Showing posts with label အကြောင်းအရာများ. Show all posts
Showing posts with label အကြောင်းအရာများ. Show all posts

Wednesday, June 29, 2016

အနာကြီးရောဂါသည်များကို ကူညီကြပါ





မေတ္တာရှင် ရွှေပြည်သာ ကြောင့် သိခဲ့ရတဲ့နေရာလေး

လှည်းကူးမြို့နယ် မရမ်းချောင် အနာကြီးရောဂါသည် စခန်း အတွက်

စေတနာရှင်များ အောက်ပါ ဖုန်းနံပတ်အတိုင်း ဆက်သွယ် လှူဒါန်းနိုင်ဖို့ နှိုးဆော်အပ်ပါသည်ရှင်

အလှူရှင်နည်းပါးသွားတဲ့အတွက် တစ်ချို့ရက်တွေဆို ဆန်ပြုတ်သောက်နေရတယ်လို့သိရပါတယ် ရှင်

Shared from M Sai Mon Thar


Tuesday, June 28, 2016

** ရဟန်းသံဃာများ လျော့နည်းလာမှုအပေါ် သုံးသပ်အကြံပြုချက် **


ဖားအောက်တောရရောက်တုန်း ဖားအောက်တောရဆရာတော်ကြီးကို ဝင်ရောက်ဖူးမျှော်ကန်တော့ တော့ ဆရာတော်ကြီးက ပရိယတ္တိစာသင်တိုက်တွေရဲ့အခြေအနေကို တကူးတက မေးပါတယ်။ မိမိတို့ကလဲ စာသင်တိုက်တွေရဲ့အခြေအနေတွေကို မြင်သိသမျှ လျှောက်ထားဖြစ်ပါတယ်။ ဆရာတော်ကြီး မေးလို့ မိမိတို့ဖြေဆိုရတာ အများဆုံးက သာသနာမှာ ရဟန်းသံဃာများ သိသိသာသာ လျော့နည်းလာတဲ့ ကိစ္စပါ။

သံဃာ ထောင်ချီရှိတဲ့ မန္တလေး မစိုးရိမ်တိုက်သစ်လို၊ အမရပူရ မဟာဂန္ဓာရုံလို ကျောင်းတိုက်ကြီးတွေမှာ ဒီကိစ္စဟာ သိပ်မသိသာ မထင်ရှားပေမယ့် သံဃာ တစ်ရာစွန်းစွန်းနဲ့ ပုံမှန်လည်ပတ်နေတဲ့ အလယ်အလတ်စာသင်တိုက်တွေမှာတော့ ဒီကိစ္စဟာ အလွန်သိသာ ထင်ရှားနေပါပြီ။ လွန်ခဲ့တဲ့ (၁) နှစ်ခန့်က မိမိတို့ကျောင်းတိုက်မှာ နှစ်စဉ်ပုံမှန်ရှိတဲ့သံဃာထက် ၂၅% လျော့နည်းသွားတယ်လို့ မိမိပြောခဲ့ဖူးတယ်။ အနာဂတ်သာသနာအတွက် တုန်လုပ်ဖွယ် အခြေအနေတစ်ရပ်က မနှစ်က ၂၅%လျော့နည်းမှုဟာ ယခုနှစ်မှာတော့ ၅၀%ဖြစ်လာပါတယ်။ ဒီအခြေအနေဟာ မိမိတို့ကျောင်းတိုက်တစ်ခုတင်လားဆိုတော့ မဟုတ်ပါဘူး။ တနိုင်ငံလုံးမှာရှိတဲ့ ကျောင်းတိုက်တိုင်းလိုလိုဟာလဲ မိမိတို့ကျောင်းတိုက်နည်းတူပါပဲ။ ဒီလို သံဃာလျော့နည်းလာခြင်းရဲ့ စိန်ခေါ်မှုကို ကြုံတွေ့ရင်ဆိုင်နေကြရပါတယ်။

တစ်နိုင်ငံလုံးမှာ ရှိတဲ့ ရဟန်းသံဃာတို့ရဲ့အရင်းအမြစ်ဟာ ကျေးလက်ပဲ ဖြစ်ပါတယ်။ ဇာတိကျေးလက်ကို မကြာခဏ မိမိရောက်တတ်သလို တစ်ခြား တစ်ခြားသော ကျေးလက်ရပ်ရွာများကိုလည်း အကြောင်းအမျိုးမျိုးနဲ့ ရောက်လေ့ရှိပါတယ်။ ရောက်တိုင်း သတိပြုမိတာက ယခင်က ကျောင်းသားကိုရင်များနဲ့ စီစီညံညံရှိခဲ့တဲ့ ရွာဦးကျောင်းတွေဟာ ယနေ့မှာတော့ ကျောင်းထိုင်ဘုန်းကြီးနဲ့ ကပ္ပိယ တစ်ယောက် နှစ်ယောက်သာရှိပြီး တိတ်ဆိတ်ခြောက်သွေ့နေခြင်းပါပဲ။ ရဟန်းသံဃာတို့ရဲ့ အရင်းအမြစ်ကျေးလက် ရွာဦးကျောင်းတွေမှာ ခုလို ဖြစ်နေမှာတော့ မြို့ပေါ်စာသင်တိုက်တွေမှာ ရဟန်းသံဃာများ လျော့နည်းသွားခြင်းဟာ အဆန်းတော့ မဟုတ်တော့ပါဘူး။

ဒီလို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရဟန်းသံဃာများ သိသိသာသာ လျော့နည်းလာတာဟာ လူငယ်အများစုပြောနေသလို စာမေးပွဲကြောင့် မဟုတ်သလို ပစ္စည်းလေးပါးချို့တဲ့ဆင်းရဲလို့လဲ မဟုတ်ပါဘူး။ စာမေးပွဲနဲ့ စပ်ပြီး ရှင်းရှင်းလေးပြောရရင် ယခင်ခေတ်တွေကလဲ ဒီစာနဲ့ ဒီစာမေးပွဲဖြစ်သလို ယနေ့ခေတ်မှာလဲ ဒီစာနဲ့ ဒီစာမေးပွဲပါပဲ။ ယခင်ခေတ်တွေနဲ့စာရင် ယနေ့ခေတ်မှာက ရွေးချယ်စရာ ပိုတောင် များနေပါသေးတယ်။ ပစ္စည်းလေးပါးကလည်း ယခင်ခေတ်တွေနဲ့စာရင် ယနေ့ခေတ်မှာက အပုံကြီး ပြည့်စုံပါတယ်။

သံဃာလျော့နည်းလာခြင်းရဲ့ အဓိကအချက်က ခေတ်ကြီး တိုးတက်လာခြင်းနဲ့အတူ ပုထုဇဉ်တို့ သည်းခြေကြိုက်ဖြစ်တဲ့ လောကီအာရုံ ကာမဂုဏ်တွေ အဆမတန် အားကောင်းလာပြီး နေရာတိုင်းမှာ တင်းကြမ်းဖြစ်လာလို့ပါပဲ။ ဒီအခြေအနေကို မိမိတို့ ငြင်းလို့မရပါဘူး။ ဒီအခြေအနေကို ကာကွယ်ဖို့ ရဟန်းသံဃာတို့ရဲ့ စည်းကမ်း၊ ကျောင်းတိုက်ကိုယ်စီရဲ့ စည်းမျဉ်းတွေကို လျော့ချပြီး အလိုလိုက်အကြိုက်ဆောင်လို့လဲ လုံးဝ မဖြစ်ပါဘူး။ ဒါဟာ နည်းမှန်းလမ်းမှန်မဟုတ်သလို ရှိသင့်ရှိထိုက်တဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေတွေကို လျော့ချခြင်းဟာ အနာနဲ့ဆေး တစ်ခြားစီဖြစ်ပြီး အလုံးစုံပျက်သုဉ်းရေး လမ်းကြောင်းကိုပဲ မလွှဲမသွေ ရောက်သွားဖို့ ရှိပါတယ်။

မိမိကတော့ စာမေးပွဲစနစ်တွေ ပြင်ဖို့၊ စည်းမျဉ်းစည်းကမ်းတွေ လျော့ချဖို့ထက် အချက် (၃) ချက်ကိုဘဲ မြင်ပါတယ်။ ပထမဆုံးနဲ့ အရေးအကြီးဆုံးအချက်က ဥပဇ္ဈာယ်ဆရာပါ။ ဥပဇ္ဈာယ်ဆိုတာ သာသနာတော်မှာတော့ မိဘပါ။ ခု ဖြစ်နေပုံက ဥပဇ္ဈာယ်ဆရာဆိုတာ သာသနာတော်မှာ မိဘဆိုပေမယ့် များသောအားဖြင့် နာမည်ခံလောက်ပါပဲ။ လက်တွေ့ကျင့်သုံးမှုမှာတော့ မိဘက သားသမီးအပေါ် တာဝန်ခံ တာဝန်ယူတဲ့သဘောမျိုး မရှိပါဘူး။ ခုလို ရှင်ရဟန်းတွေ တဖြုတ်ဖြုတ် ကြွေနေတဲ့ အခြေအနေမှာ ဥပဇ္ဈာယ်ဆရာများရဲ့အခန်းကဏ္ဍဟာ အလွန်အရေးကြီးလာပြီလို့ ယူဆပါတယ်။ ဥပဇ္ဈာယ်ဆရာတိုင်းသည် ကိုယ့်ထံ ဥပဇ္ဈာယ်ယူထားတဲ့ တပည့်ရှင်ရဟန်းတိုင်းအပေါ် လူ့ဘောင်လောက က မိဘများနည်းတူ၊ ကိုယ့်ရင်မှ မွေးဖွားသော ရင်သွေးနှင့်မခြား ကောင်းကောင်းဆိုးဆိုး မေတ္တာ ကရုဏာအပြည့်နဲ့ အလုံးစုံ တာဝန်ယူကြရပါလိမ့်မယ်။

လူထွက်ပြီး ယခု ကလေးအဖေကြီးတောင် ဖြစ်နေပြီဖြစ်တဲ့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က အဘိဓမ္မာဆိုင်ရာ ကထိကဆရာတော်တစ်ပါးက "တပည့်တော် သားသမီး ရှိလာလို့ အဲဒီသားသမီးက သာသနာ့အမွေ ခံယူမယ်ဆိုပါစို့၊ မိဘတစ်ယောက်အနေနဲ့ ပြန်လှည့်ကြည့်စရာမလိုအောင်၊ တစ်ဘဝလုံး စိတ်ချလက်ချ အပ်ထားရလောက်အောင် တာဝန်ခံနိုင်တဲ့ ကျောင်းတိုက်မျိုး မတွေ့ဖူးသေးဘူး" လို့ တစ်ခါက မိမိကို ပြောဖူးတယ်။ ဗုဒ္ဓဘာသာဝင်မိဘတိုင်းရဲ့ရင်ထဲမှာလဲ ဒီလိုအတွေးမျိုး ရှိနေကြပါတယ်။ ရှိနေကြလို့လဲ သားသမီးတစ်ယောက် သင်္ကန်းဝတ်မယ်ဆိုတာနဲ့ " တောမရောက် တောင်မရောက်ဖြစ်နေပါ့မယ်၊ သေချာစဉ်းစားပါဦး" ဆိုပြီး နုနုလေးနဲ့ တားဆီးတဲ့အသံတွေ မကြာခဏ ကြားနေရတာပါ။ မိမိတို့ဟာ ဗုဒ္ဓဘာသာဝင် မိဘများရဲ့စိုးရိမ်စိတ်ကို ပြောင်းပစ်နိုင်ရပါ့မယ်။ ပြောင်းပစ်နိုင်မှလဲ ကာမဂုဏ်တွေရဲ့ ဆွဲဆောင်မှုဒဏ် မခံနိုင်ဘဲ လူထွက်နေကြတဲ့ ရဟန်းသံဃာတွေရဲ့နေရာမှာ သူတော်ကောင်းဓာတ်ခံပါတဲ့ သာသနာ့မျိုးဆက်သစ်တွေနဲ့ အစားထိုးနိုင်ပါလိမ့်မယ်။ ဒီလို ပြောင်းပစ်ဖို့ သာသနာတော်ရဲ့မိဘဆိုတဲ့ ဥပဇ္ဈာယ်ဆရာတော်များက အခရာကျပါတယ်။

ဒုတိယအချက်က သာသနာတွင်း ရောက်လာတဲ့ ရှင်ရဟန်းတိုင်းကို လက်ရှိဘဝအခြေအနေထက် ပိုမိုတောက်ပြောင်အောင် လုပ်ပေးနိုင်ရပါ့မယ်။ သံသရာကောင်းဖို့အပြင် မျက်မြင်ဖြစ်တဲ့ ပစ္စုပ္ပန်ဘဝကိုပါ အများအားကျ အတုယူဖွယ်ဖြစ်အောင် ဖန်တီးပြုပြင်ပေးနိုင်ရပါ့မယ်။ ပထမအချက်နဲ့ ဒုတိယအချက်ရဲ့ လိုရင်းအချုပ်ကတော့ သာသနာတော်ရဲ့ မိဘများဖြစ်တဲ့ ဥပဇ္ဈာယ်ဆရာတိုင်းဟာ ဆရာ့ကျင့်ဝတ်အပြင် ကိုယ်အာမခံ သွတ်သွင်းပေးတဲ့ တပည့်ရှင်ရဟန်းများအပေါ် လူ့လောကီမိဘများနဲ့နည်းတူ မိဘကျင့်ဝတ်ကိုပါ တွဲဖက် ကျင့်သုံးဖို့ပါ။

တတိယအချက်ကတော့ လက်ရှိမြန်မာပြည်သာသနာတော်မှာ အလုပ် လုပ်နေကြတဲ့ ဦးဆောင်ဆရာတော်များ အားလုံးနဲ့ ဆိုင်ပါတယ်။ ရှင်ရဟန်းတော်တော်များများဟာ သာသနာတွင်း ရောက်ပြီဆိုတာနဲ့ ပရိယတ္တိစာပေ သင်ကြားကြတယ်။ စာမေးပွဲတွေ ဖြေကြတယ်။ ဘွဲ့တွေ ရကြတယ်။ ပရိယတ္တိစာပေ သင်ကြားတာဟာ ဘုရားဟောတွေကို သိဖို့၊ သိပြီးရင် ကျင့်ဖို့ဆိုပေမယ့် သိတဲ့အတိုင်း သဝေမတိမ်းကျင့်ဖို့က အလှမ်းဝေးလွန်းပါတယ်။ လက်ရှိသာသနာတော်ရဲ့ ရှင်ရဟန်းအများစု အခြေအနေက အသိနဲ့အကျင့်ကြားမှာ တဝဲလည်လည်ပဲ ဖြစ်နေတယ်။

စကားလုံးအဖြောင့်အတိုင်း ပြောရရင် ကျောထောက်နောက်ခံအသင့်ရှိတဲ့ ရှင်ရဟန်းအနည်းငယ်မှတစ်ပါး ငယ်ဖြူဖြစ်ပြီး အရည်အချင်းလဲ ရှိတဲ့ ရှင်ရဟန်းအများစုဟာ စာမေးပွဲတွေ ပြီးပြီဆိုတာနဲ့ အလုပ်လက်မဲ့တွေ ဖြစ်သွားတော့တာပဲ။ တစ်ချို့ဆို ဒီအခြေအနေကို ငြီးငွေ့ပြီး လူထွက်ဖို့ဘဲ စိတ်ရောက်ကုန်ပါတယ်။ တကယ်လဲ ထွက်နေကြပါတယ်။ ဒါဟာ သာသနာတော်အတွက် ကြီးမားတဲ့ လုပ်အား လေလွင့်ဆုံးရှုံးမှုပါ။ နောက်နောင် ဒီလို လေလွင့်ဆုံးရှုံးမှု မဖြစ်ရအောင် သာသနာတော်ရဲ့ ဦးသျှောင် ဆရာတော်များအနေနဲ့ ပရိယတ္တိအရည်အချင်းရှိပြီး ကျောထောက်နောက်ခံမရှိတဲ့ ရှင်ရဟန်းများကို စာမေးပွဲနဲ့အတူ သာသနာတော်နဲ့သက်ဆိုင်တဲ့ လုပ်ငန်းနဲ့တာဝန်ပါ ပေးနိုင်ဖို့ စဉ်းစားစီမံသင့်ပြီလို့ တိုက်တွန်းလျှောက်ထားအပ်ပါတယ်။ အပြုသဘောဆောင်တဲ့ ဝေဖန်အကြံပြုချက်များကို ကြိုဆိုလျှက်ပါ။
--
လေးစားစွာဖြင့် - Ashin Athaka
18.6.2016

ပရိယတ္တိ အင်အား


ပရိယတ္တိသာသနာအတွက် စာသင်သား ကိုရင်၊ ဦးဇင်းများကို ပစ္စည်းလေးပါး လိုအပ်ချက်များ ထောက်ပံ့ရေးအတွက် ရံပုံငွေတစ်ရပ်ထူထောင်ပါမည်။

ဓမ္မရောင်ခြည်မှ မတည်ငွေ (၁၀)သိန်းနှင့် စတင်ပါမည်။

သူငယ်ချင်း / ဓမ္မမိတ်ဆွေတစ်ယောက်က

တစ်ထောင်ကျပ်လှူပါက- ၁၀၀၀ကျပ် × ၅၀၀၀ = သိန်း ၅၀ ကျပ်
နှစ်ထောင်ကျပ်လှူပါက- ၂၀၀၀ကျပ် × ၅၀၀၀ = သိန်း ၁၀၀ကျပ်
သုံးထောင်ကျပ်လှူပါက- ၃၀၀၀ကျပ် × ၅၀၀၀ = သိန်း ၁၅၀ကျပ်
လေးထောင်ကျပ်လှူပါက- ၄၀၀၀ကျပ် × ၅၀၀၀ = သိန်း ၂၀၀ကျပ်
ငါးထောင်ကျပ်လှူပါက- ၅၀၀၀ကျပ် × ၅၀၀၀ = သိန်း ၂၅၀ကျပ်

၁၀၀၀၀ကျပ်× ၅၀၀၀ = သိန်း ၅၀၀ကျပ်။

စုစည်းမှုအင်အားသာ အရေးကြီးပါတယ်။
အခြားသောမိတ်ဆွေများလည်း လှူဒါန်းနိုင်ပါတယ်။

လှူဒါန်းလိုပါက/အကြံပြုလိုပါက comment များရေးသားခဲ့စေချင်ပါသည်။

ဖုန်း ၀၉၇၈၅၀၇၉၆၇၄၊ ၀၉၇၈၅၀၁၅၄၄၆၊ ၀၉၅၁၃၆၃၈၅၊ ၀၉၅၁၄၃၉၉၈၊ ၀၉၄၀၁၅၃၅၃၆၄ သို့လည်း ဆက်သွယ်နိုင်ပါသည်။

ဦးတင်အေး ၁၂/အစန(နိုင်) ၁၆၅၂၂၇၊ ကမ္ဘောဇ သိမ်ကြီးဈေးဘဏ်ခွဲ၊ ဖုန်း ၀၁၃၈၂၉၃၅သို့ လွှဲပေးပါရန်။

----------------------------------------------------------

အသေးစိတ်သိလိုပါက ဓမ္မရောင်ခြည်
ဖေါင်ဒေးရှင်းဥက္ကဋ္ဌ ဆရာဦးလှမျိုး ထံသို့ 
ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း

09 785079674

share ခြင်းဖြင့် ကုသိုလ်ယူနိုင်ကြပါစေ
Shared from ဦးမြင့်ခိုင်

Sunday, January 31, 2016

ကြယ်လေးတပွင့် ကြွေသွားပီ


ကြွေလွင့်ပြန်ပီ သာသနာ့ညီကိုတပါး။ နေထိုင်ရကျဉ်းကျပ်လှတဲ့ ရဟန်းဘဝ စာကကျက်တိုင်းမရ ဖြေရခက်တဲ့စာမေးပွဲတိုင်းကို ကျရှုံးမှုကိုအခါခါ အံကြိတ်ခံရင်း အမေအတွက် ဒကာ ဒကာမများအတွက်သီးခံပီး နေလိုက်ရတဲ့ရဟန်းဘဝ အထင်သေးခြင်းကိုလဲ ခံရ ကြည်ညိုတန်ဖိုးထားခြင်းကိုလဲခံရ ခုတော့ သူတကယ်မခံစားနိုင်တော့ဘူးထင်ပါတယ်။ ထွက်မယ်လို့ကြံရွယ်လိုက်တိုင်း ငဲ့စရာမျက်နှာတွေရှိနေတယ်တဲ့ ခုတော့မငဲ့နိုင်တော့လောက်အောင် ပြင်းထန်သွားတယ်ထင်ပါတယ်။ ကိုယ်တိုင်လဲသာသနာ့ဝန်ကို နိုင်သလောက်ဝန်ထမ်း နိုင်သလောက်အရာရာသီးခံနေရပါတယ်။ သူ့စိတ်နဲ့သူ ကိုယ့်စိတ်နဲ့ကိုယ်မို့ မထွက်ပါနဲ့လို့ မပြောပေမယ့် စဉ်းစားပေါ့လေ ဆိုတာကလွဲ ဘာအကြံမှမပေးခဲ့ပါဘူး။ ခုတော့တကယ်ထွက်သွားပီ။ သာသနာမှာ ခုလိုပဲ ရဟန်း ကိုရင်လေးတွေမြဲသွားဖို့ဆိုတာက ရာခိုင်းနှုန်းကအင်မတန်နည်းလာပါပီ။ စာမေးပွဲက ကံနဲ့လဲဆိုင်တယ်လို့ ဆရာတွေရဲ့အားပေးစကားတွေနားထောင်ခဲ့ရပေမယ့် နှစ်ခါသုံးခါထက်ဖြစ်လာရင် သီးခံမှုစွမ်းရည်က လျော့နည်းလာပါပီ။ သံဃာတွေဘက်ကရော ဒကာ ဒကာမတွေဘက်ကရော သာသနာကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ကြမလဲ။

မနေနိုင်လို့ထွက်သွားတဲ့လူကို နှမျောစရာမရှိပါဘူးလို့ တချို့လဲတွေးမိကြလိမ့်မယ်။ နေနိုင်တဲ့သူကျန်ခဲ့မှာပေါ့လို့တွေးမိကြလိမ့်မယ်။ ဒီခေတ်မှာ ရဟန်းဝတ်ဖို့စိတ်ကူးတဲ့သူ ၁ရာခိုင်နှုန်းပဲရှိကြမှာဧကန်မုတ်ချပါ။ ဒီခေတ် လူငယ်လေးတွေ ကိုရင်ဝတ်ဖို့တောင်မလွယ်ပါဘူး။ မြို့တွေမှာတော့ အနယ်နယ်အရပ်ရပ်က လာရောက်စာပေသင်ကြားပို့ချသူတွေရှိနေလို့ သံဃာတွေအများကြီးရှိတယ်လို့ထင်ရပါလိမ့်မယ်။ တောဘက်တွေမှာ သာသနာကကွယ်ချင်နေပီ။ ဘယ်ကလေးကမှ ကတုံးမတုံးချင်တော့ဘူး။ ဘုန်းကြီးကျောင်းမလိုက်ချင်တော့ပါဘူး။ နောက် တောကျောင်းတွေမှာ ဝိနည်းမနိုင်ဘာမနိုင် နားမလည်တဲ့ တောထွက်တွေကိုပဲ အားကိုးအားထားပြုနေကြရတာများနေပါပီ။ ရဟန်းပျိုလေးတွေကလဲ ခြောက်ကပ်လှတဲ့ တောရွာတွေမှာ မနေချင်ကြတော့ဘူး။ မီးမရ ဘာမရ အစစအရာရာ ပြည့်စုံတဲ့နေရာတွေမှာ နေလာပါများနေတော့ တောဘက်မှာ နေထိုင်သီတင်းသုံးဖို့က ရဟန်းပျိုတွေအနေနဲ့ရာခိုင်နှုန်းအင်မတန်နည်းပါတယ်။ ခေတ်နဲ့လဲဆိုင်ရင်ဆိုင်မယ် လောကဓံကြောင့်လဲဆိုင်ချင်ဆိုင်ပါလိမ့်မယ်။
တောကျောင်းတွေမှာ သံဃာအများဆုံး ၅ပါးထက်မပိုကျတော့ပါဘူး။ တချို့ရွာတွေ ၁ပါးပဲရှိပါတယ်။ တချို့ရွာတွေ တစ်ပါးမှမရှိပဲ ရွာကလူတွေအလှည့်နဲ့စောင့်အိပ်ကျပါတယ်။

တောထွက်တွေ ကျောင်းထိုင်နေတဲ့ရွာကအတော်များပါတယ်။ စာပေမတက်ရင် သံဃိကပစ္စည်းကိုလဲ မထိန်းသိမ်းတက်ပါဘူး။ ကျောင်းထိုင်းဘုန်းကြီးတပါးမှာ ငါပိုင်ပစ္စည်းတခုမှမရှိပါဘူး။ ဒကာ ဒကာမတွေက သံဃာကိုရည်မှန်းလှူဒါန်းထားလို့ သံဃာပိုင်ပစ္စည်းသာရှိကြပါတယ်။ ဒါကို ငါကျောင်းထိုင်ပဲဆိုပီးတော့ သံဃပစ္စည်းတွေကို ကိုယ်ကျိုးအတွက် ထုခွဲရောင်းချနေတဲ့ ကိုယ်တော်များကလဲရှိနေတယ်။ သူတို့လုပ်တာ သူတို့ခံရမှာတော့ မှန်ပါတယ်။ သူတို့လုပ်ရပ်တွေကြောင့် ဒကာ ဒကာမတွေရဲ့ သဒ္ဓါတရားက သာသနာအပေါ်အမဲစက်လေးတွေဖြစ်သွားနိုင်ပါတယ်။

ခုထွက်သွားတဲ့ ဦးဇင်းသူငယ်ချင်းက သူ့ရွာက တောထွက်ရဟန်းနဲ့မတည့်လို့ပါတဲ့။ ကျောင်းပစ္စည်းတွေကို သူလူ့ဘဝက ရခဲ့တဲ့မိသားစုကို ရောင်းပီးပေးတယ်တဲ့။ ပေးသင့်တာထက်ပိုပီးပေးတာ စီးပွားရေးဖြစ်ပါ။ တကယ် ငတ်ပျက်နေလို့ ကွေးမွေးပေးကမ်းတာက ဝိနည်းနဲ့လဲ သိပ်အပြစ်ကြီးမဟုတ်လှပါဘူး။ ခုက စီးပွားရေးဖြစ်ပေးနေတာဆိုတော့။ ဒကာ ဒကာမတွေက လှူဒါန်းနေတာက သာသနာကိုလှူဒါန်းတာပါ။ ပုဂ္ဂိုလ်ကို လှူဒါန်းတာမဟုတ်ပါဘူး။ ရဟန်းတပါးကို ကြည်ညိုလေးစားတယ်ဆိုတာ သာသနာထဲကရဟန်းမို့ပါ။

သူ့ကိုကြည်ညိုလို့လှူတယ်ထင်ရင် လူထွက်ကြည့်ရင် သိသာပါတယ်။ လှူနေမယ်ထင်သလားလေနော်။ လှည့်တောင်မကြည့်နိုင်ပါဘူး။ လူမှုရေးအရ အဆင်ပြေလားဆိုတာကလွဲလို့ပေါ့။ ဒါကြောင့် သာသနာ့ဘုန်းကံကို ကိုယ့်ဘုန်းကံထင်ပီး အလွဲသုံးစားလုပ်နေတယ်။

၁။ စာတော်တယ် အနေထိုင်မကောင်းဘူး သာသနာ့အလုပ်မလုပ်ဘူး။

၂။ အနေထိုင်ကောင်းတယ် စာမတော်ဘူး သာသနာ့အလုပ်လုပ်တယ်။

၃။ စာတက်တယ် သာသနာ့အလုပ်မလုပ်ဘူး။

၎။ သာသနာ့အလုပ် လုပ်တယ် စာပေကို အဆုံးထိမရောက်ခဲ့ဘူး။

၅။ စာလဲတက်တယ် သာသနာ့အလုပ်လဲလုပ်တယ်။ အနေထိုင်လဲကောင်းတယ်။

ဒီ၅မျိုးထဲ နံပါတ်၅ကတော့ ပိုကောင်းတာပေါ့။ နံပါတ် ၅ ပုဂ္ဂိုလ် မရခဲ့တောင် နံပါတ် ၂ နဲ့ ၄ ပုဂ္ဂိုလ်မျိုး ရခဲ့လဲ မဆိုးလှပါဘူး။

စိတ်ကောင်းစေတနာကောင်းနဲ့ အများအကျိုးကို အရေးပေးလုပ်ကိုင်တက်သူလဲဖြစ်ရင်ပိုကောင်းတာပေါ့။ ခေါင်းဆောင်ဆိုတာက အများအတွက်ပဲလုပ်ဆောင်ရပါတယ်။ ဦးဇင်းရှေ့မှာ သူငယ်ချင်း ၈ပါးထွက်ခဲ့ပါပီ။

ဦးဇင်းကရော ဘယ်အချိန်ဘယ်အတိုင်းတာထိ--------------------??????

စဉ်းစားထား တွေးထားတာလေးတော့ရှိပါတယ်။ အေးချမ်းတဲ့ တောင်ပေါ်ဒေသ လူသူမဝေးလေးမှာ ကျောင်းလေးတစ်ကျောင်းဆောက်ပီး အမေနဲ့အတူ ဘဝကိုကုန်ဆုံးရင်း တက်နိုင်တဲ့ဘက်က သာသနာ့ဝန်ထမ်းမယ်ပေါ့လေ။ အမေကလဲ ကျောင်းဆောင်လေး ဆောက်လှူပီး သူလဲယောဂီဘဝနဲ့ အိမ်လေးတလုံးဆောက်ပီးနေမယ်တဲ့။ သားက တရားပြပေါ့တဲ့။ အမေနဲ့သားရဲ့အိပ်မက်ဖြစ်နိုင်ဖို့ ဦးဇင်းအပေါ်ပဲမူတည်နေပါတယ်။အမေက အဆင်သင့်ပဲတဲ့။ ဘဝရဲ့နောက်ဆုံးအချိန်ကာလလေးတွေမှာ နှစ်၅၀ကျော် ပူလောင်မှုတွေပြည်နှက်တဲ့ လောကီအလုပ်တွေအတွက် ကိုယ့်ဘဝကို ပေးဆပ်ခဲ့ပီးပဲ။ ကျန်ရှိတဲ့ နှစ်အပိုင်းခြားလေးမှာတော့ အမေပြောသလိုဖြစ်သင့်ပါတယ်။ အိမ်မှာနေရင်း ဘုရားရှိခိုးတရားထိုင်တာနဲ့ ကျောင်းကန်ဘုရားမှာ ဘုရားရှိခိုးတာ စိတ်အေးချမ်းမှုက အင်မတန်မှကွာခြားလှပါတယ်။ အိမ်မှာနေရင် ဟိုဟာမြင် ဒီဟာမြင် လုပ်ချင်မိ ကိုင်ချင်မိ စားချင်မိ ပြောဆိုချင်မိဖို့ကများတယ်လေ။ သူငယ်ချင်းတပါး အရေခွံလဲလိုက်တာ အပေါ်ယံလွယ်သလိုထင်ရပေမယ့် သူ့ရဲ့ရင်ထဲမှာ ရှုပ်ထွေးခံစားနေရတာ သူပဲသိပါလိမ့်မယ်လေ။

(မှတ်ချက်) အမေ့သား အမေ့အိပ်မက်အတိုင်းတော့ အတက်နိုင်ဆုံးကြိုးစားပါ့မယ်။

Photo Credit to: Original Uploader
Post Credit to: Original Uploader

သူတို့ လေးတွေကို ချီးမြှောက်ကြပါ


မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်က ရဟန်းသံဃာ ၆ သိန်း ရှိတယ်။ ၂၀၁၅ ခုနှစ်မှာ ၅ သိန်းပဲရှိတော့တယ် တဲ့။ သာသနာစစ်တမ်းအရ တနှစ်ကို ၈ သောင်းဝန်းကျင် လျော့ကျနေတယ် တဲ့။

ဒီနှုန်းအတိုင်းသွားနေရင် နောင် ၅ နှစ် ၆ နှစ်လောက်ဆိုရင် သာသနာ့ဝန်ထမ်းဦးရေဟာ ထိတ်လန့် စရာ ဖြစ်နေတယ်။

ဒီနေ့ ခေတ်ဟာ ကာမဂုဏ်အာရုံ ပေါများလှတဲ့အတွက် ထိမ်းချုပ်ဖို့ခက်ခဲလှတယ်။ သူတို့ တတွေလည်း လူတွေလိုပဲ ခံစားချင်ကြမှာပါပဲ။ ဒါပေမဲ့
သပိတ်မနိုင်မနင်းပိုက် မိုးရွာရွာနေပူပူ ရပ်ကွက်တကာလှည့်ပြီး ဆွမ်းခံနေချိန်မှာ အခြားခလေးတွေ ဆော့ကစားတာကို တွေ့ နေရတာတောင် မဆော့နိုင်တဲ့ ဘဝပိုင်ရှင်လေးတွေပါ။

ဝါသနာ ဆိုတာ ဘုရားရှင်မှ လွဲပြီး ဘယ်သူမှ မဖျောက်နိုင်ကြပါဘူး။ ရှင်မဟာမောဂ္ဂလန်ကိုယ်တော်ကြီးဟာ မျောက်ဘဝကလာတဲ့အတွက် ရဟန်းဘဝရတဲ့အချိန်မှာ မျောက်လိုပဲ ခုံပျံ ကျော်လွှားခဲ့ဘူးတယ်တဲ့။

ပိလိန္ဒဝစ္စမထေရ်ကြီးဟာ ရဟန္တာကြီး ဖြစ်တာတောင် တွေ့ သမျှဒကာဒကာမကို သူယုတ်လို့ ခေါ်နေလို့  ဘုရားရှင်ကို လျှောက်တဲ့အခါမှာ ဘုရားရှင်က သူက ရဟန္တာကြီးပါ တဲ့။ အမျိုးယုတ်တဲ့ဘဝကလာတဲ့အတွက် ရဟန္တာကြီးဖြစ်တာတောင် အရင်ဘဝတွေရဲ့ အထုံပါလာတဲ့အတွက် သူယုတ်လို့ ခေါ်တာပါ။ နားလည်ပေးလိုက်ကြပါတဲ့။

ဘုရားရှင်လက်ထက်က ရဟန္တာကိုရင်လေးတွေဟာ ခလေးသဘာဝဆော့ကစားတဲ့ အထုံပါလာတဲ့အတွက် နေတွေ လတွေနဲ့  ဆော့ကစား
ကြတယ် လို့ ဖတ်ရှု့ဘူးပါတယ်။

ပြောချင်တာက ပုထုဇဉ် ကိုရင်လေးတွေ သာမန် ပုထုဇဉ် ရဟန်းတော်တွေဟာ အပျော်အပါးမက် တဲ့စိတ်ကတော့ ရှိကြပါလိမ့်မယ်။

ဘောကန်ရင်ကန်မယ် fb သုံးရင်သုံးမယ်။ ဒါဟာ ရဟန်းအင်္ဂါရပ်နဲ မညီညွတ်ဘူးဆိုတာ ပြောစရာရှိပေမဲ့ ဒီနေ့ ခေတ်အခြေအနေအရတော့
ဒါလောက်တွေကို နားလည်ပေးသင့်ပါတယ်။

ဝိနည်းဟာ သာသနာရဲ့အသက်ဆိုတာမှန်ပါတယ်။ ဝိနည်းအတိုင်း နေနိုင်ရင်တော့လည်း အကောင်းဆုံးပေါ့ ဒါပေမဲ့ ဒီနေ့ ခတ်လိုမျိုး ကာမဂုဏ်အာရုံပေါများတဲ့ခေတ်မှာ သူတို့ နဲ့ ပါတ်သတ်တဲ့ စာမေးပွဲတွေ ဖြေဆိုအောင်မြင်နေကြပြီဆိုရင်တော့ ဒါဟာ ကျေနပ်စရာအနေအထားပါ။
ကိုယ်တောင် ငါးပါးသီလ လုံခြုံအောင်မစောင့်ထိမ်းနိုင်ကြပါဘူး။

ငယ်ငယ်ကဆော့ပေမဲ့ အသက်အရွယ်ကြီးရင့်ပြီး ဝါတော်တွေကြီးလာပြီ ရင့်ကျက်လာပြီဆိုရင် ဆော့ပါဆိုရင်တောင် မဆော့တော့ပါဘူး။

ယခုလက်ရှိ ဆရာတော်အကျော်အမော် ဆရာတော်ဘုရားကြီးများဖြစ်ကြတဲ့ မဟာစည် မင်းကွန်းဥိးဥာဏိဿရ ပါချုပ် စတဲ့ ဆရာတော်ကြီးတွေဟာ တချိန်က ကိုရင်ငယ်လေးတွေ ဘဝကို ဖြတ်သန်းခဲ့ရတာပါပဲ။

သာသနာ့ဝန်ထမ်း နည်းပါးနေတဲ့အချိန်မျိုးမှာ သူတို့ကို အပြစ်ပြော ဝေဖန်နေမဲ့အစား သူတို့ လေးတွေ ပျော်အောင် ဒကာ ဒကာမ များက ဝိုင်းဝန်း ချီးမြှောက် လှူတမ်း ပေးကမ်း ထောက်ပံ့ပြီး ကူညီကြမယ်ဆိုရင်ဖြင့်
သူတို့ လေးတွေလည်း သာသနာ့ဘောင်မှာ ပျော်မွေ့ ကာ ဗုဒ္ဓသာသနာတော်မြတ်ကြီးအတွက် အားရှိလာပါလိမ့်မယ်။

လက်ရှိအင်အား ငါးသိန်းဆိုတာ တနှစ်ရှစ်သောင်းနှုန်း လျော့နေမယ်ဆိုရင် ဘယ်နှစ် နှစ်များခံမှာလဲ။

သာသနာရဲ့အသက်က ပရိယတ္တိ ဖြစ်ပါတယ်။ ပရိယတ္တိကွယ်ရင် ပဋိပတ္တိ ကွယ်ပြီ။ ပဋိပတ္တိကွယ်ရင် ပဋိဝေဒ ဆိုတာ မရ ရှိနိုင်တော့ဘူး။

သာသနာကွယ်ရင် နောင်မွေးလာတဲ့သူမှန်သမျှ အကုန် အပါယ်ဆင်းကြရလိမ့်မယ်။

သာသနာပြုတာ ဆင်းဆင်းရဲရဲပြုနေရတဲ့ကြားထဲ အကောင်းမမြင်ခံရတော့လည်း ဘယ်သူက ပြုချင်မှာလဲ။

ဆရာဘက်က တာဝန်ကျေသလို ဒကာဘက်ကလည်းတာဝန်ကျေသင့်ပါတယ်။

ဗုဒ္ဓဘာသာဝင်များ သာသနာရှေ့ရေးကို မျှော်တွေး ထိမ်းသိမ်း နိုင်ကြပါစေ။

ကိုမြင့်ခိုင် ။
Shared from Dr. Shwe Tun

Thursday, October 23, 2014

အိန္ဒိယ စိန်သူဌေး ၀န်ထမ်းတွေကို အိမ်တွေ၊ ကားတွေ လက်ဆောင်ပေး


အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်က စိန်ကုန်သည်တစ်ဦးဟာ လုပ်ငန်းရည်ရွယ်ချက်ပြည့်မီတဲ့အတွက် ဆုလာဘ်အနေနဲ့ ၄င်းရဲ့ ၀န်ထမ်းတွေကို ဒေါ်လာ ၈ သန်း တန်ဖိုးရှိတဲ့ ကား၊ အိမ်နဲ့ စိန်တွေ လက်ဆောင်ပေးခဲ့ပါတယ်။
ဆူရတ်မြို့က Hrishikesh Exporters ကုမ္ပဏီကိုပိုင်တဲ့ ဆက်ဗ်ဂျီဒဟိုလာကီ ဟာ ကား ၄၉၁ စီး၊ စိန်ထည် ၅၂၅ခု၊ တိုက်ခန်း ၂၀၀ တို့ကို ၀န်ထမ်းတွေကို ပေးခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းက သူ့ရဲ့ဝန်ထမ်း ၇၅၀၀ အနက် ၁၂၀၀ကျော်ဟာ ယင်းလက် ဆောင်တွေရရှိခဲ့ကြပါတယ်။ သူဟာ ၂၀၁၂ က ၀န်ထမ်း သုံးဦး၊ မနှစ်က ၀န်ထမ်း ၇၂ဦးတို့ကို ကားတွေလက်ဆောင်ပေးခဲ့ပါသေးတယ်။ သူ့ကုမ္ပဏီဟာ ဆူရတ်မြို့မှာ အကျော်ကြားဆုံးစိန်တင်ပို့တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး အမေရိကန်၊ ဘယ်လ်ဂျီယံ နဲ့ တရုတ်နိုင်ငံတွေမှာ ရုံးတွေ ရှိတယ်လို့ သိရပါတယ်။
သူက ` ဒီကုမ္ပဏီက မင်းတို့ကြောင့် အမြတ်တွေရနေတာပါ။ မင်းတို့ပျော်ရင် ငါတို့လည်း ထပ်ပြီး တိုးတက်အောင်မြင်မယ်၊ ငါ့ရဲ့ အမြတ် တွေကို မင်းတို့လည်း အကျိုးခံစားကြပါ´ လို့ ၀န်ထမ်းတွေကို ပြောခဲ့ပါတယ်။
သူ့ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်အတွက် မနှစ်က ကားတစ်စီးရခဲ့ပြီး ဒီနှစ် စိန်ထည်ပစ္စည်းလက်ဆောင်ရခဲ့တဲ့ ၀န်ထမ်း မိုင်နီက ` အတိုင်းမသိပျော်ပါတယ်။ ဒီနှစ်မှာ ကုမ္ပဏီက အရင်တုန်းက အိမ်တွေ၊ ရတနာတွေ ရဖူးတဲ့လူတွေကို ကားတွေပေးပြီး၊ ကားတွေ ရတနာ တွေ ရဖူးတဲ့လူတွေကို အိမ်တွေပေးပါတယ်။ ကားရတဲ့ အလုပ်သမားတွေအများကြီးပဲ။ အခုဆိုကားမောင်းသင်နေကြပြီ ´ လို့ ပြောပါတယ်။

ဘာသာပြန်.. ထက်ဦးစံ
Ref: BBC

ပုံစာ။ လက်ဆောင်ပေးပွဲအခမ်းအနားကိုတွေ့ရစဉ်
Shared from Kumudra (FB)

Saturday, October 18, 2014

"ကျွန်မ အလည်တစ်ခေါက်ရောက်ခဲ့သော သံလျှင် သဘာဝ တရားရိပ်သာအကြောင်း"


-သံလျှင် သဘာဝတရားရိပ်သာသည် ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုများ ၊လူမမာများ လွတ်လပ်စွာ တရားအားထုတ်ဖြစ်စေလိုသောစေတနာဖြင့် ဆရာတော်ဦးဥတ္တမသာရ ကိုယ်တိုင်ဦးစီး၍ ဦးကျော်အေး+ဒေါ်ခင်ဆွေဦး တို့မှ မြေ(၃ ဧက) မတည်လှူဒါန်းကာ (၁၆.၆.၂၀၀၈)နေ့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။

-လူတန်းစားပေါင်းစုံအတွက် ရေရှည်အဆင်ပြေစေလိုသော ရည်ရွယ်ချက်ဖြင့် ဆွမ်းစရိတ် ကောက်ခံခြင်း မရှိပါ။

-မည်သူမဆို ရက်အကန့်အသတ်မရှိ ရာသက်ပန် တရားအားထုတ်နိုင်သော ရိပ်သာဖြစ်ခြင်းကြောင့် ရပ်ဝေး ရပ်နီးမှ ယောဂီသူတော်ကောင်းများနှင့် အများအကျိုး ဆောင်ရွက်လိုသူများလည်း တဖြေးဖြေးချင်း ပို၍ စုမိလာခဲ့ပါသည်။

-ထို့အတူ လောကဓံ၏ ရိုက်ပုတ်မှုလှိုင်းတံပိုးအောက်မှာ ခိုကိုးရာမဲ့ ဖြစ်နေသော သက်ကြီးရွယ်အိုများ၊ လူမမမာများ ၊အခြေအနေအမျိုးမျိုးကြောင့် အားကိုးရာမဲ့နေသော အထီးကျန်နေသူများ နှင့် စိတ်ဝေဒနာရှင်များ၏ ၀င်ရောက်ခိုလှုံရာလည်း ဖြစ်သည်။

-စားဝတ်နေရေး အဆင်မပြေသော ခိုကိုးရာမဲ့ မိသားစုများ၏ အားကိုးရာလည်း ဖြစ်ပါသည်။

-ယခု ၂၀၁၄ ခုနှစ်တွင် ရိပ်သာဧရိယာ ဧက(၅၀)ကျော်၌ အမြဲနေယောဂီ(၂၄၀၀ ကျော်) နှင့် (ဧက ၂၀ ကျော်)သော စေတနာရွာတွင် ဆင်းရဲနွမ်းပါးသော ခိုကိုးရာမဲ့ မိသားစု(၂၅၀၀)ကျော် မှီတင်းနေထိုင်လျှက်ရှိနေပါသည်။

-ယောဂီတို့ ငြိမ်းချမ်းစွာ ဘ၀ကူးပြောင်းရာ အနေကောင်း ၊အသေကောင်းသည့် ရိပ်သာ ဖြစ်ပါသည်။ရိပ်သာ သက်တမ်း (၆ နှစ်)အတွင်း ယောဂီပေါင်း (၃၃၀)ကျော် ကွယ်လွန်ပြီး ဖြစ်ပါသည်။

-အမျိုးမျိုးသော ယောဂီ ပရိဿ တ်များ၏ စားဝတ်နေရေး ၊ကျန်းမာရေး ပြဿ နာမျိုးစုံကို ဆရာတော် ဦးဥတ္တမသာရမှ တာဝန်ယူ ဖြေရှင်းပေးလျှက်ရှိသလို သစ္စာတရားဓမ္မများကိုလည်း နေ့စဉ် ဟောကြားပေးလျှက် ရှိနေပါသည်။

-ယောဂီအားလုံး၏ စားဝတ်နေရေးအတွက် သာကေတ၊ဗိုလ်တစ်ထောင်၊ လသာ၊ လမ်းမတော်၊ အလုံ နှင့် ကျောက်မြောင်းမြို့နယ်များသို့ သဘာဝတရားရိပ်သာ သံဃာတော်များနှင့် စာသင်သားကိုရင်များက ပုံမှန် ဆွမ်းခံကြွကြသလို အချိန်ရပါက ဆရာတော်ကိုယ်တိုင် တန်းဆွမ်းကို ဦးဆောင်ကာ ဆွမ်းခံကြွကာ ယောဂီများနေ့စဉ် စားဝတ်နေရေး အဆင်ပြေနိုင်ရန်အတွက် ဆောင်ရွက်ပေးလျှက်ရှိနေပါသည်။

-ရိပ်သာတွင် နေထိုင်သူ ယောဂီ(၂၄၀၀ ဦး) ကျော်ထဲတွင် -
ရဟန်းအပါး(၂၅၀)ကျော်၊ သီလရှင်အပါး (၂၀၀)ကျော်၊ သက်ကြီးရွယ်အို (၆၀၀)ကျော်၊ အရေးကြီး လူမမာ(၁၅၀)ကျော် အပါအ၀င် လူမမာပေါင်း (၅၀၀)ကျော်၊ မိသားစုပေါင်း (၇၀)ကျော်၊ကလေးသူငယ်ပေါင်း (၁၂၀)ကျော်တို့ ပါဝင်ပါသည်။

-သက်ကြီးရွယ်အိုနှင့် လူမမာအများစုမှာ နေရာအခက်အခဲကြောင့် ကျောတစ်နေရာစာ နေရာကိုယ်စီဖြင့် ယာယီတဲဆောင်များတွင် စုပေါင်းနေထိုင်ကြရပါသည်။

-သဘာဝတရားရိပ်သာအတွင်း နှင့် ပြင်ပမှ သက်ကြီးရွယ်အိုများ၊လူမမာများအတွက် အဓိကစောင့်ရှောက်ပေးနိုင်ရန် ရည်ရွယ်၍ သိန်းပေါင်း (၉၀၀၀)ကျော် ကုန်ကျမည့် (၆ ထပ်)တရားဆေးရုံကြီးကို သဘာဝတရားရိပ်သာအတွင်း ဆရာတော်ဦးဥတ္တမသာရမှ ဦးဆောင်၍ အကောင်အထည်ဖော်နေပါသောကြောင့် စေတနာရှင် အလှူရှင်များ ပိုမိုရရှိနိုင်စေခြင်း အကျိုးငှာ ဤပို့စ်ကို Shareပေး ခြင်းဖြင့် ပရဟိတကုသိုလ်များ ယူနိုင်ကြစေရန်အတွက် မောင်နှမများအား လေးစားစွာဖြင့် မေတ္တာရပ်ခံလိုက်ရပါတယ်ရှင်။

-ယခု ခိုကိုးရာမဲ့ဘိုးဘွား ၊လူနာများအတွက် ကျောချရန် ကုတင်များမလုံလောက်ပါသောကြောင့် မနေ့က ကျွန်မ သဘာဝတရားရိပ်သာသို့ရောက်စဉ်တွင် သံကုတင်များ လုပ်နေတာကိုတွေ့ရ၍ စေတနာရှင်များ မိမိတတ်နိုင်သလောက် လှူဒါန်းနိုင်ကြစေရန်အတွက် ကုန်ကျစရိတ်မေးမြန်းကြည့်ရာ သံကုတင်တစ်လုံးကို (၅၅,၀၀၀ ကျပ်) ဖြင့် လှူဒါန်းနိုင်ကြပါကြောင်း နှင့် တစ်နေ့တာ ဆွမ်းအလှူများအတွက် လှူဒါန်းလိုကြပါက ပုံပါကုန်ကျငွေများအတိုင်း တိုက်ရိုက်ဖြစ်စေ ကျွန်မမှတဆင့်ဖြစ်စေ လှူဒါန်းနိုင်ကြပါကြောင်း လေးစားစွာဖြင့် အလှူရှင်များအား ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။

အမှန်တကယ်လိုအပ်သူများအတွက် မိမိတတ်နိုင်သလောက် ကုသိုလ်ပါဝင်ယူကာ ပီတိပွားနိုင်ကြပါစေရှင်။

Ps- စေတနာရှင် အလှူရှင်များ ပိုမိုရရှိနိုငစေရန်အတွက် ပို့စ်ကို Share ခြင်းဖြင့် ကုသိုလ်ပါဝင်ယူနိုင်ကြပါတယ်ရှင်။

ဆက်သွယ်လှူဒါန်းရန်-

-ဒေါ်ဝါ၀ါခိုင်မင်း Nan War War Mg (ဖုန်း- ၀၉၇၃၀၉၅၈၅၁)
ငွေလွှဲရန်- KBZ(ရန်ကင်း) - 127-301-12700290701

-မစုငယ်ဝင်း(စင်္ကာပူ) Su Nge Win
Posb Saving 245-66999-2
ph 91136144

လေးစားစွာဖြင့်-

ဝါ၀ါခိုင်မင်း
https://www.facebook.com/yoonmeme2009?fref=ufi

Monday, September 22, 2014

တကယ်လိုအပ်တဲ့ နေရာလေးတွေမှာ လှူဒါန်းချင်ကြသူများအတွက်...






တကယ်ကို ရင်ထဲနင့်နေတာပဲ
ကျွန်မ မျက်ရည်တွေ သက်ပြင်းတွေနဲ့ ပြန်ခဲ့ရတယ် ကျွန်မလှူတဲ့ မွေးနေ့ အလှူငွေတောင် ဘာမှမဟုတ်တော့သလိုပဲ အဘိုးအဘွားတွေ ရွာကြီးတစ်ရွာလို စုနေရတယ်
အဘိုးတယောက်ဆို နားကသွေးတွေ နှာခေါင်းက သွေးတွေ စက်လက်နဲ့ ဘယ်သွားရမှန်းမသိ ဘာလုပ်ရမှန်းမသိနဲ့ 
FB ကသူငယ်ချင်းတွေကို ဒီမှာလာလှူဖို့ ပြောချင်တယ် အဘိုးအဘွားတွေက သူတို့ ကိုလာလှူ ကြတာကို ဝမ်းသာတဲ့မျက်ရည်တွေနဲ့ ကြို ကြတယ် မပြောပြတတ်အောင် သနားဖို့ ကောင်းတယ် နောက်တခါသွားလှူ ဦးမယ်လို့  ဆုံးဖြတ်ချက်ချထားတယ်


လိပ်စာမေးတဲ့ အကိုတွေ အစ်မတွေအတွက် လိပ်စာပြန်တင်ပေးထားပါတယ်
သံလျင်ကျိုက်ခေါက်ဘုရားနားကသဘာဝတရားရိပ်သာပါ သဘာဝတရားရိပ်သာဆရာတော်ဖုန်းက 095085212 အဘဦးကျော်အေး 095201616 /098595599 ၊ သဘာဝတရားရိပ်သာ ဖုန်း 09420076866 ကျိုက်ခေါက်ဘုရားနဲ့တာဝကြား၊ဘုရားကုန်းကျေးရွာ ကိုဆက်သွယ်လှူဒါန်းနိင်ပါတယ် ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်
Comment တွေမှာလဲ သိတဲ့ အကိုတွေ အစ်မတွေ ရေးပေးထားပါတယ် ကြည့် ပြီးဆက်သွယ်နိုင်ပါတယ်နော်

ဒီပို့စ်လေးကို တင်ထားတဲ့ Chit Thu Lay ဖေ့စ်ဘုတ်က ညီမကို ကျေးဇူးတင်ပါတယ်။ တင်ထားတဲ့ မူလပို့စ်အတိုင်း ပြန်ရှယ်ချင်ပေမယ့် အဆင်မပြေလို့ သက်သက်ထပ်တင်ပြီး ရှယ်လိုက်ပါတယ်။ ဒီပို့စ်လေးကို ဖတ်မိပြီး လှူဒါန်းချင်တဲ့သူများ ပေါ်ပေါက်လာနိုင်ပါစေ... 

Credit to: Chit Thu Lay (FB)

အသက် ၅၈ နှစ်ပေမယ့် လှသွေးကြွယ်နေသေးတဲ့ Liu Xiaoqing


တရုတ်မင်းသမီး Liu Xiaoqing ဟာ အသက် ၅၈ နှစ် ရှိပါပြီ။ သို့ပေမယ့် ပုံမှာ မြင်တွေ့ ရသလိုပဲ သူဟာ ၂၀ ကျော်သက် အမျိုးသမီး တစ်ဦးလို့ ထင်ရလောက်အောင် နုပျိုလျက် ရှိပါတယ်။ သူမဟာ ၁၉၇၀ ကျော်က စလို့ အနုပညာ လောကကို စတင် ဝင်ရောက် ခဲ့ပြီး ယနေ့မှာတော့ စီးပွားရေး လုပ်ငန်း ရှင် တစ်ဦးလည်း ဖြစ်ပါတယ်။

၁၉၉၉ ခုနှစ်က တရုတ်ပြည်ရဲ့ အချမ်းသာဆုံး စီးပွားရေး လုပ်ငန်းရှင် အယောက် ၅၀ စာရင်းထဲမှာ အဆင့် ၄၅ နဲ့ ပါဝင်ခဲ့ ပါတယ်။ ယနေ့တိုင်လည်း ရုပ်ရှင်များ လည်း ရိုက်ကူးနေဆဲ ဖြစ်ပါ တယ်။ ၁၉၈၀ ကျော်တုန်းက အင်မတန် အောင်မြင် ခဲ့တဲ့ မင်းသမီး ဖြစ်ပေမယ့် ယနေ့ ခေတ်မှာတော့ သူမဟာ စီးပွားရေး လုပ်ငန်းနဲ့ ရုပ်ရှင် ထုတ်လုပ်ရေး တို့မှာပဲ ဦးစားပေးလျက် ရှိသူ ဖြစ်ပါတယ်။ စီးပွားရေးမှာ အောင်မြင်ပေမယ့် အခွန် ရှောင်တိမ်းမှုကြောင့် တရားရင်ဆိုင်ရမှု၊ ဒဏ်ကြေးငွေ ယွမ်ငွေ သန်းချီl ဆောင်ရမှုများ ရှိခဲ့ ပါတယ်။ From A Movie Star to A Billionaire ဆိုတဲ့အမည်နဲ့လည်း သူမရဲ့ အကြောင်းကို စာအုပ်ထုတ် ရေးသားခဲ့ဖူးပါတယ်။

အသက်အရွယ်အားဖြင့် ကြီးပေမယ့် ရုပ်ရှည်က နုပါတယ်။ အိမ်ထောင် နှစ်ဆက် ရှိပါတယ်။ ဘဝ အတွေ့အကြုံကလည်း ရင့်ကျက်တော့ တရုတ်ပြည်မှာ ထက်မြတ်တဲ့ အမျိုးသမီး တစ်ဦး အဖြစ် ပြောစမတ်ပြုကြ ပါတယ်။
.
Ref: wiki,metro
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

Friday, August 22, 2014

မင်းဖမ်းနိုင်ရင်ဖမ်း (Catch me if you can)

 

Frank William Abagnale ဟာ အမေရိကန်သမိုင်းမှာ အလွန်ထူးခြားတဲ့ လူလိမ်ကြီးအဖြစ်နာမည်ကြီးခဲ့ပါတယ်။
သူ့ကို ၁၉၄၈ ဧပရယ် ၂၇ မှာမွေးဖွားခဲ့ပြီး
သူ အထက်တန်းကျောင်းသားဘဝမှာ သမိုင်းဆရာ တစ်ယောက် ခွင့်ယူထားတဲ့အတန်းကို Lecture တွေဝင်ပေး စာတွေသင် ပျော်ပွဲစားတွေတောင် လုပ်ခဲ့တယ်ဆိုပဲ။ ကျောင်းအုပ်ဆရာမကြီး သိတဲ့ အချိန်မှာ ကျောင်းသူကျောင်းသားတွေနဲ့ လေ့လာရေးခရီးထွက်ဖို့တောင် ပြင်ဆင်နေပြီတဲ့။

သူအိမ်က စိတ်ဆိုးပြီးထွက်လာတဲ့အချိန်မှာ ချက်လက်မှတ် အတုတွေနဲ့ငွေလိမ်ထုတ်ခဲ့ပါတယ်။ နောက် Pan An လေကြောင်းလိုင်းရဲ့ လေယာဉ်မှူးဟန်ဆောင်ပြီး ကမ္ဘာတစ်ဝန်းကို လေယာဉ်အခမဲ့ ပတ်စီးပြီး ချက်လက်မှတ်အတုတွေနဲ့ ပိုက်ဆံထုတ် ဟိုတယ်တွေမှာတောင် အခမဲ့ တည်းခိုခဲ့တယ်။

နောက် Georgia ဆေးရုံမှာ ဆေးရုံမှူးဆရာဝန်အဖြစ် အလုပ်လုပ်ခဲ့သေးတယ်။ ဆရာဝန်အဖြစ်ကနေ Harvard တက္ကသိုလ်က ဥပဒေစာမေးပွဲကို အတန်းတစ်ချိန်မှ မတက်ဖူးဘဲ ဝင်ဖြေတာအောင်မြင်ခဲ့ပြီး ရှေ့နေအဖြစ်လုပ်ခဲ့တယ်။

သူရှေ့နေဖြစ်တဲ့အချိန် အသက်က ၁၉နှစ်ပဲရှိပါသေးတယ်။ ၈လကြာပြီးတဲ့နောက် အလုပ်ကထွက်ခဲ့တယ်။
အဲချိန်မှာ Abagnale ကို နိုင်ငံပေါင်း ၁၂ နိုင်ငံက ချက်လက်မှတ်အတုလုပ်မှု လေယာဉ်မှူးဟန်ဆောင်ပြီး လေယာဉ်စီးမှု အခြား လိမ်လည်မှုပေါင်းများစွာနဲ့ အလိုရှိနေပါတယ်။

Abagnale ကို ၁၉၆၉ ခုနှစ်ပြင်သစ်မှာ ဖမ်းမိခဲ့တယ်။ သူနဲ့ အရင်က တွဲခဲ့ဖူးတဲ့ ပြင်သစ် လေယာဉ်မယ်တစ်ယောက်က သူ့ကိုတွေ့ပြီး ရဲကိုသတင်းပေးလို့ ဖမ်းမိခဲ့တာဖြစ်တယ်။

Frank Abagnale ဟာ ပြင်သစ်ထောင် ဆွီဒင်ထောင်များမှာ လအနည်းငယ်စီ နေခဲ့ရပြီး နောက်ဆုံး ဗာဂျီးနီးယားမှာ ထောင်ဒဏ်၁၂နှစ်ချမှတ်ခံခဲ့ရတယ်။ ၁၉၇၄ ခုနှစ်မှာတော့ FBI မှအမှုအခင်းများချက်လက်မှတ်လိမ်လည်မှုများကို Abagnale အကူအညီရယူရန် FBI ရုံးခန်းမှာ အကျယ်ချုပ်နဲ့ ကျန်ရှိတဲ့ ထောင်ဒဏ်ရက်များကို ကုန်ဆုံးစေခဲ့တယ်။
သူထောင်ကျချိန်ထိ သူဟာ ကီလိုမီတာ 1.6 သန်းကိုလေယာဉ်စရီးစဉ် ၂၅၀ နိုင်ငံပေါင်း ၂၆ နိုင်ငံ အခမဲ့ စီနင်းခဲ့ပြီးဖြစ်တယ်။
အမေရိကန်ဒေါ်လာ သန်းနဲ့ချီပြီး ချက်လက်မှတ်အတုနဲ့ ငွေထုတ်ခဲ့ပါတယ်။
FBI ကနောက်ပိုင်းမှာ မင်းဘယ်လိုရှေ့နေစာမေးပွဲကို လိမ်ပြီး အောင်အောင်လုပ်ခဲ့တာလဲ မေးတဲ့အခါ သူက စာမေးပွဲမဖြေခင်နှစ်ပတ် ရှေ့နေစာအုပ်တွေဖတ်ပြီး အမှန်တစ်ကယ် စာမေးပွဲအောင်ခဲ့တာပါတဲ့

Abagnale ဟာ ယခုအချိန်မှာ Abagnale & Associate လုံခြုံရေးအကြံပေးကုမ္ပဏီ ဖြင့် ချမ်းသာကြွယ်ဝတဲ့ သူဌေးတစ်ယောက်ဖြစ်နေပါပြီ။

သူရဲ့ အကြာင်းကို ရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးထားတဲ့ Titanic မင်းသားလီယိုနာဒို သရုပ်ဆောင်ထားသော Catch Me if You Can ရုပ်ရှင်ဇာတ်ကားကိုတော့

http://www.firedrive.com/file/E6ACD7547C6F4AAC

မှာ ဒေါင်းလုပ်ဆွဲပြီး ဖြစ်ဖြစ် တိုက်ရိုက်ဖြစ်ဖြစ်ကြည့်နိုင်ပါတယ်ခင်ဗျာ
သူ့အကြောင်း အပေါ်မှာ ရေးခဲ့တာဟာ အကျဉ်းမျှသာဖြစ်ပြီး ရုပ်ရှင်ကားမှာတော့ အားလုံးနီးပါး အပြည့်အစုံ ကြည့်နိုင်မှာဖြစ်ပါတယ်

အင်္ဂလိပ်ဘာသာမှာ နာမည်ဆိုးနဲ့ ကျော်ကြားရင် notorious လိုသုံးပြီး နာမည်ကောင်းနဲ့ ကျော်ကြားရင် Famous လို့သုံးပါတယ်

Frank William Abagnale ဟာ notorious လား famous လား comment လေးရေးခဲ့ပါဦး။

Credit to: သင့် IQ မြင့်မားလာစေရန် (FB)

Wednesday, August 6, 2014

ဘန်ကောက်က ကားစပယ်ယာ ရန်ကုန်ကို ပို့လိုက်ပါ


ဗုဒ္ဓဟူးနေ့က ဘန်ကောက်ပို့စ်သတင်းစာက အွန်လိုင်းမှာ၂ မိနစ်စာ ရုပ်သံဖိုင်တခု ထည့်လိုက်ပါတယ်။

ဘန်ကောက်မြို့ အမှတ် ၇၉ ဘတ်စ်ကားလိုင်းမှာ လုပ်ကိုင်နေတဲ့ ကားစပယ်ယာတယောက်အကြောင်း ရိုက်ကူးထားခြင်းပါ။

ဘန်ကောက်မှာ တခြားသော ကားစပယ်ယာများက ကားလက်မှတ်ရောင်းတဲ့အလုပ်ပဲ လုပ်ပေမယ့် သူက အဲဒါထက် ပိုပြီး လုပ်သူပါ။

သူက ခရီးသည်တွေနဲ့ တရင်းတနှီးနေ၊ စကားပြောတယ်။
စာအုပ်တအုပ်ကိုင်ပြီး စာဖတ်ပြလိုက်ပါသေးတယ်။ အပျင်းပြေအောင် ဖြစ်ပါလိမ့်မယ်။
ဒါက ခရီးစဉ်တိုင်း သူ လုပ်နေကျပါပဲ တဲ့။
(သူ့အသံ အမြဲကြားရမယ့် ကားဒရိုင်ဘာကတော့ စိတ်ညစ်နိုင်တယ် သို့မဟုတ် သဘောကျလိမ့်မယ်။
ခရီးသည်တချို့လည်း သူ စာဖတ်ပြတာကို ကြိုက်ချင်မှ ကြိုက်မယ်)

သေချာတာကတော့ ခရီးသည်တွေကို သူက ၀န်ဆောင်မှုကောင်းကောင်းပေးဖို့ ကြိုးစား၊ ဖျော်ဖြေတင်ဆက်ဖို့ ကြိုးစားနေခြင်းပါပဲ။

ခရီးသည်တွေဆီကနေ ရလာတဲ့ တုန့်ပြန်ချက်တွေကြောင့် ဝမ်းသာရတယ်၊ ဒီရဲ့ ပီတိကို ဘယ်မှာမှ သွားဝယ်လို့ မရဘူးလို့ သူက ပြောဆိုတာကို ရုပ်သံမှာ ဖော်ပြပါတယ်။

ခရီးသည်တွေ သူ့ကို တွေ့တာနဲ့ နွေးထွေးမှု ရသွားစေချင်ပါတယ် တဲ့။

သူ့နာမည်က Paitoon Samraj

ခရီးသည်တဦးရဲ့ အိတ်ကို ကူညီ သယ်ချပေးတာလည်း တွေ့ရပါမယ်။

ရန်ကုန်က ဘတ်စ်ကားတွေမှာ သူ့လိုမျိုး ကားစပယ်ယာ ရှိမယ်ဆိုရင် ကောင်းမှာပဲ။

ရန်ကုန်က ကားစပယ်ယာများလည်း အဆက်မပြတ် ပြောနေကြတာပါပဲ။ သို့သော်လည်း ပြောပုံခြင်းတော့ မတူပါလေ။

အမျိုးသမီး ခရီးသည်တယောက်ဆိုရင် ဘောပြားမ ဆိုပြီး စပယ်ယာက ဆူပူပြောဆိုတာ ခံရတယ်၊ ကားပေါ်ကအဆင်းမှာ ကန်ချခံရလို့ ကားပေါ်ကနေ မှောက်လျက် ပြုတ်ကျတယ်လို့ မှုခင်းသတင်းတပုဒ်က ဆိုတယ်။ ဒါကတော့ အဆိုးဆုံးသော ဖြစ်ရပ်တခု ဆိုပါစို့။

ခရီးသည်တွေ ကားစပယ်ယာတချို့ရဲ့ဒဏ်ကို ခံနေရတာကတော့ ရန်ကုန်ရဲ့ပုံရိပ်ဆိုးတခုပါပဲ။

ကားစပယ်ယာတချို့ ရိုင်းစိုင်းတာတော့ ဟုတ်ပါပြီ။ ယာဉ်မောင်းသူတွေကရော?

ရန်ကုန်က ယာဉ်မောင်းသူတွေအကြောင်း သိချင်ရင် ရန်ကုန်မြို့ထဲမှာ လမ်းကူးကြည့်လိုက်ရုံပါပဲ။
ခင်ဗျားတို့ကို လမ်းပေါ်မှာ လမ်းလျှောက်ခွင့်မပေးချင်တဲ့ ယာဉ်မောင်းတွေ အများအပြား ရှိတယ်ဆိုတာကို အံ့သြတကြီး တွေ့ရပါလိမ့်မယ်။

လူအများအပြား စိတ်ရိုင်းဝင်လာကြခြင်းဟာ ဘာကြောင့်များလဲ။
ဒါကတော့... ဆက်လက် ဆွေးနွေးငြင်းခုံလို့ကောင်းတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။

ပုခက်လွှဲသော လက်ပိုင်ရှင် ယာဉ်နောက်လိုက်များ

http://burma.irrawaddy.org/business/2014/06/03/59803.html

ရန်ကုန်မြို့တွင် ခရီးသွားခြင်း

http://burma.irrawaddy.org/article/2013/10/14/49501.html

http://burma.irrawaddy.org/

Shared from Irrawaddy (Burmese Version) (FB)

Tuesday, August 5, 2014

မိဘမဲ့ကလေးများကျောင်းနှင့် ဘုန်းကြီးကျောင်း လိပ်စာများ


ပရဟိတ လှူဒါန်းချင်သူများ အတွက် ကူညီမှု လိုအပ်သော နေရာလေးများကို ဖော်ပြပေးခြင်း ဖြစ်ပါသည်။

၁) သီလရှင်စာသင်တိုက်
ရွှေပုန်းပွင့်ဘုရားလမ်း၊ ကျောက်ရေတွင်းရပ်ကွက်၊ အမှတ်(၂၂)ကျောင်းအနီး ၊ မြောက်ဥက္ကလာ
ဖုန်း - ၀၉ ၇၃၀ ၂၆၂၂၆

၂) ဆူထူးပန် သီရိမင်္ဂလာကန်တော် ဘုန်းတော်ကြီး ပညာသင်ကျောင်း
အလွတ်းဆွတ်ကျေးရွာ၊ အေးမေတ္တာရပ်ကွက်၊ သန်လျင်။
ဖုန်း - ၀၉ ၈၆၂ ၈၄၉၄

၃) အေးရိပ်သာကျောင်း
(၁၃၃) ရပ်ကွက်၊ တကောင်းလမ်း၊ ဒဂုံအရှေ့
ဖုန်း - ၀၉ ၄၃၀ ၅၆၆၀

၎) ရွှေငြိမ်စံကျောင်း
အုတ်ဖိုတောရ မဟာစည် သာသနာ့ရိပ်သာ၊ ဒဂုံမြို့သစ်အရှေ့ပိုင်း ၊ မလစ်အုပ်စု
ဖုန်း - ၀၉ ၈၆၃ ၁၇၀၉၊ ၀၁- ၅၉၉၄၁၂

၅) ပါရမီဖြည့် ဘုန်းတော်ကြီးကျောင်း
မှော်ဘီ ၀ါးနတ်ချောင်းကျေးရွာ။
ဖုန်း - ၀၉ ၇၃၀ ၉၂၄၁၅၊ ၀၉ ၇၃၁ ၄၂၈၅၆

၆) ရွှေရတနာသီလရှင်ကျောင်း
အမှတ်(၂၀) ၊ မကွေးလမ်း၊ သံဒင်းရပ်ကွက်။
ဖုန်း -၀၁ ၆၁၁၅၂၃

၇) အောင်ဇေယျာမင်း မိဘမဲ့ ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊
အလယ်၇ွာကြီးကျေးရွာ၊ ငွေပင်လယ်စက်မှုဇုံအနီး(ရွှေပြည်သာ တံတားအဆင်း) လှိုင်သာယာ၊ ရန်ကုန်
ဖုန်း 613665

၈) ကုမာရရမ ပရဟိတကျောင်းတိုက်
အောင်သိဒ္ဒိလမ်း ၊ (၃) ရပ်ကွက် ၊ မရမ်းကုန်း
ဖုန်း -0973031875
မူလတန်းမှ ပဉ္စမတန်းအထိ မိဘမဲ့ကလေး (၁၅၀)ဦး
ကျောင်းသား ကျောင်းသူ (၃၅၀)ဦးအတွက်

၉) ပြွန်တန်ဆာ ပရဟိတသီလရှင်ပညာရေးကျောင်း
၂၂ ရပ်ကွက် ရွှေပေါက္ကံမြို့သစ် မြောက်ဥက္ကလာပ
ဖုန်း 09421075045
မူလတန်းမှ စတုတ္ထတန်းအထိ ကျောင်းသင်
ပဉ္စမတန်းမှ အဌမတန်းအထိ တွဲဖက်သင်
န၀မတန်းမှ ဒသမတန်းအထိ ပြင်ပသင်
ကျောင်းသားကျောင်းသူ ၁၄၇ ဦး အတွက်

၁၀) သီရိမင်္ဂလာ (အုန်းတောကျောင်း)
ဖုန်း 0954022180
မူလတန်းမှ စတုတ္ထတန်းအထိ မိဘမဲ့ကလေး ၃၀ ဦး
ကျောင်းသား ၂၄၇ ဦးအတွက်

၁၁) ဓမ္မလင်္ကာရဘုန်းတော်ကြီးကျောင်း
ဘုန်းတော်ကြီးစာသင်တိုက် တွံတေးမြို့
ဖုန်း 095060663
မိဘမဲ့ကလေး 168 ဦးအတွက်

၁၂) တိက္ခာရာမ ပရဟိတစာသင်ကျောင်း
၇/၈ လမ်းဆုံ မြောက်ဒဂုံ 

ဖုန်း 0973024065
မူလတန်းမှ စတုတ္ထတန်းအထိ ကျောင်းသင်
ပဉ္စမတန်းမှ အဌမတန်းအထိ တွဲဖက်သင်
မိဘမဲ့ကလေး (၁၅)ဦး
ကျောင်းသား ကျောင်းသူ (၃၅၀)ဦးအတွက်

၁၃) သီရိမင်္ဂလာဘုန်းတော်ကြီးသင်ပညာရေးကျောင်း
၁၂-ရပ်ကွက် ပေါ်ဦး ၆ လမ်း ဒဂုံအရှေ့ပိုင်း
ဖုန်း 0943082166 ၊ 01-581023
သူငယ်တန်းမှ စတုတ္ထတန်းအထိ ကျောင်းသား ကျောင်းသူ (၁၈၀)ဦး နှင့် ကျောင်းအောက်ခန်းကို ပြင်ဆင်ရန်အတွက်

၁၄) ပိတောက်ရွှေဝါပရဟိတစာသင်ကျောင်း
မြောက်ဥက္ကလာပမြို့နယ်
ဖုန်း 095680582 ၊ 056-22609
မိဘမဲ့ကလေး (၄၈၀) ဦး
ရပ်ကွက်နေ ကျောင်းသား (၁၂၀၀)ဦးအတွက်

၁၅) ရဲမွန် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း
ရဲမွန်စံပြကျေးရွာ လှည်းကူးမြို့နယ်
ကျောင်းသား ကျောင်းသူ ဦးရေ ၁၀၀ ခန့်အတွက်

၁၆) ကွမ်းခြံကုန်း ကံကြီး မကျီးရပ်ကွက်
ရွှေကျင် (ဂျား)ကျောင်း ပရိယတ္တိစာသင်တိုက်
ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်း
ဆရာတော်ဘဒ္ဒန္တပညာဝရ
ဖုန်း - 01-265043/ 098640565

၁၇) အောင် (ပရဟိတကျောင်း)
ဖုန်း 098612292
မူလတန်းမှ အလယ်တန်းအထိ ကျောင်းသူ/သား ၁၂၇၀ ဦးအတွက်

၁၈) စိမ်းလမ်းမြေ (ပရဟိတဂေဟာ)
ဖောင်ကြီး
ဥက္ကဌဖုန်း - 01-629758 / 0945525840
ဘဏ္ဍာရေးမှူးဖုန်း 01-558395 /0973034500
ကျောင်းသား/သူ ၃၀ ကျော်

၁၉) မင်္ဂလာဘုန်းတော်ကြီးသင် ပညာရေးကျောင်း
ဖလှယ်ကြီး (ခ) ဘုရားကြီးကျေးရွာ တွံတေးမြို့
ကျောင်းသား / သူ ၈၀၀ ကျော်အတွက်

၂၀) ကွမ်းခြံကုန်း ပရဟိတကျောင်း
မဟာဝိဇိရမင်္ဂလာပရဟိတစာသင်တိုက်
ကွမ်းခြံကုန်းမြို့
ပညာသင်ကြားနေကြသော ကျောင်းသား/သူများအတွက်

၂၁) မဏိရာမ ပရတိတကျောင်း
ဝမ်းဘဲအင်းကျေးရွာ ဒေးစွန်ပါတောင်အနီး ပဲခူး

၂၂) မာဃဘုန်းတော်ကြီးသင်ပညာရေးကျောင်း
၁၅ လမ်း ၅ ရပ်ကွက် မြောက်ဥက္ကလာပ

မိဘမဲ့ ကလေးများဝိုင်းဝန်းကူညီစောင့်ရှောက်ပေး
-----------------------------------------------------
ကမ္ဘာကြီးပေါ်မှာရှိနေတဲ့  ရင်သွေးငယ်ပေါင်း များစွာဟာ ကံဆိုးနေရ ရှာတယ် ။ သူတို့လေးတွေဟာ ဆာလောင်ခြင်း နာကျင်ခြင်း၊ ငတ်မွတ်ခြင်းဆိုတဲ့ ဒုက္ခပေါင်း များစွာနဲ့ ကူညီသူမဲ့ဖြစ်နေရ ရှာပါတယ်။
ကျွန်တော်တို့  နေထိုင်ရာ မြန်မာပြည်မှာလည်း ရင်သွေးငယ်ပေါင်း များစွာဟာ ကံဆိုး နေကြဆဲပါ၊ အမိအဖမဲ့  ရင်သွေးငယ်များ အတွက် ကျွန်တော်တို့ရဲ့ နွေးထွေးတဲ့ အကြင်နာဆေးဝါးလေးဟာ
သူတို့လေးတွေ နှလုံးသားထဲမှာ လိုအပ်နေကြ ပါတယ်။

ကမ္ဘာကြီးကို ဆက်လက် ထိန်းသိမ်းစောင့်ရှောက် မည့် မျိုးဆက်သစ် လူသား အရင်းအမြစ်များကို ကျွန်တော်တို့ရဲ့ အကြင်နာ လက်များနဲ့တွဲခေါ်ပြီး သူတို့လေးတွေရဲ့ အနာဂတ်များ ထွန်းလင်း
တောက်ပစေအောင် လုပ်ဆောင် ကျပါစို့ဗျာ..။

နောင်တစ်ချိန်မှာ သူတို့ရဲ့ အစွမ်းအစလေးတွေနဲ့ ပိုမိုတိုးတက်တဲ့ အနာဂတ်ကို ဖန်တီးနိုင်မယ်ဆိုတာ မယုံကြည်ပေးလို့ မရပါဘူး။ ဒီလိုမျိုး အရေးပါလှတဲ့ နောင်တစ်ချိန် အားကိုးရမဲ့ အနာဂတ်ရဲ့ ရင်သွေးငယ်ပေါင်းများစွာ အပေါ်မှာ-

* --ဘာကြောင့်များ ကျွန်တော်တို့ ပစ်ပယ်မိနေကျ တာလဲ?
* --ဘာကြောင့်များ ကျွန်တော်တို့ မစဉ်းစားပေးကျတာလဲ?
* --ဘာကြောင့်များ အကူအညီ အလုံအလောက် မပေးနိုင်ရတာလဲ?

အတူလက်တွဲ ကူညီကြပါစို့ လား..... ကျွန်တော်တို့ ချစ်တဲ့ ကမ္ဘာကြီး အတွက် ကျွန်တော်တို့ ချစ်တဲ့ ကလေးလေးတွေ အတွက်

သင့်ရဲ့ Share တစ်ချက်ဟာ အနည်းဆုံး ကလေးတစ်ယောက်အတွက် ထမင်းတစ်နပ်ကို ပေးစွမ်းနိုင်တယ်ဆိုတာကို မမေ့ကြနဲ့နော်။

Credit - ချစ်သော ရွှေအိမ်စည်
အိသက်ထားမွန် - fb
https://www.facebook.com/photo.php?fbid=711005052274612&set=a.103041283070995.1520.100000953722000&type=1&theater
Shared from Pe ter Pau (FB)

Monday, July 21, 2014

အဆုံးအမ သာသနာ


ယခုအခါ မေတ္တာရှင်(ရွှေပြည်သာ) ဆရာတော် လူဝတ်လဲ(သိက္ခာချ) သွားသောအခါ ဆရာတော်အား ကြည်ညိုလေးစားသော တပြည့် ဒါယကာ၊ ဒါယိကာမ အများအပြား ပူဆွေးသောက ရောက်ကြရပါတယ်။
သူတို့ အားကိုးအားထားရာ ဆရာတစ်ဆူ သာသနာမှ ပျောက်ကွယ် ဆုံးရှုံးသွားတာကို ၀မ်းနည်း၊ ပူဆွေး၊ ငိုကြွေး၊ ခိုကိုးရာမဲ့သလို ခံစားနေရပါတယ်။
ဒါပေမယ့် ဆရာတော်ဟာ အ၀တ်သာပြောင်းသွားတာပါ၊ စိတ်ဓာတ် နှင့် လုပ်ရပ်က မပြောင်းလဲပါဘူး။ ဆရာတော်ရေးသားခဲ့သော စာအုပ်ရေ (၆၅) အုပ်ဟာ ဆရာတော်၏ အဆုံးအမသာသနာ ဖြစ်ပါတယ်။
ဆရာတော်ရေးသားခဲ့သော စာပေများဟာလည်း လောကအတွက် အကျိုးကျေးဇူး များတယ်ဆိုတာ စာဖတ်ပရိတ်သတ် အားလုံးသိရှိပြီး ဖြစ်ပါတယ်။
အရှင်ဇ၀န တဖြစ်လဲ ဦးစိုးမြင့် (မေတ္တာရှင်ရွှေပြည်သာ) ကလောင်အမည်ဟာ အမျိုး ဘာသာ သာသနာအတွက် ရသစာပေလောကမှာ ဆက်လက်ရေးသား ထုတ်ဝေနေမှာပါ။
ဆရာတော်၏ အတွေးအခေါ် ဒဿ န များ ဟာ ဘာသာခြား၊ လူမျိုးခြားတွေပါ လက်ခံ အတုယူ ကျင့်သုံးနေကြတာ လက်တွေ့ပါဘဲ၊ ဒါကြောင့် ဦးစိုးမြင့် (မေတ္တာရှင် ရွှေပြည်သာ) ဟာ ပြည်ပနိုင်ငံများမှာ နေထိုင်လျှက် ဘာသာရေး၊ ရသ စာပေ၊ ဘာသာပြန်များ ဆက်လက်ရေးသား သာသနာပြုနေမှာပါ၊ မြန်မာပြည် စာဖတ်ပရိတ်သတ် အတွက်တော့ အားတက်စရာပါ။ ဂုဏ်ယူစရာပါ။
ဆရာတော် ရေးသားခဲ့သော စာပေ၊ ဟောကြားခဲ့သော တရားတော်များဟာ စာဖတ်ပရိတ်သတ် နှင့် တရားနာပရိတ်သတ်များအပေါ် အဖြူ စင်ဆုံး ရိုးသားခြင်း နှင့် စစ်မှန်သောမေတ္တာစေတနာ ထားခြင်းကြောင့်သာ စာပေလောက နှင့် ဓမ္မကထိကလောက တို့တွင်အောင်မြင်ခြင်း မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့တာပါ။
ဒီလောက် အောင်မြင်နေတာတောင် ဆရာတော်ဟာ အများအကျိုး နှင့် ပရဟိတအကျိုးအတွက် တင်းတိမ်ရောင့်ရဲ နိုင်ခြင်းမရှိခဲ့ပါ။
ကိုယ့်ကိုယ်ကို သိပ်အောင်မြင်နေပြီလို့ ထင်လာရင် ကိုယ်ထက်အောင်မြင်နေတဲ့ သူတွေကို မော့ကြည့်လိုက် ကိုယ်ဘာမှ မဟုတ်သေးဘူးဆိုတာ သိလာပါလိမ်မယ်တဲ့။
မေတ္တာရှင်ရွှေပြည်သာဆိုတာ ကမ္ဘာ့အဆင့်နဲ့ ယှဉ်ကြည့်လိုက်တော့ ဘာမှ မဟုတ်သေးပါဘူး၊
စာရေးတဲ့အဆင့်၊ လှူ ဒါန်းတဲ့အဆင့် တွေဟာ ဘာမှ မပြောပလောက်သေးပါဘူး၊ သူတစ်ပါးလှူ တာ လက်ဖြန့်ခံပြီး တဆင့်ပြန်လှူ တဲ့ အဆင့်လောက်ပဲရှိတာပါ။
အချိန်ပေးပါ၊ ဝေဖန်တာ၊ အပြစ်တင်တာ မစောစေချင်ပါ။
တချိန်မှာ မေတ္တာရှင်ရွှေပြည်သာဟာ အောင်မြင်မှု အသီးအပွင့်တွေကို ပွေ့ပိုက်ပြီး မြန်မာပြည်က နွမ်းပါသူ ရဟန်းရှင်လူတွေရဲ့ ရင်ခွင်ထဲ အရာက်ပြန်လာမယ်ဆိုတာ နှလုံးသားနဲ့ ယုံကြည်ပေးကြပါ။
နောင်လာမျိုးဆက် အနာဂတ်အတွက် ဘာသာဝင်တိုင်း၏ နှလုံးသားမှာ ဘုရားတည်မှသာ ဘာသာ၊ သာသနာ အဓွန့်ရှည်ကြာ တည်တံ့နိုင်မှာ ဖြစ်ပါတယ်။

နှလုံးသားမှာဘုရားတည်ခြင်း စာမေးပွဲများ နှစ်စဉ်ကျင်းပပြီး ထိုက်တန်စွာ ဆုချီးမြှင့်ပေးခဲ့ပါတယ်။
စာမေးပွဲများ နှစ်စဉ်ဆက်လက် ကျင်းပနိုင်ရန်၊ ဆင်းရဲနွမ်းပါးသူတို့၏ ပညာရေး၊ ကျမ်းမာရေးတို့ကို ထောက်ပံ့စောင့်ရှောက်နိုင်ရန်၊ မေတ္တာရှင်ဖောင်ဒေရှင်း(ရွှေပြည်သာ) အဖွဲ့ကို
ဖွဲ့စည်းတည်ထောင် တာဝန်ပေးအပ်ပြီးဖြစ်ပါတယ်။
မေတ္တာရှင်ဖောင်ဒေးရှင်း (ရွှေပြည်သာ) အဖွဲ့ မှ ဆရာတော် ပျိုးထောင်ခဲ့သော ပရဟိတ သစ်ပင်ကြီးကို ဆက်လက်ရှင်သန် ကြီးထွားအောင် ဆောင်ရွက်သွားမှာပါ။

ဒီရက်ပိုင်းအတွင်းမှာ အင်တာနက်ဖေ့ဘုတ်များပေါ် အရှင်ဇ၀န၊ ညီမေတ္တာ၊ မေတ္တာရှင်ဖောင်ဒေးရှင်း (ရွှေပြည်သာ) အဖွဲ့ တို့အား သပုတ်လေလွင့်၊ အပုတ်ချ၊ သတင်းမျိုးစုံရေးသားပြီး၊ တိုက်ခိုက်စော်ကား နေတာကိုလည်း တွေ့ရပါတယ်၊
ဒါကြောင့် သက်ဆိုင်ရာများ နှင့် သတင်းမီဒီယာ အဖွဲ့များမှ
ဦးစိုးမြင့် (မေတ္တာရှင် ရွှေပြည်သာ) ၏ဘ၀သရုပ်ဖော် ဖြစ်ရပ်မှန်များကို မေးမြန်းခြင်း(အင်တာဗျုး)ကို ကိုယ်တိုင်ဖြေကြား ရှင်းလင်းခဲ့ပါတယ်။
မနက်ဖြန် နေ့စဉ်ထုတ် သတင်စာ၊ သတင်းဂျာနယ်မျာမှာ တရားဝင် ကြေငြာ သွားမှာဖြစ်ကြောင်း အသိပေးလိုပါတယ်။
---------------------------------------------------

ဖြစ်ထွန်းပေါက်ရောက်မည့်သူ
******************************
ဖြစ်မြောက်ထွန်းပေါက်မယ့်သူဆိုတာ - သူများပါးစပ်ဖျားမှာ လမ်းမဆုံးတတ်ကြဘူး၊
အညှာခိုင်တဲ့ သစ်ရွက်ဟာ တော်တော်တန်တန် လေပြင်းလောက်နဲ့ ကြွေမကျသလိုပေါ့။

အညှာမခိုင်တဲ့ သစ်ရွက်ဟာ လေလေးတစ်ချက် ဝေ့လိုက်ရုံနဲ့ ကြွေကျရသလို၊ ရည်ရွယ်ချက် မခိုင်မာတဲ့ သူတွေဟာလည်း ပြစ်တင်ဝေဖန်မူအနည်းငယ်နဲ့ ကြုံလိုက်ရတယ်ဆိုရင်ပဲ မိမိလုပ်ငန်းကို အလွယ်တကူ စွန့်ပြစ်တတ်ကြတယ်။

လူတစ်ယောက်၏ အစွမ်းအစ
*****************************
လူတစ်ယောက်၏ အစွမ်းအစကို နှုတ်ဖြင့်ကြိုပြောလျှင် ပေါ့သွားတတ်သည်။
အောင်မြင်အောင် လက်တွေ့လုပ်ပြခြင်းဖြင့်သာလျှင် လေးနက်ပြီးသမိုင်းဝင်စေသည်။

အမြဲတမ်း ကုသိုလ် ဖြစ်သူ
*************************
မေတ္တာဓာတ်ရှိသူသည် သူတစ်ပါး၏ ကောင်းကွက်ကိုသာ ရှာဖွေကြည့်ရူတတ်သောကြောင့် အမြဲတမ်း ကုသိုလ်ဖြစ်သည်။

ဦးစိုးမြင့် (မေတ္တာရှင်-ရွှေပြည်သာ)

ပမာနှိုင်းစရာမဟုတ်၊ သက်သေ သာဓကပြုပါရစေ။
မြတ်စွာဘုရား ပရိနိဗာန် မစံမှီအချိန် ညီတော်အာနန္ဒာ နှင့် သံဃာတော်များ (အနာဂါမ်၊ ရဟန္တာများမှအပ) တပည့်ပရိတ်သတ်တို့ ပူဆွေးသောက ငိုကြွေးကြပါတယ်။
““ မိမိတို့မှာအားကိုးရာ ဆုံးမမည့်ဆရာ မရှိတော့ပြီ””
ဘုရားရှင်ကိုယ်တော်မြတ် ပြန်လည်မိန့်တော်မူသည်မှာ
““ငါဘုရား ၄၅ ၀ါ ကာလပါတ်လုံး ဆုံးမဟောကြားခဲ့သော ဒေသနာတော်တွေဟာ သင်တို့အတွက် ဆရာဖြစ်ပါတယ်၊ ထိုဆရာများဖြင်သာ သင်တို့ မှီခိုအားထားရာ ပြုကြကုန်လော့”” ဟုမိန်တော်မူခဲ့ပါတယ်။


လူနတ်ဗြဟ္မာ သတ္တာအားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်းရ်ျ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

Shared from Ashin Zawana (FB)

ဦးညွှတ်ပါသည် ဆရာ


မိမိလေးစားမြတ်နိုးရတဲ့ ဆရာသမားကို အခုလိုမြင်လိုက်ရတော့ ရင်ထဲအရမ်းဆို့နင့်ရပါတယ်။ ဘာနဲ့မှအစားထိုးလို့မရအောင် ဆုံးရှုံးမှုတစ်ရပ်လို့တောင် ဆိုရမှာပါ။ မိမိဘ၀ရဲ့ စိတ်ဓာတ်ပိုင်းရော အရည်အသွေးပိုင်းရောကိုပါ ဦးဆောင်လမ်းညွှန်မှုတွေ ပေးနေခဲ့တဲ့ ဆရာကို လက်လွှတ်ဆုံးရှုံးခဲ့ရတာပါ။ မိမိဘ၀ကိုလည်း အောက်ခြေကနေ အမြင့်ကို ဆွဲတင်ပေးခဲ့တဲ့ဆရာမို့ အမြဲတန်းလေးစားလျှက် ရှိနေမှာပါ။

အ၀တ်သာပြောင်းသွားပေမဲ့ စိတ်ဓာတ်တွေ ပြောင်းလဲမသွားနိုင်ဘူး ဆိုတာကိုလည်း အကြွင်းမဲ့ ယုံကြည်ပါတယ်ဆရာ။ ဆရာ့ကို မနာလိုသူတွေက ဘယ်လိုပဲပြောကြပါစေ တပည့်တွေရဲ့ စိတ်ထဲမှာ ဆရာ့ကိုပဲ ဦးညွှတ်ပန်ဆင်ထားပါတယ်။ တစ်ချိန်က ဆရာဆုံးမခဲ့တဲ့ အဆုံးအမသြ၀ါဒလေးတွေကို အမြဲအမှတ်ရနေပြီး လိုက်နာဖို့ ကတိတွေပေးပါတယ်။

တစ်သက်တာလုံး သူများအကျိုးတွေဆောင်လာခဲ့တဲ့ ဆရာ့ကို အခုလိုနိမ့်ပါးနေတဲ့ အချိန်မျိုးမှာ မနာလိုသူတွေက ၀ိုင်းဝန်းထိုးနှက်ကြတာကို ရင်အနာဆုံးပဲဆရာ။ ဆရာ့ကို ဘာမှကူညီ ကာကွယ်မပေးနိုင်တာကိုလည်း ၀မ်းအနည်းဆုံးပါပဲ။ သူများတွေအပေါ် ဘယ်လိုပဲကောင်းခဲ့ကောင်းခဲ့ လူတွေက သိပ်ရက်စက်တာပဲနော်။ ဒါပေမဲ့ ပြန်လည်ချေပတာတွေကိုတော့ မလုပ်တော့ပါဘူးဆရာ။ ဆရာလိုပဲ သီးခံခြင်းတရားတွေနဲ့ အနိုင်ယူလိုက်ပါ့မယ်။

ဆရာခင်းပေးခဲ့တဲ့ လမ်းပေါ်မှာ မတိမ်းမချော်ရလေအောင် သတိထားပြီး တပည့်တွေက ဆက်လက်လျှောက်လှမ်းသွားမှာပါ။ ဆရာ့ကို လေးစားတာဟာ ဆရာ့ရဲ့ အ၀တ်ထက် ဆရာ့ရဲ့ စိတ်ဓါတ်ကိုပါ၊ ဆရာချပေးခဲ့တဲ့ လမ်းကြောင်းပေါ်မှာ တည့်တည့်မတ်မတ် တပည့်တို့ ကြိုးစားလျှောက်ကြမှာပါ။ နောင်ကိုလည်း အမြဲတန်းသတိတရနဲ့ ဥိးထိပ်ပန်ဆင်ထားပါ့မယ်လို့
ကတိပေးရင်း မျက်ရည်ကြားက ဦးညွှတ်လိုက်ပါတယ်ဆရာ။
ဆရာ့ဘ၀ ငြိမ်းချမ်းပျော်ရွှင်ပါစေ။

ဦးစန္ဒိမာ ခေတ္တ သီရိလင်္ကာ M.A

Tuesday, July 15, 2014


'' ဟဲ့ သား ..ငပေါက် ဟိုမှာ ကြည့်လိုက်စမ်း...ပေးချင်စရာ မကောင်းဘူး လား...သူများတွေလို ဒီအတိုင်းတောင်း တာထက်စာရင် ...သူလုပ်နိုင်တာ ..လေး ကို သူ ဝင်လုပ်ပြီး ကုသိုလ်ယူ တယ်...တွေ့ လား တဲ့...''

မန္ထလေးတောင် ..စွယ်တော်တိုက်.ဘုရား အတက် လှေကားမှာ..အမေ မေးငေါ့ပြတဲ့ နေရာကြည့် လိုက်တော့ ဟုတ်တယ်...
အသက်၆၀ ပတ်ဝန်းကျင် ..အဘ တယောက်.. သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်... တိုက်ပုံလေးနဲ့ ပုဆိုးနဲ့...ဦးထုတ်လေးနဲ့... ပဲ..

ဂရုဏာသက်ဖို့ ကောင်းတာ ..အဲ့အဘက.. ခြေနှစ်ဖက် လက်တဖက် မရှိရှာတော့ ဘူး...
ဒါပေမယ့် သူ့စိတ်ဓာတ် ကမွန်မြတ် တယ် ဘုရားလှေကားကို သူ ကောင်းသေးတဲ့လက်တဖက် နဲ့ ကြမ်းတိုက်ပေး နေရှာတယ်... တင်ပါးအောက်က အဝတ်နဲ့လဲ ပွတ်တယ်.. အလကား ဟန်ပြမဟုတ်ဖူးနော်...တကယ်တိုက်နေတာ.သူ့ခမြာ ပြုံး ပြုံး ..ပြုံး ပြုံး နဲ့ တိုက်နေရှာတာ
ဘုရားစောင်းတန်း က ကြွေပြား အဖြူ လေး တွေ ဆိုပြောင်နေတာပဲ...

သူ အလျှူခံတဲ့ နေရာ လေးတင်မဟုတ်ဖူး ဗျ ..ကျနော်ကြည့်နေတာ...အပေါ်လည်း တက် ပြီး တိုက်တယ်..
အောက်အဆင့်တွေ လည်း သူ့နည်း သူ့ဟန်နဲ့ ဆင်းပြီးတိုက်တယ်ခင်ဗျား...တကယ့် အဘ ပါပဲ...

အမေကသူ့ကို၅၀၀ လားမသိဘူး လျှူ ခဲ့တယ်....
စဉ်းစားကြည့် တခြား အလျှူ ခံ တွေဆို သူ့လို သုံးဖက်မပြော နဲ့တဖက်လောက်ပြတ်တာနဲ့ တင် ဘာမှ မလုပ်ပဲ..တောင်းကောင်း နေပြီ လေ..

ငပေါက်တို့အခု အဘ လို့ တခုခု ဖြစ်ပြီး ခြေလက်.၃ ဖက် ပြတ်ကြည့်ပါ့လား...အိပ်ယာထဲလဲ တသက်လုံး.စိတ်ဓာတ်ကျဘာမှ မလုပ်ပဲ ..စောစောသေ သွားမှာ..

အဲဒီ အဘစိတ် ဓာတ်က ..အလျှူခံ တစ် ယောက် ထက် အများကြီးကောင်း လွန်း နေတယ် ဗျာ...အများကြီး ဖြူစင်မွန်မြတ် နေတယ် ..

အဘခြေတွေ လက်တွေဘယ်လို ဆုံးရှုံး ခဲ့ ရလည်း ကျွန်တော်မမေး ရက်လို့ မမေးတော့ပါ ဘူး...စစ်ပွဲ လား ဗုံးလား ရထားကြိတ်တာ လားတခုခု နေမှာပါလေ...

သူ့ကို ကြည့်ပြီး.. ကိုယ့်ကိုယ်ကို တောင်ရှက်မီပါတယ်...

တခါတလေ လူတွေက ..ငါမှာ ဒီဟာ မှမရှိ တာ ..ဟိုဟာမှမရှိတာ...ငါက ဟွာမတတ်ဘူး...
သိတယ်မလား... ခြေတွေလက်တွေ မှ မဟုတ်ဖူး..အသိပညာ အတတ်ပညာ..အရည်အချင်း...ကအစ..ကိုယ့်မှာ မရှိတာ. မလုပ်တတ်တာ.ပဲတွေးမိနေတာ..လေ အာ့ နဲ့ပဲ... ဘာမှ ဟုတ်တိပတ်တိ ဝင်မလုပ်ဖြစ်ဖူး...လောကမှာ...

ကျွန်တော် တို့တွေ က ကိုယ့်မှာ ဘာမရှိဘူး...ဘာမလုပ်တတ်သေးဘူး..ဆိုတာပဲ တွေးနေကြတာ...အဲဒီနေရာမှာပဲ ကိုယ့်အတွေး နဲ့ကိုယ် ..ပိတ်မိနေကြတာ

တကယ်တော့ အဘ လိုမျိုး..ကိုယ့်မှာ ဘာရှိလဲ ..ဘာလုပ်ပေးနိုင်သလဲ..ရှိတာလေး နဲ့.. ကိုယ်တတ်နိုင်တာ လေး လောက ကို လုပ်ပေး နေနိုင်တာ ကိုက အတော် တာသွား နေပြီ ဗျ.. ..

ဒါကြောင့် လူတွေအားလုံးလဲ အဘလိုပဲ...ကိုယ့်ရှိတဲ့ ကိုယ်ခန္ခာ ..ကိုယ်တတ်တဲ့ အသိပညာ အတတ်ပညာ လေးနဲ့...

ပထမ ကိုယ့်ကိုယ်ကို အကျိုးပြုနိုင်အောင် ..ဒုတိယ ကိုယ့်မိသားစု အသိုင်းအဝိုင်း ..
နောက်မှ..ကိုယ့်ပတ်ဝန်းကျင်တခု လုံး...

ကြီးကြီးကျယ်ကျယ် ပြောရ ရင် လောက ကြီး ကို ..တတ်သမျှ ရှိသမျှ နဲ့ အလှဆင်နိုင်သူ..အကျိုး ပြုနိုင်သူ တွေ များ ဖြစ်ကြရင် ဘယ်လောက် ကောင်းမလဲ လို့ ...တွေးမိရင်း...

မောင်ပေါက် ..
(အဘ ပုံကို ခွင့်မတောင်း ပဲခိုးရိုက်ခဲ့မိသည်...သူရှက်သွားမည်စိုးသဖြင့် မျက်မှာပေါ်အောင်မရိုက်နိုင်ခဲ့ပါ.. သာဓုသာဓု သာဓု ပါအဘ... )
Credit >> မောင်ပေါက်စာစုများ

Saturday, July 5, 2014

ဘယ်သူ့ကို အပြစ်တင်မလဲ


ခက်ခက်ခဲခဲနှင့် အသက်မွေးဝမ်းကြောင်းနေရသော မိဘမဲ့ကလေးတွေကို ဘာသာခြားတို့မှ ငွေရေးကြေးရေးစတဲ့ မက်လုံးတွေနဲ့ ဘာသာပြောင်းဖို့ ဆွဲဆောင်လာသောအခါ နှလုံးသားဝယ် ဘုရားမတည်မိသေးပါက ကလေးမပြောနှင့် မိရိုးဖလာဗုဒ္ဓဘာသာဝင်လူကြီးတွေတောင် အချိန်မရွေး ဘာသာပြောင်းသွားနိုင်ပါတယ်။

ဒီလိုပြောင်းသွားခဲ့ရင် ဆွဲဆောင်စည်းရုံးတဲ့ ဘာသာခြားတွေ ပြီးတော့ ဘာသာပြောင်းသွားတဲ့ ကလေးတွေကို အပြစ်မတင်သင့်ဘဲ ကလေးတွေရဲ့နှလုံးသားမှာ ငယ်ရွယ်စဉ်ကတည်းက ဘုရားမတည်ပေးလိုက်မိတဲ့ မိမိတို့ လူကြီးမိဘတွေအနေနှင့် ကိုယ့်ကိုကိုယ်သာ ရင်နာနာဖြင့် အပြစ်တင်သင့်ပါတယ်ခင်ဗျာ။

Shared from Aung Sann Kyaw (FB)

အိုးမဖုတ်ခင် အိုးလုပ်စဉ်ဝယ် 
အိုးတွင်ခပ်နှိပ် အမှတ်တံဆိပ်ကား 
မပြတ်မစဲ အိုးပင်ကွဲလည်း 
အမြဲတစေ တည်ရှိနေသို့ 
ထွေထွေသွေးသား ကလေးများ
ဘုရားတံဆိပ် ဘာသာစိတ်ကို 
ခတ်နှိပ်နိုင်မှ သက်ဆုံးကျအောင် 
ဗုဒ္ဒ၀ါဒီ စွဲတည်မည်
ကိုယ်စီခပ်နှိပ်နိုင်ကြစေသတည်း။ ။

မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး၏ သြ၀ါဒ

Sunday, May 18, 2014

ကညွတ်ရဲ.တန်ဖိုး (အပန်းမကြီးရင် မျှဝေပေးပါ)


ကိုဝမ်း ရဲ့ Post လေးထဲက စိတ်မကောင်းဘွယ်ရာသွေးကင်ဆာခံစားနေရသောဝေဒနာရှင်လေးကို တွေ့လိုက်ရပြီး ဒီနေ့ဖတ်မိခဲ့တဲ့ကင်ဆာနဲ့ ကညွှတ် ပတ်သက်နေပုံလေးကို စိတ်ဝင်စားမိခဲ့ပါတယ်…

အပန်းမကြီးဘူးဆိုရင် လုပ်ကြည့်စေချင်ပါတယ်…ငွေအကုန်အကျလည်း သိပ်မများတာမို့ ဒီဆေးနည်းလေးကိုမူရင်းအတိုင်း မျှဝေ တင်ပေးလိုက်ပါတယ်..

မူရင်း…..

Asparagus…..whether U believe it or not ဆိုတဲ့ခေါင်းစဉ်နဲ့မေလ်းတစ်ခုကို ကျွန်တော့် အကို တစ်ယောက်က ပို့လိုက်ပါတယ်။
သူလည်းသူများဆီက ရလို့ ကျွန်တော့်ဆီကို forward လုပ်လိုက်တာဖြစ်ပါတယ်။

သူခေါင်းစဉ်လိုဘဲ ကညွှတ်များတဲ့

ယုံခြင်ယုံမယုံခြင်နေ…ဟုတ်မဟုတ်တော့်မသိဘူး…ကိုယ်တိုင်လည်းမဆန်းဖူးလို့ပါ။

ဟိုးဖက်အစွန်ဆုံးကတော့ white asparagus (မြန်မာလိုမသိ)သူ့အတိုင်းဘာသာပြန်တော့ ကညွှတ်ဖြူပေါ့၊ အလယ်က green asparagus မြန်မာလို
ကညွှတ် သူ့အတိုင်း ဆို ကညွှတ်စိမ်း ဒီဖက် အစွန်ဆုံးကတော့ wild asparagusသူတိုင်းဆို ကညွှတ်ရိုင်းဖြစ်ပါတယ်။

နှစ်ပေါင်းကတော့ နည်းနည်းကြာသွားပြီ လူတစ်ယောက်ကကင်ဆာဖြစ်နေတဲ့ သူ့သူငယ်ချင်းတစ်ယောက် အတွက်ကညွှတ်ပင်လိုက်ရှာနေတာ ကျွန်တော်တွေ့ခဲ့ဘူးတယ်။ပြီးတော့ ၁၉၇၉ ခုနှစ် ဒီဇင်လဘာထုတ်ကင်ဆာဂျာနယ်ကနေမိတ္တူကူးထားတဲ့စာရွက်တစ်ရွက် ကျွန်တော့်ကို ပေးခဲ့တယ်။

စာရွက်ကအကြောင်းအရာကတော့
Asparagus for cancer (ကင်ဆာအတွက် ကညွှတ်များ)ဆိုတဲ့ အကြောင်းဘဲ ဖြစ်ပါတယ်။

ဝေမျှခြင်းသက်သက်သာဖြစ်ပါတယ်။
ကျွန်တော်ဟာ ဇီဝဓါတု ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။
ကျွန်တော်ဟာ Richard R.Vensal, D.D.S ရဲ့
ရှာဖွေချက်တွေကနေ ကညွှတ်ကနေ ကင်ဆာရောဂါကုသနည်းကို သင်ယူခဲ့တာ နှစ်အတော်ကြာခဲ့ပါပြီ
သူရဲ့ပရောဂျက် လုပ်ငန်းတွေထဲမှာလဲ သူနှင့်အတူတကွ လုပ်ကိုင်ခဲ့သလို
ကျွန်တော့မှာ စုဆောင်းထားတဲ့ ကညွှတ်ကနေ ကင်ဆာရောဂါ
ကုသပျောက်ကင်းသွားတဲ့ အထောက်အထား အချက်အလက်တွေ
တော်တော်များများရှိခဲ့ပါတယ်

အဲ့ဒါတွေကတော့ …..

၁/- လူတစ်ယောက်ဟာ သွေးကင်ဆာဖြစ်တာ မျှော်လင့်ချက်
မဲ့လုနီးပါးဖြစ်နေပါပြီး ဗုံးဗုံးလဲ နေပြီဖြစ်ပါတယ်။
ကညွှတ်ကထုံးနဲ့ တစ်နှစ်ကုသအပြီးမှာတော့
ဆရာဝန် စစ်ဆေးကြည့်တာ ကင်ဆာရှိကြောင်းမပေါ်လာတော့ပါဘူး။
နောက်ဆုံး သူဟာပြန်ကောင်းသွားပါတယ်။

၂/- အောင်မြင်နေတဲ့ အသက် ၆၈ နှစ်အရွယ်
စီးပွားရေးသမားတစ်ယောက်ဟာ
ဆီးကြိတ်တည်တဲ့ ကင်ဆာကို ခံစားနေရတာ ၁၆ နှစ်ရှိပြီဖြစ်ပါတယ်။
နှစ်တော်တော်ကြာကြာ ဆေးကုသခြင်း ဓါတ်ကင်ခြင်းတို့ ဖြင့်ကုသခြင်း
ပြုခဲ့သော်လည်း တိုးတက်လာခြင်းမရှိပါဘူး။
နောက်ဆုံး၃လအတွင်းကညွှတ်ကုထုံးနဲ့ကုပြီးနောက်စစ်ဆေးကြည့်တဲ့အခါမှာတော့ ဆီးကြိတ်များဟာပျောက်သွားပြီး
ကျောက်ကပ် နှစ်ခုဟာ ပုံမှန် ပြန်ဖြစ်နေတာ
ဆေးစစ်တဲ့အဖြေမှာ တွေ့ခဲ့ရပါတယ်။
၃/- လူတစ်ယောက်ဟာ အဆုတ်ကင်ဆာ ခံစားနေရပါတယ်။
၁၉၇၁ မတ်လ ၅ရက်နေ့မှာကုသဖို့ ခွဲစိတ်ခဲ့ရာမှာတော့
ရောဂါဟာ အလွန်ရင့်ပြီးအမြစ်များဟာ တော်တော်ပြန့်နေတဲ့အတွက်
ခွဲစိတ်လို့မရ ခဲ့ပါဘူး။
ခွဲစိတ်ဆရာဝန်ဟာ ပြန်ပြီးချူပ်ပေးခဲ့ကာ မျှော်လင့်ချက်မရှိတော့ဘူးလို့ ပြောခဲ့ပါတယ်။
ဧပြီလ ၅ ရက်နေ့မှာတော့
ထိုလူနာဟာ ကညွှတ်ကုထုံးကို ကြားပြီး ချက်ချင်း ကုသမှု့ခံယူခဲ့ပါတယ်။
သြဂုတ်လမှာတော့ ဓါတ်မှန်သွားရိုက်ကြည့်တဲ့အခါမှ
ကင်ဆာလက္ခဏာပြနေတာတွေဟာ
ပျောက်ကွယ်သွားပြီး အရင်အတိုင်း အလုပ်ပြန်လည် လုပ်နိုင်ခဲ့ပါတယ်။

ပြုလုပ်နည်း…..
ကညွှတ်ကို သစ်သီးဖျော်စက်ထဲထည့်ပြီး အရည်ဖြစ်ကြောင် ကြိတ်ပါ။
ထိုကညွှတ်ရည်ကို ရေခဲ့သေတ္တာထဲ ထည့်ပြီး လူနာအား
တစ်ခါတိုက်လျှင် စတီးဇွန်းဖြင့် ၄ ဇွန်းကို
မနက်တစ်ကြိမ် ညတစ်ကြိမ်တိုက်ပါ။
credit : ဦးမိုး မင်း

---------------------------------------------------------------------------
ဒီကျန်းမာရေး စုစည်းမှုလေးကို သဘောကြရင်
https://www.facebook.com/lyhealthcare
LIKE & FOLLOW လုပ်ထားပေးပါနော်။

Follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)/ FOLLOWING
လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး

https://www.facebook.com/lyhealthcare

Sunday, May 11, 2014

အမေ့ဘေးမှာ ဘွဲ့ယူခဲ့သော အမေရိကန် အထက်တန်း ကျောင်းသူလေး


အမေရိကန် ပြည်ထောင်စု အရှေ့ပိုင်း မေရီလန်း ပြည်နယ်က အထက် တန်း ကျောင်းတစ်ခုမှ စီနီယာ တန်း အောင်သွားတဲ့ ကျောင်းသူ Megan Sugg ဖြစ်ပါတယ်။ ရက်ပိုင်း အတွင်း ကွယ်လွန်တော့မယ့် ချစ်ရတဲ့ အမေဘေးမှာ စီနီယာတန်း အထက်တန်း ကျောင်းဆင်း graduation ပွဲ အသေးစား တစ်ခုကို ပြုလုပ်ခဲ့ ပါတယ်။ အမေများနေ့ မတိုင်ခင် ရှေ့တစ်ရက် မှာပါ။

သက္ကရာဇ် ၂၀၁၀ ခုနှစ်က စလို့ Megan Sugg ရဲ့ အမေဟာ ကင်ဆာ ရောဂါနဲ့ အိပ်ယာပေါ် စလှဲပါတော့တယ်။ အဲ့တုန်းက အသက် ၄၄ နှစ်ပါ။ ၂၀၁၄ ခုနှစ် နှစ်ဝက် မရောက်ခင် သေရမယ်ဆို တာ သေ ချာ နေတော့ ဇွန် ၁၀ ရက်မှ ဘွဲ့ယူမယ့် သမီး ရဲ့ ဘွဲ့ယူ အခမ်းအနား ကို သူမ အမေ တက်နိုင်မှာ မဟုတ် ပါဘူး။ ဒါကြောင့် ကျောင်းက ဆရာတွေ၊ ပါမောက္ခတွေကို အကူအညီ တောင်းပြီး တရားဝင် မဟုတ်တဲ့ ဘွဲ့ယူခြင်း အခန်းအနားကို ဆေးရုံထဲမှာပဲ အဆင်ပြေဆုံး ဖြစ်အောင် ပြုလုပ်ခဲ့ကြ ပါတယ်။

သမီးလေး ဘွဲ့ယူတဲ့ အခမ်းအနား ၊ အောင်မြင်မှု မှတ်တိုင် စိုက်ချိန်မှာ အမေ ဘေးမှာ ရှိနေမယ်လို့ ကတိပေးထားလို့ ဖြစ်ပါတယ်။ ဒီတော့ ကျောင်းပြီး ပေမယ့် ဘွဲ့ယူဖို့ တစ်လလောက် လိုနေသေးတဲ့ သမီးလေးဟာ အမေ့ ဆန္ဒ ပြည့်ဖို့အတွက် ဘွဲ့နှင်းသဘင် အသေးစားကို အမေ့ ကုတင်ဘေးမှာပဲ ပြုလုပ်ခဲ့ ပါတယ်။

အမေရိကန် ရဲ့ အမေများနေ့ မေလ ၁၁ ရက်နေ့ မရောက်ခင် ပြုလုပ်ခဲ့တဲ့ အမေ့ဘေးက သမီး ဘွဲ့နှင်းသဘင်က တစ်ကမ္ဘာလုံးက သိမြင်ရသူတွေကို ဝမ်းနည်း ကြေကွဲစေခဲ့ ပါတယ်။
.
Ref: Dailymail
အောင်ခမ်း (ရိုးရာလေး)

Thursday, May 8, 2014

ကန်ဒေါ်လာ ၁၅သန်းကျော် ထီပေါက်ပေမယ့် အမှိုက်ကောက် သမား ပြန်ဖြစ်သူ


ပုံမှာ မြင်တွေ့နေရတဲ့ လူငယ် တစ်ဦး ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံမှာ နေထိုင်ပြီး သက္ကရာဇ် ၂၀၀၂ ခုနှစ်မှာ ဗြိတိန် ထီဆုကြီး တစ်ခု ပေါက်ခဲ့ပါတယ်။ ယင်း ဆု တန်ဖိုးဟာ ဗြိတိန်ပေါင် ၉.၇ သန်း ရှိပြီး အမေရိကန်ဒေါ်လာနဲ့ တွက်ရင် ၁၅.၄ သန်း ကျော် ရှိပါတယ်။ ယနေ့ငွေဈေးနဲ့ ဆိုရင် အတော်လေး များမှာပါ။ အဲ့ဒီအချိန်မှာ သူဟာ အသက် ၁၉ နှစ်ပဲ ရှိပါသေးတယ်။

ထီမပေါက်ခင်က သူဟာ အမှိုက်ကောက်သမား အဖြစ် လုပ်ကိုင်ခြင်း ဖြစ်ပါတယ်။ ထီပေါက်ပြီးချင်း ရရှိတဲ့ ငွေတွေနဲ့ စတင် သုံဖြုန်း ပါတော့တယ်။ မိသားစုကိုလည်း ချစ်ခင်မြတ်နိုးတာကြောင့် အမေနဲ့ အမေ တွေကို တစ်ယောက် တစ်သန်း ပေးပြီး ကျန်တဲ့ငွေတွေနဲ့ အိမ်ဝယ်၊ ခြံဝယ်၊ ကားဝယ်၊ သောက်စား ပျော်ပါး ပါတော့တယ်။

ဗြိတိန်မှာ အိမ် လေးလုံး ဝယ်ပြီး စပိန်မှာ အားလပ်ရပ် သွားနေဖို့ ခြံဝိုင်းကျယ်ပါ အိမ်တစ်လုံး ဝယ်ပါတယ်။ မာစီဒီး ဇိမ်ခံကား နှစ်စီး၊ BMW အမိုးပွင့် ပြိုင်ကား နှစ်စီး တို့ ဝယ်ပါတယ်။ ဗြိတိန်မှာ ပေါ်ထွက်လာတဲ့ မင်းသားလေး တစ်ပါး အဖြစ် ကိုယ့်ကိုယ်ကို ခံယူပြီး အသုံးအစွဲ လက်ဖွာ ပါတော့တယ်။ နာမည်ကျော် ဗြိတိန် Celebrity တွေနဲ့ ပေါင်းပြီး သူ့ကိုယ်သူ လည်း Celebrity တစ်ယောက် အဖြစ် ခံယူ ပါတယ်။ အိမ်တစ်လုံး တစ်လုံးကို ဗြိတိန်ပေါင် ၃ သိန်း၊ ၄ သိန်းနဲပ ဝယ်ပေမယ့် ပြန်ရောင်းတာ တစ်ဝက်ဈေးတောင် မရှိပါဘူး။ ဝယ်တုန်းကလည်း ရှိတဲ့ဈေးထက် ပိုပေးပြီးတော့ ဝယ်ပါတယ်။

လူတစ်ကာ အကြံပေးလို့ အစုရှယ်ယာတွေ ရင်းနှီးခဲ့ပေမယ့် တစ်ခုပြီး တစ်ခု ပြန်ထုတ်ပြီးတော့ သုံးပါတယ်။ ကာမဂုဏ် စည်းစိမ်ကို အဆုံးစွန်ထိ ခံစားပြီး အမျိုးပေါင်း တစ်ထောင်မက ဘိန်းနဲ့ မူးယစ်ဆေးဝါးတွေကို သုံးစွဲ ပါတယ်။ ဒါနဲ့ နောက်ဆုံးမှာ ငွေတစ်ပြားမှ မကျန်ပဲ တစ်ခုပြီး တစ်ခု ရောင်းချလို့ ၂၀၁၀ နှစ်ဆန်းမှာ အကုန်ကုန်သွားပါတယ်။

ဒါကြောင့်မို့ ၂၀၁၀ ခုနှစ်က စလို့ သူဟာ အမှိုက်ကောက် သမား ဘဝကို ပြန်လည် ရောက်ရှိပြီး တစ်ပတ်ကို ဗြိတိန်ပေါင် ၄၂ ပေါင်သာ ရှာဖွေ နိုင်တဲ့ ဘဝကို ပြန်လည် ရောက်ရှိ သွားပါတယ်။ သူ့ရဲ့ အမည် ကတော့ Michael Carroll ပါ။ ထီပေါက်ပြီးတော့ ဆင်းရဲသား ဘဝ ပြန်ရောက်တဲ့ သူ့ဖြစ်ရပ်ဟာ ကမ္ဘာကျော် သတင်းတစ်ပုဒ် ဖြစ်ခဲ့ ရ ပါတယ်။
.
Ref: wiki
အောင်ခမ်း (ရိုးရာလေး)

Wednesday, May 7, 2014

အခြေခံ ဝိပဿနာ တရားအားထုတ်နည်း (၁)


ဒီပို့စ်လေးဟာ ၀ိပဿနာတရားကို အတော်အသင့် အားထုတ်းဖူးသူများ၊ အတိုင်းအတာ တစ်ခုအထိ အတွေ့အကြုံရှိထားသူများ၊ ၀ိပဿနာ ဉာဏ်အဆင့်အတန်း အထိုက်အလျှောက် မြင့်ထားသူများအတွက် ရည်ရွယ်ရေးသားခြင်း မဟုတ်ဘဲ ၀ိပဿနာအလုပ် တစ်ခါမှ မလုပ်ဖူးသူများ၊ စမ်းပြီးတရား အားထုတ်ချင်ပေမယ့် ဘယ်လိုအားထုတ်ရမယ်ဆိုတဲ့ အခြေခံ အားထုတ်နည်းကိုပင် မသိသူများ စသူတို့အတွက် ရည်ရွယ်ပြီး ရေးသားတင်ပြခြင်း ဖြစ်ပါတယ်။

စိတ်ဝင်စားသူများ အနေဖြင့် သေသေချာချာ အချိန်ယူပြီး နားလည် သဘောပေါက်အောင် အကြိမ်ကြိမ် ဖတ်ရှုကာ လက်တွေ့အားထုတ်ကြည့်စေ ချင်ပါတယ်။ ဒီနေရာမှာ ၀ိပဿနာ တရားအားထုတ်နည်းကို မပြောခင် ၀ိပဿနာဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို အရင်ပြောလိုပါတယ်။

ဝိပဿနာဆိုတာ ၀ိဝိဓေန ပဿနာ ၀ိပဿနာလို့ စာပေမှာဆိုတဲ့အတိုင်း ၀ိဝိဓေန- အထူးထူးအပြားပြားအားဖြင့် ပဿနာ- မြင်ခြင်း၊ ကြည့်ခြင်း၊ ပိပဿနာ- အထူးထူးအပြားပြား မြင်ခြင်းကြည့်ခြင်းလို့ စာလိုနားလည်ထား နိုင်ပါတယ်။ အထူးထူး အပြားပြား မြင်တယ်ဆိုတာ ဘာပဲဖြစ်ဖြစ် မြင်ခြင်းသိခြင်းလို့ အဓိပ္ပါယ်ရပါတယ်။

ဆိုလိုတာက စိတ်မှာပဲဖြစ်ဖြစ် ရုပ်မှာပဲဖြစ်ဖြစ် ဖြစ်သမျှအရာကို သိနေခြင်း၊ ဉာဏ်မျက်စိဖြင့် မြင်သလို မြင်နေခြင်းလို့ ဆိုလိုပါတယ်။ ပိုပြီးရှင်းအောင် ပြောရရင် ဖြစ်သမျှအရာတွေ အပေါ်မှာ သတိကပ်နေခြင်းပါပဲ။ အဲဒါကို သတိပဋ္ဌာန- သတိ၏ မြဲစွာတည်ခြင်း၊ သတိရှိနေခြင်းလို့ ဆိုပါတယ်။ ဒါကြောင့် အချို့က တရားအားထုတ်တာကို ၀ိပဿနာ သတိပဋ္ဌာန်ပွားများတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ သတိပဋ္ဌာနသုတ်လာ သတိပဋ္ဌာန်နည်းအတိုင်း အားထုတ်ခြင်းကိုပဲ ၀ိပဿနာ တရားအားထုတ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

ဒါကြောင့် သတိပဋ္ဌာန်လို့ပဲဆိုဆို၊ ၀ိပဿနာလို့ပဲဆိုဆို၊ သတိပဋ္ဌာန် ၀ိပဿနာလို့ပဲ ပြောပြော အဓိပ္ပါယ်ကတော့ စိတ်နဲ့ရုပ်မှာ ဖြစ်ပေါ်တတ်တဲ့ အာရုံတွေကို မလွတ်တမ်း သတိကပ်နေခြင်း၊ ဘာပဲဖြစ်ဖြစ် သတိရှိနေခြင်းပါပဲ။ ဒါကြောင့် ဒီနေရာမှာ တင်ပြပေးမယ့် အခြေခံဝိပဿနာ တရားအားထုတ်နည်းဟာလည်း မဟာသတိပဋ္ဌာန သုတ်လာ ဘုရားရှင်ဟောကြားတော်မူတဲ့ နည်းကိုပဲ အခြေခံပြီး နားလည်လွယ်အောင် တစ်ဆင့်ပြန်လည် တင်ပြပေးမှာ ဖြစ်ပါတယ်။

မဟာသတိပဋ္ဌာနသုတ်ကို ကြည့်ရင် ၀ိပဿနာတရား ဘာကြောင့် အားထုတ်ဖို့လိုကြောင်း အကြောင်းပြချက်မှစပြီး အားထုတ်တဲ့အခါ နေရာရွေးချယ်ထိုင်ပုံနည်းကအစ ဖော်ပြပေးထားတာကို တွေ့ရပါတယ်။ လောကသားတို့၏ စိုးရိမ်သောက ပူဆွေးမှုများမှစ၍ ကိလေသာကုန်ခမ်းပြီး ငြိမ်းချမ်းရာ နိဗ္ဗာန်ကို သွားရန်မှာ တစ်ခြားနည်းမရှိဘဲ ဒီသတိပဋ္ဌာန်နည်းပဲ ရှိတယ်ဆိုတာကို မဟာသတိပဋ္ဌာန သုတ်မှာအတိအလင်း ဖော်ပြထာိးပါတယ်။

ဗုဒ္ဓက “ရဟန်းတို့ ဤခရီးလမ်းသည် သတ္တ၀ါတို့၏ စိတ်စင်ကြယ်စေရန်၊ စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကို လွန်မြောက်ရန်၊ ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းတို့ကို ချုပ်ငြိမ်းရန်၊ အရိယာမဂ်ကို မျက်မှောက်ပြုရန် တစ်ကြောင်းတည်းသော ခရီးလမ်းဖြစ်ပေ၏။ ယင်းသည့်ခရီးလမ်းကား ရုပ်၊ ဝေဒနာ၊ စိတ်၊ သဘောတရားတို့၌ ရုပ်၊ ဝေဒနာ၊ စိတ်၊ သဘောတရားဟူ၍ သတိသမ္ပဇဉ်ဖြင့် မလွတ်အောင် အကြိမ်ကြိမ် ရှုမှတ်၍နေခြင်း ဟူသော ဤသတိပဋ္ဌာန်လေးပါး အကျင့်တရားတို့ပင်တည်း…”လို့ ဟောကြားတော်မူပါတယ်။

ဆိုလိုတာက စိုးရိမ်သောက ပူဆွေးမှုအားလုံး ချုပ်ငြိမ်းပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ အတွက် စိတ်၊ ဝေဒနာ၊ ရုပ်နှင့် ဓမ္မခေါ် သဘောတရားတွေမှာ ဉာဏ်ပညာဖြင့် မလွတ်တမ်း သတိရှိရှိ မှတ်သိနေဖို့လိုကြောင်း ဆိုလိုရင်းဖြစ်ပါတယ်။ ဒါကြောင့် စိုးရိမ်သောက ပူဆွေးမှုများ ကုန်ဆုံးကာ ကိလေသာငြိမ်းရာ နိဗ္ဗာန်ကို သွားဖို့အတွက် တစ်ခုတည်းသော လမ်းဖြစ်သည့် ဒီသတိပဋ္ဌာန် ၀ိပဿနာ အလုပ်ကို အားထုတ်ဖို့လိုကြောင်း ဆိုခြင်းဖြစ်ပါတယ်။

ပြီးတော့ ၀ိပဿနာတရား စတင်အားထုတ်တဲ့ ယောဂီဟာ “တောသို့သွားရောက်၍ဖြစ်စေ၊ သစ်ပင်ရင်းသို့ သွားရောက်၍ ဖြစ်စေ၊ ဆိတ်ငြိမ်ရာသို့ သွားရောက်၍ ဖြစ်စေ တင်ပလ္လင်ခွေပြီးလျှင် ကိုယ်ကိုဖြောင့်မတ်စွာထား၍ သတိကို ရှေးရှုဖြစ်စေလျှက် ထိုင်ရမည်ဖြစ်ကြောင်း” ဒီသုတ်တော်မှာ ပြထားပါတယ်။ ဒါကြောင့် စတင်အားထုတ်မယ့် ပုဂ္ဂိုလ်ဟာ တောတောင်သစ်ပင် စသည်များ ရှိတဲ့နေရာကို မသွားနိုင်တာတောင်မှ တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာတစ်ခုခုမှာနေပြီး အမျိုးသားဆိုရင် သက်သောင့်သက်သာ တင်ပလ္လင်ခွေထိုင်၊ အမျိုးသမီးဆိုရင်လည်း သင့်လျှော်သလို သက်သောင့်သက်သာ ထိုင်၊ ခါးနဲ့ခေါင်းကို ဖြောင့်မတ်စွာထားပြီး မျက်လွှာချကာ လက်အနေအထားကတော့ ဘယ်ဘက်လက်ပေါ် ညာဘက်လက် ထပ်ပြီးထားလိုကထား၊ ဒူးနှစ်ဘက်ပေါ်မှာ တစ်ဘက်စီထားလိုကထားပြီး ခန္ဓာကိုယ် အနေအထားကို ပြင်ဆင်ရပါမယ်။ အဲဒီလို ပြင်ဆင်ပြီး ကာယာနုပဿနာလို့ခေါ်တဲ့ အာနာပါန ထွက်လေ၊ ၀င်လေကစပြီး သတိကပ်ကာ ရှုမှတ်ရပါမယ်။

ဗုဒ္ဓက “ရဟန်းသည် (ယောဂီသည်) သတိရှိလျက်သာလျင် ထွက်သက်လေကို ရှိုက်၏၊ သတိရှိလျက်သာလျှင် ၀င်သက်လေကို ရှူ၏၊ ရှည်ရှည်ရှိုက်ရှူလျှင်လည်း ရှည်ရှည်ရှိုက်ရှူသည်ဟု သိ၏၊ တိုတိုရှိုက်ရှူလျှင်လည်း တိုတိုရှိုက်ရှူသည်ဟု သိ၏၊ ထွက်လေ၀င်လေ၏ အစ အလယ် အဆုံး အလုံးစုံသော ရုပ်အပေါင်းကို ထင်ရှားသိလျက် ရှိုက်ရှူမည်ဟု သိလျှက်ကျင့်၏…” စသဖြင့် အခြေခံ အာနာပါန မှတ်နည်းကို ပြတော်မူပါတယ်။

ဒါကြောင့် ၀ိပဿနာ တရားအားထုတ်မယ့် ယောဂီဟာ နေရာထိုင်ခင်းနှင့် ခန္ဓာကိုယ်ကို အဆင်ပြေသလို ပြင်ဆင်ပြီး စိတ်မှာတစ်ခြား ဘာအာရုံမှ မရှိစေဘဲ (အားလုံးကို မေ့နိုင်အောင် ကြိုးစား) ကိုယ့်ရဲ့စိတ်ကို အခြေခံ အမှတ်အာရုံဖြစ်တဲ့ နှာသိးဖျားကို အာရုံပြုထားရပါမယ်။ အဲဒီလိုစိတ်နဲ့ နှားသီးဖျားကို အာရုံပြု မြင်အောင်ကြည့်ပြီး ထွက်လေ၀င်လေကစ မှတ်ရပါမယ်။ နှာခေါင်းအပေါက်လေးကနေ တိုးပြီး အပေါ်နှုတ်ခမ်းစပ်လေးကို ထိထွက်လာတဲ့ ထွက်လေ၊ ထွက်လေဆုံးပြီး ပြန်ပြီးတိုးဝင်လာတဲ့ ၀င်လေကို အလိုက်သင့်လိုက်ပြီး မှတ်သိပေးနေရပါမယ်။

ဒီလို မှတ်တဲ့အခါမှာ အရှိအတိုင်းလေးပဲ မှတ်သိပေးနေရပါမယ်။ အသက်ကို လုပ်မရူရပါဘူး။ သူ့ပုံမှန် ရှူရှိုက်နေကျ အတိုင်းပဲ လိုက်သိနေရုံပါပဲ။ အဲဒီလို လိုက်သိမှတ်တဲ့အခါမှာ အမှတ်အာရုံကို ထွက်သွားတဲ့လေ၊ ၀င်လာတဲ့လေလေး ဆုံးသွားအောင် နှာသီးဖျားနဲ့ အထက်နှုတ်ခမ်းကြားကနေပြီး အလိုက်သင့်စောင့်ကြည့် သိမှတ်ပေးရပါမယ်။
တစ်နေရာတည်းကပဲ စောင့်ကြည့်မှတ်ပေးရမယ်လို့ဆိုလိုပါတယ်။ ထွက်လာ၊ ၀င်လာတဲ့လေရဲ့နောက်ကို လိုက်ပြီး ရင်ခေါင်းမှတစ်ဆင့် ၀မ်းဗိုက်အထိ လိုက်နေစရာ မလိုပါဘူး။ နှာသီးဖျားလေးကပဲ စောင့်ပြီး ထွက်လေ၀င်လေ ဆုံးအောင်တိုးထိလာတဲ့ လေလေးကို အလိုက်သင့်လိုက်မှတ် ပေးရပါမယ်။

ထွက်လေ၀င်လေကို အစအဆုံး အလိုက်သင့် လိုက်သိနေရမယ်ဆိုတာ အဲဒီနှာသီးဖျားနဲ့ အထက်နှုတ်ခမ်းဖျား နေရာလေးကပဲ စောင့်ကြည့်ပြီး တိုးထွက်လာတဲ့ ထွက်လေဆုံးသွားတဲ့အထိ၊ ထွက်လေဆုံးတာနဲ့ တစ်ပြိုင်နက် ၀င်လာတဲ့လေကိုလည်း အဲဒီနေရာကနေ တိုးဝင်လာတဲ့ လေလေးဆုံးသွားတဲ့အထိ စိတ်ကနေ သိမှတ်ပေးနေရပါတယ်။

အဲဒီလို ထွက်လေအစအဆုံး၊ ၀င်လေအစအဆုံးကို တစ်နေရာတည်းကနေ စောင့်ကြည့်သိရှိပေးနေတာကိုပဲ အစအလယ်အဆုံး ရှုမှတ်တယ်လို့ ဆိုပါတယ်။ အစကနေ ဆုံးသွားတဲ့အထိ မလွတ်တမ်းမှတ်နေရင် အလယ်မှာလည်း မလွတ်တော့ပါဘူး။ ဒါကိုပဲ မလွတ်တမ်း မှတ်တယ်လို့ ဆိုပါတယ်။ ဒီနည်းအတိုင်း မလွတ်အောင် ကြိုးစားပြီး အကြိမ်ကြိမ် မှတ်သိပေးရပါတယ်။ ရှုမှတ်တယ်ဆိုတာ တိုးထွက်တိုးဝင်လာတဲ့ လေကို မလွတ်အောင် သတိကပ်ပြီး လိုက်သိပေးနေတာကို ဆိုလိုတာဖြစ်တဲ့အတွက် အကြိမ်ကြိမ် မှတ်သိပေးနေရပါတယ်။

ခုမှ စမှတ်တဲ့ ယောဂီတွေအတွက် မှတ်ခါစမှာ အခက်အခဲ ဖြစ်တတ်ပါတယ်။ သမာဓိ မရှိသေးတဲ့အတွက် စိတ်မှာ အတွေးပေါင်းစုံ၊ စိတ်ကူးပေါင်းစုံ ၀င်တတ်ပါတယ်။ ဒီထွက်လေ၀င်လေကိုပဲ ကောင်းကောင်းမှတ် မရတာတွေလည်း ရှိတတ်ပါတယ်။ ထွက်လေ၀င်လေ မထင်ရှားတာကို ပြောတာပါ။ အဲဒီလို အခါမျိုးမှာ ကိုယ်အသက်ရှုနေတယ်ဆိုတဲ့ အသိလေးတော့ ရှိတတ်ပါတယ်။

အဲဒီအသိအတိုင်း သိမှတ်နေရင်လည်း ဖြစ်ပါတယ်။ တစ်ခါတစ်လေ မှတ်နေရင်းနဲ့ စိတ်ကအပြင်ရောက်ပြီး အတွေးစိတ်ကူးတွေနောက် ပါသွားတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ သတိရတိုင်း ပြန်ပြီးနှာသီးဖျား အမှတ်အာရုံကို ပြန်ယူပြန်မှတ်ပေးရပါတယ်။ ဒီလို စိတ်ထွက်လိုက် သတိရတဲ့အခါ ပြန်မှတ်လိုက် ထပ်ခါထပ်ခါ အကြိမ်ကြိမ်လုပ်ပေးရင် တဖြည်းဖြည်း သမာဓိ ရလာပါလိမ့်မယ်။ စမှတ်ကာစ သမာဓိ အားနည်းနေသေးတဲ့ အချိန်မှာ စိတ်ဓာတ်မကျ ဇွဲမလျှော့ဘဲ ကြိုးစားမှု ၀ီရီယကို ပိုပြီးအားဆိုက် ပေးရပါတယ်။ ဒါမှ သမာဓိ အားကောင်းလာမှာပါ။

ခုလို အာနာပါနကို အခြေခံပြီး အားထုတ်နေတာဟာ ကာယာနုပဿနာရှုနေတာ ဆိုပေမယ့် တကယ့်ဝိပဿနာပိုင်းကို သွားဖို့အတွက် သမာဓိ တည်ထောင်နေတာလို့ ပြောနိုင်ပါတယ်။ အာနာပါနကို ပင်တိုင်အမှတ်အာရုံ အဖြစ်ထားပြီး ၀ိပဿနာပိုင်းကို ကူးရင်ပိုပြီး အကျိုးသက်ရောက်မှု ရှိစေနိုင်ပါတယ်။

ဒါကြောင့် စမှတ်တဲ့ ယောဂီအနေဖြင့် ဒီထွက်လေ၀င်လေကို မလွတ်တမ်း အစအဆုံး မှတ်တဲ့အလုပ် တစ်ခုတည်းကိုပဲ အချိန်ပေးပြီး မှတ်စေချင်ပါတယ်။ ဒီအချိန်မှာ ခန္ဓာကိုယ်မှာ ပေါ်လာတတ်တဲ့ တခြားအာရုံတွေနောက်ကို လိုက်မမှတ်သေးပဲ အာနာပါန တစ်ခုတည်းကိုပဲ မှတ်နိုင်အောင် ကြိုးစားကြည့်ဖို့ လိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သမာဓိ မတည်သေးခင် ၀ိပဿနာပိုင်းကို ကူးတဲ့အခါမှာ မှတ်ရတာ ခက်တတ်လို့ပါ။ အာနပါနကိုပဲ တစ်နာရီမှာ တစ်နာရီနီးပါးလောက် မလွတ်တမ်း မှတ်နိုင်ပြီဆိုမှ ခန္ဓာကိုယ်မှ ပေါ်လာတတ်တဲ့ ထုံတာ၊ ကျင်တာ၊ နာတာ၊ ကိုက်တာ၊ ယားတာ စတဲ့ ဝေဒနာတွေကို ပြောင်းပြီး ပေါ်ရာပေါ်ရာကို ပေါ်ခိုက်ဖြစ်ခိုက်မှာ လိုက်လိုက်ပြီး မှတ်သိပေးရပါတယ်။ အဲဒီလို မှတ်တဲ့အခါမှာ ဝေဒနာရဲ့ သဘောကို စိတ်ကလေးနဲ့ မြင်အောင်ကြည့်ပြီး မှတ်သိပေးရပါတယ်။ ဝေဒနာရဲ့ သဘောဆိုတာက ကျင်ရင်ကျင်နေတဲ့ ခံစားမှု၊ ယားရင်ယားနေတဲ့ ခံစားမှု၊ ပူရင်ပူးနေတဲ့ ခံစားမှု စတာကို ပြောတာပါ။

တစ်ခါတစ်ရံ ဝေဒနာက နှစ်ခုသုံးခု ပေါ်နေတတ်တာတွေ ရှိတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ အထင်ရှားဆုံး၊ မှတ်လို့အကောင်းဆုံးဖြစ်တဲ့ ခံစားမှု ဝေဒနာတစ်ခုကိုပဲ ရွေးချယ်မှတ်ပေးရပါတယ်။ ဝေဒနာကို မှတ်တဲ့အခါမှာ ဝေဒနာက ပိုပြီးပြင်းထားလာတာလည်း ရှိတတ်သလို လျှော့သွားတာလည်း ရှိတတ်ပါတယ်။ ပိုးယားလာတာ၊ ပိုပူလာတာ၊ ပိုကျင်လာတာ စတာတွေပေါ့။ များသောအားဖြင့် ပိုပြင်းလာတတ်ပါတယ်။ ဖြစ်နိုင်ရင် ပေါ်သမျှဝေဒနာကို သီးခံပြီး ဒီဝေဒနာကို ကျော်သွားအောင် မှတ်ကြည့်စေချင်ပါတယ်။

ဆိုလိုတာက ဝေဒနာကပဲ ပိုပိုပြင်းနိုင်မလား ကိုယ်ကပဲ အမှတ်မလွတ်အောင် သီးခံပြီး မှတ်နိုင်မလားဆိုတဲ့ သဘောပါ။ တတ်နိုင်သမျှ သီးခံပြီးမှတ်လို့မှ ဝေဒနာက မလျှော့ဘဲ ပိုပြီး တိုးတိုးလာနေတယ် ဘယ်လိုမှ မခံနိုင်တော့ဘူးဆိုရင်တော့ ဒီဝေဒနာကို လစ်လျူရှုပြီး အာနာပါနကို ပြန်မှတ်ကြည့်ပါ။ ဒါလည်းမရ ပိုပြီးပြင်းလာတယ်၊ မှတ်ရင်းနဲ့ မခံမရပ်နိုင်ဖြစ်လာပြီး မပျောက်ရကောင်းလားဆိုတဲ့ ဒေါသအတွေးတွေပါ ဖြစ်လာတယ်ဆိုရင်တော့ ထိုင်ထားတဲ့ ဣရိယပုတ်လေးကို သတိလေးနဲ့ ပြင်ပြီးထိုင်မှတ်ကြည့်ပါ။ ဣရိယာပုတ် ပြောင်းသွားရင် ဝေဒနာလည်း ပြောင်းသွားတတ်ပါတယ်။ ဒါက နောက်ဆုံး ဝေဒနာကို ဘယ်လိုမှ သီးခံလို့ မရတော့မှ ပြောင်းကြည့်ဖို့ပါ။ ဒီနည်းအတိုင်း ပေါ်ရာပေါ်ရာကို လိုက်လိုက်မှတ်ပေးတာကိုပဲ ၀ိပဿနာ ရှုတယ်လို့ ခေါ်ပါတယ်။

နောက်သမာဓိ အားကောင်းလာတဲ့ အခါမှာ ကိုယ့်ရဲ့စိတ်အစဉ်ကိုပါ သိလာတတ်ပါတယ်။ စိတ်မှာအတွေးတွေ ၀င်တော့မယ် ၀င်နေတယ် ဆိုတာကို သိတာနဲ့ တစ်ပြိုင်နက် အဲဒီစိတ်ကို သတိနဲ့ သိအောင်မှတ်ပေးရပါတယ်။ စိတ်ဆိုတဲ့ သဘောက တစ်ခါတည်း ချုပ်ကိုင်ထားလို့ မရတဲ့အတွက် ရှေ့စိတ်ကို နောက်စိတ်က သိလိုက်တာနဲ့ ရှေ့စိတ်ပျောက်ပြီး နောက်သိစိတ်က ပေါ်လာတာပါပဲ။

အဲဒီလို တစ်စိတ်ပြီး တစ်စိတ်မှတ်မှတ် သိပေးရင်ကိုပဲ စိတ္တာနုပဿနာ ဖြစ်နေတာပါ။ ဆိုကြပါစို့..။ စိတ်မှာ အလိုမကျဖြစ်တဲ့အခါ အဲဒီအလိုမကျတာကို သိလိုက်တာနဲ့ ဒီအလိုမကျတဲ့ စိတ်မဖြစ်တော့ဘဲ သိစိတ်က ဖြစ်ပေါ်လာပါတယ်။ ဒီသိစိတ်ဟာလည်း နောက်နောက်စိတ်တွေက ထပ်ထပ်ပြီး ပေါ်ပေါ်လာတဲ့အခါ အသစ်အသစ် ဖြစ်နေတတ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ပေါ်လာသမျှ စိတ်အစဉ်ကို ပေါ်ခိုက်ဖြစ်ခိုက်မှာ လိုက်သိပေးနေနိုင်ရင် ဒီစိတ်ဟာ ရှေ့ဆက်မဖြစ်တော့ ပါဘူး။ အဲဒီလို ပေါ်သမျှကို လိုက်သိပေးနေတာကိုပဲ ၀ိပဿနာ ရှုတယ်လို့ ခေါ်ပါတယ်။

အထက်မှာ ပြောခဲ့တဲ့နည်းအတိုင်း အာနာပါနမှ စပြီး ရှုမှတ်ကာ သမာဓိထူထောင်လို့ ၀ိပဿနာပိုင်းကူးပြီး စိတ်နဲ့ရုပ်မှာ ပေါ်လာတဲ့ အရာမှန်သမျှကို လိုက်ပြီးသိမှတ်ပေးနေရုံနဲ့ပဲ ဗုဒ္ဓပြောတဲ့ သတိပဋ္ဌာန်နည်းအတိုင်း အားထုတ်နေပြီးသား ဖြစ်နေပါတယ်။ တစ်ထိုင်တည်းမှာပဲ ပေါ်ရာပေါ်ရာကို လိုက်လိုက်ပြီး မှတ်သိနေတဲ့အတွက် ကာယာနုပဿနာ၊ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ သဘောတရားကို မှတ်သိတဲ့ ဓမ္မာနုပဿနာကို ရှုမှတ်ပြီးသား ဖြစ်နေပါတယ်။ ဒါက အမည်နာမအနေနဲ့သာ ပြောခြင်းဖြစ်ပါတယ်။ အဓိကကတော့ ဘာပဲဖြစ်ဖြစ် ပေါ်ရာပေါ်ရာကို လိုက်မှတ်နေရုံပါပဲ။

တကယ်တော့ အားတဲ့အခါတိုင်း ဒီအမှတ်လေးနဲ့ နေတတ်တဲ့ အကျင့်လေးလုပ်ပေးရင် ကောင်းပါတယ်။ တိတ်ဆိတ်ငြိမ်သက်ရာမှာ ထိုင်ပြီး မှတ်ရမယ်လို့ အထက်မှာ ဆိုထားပေမယ့် လျောင်း၊ ထိုင်၊ ရပ်၊ သွားဆိုတဲ့ ဣရိယာပုတ်လေးမျိုးလုံးကို ဘယ်လိုနေရာ ဘယ်လိုအချိန်၊ ဘယ်လိုအခြေ အနေမျိုးဖြစ်ဖြစ် မှတ်သိနိုင်ပါတယ်။ ဒါကြောင့် ရိပ်သာသွားပြီး တရားအားမထုတ်နိုင်ပေမယ့် ကိုယ့်နေရာလေးမှာ ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ စိတ်မှာ သတိလေးကပ်ပြီး သိမှတ်ပေးနေရင်လည်း တရားမှတ်တာပါပဲ။ အိပ်ရာပေါ် လှဲနေတဲ့အချိန်မှာလည်း တစ်ခြားအရာတွေ လျှောက်တွေးနေတာထက်စာရင် နှာသီးဖျားမှာ စိတ်လေးကပ်ပြီး အာနာပါနမှတ်နေရင်လည်း ကုသိုလ်ဖြစ်ပြီး သမာဓိတည်နေကာ အမှတ်သတိနဲ့ နေနေတာဖြစ်ပါတယ်။ တစ်နေရာရာကို ကားစီး၊ ရထားစီး သွားရင်လည်း အာနာပါနလေးနဲ့၊ အမှတ်သတိလေးနဲ့ မှတ်သွားနိုင်ပါတယ်။

အလုပ်လုပ်တဲ့အခါမှာလည်း အလုပ်မှာ အာရုံဆိုက်ပြီး လှုပ်ရှားနေတဲ့ ကိုယ်အမူအရာတွေကို သတိကပ်ပြီး လိုက်သိပေးနေတာလည်း အလုပ်ခွင်မှာ တရားမှတ်တာလို့ ပြောနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သေချာတာကတော့ တရားမှတ်မှုကို လျောင်း၊ထိုင်၊ရပ်၊သွား ဣရိယာပုတ်လေးပါးလုံးမှာ အချိန်မရွေး၊ နေရာမရွေး လုပ်နိုင်မှတ်နိုင်တယ် ဆိုတာပါပဲ။

အာနာပါနကို အခြေခံထားတဲ့ အခြေခံ ၀ိပဿနာ ရှုနည်းကို တစ်နေ့တစ်နေ့ အချိန်လေး နဲနဲစီပေးပြီး ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့ပုံစံမျိုးနဲ့ မှတ်ပြီးလေ့ကျင့်နိုင်ဖို့ ဒီအခြေခံ ၀ိပဿနာရှုနည်းကို တင်ပြပေးလိုက်ပါတယ်။ ဘုရားရှင်ရဲ့ ဒီမဟာသတိပဋ္ဌာနသုတ် တစ်ခုလုံးရဲ့ အချုပ်စကားက ”ယထာဘူတံ ပဇာနာတိ” ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။ အဓိပ္ပါယ်က ဟုတ်တိုင်းမှန်စွာ သိပါဆိုတဲ့ အဓိပ္ပါယ်ပါ။ ဟုတ်တိုင်းမှန်စွာ သိတယ်ဆိုတာက ခုနပြောခဲ့သလို ပေါ်သမျှ ဖြစ်သမျှ အာရုံတွေကို ပေါ်ခိုက်ဖြစ်ခိုက်မှာ သိအောင်လုပ်ပါလို့ ဆိုလိုတာဖြစ်ပါတယ်။

ဒါကြောင့် စိတ်မှာပဲဖြစ်ဖြစ် ရုပ်မှာပဲဖြစ်ဖြစ် ပေါ်သမျှကို ပေါ်ခိုက်ဖြစ်ခိုက်မှာ လိုက်လိုက်ပြီး သိမှတ်ပေးနေတာဟာ ၀ိပဿနာ အားထုတ်ထာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ လျောင်း၊ ထိုင်၊ ရပ်၊ သွား ဣရိယာပုတ်များမှာ ဘယ်လိုပုံစံမျိုးပဲ ဖြစ်ဖြစ် သတိကပ်ကာ လိုက်သိ၊ လိုက်မှတ်ကြည့်ပါဟု တိုက်တွန်းလိုက်ပါတယ်။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)