Showing posts with label အားကျအတုယူစရာ. Show all posts
Showing posts with label အားကျအတုယူစရာ. Show all posts

Tuesday, June 28, 2016

သန့်ရှင်းရေးလုပ်သားဘ၀ကနေ အင်ဂျင်နီယာဖြစ်လာသူ


ညဘက်မှာ ကောလိပ်ကျောင်းကို သန့်ရှင်းရေးလုပ်ရပြီး နေ့ပိုင်းမှာ အင်ဂျင်နီယာ ဘာသာရပ်သင်ကြားခဲ့သူဟာ မကြာခင်မှာ အင်ဂျင်နီယာအဖြစ် အသက်မွေးဝမ်းကျောင်းမှု လုပ်နိုင်တော့မှာပါ။ ဗော်ဒရယ်ဟာ ပြီးခဲ့တဲ့ (၈)နှစ်လုံးလုံး မက်ဆာချူးဆက်ပြည်နယ်က Worcester Polytechnic Institute မှာ သန့်ရှင်းရေးအလုပ်သမား လုပ်ခဲ့ပြီး သူ့ရဲ့ စိတ်ဒဏ်ရာကို ကုစားဖို့အတွက် အင်ဂျင်နီယာ သင်တန်းတက်ခဲ့တာ ဖြစ်ပါတယ်။

ဗော်ဒရယ်ဟာ ဆေးသုတ်တဲ့ လုပ်ငန်းပိုင်ရှင်ဖြစ်ခဲ့ပေမယ့်၂၀၀၈ ခုနှစ်မှာ ဒေ၀ါလီ ခံခဲ့ရလို့ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးခဲ့ပြီး သန့်ရှင်းရေး အလုပ်သမားဖြစ်ခဲ့တာပါ။ ဘ၀ကို အသစ်က ပြန်စရမယ့်အချိန်မှာ ဗော်ဒရယ်က Worcester Polytechnic Institute မှာ သန့်ရှင်းရေး အလုပ်သမားအဖြစ် အလုပ်ဝင်ခဲ့ပါတယ်။ Worcester Polytechnic Institute က အင်ဂျင်နီယာ ဘာသာရပ်အတွက် သင်တန်းသားအသစ်တွေ ခေါ်ယူခဲ့ပြီး သူတို့ ကျောင်းဝန်းထဲက အလုပ်သမားဆိုရင် အခမဲ့ သင်ကြားပေးမယ်လို့ ကြေညာခဲ့ရာမှာ သင်တန်းတက်ဖို့ ဗော်ဒရယ် ဆုံးဖြတ်ခဲ့ပါတယ်။

ဗော်ဒရယ်ဟာ အင်ဂျင်နီယာသင်တန်းမှာ သူ့ထက် အသက်(၃၀)ငယ်တဲ့သူတွေနဲ့အတူတူ သင်ကြားခဲ့ရပြီး ပြီးခဲ့တဲ့မေလမှာ အင်ဂျင်နီယာ ဘာသာရပ် အောင်လက်မှတ် ရရှိခဲ့ပါတယ်။ ပျမ်းမျှအားဖြင့် ဗော်ဒရယ်ဟာ GPA ၃.၆၅ မှတ်(အမြင့်ဆုံး ၄မှတ်)နဲ့ အင်ဂျင်နီယာ ဘာသာရပ်မှာ အောင်လက်မှတ် ရခဲ့ပေမယ့် အလုပ်မရခဲ့ပါဘူး။ ဒါကြောင့် ရှိရင်းစွဲ သန့်ရှင်းရေးအလုပ်သာ ပြန်လုပ်ခဲ့ရပါတယ်။ ဒါပေမဲ့ သူ့အကြောင်းကို NBC သတင်းဌာနက ဖော်ပြခဲ့ပြီးနောက်မှာတော့ သူ့ကို အလုပ်ခေါ်ယူသူတွေ များပြားခဲ့ပြီး ကွန်နက်တီကပ်ပြည်နယ်က Pratt & Whitney လေကြောင်းနဲ့ အာကာသလုပ်ငန်းစုက သူ့ကို အလုပ်ခန့်အပ်ဖို့ အတည်ပြုခဲ့ပါတယ်။

Ref: http://www.nbcnews.com/…/custodian-michael-vaudreuil-lands-…

Nz(ရိုးရာလေး)
www.yoyarlay.com

Sunday, September 13, 2015

ဆရာတော်ဒေါက်တာ ဓမ္မသာမိ ထေရုပ္ပတ္တိ အကျဉ်း


ကမ္ဘာ့အကျော်ကြားဆုံး တက္ကသိုလ်ဖြစ်သည့် အောက်စဖို့ဒ် တက္ကသိုလ်မှ ပါရဂူ ဒေါက်တာဘွဲ့ရ မြန်မာပြည်သား ဆရာတော်ဒေါက်တာ ဓမ္မသာမိ ထေရုပ္ပတ္တိ အကျဉ်း

ဒေါက်တာ ဓမ္မသာမိ D Phil (oxford) ကို ၁၉၄၆ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့ နောင်ပန်ရွာ၌ မွေးဖွားပြီး ခမည်းတော် ဦးလုံးစန်းခမ်းသြ (ရှမ်းတိုင်းရင်းသား ဆေးဆရာကြီး ကွယ်လွန်) နှင့် မယ်တော် ဒေါ်ပါစန်းဆွေတို့၏ သားသမီး (၁၀) ယောက်ရှိသည့်အနက် (၇) ယောက်မြောက်သော သားမြတ်ရတနာဖြစ်သည်။
ဆရာတော်သည် ဗုဒ္ဓ ကျမ်းစာပေများကို မြန်မာ (ရှမ်းပြည်နယ်၊ပဲခူး) ၊ ထိုင်း၊ သီရိလင်္ကာ နှင့် ဗြိတိန် နိုင်ငံတို့၌ လေ့လာသင်ကြားပြီး ၂၀၀၄ ခုနှစ်တွင် ကမ္ဘာ့အကျော်ကြားဆုံး တက္ကသိုလ်ဖြစ်သည့် အောက်စဖို့ဒ် တက္ကသိုလ်တွင် ပါရဂူ ဒေါက်တာဘွဲ့ကို ဆွတ်ခူးရရှိသည်။
၂၀၀၃ ခုနှစ် အောက်ဖို့ဒ် တက္ကသိုလ် ဗုဒ္ဓစာပေများကို လူအများ ကျယ်ကျယ်ပြန့်ပြန့် လေ့လာသင်ကြားနိုင်ရန် ရည်ရွယ်၍ ဆရာတော်သည် အောက်စဖို့ဒ်မြို့တွင် အောက်စဖို့ဒ် ဗုဒ္ဓ၀ါဟာရကျောင်းတိုက်ကို တည်ထောင်ပြီး အောက်စဖို့ဒ်တက္ကသိုလ်နှင့် လက်တွဲကာ ဗုဒ္ဓ စာပေ အနှစ်သာရများကို ယခုအထိတိုင် သင်ကြားပို့ချ နေသည်။


ကမ္ဘာ့ ဗုဒ္ဓသာသနာပြု အောက်စဖို့ဒ် ဆရာတော် ဒေါက်တာ ဓမ္မသာမိ DPhil (Oxford), MPhil (Kelaniya) ဆရာတော်အား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရမှ ‘အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ’ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခဲ့သည်။

ဆရာတော်သည် ဗုဒ္ဓကျမ်းစာ စာပေများကို မြန်မာ (ရှမ်းပြည်နယ်၊ ပဲခူး)၊ ထိုင်း၊ သီရိလင်္ကာနှင့် ဗြိတိန်နိုင်ငံတို့၌ လေ့လာသင်ကြားပြီး ၂ဝဝ၄ ခုနှစ်တွင် ကမ္ဘာ့ အကျော်ကြားဆုံး တက္ကသိုလ်ဖြစ်သည့် အောက်စဖို့ဒ် တက္ကသိုလ်တွင် ပါရဂူ ဒေါက်တာဘွဲ့ကို ဆွတ်ခူး ရရှိခဲ့သည်။ ၄င်းအပြင် အောက်စဖို့ဒ် မြို့တွင် အောက်စဖို့ဒ် ဗုဒ္ဓဝိဟာရ ကျောင်းတိုက်ကို တည်ထောင်ပြီး တက္ကသိုလ်နှင့် လက်တွဲကာ ဗုဒ္ဓစာပေ အနှစ်သာရများကို ယနေ့တိုင် သင်ကြားပို့ချလျက် ရှိသည်။

၂ဝဝ၇ ခုနှစ်တွင် ကမ္ဘာအရပ် ရပ်ရှိ ဗုဒ္ဓတက္ကသိုလ် များကို စုစည်း ပေးပြီး ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များ အသင်းကြီးနှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓ တက္ကသိုလ်များ အသင်းကြီးနှစ်ခုကို တည်ထောင်ပေးခဲ့ သည်။
၎င်းအပြင် ထေရဝါဒနှင့် ကိုက်ညီစွာ ရှမ်း၊ မြန်မာ၊ အင်္ဂလိပ် ဘာသာများဖြင့် ဆောင်းပါးနှင့် ကဗျာ များ ရေးသားခဲ့ပြီး ဓမ္မစာအုပ်များလည်း ရေးသား ထုတ်ဝေခဲ့သည်။

လက်ရှိ အချိန်အထိ အမေရိကန်၊ အင်္ဂလန်၊ စပိန်၊ ပြင်သစ်၊ ဟန်ဂေရီ၊ ကနေဒါ၊ ဂျာမနီ၊ ဝေးလ်စ်၊ ကိုရီးယား၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ စသည့် နိုင်ငံများတွင် ဝိပ ဿနာ တရားစခန်းများ ဖွင့်လှစ်ပြသ ပေးလျက် ရှိသည်။
ဆရာတော်သည် အောက်စဖို့ဒ် တက္ကသိုလ်တွင် ကထိက ဆရာ၊ ရန်ကုန် အပြည်ပြည် ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓတက္ကသိုလ်၏ ပါမောက္ခ၊ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ ဗုဒ္ဓ တက္ကသိုလ် များ အသင်းကြီး( IABU ) နှင့်

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ တက္ကသိုလ်များ အသင်းကြီးတို့၏ တည်ထောင်သူနှင့် အတွင်းရေးမှူး ချုပ်အဖြစ် ဆောင်ရွက်လျက်ရှိပါသည်။

Dragon Patriotic Myanmar Youths Association's post.

Friday, July 3, 2015

အသက်ငယ်ငယ် အိမ်ခြံမြေပွဲစားမိန်းကလေးဘဝမှသည်…… မီလျံနာ တစ်ယောက်ဘဝဆီသို့


လူငယ်တွေမှန်ရင် တောက်ပတဲ့အနာဂတ် ရည်မှန်းချက်တွေ အတွက် လုံ့လဝရီယနဲ့ ရိုးသားကြိုးစားပါက တစ်နေ့မှာ ဧ ကန်မုချ အောင်မြင်လာနိုင်ပါတယ်ဆိုတာကို စင်ကာပူနိုင်ငံ က အိမ်ခြံမြေပွဲစား မိန်းကလေးငယ်ရဲ့ အားကျအတုယူစရာ ကောင်းတဲ့ အောင်မြင်မှုအံ့မခန်းကသက်သေပြသွားနိုင်ခဲ့ပါ တယ်။ 
သူမ အမည်က ရှရီလေး ဆန်။ အသက်က ၂၆ နှစ်ရှိပြီးစင် ကာပူမြို့တော် Nanyang Polytechnic ကျောင်းမှ ဘွဲ့ရရှိထားသူတစ်ယောက်ပါ။ ဒါပေမယ့် သူမ စိတ်ဝင်စားတဲ့ အိမ်ခြံမြေပွဲစားလုပ်ငန်းနဲ့ အသက်မွေးဝမ်း ကြောင်းမယ်လို့ ယခင်ကတည်းက ဆုံးဖြတ်ချက်ချထားခဲ့ တာပါ။

စင်ကာပူမြို့တော်တစ်ဝိုက်က အိမ်ခြံမြေလုပ်ငန်းမှာ လုပ် သက်ငါးနှစ်တောင်မရှိသေးတဲ့ သူမအတွက် အကြီးမားဆုံး စိန်ခေါ်မှုကြီးတစ်ရပ်က ပြီးခဲ့တဲ့ မတ်လ လဆန်းပိုင်းမှာ သူမ ထံစတင်ရောက်ရှိလာခဲ့ပါတယ်။ အဲ့ဒါက သူမရဲ့ဖောက် သည် အိမ်ပိုင်ရှင်က မြို့တွင်းအိမ်ခြံမြေအရောင်းဈေးကွက် ထဲမှာ ရောင်းထွက်နိုင်ဖို့နဲ့ ဝယ်လက်ရဖို့ ဘယ်လိုမှမဖြစ်နိုင် တဲ့ တန်ကြေးဈေးခေါ်ထားတဲ့ စင်ကာပူမြို့တော်မှာရှိတဲ့ Le Nouvel Ardmore အထပ်မြင့် ဇိမ်ခံကွန်ဒိုတိုက်ခန်းအ ဆောက်အအုံကို ဒေါ် လာ ၅၁ သန်းနဲ့အရောင်းထုတ်နိုင်ဖို့ သူမထံအပ်ခဲ့ပါတယ်။

အဲ့ဒီအလုပ်ကို လက်ခံချိန်ကနေစပြီး သူမက မနားမနေ အလုပ်အပေါ်ကို အာရုံစိုက်ပြီး လုပ်ခဲ့ပါတယ်။ မြို့တော်တစ် ဝိုက်က သူမရဲ့သူကြွယ်ဖောက်သည်များစွာထံ အိမ်အရောင်း စပ်ခဲ့တယ်။ အိမ်ခြံမြေအရောင်းပွဲစား လောကထဲက အချုပ် အိမ်ခြံမြေဈေးကစားသူတွေထံ ချဉ်းကပ်ပြီး ကွန်ဒိုတိုက်ခန်း အရောင်းထွက်နိုင်ဖို့ ရသမျှနည်းလမ်းတွေ အကုန်လုံးနဲ့ကြိုး စားပြီးဝယ်ယူနိုင်မယ့် ဝယ်လက်ကို ပိုက်စိပ်တိုက်လိုက်ရှာခဲ့ ပါတယ်။
ဆန်က ဝင်ငွေကိုအများအပြားရှာဖွေပြီး သူမရဲ့မိသားစုကို ကောင်းမွန်တဲ့လူမှုနေထိုင်မှု ဘဝပုံစံတည်ဆောက်ပေးမယ့် စိတ်ကူးထားပြီး အဲဒီစိတ်ကူးကိုလည်း အကောင်အထည်ဖော် နိုင်ဖို့ အမြဲတစေကြိုးပမ်းနေတာပါ။

“ ဒါက လုံးဝကို ငွေအကြီးကြီးရမယ့် ဂွင်တစ်ခုပဲလေ။ ကျွန်မ ဘဝတစ်ခုလုံးကို ပြောင်းလဲပစ်နိုင်မယ်လို့လည်း ကျိန်းသေ ပေါက်သိထားတယ်။ ဒီ့အတွက် ကျွန်မအောင်မြင်အောင်လုပ် ဖို့ပဲ ရှိတော့တယ်။ အကယ်၍ ကျွန်မအားလပ်ရက် ခရီးရှည် သွားဖြစ်ခဲ့မယ်ဆိုရင်တောင် ပြန်လာတဲ့အခါကျ ကျွန်မ ဖောက်သည်တွေကို ဆုံးရှုံးကောင်းဆုံးရှုံးရနိုင်တယ်” လို့ သူမက ဆိုပါတယ်။

သူမက လက်ရှိမှာလည်း စင်ကာပူအရှေ့ပိုင်း စီရန်ဂွန်းမှာ ရှိတဲ့ အဘိုးတွေအဘွားတွေ၊ မိဘနှစ်ပါး၊ မောင်နှမသားချင်း တွေနဲ့ မိသားစုသိုက်သိုက်ဝန်းဝန်းရှိတဲ့ မိသားစု မိဘအိမ်မှာ နေထိုင်နေဆဲဖြစ်ပါတယ်။ သူမရဲ့ ဒီကွန်ဒိုတိုက်ခန်းအ ရောင်းထွက်နိုင်စေဖို့လက်ခံထားတဲ့ ခက်ခဲတဲ့အလုပ်အတွက် မိသားစုဘိုးဘွား မောင်နှမတွေက အားပေးကြပါတယ်။ နောက်ပြီး လုပ်သက်နု သေးတဲ့ သူမအတွက်လည်းအရမ်း ကြီး မျှော်လင့်မထားဖို့နဲ့ မျှော်လင့်ထားသလို မအောင်မြင် ခဲ့ရင်လည်း စိတ်မလျှော့လိုက်ဖို့ တိုက်တွန်းခဲ့ကြတယ်။သူ ငယ်ချင်း၊ အိမ်ခြံမြေပွဲစား အပေါင်းအသင်းမိတ်ဆွေထဲက ဘယ်သူကမှလည်း သူမ လုပ်နိုင်လိမ့်မယ်လို့ မထင်ထားကြ ပါဘူး။

သူမရဲ့ ဖခင်ဖြစ်သူက လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကမှ လေဖြတ် သွားခဲ့တာကြောင့် သူမရဲ့ မိသားစုစားဝတ်နေရေးက သူမထံ တာဝန်ရောက်လာခဲ့တာဖြစ်ပြီးသူမကို ယနေ့အချိန်ထိ လူ လားမြောက်ပညာတတ်အောင် ပြုစုပျိုးထောင်ပေးတဲ့ မိသား စုကိုပြန်လည်ထောက်ပံ့ရှာဖွေ ကျွေးမွေးနေသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူမရဲ့ အဘိုးနဲ့အဘွားမိဘတွေ သက်တောင့် သက်သာစီးနင်းဖို့ ခုနှစ်ယောက်စီးနင်းနိုင်တဲ့ ဗောက်စ်ဝက် ဂွန်ကားကို သူမရဲ့လုပ်အားခနဲ့ဝယ်ပေးထားပါတယ်။
နေအိမ်မှာ နားလိုက်၊ အိမ်ခြံမြေအရောင်းပွဲစားတွေနဲ့ ဝယ် လက်ချိတ်ဆက်လိုက်၊ တစ်နေရာပြီးတစ်နေရာ လူကုန်ထံ သူကြွယ်တွေတစ်ဦးပြီး တစ်ဦးစီသွားချည်လာလှည့် တိုက် ခန်းအရောင်းစပ်ပြီးတဲ့ နောက်ဆုံးမှာတော့ သူမအောင်မြင် သွားခဲ့ပါတယ်။

မတ်လမှာ စတင်အလုပ်လက်ခံခဲ့တာဖြစ်ကာ ဈေးနှုန်းညှိနှိုင်း မှုတွေနဲ့ ဝယ်လက် အရောင်းစပ်မှုတွေပြုလုပ်ပြီး အချိန်တို တွင်း ဧပြီလမှာ အပြီးသတ်အရောင်း ထွက်သွားခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်း တွေရဲ့ ရင်းနှီးခင်မင်မှုနဲ့တစ်ဆင့်တစ်ဆင့် ချိတ်ဆက်ပြီးသူမ ရဲ့ကွန်ဒိုတိုက်ခန်းဝယ်လက်ဖြစ်တဲ့ အင်တာနက်စီးပွားရေး လုပ်ငန်းစု အလီဘာဘာရဲ့ တွဲဖက်တည်ထောင်သူ မစ္စတာ ဆန်တန်ယုက ယုံကြည်စွာနဲ့ ဝယ်ယူလိုက်ခဲ့ပါတယ်။

ထိုသို့ ဒေါ်လာ ၅၁ သန်းတန် တိုက်ခန်းအရောင်းထွက်သွား ခြင်းမှ သူမအတွက် အကျိုးဆောင်ပွဲစားခ ဒေါ်လာ ၁ ဒသမ ၅ သန်းရရှိသွားကာ မီလျံ နာတစ်ယောက်ဖြစ်လာခဲ့ပါတော့ တယ်။
ဆန်က အလုပ်နဲ့ပတ်သက်ရင် လူငယ်ပီပီ လောဘကြီးတဲ့ သူတစ်ယောက်ပါ။ ပြီးခဲ့တဲ့ လ တစ်လတည်းမှာ လက်ခံတဲ့ အလုပ်ပေါင်း ၁၆ ခုကို လက်ခံခဲ့ပြီး အပြီးသတ်အလုပ်ပြန် အပ်နှံနိုင်ခဲ့ပါတယ်။ ယခုလမှာလည်း သူမက စင်ကာပူမြို့ တော်ရဲ့ လူကုန်ထံတွေချည်းသာ နေထိုင်တဲ့ Marina Bay နဲ့ Orchard area တစ်ဝိုက်က ဇိမ်ခံတိုက်ခန်းအရောင်း အငှား တွေအပါအဝင် ရောင်းဝယ်ငှားအလုပ်ပေါင်း ၅၀ ကျော်ကို လက်ခံဆောင်ရွက်ပေးခဲ့ပြီး အဲ့ဒီကနေမှ ဒေါ်လာ ၁ ဒသမ ၇ သန်းကို အကျိုးဆောင်ခ ရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ခံထားတဲ့ အိမ်အရောင်းပွဲစားအလုပ်ကို မငြီးမငြူပဲ အော်ဒီ ကားလေးနဲ့ အလုပ်ချိတ်ဆက်တဲ့နေရာတွေကို ဆက် လက်သွားမြဲသွားနေပြီး ဒီထက်ပိုမိုကောင်းမွန်တဲ့ ဘဝရပ် တည်မှုကို ရရှိနိုင်ဖို့ကြိုးစားနေဆဲဖြစ်တဲ့ ဆန်က “ အချိန်က ကျွန်မတို့လက်ထဲမှာပဲ။ ၁၀ နှစ်လား အနှစ် ၂၀ လား။ ဒီက နေ့ အိမ်ခြံမြေပွဲစားတွေက ဖောက်သည်အလုပ်ရှင်တွေအများ ကြီးရဖို့လိုတယ်။ ဒါပေမယ့် နှလုံးသားနဲ့ အလုပ်လုပ်ကိုင်ဖို့ တော့လိုတာပေါ့နော်။ ဒါမှလည်း သင်တို့အချင်းချင်းယုံကြည် မှုဆိုတာတည်ဆောက်နိုင်ပြီး အလုပ်အောင်မြင်နိုင်မယ်လေ။ တစ်ခါတစ်လေမှာ ကျွန်မကို လာလာမေးကြတယ်။ ပိုက်ဆံ က လူတွေကို လိုရာနှင်တာလားတဲ့။ အဲ့ဒီမေးခွန်းကို ကျွန်မ ဖြေမယ်။ ပိုက်ဆံက စေလိုရာနှင်တာမဟုတ်ပါဘူး။ ပိုက်ဆံ ကို စေလိုရာသာနှင်ပါ။ ပိုက်ဆံနဲ့ ဘဝတွေ တိုးတက်ဖို့ကို တွန်းအားပေးကြပါ။ ကျွန်မဆိုလိုချင်တာ ဒါပါပဲ။ ကျွန်မက တော့နှလုံးသားနဲ့အလုပ်လုပ်ပြီး ကျွန်မတို့မိသားစုကို ဒီ့ထက် ပိုကောင်းတဲ့ ဘဝနေထိုင်မှုကိုဖန်တီးပေးမှာပါ” လို့ သူမက ပြောပါတယ်။

Moe Wathan Oo မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Sunday, December 28, 2014

ပထမဆုံး ကရင်အမျိုးသမီး လေယာဉ်မှူး


“နယ်ပယ်စုံမှာ အမျိုးသမီးတိုင်း ခေါင်းဆောင် လုပ်နိုင်တယ်ဆိုတဲ့ စိတ်ထားဖို့ လိုသလို အမျိုးသမီးတွေ အနေနဲ့လည်း ကြိုးစားကြပါ” လို့ ပြောတဲ့ ပထမဆုံး ကရင် အမျိုးသမီး လေယာဉ်မှူး

ကြာသပတေးနေ့၊ ဒီဇင်ဘာလ 25 ရက် 2014 ခုနှစ်
အင်တာဗျူး - ကေအိုင်စီ

ပထမဆုံး ကရင်အမျိုးသမီးလေယာဉ်မှူး နော်ခူးခူဖောအား ကရင်သတင်းဌာန(ကေအိုင်စီ)က ဆက်သွယ်မေးမြန်းခြင်းဖြစ်သည်။

မေး။ ။ နော်ခူးခူဖောအနေနဲ့ လေယာဉ်မယ်အဖြစ် မဟုတ်ဘဲ ဒီလိုလေယာဉ်မှူးအလုပ်ကို လုပ်ဖြစ်သွားရတဲ့အကြောင်းရင်းကို ရှင်းပြပေးပါလား။

ဖြေ။ ။ ယား(ကျမ)အနေနဲ့  ဒီလိုလေယာဉ်မှူး အလုပ်လုပ်ဖြစ်သွားတာကတော့ ခူးခူက ငယ်ငယ်ထဲက အင်ဂျင်နီယာတစ်ယောက် ဖြစ် ချင်ခဲ့တာပါ။ ဒီလိုနဲ့ ဆယ်တန်းအောင်ပြီးတဲ့ နောက်မှာတော့ နည်းပညာ တက္ကသိုလ်ကိုဘဲတက်ပြီး အင်ဂျင်နီယာဘွဲ့ကို ယူခဲ့ပါ တယ်။ ဘွဲ့ရပြီးသွားတဲ့အချိန်မှာ လေယာဉ်စက်ပြင် အင်ဂျင်နီယာအလုပ်နဲ့ အလုပ်လုပ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ မြန်မာ ပြည်မှာက လေယာဉ်စက်ပြင် အင်ဂျင်နီယာအလုပ်က မိန်းကလေးတစ်ယောက်အတွက် လုပ်ဖို့က အဆင်မပြေဘူး။ ကိုယ်က လည်း ဒီလိုင်းကိုပဲ အားသန်တော့ လေယာဉ်မှူးသင်တန်းတက်ဖို့ ဆုံးဖြတ်ခဲ့တယ်။

အဲ့မတိုင်ခင်မှာလည်း ခူးခူက လေကြောင်းလိုင်းတစ်ခုမှာ Operation Department မှာ ၈လလောက် အလုပ်ဝင်လုပ်ခဲ့ပါသေး တယ်။ အဲ့ဒီလေကြောင်းလိုင်းမှာက အမျိုးသမီးလေယာဉ်မှူးတွေလည်း ရှိတယ်။ အဲ့ဒီကတစ်ဆင့် ဝါသနာပါခဲ့တာပါ။ သူတို့ တောင် ဖြစ်သေးတာ ခူးခူလည်း ဖြစ်အောင်ကြိုးစားမယ် ဆိုတဲ့စိတ်နဲ့  လုပ်ဖြစ်ခဲ့တာပေါ့နော်။ ဒီတော့ လေယာဉ်မှူးသင်တန်း မသွားခင်မှာလည်း ဒီက လက်ရှိလေယာဉ်မှူးတွေနဲ့တွေ့ပြီးတော့ အတွေ့အကြုံတွေကို စကားပြောကြည့်ခဲ့တယ်။ သူတို့ကတော့ ကောင်းတာတွေရော၊ ဆိုးတာတွေရော အကုန်လုံး စိတ်ရှည်ရှည်နဲ့ ပြောပြခဲ့ပါတယ်။ ဆိုးတာကတော့ ပိုများတာပေါ့နော်။ မိန်းကလေးဖြစ်တာကြောင့်လည်း ပါတာပေါ့။ ဒါပေမဲ့ ခူးခူဆုံးဖြတ်ပြီးသားကိုပဲ ဆက်လုပ်ဖြစ်ခဲ့တယ်။

မေး။ ။ လေယာဉ်မှူးသင်တန်းက ဘယ်မှာတက်ခဲ့တာလဲ။ အတွေ့အကြုံတွေကိုလည်း ပြောပြပေးပါ။

ဖြေ။ ။ ခူးခူက လေယာဉ်မှူးသင်တန်းကိုတော့ ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ်၊ ဧပြီလမှာ မလေးရှားနိုင်ငံမှာရှိတဲ့ (Asia Pacific Flight Training) ကျောင်းမှာ လေယာဉ်မောင်းသင်တန်းကို စတက်ခဲ့တာပါ။ ၂၀၁၄ခုနှစ်၊ အောက်တိုဘာလမှာ သင်တန်းပြီးခဲ့ပါတယ်။ ပွင့်ပွင့် လင်းလင်းပြောရရင် ဒီသင်တန်းတက်ဖို့က ပိုက်ဆံ သိန်းထောင်ချီကုန်ခဲ့တယ်။ ဖိလစ်ပိုင်မှာဆိုရင်တော့ သိန်းလေးငါးရာလောက် နဲ့ ရတယ်တော့ပြောတယ်။ တချို့ကျတော့ မိဘက ပိုက်ဆံရှိတော့ အချိန်ဆွဲ တက်ကြတာလည်းရှိတယ်။ တစ်ယောက်နဲ့တစ် ယောက်တော့ မတူဘူးပေါ့နော်။ ကိုယ်ကြိုးစားရင် ဘာသာရပ်တွေကို မြန်မြန်ပြီးအောင် ဖြေဆိုအောင်မြင်မယ်။ မကြိုးစားရင် နိုင်ငံခြားဆိုတော့ နေစရိတ် စားစရိတ်ကုန်တာပေါ့။ အဓိကကတော့ ပညာရေးလည်း ကောင်းဖို့လိုသလို ကျန်းမာရေးလည်း အထူးကောင်းဖို့လိုတယ်။ နိုင်ငံခြားမှာဆိုတော့ ကိုယ့်ဘာသာကိုယ် စာကျက်တဲ့အချိန်၊ အနားယူမဲ့အချိန် သီးခြားခွဲပြီး ကိုယ့်ဘာ သာကိုယ်ပြန် စီမံခန့်ခွဲရတာပေါ့။ သင်တန်းမှာတော့ စုစုပေါင်းဘာသာရပ် ၁၅ခုကို ဖြေခဲ့ရတယ်။

မေး။ ။ လေယာဉ်မှူးဖြစ်တဲ့အချိန်မှာ လုပ်ငန်းခွင်ထဲ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရပါသလဲ။ အဲဒီ အခက်အခဲတွေကိုရော ဘယ်လို ရင်ဆိုင်ကျော်ဖြတ်ခဲ့ပါသလဲ။

ဖြေ။ ။ ခူးခူအနေနဲ့တော့ လက်ရှိလေယာဉ်မှူး (Pilot Course)တွေ ပြီးသွားလို့  လိုင်စင်ရပြီးပါပြီ။ လောလောဆယ် ဘယ်လေကြောင်း လိုင်းကိုမှ မဝင်ရသေးပါဘူး။ ဝင်ဖို့ ကြိုးစားပြင်ဆင်နေပါ တယ်။ အခက်အခဲအနေနဲ့ ပြောရမယ်ဆိုရင်တော့ သင်တန်းမှာ တချို့ ဆရာတွေက မိန်းကလေးဆိုရင် သိပ်မကြိုက်ချင်ကြဘူး။ တချို့ကျတော့လည်း မိန်းကလေးဆိုပြီး လျှော့ပေးတယ်ဆိုတာ မရှိဘူး။ ယောက်ျားလေးတွေနဲ့ တန်းတူပဲလုပ်ရတယ်။ ခူးခူတို့မှာ လက်တွေ့ ပျံသန်း(Flying test) ပြီး စာမေးပွဲ ဖြေရတာရှိတယ်။ အဲ့ဒီအ ချိန်မှာ ခူးခူအရမ်းကြောက်တယ်။ ဘာလို့လဲဆိုတော့ စာမေးပွဲစစ်သူက ကိုယ့်ဘေးမှာထိုင်ပြီးတော့ ကိုယ်လေယာဉ်မောင်းတာ ကို လိုက်စစ်တာလေ။ ကျေးဇူးတော်ကြောင့်ပဲ ခူးခူ ပျံသန်းမှု စစ်ဆေးတိုင်းကို အောင်မြင်ခဲ့ပါတယ်။

မေး။ ။ မိသားစုနဲ့ ကိုယ့်ရဲ့ လူမှုအသိုင်းအ၀ိုင်းက ခူးခူဖောရဲ့ ဒီလုပ်ငန်းအပေါ် အားပေးပံ့ပိုးမှုတွေက ဘယ်လိုတွေရှိသလဲဆို တာ အားလုံးလည်း သိသွားရအောင် ကေအိုင်စီကနေတဆင့် ရှင်းပြပေးစေချင်ပါတယ်။

ဖြေ။ ။ အခုလို လေယာဉ်မှူးသင်တန်းကို ခူးခူသွားတက်တာ မိဘနှစ်ပါးရဲ့ ထောက်ပံ့မှုနဲ့ပါ။ သူတို့ကလည်း ကြိုးစားပြီး ငွေအားနဲ့ရော အကြံဥာဏ်အား၊ လူအားနဲ့ပါ ပံ့ပိုးပေးခဲ့ပါတယ်။

မေး။ ။ ထူးထူးခြားခြား ကရင်တိုင်းရင်းသားအမျိုးသမီးတွေထဲမှာ လေယာဉ်မှူးဖြစ်လာသူတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ ကိုယ် ပိုင် ခံစားချက်လေးကို ပြောပြပေးပါလား။

ဖြေ။ ။ ကရင်အမျိုးသမီးတွေထဲမှာ ပထမဦးဆုံး လေယာဉ်မှူး ဖြစ်လာတဲ့အတွက် ဝမ်းသာပါတယ်။ ဒါကိုလည်း သင်တန်းမှာတုန်းက ကရင်အမျိုးသမီးတွေထဲမှာ ပထမဆုံး လေယာဉ်မှူးဖြစ်မယ်ဆိုတာကို သိခဲ့ရတာပါ။ ကရင်အမျိုးသမီးဖြစ်တာကို ဂုဏ်ယူသလို အခုလို ဖြစ်လာတာကိုလည်း ကရင်အမျိုးသားတစ်ရပ်လုံးအတွက် ခူးခူ ဝမ်းသာဂုဏ်ယူမိပါတယ်။

မေး။ ။ နော်ခူးခူဖောအနေနဲ့ နောင်လာမဲ့ ကိုယ့်ရဲ့အနာဂတ်အတွက် ဘာတွေလုပ်သွားမယ်လို့ စိတ်ကူးထားပါသလဲ။

ဖြေ။ ။ခူးခူအနေနဲ့ကတော့ အနာဂတ်မှာ ဒီလေယာဉ်မှူးအလုပ်ကိုပဲ ပိုပိုပြီး အဆင်ပြေအောင်မြင်အောင် ကြိုးစားသွားမှာပါ။ နောက် တစ်ဖက်ကနေလည်း ဒီလိုသင်တန်းကိုတက်ချင်တဲ့ လူငယ်တွေကို ကိုယ့်အတွေ့အကြုံနဲ့ အကြံပေးသွားဖို့လည်းရှိပါတယ်။ စိတ် ဝင်စားတဲ့ ဘယ်သူမဆို ဆက်သွယ်နိုင်တယ်လို့လည်း ပြောချင်ပါတယ်။ နောက်တခုက ခူးခူရဲ့အဖိုးဆို ရန်ကုန် ကရင်နှစ်သစ်ကူး ကျင်းပရေး ဗဟိုကော်မတီရဲ့ ပထမဦးဆုံး နှစ်သစ်ကူးပွဲ ပြုလုပ်နိုင်ဖို့အတွက် ဦးဆောင်စီစဉ်ခဲ့သူပါ။ ဒါကြောင့် ကရင်အမျိုးသား ရေးကိုလည်း ကိုယ်တတ်နိုင်တဲ့ဘက်က လုပ်သွားဖို့ စဉ်းစားထားပါတယ်။

မေး။ ။ ကရင်အမျိုးသမီး အပါအ၀င် မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးလူငယ်တွေကို ကရင်သတင်းဋ္ဌာန(ကေအိုင်စီ)ကနေတဆင့် ဘယ်လိုအားပေးအမှာစကားတွေများ ပြောဆိုချင်ပါသလဲ။

ဖြေ။ ။ ကရင်အမျိုးသမီးတွေအတွက်တော့ပြောချင်တာကိုယ်ဖြစ်ချင်တာကို ဖြစ်အောင်ကြိုးစားပါ။ အထူးသဖြင့် ကရင်လူငယ် အမျိုး သားရော အားလုံးကိုပေါ့။ ပြောချင်တာ ဒီခေတ်က ပညာခေတ်ဖြစ်တယ်။ ဒီတော့ ပညာကိုဘယ်နည်းနဲ့ပဲဖြစ်ဖြစ် ကြိုးစားသင်ပါ။ အားမငယ်ပါနဲ့။ မိန်းကလေးပဲမို့ အားငယ်နေစရာမလိုပါဘူး။ ငါလုပ်နိုင်တယ်ဆိုတဲ့ စိတ်ကိုထားပါ။ တခုထပ်ပြောချင်တာကတော့ ကျား၊ မ ခွဲခြားတာတွေက ခူးခူတို့ လူမှုအသိုင်းအဝိုင်းမှာ တချို့အပိုင်းတွေ ရှိနေသေးပေမဲ့ အမျိုးသမီးတိုင်းလည်း လူမှုအဖွဲ့အ စည်းတွေမှာ ခေါင်းဆောင်ပိုင်းတွေရှိသလို ကောင်းမွန်အောင်မြင်စွာ ခေါင်းဆောင်မှုပေးနေတာ အခု တွေ့မြင်နေရတာပဲ။ ဒါ ကြောင့် နယ်ပယ်စုံမှာ အမျိုးသမီးတိုင်း ခေါင်းဆောင်လုပ်နိုင်တယ်ဆိုတဲ့ စိတ်ထားဖို့လိုသလို အမျိုးသမီးတွေအနေနဲ့လည်း ကြိုး စားကြပါလို့ တိုက်တွန်းချင်ပါတယ်။

မေး။ ။နောက်ထပ်ဘာများ ဖြည့်စွက်ပြောဆိုချင်တာရှိပါသေးသလဲ။

ဖြေ။ ။ ခူးခူးအနေနဲ့တော့ ထွေထွေထူးထူး မပြောချင်ပါဘူး။ အခုလို စိတ်ဝင်တစားနဲ့ မေးမြန်းတာ ကို ကျေးဇူးအများကြီးတင်ပါတယ်။ (တာဘလု)နော်။

အသက် ၂၄နှစ်အရွယ်ရှိ နော်ခူးခူဖောကို မိဘများဖြစ်ကြသည့် နော်မာနေထူးနှင့် စောကျော်ဌေးရင်တို့က (၁-၁၀-၁၉၉၀)ခုနှစ် တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ သူမသည် မွေးချင်းမောင်နှမနှစ်ဦးအနက် အကြီးဖြစ်ပြီး မောင်လေးတစ်ဦးရှိသည်။ ၀ါသနာ အားဖြင့် စာဖတ်ခြင်းနှင့် သီချင်းနားထောင်ခြင်းကို ခုံမင်သူဖြစ်သည်။

ငယ်စဉ်က ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ အ.မ.က(၈)၌ မူလတန်းကိုလည်းကောင်း၊ အ.မ.က(၄)အင်းစိန်၌ ပဉ္စမတန်းကိုလည်း ကောင်း၊ ဆဋ္ဌမတန်းမှ တက္ကသိုလ်ဝင်တန်းအထိ အ.ထ.က(၂) ကမာရွတ်မြို့နယ်၌ အောင်မြင်ခဲ့ပြီးနောက် BE(Electronic Communication) ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်တွင် ၂၀၁၁ခုနှစ်က ပညာသင်ကြား အောင်မြင်ခဲ့သူဖြစ်သည်။

Shared from Zawzaw Zaw (FB)

Thursday, October 23, 2014

အိန္ဒိယ စိန်သူဌေး ၀န်ထမ်းတွေကို အိမ်တွေ၊ ကားတွေ လက်ဆောင်ပေး


အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်က စိန်ကုန်သည်တစ်ဦးဟာ လုပ်ငန်းရည်ရွယ်ချက်ပြည့်မီတဲ့အတွက် ဆုလာဘ်အနေနဲ့ ၄င်းရဲ့ ၀န်ထမ်းတွေကို ဒေါ်လာ ၈ သန်း တန်ဖိုးရှိတဲ့ ကား၊ အိမ်နဲ့ စိန်တွေ လက်ဆောင်ပေးခဲ့ပါတယ်။
ဆူရတ်မြို့က Hrishikesh Exporters ကုမ္ပဏီကိုပိုင်တဲ့ ဆက်ဗ်ဂျီဒဟိုလာကီ ဟာ ကား ၄၉၁ စီး၊ စိန်ထည် ၅၂၅ခု၊ တိုက်ခန်း ၂၀၀ တို့ကို ၀န်ထမ်းတွေကို ပေးခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းက သူ့ရဲ့ဝန်ထမ်း ၇၅၀၀ အနက် ၁၂၀၀ကျော်ဟာ ယင်းလက် ဆောင်တွေရရှိခဲ့ကြပါတယ်။ သူဟာ ၂၀၁၂ က ၀န်ထမ်း သုံးဦး၊ မနှစ်က ၀န်ထမ်း ၇၂ဦးတို့ကို ကားတွေလက်ဆောင်ပေးခဲ့ပါသေးတယ်။ သူ့ကုမ္ပဏီဟာ ဆူရတ်မြို့မှာ အကျော်ကြားဆုံးစိန်တင်ပို့တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး အမေရိကန်၊ ဘယ်လ်ဂျီယံ နဲ့ တရုတ်နိုင်ငံတွေမှာ ရုံးတွေ ရှိတယ်လို့ သိရပါတယ်။
သူက ` ဒီကုမ္ပဏီက မင်းတို့ကြောင့် အမြတ်တွေရနေတာပါ။ မင်းတို့ပျော်ရင် ငါတို့လည်း ထပ်ပြီး တိုးတက်အောင်မြင်မယ်၊ ငါ့ရဲ့ အမြတ် တွေကို မင်းတို့လည်း အကျိုးခံစားကြပါ´ လို့ ၀န်ထမ်းတွေကို ပြောခဲ့ပါတယ်။
သူ့ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်အတွက် မနှစ်က ကားတစ်စီးရခဲ့ပြီး ဒီနှစ် စိန်ထည်ပစ္စည်းလက်ဆောင်ရခဲ့တဲ့ ၀န်ထမ်း မိုင်နီက ` အတိုင်းမသိပျော်ပါတယ်။ ဒီနှစ်မှာ ကုမ္ပဏီက အရင်တုန်းက အိမ်တွေ၊ ရတနာတွေ ရဖူးတဲ့လူတွေကို ကားတွေပေးပြီး၊ ကားတွေ ရတနာ တွေ ရဖူးတဲ့လူတွေကို အိမ်တွေပေးပါတယ်။ ကားရတဲ့ အလုပ်သမားတွေအများကြီးပဲ။ အခုဆိုကားမောင်းသင်နေကြပြီ ´ လို့ ပြောပါတယ်။

ဘာသာပြန်.. ထက်ဦးစံ
Ref: BBC

ပုံစာ။ လက်ဆောင်ပေးပွဲအခမ်းအနားကိုတွေ့ရစဉ်
Shared from Kumudra (FB)

Saturday, October 18, 2014

"ကျွန်မ အလည်တစ်ခေါက်ရောက်ခဲ့သော သံလျှင် သဘာဝ တရားရိပ်သာအကြောင်း"


-သံလျှင် သဘာဝတရားရိပ်သာသည် ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုများ ၊လူမမာများ လွတ်လပ်စွာ တရားအားထုတ်ဖြစ်စေလိုသောစေတနာဖြင့် ဆရာတော်ဦးဥတ္တမသာရ ကိုယ်တိုင်ဦးစီး၍ ဦးကျော်အေး+ဒေါ်ခင်ဆွေဦး တို့မှ မြေ(၃ ဧက) မတည်လှူဒါန်းကာ (၁၆.၆.၂၀၀၈)နေ့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။

-လူတန်းစားပေါင်းစုံအတွက် ရေရှည်အဆင်ပြေစေလိုသော ရည်ရွယ်ချက်ဖြင့် ဆွမ်းစရိတ် ကောက်ခံခြင်း မရှိပါ။

-မည်သူမဆို ရက်အကန့်အသတ်မရှိ ရာသက်ပန် တရားအားထုတ်နိုင်သော ရိပ်သာဖြစ်ခြင်းကြောင့် ရပ်ဝေး ရပ်နီးမှ ယောဂီသူတော်ကောင်းများနှင့် အများအကျိုး ဆောင်ရွက်လိုသူများလည်း တဖြေးဖြေးချင်း ပို၍ စုမိလာခဲ့ပါသည်။

-ထို့အတူ လောကဓံ၏ ရိုက်ပုတ်မှုလှိုင်းတံပိုးအောက်မှာ ခိုကိုးရာမဲ့ ဖြစ်နေသော သက်ကြီးရွယ်အိုများ၊ လူမမမာများ ၊အခြေအနေအမျိုးမျိုးကြောင့် အားကိုးရာမဲ့နေသော အထီးကျန်နေသူများ နှင့် စိတ်ဝေဒနာရှင်များ၏ ၀င်ရောက်ခိုလှုံရာလည်း ဖြစ်သည်။

-စားဝတ်နေရေး အဆင်မပြေသော ခိုကိုးရာမဲ့ မိသားစုများ၏ အားကိုးရာလည်း ဖြစ်ပါသည်။

-ယခု ၂၀၁၄ ခုနှစ်တွင် ရိပ်သာဧရိယာ ဧက(၅၀)ကျော်၌ အမြဲနေယောဂီ(၂၄၀၀ ကျော်) နှင့် (ဧက ၂၀ ကျော်)သော စေတနာရွာတွင် ဆင်းရဲနွမ်းပါးသော ခိုကိုးရာမဲ့ မိသားစု(၂၅၀၀)ကျော် မှီတင်းနေထိုင်လျှက်ရှိနေပါသည်။

-ယောဂီတို့ ငြိမ်းချမ်းစွာ ဘ၀ကူးပြောင်းရာ အနေကောင်း ၊အသေကောင်းသည့် ရိပ်သာ ဖြစ်ပါသည်။ရိပ်သာ သက်တမ်း (၆ နှစ်)အတွင်း ယောဂီပေါင်း (၃၃၀)ကျော် ကွယ်လွန်ပြီး ဖြစ်ပါသည်။

-အမျိုးမျိုးသော ယောဂီ ပရိဿ တ်များ၏ စားဝတ်နေရေး ၊ကျန်းမာရေး ပြဿ နာမျိုးစုံကို ဆရာတော် ဦးဥတ္တမသာရမှ တာဝန်ယူ ဖြေရှင်းပေးလျှက်ရှိသလို သစ္စာတရားဓမ္မများကိုလည်း နေ့စဉ် ဟောကြားပေးလျှက် ရှိနေပါသည်။

-ယောဂီအားလုံး၏ စားဝတ်နေရေးအတွက် သာကေတ၊ဗိုလ်တစ်ထောင်၊ လသာ၊ လမ်းမတော်၊ အလုံ နှင့် ကျောက်မြောင်းမြို့နယ်များသို့ သဘာဝတရားရိပ်သာ သံဃာတော်များနှင့် စာသင်သားကိုရင်များက ပုံမှန် ဆွမ်းခံကြွကြသလို အချိန်ရပါက ဆရာတော်ကိုယ်တိုင် တန်းဆွမ်းကို ဦးဆောင်ကာ ဆွမ်းခံကြွကာ ယောဂီများနေ့စဉ် စားဝတ်နေရေး အဆင်ပြေနိုင်ရန်အတွက် ဆောင်ရွက်ပေးလျှက်ရှိနေပါသည်။

-ရိပ်သာတွင် နေထိုင်သူ ယောဂီ(၂၄၀၀ ဦး) ကျော်ထဲတွင် -
ရဟန်းအပါး(၂၅၀)ကျော်၊ သီလရှင်အပါး (၂၀၀)ကျော်၊ သက်ကြီးရွယ်အို (၆၀၀)ကျော်၊ အရေးကြီး လူမမာ(၁၅၀)ကျော် အပါအ၀င် လူမမာပေါင်း (၅၀၀)ကျော်၊ မိသားစုပေါင်း (၇၀)ကျော်၊ကလေးသူငယ်ပေါင်း (၁၂၀)ကျော်တို့ ပါဝင်ပါသည်။

-သက်ကြီးရွယ်အိုနှင့် လူမမာအများစုမှာ နေရာအခက်အခဲကြောင့် ကျောတစ်နေရာစာ နေရာကိုယ်စီဖြင့် ယာယီတဲဆောင်များတွင် စုပေါင်းနေထိုင်ကြရပါသည်။

-သဘာဝတရားရိပ်သာအတွင်း နှင့် ပြင်ပမှ သက်ကြီးရွယ်အိုများ၊လူမမာများအတွက် အဓိကစောင့်ရှောက်ပေးနိုင်ရန် ရည်ရွယ်၍ သိန်းပေါင်း (၉၀၀၀)ကျော် ကုန်ကျမည့် (၆ ထပ်)တရားဆေးရုံကြီးကို သဘာဝတရားရိပ်သာအတွင်း ဆရာတော်ဦးဥတ္တမသာရမှ ဦးဆောင်၍ အကောင်အထည်ဖော်နေပါသောကြောင့် စေတနာရှင် အလှူရှင်များ ပိုမိုရရှိနိုင်စေခြင်း အကျိုးငှာ ဤပို့စ်ကို Shareပေး ခြင်းဖြင့် ပရဟိတကုသိုလ်များ ယူနိုင်ကြစေရန်အတွက် မောင်နှမများအား လေးစားစွာဖြင့် မေတ္တာရပ်ခံလိုက်ရပါတယ်ရှင်။

-ယခု ခိုကိုးရာမဲ့ဘိုးဘွား ၊လူနာများအတွက် ကျောချရန် ကုတင်များမလုံလောက်ပါသောကြောင့် မနေ့က ကျွန်မ သဘာဝတရားရိပ်သာသို့ရောက်စဉ်တွင် သံကုတင်များ လုပ်နေတာကိုတွေ့ရ၍ စေတနာရှင်များ မိမိတတ်နိုင်သလောက် လှူဒါန်းနိုင်ကြစေရန်အတွက် ကုန်ကျစရိတ်မေးမြန်းကြည့်ရာ သံကုတင်တစ်လုံးကို (၅၅,၀၀၀ ကျပ်) ဖြင့် လှူဒါန်းနိုင်ကြပါကြောင်း နှင့် တစ်နေ့တာ ဆွမ်းအလှူများအတွက် လှူဒါန်းလိုကြပါက ပုံပါကုန်ကျငွေများအတိုင်း တိုက်ရိုက်ဖြစ်စေ ကျွန်မမှတဆင့်ဖြစ်စေ လှူဒါန်းနိုင်ကြပါကြောင်း လေးစားစွာဖြင့် အလှူရှင်များအား ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။

အမှန်တကယ်လိုအပ်သူများအတွက် မိမိတတ်နိုင်သလောက် ကုသိုလ်ပါဝင်ယူကာ ပီတိပွားနိုင်ကြပါစေရှင်။

Ps- စေတနာရှင် အလှူရှင်များ ပိုမိုရရှိနိုငစေရန်အတွက် ပို့စ်ကို Share ခြင်းဖြင့် ကုသိုလ်ပါဝင်ယူနိုင်ကြပါတယ်ရှင်။

ဆက်သွယ်လှူဒါန်းရန်-

-ဒေါ်ဝါ၀ါခိုင်မင်း Nan War War Mg (ဖုန်း- ၀၉၇၃၀၉၅၈၅၁)
ငွေလွှဲရန်- KBZ(ရန်ကင်း) - 127-301-12700290701

-မစုငယ်ဝင်း(စင်္ကာပူ) Su Nge Win
Posb Saving 245-66999-2
ph 91136144

လေးစားစွာဖြင့်-

ဝါ၀ါခိုင်မင်း
https://www.facebook.com/yoonmeme2009?fref=ufi

Monday, September 22, 2014

အသက် ၅၈ နှစ်ပေမယ့် လှသွေးကြွယ်နေသေးတဲ့ Liu Xiaoqing


တရုတ်မင်းသမီး Liu Xiaoqing ဟာ အသက် ၅၈ နှစ် ရှိပါပြီ။ သို့ပေမယ့် ပုံမှာ မြင်တွေ့ ရသလိုပဲ သူဟာ ၂၀ ကျော်သက် အမျိုးသမီး တစ်ဦးလို့ ထင်ရလောက်အောင် နုပျိုလျက် ရှိပါတယ်။ သူမဟာ ၁၉၇၀ ကျော်က စလို့ အနုပညာ လောကကို စတင် ဝင်ရောက် ခဲ့ပြီး ယနေ့မှာတော့ စီးပွားရေး လုပ်ငန်း ရှင် တစ်ဦးလည်း ဖြစ်ပါတယ်။

၁၉၉၉ ခုနှစ်က တရုတ်ပြည်ရဲ့ အချမ်းသာဆုံး စီးပွားရေး လုပ်ငန်းရှင် အယောက် ၅၀ စာရင်းထဲမှာ အဆင့် ၄၅ နဲ့ ပါဝင်ခဲ့ ပါတယ်။ ယနေ့တိုင်လည်း ရုပ်ရှင်များ လည်း ရိုက်ကူးနေဆဲ ဖြစ်ပါ တယ်။ ၁၉၈၀ ကျော်တုန်းက အင်မတန် အောင်မြင် ခဲ့တဲ့ မင်းသမီး ဖြစ်ပေမယ့် ယနေ့ ခေတ်မှာတော့ သူမဟာ စီးပွားရေး လုပ်ငန်းနဲ့ ရုပ်ရှင် ထုတ်လုပ်ရေး တို့မှာပဲ ဦးစားပေးလျက် ရှိသူ ဖြစ်ပါတယ်။ စီးပွားရေးမှာ အောင်မြင်ပေမယ့် အခွန် ရှောင်တိမ်းမှုကြောင့် တရားရင်ဆိုင်ရမှု၊ ဒဏ်ကြေးငွေ ယွမ်ငွေ သန်းချီl ဆောင်ရမှုများ ရှိခဲ့ ပါတယ်။ From A Movie Star to A Billionaire ဆိုတဲ့အမည်နဲ့လည်း သူမရဲ့ အကြောင်းကို စာအုပ်ထုတ် ရေးသားခဲ့ဖူးပါတယ်။

အသက်အရွယ်အားဖြင့် ကြီးပေမယ့် ရုပ်ရှည်က နုပါတယ်။ အိမ်ထောင် နှစ်ဆက် ရှိပါတယ်။ ဘဝ အတွေ့အကြုံကလည်း ရင့်ကျက်တော့ တရုတ်ပြည်မှာ ထက်မြတ်တဲ့ အမျိုးသမီး တစ်ဦး အဖြစ် ပြောစမတ်ပြုကြ ပါတယ်။
.
Ref: wiki,metro
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

Wednesday, August 6, 2014

ဘန်ကောက်က ကားစပယ်ယာ ရန်ကုန်ကို ပို့လိုက်ပါ


ဗုဒ္ဓဟူးနေ့က ဘန်ကောက်ပို့စ်သတင်းစာက အွန်လိုင်းမှာ၂ မိနစ်စာ ရုပ်သံဖိုင်တခု ထည့်လိုက်ပါတယ်။

ဘန်ကောက်မြို့ အမှတ် ၇၉ ဘတ်စ်ကားလိုင်းမှာ လုပ်ကိုင်နေတဲ့ ကားစပယ်ယာတယောက်အကြောင်း ရိုက်ကူးထားခြင်းပါ။

ဘန်ကောက်မှာ တခြားသော ကားစပယ်ယာများက ကားလက်မှတ်ရောင်းတဲ့အလုပ်ပဲ လုပ်ပေမယ့် သူက အဲဒါထက် ပိုပြီး လုပ်သူပါ။

သူက ခရီးသည်တွေနဲ့ တရင်းတနှီးနေ၊ စကားပြောတယ်။
စာအုပ်တအုပ်ကိုင်ပြီး စာဖတ်ပြလိုက်ပါသေးတယ်။ အပျင်းပြေအောင် ဖြစ်ပါလိမ့်မယ်။
ဒါက ခရီးစဉ်တိုင်း သူ လုပ်နေကျပါပဲ တဲ့။
(သူ့အသံ အမြဲကြားရမယ့် ကားဒရိုင်ဘာကတော့ စိတ်ညစ်နိုင်တယ် သို့မဟုတ် သဘောကျလိမ့်မယ်။
ခရီးသည်တချို့လည်း သူ စာဖတ်ပြတာကို ကြိုက်ချင်မှ ကြိုက်မယ်)

သေချာတာကတော့ ခရီးသည်တွေကို သူက ၀န်ဆောင်မှုကောင်းကောင်းပေးဖို့ ကြိုးစား၊ ဖျော်ဖြေတင်ဆက်ဖို့ ကြိုးစားနေခြင်းပါပဲ။

ခရီးသည်တွေဆီကနေ ရလာတဲ့ တုန့်ပြန်ချက်တွေကြောင့် ဝမ်းသာရတယ်၊ ဒီရဲ့ ပီတိကို ဘယ်မှာမှ သွားဝယ်လို့ မရဘူးလို့ သူက ပြောဆိုတာကို ရုပ်သံမှာ ဖော်ပြပါတယ်။

ခရီးသည်တွေ သူ့ကို တွေ့တာနဲ့ နွေးထွေးမှု ရသွားစေချင်ပါတယ် တဲ့။

သူ့နာမည်က Paitoon Samraj

ခရီးသည်တဦးရဲ့ အိတ်ကို ကူညီ သယ်ချပေးတာလည်း တွေ့ရပါမယ်။

ရန်ကုန်က ဘတ်စ်ကားတွေမှာ သူ့လိုမျိုး ကားစပယ်ယာ ရှိမယ်ဆိုရင် ကောင်းမှာပဲ။

ရန်ကုန်က ကားစပယ်ယာများလည်း အဆက်မပြတ် ပြောနေကြတာပါပဲ။ သို့သော်လည်း ပြောပုံခြင်းတော့ မတူပါလေ။

အမျိုးသမီး ခရီးသည်တယောက်ဆိုရင် ဘောပြားမ ဆိုပြီး စပယ်ယာက ဆူပူပြောဆိုတာ ခံရတယ်၊ ကားပေါ်ကအဆင်းမှာ ကန်ချခံရလို့ ကားပေါ်ကနေ မှောက်လျက် ပြုတ်ကျတယ်လို့ မှုခင်းသတင်းတပုဒ်က ဆိုတယ်။ ဒါကတော့ အဆိုးဆုံးသော ဖြစ်ရပ်တခု ဆိုပါစို့။

ခရီးသည်တွေ ကားစပယ်ယာတချို့ရဲ့ဒဏ်ကို ခံနေရတာကတော့ ရန်ကုန်ရဲ့ပုံရိပ်ဆိုးတခုပါပဲ။

ကားစပယ်ယာတချို့ ရိုင်းစိုင်းတာတော့ ဟုတ်ပါပြီ။ ယာဉ်မောင်းသူတွေကရော?

ရန်ကုန်က ယာဉ်မောင်းသူတွေအကြောင်း သိချင်ရင် ရန်ကုန်မြို့ထဲမှာ လမ်းကူးကြည့်လိုက်ရုံပါပဲ။
ခင်ဗျားတို့ကို လမ်းပေါ်မှာ လမ်းလျှောက်ခွင့်မပေးချင်တဲ့ ယာဉ်မောင်းတွေ အများအပြား ရှိတယ်ဆိုတာကို အံ့သြတကြီး တွေ့ရပါလိမ့်မယ်။

လူအများအပြား စိတ်ရိုင်းဝင်လာကြခြင်းဟာ ဘာကြောင့်များလဲ။
ဒါကတော့... ဆက်လက် ဆွေးနွေးငြင်းခုံလို့ကောင်းတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။

ပုခက်လွှဲသော လက်ပိုင်ရှင် ယာဉ်နောက်လိုက်များ

http://burma.irrawaddy.org/business/2014/06/03/59803.html

ရန်ကုန်မြို့တွင် ခရီးသွားခြင်း

http://burma.irrawaddy.org/article/2013/10/14/49501.html

http://burma.irrawaddy.org/

Shared from Irrawaddy (Burmese Version) (FB)

Sunday, August 3, 2014

သူငယ်ချင်းတို့ကို ဖတ်စေချင်လွန်းလို့


သူငယ်ချင်းတို့ကို ဖတ်စေချင်လွန်းလို့ ဖတ်ဖြစ်အောင်ဖတ်ပါ
======================================
မိခင်ရဲ့ ထဘီ၊အင်္ကျီတွေကို ကိုယ်တိုင်လျှော်ပေးသည့် လူတိုင်းသိထားရမည့် နိုင်ငံခြားဝန်ထောက်မင်းကြီး ဦးခြိမ့်၏
မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးပုံ
======================================
ကျမ်းပြုပညာရှင် အမတ်ကြီးဦးခြိမ့် ''ဘယ်လို ကုသိုလ်မျိုးတွေများ လုပ်ခဲ့သလဲ''ရှာဖွေကြည့်တော့
ဦးခြိမ့်ရဲ့ နိဗဒ္ဓဝတ်ကုသိုလ်ဦးခြိမ့်ရဲ့ ကုသိုလ်ကို တွေ့လိုက်ရတာ အခြားဟုတ်ပါရိုးလား။ ငွေကုန်ကျမှုမရှိတဲ့ ကုသိုလ်မျိုးဖြစ်နေတာ တွေ့ရတယ်။ အိမ်ကနေပြီး မင်းတုန်းမင်းကြီးထံ အခစားသွားတဲ့အခါ လမ်းခုလတ်မှာ သူ့မိခင်ရဲ့အိမ်ရှိတယ်။ ဒီအချိန်မှာ ဖခင်ကြီးကတော့ ရှိဟန်မတူတော့ပါဘူး။

မင်းတုန်းမင်းကြီးထံ အခစားသွားတဲ့အခါ သူ့ရဲ့မိခင်ကို ဝင်ပြီးရှိခိုးတယ်။ ပူဇော်တယ်။ နန်းတွင်းက ပြန်လာတဲ့အခါမှာလည်း မိခင်ကို ဝင်ပြီးရှိခိုးတယ်။ ပူဇော်တယ်တဲ့။ ငွေကြေးကုန်ကျမှု ဘယ်လောက်ရှိသလဲလို့ စဉ်းစားကြည့်ပေါ့။ပိုက်ဆံတစ်ပြားမှ မကုန်ဘဲနဲ့ ကုသိုလ်တွေ ရနေတာပါ။ နေ့စဉ် တစ်ရက်ကို တစ်ခေါက်သွားရင် နှစ်ကြိမ် ရှိခိုးပူဇော်ပြီးသား ဖြစ်တယ်။
တစ်ရက်ကို နှစ်ခေါက်သွားရင် လေးကြိမ် ရှိခိုးပူဇော်ပြီးသား ဖြစ်တယ်။ သုံးခေါက်သွားရင် ခြောက်ကြိမ် ရှိခိုးပူဇော်ပြီးသား ဖြစ်တယ်။ ဒီတော့ မိဘကျေးဇူးကို သိပြီးတော့ မိဘကို ရှိခိုးပူဇော်တယ်။ စားကောင်းသောက်ဖွယ်ပို့ပေးတယ်။ ကျေးဇူးဆပ်တယ်။ သူ့ရဲ့နှလုံးသားထဲမှာ ကုသိုလ်တရားတွေအများကြီးဖြစ်နေခဲ့ပါတယ်။
ဒါဟာ ဦးခြိမ့် နေ့စဉ်ဆည်းပူးနေတဲ့ နိဗဒ္ဓဝတ်ကုသိုလ်တွေပေါ့။ ဦးခြိမ့်ပြုလုပ်ခဲ့တဲ့ ကုသိုလ်တွေကို ဘုန်းကြီး ဆက်ပြောပြဦးမယ်။ သူ့အိမ်မှာ ဟင်းကောင်းလေးတွေ ချက်တယ်ဆိုရင် ဦးဦးဖျားဖျား မိခင်ဆီကို ကိုယ်တိုင်သွားပို့တယ်။ ဒါလည်း ပြောသလောက်ကြီး ငွေကုန်တာမဟုတ်ဘူး။ ချက်တဲ့ဟင်းကို သွားပို့တဲ့အတွက်သူ့မှာ ကုသိုလ်စေတနာတွေ ဖြစ်ပွါးနေတယ်။ ဟင်းက ငွေကြေးအရ ဘာမှတန်းဖိုးရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် မိခင်ကို ကျွေးမွေးလိုတဲ့ ကုသိုလ်စေတနာကတော့ တန်ဖိုးဖြတ်လို့ မရပါဘူး။တိရစ္ဆာန်ကို ကျွေးမွေးတာတောင်မှ ကုသိုလ်ဖြစ်သေးတာပဲ။ ကျေးဇူးရှင်မိဘကို ဦးဦးဖျားဖျားလေးတွေကို ကျွေးမွေးလိုတဲ့ ကုသိုလ်စေတနာဟာ ဘယ်လောက်မွန်မြတ်သလဲ။

ယနေ့ခေတ်လူငယ်တွေစဉ်းစားသုံးသပ်ဖို့ကောင်းတယ်။နောက်ပြီး ထူးထူးဆန်းဆန်းပြုလုပ်တဲ့ ကုသိုလ်တစ်ခုကိုသွားတွေ့ရသေးတယ်။ သူ့ရဲ့ မိခင်အိမ်ကို ရောက်တဲ့အခါ မိခင်ရဲ့အဝတ်အစားဖြစ်တဲ့ ထဘီ၊ အင်္ကျီတွေကို ညစ်နွမ်းနေတာတွေ့ရင်ဦးခြိမ့်က အလဲခိုင်း
တယ်။ ပြီးတော့ သူ့အိမ်ယူသွားပြီး ညဦးကတည်းက အင်တုံကြီးထဲမှာ စိမ်ထားလိုက်တယ်။ အစေခံတွေ၊ အလုပ်သမားတွေကို မလျှော်ခိုင်းဘူး။ မနက်ကျတော့ မိခင်ရဲ့ ထဘီ၊အင်္ကျီတွေကို ကိုယ်တိုင်လျှော်တယ်။ခြောက်သွားတဲ့အခါ ခေါက်ပြီးတော့ မိခင်ဆီကို ပြန်ပို့တယ်။ အင်တုံထဲမှာ ထဘီ၊ အင်္ကျီတွေစိမ်ထားတဲ့ ချေးရည်တွေ ကျန်နေတယ်။ ဦးခြိမ့်က အပေါ်ယံရေကြည်တွေကို ခပ်ပြီး သွန်ပစ်တယ်။ အနှစ်ရည်တွေပဲ ကျန်ရစ်နေတယ်။ ဒီအနှစ်ရည်တွေကို နေပူလှန်းလိုက်တော့ ခဲသွားတာပေါ့။ ဒီချေးခဲလေးတွေကို ကျောက်ပျဉ်ပေါ်မှာ မှုန့်မှုန့်ညက်ညက် ကျေအောင်ကြိတ်ပြီး သူတို့ခေတ်က နံ့သာဆီတို့၊ ပန်းပေါင်းဆီတို့နဲ့ ရောပြီး အခဲလေးတွေလုပ်။ ပြီးတော့ နားမှာပန်ပြီး မင်းကြီးဆီ အခစားဝင်တယ်တဲ့။

မိခင်ကို အမှီပြုပြီး ဦးခြိမ့်ရဲ့ နှလုံးသားမှာ ဖြစ်ပွါးသွားတဲ့ ကုသိုလ်စေတနာတွေကို မှန်းဆကြည့်ပါ။ သိပ်ပြီး ကြည်ညိုစရာကောင်းသလို အားကျအတုယူစရာလည်း ကောင်းပါတယ်။ အကျိုးတရားအနေနဲ့ ကြည့်လိုက်ရင်လည်း ဒီဘဝမှာပဲ ဥရောပအပါအဝင်နိုင်ငံခြားကို အခေါက်ခေါက်အခါခါ သွားရတယ်။ နိုင်ငံခြားမင်းတွေရဲ့ ဆုတံဆိပ်အမျိုးမျိုး ချီးမြှင့်တာကိုလည်း ခံရတယ်။ ပညာကို မြတ်မြတ်နိုးနိုး ကြိုးစားတဲ့အတွက်၊ စာဖတ်အားကောင်းတဲ့အတွက် ပညာရှိကျမ်းပြုပုဂ္ဂိုလ် ဖြစ်သွားတယ်။ သိပ်ပြီးတော့ အားကျစရာကောင်းတယ်။ သူပြုလုပ်တဲ့ ကုသိုလ်တွေဟာ ငွေကုန်တဲ့ကုသိုလ်တွေ မဟုတ်ဘူး။ ဘယ်သူမဆို လက်လှမ်းမီ
ကြပါတယ်။ ဒါပေမယ့်လူတိုင်းကတော့ မလုပ်နိုင်ကြဘူး။ ဒါလေးတွေကို မှော်ဘီဆရာသိန်းက မှတ်တမ်းတင်ခဲ့လို့ ဘုန်းကြီးတို့ သိခွင့်ရကြတာပါ။ မိဘကို ပြုစုလုပ်ကျွေးတဲ့ကုသိုလ်ဟာ နောက်ဘဝအထိ မစောင့်ပါဘူး။ ဒီဘဝမှာပဲ လက်ငင်း အကျိုးပေးတယ်လို့ ဆရာသမားတွေက ဆုံးမခဲ့ဖူးပါတယ်။ နောက်ပြီး မိဘစိတ်ချမ်းသာအောင် ဆောင်ရွက်လုပ်ကိုင်ပေးတဲ့ သားသမီးဟာ ဘယ်တော့မှ မဆင်းရဲဘူးတဲ့။ ပစ္စည်းဥစ္စာ ဆင်းရဲတောင်မှ စိတ်မဆင်းရဲဘူး။ မိဘတွေ စိတ်ကသိကအောက်ဖြစ်အောင်လုပ်တဲ့ သားသမီးကတော့ ပစ္စည်းချမ်းသာတောင်မှ စိတ်ချမ်းသာဖို့ မလွယ်ပါဘူးတဲ့။

နောက်တစ်ခု ပြောလိုပါသေးတယ်။ ပညာရှိဦးခြိမ့်ရဲ့အကြောင်းကို တက္ကသိုလ်ကျောင်းဆရာတစ်ယောက်က တပည့်တစ်ယောက်ကို ပြောပြခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်လေးဆယ်ကျော်လောက်ကပေါ့။ ပြောပြတဲ့အခါ တက္ကသိုလ်ကျောင်းသားလေးက ဦးခြိမ့်ကို အားကျပြီး သူ့မိဘတွေရဲ့ လုံချည်၊ အင်္ကျီတွေကို ကိုယ်တိုင်လျှော်တယ်။ ချေးရည်လေးတွေယူပြီး အနှစ်ရည်ကို နေလှန်း အမှုန့်ကြိတ်တယ်ပေါ့။ သနပ်ခါးလိမ်းတဲ့အခါမှာ ရောပြီးတော့ အမြတ်တနိုးလိမ်းသတဲ့။
တစ်နေ့တော့ ကျောင်းမှာ နိုင်ငံခြားကို ပညာတော်သင်သွားဖို့
ကျောင်သားသုံးယောက် ရွေးချယ်တယ်။ ကျောင်းသားတစ်ရာထဲကနေ သုံးယောက်ပဲ ရွေးချယ်တာပါ။အင်တာဗျူးဖြေမယ့်နေ့ကျတော့ အဲဒီတက္ကသိုလ်ကျောင်းသားဟာခုနချေးရည်နဲ့ရောသွေးထားတဲ့သနပ်ခါးကို မျက်နှာတင်မကဘဲ တစ်ကိုယ်လုံး လိမ်းသွားတယ်။ နောက်ဆုံး ကျောင်းသားတစ်ရာထဲက သုံးယောက်ပဲ ရွေးချယ်တဲ့အထဲမှာ ဦးခြိမ့်ကို အားကျခဲ့တဲ့ ကျောင်းသားလေး ပါသွားတယ်။ ပညာကို ကြိုးစားသင်ယူတာလည်း ပါတာပေါ့။ မြန်မာနိုင်ငံမှာ ဖြစ်ပျက်တဲ့ ဒီအကြောင်းအရာလေးကို ဆရာတော်လေးတစ်ပါးက ရေးထားတာပါ။ ဘုန်းကြီးက ဒီစာအုပ်ကိုဖတ်ပြီး သိခွင့်ရခဲ့တာပါ။

စစ်ကိုင်းမြစကြာဆရာတော်၏ သူတော်ကောင်းတို့၏ တောင်းဆုများ(၂)စာအုပ်မှ

ဖတ်သင့်တာတွေ ဖတ်စေချင်တာတွေကို မျှဝေပေးတာကလည်း မေတ္တာတစ်မျိုးပါ။
@@@သာသနာနွယ်

သာသနာနွယ် သာသနာနွယ်

Saturday, May 3, 2014

ဆရာတော်၏ ထေရုပတ္တိအကျဉ်း


အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)

၁၉၆၈ ခုနှစ်၊ ဇန်န၀ါရီလ(၉)ရက်၊ အင်္ဂါနေ့တွင် ရေနံချောင်းမြို့၊ မြစိမ်းရောင်သူဌေးကုန်းရပ်ကွက်၌ ခမည်းတော် ဦးစိန်ဝင်း၊ မယ်တော် ဒေါ်သိန်းသိန်းတို့မှ ဖွားမြင်သည်။
၁၉၈၄ ခုနှစ်တွင် ဆယ်တန်းစာမေးပွဲကိုရေနံချောင်းမြို့၊ အထက(၁)မှ ခြောက်ဘာသာ (ဘာသာစုံ)ဂုဏ်ထူးဖြင့် မြန်မာတစ်နိုင်ငံလုံးဒုတိယရလျက် အောင်မြင်သည်။ သုံးထပ်ကွမ်းလူရည်ချွန်အဖြစ် ၈ တန်း၊ ၉ တန်း၊ ၁၀ တန်းတို့၌ သုံးနှစ်ဆက်တိုက် ရွေးချယ်ခံခဲ့ရသည်။
၁၉၈၄ ခုနှစ်၊ ဆယ်တန်းအောင်မြင်ပြီးနောက် သာသနာ့ဘောင်သို့ ၀င်ရောက်ခဲ့ပြီးအမရပူရ မြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်တွင်ပရိယတ္တိစာပေများလေ့လာဆည်းပူးခဲ့သည်။
၁၉၉၂ ခုနှစ်တွင် ပထမကျော်ဘွဲ့နှင့် ၁၉၉၅ ခုနှစ်တွင် ဓမ္မာစရိယဘွဲ့တို့ကိုရရှိခဲ့သည်။
၁၉၉၈ ခုနှစ်တွင် အသက်(၃၀)ပြည့် ပုလဲရတုမွေးနေ့အထိမ်းအမှတ်အဖြစ် တစ်ယောက်တည်းနေတစ်စိတ်တည်းထားစာအုပ်ကို စတင်ထုတ်ဝေခဲ့သည်။
ယခုအခါ သထုံမြို့၊ ကေလာသတောင်၊ ရွှေပါရမီတောရကျောင်း၌ တစ်ပါးတည်းဧကစာရီတောရဆောက်တည်လျက် ပရိယတ်၊ ပဋိပတ်အလုပ် အားထုတ်လျက်ရှိသည်။ ။

(credit - ရွှေပါရမီ)

အင်္ဂါသား ဆရာတော် (၃)ပါး၏ သံဝေဂ


၁။ ဒေါက်တာအရှင်ဆေကိန္ဒ(ဓမ္မဒူတ) ဆရာတော်၏ သံဝေဂ
------------------------------

ဆရာတော်ဟာ
သာသနာဘောင်မ၀င်မီက
အဘိဓမ္မာမှာ ပုဂ္ဂိုလ်သတ္တ၀ါတို့ရဲ့စိတ်ဟာ
လက်ဖျောက်တစ်ချက်(တစ်စက္ကန့်)အတွင်းမှာ
ကုဋေတစ်သိန်းကျော် ဖြစ်ပျက်တယ်။

အဲဒီကုဋေတစ်သိန်းကျော်ထဲမှာ
နောက်ဘ၀တွေအတွက် ဘ၀သစ်ဖြစ်ဖို့
ပဋိသန္ဓေစိတ်ဖြစ်မဲ့
ကောင်းကျိုး မကောင်းကျိုးပေးတဲ့စိတ်က
ကုဋေ(၄)သောင်း ဖြစ်တယ်။

အဲဒီတော့ ပုထုဇဉ်တို့ရဲ့စိတ်ဟာ
ကောင်းတဲ့စိတ်နဲ့မကောင်းတဲ့စိတ်မှာ
မကောင်းတဲ့စိတ်ဘက်ကို
အားသာနေတာမို့
မကောင်းတာတွေပဲ
တွေးမိမှာသေချာနေပါတယ်။

အဲဒီလို မကောင်းတာတွေ
များများတွေးမိမဲ့ ပုထုဇဉ်တွေဟာ
မိမိစိတ်ကို မေတ္တာပွားများမှု၊
ဘုရားဂုဏ်တော်ပွားများမှု
တရားတစ်ခုခုနဲ့မှ
မထိန်းနိုင်ဘူးဆိုရင်
မကောင်းတဲ့အတွေးတွေဟာ
ဖြစ်ချင်တိုင်းဖြစ်ပြီး
စက္ကန့်ပေါင်းများစွာမက
နာရီပေါင်းများစွာဖြစ်ကာ
အပါယ်ပဋိသန္ဓေအကျိုးတွေဟာ
နေ့စဉ်ရရှိနေမှာ။

ဒါကြောင့် သာသနာ့ဘောင်မှာ
တရားရှု့မှတ်ခြင်းများ
သာသနာအတွက် အလုပ်လုပ်ခြင်းများနဲ့
မကောင်းတဲ့စိတ်တွေ
မတွေးတောနိုင်အောင်
ပြုလုပ်မယ်ဆိုပြီး သာသနာဘောင်
ဝင်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်လို့ မှတ်သားခဲ့ရပါတယ်။

(မိမိတကယ်ချစ်လို့၊
တွယ်တာလို့၊
မမြင်ရရင် မနေနိုင်အောင်ဖြစ်လို့စသည်ဖြင့်
ပေါင်းသင်းနေထိုင်ကြတဲ့
လင်မယားတွေတောင်မှ
ဇနီးနဲ့ခင်ပွန်းတို့ဟာ
တစ်ချိန်ကျရင်
ကိုယ့်လမ်းကိုလျှောက်ရမှာမို့
ခွဲခွာခဲ့ရမှာပါ။

အဲဒီလို ခွဲခွာတဲ့အခါ
ကိုယ့်လုပ်တဲ့ ကောင်းမှု
မကောင်းမှုအလျောက်
ဘ၀သံသရာ ဖြတ်သန်းကြရပါတယ်။

နှစ်ဦးသဘောတူနဲ့
တစ်ခါတလေ ပြုလုပ်ဖြစ်ကြတဲ့
ကောင်းကံမကောင်းကံသာ
တူညီကြတာရှိပြီး
များသောအားဖြင့်
မနောကံ ကောင်းကံမကောင်းကံတွေက
တူညီကြမှာ မဟုတ်ပါဘူး။

အဲဒီကံတွေက ကိုယ်တိုင်တစ်ယောက်တည်းသာ ခံစားရမှာမို့ အိမ်ထောင်သည်များဘ၀မှာလည်း
ဘ၀အတူတူလျှောက်လှမ်းကြတယ် ထင်ရပေမဲ့
နောက်နောင်တွေမှာ
သံသရာခရီး အပေါ်လမ်း၊
အောက်လမ်းတို့ကို
မိမိကာယကံရှင်သာ
အဓိက လျှောက်လှမ်းရမယ်ဆိုတာ မမေ့ကြပါနဲ့။

အိမ်ထောင်ပြုတယ်ဆိုတာ
တချို့က
ပါရမီဖြည့်ဖက်ဖြစ်အောင်လို့ပြောကြပေမဲ့
ပါရမီဖြည့်ဖက်ဖြစ်အောင်
ပြုလုပ်နိုင်ကြသူက
တစ်ရာမှာတစ်ယောက်ကို
ရှားပါးလှပါတယ်။

အဲဒါကြောင့် အိမ်ထောင်သည်များ
အထူးသတိထားရမှာက
ကိုယ့်ချစ်လို့ယူထားကြပေမဲ့
သံသရာအထိ ဆက်ချစ်နိုင်ဖို့၊
သံသရာမှာ အတူဖြတ်သန်းနိုင်ဖို့
ကောင်းကံမကောင်းကံများကို
တက်နိုင်သမျှ အတူလက်တွဲကြဖို့ လိုပါတယ်။
မနောကံပြုလုပ်မှုတွေက
မတူညီမှာများတာမို့ ဘ၀ကြင်ဖော်
ထာဝစဉ်ဖြတ်သန်းနိုင်ဖို့က
ဝိပဿနာကုသိုလ်ပါ
အတူပြုကြမှ ဖြစ်ပါလိမ့်မယ်။)

၂။ အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) ဆရာတော်၏ သံဝေဂ
-------------------------------

စာရေးသူ အမြဲတမ်းသတိရနေတဲ့
စာရေးသူရဲ့ဘ၀သခင်
ကျေးဇူးရှင်ကတော့ ကျမ်းပြုအကျော်မဟာဂန္ဓာရုံ
ဆရာတော်ဘုရားကြီး (အရှင်ဇနကာဘိဝံသ) ပါပဲ၊
မဟာဂန္ဓာရုံဆရာတော်ကြီးရဲ့
စကားတစ်ခွန်းကြောင့်
စာရေးသူရဲ့ဘ၀ဟာ
လူဝတ်ကြောင်အဆင့်ကနေ
ရှင်ရဟန်းအဆင့်ကို
တိုးတက်ပြောင်းလဲလာခဲ့ရပါတယ်၊

စာရေးသူ ကိုးတန်းကျောင်းသားဘ၀မှာ
မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးရဲ့
ဓမ္မစကြာတရားတော်စာအုပ်ကို
ဖတ်ရှုခဲ့ရပါတယ်။

အဲဒီစာအုပ်ထဲက စာရေးသူရဲ့ နှလုံးသားကို
အရှိန်ပြင်းပြင်း ထိုးဖောက်ဝင်ရောက်ခဲ့တဲ့
စကားစုကတော့
“ကိလေသာ တွေဟာ
နူနာရောဂါနှင့်တူတယ်၊
ကာမဂုဏ်ချမ်းသာတွေဟာ
မီးပုံကြီးနှင့်တူတယ်၊
ကာမဂုဏ်ချမ်းသာ
ခံစားနေတာဟာ
နူနာရောဂါထလာလို့ ယားလွန်းတဲ့အတွက်
မီးကင်ပြီးအယား ဖျောက်နေတာနဲ့တူတယ်” ဆိုတဲ့ စကားစုပါပဲ။

ပုထုဇဉ်သားအားလုံးဟာ
ကိလေသာနူနာရောဂါသည်တွေချည်းပဲဆိုတဲ့
စကားတစ်ခွန်းဟာ
စာရေးသူရဲ့ရင်ထဲမှာ
အချိန်ရှိသမျှ ပဲ့တင်ထပ်နေခဲ့ပါတယ်၊

စာဖတ်တော့လည်း သြော်-ငါ မီးကင်နေတာ၊
ထမင်းစားတော့လဲ သြော်-ငါ မီးကင်နေတာ၊
အ၀တ်ဝတ်တော့လဲ သြော်-ငါ မီးကင်နေတာ၊
ကိုယ်ဘာပဲလုပ်လုပ် မီးကင်နေတာ၊
အယားဖျောက်နေတာလို့
ဆင်ခြင်မိလျက်သား ဖြစ်နေသလို
သူတစ်ပါးတွေ လုပ်နေကိုင်နေ၊
ပျော်ပါးနေတာတွေကို မြင်တိုင်းလည်း
မီးကင်းနေတာ၊ အယားဖျောက်နေတာလို့ပဲ
အလိုလိုတွေးမိလျက်သား ဖြစ်နေခဲ့ပါတယ်လို့
ဆရာတော်က သံဝေဂရခဲ့ပါတယ်။

(ဆိုလိုရင်းကတော့
ကာမဂုဏ်အာရုံငါးပါး ချမ်းသာဆိုတာ
တခဏတွင်းလေးပဲ နူနာအယားပြေသလို
ပြေပျောက်ပြီး ပြည့်စုံသွားတယ်ဆိုတာ
မရှိတာမို့ ပုထုဇဉ်တွေဟာ
မိုက်ပြီးရင်းမိုက်နေတာကြောင့်
လောကသံသရာ
အမိုက်လောကကြီးကနေ
မထွက်ခွာရဘဲ ဒုက္ခပင်လယ်ကြီးကို
ပျော်ပျော်ကြီး လက်ပစ်ကူးနေကြတယ်။

တကယ်ချမ်းသာစစ်အမှန်
မြတ်နိဗ္ဗာန်ကိုရောက်ဖို့အတွက်
မလုပ်ဖြစ်ကြဘူး။
ဒုက္ခဆင်းရဲတွေ့မှ အော် ဒုက္ခဆင်းရဲလိုက်တာ၊
စိတ်ညစ်လိုက်တာဆိုပြီး ငြီးကြတယ်လေ။
အဲဒီလိုဖြစ်အောင် မိမိကိုယ်တိုင်
ပြုလုပ်နေတယ်ဆိုတာကျတော့
မသိကြဘူးလေ။
တကယ်တော့ ဆင်းရဲဒုက္ခတွေ၊
စိတ်ညစ်မှုတွေ၊
စိတ်ချမ်းသာမှုတွေဆိုတာ
မိမိကိုယ်တိုင်လုပ်ထားကြတာပါ။)

၃။ အရှင်ဇ၀န(မေတ္တာရှင်-ရွှေပြည်သာ) ဆရာတော်၏ သံဝေဂ
-------------------------------

ဆရာတော်ဟာ စွန်းလွန်းဆရာတော်၏
အတ္ထုပ္ပတ္တိစာအုပ်ကို ဖတ်ရှု့ခဲ့ရပါတယ်။
စွန်းလွန်းဆရာတော်ဟာ
ကိလေသာကင်းကွာ
ရဟန္တာမထေရ်မြတ်တစ်ပါး ဖြစ်ခဲ့တယ်။
ရဟန္တာဖြစ်ပြီးနောက်
ယခုဘ၀ရဲ့ အရင်က ဘ၀(၅၀၀)ကို
ပြန်လည်မြင်နိုင်ခဲ့တယ်။

အဲဒီဖြစ်ခဲ့တဲ့ ဘ၀(၅၀၀)ကိုကြည့်လိုက်တဲ့အခါ
လူ့ဘ၀ကို (၂)ကြိမ်သာ ရခဲ့ပြီး
အပါယ်တိရစ္ဆာန်ဘ၀ကို (၄၉၈)ဘဝ
ရရှိခဲ့တယ်လို့ မြင်တော်မူခဲ့ပါတယ်။

ဒီလို ရဟန္တာဖြစ်မဲ့ ပါရမီရှင်ကြီးတောင်
အရင်ဘ၀(၅၀၀)မှာ
လူ့ဘ၀ကို(၂)ကြိမ်သာ ရရှိခဲ့ပြီး
အပါယ်တိရစ္ဆာန်ဘ၀တွေသာ
များနေခဲ့တာကို ထောက်ဆကြည့်လိုက်ရင်
ငါတို့လို သာမာန်ပုထုဇဉ်တွေဟာ
အရင်အရင်ဘ၀များစွာမှာ
လူ့ဘ၀ကို(၁)ကြိမ်တောင်
ရခဲ့မှာမဟုတ်ဘဲ
အပါယ်(၄)ဘုံသာ
ရောက်ရှိခဲ့ရမှာ သေချာတယ်။

ဒါကြောင့် ယခု ရရှိနေတဲ့
လူ့ဘ၀မှာ သာသနာနဲ့ကြုံနေတုန်း
သူတော်ကောင်းစိတ်ရှိနေစဉ်
မြတ်နိဗ္ဗာန်ကို တိုက်ရိုက်ရောက်အောင်
မလုပ်နိုင်ရင်သော်မှ
အနည်းဆုံး အပါယ်သံသရာကနေ
ထာဝစဉ်လွတ်ကင်းပြီး
သုဂတိဘ၀တွေကနေ
နိဗ္ဗာန်သို့ ဖြတ်သန်းနိုင်တဲ့
ပုဂ္ဂိုလ်ဖြစ်အောင်လုပ်မယ်လို့
မေတ္တာရှင်ဆရာတော်
သံဝေဂရကာ ၀ိပဿနာကို
အထူးအလေးထားလုပ်ဖို့
ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

(အထက်ပါသံဝေဂများကို
ဦးဇင်းလည်း မေတ္တာရှင်(ရွှေပြည်သာ)ဆရာတော်နဲ့
တရားအကြောင်းဆွေးနွေးကြတဲ့အခါ ကြားသိခဲ့ရတာပါ။ ဆရာတော်ပြောပြတဲ့အကြောင်းအရာကို
ဦးဇင်းက စာဖတ်ပရိသတ်များ
နားလည်လွယ်အောင် ရေးသားတင်ပြလိုက်တာမို့
အမှားတစ်စုံတစ်ရာပါခဲ့ရင်
ဦးဇင်းရဲ့ ရေးသားမှုပိုင်း
အမှားသာ ဖြစ်ပါလိမ့်မယ်။
ဦးဇင်းလည်း ဆရာတော်များရဲ့
သံဝေဂတွေနာကြားရပြီး
ကိုယ်တိုင်လည်း သံဝေဂများစွာ ဖြစ်ခဲ့ရပါတယ်။

''အော်-ငါသေရင် အကုန်လုံးထားခဲ့ရမှာဖြစ်ပြီး
ငါ့နောက်ပါမဲ့ဟာက ကုသိုလ်စိတ်၊
အကုသိုလ်စိတ်နဲ့ပြုလုပ်ခဲ့တဲ့
ကာယကံ၊ ၀စီကံ၊ မနောကံ
အကျိုးတရားတွေသာ
ခံစားရမှာပါလား။

သုံးဆယ့်တစ်ဘုံ၊
အနန္တစကြာဝဠာအတွင်းမှာ
တကယ်တော့ ဖောက်ပြန်တတ်တဲ့
သဘောတရားမျှလေးနဲ့
အာရုံကိုသိတတ်တဲ့
သဘောတရားမျှလေးပဲရှိပြီး
အဲဒါတွေဟာ ကိုင်တွယ်လို့လည်း မရ၊
မြင်လည်းမမြင်ရ။
အသံလည်းမကြားရ၊
အနံ့လည်းမရ၊
အရသာလည်းမရှိဘဲ
တကယ့်ကို သဘောတရားမျှလေးပဲရှိတယ်။

ဒီလို သဘောတရားမျှလေးပဲရှိတဲ့
ဒီလောကကြီးထဲမှာ
ငါက ဘာကိုတွယ်တာမက်မောပြီး
လောဘဖြစ်ရမှာလဲ၊
ဘာကိုဒေါသဖြစ်ရမှာလဲ၊

ဘာမဟုတ်တဲ့အရာတွေကို
အဟုတ်ထင်ပြီး
မှန်ကန်စွာမသိခြင်း
မောဟတွေဖြစ်နေရမှာလဲလို့
သတိတရားများဖြစ်ကာ
တကယ့်ချမ်းသာအစစ်ဖြစ်တဲ့
မြတ်နိဗ္ဗာန်ကို
လျင်မြန်စွာရောက်အောင်
လုပ်ရမယ်ဆိုတာ သိလာရပါတယ်။

နောက်နောင်ကျမှ
ဒီလိုလုပ်ချင်ပါတယ်လို့
နောင်တရနေရင်
နောက်နောင်ဆိုတာ
ကိုယ့်ဘယ်ဘ၀ဖြစ်မယ်၊
ဘယ်လိုစိတ်တွေရှိနေမယ်ဆိုတာ
မသေချာမရေရာတော့ပါဘူးလေ''။)

မှတ်ချက်/ ၀ိုက်ကွင်းပါ စာသားများသည်
စာဖတ်သူများအတွက်
အသိပညာ အမှတ်သတိရစေဖို့
စာရေးသူမှ
ထပ်မံထည့်ရေးပေးလိုက်ခြင်း ဖြစ်ပါတယ်။

ဦးဇင်းစာဖတ် ပရိသတ်အားလုံးလည်း
သတိတရားနေ့စဉ်ရှိပြီး
ဝင်သက်ထွက်သက်လေး
ရပ်တန့်မသွားခင်
တရားဘာဝနာများ
ပြုလုပ်နိုင်ကြပါစေလို့
ဆန္ဒပြုရင်း ၀ါကျွတ်မှပဲ
ပြန်လည်ဆုံတွေ့ကြပါစို့။

(အရှင်ကောမလ ဆန်နီနေမင်းထံမှ ကူးယူဖော်ပြပါသည်)

Thursday, May 1, 2014

အောင်မြင်တဲ့ ဖက်ရှင် ကုမ္ပဏီပိုင်ရှင် ဖြစ်နေတဲ့ အသက် ၁၁ နှစ် ကလေး


အသက် (၁၁) နှစ်ပဲ ရှိသေးတဲ့ Memphis ကောင်လေး Moziah Bridges တစ်ယောက် သူ့ရဲ့ ကိုယ်ပိုင် စီးပွားရေး ဖြစ်တဲ့ လည်စည်းကုမ္ပဏီ ကို စတင် တည်ထောင်တုန်းက အသက် (၉) နှစ်ပဲ ရှိပါသေးတယ်။ အခုဆိုရင် Moziah ဟာ Sixth Grade ပဲ ရှိသေးပေမယ့် အောင်မြင်တဲ့ ဖက်ရှင်ကုမ္ပဏီ တစ်ခုကို ပိုင်ဆိုင်နေပါပြီ။ တစ်နေ့ တစ်နေ့ Moziah လေး အလုပ်တကယ် စရှုပ်တဲ့ အချိန်က ကျောင်းချိန် နောက်ပိုင်းတွေပါ။ pattern တွေ ဖော်ရ ၊ အပ်ချုပ်စက်မှာ နာရီပေါင်းများစွာ ထိုင်ပြီး ချုပ်နေတတ်တာ သူ့အမေက အိပ်ရာဝင်ချိန် ရောက်ပြီ လို့ ပြောတဲ့အချိန်ထိပါပဲ။ သူ့ အလုပ်နဲ့ ပတ်သက်ပြီး `အဲဒါက သွေးသား ထဲကကို ဖြစ်နေတာ။ ကျွန်တော်လည်း မတတ်နိုင်ဘူး။´ လို့ သူက ပြောခဲ့တယ်။ သူ့ရဲ့ အမေကတော့ ` သိပ်အံ့သြဖို့ ကောင်းတယ်။ သူကိုယ်တိုင် လည်စည်း စစည်းတဲ့ အရွယ် မရောက်ခင် ကတည်းက သူရွေးလိုက်တဲ့ ဦးထုပ်ဒီဇိုင်း ၊ ဖိနပ် ဒီဇိုင်းတွေက အရွယ်နဲ့ စာရင် အရမ်း အဆင်ပြေ နေတတ်တယ်။။´ လို့ ဆိုပါတယ်။ အခုဆိုရင် Mo ဟာ သူ့ရဲ့ Etsy Shop ကနေ $ 30,000 လောက် ရှာနိုင်ခဲ့ပါပြီ။

` ကျွန်တော်က သပ်သပ်ရပ်ရပ် ကောင်းကောင်းမွန်မွန် ၀တ်စားရတာကို သဘောကျတဲ့သူပါ။ ကျွန်တော် ဒီလုပ်ငန်းကို စဖြစ်တာ ကလည်း တခြားမှာ ရောင်းတဲ့ လည်စည်းတွေကို ကျွန်တော် သဘောမကျတာက စတာပဲ။ အဲဒါနဲ့ ကျွန်တော့် အဘိုးက ကိုယ့်လည်စည်းကို ချုပ်တတ်အောင် သင်ပေးခဲ့ပါတယ်။´ လို့ Mo က the Daily News ကို ပြောခဲ့ပါတယ်။ ဒါ့အပြင် Mo က သူ့အမေနဲ့ ပတ်သက်ပြီး ` အမေက အရမ်းကြိုးစား တဲ့သူပါ။ ဘာလုပ်ရမယ် ဆိုတာ ၊ ဘယ်ချိန်မှာ ကျွန်တော့်ကို လည်စည်းတွေ စလုပ်ဖို့ ၊ ဘယ်ချိန်မှာ ရပ်လိုက်ဖို့ ပြောရမယ်ဆိုတာ သူကောင်းကောင်းသိတယ်။´
` ဒါပေမယ့် ဒါက ကျွန်တော့်ကို အမေက ဘာလုပ်ရမယ် လို့ ပြောနိုင်တယ် လို့ မဆိုလိုပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော့် လုပ်ငန်းမှာ ကျွန်တော်က CEOလေ။ ´ လို့ ခပ်မြန်မြန် ပြန်ပြင် ပြောလိုက်သေးရဲ့။

Source : nydailynews.com

Thursday, April 24, 2014

တံတားကြီးကို အမှီပြုပြီး ကလေးတွေကို စာသင်ပေးခဲ့တယ်


ပုံမှာ စာသင်နေတာကတော့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၏ တံတားအောက် တစ်နေရာပင် ဖြစ်ပါတယ်။ ကျောင်းမနေနိုင်တဲ့ ကလေးအယောက် ၅၀ ကို တစ်နေ့ကို နှစ်နာရီခန့် စာသင်ကြား ပေးခဲ့ပါတယ်။ သင်ကြားပေးတဲ့ သူတွေက ကျောင်းဆရာတွေ မဟုတ်ဘဲ တက္ကသိုလ် ကျောင်းသားများသာ ဖြစ်ပါတယ်။

ထိုသူနှစ်ယောက်ဟာ ကျောက်သင်ဘုန်း အဖြစ် တံတားနံရံများကို အသုံးပြုခဲ့ကြပါတယ်။ ကလေးများကလည်း စာသင်ခုန်တွေနဲ့ စာသင်ရတာ မဟုတ်ပါဘူး။ မြေပြေင်ပေါ်မှာပဲ မောက်လျက်စာရေး ရတာဖြစ်ပါတယ်။

ထိုသူနှစ်ယောက်ဟာ ကလေးတွေကို စာပဲ သင်ပေးတာ မဟုတ်ဘဲ လိုအပ်သော အသုံးအဆောင် ပစ္စည်းတစ်ချို့ကိုလည်း ထောက်ပံပေးခဲ့ပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံ နယူးဒေလီမှ တက္ကသိုလ် ကျောင်းသား နှစ်ယောက်၏ ပညာရေး အပေါ် လေးစားတန်ဖိုးထားမူ ကတော့ ချီးကျူး စရာပင် ဖြစ်လို့ မျှဝေပေးလိုက်ရပါတယ်။

ကျော်လင်းနိုင် (ရိုးရာလေး)

Thursday, April 3, 2014

အသက် ၇၂ အရွယ် ထူးထူးခြားခြား အရွယ်တင်သူ


အမေရိကန်နိုင်ငံက Shea Vaughn လို့ အမည်ရတဲ့ အမျိုးသမီး တစ်ဦး ဖြစ် ပါတယ်။ တကယ် အသက် ၇၂ နှစ်ကျော်သွား ပါပြီ။ သို့ပေမယ့် အသက် ၄၀ အောက်လောက်သာ ရှိမယ်လို့ ထင်ရလောက်အောင် နုပျို နေပါတယ်။

Vince Vaughn လို့ အမည်ရတဲ့ ဟောလိဝုဒ် မင်းသားရဲ့ အမေလည်း ဖြစ် ပါတယ်။ သားသမီး လေးဦး ရှိပြီး မြေးတွေလည်း အများကြီး ရှိတဲ့ အဖွား ဖြစ်ပါတယ်။ သူမ အနေနဲ့ ယခုလို နုပျိုအောင် ယောဂ ကျင့်ခြင်း၊ ကိုယ်ခံ ပညာ သင်ကြားခြင်း နှင့် အခြားသော အားကစားနည်း ၂ မျိုးလောက် ထပ်လိုက်စား ပါသေးတယ်။ ဒါကြောင့်လည်း အသက် ၇၂ နှစ် လို့ ပြောရင် မယုံရလောက်အောင် သိသိ သာသာ နိုပျိုနေခြင်း ဖြစ်ပါ တယ်။

သူမရဲ့ နုပျိုမှုနဲ့ ပက်သက်ပြီးတော့ ကျင့်ရန် နည်လမ်း စာအုပ်နဲ့ တီဗီ အစီ အစဉ် တွေလည်း အမေရိကန်မှာ အောင်မြင် ပါတယ်။ Shea Vaughn ဟာ လက်ရှိမှာ ကမ္ဘာ့အနုပျိုဆုံး အသက်ကြီး အမျိုးသမီး စာရင်းထဲ ပါဝင် လာကြောင်း သိရ ပါတယ်။
.
Ref: dyknow
အောင်ခမ်း (ရိုးရာလေး)

Wednesday, April 2, 2014

နွားအကောင် ၄၀၀၀ ဇီဝိတဒါန


ဦးသိုက်၏နယ်မြေဒေသဖြစ်သော ညောင်တိုဘူတာရွာတွင် ငါးရက်
တစ်ဈေးရှိသည်။ လူမျိုးခြားများက နွားများသတ်၍ရောင်းနေကြသည်။
ဈေးနှင့် မလိုက်အောင် သတ်သောကောင်ရေ များလှသည်။ တစ်နေ့
တွင် ယင်းဈေးရွာ ငါးမိုင်ပတ်လည်အတွင်းရှိ ကျောင်းတိုင်ပေါင်း ၅၂
တိုက်မှ သံဃာတော် ၅၂ ပါး ဦးဆောင်၍ ကျေးရွာ ၃၁ရွာမှ လူကြီး
၃၁ဦးကိုရွေးချယ်၍ ဇီဝိတဒါနအဖွဲ့ ဖွဲ့စည်းကာ ငွေများ စုဆောင်းကြ
သည်။ ၁၉၆၃ -၆၄ ခုအတွက် လူမျိုးခြားများနှင့် ယှဉ်ပြိုင်၍ သား
သတ်လိုင်စင် ဆွဲသည်။ ရရှိသောအခါ နွားမသတ်ရန်ကြီးကြပ်ဆောင်
ရွက်သည်။

ယခင်က တစ်နေ့လျှင် နွား ၁၂ ကောင်သတ်သည်။ တစ်နှစ်လျှင်
နွား ၄၀၀၀ကျော် သေဆုံးသည်။ ယခု ဇီဝိတဒါနအဖွဲ့က ဆောင်ရွက်ရာ နွားအကောင်ရေ ၄၀၀ ကျော် အသက် ချမ်းသာရာ ရခဲ့သည်။ ထိုအစီအစဉ်ကို ဦးသိုက် နှစ်သက်မဆုံး ရှိသည်။ သို့ဖြင့် အဖွဲ့သို့ပန်ကြား၍ ၁၉၆၄ - ၆၅ ခုနှစ်အတွက် သားသတ်လိုင်စင်
ကျသင့်ငွေနှင့်ကုန်ကျစရိတ်များကို ဦးသိုက်တစ်ဦးတည်း တာဝန်
ယူ လှူဒါန်းသည်။ ထိုနှစ်တွင် သေဆုံးမည့် နွားကောင်ရေ ၄၀၀၀
ကျော်၏ အသက်ကို ဇီဝိတဒါနပြုနိုင်ခဲ့သည်။

၁၉၆၅-၆၆ ခုအတွက်လည်း ဇီဝိတဒါနပြုဖို့ ဦးလေး တာဝန်ယူသေး
တယ်။ ဒါပေမယ့် လိုင်စင်ပေးတဲ့အဖွဲ့က ကုသိုလ်ရှင်များ လိုင်စင်
ဆွဲတာကိုလက်မခံနိုင်ဘူးဆိုပြီး ငြင်းပယ်လိုက်ကြတဲ့အတွက် ဦးလေး
လိုင်စင်ဆွဲဖို့မရ ဖြစ်ခဲ့ရပါတယ် ဟု ဦးသိုက်က ပြောပြသည်။ 
(၁၉၉၄ ခု ဧပြီလ မြတ်မင်္ဂလာ စာစောင် မင်းယုဝေ၏ ဒါနသူဋ္ဌေး ဦးသိုက် ဆောင်းပါးမှ)

လူတို့၏အသက်ကို သတ်ချင်တိုင်း မသတ်ရအောင် တားမြစ်သော ဥပ
ဒေရှိသကဲ့သို့ တိရစ္ဆာန်များကိုလည်း သတ်ချင်တိုင်း သတ်၍ မရအောင်
တားမြစ်ပေးသော တရား ဥပဒေ မပေါ်ပေါက်သေးသမျှ အေးချမ်းသာ
ယာသော ကမ္ဘာလောကဟူ၍ ဖြစ်ပေါ်လာလိမ့်မည် မဟုတ်ပေ။

ဦးသိုက်၏ ဇီဝိတဒါနသည် မွန်မြတ်လွန်းသောကြောင့် ဒါနအဆင့်ကိုပင်
ကျော်လွန်ကာ သီလအဆင့် အထိရောက်သွားပေသည်။

သီလ ကုသိုလ်သည် ဒါနကုသိုလ်ထက် အဆပေါင်းများစွာ သာလွန်
ပါသည်။ ဦးသိုက်ကဲ့သို့ သူတစ်ပါးအသက်ကို မသတ်ပဲနေရုံသာမက
ဘဲ သူတစ်ပါး အသက်ကို ရှည်နိုင်သမျှရှည်အောင် အားထုတ်မှသာ
လျှင် ပါဏာတိပါတကံကို တင်းပြည့်ကျပ်ပြည့်လုံခြုံအောင် စောင့်
ထိန်းရာရောက်ကြောင်း ဆရာကြီးဦးရွှေအောင်က သူ၏ ဘ၀အမြင်
သစ်ကျမ်းစာ စာမျက်နှာ ၃၉ တွင်

သီလတွင် ပါဏာတိပါတ သိက္ခာပုဒ်ကိုလုံခြုံအောင် စောင်စည်းရာ၌
သူတစ်ပါး၏ အသက်ကို မသတ်မိအောင် စောင့်ထိန်းရ၏။ ဤသည်
မှာ အကြမ်းစားစောင့်ထိန်းခြင်းဖြစ်၏။ ထို့ထက်ပို၍ စောင့်ထိန်းသော
အခါ သူတစ်ပါး မနစ်နာရအောင် စောင့်ထိန်းရ၏။ ဤသည်မှာ ဟာ
နောပါဒါန ဟူသော ဘ၀ နေနည်းတွင် ဟာနအရ မိမိဘက်က အနစ်
နာခံခြင်းဖြစ်၏။ ဥပါဒါနအရ သူ့ဘက်ကိုပံ့ပိုးသောအခါ သူတစ်ပါး
အသက်ရှည်အောင် ဆောင်ရွက်ရ၏။ အမှန်အားဖြင့်မိမိဘက်က အ
နစ်နာခံခြင်းသည်သုစရိုက်သဘောကိုဆောင်၏။ သူ့ဘက်ကိုပံ့ပိုးခြင်း
သည် ပုညကိရိယာ သဘောကိုဆောင်၏ဟူ၍ အသေးစိတ်ဖွင့်ပြခဲ့
သည်မှာ မှတ်ဖွယ် ကောင်းလှပါသည်။


မေတ္တာရှင် - ရွှေပြည်သာ
မျက်ရည်မကျခင်သိစေချင်မှ

Sunday, March 30, 2014

ရှိသမျှ စည်းစိမ် အကုန်ရောင်းလို့ ဆင်းရဲကလေးငယ် များကို ကျွေးမွေးသူ သန်းကြွယ်သူဌေး


ပုံမှာ မြင်တွေ့နေရတဲ့ ပုဂ္ဂိုလ်က Scott Neeson လို့ အမည်ရပြီး 20th Century Fox ဆိုတဲ့ ဟောလိဝုဒ် ရုပ်ရှင် ထုတ်လုပ်ရေးမှာ ၁၀ နှစ်ကြာ ဥက္ကဌ အဖြစ် ဦးဆောင်လုပ်ကိုင် ခဲ့သူဖြစ်ပါတယ်။

သူ့လက်ထက်မှာ တိုက်တန်းနစ် ရုပ်ရှင်၊ X Men, Braveheart, Independence Day, Star War တို့လို အောင်မြင်တဲ့ ရုပ်ရှင်ပေါင်း ၁၀၀ ကျော်ကို ထုတ်လုပ် နိုင်ခဲ့ပြီး ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ် စာရင်းထဲ ပါဝင်ခဲ့ ပါတယ်။ သက္ကရာဇ် ၂၀၀၃ ခုနှစ် အရောက်မှာတော့ 20 Centry မှ ထွက်ခွာပြီး ကမ္ဘောဒီးယားကို သွားပါတယ်။ ကမ္ဘောဒီးယားက အမှိုက်ပုံတွေ ပေါ်မှာ အမှိုက်ကောက်၊ အသက်မွေး ဝမ်းကျောင်း ပြုနေတဲ့ ကလေး ငယ်တွေကို မြင်တော့ သနား နာကျင်တဲ့ ဝေဒနာ ခံစား ရပြီး နောက်တော့ ဖောင်ဒေးရှင်း တစ်ခု ထောင်ဖို့ ဆုံးဖြတ် ခဲ့ ပါတယ်။

ရှိသမျှ အိမ်၊ ကား၊ ဇိမ်ခံရွက်လှေနဲ့ စည်းစိမ် အားလုံး အားလုံး တစ်ခု မကျန် အကုန် ရောင်းချပြီး သူ့ဖောင်ဒေးရှင်းမှာ ရင်းနှီးလိုက်ပါတယ်။ အခု ဆိုရင် သူ့ကျွေးမွေး ထောက်ပံ့မှုကြောင့် ကလေးပေါင်း တစ်ထောင်ကျော် ဆင်းရဲတွင်းမှ လွတ်ခဲ့ ပါပြီ။ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အားလုံးကို တာဝန်ယူလို့ ဆောင်ရွက်ပေးခဲ့ ပါတယ်။ လက်ရှိမှာလည်း ဆက်လက် ဆောင်ရွက်ဆဲ ဖြစ်ပါတယ်။

မိမိ စည်းစိမ်ကို တွယ်တာ၊ သက်ညာမှု မရှိပဲ တစ်ပါး ဆင်းရဲ အားနွယ့်သူကို သနား၊ ကြင်နာ ကူညီတဲ့ Scott Neeson ဟာ ကမ္ဘာက လေးစားရတဲ့ ပုဂ္ဂိုလ် တစ်ဦး ဖြစ်ကြောင်း သိရ ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

http://www.yoyarlay.com/international-news/asia/40411-scott-neeson

Sunday, March 23, 2014

“ဆေးကျောင်းသား တစ်ဦး၏ စေတနာ”


သို့
ဆရာတော် ဦးဇောတိက ဘုရား....

တပည့်တော် ရိုသေစွာ လေးမြတ်စွာဖြင့် စာရေးလိုက်ပါသည်ဘုရား။
တပည့်တော်သည် ဆရာတော်အား တခါမျှ မဖူးတွေ့ ဖူးသော်လည်း
ဆရာတော်၏ တရားတိပ်ခွေတို့ကိုနာယူရင်း ဆရာတော်၏
တပည့်အရင်းအဖြစ် ခံယူထားမိသည်မှာ တစ်နှစ်ကျော် ၊
နှစ်နှစ်နီးပါးမျှရှိပါပြီဘုရား။ တပည့်တော်သည်
တတိယနှစ်ဆေးတက္ကသိုလ် 3rdMB တက်နေသော
အသက် (၂၂) အရွယ် ကျောင်းသားတစ်ဦးပါဘုရား။
ဤစာကို ရေးသားနေသောအချိန်တွင် တပည့်တော်သည်
“အရှင်ညာဏဂဝေသက” အမည်ဖြင့် မြောက်ဥက္ကလာ
ရွှေဥမင်တောရတွင် ရဟန်းဝတ်ဖြင့် တရား
အားထုတ်လျက်ရှိပါသည်ဘုရား။
တပည့်တော်၏ဘဝ အပြောင်းအလဲ အချိုးအကွေ့မှာ
အလွန်သံဝေဂရဖွယ် ဖြစ်ပါသဖြင့်
ဆရာတော်အား တင်ပြလျှောက်ခွင့်ပြုပါဘုရား။

တပည့်တော်၏ဖခင်မှာ ဆရာဝန်တစ်ဦးဖြစ်ပြီး
တပည့်တော်၏မိခင်မှာ ကျောင်းဆရာမတစ်ဦး ဖြစ်ပါသည်။
မောင်နှမနှစ်ဦးတွင် တပည့်တော်က အကြီးဖြစ်ပါသည်။
မိသားစုလေးဦးသာရှိသော တပည့်တော်သည်
စိတ်ချမ်းသာစွာဖြင့် ကြီးပြင်း အရွယ်ရောက်ခဲ့ရပါသည်ဘုရား။

တပည့်တော်သည် ဆယ်တန်းစာမေးပွဲကို
ဘာသာစုံ ဂုဏ်ထူး၊မြန်မာတစ်ပြည်လုံး မြန်မာစာ
အမှတ်ရအများဆုံး၊တစ်နိုင်ငံလုံးအမှတ်ရအများဆုံး
ဆယ်ဦးတွင် တစ်ဦးအပါအဝင် အဖြစ်ဖြင့်
ဆေးတက္ကသိုလ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပါသည်။
ပြောပြလိုသည်မှာ တပည့်တော်သည်ဘဝတစ်လျှောက်တွင်
ကြီးမားသော အခက်အခဲများမတွေ့ရဘဲ
အောင်မြင်မှုများကိုသာ တစ်ခုပြီးတစ်ခု ရရှိခဲ့သော
ရည်ရွယ်ချက်ကြီးမားသူ တစ်ဦးဖြစ်ခဲ့ပါသည် ဘုရား။
ကံကောင်းသည်မှာ တပည့်တော်သည်
တရားအားထုတ်မှုကို အရွယ်ငယ်စဉ်ကတည်းကပင်
ထိထိရောက်ရောက် အားထုတ်နိုင်ခဲ့ပါသည်ဘုရား။

တပည့်တော် အသက်ဆယ့်နှစ်နှစ်၊ဆယ့်သုံးနှစ်အရွယ်ကပင်
အာနာပါနနှင့်ပတ်သက်သော စာအုပ်တစ်အုပ်ကိုဖတ်၍
ကိုယ်နားလည်သမျှ စတင်ကြိုးစားခဲ့ပါသည် ဘုရား။
သည့်နောက်တွင် တပည့်တော်သည် တရားရိပ်သာ
စခန်းများတွင် အချိန်ရလျှင်ရသလို ဝင်ရောက်အားထုတ်ခဲ့ပါသည်။
သို့သော် တပည့်တော်၏ တရားစခန်းဝင်၍ အားထုတ်သော
ရည်ရွယ်ချက်မှာ ရှေးဦးက စိတ်ငြိမ်းချမ်းမှုများ
ရရှိလို၍ ဖြစ်ပါသည်ဘုရား။သို့ရာတွင် တပည့်တော်မှာ
ဆရာကောင်းကိုကြုံကြိုက်ခဲ့ရသဖြင့်
အသက်ဆယ့်ရှစ်နှစ်ဝန်းကျင်တွင် ရုပ်တရား၊နာမ်တရားတို့ကို
ကောင်းစွာခွဲခြားနိုင်သော စိတ်တို့ကို ညာဏ်ဖြင့်ရှုမြင်နိုင်သော
အနေအထားကို ရခဲ့ပါသည်ဘုရား။မျှော်မှန်းသော
အောင်မြင်မှုများသာမက မမျှော်မှန်းသောငြိမ်းချမ်းမှုတို့ကို
ရရှိခဲ့သည့်အတွက် တပည့်တော်အနေဖြင့် တရားတော်ကို
အစဉ်မပြတ် အားထုတ်ခဲ့ပါသည်ဘုရား။

တပည့်တော်၏ရည်ရွယ်ချက်သည်လည်း လောကီမှ လောကုတ္တရာဘက်သို့ပြောင်းလဲခဲ့ပါသည်ဘုရား။ တပည့်တော် တရားစတင်အားထုတ်သော အရွယ်မှာ အတော်ပင်ငယ်သေးသည်ဟု ဆိုရပါမည်ဘုရား။ထို့အတွက် တပည့်တော်မှာ အတိုက်အခိုက် အပြောအဆိုများစွာကို ခံခဲ့ရပါသည်ဘုရား။
လူကြီးများကလည်း ဒီအရွယ်ဟာ တရားအားထုတ်တဲ့အရွယ် မဟုတ်သေးပါဘူးဟုဆိုကာ တားမြစ်သလို
စကားများစွာ ဆိုခဲ့ကြပါသည်။
သူငယ်ချင်းများကလည်း ရက်အားရတိုင်း
တရားအားထုတ်ဖြစ်သော
တပည့်တော်ကို တစ်မျိုးမြင်ကြပါသည်။

ကိုယ့်အလုပ်မဟုတ်သေးဘဲ လုပ်နေသူဟု ပြောဆိုကြပါသည်။
သို့သော်တပည့်တော်သည် တရားအားထုတ်ရင်းပင်
တခြားသူငယ်ချင်းများအားလုံးနှင့် ဝင်ဆံ့ပေါင်းသင်းနိုင်ခြင်း၊
စာမေးပွဲများတွင် ထိပ်ဆုံးအဆင့်က အောင်မြင်ခဲ့ခြင်းများကြောင့်
တပည့်တော်ကို အထင်သေးမှုများတော့ မခံခဲ့ရပါ။
(ဤသည်မှာ ဆရာတော်မိန့်သကဲ့သို့ ဓမ္မကို
ဘဝထဲရောက်အောင် မသွင်းနိုင်၍ဖြစ်ပါသည်)

♦ တပည့်တော်မှာ ယခင်က အယူအဆ တစ်ခုရှိခဲ့ပါသည်ဘုရား။
ယောက်ျားတစ်ယောက်အနေနဲ့ မကောင်းမှုများကို မလုပ်တတ်၍ မလုပ်ဘဲနေခြင်းထက်၊လုပ်တတ်ပါလျက်နှင့်မကောင်းမှန်းသိကာ
ရှောင်ရှားခြင်းကသာ မှန်သည်ဟု ယူဆခဲ့ပါသည်။
ထိုယူဆချက်အတိုင်း တပည့်တော်သည် သူငယ်ချင်းများအား
ဦးဆောင်လုပ်ပြခဲ့ပြီး
“ဒါကတော့ မကောင်းဘူး၊ငါ အဲဒါကိုနောက်မလုပ်ဘူး”
ဟူသော သဘောမျိုးဖြင့် နေထိုင်ခဲ့ပါသည်။
ဤသို့ ဘီယာသောက်ခြင်းစသော မကောင်းမှုများကို
တပည့်တော်အနေဖြင့် ခိုးကြောင်ခိုးဝှက်လုပ်ခဲ့ရသည်မဟုတ်ပါ။
တပည့်တော်၏မိဘများကလည်း တပည့်တော်ကို
“ဘာတော့မလုပ်ရ”ဟုမပညတ်ဘဲ
ကောင်းမကောင်းကိုသာ ပြောပြီး တပည့်တော်၏စိတ်ကြိုက်
ရွေးချယ်စေခဲ့ပါသည်။ ဤသို့မိမိ၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို
ရထားခြင်း၊တရားအားထုတ်ခြင်းတို့ကြောင့်
တပည့်တော်အနေဖြင့် မကောင်းတစ်ခုကို ကျူးလွန်မိတိုင်း
မကောင်းမှုပဲဟု သိနေခဲ့ပါသည်။

♦ ထို့ကြောင့် ဆယ်ခါလောက် အခွင့်ရသော်လည်း
တစ်ကြိမ်မျှတစ်ခါမျှသာ စိတ်အလိုသို့ လိုက်၍ ပြုလုပ်ဖြစ်ပါသည်။
ထိုစဉ်က တရားထိုင် သည်ဆိုခြင်းမှာ တစ်နေ့မှာ
တစ်နာရီလောက်ထိုင်လျှင်ပင် လုံလောက်ပြီဟု
မှတ်ယူကာထားခဲ့ပါသည်ဘုရား။
ဤသို့ဖြင့်တပည့်တော်သည် ဘဝကို အလွန်အမင်း ခက်ခဲစွာ
ရင်ဆိုင်မှုများဖြင့် မကြုံတွေ့ရဘဲ ၁၉၉၆ ခုနှစ်အထိ
ဖြတ်သန်းလားခဲ့ရပါသည်။

၁၉၉၆ခုနှစ် နှစ်စပိုင်းတွင် တပည့်တော်မှာ
အနည်းငယ်ပိန်၍လာ ပါသည်။သွေးအားတို့လည်းနည်း
လာပါသည်။သို့သော် စာကျက်စာဖတ်များပြီး
အအိပ်အစားပျက်သဖြင့် ထိုသို့ဖြစ်ရသည်ဟု ယူဆကာ
ခပ်ပေါ့ပေါ့ သဘောထားခဲ့ပါသည်။
တပည့်တော်မှာ တစ်စထက်တစ်စ ပိန်၍လာတော့မှ
စိုးရိမ်စိတ်ဝင်ကာ ဆရာများနှင့်ပြသတိုင်ပင်ခဲ့ပါသည်။

သို့သော် စာမေးပွဲကာလဖြစ်၍ တပည့်တော်မှာ
သိပ်ပြီးစိုးရိမ်ပူပန်မှုမရှိခဲ့ပါ။
စာမေးပွဲဖြေပြီးနောက်ဆုံးရက်တွင်မူ
တပည့်တော်အနေဖြင့် အလွန်အားနည်းကာ
သွေးပေါင်ချိန်များစွာကျနေ၍ သမားတော်ဆရာကြီးထံ
ဝင်ရောက်ပြသတော့မှ ဆရာကြီးက စိုးရိမ်တကြီးဖြင့်
ဆေးရုံတစ်ခါတည်းတက်ခိုင်းပါတော့သည်။

တပည့်တော်မှာ အိမ်သို့ပင်မပြန်တော့ဘဲ ဆေးရုံသို့
တစ်ခါတည်းတက်လိုက်ရပါတော့သည်။
ဆရာများအားလုံးကလည်း ချက်ချင်းပင် Testမျိုးစုံဖြင့်
ရောဂါကို အပူတပြင်းရှာဖွေကြပါတော့သည်။
ဆေးရုံရောက်ပြီးတစ်ရက်၊နှစ်ရက်အတွင်းမှာပင်
တပည့်တော်၏အခြေအနေမှာ အလွန်ဆိုးရွားသွားခဲ့ပါသည်။
လူသာမန်တို့တွင် 14mg%ရှိရသောသွေးနီဥပမာဏမှာ
တပည့်တော်တွင် 3/4လောက်သာကျန်တော့သည်
အထိ ဆိုးရွားသွားခဲ့ပါသည်။ တစ်နေ့တည်းမှာပင်
သွေးခုနစ်ပုလင်းဆက်တိုက်သွင်းရပါသည်။
လေးငါးရက်ကြာမှ ဆရာများရောဂါရှာတွေ့ခဲ့ကြသည်။

♦ Auste Myloid Leukaemia ခေါ် “သွေးကင်ဆာ”
ဟုသိကြရပြီးတပည့်တော်၏ အခြေအနေမှန်ကိုလည်း
လပိုင်းမျှသာ အလွန်ဆုံး ခံတော့မည်ဟု
ခန့်မှန်းလိုက်ကြတော့သည်။
ဤအကြောင်းအရာများကို တပည့်တော်မသိအောင်
ဖုံးဖိလိုက်ကြဖို့ကိုလည်း တပည့်တော်၏မိသားစုများ၊
ဆရာများနှင့်သူငယ်ချင်းများက ဆုံးဖြတ်ခဲ့ကြပါသည်။
တပည့်တော်မှာလည်း လက်အကွေးအဆန့်ကိုပင်
အနိုင်နိုင်လုပ်ရသည့် အခြေအနေသို့ နေ့ချင်းညချင်း
ပြောင်းလဲရောက်ရှိသွားပါတော့သည်ဘုရား။

ထိုစဉ်က အခြေအနေမှာ တပည့်တော်အနေဖြင့်
လုံးဝမျှော်လင့်မထားခဲ့သည်တို့ကို ရုတ်ချည်း
တွေ့ကြုံလိုက်ရခြင်းဖြစ်ပါသည်။ Major Catastrophe
တစ်ခုကို ဤသို့တွေ့ကြုံလိုက်ရသော တပည့်တော်၏
ထိုစဉ်က စိတ်အခြေအနေကို အရှင်ဘုရား
ခန့်မှန်းနားလည်ပေးနိုင်ပါလိမ့်မည်။
သို့သော် တပည့်တော်မှာ ကံမကောင်းသည့်ကြားမှပင်
ကံကောင်းခဲ့ပါသည်။ တစ်ချိန်က တပည့်တော်၏
သူငယ်ချင်းတစ်ဦးကို (တရားအားထုတ်ဖက်၊စာပေလေ့လာဖက်)
စကားတစ်ခုမှာကြားခဲ့ဖူးပါသည်။

■“ ရုတ်တရက် သေခါနီးအချိန်တွင် တစ်ယောက်နှင့်
တစ်ယောက် အလှမ်းမှီပါက အသိပေးကြစတမ်း”ဟ
ုမှာကြားထားခဲ့ခြင်းမှာ တကယ်ဖြစ်လာပါသည်။
သူငယ်ချင်းက အားလုံးလျှို့ဝှက်ထားကြသော
အကြောင်းစုံကို တပည့်တော်အားအသိပေး
ပြောကြားကာ တရားကို အချိန်ပြည့် အားထုတ်ရန်
တိုက်တွန်းခဲ့ပါသည်။ စာမှာရှည်လျားပြီဖြစ်၍ထိုစဉ်က
အတွေ့အကြုံများနှင့်တပည့်တော်၏ စိတ်ခံစားမှုကို
ပြောပြလိုသော်လည်း ထားရစ်ခဲ့ပါသည်။
နောင်အခါမှ ဆရာတော်ထံ စာထပ်မံ
ရေးသားပါဦးမည်။တပည့်တော်သည် တရားကို
အချိန်ပြည့်ရှုမှတ်လျက် ထိုနေ့ဆိုးများကို
တရွေ့ရွေ့ကုန်လွန်ခဲ့ပါပြီ။ ယခုအခါတွင်
Complete Remission ရ၍ သာမန်လူတစ်ဦးပမာ သွားလာလှုပ်ရှားနေထိုင်နိုင်ခဲ့ပါပြီ။

တပည့်တော်၏ရည်ရွယ်ချက်များမှာလည်း
အလုံးစုံပြောင်းလည်းသွားခဲ့ပါပြီ။
တရားအားထုတ်ခြင်း၏ငြိမ်းချမ်းမှုကို ကိုယ်တွေ့ရခဲ့ပြီဖြစ်၍ ဤလမ်းကြောင်းကို ဆုံးသည်အထိ ဆက်လျှောက်ရန်
ဆုံးဖြတ်ခဲ့ပြီး အချိန်ပြည့်အားထုတ်ရန် ရဟန်းဘဝသို့ အပြီးတိုင်ကူးပြောင်းခဲ့ပါသည်။

■ တပည့်တော်ပြောလိုသည်မှာ ဟိုတုန်းကသာ
တပည့်တော် တရားအားထုတ်မထားခဲ့ပါလျှင် ဤသို့သောအခြေအနေမျိးတွင် Depression နှင့်ပင်
တပည့်တော်အသက် ဆုံးရှုံးသွားပါလိမ့်မည်။
သို့သော်တပည့်တော်မှာ ဝိပဿနာတရား
ရှိနေခဲ့ခြင်းကြောင့်သာလျှင် ဤအခြေအနေအထိတိုးတက်လားခြင်းဖြစ်သည်ဟု
ယုံကြည်ပါသည်ဘုရား။ ဟိုယခင်က
“တရားအားထုတ်ဖို့ငယ်ပါသေးတယ်” လို့ပြောခဲ့တဲ့သူတွေကို
တပည့်တော်လူနာခုတင်ပေါ်မှာ လှဲလျှက်တရားနှလုံးသွင်းရင်းက
“ ကဲ...ဟိုတုန်းက ပြောခဲ့ကြသလိုသာ အားထုတ်မထားခဲ့ရင် ၊
ကျင့်ကြံမှုမရှိခဲ့ရင်၊ကျွန်တော်အခုအချိန်မှာ
ဘယ်လိုနေလိမ့်မလဲ”ဆိုပြီးသာ မေးချင်နေမိပါတော့တယ်။

■သေချာတာတစ်ခုကတော့ အားကိုးရာမဲ့စိုးရိမ်ပူပန်မှုတွေနဲ့
သေရမယ့်အချိန်ကို မျက်ရည်ကျရင်း စောင့်နေရမှာပါပဲ။
ဒါပေမယ့် သူတို့ပြောတာ နားမယောင်ဘဲ
အလေ့အကျင့်လုပ်ထားခဲ့မိလို့သာ တပည့်တော်ခံ
သာတာပါဘုရား။ တပည့်တော်ရဲ့အနီးအနားမှာရှိတဲ့
သက်တူရွယ်တူ သူငယ်ချင်းတွေကိုလည်း ပြောပြဖြစ်ပါတယ်။
ဒါပေမယ့် သူတို့တွေအားလုံးလည်း တရားအားထုတ်ရမယ့်
အရွယ်မဟုတ်သေးဘူးလို့ပဲ အတော်များများက ထင်နေကြဆဲပါပဲ။

♠ “လူတွေဟာ သူများထီပေါက်တာမြင်ရင်
ငါလည်းပေါက်နိုင်တာပဲ” လို့တွေးမိကြတယ်။
♠ “သူများကားတိုက်တာမြင်ရင်တော့
ငါလည်းဒီလိုဖြစ်နိုင်တာပဲလို့ တွေးတဲ့လူရှားတယ်”
ဆိုတဲ့ စာရေးဆရာကြီး တစ်ဦးရဲ့ စကားကို
သတိရမိပါတယ်။

■ တပည့်တော်နဲ့သက်တူရွယ်တူ နှစ်ဆယ်ပတ်ဝန်းကျင် လူငယ်တွေကိုတွေ့ရင် “မင်းတို့လိုအရွယ်
လူငယ်တစ်ယောက်တော့ ဒီလိုဖြစ်ခဲ့တယ်၊
တရားအားထုတ်လို့သာ ဆောက်တည်ရာ ရခဲ့တယ်။
မင်းတို့အနေနဲ့လည်း သူလိုအဖြစ်မျိုးနဲ့ကြုံလာခဲ့ရင်၊
မကြုံခဲ့သည့်တိုင် လောကထဲမှာ အောင်မြင်စွာနေနိုင်ဖို့
တရားအားထုတ်သင့်တယ် ”ဆိုတာ
ဆရာတော် တိုက်တွန်းနိုင်ဖို့ တပည့်တော်ကို
Sample ပြနိုင်ဖို့ ဤစာကို ရေးသားရခြင်း
ဖြစ်ပါတယ်ဘုရား။

တပည့်တော် နောက်ထပ် ဆရာတော်ထံ မည်သို့
ဆက်သွယ်နိုင်ကြောင်းကိုပါ သိလိုပါတယ်ဘုရား ။
တပည့်တော်မှာ ပြောပြစရာတွေများစွာရှိနေပါသေးတယ်ဘုရား။
တပည့်တော်ကို ဆရာဝန်များက လေးငါးနှစ်အတွင်းတော့
Relapse ပြန်မဖြစ်ဘူးလို့ ပြောကြပါတယ်။
လုံးဝ ပြန်မဖြစ်နိုင်တာလည်း ရှိပါတယ်တဲ့။
ဒါပေမယ့် တပည့်တော် အဲဒါကို ဂရုမစိုက်တော့ပါ။
တပည့်တော် အသက်ရှိနေစဉ်အတွင်းမှာ အချိန်ပြည့်
အားထုတ်သွားဖို့ကိုသာ ရည်ရွယ်ပါတော့တယ်။
ဆရာတော်အနေနဲ့လည်း တပည့်တော်ကို သားတပည့်
အရင်းအချာ တစ်ဦးအဖြစ်အသိအမှတ်ပြုကာ
ဆုံးမညွှန်ပြတော်မူပါဘုရား။

★တပည့်တော်လို လူငယ်လူရွယ်များကိုလည်း
တရားအားထုတ်တဲ့အကျင့်ကို လုပ်ဖြစ်အောင်
ဆရာတော်အနေနဲ့ တိုက်တွန်းတော်မူပါဘုရား။★

တပည့်တော်ရဲ့ အကြောင်းကို ပမာပြတဲ့အခါမှာ
နာမည်အတိအကျကိုတော့ ဆရာတော် မပြောမဆိုဘဲ
ထိန်းသိမ်းထားပေးပါ ဘုရား။
ရေးချင်တာတွေ ပြောချင်တာတွေများလွန်းတဲ့အတွက် ၊
အမြန်ရေးရတဲ့အတွက် တပည့်တော် စာသားမပြေပြစ်သည်ကို
ခွင့်လွှတ်တော်မူပါဘုရား။ နောက်ထပ် ဆရာတော့်ထံ မည်သို့စာရေးဆက်သွယ်ရမည်ကိုသိသောအခါမှသာလျှင်
ပြည့်ပြည့်စုံစုံ ပြောပြလိုပါသည် ဘုရား။ ထို့အတွက်
ဆရာတော် အချိန်ပေးနိုင်မည့် အခါတွင် တပည့်တော်ထံသို့
စာတစ်စောင်ပြန်ပေးပါရန်လည်း မေတ္တာရပ်ခံအပ်ပါသည်ဘုရား။
တပည့်တော်လည်းရသမျှအချိန်အတွင်း သတိပဋ္ဌာန်တရားကို
မှန်မှန်နှင့်တဆက်တည်း ဖြစ်အောင်
ကြိုးစားအားထုတ်သွားပါမည် ဘုရား။

ဆရာတော်ကျန်းမာချမ်းသာပါစေ။
တပည့်- ဦးညာဏုတ္တရ
အခန်း (၂၂)
တိုက်ဝါဆောင်၊ ရွှေဥမင်တောရ။
မြောက်ဥက္ကလာပ၊ရန်ကုန်။

(ဤစာရေးချိန်တွင် ရွှေဥမင်ဆရာတော်ကြီးက မူလဘွဲ့ကို
“ ရှင်ညာဏုတ္တရ”အဖြစ် ပြောင်းလဲပေးသောကြောင့်
နာမည်မတူရခြင်းပါဘုရား)

ဆရာမြသန်းစံ ၏ “ ငြိမ်းချမ်းသောစိတ်ဖြင့် မငြိမ်းချမ်းသော
အာရုံများကို ဖြတ်ကျော်ခြင်း” စာအုပ်မှ ထုတ်နှုတ်ဖော်ပြပါသည်။

[မှတ်ချက်။ ။ ထိုဦးဇင်းလေးမှာ အသက်(၂၃)နှစ်တွင်
တရားထိုင်နေရင်းပင် ပျံလွန်တော်မူသွားခဲ့ပါသည်။]

(မူရင်းဓမ္မဒါနအလှူရှင် -ဦးမျိုးမြတ်သူ)

Dhamma Dãna Source ►ဦးမျိုးမြတ်သူ &
www.facebook.com/youngbuddhistassociation.mm

Thursday, March 13, 2014

လူနာကု ပါရဂူ ဖြစ်ခဲ့ပေမယ့် ကွန်ပြူတာ ဗိုင်းရက်စ်ပဲ သတ်ခဲ့သူ




တောင်ကိုရီးယား နိုင်ငံမှာ ဖြစ်ပါတယ်။ Physiology ဘွဲ့ရ ဆရာဝန် တစ်ဦး ဖြစ်ပြီး Master ကိုကျော်လွန်လို့ PhD အဆင့်အထိ အောင်မြင် ထားသူ ဖြစ်ပါတယ်။ သူ့အမည်က Ahn Cheol-soo ဖြစ်ပါတယ်။ ဆရာဝန် ပညာရပ်မှာ တစ်ဖက်ကမ်း တော်ပေမယ့် သူ အရည်အချင်းက အိုင်တီ ပညာရပ်မှာပါ ထူးချွန် နေပါတယ်။

ဆော့ဖ်ဝဲရေးရတာကို ကျောင်းတက်စဉ် ကတည်းက ဝါသနာ ပါသူ ဖြစ်ပြီး တစ်ဖက်က ကျောင်းစာ လုပ်သလို တစ်ဖက်ကလည်း ဆော့ဖ်ဝဲ ကို ကြိုးစား ရေး ပါတယ်။ ၁၉၉၁ ခုနှစ်လောက်မှာ PhD ဘွဲ့ရပြီး တစ်ဖက် ကလည်း ကွန်ပြူတာ ဗိုင်းရက်စ် သတ်တဲ့ Antivirus ဆော့ဖ်ဝဲ တစ်မျိုးကို တီထွင် အောင်မြင် ခဲ့ ပါတယ်။ အဲ့ဒါကိုလည်း လူနာကုတဲ့ ဆေးရုံမှာ သူ့ဘာသူ သိုသိုသိပ်သိပ် သုတေသန ပြုလုပ်လို့ တီထွင်ဖန်တီးခြင်း ဖြစ် ပါတယ်။ မိတ်ဆွေ သူငယ်ချင်းတွေ ကြားမှာ အခမဲ့ ဖြန့် ရင်း တောင်ကိုရီးယားမှာ လူကြိုက်များ ဗိုင်းရက်စ်သတ် ဆော့ဖ်ဝဲ ဖြစ်လာ ပါတယ်။

စစ်မှုထမ်းပြီး ၁၉၉၅ ခုနှစ် အရောက်မှာတော့ AhnLab,Inc. လို့ အမည်ရ တဲ့ ဆော့ဖ်ဝဲ ထုတ်လုပ် ဖြန့်ချိရေး ကုမ္မဏီကို တည်ထောင်ပြီး တစ်နှစ် အတွင်း တောင်ကိုရီးယားမှာ အအောင်မြင်ဆုံး အိုင်တီ ကုမ္မဏီ စာရင်းထဲ ပါဝင် လာပါတယ်။ ကုမ္မဏီ မထောင်ခင်က လုပ်ငန်းရှင် တစ်ဦးဟာ သူ့နည်းပညာကို အမေရိကန်ဒေါ်လာ ၁၀ သန်း ပေး ဝယ်ဖို့ ကမ်းလှမ်းခဲ့ဖူး ပါတယ်။ သူဟာ အဲ့ဒါကို ငြင်းဆန်ပြီး ဆရာဝန် အလုပ်မှ ရရှိတဲ့ ပိုက်ဆံနဲ့ ကုမ္မဏီ ကြိုးစား တည်ထောင်ခဲ့ခြင်း ဖြစ်ပါတယ်။ ကုမ္မဏီ ထောင်ပြီး နှစ် အနည်းငယ်မှာတင် တောင်ကိုရီးယားမ မှာ အကြီးဆုံး ကွန်ပြူတာ လုံခြုံရေး ကုမ္မဏီ ကြီး တစ်ခု ဖြစ်လာ ပါတယ်။ သူ့ စီးပွားရေး လမ်းစဉ်က အသုံးပြုသူ အားလုံးကို အခမဲ့ ဖြန့်ဝေပြီး Enterprise အဆင့် ကုမ္မဏီကြီးတွေ Package အကြီးစား ဝန်ဆောင်မှု ပေးပြီး ကွန်ပြူတာ လုံခြုံရေး အတွက် သူ့ဆော့ဖ်ဝဲ ကို အာမခံနဲ့ ရောင်းချ ပေးပါတယ်။ ဝန်ဆောင်မှု အကောင်းဆုံး ပေးပြီး ယနေ့မှာ သူ့ ကုမ္မဏီရဲ့ ဝန်ထမ်းက ၂၅၀ ကျော်သွား ပါပြီ။

တောင်ကိုရီးယားမှာ အိုင်တီ ကုမ္မဏီ အတွက် စတော့ ရှယ်ယာဈေး စဖွင်ချိန် ဝင်ရောက်ခဲ့ပြီး လူကြိုက်များ အဝယ်များ တဲ့ ရှယ်ယာ ပိုင်ရှင် ကုမ္မဏီ လည်း ဖြစ်ခဲ့ ပါတယ်။ ဒါကြောင့်မို့ AhnLab ဟာ တောင်ကိုရီယားမှာတင် မက ဂျပန်၊ အမေရိက နဲ့ အခြား ဥရောပ နိုင်ငံကိုလည်း ဈေးကွက် ချဲ့ထွင် နေပြီ ဖြစ်ပါတယ်။ သို့ပေမယ့် ယနေ့တိုင် သူ့ရုံးခန်းက တောင်ကိုရီးယား ဆိုးလ်မြို့က ဆင်ခြေဖုံး ရပ်ကွက်လေး တစ်ခုမှာ ပါပဲ။ ဂုဏ်ပကာသန မက်မောသူ တစ်ဦး မဟုတ် ပါဘူး။ စီးပွားရေး လောကတင် မက၊ နိုင်ငံရေး လောကကိုပါ ၂၀၁၁ ခုနှစ်က ဝင်ရောက်ခဲ့ပြီး အားပေးသူ များတဲ့ နိုင်ငံရေး သမား တစ်ဦးလည်း ဖြစ်လာ ပါတယ်။

တစ်ချိန်တုန်းက ဆရာဝန် ဖြစ်ခဲ့ပေမယ့် လူမကုပဲ ကွန်ပြူတာ ဗိုင်းရက်စ် သတ်တဲ့ ကွန်ပြူတာ ဆရာဝန် ဖြစ်ခဲ့သူ ကတော့ Ahn Cheol-soo ပဲ ဖြစ်ပါတယ်။


Ref:wiki

အောင်ခမ်း (ရိုးရာလေး)

ရက်ပေါင်း ၁၈၀မှာ ဝဘ်ဆိုဒ် အခု ၁၈၀ လုပ်လို့ ပရိုဂမ်မာဖြစ်ခဲ့သူ


အမည်ကတော့ Jennifer Dewalt လို့ခေါ်ပါတယ်။ ပန်းချီဆွဲတဲ့ အတတ် ပညာတစ်ခုသာ တတ်မြောက် ထားပေမယ့် ဝဘ်ဆိုဒ်ရေးသားတဲ့ Web Programming အလုပ်အပေါ် စိတ်ပါဝင်စားမှု ရှိခဲ့ပြီး ပရိုဂမ်မာ တစ်ယေက်ဖြစ်ဖို့ သူမ ကြိုးစားပါတော့မယ်။ အရင်ဆုံး Plan ဆွဲပါတယ်။

Plan ကတော့ ရှင်းပါတယ်။ JFDI ပါ။ Just *ucking do it လို့ခေါ်တဲ့ မဖြစ်ဖြစ်အောင် လုပ်ရမယ်ဆိုတဲ့ ခံယူချက်တစ်ခု ထားလိုက်ပြီး ရက် ပေါင်း ၁၈၀ အတွင်း ဝဘ်ဆိုဒ် ၁၈၀ ခု ပြီးရမယ်။ ပြီးတော့ ဆိုဒ်ကို Public မြင်အောင်ပြသမယ်။ ပြီးတော့ အဲ့အတွက် နေ့တိုင်း ခံစားချက်ရေး သားတဲ့ Blog လုပ်မယ်လို့ အလုပ် သုံးခုကို Plan ဆွဲပြီး လုပ်လိုက်ခြင်း ဖြစ် ပါတယ်။ ဒီတော့ တစ်ရက်ကို တစ်ဆိုဒ်နှုန်းနဲ့ စတင် ရေးသားစဉ် အခက်အခဲ များစွာ ရှိပေမယ့် တစ်ဆင့်ပြီး တစ်ဆင့်ဖြည်းဖြည်းဆီ တက်သွားတော့ ရည်မှန်းချက်အတိုင်း အောင်မြင် သွားပါတယ်။

အောင်မြင်ပြီးသွားချိန်မှာ သူမဟာ ပရော်ဖရှင်နယ် ဝဘ်ပရိုဂမ်မာ တစ်ယောက် ဖြစ်သွားပါပြီ။ တစ်ရက်ကို Page တစ်ခုနှုန်းဆွဲလိုက်တာ Website အခု ၁၈၀ ပြီးပြီး နာမည်ကျော်လာတဲ့ Jennifer Dewalt ရဲ့  ဝဘ်ဆိုဒ်ကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://jenniferdewalt.com/

အောင်ခမ်း (www.smart.com.mm)

Tuesday, March 11, 2014

ကျောင်းသူ တစ်ဦးက စက္ကန့် ၂၀ အတွင်းအားပြည့်စေမည့် ဘက်ထရီထွင်ခဲ့


Eesha Khare လို့အမည်ရတဲ့ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ် မှာ နေထိုင်သော ၁၈ နှစ် ကျောင်းသူ လေးက တီထွင်လိုက်တာ ဖြစ်ပါတယ်။ Google က ပေးတဲ့ ၂၀၁၃ ခုနှစ် အတွက် Young Scientist Award ကိုလည်း ရရှိခဲ့ ပါတယ်။

သူမ တီထွင်လိုက်တဲ့ ဘက်ထရီဟာ ဘယ်စမတ်ဖုန်း အမျိုးအစားကိုမဆို စက္ကန့် ၂၀ အတွင်းအားပြည့်အောင် သွင်ပေးနိုင်ပါတယ်။ Supercapacitor လို့ အမည်ပေးထားပြီး အားသိုလောင် သိမ်းဆည်းထားနိုင်မှု ပမာဏလည်း များပါတယ်။ အရွယ်အစားကတော့ သေးသေးငယ်ငယ်လေးပါ။ အနာဂတ် မှာ ခေါက်ခွေလို့ရတဲ့ ဖုန်း သုံးလည်း ထည့်သွင်းလို့ရမယ့် ဘက်ထရီ မျိုးအထိတောင် တွက်ချက်ဖန်တီးထားခြင်း ဖြစ်ပါတယ်။

1,000-cycle rechargeable battery ဖြစ်ပြီး အကြိမ် ၁ သောင်း Charge လုပ်နိုင်မယ့် ဘက်ထရီဖြစ်တယ်လို့ ဆိုပါတယ်။ သူမရဲ့ ဖန်တီးမှုကို Intel တောင် လက်ဖျားခါသွားပါတယ်။ ဒီလိုထွင်တဲ့ Eesha Khare ကတော့ ဟားဗတ်စ်တက္ကသိုလ်တက်ဖို့ ပညာသင်ဆုရပြီး ပရောဂျက်အတွက် အမေရိကန်ဒေါ်လာ ၅ သောင်း အချီးမြင့်ခံရကြောင်း သိရပါတယ်။

ဗီဒီယိုကြည့်ရှုရန် -

http://youtu.be/Ug1BBMtVYgI

အောင်ခမ်း (ရိုးရာလေး)