Showing posts with label Dhamma Videos. Show all posts
Showing posts with label Dhamma Videos. Show all posts

Sunday, December 28, 2014

အစွမ်းတန်ခိုးများနျှင့် သာသနာ တရားအတိုလေး (၅ မိနစ်)

တရားအမြည်း အပိုင်း ၂

တကယ့် အစွမ်းတန်ခိုးဆိုတာ ဘာလဲ???... မြတ်စွာဘုရားရဲ့ အဆုံးအမကို လေ့လာသင်ယူခြင်းပဲ ဖြစ်တယ်။ မြတ်စွာဘုရားရဲ့ တရားတော်တွေကို ကိုယ်တိုင်သိရှိအောင် လေ့လာခြင်း၊ ဖတ်ရှုခြင်း၊ ကျင့်သုံးခြင်း၊ နာယူခြင်း... ဒါတွေဟာသာလျှင် တကယ့်တန်ခိုး၊ တန်ခိုးပါဝါ... တကယ့်ကြီးမားတဲ့ စွမ်းအား... နိဗ္ဗာန်ထိအောင် မျက်မှောက်ပြုနိုင်တဲ့ ပါဝါရှိတဲ့ အစွမ်းတန်ခိုး အစစ်အမှန်ဖြစ်တယ်..ဆိုတာ... အားလုံး ဆုံးဖြတ်ချက်ချပြီး မြတ်စွာဘုရားရဲ့ တရားဓမ္မတွေကို သိရှိနားလည်အောင် အားလုံး လိုက်နာကျင့်သုံး လိုက်နာနိုင်ကြပါစေကုန်သတည်း....... သာဓု၊ သာဓု၊ သာဓု.......

တရားအမြည်း အပိုင်း (၁) = ၉ မိနစ်စာကို အောက်ကလင့်ခ်မှာ နာယူနိုင်ပါတယ်...

https://www.facebook.com/video.php?v=405224446299814&set=vb.273212476167679&type=2&theater

တရားတစ်ပုဒ်လုံးကိုတော့ အောက်က Youtube Link မှာ သွားရောက်နာယူနိုင်ကြပါတယ်။

https://www.youtube.com/watch?v=-sc9Jug2JTo

Credit to: Favorite Collections (FB)

https://www.facebook.com/video.php?v=405229009632691&set=vb.273212476167679&type=2&theater

.

အစွမ်းတန်ခိုးများနှင့် သာသနာ တရားအတိုလေး (၉ မိနစ်)

တရားအမြည်း အပိုင်း ၁

ကံကြမ္မာ ဖိစီးလာပြီဆိုလို့ရှိရင်တော့ တန်ခိုးဟာလည်း ကံကြမ္မာကို လက်လျှော့လိုက်ရတာပဲ။ အဲဒီတော့ ကံရဲ့အစွမ်းတန်ခိုးဟာသာလျှင် ကိုယ့်ရဲ့ တကယ့်အစွမ်းတန်ခိုးပဲ။ ကံကောင်းအောင် လုပ်နေဖို့ရာ တရားအဆုံးအမတွေကို နားလည်ဖို့လိုတယ်။

ဒီလိုတရားအတိုလေးတစ်ပုဒ် ပေ့ခ်ျမှာ တင်နိုင်ဖို့ကို တော်တော်လေး အချိန်ပေးရတယ်။ Youtube Link ကို တိုက်ရိုက်ရှယ်လိုက်ရင် ရနိုင်ပေမယ့် တရားတစ်ပုဒ်လုံးဆိုရင် တစ်နာရီကျော်လောက် အချိန်ပေးပြီး မနာနိုင်ကြမှာစိုးလို့ အမြည်းအနေနဲ့ အက်မင်သဘောကျတဲ့ အပိုင်းလေးတွေကို ဖြတ်တောက်ပြီး တင်ပေးလိုက်တဲ့သဘောပါ။ တရားတစ်ပုဒ်လုံးက စပြီးနာလိုက်ကတည်းက ရပ်ချင်စရာမရှိအောင် စိတ်ဝင်စားစရာကောင်းနေတော့ ဘယ်အပိုင်းကို တင်ရမလဲ မသိဘူးဖြစ်နေတာ။ အဲဒီတော့ တရားအမြည်း နှစ်ပိုင်း ရှယ်ပေးသွားပါမယ်။

တရားအမြည်း အပိုင်း (၂) = ၅ မိနစ်စာကို အောက်က လင့်ခ်မှာ နာယူနိုင်ပါတယ်...