Showing posts with label ရယ်ရွှင်စရာများ. Show all posts
Showing posts with label ရယ်ရွှင်စရာများ. Show all posts

Saturday, December 24, 2016

ဏှာဘူး(နှာဘူး)အကြောင်း သိကောင်းဖွယ်ရာ အဖြာဖြာ


သေချာတာက
ယောက်ျားတိုင်းလည်း ဏှာဘူးမဟုတ်သလို
ဏှာဘူးတိုင်းလည်း ယောက်ျားမဟုတ်ပါဘူး။

ဏှာဘူးတို့၏ အားသာချက်များ
၁- မျက်စိလျင်တယ်
၂- အကင်းပါးတယ်
၃- အထာနပ်တယ်
၎- သူများမမြင်တာ သူတို့မြင်တယ်
၅- စူးစမ်းလေ့လာမှု အားကောင်းတယ်
၆- အလှတရားတွေကို ရှာဖွေနိုင်တယ်
၇- ပရိယာယ်ကြွယ်ဝတယ်
၈- ယောက်ျားစစ်ကြောင်း ထင်ရှားတယ်

ဏှာဘူးတို့၏ အားနည်းချက်များ
၁- ကာမေသု မိစ္ဆာစာရာ ဆိုတဲ့ သီလကို ကျိုးပေါက်စေတယ်
၂- တစ်ဖက်သားရဲ့ဣနြေ္ဒကို ပျက်ပြားစေတယ်
၃- မိန်းကလေးတွေရဲ့ရွံကြောက်ကြီး ဖြစ်စေတယ်
၎- မိမိကိုယ်တိုင်ရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတယ်
၅- လူမှုရေးနဲ့ ကျန်းမာရေးကို ထိခိုက်စေတယ်
၆- အချိန်နဲ့ ငွေကို အလဟဿဖြစ်စေတယ်

ဏှာဘူးမှာ အဆင့် ၃ ဆင့် ရှိပါတယ်။
မနောကံမြောက်ဏှာဘူး
ဝစီကံမြောက်ဏှာဘူးနဲ့
ကာယကံမြောက်ဏှာဘူး ဆိုပြီးတော့ပါ။

မနောကံမြောက်ဏှာဘူး

မနောကံမြောက်ဏှာဘူးကတော့ ကမ္ဘာမှာ အပေါများဆုံးပါ။ အတော်များများ ထိန်းဖို့ မလွယ်ပါဘူး။ သူတို့က တစ်ဖက်သားကို သိပ်တော့ဒုက္ခမပေးပါဘူး။ သူတို့စိတ်ထဲသာ ပြစ်မှားချင်တိုင်း ပြစ်မှားနေတာပါ။ အပြင်ကိုထုတ်မပြလို့ သူတို့က အန္တရာယ်အကင်းဆုံးဏှာဘူး စာရင်းဝင်ပါတယ်။

ဝစီကံမြောက်ဏှာဘူး

ဝစီကံမြောက်ဏှာဘူးကတော့ အခြေအနေပေါ် မူတည်ပါတယ်။ စိတ်နဲ့တင် ပြစ်မှားတာ အားမရလို့ ပါးစပ်ကနေ ထုတ်ပြောပြီး ပြစ်မှားကြတာပါ။ တချို့က ကိုယ့်ယောက်ျားတွေ အချင်းချင်းပြောကြပြီး ပြစ်မှားကြတာပါ။ "ဟိုစော်ကို ကြည့်စမ်းပါဦးကွာ၊ သောက်ရမ်းမိုက်တယ် ဘာ ညာ" စသဖြင့်ပေါ့လေ။ ပြဿနာရှိတာက ကိုယ့်အချင်းချင်းပြောရုံတင် အားမရဘဲ ကာယကံရှင်ကိုပါသွားပြီး မထိတထိ ရိတိတိ သွားပြောကြတာပါ။ ဒါဆိုရင်တော့ ပြောတဲ့ အနေအထားပေါ်မူတည်ပြီး ပြဿနာကကြီးနိုင်ပါတယ်။

ကာယကံမြောက်ဏှာဘူး

ကာယကံမြောက်ဏှာဘူးကတော့ အန္တရာယ်အများဆုံး ဏှာဘူးမျိုးတွေပါ။ သူတို့ကို ကြည်ဖြူတဲ့သူကို ဏှာဘူးသွားထတာက သိပ်ပြဿနာမရှိပေမယ့် ဘယ်လိုမှ မပတ်သက်တဲ့သူတွေကို ဏှာဘူးသွားထပြီး ကာယကံမြောက်ကျူးလွန်ရင်တော့ အကျိုးဆက်က မတွေးဝံ့စရာပါ။ ဒါမျိုးကိုတော့ ဏှာဘူးလို့ မခေါ်ဘဲ တဏှာရူးလို့ ခေါ်ရတော့မှာပါ။

ဒီနေရာမှာ
ဏှာဘူးနဲ့ တဏှာရူး မတူကြပုံက
စစ်သားနဲ့ အာဏာရှင်လို
အလုပ်သမားနဲ့ ဝန်ထမ်းလို
တာဝန်နဲ့ ဝတ္တရားလို
ဥပဒေနဲ့ ကျင့်ဝတ်လို
စည်းကမ်းနဲ့ နည်းလမ်းလိုပါပဲ

တဏှာရူးနဲ့ ဏှာဘူးက
တူမယောင်နဲ့ ကွဲပါတယ်
နီးမယောင်နဲ့ ဝေးပါတယ်

ဏှာဘူးဆိုတာမျိုးက ယောက်ျားအတော်များများမှာ တွေ့ရတတ်တဲ့ သဘာဝမျိုးပါ။ မနောကံနဲ့ ဝစီကံလောက်ကိုပဲ ချိုးဖောက်ကြတဲ့ ယောက်ျားမျိုးတွေပါ။ အဲ့ဒါမျိုးက ထိန်းနိုင်ရင်တော့ အကောင်းဆုံးဆိုပေမယ့် ထိန်းကြတဲ့သူ ရှားမယ် ထင်ပါတယ် (ကျွန်တော်အပါအဝင်ပေါ့ 😜)။ သူတို့က ငမ်းရုံလောက်ပါပဲ။

တဏှာရူးဆိုတာမျိုးကတော့ ကာယကံမြောက် ချိုးဖောက်ကြတဲ့သူတွေပါ။ သူတို့က ခွေးမြီးကောက် ကျည်တောက်စွပ် ဆိုသလိုပါပဲ။ သူတို့က အန္တရာယ်များပါတယ်။ အခန့်မသင့်ရင် တရားဥပဒေနဲ့ ငြိစွန်းတတ်ပါတယ်။ တဏှာရူးကတော့ ဝေးဝေးကရှောင်တာကောင်းပါတယ်။

သေချာတာကတော့ ဏှာဘူးဖြစ်ဖြစ်၊ တဏှာရူးဖြစ်ဖြစ် ဘာမှမဘူးတာက အကောင်းဆုံးပါပဲ။ သို့သော်လည်း မဘူးရ မနေနိုင်လို့ ဘူးကြပြီဟေ့ဆိုရင်လည်း ကျွန်တော် စဉ်းစားလို့ရသမျှ ဏှာဘူးကောင်းကျင့်ဝတ်များကို မျှဝေပေးလိုက်ပါတယ်။ (လိုတာရှိရင် ထပ်ဖြည့်ပေးကြပါ)

ဏှာဘူးကောင်းကျင့်ဝတ်

၁- ဏှာဘူးထမယ်ဆိုရင် အခြေအနေနဲ့ အချိန်အခါကို ကြည့်ပါ။
၂- ဏှာဘူးထမယ်ဆိုရင်တောင် မနောကံနှင့် အလွန်ဆုံး ဝစီကံလောက်အထိသာ ဘူးပါ။
၃- သူတစ်ပါး ဣနြေ္ဒပျက်ပြားအောင် မဘူးရပါ။
၎- ဘေးမှာ ပိုင်ရှင်ပါနေရင် မဘူးရပါ။
၅- အကြည့်၊ အပြော မရိုင်းရပါ။
၆- မသိမသာနှင့် မည်သူမျှ မရိပ်မိအောင်သာ ဘူးပါ။
၇- လူမှုရေးနှင့် ကျန်းမာရေးထိခိုက်အောင် မဘူးရပါ။
၈- ဏှာဘူးထဖို့ အချိန်နှင့် ငွေကို မဖြုန်းရပါ။
၉- ကာယကံမြောက် ဏှာဘူးထခြင်းကို မိမိ၏ ကာမပိုင်နှင့်သာ ကျင့်သုံးပါ။

အားလုံး အားလုံးသော မတစ်ထောင်သားများ ဏှာဘူးကောင်းများ ဖြစ်ကြဖို့ မျှော်လင့်မိပါတယ် (ကျွန်တော် အပါအဝင် 😜)။

Wai Phyo Maung (ဏှာဘူးသုတေသီတစ်ဦး 😜)
25.8.2015
Photo Credit to: Original Uploader

မြန်မာအရုပ်မ


ယောက်ျားတွေ အတော်များများက
နားငြီးတဲ့ဒဏ် ပေါက်ပေါက်ဖောက်တဲ့ ဒဏ်ကို မခံနိုင်တဲ့အဆုံး
မိန်းမတွေနေရာမှာ အရုပ်မတွေ အစားထိုးလာတဲ့အချိန်....

အရင်က smart phone လောက်ထုတ်ပြီး
သာယာနေတဲ့ company တွေတောင်
အခုဆို အရုပ်မဈေးကွက်ကိုရဖို့ အပြိုင်အဆိုင်ထုတ်လာကြပြီ။

အရုပ်မတွေကလည်း
တကယ့်မိန်းမ တစ်ယောက်လောက်နီးနီးကို တိုးတက်လာတဲ့အချိန်ပေါ့ဗျာ...

ကျုပ်လည်း ခေတ်မှီသွားအောင်
တစ်ရုပ်လောက်ဝယ်မလားလို့
အရုပ်မ showroom ထဲ တစ်ချက်သွားကြည့်တာ....

အလဲ့ ဆွေဆောင်းက ထုတ်တာ Galaxy Doll 7 တဲ့
ရုပ်ကတော့ ကိုရီးယားရုပ်လေးတွေနဲ့ဗျာ့...
အွန်စောကြိုက်လား၊ Park Bom ကြိုက်လား၊ Hyuna ကြိုက်လား
အရွယ်စုံ ဆိုဒ်စုံရှိတယ်။

နည်းပညာတွေကလည်း စွန်းမြင့်ချက်ပဲ
အရုပ်ပိုင်ရှင်ရဲ့ data တွေကို
Iris scaner တို့ Fingerprintတို့နဲ့ မှတ်ထားပြီး
အရုပ်ပိုင်ရှင်တစ်ယောက်ပဲ သုံးနိုင်မယ်တဲ့။

အလဲ့ မဆိုးဘူးဟ
ဆွေဆောင်း က
တစ်ကိုယ်ရည်တစ်ကာယ သီးသန့်သုံးနိုင်ဖို့
security ကတော့ အပြည့်ဘဲ။

ဒါပေမယ့် မဖြစ်သေးပါဘူးလေ
ဆွေဆောင်းဆို ပေါက်ကွဲတတ်လွန်းလို့
တော်ကြာ အဝှါပြုနေတုန်း ထပေါက်မှ
ငါ့ ဂျွန်ကုန်းကုန်းဖြစ်နေဦးမယ်။
မဖြစ်သေးဘူး...

နောက်တစ်ရုပ်ကျပြန်တော့
ဆူနီ Xperia D တဲ့...
အလဲ့ ဒီအရုပ်ကျပြန်တော့
တော်တော်ကို အကြမ်းခံတယ်ဆိုဘဲ။

ရေအောက်အနက် ပေ၂၀ မှာတောင်
Function တွေ အကုန် အလုပ်လုပ်သတဲ့...
လခွမ်း...အဲ့တာတော့ များသွားပြီ
ရေစိုခံတယ်လောက်ဆို တော်ရောပေါ့
ဘယ်ဂြိုလ်သားက ရေအနက် ပေ၂၀မှာ ဟိုဒင်းပြုမတုန်း...
နောက်ပြီး Japan Made ဆိုတော့
သောက်ကျိုးနည်း အသံကလည်း ကျယ်လိုက်မယ့်အမျိုး
ဒါလည်း မဖြစ်သေးဘူး...

ငင်
ဒီအရုပ်ကျ ဘယ့်နှယ့် မည်းပြောင်နေတာတုန်း...
ဈေးကျတော့လည်း သူက အကြီးဆုံး
ကျုပ်မျက်လုံးထဲတော့ ကုလားမကို မီးခိုးကြပ်တိုက်ထားသလိုဘဲ...
အွန်း ညဘက်သာဆို
မှောင်မှောင်မဲမဲနဲ့ ဘားမြင်ရမှာမဟုတ်ဘူး။
"အို...မြင်ရတာ မရတာတော့မသိဘူး...
အဲ့တာ အက်ပယ့် i doll 7 ရှင့်
အကို လိုချင်တယ်ဆိုရင်တောင် ခုမရသေးဘူး
သူက Jet Black လေ...
စွန်းလူကြိုက်လွန်းလို့် ပစ္စည်းပါပြတ်သွားတာ
အနည်းဆုံး ၄လလောက်တော့ကြိုမှာရမယ်..."

" အွမ် အဲ့လိုလား...."

မှန်းစမ်း ဒါကျတော့
အိုပိုbrand ဆိုပါလား....
Model က ဘာတဲ့
အိုပို d1s ဆိုဘဲ
ဘေးမှာ ကွင်းစ ကွင်းပိတ်နဲ့ (SP ဘုရင်) တဲ့
ဘုရား ဘုရား model နာမည် နဲ့တင်
အသားဒေပါ တဆက်ဆက်တုန်သွားဒေ....

"ညယ်မ ဒီဟာကရော"

"အဲ့တာက အိတ်တီစီ myanmar fly လေ...
သူက မြန်မာပြည်အတွက်သီးသန့်ထုတ်ထားတာရှင့်
မြန်မာစကားကိုလည်း မွတ်ထွတ်နေအောင် ပြောတတ်တယ်
ပြီးတော့....''

"အိုခေ
ရပြီ ညယ်မ အဲ့တာဘဲယူတော့မယ်"

မြန်မာစကား ရေရေလည်လည်ပြောတတ်တယ်ဆိုတည်းက ပြီးပြီလေ...
ပျင်းရင်လည်း စကားပြောဖော်လေးရတယ်...
အရုပ် quality ကလည်း မဆိုးဘူးဆိုတော့
အရောင်းစာရေးမ စကားတောင် ဆုံးအောင်နားထောင်မနေတော့ဘူး...
တန်းဝယ်ပစ်တာ။

အဲ့ အိမ်ရောက်လို့
ဒချိဖို့ ပါဝါဖွင့်တော့မှ ပြသနာက စတော့တာဘဲ

"အို....
ဆင် ကျယ်မကို ဒါ ဘာလုပ်တာလား.."

"ဟို ဟိုဒင်းလေ..."

"ဘာ ဟိုဒင်းလဲ"

ဖြောင်း....
ငိ အရုပ်မက ပါးချသဟ
လက်သံကလည်း ပြောင်ချက်

"ဆင် ကျယ်မကို ဘယ်လို မိန်းမစားထင်နေလဲ
ကျယ်မက မြန်မာ မိန်းကလေးဆင့်"

"အမ်...
ခင်ဗျားက အရုပ်လေ
နောက်ပြီး ကျုပ်က ခင်ဗျားကို ပိုက်ဆံပေးပြီး ဝယ်ခဲ့တာဗျ"

ဖြောင်း...ဖလောင်း....

ငမ့် ဒီတစ်ခါ ဘယ်ပြန် ညာပြန်ဟ

" ဆင် ကျယ်မအချစ်ကို
ပိုက်ဆံနဲ့ ဝယ်လို့ရမယ်များထင်နေလား...
ကျယ်မကို တကယ်ချေ့ရင်
လူကြီးစုံရာနဲ့ တောင်းရမ်း လက်ထပ်ပါ။
နို့မဟုတ်ရင်တော့ ဆွိုင်းရီးဘဲ သက်လား"

"ငင်"

အော် ကျုပ်ဘဝနှယ်
ကွကိုယ် မစွံလို့ အရုပ်မ ဝယ်တာတောင်
သောက်ကြီးသောက်ကျယ်မနဲ့မှ လာတိုးနေရတယ်လို့....

June Nine Aung - ရေးသားသည်။
Photo Credit to: Original Uploader

ဆယ်လီနာ ပိန်းဥ


ပိန်းဥ တဲ့။ ဆယ်လီနာ တဲ့။ တစ်နေ့ကမှ အဲဒီဗန်းစကားတွေ ကြားဖူးတာ။ ဖေ့ဘွတ်ပေါ်ကလာတဲ့ စကားတွေပေါ့။ ဆယ်လီနာ ဆိုတာ ဟိုနိုင်ငံခြားက ကျွန်တော်ကြိတ်ချစ်နေတဲ့ ဆယ်လီနာဂိုးမက် ဆိုတဲ့လှတပတ ကောင်မလေးကို ပြောတာ မဟုတ်ဘူးခင်ဗျ။ ဖေ့ဘွတ်မှာ လူကြိုက်များသူကို ဆယ်လီခေါ်တယ်မဟုတ်လား။

ဥပမာ အဲဒီဆယ်လီတစ်ယောက်ယောက်က သူများစာခိုးချတယ်၊ သို့မဟုတ် သူများအသက်မွေးဝမ်းကျောင်းကို ထိခိုက်ပြီးဆိုတဲ့အခါ၊ အခြားတစ်ယောက်ယောက်က အဲဒါကို ထောက်ပြရင်၊ မှန်၏ မမှန်၏၊ သင့်၏ မသင့်၏တွေ ဘေးချိတ်လို့ အဲဒီမှားတဲ့ ဆယ်လီကိုထိရင် ဆတ်ဆတ်ခါနာကြသူတွေကို ဆယ်လီနာ ခေါ်တာတဲ့ဗျာ။

ပိန်းဥ ဆိုတာကတော့ ဥပမာ - လူတစ်ယောက်က ဖေ့ဘွတ်မှာ စာရေးတင်လိုက်တယ် "ဘူ" တဲ့။ အဲဒီစာကို နှစ်သက်ကြောင်းပြတဲ့ လူလေးငါးထောင်ဟာ ပိန်းဥ တွေပါပဲ။ သူတို့က သူတို့ကောင်းတယ်ထင်တဲ့လူ ဘာပြောပြောယုံ၊ ဘာလုပ်လုပ် အကောင်းထင်တတ်တဲ့ ရောဂါရှိတယ်။

ကဲ ကြက်ဥနဲ့ ကြက်မ ဘယ်ကစ။ ပိန်းဥတွေ ဆယ်လီနာတွေ မိတ်ဆွေတို့ ပတ်ဝန်းကျင်မှာတွေ့ဖူးနေမှာတော့ သေချာတယ်။ ဒီလူတွေ ဘယ်လိုမွေးလာတုန်းပေါ့။

စကားလေးကြမ်းရင် သည်းခံပါခင်ဗျာ။ မိတ်ဆွေများလည်း ကြားဖူးမှာပေါ့။ "လင်တရူး၊ စုန်းပူး" ဆိုတဲ့စကား။ နားတော့ နည်းနည်းခါးမှာပေမယ့် အဲဒါလေးက စပြောရအောင်။ ဆရာမောင်သာရရဲ့ 'ကတ္တီပါ ဖိနပ်စီး ရွှေထီးဆောင်း' ဆိုတဲ့ ဝတ္ထုလေးဟာ ကျွန်တော်အမှတ်မမှားရင် အဲဒါ ဟစ်စတီးရီးယား ရောဂါသည်မလေး(ဇာတ်ကောင်နာမည်က မမထား ထင်ပါရဲ့) အကြောင်း ရေးထားတာခင်ဗျ။

အခုနောက်ပိုင်း အပျိုအရွယ်လေးတွေ ဘုရားပေါ်မှာ လူးလှိမ့်လို့ ဘာပူးတာ ညာပူးတာ။ ပိုဆိုးလာတာက စာသင်ကျောင်းတွေမှာ နဂါးပူးတာ ဘာညာ။ ဒါနဲ့ အင်္ဂလန်မှာလက်ရှိနေနေဆဲ ဆရာဝန်တစ်ယောက်ကို ဒါနဲ့ပက်သက်လို့ လှမ်းမေးရတယ်။ အဲဒီမှာ ဟစ်စတီးရီးယား (Hysteria) ဆိုတဲ့စကား ပြန်ကြားရတာပဲ။ ဟစ်စတီးရီးယား ဆိုတာဘာတုန်းလို့ ဆရာ့ကိုမေးတော့၊ သူပြန်ဖြေတဲ့စကား အခုမိတ်ဆွေတို့ နားခံသာမှာမဟုတ်လို့ လွယ်လွယ်မှတ်တော့ စောစောက ကျွန်တော်ပြောတဲ့စကား "လင်တရူး၊ စုန်းပူး"။

ဒါဖြင့် ကျောင်းတွေမှာကလေးတွေ ဖြစ်တာကျရောဆို ကျွန်တော့်အမြင်သီးသန့်က ကျောင်းတာဝန်ရှိသူတွေကိုယ်နှိုက်က ဒါကို ခွင့်ပြုလို့ဖြစ်ရတာ။ သို့သော် ဆရာကတော့ ဒီလိုဆိုတယ်။ ကလေးဆိုတာ ရှေ့က အပေါင်းအသင်းတယောက်လုပ်တာကို နောက်က လိုက်လုပ်တတ်ပါသတဲ။့ (Herd psychology / Mass behaviour) တဲ့။ စိတ်ရောဂါ အနုစားတွေလို့ ဆိုပါတယ်။

ကျွန်တော်တို့နိုင်ငံကဲ့သို့ လူဦးရေ သန်း ၅၀ ၀န်းကျင် ရှိသော်လည်း ကျွန်တော်တို့လောက် လူမှုဒုက္ခမများသော အင်္ဂလန်လိုတိုင်းပြည်မှာတောင် စိတ်ရောဂါ နဲ့ ပတ်သက်လို့ စောစောကလို စိတ်ရောဂါအနုစား ရှိသူတွေဟာ လူဦးရေရဲ့  ၂၅% ပါသတဲ့။
ပြင်းထန်သော စိတ်ရောဂါ ရှိသူတွေကတော့ ( schiz / endogenous depression / bipolar) ၃% ရှိပါသတဲ့။ စာသင်ရခက်ခဲသော ကလေးများကတော့ (အနုစား၊ အရင့်စား အားလုံး) ၁၁% ရှိပါသတဲ့။ ဒီလူတွေကို နှစ်စဉ် ကုသစရိတ် ဘီလျံနဲ့ချီ ကုန်ကျခံစောင့်ရှောက်ရပါသတဲ့။

ကဲ… ဒါဆို ကျွန်တော်တို့ စာပေါင်းသိုက်ပြည်ကြီးမှာရော။ စစ်တမ်းမရှိလို့ ဂဏန်းတစ်ခုသာ ထွက်မလာမယ်၊ အင်္ဂလန်ထက် ဘယ်နှဆသာတုန်းလို့သာ ပြောဖို့ရှိတာပဲ။

ဒီတော့ ခေါင်းလောင်းပေါ်မယ်ပြောလည်း ယုံတာပဲ။ ကျွန်တော်က မြစ်ရိုးသား။ ကျွန်တော့်တစ်သက် ကျွန်တော်ငယ်ငယ်က မြစ်ရှိခဲ့တဲ့နေရာတွေမှာ အခုမြစ်မရှိတော့ဘဲ မြစ်မရှိတဲ့နေရာတွေက မြစ်ကြောင်းပြောင်းစီးနေတာတွေ တွေ့ဖူးလှပြီ။ အလယ်တန်းပညာမှာ ပထဝီဝင်သင်ဖူးရင် မြစ်ကျိုးအင်းတို့ဘာတို့ ဘယ်လိုပေါ်လာတယ်ဆိုတဲ့ သဘောလည်း နားလည်ပြီ။ ဒါနဲ့ကို ဟိုးနှစ်ပေါင်းများစွာကမြုပ်ခဲ့တဲ့ ခေါင်းလောင်းကို မြစ်ထဲရှိမယ်ထင်တုန်း။ အောင်မယ် မြင်မကောင်းရှုမကောင်း နဂါးပါပူးလိုက်ကြသေးဗျာ။ စောစောက ပြောတဲ့ ပိန်းဥ တွေပေါ့။

ဒီလို အယူအဆကို လက်ခံသူတွေထဲ စာပေနဲ့ စာနယ်ဇင်းနယ်က လူတွေလည်းပါတယ်။ သူတို့က သူတို့တင်လက်ခံတာမဟုတ်ဘဲ ဖြန့်ဝေသေးတော့ နဂိုခံစိတ်ရောဂါရှိသူတွေမှာ ပိုဆိုး။ ဒါနဲ့ပဲ စာပေါင်းသိုက်ပြည်မှာ အရူးဇာတ်ကို လက်ဆင့်ကမ်းရင်း ပိန်းဥတွေ များများလာတယ်ထင်မိတာပဲ။

အဆိုးဆုံးကတော့ စာသင်ကျောင်းတွေမှာဒါတွေကို လက်ခံတဲ့ သတင်းတွေကြားရတာပါပဲ။ ကလေးတွေစိတ်ခံမှာ အရူးဇာတ်သွင်းပေးနေတယ်လို့ပဲ ကျွန်တော်မြင်ပါတယ်။ အင်္ဂလန်မှာ ဒီလိုစိတ်ရောဂါလို့ သံသယရှိခံရသူတွေဟာ ဆင်းရဲသား အောက်ခြေလူတန်းစားဆို ဆေးရုံဆေးခန်းဆီပြေးပါသတဲ့။ ပိုက်ဆံနည်းနည်းရှိရင်တော့ စိတ်ရောဂါကုဆရာဝန် ဆီသွားသတဲ့။ ကျွန်တော်တို့ဆီမှာတော့ မီးသတ်တပ်ဖွဲ့ကတောင် ပရိတ်ရေကူဖြန်းဆိုလား၊ နိုင်ငံတော်အဆင့်လူတွေကတောင် အမိန့်ပြန်ပေးတယ်ဆိုလား။ အင်း… ဘိလပ်လိုသာ သုံးကြိမ် သုံးခါလောက် ကြူးရင့်လိုက်ချင်တော့တယ် "ဂွတ်ထဟေ့။ ဂွတ်ထဟ" လို့။

ဒီတော့ အနှစ်ချုပ်ရရင် ပင်လယ်ရေ ငန်မငန်၊ သမုဒ္ဒရာအလယ်ထိ သွားကြည့်စရာမလိုဘူးခင်ဗျ။ ကမ်းနားကရေ ခပ်မြည်းကြည့် သိတယ်ရယ်။ စာရှုသူများ ပတ်ဝန်းကျင်မှာရော ပိန်းဥတွေ ပေါမပေါ ပြောကြည့်။ ဒါဆို စောစော ကျွန်တော်ရေးပြခဲ့တဲ့ အင်္ဂလန်ရဲ့ စိတ်ရောဂါစာရင်းနဲ့ ယှဉ်တွေးကြည့်ရင် အဖြေလေး ရေးရေးတော့ရလာမယ်။

ပိန်းဥတွေနည်းလာဖို့က မလိုအပ်တဲ့ ဟိုဟာပူး ဒီဟာပူးတွေ အားပေးမနေဘဲ၊ နည်းမှန်လမ်းမှန် ကုကြဖို့ရယ်၊ ကိုယ့်မှာ အရူးသွေးပါလာရင်လည်း နောက်မျိုးဆက်ကို လက်ဆင့်မကမ်းကြဖို့ရယ် ဒါလေးတွေပြောချင်မိတာ။

ဒါတွေက ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်တိုင်လုပ်ယူရမယ့်ဟာတွေ။ အစိုးရကိုချည်းအားကိုးလို့မရသလို၊ ဒါ့အတွက် အစိုးရကို အပြစ်တင်ဖို့ဆိုတာကလည်း လက်ရှိအစိုးရဟာ ဒီလူများစုကြီးရဲ့ဆန္ဒနဲ့ တင်ခဲ့တဲ့ အစိုးရလေ။ ဆိုလိုတာက သူ့မှာလည်း အခြားလုပ်စရာလေးတွေ အများအပြား ရှိမယ်လို့၊ ကိုယ်ထူကိုယ်ထကြဖို့ အဲဒါလေး ပြောချင်တာပါ။ ဆယ်လီနာတွေကတော့ အခုအောက်ဆုံးစာပိုဒ်ကို ရှာကြံအထအနကောက်ပြီး နာကြမလားပဲ။ ကျွန်တော်က ရိုးရိုးပြောတာပါဗျာ။ တကယ်ပါ။

အောင်မျိုးသူလွင်
၁၀၊၁၂၊၂၀၁၆
စနေ
နေ့လယ် ၁၂း၁၃

Facebook ဖြတ်ပေးသည့်ဆေးရုံ


တစ်နေ့မှာ တစ်နာရီသာ Facebook သုံးခွင့်ပြုသည်။
ကျန်အချိန်များတွင် Facebook မသုံးရ။

'ယင်းထ' လာပါက ဆေးရုံကပေးထားသည့်
'ဓာတ်ပုံအယ်ဘမ်' များကိုကြည့်ရသည်။
သောက်ဆေးအဖြစ် 'Like' ပုံစံပြုလုပ်ထားသည့်
ဘာမီတွန် များကို ညဘက်တွင်သောက်ရသည်။

Facebook ဖြတ်သူအချင်းချင်း
တစ်နေ့ကို အနည်းဆုံး တစ်နာရီခန့် စကားစမြည်
ပြောရသည်။ 'ကွီး' ၊ 'ဂယ်လား' ၊ 'အင်းပေါ့လို့' ၊
စသည့် 'comment' စကားများမပါရအောင်
ဆေးရုံကစောင့်ကြည့်ရသည်။

မနက်ဆိုရင် ကောင်းကင်ကို ကြည့်ရသည်။
'အရမ်းလှတာပဲ' 'selfie' ရိုက်ချင်လာပြီဟု
'ယင်းထ' လာပါက ဖုန်းအစား မှန်ကို အသုံးပြု
စေရသည်။

ဆေးရုံနံရံများတွင်
တက်ကျမ်းလိုလို
ဟာသလိုလို
ဆရာကြီးလိုလို
ရေးထားတဲ့ စာသားများကို ကပ်ထားရ၏။
ထိုဟာကိုပဲ လူနာများက 'status' အနေဖြင့်
ဖတ်ရသည်။
ငြင်းခုန်ကြသည်။
သူမှန်တယ် ကိုယ်မှန်တယ်
ရန်ဖြစ်ကြ၏။

ညညတွင် 'Message' အသံများကြားနေရသည်
ဆိုပြီး ထထ ထိုင်သည့် လူနာများလည်း ရှိသည်။
ဘာပဲပြောပြော ထိုဆေးရုံကတော့
လူနာများနှင့် ပြည့်နေလေ့ရှိသည်။

ကြာလာတော့ တကယ့် ပတ်ဝန်းကျင်ကို
အသားကျလာသောကြောင့်
Facebook ပြတ်သွားကြသည်ဟု
ဆေးရုံအုပ်ကြီးက Facebook တွင်
ကြော်ငြာထားလေသည်။😜

Credit - Original

Wednesday, June 29, 2016

အူလယ်လယ် အလှူ ရှင်နဲ့ အလှူ ခံ၊ ကံကတော့မခေ


ဇွန်လ ၁-ရက်နေ့ကပေါ့

ကိုမိုက်ကယ်တို့ရဲ့ဆွမ်းစားကအပြန် စားသောက်ကုန်စုံဆိုင်ကြီးတစ်ဆိုင်မှာဝင်ပြီး လိုချင်တာလေးဝယ်တယ်၊ အသိ ဒကာမတစ်ယောက်နဲ့တွေ့တယ်လေ။

သူနဲ့မတွေ့တာလဲကြာပါပြီ။ "ဒကာမကြီး ၀လို့ပါလား"။ ရယ်ကာမောကာနဲ့ "မှန်ပါဘုရား"တဲ့။ "ဆရာတော်လဲ ပိန်နေတယ်"။ "ဟုတ်တယ်၊ ဖျားပြီးစမို့ပါ"လို့ လွယ်လွယ်ပဲပြောလိုက်မိတယ်။ သူကလဲ ဈေးလှည်းတွန်းလျက်၊ ပစ္စည်းတွေကလဲအပြည့်၊ ကိုယ်တို့နှစ်ပါးကလဲ ဈေးလှည်းနဲ့ပေါ့လေ။

"ဆရာတော် ကြုံတုန်း ဒီပစ္စည်းလေးတွေလှူလိုက်ပါရစေဘုရား" တဲ့။ "သာဓုပါ၊ ကျောင်းမှာလဲ အာဂန္တု ဘုန်းကြီးတွေရှိတော့ အဆင်ပြေတာပေါ့ ဒကာမကြီး"။

သူ့လှည်းထဲက ပစ္စည်း ၂-ထုပ် ကိုယ့်လှည်းပေါ်ပြောင်းတင်ပေးတယ်လေ။ ဒကာမကြီးက တကယ်စေတနာအစစ်အမှန်နဲ့လှူနေတာပါ။ သူ့မျက်နှာမှာ ရိုးသားဖြောင့်စင်းတဲ့ စေတနာတွေအထင်းသားပါ။ အလှူခံကလဲ ကျေးဇူးတင်ဝမ်းသာမိတာ အမှန်ပါ။ ဆုတွေဘာတွေပေးပြီး နှစ်ပါးသား စကားတပြောပြောနဲ့ ငွေရှင်းမယ့်ကာင်တာဆီကို သွားလိုက်ကြတယ်။

ကောင်တာပေါ် ပစ္စည်းတွေတင်မှ "ဟာ- သူလှူတာတွေ ငါက ငွေရှင်းရမှာပါလားလို့" သတိရမိတယ်။
ကိုယ့်အဖြစ်ကိုတွေးပြီး ပြုံးမိတယ်။ အဖေါ်ပါတဲ့ အာဂန္တုဘုန်းကြီးကတော့ ဟားတိုက်ပြီးရယ်တယ်လေ။

လှူတဲ့ဒကာမကတော့ ကိုယ်ပိုင်ပစ္စည်းအမှတ်နဲ့ စေတနာနဲ့ ရိုးရိုးသားသားလှူလိုက်လို့ စေတနာအကျိုးတော့ ရပြီးသားပါ။ ရယ်စရာတော့ ဖြစ်သွားတာပေါ့နော်။

သူ့ပစ္စည်းတွေ ပြန်ထုပ်မယ်စိတ်ကူးသေးတယ်။ နေပါစေတော့လေဆိုပြိး ငွေရှင်းမယ်လုပ်တုန်း ဒကာတစ်ယောက်က ဘယ်နိုင်ငံကပါလဲ၊ ဘယ်ကျောင်းကပါလဲ မေးပြီး ဒီပစ္စည်းတွေ သူလှူပါရစေ တဲ့။ သူက ဗီယက်နာမ်နိုင်ငံကပါတဲ့။
$ 50 နီးပါးကျတာကို သူကရှင်းသွားတယ်လေ။
ကံကောင်းသေးတယ်လို့ ဆိုရမှာပေါ့နော်။

ငွေရှင်းပြီး ဒကာက ဘာသာရေးမေးခွန်းတွေ မေးသေးတယ်။ စိတ်ရှည်ရှည်နဲ့ စွမ်းနိုင်သလောက်ရှင်းပြခဲ့ပါတယ်။ သူက မဟာယာန ဗုဒ္ဓဘာသာပါ။

ဖြစ်ပုံကတော့ ဆန်းလိုက်တာလို့ တွေးမိပါရဲ့
.
မြတ်ပဋ္ဌာန်း
ဇွန်လ ၂ ရက်။ ၂၀၁၆

အဲဒီ လော်စပီကာသံတွေကို ငါ မုန်းတယ်


မုန်းတယ် မုန်းတယ် အဲဒီ လော်စပီကာသံတွေကို ငါ မုန်းတယ်... ဘယ်နှယ်ဗျာ... အေးအေးလူလူ နေရမလားလို့ ဘုန်းကြီးဝတ်မိပါတယ်... မုဆိုးတွေ သမင်လေးတစ်ကောင်ကို ၀ိုင်းလိုက်နေသလိုပဲ... လေးဘက်လေးလံ ဆူညံလို့... လူကို အသံရဲ့ သားကောင်ဖြစ်နေရော့...

ခများတို့ စဉ်းစားကြည့်ဗျာ... ကျုပ်နေတဲ့ ကျောင်းက ဘုန်းကြီးကျောင်းတွေနဲ့ ပတ်လည်ဝိုင်းထားတာ... လော်စပီကာတွေ ကိုယ်စီနဲ့... တစ်နေ့တစ်နေ့ အဲဒီ လော်စပီကာကြီးတွေကို မြောက်ကိုးရီးယားက အနုမြူ ဒုံးကျည်ကြီးတွေလို မြင်နေပြီ... တအုံးအုံး တဒိုင်းဒိုင်းနဲ့... သေချင်စော်ကို နံနေရော့...

အရှေ့ဘက်ကျောင်းက တစ်နေကုန် တရားခွေတွေ ဖွင့်ထားတာ... မနက်မိုးလင်းတာနဲ့ ပရိတ် ပဋ္ဌာန်း စပြီ... ရောင်းသူမဲ့ ဆိုင်တွေလို သူလဲ ဘုရားရှိခိုး ပျင်းတိုင်း ခိုးသူမဲ့ လုပ်နေတာ... စောစောစီးစီး ဘယ်သူ တရားနာနိုင်မှာတုန်း... နာသူမဲ့ပေါ့... ကြာနီကန် MP3 ဒီဗွီဒီချပ်ကြီးကို တစ်နေကုန် ဖွင့်ထားတာ... တစ်ရပ်ကွက်လုံးက သူ့ကို ဘွဲ့နာမည် ဦးကိတ္တိ ဖျောက်ပြီး (ကြာနီကိတ်) ဆိုပြီး ခေါ်ကြတဲ့အထိ...

အနောက်ဘက်ကျောင်းက တောထွက်ကိုယ်တော်ကြီး ဦးကုမာရ က တမျိုး... သူက ရေဒီယိုကနေ ဂျက်ပင်နဲ့တွဲပြီး လော်စပီကာနဲ့ ပတ်ဝန်းကျင်ကို နှိပ်စက်တာ... လေလှိုင်းမမိတဲ့အခါများဆို တဂြီဂြီ တရှဲရှဲနဲ့... သွားတွေကို ကျိန်းနေရော့... သက်သက်မဲ့ ပတ်ဝန်းကျင်ကို ဒုက္ခပေးနေတာဗျ... ကျုပ်ကျောင်းက ကိုရင်ဒက်ချီးတို့က နာမည်ပေးထားတယ်... (ရေဒီယိုကုမာရွတ်)တဲ့။ ရှာရှာဖွေဖွေ မှည့်တတ်ပ...

တောင်ဘက် ကျောင်းက ဦးဇင်းမဲလုံးက တစ်ဖုံ... ဟုတ်မဟုတ်တော့ မသိဘူး... လူ့ဘ၀တုန်းက သူကြိုက်တဲ့ ကောင်မလေးက နောက်တစ်ယောက်နဲ့ ယူသွားလို့ ဘုန်းကြီးဝတ်လာတာဆိုလား... ဖြစ်တော့ ဖြစ်နိုင်တယ်... တစ်နေကုန် အလွမ်းသီချင်းတွေ သံကုန်ဖွင့်ပြီး အလွမ်းကသိုင်း ရှုမှတ်နေတာ... တွံတေးသိန်းတန်... ဟင်္သာတ ထွန်းရင်... အောင်တင်ဝင်း... ကိုထွန်းရွှေ... ကိုအံ့ကြီး... စုံလို့ပဲ... သူ့ကိုတော့ (တွံတေးမဲလုံး) ဆိုပြီး နာမည်ပြောင် ပေးထားသတဲ့ဗျ...

မြောက်ဘက်ကျောင်းက ဓမ္မာစရိယ ဦးဇင်းလေးကလဲ မခေဘူး... မ.ဘ.သ အဖွဲ့ဝင်ထားတယ်ဆိုလား... တစ်နေကုန် အမျိုးသားရေးတရားခွေတွေ မျိုးစုံဖွင့်တယ်... ၉၆၉ သီချင်းတွေ ဖွင့်တယ်... နားတယ်ကို မရှိတာရယ်... သူ့ဇာတိက မင်းဘူးက ဆိုလား... ကျောင်းက ကိုရင်တွေ ပေါက်ပေါက်ရှာရှာ နာမည်ပေးပုံ ပြောပါတယ်... မင်းဘူးသား မျိုးချစ်ဆရာတော်တဲ့... သူ့ကိုယ်သူ မ.ဘ.သ မျိုးချစ်ဆရာတော်ဆိုပြီး လုပ်နေတာလေ... မှတ်ကရော့...

တခါတခါလဲ သူတို့တွေ လော်စပီကာ ပြိုင်ဖွင့်တာက စိတ်တိုတိုနဲ့ ရယ်ရတာတွေလဲ ရှိသဗျ...

မင်းဘူးသားမျိုးချစ်ဆရာတော်ကျောင်း လော်စပီကာသံက .... (ဒကာ ဒကာမတို့ရေ... လူ့ပြည်က အပ်တစ်စင်းနဲ့ ဗြဟ္မာ့ပြည်က အပ်တစ်စင်းလိုကို ခက်တာပါနော်... သူတို့များ အစိုးရဖြစ်လို့ကတော့ ကုလားနိုင်ငံဖြစ်မှာဗျ)... ဆိုရင် အရှေ့ကျောင်း ကြာနီကိတ်ရဲ့ လော်စပီကာက .... (ဒီနေ့ ဟောကြားမယ့်တရားက မေမေနှင်ထုတ် တေးတစ်ပုဒ်တဲ့... ဘာတဲ့ ပရိတ်သတ်)... ဆိုတာမျိုး...

တောင်ဘက်ကျောင်းက .... (ရန်သူငါးပါးထဲမှာ အင်မတန်ဆိုးဝါး လှတာ... မညှာမတာ ဘယ်သူ့မှ မထောက်ပါ... သူခိုးဓားပြထက် ဆိုးတဲ့ ရန်သူဟာ)... ဆိုရင် ဒီဘက် ရေဒီယို ကုမာရွတ် ရဲ့ လော်စပီကာက .... (အောင်တပ်မတော်ကြီးလဲ ချီတက်လာပါပြီ)... ဆိုပြီး ဖြစ်ကုန်ရော့... ကမောက်ကမတွေပေါ့ဗျာ....

ခများတို့ စဉ်းစားကြည့်ဗျ... ကျုပ်မှာ အရှင်လတ်လတ် ငရဲပြည် ရောက်နေသလိုပဲ... ဒကာ ဒကာမ လာလို့ အေးအေးလူလူ ဧည့်ခံစကားပြောရတယ်ကို မရှိဘူး... အော်ကြီးဟစ်ကျယ်နဲ့... အမြင့်ဆုံး ကီးတွေသုံးပြီး ပြောရတာ... ပြောနေဆိုနေရင်း တိုက်တိုက်ဆိုင်ဆိုင် လော်စပီကာတွေ ရပ်သွားချိန်နဲ့ တိုးလို့ အရူးကြီးလိုဖြစ်သွားတာတွေလဲ ရှိရဲ့...

ကျောင်းမှာ စားစရာ ဆွမ်းမရှိရင်နေ... မှန်ချိုဆေးတော့ အပြတ်ခံလို့ကို မဖြစ်တာ... သောက်ရေအိုးထဲ မှန်ချိုဆေး တစ်ဗူးထည့်ရောပြီး တစ်ကျောင်းလုံး မှီဝဲနေရတဲ့အဖြစ်... ခုဆို တစ်ကျောင်းလုံးလဲ အော်ကြီးဟစ်ကျယ်တွေ ပြောတတ်နေပြီ... လူထွက်ပြီး အဆိုတော်လုပ်ရင် ဟဲဗီးရော့ခ်တွေ တစ်ခေတ်ပြန်ထ.နိုင်တဲ့အထိ... တကယ်ပြောတာ... ကျုပ်ကျောင်းက ခွေးတွေ ဟောင်တာတောင် သူများတကာခွေးတွေထက် အသံ ပိုကျယ်တယ်...

လူပျံတော် မေတ္တာရှင်ကြီးကတော့ အပူရှောင်စခန်းဆိုပြီး လုပ်နေတယ်ဆိုလား... ကျုပ်ကျောင်းမှာတော့ အသံရှောင်ခန်းဆိုပြီး အိမ်သာလိုမျိုး အလုံပိတ် လုပ်ထားရတယ်... ဖုန်းလေးဘာလေး လာတဲ့အခါ အဲဒီထဲမှာ ၀င်ပြော... ကိုရင်တွေကို အရေးကြီးကိစ္စ မှာစရာရှိရင် အဲဒီထဲကို ခေါ်ပြီး ပြောပေါ့... မဟုတ်ရင် အလွဲလွဲအချော်ချော်... ရေစက်ချတဲ့ခွက် ယူခဲ့စမ်းဆိုရင် ရေစစ်တဲ့ဟာကြီး ယူလာလိုလာနဲ့... အရေးထဲ အဲဒီအခန်းကြီးကို အိမ်သာထင်ပြီး ရေးကြီးသုတ်ပြာ ၀င်ပြေးတဲ့ ဒကာမတွေက ရှိသေး...

ကျောင်းမှာ ကိုရင်ဦးဇင်းက မြဲတယ်မရှိဘူး... ကျုပ်ရဲ့ ဒဏ်ကို မခံနိုင်လို့များ မထင်နဲ့... အဲဒီ လော်စပီကာသံတွေကို မခံနိုင်လို့ လူထွက်ကုန်ကြတာ... ဟုတ်မှာပေါ့ဗျာ... လူ့လောကထဲမှာ ပူပူလောင်လောင် မနေချင်လို့ အေးရာအေးကြောင်း လာနေတာ... အိပ်ကောင်းခြင်း မအိပ်ရ... စားကောင်းခြင်း မစားရနဲ့... နားပူဒဏ် လာခံနေရတဲ့အဖြစ်... မထွက် ရှိရိုးလား...

တစ်ခါတစ်ခါလဲ... ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကြံကြံဖန်ဖန် စဉ်းစားမိတယ်... ဒကာ(မ) မထက်လို ထိုင်းနိုင်ငံကို သွား.. နားနှစ်ဖက်ကို ခွဲစိပ်... အလုံပိတ်... ကန်း အေးရော့... နောက်တစ်မျိုးလဲ စဉ်းစားမိတာ ရှိသေးတယ်... အမေရိကန်က တာဝေးပစ် ဒုံးကျည် တီထွင်ရင် ရရှားက ဒုံကျည်ခွင်းတဲ့ ဒုံကျည် တီထွင်သလိုမျိုးပေါ့... ကျုပ်လဲ လော်စပီကာ ဖျက်ခွင်းတဲ့ လော်စပီကာတစ်လုံးလောက်တော့ တီထွင်လိုက်ချင်တာ... ဖွင့်လိုက်တာနဲ့ ဘေးကျောင်းက လော်စပီကာတွေ ပစိပမွ ပျက်သွား အေးရော့...

ဟိုနေ့က ကျောင်းအမကြီး ဖုန်းလှမ်းဆက်တယ်... ဦးဇင်းလေး ဘာလိုသေးလဲတဲ့...

" ဒကာမကြီးရေ... အခြားဟာတော့ ဘာမှ မလိုဘူးဗျို့... လော်စပီကာခွင်းတဲ့ လော်စပီကာတစ်လုံးလောက် အမြန်ဝယ်ပေး... မဟုတ်ရင် ပုဆိုးတစ်ထည်နဲ့ အင်္ကျီတစ်ထည်သာ ၀ယ်ထားပေတော့... အေးချမ်းတဲ့ လူ့ဘောင်လူ့လောကကို ထွက်တော့မယ်ဗျို့..."

ပီနန္ဒ [မြိုင်]
11-5-2016
ရေးသားသည့်ဆရာတော် = အရှင်ပညာနန္ဒ (ပီနန္ဒ - မြိုင်)
Credit ; Ashin Pyinyar Nanda
Owner's Link ; https://www.facebook.com/pnanda.myaing.3

Tuesday, June 28, 2016

သိပေါ့ဟယ်


သို့  /
တနေ့ လက်ထပ်ဖြစ်ချင်ဖြစ်သွားမယ့်အကောင်

ငါ့ကို ဆံပင်ရှည်လေးနဲ့ လိုချင်ရင်
Hair Saloon ကို ၂ရက်တခါ သွားနိုင်အောင်
နင် ထားပါ
ဒါမှမဟုတ်ရင်တော့
အုန်းဆီနံ့ ထောင်းထောင်းထနေတဲ့ ဗောက်အဖတ်လိုက်
ခြင်္သေ့ဆံပင်ကေကိုပဲ နင် ညတိုင်း နမ်းနေရမယ်

နင် ငါ့ကို ထမင်းဟင်းစုံလင်အောင် ချက်တတ်စေချင်ရင်
ဆန်အိတ်ကူသယ်ပါ
ဆီဘူးလိုက်မ,ပေးပါ
အညှီနံ့ နံတဲ့ သားငါးတွေကို
နင် ကိုယ်တိုင် ခုတ်ထစ်လှီးဖြတ်ပေးပါ
ဟင်းသီးဟင်းရွက်တွေကိုလည်း လတ်ဆတ်တာမျိုးကိုမှ
နင် ကိုယ်တိုင် ဈေးသွားပြီးရွေးဝယ်ပါ

ငါ့မိဘ အိမ်သွားလို့ 
နင် ဟောက်ခံရရင်
မှားမှားမှန်မှန် နင့်ဘက်က နေပေးပါ့မယ်
နင့်မိဘ အိမ်သွားလည်း
ထိုနည်းတူပဲ ဖြစ်ပါစေ

နင် ကလေးတွေ အများကြီးယူချင်ရင်
ငါ မွေးပေးမယ်
ဒါပေမယ့် ကလေးတွေ
သောက်ကမြင်းကြောထတဲ့အခါ
ဆိုးတဲ့အခါ
ပြောမရတဲ့အခါ
ငါ့သမီးမို့  ငါ့သားမို့ 
ငါ မဆုံးမလို့ ပြောရင်
နင့်သေတွင်း နင်ကြိုတူးထားပါ
ဒီကလေးတွေကို ငါ့တယောက်တည်း
လေဥဥပြီးမွေးခဲ့တာမဟုတ်ဘူးလေ
သိပေါ့ဟယ်

နင်က ယောကျာ်းမို့ 
စီးပွားရှာယုံပဲ လုပ်ပြီး
ငါက မိန်းမမို့ 
အိမ်မှာပဲ နေရ ကလေးပဲထိန်းရ
အိမ်အလုပ် အကုန်လုပ်ရမယ် ဘာညာ
သြဝါဒ လာချမယ်ဆိုရင်
အိမ်မှာ အိမ်မှုကိစ္စတွေ ကူလုပ်ပေးမယ့်
နောက်လင် ရောက်နေပြီဆိုတာကို
နင် မှတ်ထားပေးပါ

ငါ့ကို တခါတရံလေးတောင်မှ
သူငယ်ချင်းတွေနဲ့ လျှောက်မသွားရဘူးဆိုရင်
သောကြာနေ့ ညတိုင်း
နင်တို့ ကောင်တွေအတွက်
အိမ်မှာ လုပ်ပေးမယ့် အရက်ဝိုင်း
နောက်မမျှော်လင့်ပါနဲ့ လို့ ပဲ ပြောပါရစေ

ငါ့ကို ဝလာပြီ !!!
Make Up ပစ္စည်းတွေပဲ ဝယ်မနေနဲ့ ပြောရင်
နင်လည်း
တလလုံးကိုမှ
ဘုရားပွဲက ၂၀၀၀တန် အကျီ ၃ထည်နဲ့ 
၁၅၀၀တန် ဘောင်းဘီ၃ထည်လောက်နဲ့ 
စခန်းသွားဖို့ ပြင်ထားပါ

ယောကျာ်းနဲ့ မိန်းမ နှစ်ယောက်ပေါင်းပြီး ဘဝတခုထူထောင်တာပါ
မင်္ဂလာဆောင်တာ
သိန်းဘယ်လောက်ကုန်တယ်ဘာညာနဲ့ ပြောပြီး
ငွေဝယ်ကျွန်တယောက် ဝယ်လာသလို ထား
ကြိုက်သလောက် ခိုင်းစားနေမယ်ဆိုရင်
နင့်ကိုလည်း
လူကုန်ကူးပစ်ဖို့ ဝန်မလေးဘူးဆိုတာ
မြဲမြဲမှတ်ထားပေးပါ

Credit to: MyatThida Soe

ဘုန်းကြီးလူထွက် ငှားချင်လို့ပါ


“ဆရာတော် အပြင်မှာ ဧည့်သည်ရောက်လို့ဘုရား”

ဒီနေ့ နေ့ခင်း (၂)နာရီလောက်က အခန်းထဲမှာစာကြည့်နေတုန်း ကျောင်းသားလေးလာပင့်လို့ ဧည့်ခန်းထဲ ကို လိုက်လာပါတယ်။ ဧည့်ခန်းထဲရောက်တော့ အသက်(၇၀)ကျော်အရွယ် ဒကာမကြီး တစ်ဦးနဲ့ အဖော်ဒကာတစ်ဦးကိုတွေ့ရပါတယ်။

အသက်(၇၀)ကျော်ဆိုပေမယ့်ရိုးရိုးယဉ်ယဉ်ဝတ်စားထားတာတော့မဟုတ်ပါဘူး။ ဒူခေါင်းနားအထိ တိုတဲ့ဂါဝန်စကပ် အင်္ကျီကလည်း ကြောင်ကြောင်ကြားကြားနဲ့ “ ဘင်လာဒင် ပုတီးကိုင်သလို” အကြည့်ရ အတော်ဆိုးလှပါတယ်။ စာရေးသူကိုတွေ့တော့ ပုဆိန်ပေါက်ဦးချပြီး-

“ဘုန်းဘုန်းလေးကိုအကူညီအညီတောင်းချင်လိုပါ”

“ပြောပါ ဒကာမကြီး ကူညီနိုင်တဲ့ဟာဆို အားလုံးကူညီပါမယ်”

“ပြောကိုမပြောချင်ပါဘူး၊ အိမ်က မြက်နုကြိုက်ကြီးပေါ့ဘုရား”

“မြက်က်နုကြိုက်ဆိုတာ ဘာကိုပြောတာလဲ ဒကာမကြီးရဲ့”

“ ရော် ဘုန်းဘုန်းရယ် ရိုးပါ့၊ နွားအို မြက်နုကြိုက်ဆိုတဲ့ စကားရှိတယ်လေ၊ တပည့်တော်အိမ်က ဟာကြီးကအသက်(၇၁)ရှိပြီးဘုန်းဘုန်းရေ ခုသူက သူ့ထက် အသက်တအားငယ်တဲ့ ကောင်မလေးတစ်ယောက်နဲ့ ဘာညာသာရကာ နေကြာကွာစေ့ မရိုးမသား ခိုးစားပြီး စနိုက်ကြော်နေလို့ဘုန်းဘုန်းရေ..”

ဗျာ……

(၇၀)ကျော် မော်ဒယ်အဖွားကြီးရဲ့ စကားကြောင့် စာရေးသူလည်း “ဗျာ” လို့ တခွန်းပဲ အသံထွက်နိုင်ပါတယ်။

“မဗျာနဲ့ ဘုန်းဘုန်းရေ ဒီမှာ ကြည့်ပါဦး”

လို့ပြောပြီး သူ့ဒကာကြီးနဲ့ စနိုက်ကြော်တို့ ပုံတွေကို ထုတ်ပြပါတော့တယ်။

“ရတယ်…..ရတယ် ဒကာမကြီး မပြနဲ့တော့….ရတယ်”

လို့တားလိုက်ပြီး၊ ကိလေသာမီး တောက်လောင်နေတဲ့ ဒကာမကြီးကို တရားနည်း ဘုရားနည်းနဲ့ မီးငြှိမ်းဖို့ တရားစခန်းဝင်ဖို့ အကြံပေးလိုက်ပါတယ်။

“ အမလေး တရားစခန်းကို လင်မယားနှစ်ယောက်လုံးဝင်ပါသကော ဘုရား…။ (၇)ရက်တရားစခန်းမှာ (၂)ရက်နဲ့ ပြန်လာတာ”

“ ဘယ်လိုဖြစ်ပြီး (၂) ရက်နဲ့ ပြန်လာရတာလည်း ဒကာမကြီးရဲ့”

“ဘယ်လိုဖြစ်ပါ့ဘုရား စနိုက်ကြော်တွေကြောင့်ပေါ့ဘုရား၊ ရိပ်သာမှာထမင်းကျွေတော့ ရိပ်သာက ထမင်းကျွေးတဲ့နေရာမှာ တာဝန်ယူတဲ့ ကောင်မတွေက တပည့်တော် အိမ်ကဟာကို ဟင်ထည့်ပေးတာ အမြင်ကတ်လို့ (၂) ရက်နဲ့ ပြန်ခဲ့တာ ”

မော်ဒယ်အဖွားကြီး စကာကိုကြားတော့မှ ဒီဒကာမကြီးရဲ့ အနေအထားကိုသဘောပေါက်သွားပါတယ်။ "တရားဖက်ရမယ့်အရွယ်မှာ တဏှာမက်” နေတော့ စိတ်ထဲမှာလည်း အတော်လေး အချဉ်ပေါက်သွားပါတယ်။

ဒါ့ကြောင့် စချင်စိတ်လည်းပေါက်လှတာမို့ ခပ်တည်တည်နဲ့ စာရေးသူရဲ့ ဟမ်းဖုန်းကိုထုတ်ပြီး--

“ ကဲ ဒကာမကြီးက မယားကြီးငုတ်တုတ်ရှိပါရက်နဲ့ စမောဆွဲတဲ့ ဒကာကြီးကို တလင်တမယား ဥပဒေနဲ့ တရားစွဲချင်တာမို့လား၊ ခုရန်ကုန်တိုင်းရဲမှူးဆီကို ဖုန်းဆက်ပြီး ဒကာကြီးကို ဖမ်းခိုင်းလိုက်တော့မယ်”

ဟု ခပ်တည်တည်နဲ့ စလိုက်ပါတယ်။ ဒီတော့ မော်ဒယ်အဖွားကြီးက ထိပ်ထိပ်ပြာပြာနဲ့

“ မ.. မဟုတ်ပါဘူးဘုန်းဘုန်းလေးရယ်။ တပည့်တော်က ဘုန်းဘုန်းလေး တရားကို Sky Net ကနေ နာပြီးကတည်းက ကြည်ညိုပြီး ဖူးချင်နေတာပါဘုရား။ ခုက ဒကာကြီးကိုလာတိုင်တာမဟုတ်ပါဘူးဘုရား ဘုန်းဘုန်းလေးကို လာဖူးတာပါဘုရား…”

လို့ပြောပြီး ပိုက်ဆံ(၁၅၀၀)ကို ဇွတ်လှူနေတာကြောင့် “ဦးဇင်းငွေလက်မခံဘူး” လို့ညင်းလိုက်ရပါတယ်။

အဖွားကြီးရဲ့ ဖြစ်စဉ်ကိုကြည့်ပြီး စနောက်ချင်စိတ်က ပေါက်လာပြန်တာမို့။

“ဒကာမကြီးကို ဦးဇင်းအကြံတစ်ခုပေးမယ်နော်”

“ပေးပါဘုရား၊ ဘုန်းဘုန်းလေးတို့လို့ ပညာရှိကပေးတဲ့ အကြံကို တပည့်လေးလိုက်နာပါမယ်ဘုရား”

“ခု ဒကာကြီးကိုက စမောဆွဲတာကို ဒကာမကြီးက အူတိုနေတာမို့လား၊ ဒီတော့ ဒကာကြီးကို ပြန်ပြီးအူတိုအောင် ဒကာမကြီးလည်း ပြန်ပြီးစမောဆွဲ လိုက်ပေါ့”

စာရေးသူ စကားကြားတော့ မော်ဒယ်အဖွားလည်း မျက်လုံးတွေလင်းလက်လာပြီး။

“ဟုတ်တယ် ဘုန်းဘုန်းလေးရာ… တပည့်တော် အဲလိုလုပ်ဖို့မေ့နေတာ၊ အဲလိုလုပ်မယ် စမောဆွဲမယ် စပါယ်ယာ ကောဒရိုက်ဘာပါဆွဲတော့မယ်” ဘုရားလို့အားတက်သရောပြောပြီး .

“ဒါပေမယ့် တခုတော့ရှိတယ်ဘုန်းဘုန်းရဲ့ ဘုန်းဘုန်းတပည့်တော်ကို ဆက်ကူညီပေးဦး”

“ဘယ်တခုရှိပြန်တာလဲ ဒကာမကြီးရဲ့”

“ဒီလိုလေ ဘုန်းဘုန်းလေးရဲ့ ခုခေတ်ကောင်လေးတွေက လွယ်တာမဟုတ်ဘူး၊ တပည့်တော်က အိမ်က မြက်နုကြိုက်ကြီးကို မခံချင်လို အူတိုအောင် တွဲလိုက်တာတော့ဟုတ်ပါတယ်။ ကိစ္စတွေပြီးလို့ တပည့်တော်ကို မခွဲနိုင်ဘူးဆိုရင်ခက်မယ်ဘုရား၊ နောက်ပြီး ပစ္စည်းဝယ်ပေးရ၊ အ၀တ်အစားဝယ်ပေးရ၊ မုန့်ဖို့ပေးရနဲ့ အကုန်အကျများမှာ”

“ အဲဒီတော့ ကျုပ်က ဘယ်လိုကူညီရမှာလဲ”

စာရေးသူ စကားဆုံးတော့ စာရေးသူဘေးနားမှာ ထိုင်နေတဲ့ ကျောင်းသားတွေကို မေ့ငေါ့ပြပြီး။

“ဟိုလေ ဘုရား .. ဘုန်းဘုန်းလေးဆီမှာ ဦးဇင်းလူထွက်လေး ဘာလေးများ ရှိလားဘုရား”

“ရှိတယ်လေ ခု ဦးဇင်းနား ထိုင်နေတဲ့ (၃) ယောက်က ဘုန်းကြီးလူထွက်တွေချည်းပဲ ဒကာမကြီး စမောဆွဲမှာနဲ့ သူတို့နဲ့က ဘာဆိုင်လို့လည်း”

“ဒီလိုပါဘုရား… ဘုန်းကြီးလူထွက် “တစ်ပါး”လောက်ကို တပည့်တော်စမောဆွဲချင်လို့ပါဘုရား…. အလကားမဆွဲပါဘူးဘုရား တရက်ကို (၁၅၀၀) ပေးမှာပါ၊ သူတို့လည်းအလုပ်ရ တပည့်တော့အတွ က်လည်းအဆင်ပြေတာပေါ့ဘုရား”

မော်ဒယ် အဖွားရဲ့ စကားလည်းကြားရော.. ဘုန်းကြီးလူထွက် (၃)ယောက်မှာ။

“ဟာ ..ဟာ…. ကျုပ်တို့က ခဏလေး လူထွက်တန်း ကစားနေတာပါ၊ ခဏနေရင် ဘုန်းကြီးပြန်ဝတ်တော့မှာပါဗျာ၊ တကယ်ပြန်ဝတ်တော့မှာပါဗျာ”

လို့ ကြောက်လန့်တကြားအော်ပြီး ကျောင်းပေါ်က ဆင်းပြေးသွားပါတော့ တယ်။

“မနက်ဖြန် ပြန်လာခဲ့မယ်ဘုရား” လို့ အကြိမ်ကြိမ်ပြော ပြီး မောဒယ်အဖွားပြန်သွားပါတယ်။

မော်ဒယ်အဖွားကြီးလည်းပြန်တော့မှ အမောတကောနဲ့ -

“ဆရာတော်ဘုရား တပည့်တော်တို့ (၃)ယောက်ကို အမြန်စုံ သင်္ကန်ပြန်ဝတ်ပေးပါဘုရား၊ ညနေက အဖွားကြီးကိုကြောက်လို့ပါ အမြန်သင်္ကန်းဝတ်ပေးပါ ဘုရား”
ဟု တစာစာနဲ့ တောင်းဆိုနေပါတော့တယ်။

အခုချိန်ထိကား သင်္ကန်ပြန်ဝတ်မပေးရသေးပါချေ၊ စမောဆွဲလိုသူ၊စနိုက်ကြော်လိုသူ “ဘုန်းကြီးလူထွက် တရက်(၁၅၀၀) နဲ့ ငှားလိုသူများ စာရေးသူထံ ဆက်သွယ်ကြပါကုန်……………

(ဘ၀အမော၊ တစ်ခဏတော့၊ ပြေလျှောကြပါစေ)

““ဓမ္မ၀ီရ အရှင်””

Thursday, May 26, 2016

ကိုချုချာ၏ ၀ိတ်ချနည်း


ကိုချူချာ တစ်ယောက် အခုတစ်လော အလွန်ဝလာသဖြင့် အလွန်စိတ်ညစ်နေသည်။ စိတ်ညစ်ညစ်နှင့် အိမ်ရှေ့ ဧည့်ခန်းမှာထိုင်ရင်း သတင်းစာကို ယူကြည့်ရာ ကြော်ငြာတစ်ခုကို တွေ့ လိုက်ရသည်။ ကြော်ငြာက သင်၏ အဆီများကျဖို့  ကျွန်တော်တို့က တာဝန်ယူပါသည်။ ဖုန်းနံပါတ် - - - - - ကိုသာ ဆက်သွယ်လိုက်ပါ ဟု တွေ့ရသဖြင့် ခေါ်ဆိုကြည့်ရာ

တစ်ဖက်မှ၊ ဟုတ်ကဲ့ Slim Body Group မှ ကြိုဆိုပါတယ်။ မိတ်ဆွေအနေဖြင့်၊ နေနရပ်လိပ်စာနှင့် တစ်ပတ်အတွင်း ပေါင်မည်မျှ ကျချင်ကြောင်း ပြောပြပါ ဟုပြန်ဖြေလေသည်။

ထိုအခါ

ကိုချူချာက တစ်ပတ်အတွင်း ၅ပေါင် ကျချင်ကြောင်းပြောရာ

တစ်ဖက်မှ၊ ဟုတ်ကဲ့ မနက်ဖြန်ကစပြီး လူကြီးမင်းရဲ့ ကိုယ်အလေးချိန် ၅ပေါင်ကျဖို့ တာဝန်ယူကြောင်း ဤအစီအစဉ်ကို ကြိုက်နှစ်သက်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြန်ဖြေလေသည်။

နောက်နေ့ မနက် အိမ်တံခါးခေါက်၍ သွားဖွင့်ရာ၊ ငယ်ရွယ်ချောမောလှပသော မိန်းမပျိုလေး
တစ်ယောက် အားကစားဝတ်စုံ ၀တ်လျှက် စောင့်နေသည်ကို တွေ့ ရလေသည်။ သူမ၏ လည်ပင်းတွင် ကဒ်ပြားတစ်ခု ချိတ်ဆွဲထား၍ ဖတ်ကြည့်ရာ၊

မိအောင်ဖမ်း၊ မိရင်နမ်း၊ ဟုတွေ့ ရသည်။ ထိုမိန်းကလေး က ဘာမှမပြောဘဲ ပြေးထွက်သွားရာ ကိုချူချာလည်း မှီအောင် လိုက်ရတော့သည်။ ၂မိုင်လောက် ပြေးလိုက်မှ ထိုမိန်းကလေးကို မိတော့သည်။ ဒီလိုနှင့် ထိုမိန်းကလေးနောက် နေ့စဉ်ပြေးလိုက်နေရရာ တစ်ပတ်မျှကြာသော် အမှန် တစ်ကယ်ပင် ၅ပေါင် ကျသွားကြောင်းတွေ့ ရသည်။

ကိုချူချာတစ်ယောက် အပျော်ကြီးပျော်သွားပြီး ယင်း Group အား ထပ်မံ၍ တစ်ပတ်အတွင်း ၁၀ပေါင် ကျချင်ကြောင်း အကြောင်းပြန်လိုက်သည်။ နောက်နေ့ တွင် ယခင်ကထက် ပိုမိုချောမောလှပသော မိန်းမပျိုလေးတစ်ယောက် ဘောင်းဘီတိုလေးနှင့် စောင့်နေသည်ကို တွေ့ ရပြန်သည်။

ထိုမိန်းကလေး၏ ကတ်ပြားလေးမှာလဲ၊ မိရင်သင့်စိတ်ကြိုက်ဟု ရေးထားလေသည်။ ထိုမိန်းကလေးနောက် ပြေးလိုက်ရာ၊ ၅မိုင်လောက်မှ မှီလေသည်။ ထုံးစံအတိုင်း တစ်ပတ်ပြည့်၍ ပေါင်ချိန်ကြည့်ရာ တစ်ကယ် ၁၀ပေါင် ကျသွားလေသည်။

ကိုချူချာတစ်ယောက် လောဘတက်လေပြီ။ ၂ ပတ်အတွင်း ပေါင် ၅၀ ကျချင်ကြောင်း အကြောင်းကြားရာ ထို Group က ထိုအစီအစဉ်မှာ လွန်စွာ ပင်ပန်းကြောင်းနှင့် ဖြည်းဖြည်းချင်း ပေါင်ချလျှင်လည်း ရနိုင်ကြောင်းပြောပြသည်။

သို့ သော်ကိုချူချာကရပါတယ်၊ ဒီလောက်တော့ အပျော့ပေါ့ ဟု ပြန်ပြောကာ ၂ ပတ်တွင်ပေါင် ၅၀ကျရန် သဘောတူလိုက်သည်။ နောက်နေ့ မနက်ရောက်၍ ၀မ်းသာအားရ တံခါးသွားဖွင့်ရာ၊ တံခါးတွင်... ထောင်ထောင်မောင်းမောင်း သန်သန်မာမာ ယောကျာ်းတစ်ယောက်ကိုတွေ့ ရ၍ အံအားသင့်သွားသည်။ ထိုသူ၏ လည်ပင်းတွင်ချိတ်ဆွဲထားသော ကတ်ပြားလေး၌

"လွတ်အောက်သာပြေး၊ မိရင်ငါ့စိတ်ကြိုက်" လို့ရေးထားသည်ကို တွေ့လိုက်ရတော့သည်။


---

Credit - Original Writer

Credit -momolay

Thursday, May 12, 2016

ရောင်းသူမဲ့


ရောင်းသူမဲ့ အအေးဆိုင်တွေက အစပြုပြီး ခေတ်စားလာခဲ့သည်မှာ ခုမြန်မာပြည်တလျား တော်တော်
ရောင်းသူမဲ့တွေ လုပ်လာကြပေပြီ..
ရုပ်ရှင်ရုံ. .စားသောက်ဆိုင်
ဈေးဆိုင်တွေက အစ ရောင်းသူမဲ့. . ဒီမိုကရေစီသက်တမ်းကလည်း
ရင့်လာပြီဆိုတော့ လူတော်တော်များများ စည်းကမ်းရှိလာ
ကြသည်. .အရင်လို ပိုက်ဆံတွေခိုးယူတာတွေ မပေးပဲသောက်သွားတာမျိုးတွေက
မရှိသလောက် ရှားလာပေပြီ. . .


ယနေ့ပဲကြည့်လေ. .
မတင်ရွှေက ကိုယ်လေးလက်ဝန်နဲ့ဆိုတော့
ငလွင်ပဲ မနက်စောစောတိုင်း
ငလွင်ဈေးသွားသည်. .
ဈေးက နည်းနည်းလှမ်းတော့
လမ်းမလျှောက်ချင်. .
ပိုက်ဆံနှမြောလို့ မဖြစ်. .
ဆိုက်ကား ငှားစီးသွားသည်. .
ဆိုက်ကားက မောင်းသူမဲ့ ဆိုက်ကား. .
လမ်းထိပ်က မကျေးပင် အောက်မှာ
ထိုးထားသည်. .
မန်ကျေးပင် ပင်စည်မှာ စာကပ်လျက်. .

မောင်းသူမဲ့ ဆိုက်ကား
ဈေး . .ငါးရာ
ကားမှတ်တိုင်. .သုံးရာ
. . လမ်း. .ခုနှစ်ရာာ. .

ပိုက်ဆံငါးရာကို မန်ကျေးပင်အောက် ပုံးထဲထည့်ပြီး ကိုယ်တိုင် နင်းလာလိုက်ရုံသာ. .တော်တော် အဆင်ပြေသည်. .

ဈေးရောက်တော့
ငါးဝယ်သည်. .
ငါးစားရိုင်းက အရှင်လတ်လတ်တွေ. .
အနားမှာ ရှိသည့်တုံးနဲ့ လေးငါးကောင်
ထုပြိုက်သည်. .ဂရမ်မှာ ကိုယ်တိုင်ချိန်
ကျသလောက် ပိုက်ဆံထည့်ခဲ့ရုံသာ. .
ဟင်းသီး ဟင်းရွက်ဝယ်လည်း အာ့အတိုင်း. .တဈေးလုံး ရောင်းသူမဲ့
ဆိုင်တွေချည်း ဖြစ်ကုန်လေပြီ. .
ဈေးဝယ်ပြီးတော့ လက်ဖက်ရည်ဆိုင် ဝင်သည်. .
အသင့်ကြိုထားသော ဓါတ်ဗူးထဲက
ရေးနွေးနဲ့ ကော်ဖီမစ်တထုပ်ကို ဖျော်ပြီး
ထိုင်မည့်ခုံသို့ ကိုဟ်တိုင် ယူသောက်ရောက်သည်.
ရောင်းသူမဲ့ ဆိုင်ပေကိုးး. .
တခြားသူတွေလည်း ကွကိုယ်ဖျော်သောက် ကွကိုယ်လှုပ်ရှားနေကြသည်ကိုတွေ့သည်. .စားသောက်ပြီး ကျသလောက်ငွေကို ဆိုင်ထဲရှိ မှန်ပုံးထဲကို ထည့်ကြသည်ကို တွေ့ရ၏

အိမ်ရောက်တော့. .
(ချက်သူမဲ့ စနစ်မပေါ်သေး၍ )
ဝယ်လာသမျှတွေ ချက်ပြုတ်နေတုန်း
ဆေးခန်းပြပြီး ပြန်လာသည့်
ယောက္ခမကို တွေ့ရသည်. .
ခြေထောက်က ထော့နင်းထော့နင်းနဲ့. .

မတင်ရွှေက. .
"အမေရေ ဆေးခန်းသွားပြတာ
ဘယ်လိုနေလဲ သက်သာရဲ့လားဟင်"

"အဖျားကတော့ ကျသွားပြီး သမီးရေ
ဒါပေမယ့်. .အားး ကျွတ် ကျွတ်. ."

"ဒါပေမယ့် ဘာဖြစ်လို့လဲ အမေရဲ့"

"အဝှာာ. .ဆေးခန်းက ကုသူမဲ့
ဆေးခန်းဆိုတော့ ကွကိုယ်
အပူတိုင်းပြီး
ဆေးထိုးလိုက်တာာ အပ်က တပ်ပါးကို
အဆုံးဝင်သွားလို့. .
လက်နောက်ပြန်ထိုးရတာဆိုတော့
မှန်းဆလို့က မလွယ်တာကိုးး
အပ်တောင် မနည်းပြန်နုတ်ယူရတယ်. .အဟင့်. ."

"ဖြစ်ရလေ အမေရယ်. ."

ဆေးခန်းတွေတောင် ကုသူမဲ့တွေ
ဖြစ်ကုန်ပြီးကိုးးခေတ်မှီထှာာလေ. .

ခဏကြာတော့ . .

"အဖေ နဖူးမှာလည်း ဘုကြီးနဲ့
ဘာဖြစ်လာတာတုန်းး. ."

"မြို့ထဲက အပြန် သက်သာအောင်လို့
မောင်းသူမဲ့ taxi စီးလာတာလေ. .
ကွကိုယ်မောင်းရတော့ မမောင်းတတ်မောင်းတတ်နဲ့
ဓါတ်တိုင်ဝင်တိုက်မိတာ တော်သေးတယ် ခေါင်းမကွဲခဲ့လို့. ."

"ငင်!!အာ့ဆို ကားရော ဘာဖြစ်သွားလဲ
လျော်ရတော့မှာပေါ့. ."

"ရှေ့မီးလုံးကွဲသွားတယ်
ခေါင်းလည်း ချိုင့်ဝင်သွားတာပေါ့
မပူပါနဲ့ သမီးရေ
လျော်သူမဲ့ ဆိုပြီး အဖေ စာကပ်ခဲ့တယ်
အဟီးး. ."
ညဏ်ကောင်းပေစွ. .!!

ဆိုင်းမဆင့် ဗုံမဆင့်. .
ရွာက မတင်ရွှေရဲ့ ကြီးတော်
သားအမိရောက်လာသည်. .
ရောက်ရောက်ချင်း သူ့သမီးကို
ထုနှက်ရိုက်ပြီး ငိုချင်းချသည်. .

"မပြောချင်တော့ပါဘူးဟယ်
နင့်တူမ အဖြစ်ကိုလည်း ကြည့်ဦး
ကိုယ်ဝန်သုံးလ ရှိပြီးတဲ့
ဘယ်သူနဲ့ရတာလဲမေးတော့
ခုခေတ်စားနေတာ ဘာတဲ့. .
ယူသူမဲ့တဲ့. .အီးးဟီးး ဟီးး
ကြားလို့ကောင်းကြသေးရဲ့လား
အရပ်ကတို့ရဲ့. .ဟီးး ဟီးး. ."

ငလွင်လည်း ဒါမျိုးဆို မနေနိုင်
ဝင်စပ်စုမိသည်. .

"အာ့ဆို အာ့လူက
ပိုက်ဆံကို ဘယ်နားထည့်ခဲ့တာလဲငင်!!"

သူ့တို့အမျိုးကို ဒီလို ပြောရမလားဆိုပြီး
ယောက္ခမရယ် သူ့ကြီးတော်ရယ်
မတင်ရွှေရယ် မိုးမွှန်အောင်ဆဲပြီး
သကာလ ငလွင်လည်း အိမ်က
ဆင်းလာရလေ၏. .
သွားစရာနေရာက မရှိတော့
ခြေလှမ်းများက လမ်းထိပ်က
ရောင်းသူမဲ့ အရက်ဆိုင်ဆီကို
ဦးတည်ရတော့မည်. .

လက်ထဲမှာတော့
ဆိုင်ထဲက ပိုက်ဆံပုံးထဲကိုထည့်မည့်
"ယနေ့အကြွေးသောက်သွားသည်. ."
လို့ ရေးထားတဲ့ စာရွက်ကလေးကို
ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျှက်. .

(ရေးသူမဲ့ဟု မှတ်ယူကြပါကုန်. .)

----------
Credit to: Original Writer

Friday, July 3, 2015

လူပျံတော်ရဲ့ ရည်းစားစာ


“ဦးကောဝိဒကြီး လူထွက်သွားပြီ”
အထက်ပါသတင်းစကားဟာ ဆင်ဖြူကျွန်းဆိုတဲ့ အညာမြို့လေးမှာ ဟော့သတင်းဖြစ်သွားပါတော့သည်။ တချို့မယုံကြည်ကြသလို တချို့ကလဲ အံ့သြနေကြ၏။ အံ့သြမည်ဆိုကလည်း အံ့သြထိုက်ပါပေ၏။ ဦးကောဝိဒဆိုတာ တကယ်ကိုဘုရားတရားသမား၊ရိုးရိုးသားသား အေးအေးနေတတ်တဲ့သူ။ တစ်ပါးတည်း အေးအေးဆေးဆေးတည်တည်ညိမ်ညိမ်နေတတ်သူ။ မပြုံးမရီခပ်တည်တည်မှုန်တေတေနဲ့ ဒီတသက်မှာတော့ ဦးကောဝိဒ လူထွက်လိပ်မယ်လို့ ဘယ်သူမှကို ထင်မထားကြဘူး။

ဒါပေမဲ့ လက်ရှိအနေအထားက မယုံလို့မရ လက်မခံလို့မဖြစ်တော့တဲ့အခြေအနေ၊ ခေါင်းက ကတုံဘိုကေနဲ့ ပုဆိုးကိုတစ်စောင်းဆွဲ မညီမညာဝတ်ထားကာ အင်္ကျီမှာဖရိုမရဲ ဖွကျဲကျဲနဲ့ ခပ်တည်တည်မှုန်ကုတ်ကုတ်နဲ့ လူပျံတော်ဦးကောဝိဒပုံဟာ မြင်ရုံနဲ့ဘုန်ကြီးလူထွက်မှန်း သိသာလှပါသည်။

ဦးကောဝိဒ လူထွက်တာထကက် လူထွက်ခြင်းအကြောင်းရင်းကိုသိတဲ့သူတိုင်းက ပိုလို့အံ့သြကြ၏။ မအံ့သြဘဲနေနိုင်ရိုးလား လူထွက်တဲ့အကြောင်းက ကျောင်းထိုင်ဆရာတော်ရဲ့ တူမ အပျိုကြီးမမကို ချစ်ခင်တွယ်တာမြတ်နိုးရှာလို့ဆိုပဲ။ လူဘ၀ရောက်ရတဲ့ရည်ရွယ်ချက်က နတ်လူသာဓုထော်ပနာပြုရမဲ့ ရည်မှန်ချက်ကြီးပါလေ။

အပျိုကြီးမမဆိုတာကလည်း ဦးကောဝိဒကို ကြည်ညိုလေးစားတဲ့ဒကာမတယောက်ပါ။ ဦးကောဝိဒ လူထွက်တယ်ဆိုတဲ့သတင်းကြားတော့ အပျိုကြီးမမမှာ ၃-ရက်လောက်တောင် ထမင်းမစားနိုင် တမှိုင်မှိုင်နဲ့ဖြစ်သွားတဲ့အထိကို စိတ်မကောင်းဖြစ်မိတာ။

ဦးကောဝိဒ လူထွက်ပြီးတလလောက်ကြာတော့ လူထွက်ခြင်းရဲ့ အဓိကရည်ရွယ်ချက်ကို စတင်အကောင်ထည်ဖော်ဖို့ ကြိုးစားပါတော့သည်။ ဘုန်ကြီးလူထွက်ဆိုတော့လည်း ချစ်တယ်ဆိုပြီး ရည်းစားစကားပြောဖို့ဆိုတာအဆင်မပြေ အစွမ်းလဲမရှိ။ နောက်ဆုံးမှာတော့ ရှိသမျှသတ္တိ အားကုန်သုံးပြီး အပျိုကြီးမမကို ရည်စားစာပေးဖို့ဆုံးဖြတ်လိုက်၏။

သို့သော် ကိုယ်တိုင်တော့မဟုတ်ကြားခံအောင်တွယ်ကနေတဆင့် ရည်းစားစာပေးရန်ဖြစ်သည်။ ကြားခံအောင်တွယ်ကား အခြားမဟုတ် ဦးကောဝိဒဦးဇင်းဘ၀က ညီငယ်လိုဖြစ်နေသည့် ကိုရင်ဗိုလ်တေပင်တည်း..။

ကိုရင်ဗိုလ်တေကလဲ ဦးကောဝိဒလို မပြုံမရီ ခပ်တည်တည်နဲ့ မဟုတ်မခံဂျစ်ကန်ကန် ကိုရင်တပါးပင်ဖြစ်သည်။ စကားလဲမလိုအပ်ရင်အပိုမပြောတာမို့ ဘာစာလဲ ? ဘာလို့ ပေးတာလဲ ? လို့လေရှည်နေမဲ့သူမဟုတ်လို့ ကိုရင်ဗိုလ်တေကို အကူအညီတောင်းခြင်းဖြစ်သည်။ ကိုရင်ဗိုလ်တွေက အပျိုကြီးမမအိမ်ကိုနေ့တိုင်းဆွမ်းခံကြွလေ့ရှိ၏ ထို့ကြောင့် ကိုရင်ဗိုလ်တေကတဆင့် အပျိုကြီးမမထံကို အချစ်ပေလွှားပါးလိုက်ပါတော့သည်.။

“ကိုရင်ဗိုလ်တေ တပည့်တော်ကို တစ်ခုလောက်ကူညီပါဘုရား”

“ဘာများလဲ ဒကာကြီး တတ်နိုင်တာအကုန်ကူညီမယ် ပြော”

“တင်ပါ ကျေးဇူးပါဘုရား၊ တခြားတော့မဟုတ်ပါဘူး ကိုရင်ဆွမ်ခံကြွတဲ့အိမ်က ဆရာတော်တူမ အပျိုကြီးမမကို စာလေးပေးပေးဖို့ပါဘုရား”

“ဒါလောက်တော့ အေးဆေးပါ ဒကာကြီးရာ ပေးလိုက်လေဒီနေ့ဆွမ်းခံကြရင်း ပေးခဲ့မယ်”

ဆိုပြီး လူပြန်တော်မောင်လူထွက်ဆီက စာကိုလက်မှာအသာကိုင်ပြီး ဆွမ်းခံထွက်လာလေ၏။ အပျိုကြီးမမအိမ်ရောက်တော့ ဆွမ်းလောင်းဖို့ အသင့်စောင့်နေတဲ့ အပျိုကြီးကို အသင့်သားတွေ့လိုက်လေ၏။

“ဒကာမကြီး ဦးကောဝိဒလူထွက်က ဒကာမကြီးကို
စာပေးခိုင်းလိုက်တယ် ရော့ ဒီမှာ” ဆိုပြီးပေးလိုက်လေရာ အပျိုကြီးမှာ ၀မ်းသားအားရနဲ့

“ဟုတ်လားဘုရား တပည့်တော်သူနဲ့တွေ့ချင်နေတာ အဆင်ကောပြေလားမသိပါဘူး၊ အရင်ကတော့ ဦးဇင်းက တပည့်တော်ကို တရားစာတွေ၊ဆုံးမစာတွေရေးပေးနေကျလေ ခုလဲ တရားစာ ဆုံးမစာပဲရေးပေးလိုက်တာနေမှာဘုရား” လို့ပြောပြီး စာအိပ်ကိုဖွင့်၍ ဖတ်ရန်လုပ်ပြီမှ.

“တပည့်တော်က မျက်မှန်မပါတော့ မမြင်ရဘူးဘုရား။ ကိုရင်ပဲဖတ်ပြပါဘုရာ”

ဆိုပြီးဘုန်းကြီးလူထွက်ရဲ့ရည်းစားစာကိုကိုရင်ဗိုလ်တေလက်ထဲထိုးထည့်လိုက်ပါတော့သသည်။

ကိုရင်ဗိုလ်တေဟာ ဓမ္မကထိကဖြစ်ဖို့ရည်ရွယ်ထားသူမို့ စာကျက်ရင်ပဲဖြစ်ဖြစ် ဘုရားရှိခိုးရင်ပဲဖြစ်ဖြစ် ဓမ္မကထိကလေသံနဲ့ ကျက်တတ် ရှိခိုးတတ်၏။ စာချဆရာတော်ဆီ ကျက်ပြီးသားစာကိုအလွတ်ပြန်ဆိုတဲ့အခါ ကိုရင်ဗိုလ်တေအလှည့်ရောက်မှာကို စာချဆရာတော်မှာ အသေကြောက်၏။

စာကိုဓမ္မကထိလေသံနဲ့ ဆွဲဆွဲငင်ငင်အေးအေးဆေးဆေး အသံသြသြကြီးနဲ့ တရားဟောသလိုဆိုတတ်သောကြောင်းဖြစ်သည်။ အခုလည်း လူပျံတော်ဘုန်းကြီးလူထွက်က အပျိုကြီကိုပေးလိုက်တဲ့ ရည်းစားစာကို ဓမ္မကထိကလေသံဖမ်းပြီး တရားဟောသလို ဖတ်ပြလိုက်ပါတော့သည်……….။

“ပထ၀ီ၊တေဇော၊အာပေါ၊၀ါယောဆိုတဲ့ ဓါတ်ကြီးလေးပါးနဲ့ ဖွဲ့စည်းထားတဲ့ ခန္ဓာအိမ်ပိုင်သည့် သင်္ခါရနယ်သူ မာတုဂါမ။ အနိစ္စ၊ဒုက္ခ၊အနတ္တဆိုတဲ့ မြတ်စွာဗုဒ္ဓဟောမြွှတ်ပြသကဲ့သို့ သံသရာခရီသွားဦးပဇင်းကောဝိဒသည်လည်း ယခုအခါ၌မူ အနိစ္စသဘောဖြစ်ပျက်သွားချေ၏။သို့ကြောင့် ဒေါမနဿမဖြစ်ချေလင့်၊ မာတုဂါမ၏ ရူပါရုံပသာဒသည် ဟဒဟဘ၀င်၌ဥပါဒါန်အာရုံရောက် အ၀ိဇ္ဇာမာရ်နတ်ဝင်ပူးကပ်သဖြင့် သမုဒုယသစ္စာဖြစ်သွားပါပေ၏။ဒုက္ခသစ္စာအတူကျော်၍ သုမေဓါ သုမိတ္တာလိုတူပျော်ပျော်မဂ်ဖိုလ်နန်း တက်လှမ်းကြပါကုန်စို့ ….သတည်း..”

လို့ နောက်ကနေ “သတည်း”တစ်လုံးအပိုထပ်ထည့်ပြီး ဘုန်းကြီးလူထွက်ရည်းစားစာကို ဓမ္မကထိကလေသံနှင့် ဖတ်လိုက်လေရာ အပျိုကြီးဒေါ်မမမှာ ရိုသေစွာလက်အုပ်ချီပြီး သာဓု……သာဓု….သာဓု…..ပါဘုရာလို့ သာဓုသုံးလီခေါ်ဆိုဆိုလိုက်ပါတော့သည်။

“ဦးကောဝိဒတို့ကတော့ တပည့်တော်ကို အတော်ခင်တာဘုရား ဥပဇင်းဘ၀တုန်းကလဲ တရားစာတွေရေးပေးသလို ခုလူထွက်တော့လဲရေးပေးနေတုန်းပဲဘုရား၊ သူကိုပြောလိုက်ပါ ဥပဇင်းပေးတဲ့ဘုရားရှိခိုးကို နေ့တိုင်းမှန်မှန်ရှိခိုးပါမယ်ဘုရား” လို့ကိုရင်ဗိုလ်တေကို လျှောက်လိုက်ပါတော့သည်။

အဲနေကစပြီး အပျိုကြီးဒေါ်မမတစ်ယောက်
ဘုရားရှိခိုးတိုင်း ဦးကောဝိဒလူထွက်ရဲ့ ရည်းစား စာကို ဘုရားရှိခိုးအထင်နဲ့ နေ့စဉ်နေ့တိုင်းရှိခိုးရှိနေလေတော့၏။

ဘုန်းကြီးလူထွက် ဦးကောဝိဒကြီးလည်း ဓမ္မကထိကလေသံဖမ်းတဲ့ ကိုရင်ဗိုလ်တေရဲ့ ကောင်းမှုကြောင့် ရည်ရွယ်ချက်အထမမြောက် “အချစ်ရှုံးသမား ဘုန်းကြီးလူထွက်” အဖြစ်နဲ့ အပျိုးကြီးနဲ့မမညား ဘုန်းကြီးကျောင်းမှာ “ကပ္ပိယ”အဖြစ်နဲ့သာ နှစ်ပါးသွားရရှာလေတော့သတည်းးးးးးးးးးးးးး။

(ဘ၀အမော၊ခပ်ပါးပါးဖြစ်ဖြစ်၊ပြေလျော့နိုင်ကြပါစေ)

ဓမ္မ၀ီရ အရှင်တေဇနိယ
www.ashintejaniya.com

Thursday, August 7, 2014

တရားရှာ ဒီမှာတွေ့မလားလို့...


အ၀ိုင်းကလေး လည်သလား...? လည်ရင်လည်တယ်မှတ်...
မှန်ပါ့ဘုရား...
အရင်လည်တဲ့အ၀ိုင်းနှင့် အခုလည်နေတဲ့အ၀ိုင်းတူသလား...?
မတူပါဘုရား....
အေး ဒါကို ခွဲခြားသိရမယ် တို့ပရိသတ်တို့ရဲ့...အရင်လည်ခဲ့တာနှင့်အခုလည်နေတာ မတူဘူးနော်....အရင်လည်ခဲ့တဲ့အ၀ိုင်းက ဖြစ်ပြီးလို့ပျက်သွားပြီ၊အခုဟာကနောက်အ၀ိုင်းတစ်ခုအသစ်ဖြစ်နေတာ....သူကောမပျက်ဘူးလား၊ပျက်မှာလား...?
ပျက်မှာပါဘုရား...
ဒီလိုဖြစ်တာ ဘာသဘောဆောင်....?
ဖြစ်ပျက်သဘောပါ ဘုရား...
ဒီလို အ၀ိုင်းလေးလည်တဲ့အကြောင်းတွေမရှိဘူးလား၊ရှိလား...?
ရှိပါတယ်ဘုရား...
ဘာကြောင့် ဘာဖြစ်...?
အကြောင်းကြောင့် အကျိုးဖြစ်ပါတယ်ဘုရား...
ယေဓမ္မာ ဟေတုပ္ပဘ၀ါ...ယေဓမ္မာ ထိုထိုအကျိုးတရားတို့သည် ဟေတုပ္ပဘ၀ါ အကြောင်းကင်းပြီးမဖြစ်ပါဘူး၊အကြောင်းကြောင့်သာ ထိုအကျိုးတရားတို့ ဖြစ်တော်မူပါသတဲ့တဲ့...အခုဒီလို အ၀ိုင်းလည်နေတာလည်း လည်စေတဲ့အကြောင်းတွေရှိလို့ ဒီလိုအ၀ိုင်းနေတဲ့အကျိုးဖြစ်တာမလား...?
မှန်ပါ့ဘုရား...
MPTက ဘုရားဟောနှင့်ကောကိုက်ရဲ့လား..?
ကြိုက်ညီပါတယ် ဘုရား...
ဒီလို ကြိုက်ညီတဲ့ MPTကိုအမျှပေးဝေကြရအောင်....
တစ်မိနစ် ၂ကျပ်၊၂ကျပ်၊၂ကျပ် ယူတော်မူကြပါကုန်သော်....ကုန်ပြီ၊ကုန်ပြီ၊ကုန်ပြီ...
တစ်မိနစ် ၄ကျပ်၊၄ကျပ်၊၄ကျပ် ယူတော်မူကြပါကုန်သော်...ကုန်ပြီ၊ကုန်ပြီ၊ကုန်ပြီ...

Credit to: Thet Pai Soe (FB)

Tuesday, April 22, 2014

ဘယ်သူ မိုက်ရူး သလဲ


အရက်ဘား တစ်ခုမှာပေါ့။ လူတစ်ယောက် ဝင်လာပြီး တီဗီကို လှမ်းကြည့် လိုက်တယ်။ တီဗီမှာ တိုက်ပေါ်ကနေ ခုန်ချဖို့ ပြင်နေတဲ့ သေကြောင်းကြံသူ အကြောင်း သတင်းလာနေတာပါ။

အရက်သမား တစ်ဦးက ပြောပါတယ်။ "ဒီလူ ခုန်ချမှာမဟုတ်ဘူးဗျ"

ဒီတော့ ဝင်လာတဲ့ တစ်ယောက်က ခပ်ပြုံးပြုံးနဲ့ "ခုန်ချမှာပါဗျာ"

ဒီတော့ အရက်သမားက "ဟင့်အင်းမခုန်ချဘူး"

ဒီတော့ အမျိုးသားက " အိုကေလေ။ ဒါဆို ဒေါ်လာ ၂၀၀ ကြေးလောင်းမယ်" လို့စိန်ခေါ်လိုက်တယ်။

အရက်သမားကလည်း ဒေါ်လာ ၂၀၀ ချက်ချင်း စားပွဲပေါ် တင်လိုက်တယ်။

မကြာပါဘူး။ သတင်းထဲက သေကြောင်းကြံဖို့ကြိုးစားနေသူ တိုက်ပေါ်က တကယ် ခုန်ချသွားပါတယ်။

ဒီတော့ နောက်မှဝင်လာတဲ့အမျိုးသားက "ခများပိုက်ဆံ ကျနော်မယူပါဘူး။ ဒီသတင်းကို ကျနော်မနက်က ကြည့်ပြီးပြီ။ ဒါနောက်တစ်ခေါက် ထပ်ပြတာပါ။ ကျနော် တရားမျှတချင်ပါတယ်"

ဒီတော့ အရက်သမားက -

"ဟုတ်ဘူး။ ကျနော်လည်း မနက်က ကြည့်ပြီးသွားပြီ။ သူနောက်တစ်ခေါက် ပြန်ခုန်ချရလောက်အောင် မမိုက်မဲဘူးထင်လို့"

-
သင်ခန်းစာ -

လူအချို့ ဟာ သူများ မိုက်ရူးရဲမှုကိုပဲ စောင့်ကြည့် ဝေဖန်ကြတယ်။ ကိုယ့်ရဲ့  မိုက်ရူးရဲဆန်မှုကို သတိမထားမိကြဘူး။ လောဘရဲ့ ဖုံးလွမ်းမှု ကြောင့်လဲ အမှန်ကို မမှန် မြင်တတ် ပါသေးတယ်။

--
Ref: jokesome

အောင်ခမ်း (ရိုးရာလေး)

http://www.yoyarlay.com/book/152-natter/40597-who-mad-more.html

Just for Fun!! alone သုံးမျိုး ရှိသတဲ့


၁။ I'm forever alone - လို့တွင်တွင် အော်ပြီး လက်တွေ့မှာ ခါချနေ ရတာမျိုးကို professional alone လို့ခေါ်ပါတယ်။။ alone level အမြင့်ဆုံးပါ။

၂။ Physically Alone - ရည်းစား တော့မရှိ။ ကြိတ်သဘော ကျနေတဲ့ သူတော့ ရှိတဲ့ alone ပါ။ သူကကျတော့ ရုပ်ပိုင်း ဆိုင်ရာပဲ alone ဖြစ်တာ။ စိတ်ပိုင်း ဆိုင်ရာ alone မဖြစ်လို့  alone မစစ်ပါ ဘူးတဲ့။
၃။ official alone (or) psycho alone တဲ့။ သူက ရည်းစား လည်းမရှိ။ ကြိတ်သဘောကျ နေတဲ့သူ လည်းမရှိ။ လာချိတ် ရင်လည်း ငါဒါတွေ စိတ်မဝင်စား ဘူးလို့  တွင်တွင် ပြောတတ် တဲ့သူ။ ဒီလိုလူမျိုး တွေက အပျိုကြီး၊ လူပျိုကြီး ဖြစ်ဖို့ ၇၀ရာခိုင်နှုန်း သေချာသတဲ့။
ကဲကိုယ်ကဘာ alone လည်း??

[credit- Maggie]

Sunday, March 23, 2014

အုတ်ခဲနှင့် လေယာဉ်ပျောက်ဆုံးမှု အရှုပ်တော်ပုံကြီး (သရော်စာ)


လေယာဉ်အကြီးကြီး လေထဲမှာ ဖျတ်ခနဲပျောက်သွားတာ ထူးဆန်းသည်။ ဒီကိစ္စ ရှော့ရှိသည်။ တစ်ကမ္ဘာလုံး အံ့သြတုန်လှုပ်ကုန်သည်။ ပျံသန်းရင်း ပျောက်သွားတာပဲ သိကြသည်။ ဘာကြောင့်လဲဆိုတာ ဘယ်သူမှအဖြေရှာမရ။ သတင်းစာတွေမှာ ဒီကိစ္စ ပလူပျံလာသည်။

ပါသွားတာက လူနှစ်ရာကျော်။ တရုတ်တွေအများကြီးပါသည်။ အီရန်က နှစ်ကောင်လည်း ပါသည်ဟုဆိုသည်။ ပတ်စ်ပို့အတုဖြင့် လိုက်သွားသည်ဟု လည်း ဖော်ထုတ်ကြ သည်။ လေးငါးရက်ကျော်လာသည့်တိုင် လေယာဉ်ကြီးကို ရှာမတွေ့။ တစ်ကမ္ဘာလုံး လက်မှိုင်ချရ
သည်။ မိသားစုတွေ ငိုကြယိုကြသည်။ လူသားအားလုံး စာနာစိတ်ဖြင့် ဆုတောင်းပေးကြသည်။

မလေးရှားအစိုးရကတော့ လေယာဉ်ကြီးကို ပြန်ပေါ်လာစေရန် နတ်ဆရာတွေပင့်ချလာသည်။ မလေးရှားလေဆိပ်ထဲမှာ နတ်ဆရာတွေ အုန်းသီးနှစ်လုံးမြှောက်ပြီး ဥုံဖွ ဥုံဖွ ဂါထာရွတ်ကြသည်။ ဒါကိုမြင်တော့ မြန်မာတွေက ရယ်သည်။

မြန်မာလေယာဉ်များကို စပျံမှုမလုပ်ခင် လေယာဉ်ရှေ့မှာ ကန်တော့ပွဲအကြီးကြီးထိုးပြီး ပွဲပေးနေသည့် ဓာတ်ပုံကို ပြ၍ ကြွားကြသည်။

မလေးရှားလို ""အုန်းသီးနှစ်လုံးတောင်မလိုဘူး။ ငါတို့ မြန်မာတွေက တစ်လုံးတည်းနဲ့ ရတယ်။ အစကောင်းမှ အနှောင်းသေချာတာ။ ဟိုတစ်ခါ လေယာဉ် မတော်တဆဖြစ်တုန်းက ဆိုကြည့်ပါလား။ ကန်တော့ပွဲကြိုပေးထားလို့ လမ်းပေါ်မှာ သူ့ဘာသာဆိုင်ကယ်စီးနေတဲ့ ဦးပြားကိုပဲ ၀င်တိုက်မိတာ""ဟု ဆိုသည်။

နောက်ဆက်တွဲစုံစမ်းမှုတွေအရ လေယာဉ်ကို နောက်ဆုံးဖုန်းခေါ်လို့ရခဲ့သည်ဟု တရုတ်နိုင်ငံသားတစ်ဦးက ပြောလာသည်။ ဖုန်းဝင်ပေမယ့် မကိုင်ဟု ဆိုသည်။ နောက်တော့ ဖုန်းအဆက်အသွယ်ပြတ်တောက်သွားသည်။ ဒါကို ကြည့်ခြင်းအားဖြင့် ဒီလေယာဉ်ကြီး
မြန်မာနိုင်ငံထဲ ရောက်နေတာဖြစ်ရမည်ဟု မြန်မာတို့က ယူဆကြသည်။

""ဒီနိုင်ငံရောက်နေလို့ သူတို့ဖုန်းတွေမမိတော့တာဖြစ်မယ်။ ဒီမှာက ကိုယ်တွေတောင် ဖုန်းလိုင်းက မိချင်တာမဟုတ်ဘူး""ဟု စုံထောက်ဝတ္ထုများဖတ်လေ့ရှိသည့် ဆိုက်ကားဆရာတစ်ဦးက ၁၅၀၀ တန်ဖုန်းလေးကိုင်၍ သုံးသပ်သည်။

ဆူးလေဘုရားအနီး အပင်အောက်တွင် ဗေဒင်ဟောသည့် ဗေဒင်ဆရာတစ်ဦးက ""ဒီလေယာဉ်ကြီးကို အကြမ်းဖက်သမားတွေ ပြန်ပေးဆွဲသွားတာဖြစ်ပါတယ်။ တစ်ယောက်မှမသေသေးပါဘူး""ဟု ခပ်တည်တည်ဟောကိန်းထုတ်သည်။

ထိုအနီးအနားမှာ စာကလေးဗေဒင်လိုက်ဟောသည့် ကုလားမကြီးတစ်ဦးကတော့ ""ဒီလေယာဉ်ဟာ တွင်းနက်ကြီးထဲ ရောက်သွားတာဖြစ်ပါတယ်။ စကြ၀ဠာတွင်းနက်ကြီးထဲခဏရောက်သွားတဲ့အတွက် အချိန်တန်ရင် ပြန်ပေါ်လာမှာပါ""ဟု ဖိုသီဖတ်သီ နိမိတ်ဖတ်သည်။ ငြင်းခုံကြရင်း ဗေဒင်ဆရာနှင့် ကုလားမကြီးတို့ ထ၍ နပန်းလုံးကုန်သည်။

နားစွန်နဖျားကြားလိုက်ရသည့် မြို့တော်စည်ပင်ဝန်ထမ်းတစ်ဦးကတော့ ""တွင်းနက်ကြီးကို ထုံးသွားသုတ်ဖို့ အထက်ကခိုင်းလာရင်တော့ ဒုက္ခပါပဲ""ဟု စိုးရိမ်တွေးတောလျှက်ရှိသည်။
""တွင်းနက်ကြီးထဲရောက်သွားတယ်ဆိုတော့ ကပ္ပလီမတွေကို ဖမ်းစစ်ရင်ကောင်းမလား"" ဟု အနားကဖြတ်သွားသည့် ရဲတစ်ဦးက စဉ်းစားသည်။ ထိုသို့ဖြင့် အမျိုးမျိုး မှတ်ချက်ပေးကြကုန်၏။

ဒီကိစ္စမှာ အမေရိကန်ထောက်လှမ်းရေးတွေလည်းပါလာသည်။ နိုင်ငံတကာမှ လေယာဉ်တွေ၊ သဘောင်္တွေ လေထဲမှာရော ရေထဲမှာရော ပိုက်စိတ်တိုက်ရှာဖွေကြသည်။ ဆီကွက်ကြီးတစ်ကွက်တွေ့သည်ဟု ဂြိုဟ်တုပေါ်မှာ တာဝန်ကျသူက လက်ညိုးလှမ်းထိုးပြသည်။
စစ်ကြည့်တော့ ရေနံသဘောင်္ာကဆီကွက်ဖြစ်နေသည်။

အပျက်အစီးတစ်စ တွေ့သည်ဟုလည်း ဆိုသည်။ သို့သော် လေယာဉ်မှမဟုတ်။ ဒီတော့ အားလုံး ခေါင်းစားကုန်သည်။ တချို့က လက်တို့. ခြေထောက်တို့ ပြောင်းစားကြသည်။ ဘယ်လိုပဲရှာရှာ လေယာဉ်ကြီးကို မတွေ့။ နတ်ဆရာတွေလည်း မကယ်နိုင်။ ဆူးလေက ဗေဒင်ဆရာလည်းမကယ်နိုင်။ စာကလေးဗေဒင်ကုလားမကြီးလည်း မကယ်နိုင်။

ဒီကြားထဲ ၂၀၁၁ ခုနှစ်တုန်းက လေယာဉ်မှူးနှစ်ယောက် လေယာဉ်မောင်းခန်းထဲ ကို ဆော်နှစ်ပွေခေါ်သွားဖူးသည်ဟူသည့် သတင်းကလည်း ထွက်လာသေး သည်။ လေယာဉ်မောင်းခန်းထဲမှာ လေယာဉ်မှူးနှစ်ယောက်နဲ့ ဆော်နှစ်ပွေ ဓာတ်ပုံတွဲရိုက်ထားသည့်ပုံကို ဖွကြသည်။

ဒီလိုနှင့် နောက်ဆုံးတော့ မြန်မာဝင်ပါလာတော့သည်။ အာဆီယံဥက္ကဌဂုဏ်ပုဒ်ဖြစ်သည့် တူကလေးကို ကိုင်လျှက် ရှာဖွေကူညီပေးသည်။ ""မင်းတို့ဆီမှာ မတွေ့ရင် ဒို့ဆီမှာ လာရှာလေ""ဟုလည်း စပ်ဖြဲဖြဲနှင့် ပြောသည်။

နောက်ဆုံးစစ်ဆေးမှုတွေအရ .....
လေယာဉ်ကြီးက မူလလမ်းကြောင်းကို သွေဖည်၍ အက်ဒမန်ကျွန်းဖက်ကို မောင်းသွားသည်ဟု သတင်းထွက်လာသည်။ ""လေယာဉ်မှူး ခရီးထွက်ရင်း အက်ဒမန်ကျွန်းက အမျိုးတွေကို ၀င်နှုတ်ဆက်တာများလား""ဟု တွေးကြပြန်သည်။

အဖြေကရှာမရ။ ဟိုဝန်ကြီးကို ခေါ်ပြီး နယ်လှည့်တန်းစီပါးရိုက်မေးမြန်းခိုင်းရင် အစအနပေါ်လာနိုင်သည်။ သို့ပေမယ့် သူတို့ကို ခေါ်လို့မဖြစ်။ တော်ကြာဖျာဝင်ခင်းနေရင် တမှောက်။ ဗိုက်ကြီးလှန်ပြပြီး သူရဘွဲ့ရခဲ့တယ်ဆိုတဲ့ လူကြီးက ""လေယဉ်ပြန်ရှာတွေ့သူက သူရဘွဲ့နဲ့ တန်တယ်လို့ထင်လား။ ကျုပ်ကတိုင်းပြည်အတွက်အသက်စွန့်ခဲ့လို့... ဘာညာကွိကွ"" နှင့် ထအော်နေရင်အခက်။

လက်ဝဲစာပေလေ့လာရေး အသင်းက ပြုစုထားတဲ့ မှတ်ချက်တွေအရ အမျိုးစောင့်ဆရာတော်ကြီးကလည်း ""လေယာဉ်ကြီး ဖတ်ကနဲ ပျောက်ကွယ်သွားသလို
အမျိုး၊ ဘာသာ၊ သာသနာ မပျောက်ကွယ်သွားအောင်ထိန်းသိမ်းရမယ်လို့ သင်ခန်းစာရပါတယ်""စသဖြင့် တရားဝင်ဟောလာနိုင်သည်။

ထို့ကြောင့် ဒီကိစ္စကို ၀င်ဖြေရှင်းမှ သင့်တော်မည်ဟု တွေးမိသော လော်ဘီအုတ်ခဲတစ်ယောက် ထုံးစံအတိုင်း ဆရာသခင် ပြည်သူ့သံချောင်းထံ ဖုန်းလှမ်းဆက်ရသည်။ ထုံးစံအတိုင်း ဆရာသခင်တစ်ယောက် အာလေးလျှာလေးနှင့် ရေချိန်ကိုက်နေချေပြီ။

""သံချောင်းပါတီက ဒီကိစ္စကို ကိုင်တွယ်ရတော့မယ် သမ္မတလောင်းကြီး"" ဟု လော်ဘီအုတ်ခဲတင်ပြချက်ကို ဆရာသခင်က သဘောကျစွာ လက်ခံလျှက် အမိန့်ချမှတ်သည်။

ဆရာသခင်ပေးအပ်သည့် တာဝန်က ""ရေငန်ပိုင်ဦးရှင်ကြီးနှင့် အမေရေယာဉ်တို့နှစ်ဦးကို
ဖမ်းဆီးနှိပ်စက် စစ်ဆေးမေးမြန်းရန်""ဟုဖြစ်လေ၏။

ထို့ကြောင့် အုတ်ခဲတစ်ယောက် ဦးရှင်ကြီးနှင့် အမေရေယာဉ်တို့ကို ရသည့်နည်းလမ်းဖြင့် ဆက်သွယ်ရတော့သည်။ အမေရေယာဉ်က ဒီကိစ္စကို ငြင်းသည်။

""အမေနဲ့ ဘယ်လိုမှမပတ်သက်ပါ။ အမှန်တကယ်တာဝန်ရှိသူက မောင်ရှင်ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူ့ပိုင်နက် ရေငန်ပင်လယ်ပေါ်က ဖြတ်ပျံသွားတာလေ။ အမေ့အထင် သူပဲဝှက်ထားတာဖြစ်မယ်။ သူ့မိချောင်းကို တရုတ်ပြည်အပို့ခံရကတည်းက သူကတရုတ်ကို ငြိုးနေတာ။ ဒီကိစ္စမှာ အမေ့အနေနဲ့ မောင်ရှင်ကို သံသယ၀င်မိ တယ်""ဟု ဘော်လီဘောပုတ်ကာ အချွန်နှင့် မလေ၏။

သို့ဖြစ်၍ လော်ဘီအုတ်ခဲ ဦးရှင်ကြီးထံ ရောက်ရပြန်သည်။ ဦးရှင်ကြီးကလည်း ""မလေးရှားလေယာဉ်ပျောက်မှုမှာ မိမိနဲ့ လုံးဝမပတ်သက်ပါ။ မိမိပိုင်နက်လည်း မဟုတ်သဖြင့်
ပွဲထိုး၍ မေးမြန်းခြင်း၊ အီးမေးလ်မှ မေးခွန်းပို့ခြင်းတို့ကို ပြန်လည်ဖြေကြားပေးမှာမဟုတ်ပါ။ မိမိစီးနေကျ မီးကျောင်းပင်လျှင် တရုတ်လက်စာမိသွား၍ မိမိမှာ လက်ပစ်ကူးနေရပါတယ်။ ကိုးကွယ်သူများအားလုံးကို လေးစားပါတယ်""စသဖြင့် ခပ်တည်တည် ဘူးကွယ်လေ၏။

သတင်းအစရှာမရကြောင်းကို ဆရာသခင်ထံ ဖုန်းပြန်ဆက်ရာ ဆရာသခင်မှာ လွန်စွာဒေါသထွက်လှသည်ဖြစ်၍ ပိန်ညောင်ညောင်ကိုယ်လုံးကလေးပင် တဆတ်ဆတ်တုန်လေ၏။

ထို့နောက် ""ဒီကိစ္စကို ဘယ်ကောင်မှ မဖော်ထုတ်နိုင်ဘူးဆိုရင်
ငါကိုယ်တိုင်ဖော်ထုတ်မဟေ့။ အဲ့လေယာဉ်ရှာမရရင် လုံးဝသမ္မတမလုပ်တော့ဘူး။ သံချောင်းရဲ့ဘုန်း မိုးသို့ချုန်း၊ ပွေးပုန်းပေါင်မှာ မနေသာဟေ့"" ဟု အသံနက်ကြီးဖြင့် ကြုံးဝါးကာ ပန်းဆိုးတန်းဆိပ်ကမ်းမှတဆင့် ရန်ကုန်မြစ်ဝဖက်သို့ သမ္မာန်ကလေး တစွပ်စွပ်လှော်လျှက်
ဘီယာတစ်ဖာတင်ဆောင်၍ ထွက်ခွာသွားလေတော့သတည်း။

လွန်တာရှိ ၀န္ဒာမိပါအရပ်ကတို့....
လော်ဘီအုတ်ခဲ(သံချောင်းပါတီ)
The Voice Daily (Sunday)

Aye Chan Mon# Credit To : အဘ ဥက္ကာကိုကို > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Thursday, January 30, 2014

ဘယ်သူကိုယ့်လောက် ကြီးသလဲ


Friday, January 31, 2014

တနေ့ တော့ နွားကျောင်းသားလေး လေးယောက် အကြွား ပြိုင်ကြသတဲ့ 

ပထမတစ်ယောက်.......ငါတို့  ဘကြီး မွေးထားတဲ့  ကျွဲဘို့ တင်ကြီး ဆိုရင် ဘယ်လောက်ကြီးသလဲ မမေးနဲ့  .. ဟိုတုန်းက ဒူဝံကြယ်ဆိုတာ တောင်အ၇ပ်မှာရှိတာတဲ့ 
သူဘကြီးရဲ့  ကျွဲဘို့ တင်ကြီး နား၇ွက်ကို ခြင်ကိုက်တော့ ကျွဲကြီးက လန့်ပီး ဂျို ခါလိုက်တာ ဒူဝံကြယ်နဲ့  ချိတ်ပီး ဒူဝံကြယ် မြောက်အရပ်ကို ရောက်သွား ဆိုပဲ

ဒုတိယတစ်ယောက်......ငါတို့  အဖိုး ပိုင်တဲ့ သစ်ပင်ကြီးဆို ဘယ်လောက်များ မြင့်လိုက်သလဲမပေးနဲ့ အဲဒီအပင်ပေါ်က ငှက်သိုက် ဥလေးတွေနဲ့ ပြုတ်ကျရင်တောင် ငှက်ဥတွေ အောက်မရောက်ခင်မှာ ငှက်လေးတွေ က အတောင်ပေါက်ပီး ပြန်ထွက်သွားသတဲ့ ..အဲဒီလောက်ကို မြင့်သတဲ့ 

တတိယတစ်ယောက်......ငါတို့ ဘထွေး ပိုင်တဲ စပါးပုံဆိုရင် ဘယ်လောက်မြင့်တယ် မသိ လပြည့်ညဆို လမင်းကြီးထဲက အဖိုးကြီးနဲ့  အဖွားကြီးက ဆန်ဖွတ်ဖို့ အတွက် အဲဒီ စပါးပုံက လှမ်းခပ်သတဲ့ ..

ကဲ.....သူနဲ့မှပဲ အကုန်ရပ်ကြတော့တယ်

နောက်ဆုံးတယောက်.......ငါတို့  အဘိုး တီးတဲ့ စည်တော်ကြီး ဆိုရင် တချက်လောက် တီးလိုက်တာနဲ့  တာဝတိံသာမှာ အိပ်နေတဲ့  သိကြားမင်းနဲ့..အ၀ီစိမှာ အိပ်နေတဲ့  ငရဲမင်းတောင် လန့် နိုးသတဲ့ 

ကဲ....ဒီလိုဆိုတော့ လွန်တာပေါ့ ...အားလုံးက ၀ိုင်းမေးကြပါပီ

ဒါဆို မင်းအဖိုးက ဒီလောက် ကြီးတဲ့  စည်ကြီးကို ဘာသားနဲ့  လုပ်ပီး ဘယ်သရေနဲ့  ကျပ်သလဲတဲ့ .... နောက်ပီး ဒီစည်ကို တီးတဲ့ မင်းအဖိုးကလည်း အကြီးကြီး ဆိုတော့ ဘယ်က ဆန်တွေ ကို စားသလဲတဲ့ လေ

သူဖြေတော့လဲ ဟုတ်တာပဲ

စည်ကိုတော့ ဒုတိယ တယောက် အဖိုး၇ဲ့  သစ်ပင်ကြီးနဲ့ လုပ်ပါ တယ်တဲ့ 
သရေကိုတော့ ပထမ တယောက် ဘကြိး၇ဲ့ ကျွဲကြီး နဲ့  လုပ်ပါတယ်တဲ့ 
သူ့ အဘိုး စားဖို့ အတွက်တော့ တတိယ တယောက်ရဲ့  စပါးပုံကို ဆန်ထောင်းစားပါတယ်တဲ့

ကဲ ................အေးရော

သားငယ်

ပြည်မြန်မာ

Monday, January 20, 2014

မိန်းမဆိုရင် ဒီလိုနိုင်ထားနိုင်မှ တော်ကာကျမယ်...



မိန်းမဆိုတာ ဒီလို ဗြစ်ဗြစ်မြည်အောင် ကိုင်ထားနိုင်မှ တော်ယုံကြမယ် ဟဲ့ကောင်မ အခုချက်ချင်းထ ငါမပြောချင်လို့ ကြည့်နေတာ ဘယ်အချိန်ရှိပြီလည်း ကုလားသေကုလားမောအိပ်နေလိုက်တာ စောစောစီးစီး ဈေးသွားပြီး ဟင်းချက်စရာ ၀ယ်ခါနီး ဒေါသမဖြစ်ချင်ဘူး နင်တိုက်မဲ့ သွားတိုက်တံမှာ သွားတိုက်ဆေး ညှစ်ထည့်ထားပြီးသား ပြီးမှ မျက်နှာသစ် မသာမ တခါတည်းမှာထားမယ် ထမင်းကြော်ပြီးသား စားပွဲပေါ်မှာ ပန်းကန်ထဲ ခပ်ထားပြီးသားယူစား ပြီးမှ ဖျော်ထားပြီးသား ကော်ဖီသောက် ပြန်လာလို့တခုမှ ပြီးမထားရင် ငါ့အဆိုးမဆိုနဲ့ ဈေးအပြန် ဒီသေနာမ ငါရိုက်ရင် ပတ်ဝန်းကျင်က ငါ့အပြစ်ပြောဦးမယ် ငါသွေးပြီးသား သနပ်ခါး လိမ်းမထားဘူး နင်တော့ ငါ့ လက်နဲ့ မိတော့မယ် ဈေးပြန်လာ မောရတဲ့အထဲ မီးဖိုချောင်ထဲ ငါ ထမင်းဟင်းချက်နေတာ ၀င်ရှုပ်လို့ကတော့ အသေဘဲ ကိုယ်ဟာကိုယ် ဧည့်ခန်းထဲ ကိုရီးယား ဇာတ်လမ်းတွဲ အေးအေးကြည့်ေးားက်ပြသနာ မရှာနဲ့ ခက်တာဘဲဗျာ ကျုပ်က မိန်းမကို အဲဒီလို နိုင်တာကို လူတွေက ၀ိုင်းကဲ့ရဲ့ကြတယ် ကိုယ်ချစ်လို့ ယူထားတဲ့ မိန်းမ ဒီလိုမနိုင်စားသင့်ဘူးတဲ့ မခက်ဘူးလားဗျာ 

Credit to Hla Moe.

Wednesday, December 25, 2013

ကသိကအောက်ဆန်သော မေးခွန်းနှင့် ဘုကလန့်အဖြေ

၁။ ရုပ်ရှင်ရုံတွင် -

အတန်းစီနေချိန် "သယ်ရင်း. မင်းဘာလုပ်နေလဲ" ဟု အမေးခံရသောအခါ အကောင်းဆုံးအဖြေ - "အေး လက်မှတ် တစ်စောင်နဲ့ သိန်းတစ်ထောင် အလကား ပေးတယ်ဆိုလို့ တန်းစီနေတာလေ"

၂။ ဘတ်စ်ကားပေါ်တွင် -

အမျိုးသမီးတစ်ဦးက ဒေါက်ဖိနပ်ချွန်ဖြင့် တက်နင်းပြီး "ဆောရီးနော်. နာသွားလာဟင်" ဟု မေးသော အခါ အကောင်းဆုံး အဖြေ - " ဟင့်အင်း. ခြေထောက်က သံနဲ့ လုပ်ထားတာ။ မာနေတာပဲ။ နောက်တစ်ခေါက် ထက်နင်းပါအုံး"

၃။ ည သန်းခေါင် အိပ်ကောင်းနေချိန်တွင် -

သူငယ်ချင်း တစ်ယောက်က ဖုန်းဆက်ပြီး "ဆောရီး..။ အိပ်ပျော်နေတာလား" ဟု မေးသောအခါ အကောင်းဆုံး အဖြေ "ဟင့်အင်း ငါးလေးတွေ ဘယ်အချိန်အိပ်တတ်လည်း သိချင်လို့ မအိပ်ပဲ Research လုပ်နေတာ"

၎။ ဆံပင် အတိုညပ် ထားသော အခါ -

သူငယ်ချင်းက " သယ်ရင်း မင်းဆံပင်ညှပ်ထားတာလား" ဟု လာမေးလျှင် အကောင်းဆုံး အဖြေ " ဟင့်အင်း၊ ဆံပင်တွေ နွေဦးရောက်လို့ သူ့ပါသူ ကြွေကုန်တာ"

၅။ အိမ်ကြိုးဖုန်းတွင် -

သူငယ်ချင်းက "သယ်ရင်း မင်းဘယ်တွေရောက်နေလဲ" ဟု မေးသော အခါ အကောင်းဆုံး အဖြေက "အေး၊ ငါ့အိမ်ဖုန်းကို လည်ပင်းမှာဆွဲပြီး စူပါမားကတ် လျှောက်သွားနေတယ်"

၆။ ကားရေဆေးနေသော အခါ -

အိမ်နီးချင်းမိတ်ဆွေက "မိတ်ဆွေ ကားရေဆေးနေတာလား" ဟုမေးသော အခါ အကောင်းဆုံး အဖြေ - "ဟင့်အင်း ကားကို ရေလောင်းပေးတော့ ဘော်ဒီများ ပိုကြီးလာမလားလို့ပါ

၇။ အိမ်တွင် တီဗီ ကြည့်နေစဉ် -

သူငယ်ချင်းက ရောက်လာပြီး "မင်း တီဗီကြည့်နေတာလား" ဟုမေးသော အခါ အကောင်းဆုံး အဖြေ "ဟင့်အင်း တီဗီထဲကနေ လူတွေ အပြင်ထွက်လာ မလားလို့ စောင့်ကြည့်နေတာ"

အစရှိသဖြင့် မဆီလျော်သော မေးခွန်းနှင့် မဆီလျော်သော အဖြေများစွာ


Ref: everjokes

အောင်ခမ်း ( ရိုးရာလေး )

Monday, October 28, 2013

နောက်ဆုံးရေးတဲ့ email စာ


"ခင်ပွန်းသည်မှ ဇနီးသည် ဆီသို့ ...xxxxxxxxxxxxxxxx

"မိန်းမရေ ...ငါဒီစာကိုရေးရခြင်း ရည်ရွယ်ချက်ကတော့ ငါမင်းကို ထာဝရခွဲသွားပြီဆိုတာကို ပြောပြချင်လို့ပဲ ..။ ငါဟာ မင်းအတွက် ၇နှစ်လောက် ယောက်ျားကောင်းတစ်ယောက်အနေနဲ့ နေထိုင်ခဲ့တယ် .. အဲဒီ့အတွက် ငါ့မှာ ဘာမှ ကောင်းတဲ့ ရလာဒ် မရခဲ့ဘူး ...။လွန်ခဲ့တဲ့ နှစ်ပတ်အတွင်းကတော့ ငါ့အတွက် ငရဲကျနေသလိုပဲ ...အခုပဲ မင်း သူဌေးက မင်းအလုပ်ကထွက်လိုက်တဲ့ အကြောင်း ငါ့ကို ဖုန်းဆက်ပြီး ပြောတယ် ..။ ဒီအလုပ်က ငါတို့အတွက် အရေးကြီးတယ်ဆိုတာ မင်းမသိဘူးလား ...။ ဒါကိုထားလိုက်ပါဦး ...။လွန်ခဲ့တဲ့ အပတ် တနင်္ဂနွေနေ့ကဆို ငါဆံပင်ညှပ်ထားတာ မင်း သတိတောင် မထားမိဘူး မဟုတ်လား ...။ ပြီးတော့ ညစာအတွက် မင်းအကြိုက်ဆုံး ဟင်းကို လည်း ချက်ပေးထားခဲ့တယ်လေ ...။ငါ ပိုးည၀တ် ဘောင်းဘီအသစ် ၀တ်ထားတာလဲ မင်းမသိဘူး မဟုတ်လား ...။မင်း ၂မိနစ်လောက် စားပြီး တီဗီသွားကြည့်တယ် ... ပြီးတော့ အိပ်ယာထဲကို တန်းဝင်သွားတယ် မဟုတ်လား ...။မင်းငါ့ကို ချစ်တဲ့အကြောင်းတွေ မပြောတာလဲ ကြာပြီ ...။ ပြီးတော့ .. လင်မယားနှစ်ယောက်မှာ လိုအပ်တဲ့ ရင်းနှီးနွေးထွေးမှုတွေလဲ မင်းမလိုချင်တော့ဘူးမဟုတ်လား ...။ဒါတွေကိုကြည့်ခြင်းအားဖြင့် မင်းဖောက်ပြန်နေတာ (ဒါမှမဟုတ်) မင်းငါ့ကိုမချစ်တော့တာပဲ ဖြစ်ရမယ် ...။ဘာပဲဖြစ်ဖြစ်ပါ ... ငါ ... သွားပြီ ....

မ.ှ....မင်းရဲ့ယောက်ျားဟောင်း

PS: မင်းငါ့ကိုရှာဖို့ မကြိုးစားပါနဲ့ ..။ မင်းညီမနဲ့ငါ ထိုင်းကို တူတူ ပြောင်းသွားကြပြီ ...။ ငါတို့နှစ်ယောက် ဘ၀က သာယာပျော်ရွှင်မှာပါ

..xxxxxxxxxxxxxxxxxx

မိန်းမဖြစ်သူက စာပြန်တယ် ..

.xxxxxxxxxxxxxxxxxx"ယောက်ျားဟောင်းကြီးရေ ...ရှင့်စာကို ရသည်ဖြစ်စေ မရသည်ဖြစ်စေ ကျွန်မအတွက် ဘာမှတော့ မထူးပါဘူး ...။ ကျွန်မတို့ လက်ထပ်တာ ၇နှစ်ရှိပြီဆိုတာ မှန်ပါတယ် ..။ ဒါပေမယ့် ယောက်ျားကောင်းအဖြစ်နေခဲ့တယ်ဆိုတာကတော့ တော်တော်လေးကို မှားနေတယ်ရှင့် ...။ ရှင်လွန်ခဲ့တဲ့ အပတ်က ဆံပင်ညှပ်ထားတာ ကျွန်မသိတာပေါ့ရှင် ... ဒါပေမယ့် မြင်မြင်ချင်း ကျွန်မခေါင်းထဲကို ၀င်လာတာက ရှင့်ဆံပင်သစ်က မိန်းမကြီးတစ်ယောက်နဲ့တူသွားစေတယ်ဆိုတာပဲ ...။ ကျွန်မ အမေက ကျွန်မကို သင်ထားတယ်ရှင့် ..။ ကိုယ်ပြောလိုက်လို့ လူသဘောကျမယ့် စကားမျိုးမဟုတ်ရင် မပြောပါနဲ့တဲ့ ...။ ဒါကြောင့် ရှင့်ဆံပင်ကြီးကို မှတ်ချက်မပေးခဲ့တာပေါ့ ...။ပြီးတော့ ရှင်ကျွန်မအတွက် ကျွန်မ အကြိုက်ဆုံးဟင်းချက်ထားတဲ့ ကိစ္စ ...။ ရှင် ကျွန်မနဲ့ ကျွန်မညီမကို မှားနေပုံရတယ် ...။ ကျွန်မ ကြက်သားမစားတာ လွန်ခဲ့တဲ့ ၇နှစ်တည်းကပဲလေ ...။ပြီးတော့ ရှင့်ပိုးဘောင်းဘီကိစ္စ ... အဲဒီ့ပေါ်မှာ ဒေါ်လာ ၂၀၀ ဆိုပြီး တံဆိပ်ကြီးမခွာရသေးတာ ကျွန်မမြင်တယ်လေ ...။ အေး ... တိုက်တိုက်ဆိုင်ဆိုင်ပဲ ... အဲဒီ့မနက်ကပဲ ကျွန်မညီမ ကျွန်မဆီက ဒေါ်လာ ၂၀၀ လာချေးသွားတယ်လေ ...။ အဲဒါကြောင့် အဲဒါကို မြင်ကိုမမြင်ချင်လို့ မျက်နှာကိုလွှဲထားလိုက်တာ ...။အော် .... ပြောရဦးမယ် ... ကျွန်မဒီလအတွက် ဒေါ်လာ ၁သိန်းတန် ထီပေါက်ထားတယ်ရှင့် ...။ ဒါကြောင့် အလုပ်ကထွက်လိုက်တာပဲ ...။Las Vegas ကိုသွားဖို့ လက်မှတ် ၂စောင်လဲဝယ်လာသေးတယ် ...။ ဒါပေမယ့် ကျွန်မ အိမ်ပြန်ရောက်တော့ ရှင်တို့က ထွက်သွားကြပြီ ...။အရာရာတိုင်းက အကြောင်းရှိလို့ အကျိုးဖြစ်တယ်ပဲ ပြောရမှာပေါ့ရှင် ...။ရှင်ဖြစ်ချင်တဲ့ ဘ၀လေးကို ရယူပိုင်ဆိုင်နိုင်ဖို့ ကျွန်မမျှော်လင့်ပါတယ် ...။ကျွန်မ ရှေ့နေ့ကလည်းပြောပါတယ် ... ရှင်ကျွန်မဆီက တစ်ပြားတစ်ချပ်မှ ယူလိမ့်မှာ မဟုတ်ဘူး ဆိုတာ ရှင့်စာထဲက စကားတွေထဲမှာ ပါတယ်တဲ့ ...။မှ....ရှင့် မိန်းမဟောင်း ( သူဌေးလဲဖြစ်ပြီး လွတ်လပ်သောဘ၀ကိုလည်း ပိုင်ဆိုင်သွားသူ)

P.S: အော် ... ကျွန်မနဲ့ရှင် အိမ်ထောင်သက်တစ်လျှောက်လုံး ရှင့်ကိုမပြောခဲ့တာလေးတစ်ခုတော့ ပြောပါရစေ ... ကျွန်မ ညီမ စန်ဒီဟာ တကယ်တော့ ကျွန်မ မောင်လေး ဂျွန်ပါပဲ ...။ သူ လိင်ပြောင်းဖို့အတွက် ကျွန်မပဲ ပိုက်ဆံထုတ်ပေးခဲ့တာလေ ...။ သူ့ဘ၀အတွက် ဒီကိစ္စကို ဘယ်သူမှ မပြောပဲ နေခဲ့တာပဲ ... ဒါကလဲ ပြဿနာတစ်ခုတော့ မဟုတ်လောက်ပါဘူး .. ဟုတ်တယ် မဟုတ်လား ...။ "


credit>>Jay Ki
Shared from Myawady News (FB)