲ ၆% မှ၁၀% အထိသာမြင်ခွင့်ပေးပါသည်။ အခြားသူများလဲ ဖတ်ရှုနိုင်ရန်အတွက် ဒီပေ့ခ်ျကို လိုက်ခ်လုပ်ရန် မိမိ၏သူငယ်ချင်းများကို ဖိတ်ခေါ်ခြင်းသော်လည်းကောင်း၊ ပြန်လည်၍ share လုပ်ခြင်းဖြင့် လည်းကောင်း ပရဟိတ လုပ်ငန်းတွင် ကျေးဇူးပြု၍ တဖက်တလမ်းမှ ပါဝင်ကူညီပါ။

Shared from ဖတ်မိသမျှ ကျန်းမာရေး ဗဟုသုတ (FB)

Sunday, November 30, 2014

AIDS ရောဂါပိုးကို ကို နိုင်သည့် တိုင်းရင်းဆေးစွမ်း


ပြည်တွင်းမှာ AIDS လူနာ (ဆေးစစ်၍ သိရသူ) တသိန်းနှစ်သောင်းကျော် ရှိတဲ့အနက် ART (ဝေဒနာရှင်များအတွတ် ကမ္ဘာ့ ကျန်းမားရေးဌာနမှ အထူးထုတ်ထားသည့် ဆေး)မပေးနိုင်သူ နှစ်သောင်းကျော်ရှိနေတော့စိတ်ကျရောဂါဖြစ်ပြီး ဒီဆေးရတဲ့အထိစောင့်နေစရာမလိုပါဘူး။


ဒီရောဂါပိုးရှိနေတယ်လို့ သိရတဲ့သူတော်တော်များဟာ စိတ်ထိခိုက်ခြင်း-စိတ်ဓါတ်ကျခြင်းကြောင့်
ရောဂါတွေတိုးလာကြတာများတယ်၊ တချို့ ဝေဒနာရှင်တွေဟာ ရှက်စိတ်နဲ့  တချို့ ကလည်း ဆေးရုံမှာဆေးမစစ်ရဲ့ ကြဘူး ဟိုရောဂါလို ဒီရောဂါလိုလိုနဲ့ အသေခံသွားကြတယ်။

ဒီလိုဘဲဆေးရုံက ဆေးကုသရင် စရိတ်တွေ အကုန်မခံနိုင်တဲ AIDS ဝေဒနာရှင်တဦးက ရောဂါ တနေ့ တခြားဆိုးလာလို့  သူမိသားစု တွေပြောရင်လဲ ၀ိုင်းပါယ်ကြမှာစိုးပြီး လူရှင်းတဲ့ ခြံတခုမှာ သေဘို့ ဆုံးဖြတ်ပြီး တဦးတည်း တဲထိုးနေရင်း လဲနေရင်း ရောဂါကလဲဖေါက်နေချိန်မှာ-
အနာတွေပေါက်နေတဲ့ ခွေးပိန်ညောင် တကောင်ဟာ သူ့ အနားက ရှားဇောင်းပင်ကို လာကိုက်ပြီး ထွတ်လာတဲ့ အနှစ်တွေကို ရှာနဲ့လျှက်နေတာတွေ့ ရတယ်...။
ပြီးတော်ရှားဇောင်ပင်နားမှာဘဲ အိပ်နေတယ်၊သူလဲအားနည်းပြီး အိပ်ပျော်သွားခဲ့ပြီး နောက်တနေ့ မှာ ခွေးပိန်က လန်းလန်းဆန်းဖြစ်နေတာတွေ့ ရတယ် ပြည်တွေနဲ့ စိုနေတဲ့အနာတွေလည်းခြောက် သွားတယ်။ အဲဒီဝေဒနာရှင် ဟာ ခွေးပိန်ရဲ့ ဆေးကုနည်းကိုအတုခိုးပြီး ရှားဇောင်းလက်ပတ်ပင်တွေ ကို နေ့ စဉ်မှီဝဲရာက ယနေ့ တိုင်းကျန်းကျန်းမာမာနဲ့  အသက်ရှင်နေပါတယ်။

အောက်မှာဖေါ်ပြထားတာကတော့ ဒေါက်တာဖြိုးသီဟဇော်ရဲ့  တိုင်းရင်းဆေးနဲ့ ကုတဲ့နည်း
+++++++++++++++++++++++++++++++++++
၁..။ ကျွန်တော်တို့ သိတဲ့ Aloevia ( ရှားစောင်းလတ်ပတ် ။ တစောင်းလတ်ပ် ) ပင်ဟာ ကိုယ်ခံအားတတ်စေတဲ့အကျိုးအာနီသင် အပြည့်ရှိတယ် လို့  နိုင်ငံတကာ ကလက်ခံယုံကြည် ထားပါတယ်..။ ဒီ ရှားစောင်းလတ်ပတ်ထဲက အသား ( ဂျယ်လီ တုံး ) ပုံလေးတွေကို ချစ် ယူပြီး သကြားနဲ့  အစိမ်းလိုက်ဖြော်ရည်လုပ်သောက် ခိုင်းထားတာတွေ့ ရပါတယ်....။ ဒီလို သောက်သုံး ချင်းအားဖြင့် ကိုယ်ခံအား ကို မြှင့် တင်ပေးပြီး.... အသားအရည်ကိုလည်း စိုပြည်စေတာတွေ့ ရှိရပါတယ် ခင်ဗျာ...။ ဒီလို လုပ်နည်းကို မြနှ်မာမှာသာမက အနောက်နိုင်ငံကြီးများ , Korea , Africa စတဲ့နိုင်ငံတွေမှာပါအခုလက်ရှိသုံးနေကြတာကို တွေ့ ရှိရပါတယ်ခင်ဗျာ........။
တစောင်းလက်ပတ်ဖျော်ရည်ကို တစ်နေ့ သုံးခွက် မှန်မှန်သောက်ပေးရင် CD4 Cell တွေပြန်
တက်လာတဲ့လူနာတွေအခုမြန်မာနီင်ငံမှာလက်ရှိရှိနေပါတယ်ခင်ဗျာ....။နောက်တစ်ခုကတော့.............................................

၂ ။ ကြက်သွန်နီ ပါခင်ဗျာ..။

ဒီဟာကတော့ ကျွန်တော်သိတာ မကြာသေးပါဘူး...။ မြန်မာ့ ဆေးကျမ်း ထဲက တိုင်းရင်းဆေးဆရာကြီးတွေ သုံးခဲ့တဲ့နည်းလို့ ဆိုပါတယ်......။ ဒီ ကြည်သွန်နီနဲ့  ရောဂါ ပြင်းထန်ရာကနေ သက်သာသွားတဲ့လူတွေ ရှိနေတာအခု လက်ရှိမှာ တွေ့ နေရပါတယ်.........။ ဘာကြောင့်လဲဆိုတာ မသိပေမယ့် ....... AIDS ဖြစ်လို့  ကိုယ်ခံနာ မှာ ယားနာပေါက်တာ တွေ . ၀မ်းသွားတာတွေ . အနာဖြစ်တာတွေ . အားလုံး သက်သာပြီးပျောက်ကင်းသွားတာ တွေ့ ရှိနေရပါတယ်။လူလောကတစ်ခုလုံးက ကုသလို့ မရဘူးဆိုတဲ့ .....ဒီရောဂါ ဆိုးကြီးကို....( ကြက်သွန်နီ ) ဥ က သက်သာအောင်လုပ်ပေးတာ ကျွန်တော်လဲအစကမယုံပါဘူး....။ နောက်မှ ရောဂါရှင်ကိုယ်တိုင် လာပြောမှ သာလက်တွေ့ ယုံခဲ့ပါတယ်.......။ ၀မ်းသာစရာပါခင်ဗျာ....။
သုံးပုံသုံးနည်းက တော့ -
ကြက်သွန်နီ ဥကြီး ၃ ဥလောက်ကိုနေ့ စဉ် အခွံနွာ ... ကြက်သွန်နီဘေးမှာရှိတဲ့ မိုမဲမဲလေးတွေကို
ရေစင်အောင်ဆေးပြီး .....အရည်ရအောင် ထောင်းပါ ..။ ထောင်းတဲ့ ငရုပ်ဆုံ ကလည်း သီးသန့် ဖြစ်ဖို့ လိုပါတယ်...။သန့် ရှင်းရပါမယ် .....။ ရလာတဲ့ အရည်ကို ....တစ်နေ့  သုံးခွက်မှန်မှန် သောက်ပေးပါ.....။ ၁ လ အတွင်းမှာ ရောဂါသက်သာလာတာ .... လက်တွေ့ မြင်ရမှာပါ ခင်ဗျာ.....။ သောက်သုံးနေစဉ်အတွင်း ... ၃ . ၄ ရက် အတွင်းမှာ အရေပြားမွေးညှင်းလေးတွေထဲက နေ ရွ စိ ရွစီ နဲ့ ပိုးလေးတွေ ထွက်လာတယ်လို့  ဆေး ပညာရှင်တွေက ဆိုထား ပါတယ်.....။ ဆက်သာသောက်ပါ..။ စိုးရိမ်စရာမရှိပါဘူး ....။ နည်းနည်းတော့ အနံ့တော့ဆိုး မှာပေါ့ခင်ဗျာ........။ ရောဂါသက်သာသွားရင်လဲ နေ့ တိုင်းတစ်နေ့ သုံးခွက်သာပုံမှန် သောက်သွား ပါတဲ့.........။ သက်တမ်းစေ့အောင် ကျန်းမာစွာ နေနိုင်မှာ ဖြစ်ပါတယ်လို့  တိုင်းရင်းဆေးဆရာများက လက်တွေ့ ဆိုထားပါတယ် ။

Min Burma

Tuesday, August 19, 2014

ဗိုက်ခေါက်အဆီကျစေမည့် သဘာဝနည်းလမ်း


ဗိုက်ခေါက်ထူနေသူများ အဆီကျစေလိုပါက မြန်မာ့ရိုးရာ ဆေးမြီးတိုနည်းဖြင့် အန္တရာယ်ကင်းစွာ အဆီချနိုင်ပါသည်။

လိုအပ်သော ပစ္စည်းများမှာ-

၁။ သဘာဝပျားရည်စစ်စစ် (တစ်နှစ်ကျော်ထားသည့် ပျားရည်အဟောင်း)
၂။ သံပရာသီး
၃။ ဂျင်း

သုံးစွဲပုံ

၁။ သံပရာသီးတစ်လုံးကို ရေစင်အောင်ဆေးပြီး အခွံနှင့်အတူ အကွင်းလိုက် လှီးလိုက်ပါ။ မတ်ခွက်ထဲကို ထည့်ပါ။
၂။ ဂျင်းနှစ်လွာခန့် ထည့်ပါ။
၃။ ပျားရည် ထမင်းစားဇွန်း တစ်ဇွန်းခန့်ထည့်ပါ။
၎။ ရေနွေးပူပူထည့်ပြီး အဖုံးအုပ်ထားပါ။

နာရီဝက်ခန့် နှပ်ထားလိုက်ပြီး ရေနွေး အေးလာသည့်အခါ သောက်ပေးနိုင်ပါတယ်။ ညအိပ်ယာဝင်ခါနီးအချိန်ဆိုလျှင် ပိုသင့်လျှော်ပါသည်။ တစ်ပတ်ကို ၃ ကြိမ်ခန့်သောက်ပေးပါ။ တစ်လအတွင်း ဗိုက်ခေါက်အဆီများ ကျသွားပါလိမ့်မည်။

သတိပြုရန်။ ။ ပျားရည်အသစ်ဖြင့် မပြုလုပ်ရပါ။ ပျားရည်အသစ်သည် လူကို ၀လာစေနိုင်ပါသည်။ သံပရာသီးအခွံပါသည့်အတွက် အရသာအနည်းငယ် ခါးနေမည်။ အခါးမသောက်နိုင်ပါက ပျားရည်အနည်းငယ် ထပ်ထည့်သောက်ပါ။ သကြားမထည့်ရပါ။ အစာအိမ်သမားများ မသောက်သင့်ပါ။

စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား။ ။ မြန်မာ့ရိုးရာဆေးမြီးတိုများ
ကျန်းမာရေးသတင်းများ

Monday, July 14, 2014

သွေးမလှူမီနှင့် သွေးလှူပြီး ဆောင်ရန်ရှောင်ရန် သိသင့်စရာများ နှင့် သွေးလှူခြင်းအကျိုး


မိမိခန္ဓာကိုယ်ထဲက သွေးကို ဖောက်ထုတ်ပြီး လှူဒါန်းတဲ့ သွေးအလှူဟာ ဘုရားလောင်း သူတော်ကောင်းကြီးတွေ ဆည်းပူးဖြည့်ကျင့်ကြတဲ့
ဒါနဥပပါရမီ(အင်္ဂါစွန့်ဒါနပါရမီ)ကုသိုလ်ထူးကြီး ဖြစ်ပါတယ်..
သွေးလှူခြင်းကြောင့် သွေးအားနည်းပြီး ကျန်းမာရေးထိခိုက်တာမျိုး လုံးဝမဖြစ်နိုင်ပါဘူး.. ဟေမိုဂလိုဘင် ပြည့်မပြည့် အရင်ဆုံးစစ်ဆေးပြီးမှ ပြည့်ဝတဲ့သွေးကိုပဲ လက်ခံတာဖြစ်ပါတယ်..

ဟေမိုဂလိုဘင်ဆိုတာ သွေးနီဥတွေထဲမှာရှိတဲ့ ဓာတ်တစ်မျိုးပါ..
သံဓာတ်နဲ့ပရိုတင်းဓာတ်တစ်မျိုးတို့ ပေါင်းစပ်ရာကနေ ဖြစ်ပေါ်လာပါတယ်.. ဟေမိုဂလိုဘင်က ခန္ဓာကိုယ်ရဲ့ အင်္ဂါအစိပ်အပိုင်း  အသီးသီးက လိုအပ်တဲ့ အောက်စီဂျင်ကို အဆုတ်ကတစ်ဆင့် သယ်ယူ ပို့ဆောင်ပေးပါတယ်. ဟေမိုဂလိုဘင်အားနည်းရင် ခန္ဓာကိုယ်မှာ အောက်စီဂျင်အားနည်းပြီး လူပါအားနည်းသွားတာမို့ ဟေမိုဂလိုဘင်ဟာ ခန္ဓာကိုယ်အတွက် သိပ်ကိုအရေးကြီးပါတယ်..

သွေးလှူလိုက်လို့ သွေးပမာဏ လျော့နည်းသွားတဲ့အပေါ်မှာလည်း
တစ်ချို့က စိုးရိမ်ပူပန်တတ်ကြပါတယ်.. အကြမ်းဖျင်းအားဖြင့် အရွယ်ရောက်ပြီးသူတွေမှာ သွေးပမာ(၅ လီတာမှ ၆ လီတာ)အထိ ရှိပါတယ်.. (၁၀၀၀မီလီလီတာ=၁လီတာ) သွေးလှူဒါန်းမှုတစ်ကြိမ်တွင် သွေး(၄၅၀မီလီလီတာ)ကိုသာ ထုတ်ယူတာပါ..
ထုတ်ယူလိုက်တဲ့သွေးပမာဏဟာလည်း (၇၂)နာရီ အတွင်းမှာ ပြန်ပြည့်သွားမှာဖြစ်ပါတယ်..

ဟေမိုဂလိုဘင်ပြည့်အောင် သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပေးရပါတယ်.. သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကတော့-
အသား ငါး အသည်း ဥနှင့် သွေးခဲများ ဟင်းနုနယ် မုံညင်း ကန်စွန်း ချဉ်ပေါင် ကညွတ် ကိုက်လန်စသည့် အစိမ်းရင့်ရောင် ဟင်းရွက်များ
နှင့် ပဲအမျိုးမျိုး တို့ပါပဲ..ဟင်းသီးဟင်းရွက်နှင့် ပဲအမျိုးမျိုးမှာပါဝင်တဲ့ သံဓာတ်ကို အစာလမ်းကြောင်းမှ အလွယ်တကူ စုပ်ယူနိုင်ရန်
အချဉ်နှင့်တွဲ၍စားပါ (ဥပမာ-ချည်ရည်ဟင်းစားခြင်း
အသီးအရွက်သုပ်များမှာ သံပုရာရည်ညှစ်စားခြင်း) ထမင်းစားပြီး အချဉ်ဓာတ်ကြွယ်ဝတဲ့ အသီးတွေ စားတာဟာလည်း သံဓာတ်စုပ်ယူမှုကို အားပေးပါတယ်..ဒါပေမယ့် လက်ဖက်ဟာ အူမှ
သံဓာတ်စုပ်ယူမှုကို အနှောင့်အယှက်ပြုလို့ ထမင်းစားပြီးပြီးချင်း လက်ဖက်ရည် ကော်ဖီ ရေနွေးကြမ်းဖန်ဖန်သောက်ခြင်း လက်ဖက်စားခြင်းတို့ကိုရှောင်ကြဉ်သင့်ပါတယ်.. အနည်းဆုံး နာရီဝက်တော့ ခြားပြီးမှ စားသောက်သင့်ပါတယ်..
သွေးလှူမယ့်နေ့ဆိုရင်တော့ လုံးဝရှောင်တာက အကောင်းဆုံးပါပဲ..

သွေးလှူတော့မယ်ဆိုရင် ဒါတွေဖတ်ပြီးမှ လှူပါ
- - - - - - - - - - - - - - -
အသက်(၁၈)နှစ်မှ(၅၅)နှစ်အတွင်း ဖြစ်ရပါမယ်..

အမျိုးသားက ကိုယ်အလေးချိန်ပေါင်(၁၀၀)နှင့် အထက် အမျိုးသမီးက ပေါင်(၉၀)နှင့်အထက် ရှိရပါမယ်..

သွေးလှူတာ တစ်ကြိမ်နဲ့တစ်ကြိမ် လေးလခြားရပါမယ်..

သွေးပေါင်ချိန် ၁၁၀/၇၀ ရှိရပါမယ်..

အမျိုးသမီးများအနေနဲ့ ဓမ္မတာလာနေသောရက်အတွင်း
မလာခင်တစ်ပတ်နှင့် လာပြီးတစ်ပတ်အတွင်းတွေမှာ သွေးမလှူသင့်ပါ..ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များလည်း သွေးမလှူသင့်ပါ..

မူးယစ်ဆေးစွဲနေသူ သုံးစွဲသူ အရက်စွဲနေသူနှင့်  အရက်သောက်ထားသောသူများ သွေးမလှူသင့်ပါ

HIV/AIDS ရောဂါပိုးကူးစက်ခံရပြီး(၃)လမှ (၆)လအတွင်း သွေးစစ်ဆေး၍ မပေါ်နိုင်သောကြောင့် ရောဂါပိုးကူးစက်နိုင်သည့်
အနေအထားနှင့် ကြုံတွေ့သည့်နေ့မှစ၍ (၆)လအတွင်း လုံးဝ သွေးမလှူသင့်ပါ..

နှလုံး သွေးတိုး ဆီးချို သွေးအားနည်းရောဂါ အသည်းရောင်အသားဝါ (ဘီပိုး စီပိုး)နှင့် ကူးစက်ရောဂါဖြစ်ပွားနေသူများ သွေးမလှူသင့်ပါ..

လွန်ခဲ့သော(၃)ရက်အတွင်း နှာစေးချောင်းဆိုးခြင်းနှင့် ဆေးဝါးများ မှီဝဲထားခြင်း (ဥပမာ-Aspiric, Ponstan, Antibiotic) တို့ရှိပါက သွေးမလှူသင့်ပါ..

လွန်ခဲ့သော(၃)ပါတ်အတွင်း ရေကျောက် သွေးလွန်တုပ်ကွေးကဲ့သို့ ဗိုင်းရပ်(စ်)ကြောင့် ဖြစ်သည့်ရောဂါများဖြစ်ခဲ့ခြင်း လွန်ခဲ့သည့်(၁)နှစ်
အတွင်း ခွဲစိပ်ကုသမှုခံယူခဲ့ခြင်းတို့ရှိပါက သွေးမလှူသင့်ပါ..

သွေးလှူပြီးသွားရင်တော့ ဒါတွေကို လိုက်နာပါ
- - - - - - - - - - - -
သွေးဖောက်ထားတဲ့လက်ကို ဒီနေ့အဖို့ တတ်နိုင်သမျှ အနားပေးပါ..

သွေးဖောက်ထားတဲ့နေရာကို သန့်ရှင်းစွာထားပါ..

အရေပြားအောက်တွင် သွေးယိုစိမ့်တတ်သဖြင့်
သွေးဖောက်ထားတဲ့နေရာမှာ အမဲကွက် ယာယီ ပေါ်တတ်ပါတယ်..အန္တရာယ်မရှိပါ..

သွေးလှူပြီးစမှာ ခေါင်းမူးပါက မိနစ်အနည်းငယ် လှဲနေပါ.. ဒါမှမဟုတ် ဒူးနှစ်လုံးကြား ဦးခေါင်းထားပြီး ထိုင်နေပါ..

ဒီနေ့အဖို့ ရေ(သို့)အရည်များများ သောက်ပါ..

သွေးလှူပြီးတဲ့အချိန်ကစလို့ (၇၂)နာရီအတွင်း အရက် ဘီယာ ဆေးလိပ် အလွန်အကျွံ သောက်သုံးခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းတို့
မပြုလုပ်သင့်ပါ..

သွေးလှူဒါန်းလိုက်တဲ့အခါ သံဓာတ်များစွာ ပါသွားတဲ့အတွက် သံဓာတ်ချို့တဲ့စေနိုင်တဲ့ အချက်တွေကို ရှောင်ကြဉ်ပါ..
--------------------------------------------------------
သွေးလှူရင် သွေးဖောက်တဲ့အခါ အရမ်းနာမှာပဲ ဆိုပြီး တစ်ချို့က အသားနာမှာကြောက်တာနဲ့ သွေးမလှူဖြစ်ကြတော့ပါဘူး..သွေးကြောထဲကိုပဲ အပ်ထိုးသွင်းတာမို့ အရေပြားကိုဖောက်တဲ့အချိန်
ခဏလေးပဲ နည်းနည်းအောင့်သွားတာပါ.. ပြီးရင် လုံးဝ မနာတော့ပါဘူး.. အကောင်းဆုံးကတော့ သွေးဖောက်တော့မယ်
ဆိုတာနဲ့ မျက်လုံးမှိတ်ပြီး မေတ္တာပို့နေလိုက်ပါ.. (ဥပမာ-ဒီသွေးကို သွင်းခွင့်ရတဲ့လူနာ ရောဂါဝေဒနာ အမြန်ဆုံး ပျောက်ပါစေ.. ကျန်းမာပါစေ စသဖြင့် ကိုယ်အားသန်သလို ကိုယ်အာရုံကျသလို အပိုမေတ္တာတွေဖြည့်စွက်ပြီး ပို့သနိုင်ရင် ပိုကောင်းပါတယ်)

တစ်ချို့ကလည်းသွေးလှူရင် ဝလာတတ်တယ် ဆိုပြီး မလှူဖြစ်ကြပါဘူး.. ဒါဟာမဟုတ်ပါဘူး.. တစ်ကယ်တော့`ငါသွေးလှူထားတယ် ခါတိုင်းထက် များများစားမှ မဟုတ်ရင် အားနည်းသွားလိမ့်မယ်´ဆိုတဲ့အတွေးနဲ့ လိုအပ်တာထက် ပိုစားလို့ ဝလာတာပဲဖြစ်ပါတယ်..
သွေးလှူတာသက်သက်နဲ့တော့ ကိုယ်အလေးချိန် ပိုတိုးလာစရာ အကြောင်းမရှိပါဘူး..

တစ်ချို့ကလည်း`မင်းတို့က သွေးကို အလကားလှူပေမယ့် သူတို့က လူနာကို သွေးအလကားပေးတာ မဟုတ်ဘူး လူနာဆီက ပိုက်ဆံယူတယ် မင်းတို့ အလကားလှူထားတဲ့သွေးတွေကို သူတို့က ပိုက်ဆံနဲ့ ရောင်းစားတာ´ဆိုတဲ့ စကားတွေကြောင့် လှူချင်ပေမယ့် မလှူဖြစ်တဲ့လူတွေ အများကြီးရှိပါတယ်.. တစ်ကယ်တော့ သွေးသွင်းခံလူနာရှင်ဆီက ငွေယူတာဟာ သက်ဆိုင်ရာ သွေးဝန်ထမ်းရဲ့ ကိုယ်ကျိုးစီးပွားအတွက် ယူတာမဟုတ်ပါဘူး..

တစ်ကယ်လို့ ကိုယ့်သွေးကို သူ့ရဲ့ကိုယ်ကျိုးစီးပွားအတွက် အသုံးချတယ်ဆိုရင်လည်း အဲဒီသူရသွားတဲ့ ကိုယ်ကျိုးစီးပွားဟာ ကိုယ့်ရဲ့အလှူပါပဲ.. လူနာကို ကိုယ့်သွေး ရောင်းစားလိုက်လို့ သူငွေရ
သွားတယ်ဆိုရင် လူနာကိုလည်းသွေးလှူပြီးသား ဖြစ်သွားတယ် သူ့ကိုလည်းငွေလှူပြီးသားဖြစ်သွားတော့ ကိုယ့်အတွက် ကုသိုလ်နှစ်ထပ်ကွမ်း ဖြစ်သွားပါတယ်.. သူ့ဘာသာသူ သွေးရောင်းစားလို့ အကုသိုလ်ဖြစ်သွားတာကတော့ သူ့အပိုင်းနဲ့သူပါ..
ဘယ်နေရာမှာပဲဖြစ်ဖြစ်`စုန်းပြူး´ဆိုတာက ရှိတတ်တာမို့လို့ မဟုတ်တာလုပ်တတ်တဲ့သူတွေအပေါ်မှာ အဲဒီလို စိတ်ရှင်းအောင် ထားတတ်မယ်ဆိုရင် ဘယ်လိုနည်းနဲ့မှ လှူဖို့ရည်ရွယ်ထားတဲ့ ကိုယ့်ရဲ့ ဆုံးဖြတ်ချက် မပျက်နိုင်တော့ပါဘူး..

အလကားလှူတဲ့သွေးကို သွေးခံအိတ်နဲ့ ထည့်ယူရတာမို့ သွေးခံအိတ်ဖိုး ကုန်ပါတယ်.. သွေးကြောကိုဖောက်ပြီး ပိုက်ကတစ်ဆင့်
သွေးခံအိတ်ထဲထည့်ရတာမို့ အပ်ဖိုး ပိုက်ဖိုး ကုန်ပါတယ်.. လှူထားတဲ့သွေးထဲမှာ ရောဂါပိုးရှိမရှိ စစ်ဆေးခ သွေးစစ်ခကုန်ပါတယ်.. လှူထားတဲ့သွေးကို အထူးအအေးခန်းထဲမှာ စနစ်တကျ သိုလှောင်သိမ်းဆည်းထားရတာမို့ အအေးခန်းခ မီတာခ အအေးခန်းစက်ပစ္စည်းများ ပြုပြင်ခ ကုန်ပါတယ်..သွေးမလှူခင် သွေးအမျိုးအစားစစ်ဖို့ လက်ထိပ်ဖောက်တဲ့ နေရာမှာလည်း ကုန်ကျစရိတ်ရှိသလို သွေးအားပြည့်မပြည့် ဟေမိုဂလိုဘင် စစ်တဲ့နေရာမှာလည်း ကုန်ကျစရိတ်တွေရှိပါတယ်..သွေးလှူပြီး
အာဟာရပြည့်အောင်ကျွေးမွေးရတဲ့ ကုန်ကျစရိတ်  နှစ်ပတ်စာ ပေးလိုက်ရတဲ့ သံဓာတ်အားဖြည့်ဆေး ကုန်ကျစရိတ်စသဖြင့် အများကြီးပါပဲ.. သွေးလှူရှင်ရဲ့သွေးကြောနဲ့ လူနာရဲ့ သွေးကြော
တိုက်ရိုက်ဆက်သွယ်ပြီး လှူတာမဟုတ်ဘူး ဆိုတာကို သတိပြုရပါမယ်..ဒါကြောင့် သွေးလက်ခံတဲ့ ၀န်ထမ်းတွေ အပေါ်မှာလည်း ရမ်းပြီး အထင်မမှားသင့်ပါဘူး..

သွေးလှူတယ်ဆိုတာ သူတစ်ပါးရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးတာပါ.. ကာလဒါနပါ.. ကာလဒါနဆိုတာ အချိန်ကိုက် အလှူ လိုအပ်ချက်နဲ့ ကွက်တိဖြစ်တဲ့အလှူလို့ အဓိပ္ပာယ်ရပါတယ်..
တူသောအကျိုးပေးတတ်တဲ့ ကံတရားအရ သူတစ်ပါးရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးတဲ့အတွက် ကိုယ့်ရဲ့လိုအပ်ချက်တွေလည်း
ပြည့်စုံလာမှာပါပဲ.. ဘာမဆိုဖြစ်နိုင်တယ်လို့ မဆိုလိုပေမယ့် အတိုင်းအတာတစ်ခုထိတော့ အကျိုးဖြစ်ထွန်းနိုင်ပါတယ်..
"ကျွန်ုပ်သည် ဘယ်နေ့ဘယ်ရက်မှစပြီး သွေးလှူဒါန်းခဲ့ပါသည် ဤမှန်သော သစ္စာစကားကြောင့်.. ဘာဖြစ်ပါစေ"လို့ မိမိလိုရာ ဆုတောင်းလိုက်မယ်ဆိုရင်တော့ သွေးလှူခြင်းရဲ့ အကျိုးဟာ ဘာပါလို့ ဘောင်ခတ်ကန့်သတ်လို့ ရနိုင်ပါဦးမလား..

လူသားတစ်ဦးလိုအပ်တဲ့သွေးကို တစ်ခြားလူတစ်ဦးဆီကပဲ ရယူနိုင်တာမို့ သွေးနေရာမှာ ဘာပစ္စည်းနဲ့မှ အစားထိုးလို့မရတဲ့အတွက် ပုံမှန်ကျန်းမာရေး ကောင်းသူတိုင်း ပုံမှန်သွေးလှူသင့်ပါတယ်..
ငွေလည်းမကုန် သူတစ်ပါးရဲ့အသက်ကိုလည်း ကယ်တင်နိုင်တဲ့ သွေးအလှူဟာ ငွေသိန်းရာထောင်ချီ အကုန်ခံပြီးလှူတဲ့ အခြားအလှူတွေထက် အဆပေါင်းများစွာ ကြီးကျယ်မြင့်မြတ်ပါတယ်..

မြတ်စွာဘုရားအလောင်းတော် ပါရမီဖြည့်ရာကာလ တစ်လျှောက်လုံး လှူဒါန်းခဲ့တဲ့သွေးတွေဟာ သမုဒ္ဒရာလေးစင်းမှာရှိတဲ့ ရေတွေထက်
အဆပေါင်းများစွာ မနှိုင်းယှဉ်သာအောင် များတယ်လို့ ဆိုတဲ့အတွက် သွေးလှူတဲ့အလုပ်ဟာ ဘုရားအလောင်းတော်တိုင်းရဲ့ မလုပ်မဖြစ်
အလုပ်ကြီးပါလားလို့တွေးပြီး သွေးလှူရှင်တိုင်း ဝမ်းမြောက်ဝမ်းသာ ပီတိဖြာသင့်ပါတယ်..

မိတ်ဆွေများအနေနဲ့ သွေးလှူချင်လျှင်ဖြစ်စေ သွေးလိုအပ်ခဲ့လျှင်ဖြစ်စေ အောက်ပါအဖွဲ့များသို့ ဆက်သွယ်နိုင်ပါတယ်..

ပုညကုသလ ဗဟုကရ - 216685

မြတ်မေတ္တာအဖွဲ့ - 095122088

သာဓုကျောင်းတိုက် - 510566

ရှိုင်းဟုပ်လူမှုရေးအဖွဲ့ - 514768

သွေးမေတ္တာအဖွဲ့ - 095549434

ရင်ခုန်သံအဖွဲ့ - 721578,243542

လင်းလက် - 095026097

ဓမ္မရောင်ခြည် - 371800 Ext 346

ဒါနဥပပါရမီသွေးလှူ - 095004665
ရှင်အဖွဲ့ 095139713

HIV Free Blood - 399020 
Pool 

မေတ္တာလူငယ်အခမဲ့ - 555960

သွေးလှူရှင်များအဖွဲ့ 095063943
09254115428

ဤpostကို (၆)ကြိမ်မြောက်သွေးလှူခြင်း အမှတ်တရအဖြစ် ဖတ်ဖူးသမျှဆောင်းပါး လက်ကမ်းစာစောင်များကို ကိုးကားပြီး မိမိတွေ့ကြုံမှုများကိုပါ ထည့်သွင်းရေးသားပါသည်

လှူခွင့်ရှိနေသရွေ့ တစ်သက်လုံး ပေးလှူသွားပါမယ်..

Shared from Ma Ohnmar Shin (FB)

Sunday, May 18, 2014

ကညွတ်ရဲ.တန်ဖိုး (အပန်းမကြီးရင် မျှဝေပေးပါ)


ကိုဝမ်း ရဲ့ Post လေးထဲက စိတ်မကောင်းဘွယ်ရာသွေးကင်ဆာခံစားနေရသောဝေဒနာရှင်လေးကို တွေ့လိုက်ရပြီး ဒီနေ့ဖတ်မိခဲ့တဲ့ကင်ဆာနဲ့ ကညွှတ် ပတ်သက်နေပုံလေးကို စိတ်ဝင်စားမိခဲ့ပါတယ်…

အပန်းမကြီးဘူးဆိုရင် လုပ်ကြည့်စေချင်ပါတယ်…ငွေအကုန်အကျလည်း သိပ်မများတာမို့ ဒီဆေးနည်းလေးကိုမူရင်းအတိုင်း မျှဝေ တင်ပေးလိုက်ပါတယ်..

မူရင်း…..

Asparagus…..whether U believe it or not ဆိုတဲ့ခေါင်းစဉ်နဲ့မေလ်းတစ်ခုကို ကျွန်တော့် အကို တစ်ယောက်က ပို့လိုက်ပါတယ်။
သူလည်းသူများဆီက ရလို့ ကျွန်တော့်ဆီကို forward လုပ်လိုက်တာဖြစ်ပါတယ်။

သူခေါင်းစဉ်လိုဘဲ ကညွှတ်များတဲ့

ယုံခြင်ယုံမယုံခြင်နေ…ဟုတ်မဟုတ်တော့်မသိဘူး…ကိုယ်တိုင်လည်းမဆန်းဖူးလို့ပါ။

ဟိုးဖက်အစွန်ဆုံးကတော့ white asparagus (မြန်မာလိုမသိ)သူ့အတိုင်းဘာသာပြန်တော့ ကညွှတ်ဖြူပေါ့၊ အလယ်က green asparagus မြန်မာလို
ကညွှတ် သူ့အတိုင်း ဆို ကညွှတ်စိမ်း ဒီဖက် အစွန်ဆုံးကတော့ wild asparagusသူတိုင်းဆို ကညွှတ်ရိုင်းဖြစ်ပါတယ်။

နှစ်ပေါင်းကတော့ နည်းနည်းကြာသွားပြီ လူတစ်ယောက်ကကင်ဆာဖြစ်နေတဲ့ သူ့သူငယ်ချင်းတစ်ယောက် အတွက်ကညွှတ်ပင်လိုက်ရှာနေတာ ကျွန်တော်တွေ့ခဲ့ဘူးတယ်။ပြီးတော့ ၁၉၇၉ ခုနှစ် ဒီဇင်လဘာထုတ်ကင်ဆာဂျာနယ်ကနေမိတ္တူကူးထားတဲ့စာရွက်တစ်ရွက် ကျွန်တော့်ကို ပေးခဲ့တယ်။

စာရွက်ကအကြောင်းအရာကတော့
Asparagus for cancer (ကင်ဆာအတွက် ကညွှတ်များ)ဆိုတဲ့ အကြောင်းဘဲ ဖြစ်ပါတယ်။

ဝေမျှခြင်းသက်သက်သာဖြစ်ပါတယ်။
ကျွန်တော်ဟာ ဇီဝဓါတု ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။
ကျွန်တော်ဟာ Richard R.Vensal, D.D.S ရဲ့
ရှာဖွေချက်တွေကနေ ကညွှတ်ကနေ ကင်ဆာရောဂါကုသနည်းကို သင်ယူခဲ့တာ နှစ်အတော်ကြာခဲ့ပါပြီ
သူရဲ့ပရောဂျက် လုပ်ငန်းတွေထဲမှာလဲ သူနှင့်အတူတကွ လုပ်ကိုင်ခဲ့သလို
ကျွန်တော့မှာ စုဆောင်းထားတဲ့ ကညွှတ်ကနေ ကင်ဆာရောဂါ
ကုသပျောက်ကင်းသွားတဲ့ အထောက်အထား အချက်အလက်တွေ
တော်တော်များများရှိခဲ့ပါတယ်

အဲ့ဒါတွေကတော့ …..

၁/- လူတစ်ယောက်ဟာ သွေးကင်ဆာဖြစ်တာ မျှော်လင့်ချက်
မဲ့လုနီးပါးဖြစ်နေပါပြီး ဗုံးဗုံးလဲ နေပြီဖြစ်ပါတယ်။
ကညွှတ်ကထုံးနဲ့ တစ်နှစ်ကုသအပြီးမှာတော့
ဆရာဝန် စစ်ဆေးကြည့်တာ ကင်ဆာရှိကြောင်းမပေါ်လာတော့ပါဘူး။
နောက်ဆုံး သူဟာပြန်ကောင်းသွားပါတယ်။

၂/- အောင်မြင်နေတဲ့ အသက် ၆၈ နှစ်အရွယ်
စီးပွားရေးသမားတစ်ယောက်ဟာ
ဆီးကြိတ်တည်တဲ့ ကင်ဆာကို ခံစားနေရတာ ၁၆ နှစ်ရှိပြီဖြစ်ပါတယ်။
နှစ်တော်တော်ကြာကြာ ဆေးကုသခြင်း ဓါတ်ကင်ခြင်းတို့ ဖြင့်ကုသခြင်း
ပြုခဲ့သော်လည်း တိုးတက်လာခြင်းမရှိပါဘူး။
နောက်ဆုံး၃လအတွင်းကညွှတ်ကုထုံးနဲ့ကုပြီးနောက်စစ်ဆေးကြည့်တဲ့အခါမှာတော့ ဆီးကြိတ်များဟာပျောက်သွားပြီး
ကျောက်ကပ် နှစ်ခုဟာ ပုံမှန် ပြန်ဖြစ်နေတာ
ဆေးစစ်တဲ့အဖြေမှာ တွေ့ခဲ့ရပါတယ်။
၃/- လူတစ်ယောက်ဟာ အဆုတ်ကင်ဆာ ခံစားနေရပါတယ်။
၁၉၇၁ မတ်လ ၅ရက်နေ့မှာကုသဖို့ ခွဲစိတ်ခဲ့ရာမှာတော့
ရောဂါဟာ အလွန်ရင့်ပြီးအမြစ်များဟာ တော်တော်ပြန့်နေတဲ့အတွက်
ခွဲစိတ်လို့မရ ခဲ့ပါဘူး။
ခွဲစိတ်ဆရာဝန်ဟာ ပြန်ပြီးချူပ်ပေးခဲ့ကာ မျှော်လင့်ချက်မရှိတော့ဘူးလို့ ပြောခဲ့ပါတယ်။
ဧပြီလ ၅ ရက်နေ့မှာတော့
ထိုလူနာဟာ ကညွှတ်ကုထုံးကို ကြားပြီး ချက်ချင်း ကုသမှု့ခံယူခဲ့ပါတယ်။
သြဂုတ်လမှာတော့ ဓါတ်မှန်သွားရိုက်ကြည့်တဲ့အခါမှ
ကင်ဆာလက္ခဏာပြနေတာတွေဟာ
ပျောက်ကွယ်သွားပြီး အရင်အတိုင်း အလုပ်ပြန်လည် လုပ်နိုင်ခဲ့ပါတယ်။

ပြုလုပ်နည်း…..
ကညွှတ်ကို သစ်သီးဖျော်စက်ထဲထည့်ပြီး အရည်ဖြစ်ကြောင် ကြိတ်ပါ။
ထိုကညွှတ်ရည်ကို ရေခဲ့သေတ္တာထဲ ထည့်ပြီး လူနာအား
တစ်ခါတိုက်လျှင် စတီးဇွန်းဖြင့် ၄ ဇွန်းကို
မနက်တစ်ကြိမ် ညတစ်ကြိမ်တိုက်ပါ။
credit : ဦးမိုး မင်း

---------------------------------------------------------------------------
ဒီကျန်းမာရေး စုစည်းမှုလေးကို သဘောကြရင်
https://www.facebook.com/lyhealthcare
LIKE & FOLLOW လုပ်ထားပေးပါနော်။

Follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)/ FOLLOWING
လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး

https://www.facebook.com/lyhealthcare

Saturday, May 3, 2014

သတိ! အန္တရာယ်ရှိသည်


ထက်ခြမ်းခွဲထားသော ကြက်သွန်နီ၊ အခွံခါထားသော ကြက်သွန်နီကို ချက်ချင်း အသုံးမပြုနိုင်လျှင်၊ အကြာကြီးပစ်ထားပြီးလျှင် (သို့မဟုတ်) ရက်ကျော်လျှင်၊ ပြန်မသုံးပါနဲ့ ။ မစားပါနဲ့။

ခွဲခြမ်းထားပြီး အကြာကြီးပစ်ထားတဲ့ ၄င်းကြက်သွန်နီကို စားသုံးမိပါက ဘတ်တီးရီးယားပိုးမွှားများ ပါရှိလာသည့်အတွက် ပိုက်အောင့်၊ ပိုက်နာဖြစ်နိုင်သည့်အပြင် အဆိပ်အတောက်ကိုလည်း ဖြစ်စေနိုင်ပါတယ်လို့ ဆိုထားပါတယ်။

ထို့အပြင် ကြက်သွန်နီဟာ အနံ့ဆိုးများအားလုံးကို စုပ်ယူထားနိုင်သည့် အစွမ်းရှိသည့်အတွက် အခွံခွါထား၊ ခွဲခြမ်းထားပြီး ရက်ကျော်သွားလျှင် လုံးဝမစားသင့်ကြောင်းပါ။

သတိမမူ ဂူမမြင် မဖြစ်ကြစေဖို့ စေတနာဖြင့် မျှဝေပေးလိုက်ရပါသည်။

စောနွဲ့ နေဆိုင် (ပူတာအို)

ကျန်းမာရေးသတင်းများ
www.facebook.com/pages/ကျန်းမာရေးသတင်းများ/231741783686751

မိခင်နို့က ကလေးများရဲ့ IQ ကိုပိုမြင့်စေနိုင်


မခင်နို့သောက်သုံးရတဲ့ ကလေးငယ်တွေဟာ ဉာဏ်ရည်ဆိုင်ရာ အညွှန်းကိန်းတစ်မျိုးဖြစ်တဲ့ IQ intelligence quotient ဆိုင်ရာ
ဆန်းစစ်မှုတွေမှာ ပိုမိုမြင့်မားတဲ့ အမှတ်တွေရှိကြောင်း လေ့လာမှု တစ်ရပ်မှာ ဖော်ပြထားပါတယ်။ ဒီလေ့လာမှုကို Brigham Young University က လူမူသိပ္ပံပညာရှင်တွေက ဖော်ထုတ်နိုင်ခဲ့ပါတယ်။
မိခင်နို့တိုက်ကျွေးခြင်းဟာ မိမိရင်သွေးငယ်ရဲ့ အသက်ကိုးလအရွယ်မှစတင်ပြီး စိတ်ပိုင်းဆိုင်ရာ ခံစားမှုနဲ့က စာဖတ်စွမ်းရည်တွေကို ပိုမိုမြင့်မားစေတယ်လို့ လေ့လာမှု ခေါင်းဆောင် Ben Gibbs က ပြောကြားထားပါတယ်။ လေ့လာမှုမှာ မိခင်နို့သောက်သုံးခဲ့ရတဲ့ ကလေးငယ်တွေဟာ အသက်လေးနှစ်အရွယ်မှာ ရှိရမယ့် သင်္ချာနဲ့ စာဖတ်စွမ်းရည်တွေနဲ့ သက်ဆိုင်တဲ့ ဦးနှောက်ဖွံ့ဖြိုးမှုတွေကိုနို့ဘူးစို့ခဲ့ရတဲ့ ကလေးငယ်တွေ ထက် လေးလခန့်ပိုပြီး စောစောပိုင်ဆိုင်နိုင်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။ သုတေသီတွေဟာ အခုလို ရလဒ်ကိုတွေ့ရှိဖို့ မွေးကင်းစ ကလေးများမှ အသက်ငါးနှစ်အရွယ်တွင်းရှိ ကလေးများကို ပိုင်ဆိုင်တဲ့မိခင် ၇၅၀၀ကျော်ကို သုတေသနပြုခဲ့ကြပါတယ်။ အိမ်တွင်းရိုက်ကူးထားတဲ့ ကလေးငယ်တွေရဲ့ စာဖတ်စွမ်းရည်ပြဗီဒီယိုများ စိတ်ခံစားမှုနဲ့ဆိုင်တဲ့ မေးခွန်းများ သင်္ချာတွက်ချက်မှုများကိုလည်း အသုံးပြုခဲ့ပါတယ်။
Wayne State ဆေးတက္က သိုလ်မှ သုတေသီSandru Jacobson က မိခင်နို့ကို ခြောက်လအထက်သောက်သုံးခဲ့ရတဲ့ ကလေးငယ်များဟာ ဉာဏ်ရည်မြင့်မားတဲ့ အပြင်မိခင်များနဲ့ ထိတွေ့မှုပိုများတဲ့အတွက် လူမှုဆက်ဆံရေးမှာလည်း ပိုမိုမြင့်မားတဲ့စွမ်းဆောင်ရည်ရှိကြောင်း ပြောကြားထားပါတယ်။
ဒီလေ့လာမှုကို The Journal of Pediatrics မှာဖော်ပြထားပါတယ်။

သက်ကို

ref: PTI
Health Updates Journal

နွေရာသီမှာ စားသင့်တဲ့ သစ်သီးများ


နွေရာသီမှာ ဝမ်းထဲကို အေးစေသော သစ်သီးများ စားပေးခြင်း အားဖြင့်
ရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် သစ်သီးများ စားသည့် အတွက်အသားအရေ ခြောက်သွေ့ခြင်း ကိုလည်း ကာကွယ်ပေးနိုင်တဲ့ အပြင် ဝမ်းချုပ်ခြင်း လည်ချောင်းနာခြင်း အပှုကြောင့် ဖြစ်တဲ့ ရောဂါတွေကိုတောင် ကာကွယ်နိုင် ပါလိမ့်မယ်။
စားသင့်တဲ့ အသီးတွေကတော့ -

(၁) ဖရဲသီး

ဖရဲသီးဟာ ရေဓာတ်များစွာ ပါဝင်သည့်အတွက် နွေရာသီမှာ အထူးပင် မှီဝဲသင့်ပါတယ်။ဒါ့အပြင် အရေပြားခြောက်သွေ့ခြင်း အတွက် ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကိုလည်း
ကာကွယ်ပေးနိုင်ပါတယ်။

(၂) သင်္ဘောသီး

သင်္ဘောသီးဟာလည်း နွေရာသီတွင် မှီဝဲပေးသင့်သော အသီးတစ်မျိုး ဖြစ်ပါတယ်။ နေ့တိုင်းစာပေးမယ်ဆိုရင် ဝမ်းမှန်စေပြီး ကင်ဆာရောဂါ အတွက်ပင် အထူးပင် ကောင်း
မွန်စေပါတယ်။

(၃) စတော်ဘယ်ရီသီး

စတော်ဘယ်ရီသီးကို စားပေးမယ်ဆိုရင် အသည်းရောဂါနှင့် မပူကြောင့် ဖြစ်စေမယ့်ရောဂါတွေကို အထူးပင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အတွက် ခွန်အားကို
ဖြစ်စေတာကြောင့် နေ့တိုင်းမှီဝဲပေးစေ လိုပါတယ်။

(၃) ကီဝီ

ကီဝီသီဟာလည်း ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပေးစွမ်းပြီးနွေရာသီမှာ မှီဝဲပေးသင့်တဲ့ အစားအသောက်တစ်မျိုး ဖြစ်ပါတယ်။

(၅) ခရမ်းချဉ်သီး

ခရမ်းချဉ်းသီးကို သုပ်စားမယ်ဆိုရင် ဝမ်းတွင်းကို အေးစေပြီး အသားအရေ အတွက်လည်း ကောင်းမွန်လို့နွေရာသီမှာ မှီဝဲပေးစေ လိုပါတယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

ဒူးနာ၊ ခါးနာပျေက်ကင်းစေမည့် သဘာဝဆေးနည်း


ယောဂကျင့်နေရင်း ဒူးနာသွားတဲ့ မိတ်ဆွေတစ်ယောက် လိမ်းဆေးပေါင်းစုံကို လိမ်းသော်လည်း မပျေက်သဖြင့် အောက်ပါ သဘာဝကုထုံး ဆေးနည်းကြောင့်လက်တွေ့ ပျေက်ကင်းသွားကြောင်း ပြောပြပါတယ်။ ဒီဆေးနည်းကို ရွာက ဘဘကြီးတစ်ဦးမှ အကြံပေးချက်အရ လုပ်ကြည့်ရင်းနဲ့ လက်တွေ့ ပျေက်ကင်းခဲ့တယ်လို့ သိရပါတယ်။

၎င်းဆေးနည်းကို အားကစားကြောင့် အခါးနာနေတဲ့ သူ့မိတ်ဆွေလည်း တကယ်ပျောက်ကင်းခဲ့ကြောင်း ပြောပြပါတယ်။

ဆေးနည်းကတော့-

၁။ သင်္ဘောသီးအစိမ်းတစ်လုံးကို ထိပ်ပိုင်းနေရာမှ ကြက်ဥတစ်လုံးစာခန့် ပိုင်းဖြတ်လိုက်ပါ။ အတွင်းမှ အစိများကိုလည်း မထုတ်ပဲ ထားပါ။

၂။ ကြက်ဥကို ထည့်လိုက်ပါ။ (သဘာဝကြက်ဥ၊ တောကြဥ ဆိုလျှင် ပိုကောင်းပါသည်)

၃။ ပိုင်းဖြတ်ထားသည့် အပိုင်းဖြင့် ပြန်အုပ်လိုက်ပါ။ သူ့အဆီးနှင့်သူ ပြန်ကပ်ပါသည်။ ပိုပြီး စိတ်ချချင်လျှင် ရွံ့ စီးများဖြင့် အုပ်ပေးထားနိုင်ပါသည်။

၎။ ၄င်းသင်္ဘောသီးကို မီးသွေးမီးဖိုထဲမှာ မီးဖုတ်ပေးပါ။ ပျော့အိပြီး အတွင်းမှ ကြက်ဥ ကြက်သွားသည့်အထိ ဖုတ်ပါ။

၅။ ပြီးလျှင် အခွံကို ခွါချလိုက်ပြီး အတွင်းမှ ကြက်ဥကို စားပေးပါ။

တစ်ပတ်ကို တစ်ကြိမ်ပြုလုပ်ပြီး စားပေးပါက ဒူးနာ၊ ခါးနာပျောက်ကင်းသွားပါလိမ့်မယ်။

လက်တွေ့ပျေက်ကင်းနိုင်သည့် သဘာဝကုထုံးဆေးနည်းလေးမို့  ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

ကျန်းမာရေးသတင်းများ