Free Download လုပ်နိုင်သော Programming စာအုပ် ၅၀၀ အားရယူရန်
Programming နဲ့ပတ်သက်သော ebook တွေရှာဖွေနေပါသလား။ဒီမှာတစ်စုတစ်စည်းတည်းစုစည်းပေးထားပါတယ်။
Programming Language အမျိုးမျိုးပါဝင်မှာဖြစ်ပြီး Ada, Assembly, C, C#, C++, CGI, JavaScript, Perl, Pascal, Haskell, Java, Lisp, PHP, Prolog, Python, Ruby စသည်တို့ပါဝင်မှာဖြစ်သလို Game Programming နှင့် Software Engineering နှင့်သက်ဆိုင်သောစာအုပ်များကိုလည်းရယူနိုင်မှာဖြစ်ပါတယ်။
အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
http://www.efytimes.com/e1/creativenews.asp?edid=119319
----------------------------------------
Nyein Chan (TSJ Tech Team)
မြတ်ဗုဒ္ဓက မိမိအတွက် ကောင်းမှုကုသိုလ်ရမဲ့အရာမဟုတ်ရင် မလုပ်နဲ့၊ မကြံစည်နဲ့၊ မပြောဆိုနဲ့။ အဲဒါမျိုးတွေနဲ့ အချိန်ကုန်နေမယ်ဆိုရင် မိမိလက်ရှိအချိန်လေးဟာ တန်ဖိုးမဲ့တဲ့အချိန်တွေ ဖြစ်သွားလိမ့်မယ်တဲ့။ ဒါပေမဲ့ ခုခေတ်လူတွေဟာ သူတို့သိချင်တာကို မသိရရင် ဗုဒ္ဓတရားတော်များ မှားနေသလို သူတို့ပဲ ဗုဒ္ဓကိုယုံကြည်ရတာ အကျိုးမရှိသလိုဖြစ်နေကြပါတယ်။ ဦးဇင်းစပြီး အွန်လိုင်းမှာ မေးဖြေလုပ်ပေးကတည်းက လူအများဆုံးအမေးခံရတဲ့အရာဟာ ဒီမြင့်မိုရ်တောင်ကိစ္စပဲ ဖြစ်နေပါတယ်။
ဒါပေမဲ့ဦးဇင်းမဟုတ်တဲ့အရာနဲ့အချိန်ကုန်မခံချင်လို့ ဖြေမပေးခဲ့ပါဘူး။ ခုတော့ ဖြေမပေးရင် ဦးဇင်းတို့ဘာသာဝင်တွေကို သူများက ကဲ့ရဲ့လို၍ဖြစ်စေ၊ ပညာစမ်းချင်လို့ဖြစ်စေ မေးလာတဲ့အခါ မဖြေနိုင်
မည်ဆိုးတာကြောင့် ဦးဇင်းလေ့လာသိရှိသမျှ မြင့်မိုရ်တောင်နဲ့ စကြာဝဠာအကြောင်းကို ရေးသားတင်ပြပေးလိုက်ပါတယ်။
ကမ္ဘာမြေကြီးသည် ထုထည်အားဖြင့် ယူဇနာပေါင်း (၂)သိန်း(၄)သောင်း ရှိတယ်။ အထက်တစ်ဝက်မှာ မြေသားဖြစ်ပြီးအောက်တစ်ဝက်မှာ ကျောက်သားဖြစ်တယ်။
မြေကြီးအောက်မှာ ယူဇနာ(၄)သိန်း(၈)သောင်းထူသော ရေပြင်ရေခဲ
တုံးကြီးရှိတယ်။ မြေအထုထက် နှစ်ဆကြီးမားတဲ့ ရေပြင်ရေခဲတုံးကြီးက မြေပြင်ကို မြှောက်ထားခြင်း ဖြစ်တယ်။
တဖန်ထိုရေပြင်ရေခဲတုံးကြီးကိုယူဇနာ(၉)သိန်း(၆)သောင်းရှိတဲ့ လေပြင်ကြီးက အောက်မကျအောင် ပင့်မြှောက်တိုက်ခက်ပေးနေတယ်။ အဲဒီလေပြင်ကြီးအောက်မှာမှ အဆုံးအပိုင်းအခြားမရှိသော ကောင်းကင်ကြီး တည်ရှိပါတယ်။ ထိုကောင်းကင်ကြီးအတွင်းတွင် မီးကလပ် အပြည့်ရှိနေတယ်။ ထိုအောက်တွင်မှ ငရဲကြီးရှစ်ထပ် အစဉ်အတိုင်းတည်ရှိနေပါတယ်။ ဒါကတော့ ကမ္ဘာမြေအောက်ပိုင်း တည်နေပုံပါ။
စကြာဝဠာတစ်ခုဟုသတ်မှတ်သော ကမ္ဘာမြေကြီးရဲ့အ၀န်းအကျယ်မှာ ယူဇနာပေါင်း (၃)သန်း၊ (၆)သိန်း၊(၁)သောင်း၊ (၃၅၀)ကို သတ်မှတ်၏။ ကမ္ဘာမြေ၀န်းကြီးကို ကျောက်တောင်ကြီးများက ၀ိုင်းဝန်းရစ်ပတ်ပြီး
တံတိုင်းခတ်ထားကြတယ်။ ကမ္ဘာမြေကြီးရဲ့အတွင်းမှာ သမုဒ္ဒရာရေပြင်ကြီးရှိတယ်။ ထိုသမုဒ္ဒရာဟာအနက်ဟာယူဇနာပေါင်း(၈)သောင်း(၄)ထောင်ရှိတယ်။ ရေပြင်အထက်မှာလည်း ယူဇနာပေါင်း(၈)သောင်း(၄)ထောင်၊ရေတွင်းမှာလည်း ယူဇနာပေါင်း(၈)သောင်း(၄)ထောင်ရှိတယ်။ အဲဒီရေပြင်အထက်နဲ့ရေတွင်းနှစ်ခုပေါင်း (၁)သိန်း(၆)သောင်း(၈)ထောင်ဟာ မြင့်မိုရ်တောင်အမြင့်လည်း အဲဒီလောက်အတူတူမို့ မြင့်မိုရ်တောင် တည်ရှိနေပါတယ်။
အဲဒီတော့ သမုဒ္ဒရာရဲ့ရေပြင်၊ ရေတွင်း၊ ရေအနက် စုစုပေါင်းဟာ ယူဇနာ(၂)သိန်း၊(၅)သောင်း၊ (၂)ထောင်ရှိပါတယ်။
သမုဒ္ဒရာရဲ့အလယ်တည့်တည့်မှာရှိတဲ့ မြင့်မိုရ်တောင်ကတော့ အထက်ရေပြင် တာဝတိံသာနတ်ပြည်အထိ ယူဇနာ ရှစ်သောင်းလေးထောင်ရှိသကဲ့သို့ သမုဒ္ဒရာအတွင်း၌လည်း ရှစ်သောင်းလေးထောင်အမြင့် ရှိပါတယ်။
ထိုသမုဒ္ဒရာ၏ပတ်ဝန်းကျင်တွင်သီဒါခေါ်သော မြစ်တစ်ခုခြားပြီး မြင့်မိုရ်တောင်၏အောက်တစ်ဝက်လောက်နိမ့်တဲ့ ယုဂန္ဓိုရ်တောင် ရှိပါတယ်။ အဲဒီလိုနဲ့ သီဒါမြစ်တစ်ခုတစ်ခုခြားကာ တောင်စဉ်(၇)ထပ် မြင့်မိုရ်တောင်ကို ၀ိုင်းရံနေကြပါတယ်။ ထိုမြင့်မိုရ်တောင်နဲ့တောင်စဉ်(၇)ထပ်တို့ရဲ့ လေးမျက်နှာရေလယ်ခေါင်းတွင် ကျွန်းကြီးကျွန်းငယ်များ ရှိနေကြပါတယ်။ အဲဒီကျွန်းများတွင် လူစတဲ့သတ္တ၀ါများ နေထိုင်ကြတာကြောင့် အရှေ့ဘက်တွင်ရှိတဲ့ကျွန်းကို
အရှေ့ကျွန်း၊အနောက်ဘက်ကိုအနောက်ကျွန်း၊ မြောက်ဘက်ကို မြောက်ကျွန်း၊ တောင်ဘက်ကို တောင်ကျွန်းလို့ သတ်မှတ်ခေါ်ဝေါ်ကြလေတယ်။
ယုဂန္ဓိုရ်တောင်ထိပ်မှာ စတုမဟာရာဇ်နတ်ပြည်တည်ရှိနေပြီး မြင့်မိုရ်တောင်ထိပ်မှာ တာဝတိံသာနတ်ပြည် တည်ရှိနေပါတယ်။ ဒီနတ်ပြည်(၂)ခုဟာ မြေပြင်နဲ့ဆက်စပ်နေလို့ မြေပြင်ရဲ့အမြင့်ဆုံးဖြစ်တဲ့ တောင်တွေပေါ်မှာ တည်ရှိနေတာပါ။ ကျန်တဲ့နတ်ပြည်၊ ဗြဟ္မာ့ပြည်တွေကတော့ ကောင်းကင်ပေါ်မှာ တည်ရှိနေကြပါတယ်။ ကောင်းကင်အလွှာအထပ်ထပ်တွင် ကျန်တဲ့နတ်ပြည်များဟာ တစ်ထပ်နှင့်တစ်ထပ် ယူဇနာအကွာအဝေး လေးသောင်းနှစ်
ထောင်စီအကွာဖြင့် တည်ရှိနေကြတယ်။ မြင်းမိုရ်တောင်၏အထက် ယူဇနာ ငါးသန်းငါးသိန်းရှစ်ထောင်ဝေးသောအရပ်တွင် ဗြဟ္မာဘုံများ ရှိကြပါတယ်။
ဒါကတော့ စကြာဝဠာတစ်ခုရဲ့ကမ္ဘာမြေတည်နေပုံပါ။ စကြာဝဠာတစ်ခုအတွင်းမှာ နေတစ်ခု လတစ်ခု ရှိကြပါတယ်။
နေနဲ့လတို့ဟာ ယုဂန္ဓိုရ်တောင်နဲ့အမျှ ကောင်ကင်မှာ လက်ယာရစ် လှည့်ပတ်နေကြပေတယ်။ ဖြစ်ဖော်ဖြစ်ဖက်ပျက်ဖော်ပျက်ဖက် စကြာဝဠာတွေဟာ ကြမ်းပြင်ပေါ် ဆန်တွေစီချထားသလို စကြာဝဠာတောင်တွေ ခွေရစ်ပတ်နေကြပါတယ်။ ဒီစကြာဝဠာလို တည်ရှိနေကြသေးတဲ့ ကျန်တဲ့စကြာဝဠာပေါင်း မြောက်များစွာ မရေတွက်နိုင်အောင် ရှိပါသေးတယ်။ ဒါကြောင့် မြတ်ဗုဒ္ဓက စကြာဝဠာအနန္တ-ရေတွက်လို့တောင် မရနိုင်အောင်များစွာရှိတယ်လို့ မိန့်ခဲ့တာပါ။
တစ်ခါ လောကဓာတ်အနေနဲ့ ထပ်ရှင်းပြရမယ်ဆိုရင် ဖြစ်တူ-တည်တူ-ပျက်တူဖြင့် အတူတူဖြစ် အတူတူတည် အတူတူပျက်ကြတဲ့ စကြာဝဠာပေါင်း ကုဋေတစ်သိန်းကို မဟာလောကဓါတ် တစ်ခုလို့ခေါ်ပါတယ်။ အဲဒီမဟာလောကဓါတ်ကြီးကို တစ်သောင်းအုပ်စုတစ်ခုစီ ထပ်ခွဲလိုက်ပြီးလျှင် အဲဒီထဲကမှ တစ်သောင်းအုပ်စုတစ်ခုကို မဇ္ဈိမလောကဓါတ်ဟုခေါ်ပါတယ်။
မဇ္ဈိမလောကဓါတ်ကို စူဠလောကဓါတ်လို့ခေါ်တဲ့ စကြာဝဠာ တစ်သောင်းနဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒီတစ်သောင်းထဲက တစ်ခုတုန်လှုပ်ရင် တွဲဖက်ဖြစ်တဲ့ အခြားစကြာဝဠာ ကိုးထောင်ကိုးရာကိုးဆယ့်ကိုးခုကလည်း လိုက်ပြီးတော့ တုန်လှုပ်ပါတယ်။
ဦးဇင်းတို့ရဲ့ ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ဟာ ဒီပင်္ကရာဘုရားရှင်အထံမှ နိယတဗျာဒိတ်ခံယူပြီးတော့ ဘုရားဖြစ်ဖို့အတွက် ငါဘာတွေကို လုပ်ရမှာပါလဲလို့ စဉ်းစားပါတယ်။ ဘုရားဖြစ်ဖို့အတွက် ပါရမီဆယ်ပါးကို ဖြည့်ကျင့်ရမယ်လို့ မိမိဘာသာ သိမြင်သောအခါမှာ ဦးဇင်းတို့ရဲ့ စကြာဝဠာဟာ အိုးထိန်းစက်ကဲ့သို့ တုန်လှုပ်ခဲ့ပါတယ်။ အဲဒီအခါမှာ ဦးဇင်းတို့ရဲ့ စကြာဝဠာနဲ့တွဲဘက်ဖြစ်တဲ့ စကြာဝဠာ ကိုးထောင်ကိုးရာကိုးဆယ့်ကိုးခုကပါ ဦးဇင်းတို့ရဲ့ စကြာဝဠာနဲ့အတူ လိုက်ပြီးတော့ တုန်လှုပ်ခဲ့ပါတယ်။ ဒါကို မဇ္ဈိမလောကဓါတ်တစ်ခုလုံး တုန်လှုပ်တယ်လို့ ခေါ်ပါတယ်။
ဒီအကြောင်းကို ဘုရားရှင်ကိုယ်တော်တိုင် ဗုဒ္ဓ၀င်ပါဠိတော်မှာ ဟောကြားတော်မူခဲ့ပါတယ်။
အဲဒီမဇ္ဈိမလောကဓါတ်ရဲ့ အလယ်ဗဟိုတည့်တည့်မှာ စကြာဝဠာတစ်ခုရှိပါတယ်။ အဲဒီစကြာဝူဠာထဲမှာ အရှေ့ကျွန်းအနောက်ကျွန်း တောင်ကျွန်း မြောက်ကျွန်းဆိုပြီးတော့ ကျွန်းကြီးလေးကျွန်း ရှိပါတယ်။ အဲဒီကျွန်းကြီးလေးကျွန်းထဲက aတာင်ကျွန်းမှာ မဇ္ဈိမဒေသအရပ်ဆိုတာရှိပါတယ်။ အဲဒီ မဇ္ဈိမအရပ်ဒေသမှာပဲ သဗ္ဗညုဘုရားရှင်များ၊ ပစ္စေကဗုဒ္ဓါဘုရားရှင်များ၊ပွင့်ကြပြီး ကျန်ကျွန်း(၃)ကျွန်းမှာ မပွင့်ကြပေ။ အခု ဦးဇင်းတို့နေထိုင်တဲ့ စကြာဝဠာအပြင် ကျန်တဲ့စကြာဝဠာများမှာလည်း ဦးဇင်းတို့နေထိုင်တဲ့ စကြာဝဠာလို သုံးဆယ့်တစ်ဘုံတွေ ရှိကြပါတယ်။ ဒါပေမဲ့ အဲဒီစကြာဝဠာတွေမှာ ဘုရားရှင်များ၊ လူအရိယာများမရှိကြဘဲ စကြာဝတေးမင်းနှင့် နတ်ဗြဟ္မာအရိယာများသာ ရှိကြပါတယ်၊၊
အဲဒီတော့ မဟာလောကဓါတ်ကြီးထဲက သဗ္ဗညုဘုရားရှင် ပွင့်တော်မူတဲ့ စကြာဝဠာတစ်ခုကို ဖယ်ထားလိုက်ရင်အခြားစကြာဝဠာပေါင်း ကုဋေကိုးသောင်း ကိုးထောင် ကိုးရာ ကိုးဆယ့် ကိုးကုဋေသော စကြာဝဠာတိုင်းမှာ သုံးဆယ့်တစ်ဘုံရှိတယ်။ ဘုရားရှင်များ၊ လူအရိယာများ၊ ရဟန်းအရိယာများ မရှိ။ နတ်အရိယာ၊ ဗြဟ္မာအရိယာနဲ့စကြာဝတေးမင်းများသာ ရှိကြတယ်။ နတ်အရိယာ၊ ဗြဟ္မာအရိယာရှိနေပြီးတော့ ဘာဖြစ်လို့ လူအရိယာ၊ ရဟန်း
အရိယာ မရှိရတာလဲလို့ မေးစရာဖြစ်လာပါတယ်။ လူအရိယာ၊ ရဟန်းအရိယာမရှိတာက သူတို့ဆီမှာ သဗ္ဗညုဘုရားရှင်များ မပွင့်ကြလို့ပါ။ ပစ္စေကဗုဒ္ဓါများမရှိကြတာကတော့ ပစ္စေကဗုဒ္ဓါများဟာသာသနာပများဖြစ်ကြသော်လည်း အလေ့အလာ ထုံးတမ်းစဉ်လာအားဖြင့် သဗ္ဗညုဘုရားမပွင့်တဲ့ စကြာဝဠာများမှာ ပစ္စေကဗုဒ္ဓါများလည်းမပွင့်ကြလို့ မရှိကြတာပါ။
အရိယာ နတ်တွေဗြဟ္မာတွေဟာ သူတို့ရဲ့ တန်ခိုးဣဒ္ဓိပါဒ်များနှင့် ဘုရားပွင့်တဲ့ စကြာဝဠာမှာ တရားနာလာကြပါတယ်။ ပြီးတော့ အရိယာဖြစ်ကြပါတယ်။ ဗုဒ္ဓစာပေကျမ်းဂန် အနှံ့အပြားမှာ ဘုရားရှင်ရဲ့ တရားပွဲတွေမှာ စကြာဝဠာ တိုက်တစ်သောင်းက နတ်ဗြဟ္မာတွေတရားနာလာကြတယ်ဆိုတာကို တွေ့ရှိနိုင်
ပါတယ်။ ဒါကိုကြည့်ရင် အခြားစကြာဝဠာက လူတွေလည်း ဘုရားမပွင့်ပေမယ့် ကျွတ်တန်းဝင်နိုင်ကြပါတယ်။ သူတို့စကြာဝဠာမှာ စကြာဝတေးမင်းရှိတယ်။ သူက တရားသဖြင့် ဆုံးမအုပ်ချုပ်မယ်။ လူတွေဟာ စကြာဝတေးမင်းရဲ့ အဆုံးအမကို လိုက်နာပြီးတော့ သီလတွေထိန်းသိမ်းကြမယ်။ ဒါနတွေပြုကြမယ်။ သမထတွေပွားများကြမယ်။ ပြီးတော့ နတ်ပြည် ဗြဟ္မာ့ပြည်တွေကို ရောက်မယ်။ ပြီးတော့ အဲဒီနတ်တွေ ဗြဟ္မာတွေဟာ ဘုရားရှင်ရှိရာကို လာပြီးတော့ တရားနာကြမယ်။ကျွတ်တန်းဝင်ကြတယ်။ ဒီသဘောပါပဲ။
အထက်မှာ ပြောခဲ့တဲ့ အကြောင်းတရားတွေကို ထောက်ရှု့ပြီးတော့ အခြားသောစကြာဝဠာများမှာလည်းလူသားများ ဧကန်ရှိကြတယ်လို့ မှတ်ရပါမယ်။ ရတနသုတ်တော် ခန္ဒသုတ်တော် မောရသုတ်တော် ဓဇဂသုတ်တော် အာဋာနာရိယသုတ်တော်များရဲ့ အာဏာတော်ဟာ စင်္ကြာဝဠာပေါင်း ကုဋေတစ်သိန်းနဲ့ ဖွဲ့စည်းထားတဲ့ မဟာလောကဓါတ်ကြီး တစ်ခုလုံးကို ပျံ့နှံ့တည်တံ့ပါတယ်။ အထက်မှာ ပြောခဲ့တဲ့ မဟာလောကဓာတ်လိုမျိုး မဟာလောကဓါတ်တွေ
အများကြီးပဲရှိပါတယ်။ အဲဒီ အကုန်လုံးသော မဟာလောကဓါတ်တွေကိုတော့ အနန္တလောကဓါတ်လို့ ခေါ်ဆိုပါတယ်။ဒါကတော့ စကြာဝဠာအကြောင်းကို ပိုရှင်းအောင် ရှင်းပြတာပါ။
မြတ်ဗုဒ္ဓတာဝတိံသာကို ကြွချီတော်တဲ့အခါတုန်းက ရတနာစင်္ကြံမှာ ခြေတစ်ဖဝါးချပြီး လက်ယာခြေတော် လှမ်းတော်မူကာ ယုဂန္ဓိုတောင်ထိပ်မှာ တစ်ဖဝါး ချတော်မူပြီးနောက် မြင့်မိုရ်တောင်ထိပ်ကို တစ်ဖဝါးချတော်မူတယ်လို့ ဆိုကြပါတယ်။ တန်ခိုးတော်နဲ့သွားလို့ စုစုပေါင်း နှစ်လှမ်း၊သုံးဖဝါးနဲ့ ကြွချီတော် မူခဲ့တာပါ။ကမ္ဘာတစ်ခုပျက်သောအခါ မြေ၊ မီး၊ လေ၊ ရေ စသော ဓာတ်ကြီးလေးပါးတစ်မျိုးမျိုးနှင့် ပျက်ပါတယ်။ ထိုသို့ကမ္ဘာပျက်
သောအခါ သုံးဆယ့်တစ်ဘုံတွင် ကောင်းမှုအရင်းခံသောသူများသည် ကမ္ဘာပျက်ကာလတွင် ဒုတိယဈာန်ဘုံစတဲ့ဗြဟ္မဘုံများမှာ ပြောင်းရွေ့နေကြရသလို မကောင်းမှု အရင်းခံသောသူများသည် အ၀ီစိငရဲတွင်နေပြီး ကမ္ဘာတံတိုင်းဟုခေါ်သော မဲမှောင် ပိတ်ဖုံးနေသည့် ချောက်နက်ကြီးများတွင် ပြောင်းရွေ့ကာ ဒုက္ခခံကြရတယ်။
ယခုလို ကျယ်ပြောလှတဲ့ ဘုံလောကများကိုတွေးကြည့်ရင်သံသရာ၏ ကြောက်မက်ဖွယ်ကို သိမြင်လာပါလိမ့်မယ်။ ဘ၀မျိုးစုံကို လိုချင်နေသမျှ ကာလပတ်လုံး ဘ၀သံသရာတွင် ကျင်လည်နေကြရကာ ဒုက္ခပင်လယ် ဆိုက်ရောက်နေဦးမည်မို့ ကြောက်မက်ဖွယ်ရာသံသရာမှ အမြန်ဆုံးလွတ်အောင် ဒါန၊ သီလ၊ ဘာဝနာများကို အသက်ရှင်စဉ်
ဘ၀ကောင်းလေးမှာ များများပြုလုပ်ပေးဖို့ လိုအပ်တယ်ဆိုတာ အားလုံးသိကြလိမ့်မယ် ထင်ပါတယ်။
တကယ်တော့ မြင့်မိုရ်တောင်ဟာ အဆမတန်ကြီးမားပြီး နု့ညံ့တာကြောင့် သာမန်လူတွေရဲ့မျက်စိနဲ့ဖြစ်စေ၊ သာမာန်လူတွေ လုပ်ထားတဲ့အရာဝတ္ထုနဲ့ဖြစ်စေ မြင်ဖို့ရန် ခဲယဉ်းလှပါတယ်။ ဒါဟာလည်း သဘာဝကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါးကျပ်လောက်ပေးရင်ရတဲ့ အရာဝတ္ထုနဲ့ တစ်သိန်းလောက်ပေးမှမြင်ရမဲ့အရာကို မြင်ချင်ပါတယ်။ မြင်မှဖြစ်ပါလိမ့်မယ်လို့ အတင်းအော်နေရင်လည်း အော်တဲ့လူသာ အရူးဖြစ်မှာပါ။ ခုလည်း မြင့်မိုရ်တောင်ဟာ အလွန်အင်မတန်ကြီးမားပြီး နု့ညံ့လှတဲ့အတွက်ကြောင့် အဲဒီအရာဝတ္ထုကိုမြင်နိုင်တဲ့ ဒိဗ္ဗစက္ခုအဘိညာဉ်ရသူတွေသာ မြင်နိုင်တာပါ။ မိမိတို့က တကယ်မြင်ချင်တယ်ဆိုရင်တော့ ငါးကျပ်တန်ကုသိုလ်ကောင်းမှု၊ လုံလ၀ီရိယလေးနဲ့ မြင်ချင်တယ်အော်မနေဘဲ တစ်သိန်းလောက်ပေးမှရတဲ့ ဒိဗ္ဗစက္ခုအဘိညာဉ်ရအောင် ကြိုးစားကြည့်ရမှာပါ။
ဒါကြောင့်လည်း လယ်တီဆရာတော်ကြီးက နိုင်ငံခြားသား တစ်ယောက်ကို မင့်တို့ လေးငါးခြောက်သိန်းပေးရတဲ့မှန်ဘီလူးနဲ့တောင် အဝေးကြီးမှာရှိတဲ့ အရာတွေကိုမြင်ရသေးရင် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီများစွာကို ပင်ပန်းခံဖြည့်ကျင့်မှရတဲ့ သဗ္ဗညုတဉာဏ်က မင့်တို့ မှန်ဘီးလူးတွေထက် အဆပေါင်းများစွာ အစွမ်းထက်ရမှာပေါ့။
မင့်တို့ မှန်ဘီးလူးနဲ့ကြည့်လို့မရတဲ့အရာကို မရှိဘူးဆိုပြီး လျှောက်ပြောလို့မရဘူးလေ။ မင့်တို့မှန်ဘီးလူးက ဒီတစ်ဘ၀စာရင်းရင် ရတယ်။ သဗ္ဗညုတဉာဏ်က လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းတောင် ရင်းခဲ့ရတာ။ အဲဒါကြောင့် မင့်တို့မှန်ဘီးလူးထက် သာတယ်ဆိုတာ မင့်ယုံရမယ်လို့ နိုင်ငံခြားသားတစ်ယောက်ကို ပြောလိုက်တဲ့အခါ နိုင်ငံခြားသားလည်းခေါင်းမိုင်ချပြီး အရှုံးပေးခဲ့ရပါသတဲ့။
ဒီထက်မက မြင့်မိုရ်တောင်နဲ့ စကြာဝဠာအကြောင်းကို ပိုမိုပြည့်စုံစွာသိရှိချင်ပါက ပထမဦးဆုံး ဝိသုဒ္ဓိ (၁၊ ၁၉၉)
http://tipitakamyanmar2.blogspot.com/2011/08/blog-post_7312.htmlမှာ လောက၀ိဒူအဖွင့်ကိုပြထားတဲ့
အခန်း(၁၃၅)ကနေ စဖတ်ကြည့်လိုက်ပါ။ ဒုတိယအနေနဲ့ ဂန္ဓာရုံဆရာတော်ကြီးရဲ့ ရတနာ့ဂုဏ်ရည် စာအုပ်ထဲက လောက၀ိဒူအကြောင်းကို ဖတ်ကြည့်ပါ။ တတိယအနေနဲ့ကတော့ တည်တောဆရာတော်ကြီးရဲ့ အမေးအဖြေများ အမှတ်စဉ်(၂)ကို ဖတ်ပါ။ စတုတ္ထအနေနဲ့ကတော့ ဓမ္မာစရိယ လွှမ်းအောင်ရေးထားတဲ့ ဤစကြာဝဠာစာအုပ်ကိုဝယ်ဖတ်ပါ။အဲဒီစာအုပ်ဟာ အင်တာနက်မှာ ၀ယ်ရမည့်စာအုပ်ဖြစ်နေသဖြင့်ဦးဇင်းလည်း ၀ယ်ဖတ်မရလို့ သေချာ
ပြည့်စုံပါမပါတော့ မသိရသေးပါ။ သို့သော် အင်တာနက်ကနေ ၀ယ်နိုင်မည့်လူများ၊ မြန်မာပြည်ကလူများဝယ်ယူဖတ်ကြည့်လျှင် မြင့်မိုရ်တောင်အကြောင်းကို ပြည့်စုံစွာ သိရပါလိမ့်မယ်။ စာအုပ်မာတိကာမှာတော့ အပြည့်စုံရေးထားတယ်လို့ http://www.myanmarbookshop.com/MyanmarBooks/BookDetails/18595ဒီဆိုဒ်မှာ ကြေညာထားတာ တွေ့ရပါတယ်။
မှတ်ချက်-- ဤမြင့်မိုရ်တောင်နဲ့စကြာဝဠာအကြောင်းများကို ဦးဇင်းအား ခဏခဏအမေးခံရ၍ စာဖတ်ပရိသတ်များသိရှိစေရန်အကျိုးငှါ ဦးဇင်းနေရာစုံမှ ရှာဖွေဖတ်ရှု့ပြီး ရေးသားတင်ပြလိုက်ခြင်း ဖြစ်တာကြောင့် ဦးဇင်းထက်ပိုမိုကာ ဗဟုသုတပြည့်စုံသူ စာဖတ်ပရိတ်များအနေဖြင့် အမှားတွေ့ပါကလည်း အမှန်ပြင်ပေးကြဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။
စာဖတ်သူအားလုံးဗဟုသုတကြွယ်ဝကာမိမိဘာသာကိုပိုမိုလေ့လာယုံကြည်ပြီး
သကာလ ပိုမိုလေ့လာလိုက်စားနိုင်ပြီးလျှင် ဒါန၊ သီလ၊ ဘာဝနာများကိုလည်း နေ့စဉ်မပြတ်ပြုလုပ်ပြီးပန်းတိုင်ကိုလျင်မြန်စွာ ရောက်ကြပါစေလို့ဆန္ဒပြုဆုတောင်းပေးနေလျက်……။
အရှင်ကောမလ(ခ)ဆန်နီနေမင်း
Sanninaymin@gmail.com
http://www.sanninaymin.com/
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။

ဗုဒ္ဓသာသနာ အညစ်အကြေးများ
͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋
ဗုဒ္ဓသာသနာကို ညှိုးမှိန် ကွယ်ပျောက်စေနိုင်သော အညစ်အကြေများကို ပုဂံခေတ်တန္တရအနွယ်ဝင် အရည်းကြီးတို့က မြန်မာနိုင်ငံ ဗုဒ္ဓဘာသာဝင်များအတွက်ထုနှင့်ထည်နှင့် ထားခဲ့ကြပေသည်။ ထိုအရည်းကြီးတို့၏ အလေ့အကျင့်များမှာ-
ထိမ်းမြားမင်္ဂလာပြုအံ့သော အမျိုးသမီးတို့၏ ပန်းဦးလွှတ်ခြင်းဟူသော အပူဇော်ကို ခံယူခြင်း၊ မြင်းမွေးခြင်း၊ မြင်းစီးခြင်း၊ လက်ဝှေ့ သတ်ခြင်း၊စုန်းကဝေအတတ်တို့ကို လေ့လာခြင်း၊ ဗေဒင်ဟောခြင်း၊ ဆေးကုသခြင်း၊နတ်ပူဇော်ပသခြင်း၊ ၀ိဇ္ဇာမဟိဒ္ဓိအတတ်ကို လိုက်စားခြင်း၊ သိုက်၊ တဘောင်၊ စနည်း၊ ဘဝေါ၊ အတိတ်နိမိတ်တို့ကို ယုံကြည်လိုက်နာခြင်းတို့ ဖြစ်ပေသည်။
ဖော်ပြပါ အလေ့အကျင့်များအနက် ၀ိဇ္ဇာမဟိဒ္ဓိခေါ် ထွက်ရပ်လမ်းကိုလိုက်ခြင်း၊ ဗေဒင်နက္ခတ်ကို အလေးထားယုံကြည်ခြင်း၊ နတ်ပူဇော်ပသခြင်းများကား ယခုအချိန်ထိ မြန်မာဗုဒ္ဓဘာသာ ရဟန်းရှင်လူတို့၏ အားကိုးလေးစားမှုကို ရရှိတုန်းပင် ရှိသေးသည်။ ထိုတွင် ထွက်ရပ်ဝိဇ္ဇာပညာအကြောင်းကိုဦးစွာတင်ပြရပေမည်။
အဘယ့်ကြောင့်ဆိုသော် ၄င်းပညာကို လူပုဂ္ဂိုလ်များထက် ဘုရားသားတော်ရဟန်းများက အများဆုံးလိုက်စားနေသောကြောင့် ပါတည်း။
“သံသာရ၀ဋ္ဋ ဒုက္ခတော မောစနတ္ထာယ ” သံသရာတည်းဟူသော ၀ဋ်ဆင်းရဲမှ ထွက်မြောက်ပါရခြင်းအကျိုးငှာ ဟုဆို၍ ရဟန်းပြုလာကြသော သံဃာတော်တချို့သည် သံသရာဝဋ်ဆင်းရဲ၌ လည်သထက် လည်စေသော ၀ိဇ္ဇာထွက်ရပ်လမ်းကို အဘယ်ကြောင့် ဤမျှလောက် လိုက်စားနေကြပါသနည်း။ ၀ိဇ္ဇာထွက်ရပ်လမ်း၏ အမြင့်ဆုံးအကျိုးကျေးဇူးကား အဘယ်တို့ပါ နည်း။ ထေရ၀ါဒဗုဒ္ဓဘာသာနှင့် မည်ကဲ့သို့သော ကွာခြားချက်များ ရှိပါသနည်း။ ဖော်ပြပါမေးခွန်းတို့၏ အဖြေများသည် ဖော်ပြလတ္တံ့သော ထွက်ရပ်လမ်း ၀ိဇ္ဇာကျင့်စဉ်များကို သုံးသပ်ပြရင်းဖြင့် ပါသွားပါလိမ့်မည်။
ပိုးလောက်လန်းများသည် ခြင်ကောင်ဖြစ်ခါနီးသောအခါ တစ်နေရာတွင် ငြိမ်သက်စွာနေကြရသည်။ ထိုအခါ ကိုယ်ပေါ်တွင် အမြှေးပါးကလေးများ ဖုံးအုပ်လာသည်။ အမြှေးပါးကလေးများ လုံလုံခြုံခြုံဖြစ်သည်နှင့် ပိုးလောက်လန်းသည် အရည်ဘ၀သို့ပြောင်းလဲသွားရသည်။ အရည်ဘ၀မှ တစ်စတစ်စမာကျောပြီး အတောင်၊ ခြေ၊ လက်များ ထွက်လာကာ ခြင်ကောင်ဘ၀သို့ ရောက်ရှိပါတော့သည်။ ယင်တို့လိပ်ပြာတို့လည်းထိုနည်း၎င်းပင်ဖြစ်သည်။ ဤကား အင်းဆက်ပိုးတို့၏ ဗီဇလက္ခဏာပင်ဖြစ်သည်။
ထိုအင်းစက်ပိုးတို့၏ ဗီဇလက္ခဏာကိုကြည့်၍ ဉာဏ်သွားသော လူတစ်ချို့ကလူသားများသည်လည်း ပိုးလောက်လန်းလို ဖိုဝင်နိုင်လျှင် ပိုးလောက်လန်းများက ကောင်းကင်ပျံနိုင်သော ခြင်၊ ယင်၊ လိပ်ပြာဖြစ်သကဲ့သို့လူသားများသည်လည်း သိဒ္ဓိပေါက် ပုဂ္ဂိုလ်ဖြစ်နိုင်သည် ဟူသောအတွေးကိုအစပြု၍ ဖိုဝင်သော ထွက်ရပ်
လမ်းအကျင့်သည် စတင်ပေါ်ပေါက်ခဲ့ရပေသည်။ ရာဇ၀င်တွင်လည်း ဗျတ်ဝိ၊ဗျတ္တတို့မီးကင်စားသော လူသားသည် ဇော်ဂျီဖိုဝင်သားဟု ဆိုကြသည်။
ဆင်ဖြူရှင် မင်းတရားလက်ထက် သက္ကရာဇ် ၉၂၈ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက်၊ သောကြာနေ့၊ ဟံသာဝတီမြို့ဝန်းကျင်ကို ကျုံးစတင်တူးရာက မြေအောင်းဇော်ဂျီကို ရခဲ့ဖူးသည်။ ဖိုဝင်ခြင်းကလည်း အမျိုးစုံရှိသည်။ မြေအောင်းတာရှိသလို အမြှေး
ဖုံးခြင်း၊ ရေနွေးပွက်ပွက်ဆူကို ချိုးခြင်း၊ မီးပုံတွင်းဆင်းခြင်းဟူ၍ အမျိုးမျိုးရှိသည်။ ဖိုအောင်းခြင်းမရှိဘဲ ပြဒါးကိုသိဒ္ဓိသွင်းပြီး အောင်မြင်သွားသော ပြဒါးဝိဇ္ဇာ၊ သံကို သိဒ္ဓိသွင်းပြီး အောင်မြင်သွားသော သံဝိဇ္ဇာ၊ ဆေးစီရင်ပြီး အောင်မြင်သွားသော
ဆေးဝိဇ္ဇာ၊ အင်းချ အောင်မြင်သွားသော အင်းဝိဇ္ဇာ၊ မန္တာန်ရွတ်ဆိုအောင်မြင်သွားသော မန္တာန်ဝိဇ္ဇာဟု ငါးမျိုးရှိသေးသည်။
လယ်တီဆရာတော်၏ ၀ိဇ္ဇာမဂ္ဂဒီပနီကျမ်းတွင် လောကီ၊ လောကုတ္တရာရော၍ ငါးမျိုးသီးသန့် ပြထားပါသေးသည်။ ယင်းတို့မှာ -
♦ ဗေဒင်လေးမျိုးတတ်သော ဗေဒ၀ိဇ္ဇာ
♦ လက္ခဏာကျမ်း၊ နိမိတ်ကျမ်း၊ ဂါထာ၊ မန္တရား၊ ဆေးဝါး အမျိုးမျိုးတတ်သော မန္တ၀ိဇ္ဇာ
♦ ပြဒါး၊ သံ၊ ဆေး၊ အင်း၊ မန္တာန်အမျိုးမျိုး သိဒ္ဓိပေါက်သော ဂန္ဓာရီဝိဇ္ဇာ
♦ လောကီဈာန်များရရှိသော လောကီယ၀ိဇ္ဇာ
♦ အရိယာအဖြစ်သို့ရောက်သွားသော အရိယာဝိဇ္ဇာ တို့ဖြစ်သည်။
ထွက်ရပ်လမ်းလိုက်သော ပုဂ္ဂိုလ်တို့ထင်သလို ထွက်ရပ်လမ်းအောင်မြင်သွားတိုင်းလည်း စိတ်ချမ်းသာကြရသည် မဟုတ်ပေ။ သူ့ထက်သူ လူစွမ်းကောင်းဟူသောစကားအတိုင်း မိမိထက်သာသောသူများ၏ အခိုင်းအစေကို ခံကြရပေသည်။
“ ငါတို့ကို အားမကျကြနဲ့၊ သူများကိုကယ်တင်တာ အရိယာအဖြစ်နဲ့ နိဗ္ဗာန်ဝင်ရမယ်ထင်ပြီး ဂန္ဓာရီလမ်းလိုက်ခဲ့မိတာ မှားကုန်ပြီ။ ထားရာနေ၊ စေရာသွား၊ ခိုင်းတာလုပ်၊ ခုတော့ သူတို့ခိုင်းတာလုပ်နေရတယ်။ မိမိထက်ကြီးသော တန်ခိုးရှင်ကြီးများ ခိုင်းတာလုပ်နေရတယ်၊ မင်းတို့မမှားကြလေနဲ့ ”
ဤကားစိတ်နှလုံးဖြူစင်သော ထွက်ရပ်ပေါက် ၀ိဇ္ဇာဓိုရ်ကြီးများက ထွက်ရပ်ပေါက်လမ်းမှားကို လိုက်မိနေကြရှာသော ပုဂ္ဂိုလ်များအား သတိပေးစကားပြောကြားချက် အချို့ပင် ဖြစ်ပါသည်။ စိတ်နှလုံးဖြူစင်သော ထွက်ရပ်ပေါက် ၀ိဇ္ဇာဓိုရ်ကြီးများဟုဆို
ထားရာ စိတ်နှလုံးမဖြူစင်သော ထွက်ရပ်ပေါက် ၀ိဇ္ဇာဓိုရ်ကြီးများ ရှိနေသေးသလားဟု မေးလာပါက ရှိနေသည်ဟုဖြေရပါမည်။
ရှိပုံကို ကိုယ်တိုင်ကျင့်ကြံ အားထုတ်ပြီးမှ အရိယာဝိဇ္ဇာ မဂ္ဂဒီပနီကျမ်းကို ရေးသားတော်မူသော သိမ်တော်ကြီးတောရဆရာတော်ကြီးက အောက်ပါအတိုင်းရေးသား သတိပေးတော်မူခဲ့ပါသည်။
လောကီဝိဇ္ဇဓိုရ်ကြီးများသည် သူတို့၏ ရုပ်ပြောင်းရုပ်လွဲ တန်ခိုးအမျိုးမျိုးပြ၍ နဂါးကို ဂဠုန်သုတ်သကဲ့သို့ အုံပြုတ်အောင် စုပ်ယူနေကြသည်။ အရိယာဝိဇ္ဇာအစစ် မဖြစ်ကြသေးသည့်အတွက် စိတ္တ၀ိပလ္လာသ ဖုံးအုပ်နေကြသောကြောင့် ခံနေကြ
ရပေသည်။ သို့အတွက် အရိယာဝိဇ္ဇာအစစ် သောတပန်စသည်ဖြစ်အောင် အားထုတ်ကြကုန် သူတော်ကောင်းအပေါင်းတို့။
ဝိပဿနာတရား အားထုတ်နေကြသောပုဂ္ဂိုလ်များ မဂ္ဂင်လမ်းမှ လွဲသွားအောင်နိမိတ်ပုံအမျိုးမျိုးပြ၍ ဖျက်ဆီးနေကြခြင်းကို ဆိုလိုခြင်းဖြစ်သည်။ ဤသတိပေးစကားကို လက်တွေ့ တရားအားထုတ်နေကြသော ပုဂ္ဂိုလ်များက ပို၍သဘောပေါက်နိုင်
ပါသည်။ တစ်ခါက ကမာရွတ်မှယောဂီအမျိုးသမီးကြီးတစ်ဦး ၀ိပဿနာတရားကို ထိထိရောက်ရောက် အားထုတ်လျက်ရှိစဉ် တစ်ရက်တွင် တရားထိုင်ရင်း ကျောင်းကန်ဘုရားမျိုးစုံ အာရုံထဲထင်လာသည်။ ကျောင်းကန်ဘုရားပုံများ ထင်
ပြီးနောက် ၀တ်ဖြူစင်ကြယ်တစ်ဦးပေါ်လာကာ aကျာင်းကန်ဘုရားပြုပြင်သော သာသနာပြုအလုပ်ကို ဦးဆောင်လုပ်ရန် မိမိကလည်း ကူညီမည်ဖြစ်ကြောင်း ပြောဆိုကာ ပျောက်ကွယ်သွားခဲ့လေသည်။ ထိုအခါ ယောဂီအမျိုးသမီးကြီးမှာ မိမိကိုယ်ကို တကယ့်သာသနာပြုပုဂ္ဂိုလ်ကြီးအဖြစ် အထင်ကြီးသွားပြီး ၀ိပဿနာကို ဆက်မလုပ်တော့ဘဲ မယ်တော်ကြီးအမည်ခံကာ ဘုရားတည်ကျောင်းဆောက်ရင်း ဘ၀ကိုပျော်မွေ့ နေလေတော့သည်။
ဘုရားတည်၊ ကျောင်းဆောက်အလုပ်ကရော ကုသိုလ်အလုပ် မဟုတ်ဘူးလားဟုဆိုပါက ဟုတ်ပါသည်။ သို့သော် ဘုရားတည်ကျောင်းဆောက်သော ဒါနကုသိုလ်သည် သာသနာပမှာလည်း ရနိုင်သော သာမာန်ကုသိုလ်မျိုးသာဖြစ်သည်။
ဝိပဿနာတရား အားထုတ်၍ရရှိသော မဂ်ကုသိုလ်သည်ကား ဘုရားရှင်၏ သာသနာတွင်းမှသာ ရနိုင်သောမြင့်မြတ်ခဲယဉ်းလှသည့် သဘောမျိုးဖြစ်သည်။
ရွှေနှင့်တူသော မဂ်ကုသိုလ်ရရှိမည့်လမ်းမှ ကြေးနှင့်တူသော ဒါနကုသိုလ်ကို လမ်းလွှဲပေးလိုက်ခြင်းသာဖြစ်သည်။ စာရေးသူ၏ မိခင်ကြီးတရားထိုင်နေစဉ်တစ်ခါကလည်း ဘုရားစင်ပေါ်မှ ကန်တော့ပွဲပေါ်တွင် ၀တ်ဖြူစင်ကြယ်တစ်ဦး ပေါ်လာခဲ့သည်။ ဘုရားကိုကပ်လှူသော ကန်တော့ပွဲကို သူတို့အား လှူထားသည်အထင်နှင့် ပေါ်လာခြင်း ဖြစ်သည်။ တရားနာ၊ တရားထိုင် ရင့်နေပြီဖြစ်သော မိခင်ကြီးက ထိုပုဂ္ဂိုလ်စကားအပြောကိုပင် မစောင့်တော့ဘဲအာရုံကို ဖျောက်ပစ်လိုက်ပါသည်။
လက်မခံမှန်းသိသဖြင့် နောက်ထပ်ပေါ်မလာတော့ကြောင်း စာရေးသူအား လျှောက်ထားဖူးပါသည်။ သိမ်တောင်ဆည်ကြီး တောရဆရာတော် မိန့်တော်မူသကဲ့သို့ပင် သောတပန်မဖြစ်သေးသရွှေ့ သာသနာဖျက်ဆီးလိုသူ ပုဂ္ဂိုလ်မျိုးစုံတို့၏ ဖြားယောင်း သွေးဆောင် လှည့်ပတ်ခြင်းကို ခံနေကြဦးမည်သာ ဖြစ်သည်။ သို့အတွက် ယခုလိုဝိမုတ္တိယုဂခေတ်ကြီးတွင် မိမိကသာ လိုလိုချင်ချင်နှင့် တကယ်အားထုတ်ဖို့လိုပါသည်။ တရားမှန်၊ ဆရာမှန်များများစွာ ပေါ်ထွန်းနေလေပြီ။
ဗုဒ္ဓ၏ သဗ္ဗညုတဉာဏ်တော်ကို ယုံကြည်သောသူမှန်သမျှကို ယခုဘ၀၌ပင် မဂ်ဖိုလ်ကို မရရအောင် အားထုတ်သင့်ကြောင်း တောင်လေးလုံးဆရာတော်ဦးမေဓာဝီက ယခုကဲ့သို့ ဥပမာပေးတော်မူခဲ့ပါသည်။
ယခုဘ၀ထဲ၌ မဂ်ဖိုလ်ရမည် မရမည်ကို သံသယရှိခဲ့လျှင် ဆရာမပြ၍လည်းကောင်း၊ နည်းမရ၍လည်းကောင်း ဖြစ်မည်။ ဆရာပြ၍ နည်းရလျက်ပင် ယခုဘ၀တွင် မဂ်ဖိုရမည်လော၊ မရမည်လော သံသယရှိခဲ့လျှင်မြတ်စွာဘုရား၏ သဗ္ဗညုတ ဉာဏ်တော်ကို မယုံသောသူဟု မှတ်ရမည်။ အကျင့်ညစ်လျှင် သံသရာ၌ နစ်မြဲဖြစ်သည်။
သံဝေဂမိမိ၊ သတိရရဖြင့်ယခုဘ၀၌ပင် မဂ်ဖိုလ်ပြီးမြောက် နိဗ္ဗာန်သို့ရောက်အောင် လုံ့လပြုသင့်သည်။ သတိနှင့်မကွာ ပညာနှင့်တကွ ကိုယ်ကျိုးရှိအောင် အစဉ်ထာဝရကျင့်ကြံသင့်သည်။
တောင်လေးလုံးဆရာတော်ကြီး တိုက်တွန်းသကဲ့သို့ ပိပဿနာတရားကို ကြိုးစားအားထုတ်နေမည်ဆိုလျှင် ကောင်းကျိုးအနန္တသာ ရစရာရှိပါသည်။ အကျိုးယုတ်စရာမရှိပေ။ သီလက္ခန် အဋ္ဌကထာ ၁၇၁၊ ၁၇၂ ၌ကြိုးကြိုးစားစား တရားအားထုတ်ကြသောသူများသည် -
၁။ ပထမအရွယ်၌ တရားရနိုင်သည်။
၂။ ပထမအရွယ်၌မရလျှင် ဒုတိယအရွယ်၌ ရနိုင်သည်။
၃။ ဒုတိယအရွယ်၌မရသေးလျှင် သေခါနီးအခါ၌ တရားထူးရနိုင်သည်။
၎။ သေသည်အထိ တရားထူးမရလျှင် နတ်ပြည်ရောက်က ရနိုင်သည်။
၅။ နတ်ပြည်ရောက်မှ တရားမရဘဲ ဘုရားမပွင့်သောအခါ၌ လူဖြစ်ခဲ့လျှင် ပစ္စေကဗုဒ္ဓါ ဖြစ်ရသည်။
၆။ ပစ္စေကဗုဒ္ဓါမဖြစ်ခဲ့လျှင် ပွင့်တော်မူလတံ့သော ဘုရားရှင်တို့၏ မျက်မှောက်မှာပင် ဗာဒိယဒါရုစိရိယရဟန်းကဲ့သို့လျှင်မြန်စွာ အရဟတ္တဖိုလ်ကိုရသော ခိပ္ပဘိည ရဟန္တာဖြစ်ရသည်။
ဟု တိတိကျကျ ဖွင့်ပြထားရာ မိမိကိုယ်တိုင်ကသာ ကြိုးကြိုးစားစား အားထုတ်ဖြစ်ဖို့လိုပါသည်။ အားထုတ်၍ သောတပန်တည်ပြီ ဆိုလျှင်ကား မည်သို့သော တန်ခိုးရှင်၏ လှည့်ပတ်ဖြားယောင်းမှုကိုမှ ခံရလိမ့်မည်မဟုတ်ပေ။
အရှင်ဇဝန
(မျက်ရည်မကျခင်သိစေချင် မှ)
Buddhavasa Tiloka

(၁) အဘိဓဇမဟာရဋ္ဌဂုရု
(၂) အဂ္ဂမဟာပဏ္ဍိတ
(၃) အဘိဝံသ
(၄) အလင်္ကာရ
(၅) ဘဒ္ဓန္တ
(၁) အဘိဓဇမဟာရဋ္ဌဂုရု... အလွန်မြင့်မားစွာ စိုက်ထူအပ်သော တံခွန်အလံသဖွယ် ကြီးကျယ်မြင့်မြတ်တော်မူသည့် နိုင်ငံတော်၏ ဆရာသခင် အရှင်မြတ်-ဟု ဆိုလိုပါသည်။
( ၂ ) အဂ္ဂမဟာပဏ္ဍိတ... အလွန်မြင့်မြတ် ကြီးကျယ်သော ပညာရှိ မထေရ်မြတ်-ဟု ဆိုလိုပါသည်။
( ၃ ) အဘိဝံသ.... မန္တလေးမြို့ သကျသီဟစာမေးပွဲ၊ ရန်ကုန်မြို့ စေတိယင်္ဂဏ စာမေးပွဲ စသော ပရိယတ္တိစာမေးပွဲကြီးတို့မှ အောင်မြင်တော်မူသော ရဟန်းတော်များအား ဆက်ကပ်သော ဘွဲ့-ဖြစ်သည်။
( ၄ ) အလင်္ကာရ... မန္တလေး၊ ပဲခူး၊ ရန်ကုန် စသည်တို့တွင် ကျင်းပသော သာမဏေကျော် စာမေးပွဲများတွင် အောင်မြင်တော်မူသော သာမဏေများအား ယင်းအသင်းအဖွဲ့များက ဆက်ကပ်သောဘွဲ့ ဖြစ်သည်။ ယင်း ၃-နှင့် ၄-ဘွဲ့များကို မူလဘွဲ့တော်နှင့် ဆက်၍ခေါ်ဝေါ်ရသဖြင့် မူလဘွဲ့ ဦးပဏ္ဍိတ, ရှင်ပဏ္ဍိတ ဖြစ်လျှင် ဦးပဏ္ဍိတာဘိဝံသ, ရှင်ပဏ္ဍိတာလင်္ကာရ-ဟူ၍ ဖြစ်သည်။
( ၅ ) ဘဒ္ဓန္တ... ဘဒ္ဓန္တ-ဟူသည်မှာ ပေးအပ်သော ဘွဲ့ထူး ဂုဏ်ထူး မဟုတ်၊ လေးစားရိုသေအပ်သော ဆရာတော် သံဃာတော်တို့အား ဘွဲ့တော်၏ရှေ့မှ ဦး, အရှင်-တို့အစား ရေးသား ခေါ်ဝေါ်အပ်သော အသုံးအနှုန်း ဖြစ်ပါသည်၊
ဦးပဏ္ဍိတ-ဟုဆိုလျှင် ဘဒ္ဒန္တ ပဏ္ဍိတ-ဟု ဆိုပါသည်။ ဦး အရှင်တို့အစား ပါဠိဘာသာဖြင့် ခေါ်ဆိုခြင်းဖြစ်ပါသည်။
(အလင်းတမန်)
K.A.W

TeamViewer ကတော့ လူတိုင်းနီးပါး သိကြမှာပါ ကွန်ပြူတာမှာ မရှိမဖြစ်အရေးကြီးပြီး အသုံးဝင်တဲ့ဆောဝဲ ဆိုလည်း မမှားပါဘူး။ မသိသေးသူအတွက် ရှင်းပြပါမယ်။ TeamViewer က ဥပမာ ကို့ ရဲ့ စက် တခုခု ဖြစ်လို့ ကိုက ပြန်မပြင်တတ် အဲလိုဆိုရင် အဝေးမှာရှိတဲ့ သူငယ်ချင်းတွေကို အကူညီတောင်း ၀င် ပြင် ခိုင်း လို့ရတဲ့ ဆောဝဲလေးပါ။ အင်တာနက်လိုင်းရှိရုံနှင့် မိမိကွန်ပျူတာကနေ တခြားကွန်ပျူတာကို ဝင်ကြည့် လို့ရပါတယ်။
ဘယ်လောက်ပဲ ဝေးနေပါစေ ၀င်ကြည့်လို့ရပါတယ်။ ဆောဝဲကို install ပြီးတာ နဲ့ ကိုယ်ရဲ့ You ID နှင့် Password ပြနေလိမ့်မည်။ မိမိပေးဝင်ချင်သည့် သူငယ်ချင်းကို ကိုယ်ရဲ့ID နှင့် Password ပေးလိုက်ရင် ကို့ကွန်ပြူတာ ကို သူငယ်ချင်းက ၀င်ပြင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဆောဝဲ ကို Activated လုပ်ပြီးသား မို့ install ပြီးတာနဲ့ full သုံးလို့ရပါပြီ။ ကီးထည့်စရာမလိုပါ။
နောက်ဆုံးထွက် Version v9.0.24322 ကိုတင်ပေးလိုက်ပါတယ်။ Key မထည့်တတ် Crack မလုပ်တတ် တဲ့ သူငယ်ချင်းတွေအတွက် ရည်ရွယ်ပြီးတင်ပေး လိုက်ပါတယ်။ TeamViewer ကိုမသုံးတတ်သေး တဲ့ သူငယ်ချင်း များ ကတော့ ဒီလင့်မှာ http://www.zawminthan.com/2013/07/team-viewer-ebook.html စာအုပ်ဒေါင်းပြီး လေ့လာနိုင်ပါပြီ။
Activated ဖြစ်ပြီးသား နောက်ဆုံးထွက် TeamViewer 9.0.24322 ကိုတော့ ဒီအောက်က လင့်မှာ ဒေါင်း ယူနိုင်ပါပြီ။
http://www.zwmnna.com/2013/12/activated-teamviewer-9024322-premium.html
Admin ဇော်မင်းသန်း
Website : www.zawminthan.com
Facebook : https://www.facebook.com/zawminthan
သဘာဝ ပုံတော့ ဘယ်ဟုတ်မလဲ ဒါပေမယ့် လှပတဲ့ ပုံချောချော ထွက်လာဖို့ ဆိုရင်
မရိုက်ခင်မှာ အလင်းအမှောင် ကာလာ အဖြူအမည်း တခါထဲ ပြင်ပေးလို့ ရပါတယ်
Timer နဲ့ ရိုက်ချင်သူများလည်း ကိုယ်တိုင် အော်တိုရိုက် ထားလို့ ရတယ် နောက်ပီး
တစ်ချက်ရိုက်ရင် အော်တို သုံးပုံထွက်တာမို့  စတိုင်အမျိုးမျိုးနဲ့  သရုပ်ဆောင်ချင်
ပဲများချင်သူအတွက် ကိုက်ပါတယ် / အခန်းထဲ ကင်မရာထောင်ထား အော်တိုရိုက်
ဖုန်းမှာပါလာတာက ရိုးရိုးကင်မရာ / ၊ ဒါမျိုးထည့်ပီးသာရိုက်...ချောပါလိမ့်မယ်..)
အသုံးပြုချင်တယ်ဆိုရင် အောက်ကလင့်ခ်မှာ ယူလိုက်ပါ။
http://www.zwmnna.com/2013/12/angel-camera.html

ကျွန်တော်ဒီ App ကို ကျွန်တော့်ဖုန်းမှာတင်ပြီးသုံးတဲ့အခါ Java Programming ကိုလေ့လာဖို့ ထင်မှတ်မထားလောက်အောင် ပြည့်ပြည့်စုံစုံ လုပ်ထားတာကို တွေ့ရပါတယ်။ ဒါနဲ့ ကြိုက်လွန်းလို့ Tech Space မှာ အစအဆုံး ငါးပတ်တိတိရေးထည့်ခဲ့ပါတယ်။ Step by step လေ့လာသွားရမယ့် လမ်းကြောင်းတွေကိုပေါ့။
အထူးသဖြင့် Java ကို Online မှာလေ့လာနိုင်ဖို့ အကောင်းဆုံး
သော Learining Site များနဲ့ ချိတ်ပေးထားကာ လေ့လာနိုင်မှာ ဖြစ်ပါတယ်။
ဒီ Apps မှာ အပိုင်း ငါးပိုင်းခွဲထားပါတယ်။
(၁)Home - ကျောင်းသားတွေ နဲ့ developer တွေအတွက် လေ့လာရမယ့် လမ်းကြောင်းများ
(၂)Technlologies - Web ,Mobile နဲ့ Distributed applications များတည်ဆောက်နိုင်စေဖို့ technology များ
(၃)Tutorials - ဗီဒီယိုသင်ခန်းစာများနဲ့ Java ကိုလေ့လာနိုင်မယ့် Web Sites များ
(၄)Books - Free ရနိုင်တဲ့ Java စာအုပ်များ
(၅)Wiki - Java နဲ့သက်ဆိုင်သမျှ စာလုံးတွေကို wiki မှာဖတ်ရှုလေ့လာနိုင်စေဖို့ wiki နဲ့ ချိတ်ဆက်ပေးထားတာ
(၆)Jobs - လက်ရှိနိုင်ငံတကာမှာခေါ်နေတဲ့ အလုပ်များ
စသဖြင့်စုစည်းဖော်ပြပေးထားပြီး အောက်ပါအကြောင်းအရာ၊ ပညာရပ်များနဲ့ပတ်သက်ကာ ဆက်လက်လေ့လာနိုင်စေမှာဖြစ်ပါတယ်။
JAVA, J2EE, SERLVETS&JSP, JSF, STRUTS, ZKOSS, SEAM FRAMEWORK, PLAY FRAMEWORK, JAX-WS, JAX-RS, JAX-B, LOG4J, SQL, HIBERNATE, MYBATIS, ANDROID, HMTL5, JAVASCRIPT, JQUERY, JQUERY MOBILE, SENCHA TOUCH, NATIVE DROID, PHONEGAP, APACHE TOMCAT, JBOSS. ECLIPSE, INTELLIJ, JDEVELOPER, ANDROID STUDIO, APACHE TOMCAT, JBOSS
ဒီ Apps ကို Install ချင်ရင်တော့ Google Play မှာရှာပြီး Install နိုင်ပါတယ်။
တိုက်ရိုက် ကိုတော့ အောက်ပါ Link မှာ ဝင်ပြီး Install နိုင်ပါတယ်။
https://play.google.com/store/apps/details?id=pn.com.debrasoft.javapowerlink
ယနေ့ Java ကိုလေ့လာတဲ့ ကျောင်းသားတွေကကံကောင်းပါတယ်။ စမတ်ဖုန်း၊ Tablet များပေါများလာလို့ ဒီလိုကောင်းမွန်တဲ့ Apps တွေကိုထည့်သွင်းကာ Guide သဘောမျိုး အသုံးပြုနိုင်မှာဖြစ်ပါတယ်။
မိမိတို့ ရဲ့ စမတ်ဖုန်းနဲ့ တက်ဘလက်များမှာထည့်သွင်းသုံးစွဲကြည့်ပါ
လို့ပဲ အကြံပြုလိုပါတယ်။
IT Guru ကြီးတွေဖြစ်နိုင်ကြပါစေ.....
-----------------------------------------------
Nyein Chan (TSJ Tech Team)
-----------------------------------------------
Shared from Myawady News (FB)
Monday, October 28, 2013
(၁) ပုရွက်ဆိတ်တွေကြောင့်စိတ်ညစ်နေပါသလား?
ပုရွက်ဆိတ်တွေက သခွားသီးကိုမုန်းတယ်လေ။ ဒါကြောင့် သခွားသီးအခွံ တွေကို ပုရွက်ဆိတ်အိမ်(အသိုက်အအုံ)နားမှာ ချထားပေးလိုက်ပါ။
(၂) ရေခဲရေ သန့် သန့် သောက်ချင်ပါသလား ?
ဦးစွာ ရေနွေးပွက်ပွက်ဆူအောင်ကြိုပါ။ ပြီးရင်အအေးခံပြီးတော့ သင့်တော်ရာ ပုလင်းထဲထဲ့ပြီး ရေသေတ္တာထဲ ထဲ့လိုက်တော့ ရေခဲရေသန့် သန့် ရပြီပေါ့။
(၃) မှန်တွေ ကြည်ကြည်လင်လင်ဖြစ်ချင်ပါသလား ?
Spriteအချိုရည်နဲ့  မှန်ကိုသုတ်ပေးလိုက်ပါ။
(၄) အ၀တ်အထည်တွေပေါ်မှာ ပီကေတွေကပ်နေလို့ ဖျက်ရခက်နေပါသလား ?
အဲဒီအ၀တ်အထည်ကို ရေခဲသေတ္တာတဲ ၁-နာရီ လောက်ထဲ့ပေးပြီးနောက်မှာတော့၊ ပီကေတွေခွာလို့ ရပါပြီ။
(၅)အ၀တ်ဖြူတွေကို ဖြူဖြူစင်စင်လေး ဖြစ်စေချင်ပါသလား?
ဇလုံတစ်ခုထဲမှာ နွေးပူပူထဲ့ပြီးရင် သံပုရာသီး တစ်စိပ်လောက် ညှစ်ထဲ့ပေးလိုက်ပါ။ အဲဒီဇလုံထဲကို အ၀တ်ဖြူ ၁၀-မိနစ်လောက်စိမ်ထားပြီးမှ ပုံမှန်အတိုင်းဆပ်ပြာတိုက် လျှော်ဖွတ်ပေးပါ။
(၆) ဆံသားတွေ တောက်ပြောင်ချင်ပါသလား ?
ရှာလကာရည် ၁-ဇွန်းလောက်ကို ဆံပင်အနှံ့ လိမ်းကျံပေးပြီးရင်၊ ရေအေးနဲ့  လျော်ချလိုက်ပါ။(ရေခဲရေ မဟုတ်ပါ)
(၇) သံပုရာသီးထဲကအရည်တွေ ကုန်စင်အောင်ညှစ်ယူချင်ပါသလား ?
ဦးစွာ သံပုရာသီးအလုံးလိုက်ကို ရေနွေးပူပူထဲမှာ တနာရီ လောက်စိမ်ပါ။ ပြီးမှ အရည်ညှစ်ယူပါ။
(၈) ဂေါ်ဖီထုပ်ဟင်းချက်တဲ့အခါ စိမ်းစော်နံနေတာကို ဘယ်လိုဖျောက်ရမလဲ ?
ဂေါ်ဖီထုပ်ချက်နေတဲ့ ဟင်းအိုးထဲကို ပေါင်မုန့်  အပိုင်းအစလေး ထဲ့ချက်လိုက်ရုံပါဘဲ။
(၉) ကြက်သွန်နီလှီးနေတုန်း မျက်ရည်မကျအောင် ဘယ်လိုလုပ်ရပါ့ ?
ပီကေ ၀ါးရင်း ကြက်သွန်နီ လှီးပေးပါ။
(၁၀) အာလူးပြုတ်တွေ မြန်မြန်နူးစေချင်ပါသလား ?
မပြုတ်ခင်မှာ အာလူးရဲ့ တဖက်တချက်စီကို အခွံနွှာပေးပါ။ (အကုန်အခွံနွှာ ရန်မလိုအပ်ပေ)
(၁၁) အ၀တ်ပေါ်က မှင်စက်အစွန်းအထင်းတွေ ဖယ်ရှားရခက်နေပါသလား?
မှင်ကွက်အစွန်းအထင်းပေါ် သွားတိုက်ဆေး များများအုံပြီးနောက်၊ အဲဒီသွားတိုက်ဆေးတွေ လုံးဝခြောက်သွေ့ တဲ့အခါမှ အ၀တ်လျှော်လိုက်ပါ။
(၁၂) ကန်စွန်းဥတွေ အခွံမြန်မြန်ခွာချင်ပါသလား ?
ပြုတ်ပြီးစ ကန်စွန်းဥပူပူကျစ်ကျစ်ကို အိုးထဲကဆယ်ယူပြီး၊ ရေအေးထဲ ချက် ချင်း နှစ်စိမ်ပေးလိုက်ပါ။ (ရေခဲရေမဟုတ်ပါ)
(၁၃)ကြွက်တွေကို ဘယ်လိုနှိမ်နင်းရပါ့ ?
ကြွက်တွေလာတတ်တဲ့နေရာကို ငြုပ်ကောင်းမှုန့် (အမဲရောင်) ဖြူးပေးထားရုံပါဘဲ။ ငြုပ်ကောင်းမှုန့် 
ရနံ့ ကြောင့် ကြွက်တွေထွက်ပြေးကုန်ပါလေရော။
(၁၄) နှလုံးရောဂါသည်တွေ ညအိပ်ယာမ၀င်ခင် ဘာလုပ်သင့်သလဲ ?
နှလုံးရောဂါသည်များ သောက်ရေအေး ၁-ခွက် (သို့ မ ဟုတ်) ၂-ခွက်သောက်ပြီးမှ ညအိပ်ယာဝင်ပါ။ ဒါဆို နံက်အိပ်ယာထ အမောမဖောက်စေတော့ပါဘူး (ရေခဲရေ မဟုတ်ပါ)
အိမ်ရှင်မများ ပြုံးပျော်နိုင်ကြပါစေရှင်။
ပေါက်ပေါက်
(မှီငြမ်း Daily Health Tips on 19th Oct ’13)
credit to >>Promise Pauk Facebook
လူဗိုလ်ဟူသည် မှ
Shared from Burmese Treasure (FB)
Myanmar နိုင်ငံက လူငယ်တွေ တော်တော်များများ blog လေးတွေ ထောင်ထားကြတာကို တွေ့ရပါတယ်။ တစ်ချို့လည်း စမ်းသပ်တဲ့အနေနဲ့ တင်ကြည့်၊ လုပ်ကြည့်ကြပါတယ်။ နည်းပညာ blog တွေလည်း တော်တော်များများ တွေ့ရပါတယ်။ နည်းပညာ အကြောင်းအရာ မဟုတ်တဲ့ blog တွေလည်း တော်တော်များပါတယ်။ လိုက်ကြည့်မိသလောက် တစ်ချို့တွေ ကိုယ်ပိုင် blog တွေကို ပြင်ရင်း ပြင်ရင်းနဲ့ ပုံစံပျက်သွားတာမျိုးတွေလည်း တွေ့ရပါတယ်။ တစ်ချို့လည်း နဂို blogger template မဟုတ်ဘဲ တစ်ခြား အပြင်က download လုပ်ထားတဲ့ template ကို width ချဲ့ချင်တာတို့ ဘာတို့ လုပ်ချင်တဲ့အခါကျတော့ blogger dashboard ကနေ လုပ်လို့မရတော့ပါဘူး။ အဲဒီအခါ မေးလ်ပို့ပြီးတော့ အကူအညီတောင်းတာတို့၊ chat ကနေ အကူအညီတောင်းတာတို့ ကြုံလာတဲ့အခါကျတော့ ဒီ post လေးတင်ပြီး အခက်အခဲရှိနေသူတွေကို ကူညီပေးဖို့ စိတ်ကူးရလိုက်ပါတယ်။ အတိုချုပ်ပြောရရင်တော့ အခက်အခဲရှိသမျှ ဆက်သွယ်လာရင် ကူညီဖြေရှင်းပေးမယ်လို့ ပြောတာပါ။
ဒါကြောင့်မို့လို့ မြန်မာနိုင်ငံက blogger ညီအစ်ကို၊ မောင်နှမများ မိမိရဲ့ blog နဲ့ ပတ်သတ်ပြီး တစ်ခုခုအခက်အခဲရှိရင် gtu.myowin@gmail.com ကို မေးလ်ပို့ပြီး အခက်အခဲများအတွက် မေးမြန် အကူအညီတောင်းနိုင်ပါတယ်။
This entry was posted in website-basic-knowledge on September 29, 2013 by lukaar.
Saturday, September 28, 2013
ဒီကနေ့ခေတ်မှာ Laptop တွေ... Notebook တွေကို ကျယ်ကျယ်ပြန့်ပြန့်သုံးလာကြပါပြီ... ဘာကြောင့်လဲဆိုတော့ အရင်ခေတ်ကာလနဲ့နှိုင်းယှဉ်ရင် laptop နဲ့ notebook တွေရဲ့ ဈေးနှုန်းဟာ သိသိသာသာ ကျဆင်းလာလို့ပါပဲ... အရင်က တူညီတဲ့ ဈေးနှုန်းတန်ဖိုးတစ်ခုမှာ desktop တစ်လုံးနဲ့ laptop တစ်လုံးယှဉ်လိုက်ရင် desktop ရဲ့စွမ်းဆောင်ရည်က အများကြီးမြင့်မားနေပါလိမ့်မယ်... အခုနောက်ပိုင်းမှာတော့ ကိုယ်တတ်နိုင်တဲ့ဈေးနှုန်းအတွင်းမှာ laptop နဲ့ desktop ရဲ့ စွမ်းဆောင်ရည်ချင်း ယှဉ်ကြည့်လိုက်တဲ့အခါ သိပ်မကွာတော့ပါဘူး... ဒါကြောင့် သယ်ယူရွှေ့ပြောင်းရပိုမိုလွယ်ကူတဲ့ Laptop တွေကို ပိုပြီးလူသုံးများလာကြပါတယ်... ဒါ့အပြင် laptop တွေဟာ နေရာသိပ်မယူသလို အားသွင်းထားပြီး အချိန်တော်တော်ကြာကြာအသုံးပြုလို့ရပါတယ်... laptop တွေရဲ့ အဓိကပြဿနာကတော့ ပြုပြင်ထိန်းသိမ်းတဲ့နေရာမှာဖြစ်ပါတယ်.. အခုဖော်ပြပေးမှာကတော့ laptop တွေကို ထိရောက်ကောင်းမွန်စွာ ပြုပြင်ထိန်းသိမ်းနိုင်မယ့်နည်းလမ်းလေးတွေဖြစ်ပါတယ်...
အဓိကအားဖြင့် ပြဿနာတွေ့ရှိရတတ်တဲ့ အပိုင်းလေးတွေရှိပါတယ်... အဲ့ဒီအချက်တွေပေါ်မူတည်ပြီး laptop တစ်လုံးကို ပြုပြင်ထိန်းသိမ်းမယ်ဆိုရင်အမျိုးအစားနှစ်မျိုးခွဲခြားနိုင်ပါတယ်... အဲ့ဒါတွေကတော့ အပြင်ပိုင်းပြုပြင်ထိန်းသိမ်းမှုနဲ့ အတွင်းပိုင်းပြုပြင်ထိန်းသိမ်းမှုတို့ပဲဖြစ်ပါတယ်...
အပြင်ပိုင်းပြုပြင်ထိန်းသိမ်းမှု
----------------------------------------------------------------
၁) အားသွင်းခြင်း
၂) အပူ
၃) Hardware အသစ်
၎) သန့်ရှင်းရေး
၅) အသုံးပြုပုံ
၆) သောက်စရာများ
၇) Screen Gurad
► အားသွင်းခြင်း
အားသွင်းခြင်းဟာ laptop တစ်လုံးကိုပြုပြင်ထိန်းသိမ်းတဲ့နေရာမှာ ပထမဆုံးနဲ့ အဓိက လုပ်ဆောင်ရမယ့်အချက်ဖြစ်ပါတယ်... ဘာကြောင့်လဲဆိုတော့ laptop စနစ်တစ်ခုလုံးအား ရရှိတဲ့ လျှပ်စစ်ဓာတ်အားပေါ်မှာ အလုပ်လုပ်ရလို့ပါပဲ... laptop ကို အားသွင်းတဲ့အခါမှာ ဂရုတစိုက်သွင်းဖို့လိုပါတယ်.. laptop ကို သုံးတိုင်း battery level ဘယ်လောက်ရှိလဲဆိုတာကို အရင်ဆုံးကြည့်ပါ... အကယ်လို့ ၁၀% အောက်ရောက်နေပြီဆိုရင် charger ကိုတပ်လိုက်ပါ.... ၁၀% အထက်မှာဆိုရင်တော့ charger တပ်ဖို့မလိုပါဘူး... တစ်ချို့လူတွေက laptop ကို charger နဲ့ အမြဲချိတ်ပြီးသုံးတတ်ကြပါတယ်... ဒါက နည်းလမ်းအမှန် မဟုတ်ပါဘူး... အဲ့ဒီအတိုင်းသင်ဆက်လုပ်သွားမယ်ဆိုရင် တစ်လနှစ်လလောက်အတွင်း battery ရဲ့ စွမ်းဆောင်ရည်ကျဆင်းလာပါလိမ့်မယ်... နောက်ပိုင်းမှာ သင့် laptop ဟာ plug ချိတ်ပြီးမှ သုံးလို့ရမယ့် အနေအထားမျိုးဖြစ်သွားနိုင်ပါတယ်... battery လုံးဝအလုပ်မလုပ်တော့တဲ့ အခြေအနေမျိုးဖြစ်သွားပါလိမ့်မယ်... အကောင်းဆုံးကတော့ သင့် laptop battery ကို သုံးရက်တစ်ခါလောက် အားကုန်တဲ့အထိသုံးပေးတာပါပဲ... နောက်တစ်ချက်ကတော့ အားသွင်းတဲ့အခါမှာ ground ချထားတဲ့ socket မျိုးကို သုံးဖို့ဖြစ်ပါတယ်.. ဒါမှသာ လျှပ်စီးကြောင့် သင့် laptop အစိတ်အပိုင်းတွေ ပျက်စီးခြင်းမဖြစ်အောင်ကာကွယ်နိုင်ပါလိမ့်မယ်...
► အပူ
အပူဟာ laptop တွေအတွက် အန္တရာယ်ပေးနိုင်တဲ့ အချက်တစ်ချက်ဖြစ်ပါတယ်... အပူကြောင့် စနစ်အစိတ်အပိုင်းတွေပျက်စီးစေပါတယ်.. အပူလွန်ကဲတဲ့အခါ တစ်ချို့ circuit တွေလောင်ကျွမ်းပျက်စီးတာမျိုးအထိ ဖြစ်နိုင်ပါတယ်... ဒါကြောင့် အပူလွန်ကဲမှုမရှိအောင် laptop တွေ အမြဲအေးမြနေအောင် သတိပြုလုပ်ဆောင်သင့်ပါတယ်... ဒီအတွက် သင်လိုမှာက cooler pad လိုမျိုး အအေးပေးစနစ်တစ်မျိုးမျိုးဖြစ်ပါတယ်... နောက်တစ်ချက်ကတော့ တစ်ချိန်ထဲမှာ application အများအပြားကို တစ်ပြိုင်နက်မသုံးဖို့ပါပဲ... ဒီအချက်ကလည်း laptop ကို အပူလွန်ကဲစေပါတယ်... ဈေးသက်သာပြီး ပုံတူကူးလုပ်ထားတဲ့ cooling pad တွေကိုလည်း သိပ်အားမကိုးပါနဲ့.. ဒါတွေကိုသုံးလို့ သင့် laptop ပျက်သွားရင် ကုန်ကျစရိတ်ပိုများသွားပါလိမ့်မယ်... ဒါကြောင့် အရည်အသွေးမြင့်ပြီး အာမခံချက်ရှိတဲ့ cooler pad တွေကို ရွေးချယ်အသုံးပြုသင့်ပါတယ်...
► Hardware အသစ်
keyboard တွေ၊ scanner တွေ၊ mouse တွေနဲ့ printer တွေလိုမျိုး hardware အသစ်တွေကို အသုံးပြုတဲ့အခါ တစ်ချို့ hardware တွေဟာ laptop တွေကနေ support မလုပ်တာတွေ... တွဲသုံးလို့အဆင်မပြေတာတွေ စတဲ့ ပြဿနာတွေနဲ့ရင်ဆိုင်ရစေနိုင်ပါတယ်... ပထမဆုံးအကြိမ်တပ်သုံးလိုက်တုန်းကတော့ အလုပ်ပုံမှန်လုပ်နေတယ်... ဒါပေမဲ့ နောက်ပိုင်းကျတော့ အလုပ်ကောင်းကောင်းမလုပ်တာတွေ blue screen တက်လာတာတွေမျိုး ကြုံရတတ်ပါတယ်... ဒီလိုဖြစ်တာမျိုးဟာ သင့် laptop အတွက် အန္တရာယ်များပါတယ်... external device တွေကို မသုံးခင် အဲ့ဒီ device ရဲ့ specification တွေကို အရင်ဆုံးသေချာဖတ်ပါ... သင့် laptop ရဲ့ model နဲ့ laptop မှာတင်ထားတဲ့ OS တို့မှာ အလုပ်လုပ်နိုင်မလုပ်နိုင်ဆိုတာကို စစ်ပါ... ဒီအချက်အလက်အားလုံးကို hardware manual စာအုပ်မှာ ဖော်ပြထားပါလိမ့်မယ်... ဒါကြောင့် hardware အသစ်တွေကို တွဲဆက်ပေါင်းစပ်ပြီးမသုံးခင် သေချာစွာစစ်ဆေးလေ့လာပြီးမှ သုံးသင့်ပါတယ်....
► သန့်ရှင်းရေး
သင့်အနေနဲ့ သင့် laptop ကို အမြဲသန့်ရှင်းတောက်ပြောင်နေအောင်လည်း ဂရုစိုက်သင့်ပါတယ်... ပထမဆုံးအနေနဲ့ပြောရရင် ဖုန်တွေဟာ သင့် laptop ရဲ့ အဓိကရန်သူဖြစ်ပါတယ်... ဖုန်အများဆုံးတက်တာကတော့ keyboard နေရာမှာဖြစ်ပြီး ခလုတ်တွေရဲ့ကြားထဲကနေ အထဲကိုဝင်လာပါလိမ့်မယ်... ရက်တွေကြာလာတာနဲ့အမျှ ခလုတ်တွေရဲ့အောက်မှာ ဖုန်တွေစုလာပြီး ခလုတ်တွေကြောင်လာတတ်ပါတယ်... ဒီလိုမဖြစ်အောင် ဖုန်သုတ် brush တွေ.. အဝတ်စတွေနဲ့ သန့်ရှင်းရေးလုပ်တဲ့ ဆေးရည်တွေကို သုံးနိုင်ပါတယ်... keyborad ကို သန့်ရှင်းရေးလုပ်ဖို့ brush ကိုသုံးပါ... ဖုန်တွေကို လက်နဲ့ သုတ်ချဖို့မကြိုးစားပါနဲ့ ခလုတ်တွေပျက်နိုင်ပါတယ်....ဒါကြောင့် cleaning kit လေးတွေကို ဝယ်ယူအသုံးပြုသင့်ပါတယ်... screen ကို သန့်ရှင်းရေးလုပ်ဖို့အတွက်တော့ ဆေးရည်နဲ့ အဝတ်စတွေကိုသုံးပါ...
► အသုံးပြုပုံ
laptop ကို မှန်ကန်တဲ့အနေအထားမှာ ထားသုံးဖို့လည်း လိုပါတယ်... မညီညာတဲ့ မျက်နှာပြင်မှာတင်မသုံးပါနဲ့... မညီညာတဲ့မျက်နှာပြင်မှာတင်သုံးရင်လည်း ချက်ချင်းကျိုးပဲ့ ထိခိုက်သွားတာမျိုးတော့ ကြုံရမှာမဟုတ်ပါဘူး... ဒါပေမဲ့ အစိတ်အပိုင်းတွေ တဖြည်းဖြည်းနဲ့ ထိခိုက်ပျက်စီးလာတာကို ကြုံရပါလိမ့်မယ်... အကောင်းဆုံးမျက်နှာပြင်တွေကတော့ စားပွဲတွေ... cooler pad တွေလိုမျိုး ပြင်ညီမျက်နှာပြင်တွေဖြစ်ပါတယ်... cooler pad တွေကို အပူကိုစုပ်ယူစွန့်ထုတ်နိုင်စေရုံသာမက ပြင်ညီမျက်နှာပြင်မျိုးဖြစ်အောင် ဒီဇိုင်းထုတ်ထားတာကို သတိပြုမိပါလိမ့်မယ်...
► သောက်စရာများ
အအေးတွေ... လက်ဘက်ရည်... ကော်ဖီ... ရေ စတဲ့ သောက်စရာတွေကို laptop သုံးရင်းသောက်တာလည်း သိပ်ကောင်းတဲ့အချက်မဟုတ်ပါဘူး... ဘာကြောင့်လဲဆိုတော့ အဲ့ဒီအရည်တွေဖိတ်စင်သွားခဲ့ရင် keyboard ကနေတစ်ဆင့် laptop အတွင်းပိုင်းကို စိမ့်ဝင်သွားနိုင်ပါတယ်... ဒီလိုဖြစ်ခဲ့ရင် တစ်ချို့အစိတ်အပိုင်းတွေ ပုံမှန်အလုပ်မလုပ်တော့တာမျိုး ကြုံရနိုင်ပါတယ်.. ဒါကြောင့် laptop သုံးရင်း တစ်ခုခုသောက်တာမျိုး ကိုရှောင်သင့်ပါတယ်...
► Screen Guard
Screen ပေါ်မှာ အကြောင်းအမျိုးမျိုးကြောင့်ခြစ်မိတာမျိုးမကြုံရအောင် screen guard တွေကို သုံးသင့်ပါတယ်... screen guard တွေဟာ screen ထိခိုက်မှုကို အပြည့်အဝတော့ မကာကွယ်ပေးနိုင်ပေမဲ့ ခြစ်ရာတွေထင်မှာနဲ့ screen ပေါ်ကို ဖုန်တက်မှာတွေကိုတော့ ကာကွယ်ပေးနိုင်ပါတယ်...
အတွင်းပိုင်းပြုပြင်ထိန်းသိမ်းမှု
----------------------------------------------------------------
၁) Antivirus
၂) System restore points
၃) backup
► Antivirus
သင့်စက်က antivirus ကို အမြဲတမ်း update လုပ်ထားဖို့လည်းအရေးကြီးပါတယ်... ဒီနေ့ခေတ်မှာ update မဖြစ်တဲ့ antivirus ကိုသုံးတာ အလုပ်မဖြစ်တော့ပါဘူး... အထူးသဖြင့် အင်တာနက်နဲ့ ချိတ်ဆက်သုံးစွဲတဲ့အခါ virus အမျိုးမျိုးဝင်လာနိုင်ပါတယ်... ပြီးတော့ memory stick တွေနဲ့ တခြား နေရာတွေအများကြီးကနေလည်း ဝင်လာနိုင်ပါတယ်... Virus အားလုံးလိုလို သင့်စနစ်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းအောင်လုပ်ဆောင်နိုင်ပါတယ်... တစ်ချို့ virus တွေကတော့ သင့်ကိုယ်ရေးအချက်အလက်တွေကို ခိုးယူပါလိမ့်မယ်... ဒါကြောင့် ကောင်းမွန်တဲ့ antivirus ကိုသုံးဖို့လိုသလို နေ့စဉ် ဒါမှမဟုတ် ၃ ရက်တစ်ခါလောက်တော့ update လုပ်ပေးသင့်ပါတယ်... လိုင်စင်မရှိတဲ့ software တွေကိုလည်း မသုံးပါနဲ့... အဲ့ဒါကလည်း virus တွေ တိုက်ခိုက်ဖို့ ပစ်မှတ်တွေဖြစ်နေတတ်ပါတယ်... တရားဝင်မဟုတ်တဲ့ antivirus software တွေကိုလည်း အလွန်အကျွံအားမကိုးပါနဲ့.... စိတ်ချယုံကြည်ရတဲ့ တရားဝင် site တွေကပဲ ရယူအသုံးပြုပါ...
► System Restore Points
အကယ်လို့ antivirus တွေ အလုပ်ကောင်းကောင်းမလုပ်တာတို့ window မတက်တာတို့ကြုံလာရင် သင့်အနေနဲ့ ဘာလုပ်လို့ရမလဲ... ဖြေရှင်းနည်းကတော့ restore points တွေ ပြုလုပ်ထားခြင်းပဲ ဖြစ်ပါတယ်... Restore Points တွေဟာ တကယ်အသုံးဝင်ပါတယ်... system က crash ဖြစ်ပြီး OS ကို load မလုပ်နိုင်တော့ဘူးဆိုရင် restore point ကို ပြန်သွားပြီး သုံးလိုက်ရုံပါပဲ... System ကောင်းကောင်းလုပ်နေတုန်းမှာrestore point တစ်ခုလောက်ကို အရင်ဆုံးဖန်တီးထားရပါမယ်...သင်လိုအပ်ရင်လိုအပ်သလို restore point တွေ တစ်ခုထက်မက ထပ်ဖန်တီးလို့ရပါတယ်...
► Backup
သင့် laptop မှာ အရေးကြီးအချက်အလက်တွေရှိနေမယ်ဆိုရင် CD-ROM ဒါမှမဟုတ် တခြားတစ်ခုခုထဲကို backup လုပ်ထားတာက ပိုကောင်းပါတယ်... ဘာကြောင့်လဲဆိုတော့ bad sectors တွေကြောင့် သင့်ရဲ့ hard disk ဟာ ဘယ်အချိန်မှာ damage ဖြစ်သွားမယ်ဆိုတာကို မသိနိုင်လို့ပါပဲ... bad sector တွေကို ရှင်းလင်းဖို့အတွက်ကတော့ သင့် hard disk ကို defrag လုပ်ရပါမယ်... ဒါပေမဲ့ ဘယ်လောက်ပဲ defrag လုပ်လုပ် backup လုပ်ထားတာလောက်တော့ စိတ်ချလို့မရပါဘူး... သင့်စက်ထဲက အချက်အလက်တွေ အချိန်မရွေးပျက်စီးသွားနိုင်တယ်ဆိုတာကို သတိပြုသုံးစွဲရပါမယ်...
နှိုင်းရင့်နွေ
https://www.facebook.com/hnaingyintnway
Ref: All Tech Manuals
(Short Conversations In Use)
ဒီနေ့လည်း အသုံးတည့်နိုင်လောက်တဲ့ အင်္ဂလိပ်စကားအတိုလေးတွေကို ထပ်မံ ဖော်ပြပေးလိုက်ပါတယ်။
(1) From what I hear...
ငါကြားရတဲ့ အတိုင်းဆိုရင် ..
(2) Fairly sensible!
အမြော်အမြင် တော်တော်ရှိတာပဲ။
(3) I knows what's what!
ငါ..အကုန်သိတယ်။
(4) That sounds pretty bad!
အခြေအနေမဟန်ဘူး။
(5) It's an old wives' tale!
ဒါ..ထွင်လုံးပါ။
(6) What do you say?
မင်းရော ဘယ်လိုသဘောရလဲ။
(7) His bluff was called!
သူဖြီးတာ ပေါ်သွားပြီ။
(8) Lay off!
မနှောင့်ယှက်စမ်းပါနဲ့။
(9) Not again!
တော်ပါတော့..။
(10) Life stinks!
ဘ၀ဟာ စိတ်ပျက်စရာပဲ။
(11) It doesn't make any difference!
ဘာဖြစ်ဖြစ် မထူးပါဘူး။
(12) Don't cry over spilled milk!
အခုမှ ငိုမပြနဲ့။အပိုပဲ..။
(13) It's gone with the wind!
ရေစုန်မျောသွားပြီ။
(14) It can't be helped!
မတတ်နိုင်ဘူး။
(15) Leave it to chance(fate) !
သဗ္ဗေသတ္တာ ကမ္မသကာပဲလေ။ ။
Shared from အင်္ဂလိပ်ဘာသာ လေ့လာစရာ (FB)