Showing posts with label ရသစာပေများ. Show all posts
Showing posts with label ရသစာပေများ. Show all posts

Monday, February 16, 2015

အဖော်မွန် အစစ် (or ) သံယောဇဉ်မဲ့သူများသို့


အလွန်အံ့သြဖို့ကောင်းတဲ့အဖြစ်အပျက်တခုကျမဒီနေ့တွေခဲ့ရပါတယ်။
ဒီနေ့ နေ့ခင်းရွှေဘုန်းပွင့်ဘုရားရှေ့ကဖြတ်အသွားလူတယောက်ငှက်
တွေလွတ်ပေးနေတာတွေ့ရတယ်။

အဲ့ဒီမှာငှက်လွတ်တဲ့သူကပြောလိုက်တာက.'ဒီငှက်ပြန်လဲပေးပါသူက
ဒီနားပဲပြန်လာနေတယ်လို့ပြောသံကြားလိုက်တယ်'။
ကျမလည်းသိချင်တာနဲ့ရပ်ကြည့်လိုက်တော့ ငှက်ကလေး ကကောင်းကောင်မပျံ်နိုင်တာတွေရတယ်။

ဒါနဲ့ကျမလည်း ဈေးသယ်အစ်မကြီးကိုမေးကြည့်တော့ သူ့အဖော်အထဲ
မှာရှိနေလို့ မသွားထင်တယ်လို့ မှတ်ချက်ပေးတယ်။
ဒါမျိုးတွေဖြစ်တတ်ပါတယ်လို့ ကျမကိုပြန်ပြောလိုက်သေးတယ်။
အဲ့ဒါနဲ့ကျမလည်း သတင်းသမားပီပီ အဲ့ဒီငှက်ကိုယူပြီး ခပ်ဝေးဝေးသွား လွှတ်ကြည့်တော့လည်းပြန်လာတာပဲ။ ကျမလည်းငှက်ကလေးကြည့်ပြီး
စိတ်မကောင်းတာနဲ့တစ်ကောင်ပြီးတစ်ကောင်လွတ်ကြည့်တယ။်

စာကလေးအကောင်နှစ်ဆယ်သာ ကုန်သွားတယ်သူအဖော်ပါမလာဘူး ။
ဒါနဲ့ပဲ ဈေးသယ်ကို အကုန်လွတ်မယ်ဆို ဘယ်လောက်လဲလို့မေးကြည့်တော့ခြောက်သောင်းလောက်ကျမယ်တဲ့ လှောင်အိမ်ထဲမှာ အကောင်200လောက် ကျန်သေးတာကိုး ။ဒါလည်းမဖြစ်ချေဘူးပေါ့ ။

နောက် ကျမလည်းအကြံတစ်ခုရလာတယ် အပြင်က ငှက်ကလေးကိုခြေထောက်မှာ အမှတ်အသားတခုလုပ်ပြီး လှောင်အိမ်ထဲပြန်ထည့်လိုက်တယ်။

ခဏစောင့်ကြည့်ပြီး သူဘေးနားကပ်လာတဲ့ အဖော်စာကလေး
တစ်ကောင်ကိုပါ အတူဖမ်းပြီး လွတ်ကြည့်လိုက်တယ်။
အဲ့ဒီတော့မှပဲငှက်ကလေးကသူ့အဖော်နဲ့အတူအဝေးကိုပြန်သွားတော့တယ်။

ဒါပါပဲ တိရစ္ဆာန်ဖြစ်ပေမယ့် ကိုယ်အကျဉ်းအကျပ်ထဲကလွတ်သွားပေမဲ့ ပြန်ဖမ်းရင်လည်းဖမ်းပါစေဆိုပြီး သေအတူရှင်မကွာနေမယ်ဆိုပြီး စိတ်ပိုင်းဖြတ်ထားပုံရပါတယ်။

ကျမတွေးမိတာက ကျမတို့လူ့အဖွဲ့အစည်းမှာမိသားစုဖြစ်စေ။
လင်မယားဖြစ်စေ။ မိတ်ဆွေဖြစ်စေ။ သူငယ်ချင်းဖြစ်စေ။လုပ်ဖော်ကိုင်
ဖက်ဖြစ်စေ. တစ်ယောက်နဲ့တစ်ယောက်ဟာ ဒီငှက်ကလေးတွေထားတဲ့ သံယောဇဉ်မျိုးထားနိုင်ဖို့တော်တော်ကြိုးစားယူကြရမယ်ထင်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ကျမတို့အသက်ကြီးလာလေပိုပြီးအတ္တတွေကြီး
လာကြလို့ပါပဲ။

Credit to လှလှဝင်း
K.K(ကနောင်)

Saturday, August 9, 2014

အဖေ့အတွက် စောင် သိမ်းထားမယ်


Myanmaalinn
ဟိုး လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာ ဂျပန်နိုင်ငံဟာ အလွန့်အလွန် ဆင်းရဲတဲ့ နိုင်ငံလေး တစ်ခု ဖြစ်ခဲ့တယ်။ လူတွေဟာ အစာရေစာကို ၀လင်အောင် မစားရဘူး။ စိုက်ပျိုးလို့ရတဲ့ မြေက နည်းပြီး ရာသီဥတုက ပြင်းထန် တော့ ထွက်သမျှ စပါးဆန်ရေဟာ တိုင်းသူပြည်သားတွေအတွက် “မ၀ရေစာ” ဖြစ်နေခဲ့တယ်။ အထူးသဖြင့် “ဆောင်းရာသီ” ကိုရောက်လာပြီ ဆိုရင် အစာရေစာ ရှားပါးတဲ့ ဘေးဆိုးကြီးဟာ နှစ်တိုင်းလိုလို ရောက်လာတတ်တယ်။ ကြောက်စရာ ကောင်းတဲ့ ဆောင်းရာသီမှာ ဂျပန်လူမျိုး အတော်များများဟာ ငတ်မွတ်ခေါင်းပါးတဲ့ ဘေးဆိုးကြီးကြောင့် သေကြေပျက်စီးလေ့ရှိကြတယ်။

“ကမ္ဘာမီးလောင် သားကောင်ချနင်း” ဆိုတဲ့ စကားပုံလို သိပ်ဒုက္ခရောက်လာတော့ မိသားစု အချင်းချင်း တောင်မှ တစ်ဦးနဲ့တစ်ဦး မညှာတာနိုင်တော့ပါဘူး။ ဒီတော့ ဂျပန်လူမှုအဖွဲ့အစည်းအတွင်းမှာ “ဓလေ့တစ်ခု” ဖြစ်ပေါ်လာပါတယ်။ အဲဒီ ဓလေ့ကတော့ ကိုယ့်အိမ်မှာ အသက်ကြီးနေပြီး အလုပ်မလုပ်နိုင်တော့တဲ့ သက်ကြီးရွယ်အိုတွေကို တောထဲတောင်ထဲကို သွားပြီး စွန့်ပစ်တဲ့ ဓလေ့တစ်ခု ပေါ်ထွန်းလာပါတယ်။

ဒီကိစ္စဟာ ဒီခေတ် အမြင်နဲ့ ကြည့်ရင်တော့ အတော် ၀မ်းနည်းကြေကွဲစရာကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်ပေမယ့်လည်း အဲဒီခေတ် အခါတုန်းကတော့ ဒါဟာ “လုပ်ရိုးလုပ်စဉ်” အလုပ်တစ်ခုလို့ဘဲ သဘောထားခဲ့ကြပါတယ်။ ကိုယ့်အိမ်က အဖေအို အမေအိုတွေ ကို စွန့်ပစ်ကြတာကို ဘယ်သူမှ ကဲ့ရဲ့ရှုတ်ချ မနေပါဘူး။ အိမ်တစ်အိမ်မှ သက်ကြီးရွယ်အိုတစ်ယောက် ကွယ်လွန်သွားသလိုမျိုးဘဲ ရှုမြင်ခဲ့ကြပါတယ်။ ဒါဟာ တစ်အိမ်လုံး အငတ်ဘေးကနေ ကာကွယ်ရာရောက်တဲ့ လုပ်သင့်လုပ်အပ်တဲ့ အလုပ်တစ်ခုလို့တောင်မှ ရှုမြင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

နှစ်တိုင်းနှစ်တိုင်း ဆောင်းရာသီကို ရောက်ပြီဆိုတာနဲ့ ဆင်းရဲတဲ့ ကျေးရွာတွေမှာ မိအို ဖအိုတွေကို စွန့်ပစ် ကြတဲ့ အလုပ်ကို စလုပ်ကြပါတော့တယ်။ အဲဒီမှာ ဒီပုံပြင်လေး ဖြစ်ပေါ်လာခဲ့ပါတယ်။

တောတောင် ထူထပ်လှတဲ့ ဂျပန်နိုင်ငံရဲ့ တောင်ခြေ တစ်ခုမှာ ရှိတဲ့ ရွာလေးတစ်ရွာမှာပေါ့။ အဲဒီရွာကလေးက မိသားစု တစ်ခုအတွင်းမှာ ဒီပုံပြင်လေး အစပြုခဲ့ပါတယ်။ ရွာမြောက်ဖျားမှာရှိတဲ့ တဲအိမ်လေးတစ်ခုအတွင်းမှာ “ရှင်ဂို” လို့ခေါ်တဲ့ ဂျပန်လယ်သမားလေး တစ်ယောက်ဟာ သူ့မိသားစုနဲ့ အတူ နေထိုင်ပါတယ်။ သူတို့မိသားစုမှာ လူဦးရေ (၆)ယောက် ရှိပါတယ်။ သူတို့ လင်မယားနှစ်ယောက်ရယ် ၊ သားလေးတစ်ယောက် ၊ သမီးလေး တစ်ယောက်ရယ် ၊ အိုမင်းနေပြီဖြစ်တဲ့ “ရှင်ဂို” ရဲ့ အဖေအိုကြီး နဲ့ အမေအိုကြီးရယ် . . အားလုံး တစ်အိမ်ထဲ အတူနေကြတယ်။

တစ်နေ့တော့ “ရှင်ဂို” တို့ လင်မယားနှစ်ယောက်ဟာ တိုးတိုးတိတ်တိတ်နဲ့ တစုံတခုကို တိုင်ပင်နေကြပါတယ်။ သူတို့ တိုင်ပင်တဲ့ အကြောင်းကတော့ ပြီးခဲ့တဲ့ မိုးရာသီမှာ စပါးအထွက်မကောင်းလို့ ဒီနှစ် ဆောင်းရာသီမှာ သူတို့မိသားစု(၆)ယောက် အတွက် စားနပ်ရိက္ခာ ဖူလုံမှာ မဟုတ်တဲ့အတွက် အငတ်ဘေး ကြုံလာနိုင်တယ်။ ဒါကြောင် အဖေအို အမေအို (၂)ယောက်ထဲက တစ်ယောက်ယောက်ကိုတော့ ဒီနှစ်မှာ စွန့်ပစ်ရတော့မယ်။ အဲဒီအကြောင်းကို လင်မယားနှစ်ယောက် တိုင်ပင်နေတာ ဖြစ်တယ်။ နောက်ဆုံးတော့ ပိုပြီး အိုမင်းနေပြီး အလုပ်လုံးဝ မလုပ်နိုင် တော့ဘဲ “ဖခင်အို” ကြီးကို အရင်စွန့်ပစ်ဖို့ လင်မယားနှစ်ယောက် သဘောတူလိုက်ပါတယ်။

ဒါနဲ့ “ရှင်ဂို” လို့ခေါ်တဲ့ ဂျပန်လူငယ်ဟာ သူ့အဖေကြီးကို ဟိုးတောင်ပေါ်ကို သွားရောက်စွန့်ပစ်ဖို့ (၂)ရက်(၃)ရက်စာ စားနပ်ရိက္ခာတွေနဲ့ အဖေကြီးကို နောက်ကျောမှာ ပိုးသွားဖို့ စောင်တွေ၊ အ၀တ်အဟောင်းတွေကို ပြင်ဆင်နေ ပါတော့တယ်။

အဖိုးကြီး အဖွားကြီး လင်မယားကလည်း ငါတို့(၂)ယောက်ထဲက တစ်ယောက်ယောက်ကိုတော့ စွန့်ပစ်တော့မှာ ဘဲဆိုတာ ရိပ်မိနေကြပါပြီ။ ဒါကြောင့် မျက်နှာ ငယ်ငယ်လေးတွေနဲ့ အိမ်ရဲ့ အမှောင်ဆုံးနေရာက ချောင်လေးတစ်ခုထဲမှာ ကုပ်လို့ပေါ့။ အဖိုးကြီး နဲ့ အဖွားကြီးဟာ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြီး နှစ်ပေါင်း (၅၀)လောက် ပေါင်းလာတာကနေ ခွဲရတော့မှာပါလားဆိုပြီး မျက်ရည်တွေ ကိုယ်စီနဲ့ပေါ့။ ဒါပေမယ့် သူတို့လည်း ဘာမှ မတတ်နိုင်တော့ပါဘူး။ ဒါဟာ သူတို့လူမျိုးရဲ့ အစဉ်အလာဘဲလေ။ ကျေကျေနပ်နပ်နဲ့ လက်ခံရတော့မှာဘဲပေါ့။

ဒါနဲ့ ပြင်ဆင်လည်းပြီးရော “ရှင်ဂို” ဟာ အဖိုးကြီး အဖွားကြီးနားကို ကပ်သွားပြီး ရိုရိုသေသေနဲ့ဘဲ . .

“အဖေ ၊ စိတ်တော့ မကောင်းပါဘူး။ ဒီနှစ် စပါးအထွက်မကောင်းတာ အဖေလည်း အသိဘဲ။ ဒါကြောင့် ဒီနှစ်တော့ အဖေ တောထဲမှာ သွားနေပေးပါနော်”

ဆိုပြီး တောင်းပန်ပြောလိုက်ပါတယ်။ (အမှန်ကတော့ တောထဲမှာ သွားနေပေးပါ . . ဆိုတာ စကားလှအောင်ပြောကြတာပါ။ ရာသီက ပြင်းထန်တဲ့ ဆောင်းရာသီ ၊ ပါလာတဲ့ စားနပ်ရိက္ခာကလည်း (၃)(၄)ရက်စာလောက် . . နောက်ပြီး တောထဲမှာ သားရဲတိရိစ္ဆာန်တွေကလည်း အများကြီး ဆိုတော့ အစွန့်ပစ်ခံရတဲ့ အဖိုးကြီးအဖွားတွေဟာ “အအေးပတ်ပြီး သေချင်သေ ၊ ဒါမှမဟုတ် သားရဲတိရိစ္ဆန်တွေ အစားခံရပြီး သေချင်သေ ၊ ဒါမှ မသေရင် နောက်ဆုံး အစာငတ်ပြီး သေကြရတာပါဘဲ)

အဖိုးကြီးလည်း မျက်ရေတွေ ရွှဲနေတဲ့ ကြားကဘဲ “ခေါင်းတစ်ချက်ဘဲငြိမ့်ပြီး”

“အေးလေ . . ဒါ ထုံးစံအတိုင်းဘဲမဟုတ်လား ၊ လုပ်စရာ ရှိတာ လုပ်ပါကွာ” ဆိုပြီး ခေါင်းငိုက်စိုက်ချပြီး မြေကြီးတွေကို တစ်ခါမှ မမြင်ဘူးသလို တွေတွေကြီး ကြည့်နေပါတယ်။ အဖွားကြီးလည်း သူကတော့ စွန့်ပစ်ခံရမယ့် အခြေအနေက လွတ်သွားပြီဆိုပေမယ့် ၀မ်းမသာနိုင်ပါဘူး။ အနှစ်(၅၀) လောက်ပေါင်းလာခဲ့တဲ့ သံယောဇဉ်ကြောင့် အဖိုးကြီးရဲ့ လက်ကလေးကို ကိုင်ပြီး တရှုံ့ရှုံ့နဲ့သာ တိုးတိုးတိတ်တိတ် ငိုကြွေးနေပါတော့တယ်။

နောက်တော့ “ရှင်ဂို” ဟာ သက်ပြင်းရှည်ကြီးတစ်ချက်ကို ချပြီး သူ့အဖေအိုကြီးကို သူ့ ကျောပေါ်မှာတင် ၊ စောင်နဲ့ ပတ်ခါ ကုန်းပိုးလိုက်ပါတယ်။ ပြီးတော့ သူ့ဇနီး လှမ်းပေးတဲ့ (၃)ရက်စာ စားရေရိက္ခာလေးကို ယူပြီး အိမ်ကလှမ်းထွက်မယ် အလုပ်မှာ “အဖေ - သားလဲ လိုက်မယ်” ဆိုတဲ့ အသံကြားလို့ ကြည့်လိုက်တော့ အသက်(၅)နှစ်ထဲ ရောက်နေပြီဖြစ်တဲ့ သူ့သားကြီး “အကီယို” ဟာ သူ့အဖေနဲ့ လိုက်ဖို့ ပြင်နေတာကို တွေ့လိုက်တယ်။

ဒါနဲ့ “ရှင်ဂို” ဟာ . . . “အကီယို” တောင်ပေါ်အထိသွားမှာနော်။ ဘာလုပ်ဖို့ လိုက်မှာလဲ။ အပြင်မှာ အေးက အေးနဲ့” ဆိုပြီး ဟန့်လိုက်ပေမယ့် သားဖြစ်သူက အတင်းလိုက်မယ် လုပ်နေတာရယ် ၊ အဖိုးဖြစ်သူကလည်း “ငါ့မြေးလေး လိုက်ချင်လိုက်ပါစေကွယ်” ဆိုပြီး တောင်းပန်တာနဲ့ သူ့သားကို ခေါ်ခဲ့ရပါတယ်။

အိမ်ကနေထွက်ပြီး ဖခင်ကြီးကို ကုန်းပိုးထားတဲ့ “ရှင်ဂို” နဲ့ သူ့သားကြီး “အကီယို” တို့ဟာ နားလိုက် တက်လိုက်နဲ့ တက်လိုက်ကြတာ (၃)နာရီလောက် အကြာမှာ တောင်ထိပ်နားကို ရောက်သွားပါတယ်။ အချိန်ကလည်း နေ၀င်လုနေပါပြီ။

လေစိမ်းအကာအကွယ်ရတဲ့ သစ်ပင်ကြီးတစ်ပင်ရဲ့ ခြေရင်းမှာ “ရှင်ဂို” ဟာ သူ့ဖခင်ကို ကျောပိုးရာကနေ ချပြီး ခဏနားနေလိုက်ပါတယ်။ ပြီးမှ “အဖေ . . ဟောဒီမှာ ရိက္ခာထုတ်၊ ဒီမှာက အနွေးထည်တွေလို့ ပြောပြီး သူ ကျောပိုးလာတဲ့ “စောင်” ကိုတော့ “ဒါက အဖေချမ်းရင် ခြုံဖို့စောင်” ဆိုပြီး ပေးလိုက်တဲ့ အချိန်မှာ . . . . . .

“အဖေ . . စောင်ကို ပြန်ယူခဲ့လေ” လို့ အော်ပြောလိုက်တဲ့ သူ့သား “အကီယို” ရဲ့ စကားကြောင့် “ရှင်ဂို” တစ်ယောက် အကြီးအကျယ် အံ့သြသွားပါတယ်။ သူ့သား “အကီယို” ဟာ သူ့အဖိုးကို အတော်လေး ချစ်ပါတယ်။ ဒါနဲ့တောင်မှ “စောင်” ကို သူ့အဖိုးနဲ့ မထားခဲ့ဖို့ ပြောလို့ “ရှင်ဂို” အနေနဲ့ မတွေးတတ်အောင် ဖြစ်နေပါတယ်။

နောက်မှ သူ့သားကို“သားရယ် . . . မင်း အဖိုးမှာ “စောင်” မရှိရင် ညဖက်ကျရင် အရမ်းချမ်း နေမှာပေါ့” လို့ ပြောလိုက်တယ်။
အဲဒီမှာ သူ့သား “အကီယို” ပြန်ပြောလိုက်တဲ့ စကားကြောင့် “ရှင်ဂို” ခမြာ ဦးခေါင်းကို မိုးကြိုးပစ်ချလိုက်သလို တုန်လှုပ် သွားပါတော့တယ်။

သူ့သား “အကီယို” ပြောလိုက်တဲ့ စကားက

“မဟုတ်ဘူးလေ . . အဲဒီ စောင်က အဖေ “အို”လာရင် သားက အဖေ့ကို ကုန်းပိုးပြီး လာပစ်ဖို့ သိမ်းထားရဦးမှာ မဟုတ်လား” တဲ့။

ကောင်းလိုက်တဲ့ “အကီယို” ရဲ့ စကား။ “ရှင်ဂို” လုံးဝမတွေးခဲ့တဲ့ စကား။

တကယ်တော့ “ရှင်ဂို” ဟာ သူ့အဖေကြီးကို လာစွန့်ပစ်ပေမယ့် တစ်နေ့ကျရင် သူလည်း ဒီလို အစွန့်ပစ်ခံရမှာပါလားလို့တော့ လုံးဝ မစဉ်းစားမိပါဘူး။ ဒီလိုပါဘဲလေ. . “ရှင်ဂို” ရဲ့ အဖေ ငယ်စဉ်က သူ့အဖေ (ရှင်ဂိုရဲ့ အဖိုး) ကို စွန့်ပစ်ခဲ့တုန်းက လည်း တစ်နေ့မှာ ငါလည်း ဒီလို စွန့်ပစ်ခံရမယ်ဆိုတာ မတွေးမိခဲ့ပါဘူး။ အခု အဲဒီနေ့ကို ရောက်လာခဲ့ပြီလေ။ သူကိုယ်တိုင် သူ့သားရဲ့ စွန့်ပစ်မှုကို ခံရတော့မယ်။ နောက်ပြီး “ရှင်ဂို” လည်း အဲဒီနေ့မျိုးကို ရောက်ရပေဦးမယ်။

“ရှင်ဂို” ဟာ အတွေးတွေနဲ့ ချာချာလည် နေပါတယ်။ သူ့ပါးစပ်ကလည်း “သြော် - ငါလည်း ဒီလို ဖြစ်ရဦးမှာဘဲ ၊ ဒီလိုကြုံရဦးမှာဘဲ” ဆိုပြီး ငြီးတွားရေရွတ်နေပါတယ်။ သူ ဘာဆက်လုပ်ရမလဲ မသိဖြစ်နေပါတယ်။

နောက်တော့ သူ့အဖေကြီးကို တစ်ချက်ကြည့်လိုက် ၊ သူ့သားကို တစ်ချက်ကြည့်လိုက် နဲ့ ခေါင်းတစ်ဆတ်ဆတ် ငြိမ့်နေပါတယ်။ နောက်တော့ သူဟာ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ချမှတ် လိုက်ပါတယ်။

သူ့ဆုံးဖြတ်ချက်ကတော့ သူ့အဖေအိုကြီးကို သူနဲ့ အတူပြန်ခေါ်သွားဖို့ပါဘဲ။ ဒီလို ဆုံးဖြတ်ပြီးတာနဲ့ “ရှင်ဂို” ဟာ သူ့အဖေကြီးကို “ကဲ - အဖေ ၊ ဘာမှ စိတ်မပူနဲ့တော့ ၊ ငတ်လည်း အတူ ၊ သေလည်း အတူဘဲ ၊ သားတို့နဲ့သာ အတူ ပြန်လိုက်ခဲ့ပေတော့” ဆိုပြီး သူ့အဖေအိုကြီးကို စောင်နဲ့ပတ် ကုန်းပိုးပြီး တောင်ပေါ်ကလေ (၃)ယောက်သား ပြန်ဆင်းလာခဲ့ကြပါတော့တယ်။

အိမ်ကို ရောက်တာနဲ့ ပထမဆုံး အလန့်တကြား အော်လိုက်သူကတော့ “ရှင်ဂို” ရဲ့ ဇနီးဖြစ်သူပါဘဲ။ အထိတ်တလန့်နဲ့ အော်လိုက်တာ ဘေးနားက အိမ်တွေကတောင်မှ လန့်ဖြတ်သွားကြပါတယ်။ သူ့ယောင်္ကျားကို အော်ဟစ်ဆဲဆိုကြိမ်းမောင်းနေလိုက်တာ မကြားဝံ့မနာသာပါဘဲ။ နောက်ဆုံး ရှင်ဂိုက ယောင်္ကျားသံနဲ့ ခပ်မာမာ ပြန်အော်လိုက်မှ ဒီမိန်းမ ငြိမ်သွားပါတော့တယ်။

အိပ်ယာထဲမှာ ခွေနေတဲ့ အဖွားကြီးလည်း ဆူဆူညံညံ အသံတွေကြောင့် ပြေးထွက်လာတဲ့အချိန်မှာ သူ့ယောင်္ကျား အဖိုးကြီးကို မြင်လိုက်ရတော့ အံ့အားသင့်လွန်းလို့ သတိလစ် လဲကျလုမတတ်တောင်မှ ဖြစ်သွားပါသတဲ့။

ပြီးတော့ အဖိုးကြီး နဲ့ အဖွားကြီး နှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် ဖက်ပြီး ငိုနေလိုက်ကြတာလေ။ အဖွားကြီးက သူ့သား “ရှင်ဂို” ကို နှုတ်ကနေ “ကျေးဇူးတင်ပါတယ် သားရယ် ၊ ကျေးဇူးတင်ပါတယ် သားရယ်” နဲ့ တစ်ဖွဖွ ပြောနေလေရဲ့။

အိမ်နီးနားခြင်းတွေလည်း လာပြီး စပ်စုကြတယ်။ အားလုံးက “ရှင်ဂို” ကို ၀ိုင်းပြီး အပြစ်တင်ကြတယ်။ “လူမိုက်” လို့ ခေါ်ဝေါ် သမုတ်ကြတယ်။ နှာခေါင်းရှုံ့ကြတယ်။ ချီးမွမ်းတဲ့သူ မရှိဘူး။ ပြီးတော့ “အင်း ဒီနှစ်တော့ ဒီမိသားစုတစ်စုလုံး ငတ်ပြီး သေတော့မှာဘဲ” ဆိုပြီး ပညာရှိလေသံနဲ့ ၀င်ပြီး ပြောတဲ့သူက ပြောကြတယ်။

“ရှင်ဂို” ကတော့ “အမှန်တရားကို ရုတ်တရက် သိလိုက်ရတဲ့အတွက်” သူ့ဆုံးဖြတ်ချက်ကို သူယုံပါတယ်။ ဘယ်သူ့စကားကိုမှ နားထောင်မနေတော့ပါဘူး။ သူက တစ်ခွန်းဘဲ ပြန်ပြောလိုက်တယ်။ “အေး . . . ခင်ဗျားတို့လည်း တစ်နေ့အိုလာရင် ဒီလို အချိန်ကို ရောက်ရမှာဘဲ။ အဲဒီအခါကျရင် တောင်ပေါ်မှာ ခွေးသေ၀က်သေ မသေချင်ကြရင် ဒီ “ဓလေ့ဆိုးကြီး” ကို ဖျက်ကြဖို့သင့်ပြီ” လို့ဘဲ ပြောချလိုက်ပါတယ်။

အဲဒီနှစ် ဆောင်းတွင်းတစ်တွင်းလုံး အဲဒီရွာကလေးမှာ “ရင်ဂို” ရဲ့ လုပ်ရပ်ကိုဘဲ ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်နေပါတော့တယ်။ ဟိုနား လူစုစုရှိရင်လည်း ဒီအကြောင်း ၊ ဒီနား လူစုစုရှိရင်လည်း ဒီအကြောင်းဘဲ ပြောနေကြတော့တာဘဲ။

အတော်များများကတော့ “ရှင်ဂို” လုပ်တာ မှားတယ်လို့ ဝေဖန်ကြတယ်။ နောက်တော့ “သူလုပ်တာ မှန်တယ်” ဆိုတဲ့ အသံတွေလည်း ထွက်လာပါတယ်။

ဒါပေမယ့် “ရှင်ဂို” ကို ရှုတ်ချတဲ့ လူတွေရော ၊ ထောက်ခံတဲ့ လူတွေပါ “တစ်နေ့ကျရင် ကိုယ့်အလှည့် ရောက်ရမယ်” ဆိုတဲ့ “ရှင်ဂို” ရဲ့ ပြတ်သားလှတဲ့ စကားကို နားထဲက မထွက်ကြဘူး ဖြစ်နေပါတယ်။

“ရှင်ဂို” ရဲ့ လုပ်ရပ်ကို “မိုးနတ်မင်း” ကြီးက ကောင်းချီးပေးလိုက်သလား မှတ်ရတယ်။ အဲဒီနှစ် ဆောင်းတွင်း ဟာ ခါတိုင်းထက် ပိုပြီး တိုတောင်းလှပါတယ်တဲ့။ ရှေ့မှီနောက်မှီ လူကြီးတွေ ပြောစကားအရ နှစ်ပေါင်း (၆၀-၇၀)အတွင်းမှာ ဒီနှစ်ဆောင်းတွင်းလောက် တိုတောင်းပြီး အအေးပေါ့တာ မကြုံဘူးဘူးလို့လည်း ပြောကြတယ်။ ပြောရရင်တော့ “ရှင်ဂို” တို့ မိသားစုဟာ “ကြောက်စရာကောင်းလှတဲ့ ဆောင်းရာသီကြီး” ကို ပေါ့ပေါ့ပါးပါး နဲ့ ဖြတ်သန်းသွားနိုင်ခဲ့ပါတယ်။ ဘာအငတ်ဘေးမှ မကြုံလိုက်ရပါဘူး။

နောက်နှစ်နွေဦးရာသီမှာ “ရှင်ဂို” ရဲ့ လုပ်ရပ်ဟာ အနီးအနား ရွာနီးချုပ်စပ်တွေအထိ သတင်းပြန့်နှံ့သွား ပါတယ်။ မှားတယ်လို့ ပြောတဲ့လူတွေ ရှိသလို မှန်တယ်လို့ ပြောတဲ့သူတွေလည်း မနည်းလှပါဘူး။ နောက်နှစ် ဆောင်းတွင်းတွေမှာတော့ “ရှင်ဂို” ကို အတုယူပြီး ကိုယ့်ရဲ့ မိအိုဖအိုတွေကို စွန့်မပစ်ဘဲ ရှိသမျှကို ဝေမျှစားမယ်ဆိုတဲ့ လူတွေ အလျှိုလျှို ပေါ်လာပါတယ်။

ပထမတော့ လူနည်းစုပေါ့။ နောက်တော့ တဖြည်းဖြည်းနဲ့ ဒီလုပ်ရပ်ဟာ မှန်တယ်ဆိုတာ နားလည်လာကြတယ်။ မိအိုဖအိုတွေအပေါ်မှာ ကိုယ်ချင်းစာစိတ် မွေးလာကြတယ်။ အေးအတူ ပူအမျှစိတ်မွေးလာကြတယ်။ “ရှင်ဂို” ရဲ့ ရဲရင့်ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခုဟာ ဂျပန်ပြည်တစ်ခုလုံးကို တဖြည်းဖြည်း ပြန့်နှံ့သွားပါတော့တယ်။ မိအိုဖအိုတွေကို စွန့်မပစ်ကြတော့တဲ့ လူဦးရေက များသထက် များလာတယ်။

နောက် ရာစုနှစ် (၂၀၀)လောက်အတွင်းမှာတော့ “မိအိုဖအို” တွေကို စွန့်ပစ်တဲ့ ဓလေ့စရိုက်ဆိုးကြီးဟာ ဂျပန်ပြည်မှာ အပြီးတိုင် ပျောက်ကွယ်သွားပါတော့တယ်။

creditး ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ ဗေဒသုခုမ) ရဲ့ page မှ ကျေးဇူးတင်စွာ ကူးယူဝေမျှပါတယ်။ ( Fire Fly )
------------------------
What is "Ubasute"?
Uba is a Japanese word for elderly woman while sute means to throw away or discard. "Ubasute" means "abandoning an old woman"

Web definitions
Ubasute refers to the custom allegedly performed in Japan in the distant past, whereby an infirm or elderly relative was carried to a mountain, or some other remote, desolate place, and left there to die, either by dehydration, starvation, or exposure. ...

Posted by Mr.7Cho or Mg Cho at 12:00 AM
Labels: သိမှတ်ဖွယ်ရာ, သုတ၊ရသ ......

Credit to Suon Won.

Sunday, August 3, 2014

သူငယ်ချင်းတို့ကို ဖတ်စေချင်လွန်းလို့


သူငယ်ချင်းတို့ကို ဖတ်စေချင်လွန်းလို့ ဖတ်ဖြစ်အောင်ဖတ်ပါ
======================================
မိခင်ရဲ့ ထဘီ၊အင်္ကျီတွေကို ကိုယ်တိုင်လျှော်ပေးသည့် လူတိုင်းသိထားရမည့် နိုင်ငံခြားဝန်ထောက်မင်းကြီး ဦးခြိမ့်၏
မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးပုံ
======================================
ကျမ်းပြုပညာရှင် အမတ်ကြီးဦးခြိမ့် ''ဘယ်လို ကုသိုလ်မျိုးတွေများ လုပ်ခဲ့သလဲ''ရှာဖွေကြည့်တော့
ဦးခြိမ့်ရဲ့ နိဗဒ္ဓဝတ်ကုသိုလ်ဦးခြိမ့်ရဲ့ ကုသိုလ်ကို တွေ့လိုက်ရတာ အခြားဟုတ်ပါရိုးလား။ ငွေကုန်ကျမှုမရှိတဲ့ ကုသိုလ်မျိုးဖြစ်နေတာ တွေ့ရတယ်။ အိမ်ကနေပြီး မင်းတုန်းမင်းကြီးထံ အခစားသွားတဲ့အခါ လမ်းခုလတ်မှာ သူ့မိခင်ရဲ့အိမ်ရှိတယ်။ ဒီအချိန်မှာ ဖခင်ကြီးကတော့ ရှိဟန်မတူတော့ပါဘူး။

မင်းတုန်းမင်းကြီးထံ အခစားသွားတဲ့အခါ သူ့ရဲ့မိခင်ကို ဝင်ပြီးရှိခိုးတယ်။ ပူဇော်တယ်။ နန်းတွင်းက ပြန်လာတဲ့အခါမှာလည်း မိခင်ကို ဝင်ပြီးရှိခိုးတယ်။ ပူဇော်တယ်တဲ့။ ငွေကြေးကုန်ကျမှု ဘယ်လောက်ရှိသလဲလို့ စဉ်းစားကြည့်ပေါ့။ပိုက်ဆံတစ်ပြားမှ မကုန်ဘဲနဲ့ ကုသိုလ်တွေ ရနေတာပါ။ နေ့စဉ် တစ်ရက်ကို တစ်ခေါက်သွားရင် နှစ်ကြိမ် ရှိခိုးပူဇော်ပြီးသား ဖြစ်တယ်။
တစ်ရက်ကို နှစ်ခေါက်သွားရင် လေးကြိမ် ရှိခိုးပူဇော်ပြီးသား ဖြစ်တယ်။ သုံးခေါက်သွားရင် ခြောက်ကြိမ် ရှိခိုးပူဇော်ပြီးသား ဖြစ်တယ်။ ဒီတော့ မိဘကျေးဇူးကို သိပြီးတော့ မိဘကို ရှိခိုးပူဇော်တယ်။ စားကောင်းသောက်ဖွယ်ပို့ပေးတယ်။ ကျေးဇူးဆပ်တယ်။ သူ့ရဲ့နှလုံးသားထဲမှာ ကုသိုလ်တရားတွေအများကြီးဖြစ်နေခဲ့ပါတယ်။
ဒါဟာ ဦးခြိမ့် နေ့စဉ်ဆည်းပူးနေတဲ့ နိဗဒ္ဓဝတ်ကုသိုလ်တွေပေါ့။ ဦးခြိမ့်ပြုလုပ်ခဲ့တဲ့ ကုသိုလ်တွေကို ဘုန်းကြီး ဆက်ပြောပြဦးမယ်။ သူ့အိမ်မှာ ဟင်းကောင်းလေးတွေ ချက်တယ်ဆိုရင် ဦးဦးဖျားဖျား မိခင်ဆီကို ကိုယ်တိုင်သွားပို့တယ်။ ဒါလည်း ပြောသလောက်ကြီး ငွေကုန်တာမဟုတ်ဘူး။ ချက်တဲ့ဟင်းကို သွားပို့တဲ့အတွက်သူ့မှာ ကုသိုလ်စေတနာတွေ ဖြစ်ပွါးနေတယ်။ ဟင်းက ငွေကြေးအရ ဘာမှတန်းဖိုးရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် မိခင်ကို ကျွေးမွေးလိုတဲ့ ကုသိုလ်စေတနာကတော့ တန်ဖိုးဖြတ်လို့ မရပါဘူး။တိရစ္ဆာန်ကို ကျွေးမွေးတာတောင်မှ ကုသိုလ်ဖြစ်သေးတာပဲ။ ကျေးဇူးရှင်မိဘကို ဦးဦးဖျားဖျားလေးတွေကို ကျွေးမွေးလိုတဲ့ ကုသိုလ်စေတနာဟာ ဘယ်လောက်မွန်မြတ်သလဲ။

ယနေ့ခေတ်လူငယ်တွေစဉ်းစားသုံးသပ်ဖို့ကောင်းတယ်။နောက်ပြီး ထူးထူးဆန်းဆန်းပြုလုပ်တဲ့ ကုသိုလ်တစ်ခုကိုသွားတွေ့ရသေးတယ်။ သူ့ရဲ့ မိခင်အိမ်ကို ရောက်တဲ့အခါ မိခင်ရဲ့အဝတ်အစားဖြစ်တဲ့ ထဘီ၊ အင်္ကျီတွေကို ညစ်နွမ်းနေတာတွေ့ရင်ဦးခြိမ့်က အလဲခိုင်း
တယ်။ ပြီးတော့ သူ့အိမ်ယူသွားပြီး ညဦးကတည်းက အင်တုံကြီးထဲမှာ စိမ်ထားလိုက်တယ်။ အစေခံတွေ၊ အလုပ်သမားတွေကို မလျှော်ခိုင်းဘူး။ မနက်ကျတော့ မိခင်ရဲ့ ထဘီ၊အင်္ကျီတွေကို ကိုယ်တိုင်လျှော်တယ်။ခြောက်သွားတဲ့အခါ ခေါက်ပြီးတော့ မိခင်ဆီကို ပြန်ပို့တယ်။ အင်တုံထဲမှာ ထဘီ၊ အင်္ကျီတွေစိမ်ထားတဲ့ ချေးရည်တွေ ကျန်နေတယ်။ ဦးခြိမ့်က အပေါ်ယံရေကြည်တွေကို ခပ်ပြီး သွန်ပစ်တယ်။ အနှစ်ရည်တွေပဲ ကျန်ရစ်နေတယ်။ ဒီအနှစ်ရည်တွေကို နေပူလှန်းလိုက်တော့ ခဲသွားတာပေါ့။ ဒီချေးခဲလေးတွေကို ကျောက်ပျဉ်ပေါ်မှာ မှုန့်မှုန့်ညက်ညက် ကျေအောင်ကြိတ်ပြီး သူတို့ခေတ်က နံ့သာဆီတို့၊ ပန်းပေါင်းဆီတို့နဲ့ ရောပြီး အခဲလေးတွေလုပ်။ ပြီးတော့ နားမှာပန်ပြီး မင်းကြီးဆီ အခစားဝင်တယ်တဲ့။

မိခင်ကို အမှီပြုပြီး ဦးခြိမ့်ရဲ့ နှလုံးသားမှာ ဖြစ်ပွါးသွားတဲ့ ကုသိုလ်စေတနာတွေကို မှန်းဆကြည့်ပါ။ သိပ်ပြီး ကြည်ညိုစရာကောင်းသလို အားကျအတုယူစရာလည်း ကောင်းပါတယ်။ အကျိုးတရားအနေနဲ့ ကြည့်လိုက်ရင်လည်း ဒီဘဝမှာပဲ ဥရောပအပါအဝင်နိုင်ငံခြားကို အခေါက်ခေါက်အခါခါ သွားရတယ်။ နိုင်ငံခြားမင်းတွေရဲ့ ဆုတံဆိပ်အမျိုးမျိုး ချီးမြှင့်တာကိုလည်း ခံရတယ်။ ပညာကို မြတ်မြတ်နိုးနိုး ကြိုးစားတဲ့အတွက်၊ စာဖတ်အားကောင်းတဲ့အတွက် ပညာရှိကျမ်းပြုပုဂ္ဂိုလ် ဖြစ်သွားတယ်။ သိပ်ပြီးတော့ အားကျစရာကောင်းတယ်။ သူပြုလုပ်တဲ့ ကုသိုလ်တွေဟာ ငွေကုန်တဲ့ကုသိုလ်တွေ မဟုတ်ဘူး။ ဘယ်သူမဆို လက်လှမ်းမီ
ကြပါတယ်။ ဒါပေမယ့်လူတိုင်းကတော့ မလုပ်နိုင်ကြဘူး။ ဒါလေးတွေကို မှော်ဘီဆရာသိန်းက မှတ်တမ်းတင်ခဲ့လို့ ဘုန်းကြီးတို့ သိခွင့်ရကြတာပါ။ မိဘကို ပြုစုလုပ်ကျွေးတဲ့ကုသိုလ်ဟာ နောက်ဘဝအထိ မစောင့်ပါဘူး။ ဒီဘဝမှာပဲ လက်ငင်း အကျိုးပေးတယ်လို့ ဆရာသမားတွေက ဆုံးမခဲ့ဖူးပါတယ်။ နောက်ပြီး မိဘစိတ်ချမ်းသာအောင် ဆောင်ရွက်လုပ်ကိုင်ပေးတဲ့ သားသမီးဟာ ဘယ်တော့မှ မဆင်းရဲဘူးတဲ့။ ပစ္စည်းဥစ္စာ ဆင်းရဲတောင်မှ စိတ်မဆင်းရဲဘူး။ မိဘတွေ စိတ်ကသိကအောက်ဖြစ်အောင်လုပ်တဲ့ သားသမီးကတော့ ပစ္စည်းချမ်းသာတောင်မှ စိတ်ချမ်းသာဖို့ မလွယ်ပါဘူးတဲ့။

နောက်တစ်ခု ပြောလိုပါသေးတယ်။ ပညာရှိဦးခြိမ့်ရဲ့အကြောင်းကို တက္ကသိုလ်ကျောင်းဆရာတစ်ယောက်က တပည့်တစ်ယောက်ကို ပြောပြခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်လေးဆယ်ကျော်လောက်ကပေါ့။ ပြောပြတဲ့အခါ တက္ကသိုလ်ကျောင်းသားလေးက ဦးခြိမ့်ကို အားကျပြီး သူ့မိဘတွေရဲ့ လုံချည်၊ အင်္ကျီတွေကို ကိုယ်တိုင်လျှော်တယ်။ ချေးရည်လေးတွေယူပြီး အနှစ်ရည်ကို နေလှန်း အမှုန့်ကြိတ်တယ်ပေါ့။ သနပ်ခါးလိမ်းတဲ့အခါမှာ ရောပြီးတော့ အမြတ်တနိုးလိမ်းသတဲ့။
တစ်နေ့တော့ ကျောင်းမှာ နိုင်ငံခြားကို ပညာတော်သင်သွားဖို့
ကျောင်သားသုံးယောက် ရွေးချယ်တယ်။ ကျောင်းသားတစ်ရာထဲကနေ သုံးယောက်ပဲ ရွေးချယ်တာပါ။အင်တာဗျူးဖြေမယ့်နေ့ကျတော့ အဲဒီတက္ကသိုလ်ကျောင်းသားဟာခုနချေးရည်နဲ့ရောသွေးထားတဲ့သနပ်ခါးကို မျက်နှာတင်မကဘဲ တစ်ကိုယ်လုံး လိမ်းသွားတယ်။ နောက်ဆုံး ကျောင်းသားတစ်ရာထဲက သုံးယောက်ပဲ ရွေးချယ်တဲ့အထဲမှာ ဦးခြိမ့်ကို အားကျခဲ့တဲ့ ကျောင်းသားလေး ပါသွားတယ်။ ပညာကို ကြိုးစားသင်ယူတာလည်း ပါတာပေါ့။ မြန်မာနိုင်ငံမှာ ဖြစ်ပျက်တဲ့ ဒီအကြောင်းအရာလေးကို ဆရာတော်လေးတစ်ပါးက ရေးထားတာပါ။ ဘုန်းကြီးက ဒီစာအုပ်ကိုဖတ်ပြီး သိခွင့်ရခဲ့တာပါ။

စစ်ကိုင်းမြစကြာဆရာတော်၏ သူတော်ကောင်းတို့၏ တောင်းဆုများ(၂)စာအုပ်မှ

ဖတ်သင့်တာတွေ ဖတ်စေချင်တာတွေကို မျှဝေပေးတာကလည်း မေတ္တာတစ်မျိုးပါ။
@@@သာသနာနွယ်

သာသနာနွယ် သာသနာနွယ်

Monday, July 14, 2014

ပိုပြီး သိတတ်ပါ.. (ဒါဖတ်ပြီး မငိုပါနဲ့)


"ရှင့် အဖွားကြီးကို ဘယ်နေ့ပို့မှာလဲ ? " … နံနက် စောစောစီးစီး ဇနီးသည် ဖြစ်သူရဲ့ စိတ်မရှည်သံကို စိတ်မချမ်းမြေ့စွာ ကြားလိုက်ရသည်…။

"ပို့မှာပေါ့ကွာ.. မင်းကလဲ.. ငါ့အမေလောက် မျက်စောင်းထိုးနေတာပဲ "
"အို…ထိုးရမှာပဲ… ရှင့်အမေက နေရာတကာပါနေတာကိုး… ကျွန်မ သည်းမခံနိုင်တော့ဘူး.. ရှင့်အမေကို ဒီတစ်ပတ်ထဲ ပို့ရင်ပို့.. မပို့ရင်တော့ ကျွန်မ သားလေးခေါ်ပြီး အမေ့အိမ် သွားနေတော့ မယ်…"

"ကဲ.. ဒီတစ်ပတ်ထဲ ပို့ရင် ပြီးတာပဲ မှတ်လား.."
ပြောပြီး ကျွန်တော် ပြန်လှည့်ထွက်လာခဲ့သည်..။ ကျွန်တော့် မိန်းမ ချို က အမေ့ကို ဘိုးဘွားရိပ်သာ ပို့ရန် ပြောနေခြင်းဖြစ်သည်..။ ချမ်းသာသော မာနကြီးသော ဂုဏ်ဒြပ်အရှိန်အ၀ါကြီးမားသော အသိုင်းအ၀ိုင်းမှ ပေါက်ဖွားလာသည့် သူမနှင့် ကျွန်တော် လွန်ခဲ့တဲ့ ၅ နှစ်ခန့်က လက်ထပ်ခဲ့ခြင်းဖြစ်သည်…။

ကျွန်တော်တို့ မိသားစုက ဆင်းရဲပါသည်..။ ငယ်စဉ်ကတည်းက အဖေဆုံးပါးသွားသဖြင့် မိခင်ဖြစ်သူက ဈေးရောင်းပြီး ကျောင်းထားပေးခဲ့ကာ အမေတစ်ခုသားတစ်ခု ဘ၀ဖြင့် ရုန်းကန်ခဲ့ရသည်..။ သူမနဲ့ ချစ်သူဖြစ်ရတာ ကျွန်တော့်အတွက်တော့ လုံးဝမမျှော်လင့်ခဲ့တဲ့ ဆုလာဒ် တစ်ခုဖြစ်ခဲ့သည်..။ သူမ မိသားစု အသိုင်းအ၀ိုင်းတွေ သဘောမတူ တားဆီးထားသည့်ကြားမှ ကျွန်တော့်နောက်ကို အရဲစွန့်ပြီး လိုက်ခဲ့သည်..။

ယခုဆိုရင် ကျွန်တော်တို့တွင် ချစ်စရာကောင်းသော ၃ နှစ်အရွယ် သားလေးတစ်ယောက်ကို ပိုင်ဆိုင်နေပြီဖြစ်သည်..။ ခက်တာက ချိုသည် အမေ့အပေါ် ဆက်ဆံရေးပြောင်းလဲလာခြင်းဖြစ်သည်..။ လက်ထပ်ပြီးခါစကဲ့သို့ ဆက်ဆံမှုမျိုးမတွေ့ရတော့..။ မိသားစု စီးပွားရေးလည်း ကျပ်တည်းလာတော့ အလုပ်မလုပ်နိုင်တော့ပဲ လူပို တစ်ယောက်လိုဖြစ်နေသော အမေ့အား ချို အပြစ်မြင်နေခြင်းဖြစ်သည်..။

ကျွန်တော်ကလည်း နေ့စဉ် အလုပ်ကိစ္စများနှင့် လုံးပန်းနေရသဖြင့် အမေ့ကို သိပ်ဂရုမစိုက်အားပဲ အိမ်မှာ အမြဲတမ်းရှိသော ချိုကသာ တာဝန်ယူ ပြုစုပေးခဲ့သည်..။ ယခုလည်း ကျန်းမာရေးမကောင်းပဲ ချုချာလာခဲ့သော အမေ့ကို ဘိုးဘွားရိပ်သာပို့ရန်ပြောနေခြင်း ဖြစ်သည်..။ အစက အကြံပြုပြီး ကောင်းစေချင်တဲ့ သဘောမျိုးသာ ပြောခဲ့ပေမယ့် အခုတော့ မပို့လျှင် ချိုနှင့်သာလေး အိမ်ကဆင်းသွားတော့မည့် အကြပ်ကိုင်သည့် ပုံစံမျိုးဖြစ်နေသည်..။

အတွေးကောင်းကောင်းနှင့် လှည့်ထွက်လာသော ကျွန်တော် တံခါးပေါက်ထိပ်တွင် နားထောင်နေ သော အမေ့ကို တွေ့လိုက်ရသည်..။ အမေ့မျက်ဝန်းတွင် မျက်ရည်များတွဲခိုနေသည်..။ အမေ ကျွန်တော့်ကို ကြည့်နေသော အကြည့်သည် အသနားခံသော အကြည့်..၊ တုန်ရီနေသော နှုတ်ခမ်းများမှလည်း ကျွန်တော့်ကို ပြောချင်နေသော စကားများ ရှိနေသည်ကို ကျွန်တော် သိသည်..။ ဒါပေမယ့် အမေ့ဆီက ဘာစကားမှထွက်မလာခဲ့ပါ..။ ကျလုစဲ မျက်ရည်ကို လက်ဖြင့်သုတ်ပြီး အမေ သူ့အခန်းထဲ သို့ ပြန်ဝင်သွားခဲ့သည်…။ ကျွန်တော် သက်ပြင်းရှည်ကြီးကို ပင့်ရှိုက် မိလိုက်သည်…………။

ဒီနေ့ အမေ့ကို ဘိုးဘွားရိပ်သာ ပို့ရမည့်နေ့ဖြစ်သည်..။ ယခင်နေ့တွေက သူ့မြေးလေးနှင့် ဆော့နေ တတ်သော အမေ ဒီနေ့ သူမ အခန်းထဲကကို ထွက်မလာ..။ အိမ်ရှေ့ကို ကားရောက်လာတော့ ကျွန်တော် အမေ့ကို ခေါ်ရန် အမေ့အခန်းထဲသို့ ၀င်ခဲ့သည်..။

ကုတင်လေးပေါ်မှာ မကြီးမားလှတဲ့ အ၀တ်ထုတ်လေး တစ်ထုပ် တွေ့ရပြီး အ၀တ်ထုတ်လေးဘေးမှာ ထိုင်ပြီး ဓါတ်ပုံတစ်ပုံကို သေချာစွာ ကြည့်နေသော အမေ့ကိုတွေ့လိုက်ရသည်..။ ကျွန်တော် ၀င်လာတာမြင်တော့ အမေက ဓါတ်ပုံကို ကျွန်တော်မမြင်အောင် လျင်မြန်စွာ သိမ်းဆည်းလိုက်သည်..။ ဓါတ်ပုံက ကျွန်တော် ငယ်ငယ် ရှင်ပြုတုန်းက အမေနဲ့ ရိုက်ထားတုန်းက ပုံဖြစ်သည်..။ ပြီးတော့ ကျွန်တော်ကို "သွားတော့မှာလား…သား" ဆိုပြီး အလောတကြီး မေးလာသည်..။

"ဟုတ် အမေ… ကားရောက်ပြီ.."
"အမေ့ မြေးလေးကို ခေါ်ပေးပါအုံး… နှုတ်ဆက်ချင်လို့…"
အမေ့အသံမှာ ၀မ်းနည်းသံတွေ ပါနေသည်..။ ကျွန်တော် အမေ့ကို မျက်လုံးချင်း မဆိုင်ဝံ့ပဲ သားလေးကို ခေါ်ပေးလိုက်သည်..။ အမေ က သူ့မြေးလေးကို ချီပြီး နှစ်နှစ်ခြိုက်ခြိုက် နမ်းလိုက်သည်..။ ထို့နောက် အမေ့မျက်ဝန်းမှ မျက်ရည် များကျဆင်းလာခဲ့ပြီး သားလေးကိုချကာ အ၀တ်ထုပ်လေးကို ဆွဲကိုင်လိုက်ပြီး

"သွားကြရအောင် သား…" ဆိုပြီး ရှေ့ကနေ ဦးဆောင်ကာ ကားဆီကို ထွက်ခွာသွားခဲ့ပါတယ်..။
ဘိုးဘွားရိပ်သာ သွားတဲ့ လမ်းတစ်လျှောက်လုံး ကားပေါ်မှာ သားအမိနှစ်ယောက်စလုံး စကား မပြောဖြစ်ခဲ့ကြ..။ အမေက ကားပြတင်းပေါက်ကနေ အပြင်ကို ငေးမောကြည့်ရင်း နှုတ်ဆိတ်စွာ လိုက် ပါလာသည်..။ ကျွန်တော် အမေ့ကို ငေးကြည့်နေမိသည်..။ ဘ၀ကို တစ်ယောက်တည်း ရုန်းကန်ပြီး သားကို ပညာတတ်ဖြစ်အောင် ကျောင်းထားပေးခဲ့တဲ့အမေ…၊ ကျောင်းမှာ သား မျက်နှာမငယ်အောင်. အမြဲတမ်း အကောင်းဆုံးတွေကိုပဲ ဖြည့်ဆည်းပေးခဲ့တဲ့အမေ..၊ သားကျောင်းပြန်လာလျှင် ကျောင်းပေါက်ဝကနေ အပြုံးတွေနဲ့ စောင့်ကြိုနေတတ်သောအမေ..၊ အမေ…၊ အမေ…၊ အစရှိတဲ့ အမေ့အကြောင်းတွေက ရုပ်ရှင်ကားချပ်တွေလို အစီအရီ ပေါ်လာသည်..။ ငါ့လုပ်ရပ်ဟာ အမေ့အတွက် မျှတမှု ရှိရဲ့လား…။ အမေပေးဆပ်ခဲ့တာနဲ့ ပြန်ရတာဟာ တန်ရဲ့လား…? ငါ မှားသွားပြီလား?

ကျွန်တော် စဉ်းစားနေတုန်းမှာ ကားက ဘိုးဘွားရိပ်သာထဲကို ရောက်ရှိနေခဲ့ပြီဖြစ်သည်..။ တာဝန်ကျ ၀န်ထမ်းများမှ အမေနေထိုင်ရမယ့် အခန်းကို လိုက်လံပြသပြီး အမေက သူ့အခန်းလေးထဲက ကုတင်ပေါ်မှာ အ၀တ်ထုပ်လေးကို တင်လိုက်ပြီး…

"သား … ပြန်တော့လေ… နောက်ကျနေရင် သားမိန်းမ စိတ်ပူလိမ့်မယ်…၊ ညဖက် အပြင်ထွက်ရင် အနွေးထည်လေးဘာလေး ၀တ်အုံး..၊ သားက အအေးဒဏ် မခံနိုင်ဘူး.."

ကျွန်တော့် မျက်ဝန်းမှ မျက်ရည်တို့ကို ကျွန်တော် မတားဆီးနိုင်ခဲ့ပါဘူး..၊ အမေ့ကို ပြေးဖက်လိုက်ပြီး ကျွန်တော် ကလေးတစ်ယောက်လို ရှိုက်ကြီးတငင် ငိုမိပါတော့တယ်..။ ကျွန်တော့်ရင်ထဲမှာ အမေ့ကို ပြောစရာစကားတွေ အများကြီးရှိပေမယ့် ဘာစကားမှ ထွက်မလာခဲ့ပါ…။

"သား…ကို ..ခွင့်လွှတ်ပါ..အမေရယ်…" ကျွန်တော် ငိုရှိုက်ရင်း အမေ့ကို တောင်းပန်မိသည်..။

"အမေ..နားလည်ပါတယ်ကွယ်.." အမေလည်း ငိုနေတာပါလား..၊ အမေ့မျက်ဝန်းတွင်လည်း မျက်ရည်တွေ တွဲခိုနေသည်…"အမေတို့ ဖြစ်ချင်တာထက်..၊ ဖြစ်သင့်တာကို ဦးစားပေး ကြတာပေါ့.." တဲ့လေ….။

ကျွန်တော် အပြန်လမ်း တစ်လျှောက်လုံး ကားပေါ်မှာ ငိုရှိုက်လာမိသည်..။ အမေ့ကို ဒီလိုထားခဲ့ရတာ ကျွန်တော် လုံးဝစိတ်မကောင်း..၊ ရင်ဘတ်တစ်ခုလုံးလည်း တင်းကြပ်နေပြီး အသက်ရှုရတာတောင် မွန်းကြပ်နေသည်..။

ဒီလိုနဲ့ အိမ်ပြန်ရောက်လာတော့… ချိုက သားလေးကို ချော့သိပ် နေပြီဖြစ်သည်..။ ချိုက…" လူကလေးရဲ့ အိပ်ချိန်တန်…ဗျိုင်းရှေ့ကပျံ…" အစချီတဲ့ သားချော့တေးကို တိုးတိုးလေးဆိုပြီး ချော့သိပ်နေတာပါ..။ တံခါးဝကနေ ကျွန်တော် မြင်ရတဲ့ ချို သားလေးကို ချော့သိပ်နေတဲ့ ပုံစံဟာ ကျွန်တော့်ကို အမေက အဆိုပါ သားချော့တေးကို ဆိုပြီး ချော့သိပ်ခဲ့တာကို ပြန်အမှတ်ရစေ ပြီး ကျွန်တော့် မျက်လုံးထဲမှာ ချိုနဲ့ သာလေးကို မမြင်ပဲ အမေနဲ့ ကျွန်တော်ငယ်ငယ်က ပုံရိပ်တွေကို အစားထိုး ပြန်မြင်ယောင်စေမိပါတယ်..။ ကျွန်တော် မျက်ဝန်းမှ မျက်ရည်များ ထပ်မံစီးကျလာခဲ့ပြီး ကျွန်တော် ချက်ချင်းပြန်လှည့်ထွက်ခဲ့ပြီး လမ်းမပေါ် ပြေးထွက်ကာ ပြတ်သားတဲ့ဆုံးဖြတ်ချက် တစ်ခုကို ချခဲ့ပြီး တက္ကစီ တစ်စီးကို တားလိုက်ပါတယ်..။

ကျွန်တော့်အတွက် ကားမောင်းတာ အရမ်းနှေးနေသလိုပါပဲ…။ အမေ့ကို ပို့တုန်းက မြန်သလောက် အခုကျတော့ တော်တော်ကို နှေးနေသလိုပါပဲ.ကျွန်တော် အမေ့ကို အရမ်းတွေ့ချင်နေပါပြီ..။ ဘိုးဘွား ရိပ်သာကို ရောက်ရောက်ချင်းပဲ ကားပေါ်က ချက်ချင်းဆင်းပြီး ကျွန်တော် အပြေးဝင်ခဲ့ပါတယ်..။ တာဝန်ကျ ၀န်ထမ်းတွေကတော့ ကျွန်တော့်ကို နားမလည်ဘဲ အံ့သြစွာ ကြည့်နေကြပါတယ်..။ ကျွန်တော် အမေ့အခန်းထဲကို အပြေးတစ်ပိုင်း ပြေးဝင်ခဲ့ပါတယ်..။

အခန်းထဲမှာ ကျွန်တော် ငယ်ငယ် ရှင်ပြုတုန်းက အမေနဲ့ရိုက်ထားတဲ့ပုံကိုကြည့်ပြီး အမေငိုနေပါတယ်..။ ကျွန်တော် အမေ့ကို ပြေးဖက်လိုက်ပြီး ရှိုက်ကြီးတငင် ထပ်မံ ငိုမိလိုက်ပါတယ်..။ အမေကတော့ ကျွန်တော့်ကို နားမလည်တဲ့ ပုံစံရှိနေပြီး ကျွန်တော့် ခေါင်းကို ပွတ်သပ်ကာ ကျွန်တော့်ကို နှစ်သိမ့်နေပါတယ်....။ ကျွန်တော် ဘာမှ မပြောပဲ အမေ့ရဲ့ ခြေဖမိုးလေးကို ကိုင်ကာ မြတ်နိုး နှစ်ခြိုက်စွာ နမ်းရှုံ့လိုက်ပြီး………….

"သားတို့ အိမ်ပြန်ကြရအောင်…အမေ…."
ဘယ်တော့မှ အမေ့ကို မစွန့်လွှတ်မိပါစေနဲ့…။ အဲ့ဒီဆုံးရှုံးမှုကို သင်ယခု မခံစားရရင်တောင်မှ တစ်ချိန်ကြရင် ခံစားရပြီး ကြီးမားတဲ့ နောင်တ တရား ရပါလိမ့်မယ်…။ အမေ့ကို မြတ်မြတ်နိုးနိုး ချစ်တတ်ကြပါစေဗျာ…။

ဖိုးသူတော်(www.phothutaw.com)
Credit : New Myanmar News

Monday, June 30, 2014

မာဂဓအလွမ်းများ..............


မှတ်သားစရာလေးဖြစ်သလို ရင်ထဲထိလို့ ရှယ်လိုက်ပါတယ်။
မေတ္တာတရားဆိုတာ အသွား နဲ့ အပြန်ရှိတယ်နော်

မာဂဓအလွမ်းများ..............

ကော့သောင်းမှာနေတုန်းက ကိုယ်ဝန်ကြီးနဲ့ ခွေးမလေးတစ်ကောင်ကို
နေ့စဉ်ထမင်းကျွေး ဖြစ်တယ်။ ဆိုင်က အရိုးအရင်းလေးတွေ ၂၀၀ ဖိုးလောက်ဝယ်ပြီး သေသေချာချာ နယ်ဖတ်ကျွေးတော့ စားလိုက်တာ ခေါင်းမဖေါ်နိုင်ဘူး။

အဲဒီခွေးမလေးက ကျွန်တော်အပြင်ကပြန်လာရင် ဆိုင်ကယ်ကို ပြေးပြေးပြီးကြိုလေ့ ရှိတယ်။ ခွေးတွေဓမ္မတာ ခုန်ပေါက်ပြေးလွှား ပတပ်ရပ်ပေါ့။

တစ်ရက်သတိထားမိတာက ခွေးမလေးဟာ ကျွန်တော့်ကိုကြိုတဲ့အခါ ရိုးရိုး ခုန်ပေါက်ပြေး လွှားနေတာမဟုတ်တော့ဘဲ ကျွန်တော့်ဆီပြေးလာလိုက် ရုတ်ခနဲ သူနဲ့ဘဝတူ အမှိုက်ပုံ ကခွေး လေးငါးကောင်ရှေ့ကိုပြေး သွားလိုက်နဲ့ ပျော်ရွှင်မြူးတူးပြနေတာတွေ့ရတယ်။

ခွေးမို့လို့ စကားမပြောတတ်ပေမဲ့ အမှိုက်ပုံပေါ်က ခွေးတွေရှေ့ရောက်ရင် အဲဒီခွေးတွေကို လှည့်ပတ်ပြီးမှ ကျွန်တော့်ဆီပြေးလာတာလေ။ မျက်နှာလေးက ချီလို့။

"ဟဲ့...အမှိုက်ပုံမှာကြီးပြင်းတဲ့ခွေးချင်းအတူတူ ငါ့မှာ ထမင်းပုံမှန်ကျွေးမယ့် သခင်နဲ့ဟဲ့ တွေ့လား..." ဆိုပြီး ဟိုအဖွဲ့ကို ခပ်ကြွးကြွားလေး လှည့်ပတ်ပြနေသလိုပဲ။

အမှိုက်ပုံပေါ်က ခွေးလေးငါးကောင်ကတော့ သူ့ကိုငေးကြည့်လို့...။ အဲဒီငေးကြည့်နေတဲ့ မျက်ဝန်းတွေမှာလည်း သိမ်ငယ်မှုတွေ၊ ဝမ်းနည်းရိပ်တွေက အထင်းသား။ ကိုယ်က လည်း အဲဒီတစ်အုပ်ကြီးကို မကျွေးနိုင်တော့ ကြည့်ပြီး စိတ်မကောင်းဖြစ်မိတယ်။

နောက်တစ်ခုကတော့ ထုံးစံအတိုင်း ခွေးတွေရဲ့ မှတ်ဥာဏ်ကောင်းပုံအကြောင်းပါ။
လွန်ခဲ့တဲ့ ၇ နှစ်ဝန်းကျင်လောက်က ရန်ကုန်မှာ တစ်နှစ်ခွဲကျော်ကျော်လောက် အလုပ်လာလုပ်ပြီး ကော့သောင်းကိုပြန်သွားတယ်။

ဆိုင်ကယ်တစ်စီးဝယ်ပြီး ဆိုင်ကယ်တက္ကစီဆွဲတော့ ကိုယ်ဂိတ်ထိုးနေကျ နေရာသွား ထိုးတာပေါ့။

တအောင့်လောက်ကြာတော့ ဘေးဘယ်ညာမှာထွားထွားကြိုင်းကြိုင်း ခွေးထီးအနက်နှ စ်ကောင် ရောက်လာပြီး ကျွန်တော့်ခြေထောက်ကို တစ်ဘက်တစ်ချက်စီကနေ နမ်းနေကြ တယ်။ ကျွန်တော်ကလည်း ဒီခွေးတွေက ခင်တတ်တဲ့ခွေးတွေပဲနေမှာပေါ့လို့ တွေးပြီး ဒီအတိုင်းပဲ ကြည့်နေလိုက်တယ်။

မကြာပါဘူး နှစ်ကောင်သားတိုင်ပင်ထားတာကျနေတာပဲ ဝုန်းခနဲပတပ်ရပ်ပြီး တဟဲဟဲနဲ့ ကျွန်တော့်ကို လျှာနဲ့လျက် နုတ်ဆက်ပါလေရော။ ဟ...ဟ ဒီနှစ်ကောင်က ဘယ်လိုဖြစ် တာလဲလို့ ငေါက်လိုက်တော့ ဘေးက သူငယ်ချင်းတစ်ယောက်က "ကိုကျော်ကြီး မမှတ်မိ ဘူးလား၊ ဒီနှစ်ကောင်က ကိုကျြော်ကီး လက်ဘက်ရည်ဆိုင်ထိုင်တိုင်း အီကြာကွေးကျွေးနေကျ နှစ်ကောင်လေ...။" တဲ့။

ကျွန်တော်အံ့သြသွားတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ခွဲကျော်လောက်က ဒီနှစ်ကောင် က သေးသေးလေးလေ။ အခုထွားလိုက်တာ နည်းတာမဟုတ်ဘူး။

ကျွန်တော်ကျွေးတာက အီကြာကွေး တစ်ကောင်ကို တစ်ခြမ်း၊ တစ်ခါတလေ တစ်ချောင်း စီပေါ့။ ဒီနှစ်ကောင်မှတ်ထားတာက ကမ္ဘာကြီးတစ်ခြမ်းစာလောက်ရှိနေမလားပဲ။

ကျွန်တော်ခွေးတွေကို ချစ်တယ်ဗျ။ ကျွန်တော်လည်း ဘဝတစ်ခုခုမှာ ခွေးဖြစ် ချင်ဖြစ်ခဲ့နိုင်တာပဲလေ။ ဘဝကတိုတယ်၊ ဒါပေမဲ့ သံသရာက အရှည်ကြီးမဟုတ်လား...။

ရဲကျော်သူရ

Friday, June 13, 2014

အ ဖေ တွေ ရဲ့ ရင် တွင်း စကား


ဒီစာလေးကိုဖတ်မိတော့ ၀မ်းနည်းမိတယ် ... အမှန်ပါပဲ

ဖုန်းဆက်လိုက်တိုင်း ဖေဖေကိုင်ခဲ့ရင် ဖေဖေ မေမေရော မေမေနဲ့ပြောမယ်

မေမေ့ကိုခေါ်ပေးလို့ပဲ အမြဲမေးခဲ့တာ ...

ကိုယ်က အာ့လိုမေးတိုင်း နင့်တို့မေရှိတယ်ဆိုပြီး

စိတ်တိုသံနဲ့ ဖေဖေပြန်ဖြေတိုင်းနားမလည်ခဲ့ဘူး ...

ဖေဖေကလဲ သားအမိချင်း စကားပြောမှာတောင် အလကားစိတ်တိုနေတယ်လို့

ထင်ခဲ့မိတာ အကြိမ်ကြိမ်ပါ ။

အခုတော့ ဒီစာလေးဖတ်ရင်း နားလည်ခဲ့ပြီ

နောက်ဆို သမီး အမြဲ သတိထားပါ့မယ် အဖေ .....။
-------------------------------------------------------
အ ဖေ တွေ ရဲ့ ရင် တွင်း စကား

“သားသမီးတွေအိမ်ပြန်လာတိုင်း
ကျုပ်ကဧည့်ခန်းထဲမှာထိုင်နေတယ်…….
သူ့အမေကိုမမြင်တော့..
အ မေ ရောလို့မေးကြတယ်…။

သူ့အမေငုတ်တုတ်ထိုင်နေတဲ့အခါကြ တော့ .. အ ဖေ ရောလို့မမေးကြဘူး….. ကျုပ်ခံစားရတယ်ဗျာ……..။”

သားသမီးတွေရဲ့ပါးစပ်ထဲ
ကိုထမင်းခွံ့ကျွေးတဲ့အမေ….ထမင်းပန်းကန်ထဲကိုထမင်းခူးပေးတဲ့အမေ…..
မီးဖိုချောင်ထဲတကုပ်ကုပ်နဲ့အလုပ်ရှုပ်နေတဲ့အမေ…..
သူတို့အမေကိုတော့ သားသမီးတွေက ချစ်လိုက်ကြတာ……
အဲဒီထမင်းတွေဖြစ်လာဖို့ကျုပ်တို့
ဘယ်လောက်အထိ
သူတို့ကွယ် ရာမှာအလုပ်လုပ်နေရတယ်
ဆိုတာသူတို့မတွေးမိဘူးဗျ……။

“သရက်သီးခူးကျွေးတဲ့သူတို့အမေ
ကိုတော့သား သမီးတွေက ကျေးဇူးတင်လိုက်ကြတာ
ချစ်လိုက်ကြတာ……။

ဒီသရက်ပင် ကိုမိုးထဲလေထဲရွံ့ထဲဗွက်ထဲမှာအအေးမိခံပြီးစိုက်ပျိုးပေးခဲ့တဲ့ကျုပ်တို့လို
ဖခင်တွေရဲ့နှလုံးသားကိုတော့
နားမလည်ကြဘူး…မမြင်ကြဘူး………။

“သားသမီးဆိုတာသူတို့အမေရဲ့နို့ဖိုးကိုသာမြင် လွယ်ကြတာပါဗျာ….

ကျုပ်တို့လို
ဖခင်တွေရဲ့ချွေးဖိုးကိုတော့တန်ဖိုးထားရကောင်းမှန်းမသိကြပါဘူးဗျာ….

တစ်သက်လုံးစို့နေတဲ့ချွေးကို
နို့လောက်မချိုမြိန်ဘူးလို့ထင် တတ်ကြတယ်ဗျ……………။”

“ထီးမိုးပေးတဲ့မမေ့ရဲ့မေတ္တာကိုတော့
ချက်ချင်းသိတတ်လိုက်ကြတာ….

လုံခြုံနွေးထွေး
တဲ့ဘ၀ကိုဖန်တီးပေးနေတဲ့ဖခင် တစ်ယောက် ရဲ့ချစ်ခြင်းနဲ့မေတ္တာကိုတော့မသိကြ….
မမြင်ကြဘူးဗျာ…………….။”

“သားသမီးတွေက..သောက်ရေအိုးထဲက ရေအေးအေးကိုခပ်ပြီး
တိုက်တဲ့အမေ့ကိုတော့ချစ်ကြတယ်….

.အဲဒီသောက်ရေအိုးကိုရေအပြည့်ဖြည့်
ပေးထားတာကျုပ်တို့အဖေတွေပါဗျာ……

“ပန်းပန်ပေးတဲ့မိခင် ရဲ့အချစ်ကိုသာခံစားတတ်ကြတာပါ….

ပန်းပင် ကိုပျိုးပြီးပန်းကလေး
တွေပွင့်လာအောင်ရေ လောင်းပေါင်းသင်ပေးနေတဲ့ကျုပ်တို့လိ
ုဖခင်တွေရဲ့အချစ်ကို
တော့သူတို့လေးတွေမခံစားတတ်ကြပါဘူး…..သိစေချင်တယ်ဗျာ…………..။”

“မိကောင်းဖခင် ဆိုတဲ့စကားကိုအိမ်က
မိန်းမတွေ သဘောပေါက်သင့်တယ်…

မြန်မာစကားက
အဓိပ္ပါယ်လေးနက်တယ်ဗျ……..။ မိကောင်းဖခင် ဆိုတာ….. အမိကောင်းမှအဖကိုခင် တယ်..
လို့ဆိုလိုတာဗျ…….

အဖကိုမခင် တွယ်တဲ့သားသမီးဖြစ်နေ
ရင် အဲဒီသားသမီးရဲ့မိခင် မ ကောင်း
လို့ပဲ……..။

ဦးဘုန်း(ဓါတု)

*တပေါင်းလပြည့် အ ဖေနေ့ အတွက်
ကမ္ဘာပေါ်ရှိသားသမီးများကိုပြုစု
ပျိုးထောင် ပေးသော ဖခင် များအားလုံးကို
ပျှော် ရွှင်ဖွယ် ရာနေ့ရက်များကြိုနေပါစေဟု…

Credit To : ငြိမ်းလဲ့

Sunday, May 11, 2014

အမေ့ဘေးမှာ ဘွဲ့ယူခဲ့သော အမေရိကန် အထက်တန်း ကျောင်းသူလေး


အမေရိကန် ပြည်ထောင်စု အရှေ့ပိုင်း မေရီလန်း ပြည်နယ်က အထက် တန်း ကျောင်းတစ်ခုမှ စီနီယာ တန်း အောင်သွားတဲ့ ကျောင်းသူ Megan Sugg ဖြစ်ပါတယ်။ ရက်ပိုင်း အတွင်း ကွယ်လွန်တော့မယ့် ချစ်ရတဲ့ အမေဘေးမှာ စီနီယာတန်း အထက်တန်း ကျောင်းဆင်း graduation ပွဲ အသေးစား တစ်ခုကို ပြုလုပ်ခဲ့ ပါတယ်။ အမေများနေ့ မတိုင်ခင် ရှေ့တစ်ရက် မှာပါ။

သက္ကရာဇ် ၂၀၁၀ ခုနှစ်က စလို့ Megan Sugg ရဲ့ အမေဟာ ကင်ဆာ ရောဂါနဲ့ အိပ်ယာပေါ် စလှဲပါတော့တယ်။ အဲ့တုန်းက အသက် ၄၄ နှစ်ပါ။ ၂၀၁၄ ခုနှစ် နှစ်ဝက် မရောက်ခင် သေရမယ်ဆို တာ သေ ချာ နေတော့ ဇွန် ၁၀ ရက်မှ ဘွဲ့ယူမယ့် သမီး ရဲ့ ဘွဲ့ယူ အခမ်းအနား ကို သူမ အမေ တက်နိုင်မှာ မဟုတ် ပါဘူး။ ဒါကြောင့် ကျောင်းက ဆရာတွေ၊ ပါမောက္ခတွေကို အကူအညီ တောင်းပြီး တရားဝင် မဟုတ်တဲ့ ဘွဲ့ယူခြင်း အခန်းအနားကို ဆေးရုံထဲမှာပဲ အဆင်ပြေဆုံး ဖြစ်အောင် ပြုလုပ်ခဲ့ကြ ပါတယ်။

သမီးလေး ဘွဲ့ယူတဲ့ အခမ်းအနား ၊ အောင်မြင်မှု မှတ်တိုင် စိုက်ချိန်မှာ အမေ ဘေးမှာ ရှိနေမယ်လို့ ကတိပေးထားလို့ ဖြစ်ပါတယ်။ ဒီတော့ ကျောင်းပြီး ပေမယ့် ဘွဲ့ယူဖို့ တစ်လလောက် လိုနေသေးတဲ့ သမီးလေးဟာ အမေ့ ဆန္ဒ ပြည့်ဖို့အတွက် ဘွဲ့နှင်းသဘင် အသေးစားကို အမေ့ ကုတင်ဘေးမှာပဲ ပြုလုပ်ခဲ့ ပါတယ်။

အမေရိကန် ရဲ့ အမေများနေ့ မေလ ၁၁ ရက်နေ့ မရောက်ခင် ပြုလုပ်ခဲ့တဲ့ အမေ့ဘေးက သမီး ဘွဲ့နှင်းသဘင်က တစ်ကမ္ဘာလုံးက သိမြင်ရသူတွေကို ဝမ်းနည်း ကြေကွဲစေခဲ့ ပါတယ်။
.
Ref: Dailymail
အောင်ခမ်း (ရိုးရာလေး)

Saturday, April 19, 2014

သဲသောင်ပြင်ပေါ်ရှိ လိပ်ဥများ (သို့) မေတ္တာဓာတ် အားကြီးသော အမျိုးသမီးများအကြောင်း


မ၊ သတ္တဝါတို့၏ မေတ္တာတရား အားကြီးတတ်ပုံကို လိပ်မတို့၏ သဘာဝဖြင့်လည်း သိနိုင်ပေသည်။ လိပ်တို့၏ သဘာဝမှာ ရေထဲတွင်အနေများ၏။ သို့သော် ဥ ဥသောအခါတွင်မူ ရေတွင်ဥလေ့ မရှိပေ။

ကမ်းစပ်သဲသောင်ပြင်ပေါ်သို့တက်၍ သဲသောင်များကိုယက်ပြီး ဥလေ့ရှိ၏။ ဥပြီးသောအခါ သဲများဖြင့် ပြန်၍ဖုံးအုပ်၏။ မြွှေစသောဥစား သတ္တဝါတို့၏ အန္တရာယ်မှ ကာကွယ်ရန် ဖုံးခြင်းဖြစ်၏။ လိပ်မတို့သည် ဥပြီးသောအခါ ရေထဲသို့ ပြန်၍ဆင်း၏။ ယင်းဥတို့ကို ဝပ်ခြင်းမရှိပေ။ သို့သော် ထူးဆန်းသည်မှာ လိပ်မ၏ မေတ္တာကြောင့် ယင်းဥတို့ ပေါက်ဖွားလာကြရ၏။ ဥ- ဥသော မိခင်လိပ်မကြီး သေဆုံးသွားလျှင်မူ သဲသောင်ပြင်မှ လိပ်ဥတို့သည်လည်း လိပ်ကောင်ပေါက်ကလေးများ အဖြစ်သို့ ရောက်မလာတော့ဘဲ ပုပ်သိုးပျက်စီးသွားသည်ဟူ၏။
မိခင်လိပ်မကြီး၏ အဝေး၌ရှိသော လိပ်ဥတို့သည် အဘယ်ကြောင့် မိခင်လိပ်မကြီး အသက်ရှင်နေမှသာ မပျက်မစီး ပေါက်ဖွားလာကြပြီး မိခင်လိပ်မကြီး သေဆုံးသွားသည့်အခါတွင် အဘယ်ကြောင့် လိပ်ဥများ ပုပ်ပျက်သွားရသနည်း။ လိပ်ဥတို့သည် မိခင်လိပ်မကြီးနှင့် တွေ့ထိ ဆက်စပ်မူ ကင်းသည် မဟုတ်လော။ ထို့ကြောင့် မိခင်လိပ်မကြီး မရှိသော်လည်း ဥအဖြစ်မှ အကောင်ပေါက်အဖြစ် ရောက်လာသင့်ပေသည်။
သို့သော် တကယ့်လက်တွေ့တွင် ယင်းသို့ မဖြစ်ပေ။ ထိုအချက်သည်ပင် မိခင်လိပ်မ၏ မေတ္တာကို နက်နက်ရှိုင်းရှိုင်း ဖော်ပြလိုက်ခြင်းဖြစ်သည်။
ဤအကြောင်းနှင့် ဆက်စပ်၍ သံယုတ်အဋ္ဌကထာ၌လည်း အောက်ပါအတိုင်း တွေ့ရပေသည်။
လိပ်မများသည် ဥရန် အချိန်တန်လာသောအခါ မဟာသမုဒ္ဒရာရေမှ တက်လာပြီး သဲသောင်ပြင်တို့၌ သဲသောင်ပြင်တို့ကို ယက်၍ ဥများ ဥကြ၏။ ဥဥပြီးသောအခါ ဥတို့ကို သဲဖြင့်ဖုံးလွှမ်း၍ မဟာ သမုဒ္ဒရာရေသို့ ပြန်လည်ဆင်းသက်ကြကုန်ei၏။ ထိုဥတို့သည် လိပ်မတို့နှင့် ဆက်စပ်နေသည့် အစွမ်းအားဖြင့် မပုပ်မသိုးဘဲ လိပ်ကလေးများမွေးဖွားလာကြကုန်၏။
ဤသို့လျှင် အသိဉာဏ်မရှိသော အဟိတ်တိရ စ္ဆာန်မတို့၌ပင် ကြီးမားသော မေတ္တာတရား နူးညံ့သိမ်မွေ့သော မေတ္တာတရားတို့ကိုတွေ့ရပါက အသိဉာဏ်ရှိ၍ ကောင်းမူ၊ ဆိုးမူ စသည်တို့ကို စဉ်းစားဆင်ခြင် နှိုင်းချိန်တတ်သော ဉာဏ်ကြီးရှင် လူသားဖြစ်သည့် အမျိုးသမီးတို့၌ အဘယ်သို့လျှင် ကြီးမားနူးညံ့သော မေတ္တာတရာ မကိန်းအောင်းဘဲ ရှိပါအံ့နည်း။ အဟိတ်တိရစ္ဆာန်တို့ထက် သာလွန်သော မေတ္တာတရားရှိရမည်သာ။ ထို့ကြောင့် မ ဗီဇဖြစ်သော အမျိုးသမီးတို့သည် မေတ္တာဓာတ် အားကြီးသူများဖြစ်ကြောင်း အသိအမှတ်ပြုသင့်လှပေသည်။

D-eXistence မှ အရှင် ကောလိယ ရေးသားပြုစုတော့ " အမျိုးသမီးဘဝနှင့် ဗုဒ္ဓအမြင် " စာအုပ်မှ ကူးယူဖော်ပြပါသည်။

ဓမ္မနဒီ

Sunday, March 23, 2014

သေဖော်ညှိ လောကထဲကလူ


တစ်ခါတုန်းက ညီအစ်ကိုနှစ်ယောက် ရှိကြပါတယ်။ အစ်ကိုက ရှစ်တန်းကျောင်းသား ဖြစ်နေချိန်မှာ ညီက သူငယ်တန်းတက်ခါစ အရွယ်။ အသက်ကွာသလို အရပ်ကွာတယ်။ ခြေတံလက်တံကွာတယ်။
တစ်ရက်မှာ မီးဖိုချောင်ထဲကို ညီအငယ်ကောင် ၀င်လာချိန် အစ်ကိုမုန့်ခိုးစားနေတာနဲ့ ပက်ပင်းတိုးပါရော။ အမေနဲ့ တိုင်ပြောမယ်ဆိုတော့ အစ်ကိုက ညီကိုချော့တယ်။ မတိုင်ပါနဲ့ ညီလေးရာ၊ မင်းကိုလည်း မုန့်ကျွေးပါမယ်ပေါ့။ ညီကလည်း စဉ်းစားတယ်။ ငါ့အရပ်နဲ့ လှမ်းလို့မမှီဘူး။ အစ်ကိုကျွေးမှ စားရမှာ။ နောက်ပြီး ငါခိုးစားတာမှ မဟုတ်ဘဲ။ သူပေးတာယူတာဟာ ဘာညာပေါ့လေ။
အစ်ကိုပေးတဲ့ နှုတ်ပိတ်ခ မုန့်လေးတစ်ခုနဲ့ ကျေနပ်ပြီးနေခဲ့တယ်။ အစ်ကိုကလည်း လောဘတကြီးနဲ့ ဘယ်လောက်ခိုးစားသလဲ မသိပါဘူး။ မုန့်တွေလျော့တယ်။ မုန့်ကုန်တာ မြန်တယ်ဆိုပြီး အမေ့မှာ မုန့်ကြွပ်တွေကို ရေတွက်မှတ်သားရတဲ့အလုပ် ပိုလာပါတယ်။ အဲဒီခေတ်က မုံရွာမှာ ကျောက်တိုင်တံဆိပ် မုန့်ကြွပ်ဆိုတာ အင်မတန် နာမည်ကြီးတာကလား၊၊
အဲဒီနောက်မှာ မုန့်တွေမလျော့တော့ပေမယ့် အရွယ်တွေသေးကုန်တယ်။ မုန့်ပုံးကို ခလောက်ပြီး မုန့်ကြွပ်အကြွေ အမှုန့်တွေကျအောင်လုပ်ပြီး ယူစားတာကိုများ (စကားချပ်)
စာဖတ်တတ်စ ပုံပြင်တွေဖတ်တော့ ခိုးစားတဲ့အကြောင်းပါတဲ့ ပုံပြင်တစ်ပုဒ် ဖတ်မိတယ်။ ဇာတ်လိုက်က လူတော့မဟုတ်ဘူး။ မြေခွေး။ မြေခွေးတစ်ကောင်က လူတွေအလစ်မှာ ရွာထဲဝင်ပြီး ကြက်တွေခိုးစားတယ်။ နောက်တော့ ကြက်တွေပျောက်လွန်းတာနဲ့ ထောင်ချောက်ထောင်ပါရော။ အစာငတ်တော့ မြေခွေးထောင်ချောက်မှာ တန်းခနဲ မိတော့တာပေါ့။ လူတွေအလာမှာ သေမှာကြောက်တာနဲ့ အတင်းရုန်းပြီး ပြေးတဲ့အခါ ထောင်ချောက်မှာ ညပ်နေတဲ့အမြီး ပြတ်ပြီးကျန်နေခဲ့တာပေါ့။
အင်္ဂါမစုံတော့တဲ့ မြီးပြတ်မြေခွေးကို ကျန်တဲ့မြေခွေးတွေက ၀ိုင်းပြီးကဲ့ရဲ့ကြသတဲ့။ အဲဒီမှာတော့ မြီးပြတ်မြေခွေက အမြီးရှိတာ မကောင်းကြောင်း၊ ပြေးလွှားရတာ လွပ်လွပ်လပ်လပ် မရှိကြောင်း၊ ထောင်ခြောက်မှာလည်း မိနိုင်ကြောင်း၊ ကံမကောင်းရင် သေနိုင်ကြောင်းပြောတယ်။ ဆက်ပြီးတော့ အဲဒါကြောင့် ကျန်တဲ့မြေခွေးတွေလည်း အမြီးဖြတ်ကြဖို့ တိုက်တွန်းတယ်။ အီစွတ်ပုံပြင်ထဲက မှတ်မိသမျှ တစ်ပုဒ်ပါ။


အရွယ်လေးရောက်လာတော့ ပညာတွေတတ်လာတယ်။ အပေါင်းအသင်းတွေ များလာတယ်။ အတွေ့အကြုံက စုံလာတယ်။
တစ်ရက်မှာ သူငယ်ချင်းတစ်စု ဂေါက်သီးရိုက်ကြတယ်။ ပြောရရင် ငွေကြေးအထိုက်အလျောက် ပြည်စုံပြီး အခြေအနေတစ်ခုမှာ ရောက်နေကြတဲ့သူတွေ ဖြစ်ကြပါတယ်။ ရိုက်တဲ့နေရာက မြို့တော်ရဲ့ ဂေါက်ကွင်းမှာ။
ဒီကွင်းမှာရိုက်တော့ ဒီစည်းကမ်းပေါ့ဗျာ။
ဒေသန္တရ စည်းမျဉ်းစည်းကမ်း (Local Rules) ဆိုတာ ရှိတယ်လေ။ Fair Way အတွင်းမှာဆိုရင် ဂေါက်သီးဘောလုံးကို သုတ်ခွင့် သန့်ရှင်းခွင့် တည်ခွင့်ပေးတယ်။ အပြင်ဘက် ရောက်သွားရင် ဘာမှလုပ်လို့ မရဘူး။ မထိမကိုင်ရဘူး။ ဒီအတိုင်းပဲ ရိုက်ပေတော့။
ကစားသမားတစ်ယောက်က ဘာလုပ်လဲဆိုတော့ ဖဲယားဝေးအပြင်ဘက် မြက်ကြမ်း (Rough) ထဲရောက်သွားတဲ့ ဘောလုံးတွေလည်း သုတ်တယ်၊ ကိုင်တယ်၊ ရိုက်ကောင်းအောင် ကျကျနနတည်တယ်။ ကယ်ဒီကောင်းမလေးကို လုပ်ခိုင်းတယ်။ အဲရီ ကလေးမကလည်း လုပ်ပေးတယ်။ အဲဒီတော့ ဘာဖြစ်လဲ။ သူ့ရိုက်ချက်တွေ အကုန်လုံးကောင်းတာပေါ့။
ကျန်တဲ့ထဲက ကစားသမား (Golfer) တစ်ယောက်က အဲဒီလူ ဘာလုပ်သလဲဆိုတာ မြင်တယ်။ ကြည့်နေတယ်။ ကြာတော့ လိပ်ပြာမလုံ ဖြစ်လာလို့လားတော့ မသိပါဘူးရယ် (Rough)ထဲမှာ လုပ်ချင်တာလုပ်ပြီးရိုက်တဲ့ သန်တည်ရိုက်ကစားသမားက ဟိုဆရာကလေးကိုပါ အခွင့်အရေးပေးသလိုနဲ့ သူလိုရိုက်အောင် သွေးဆောင်တယ်။ ဖြားယောင်းတယ်။
“နေရာမှ မကောင်းဘဲဗျာ။ ရွှေ့ရိုက်ပါဗျ။ သစ်ပင်မလွတ်ဘူး ဖြစ်နေတယ်။ လွှတ်အောင်ရွှေ့လိုက်ပါဗျ”
“ဒါနဲ့ခင်ဗျားက လုပ်ရောလား”
“လုပ်စရာလားဗျာ။ စည်းနဲ့ကမ်းနဲ့ ကစားတဲ့ကောင်ဗျ။ မျက်နှာကိုကြည့်ထား”
“ခင်ဗျားက အဲဒီလူကို မလုပ်ဖို့မပြောဘူးလား”
“ပြောစရာလားဗျာ။ သူလဲ ဂေါက်ဖာ (Golfer) ပဲဥစ္စာ။ ရိုက်လာတာ သေတော့မယ်”
“ခင်ဗျားတို့ အဲဒါခက်တာပေါ့ဗျာ။ ကိုယ်မဟုတ်တာ မလုပ်ရုံနဲ့ မပြီးသေးဘူးဗျ။ သူများမဟုတ်တာ လုပ်တာတွေ့ရင် သတိပေးတန်ပေး၊ တားမြစ်တန် တားမြစ်ရမှာပေါ့”
“နေစမ်းပါဦး။ ခင်ဗျားတို့ ကစားတာက အပျော်သက်သက်လား၊ လောင်းကြေးလေးဘာလေး မပါဘူးလား”
“တစ်ကျင်းတစ်ထောင် နိုင်သူစား၊ ပိုက်ဆံကြေး နည်းနည်းပါးပါး ပါတာပေါ့ဗျာ”
“အဲဒါဆိုရင်တော့ ခင်ဗျားတို့ ရှုံးဖို့များပြီ။ ဟိုလူက နဂိုကတည်းက လက်ရည်ကောင်းတဲ့လူ”
“ပိုက်ဆံကြေး ပါသေးတယ်လည်းပြောရဲ့။ သူများမဟုတ်တာ လုပ်တာကို ကြည့်နေတယ်။ ဘာမှမပြောဘူး။ ရှုံးတာ နည်းတောင်နည်းသေးတယ်”
“လူတွေကလည်း ခက်တယ်ဗျာ။ စည်းမျဉ်းစည်းကမ်း ဥပဒေဆိုတာ ရှိတာတောင်မှ ကျော်လွန်ပြီး လုပ်ချင်ကြတယ်။ အခွင့်အရေး သိပ်ယူချင်ကြတယ်”
“အဲဒါတွေပေါ့ဗျာ။ ဘောင်ထဲကနေ မှန်မှန်ကန်ကန် ပြိုင်ကြစမ်းလည်းဆိုရော ခွက်ခွက်လန်အောင် ရှုံးရောဆိုတာ”
မနက်ဂေါက်ကွင်းကအကြောင်း ညနေမှာဝိုင်းဖွဲ့ရင်း အတင်းတုပ်တော့ ပြောကြတဲ့ စကားတွေပါ။
ငယ်ငယ်တုန်းက ခိုးစားတဲ့မုန့် ဝေစုယူမိတဲ့အခါ ကြံရာပါ ဖြစ်သွားတယ်။ “သူကျတော့ အများကြီးစားပြီး။ ငါ့ကိုကျတော့ တစ်ခုပဲပေးတယ်။ ရပါတယ် ငါမှအရပ်မမီသေးဘဲ။ လက်တံမရှည်သေးဘဲ။ ငါကြီးလာရင်တွေ့မယ်။ ငါ့ဘာသာ အများကြီး ယူစားပစ်မယ်” ဆိုတာမျိုးတွေ ဆက်လာရင် မကောင်းတော့ပါ။
ကိုယ်အမြီးပြတ်သွားတာနဲ့ တခြားအကောင်တွေပါ အမြီးဖြတ်ဖို့ စည်းရုံးတာ မြေခွေးလောကမှာ ဖြစ်နိုင်တဲ့ ကိစ္စရပ်တစ်ခုပါ။ ဘာမှ သိပ်မဆန်းလှပါဘူး။
ဒါပေမဲ့ မြေခွေးလောကက မြေခွေးတွေရဲ့ အမူအကျင့်တွေ လူလောကထဲ ၀င်ရောက်လာမယ် ဆိုရင်တော့ အင်မတန်ဆိုးတဲ့ ကိစ္စရပ်ကြီး ဖြစ်ပါတယ်။ အင်မတန်ဆန်းတဲ့ ဖြစ်ရပ်ကြီးပါ။ အဲဒါမျိုးဖြစ်ခဲ့ရင် သိပ်ကြောက်ဖို့ကောင်းပါတယ်။ မြေခွေးလောက်များ သနားတယ်ဖြစ်သွားလိမ့်မယ်။ ဉာဏ်နီဉာဏ်နက် သာမက ဉာဏ်ခရမ်းရောင် ဉာဏ်မဲနယ်ပုပ် ဉာဏ်မီးခိုး အမျိုးမျိုး အထွေထွေသော ဉာဏ်တွေက အရောင်စုံလှတယ် မဟုတ်လားဗျာ။

(Written by: မောင်စံပေါ)
Credit to Eleven Daily Newspapers

"မရိုက်ပါနဲ့ မေမေရယ်"


သူတို့က ခွေးကျွေးတာတဲ့
ထမင်းဖြူဖွေးဖွေး မွှေးကမွှေးနဲ့
ငေးရင်းငေးရင်း
ဗိုက်ဆာဆာ ပြေးကောက်ခဲ့မိတာ
မရိုက်ပါနဲ့ မေမေရယ်

သူတို့က ကျောင်းတက်တာတဲ့
ဖြူဖြူလှလှ ရွရွလေးလှမ်း
တခမ်းတနား လမ်းသလားနေ
သားလေ
ဒီအမှိုက်အိတ်တွေ ထမ်းမထားချင်တော့ဘူးမေမေ
နေ့စဉ်ရက်ဆက် ကျောင်းသွားကျောင်းတက်
စာဖတ်လျက်ပဲ နေချင်တယ်
မရိုက်ပါနဲ့ မေမေရယ်

သူတို့က dinner party ပေးတာတဲ့
မွေးနေ့ရက်မြတ် ဆိုလား
သောက်ပွဲစားပွဲ ကားကြီးကားငယ်အသွယ်သွယ်
အဲဒီနယ်ပယ်မျိုး ဝင်တိုးချင်လိုက်တာ
မရိုက်ပါနဲ့ မေမေရယ်

သူတို့အိမ်က ခွေးကိုက်တယ်မေမေ
ဆူတယ်ဆဲတယ် ကန်ကြောက်ရယ်နဲ့
ကြောက်လို့ အမှိုက်မကောက်ခဲ့တာ
မရိုက်ပါနဲ့ မေမေရယ်

နေပူရင် နေဒဏ်စူး
မိုးရွာလာရင် မိုးယိုမဆဲ
ဆောင်းထဲမှာဆို နှင်းရွှဲရွှဲစို
ဒီအိမ်ကို မနေချင်တော့ဘူး
မရိုက်ပါနဲ့ မေမေရယ်

( သူရသ )
သူငယ်ချင်းသုသု wall မှကူးလာပါသည်။

Friday, March 14, 2014

လက်ခံတတ်အောင် သင်ယူခြင်း


ကျမ အခုရေးမဲ့အကြောင်းအရာလေး ကို ကျမရေးချင်နေခဲ့တာကြာပါပြီ ..
အထပ်ထပ်စဉ်းစားတွေးတောနေမိနေလို့ ပါ ..
ရေးလိုက်တာတော့ ဟုတ်ပါရဲ့ ..
ဖတ်ပြီးရင် လူတွေ က ဘယ်လိုတွေတွေးနေကြမှာလဲ ..
ဘယ်လို ထင်မြင်ချက်တွေ ပေးနေကြမှာလဲ .. ဒါတွေ ကို တွေးမိတိုင်း ..
ကျမ လက်ချောင်းတွေ keyboard ပေါ်ကနေ တပ်ဆုတ်ပြီး ပြန်သွားခဲ့ပေါင်းများပေါ့..

ဒါပေမဲ့ .. ကျမ ၇ဲ့ msg box ထဲ ကို အချိန်မှန် ဝင်ဝင်လာတတ်တဲ့ ..
ညီမလေးတွေ ရဲ့ msg တွေကို ဖတ်လိုက်ရတိုင်း ..
ကျမ ဒီစာကို ရေးချင်တဲ့ စိတ်တွေဟာ ပို ပို ထကြွလာပါတော့တယ် ..

ထင်ချင်သလိုသာ ထင် .. ကြ ပါ စေ တော့ ..
ကျမ တော့ ရေးလိုက်တော့မယ် ..
ကျမရေးတယ်ဆိုတာကလဲ ..
ကျမ ရဲ့ အိမ်ထောင်သက် ၁၆နှစ် ရဲ့ အတွေ့အကြုံ ဖြတ်သန်းမှုတွေ ကို အရင်းတည် ..
ပြောင်းလဲလာတဲ့ လူနေမှု ခေတ်စနစ် ကို တွေးဆ လို့ ရေးချလိုက်မှာဖြစ်ပါတယ် ..

ကဲ .. စလိုက်ကြစို့ ရဲ့ ..

ကျမ ရဲ့ msg box ထဲမှာ လူများစွာဆီ က msg လေးတွေ တနေ့ တမျိုး မရိုးရလေအောင် ဖတ်ရပါတယ် ..
ဖတ်ရတဲ့ အများစု က ကျမ ကို အမတယောက်လို သဘောထားပြီး ရင်ဖွင့်ကြတာမျိုး က များပါတယ်
များသောအားဖြင့် .. ကိုယ့် ခင်ပွန်းသည်တွေ က ကိုယ့်အပြင် အိမ်အပြင်မှာ ..
တခြားတယောက် ကို တွယ်တာနေကြပါတယ် ဆိုတဲ့ ဇာတ်လမ်းတွေ က တော်တော်များပါတယ် ..

တယောက်သောညီမလေးက ကျမ ကို ရင်ဖွင့်လာချိန်မှာ ..
ကျမ က ပြန်မေးမိတယ် ..
ညီမရေ .. သမီးက အိမ်ရှင်မ လား ..
ဒါမှမဟုတ် working mother လားလို့ ..
ကျမ ဘာလို့ မေးလဲ ဆိုတာ အိမ်ထောင်ရှင် အမျိုးသမီးတွေသိကြပါလိမ့်မယ် ..
တကယ်တော့ ကျမ တို့ အများအခေါ် နံပါတ် ၁ ပေါ့လေ ..
အဲလိုလူမျိုးတွေဟာ .. အမြဲတစေ စင်ပေါ်က လူတွေ လို့
ကိုယ့် ကို ကိုယ် ခံယူတတ်ရပါတယ် ..
ခံယူတတ်ရုံမက .. ကျင့်လဲ ကျင့်ကြံနေထိုင်တတ်ရပါမယ် ..
ခု ခေတ် ဆိုတာ ..
၂၀၁၃ ဆိုတာကို ကုန်လွန်လို့ ၂၀၁၄ ဆိုတဲ့နှစ်ကို ကူးပြောင်းတော့မဲ့ IT ခေတ်ကြီး မှာ
ကျမ တို့ တွေ ဟာ အရာရာ ကို ခေတ်အမြင်နဲ့ ကြည့် ရှု သုံးသပ်ပြီး နေတတ်ထိုင်တတ်ဖို့ လိုအပ်လှပါတယ် ..

ဘာလို့လဲ လို့ စောဒကတက်ချင်ကြတာလားဟင် ..
အိုကေ .. ပြောပြမယ် ..

ကျမ တို့ ငယ်ငယ်တုန်း က နှစ်သက်သဘောကျဖူးခဲ့တဲ့ ..
ကျော်သူ စိုးသူ တူးတူး လွင်မိုးတို့ လက်ထက်အထိ ..
မင်းသား မင်းသမီးတွေဟာ ..
တော်ရုံတန်ရုံ ပေါ်ပေါ်ထင် အိမ်ထောင်မပြုရဲကြပါဘူး ..
အထူးသဖြင့် အမျိုးသားအနုပညာသည်တွေပေါ့လေ ..
မဟုတ်ဘူးလို့ မငြင်းပါနဲ့နော် ..
ကျမ ကိုယ်တိုင် လက်တွေ့ ခံစားခဲ့ရတာပါ ..
မှတ်မှတ်ရရ ပထမဆုံး ကျမ တို့ ခံစားရတာ ..
ကျမ တို့ စွဲလမ်းနှစ်သက်ရတဲ့ အဆိုတော် တူးတူး မင်္ဂလာဆောင် တဲ့ အချိန်မှာပါ ..
နှစ်အပိုင်းအခြား ကို မမှတ်မိတော့ပေမဲ့ ..
သူ မင်္ဂလာဆောင်တဲ့နေ့ ဟာ April 22nd ဆိုတာ ကျမတို့ သူငယ်ချင်းတသိုက် ရင်ထဲ ခုချိန်ထိ စွဲလို့ မှတ်မိနေပါသေးတယ် ..
ဘာလို့ လဲသိလား ..
သူ့ ကို ကျမ တို့ က ချစ်တာပဲ သိတာမို့ ..
အနုပညာ ဆိုတာလဲ နားမလည်ဘူး ..
သူဟာ မင်္ဂလာဆောင်လိုက်ပြီ ဆိုရင်
တပါးသူ ရဲ့ ခင်ပွန်းလင်ယောက်ျား ဖြစ်သွားပြီမို့ ..
ကျမ တို့ က ဆက်ပြီး ချစ်ခင်စွဲလမ်းပိုင်ခွင့် မရှိတော့ဘူး ..
ဆက်ပြီး စွဲလမ်းချစ်ခင်နေရင် ဒု သ န သော ဖြစ်မယ်ဟဲ့ .. ဆိုတဲ့ အသိစိတ်ကိုယ်စီ နဲ့ .. ကိုယ်ရှိန် ကို သတ် ..
သူ့ အပေါ်ညွန့် နေမိတဲ့ ကိုယ်တွေ စိတ်ကို
သူ့ ဆီ က ပြန်သိမ်းခဲ့ရတဲ့ နေ့ ဖြစ်တာမို့ ..
အဲဒီနေ့ကို တသက်တာ အမှတ်ရနေတာပါ ..

ခုခေတ်မှာတော့ .. တိုးတက်လာတဲ့ ခေတ်ရေစီးကြောင်း အပြင် ..
ထိုးဖောက်လာတဲ့ ယဉ်ကျေးမှုတွေ ကလဲ ..
ကိုရီးယား ယဉ်ကျေးမှု .. အတွေးအခေါ်တွေ ဖြစ်လာနေပြီ ဆိုမှဖြင့် ..
ခုခေတ် မိန်းကလေးတွေ ရဲ့ အသိထဲ ဒု သ န သော ဆိုတာ ဂြိုလ် နဲ့ လားလို့ တောင်မေးယူရတဲ့ အထိ ဖြစ်နေပါပြီ ..

တကယ်တော့ ခင်ပွန်းလင်ယောကျား ဆိုတာ ..
သူတို့ လဲ.. ပုထုစဉ်တွေပါပဲ .. .
ဥပမာပြောရရင် ..
ထမင်းလက်တဆုပ် ကို လက်ထဲကိုင်ပြီး ညှစ်ကြည့် လိုက်ပါ ..
အဲဒီ ထမင်းတွေ က ကြေမွသွားတာတခုပဲ ဖြစ်နိုင်မလား ..
ကြေမွသွားတဲ့ ထမင်းတွေ ဟာ ..
ကိုယ် က ညှစ်လေ .. လက်ချောင်းတွေ ကြားထဲက မရမက ရုန်းကန်တိုးထွက်လေ ဖြစ်လာမှာ သဘာဝပဲလေ ..

ဒီတော့ .. ခုခေတ် နံပါတ် ၁ တွေ ထားရမဲ့ စိတ်ကလေး က ..
၁ .. ကိုယ့် လင်ယောကျား ဟာ .. ကိုယ့် ကို ထောက်ပံ့ ပေးကမ်းရမဲ့ .. လစဉ်ဝင်ငွေ ကို အချိန်တန်ရင် တပြားမကျန် အကုန်အပ်နှံနေတဲ့သူလား ..
( သားသမီး ရှိတဲ့သူတွေ ဆိုရင်တော့ .. ကိုယ့်သားသမီး ကို ချစ်ခင်တွယ်တာစိတ်ပြသနေတဲ့ တာဝန်ကျေပွန်နေတဲ့ အဖေမျိုးလား .. )
၂ .. အချိန်တန် လို့ အိမ်ပြန်ရောက်လာတတ်တဲ့ သူ လား ..
၃ .. အချိန်တန် လို့ အိမ်ပြန်ရောက်လာပေမဲ့လဲ မိန်းမ လုပ်သူ ကို ငြူစူဆောင့်အောင့် ရိုက်ပုတ်နှိပ်စက်နေတတ်တဲ့သူမဟုတ်ဘဲ ကြင်ကြင်နာနာ မရှိတာတောင် ပုံမှန်ဆက်ဆံနေသေးတဲ့သူလား ..
၎. ယုတ်အစွဆုံး .. အိပ်ရာဝင်ချိန် … တိုင်း .. ကိုယ့်ဘေးမှာ သူ ရှိနေသေးသလား ..

အဖြေတွေ အားလုံး ဟာ Yes ဖြစ်နေမယ် ဆိုရင်တော့ ..

အိုကေ ..

နံပါတ် ၁ ဆိုတဲ့ နေရာမှာ အေးအေးသက်သာနေလို့ ..
ခုခေတ်ယောက်ျား တယောက် ..
ရသင့်တဲ့ ဘောင်တခုအတွင်းကနေ ရသင့်ရထိုက်တဲ့
အခွင့်အရေးကို ကြည်ကြည်ဖြူဖြူပေးလိုက်ပါတော့ ..

ဘဝင်မကျကြဘူး မဟုတ်လား ..
လက်မခံနိုင်ကြဘူး မဟုတ်လား ..
တည .. ၂ ည .. ၃ .. ည အချိန်ပေးပါ့မယ်
သေသေချာချာစဉ်းစားကြည့်ကြပါပေါ့လေ ..

ခုခေတ် က ကျမတို့ ခေတ်တုန်းကလို ..
မယားငယ်လို့ အခေါ်ခံရမှာ ..
တိတ်တိတ်ပုန်းမယား Keeping လို့ အခေါ်ခံရမှာကို ..
သေမတတ် နာကျင်ခံရခက်တဲ့ ခေတ်မှ မဟုတ်တော့တာ ..
မယားငယ် ဆိုတဲ့ ဝေါဟာရထက် ကို " ငါ မယားပြိုင် " ဆိုတဲ့ အသုံးအနှုန်း ကို ..
နံပါတ် ၂ နေရာကို ယူထားတတ်တဲ့ မိန်းမတော်တော်များများ က ..
မြိန်ရည်ရှက်ရည် စားသုံးတတ်နေတဲ့ ခေတ်ကြီးမှာ ..
တကယ်တမ်း ကိုယ့် အိမ်ဦးနတ် က ကိုယ့်အပြင် ..
တခြားတယောက် ရှိနေပါပြီ ဆိုတဲ့အခြေအနေမှာ ..
ကိုယ် က ပိုတင်းကျပ်လိုက်မယ် ဆိုရင် ..
ဘယ်လိုအကျိုးအမြတ် .. ဘယ်လို ဆုတ်ယုတ်မှုတွေ ရရှိလာနိုင်တယ် ဆိုတာ
ကိုယ့်အသိနဲ့ ကိုယ် နည်းနည်းတွေးတတ်ဖို့တော့လိုပါတယ် ..

နောက်ဆုံး သူ ထားသွားတော့မယ် ဆိုတဲ့ အချိန်မှာ ..
" အားနာလိုက်တာ" ဆိုတဲ့ စိတ်ကလေးတောင် ကိုယ့်အတွက် မရှိတော့ဘဲ ..
" သူ ငါ့ကို တင်းကျပ်ထိန်းချုပ် ဖိနှိပ်စွပ်စွဲတာတွေကြောင့်ပေါ့ " ဆိုတဲ့
သူတို့ ဘက် ကို သူတို့ ကာတွေးတွေးလို့ ပစ်ချသွားနိုင်ပါတယ် ..
ကြားဖူးကြတယ် လား ..
စကားလုံးလေး တလုံးလေ .. " မထူး Shot " တဲ့ ..
ပေါက်တဲ့ နဖူးမထူးတော့ပါဘူးကွာ ဆိုတဲ့ လမ်းစဉ် ကို လိုက်သွားမယ်ဆိုရင်
ကိုယ် ဟာ မှီခိုသူ ဖြစ်ခဲ့ရင် ..
အဲ .. တဖန် ..
ကိုယ့် မှာ ဘယ်လောက်ဝင်ငွေရှိရှိ .. သားသမီးတွေ ရှိနေတယ် ဆိုရင် ..
သားသမီး မရှိတာတောင်မှ ..
ကိုယ် စိတ် က သူ့ ကိုသာ ချစ်ခင်စုံမက်မိနေတယ် ဆိုရင် ..
ဒီလို ဆိုရင်တွေ ပေါင်း များစွာ ကို ..
ကိုယ် က မလွန်ဆန် နိုင်သရွေ့ .. ..
အပေါ်က ကျမပြောခဲ့တဲ့ အချက် ၄ ချက် စလုံး ကို
သူ့ ဘက် ကကြည်ကြည်ဖြူဖြူ လိုက်နာနေသရွေ့ ..
ပတ်ဝန်းကျင်အမြင်မှာ .. သူ ဟာ အိမ်ထောင်ဦးစီးကောင်းတယောက် ရဲ့ စံချိန်စံညွှန်း မှီနေသရွေ့ ..
ဖြစ်ပျက်လာတဲ့ အခြေအနေတွေအပေါ်မှာ ..
ကိုယ် က ပညာသားပါပါ ကိုင်တွယ်ဖြေရှင်းတတ်ဖို့ လိုအပ်လှပါတယ် ..

တဘက် မိန်းကလေး ကို အော်ဟစ် ဆဲ ဆို တာ ..
တဘက် မိန်းကလေး ကို ကိုယ်ထိလက်ရောက် ကျူးလွန်တာ ..
ဒီလို အခြေအနေတွေ ဆိုတာ ..
ကိုယ့် လင်ယောကျား .. က အချိန်တန် အိမ်ပြန်မလာတော့ဘဲ ..
နောက်ထပ် တအိုးတအိမ် ထူထောင်လိုက်တဲ့အချိန် အခါ ..
သူ့ ရဲ့ ဝင်ငွေ တွေ အားလုံးမဟုတ်တောင် တချို့တဝက် ကို ..
တခြား မိန်းမ တယောက် ကို ထောက်ပံ့ပေးကမ်းနေရပြီ ဆိုတာသေချာမှ ..
ပြုမူသင့်တဲ့ အပြုအမူတွေပါ ..

တကယ်တမ်းမှာတော့ တော်ရုံ ပညာတတ် အဆင့်အတန်းရှိတဲ့ အသိုင်းအဝိုင်းက မွေးဖွားလာတဲ့ အဖိုးတန် အမျိုးသမီး ဆိုရင် .. တော့
ဒီလို အပြုအမူမျိုးတွေ မလုပ်တတ်ကြပါဘူး ..
များသောအားဖြင့် ဒီလို အပြုအမူတွေဟာ ..
အလယ်အလတ်တန်းစားဆို တဲ့ အဆင့် ထက် ကို နိမ့်ကျ တဲ့ .. အတန်းအစားတွေလောက်သာ တွေးတောဆင်ခြင်ဥာဏ်ကင်းမဲ့ လို့ ..
ပေါက်ဖွားကြီးပြင်းရာ မိဘ ပတ်ဝန်းကျင် အခြေအနေ နိမ့်ကျလို့ ..
ဝုန်းဒိုင်းကျဲ ရဲ ကြ တာပါ ..

နောက်တဖန် ..
ကိုယ့် ခင်ပွန်း အိမ် ကို ပြန်ရောက်လာချိန်မှာ ..
အိမ်မှာ ရှိနေချိန်တွေမှာ ..
ကိုယ် က တချိန်လုံး ငြူစူစောင်းမြောင်းနေတာ ..
ဘယ်သွားလဲ ..
ဘယ်မှာလဲ ..
ဘာလုပ်နေလဲ ..
ဘယ်သူနဲ့ လဲ .. ဆိုပြီး တချိန်လုံး လိုက်စစ်ဆေးနေတာ ..
ဖြေရခက်တဲ့မေးခွန်းတွေနဲ့ ချောင်ပိတ်ပြီး အတင်းအကျပ် ဝန်ခံစေတာ ..
ဖုန်းတွေ ကို လိုက်စစ် ..
ဟိုလူ့ ဖုန်းဆက်မေး .. သက်သေထူ ..သက်သေခံခိုင်း ..
ဒီလူ့ ဖုန်းဆက်ပြီး တရားခံစစ် စစ် .. နေတတ်တာ ..
ဒါတွေဟာ တကယ်တမ်းပြန်စဉ်းစားကြည့် ရင် ..
တကယ် ကို အမှတ်လျော့စေတဲ့ အပြုအမူတွေပါ ..

အဲ .. ကိုယ့်ဘက် က အဲလို အကောင်းဆုံး နေပေးပါလျက် နဲ့ ..
သူ ခြေလှမ်းမပြင်နိုင်ဘူးဆိုရင်တော့ ..
ပြုသမျှ ခံ .. နု သမျှ စံ မလား ..
ကိုယ် နဲ့ သူ ရေစက် က ဒီဘဝ ဒီမျှသာပဲ .. လို့ လက်ခမောင်းခတ်မလား ..

တကယ်တမ်း ပြန်စဉ်းစားကြည့် ရင် ..
ခုခေတ် နံပါတ် ၁ ဆိုတာတွေဟာ ..
အရင်ခေတ်တုန်းကလို .. ရဲရဲတောက် .. ဟစ်တိုင်တက်လို့ သိပ်မသေချာတဲ့ အခြေအနေတွေ သာဓကတွေ များခဲ့တာမို့ ..
ကိုယ့် အခြေအနေ .. ကိုယ့် ဂုဏ် .. ကိုယ့် အဆင့်အတန်း ကို ထောက်လို့ ..
သိက္ခာရှိရှိ နဲ့ ဘဝ ကို ဖြတ်သန်းသွားနိုင်ဖို့ လိုအပ်လှပါတယ် ..

ကိုယ်ခံစားချက် နဲ့ ကိုယ့် ရပ်တည်မှု ကို အချိုးညီညီ ပိုင်းခွဲလို့ ..
ကိုယ်နေရမဲ့ Cover Gal နေရာမှာ ..
အားလုံး ဂရုမစိုက်ပါဘူးဆိုတဲ့ အတွေးနဲ့ ..
အရာရာ ကို အနိုင်နဲ့ ပိုင်း .. ခပ်ရဲရဲ မပြုံးနိုင်သရွေ့ ..
အပြင်မှာ ပျော်ပါးနေတဲ့ ပျော်ပါးခဲ့ဖူးတဲ့ .. ကိုယ့် အိမ်သား ကို ..
ကိုယ့်ဘေးမှာ အသက်ထက်ဆုံးထားဖို့ ဆိုတာ ..
တော်တော် ခါးသီးတဲ့ အရသာပါ ..

တကယ်တော့ .. ကိုယ် ကို ကိုယ် သာ adjust လုပ်ဖို့ လိုအပ်တာပါ ..
စကားပုံတောင် ရှိသေးရဲ့ မဟုတ်လား ..
ဘာတဲ့ ..
" ခြံခုန်တတ်တဲ့ နွားဆိုတာ နောက်တခါ ခုန်ဖို့ လဲ ဝန်မလေးဘူး " တဲ့လေ
ကိုယ့် ခြံထဲ က နွား က ခြံထဲ က အဖိုးတန်တဲ့ မြက်တွေထက် ..
ဟိုး ရွာပြင် တောကြီးမျက်မဲထဲက မြက်ကြမ်းတွေ ကို မြိန်ရည်ရှက်ရည် သွားစားနေပြီ ဆိုမှတော့ ..
ခြံထဲ က အဖိုးတန်တဲ့ မြက်နုနု တွေ ရဲ့ အရသာ ကို မသိနိုင်တော့ပါဘူး ..
သူ့ လျှာ က ကြမ်းတမ်းသွားခဲ့ပြီလေ … နော် ..

အမ ချစ်ရတဲ့ ညီမလေးတို့ ရေ ..

ဖြစ်လာတဲ့ အခြေအနေမှာ .. အရာရာ ကို ခါးစည်းလို့ ..
Cover gal ဆိုတဲ့ tiltle ကို ကျေကျေနပ်နပ်ကြီး ယူလိုက်ကြစမ်းပါ ..
တနေ့နေ့ .. သူ ပြန်လာတဲ့အချိန်မှာ ..
ကိုယ့် ခြံထဲ က မြက်နုနုလေးတွေ ကို အရသာမခံနိုင်တဲ့ အခြေအနေဖြစ်ခဲ့ရင်တောင် ..
ခြံထဲက နွားတင်းကုပ်လေးထဲမှာ .. သူ့ ကို အိပ်စက်ခွင့်ပေးနိုင်အောင်သာ ..
စိတ် ကို ပြင်ဆင်ထားလိုက်ပါတော့နော် ..

(စကားပုံ ကို ကိုးကားပြီးရေးပြချင်တာမို့ သုံးနှုန်းမိတဲ့ အသုံးအနှုန်းအတွက် ကျမ အထူးတောင်းပန်ပါရစေရှင်)

ဒါဟာ တနေ့ တနေ့ ..
သမီးတို့ ရင်ဖွင့်နေတာတွေ ကို အမ မလိုချင်လို့ မဟုတ်ဘူးနော် ..
အမကို သမီးတို့ ပြောပြနေတယ် ဆိုတာ ..
သမီးတို့ ၁၀၀ ဖိုးလောက် ခံစားပြီး .. မှ ..
ဒီ ၅ ကျပ် ဖိုးသာသာလောက်ဟာ မထွေးနိုင် မအန်နိုင်လွန်းလို့ ထွက်ကျလာတယ် ဆိုတာ အမ သေချာသိတာပေါ့ ..
သိပ်ဆိုးရွားလွန်းနေလို့ .. "သမီး စိတ်ကိုလျှော့လိုက်ပါရစေတော့ အမရယ်" ဆိုတဲ့
သမီးတို့ ရဲ့ msg လေးတွေကို ဖတ်ပြီး ..
အမ .. ရင်ထဲမှာ ထိထိခတ်ခတ် ရှိလှတယ် ..
သမီးတို့လို အမျိုးသမီး တွေ အများကြီးပါ သမီးတို့ ရယ် ..

သူတပါး ကို သွားပြီး ဝုန်းဒိုင်းကျဲ တဲ့ စရိုက်ဆန်တဲ့ အပြုအမူတွေ
မလုပ်မိပါစေနဲ့ နော် ..
ကိုယ့်ဘေးနားမှာ ရှိတဲ့ ကလေးလေးတွေကို ဖက်ပွေ့ ရင်း ..
သူတို့ ပြန်လာမဲ့နေ့ ကိုသာ စောင့်နေလိုက်ပါ ..
သူတို့ ပြန်လာပြီး ပြန်ထွက်သွားပြန်ရင်လဲ ..
နောက်တခါ ပြန်လာမဲ့ အချိန်အတွက် ..
သူတို့ ကို နားလည်မှုတွေ အချစ်တွေ အများကြီး ပြသပေးလိုက်ပါ ..
တပတ်တခါ .. ခေါက်လာတဲ့ တံခါးခေါက်သံ ကို သမီးတို့ နဲ့ အတူတူ ..
အမ ဒီကနေ .. စောင့်စားပေးနေပါတယ် ..
သူတို့ တံခါးခေါက်လာတဲ့ နေ့ တိုင်း ..
သမီးတို့ရဲ့ .. သားငယ် သမီးငယ်လေးတွေ ကို ပွေ့ ရင်း
အပြုံး နဲ့ သာ ဆီးကြိုပါတော့ သမီးတို့ ရယ် ..
နောက် မကြာတော့တဲ့ အချိန်ကာလတခု မှာ ..
သူတို့ ညနေတိုင်း အိမ်တံခါးခေါက်လာပါလိမ့်မယ် .. သမီးတို့ရေ ..
အဲဒီအချိန်အထိ .. သမီးတို့ .. ပြုံးပြီးစောင့်နေနော် ..

ဟုတ်ကဲ့ ..

အမ က .. သစ်သစ်မြင့်ဆိုင် ပါ .. ညီမလေးတို့ ရေ ..

တကယ်တော့ သောကြာနေ့ မနက်ကို ကျမ နှုတ်ခွန်းဆက်ချင်ခဲ့တာ ..
ဒီလို အရေးအသားမျိုး နဲ့ မဟုတ်ရပါဘူး ရှင် ..

ဘယ်သူ့ ကိုမှ လဲ မပုတ်ခတ်မရည်ရွယ်ပါဘူး ..
နံပါတ် ၁ ဆိုတဲ့ ရာထူးကို ရထားတဲ့ အမျိုးသမီတချို့ ..
စိတ်ထားတတ် စိတ်ဖြေတတ်အောင် ..
တိုက်ကျွေးတဲ့ အားဆေးတခွက် အဖြစ်သာ သောက်သုံးသွားပေးကြပါ ..

Shared from Thit Thit Myint Saing (FB)

သံသရာ တစ်ကွေ့ တွေ့ကြရာဝယ်


"ဆွမ်းအုပ်နီနီ..အမေ..ရွက်လို့…. နက်ဖြန် နံနက် ကျောင်းတက်မယ်…."

ဒီကဗျာလေးကို ကျွန်တော်အရမ်းကြိုက်သည်။ မေမေနဲ့ ဒီကဗျာလေး ဆိုရသည့် အချိန်သည် ကျွန်တော့်အတွက် အပျော်ဆုံးအချိန်တွေ ဖြစ်သည်။ မူကြိုက ပြန်လာသည်နှင့် ကျောင်းက သင်ပေးလိုက်သည့် ကဗျာလေးတွေကို ညအိပ်ယာဝင်ချိန် မေ့မေ့ဗိုက်ပေါ်ထိုင်ပြီး ဟန်အမူရာနဲ့ ဆိုပြရတာကို ကျွန်တော်အရမ်းနှစ်ခြိုက်သည်။ ဒီလိုအချိန်မျိုးတွင် မေမေနှင့်အတူ ဖေဖေပါ ကျွန်တော့်ကို ကျေနပ်စွာ ပြုံးပြီး ကြည့်နေတတ်ကြသည်။ ကျွန်တော် ဖေဖေနှင့် မေမေကို အရမ်းချစ်သည်။ ဒီလိုပဲ ဖေဖေနဲ့မေမေ ကလည်း ကျွန်တော့်ကို အရမ်းချစ်သည်ဟု ထင်မိသည်။

ညဘက်ရောက်မှာကို ကျွန်တော်ကြောက်နေမိသည်။ အထူးသဖြင့် ၈း၀၀ နာရီသတင်းလာမှာကို ကျွန်တော်ကြောက် နေခြင်းဖြစ်သည်။ ၈း၀၀ နာရီသတင်းလာသံကြားသည်နှင့် ကျွန်တော်စာလုပ်ဖို့ မေမေလာပြောလိမ့်မည်။ ဖေဖေနဲ့မေမေကို ကြည့်ရတာ ကျွန်တော့်ကို အရင်ကလောက် မချစ်တော့ဟု ထင်မိသည်။ ကျွန်တော့်ကို စာကြည့်ဖို့၊ စာကြိုးစားဖို့သာ တတွတ်တွတ် ပြောနေပြီး ညအိပ်ယာဝင်ချိန် မေ့မေ့ဗိုက်ပေါ်မှာ သီချင်းဆိုပြသူကတော့ ကျွန်တော် မဟုတ်တော့တာ ကြာပြီဖြစ်သည်။ ကျွန်တော့်နေရာတွင် နေရာယူထားသော ညီလေးကို ကြည့်ပြီး ကျွန်တော် အူတို နေမိသည်။

ဖေဖေနဲ့မေမေကို ကြည့်ရတာ ခုတစ်လော အတော့်ကို အိုမင်းလာသလိုပင်။ စီးပွားရေး အဆင်မပြေတာအပြင် အလုပ်ပင်ပန်းတာကြောင့်လည်း ပါမည်ထင်သည်။ ကျွန်တော်တစ်ခုခုပူဆာ တိုင်း ဖေဖေနဲ့မေမေ မျက်နှာပျက်သွားတတ်သည်။ အရင်က ဒီလိုမဟုတ်။ ဒါပေမယ့် ကျွန်တော် လိုချင်တာကိုတော့ မဖြစ်ဖြစ်အောင် ၀ယ်ပေးတတ်သည်။ ခက်သည်က မေမေက တစ်ဗျစ်ဗျစ်တောက် ပြောတတ်သည့် အကျင့်ရလာသည်။ ပိုက်ဆံတောင်းရမှာထက် ဒီတစ်ဗျစ်ဗျစ်တောက် စကားတွေကို ကျွန်တော်မုန်းမိသည်။ မိဘတွေ အသက်ကြီးလာလျှင် ဒီလိုပါပဲဟုသာ ဖြည့်တွေး မိလိုက်သည်။

ကျွန်တော်ဘွဲ့ယူသည့်နေ့က မမြင်တွေ့ရတာ ကြာပြီဖြစ်သည့် ဖေဖေနဲ့မေမေတို့ရဲ့ ပြုံးရွှင်နေတဲ့ မျက်နှာကို ကျွန်တော်မြင်လိုက်ရသည်။ ကျွန်တော်မှတ်မိသည်။ ကျွန်တော်ငယ် ငယ်တုန်းက မေမေ့ဗိုက်ပေါ်မှာ သီချင်းဆိုပြတုန်းကလည်း ကျွန်တော်တို့တွေ ဒီလိုပျော်ခဲ့ကြသည်။ ကျွန်တော်တို့တွေ ဒီလိုပျော်တာ ကျွန်တော်အမြဲမြင်ချင်နေမိသည်။ ကျွန်တော်တို့ ဒီလိုပျော်လျှင် ကျွန်တော်လည်း အရမ်းပျော်မိသည်။

ကျွန်တော်အလုပ်စ၀င်ဝင်ချင်း ရတဲ့လစာကို ကန်တော့ တော့ မေမေမျက်ရည်ကျသည်။ ဖေဖေ မျက်နှာလွှဲပြီး ဆုတိုတို တုတ်တုတ်ပေးသည်။ ဆုပေးတဲ့ ဖေဖေ့အသံတွေ တုန်နေသလို မျက်ရည်တွေကြားက မေမေ့ မျက်နှာသည် လည်း ပြုံးရွှင်နေသည်။

ဒီနေ့ ဖေဖေ့မျက်နှာ တော်တော်ညှိုးနေသည်။ ဖေဖေ့ကိုကြည့်ရတာ ဂဃာမငြိမ်ဖြစ်နေသည်။ ထိုင်နေလိုက် ခဏနေရင် အိမ်ထဲလမ်းလျှောက်လိုက်.၊ လဲအိပ်လိုက်နဲ့ အလုပ်ရှုပ်နေသည်။ ကြာလာတော့ မနေနိုင် တော့သည့် မေမေက .."ကဲ..အဘိုးကြီး.၊ ဒီနေ့က စပြီး ပင်စင်ယူပြီးပြီဆိုတော့..၊ ရှေ့လျှောက် တစ်နေကုန် အိမ်မှာပဲ နေရတော့မှာ..၊ အိမ်နဲ့ နေသားကျအောင် ကြိုးစား.." ..။ ဟုတ်သည်။ ဖေဖေသည်လည်း အသက် ခြောက်ဆယ်ပြည့်လို့ ပင်စင်ယူပြီး အိမ်မှာ နားနေရတော့မည့် အသက်အရွယ် ရောက်နေပြီပဲ..။

ကျွန်တော် မင်္ဂလာဆောင်ပြီးရင် အိမ်ခွဲနေမယ် ပြောတော့ ဖေဖေရော..၊ မေမေ ရော.. မျက်နှာ မကောင်းကြ။ ဖေဖေကတော့ ဘာမှပြောပဲ တစ်နေရာကို ငေးကြည့်နေသည်။ မေမေကတော့.."သားရယ်..၊ သားမိန်းမကို ဒီအိမ်မှာလိုက်နေခိုင်းပါလားကွယ်..၊ မေမေတို့ အဆင်ပြေ အောင်နေပါ့မယ်.."..။ ကျွန်တော် ၀မ်းနည်းသွားသည်။ မေမေတို့က အဆင်ပြေအောင် နေပေး မည်တဲ့လား..။ ဒါပေမယ့်.."သူက မိဘတွေအိမ်မှာ မကပ်နေချင်ဘူးတဲ့…။ ကိုယ့်ဟာကိုယ် အိမ်ခွဲ နေချင်တာ မေမေရဲ့..၊ မပူပါနဲ့..၊ သားမေမေတို့ကို လတိုင်း ကြည့်ပေးမှာပါ…"..။ မေမေ ဘာမှ ဆက်မပြောတော့..။ ဖေဖေကတော့ ထုံးစံအတိုင်း အဝေးကို ငေးလျက်..။

ကျွန်တော် ခုတစ်လော ဖေဖေတို့အိမ်ကို သိပ်မရောက်ဖြစ်။ အလုပ်ကိစ္စနဲ့ ခရီးတွေ ပတ်ထွက် နေရတာကြောင့်လည်း ပါသည်။ နယ်ရောက်နေတုန်း မေမေဖုန်းဆက်လာသေးသည်။ လိုင်းက မကြည်တာကြောင့် ဘာသံမှ သဲသဲကွဲကွဲ မကြားလိုက်..။ ဖေဖေ နေမကောင်းဘူး ဆိုတာတော့ ကြားလိုက်သည်။ ရန်ကုန် ပြန်ရောက်တာနဲ့ ကြားလိုက်ရတဲ့သတင်းက ဖေဖေ ဆုံးပြီတဲ့..။ နောက်ဆုံးအချိန်ထိ ကျွန်တော့်ကို တဖွဖွေ မေးနေသည်တဲ့..။ ဖေဖေ့ အသက်ကိုတောင် မမီလိုက်နိုင်သည့်အတွက် ကျွန်တော် စိတ်မကောင်း။ သားသမီးတွေ အတွက် အသက် ခြောက်ဆယ်အထိ မနားမနေ တာဝန်ယူပေးခဲ့သော ဖေဖေ..၊ အခုမှ အနားယူရတာ ဘာမှ မကြာသေး..။ အရင်က ပင်ပန်းခဲ့သမျှ ဒဏ်တွေကို အခုမှ စုပြီး ခံရတာကြောင့် ဖြစ်နိုင်သည်။ သားသမီးတွေကို ကျွေးမွေးပြုစုပျိုး ထောင်ပေးဖို့ လူလောကထဲရောက်လာပြီး တာဝန်ကျေလို့ ပြန်သွားတဲ့ ပုံစံမျိုးဖြစ်နေသည်။

မေမေက တရားစခန်းဝင်မည်ပြောသည်။ ကျွန်တော် မတားမိ။ ဒီလိုအချိန်မှာ မေမေရဲ့ စိတ်ထွက်ပေါက် ရှာတာ မှန်တယ်လို့ ကျွန်တော်ထင်မိသည်။ ကျွန်တော် မေမေ့ကို ကားနဲ့ တရား စခန်းလိုက်ပို့ဖို့ လုပ်တော့ နောက်ဆုံးအနေနှင့် မေမေ အိမ်ကို အကြာကြီး ကြည့်နေသည်။ ဘ၀ တစ်လျှောက်လုံး ကုန်ဆုံးနေထိုင်ခဲ့သည့် ဒီအိမ်ကြီးကို သံဃောဇဉ်ဖြတ်ဖို့ မေမေနောက်ဆုံး အနေနှင့် ကြည့်တာ ဖြစ်နိုင်သည်။ ပြီးတော့ ကျွန်တော့်ကို အကြာကြီး ကြည့်သည်။ ကျွန်တော် မေမေ့အကြည့်ကို မျက်နှာချင်းမဆိုင်ဝံ့ပဲ ခေါင်းကို ငုံ့ထားလိုက်သည်။

ကျွန်တော် သားလေးကို အရမ်းချစ်သည်။ အသက်ထက်ပိုချစ်သည်ဆိုသော စကားကို ကျွန်တော် ဒီနေရာမှာ သုံးချင်သည်။ ညအိပ်ယာဝင်ချိန် သားလေးရဲ့ ကဗျာရွှတ်ဆိုသံသည် ကျွန်တော့်ရဲ့ တစ်နေ့ တာ မောပန်းမှုအားလုံးကို ဖြေဖျောက်နိုင်စွမ်းခဲ့သည်။ သားလေးကို ကျွန်တော် အရမ်းချစ်သည်။ ထို့အတူပင် သားလေးကလည်း ကျွန်တော့်ကို ကျွန်တော့်နည်းတူ ချစ်လိမ့်မည်ဟု ထင်သည်။


အောင်ထွန်းဦး

Tuesday, March 11, 2014

Never to accept payment for a kindness


One day, a poor boy who was selling goods from door to door to pay his way through school, found he had only one thin dime left, and he was hungry.

He decided he would ask for a meal at the next house.
However, he lost his nerve when a lovely young woman opened the door. Instead of a meal he asked for a drink of water.

She thought he looked hungry so brought him a large
glass of milk He drank it slowly, and then asked, "How much do I owe you?""You don't owe me anything," she replied "Mother has taught us never to accept payment for a kindness."

He said... "Then I thank you from my heart."
As Howard Kelly left that house, he not only felt; stronger physically, but his faith in God and man was strong also. He had been ready to give up and quit. Years later that young woman became critically ill. The local doctors were baffled. They finally sent her to the big city, where they called in specialists to study her rare disease. Dr. Howard Kelly was called in for the consultation.
When he heard the name of the town she came from, a strange light filled his eyes. Immediately he rose and went down the hall of the hospital to her room. Dressed in his doctor's gown he went in to see her.

He recognized her at once. He went back to the consultation
room determined to do his best to save her life. From that day he gave special attention to the case. After a long struggle, the battle was won. Dr. Kelly requested the business office to pass the final bill to him for approval.

He looked at it, then wrote something on the edge and the bill was sent to her room. She feared to open it, for she was sure it would take the rest of her life to pay for it all. Finally, she looked, and something caught her attention on the side as she read these
words......

"Paid in full with one glass of milk." (Signed) Dr. Howard Kelly.
Tears of joy flooded her eyes & happy heart.

share it with others.

Shared from Amazing Facts (FB)


Wednesday, February 19, 2014

ကိုယ့်အိမ်ကိုယ့်ယာ


သူ့ ရွက်ဖျင်တဲ၊ မီးဖိုရဲ၌
ဒိန်ခဲတစ်မြုံ့ ၊ ပေါင်မုန့် တစ်ကိုက်
ဝိုင်တစ်ကျိုက်ကို
အမြိုက်စည်းစိမ်၊ ငါမမြိန်။

သူတို့ ဘာသာ၊ သူတို့ လျှာနှင့်
ရသာတွေ့ မည်၊ မှန်ပေသည်တည့်။

ငါ့ထန်းရွက်တဲ၊ ဘူးစင်တဲ၌
လျှာစွဲမြက်မြက်၊ တသက်သက်နှင့်
လက်ဖက်တရိုး၊ ထန်းလျက်တစ်အိုး
ရွှေချိုးတကူ၊ ထန်းရေအိုးတစ်မြူ
ခြူသံလှည်းယဉ်၊ ပူပန်လည်းမမြင်
နေ၀င်မိုးချုပ်၊ ယာအလုပ်နှင့်
ပဲပြုတ်တစ်လွေး၊ ရေနွေးတစ်အိုး
ရပ်ဆွေမျိုးတို့ ၊ ဗျိုးသံဗျာသံ
တညံညံနှင့်
ကံပေးသမျှ၊ ရောင့်ရဲကြသည်
ဘ၀စည်းစိမ်၊ မြတ်နိုးမြိန်၏
ကိုယ့်အိမ်ကိုယ့်ယာ၊ ကိုယ့်အရသာတည့်။


တင်မိုး
၈-၂-၉၁
နံနက်ခင်း
ပန်းချီ ကာတွန်းစောမင်းဝေ

Monday, February 17, 2014

"မိသားစု"


(၁) ပြောဆိုဆက်ဆံခြင်း

ခြင်္သေ့တစ်ကောင်နဲ့ ကျားတစ်ကောင်ဟာ တစ်ကောင်နဲ့တစ်ကောင် ပြင်းပြင်းထန်ထန် သတ်ဖြတ်ကြတယ်။ နောက်ဆုံးမှာ နှစ်ကောင်စလုံး ဒဏ်ရာအနာတရ ရခဲ့ကြတယ်။

ခြင်္သေ့က သေလုမြောမြောဖြစ်နေချိန်မှာ ကျားကိုမေးတယ်။

“ငါ့နေရာကိုသာ မင်းဝင်မလုရင် ငါတို့နှစ်ကောင်လုံး ဒီလိုထိခိုက်ဒဏ်ရာရကြမှာမဟုတ်ဘူး”

“မင်းနေရာကိုလုဖို့ ငါတစ်ခါမှ မတွေးခဲ့မိဘူး။ မင်းသာ ငါ့နေရာကို ကျူးကျော်မယ်လို့ ငါထင်ခဲ့တာ” ကျားက အသက်ငင်ရာကနေ တအံ့တသြပြန်ပြောတယ်။

အချင်းချင်းပြောဆိုဆက်ဆံခြင်းက မိသားစုပျော်ရွှင်မှုရဲ့ အဓိကသော့ချက်ဖြစ်တယ်။ ပြောချင်တဲ့စကား၊ ပြောသင့်တဲ့စကားကို ရင်ထဲသိမ်းဆည်းမထားပါနဲ့။ မိသားစုနဲ့ ပိုဆက်ဆံပြောဆိုခြင်းအားဖြင့် ကိုယ့်ကိုသူတို့နားလည်နိုင်ပါစေ။ အချင်းချင်းဆက်ဆံပြောဆိုခြင်းက အထင်မှား အမြင်မှားခြင်း၊ သဘောထားကွဲလွဲခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

(၂) ယုံကြည်မှု

ငှက်နှစ်ကောင် အတူနေကြတယ်။ ငှက်ဖိုက သစ်စေ့တွေ ငှက်သိုက်တစ်သိုက်စာလောက်ရှာပြီး ငှက်မကိုစောင့်ရှောက်ခိုင်းတယ်။ ရာသီဥတုပူတော့ သစ်စေ့တွေခြောက်ပြီး ကျုံ့ကုန်လို့ နဂိုထက် တစ်ဝက်လောက်လျော့သွားတယ်။ ဒါကို ငှက်မ ခိုးစားလိုက်တယ်လို့ ငှက်ဖိုကထင်ပြီး ငှက်မကို ထိုးစိုက်မောင်းထုတ်ပစ်လိုက်တယ်။ ရက်အနည်းငယ်အကြာ မိုးတွေရွာပြီးတဲ့နောက် ရာသီဥတုစိုထိုင်းလာတော့ သစ်စေ့တွေက ရေဓာတ်တွေပြည့်ပြီး ငှက်သိုက်တစ်ခုလုံးပြည့်သွားခဲ့တယ်။ ဒီအချိန်ကျမှ ငှက်ဖိုကနောင်တရပြီး “ငှက်မကို ငါအထင်မှားခဲ့ပြီ”လို့ဆိုတယ်။

မိသားစုအချင်းချင်းကြားမှာ ယုံကြည်မှုဆိုတာ ရှိရတယ်။ ပျော်ရွှင်တဲ့မိသားစုတွေ အိမ်ထောင်ပျက်ရတာက သံသယနဲ့ မသင်္ကာမှုတွေကြောင့်ပါ။ မိသားစုအပေါ် ယုံကြည်မှုရှိပါစေ။ သံသယကြောင့် မိသားစုပျော်ရွှင်ချမ်းမြေ့ခြင်းတွေ မပျက်စီးပါစေနဲ့။

(၃) သတိရှိခြင်း

ကျီးကန်းနှစ်ကောင်ဟာ တစ်ကောင်ကိုတစ်ကောင် ဆဲဆိုနေကြတယ်။ ဆဲလေ ရန်ပွဲကကြီးလေ၊ စိတ်ပိုလှုပ်ရှားလေ ဒေါသပိုထွက်လေဖြစ်နေတယ်။ နောက်ဆုံးမှာ ကျီးတစ်ကောင်က အရာတစ်ခုကိုကောက်ပြီး နောက်ကျီးတစ်ကောက်ကို ပေါက်ထည့်လိုက်တယ်။ သူပစ်လိုက်တဲ့အရာက ကျီးကိုထိပြီး ကွဲသွားခဲ့တယ်။

အဲဒီအချိန်ကျမှ သူပစ်လိုက်တဲ့အရာဟာ သူ့အသိုက်ထဲက ပေါက်ခါနီးဥတစ်လုံးဖြစ်နေတယ်ဆိုတာကို သူသတိထားလိုက်မိတယ်။

မိသားစုအချင်းချင်းကြားမှာ မကျေနပ်မှု၊ ပြဿနာဆိုတာ ရှိတတ်ကြတယ်။ မကျေနပ်မှုနဲ့ကြုံတဲ့အခါ စိတ်အေးအေးထားပြီး ဆက်ဆံပါ။ အထူးသဖြင့် သဘောထားကွဲလွဲမှုနဲ့ကြုံတဲ့အခါ ပိုပြီးတော့တောင် အသိဉာဏ်ရှိရပါတယ်။ တဇွတ်ထိုးလုပ်လို့မရပါဘူး။ တဇွတ်ထိုးလုပ်တာဟာ ပြဿနာကို မဖြေရှင်းနိုင်တဲ့အပြင် ပိုလို့တောင်ဆိုးဝါးသွားစေပါတယ်။ ပြီးတော့ မိသားစုပျော်ရွှင်ခြင်းကိုပါ ထိခိုက်သွားစေနိုင်ပါတယ်။

(၄) နေရာပြောင်းကြည့်ခြင်း

ဆိတ်တစ်ကောင်က ခွေးတစ်ကောင်ကို ထမင်းစားဖိတ်တယ်။ သူ့အတွက် စားကောင်းသောက်ဖွယ်ဖြစ်တဲ့ မြက်နုကို ဆိတ်က တစ်စားပွဲလုံးကောင်းကောင်းပြင်ဆင်ပြီး ခွေးကိုကျွေးခဲ့တယ်။ ခွေးက မြက်တွေကို တစ်လုတ်နှစ်လုတ်ပဲစားပြီး မစားနိုင်ခဲ့တော့ဘူး။

ရက်အတန်ကြာတော့ ခွေးက ဆိတ်ကိုထမင်းဖိတ်ကျွေးတယ်။ စိတ်ထဲမှာလည်း “ဆိတ်လို ငါကပ်စီးမနည်းသင့်ဘူး။ သူ့ကို အစားကောင်း အသောက်ကောင်းနဲ့ ငါဧည့်ခံမယ်”ဆိုပြီး အသားတစ်ပွဲကို ကောင်းကောင်းပြင်ဆင်ပြီး ဆိတ်ကိုကျွေးခဲ့တယ်။ နောက်ဆုံးမှာ ဆိတ် စားတောင်မစားဘဲ ထွက်သွားခဲ့တယ်။

တစ်ခါတလေမှာ ကိုယ့်ဆန္ဒအတိုင်း တခြားသူကိုအကျပ်မကိုင်သင့်ဘူး။ ကိုယ့်အတွေးကို မိသားစုပေါ် အတင်းအကြပ် ဖြည့်မပေးသင့်ဘူး။ ပြဿနာနဲ့ကြုံတဲ့အခါ နေရာလဲ ရှုထောင့်ပြောင်းပြီး တွေးတောကြည့်ပါ။ တစ်ဘက်လူရဲ့နေရာကနေ ဝင်စဉ်းစားပေးကြည့်ပါ။ ဒီလိုဆိုရင် မိသားစုဝင်တွေအပေါ် သင်ပိုနားလည်လာပါလိမ့်မယ်။

(၅) ပျော်ရွှင်ခြင်း

ဝက်ကလေးတစ်ကောင်က ကိတ်မုန့်ဖုတ်သင်တယ်။ ဒါပေမယ့် သူလုပ်လိုက်တဲ့ကိတ်မုန့်တိုင်းက စားမကောင်းဖြစ်နေတယ်။ သူ့ဆရာကြက်ဖကို ဝက်ကလေးက ဘာကြောင့်လဲလို့မေးတယ်။ ကြက်ဖက စဉ်းစားပြီး ကိတ်မုန့်ဖုတ်ဖို့ ဘာတွေထည့်သလဲလို့ မေးတယ်။ ဝက်ကလေးက မဖြုန်းတီးချင်၊ နှမြောလို့ ဒိတ်လွန်တဲ့ကြက်ဥတွေကို သုံးပါတယ်လို့ ဖြေတယ်။

ဝက်ကလေးရဲ့အဖြေကို ကြက်ဖက “သေချာမှတ်ထား.. ကောင်းတဲ့အစာပလာတွေကိုသုံးမှ ကိတ်မုန့်ကောင်းကိုရလိမ့်မယ်”လို့ ပြောတယ်။

ဟုတ်ပါတယ်.. ကောင်းတဲ့အစာပလာတွေကိုသုံးမှ ကောင်းတဲ့ကိတ်မုန့်ကိုရမှာဖြစ်တယ်။ ထိုနည်းတူ ကောင်းမွန်ပျော်ရွှင်တဲ့စိတ်ထားနဲ့မှ သာယာချမ်းမြေ့တဲ့မိသားစုဘဝကို တည်ဆောက်နိုင်မှာဖြစ်တယ်။ ဒါကြောင့် အပြင်ကပြန်လာချိန် အိမ်ထဲမဝင်ခင် စိတ်ညစ်စိတ်ရှုပ်စရာတွေကို အိမ်အပြင်ဖက်မှာ ပစ်ထားခဲ့လိုက်ပါ။ အပြုံးတစ်ခုကိုပဲ အိမ်ပြန်ယူခဲ့ပါ။ တကယ်လို့ မိသားစုဝင်တိုင်းသာ ဒီလိုလုပ်နိုင်ခဲ့ရင် ဒီမိသားစုဟာ အပျော်ရွှင်ဆုံးမိသားစုတစ်စုဖြစ်သွားပါလိမ့်မယ်။


မူရင်း-- http://www.duwenzhang.com/wenzhang/renshengzheli/ganwu/20131016/272119.html

နိုင်းနိုင်းစနေ

Monday, February 3, 2014

အရမ်းကောင်းတဲ့ ပုံပြင်လေးပါ အချိန်လေးနဲနဲပေးပြီး ဖတ်ဖြစ်အောင် ဖတ်စေချင်ပါတယ်



တစ်နေ့မှာ......
Hotelကြီးတစ်ခု ရဲ့ စားသောက်ခန်းထဲကို ဧည့်သည်နှစ်ယောက်ဝင်လာတယ်...တံခါးဖွင့်သံကြားတော့
အဖြူရောင်အင်္ကျီပေါ်မှာ နက်ပြာရောင်ကုတ် နက်ပြာရောင်စကပ်တိုဒူးဖုံးနဲ့ စားပွဲထိုးမိန်းကလေးက လှမ်းကြည့်လိုက်တယ်။
"မင်္ဂလာပါ ရှင်..." လို့ချိုမြတဲ့ နှုတ်ဆက်သံနှင့်အတူ စားပွဲထိုးမိန်းကလေးက ရိုသေစွာခါးကိုင်းလိုက်တယ် ...
ဝင်လာတဲ့ဧည့်သည်တွေက ကျားမ တစ်တွဲဖြစ်တယ် အသက် ၄ဝ အရွယ်လောက်ရှိကြမယ် ... ဝတ်ထားတာသန့်သန့်ပြန့်ပြန့်ပဲ... မိန်းမကြီးကတော့ လက်ထဲမှာ ဘာမှမပါဘူး ရှေ့ကဝင်လာတယ်၊ ယောက်ျားကြီးကတော့
ခရီးဆောင်အိပ်အနီကြီးကို ဘီးလိမ့်လို့ဆွဲလာတယ် ... အလည်အပတ် ခရီးထွက်လာတဲ့ လင်မယားဖြစ်ဖို့များတယ်...

စားပွဲထိုးမိန်းကလေးက ဦးဆောင်ပြီး စားပွဲတစ်ခုမှာနေရာပေးလိုက်တယ် ... Hotel က Five star Hotel ဖြစ်လို့ စားပွဲကြီးတွေက ကျွန်းစားပွဲဝိုင်းကြီးတွေ အိမ်တွင်း အလှဆင်ထားတဲ့ မီးဆိုင်းတွေနဲ့ hotel
ရဲ့စားသောက်ခန်းဟာ ခန်းနားလှပနေတယ် ...
ထိုင်ခုံမှာ ထိုင်ပြီးတော့ စားပွဲထိုးမိန်းကလေးက စားသောက်Menu ကဒ် ကို ပြုံးပြီးလှမ်းပေးလိုက်တယ် ...
ယောက်ျားကြီးက ကဒ်ကို လှမ်းယူပြီး မိန်းမကြီးကို ထိုးပေးလိုက်တယ် "မင်း... ဘာစားချင်ဘာမှာလိုက်.."
မိန်းမကြီးက ကဒ်ကို ကြည့်တောင်မကြည့်ဘဲ စားပွဲထိုးမိန်းကလေးကို တစ်ချက်ကြည့်ပြီး "ကျွန်မတို့ကို ဖက်ထုပ်အရည်ဖျော်တစ်ပွဲပေးရင်ရပြီ..."
စားပွဲထိုးမိန်းကလေး တစ်ချက်တန့်သွားတယ် ။ Five Star Hotel လာပြီး ဖက်ထုပ်မှာစားတယ်..။ ပြီးတော့ ဖက်ထုပ်က ဒီမှာဘယ်တုန်းကမှ မရောင်းခဲ့ဘူး... နားကြားများလွဲသလား ဆိုပြီး မိန်းမကြီးကို
မေးခွန်းများစွာပါတဲ့အကြည့်နဲ့ ကြောင်ကြည့်နေမိတယ် ... မိန်းမကြီးက နောက်တစ်ခေါက် ထပ်မှာလိုက်တယ် ...
အဲဒီတော့ ယောက်ျားကြီးကပြောတယ် " ဘာလို့ ဖက်ထုပ်ပြုတ်ကိုစားမှာလဲ ... ပိုက်ဆံ မရှိတာမှမဟုတ်တာ"
မိန်းမကြီးက ခေါင်းခါပြီး " ကျွန်မ ဖက်ထုပ်ပဲစားမှာ!" ယောက်ျားကြီးက တစ်ချက်တန့်ပြီး စားပွဲထိုးမိန်းကလေးရဲ့ အံ့သြတဲ့အကြည့်တွေကို အားနာနာနဲ့ "ညီမ .. အကိုတို့ကို ဖက်ထုပ်နှစ်ပွဲပေးပါ"
" မဟုတ်ဘူး တစ်ပွဲတည်းယူမှာ" မိန်းမကြီးက ခပ်တည်တည်နဲ့ပြောတယ်.. ယောက်ျားကြီးကြောင်သွားပြီးတစ်ပွဲတည်း ဘယ်လိုစားမလဲ... မိန်းမကြီးက "ရှင်ကတိပေးထားတယ်လေ... ဒီတစ်ရက်ကို တစ်နေ့လုံး ကျွန်မစကားပဲ နားထောင်မယ်ဆို.." ယောက်ျားကြီးဘာသံမှထွက်မလာတော့ဘူး...ကျွန်းကုလားထိုင်ကိုမှီပြီးလက်ပိုက်နေလိုက်တော့တယ်...

စားပွဲထိုးမိန်းကလေးမျက်နှာမှာ မချိပြုံးလေး ဖြတ်ပြေးသွားတယ် ... အတွေးထဲမှာ {ဒီမိန်းမ
ကပ်စီးနည်းတာလဲ လွန်လွန်းပါတယ် Hotel စားသောက်ခန်းမှာ ထမင်းလာစားတာ ဖက်ထုပ်မှာတဲ့အပြင် ၁ပွဲကို ၂ယောက်စားအုံးမယ်တဲ့} မိန်းမကြီးကို မဲ့ပြီး "တောင်းပန်ပါတယ်ရှင့်...ကျွန်မတို့Hotel မှာ
ဖက်ထုပ်မရောင်းလို့ပါ... အကိုတို့ အမတို့စားချင်တယ်ဆိုရင် လမ်းမျက်နှာချင်းဆိုင်က လမ်းဘေးဆိုင်လေးမှာ စားလို့ရပါတယ် "

မိန်းမကြီးမယုံကြည်စွာနဲ့ "ဘယ်လိုဖြစ်လို့ ဖက်ထုပ်မရောင်းတာလဲ ? နင်က မှာတာနည်းလို့ မရောင်းချင်တာလား..လူကိုအထင်သေးတာလား..."
ဒီချိန်မှာ ... Hotel သူဋ္ဌေး round လှည့်လို့ စားသောက်ခန်းထဲရောက်လာတယ် ... မိန်းမကြီးပြောနေတာကိုသူကြားတယ်... စားပွဲထိုးမိန်းကလေးကို လက်ယက်ပြီးလှမ်းခေါ်လိုက်တယ်...
စားပွဲထိုးမိန်းကလေးကဒေါသသံလေးနဲ့ "သူဋ္ဌေး သူတို့က ဒီမှာလာပြီးဖက်ထုပ်ကို မရမကမှာနေတယ် ... တမင်လာ နှောက်ယှက်နေတယ်ထင်တာပဲ" ...
ဦးဝင်းစိန် ပြုံးပြီး လက်ကာပြလိုက်တယ်... သူလဲအံ့သြနေတာပဲ ဒီလင်မယားရဲ့ဝတ်ထားပုံကြည့်လိုက်ရင် ထမင်းမစားနိုင်တဲ့ပုံမပေါ်ဘူး ... တစ်ခုခုထူးခြားနေလို့ဖြစ်ရမယ် .. ဘာပဲဖြစ်ဖြစ်လေ
စီးပွားရေးကကိုယ့်ဆီလာနေမှတော့ အပြင်ကိုတွန်းထုတ်နေရင် သဘာဝမကျလှဘူး..

ဒါနဲ့ပဲ စားပွဲထိုးမိန်းကလေးရဲ့နားနားကပ်ပြီး "နင် ဖက်ထုပ်တစ်ပွဲသွားဝယ်ပေးလိုက်ပါ ပြီးတော့.. ဘေလ်ရှင်းတဲ့အခါ အမြတ်ပိုထည့်လိုက်ပေါ့ ..." ပြောပြီးတာနဲ့ သူကုလားထိုင်တစ်ခုယူပြီး
ဘာတွေဆက်ဖြစ်မယ်ဆိုတာ စောင့်ကြည့်နေလိုက်တယ်...
သိပ်မကြာလိုက်ဘူး... စားပွဲထိုးမလေး မီးခိုးတစ်လူလူ ထွက်နေတဲ့ ကြွေပန်းကန်လုံးကြီးတစ်ခု ကို အဝတ်ခံပြီးမလာခဲ့တယ် ... မိန်းမကြီးရဲ့ရှေ့ကိုချပေးပြီး "အမတို့ ၂ယောက် သုံးဆောင်နိုင်ပါပြီရှင်"
ဖက်ထုပ်ပွဲကိုတွေ့တော့... မိန်းမကြီးပျော်သွားတယ်... သူမမျက်နှာကို ပန်းကန်လုံးအဝမှာထားပြီး တစ်ချက်ရှိုက်ရှူလိုက်တယ်... ပြီးတော့ ဇွန်းနဲ့ ပန်းကန်ထဲက ဖက်ထုပ်ဖျော်ကို အသာယာလေး မွှေပေးနေတယ်...
ယောက်ျားကြီးက မျက်လုံးပြူးမျက်ဆံပြူးနဲ့ မိန်းမကိုကြည့်နေတယ် ... ပတ်ဝန်းကျင်ကအံ့သြတဲ့အကြည့်တွေများစွာကလည်း ဒီဘက်ကိုလှည့်လာနေတယ် အားလုံးကို သူဂရုမစိုက်တော့ဘဲ.. တင်းမာမာပြောလိုက်တယ် "
မင်းကိုငါ တကယ် နားမလည်တော့ဘူးကွာ ... ဒီလောက် ခရီးဝေးကြီးလာတာ ဖက်ထုပ်တစ်ပွဲစားဖို့အတွက်ပဲလား?"
မိန်းမကြီးခေါင်းမော့လာတယ် "ကျွန်မ ကြိုက်လို့!"
ယောက်ျားကြီး စားပွဲပေါ်မှ Menu ကဒ်ကိုယူပြီး "မင်းကြိုက်ရင်မင်းစား ငါတစ်နေကုန် လမ်းမှာဘာမှ စားခဲ့ရတာမဟုတ်ဘူး ... ဗိုက်ကဆာနေပြီ " သူလက်ပြပြီး စားပွဲထိုးမလေးကို ခေါ်လိုက်တယ် ...
ဟင်းကောင်းတွေချည်း ၆ မျိုး ၇ မျိုး မှာလိုက်တယ် ...
မိန်းမကြီးကတော့ အေးဆေးပဲ .. ယောက်ျားကြီး ဟင်းမှာပြီးမှ စားပွဲထိုးမလေးကို သတိပေးလိုက်တယ် " ညီမလေး သူ့မှာပိုက်ဆံ ပါလားအရင်မေးကြည့်အုံး... မရှင်းဘဲ ထွက်ပြေးနေအုံးမယ်"
စားပွဲထိုးမလေး ဘာဆိုလိုမှန်းမသိလိုက်ချိန်မှာ ယောက်ျားကြီးက မျက်နှာတစ်ခုလုံးနီလို့ " ချီးထုပ်ကွာ ဒီမိန်းမ သက်သက် အရှက်ခွဲတာ ...ငါလား မရှင်းပဲထွက်ပြေးမှာ" ပြောရင်း ဘောင်းဘီအိပ်ထောင်ထဲကို
နိုက်တယ် " ?? အင် ... ငါ့ ပိုက်စံအိပ်ကော ? " သူထပြီးတော့ရှာတယ် ဒီအိပ်ထောင်နိုက်လိုက် ဟိုအိပ်ထောင်စမ်းလိုက် ...အဲအခါမှာ ဟမ်းဖုန်း ပါ မရှိတော့ဘူးဆိုတာ သတိထားမိတယ် ...သူခဏ စဉ်းစားပြီး နောက်ဆုံး
အကြည့်တွေက မျက်နှာချင်းဆိုင် ထိုင်နေတဲ့ မိန်းမကြီးစီရောက်သွားတယ် ...
မိန်းမကြီး အေးအေးလူလူ နဲ့ " ရှင် အလုပ်ရှုပ်ခံမနေနဲ့ ပိုက်ဆံအိပ်နဲ့ဖုန်းနဲ့ မနေ့ညက ကျွန်မ မြစ်ထဲပစ်လိုက်ပြီ..တွေ့မှာမဟုတ်ဘူး"
ယောက်ျားကြီး ဒေါသ ထွက်သွားတယ် " မင်း ရူးနေပြီလား"
မိန်းမကြီးကတော့ မကြားသလိုဘဲ ... ဖက်ထုပ် ပန်းကန်ကိုပဲ မွှေနေတယ်
ယောက်ျားကြီး တစ်ခုခုကိုသတိရလိုက်တော့ ခရီးဆောင်အိပ်အနီကြီးထဲ လက်နဲ့စမ်းတယ်
မိန်းမကြီး အေးစက်စက် လေသံနဲ့ " ရှင်ရှာမနေနဲ့တော့ ရှင့်နာရီ ၊ ကျွန်မ လက်စွပ် ရှိရှိသမျှ ကျွန်မတို့ ခရီးမှာပါလာတဲ့ တန်းဖိုးရှိတဲ့ပစ္စည်းမှန်သမျှ ကျွန်မ အားလုံးကို မြစ်ထဲ ပစ်လိုက်ပြီ... ကျွန်မမှာ ပိုက်ဆံ
၅ဝဝ ရှိတယ် ... ဒီ ဖက်ထုပ် တစ်ပွဲစာတော့လောက်မယ် ! "
ယောက်ျားကြီး မျက်နှာတစ်ခုလုံး သွေးမရှိတော့တဲ့ အတိုင်း ဖြူသွားတယ် ... ကုလားထိုင်ပေါ် ထိုင်ချလိုက်ပြီး ခြေပစ်လက်ပစ် ဖြစ်သွားတယ် ... မိန်းမကြီးကို စိုက်ကြည့်ပြီး " မင်း တကယ်ရူးနေပြီ
မင်းတကယ်ရူးနေပြီ! ငါတို့ ပိုက်ဆံမပါဘဲ ဘယ်လိုပြန်မလဲ? လမ်းခရီးကနည်းတာမှတ်လို့..."
မိန်းမကြီးက မပူမပင် ဘဲနဲ့... " ရှင်ဘာစိတ်ပူနေတာလဲ ... ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မတို့မှာ ခြေထောက်တွေပါနေတာပဲ ... လမ်းလျှောက်ပြန်လဲ လျှောက်ရင်းလျှောက်ရင် အိမ်ပြန်ရောက်မှာပါပဲ "
ယောက်ျားကြီး သက်ပြင်းချတယ်..

မိန်းမကြီးက ဆက်ပြောတယ် " လွန်ခဲ့တဲ့ နှစ် ၂ဝ လောက်တုန်းကလဲ .. ကျွန်မတို့ ကိုယ်ပေါ် ပိုက်စံတစ်ပြားမှ မရှိဘဲလည်း အိမ်ရောက်အောင် ပြန်ခဲ့ကြတာပဲ မဟုတ်လား...
ယောက်ျားကြီး ဒီစကားလဲကြားရော...ကြောင်တောင်တောင်အကြည့်နဲ့ ..." မင်း... မင်း ... ဘာပြောတယ်? " မိန်းမကြီးက " ရှင် မမှတ်မိတော့ဘူးလား? " သူခေါင်းခါဖြေတယ်....။
မိန်မကြီး သက်ပြင်းချပြီး " ကြည့်ရတာ.. ဒီနှစ်တွေမှာ ပိုက်ဆံလေး နှစ်ပြား သုံးပြား ရှိလာတော့ အရာရာကို မေ့ပစ်လိုက်ပြီပေါ့ ၊ လွန်ခဲ့တဲ့ အနှစ် ၂ဝ တုန်းက ကျွန်မတို့ အလုပ်လုပ်မယ်ဆိုပြီး
စုထားတဲ့ငွေလေးနဲ့ ခရီးဝေးကို ထွက်လာကြတယ်၊ ပိုက်ဆံ အလိမ်ခံရလို့ အခြေအနေမကောင်းခဲ့ဘူး... အိမ်ပြန်ဖို့စရိတ်တောင်မကျန်ဘူး......ရှင်ကကျွန်မကို ဒီနေရာက ဖက်ထုပ်ဆိုင်လေးမှာ ရှင် ကျွန်မကို ဖက်ထုပ် တစ်ပွဲဝယ်ကျွေးတယ်လေ ...
ကျွန်မ သိတယ် အဲဒီအချိန် ရှင့်မှာ ပိုက်ဆံ ၅ဝ ပဲကျန်တော့တယ်"

ယောက်ျားကြီး ဒါတွေလဲ ကြားရော ... တစ်ချက် တွန့်သွားတယ် ...ပတ်ဝန်ကျင် ကို သေချာကြည့်တယ် " ဒီ ....... ဒီ နေရာက ...... "
"ဟုတ်တယ် ဒီနေရာပဲ ...ကျွန်မ တစ်သက်လုံး မေ့လို့ရမှာမဟုတ်ဘူး ...အဲဒီအချိန်တုန်းက ဒီနေရာလေးဟာ ဖက်ထုပ်ဆိုင်လေး ဖွင့်ထားတယ်လေ ...
ယောက်ျားကြီး အသံတိတ်ခေါင်းလေးငုံ့လို့... မိန်းမကြီး တစ်ဖက်လှည့်ပြီး စားပွဲထိုးမလေးကို .." ညီ မ ... ပန်းကန်လုံးတစ်လုံးလောက်ပေးပါ"
စားပွဲထိုးမလေး လျင်မြန်စွာပဲပန်းကန်အလွတ်တစ်လုံးယူလာပေးတယ်, မိန်းမကြီးက ပန်းကန်ထဲက ဖက်ထုပ်ကို တစ်ဝက်စီခွဲထည့်လိုက်တယ် ...တစ်ပွဲကို ယောက်ျားကြီးရှေ့ကို ဖြည်းဖြည်း
တွန်းပို့ပေးတယ်.."စားလိုက်ပါ ..စားပြီးရင် အိပ်အတူပြန်ကြမယ်လေ...!"
ယောက်ျားကြီးက ရှေ့မှာရှိတဲ့ ဖက်ထုပ် တစ်ဝက်ကို စိုက်ကြည့်ပြီး .." ငါ မဆာဘူး " မိန်းမကြီးရဲ့ မျက်ဝန်းထဲမှာ မျက်ရည်စတွေနဲ့ " လွန်ခဲ့တဲ့ နှစ် ၂ဝ တုန်းကလည်း
ရှင်ဒီလိုပြောခဲ့တာပဲလေ...ကျွန်မကိုဗိုက်ဝအောင်စားစေချင်လို့ ပြောခဲ့မှန်းသိပါတယ် " သူမ ပြောပြီး ပန်းကန်ထဲမှာ ကူးခက်နေတဲ့ ဖက်ထုပ်တွေကို စိုက်ကြည့်ပြီး အတွေးတွေထဲ လွင့်မျောနေတယ် ...
ယောက်ျားကြီးက " နင်ဘာလို့မစားသေးလည်း ? " မိန်းမကြီး တစ်ချက်ရှိုက်ပြီး " လွန်ခဲ့တဲ့နှစ် ၂ဝ တုန်းကလဲ ရှင်ဒီအတိုင်းပဲ ကျွန်မကို မေးခဲ့တာပဲ ... ကျွန်မမှတ်မိသေးတယ်... ကျွန်မအဲဒီတုန်းကဖြေခဲ့တာက
..စားရင် အတူတူစားမယ် မစားရင်လဲ လုံးဝ မစားဘူး ...အခုလည်း အဲဒီ အဖြေပဲ ..."

ယောက်ျားကြီး ဘာမှမပြောတော့ဘူး ... ဇွန်းကိုကောက်ကိုင်ပြီး ဖက်ထုပ်ကိုခပ်တယ် ..ဘာကြောင့်မသိဘူး ... ဇွန်းကိုင်တဲ့လက်က တအားတုန်နေတယ်... ဘယ်နှစ်ခါ ခပ်မိတယ်မသိဘူး ... ဖက်ထုပ်က
ဟင်းရည်ထဲကိုပဲ ပြန်ပြန် ဆင်းသွားတယ်... နောက်ဆုံးတော့ သူ ဖက်ထုပ် တစ်ခုကို ခပ်ပြီး ပါးစပ်ထဲပို့လိုက်တယ် ... ဝါးတယ်စားတယ်.. နောက်တစ်ခုကို ခပ်ပြီး ပါးစပ်ထဲ ထည့်တော့ မျက်ရည်တွေ ... တပေါက်ပေါက်
စီးကျလာတော့တယ် ...
မိန်းမကြီးက သူ့ယောက်ျားစားတာတွေ့တော့ မျက်နှာမှာ အပြုံးတွေနဲ့ ဇွန်းကိုယူ ပြီး စားတော့တယ်... ဖက်ထုပ် ပါးစပ်ထဲကိုလည်း ရောက်ရော ... မျက်ရည်ကလည်း ပန်းကန်းလုံးထဲကို ကျသွားတယ်... ဒီလိုနဲ့ မျက်ရည်ရောတဲ့ ဖက်ထုပ် တစ်ဝက်စီကို စားလို့ ကုန်သွားတယ်...
ဇွန်းကို ချပြီးပြီးချင်း .. ယောက်ျားက မိန်းမကိုမေးတယ် .. " ဗိုက်ဝပြီလား ..."
မိန်းမကခေါင်းခါတယ် ၊ ယောက်ျား ပြာသွားတယ်... ဒါပေမယ့် ရုတ်တရက် သူတစ်ခုခုကိုသတိရလိုက်တယ်...ခါးကိုကုန်းပြီး ဖိနပ်ကိုချွတ်လိုက်တယ် ဖိနပ်ခြေနင်း အောက်ခံသားရည်ပြားအောက်ကို လှန်လိုက်တော့... ၅ဝဝ တန်
တစ်ရွက်ထွက်လာတယ် ... သူအံ့သြပြီး လက်ထဲက ၅ဝဝတန် ကို ကြောင်းငေးနေမိတယ် ..
မိန်းမကြီးက ပြုံးပြီး " အဲဒီ လွန်ခဲ့တဲ့ နှစ်၂ဝ တုန်းကလေ .. ရှင် ကျွန်မကို ငွေ ၅ဝ ပဲ ရှိတော့တယ် ဆို ပြီး ဖက်ထုပ်တစ်ပွဲတည်း ဝယ်းကျွေးခဲ့တယ်.. တကယ်တော့ ရှင့်မှာ နောက် ထက် ၅ဝ ရှိသေးတယ် ...
ခြေနင်းက အောက်ခံသားရည်ပြားအောက်ထဲမှာ ဖွက်ထားတယ် ... ကျွန်မသိပါတယ် .. ရှင်က အဲဒီ ၅ဝ နဲ့ ကျွန်မ ဗိုက်ဆာရင် နောက်ထပ် စားရအောင် ဖွက်ထားခဲ့တာ .. ဒါပေမယ့် အဲဒီတုန်းက ရှင် လဲ ဖက်ထုပ်
တစ်ဝက်စားလိုက်တော့ ကျွန်မဗိုက်မဝသေးဘူးဆိုတာ သိလို့ .. နောက်တစ်ပွဲထပ်မှာ စားခဲ့ကြတယ်လေ ..." သက်ပြင်းလေးတစ်ချက်ချပြီး " ရှင်လုပ်ခဲ့ဖူးတာတွေကို ပြန်မှတ်မိသေးတယ်နော်... .. အဲဒီ ၅ဝဝ ဖွက်တာ
အလကား မဖြစ်တော့ဘူး"
ယောက်ျားက ပိုက်ဆံကို စားပွဲထိုးမလေးကို ပေးတယ် " အကိုတို့ကို နောက်တစ်ပွဲ ထပ်ပေးအုံးကွာ..." စားပွဲထိုးမလေးကပိုက်ဆံကို မယူဘဲ ...အပြေးလေးထွက်သွားတယ် ..ခဏကြာတော့ လက်ထဲမှာ ဖက်ထုပ်
ပူနွေးနွေး တစ်ပွဲ ပါလာတယ် ...
ယောက်ျားက မိန်းမရဲ့ ပန်းကန်ထဲကို တစ်ဝက် ခွဲထည့်ပေးတယ် .." ပူတုန်းလေး စားလိုက်အုံး..."
မိန်းမ နည်းနည်းမှ မလှုပ်ဘဲပြောတယ် " စားပြီးရင်တော့ ကျွန်မတို့ လမ်းလျှောက်အိပ်ပြန်ကြရတော့မယ် ... ရှင်ကျွန်မကို အပြစ်မဆိုနဲ့နော် .. ကျွန်မကလည်း လမ်းမခွဲခင်လေး ရှင်နဲ့ အရင်ကလို
ဒုက္ခနဲ့ ဗိုက်မဝတဲ့ဒဏ်ကို အတူတူ မျှဝေခံစားချင်လို့ပါ...
ယောက်ျား ဘာအသံမှ ထွက်မလာဘူး ... ခေါင်းကြီး ငုံ့လို့ .. ဖက်ထုပ်တွေ တစ်လုတ်ပြီးတစ်လုတ် ... အရည်တွေလဲ အကုန်လုံး မော့သောက်လိုက်တယ် ... ပြောင်းသလင်းခါ နေအောင်း စား ပြီး ... မိန်မကို မြန်မြန်စား .. စားပြီးရင် ငါတို့ လမ်းလျှောက်ပြန်ရအုံးမယ်.."
မိန်းမက " ရှင်စိတ်ချပါ ... ကျွန်မ ကတိတည်ပါတယ် ... အိမ်ပြန်ရောက်တာနဲ့ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပေးမယ် .... ငွေလည်းတစ်ပြားမှ မယူဘူး .. ရှင် ဘယ်မိန်းကလေးနဲ့ပဲ ကြိုက်ကြိုက် ၉ယောက်ယူယူ ၁ဝ ယောက် ယူယူ ... ကျွန်မနဲ့ ဘာမှ မဆိုင်တော့ပါဘူး ..."
ယောက်ျားကြီးအားခေါင်သံကြီးနဲ့ အော်ပြောတယ် " အိမ်ပြန်ရောက်ရင် ငါ အဲဒီ ကွာရှင်းစာချုပ်ကို မီးရှို့ပစ်ပါမယ်ဟာ .ဟုတ်ပြီလား.. " ပြောအပြီးမှာ .. သူ ရှိုက်ကြီးတငင်ငိုပြောတယ်.." ငါမှားသွားတယ်
မိန်းမ ... ငါ ဦးနှောက်ထဲရေဝင်လို့ အဲလို မှားခဲ့မိတယ်. .."
မိန်းမကြီးက ပြုံးပြုံးလေးနဲ့ အေးအေးဆေးဆေး ဖက်ထုပ် ပန်းကန် တစ်ဝက်ကို ကုန်အောင်စားလိုက်တယ် ... ပြီးတော့ စားပွဲထိုးမိန်းကလေးကို .." ညီမရေ ဘေလ်ရှင်းမယ်နော်"
တစ်ချိန်လုံး ဘေးကနေကြည့်နေတဲ့ Hotel သူဋ္ဌေး သတိပြန်ဝင်လာပြီး .. စားပွဲဝိုင်းရှိရာကို လာခဲ့တယ် ... ငွေပေးနေတဲ့ မိန်းမကြီးလက်ကို တားပြီး အိပ်ထဲကနေ ၁ဝဝဝ တန် ၅ရွက်ထုတ်ပေးတယ်..
" မင်းတို့ အိမ်ပြန်ရောက်ရင် ကွာရှင်းစာချုပ်မီးရှို့ပစ်ဖို့တောင် ဆုံးဖြတ်ပြီးပြီပဲ ... အိမ်ကိုလဲ လမ်းလျှောက်မပြန်နဲ့တော့.."
လင်းမယားနှစ်ယောက်လုံး ဘာမှနားမလည်ဘဲ ငေးကြည့်နေကြတယ်. .. Hotelသူဌေးက ပြုံးပြီး.." မင်းတို့က ငါ့ရဲ့ဖောက်သည်ဟောင်းကြီးတွေပဲလေ ... လွန်ခဲ့တဲ့ အနှစ် ၂ဝ တုန်းက ဖက်ထုပ် ဆိုင်
ကလဲ ငါ့ဆိုင်ပဲ ... အဲဒီ အချိန်တုန်းက ဖက်ထုပ်က ငါ့မိန်းမလက်ရာကွ ... " ပြောပြီး ပိုက်ဆံကို ယောက်ျားလက်ထဲ အတင်း ထည့်ပြီး လှည့်ထွက်သွားတယ် ...
ဦးဝင်းစိန် ရုံးခန်းထဲလဲရောက်ရော... စားပွဲ အံဆွဲထဲကနေ စာစီပြီးသား ကွာရှင်းစာချုပ် စာရွက်လေးကို ဆွဲထုတ်လိုက်ရင်း ... " အော် ... ငါလဲ ဦးနှောက်ထဲ ရေဝင် ပြီး မှားချင်ခဲ့တာပဲ " .....................

လမ်းခွဲတော့မယ်ဆိုရင်တွေးကြည့်ပါ... အရင်ကအတိတ်ဟောင်းတွေမှာ ဒုက္ခဆင်းရဲမျှဝေခံစားခဲဖူးတဲ့သူဟာ တစ်လျှောက်လုံးလက်တွဲလာခဲ့ပြီး သင်တို့ရဲ့ ဇာတ်လမ်းတွေ ဤမျှမတိုတောင်းပါဘူး...
အချိန်တွေ့တရွေ့ရွေ့တွားနေလို့ ပျော်ရွှင်မှုချစ်ခြင်းမေတ္တာတွေကို နှလုံးသားချောင် တစ်ခုမှာ ပိတ်ထားမိခဲ့ကြတယ်... တကယ်တော့ သင့်ကို ချိုမြိန်သာယာတဲ့စကားနဲ့ ပျော်ရွှင်အောင်ချော့ပြောနေတဲ့သူဟာ
သင့်ကိုအချစ်ဆုံးသူမဟုတ်ပါဘူး... ခုလို ငွေလေး၅ဝဝကို ဖွက်ပြီး လိုအပ်ချိန်မှာ သင့်ကို အနစ်နာခံ ဂရုစိုက်ကာ နောက်ဆုံး စားစရာလေး ကျွေးပြီး ငါမဆာဘူးလို့ပြောမယ့်သူ သာလျှင် သင့်ကိုအချစ်ဆုံးသူပါ

ဇာတ်လမ်းလေးကိုကြည့်ပြီး (ဇနီးမယား)မိန်းမဆိုတာ ဘာလဲသိပြီလား....
မိန်းမဆိုတာ သင့်နှစ်သက်မယ့်လက်ဆောင်လေးတစ်ခုဝယ်ပေးဖို့ငွေတွေဆုပြီး အစားလျော့နေတယ်လို့ပြောမယ့် " ငပိန်းမလေး" ပါ။
မိန်းမဆိုတာ သင့်ကိုချစ်လို့ ကျန်တဲ့သူတွေကိုလျစ်လျူရှုပြီး သင့်ဘေးမှာတဖြေးဖြေး အိုစာတဲ့အထိသစ္စာရှိစွာနေသွားမယ့် "အရိုး အ အ မလေး" ပါ။
မိန်းမဆိုတာ သင့်ကိုတခြားမိန်းကလေးအကြောင်းမပြောဖို့၊ မကြည့်ဖို့၊ မချီးကြူးဖို့ကို အမြဲပြောနေမယ့် " သဝင်ကြောင်မလေး" ပါ။
မိန်းမဆိုတာ ဖုန်းထဲမှာ သင်ပို့သမျှ message ကို သိမ်းထားပြီး အကြိမ်ကြိမ်ပြန်ဖတ်ပြီးပျော်နေတတ်တဲ့ "အချစ်ရူးမလေး" ပါ။
မိန်းမဆိုတာ သင်ဘယ်ဘောင်းဘီလေးတွေ့ခဲ့လို့ကြိုက်တယ်ပြောမိရင် တစ်မြို့လုံးမရမကရှာပြီးဝယ်ပေးမယ် ပြီးတော့ လမ်းကြုံတွေ့လို့ဝယ်ပေးခဲ့တယ်လို့ပြောမယ့် "အပိုတွေမပြောတတ်တဲ့ မုသားမလေး" ပါ။
မိန်းမဆိုတာ သင်သူမဘေးမှာမရှိချိန်မှာ သင့်ကိုအရမ်းသတိရပြီး ဖုန်းကိုကိုယ်နဲ့မကွာထားကာ နေ့တိုင်းဖုန်းမျှော်နေတတ်တဲ့ "သနားစရာ မိန်ကလေး" ပါ။

Credit - gI Miss You
Tz

Thursday, January 30, 2014

Heart Touching Story


ဆရာဝန်တစ်ယောက်ဟာ ဆေးရုံထဲကို အပြေးတစ်ပိုင်းနဲ့ ၀င်လာခဲ့တယ်..။ သူဟာ အရေးကြီးနေတဲ့ ခွဲစိတ်မှုတစ်ခု ပြုလုပ်ရမယ်ဆိုတာကို ဖုန်းလက်ခံရရှိပြီး ချက်ချင်းဆိုသလို အ၀တ်အစားလှဲပြီး ခွဲစိတ်ခန်း ရှိရာဆီကို အပြေးအလွှား ရောက်ရှိလာခဲ့ပါတယ်..။ ခွဲစိတ်ခန်းအရှေ့ဟာ ခွဲခန်းထဲက ကောင်လေးရဲ့ အဖေဖြစ်သူဟာ ဂဏှာမငြိမ်ဖြစ်နေပြီး ဆရာဝန်ဖြစ်သူကို စောင့်စားနေပါတယ်..။ ဆရာဝန်ရောက်လာတာလဲမြင်ရော.. သူက..

"ခင်ဗျား ဒီကိုလာဖို့ ဘာလို့ အဲ့ဒီလောက် ကြာရတာလဲ ? ကျွန်တော့်သား အသက်အန္တရာယ်ရှိနေ တာကို ခင်ဗျား သိရဲ့လား..၊ ခင်ဗျားမှာ စာနာတတ်တဲ့စိတ်..၊ တာဝန်ယူတတ်တဲ့စိတ်လေး နည်းနည်းလေးတောင် မရှိဘူးလား…"

ဆရာဝန်ဖြစ်သူက ပြုံးပြီး အေးဆေးစွာပဲ..

"ကျွန်တော် ဆေးရုံမှာ အဆင်သင့် ရှိမနေခဲ့တဲ့အတွက် ကျွန်တော် စိတ်မကောင်းပါဘူး..၊ ကျွန်တော်လည်း ဖုန်းရတာနဲ့ ချက်ချင်း တတ်နိုင်သလောက် အမြန်ဆုံးလာခဲ့တာပါ..၊ ကဲ..အခု.. ခင်ဗျား စိတ်အေးအေးထားလိုက်ပါတော့..၊ ဒါမှပဲ ကျွန်တော်လည်း ခွဲစိတ်ခန်းကို စိတ်ဖြောင့်ဖြောင့် ၀င်နိုင်မှာ.."

"စိတ်အေးအေးထားရမယ်ဟုတ်လား..၊ အဲ့ဒီ ခွဲစိတ်ခန်းထဲမှာ ရှိနေတဲ့ကလေးဟာ ခင်ဗျားသားဆိုရင် ရော ခင်ဗျား ဒီစကားမျိုးပြောမှာလား..၊ ခင်ဗျားသား အခုပဲ သေဆုံးသွားမယ်ဆိုရင်ရော ခင်ဗျား ဘယ်လိုလုပ်မှာလဲ…"

"ကျွန်တော်တရားနဲ့ ဖြေသိမ့်ပါ့မယ်..။ ကျွန်တော်တို့ဟာ ဒီဘ၀မှာ ခဏတစ်ဖြုတ် လာဆုံကြတဲ့ ဧည့်သည်တွေပါ..။ တစ်ချိန်မဟုတ် တစ်ချိန်ကြရင် ခွဲကြရမယ်ဆိုတာကို တွေးလိုက်မယ်ဆိုရင် ကျွန်တော် ဘာမှခံစားရမှာ မဟုတ်ပါဘူး."

"ကိုယ်တိုင် မကြုံတွေ့ရတဲ့ ဒုက္ခတွေအတွက် အကြံပေးဖို့ဆိုတာ လူတိုင်း လုပ်တတ်ပါတယ်ဗျာ..၊ ခင်ဗျား ကျွန်တော့်ကို တရားချဖို့ မလိုပါဘူး.." လို့ဒေါနဲ့မောနဲ့ အော်ဟစ်ပြီး ထွက်သွားခဲ့ပါတယ်..။

ခဏကြာတော့ ခွဲစိတ်မှုကို စတင်ခဲ့ပါတယ်..။ ခွဲစိတ်မှုဟာ သူရဲ့ ကျွမ်းကျင်မှု ဂရုစိုက်မှု တို့ကြောင့် အောင်မြင်ခဲ့ပါတယ်…။ နာရီအနည်းငယ်ကြာတဲ့အခါမှာတော့ ဆရာဝန်ဖြစ်သူဟာ ခွဲခန်းထဲကနေ ပြုံးရွှင်စွာ ထွက်လာပြီး..

"ဘုရားကိုသာ ကျေးဇူးတင်ပေတော့..၊ ခင်ဗျားသားဟာ အသက်အန္တရာယ်မရှိတော့ပါဘူး.." လို့ ပြောပြီး ကောင်လေးရဲ့ အဖေဖြစ်သူထံမှ စကားသံကိုတောင် မစောင့်တော့ပဲ အလျင်အမြန်ပဲ ပြေးထွက်သွားခဲ့ပါတယ်…။

လူနာကောင်လေးရဲ့ အဖေဖြစ်သူဟာ သူနာပြုဆရာမတစ်ယောက်ကို

"အဲ့ဒီဆရာဝန်က ဘာလို့ အဲ့လောက်ထိ အလျင်လိုနေရတာလဲဗျ…၊ ကျွန်တော်သား အသက်ကို ကယ်တင်ပေးခဲ့တဲ့ သူ့ကို ကျေးဇူးတင်စကားတောင် ပြောဖို့ အချိန်မရလိုက်ဘူး…"

အဲ့ဒီအချိန်မှာ သူနာပြု ဆရာမလေးရဲ့ မျက်ဝန်းမှ မျက်ရည်များ စီးကျလာခဲ့ပြီး

"မနေ့ကပဲ သူ့ရဲ့သားဟာ ကားအက်စီးဒင့် တစ်ခုကြောင့် သေဆုံးသွားခဲ့ပါတယ်..။ မနေ့က ခင်ဗျားသားကို ခွဲစိတ်ပေးဖို့ ဖုန်းဆက်တော့ သူက သူ့သားအသုဘမှာလေ..။ အခုတော့ သူက ခင်ဗျားရဲ့ သားအသက်ကို ကယ်နိုင်ပြီဆိုတော့..၊ သူ့သား အသုဘဆီကို အမီပြန်ရအုံးမယ်လေ…"

( သင်ခန်းစာ - ဘယ်တစ်စုံတစ်ယောက်ကိုမှ အော်ဟစ်ပြီး ဆဲဆိုကြိမ်းမောင်းခြင်း မပြုလုပ်ပါနဲ့..။ သူဟာ သူ့ရဲ့ဘ၀ကို ဘယ်လိုဖြတ်သန်းနေရသလဲဆိုတာ ကိုယ်မှ မသိနိုင်တာပဲလေ…။ )


အောင်ထွန်းဦး

Saturday, January 18, 2014

အဲဒါ ဘာကောင်လဲ ?


အသက် ၈၀ အရွယ် အဘိုးအိုတစ်ဦးဟာ အိမ်ထဲက ဆိုဖာမှာ အသက် ၄၅နှစ်အရွယ် ပညာတတ်သားဖြစ်သူနဲ့ထိုင်နေတုန်းမှာ ရုတ်တရက် ပြတင်းပေါက်မှာ ကျီးကန်းတစ်ကောင် လာနားပါတယ်။ ဖခင်ဖြစ်သူက သားကိုမေးတယ်။ “အဲဒါ ဘာကောင်လဲ သား?” သားကဖြေတယ် “အဲဒါကျီးကန်းပါ အဖေ”။ မိနစ်အနည်းငယ်ကြာတော့ ဖခင်ဖြစ်သူက သားကို ဒုတိယအကြိမ်ထပ်မေးပါတယ်။ “အဲဒါ ဘာကောင်လဲ သား?” သားကဖြေတယ် “အခုလေးပဲ ပြောပြီးပြီလေ အဲဒါကျီးကန်း”။ ခဏအကြာမှာ ဖခင်ဟာ သားကို တတိယအကြိမ် ထပ်မေးလိုက်ပါတယ်။ “သား အဲဒါ ဘာကောင်လဲ?” ဒီတစ်ကြိမ်မှာတော့ သားဖြစ်ရဲ့လေသံထဲမှာ စိတ်ဆိုးသံပါလာပြီး ဖခင်ဖြစ်သူကို မညာမတာပြန်ပြောလိုက်ပါတယ်။ “အဲဒါ ကျီးကန်း…. ကျီးကန်း….”။
===========

ခဏလောက်အကြာမှာ ဖခင်ဟာ သားကို လေးကြိမ်မြောက်ထပ်မေးလိုက်ပါတယ်။ “အဲဒါ ဘာကောင်လဲ သား?” ဒီအကြိမ်မှာတော့ သားဟာ ဖခင်ကို အော်ဟစ်ပြောဆိုပါတော့တယ်။ “အဖေ ဘာကြောင့် ဒီမေးခွန်းကို ထပ်တလဲလဲမေးနေရတာလဲ? ကျွန်တော် အကြိမ်မရေတွက်နိုင်အောင် ပြောပြီးပြီလေ။” “အဲဒါ ကျီးကန်း သိလား” “ခင်ဗျား ဒါလေးမှ နားမလည်နိုင်ဘူးလား?”
============

ခဏကြာပြီးနောက်မှာတော့ ဖခင်ဖြစ်သူဟာ သူ့အခန်းထဲကိုဝင်သွားပြီး ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ ဒိုင်ယာရီ စာအုပ်လေးနဲ့ပြန်ထွက်လာပါ။ အဲဒီစာအုပ်လေးဟာ သူ့သာမွေးကတည်းက ထိန်းသိမ်းလာခဲ့တဲ့စာအုပ်ပါ။ စာမျက်နှာတစ်ရွက်ကိုဖွင့်ပြီး သူ့ရဲ့သားကို ဖတ်ကြည့်ဖို့ပြောပါတယ်။ သားဖြစ်သူက ဖတ်တဲ့အခါမှာ အောက်ပါစာလုံးတွေကို တွေ့လိုက်ရပါတယ်။ :-
============

ဒီကနေ့ ကျွန်တော့်သားလေးနဲ့ ကျွန်တော် ဆိုဖာပေါ်မှာထိုင်နေတုန်း ပြတင်းပေါက်မှာ ကျီးကန်းတစ်ကောင်လာနားတယ်။ ကျွန်တော့်သားက အဲဒါဘာကောင်လဲဆိုတာကို ၂၃ ကြိမ်မေးပါတယ်။ ကျွန်တော် ၂၃ကြိမ်လုံးလုံးဖြေပါတယ်။ အဲဒါ ကျီးကန်းဆိုတဲ့ ငှက်ပါဆိုတာကို။ မေးခွန်းတစ်ခုတည်းကိုပဲ ထပ်ခါ ထပ်ခါ သားကမေးလိုက်တဲ့အချိန်တိုင်းမှာ ကျွန်တော်သူ့ကို ကြင်ကြင်နာနာ ပွေ့ဖက်ထားခဲ့ပါတယ်။ ကျွန်တော်လုံးဝကို စိတ်ဆိုးမှုမဖြစ်တဲ့အပြင် ရိုးသားတဲ့ ကျွန်တော့်သားလေးအတွက် ဂရုဏာသက်မိပါတယ်။
==============
ကလေးဖြစ်သူက ၂၃ ကြိမ်တိုင်တိုင် “အဲဒါ ဘာကောင်လဲ?” လို့မေးခဲ့စဉ်က ဖခင်ဖြစ်သူဟာ စိတ်မဆိုးဘဲ ၂၃ ကြိမ်တိုင်တိုင်ဖြေပေးခဲ့တာမှာ ဒီနေ့အချိန်မှာ ဖခင်ဖြစ်သူက သားကို ဒီမေးခွန်းကိုပဲ လေးကြိမ်မေးရုံနဲ့ စိတ်ဆိုး ဒေါသထွက်ပါသတဲ့။
==============
ဒါကြောင့်မို့
သင့်မိဘတွေဟာ အရွယ်ရလာပြီဆိုရင် သူတို့ကို ၀န်ထုပ်ဝန်ပိုးသဖွယ်သဘောထားပြီး မနှစ်မြို့စရာလို့ ကြည့်မြင်မယူဆလိုက်ပါနဲ့။ သူတို့ကို ကျက်သရေရှိတဲ့စကားလေးတွေပြောပေးပါ။ အေးအေးဆေးဆေး ပြောပါ။ သူတို့ကို ရိုရိုသေသေ နှိမ့်နှိမ့်ချချနဲ့ ကြင်ကြင်နာနာပြောဆိုဆက်ဆံပေးပါ။ သူတို့တွေဟာ အတ္တကင်းတဲ့ချစ်ခြင်းမေတ္တာတွေနဲ့ ကျွန်တော်တို့အပေါ်ကို သွန်းလောင်းခဲ့သူတွေပါ။ ဒီကနေ့ ကျွန်တော်တို့တွေကို လူ့အသိုင်းအ၀ိုင်းမှာ ရပ်တည်နိုင်အောင်လုပ်ပေးဖို့ သူတို့ဟာ မုန်တိုင်းမမြင် အပူဒဏ်မမြင်နဲ့ တောင်တွေကိုကျော်ပြီး ချောက်ကမ်းပါးတွေကိုဖြတ်လာခဲ့ကြရသူတွေပါ။
==========
ဤစာအား ဝေမျှခြင်းအားဖြင့် ကျွန်တော်တို့၏ အသိစိတ်များကို မြှင့်တင်ပေးကြပါစို့။

The father with his son and a crow
=====================

An 80 year old man was sitting on the sofa in his house along with his 45 years old highly educated son. Suddenly a crow perched on their window. The Father asked his Son, “What is this?” The Son replied “It is a crow”. After a few minutes, the Father asked his Son the 2nd time, “What is this?” The Son said “Father, I have just now told you “It’s a crow”. After a little while, the old Father again asked his Son the 3rd time, “What is this?” At this time some expression of irritation was felt in the Son’s tone when he said to his Father with a rebuff. “It’s a crow, a crow”.

A little after, the Father again asked his Son the 4th time, “What is this?” This time the Son shouted at his Father, “Why do you keep asking me the same question again and again, although I have told you so many times ‘IT IS A CROW’. Are you not able to understand this?”

A little later the Father went to his room and came back with an old tattered diary, which he had maintained since his Son was born. On opening a page, he asked his Son to read that page. When the son read it, the following words were written in the diary :-
“Today my little son aged three was sitting with me on the sofa, when a crow was sitting on the window. My Son asked me 23 times what it was, and I replied to him all 23 times that it was a Crow. I hugged him lovingly each time he asked me the same question again and again for 23 times. I did not at all feel irritated I rather felt affection for my innocent child”.
While the little child asked him 23 times “What is this”, the Father had felt no irritation in replying to the same question all 23 times and when today the Father asked his Son the same question just 4 times, the Son felt irritated and annoyed.
So..
If your parents attain old age, do not repulse them or look at them as a burden, but speak to them a gracious word, be cool, obedient, humble and kind to them. They have always showered their selfless love on me. They crossed all mountains and valleys without seeing the storm and heat to make me a person presentable in the society today.

Credit to English-မြန်မာ စာပဒေသာ။
---

(အွန်လိုင်းပေါ်မှာ လူကြိုက်များနေတဲ့ ဒီလို ပို့စ်ကောင်းကောင်းလေးတွေကို ၀င့်ဝါ - ပိုထည်ချည်ထည်မှ နေ့စဉ် တင်ဆက်ပေးနေတာမို့ Page ကို Like လုပ်ပေးထားပြီး နေ့စဉ်ဖတ်ရှုနိုင်ပါတယ်ရှင်)

လူတစ်ယောက်ရဲ့ အမှန်တရား


မှန်မှန်နဲ့ မြန်မြန်ခုတ်မောင်းနေတဲ့ ရထားတစ်စင်းရဲ့ ပြူတင်းပေါက် တစ်ပေါက်မှာ လောကကြီးကိုအထူးအဆန်းနဲ့ ကြည့်ပြီး တတွတ်တွတ် ပါးစပ်ကပြောနေတဲ့ အသက်၂၄နှစ်အရွယ် လူငယ်တစ်ယောက်က
ဘေးမှာထိုင်နေတဲ့ သူ့ အဖေ ကို
" ဖေဖေ ဟိုမှာကြည့်ပါအုံး သစ်ပင်တွေသားတို့ ရထားနောက်မှာကျန်ခဲ့တယ် "
"ဘာဖြစ်လို့ လဲဟင် ဖေဖေ"
"တိမ်တွေလည်း သားတို့ ရထားနဲ့ ယှဉ်ပြီး လိုက်လာတယ်"
"အရမ်း ကြည့်လို့ ကောင်းတယ်နော် ဖေဖေ"
ဆိုပြီး အသက်နဲ့ မမျှအောင် သာမန်လူတွေအတွက်နေ့ စဉ်ကြုံတွေ့ နေရတဲ့ အရာမှန်သမျှကို သူ့အတွက် အထူးအဆန်း လုပ်ပြောနေ ရှာပေမယ့် ဘေးမှဖခင်ဖြစ်သူကတော့ သူ့သားအဖြစ်ကို ကြည့်ပြီးပြုံးနေရှာတယ်။

ဒါကိုမြင်တဲ့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ လူငယ်စုံတွဲက ကောင်လေးရဲ့ အဖြစ်ကို ကြည့်ပြီးရယ်ကာ ကောင်လေး၏ဖခင်ဖြစ်သူကိုမေးတယ်။
"ဦးလေးရဲ့ သားဒီလိုဖြစ်နေတာကို ဆေးရုံကိုခေါ်ပြီး ဆရာဝန်နဲ့ ညှိနှိုင်းသင့်တယ်"
ဒါနဲ့ ကောင်လေးရဲ့ဖခင်ဖြစ်သူကလည်း
"အခုပဲဆေးရုံကဆင်းလာတာပါ။
ဦးလေးသားက စိတ်မကျန်းမာသူ မဟုတ်ပါဘူး။
မွေးကထဲက မျက်စိမကောင်းလို့  မကြာသေးခင်ကမှ မျက်ကြည်လွှာ
အလှူရှင်တွေ့ ပြီး ယခုအသက်၂၄နှစ်အရွယ်ရောက်မှ လောကကြီးကို
အမြင်နဲ့ ထိတွေ့ ခွင့်ရလို့ အားလုံးကို အထူးအဆန်း ဖြစ်နေတာပါ"
လို့  ပြုံပြုံးလေးနဲ့  စောနက စုံတွဲကို ပြန်ဖြေလိုက်ပါတယ်။

ဒါ့ကြောင့် လူတစ်ယောက်ရဲ့ အမှန်တရားကို သေချာမသိခင်
မိမိ၏ ထင်ကြေးနဲ့ ထိုလူကို လှောင်ရယ် မပြုသင့်ပါ။
သူ့ အမှန်တရားကို သင်သိတဲ့အချိန်မှာ သင့်အမှန်တရားဟာ
သူ့ အတွက် လှောင်ရယ်ပြုစရာဖြစ်နေပါလိမ့်မယ်............


ZK
http://www.kanaung.net/