Showing posts with label အချစ်နှင့် သက်ဆိုင်သော. Show all posts
Showing posts with label အချစ်နှင့် သက်ဆိုင်သော. Show all posts

Monday, December 5, 2016

အိမ်ထောင်ကျ ကံကောင်းခြင်းနဲ့ ကံဆိုးခြင်း


မိန်းကလေးတစ်ယောက်ကအိမ်ထောင်ကျသွားပြီဆိုရင် လူတွေကအထင်နဲ့ ယောင်္ကျားရကံကောင်းတယ် ကံဆိုးတယ်ဆိုပြီးသတ်မှတ်ပြောဆိုတတ်ကြပါတယ်။

ရုပ်ကလေးလှရုံနဲ့ မပြည့်စုံတဲ့ မိန်းကလေးတစ်ယောက်က သူ့ထက်သာတဲ့ပြည့်စုံတယ်လို့ယူဆရတဲ့ ယောင်္ကျားတစ်ယောက်နဲ့ အိမ်ထောင်ကျရုံနဲ့ သူမမှာကံကောင်းခြင်းတွေ မပိုင်ဆိုင်ပါဘူး။ သူ့လင်ယောင်္ကျားရဲ့ အရှိန်အဝါကိုတော့ သူသိမ်ငယ်နေရတာပါ ..

ယောင်္ကျားတစ်ယောက် ရှာဖွေကျွေးမွေးတာကို ထိုင်စားနေတဲ့မိန်းမမို့
ကိုယ့်ဝမ်းစာကိုယ် ရှာမစားရလို့လည်း ကံကောင်းတယ် မဆိုနိုင်ပါဘူး။ အနည်းဆုံးတော့ သူဟာ သူ့ဘဝကိုပစ်ပယ်ပြီး သားသမီးအတွက် လင်ယောင်္ကျားအတွက် ပေးဆပ်အချိန်ကုန်နေရတာပဲ။

ဒါ့ထက်ပိုဆိုးရင် ယောင်္ကျားမျက်နှာကြည့်ပြီး မဝံ့မရဲဘဝနဲ့ နေနေရတာပါ။ တခါတလေ သူ့မှာ ဆုံးဖြတ်ပိုင်ခွင့်ဆိုတာ ဘာမှတောင် မသိပဲ ကိုယ့်ဘဝကိုယ်သတ်ပြီး ရှင်သန်နေရတာပါ။ ယောင်္ကျားလုပ်သမျှ မပြောရဲမဆိုရဲနေရတဲ့အချိန်တွေတောင် ရှိရင် ရှိနေနိုင်ပါတယ်။

မိန်းမသားတွေဟာ အိမ်ထောင်ပြုတယ်ဆိုကတည်းက မှီခိုချင်လို့အားကိုးချင်လို့ မှီခိုထိုက်အားကိုးထိုက်သူကို ရွေးချယ်တတ်ကြတယ်။ ဒါကိုပဲ အနိုင်ယူ နှိမ်ထားချင်တဲ့ယောင်္ကျားတွေမှ တပုံကြီး။ အားလုံးကိုတော့ မဆိုလိုပါ။ ပြီးတော့ ယောင်္ကျားတွေက ကိုယ်ကပေးဆပ်နေတာပဲမြင်တာ ကိုယ့်ကိုပေးဆပ်နေခဲ့ရင်တော့ မသိချင်ယောင်ဆောင်တတ်ကြတယ်။ တချို့တွေဆိုရှိပါတယ် တလောကလုံးနဲ့ အဆင်ပြေအောင်နေတယ် အိမ်ကမိန်းမတော့ ဘယ်လိုနေနေ အပြစ်မလွတ်ဘူး။ တဖြည်းဖြည်း ပါးစပ်ကနေ ထုတ်ဖော်ကဲ့ရဲ့ခံရတဲ့အထိ နှိမ်ချခံနေရတဲ့ မိန်းမသားတွေ ရှိပါတယ်။

အသိဥာဏ်သေးသိမ်တဲ့ ပတ်ဝန်းကျင်က ဒီလိုယောင်္ကျားမျိုးရတာ ကံကောင်းတယ်မှတ် နင့်ကိုသူမို့ယူတာ လိမ်လိမ်မာမာနေ ဒါမျိုးတွေပြောပြောပြီး လင်မယားကြား သွေးခွဲလိုက်တာကို သွေးနားထင်ရောက်နေတဲ့ ယောင်္ကျားများကတော့ ကမ္ဘာမှာသူကပဲ ကယ်တင်ရှင်လူစွမ်းကောင်းလိုပုံစံ ချိုးပြပါလေရော။ ကျွန်မပြောပါ့မယ် ငွေရှာနိုင်တဲ့အဆင့်တခု ရှိနေနိုင်တဲ့ ယောကျာင်္းတစ်ယောက်ကိုရတာနဲ့ ဒီမိန်းကလေးက ကံကောင်းသွားရောတဲ့လား သူ့ရဲ့အကျင့်စာရိတ္တ ဘာဆိုဘာမှမသိပဲ ဂုဏ်မျက်နှာတခုထဲနဲ့ ဆုံးဖြတ်လိုက်လို့ရလား ငွေကြေးမချမ်းသာတာနဲ့ပဲ သမ္မာအာဇီဝကျကျ နေထိုင်စားသောက်နေတဲ့မိန်းကလေးမှာ အလိုလိုနေရင်း မျက်နှာမွဲကိုဖြစ်လို့။ အမှန်တကယ်တော့ ကိုယ့်စိတ်ကြိုက်ကိုယ် ရွေးကြတာပါ ကိုယ်လက်ခံနိုင်လို့ ရယူထားတဲ့ဘဝကို ကိုယ်စီမံရမှာပဲ မဟုတ်လား။

အရင်ကတော့ ချစ်ခင်ကြင်နာစက ကိုယ့်ချစ်သူရဲ့ အားနည်းချက်ဟာ ကိုယ့်အသက်ထက် ပိုကာကွယ်ပေးမလိုနဲ့ ကြာလာတော့ နိုင်ကွက်လိုအသုံးချလာတယ်။ အားကိုးစရာ မိဘမရှိတဲ့ မိန်းကလေးဆို အိမ်ကနှင်ချမယ်။ မိဘက ထောက်ပံ့မှုမပေးနိုင်တဲ့ မိန်းကလေးဆို အနှိမ်ခံရမယ်။ ငွေမရှာနိုင်တဲ့ မိန်းကလေးဆိုလို့ကတော့ သွားပြီ..တသက်လုံး
ကျွန်လိုသာ နေပေတော့ပဲ။

အသိုင်းဝိုင်းမရှိတဲ့ မိန်းကလေးဆိုရင် ယောင်္ကျားလုပ်သူက ဆွေဂုဏ်မျိုးဂုဏ်နဲ့ မာန်တက်ပြီး နှိမ်ချဆက်ဆံခံနေရတတ်တယ်။ တချို့သောယောင်္ကျားတွေက လူကိုနာအောင် လုပ်တာထက် စိတ်ကိုနာအောင် ပိုလုပ်တတ်ကြတယ်။ စကားလုံးအမျိုးမျိုးနဲ့ တသက်လုံး လူအညွှန့်တုန်းအောင်
ချိုးထားတတ်ကြတယ်။ အစကတည်းက အချစ်ဆိုတာကို ရှေ့တန်းမတင်ပဲ ကိုယ်နဲ့အဆင်ပြေတာကို ရွေးတတ်ခဲ့ရမှာ။ ရိုင်းရိုင်းပြောရရင် ကိုယ့်အတွက် ရိုးအီသွားမှ အနိုင်ကျင့်နှိပ်စက် နှိမ်ခံနေရတဲ့ အိမ်ထောင်ရေးတွေမှ ဒုနဲ့ဒေး။

မိန်းမတစ်ယောက်အတွက် အသည်းအနာဆုံးစကားက ငါရှာကျွေးနေတာ ပါးစပ်ပိတ်ပြီး အေးဆေးထိုင်စား ငါဘာလုပ်လုပ် လာမစွက်ဖက်နဲ့ဆိုတာပဲ။ အဲ့ဒါမိန်းမတယောက်ကို ကျွန်လိုဆက်ဆံတာ။ ငါယောင်္ကျားဟဲ့ဆိုပြီး အနိုင်ယူလိုက်တာ။ ငွေလေးနည်းနည်းရှာနိုင်လာတော့ ကိုယ့်ကိုယ်ကို အလံထူလာတယ်။ မရှိစဉ်အဆင်မပြေချိန်က ငပိရည်နဲ့ကြက်ဥကြော် အတူစားခဲ့တာတွေ မေ့တတ်လာတယ်။ စားစရာမရှိချိန် ဘဝကိုရုန်းကန်ခဲ့ဖူးတာတွေ သတိမရတတ်တော့ဘူး။ ငွေစကြေးစလေးရှိလာတော့ မင်းသွားလိုက်တော့ ငါ့အတွက် မိန်းမမရှားဘူးဆိုပြီး ဖြစ်လာတယ်။
မိန်းမကလွဲရင် အကုန်လုံး အလှပဂေးလေး ဖြစ်လာတယ်။ တချိန်က သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်လို့ချစ်တယ်ဆိုတာတွေက အခုတော့ ဆေးရောင်စုံတွေကြား တောဂိုက်ကြီး ဖြစ်လာတယ် ။

မိန်းမတယောက်ဖြစ်နေလို့ဆိုပြီး အရာအားလုံးကို မြိုသိပ်ခံစားနေရတာတွေ ဘယ်သူမှ မသိနိုင်ပါဘူး။ လူတွေက သတ်မှတ်လိုက်တဲ့ ပညတ်ချက်တွေကြောင့် တချို့ မပျော်ရွှင်နေတာကို ပျော်ရွှင်ချင်ယောင်ဆောင်တယ်။ သူဘယ်လောက်ပဲ ရုန်းထွက်ချင်နေပေမယ့် ကြိတ်မှိတ်မြိုသိပ်တယ်။
ကိုယ့်ကိုလူတွေ ဘယ်လိုမြင်မလဲဆိုတာ တွေတွေးရင်းနဲ့ ကိုယ့်ဘဝကိုယ်သတ်ပစ်နေရတယ်။ မိန်းကလေးတယောက် အိမ်ထောင်ရေး ကံဆိုးတယ် ကံကောင်းတယ်ဆိုတာ ပတ်ဝန်းကျင်က သတ်မှတ်လို့မရဘူး။ ကာယကံရှင် မိန်းကလေးကိုယ်တိုင်ပဲ သိပါတယ်။ အဲ့ဒါ့ကြောင့် သူတပါးဘဝကို အမြင်နဲ့ မသုံးသပ်ကြပါနဲ့။  ။

ခိုင်သဇင်ဟိဏ်း

Thursday, September 1, 2016

"ငအ, ထွက်သွားတော့ ငလိမ် အ,ကျန်ရစ်ခဲ့တယ်"


.
ငအတစ်ယောက်ကို ငလိမ်တစ်ယောက်တွေ့တော့ ငလိမ်ကပြောတယ်..
.
“ငါ့မှာသာ ချိုချဉ်တစ်လုံးရှိရင် နင့်ကိုတကယ်ပေးမှာ”တဲ့။
.
ငအ တစ်ချက်စဉ်းစားပြီး အိတ်ကပ်ထဲကချိုချဉ်တစ်လုံးကို ငလိမ်လက်ထဲ ထိုးထည့်ပေးလိုက်တယ်။
.
ငလိမ်က ထပ်ပြောတယ်…
“တကယ်လို့ ငါ့မှာချိုချဉ်အများကြီးရှိရင် နင့်ကိုအကုန်လုံးပေးတယ်”တဲ့။
.
ငလိမ်ရဲ့အပြောမှာ ငအခံစားသက်ဝင်ပြီး မျက်ရည်တောင်ဝဲမိတယ်။
ကိုယ့်ဆီမှာရှိတဲ့ချိုချဉ်တွေအားလုံး ငလိမ်လက်ထဲထည့်ပေးလိုက်တယ်။
ငအမှာချိုချဉ်တွေမရှိတော့မှန်း ငလိမ်သိတော့ ငအကိုထားပြီး ထွက်သွားခဲ့တယ်။
.
ငလိမ်ထွက်သွားတာကိုမြင်တော့ ငအ ပျာယာခတ်တော့တယ်။ ကိုယ့်မှာရှိတာတွေ အကုန်ပေးပြီးပြီလို့ ရှင်းပြချင်နေခဲ့တယ်။ ရှိတာအကုန်လုံးပေးလိုက်တာတောင် ငလိမ် မတုန်လှုပ်တော့ ငအက ကိုယ့်နှလုံးသားကိုထုတ်ပြီး ငလိမ်လက်ထဲ ထည့်ပေးလိုက်တယ်။
.
ငလိမ်က အပူလောင်သလိုမျိုး ငအထည့်ပေးလိုက်တဲ့နှလုံးသားကို အဝေးကြီးပစ်ထုတ်ပစ်လိုက်တယ်။
.
အစိတ်စိတ်အမွှာမွှာကြေသွားတဲ့ နှလုံးသားကို ငအတစ်ခုချင်းကောက်ယူလိုက်တယ်။ ငလိမ်က အပြောပဲရှိတယ်… တကယ်တမ်း ဘာမှလည်း ပြန်မပေးခဲ့မှန်း ငအသိလိုက်တယ်။
.
ငအ ငိုမိတယ်… သူ အ,တာ ကိစ္စမရှိဘူး…
ချိုချဉ်တွေ သူအကုန်ပေးလိုက်တာလည်း ကိစ္စမရှိဘူး..
သူ့နှလုံးသား လွင့်ပစ်ခံရတာလည်း ကိစ္စမရှိဘူး…
ဒါပေမယ့် သူ့နှလုံးသားကို ငလိမ်လွင့်ပစ်လိုက်တဲ့ ပုံစံက
ပြတ်သားလိုက်တာ၊ စက်ဆုပ်ရွံ့ရှာအထင်သေးတဲ့ပုံနဲ့…
.
ငအထွက်သွားခဲ့ပြီ… ငလိမ် အ,ပြီး ကျန်ရစ်ခဲ့တယ်…
.
ငါတို့ဒီတစ်သက်မှာ…

ဘယ်သူ ငလိမ်နဲ့ မတွေ့ခဲ့ဖူးလဲ…

ဘယ်သူ ငအ မဖြစ်ခဲ့ဖူးလဲ…

-------------

ဒါလေးဖတ်မိတော့ ကိုယ်လည်း တစ်ချိန်က ငအဖြစ်ခဲ့တာကို သတိရမိတယ်။
ဒါပေမယ့် ဖြေသာခဲ့ပါတယ်.. အနည်းဆုံးတော့ ကိုယ်ငလိမ် မဖြစ်ခဲ့ဖူးဘူးလေ...

wechat မှာဖတ်မိတာလေး ဘာသာပြန်မျှဝေပါတယ်..
.

#NineNineSaNay (Sep. 1. 2016)
.

Sunday, March 1, 2015

ကျမသာ နတ်သမီးတစ်ပါးဖြစ်ခဲ့ မယ်ဆိုရင်...


ကျမသာ နတ်သမီးတစ်ပါးဖြစ်ခဲ့ မယ်ဆိုရင်...
ကျမကိုချစ်ပြီးး
ကျမကိုကြင်နာတဲ့ချစ်သူတစ်ယောက် အဖြစ်
မောင့်ကို အသက်သွင်းမယ် ။

ကျမသာ စိတ်ညှို့ ရှင်ဖြစ်ခဲ့ မယ်ဆိုရင်...
ကျမအနားကနေ
မောင်ဘယ်တော့မှထွက်မသွားနိုင်အောင်
မောင့်ကို ညှို့ ထားမယ် ။

ကျမသာ စုန်းမတစ်ယောက်ဖြစ်ခဲ့ မယ်ဆိုရင်...
မောင့်ကိုတခြားမိန်းကလေးတွေမချစ်အောင်
ပြုစားထားမယ် ။

နတ်သမီးတစ်ပါး မဟုတ်ခဲ့ တဲ့ ကျမ
မောင့်အကြင်နာတွေနဲ့ ဝေးကွာခဲ့ တာ
အဆန်းတကြယ်တော့ မဟုတ်ခဲ့ ပါဘူးးလေ

စိတ်ညှို့ ရှင်လိုမစွမ်းတော့လဲ..
မောင်ထားခဲ့ တဲ့ နေရာမှာ ကျန်နေခဲ့ ရပြန်တယ် ။

စုန်းအတတ် မတတ်လေပြန်တော့
မောင့်ကိုချစ်တဲ့ မိန်းမတွေကို မချစ်ပါနဲ့ လို့ မတားနိုင်သလို
မောင်ချစ်တဲ့ တခြားတခြားသောမိန်းကလေးတွေ
ထပ်မရှိလာအောင်လဲ မစွမ်းဆောင်နိုင်ခဲ့ ပြန်ဘူးး ။

ကျမဟာ ကျမသာဖြစ်နေတဲ့ အတွက်
မောင့်ကို ချစ်ပြီးး
မောင့်ကိုလွမ်းးရင်းး
မောင်မရှိတဲ့ နေ့ ရက်တွေကို ကျော်ဖြတ်ဖို့ ပဲ
ကြိုးး စားနေရတော့တယ်
.
.
မောင့်ကိုလွမ်းးလိုက်တာ.........squint emoticon
.
.
.
#ယုန်မဒီ
Credit to မေ့ပျောက်မသွားချင်သော ခံစားချက်စာစုများ

Admin
စူပါကောက်တေး

Sunday, June 8, 2014

အမှတ်တမဲ့ ဆွဲဆောင်ခြင်း နဲ့ တသက်တာ ဆွဲဆောင်ခြင်း


သိပ်စွဲမက်စရာကောင်းတဲ့ မိန်းခလေးဆိုတာ 
ရုပ်ချောတာကိုပြောတာ မဟုတ်ဘူး
သူ့စိတ်ထားလေးက ရေနွေးဖြူဖြူလေးတစ်ခွက်လိုဖြူစင်တာ
ရိုးသားတာ အေးချမ်းတည်ငြိမ်တာ
အတွေးလေးတွေ ရိုးရှင်းတာ
ရှုပ်ထွေးမှုမရှိတာ
သူနဲ့ချစ်သူဖြစ်တဲ့ယောက်ျားလေးဟာ အမောပြေရေအေးတခွက်သောက်ရသလိုပဲ
စိတ်ကို အစဉ်အေးချမ်းစေတာမျိုးပါ

လူတယောက်ကို အမှတ်တမဲ့ ဆွဲဆောင်နိုင်တာ
ရုပ်ရည်ချောမောမှုပါ
ဒါပေမဲ့ တသက်လုံး ဆွဲဆောင်ထားချင်တယ်ဆိုရင်တော့
ကောင်းမွန်တဲ့ စိတ်နေစိတ်ထားလေးတွေ ထပ်ပေါင်းထည့်ဖို့လိုပါတယ်

ကောင်လေး

Wednesday, April 2, 2014

အွန်လိုင်းအပေါ်မှာချစ်ကြတဲ့လူတွေအများစုက နောက်ဆုံးမှာ လမ်းခွဲရတဲ့လူတွေကများကြပါတယ်...


ဘာဖြစ်လို့လဲဆိုတော့...
အကွာဝေးမတူတဲ့လူနှစ်ယောက်ဟာ နှလုံးသားလေးတစ်ခု
အထီးမကျန်တာကလွဲရင်ဘာအခွင့်ရေးမှတိတိကျကျမရကြဘူးလေ...

တစ်ချို့လူတွေကလက်တွေ့ကိုနှစ်သက်တတ်ကြတယ်
အနားမှာနေပြီး ကြင်နာယုယမှုလေးတွေပေးနိုင်တဲ့လူတွေကိုပဲ
ရွေးချယ်ချင်တတ်ကြတယ်...

အကွာဝေးမတူတဲ့လူတစ်ယောက်အပေါ် သိပ်ပြီးတော့
စိတ်မရှည်ချင်တတ်ကြဘူးလေ...

တစ်ယောက်နဲ့တစ်ယောက်တကယ်ချစ်ကြရင်တော့
ဘယ်လောက်ပဲအကွာဝေးတွေခြားခြားသစ္စာရှိအောင်
ကြိုးစားပြီး ထာဝရလက်တွဲနိုင်အောင်ကြိုးစားကြပါလိမ့်
မည်...

Phoe Phyu
Poem

Sunday, March 30, 2014

ကုသိုလ်ဖြစ်အောင် ချစ်ကြမယ်


(၁)

အဲဒီနေ့က သူတစ်ယောက်တည်း “အချစ်က မီးလား”ဆိုတာကို တွေးနေဖြစ်တယ်၊
တစ်ခါတစ်ခါတော့လဲ အချစ်ကမီးပါလို့ လက်ခံလိုက်တယ်၊ တစ်ခါတစ်ခါတော့လဲ အချစ်က မီးမဟုတ်ပြန်ဘူးလို့ ငြင်းဆန်လိုက်တယ်၊ သူတစ်ယောက်တည်း တစ်ထိုင် တည်းနဲ့ တစ်နေရာတည်းမှာ အချစ်က မီးဖြစ်သွားလိုက် ရေဖြစ်သွားလိုက်နဲ့ အဆုံးမသတ်တဲ့ အတွေးတွေနဲ့ လုံးချာလိုက်နေတာပဲ၊
အချစ်နဲ့ ပတ်သက်ပြီးလဲ အဆုံးမတွေ အများကြီး ဖတ်ဖူးတဲ့ သူ့မှာ မေးခွန်တွေကို ဘာသာထုတ်လိုက် ဘာသာပြန်ဖြေလိုက်နဲ့ အချစ်က ဘာဆိုတာ ကွဲကွဲပြားအဖြေ မရခဲ့ဘူး၊

ဒီလိုနဲ့ အဲဒီနေ့ဟာ တစ်နေကုန်ပြီး တစ်မိုးချုပ်ခဲ့တယ်၊ မပြိးပြတ်သေးတဲ့ အတွေးကို အဖြေရှာဖို့ သူ စာအုပ်စင်ပေါ်က ဇာတ်တော်စာအုပ်လေး ကောက်ကိုင်လိုက်တယ်။ ။


(၂) သူစဖတ်မိတဲ့ စာမျက်နှာ အစမှာပဲ -------------------
စာဖတ်သူများလဲ အဲဒီလို အတွေးတွေနဲ့ ချာချာလည်ခဲ့တဲ့ အကြိမ်တွေ မနည်းမနော ရှိခဲ့ဘူးမှာပါ၊ ဘာလို့လဲ ဆိုရင် အားလုံးက ပုထုဇဉ်တွေလေ အချစ်အကြောင်း မတွေးပဲ ဘယ်နေလိမ့်မလဲနော်၊ တွေးမိမှာပါပဲ၊
အချစ်က မီးပဲဖြစ်ဖြစ် ၊ရေပဲဖြစ်ဖြစ် မချစ်မိအောင်တော့ ဘယ်သူမှ နေနိုင်ကြမှာ မဟုတ်ပါဘူး၊ ဘာလို့လဲ ဆိုရင် အားလုံးက ချစ်တတ်တဲ့ နှလုံးသားရှိကြတဲ့သူတွေမို့ ပါ၊ အ၀ိဇ္ဖာနယ်တွင်းမှာ သက္ခာဆယ်ရင်းနဲ့ချစ်လိုက် လိပ်ပြာငယ်ရင်းနဲ့ ချစ်လိုက်၊၊ ။

ချစ်လိုက် ၊ချစ်လိုက်၊ ချစ်လိုက်နဲ့ အချစ်မကြိုက်တာတွေလုပ်မိလို့ အချစ်နဲ့ ကွဲကွာ ခွဲခွါရလိုက်၊ အချစ်ကြိုက်တာတွေ လုပ်မိပြန်တော့ အချစ်နဲ့ ပြန်လည်ပေါင်းစည်းမိကြ နဲ့ အချစ်သံသရာနွံတောမှာ ချစ်တတ်မြတ်နိုးတတ်တဲ့ ပုထုဇဉ်သတ္တ၀ါ သူသူငါငါ မျောလွင့်ဖူးတာပေါ့၊
အဲဒီတော့ မချစ်တတ်တဲ့ သတ္တ၀ါထဲမှာလဲ ကိုယ်က ၀င်ပါရတဲ့အခါလဲ ရှိကြတာပဲ၊ အချစ်ငတ်တဲ့ သတ္တ၀ါထဲမှာ ကိုယ်က ၀င်ပါရတဲ့ အကြိမ်တွေလဲ မနည်းမနောရှိခဲ့ကြ မှာပါ၊ ကိုယ့်ကြောင့် အချစ်ခင်မျာ မျက်နှာငယ်၊ ဒုက္ခရောက် မဖြစ်စလောက်ကလေးက စ အနာတရဖြစ်ခဲ့ရတဲ့ အချိန်တွေလဲ မနဲခဲ့ဘူးပေါ့၊
လူတိုင်း၊သတ္တ၀ါတိုင်းကတော့ အချစ်ကို မျက်နှာလဲ ငယ်စေချင်မှာမဟုတ်ပါဘူး၊ ဒုက္ခလဲ ရောက်စေချင်မှာ မဟုတ်ပါဘူး၊ အနာတရတွေနဲ့ နာကြဉ်နေတာမျိုးလဲ ဖြစ်စေချင်မှာ မဟုတ်ပါဘူး၊ အချစ်ကို အမြဲတမ်းပျော်ရွှင် နေစေချင်မှာပါ၊
ဒါပေမဲ့ လူတိုင်း သတ္တ၀ါတိုင်းက မချစ်တတ်တော့ အချစ်ခမျာ နာမည်ကောင်း မရရှာပဲ ခဏခဏ နာမည်ပျက်ရရှာတယ်လေ၊ အချစ်နာမည်ကောင်းကောင်း ရအောင် ချစ်တတ်အောင် သင်ရမှာပေါ့နော်၊
ဒါဆို ချစ်တတ်အောင်ဘယ်လိုသင်မလဲ ၊ လွယ်လွယ်လေးပါ စာဖတ်သူရေ၊ လွယ်လွယ်လေးဆိုပြန်တော့ စာဖတ်သူက တွေးနေမှာပေါ့ လွယ်နေရင် လူတိုင်းလုပ် တတ်နေမှာပေါ့လို့လေ၊ ဒါပေမဲ့ လွယ်မယောင်နဲ့ ခက် ၊ တိမ်မယောင်နဲ့နက် ဆိုသလို အချစ်ကို ကိုင်တွယ်ရတာ ခက်တယ်လေ၊ လွယ်လွယ်နဲ့ စပါယ်ပွင့်ရင် လူတိုင်းခေါင်း မှာ စပါယ်တွေဝေနေမှာပေါ့ စာဖတ်သူ၊
ဒါဆို ဘယ်လိုလုပ်မလဲ၊ ဘယ်လိုသင်မလဲဆိုတာ သိရအောင် စာရေးသူ ဖတ်ဖူးတဲ့ ဇာတ်ဝတ္ထုလေး တစ်ခုကိုဖောက်သည်ချပြချင်ပါတယ်၊

သူဖတ်ပြီးသွားတဲ့ စာပိုဒ်တွေက သူတွေးခဲ့တာတွေနဲ့ ကွက်တိကျနေပါရောလား။ ။


(၃) ဒါနဲ့ အဖြေဆက်သိချင်တာနဲ့ သူက ကျန်နေတဲ့ စာပိုဒ်တွေကို ဆက်ဖတ်လိုက် တယ်၊-----------

ဘုရားအလောင်းတော် နုစဉ်က မစလရွာမှာ မဃဆိုတဲ့ အမျိုးသားလေး ဖြစ်တုန်းက အချစ်ကို ရွှေတင်မြခက် စုံဖက်မြတ်နိုး အောင်မြင်မှု တန်ခိုးနဲ့ နာမည် ကောင်းရအောင် လုပ်သွားတဲ့ နည်းလေးကို ပြောပြချင်ပါတယ်၊
ပြောပြရမယ်ဆိုရင် ဇာတ်တော်ကတော့ အရှည်ကြီးပါ၊ စာဖတ်သူများ ဖတ်ရတာ များနေမှာစိုးလို့ အကျဉ်းချုံးပြောပြပါမယ်၊ အဲဒီမစလရွာမှာ မဃဆိုတဲ့အမျိုးသား လေးက လမ်းတွေပြင်တယ်၊ တံတားတွေဆောက်တယ် ၊ အများအကျိုးကို ကူညီတာ စတဲ့ ကုသိုလ်အလုပ်တွေကို လုပ်ပါတယ်၊
အဲဒီလိုပါပဲ သူနဲအတူ သူ့နောက်လိုက် လူငယ်လေးတွေ ( ၂၉)ယောက်ကလဲ အများ အကျိုးတွေကို သယ်ပိုးဆောင်ရွက်ကြပါတယ်၊ အဲဒီ မာဃလူငယ်လေး ဦးဆောင်တဲ့ အဖွဲ့ဟာ ငါးပါးသီလကိုလဲ အမြဲစောင့်ထိန်းပါတယ်။ အဲဒီမာဃဆိုတဲ့ လူငယ်လေးမှာ လဲ မယားက လေးယောက်တောင် ရှိသတဲ့၊ သူတို့တစ်တွေကတော့ ------------
( ၁) သုဓမ္မာ
(၂) စိတ္တာ
(၃) နန္ဒာ
(၄) သုဇာ တို့ဖြစ်ပါတယ်၊
တစ်နေ့မှာ သူတို့လူငယ်လေးတွေတိုင်ပင်ပြီး ရွာလယ်မြေကွက်လပ်မှာ ဇရပ်ကြီး တစ်ဆောင်ဆောက်လုပ်ကြပါတယ်၊ အဲဒီဇရပ်ကြီးရဲ့ထိပ်မှာ အထွဋ်ထပ်ဖို့အနေနဲ့ လိုတဲ့ပစ္စည်း အသားတွေကို သုဓမ္မာက ပါဝင်ကုသိုလ်ယူပါတယ်၊
စိတ္တာဆိုတဲ့ အမျိုးသမီးလေးကတော့ အဲဒီဇရပ်ကြီးနားမှာ ပန်းမျိုးစုံဖူးပွင့်နေတဲ့ ဥယျာဉ်ကြီးတစ်ခု ဆောက်လုပ်လှူဒါန်းပါတယ်၊ နန္ဒာဆိုတဲ့ အမျိုးသမီးလေးကတော့ အဲဒိဥယျာဉ်နားမှာပဲ ကြာမျိုးငါးပါးနဲ့ ပြည့်စုံတဲ့ရေကန်ကြီး တစ်ကန်တူးဖော် လှူဒါန်းပါတယ်၊ အဲဒီလို လူအများက ကုသိုလ်ကောင်းမှုတွေလုပ်ကြ၊ သီလဆောက် တည်ကြပေမဲ့ သုဇာဆိုတဲ့ အမျိုးသမီးလေးကတော့ သူ့အလှသူပြင်၊ သူလင်တော်မောင်လုပ်ရင် ငါလဲရမှာပဲ ဆိုပြီး ဘာသိဘာသာနေလာပါတယ်၊

အဲဒီလိုနဲ့ မာဃလူငယ်တို့အယောက်သုံးဆယ်နဲ့ သုဓမ္မာ၊ စိတ္တာ၊ နန္ဒာတို့တစ်တွေဟာ အသက်အတိုင်းအရှည်အတိုင်း လူပြည်မှာ နေထိုင်ကုသိုလ်ကောင်းမှုတွေပြုပြီး၊ သေလွန်သွားကြပါတယ်၊ သေလွန်တော့ တာဝတိံသာနတ်ပြည်မှာ မာဃလူငယ် လေးက သိကြားမင်းကြီးဖြစ်လာပြီး ကျန်တဲ့သူတွေက သူရဲ့နောက်လိုက် နတ်သားတွေ နတ်သမီးတွေဖြစ်လာပါတယ်၊
အဲဒီအချိန်မှာ တာဝတိံသာမှာ အသုရာတွေနေထိုင်တာပါ၊ သိကြားမင်းပိုင်ဆိုင်တဲ့ နတ်ပြည်မဟုတ်သေးပါဘူး၊ အသုရာတွေကပဲဆိုင်တဲ့ ပြည်ပါ၊ မာဃတို့လူငယ်တွေ ရောက်လာမှ အသုရာတွေကို မြင့်မိုရ်တောင်ခြေရင်းကို နှင်ထုတ်လိုက်ပါတယ်၊ အဲဒီအသုရာတွေက အမြဲတမ်းအရက်မူးနေကြပါတယ်၊ အရက်အမူးပြေလို့ သခွတ်ပန်းပွင့်ချိန်ရောက်တိုင်း သူတို့ပြည်တာဝတိံသာကို သတိရကြသတဲ့လေ၊
သခွတ်ပန်းပွင့်ချိန်ရောက်တိုင်းလဲ တာဝတိံသာက သိကြားမင်းနဲ့ အသုရာတွေနဲ့ စစ်ဖြစ်ကြတယ်တဲ့၊ အဲဒီလိုနဲ့ သူတို့ဟာ တစ်ဦးနဲ့ တစ်ဦး ရန်သူကြီးတွေဖြစ်လာပါ တယ်၊

ဒါပေမဲ့ စစ်ဖြစ်တိုင်း အသုရာတွေရှုံးတာပါတဲ့၊ သိကြားမင်းက အမြဲတမ်းနိုင်ပါတယ်၊
သိကြားမင်းက တာဝတိံသာမှာအနေကြာလာရင်း တစ်နေတော့ သူမယားလေး ယောက်ထဲ တစ်ယောက်ဖြစ်တဲ့ သုဇာလေး တာဝတိံသာမှာ ပါမလာတာ သတိ ထားမိသွားပါတယ် ၊
ငါရဲ့ အချစ်ဆုံးသုဇာလေး ဘယ်ဝများ ရောက်နေလဲ၊ အဆင်ပြေရဲ့လား၊ နေကေင်းရဲ့ လားဆိုပြီး နတ်မျက်စိနဲ့ ရှာကြည့်ပါတယ်၊
လားလား အဲဒီချိန်မှာ သုဇာလေးက ကုသိုလ်ကောင်းမှု ဘာမှမလုပ်ခဲ့တော့ ငါးတွေ ဖမ်းစားနေတဲ့ ဗျိုင်းမလေးဖြစ်နေရှာသတဲ့၊

ဒါနဲ့ သိကြားမင်းကလဲ မဖြစ်ချေဘူး၊ ငါရဲ့အချစ်ဟောင်းကို ကယ်မှပဲဆိုပြီး သုဇာဗျိုင်းမလေးဆီသွားပါတယ်။ သွားပြီတော့ ရှင်မရယ် မင်းမလဲ ရှေးက ကုသိုလ်ကောင်းမှုနဲခဲ့လို့ အခုလို တိရစ္ဆာန်ဘ၀ရောက်နေတာ၊ ဒီဘ၀က လွတ်အောင် ငါးပါးသီလဆောက်တည်ပါကွယ်လို့ တိုက်တွန်းအားပေးခဲ့ပါတယ်၊
သုဇာလေးကလဲ သိကြားမင်းပြောတဲ့အတိုင်း ချစ်တဲ့စိတ်နဲ့လိုက်နာပြီး ငါးပါးသီလတွေမြဲအောင်စောင့်ပါတယ်၊
အဲဒီဗျိုင်းမလေးဘ၀မှာ သုဇာဟာ ငါးပါးသီလတွေစောင့်စည်းခဲ့တဲ့အတွက်၊ သူသေ လွန်တဲ့အခါ လူပြည်က ဗာရာဏသီပြည်မှာ အိုးလုပ်တဲ့အိမ်မှာ သမီးကလေး အဖြစ်နဲ့ မွေးဖွား လာပါတယ်။

အဲဒီအိုးထိန်းသည် သမီးကလေးဘ၀မှာလဲ သုဇာဟာ ငါးပါးသီလတွေကို ဆက်လက်စောင့်ထိန်းပါတယ်၊
အဲဒီအခါမှာလဲ တာဝတိံသာက သိကြားမင်းကြီးခများ မနေသာဘူး ၊ အချစ်ဟောင်း သုဇာလေး ဘယ်ဘ၀ရောက်နေလဲဆိုတာ နတ်မျက်စိနဲ့ ရှာကြည့်ပြန်ရှာတယ်၊ ဗာရာဏသီက အိုးထိန်းသည်အိမ်မှာ အိုးလုပ်သမလေးဖြစ်နေပြီး ဆင်းရဲနေတာ မြင်ပြန်တော့၊
သိကြားမင်းခများ အဖိုးအိုယောင်ဖန်ဆင်းပြီး၊ အဲဒီအိုးလုပ်တဲ့ ရွာထဲမှာ လှည်းကြီးနဲ့ ရွှေဖရုံသီးတွေတင်ပြီး ၀င်သွားတယ်၊ ရွာသူရွာသားတွေက ရွှေဖရုံသီးတွေ ရောင်းပါလို့ အဖိုးအိုယောင် ဆောင်ထားတဲ့ သိကြားမင်းကိုပြောတော့ သကြားမင်းက ငါက ရောင်းဖို့မဟုတ်ဘူးကွာ၊ ငါးပါးသီလစောင့်တယ်၊ ငါးပါးသီလကို သိတဲ့သူကို ပေးဖို့ယူလာတာလို့ပြောလွှတ်တော့ ၊ ရွာသူ ရွာသားတော်တော်များ များက ငါးပါးသီလကို မသိကြတော့ တစ်ယောက်မှ ရွှေဖရုံသီးတွေမရကြဘူး၊
အဲဒီအချိန်မှာ သုဇာအိုးလုပ်သမလေးက သူငါးပါးသီလကိုသူသိပါတယ်၊ သူရွှေဖရုံ သီးတွေပေးပါလို့ တောင်းတော့ သိကြားမင်းက သုဇာကိုရွှေသခွားသီးတွေပေးပြီး ၊ ကုသိုလ်ကောင်းမှု တွေလုပ်ပါ၊ သီလတွေကို ဆက်လက်စောင့်ထိန်းပါလို့ မှာကြားပြီး တာဝတိံသာကို ပြန်သွားခဲ့တယ်။
အဲဒီလိုနဲ့ သုဇာအိုးလုပ်သမလေးဟာ အဲဒီဘ၀မှာ သီလတွေစောင့် ၊အလှူဒါနတွေ လုပ်ကာ သေဆုံးတဲ့အခါ သကြားမင်းတို့ရဲ့ ရန်သူတော်တွေနေတဲ့ အသုရာနတ် ပြည်မှာ အသုရာနတ်ဘုရင်ရဲ့ သမီးနတ်သမီးလေး သွားဖြစ်ပါတယ်၊
ဘ၀တိုင်းဘ၀တိုင်း သီလတွေစောင့်တည်ခဲ့တဲ့အတွက်ရုပ်ရှည်အဆင်းက အရမ်းကို လှပပါသတဲ့ ၊ မြင်ရတဲ့ နတ်သားတိုင်းက သုဇာနတ်သမီးလေးကို သိမ်းပိုက်ချင်ပါ သတဲ့၊ သုဇာလေးရဲ့ ချစ်လင်ဖြစ်ရရင် သေပျော်ပါပြီကွာလို့ ပြောရတဲ့ အထိကို ဖြစ်ကြသတဲ့၊

အဲဒီသတင်းကို တာဝတိံသာက သိကြားမင်းကကြားတော့ အသုရာနတ်ပြည်ကို ရုတ်တရက်ဆင်းလာပြီး သုဇာလေးကို လာကြည့်သတဲ့၊ နောက်တစ်ခါ ဘ၀ဘ၀က တိုင်းက အချစ်မေတ္တာ တန်ခိုးတွေကြောင့် မြင်မြင်ချစ်မိသွားပြီး တာဝတိံသာကို ခေါ်သွားပါသတဲ့ စာဖတ်သူ။

(၄)
ဇာတ်လမ်းလေးကတော့ ဒါပဲ စာဖတ်သူရေ အချစ်က မီးဖြစ်ချင်ဖြစ်မယ်၊ ရေဖြစ်ချင် ဖြစ်မယ်၊ဒါပေမဲ့ အသုံးချတ်မှ ရေဖြစ်မယ်နော်၊ ဘာလို့လဲ ဆိုရင် ဒီဇာတ်တော်လေး မှာ အချစ်ကြောင့်၊ ရှင်းရှင်းလင်းလင်း ပြောရရင် သိကြားမင်းက သုဇာလေးကို ချစ်တဲ့ ချစ်ခြင်းမေတ္တာကြောင့် ဘ၀ခြားပေမဲ့ ခဏတိုင်းလာလာပြီး သီလတွေ ဆောက် တည်ပါ၊ အလှူဒါနတွေလုပ်ပါလို့ တိုက်တွန်းခဲ့တာပါ၊
အဲဒီလိုပါပဲ သုဇာလေးကလဲ သကြားမင်းကို ချစ်တဲ့ စိတ်နဲ့ ချစ်သူပေးတဲ့ ဆုံးမစကား တွေ အကြံကောင်းတွေကို တစ်သွေမတိမ်းလိုက်နာပြီး ကုသိုလ်ကောင်းမှုတွေပြုလုပ် လို့ နောက်ဆုံးမှာ ပြန်လည်ဆုံးဆည်းကြရတယ်နော်၊
ဒါကြောင့် စာဖတ်သူရော အချစ်နဲ့ မကင်းသေးတဲ့ သူတစ်ယောက်ဖြစ်နေသေးတယ် ဆိုရင် အချစ်ကို မီးမဖြစ်အောင် ဘယ်လိုလုပ်မလဲ၊ ဘယ်လိုလုပ်မယ်ဆိုတာ မသိရင်

ဒီဇာတ်တော်လေးကို အစကနေ အဆုံးထိအောင် တစ်ခေါက်လောက် ပြန်ဖတ်ကြည့် ပါလို့ တိုက်တွန်းစကား ဆိုပါရစေ။ ။
( ၅) အားလုံး အဆုံးသတ်ဖတ်ပြီး ချိန်မှာတော့ ---
သူ တွေးဖြစ်ပြီးတော့ မပြီးပြတ်သေးတဲ့ အချစ်အကြောင်း အရှုတ်ထွေး အတွေကို ရှင်းလင်းသွားရပါတယ်။ အော်----------ဒါဆို အချစ်ဟာ တကယ်ချစ်တတ်ရင်-------------------------------------------------------

ရွှေမန်းသား အရှင်အကုင်္ရ
http://www.facebook.com/shwemantha
http://shwemantha.blogspot.in/
shwemantha@gmail.com
ကျမ်းကိုး=
ခုဒ္ဒက နိကာယ
ကုလာဝကဇာတက
ပါဠိတော်၊ အဋ္ဌကထာ၊
Jataka Tales of the Buddha an Anthology
( Ken and Visakha Kawasaki)

Saturday, March 22, 2014

“ချစ်သူစိမ်း၍ ဒုက္ခငြိမ်း”


“ဘဝ” ဆိုသော ၊ “အချစ်”ဆိုသော အရာတို့သည် စကားနှစ်လုံးတည်းပင် ဖြစ်သော်လည်း တော်တော်လေး နားမလည်နိုင်အောင် ရှုပ်ထွေးစရာကောင်းလှ၏။ ရွှေလိုသဲ့သဲ့ပြီး ရှုပ်ထွေးလှသည့်
ဘဝထဲက အနှစ်ကို ကျင်ယူတတ်မှ တော်ကာကြ၏။
မုတ်ကောင်၏ အသားနုပေါ် တဖြည်းဖြည်းသဲမှုန်လေးတွေကျရာမှ
အဖိုးတန် ပုလဲအဖြစ်သို့ ရောက်ရသကဲ့သို့ အချစ်နှင့်ယှဉ်တွဲနေကြသော ပုဂ္ဂိုလ်တို့သည် ဘဝထဲမှ တဖြေးဖြေး ဘဝ၏ အနှစ်သာရကို ထုတ်ယူကြကာ ဒုက္ခခပ်သိမ်းငြိမ်းကြကုန်၏။ ပုထုဇဉ်တို့၏ အချစ်သံသရာ ၊ ဘဝသံသရာကား ကမ်းမမြင် လမ်းမမြင် ရှည်လျားလှ၏။
ခရီးကရှည် စာရိတ္တက ခပ်သိုးသိုး၊ အဖော်ကလည်း ခပ်ဆိုးဆိုးနှင့် ကြုံရတတ်သေး၏။ အမျိုးအမျိုး ကာမဂုဏ်အဖျက်အမှောင့်တွေကြောင့်
အပါယ်ဘုံအခါခါ ရောက်ခဲ့ကြသည်လည်း မနည်းလှတော့။

သို့သော် တရားသံဝေ ရကြလေတော့ ချစ်သူစိမ်း၍ အချစ်ဇာတ်သိမ်း ဒုက္ခငြိမ်းကာ သံသရာတစ်ထောက် ရပ်နားနိုင်ကြသောသူများလည်း ရှိပါသေးသည်။

ထိုသူတို့တွင် “ဓမ္မဒိန္နာ သူဌေးကတော်လေး”လည်း ချစ်သူစိမ်း၍ ဒုက္ခငြိမ်းခဲ့ရဘူး၏။ အချိန်ကား တော်တော်လေး ကြာညောင်းခဲ့လေပြီ။
မြတ်ဗုဒ္ဓ ဘုရားဖြစ်ပြီး ဒုတိယဝါလောက်မှာပင် ဖြစ်ပျက်ခဲ့သော ဇာတ်လမ်းလေးပင်ဖြစ်၏။ ရာဇဂြိုဟ်မြို့သား သူဌေးသား “ဝိသာခ လုလင်”နှင့် “သူဌေးသမီး ဓမ္မဒိန္နာ”တို့ ရွှေလက်တွဲကာ
ထိမ်းမြားလက်ထပ်ခဲ့ကြ၏။ ထိုကဲ့သို့ထိမ်းမြားလက်ထပ်ခြင်းကို
ဝိသာခ သူဌေးသားအဖို့ လွတ်လပ်ခြင်းတွေစတေးပြီး ဓမ္မဒိန္နာအတွက် ပျော်ရွှင်ခြင်းတွေ စတေးရသည် ဟု မယူဆခဲ့ပေ။ နှစ်ဦးသား လွတ်လပ်ခြင်းတွေ ရင်မှာပိုက် ပျော်ရွှင်ခြင်းတွေ တပွေ့တပိုက်နှင့် သေတပန်သက်တဆုံး ရိုးမြေကျ ပေါင်းသင်းဖို့ လက်ထပ်ခဲ့ခြင်းဖြစ်၏။
www.facebook.com/youngbuddhistassociation.mm


သို့သော်ဘဝမှာ မထင်မှတ်တာ မျှော်လင့်မထားတာလေးများ
ကြုံလာသောအခါ မူလရည်မှန်းချက် အိပ်မက်လေးများလည်း
မှုန်ဝါးဝါးဖြစ်လာတတ်၏။ သူဌေးသားလေး ဝိသာခသည်
မြတ်ဗုဒ္ဓ ပထမဆုံးအကြိမ် ရာဇဂြိုဟ်မြို့သို့ ကြွလာသောအခါ
တရားဓမ္မနာကြားရ၍ ရာဇဂြိုဟ်ပြည့်ရှင် ဘုရင် “ဗိဗ္ဗိသာရမင်းကြီး”နှင့်အတူ ပရိတ်သတ်ပေါင်း ၁၂၉၀
သောတာပန်ဖြစ်ကြသည်ထဲတွင် သူဌေးသားလေး “ဝိသာခ” သည်လည်း တစ်ယောက်အပါဝင်ပင်ဖြစ်သည်။

သောတာပန်သူဌေးသားလေး ဝိသာခသည် သောတာပန်ဖြစ်သော်လည်း ကာမဂုဏ်အာရုံကို လုံးဝ
မပယ်သတ်နိုင်သေးသောကြောင့် သူဌေးသမီး “ဓမ္မဒိန္နာ”နှင့်
မိသားစုဘဝကို ပျော်ပျော်ရွှင်ရွှင် ဆက်လက်မြဲ။ ကဗျာနူနု စာနုနု ချစ်သူ့ရင်ခုံသံ စောင်းသံတမျှ နားလျှံဆဲ။ အယုအယပိုပို သမုဒယချိုချို ခပ်ဖွဖွစကားသံလေးများ သူနှစ်ကိုယ်ကြားမှာ ကြားရဆဲ။ တရစ်ရစ်တိုး
တိုးတဲ့နွေခွေလို ခံစားရစ်ပတ်ဆဲ။

ထိုသို့သော တူနှစ်ကိုယ် ချစ်ရည်လူးပျော်ရွှင်မြူးစဉ်ကာလ မြတ်ဗုဒ္ဓသည် ဝါးတောရိပ်မွန် ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးစဉ် ဝိသာခသူဌေးသားလေး တရားနာကြားရပြန်တော့ “အနာဂါမ် အရိယာ” ဖြစ်သွားခဲ့လေပြီ။ ထိုအချိန်မှစ၍ အနာဂါမ် ဝိသာခသူဌေးလေးသည်
ချစ်ဇနီးဓမ္မဒိန္နာကို - ကျွန်းကုရု ဇေယျာမှာ၊ ပဒေသာ နန်းပင်မြင့်ဖွား၊ ရွှေကသစ် ရိပ်ကြာမှာ၊ နတ်မိမယ်တစ်ပါး ဟု မမြင်တော့ပေ။ အဘယ့်ကြောင့်ဆိုသော် အနာဂါမ်တို့မည်သည် ကာမဂုဏ် အာရုံမှန်သမျှ
ကင်းစင်ပခဲ့လေသောကြောင့်တည်း။
www.facebook.com/youngbuddhistassociation.mm


ပုထုဇဉ်ဘဝဖြစ်နေရှာသော ဓမ္မဒိန္နာအဖို့ တချိန်က သူမ၏နေမင်းကြီးသဖွယ်ဖြစ်သည့် ချစ်သူမောင် ဝိသာခ သူဌေးသား အနာဂါမ်ဖြစ်ဖြစ်သွားလေတော့ သူမအဖို့ နေပူလောင်ကျွမ်း အသဲကျွမ်းရကိန်းနှင့် ကြုံရှာလေပြီ။

နေမင်းကြီး ဝင်သွားပြန်တော့ အမှတ်တရပွင့်ဖတ်များ
တလွှားလွှားခြွေချခဲ့ဘူးသည့် အိမ်ဦးအရှင် နေမင်းကြီးကို အကြောင်းပြု၍ တမ်းတ လွမ်းရ ငိုကြွေးကြပေလိမ့်ဦးတော့မည်။ အနာဂါမ်အဆင့်နှင့် ပုထုဇဉ်အဆင့် အလွန်တရာကွာလွန်းသောကြောင့် “ဝိသာခနှင့် ဓမ္မဒိန္နာ”တို့ အသွင်မတူ အိမ်သူမဖြစ် ဆိုသလို ရှေးယခင်ကအတိုင်း ပျော်တပြုံးပြုံးမော်မဆုံးအောင် အတူတကွ ရှေ့ဆက်လက်တွဲဖို့ ခက်ခဲလာပေတော့မည်။

ဝိသာခသူဌေးသားလေး အနာဂါမ်အရိယာမဖြစ်ခင်က သူ-အဝေးအနီးခရီးမှပြန်လာသည့်အခါတိုင်း ချစ်ဇနီးတို့ ထုံးစံအတိုင်း ဓမ္မဒိန္နာသည် ခြင်္သေ့ခံလေသာပြူတင်းမှ စောင့်မျှော်လျှက၊် ရောက်လာသည့်အခါ ချစ်စဖွယ်ရာတီတီတာတာ စကားများပြောလျှက် အပြုံးလေးများဖြင့် ခရီးဦးကြိုဆိုမြဲ။ နှစ်ကိုယ်တူ လှေကားထိပ်မှာ လက်ကိုဆန့်တန်း ပွေ့ဖက်လျှက် နှုတ်ဆက်မြဲ။ ဦးဦးဖျားဖျား အစားအစာများ ကျွေးမြဲ။ ယောကျာင်္းကြိုက်တော့ စိုက်စိုက်လာ၊ မိန်းမကြိုက်တော့ မျှော်လိုက်တာ ဆိုသလို မိမိ၏အိမ်သို့ စိုက်စိုက်ပြန်လာသော ချစ်သူမောင် အပြန်လာကိုပင် သစ်ကုလားအုပ်ပမာ ဓမ္မဒိန္နာ လည်တဆန့်ဆန့် အမြဲတန်းစောင့်မျှော်ရစမြဲ။

ဝိသာခသူဌေးသားလေး အနာဂါမ်အရိယာစခန်း တက်လှမ်းပြီး
ဝေဠုဝန်ကျောင်းတော်မှ နေအိမ်သို့ပြန်လာခဲ့သည့်အချိန်မှစ၍
ရှေးယခင်နှင့် လုံးဝမတူတော့၊ ယောဂီ ရဟန်းတစ်ပါးကဲ့သို့ပင်
ပိုမိုပြီးဣနြေ္ဒတည်ငြိမ်လာတော့၏။ အိမ်ရောက်ပြန်တော့လည်း
ယခင်ကလို ချစ်ဇနီးအား အပြုံးနှင့်ပင် နှုတ်မဆက်တော့။
တစ်ယောက်တည်း စားပြီး ညချမ်းအခါ ကျက်သရေအခန်းမှာ
ဓမ္မဒိန္နာနှင့် အတူမအိပ်တော့ဘဲ သီးခြားညောင်စောင်းခင်းကာ
အခြားတိုက်ခန်းတခန်းမှာ အိပ်လေတော့၏။
www.facebook.com/youngbuddhistassociation.mm

ထိုကဲ့သို့သော ချစ်သူမောင် ပြုမူဆက်ဆံလာသည်ကို ပထမတော့ ဓမ္မဒိန္နာ နည်းနည်းအံ့သြဖြစ်မိ၏။ နေ့စဉ် ထိုကဲ့သို့ဖြစ်လာတော့ ဓမ္မဒိန္နာက သူ့အချစ်ကို အမျိုးမျိုးစမ်းသပ်ကြည့်၏။ ရွှေကို ဖယောင်းနှင့် စမ်းသပ်လို့ရ၏။
ဖယောင်းကို မီးနှင့်စမ်းသပ်လို့ရစကောင်း၏။ သို့သော် ဒီတကြိမ်တော့ ဓမ္မဒိန္နာသည် ချစ်သူမောင် အနာဂါမ် ဝိသာခသူဌေး၏ အချစ်ကို ဘာနဲ့မှ စမ်းသပ်လို့မရတော့။ သူမ စမ်းသပ်သည့်အရာတိုင်း ပေမမီ ကိုက်မပီဖြစ်လာတော့၏။ ဓမ္မဒိန္နာအဖို့ ချစ်ခြင်းတရားကို စမ်းသပ်ရ ဆန်းစစ်ရ ခက်ရှာလေတော့သည်။

တစ်ချိန်က ချစ်ခြင်းမေတ္တာအကြင်နာတွေ၊ ဂရုစိုက်ယုယမှုတွေ၊
ပြုံးပျော်စရာတွေ၊ နှလုံးသားပုံရိပ်လွှာတွေ၊ မမြင်နိုင်သည့်
ခိုင်ခံ့လှပါတယ်ဆိုသည့် သံယောဇဉ်တွေ၊ ကမ္ဘာဆုံးတိုင် မမုန်းနိုင် မမေ့နိုင် သတိရမယ်ဆိုသည့် စကားတွေကတော့ ဓမ္မဒိန္နာအဖို့ ကြယ်တွေကြွေသည့်ညပမာ ၊ တဖြေးဖြေးဝေးကွာသလို ခံစားရရှာလေတော့၏။
ဟိုယခင်ကလို လေပြေလေညှင်းလေး တရွရွသွေးချိန်မှာ ချစ်သူမောင် ဝိသာခထံမှ အချစ်ဝတ်ရည်များ ဆောင်ကျဉ်းမလာတော့ပေ။
ညချမ်းကာလ နုသက်တိုးဖွလှသည့် ခြေသံလေးများလည်း မကြားရတော့။ ချစ်ခြင်းတရားက ဓမ္မဒိန္နာအတွက် တူနှစ်ကိုယ် ကတ္တားခြားစေခဲ့သည်။ သူမဘဝမှာ ချစ်သူမောင်ထံမှ ဘာတစ်ခုမှ တုန့်ပြန်မှု မရတော့လေတော့ ရွှေနားတော်သွင်း ဧချင်းတွေလည်း နားဝင်မချိုတော့ပေ။ ဓမ္မဒိန္နာသည် ခံစားချက်တွေ တပိုးတနင့်ဖြင့် ချစ်သူမောင်ထံ ချဉ်းကပ်ပြီး ရှိခိုးဦးချကာ မေးရှာလေတော့သည်။

“အရှင့်သား ကျွန်မမှတစ်ပါး ပြင်ပ အခြားအမျိုးသမီး တစ်ယောက်ယောက်ကိုများ မျှော်လင့်တောင့်တနေပါသလား၊
အရှင့်သားနှင့် ကျွန်မအကြား တစ်ယောက်ယောက်ကများ
သွေးထိုးထားလို့ပါလား၊ သို့တည်းမဟုတ် ကျွန်မမှာ တစ်စုံတစ်ရာ
အပြစ်ရှိပါသလား” ဟု သောကပရိဒေဝ မျက်ရည်ဖြိုင်ဖြိုင်ကျလျှက်
မေးလေသည်။ အင်း ခက်တော့တာဘဲ၊ အကယ်၍ အဖြစ်မှန်ကို ပြောမပြလျှင် ဓမ္မဒိန္နာ ရွှေရင်နှစ်ခြမ်း ဖျန်းဖျန်းကွဲကာ သေပွဲဝင်ရှာရတော့မှာဘဲ ဟု အနာဂါမ် လင်တော်မောင် ဝိသာခ က သိလေသည်။ တဖက်ကလည်း လောကုတ္တရာတရားကို ထုတ်ဖော်ပြောဖို့ သိပ်ကို ဝန်လေးလှပေ၏။ နောက်ဆုံးတော့ ဝိသာခသည် ဓမ္မဒိန္နာ ရင်ကွဲနာကျ သေမည်ကို စိုးရိမ်သောကြောင့်
အမှန်အတိုင်း ဖွင့်ဟပြောပြလေတော့၏။

နှမ ဓမ္မဒိန္နာ ငါသည် မြတ်ဗုဒ္ဓထံတော်မှ တရားနာခဲ့ရသောကြောင့်
(အနာဂါမ်အဆင့်) လောကုတ္တရာတရားထူးရခဲ့သည်။ ထိုကဲ့သို့ တရားထူးရသူတို့မည်သည် ကာမဂုဏ်နှင့်ဆက်စပ်သည့်
လောကီအပြုအမူများ ပြုလုပ်ဖို့ မသင့်တော်တော့ပေ။ ထို့ကြောင့် နှမ ဓမ္မဒိန္နာ မင်းဖက်က ပိုင်ဆိုင်သည့် ကုဋေ ၄၀ သော ပစ္စည်းများ နှင့် ငါ့ဖက်က ပိုင်ဆိုင်ခဲ့သည့် ကုဋေ ၄၀ သော ရွှေငွေရတနာ ပစ္စည်းများဥစ္စာ စုစုပေါင်း “ကုဋေ ၈၀” ကို မင်းဘဲ အပိုင်ယူကာ စီမံခန့်ခွဲပါတော့။
ငါသည် မင်းကို အမိအရာမှာဖြစ်စေ ညီမလေးအရာမှာ ဖြစ်စေ ၊
ထားကာနေပါ့မယ၊် ငါသည် မင်းကျွေးသည့် ထမင်းလေးဖြင့်
အသက်ဆက်ရုံ နေပါမယ် ဟု ပြောပြလေ၏။ အကယ်၍များ မိဘအိမ်သို့ ပြန်လိုက ပြန်ပါနော်။ သို့တည်းမဟုတ် နောက်အိမ်ထောင် ပြုလိုပါကလည်း ငါခွင့်ပြုပါတယ်ဟု ထပ်ဆင့်ပြောပြလေ၏။

ဒီတစ်ကြိမ်မှာ ချစ်သူမောင် ဝိသာခ၏ စကားတို့သည်
မယုံနိုင်လောက်အောင် ဖြစ်ရသည့်အတွက် “ဓမ္မဒိန္နာ”ကလည်း
ပါရမီရှင်ပီပီ စဉ်းစားမိလေတော့၏။ ငါ့အရှင်သခင်၏ စကားတို့သည် ရှေးယခင်ကနှင့်မတူ၊ သာမန် အမျိုးသားသည် ဤကဲ့သို့သော စကားမျိုး ပြောရိုးထုံးစံမရှိ၊ တကယ်စင်စစ် ငါ့အရှင်သခင် လောကုတ္တရာတရားထူး ရလေပြီဟု ယုံကြည်သွားသောကြောင့် ဓမ္မဒိန္နာသည် ချစ်သူမောင် ဝိသာခကို မေးလေ၏။ အရှင်သခင် ရရှိသည့် တရားထူးမျိုးက
ယောကျာင်္းတွေသာ ရရိုးထုံးစံ ရှိပါသလော၊ သို့တည်းမဟုတ် အမျိုးသမီးတွေလည်း ထိုကဲ့သို့သော တရားမျိုး ရနိုင်ပါသလော ဟု မေးသောအခါ အမျိုးသမီးများလည်း ရနိုင်ကြောင်းကို “ဝိသာခ” က ပြန်လည်ရှင်းပြလေ၏။

ချစ်သူမောင် ဝိသာခ၏ စကားအဆုံး၌ ဓမ္မဒိန္နာသည် ဘိက္ခုနီ (ရဟန်းအမျိုးသမီး) အဖြစ် သာသနဘောင်ဝင်ရောင်ဖို့
ချစ်သူမောင်ဝိသာခထံ ခွင့်ပန်လေသည်။
ဝိသာခလည်း ဘုရင်ဗိမ္ဗိသာမင်းကြီးထံ ထပ်ဆင့်လျှောက်ထားပြီး
ဘုရင်မင်းတရားက အမွှေးနံ့သာဖြင့် ဓမ္မဒိန္နာအား ထုံမွှမ်းစေလျှက် အခြွေရံပရိတ်သတ်များစွာ ခြံရံစေကာ ဘိက္ခုနီမများ ကျောင်းတော်သို့ ဘိက္ခုနီဝတ်ဖို့ခွင့် ပို့ဆောင်စေတော်မူသည်။ ဘိက္ခုနီ ဓမ္မဒိန္နာသည်
ဆွေကြီးမျိုးကြီး သူဌေးသမီးဘဝမှ ဘိက္ခုနီဖြစ်လာသည့်အတွက်
သူမနေသည့် ကမ္မဌာန်းကျောင်းသို့ ဧည့်သည်ပြတ်သည်မရှိ။
www.facebook.com/youngbuddhistassociation.mm

တရားဓမ္မများ ကောင်းစွာ အားထုတ်လို့ မရနိုင်ဖြစ်လေ၏။
ထိုသို့ဖြစ်သောအခါ ဘိက္ခုနီဓမ္မဒိန္နာသည် လူသူကင်း၍ ဆိတ်ငြိမ်ရာ အရပ်၌ တစ်ပါးတည်း တရားအားထုတ်တော်မူသောအခါမှသာလျှင်
အာသဝေါကင်းကွာ “ရဟန္တာထေရီမကြီး” ဖြစ်သွားလေတော့သည်။။

အမှန်စစ်စ် ဓမ္မဒိန္နာသည် ခေသူတော့မဟုတ်ပါ။ သမိုင်းဝင် ဘိက္ခုနီမ တစ်ပါးပင်ဖြစ်ပါသည်။ သူမသည် အတိတ်ဘဝ ကမ္ဘာတစ်သိန်းထက်က ပွင့်တော်မူသော “ပဒုမုတ္တရဘုရားရှင်”၏ အဂ္ဂသာဝက တစ်ပါး
ဖြစ်တော်မူသော “ရဟန္တာအရှင်မြတ် သုဇာတ မထေရ်ထံ”တွင်
အလှူဒါနများ အကြီးအကျယ်ပြုလုပ်လျှက် အရဟတ္တမဂ် အရဟတ္တဖိုလ် ရရှိရန်ဆုပန်ခဲ့ဖူးလေ၏။

ထို့အပြင် ဓမ္မဒိန္နာသည် “ကဿပဘုရားရှင်”၏ က်ထက်တော်အခါကလည်း
ကာသိတိုင်း “ကိကီမင်းကြီး၏ သမီးတော် အပျိုဖော် ခုနစ်ဦး” တွင်လည်း တစ်ဦး အပါဝင်ဖြစ်ခဲ့လေသည်။
ထိုညီအမ ခုနစ်ဖော်ကား
(၁) သမဏီ၊ (၂) သမဏဂုတ္တာ၊
(၃) ဘိက္ခုနီ၊(၄) ဘိက္ခုဒါယိကာ၊
(၅) ဓမ္မာ၊ (၆) သုဓမ္မာ၊ (၇) သံဃဒါယိကာ(သံဃဒါယီ)
ဟူသော ညီအစ်မ ခုနစ်ဖော်တို့ပင် ဖြစ်ပါသည်။
ထိုညီအစ်မ ခုနစ်ဖော်တို့သည် အိမ်ထောင်မပြုဘဲ အပျိုစင်ဘဝဖြင့်
နေကာ ကောမာရိဗြဟ္မစရိယ အကျင့်ကို တစ်သက်လုံး ဖြင့်ကျင့်၍
လည်းကောင်း ဘုရားရှင်နှင့် ဘုရားရှင်၏ တပည့်ရဟန်းတော်များအား
တစ်သက်လုံး ပြုစုလုပ်ကျွေးကြကုန်လျှက်လည်းကောင်း
မဂ်ဖိုလ်နိဗ္ဗာန်ရရန်ဆုပန်ခဲ့ကြလေသည်။

ကိကီမင်းကြီး၏ သမီးတော်ခုနစ်ယောက်တို့တွင် ဤဂေါတမ ဘုရားရှင်လက်ထက်တော်အခါ၌ 

♦“သမဏီ” ကား “ခေမာထေရီ”၊
♦“သမဏဂုတ္တာ” ကား “ဥပ္ပလဝဏ္ဏာထေရီ”၊
♦“ဘိက္ခုနီ” ကား “ပဋာစာရာထေရီ”၊
♦“ဘိက္ခုဒါယိကာ” ကား “ကုဏ္ဍလကေသီထေရီ”၊
♦“ဓမ္မာ” ကား “ကိသာဂေါတမီထေရီ”၊
♦“သုဓမ္မာ” ကား “ဓမ္မဒိန္နာထေရီ”
♦“အငယ်ဆုံး သံဃဒါယီ” ကား “ဝိသာခါ”
ပုဗ္ဗာရုံကျောင်းအမကြီး ဖြစ်လာကြလေကုန်သည်။

ထို ညီအမခုနစ်ဖော်လုံး ဂေါတမဘုရားရှင် လက်ထက်တော်၌
ဧတဒဂ်ရာထူး ဌာနန္တရ အသီးသီး ရရှိခဲ့ကြလေသည်။
ထိုထေရီ ခုနစ်ပါးတို့တွင် ဓမ္မဒိန္နာကား ဘိက္ခုနီမ အားလုံးတွင်
“တရားဟော အကောင်းဆုံး ဓမ္မကထိက ဧတဒဂ်”ကို
“စူဠဝေဒလ္လသုတ်”ကို ယခင်က ချစ်သူမောင် အနာဂါမ်
သူဌေးသား ဝိသာခအား ဟောကြားပြီးသည့်အဆုံး၌ မြတ်ဗုဒ္ဓက ပေးအပ်တော်မူခဲ့သည်။
www.facebook.com/youngbuddhistassociation.mm


အမှန်စင်စစ် စူဠဝေဒလ္လသုတ်ကို ရှင်မ ဓမ္မဒိန္နာထေရီသည်
ရဟန္တာဖြစ်ပြီးနောက် တစ်ချိန်က သူ၏လင်တော်မောင် ချစ်သူ
အနာဂါမ်တည်သွားသည့် ဝိသာခ သူဌေးက မေးသည့် ပုစ္ဆာများကို ဖြေရှင်းဟောကြားသော သုတ်ဖြစ်သည်။ ဝိသာခ သည် သောတာပန် သကဒါဂါမ် အနာဂါမ် အဆင့်နှင့် ဆိုင်သော အမေးပုစ္ဆာများကို ဦးစွာမေးလေသည်။ ထိုမေးမေးသမျှ အောက်မဂ်အောက်ဖိုလ် သုံးပါးနှင့်ဆိုင်သည့် အမေးပုစ္ဆာများကို ဓမ္မဒိန္နာထေရီက ရှင်းလင်းပြတ်သွားစွာ ဖြေကြားလေသည်။ တဆင့်တက်ပြီး ဝိသာခ က ဓမ္မဒိန္နာအား အရဟတ္တမဂ် ၊အရဟတ္တဖိုလ် အဆင့်ဆိုင်ရာ မေးခွန်းကို
မေးသောအခါ ဓမ္မဒိန္နာက သိတော်မူလိုက်သည်။

ဝိသာခသည် အနာဂါမ်အဆင့်သာဖြစ်သေးပါလျှက် အသင်ဟာ
အဆင့်ကျော်ပြီး မေးသည်။ ဤအနာဂါမ်အဆင့်တန်းဆိုင်ရာ
မေးခွန်းလောက်ပင် ရပ်ထားပါလော့ဟု ပြောလေတော့၏။
ဝိသာခသည် ရဟန္တာအဆင့်ဆိုင်ရာ ပုစ္ဆာများကို မေးသော်လည်း
ဓမ္မဒိန္နာက ဖြေကြားသောအခါ သူ-ဥာဏ်လိုက်မမှီတော့ပေ။
ထိုအဖြေကို မြတ်ဗုဒ္ဓအား ဆက်လက် မေးပါရန် ဓမ္မဒိန္နာက ဝိသာခ အား ဆက်လက်ပြောကြားလေသည်။

ဝိသာခသည် မြတ်ဗုဒ္ဓအား ထိုအကြောင်းကို မေးလျှောက်သောအခါ
“အကယ်၍ ငါဘုရားရှင် ဖြေဆို ဟောကြားလျှင်လည်း ဓမ္မဒိန္နာဖြေဆို ဟောကြားသကဲ့သို့ပင် ဖြေဆိုဟောကြားမည်”ဟု မိန့်တော်မူသည်။ မြတ်ဗုဒ္ဓက “ဓမ္မဒိန္နာဟာ အလွန်ပညာရှိပါပေတယ်” ဟု ချီးကြူးတော်မူပြီး ဓမ္မကထိက ဧတဒဂ်ဘွဲ့ထူးကို ချီးမြှင့်တော်မူခဲ့လေသည်။ ဤ “စူဠဝေဒလ္လသုတ်”သည် “ဘိက္ခုနီ ဓမ္မဒိန္နာ” ဟောကြားသော သုတ်ဖြစ်သောကြောင့် “သာဝကဘာသိတသုတ်”(မြတ်ဗုဒ္ဓ၏တပည့် ဟောကြားသည့် သုတ်တော်) ဟု မမှတ်ယူသင့်ပေ။ ဇိနဘာသိတ ဗုဒ္ဓဘာသိတ(ဘုရားဟော) သုတ်တော်ဟူ၍ပင် မှတ်ယူရပေမည်။
www.facebook.com/youngbuddhistassociation.mm


အဘယ်ကြောင့်ဆိုသော် ဘုရင်မင်းမြတ်သည် သူကိုယ်တိုင် မရေးသားဘဲ မင်းတံဆိပ်ခတ်နှိပ်လျှက် ထုတ်ပြန်သည့် အမိန့်ဟူသမျှကို မင်းမိန့်ဟု ခေါ်ဆိုရသကဲ့သို့ မြတ်ဗုဒ္ဓကိုယ်တော်တိုင် သဗ္ဗညုတ ဥာဏ်တော်ဖြင့် တိုက်ဆိုင်ပြီး ငါဘုရားဟောလျှင်လည်း ဤဓမ္မဒိန္နာ ဟောသည့်အတိုင်းပင်ဖြစ်မည်ဟု အတည်ပြု ထောက်ခံတော် မူခဲ့သောကြောင့် “ဇိနဘာသိတ ဗုဒ္ဓဘာသိတ သုတ်” ဟူ၍ပင် မှတ်ယူရပေမည်။

အရင်းစစ်တော့ “အမိမြေက” ဆိုသကဲ့သို့ အရင်းစစ်တော့ ဓမ္မဒိန္နာသည် “ချစ်သူစိမ်း၍ ”သာသနာဘောင်ဝင်ရောက်ကာ ရဟန္တာ ဖြစ်သွားသောကြောင့် ချစ်ဒုက္ခအားလုံး ငြိမ်းရခြင်းဖြစ်၏။ တစ်ချိန်ကတော့ ဓမ္မဒိန္နာသည် သူ့ချစ်သူ ဝိသာခသူဌေးသားနှင့်
လက်တွဲခွင့်ရဖို့ စိတ်ရှည်ရှည်နှင့် စောင့်စားခဲ့ရပေလိမ့်မည်။
ခေတ်စကားနှင့်ဆိုရင် အချစ်တွေ ရဖို့ အမုန်းတွေပေးဆပ်ခဲ့ရပေမည်။
အကောင်းတွေရဖို့ အဆိုးတွေနှင့်ရင်ဆိုင်ခဲ့ရပေမည်။
အလင်းရောင်တွေရဖို့ အမှောင်ညတွေ ဖြတ်သန်းခဲ့ရပေလိမ့်မည်။
ယခုတော့ ဓမ္မဒိန္နာအဖို့ ချစ်သူစိမ်းရက်လို့ ကျန်ရစ်တဲ့
ခါးသည်းလှပါတယ်ဆိုတဲ့ အချစ်ဝေဒနာ သူမမှာ မရှိတော့ပေ။
“လက်ပြနှုတ်ဆက်၊ မင်းပြန်ရက်၍ 

အဆွေးငါ့မှာ ကျန်ရစ်တယ်။
ကျန်ရစ်သာငါ လွမ်းဆွေးကာစဉ်၊
မင်းလည်းလမ်းမှာ ဝမ်းနည်းစွာဖြင့်၊
ငိုနေလိမ့်မည် ငါလေထင်၏။
အော်…ဆွေးတသက်သက်
ငါ့အိပ်မက်က စိတ်လက်ရင်တုံ
ချစ်သူဘုံမှာ
ပြန်ဆုံဦးစို့ မင်းနှင့်ငါ။။”
ဟူသော ချစ်သူဘုံကို ပြန်လည် ဆုံတွေ့ရန် ရှင်မ ဓမ္မဒိန္နာအဖို့ အိပ်မက်ဖြင့်ပင် မျှော်လင့်မှု မရှိတော့ပေ။ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးလုံး အချစ်နှင့်ပတ်သက်သည့် ပူပင်ကြောင့်ကြမှုမျိုး မရှိတော့။ အလွန်ငြိမ်းချမ်းလေစွ။

ရှင်မ ဓမ္မဒိန္နာသည် မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သည့် “အချစ်ကြောင့် ပူဆွေးသောက ရောက်ရ၏။ အချစ်ကြောင့် ဘေးဒုက္ခဖြစ်ရ၏။ အချစ်မှ လွတ်မြောက်သော သူအား စိုးရိမ်သောက ဘေးဘယ ဘယ်သောအခါမှ မရှိ။ ” ဟူသော ဒေသနာကို ပြန်လည်ကြားယောင်ရင်း ရှိလေတော့သည်။


(မှတ်ချက်။ ဓမ္မဒိန္နာထေရီ ဝိသာခအား
ဟောကြားတော်မူခဲ့သည် စူဠဝေဒလ္လသုတ်မူရင်း ပါဠိတော်ဖြစ်စေ၊
ဆဌသင်္ဂါယနာမူ မြန်မာပြန်ဖြစ်စေ ဆက်လက်ဖတ်ရှု့ကြပါကုန်။)

-မေတ္တာဖြင့် ....
(မေ့သားလှ-အရှင်ဇလဂ္ဂ)

Photo Credit To:Aung Kyaw Khin
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm

Friday, March 14, 2014

လက်ခံတတ်အောင် သင်ယူခြင်း


ကျမ အခုရေးမဲ့အကြောင်းအရာလေး ကို ကျမရေးချင်နေခဲ့တာကြာပါပြီ ..
အထပ်ထပ်စဉ်းစားတွေးတောနေမိနေလို့ ပါ ..
ရေးလိုက်တာတော့ ဟုတ်ပါရဲ့ ..
ဖတ်ပြီးရင် လူတွေ က ဘယ်လိုတွေတွေးနေကြမှာလဲ ..
ဘယ်လို ထင်မြင်ချက်တွေ ပေးနေကြမှာလဲ .. ဒါတွေ ကို တွေးမိတိုင်း ..
ကျမ လက်ချောင်းတွေ keyboard ပေါ်ကနေ တပ်ဆုတ်ပြီး ပြန်သွားခဲ့ပေါင်းများပေါ့..

ဒါပေမဲ့ .. ကျမ ၇ဲ့ msg box ထဲ ကို အချိန်မှန် ဝင်ဝင်လာတတ်တဲ့ ..
ညီမလေးတွေ ရဲ့ msg တွေကို ဖတ်လိုက်ရတိုင်း ..
ကျမ ဒီစာကို ရေးချင်တဲ့ စိတ်တွေဟာ ပို ပို ထကြွလာပါတော့တယ် ..

ထင်ချင်သလိုသာ ထင် .. ကြ ပါ စေ တော့ ..
ကျမ တော့ ရေးလိုက်တော့မယ် ..
ကျမရေးတယ်ဆိုတာကလဲ ..
ကျမ ရဲ့ အိမ်ထောင်သက် ၁၆နှစ် ရဲ့ အတွေ့အကြုံ ဖြတ်သန်းမှုတွေ ကို အရင်းတည် ..
ပြောင်းလဲလာတဲ့ လူနေမှု ခေတ်စနစ် ကို တွေးဆ လို့ ရေးချလိုက်မှာဖြစ်ပါတယ် ..

ကဲ .. စလိုက်ကြစို့ ရဲ့ ..

ကျမ ရဲ့ msg box ထဲမှာ လူများစွာဆီ က msg လေးတွေ တနေ့ တမျိုး မရိုးရလေအောင် ဖတ်ရပါတယ် ..
ဖတ်ရတဲ့ အများစု က ကျမ ကို အမတယောက်လို သဘောထားပြီး ရင်ဖွင့်ကြတာမျိုး က များပါတယ်
များသောအားဖြင့် .. ကိုယ့် ခင်ပွန်းသည်တွေ က ကိုယ့်အပြင် အိမ်အပြင်မှာ ..
တခြားတယောက် ကို တွယ်တာနေကြပါတယ် ဆိုတဲ့ ဇာတ်လမ်းတွေ က တော်တော်များပါတယ် ..

တယောက်သောညီမလေးက ကျမ ကို ရင်ဖွင့်လာချိန်မှာ ..
ကျမ က ပြန်မေးမိတယ် ..
ညီမရေ .. သမီးက အိမ်ရှင်မ လား ..
ဒါမှမဟုတ် working mother လားလို့ ..
ကျမ ဘာလို့ မေးလဲ ဆိုတာ အိမ်ထောင်ရှင် အမျိုးသမီးတွေသိကြပါလိမ့်မယ် ..
တကယ်တော့ ကျမ တို့ အများအခေါ် နံပါတ် ၁ ပေါ့လေ ..
အဲလိုလူမျိုးတွေဟာ .. အမြဲတစေ စင်ပေါ်က လူတွေ လို့
ကိုယ့် ကို ကိုယ် ခံယူတတ်ရပါတယ် ..
ခံယူတတ်ရုံမက .. ကျင့်လဲ ကျင့်ကြံနေထိုင်တတ်ရပါမယ် ..
ခု ခေတ် ဆိုတာ ..
၂၀၁၃ ဆိုတာကို ကုန်လွန်လို့ ၂၀၁၄ ဆိုတဲ့နှစ်ကို ကူးပြောင်းတော့မဲ့ IT ခေတ်ကြီး မှာ
ကျမ တို့ တွေ ဟာ အရာရာ ကို ခေတ်အမြင်နဲ့ ကြည့် ရှု သုံးသပ်ပြီး နေတတ်ထိုင်တတ်ဖို့ လိုအပ်လှပါတယ် ..

ဘာလို့လဲ လို့ စောဒကတက်ချင်ကြတာလားဟင် ..
အိုကေ .. ပြောပြမယ် ..

ကျမ တို့ ငယ်ငယ်တုန်း က နှစ်သက်သဘောကျဖူးခဲ့တဲ့ ..
ကျော်သူ စိုးသူ တူးတူး လွင်မိုးတို့ လက်ထက်အထိ ..
မင်းသား မင်းသမီးတွေဟာ ..
တော်ရုံတန်ရုံ ပေါ်ပေါ်ထင် အိမ်ထောင်မပြုရဲကြပါဘူး ..
အထူးသဖြင့် အမျိုးသားအနုပညာသည်တွေပေါ့လေ ..
မဟုတ်ဘူးလို့ မငြင်းပါနဲ့နော် ..
ကျမ ကိုယ်တိုင် လက်တွေ့ ခံစားခဲ့ရတာပါ ..
မှတ်မှတ်ရရ ပထမဆုံး ကျမ တို့ ခံစားရတာ ..
ကျမ တို့ စွဲလမ်းနှစ်သက်ရတဲ့ အဆိုတော် တူးတူး မင်္ဂလာဆောင် တဲ့ အချိန်မှာပါ ..
နှစ်အပိုင်းအခြား ကို မမှတ်မိတော့ပေမဲ့ ..
သူ မင်္ဂလာဆောင်တဲ့နေ့ ဟာ April 22nd ဆိုတာ ကျမတို့ သူငယ်ချင်းတသိုက် ရင်ထဲ ခုချိန်ထိ စွဲလို့ မှတ်မိနေပါသေးတယ် ..
ဘာလို့ လဲသိလား ..
သူ့ ကို ကျမ တို့ က ချစ်တာပဲ သိတာမို့ ..
အနုပညာ ဆိုတာလဲ နားမလည်ဘူး ..
သူဟာ မင်္ဂလာဆောင်လိုက်ပြီ ဆိုရင်
တပါးသူ ရဲ့ ခင်ပွန်းလင်ယောက်ျား ဖြစ်သွားပြီမို့ ..
ကျမ တို့ က ဆက်ပြီး ချစ်ခင်စွဲလမ်းပိုင်ခွင့် မရှိတော့ဘူး ..
ဆက်ပြီး စွဲလမ်းချစ်ခင်နေရင် ဒု သ န သော ဖြစ်မယ်ဟဲ့ .. ဆိုတဲ့ အသိစိတ်ကိုယ်စီ နဲ့ .. ကိုယ်ရှိန် ကို သတ် ..
သူ့ အပေါ်ညွန့် နေမိတဲ့ ကိုယ်တွေ စိတ်ကို
သူ့ ဆီ က ပြန်သိမ်းခဲ့ရတဲ့ နေ့ ဖြစ်တာမို့ ..
အဲဒီနေ့ကို တသက်တာ အမှတ်ရနေတာပါ ..

ခုခေတ်မှာတော့ .. တိုးတက်လာတဲ့ ခေတ်ရေစီးကြောင်း အပြင် ..
ထိုးဖောက်လာတဲ့ ယဉ်ကျေးမှုတွေ ကလဲ ..
ကိုရီးယား ယဉ်ကျေးမှု .. အတွေးအခေါ်တွေ ဖြစ်လာနေပြီ ဆိုမှဖြင့် ..
ခုခေတ် မိန်းကလေးတွေ ရဲ့ အသိထဲ ဒု သ န သော ဆိုတာ ဂြိုလ် နဲ့ လားလို့ တောင်မေးယူရတဲ့ အထိ ဖြစ်နေပါပြီ ..

တကယ်တော့ ခင်ပွန်းလင်ယောကျား ဆိုတာ ..
သူတို့ လဲ.. ပုထုစဉ်တွေပါပဲ .. .
ဥပမာပြောရရင် ..
ထမင်းလက်တဆုပ် ကို လက်ထဲကိုင်ပြီး ညှစ်ကြည့် လိုက်ပါ ..
အဲဒီ ထမင်းတွေ က ကြေမွသွားတာတခုပဲ ဖြစ်နိုင်မလား ..
ကြေမွသွားတဲ့ ထမင်းတွေ ဟာ ..
ကိုယ် က ညှစ်လေ .. လက်ချောင်းတွေ ကြားထဲက မရမက ရုန်းကန်တိုးထွက်လေ ဖြစ်လာမှာ သဘာဝပဲလေ ..

ဒီတော့ .. ခုခေတ် နံပါတ် ၁ တွေ ထားရမဲ့ စိတ်ကလေး က ..
၁ .. ကိုယ့် လင်ယောကျား ဟာ .. ကိုယ့် ကို ထောက်ပံ့ ပေးကမ်းရမဲ့ .. လစဉ်ဝင်ငွေ ကို အချိန်တန်ရင် တပြားမကျန် အကုန်အပ်နှံနေတဲ့သူလား ..
( သားသမီး ရှိတဲ့သူတွေ ဆိုရင်တော့ .. ကိုယ့်သားသမီး ကို ချစ်ခင်တွယ်တာစိတ်ပြသနေတဲ့ တာဝန်ကျေပွန်နေတဲ့ အဖေမျိုးလား .. )
၂ .. အချိန်တန် လို့ အိမ်ပြန်ရောက်လာတတ်တဲ့ သူ လား ..
၃ .. အချိန်တန် လို့ အိမ်ပြန်ရောက်လာပေမဲ့လဲ မိန်းမ လုပ်သူ ကို ငြူစူဆောင့်အောင့် ရိုက်ပုတ်နှိပ်စက်နေတတ်တဲ့သူမဟုတ်ဘဲ ကြင်ကြင်နာနာ မရှိတာတောင် ပုံမှန်ဆက်ဆံနေသေးတဲ့သူလား ..
၎. ယုတ်အစွဆုံး .. အိပ်ရာဝင်ချိန် … တိုင်း .. ကိုယ့်ဘေးမှာ သူ ရှိနေသေးသလား ..

အဖြေတွေ အားလုံး ဟာ Yes ဖြစ်နေမယ် ဆိုရင်တော့ ..

အိုကေ ..

နံပါတ် ၁ ဆိုတဲ့ နေရာမှာ အေးအေးသက်သာနေလို့ ..
ခုခေတ်ယောက်ျား တယောက် ..
ရသင့်တဲ့ ဘောင်တခုအတွင်းကနေ ရသင့်ရထိုက်တဲ့
အခွင့်အရေးကို ကြည်ကြည်ဖြူဖြူပေးလိုက်ပါတော့ ..

ဘဝင်မကျကြဘူး မဟုတ်လား ..
လက်မခံနိုင်ကြဘူး မဟုတ်လား ..
တည .. ၂ ည .. ၃ .. ည အချိန်ပေးပါ့မယ်
သေသေချာချာစဉ်းစားကြည့်ကြပါပေါ့လေ ..

ခုခေတ် က ကျမတို့ ခေတ်တုန်းကလို ..
မယားငယ်လို့ အခေါ်ခံရမှာ ..
တိတ်တိတ်ပုန်းမယား Keeping လို့ အခေါ်ခံရမှာကို ..
သေမတတ် နာကျင်ခံရခက်တဲ့ ခေတ်မှ မဟုတ်တော့တာ ..
မယားငယ် ဆိုတဲ့ ဝေါဟာရထက် ကို " ငါ မယားပြိုင် " ဆိုတဲ့ အသုံးအနှုန်း ကို ..
နံပါတ် ၂ နေရာကို ယူထားတတ်တဲ့ မိန်းမတော်တော်များများ က ..
မြိန်ရည်ရှက်ရည် စားသုံးတတ်နေတဲ့ ခေတ်ကြီးမှာ ..
တကယ်တမ်း ကိုယ့် အိမ်ဦးနတ် က ကိုယ့်အပြင် ..
တခြားတယောက် ရှိနေပါပြီ ဆိုတဲ့အခြေအနေမှာ ..
ကိုယ် က ပိုတင်းကျပ်လိုက်မယ် ဆိုရင် ..
ဘယ်လိုအကျိုးအမြတ် .. ဘယ်လို ဆုတ်ယုတ်မှုတွေ ရရှိလာနိုင်တယ် ဆိုတာ
ကိုယ့်အသိနဲ့ ကိုယ် နည်းနည်းတွေးတတ်ဖို့တော့လိုပါတယ် ..

နောက်ဆုံး သူ ထားသွားတော့မယ် ဆိုတဲ့ အချိန်မှာ ..
" အားနာလိုက်တာ" ဆိုတဲ့ စိတ်ကလေးတောင် ကိုယ့်အတွက် မရှိတော့ဘဲ ..
" သူ ငါ့ကို တင်းကျပ်ထိန်းချုပ် ဖိနှိပ်စွပ်စွဲတာတွေကြောင့်ပေါ့ " ဆိုတဲ့
သူတို့ ဘက် ကို သူတို့ ကာတွေးတွေးလို့ ပစ်ချသွားနိုင်ပါတယ် ..
ကြားဖူးကြတယ် လား ..
စကားလုံးလေး တလုံးလေ .. " မထူး Shot " တဲ့ ..
ပေါက်တဲ့ နဖူးမထူးတော့ပါဘူးကွာ ဆိုတဲ့ လမ်းစဉ် ကို လိုက်သွားမယ်ဆိုရင်
ကိုယ် ဟာ မှီခိုသူ ဖြစ်ခဲ့ရင် ..
အဲ .. တဖန် ..
ကိုယ့် မှာ ဘယ်လောက်ဝင်ငွေရှိရှိ .. သားသမီးတွေ ရှိနေတယ် ဆိုရင် ..
သားသမီး မရှိတာတောင်မှ ..
ကိုယ် စိတ် က သူ့ ကိုသာ ချစ်ခင်စုံမက်မိနေတယ် ဆိုရင် ..
ဒီလို ဆိုရင်တွေ ပေါင်း များစွာ ကို ..
ကိုယ် က မလွန်ဆန် နိုင်သရွေ့ .. ..
အပေါ်က ကျမပြောခဲ့တဲ့ အချက် ၄ ချက် စလုံး ကို
သူ့ ဘက် ကကြည်ကြည်ဖြူဖြူ လိုက်နာနေသရွေ့ ..
ပတ်ဝန်းကျင်အမြင်မှာ .. သူ ဟာ အိမ်ထောင်ဦးစီးကောင်းတယောက် ရဲ့ စံချိန်စံညွှန်း မှီနေသရွေ့ ..
ဖြစ်ပျက်လာတဲ့ အခြေအနေတွေအပေါ်မှာ ..
ကိုယ် က ပညာသားပါပါ ကိုင်တွယ်ဖြေရှင်းတတ်ဖို့ လိုအပ်လှပါတယ် ..

တဘက် မိန်းကလေး ကို အော်ဟစ် ဆဲ ဆို တာ ..
တဘက် မိန်းကလေး ကို ကိုယ်ထိလက်ရောက် ကျူးလွန်တာ ..
ဒီလို အခြေအနေတွေ ဆိုတာ ..
ကိုယ့် လင်ယောကျား .. က အချိန်တန် အိမ်ပြန်မလာတော့ဘဲ ..
နောက်ထပ် တအိုးတအိမ် ထူထောင်လိုက်တဲ့အချိန် အခါ ..
သူ့ ရဲ့ ဝင်ငွေ တွေ အားလုံးမဟုတ်တောင် တချို့တဝက် ကို ..
တခြား မိန်းမ တယောက် ကို ထောက်ပံ့ပေးကမ်းနေရပြီ ဆိုတာသေချာမှ ..
ပြုမူသင့်တဲ့ အပြုအမူတွေပါ ..

တကယ်တမ်းမှာတော့ တော်ရုံ ပညာတတ် အဆင့်အတန်းရှိတဲ့ အသိုင်းအဝိုင်းက မွေးဖွားလာတဲ့ အဖိုးတန် အမျိုးသမီး ဆိုရင် .. တော့
ဒီလို အပြုအမူမျိုးတွေ မလုပ်တတ်ကြပါဘူး ..
များသောအားဖြင့် ဒီလို အပြုအမူတွေဟာ ..
အလယ်အလတ်တန်းစားဆို တဲ့ အဆင့် ထက် ကို နိမ့်ကျ တဲ့ .. အတန်းအစားတွေလောက်သာ တွေးတောဆင်ခြင်ဥာဏ်ကင်းမဲ့ လို့ ..
ပေါက်ဖွားကြီးပြင်းရာ မိဘ ပတ်ဝန်းကျင် အခြေအနေ နိမ့်ကျလို့ ..
ဝုန်းဒိုင်းကျဲ ရဲ ကြ တာပါ ..

နောက်တဖန် ..
ကိုယ့် ခင်ပွန်း အိမ် ကို ပြန်ရောက်လာချိန်မှာ ..
အိမ်မှာ ရှိနေချိန်တွေမှာ ..
ကိုယ် က တချိန်လုံး ငြူစူစောင်းမြောင်းနေတာ ..
ဘယ်သွားလဲ ..
ဘယ်မှာလဲ ..
ဘာလုပ်နေလဲ ..
ဘယ်သူနဲ့ လဲ .. ဆိုပြီး တချိန်လုံး လိုက်စစ်ဆေးနေတာ ..
ဖြေရခက်တဲ့မေးခွန်းတွေနဲ့ ချောင်ပိတ်ပြီး အတင်းအကျပ် ဝန်ခံစေတာ ..
ဖုန်းတွေ ကို လိုက်စစ် ..
ဟိုလူ့ ဖုန်းဆက်မေး .. သက်သေထူ ..သက်သေခံခိုင်း ..
ဒီလူ့ ဖုန်းဆက်ပြီး တရားခံစစ် စစ် .. နေတတ်တာ ..
ဒါတွေဟာ တကယ်တမ်းပြန်စဉ်းစားကြည့် ရင် ..
တကယ် ကို အမှတ်လျော့စေတဲ့ အပြုအမူတွေပါ ..

အဲ .. ကိုယ့်ဘက် က အဲလို အကောင်းဆုံး နေပေးပါလျက် နဲ့ ..
သူ ခြေလှမ်းမပြင်နိုင်ဘူးဆိုရင်တော့ ..
ပြုသမျှ ခံ .. နု သမျှ စံ မလား ..
ကိုယ် နဲ့ သူ ရေစက် က ဒီဘဝ ဒီမျှသာပဲ .. လို့ လက်ခမောင်းခတ်မလား ..

တကယ်တမ်း ပြန်စဉ်းစားကြည့် ရင် ..
ခုခေတ် နံပါတ် ၁ ဆိုတာတွေဟာ ..
အရင်ခေတ်တုန်းကလို .. ရဲရဲတောက် .. ဟစ်တိုင်တက်လို့ သိပ်မသေချာတဲ့ အခြေအနေတွေ သာဓကတွေ များခဲ့တာမို့ ..
ကိုယ့် အခြေအနေ .. ကိုယ့် ဂုဏ် .. ကိုယ့် အဆင့်အတန်း ကို ထောက်လို့ ..
သိက္ခာရှိရှိ နဲ့ ဘဝ ကို ဖြတ်သန်းသွားနိုင်ဖို့ လိုအပ်လှပါတယ် ..

ကိုယ်ခံစားချက် နဲ့ ကိုယ့် ရပ်တည်မှု ကို အချိုးညီညီ ပိုင်းခွဲလို့ ..
ကိုယ်နေရမဲ့ Cover Gal နေရာမှာ ..
အားလုံး ဂရုမစိုက်ပါဘူးဆိုတဲ့ အတွေးနဲ့ ..
အရာရာ ကို အနိုင်နဲ့ ပိုင်း .. ခပ်ရဲရဲ မပြုံးနိုင်သရွေ့ ..
အပြင်မှာ ပျော်ပါးနေတဲ့ ပျော်ပါးခဲ့ဖူးတဲ့ .. ကိုယ့် အိမ်သား ကို ..
ကိုယ့်ဘေးမှာ အသက်ထက်ဆုံးထားဖို့ ဆိုတာ ..
တော်တော် ခါးသီးတဲ့ အရသာပါ ..

တကယ်တော့ .. ကိုယ် ကို ကိုယ် သာ adjust လုပ်ဖို့ လိုအပ်တာပါ ..
စကားပုံတောင် ရှိသေးရဲ့ မဟုတ်လား ..
ဘာတဲ့ ..
" ခြံခုန်တတ်တဲ့ နွားဆိုတာ နောက်တခါ ခုန်ဖို့ လဲ ဝန်မလေးဘူး " တဲ့လေ
ကိုယ့် ခြံထဲ က နွား က ခြံထဲ က အဖိုးတန်တဲ့ မြက်တွေထက် ..
ဟိုး ရွာပြင် တောကြီးမျက်မဲထဲက မြက်ကြမ်းတွေ ကို မြိန်ရည်ရှက်ရည် သွားစားနေပြီ ဆိုမှတော့ ..
ခြံထဲ က အဖိုးတန်တဲ့ မြက်နုနု တွေ ရဲ့ အရသာ ကို မသိနိုင်တော့ပါဘူး ..
သူ့ လျှာ က ကြမ်းတမ်းသွားခဲ့ပြီလေ … နော် ..

အမ ချစ်ရတဲ့ ညီမလေးတို့ ရေ ..

ဖြစ်လာတဲ့ အခြေအနေမှာ .. အရာရာ ကို ခါးစည်းလို့ ..
Cover gal ဆိုတဲ့ tiltle ကို ကျေကျေနပ်နပ်ကြီး ယူလိုက်ကြစမ်းပါ ..
တနေ့နေ့ .. သူ ပြန်လာတဲ့အချိန်မှာ ..
ကိုယ့် ခြံထဲ က မြက်နုနုလေးတွေ ကို အရသာမခံနိုင်တဲ့ အခြေအနေဖြစ်ခဲ့ရင်တောင် ..
ခြံထဲက နွားတင်းကုပ်လေးထဲမှာ .. သူ့ ကို အိပ်စက်ခွင့်ပေးနိုင်အောင်သာ ..
စိတ် ကို ပြင်ဆင်ထားလိုက်ပါတော့နော် ..

(စကားပုံ ကို ကိုးကားပြီးရေးပြချင်တာမို့ သုံးနှုန်းမိတဲ့ အသုံးအနှုန်းအတွက် ကျမ အထူးတောင်းပန်ပါရစေရှင်)

ဒါဟာ တနေ့ တနေ့ ..
သမီးတို့ ရင်ဖွင့်နေတာတွေ ကို အမ မလိုချင်လို့ မဟုတ်ဘူးနော် ..
အမကို သမီးတို့ ပြောပြနေတယ် ဆိုတာ ..
သမီးတို့ ၁၀၀ ဖိုးလောက် ခံစားပြီး .. မှ ..
ဒီ ၅ ကျပ် ဖိုးသာသာလောက်ဟာ မထွေးနိုင် မအန်နိုင်လွန်းလို့ ထွက်ကျလာတယ် ဆိုတာ အမ သေချာသိတာပေါ့ ..
သိပ်ဆိုးရွားလွန်းနေလို့ .. "သမီး စိတ်ကိုလျှော့လိုက်ပါရစေတော့ အမရယ်" ဆိုတဲ့
သမီးတို့ ရဲ့ msg လေးတွေကို ဖတ်ပြီး ..
အမ .. ရင်ထဲမှာ ထိထိခတ်ခတ် ရှိလှတယ် ..
သမီးတို့လို အမျိုးသမီး တွေ အများကြီးပါ သမီးတို့ ရယ် ..

သူတပါး ကို သွားပြီး ဝုန်းဒိုင်းကျဲ တဲ့ စရိုက်ဆန်တဲ့ အပြုအမူတွေ
မလုပ်မိပါစေနဲ့ နော် ..
ကိုယ့်ဘေးနားမှာ ရှိတဲ့ ကလေးလေးတွေကို ဖက်ပွေ့ ရင်း ..
သူတို့ ပြန်လာမဲ့နေ့ ကိုသာ စောင့်နေလိုက်ပါ ..
သူတို့ ပြန်လာပြီး ပြန်ထွက်သွားပြန်ရင်လဲ ..
နောက်တခါ ပြန်လာမဲ့ အချိန်အတွက် ..
သူတို့ ကို နားလည်မှုတွေ အချစ်တွေ အများကြီး ပြသပေးလိုက်ပါ ..
တပတ်တခါ .. ခေါက်လာတဲ့ တံခါးခေါက်သံ ကို သမီးတို့ နဲ့ အတူတူ ..
အမ ဒီကနေ .. စောင့်စားပေးနေပါတယ် ..
သူတို့ တံခါးခေါက်လာတဲ့ နေ့ တိုင်း ..
သမီးတို့ရဲ့ .. သားငယ် သမီးငယ်လေးတွေ ကို ပွေ့ ရင်း
အပြုံး နဲ့ သာ ဆီးကြိုပါတော့ သမီးတို့ ရယ် ..
နောက် မကြာတော့တဲ့ အချိန်ကာလတခု မှာ ..
သူတို့ ညနေတိုင်း အိမ်တံခါးခေါက်လာပါလိမ့်မယ် .. သမီးတို့ရေ ..
အဲဒီအချိန်အထိ .. သမီးတို့ .. ပြုံးပြီးစောင့်နေနော် ..

ဟုတ်ကဲ့ ..

အမ က .. သစ်သစ်မြင့်ဆိုင် ပါ .. ညီမလေးတို့ ရေ ..

တကယ်တော့ သောကြာနေ့ မနက်ကို ကျမ နှုတ်ခွန်းဆက်ချင်ခဲ့တာ ..
ဒီလို အရေးအသားမျိုး နဲ့ မဟုတ်ရပါဘူး ရှင် ..

ဘယ်သူ့ ကိုမှ လဲ မပုတ်ခတ်မရည်ရွယ်ပါဘူး ..
နံပါတ် ၁ ဆိုတဲ့ ရာထူးကို ရထားတဲ့ အမျိုးသမီတချို့ ..
စိတ်ထားတတ် စိတ်ဖြေတတ်အောင် ..
တိုက်ကျွေးတဲ့ အားဆေးတခွက် အဖြစ်သာ သောက်သုံးသွားပေးကြပါ ..

Shared from Thit Thit Myint Saing (FB)

Friday, February 28, 2014

လက်ထက်ဖို့ စဉ်းစားပြင်ဆင်နေပြီလား ညီမလေး


Friday, February 28, 2014

လက်ထက်ဖို့ စဉ်းစားပြင်ဆင်နေပြီလား ညီမလေး
ဖေ့ဘွတ်မှာတွေ့လို့ပြန် ရှယ်လိုက်ပါသည်။ အစဆုံးဖတ်ကြည့်စေချင်ပါသည်။ ရေးထားတာ အနှစ်သာရ ရှိပါတယ်။ မိန်းကလေးမှ မဟုတ်ပါဘူး ယောင်္ကျားလေးလည်း ဖတ်သင့်ပါတယ်။

တစ်ခါ တစ်ခါ ညီမလေးတွေ အိမ်ထောင်ပြု ဖို့စိတ်ကူး တာ ကြားမိရင်.. ကျွန်မ ရင်နည်းနည်းလေး မိတယ်..။ ကိုယ်ကို တိုင် အိမ်ထောင်ပြု ခဲ့ပြီးမှ ..သူများအိမ်ထောင်ပြု မှာကိုဘာလို့ရင်လေးမိပါလိမ့်လို့ ကျွန်မကိုယ်ကျွန်မ ပြန် မေးမိတယ်..။ ကျွန်မ မသိတတ် နားမလည်တတ်ခဲ့လို့ အိမ်ထောင်ရေးမသာယာ ခဲ့တာ တွေ ရှိခဲ့ဖူးတာကိုး..။ဒါကြောင့် ညီမငယ်တွေ ကို တစ်နည်းတစ်ဖုံအသိပေး ရှင်းပြ ချင်ခဲ့မိပါတယ်..။ စိတ်ကူးယဉ် ရုပ်ရှင်ဇာတ်ကားတွေမှာ... မင်းသားနဲ့မင်းသမီး ပျော်ရွှင်စွာဇာတ်ပေါင်းကြလေသတည်း မှာ ဇာတ်လမ်းဆုံးပေမယ့်.. တကယ်လက်တွေ့ဘဝမှာ..မင်းသားနဲ့မင်းသမီး တို့ရဲ့ ဇာတ်လမ်း ကြီးက အစ ပဲမဟုတ်လား..။ အင်မတန်ရှည်လျားတယ်... အင်မတန် ရှုပ်ထွေးတယ်..အင်မတန်ကို လေးနက်တယ်.. ။

ဟိုးအစ က ဆိုခဲ့ဖူးသလို..ချစ်သူ ၂ ဦး ချစ်လွန်းလို့အတူဘဝကိုရင်ဆိုင်မယ်ဆိုပြီး လက်တွဲ ခဲ့ပြီးကာမှ..တစ်ချို့ ချစ်လှပါချည်ရဲ့ ဆိုတဲ့ ဇနီးမောင်နှံတွေ..ဘာကြောင့် လမ်းခွဲ ခဲ့ကြ သလဲ.. ဘာ့ကြောင့် ကွာရှင်းပြတ်စဲမှုတွေ တစ်နှစ်ထက်တစ်နှစ်များပျား လာရတာလဲ..။ ညီမလေး တို့ သိထားသလို..ချစ်သူ ၂ ဦးအတူ တူ နေဖြစ်ကြပြီးတဲ့နောက်မှာ..အစစ အရာအရာသာယာနေမယ်... နေ့သစ်တိုင်းဟာလှပနေမယ် လို့ မတွေးထား ကြစေချင်ဘူး..။ နေ့သစ်တိုင်းလှပနိုင်ဖို့ ... သတို့သားလောင်းဘက်ကရော..သတို့သမီးလောင်းဘက်က ပါ..စိတ်ပိုင်းဆိုင်ရာ.. ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများစွာကို လေ့လာ ပြင်ဆင်ထားသင့်ပါတယ်..။

ဘယ်လိုပြင်ဆင်ကြမလဲ

ကျွန်မ ပထမ တစ်ပုဒ်မှာရေးခဲ့သလို.. အမျိုးသမီးလေးတွေ ဘက်က.. ဦးစွာပထမ အကြံပေးချင်ပါတယ်.. အရင့်အရင် ကျွန်မထက်နားလည်တတ်ကျွမ်းသူတွေ .. ရေးသားထားခဲ့တာကို ဖတ်ဖူးမှတ်ဖူးသမျှ ရောကိုယ်တွေ့ကိုပါ ကျွန်မ ပြန်လည်မျှဝေ လိုပါတယ်၇ှင်..။ သတိရမိသလောက် အချက်အလက်များစုစည်းပေးလိုက်ပါတယ်..ပထမ တစ်ပုဒ်လို အတွေးတွေ ပြန့်ကျဲမနေတောာ့အောင်ပါ..။အခု တစ်ပိုင်းကတော့ .......လင်နှင့်မယား....ကတောက်ကဆ မများရလေအောင်.. များခဲ့သော်...

၁ ။ မိမိခင်ပွန်း ဖြစ်လာသူကို ချစ်သူဘဝကလိုမျိုး... ကိုယ်လိုချင်ကိုယ်ဖြစ်ချင်ရာ ကို တစ်ချက်လွှတ်အမိန့်များနှင့် မချုပ်ချယ် မတားမြစ်သင့်တော့ပါဘူး .. ( ကိုယ်က ဘယ်လိုပင်ချုပ်ချယ်ပါစေ.. ယောင်္ကျားအများစုဟာ.. ၄င်းတို့ကိုယ်တိုင် စိတ်ပါလက်ပါ ရပ်ပစ်မှ ရပ်တန့်သွားပါတယ်..မိမိကို ချစ်လို့ရပ်တန့်ရင်တောင် ခဏတစ်ဖြုတ်သာ ဖြစ်ပြီး အခြေအနေအကြောင်းကြောင်းကြောင့်ပြန်လည် သွားတတ်ကြတယ်.. ဒါကြောင့် မိမိတို့မိန်းမသားများအနေဖြင့် အတွေး မြင့်မြင့်အသိကြွယ်ကြွယ် စကားလည်လည်ဖြင့် ဖြေရှင်းရင်း ကိုယ်လိုရာကိုပုံသွင်း တတ်ကြစေလိုပါတယ် ) ။

၂ ။ မိမိခင်ပွန်းကို လူတကာရှေ့..အများအားဖြင့်ရွယ်တူမိန်းမသားများရှေ့တွင် ကိုယ်ပိုင်ကြောင်း ကိုယ်နိုင်ကြောင်း အမူအရာအပြောအဆို များရှောင်ရှားသင့်ပါတယ်. ( ယောင်္ကျားတွေ က သိပ်ရှက်တတ်ကြပါတယ်.. အထူးသဖြင့်မိန်းမကိုကြောက်ရသူများအဖြစ် အခြားမိန်းမသားများရှေ့မှာပါ..။ ကိုယ့်မိန်းမ က ကိုယ့်ကို ဂရုစိုက်ကြောင်းသဝန်တိုကြောင်း ပြသ တာမျိုးကိုတော့အ ထူး ခုံမင် နှစ်သက်တတ်ကြပြန်ပါတယ်...ဒါကြောင့်မို့ မိမိလင်သားကို ပိုင်နီုင်ဖို့ရာ.. အဓိက လိုအပ်ချက်ကတော့.. လင်ယောင်္ကျားကို လူအများရှေ့ ရိုသေလေးစားနေရာပေးတတ် ဖို့ပါပဲ..။)

၃ ။ မိမိခင်ပွန်း ကို ဘယ်တော့မှ.. ကိုယ်ထိလက်ရောက် မိမိကစပြီးမတုန့်ပြန် မိပါစေ နှင့် ..။ ( အင်မတန် ကြမ်းတမ်းသောမိသားစုအသိုင်းအဝိုင်းက မဟုတ်ပဲ..မည်သို့သောနူးညံ့သိမ်မွေ့သော အသိုင်းဝိုင်းကပင်ဖြစ်စေ...မိန်းမသားတွေရဲ့ နှုတ်ထွက်ကြမ်းတမ်းမှု..ကိုယ်လက်အမူအရာကြမ်း တမ်းမှုတွေဟာ.. ယောက်ျင်္ားသားတွေရဲ့ မူလ ဇစ်မြစ် ဖြစ်တဲ့ကြမ်းတမ်းမှု ကိုလှုပ်နိုးလိုက်သလိုမို့.. မိမိ ကတစ်ချက်ကုတ်ဆွဲ ရုံနဲ့ အစပိုင်းသည်းခံတတ်ပေမယ့်..သူလဲလေ လူသားပေမို့ နား ကလည်းမခံသာ... ကိုယ်ထိလက်ရောက်ကလဲ ပြုခံရ ပါများရင် ..သူတို့ရဲ့ တုန့်ပြန်မှုတွေက မိမိထက်ပိုပြီးကြမ်းတမ်းရက်စက်လာ အောင် မိမိကိုယ်တိုင် ဖန်တီးမိသလိုဖြစ်လာတတ်ပါတယ်။။ လင်ယောင်္ကျားရဲ့အရိုက်အနှက်ခံရတဲ့ အမျိုးသမီးအများစုဟာ.... မိမိတို့ကိုယ်တိုင်ကစပြီး နှုတ်ကြမ်း လူကြမ်း မိတာကို မေ့လျော့ နေတတ်ပါတယ်.. ။ )

၎ ။ မိမိခင်ပွန်း အမှားပြုသည်ရှိသော်.. သေးသော်ခွင့်လွှတ်..ကြီးသော်နားလည်... ပေးရင်း သူစိတ်အေးချမ်းအောင် အရင် ပြုမှုဆက်ဆံပေးသင့်ပါတယ်... ထို့နောက်တွင်မှ... မိမိ စိတ်မကောင်းဖြစ်နေတာကို သိအောင်ပြောရင်း နားလည်အောင် တစ်ဖြည်းဖြည်းချင်း အပြုံမပျက် ဆွေးနွေး ပေးပါ..။ (ယောင်္ကျားအများစုဟာ..သွေးဆူလွယ်တဲ့မိန်းမ တွေကို မလေးစားတတ်ကြပါဘူး... ပြဿနာတစ်ခုဖြစ်လာရင် သွေးအေးအေးနဲ့ဖြေရှင်းတတ်တဲ့မိန်းမမျိုးကိုတော့ လန့်လည်းလန့် လေးလည်းလေးစားတတ်ကြ ပြန်ပါတယ်။တစ်ချို့က ငိုယိုအော်ဟစ်ထုနှက် ပြီးယောင်္ကျားကိုအပြစ်တွေ အလျည်းသင့်ရင်သင့်သလိုတင်ရင်း အခုခေတ်စကားနဲ့ပြောရရင် လူရှေ့သူရှေ့ရောက်မှ ဖဲ့တယ် ပြောရမလား... အဲလို မယားမျိုးကတော့ရန်သူလိုမယားအဖြစ်သတ်မှတ်ခံရမှာပါ.) သတိထားကြစေလိုပါတယ်ရှင်..။

၅ ။ အိမ်မှုကိစ္စ အဝဝ ကို အိမ်ထောင်မကျခင်ကထဲက လေ့လာသင်ယူထားသင့်ပါတယ်.. ယခုခေတ်မိန်းမပျိုတွေအနေနဲ့..သင်ယူချိန်မရ.. အလေ့အကျင့်မရ ဖြစ်နေကြပါပြီ.. ကျောင်းပြီးရင်းကျောင်းအလုပ်ပြီးရင်းအလုပ်ဖြစ်နေကြတဲ့ခေတ်ကြီမှာ... လင့်လုပ်စာ ထိုင်မစား ရတော့တဲ့အိမ်ထောင်သည်အမျိုးသမီးဦးရေတိုးလို့လာနေပါပြီ..။ သို့ပါသော်ငြား.. မလုပ်ချင်လို့မလုပ်တာသာဖြစ်ရမယ်..မလုပ်တတ်တာမရှိဆိုတာမျိုးဖြစ်အောင်လေ့လာသင်ယူသင့်ပါတယ်..။ ဟင်းချက်ကောင်း ခြင်းကလဲ..မိမိခင်ပွန်းမည်သည့်နေရာရောက်နေပါစေ..အချိန်တန် အိမ်ပြန်ရောက်စေတဲ့..လက်နက်တစ်မျိုး ပါ..။ သန့်ရှင်းစွာနေထိုင်တတ်ခြင်းလဲပါဝင်ပါတယ်.. ။ ငွေလဲ ဒိုးတူဘောင်ဖက် ရှာရသေး သူ့ကိုလဲဟင်းချက်ကျွေးရသေး ဆိုတဲ့အတွေးဝင်လာမိရင်တောင်.... ဟင်းတစ်ခွက်အတူချက်ရအောင်နော်လို့ ချိုသာတဲ့စကားတစ်ခွန်း နဲ့ မီးဖိုခန်းကို တစ်ဝက်ခွဲပေးဖို့ မိမိတို့နှုတ်ရေးရာကြွယ်ဝမှုကလည်းအရေးပါနေပါသေးတယ်ဆိုတာ မေ့လျော့မသွား ကြပါနဲ့ရှင်..။ အိမ်မှုကိစ္စ အဝအဝကိုလဲ..တစ်ယောက်တစ်ဝက်ခွဲဝေယူတတ်အောင် လဲ မိမိတို့နှုတ်ခမ်းချိုချိုများပေါ်မှာသာမှုတည် ပါတယ်..။

၆ ။ ဇနီးမောင်နှံ့ ကြားမှာ အားနာတယ်ဆိုတဲ့အတွေးနဲ့စကားမရှိသင့်ပါ..။ အိမ်ထောင်ဦးအစထဲက အားနာလို့..ဆိုပြီး..ကိုယ်ပဲ အစစအရာအရာသိမ်းကြုံးလုပ်မိတတ်ကြတယ်... ချစ်စ ခင်စမို့အိမ်မှုကိစ္စ ကျွန်မ ကျွမ်းကျင်ပါတယ် ဆိုတာ ပြချင်တာလဲပါမယ်ထင်ပါတယ်..။ မယားဝတ္တရားငါးပါး ကို အားနာပါနားနဲ့အသကုန်ကြေစရာမလိုပါဘူး... ကိုယ်မလုပ်နိုင်တဲ့အရာ..မလုပ်ချင်တဲ့အရာ..မကြိုက်တဲ့အရာမှန်သမျှကို ငြင်းပယ်ရဲရပါမယ်..။ ရှင်းပြ ရဲရပါမယ်..။ အဲလိုမှမဟုတ်ရင် အိမ်ထောင်သက်ကြာလာတာနှင့်အမျှဝန်ထုတ်ဝန်ပိုး ဖြစ်လာပါလိမ့်မယ်... လုပ်ကိုင်နေရသမျှ ဟာလည်းမေတ္တာအရင်းခံနည်း ပြီးအားနာလို့ြ့ပုခဲ့တာမို့... စိတ်ပျက်စရာ... ဒေါသထွက်စရာတွေသာဖြစ်လာပြီးမခံရပ်နိုင်တော့တဲ့တစ်နေ့ မီးတောင်ပေါက်ကွဲသလို ပေါက်ကွဲရင်း.ဝမ်းနည်းစရာအဖြစ်တွေဖြစ်လို့လာတော့မှာပါ..။

၇ ။ စီးတဲ့ရေ ဆည်တဲ့ကန်သင်း ဆိုသလို... ဇနီးမယားကိုယ်တိုင်က အသုံးအဖြူန်း ကြီး ခဲ့တာကို သမီးရည်းစားဘဝထဲကသိထားယောင်္ကျာ့း တွေအဖို့ကတော့ သူတို့ရှာသမျှ အကုန်အပ်မယ်လို့မထင်ပါဘူး... ငွေမအပ်ရကောင်းလားလို့အပြစ်မတင် စေချင်ဘူး... ကိုယ်ကိုတိုင် အသုံးနဲ့အဖြုန်းကိုအရင် သေချာ နားလည် ကိုင်တွယ်ပြ သင့်တယ်...မိမိကိုယ်တိုင်စီးပွားရှာနေရသူဆိုရင်လည်း ... စစ်စစ် စီစီ သုံးပြ ပြီးတဲ့နောက်မှာ..အလိုလို မိသားစုဘဏ္လာ စိုး အဖြစ် ရောက်ပါလိမ့်မယ့်...ဒါဆို..သမီးရည်းစားဘဝထဲက သူ့ယုံကြည်မှု ရယူဖို့လိုတယ်ဆိုတာ သဘောပေါက်မယ်ထင်ပါတယ်ရှင်..။

၈ ။ တစ်ဦးနှင့်တစ်ဦးလက်ထပ်ပြီဆိုကထဲက မိသားစု ၂ စု လုံးလက်ထပ်လိုက်တာပါပဲ.. ဒါကိုတစ်ချို့ကတော့..အို..တကယ်ပေါင်းရတာ နင်နဲ့ငါ ဆိုတဲ့အတွေး .. ဟုတ်ပါတယ် တကယ်ပေါင်းကြရတာက နင်နဲ့ငါ.. ပါ..ဒါပေမယ့် အဲဒီနင်ရယ် ငါရယ်တွေဖြစ်လာတာက ကိုယ်စီမိဘ တွေဆီကပါ..အနည်းနှင့်အများ ပက်သက်စပ်ဆိုင် ပါတယ်..။ လူ မှန်ရင်တစ်ယောက်ထဲရပ်တည်လို့မရပါဘူး. မိဘ ဆွေမျိုး.. မိတ်ဆွေသူငယ်ချင်း..လုပ်ဖော်ကိုင်ဖက် အစရှိသည်တို့၏ အမှီအခို အထောက်အပံ့ နှင့်ချီးမြှောက်မှုတွေ ရှိမှသာ လူ့လောကအလယ်ဝင့်ထည်နီုင်မှာပါ..။ သိပ်အရေးကြီးပါတယ်ရှင်..။ ၂ ဖက်ဆွေးမျိုးတွေအပေါ် လျော်အောင်ဖြန့်ချီ ဆိုတဲ့ မယားဝတ္တရား ကို ကျွန်မ နားလည်သလို ပြောရရင်..ပေးကမ်းထောက်ပံ့ တဲ့နေရာတွင်သာ မက .. စကား အရာကိုပါ..တစ်ဖက်နားမှ တစ်ဖက်နားသို့မပေါက်ရလေအောင် ကျွမ်းကျင်လိမ္မာစွာ ထိန်းသိမ်းသင့်ပါတယ်..။ သူ့မိဘ ကိုယ့်မိဘ မခွဲခြားပဲ မျှတစွာနေထိုင်ပြောဆို တတ်မယ်ဆိုရင်... ၂ ဖက် မိသာစု ဆက်ဆံရေး ကို အလွယ်တကူ ခိုင်မာစွာတည်ဆောက်နိုင်လာတာနှင့်အမျှ ခင်ပွန်းလင်ရဲ့ လေးစားမှု ယုံကြည်မှုကို အလွယ်တကူ ရယူနိုင်ပါလိမ့်မယ်... မိမိခင်ပွန်းသည် ဖာသိဖာသာနေတတ်သူ ဖြစ်လျင်တောင်မှမိမိဖော်ရွေမျှတမှုကြောင့် .. သူ့မှုရင်း အကျင့်စရိုက်တွေပြောင်းလဲ လာကာ ၂ဖက်မိသာစု ဆက်ဆံရေး ပိုမို တိုးတက်လာပါလိမ့်မယ်..။

၉ ။ မိမိ ခင်ပွန်း ရဲ့စိတ်တွေ တစ်ခြားတစ်ယောက်ဆီ ရောက်နေလေမလား ??.. အမျိုးသမီးတိုင်းကြောက်တဲ့ ဆင်းရဲခြင်း တွေထဲမှာ.. ဒီလို စိတ်ဆင်းရဲခြင်းမျိုးကိုတော့ ကမ္ဘာတုန်အောင် ကြောက် ကြပါတယ်.. ကြားဖူးမှာပေါ့.. အမျိုးသားတွေဟာ ချမ်းသာခြင်းဒဏ်ကိုမခံနိုင်ကြသလို အမျိုးသမီးတွေကလဲ ဆင်းရဲခြင်းဒဏ်မခံနိုင်ကြပါဘူး..။ အဲဒီ ဆိုလိုရင်းအနေဆင်းရဲ အစားဆင်းရဲ အဝတ်ဆင်းရဲ ဒဏ်ကို ကျွန်မတို့မိန်းမသားတွေ တော်တော်များများ သိပ်ကြောက်ကြပေမယ့် ခင်ပွန်းလင် ဆီမှ ရသင့်တဲ့မေတ္တာ အကြင်နာ ဆင်းရဲဒဏ် ကိုတော့ သေမလောက်ကြောက်တတ်ကြသူချည်းပါပဲ..။ ကိုယ့်ခင်ပွန်းခြေလှမ်းစပျက်ပြီဆိုကထဲက..သွေးရူးသွေးတန်း ဘာဖြစ်နေလဲ ဆိုတာ သူ့ကို တစ်နေ့ဆယ်ခါလောက်မေးမိလာတယ်.. ယောင်္ကျားလုပ်သူကလဲ..စီးပွားရေးကြောင့် အလုပ်ကိစ္စကြောင့်.. မျက်နှာပျက်တာပဲဖြစ်ဖြစ်..မူမမှန်လို့မျက်နှာပျက်တာပဲဖြစ်ဖြစ် မိန်းမသားတွေ မှာတော့ သံသယ အတွေးနယ်ချဲ့ ပြီး ယောင်္ကျားဖြစ်သူကိုရန်ရှာလာမိတတ်တယ်...အရင်ကဆို ..ရှင်က ဘယ်လို ပါ... အခုတော့ပြောင်းလဲနေပြီ..ဟုတ်မှဟုတ်သေးရဲ့လား..ဘယ် မယားငယ်ဆီ စိတ်ေ၇ာက်နေပါလိမ့် ဆိုပြီးစကားနာစထိုးမိတတ်လာပါရော..။ အဲဒီကစ ပါပြီ... ကိုယ့်လင်သား မည်သို့သော အကြောင်းကြောင့်ပဲ မျက်နှာပျက်ပျက်... တစ်ချိန်ချိန်မှာတော့မျက်နှာကြည် ပါလိမ့်မယ်..အဲဒီတော့မှမေးကြည့်ပါ.. သို့မဟုတ် .. သည်းခံပြီး စောင့်ပါ..။ .. သူ့ဘက်က စဖွင့်ပြောလာသည်အထိပေါ့။။ ယုတ်ဆွဆုံး ....တကယ်လို့သူ့မှာနောက်တစ်ယောက်ရှိနေပါပြီ... သူ့ကိုနားလည်ပေးပါ လို့ ပြောလာ သည်အထိ ပေါ့။ မိမိဘာသာ အပြင်ကသိထားသည်များရှိသည့်တိုင်အောင် သူ့အပြော သူ့ဝန်ခံချက်ကို စိတ်ပူလောင်မှုတွေကြားက ပြင်ဆင်ရင်းစောင့်နေ စေလိုပါတယ်..။ အဲဒါမှ ..သူဖွင့်ပြောလာသည်ရှိသော်.. ကိုယ်ပြန်ပြောရမယ့်စကားများကို သွေးအေးအေးနှင့် သူ့ကိုမိတ်ဆွေကောင်းတစ်ယောက်လို အကြံပေး ဆွေးနွေး နှစ်သိမ့်ပေး နိုင်မှာပါ..။ ဒီလိုမိန်းမမျိုးကို ယောင်္ကျားတိုင်းလေးစားတယ်..တန်ဖိုးလဲထားတယ်.. ဘယ်လိုမှ မတတ်သာလို့လမ်းခွဲကြရရင်တောင် တစ်သက်လုံးမိတ်ဆွေကောင်းတွေအဖြစ်နဲ့ ပက်သက်သွားလို့ရတယ်.. ဒါပေမယ့် မိမိ ဖြေရှင်းမှုအပေါ် မူတည်ပြီးသူတို့ဆုံးဖြတ်ချက်တွေ ပြောင်းလဲသွားနိုင်တယ် ဆိုတာ မမေ့စေချင်ပါဘူး..။

လူဆိုတာ ကိုယ့်ခန္ဒာ ကို ကိုယ်မပိုင်သလို ကိုယ့်စိတ်တောင်မှ ကိုယ်မနိုင်နိုင်အောင် ကြိုးစား နေရသူများပါ..။ တစ်ဖက်သားကို ပိုင်ဆိုင် ချင်တယ်ဆိုတာ တွေးကြည့်ရင်ရယ်စရာကြီးပါ..။ တစ်ဖက်သားရဲ့ စိတ်ကို ချုပ်ကိုင်လွှမ်းမိုးလိုသူတိုင်း ၄င်းတို့စိတ်တွေ သာ ပင်ပန်းဆင်းရဲ ကြစမြဲပါ..။

လက်ထပ်တယ်ဆိုတာ

တစ်ဦးနဲ့တစ်ဦးပိုင်ဆိုင်လိုစိတ်တွေကိုအဆုံးသတ်ပြီး .. လောက ရဲ့ဒုက္ခ..သုခ တွေကို မျှဝေခံစားဖို့ ထွက်တဲ့ခရီးအစ လို့တင်စားချင်တယ်..။ အဲဒီခရီးမှာ ..ဆောင်ရမည်ပစ္စည်းတွေက... ဖေးကူ မယ့်လက်တစ်စုံ..နားထောင်ပေးမယ့်နားတစ်စုံ... နှစ်သိမ့်ပေးမယ့်နှုတ်ခမ်းနှစ်လွာ..အစဉ်အမြဲနွေးထွေးစေ မယ့်မျက်ဝန်းတစ်စုံနဲ့ ကြင်နာတတ် တဲ့နှလုံးသား တစ်ခု အဓိကလိုအပ်တယ်..။ ချန်ထားခဲ့ရမယ့်ပစ္စည်းကတော့သိပ်မများပေမယ့် ချန်ဖို့အရမ်းမေ့လျော့တတ်ကြ တဲ့.... "ငါ " ဆိုတဲ့ အတ္တ ... ပါပဲ ..။

ချစ်သော ညီမလေး များ အတ္တနည်းနည်း လေး ချန်ထားခဲ့ပြီးမှ လက်ထပ် ကြပါနော်... ချစ်ခြင်းမေတ္တာဆိုတာ ကိုယ်ကလိုချင်လေ... ကိုယ်ကပဲပေးဆပ်ရလေ ပါပဲ... အပူအပင်ကင်းသော အိမ်ကလေး တွင် စံရသော အိမ်ကြီးရှင်မ များ ဖြစ်ကြပါစေလို့ ဆုတောင်း ပေးရင် နိဂုံးချုပ်လိုက်ပါတယ် ..။

လေးစားကျေးဇူးတင်လျက်
အိမ်ထောင်ရေး ဗဟုသုတလေးတစ်ခုဖြစ်မယ်ထင်လို့ ပြန်လည်မျှဝေပေးပါသည်။တစ်ကယ်လက်တွေ့ အိမ်ထောင်ပြုတဲ့ အခါကြရင်အသုံးဝင်ချင်းဝင်မှာပါ။ကျေးဇူးပါ။။။။။။။

By Ko Nyo Win

Monday, February 24, 2014

*** ကျောခိုင်းခဲ့ရတဲ့ ကျွန်တော့်ရဲ့ နေ့နေ့ညညတွေ ***


ကျွန်တော်နဲ့သူ အိမ်ထောင်ကျတာ ၁၅ နှစ်ရှိခဲ့ပြီ ။ ကျွန်တော့ သားလေးက အခု ၈ နှစ် တကယ်ကိုချစ်ဖို့ကောင်းတာ။ ဒါပေမဲ့ ခုချိန်မှာ ကျွန်တော် နယ်လေးတစ်နယ်မှာ မိသားစုကို လွမ်းရင်းနဲ့ မိန်းကလေးတစ်ယောက်ကို လုပ်ကျွေးနေရတဲ့ အိမ်ထောင်ရှင်ကြီးတစ်ယောက်ဖြစ်လို့ ။

ကျွန်တော့်ဘ၀မှာ နောင်တတွေ အများကြီးရခဲ့ဖူးပါတယ်။ မိသားစုကြောင့်ရတဲ့ နောင်တကတော့ ကျွန်တော့အတွက် အကြီးဆုံးပါပဲ။ ဒါပေမဲ့ အဲဒီအရာအားလုံးက နောက်ကြောင်းပြန်လှည့်လို့မရအောင် ကို မှားယွင်းခဲ့ပြီးပါပြီ။

ကျွန်တော်ဟာ အရင်က သဘောင်္သားတစ်ဦးပါ ။ ကျွန်တော်နဲ့ ခင်သီက ငယ်ကျွမ်းဆွေတွေပါ ။ ကောလိပ်အတူတူတက်ရင်း မေတ္တာမျှခဲ့ကြပြီး ဘွဲ့တွေကိုယ်စီရပြီးတော့ ကျွန်တော် သဘောင်္တက်ခဲ့ပါတယ်။ နောက်တော့ ကေသီနဲ့ပဲ အိမ်ထောင်ကျရင်း စီးပွားရှာခဲ့ပါတယ်။ ကျွန်တော် သားလေးရတော့ သဘောင်္ဆက်မလိုက်ဖြစ်ပဲ ရန်ကုန်ပြန်လာပြီး ကျန်တဲ့စီးပွားလည်း မလုပ်တတ်တော့ ကွန်ဒိုခန်းတွေဝယ်ပြီး ငှားစား ကျန်တဲ့အချိန်မှာတော့ ကျွန်တော် ကားပွဲစားအလုပ်လုပ်နေခဲ့ပါတယ်။ ကျောင်းတုန်းကသူငယ်ချင်းတွေကလဲ ဒီလုပ်ငန်းတွေလုပ်နေကြတော့ ကျွန်တော်လည်း သူတို့နဲကရောပြီး လုပ်ကိုင်ခဲ့ပါတယ်။ အစပိုင်းမှာကျွန်တော်လည်း မလည်မ၀ယ်နဲ့ သူတို့နဲ့ရောပြီးလုပ်ကိုင်ရင်း ပညာသင်ယူခဲ့ရပါတယ်။ ကားလေးအရောင်းတည့်သွားတိုင်း သူငယ်ချင်းတွေနဲ့ ပွဲလုပ်စားသောက်တာကလည်း အကျင့်ဖြစ်လာပါတယ်။ ညတိုင်းလိုလို ပွဲစားတွေနဲ့ပေါင်းပြီး သူတို့ပွဲလေးလိုက်စားလိုက် ကိုယ့်ပွဲလေးလုပ်လိုက်နဲ့ ညတိုင်းကို အိမ်အပြန်နောက်ကျနေခဲ့ပါတယ်။ ခင်သီကလည်း ကလေးတစ်ယောက်နဲ့ ကျွန်တော့်ကို စိတ်ဝင်းစားလှတယ်မရှိပါဘူး။ ညဆယ်နာရီလောက် ပြန်လာရင်ပဲ သူက အိပ်နေပြီ ။ မနက်ကျွန်တော်အိပ်ယာထရင် သူက ဈေးသွားဝယ်ပြီဆိုတော့ မျက်နှာချင်းမဆုံဖြစ်တာလည်း များပါတယ်။ နေ့လည်ခင်း တစ်ခါတစ်လေ ကျွန်တော်ပြန်လာရင်လည်း ခင်သီက ရှော့ပင်းသွားနေပြီ ။ သားလေးကလည်း ကျောင်းသွားတက်ပြီ ။ ဒီလိုနဲ့ ကျွန်တော် ကားပွဲစားလေးလုပ်ပြီး ဘ၀ကို ဒီလိုဖြတ်သန်းလာလိုက်တာ ငြီးငွေ့စလည်းပြုနေပြီ။

ညတိုင်းသွားနေတဲ့ စင်တင်တေးဂီတရှိတဲ့ စားသောက်ဆိုင်က ကလေးမလေးတွေကလည်း အသက်လေးဆယ်နီးလာပြီဖြစ်တဲ့ ကျွန်တော့်ကို ဗလောင်ဆူစေပါတယ်။ ပြန်လာတိုင်းလည်း အိမ်ထောင်သည်ဘ၀ကို မရတဲ့ကျွန်တော့ရဲ့ညတိုင်း နေ့တိုင်းတွေဟာ ကျွန်တော်ကို အခြေနေတစ်ခုရောက်အောင် ဖန်တီးလို့လာပါတယ်။
အဲဒီနေ့က ကျွန်တော်ကားတစ်စီးနဲ့ မြို့ထဲသွားတုန်း မြို့ထဲလမ်းထဲချိုးအ၀င် လူတစ်ယောက်ကို ပွတ်မိသလို ဖြစ်သွားပါတယ်။ ဆင်းကြည့်လိုက်တော့ ကျွန်တော်တိုက်မိလိုက်တာက ကလေးမလေးတစ်ယောက်ကိုပါ ။ မျက်နှာမော့လာမှာ သေချာကြည့်မိလိုက်တော့ ကျွန်တော်သွားသွားနေတဲ့ စားသောက်ဆိုင် မှာ သီချင်းဆိုတဲ့ ကလေးမလေးပါ ။ အဲဒီနောက်ပိုင်းမှာ ကလေးမလေးကို ဆေးခန်းသွားပြရင်း ကျွန်တော်တို့ ဖုန်းနံပါတ်တွေလဲမိပါတယ်။ အိမ်ပြန်ရောက်တော့ ခင်သီ့ကိုတောင် ကျွန်တော်ပြောမိပါသေးတယ်။ ခင်သီကတော့ ဖါသိဖါသာပါပဲ ။ ကျွန်တော်လည်းစလိုက်ပါသေးတယ် ကလေးမလေးနဲ့ ငြိသွားရင် ဘယ်လိုလုပ်မလဲဆိုတော့ ခင်သီက ရီနေပါတယ်။ သေချာတာကတော့ သူစိတ်ဝင်စားတဲ့ အ၀တ်စားအဆင်တွေလောက် စိတ်မ၀င်စားတာကတော့ အမှန်ပါပဲ။

ဒီကောင်မလေးနဲ့သိလာတော့ ညတိုင်းလိုလိုတော့ အဲဒီဆိုင်ရောက်ပြီ သူဆိုတဲ့အလှည့်ကျရင် ပန်းကုံးစွပ်မိပါတယ်။ သူငယ်ချင်းတွေကလည်း မြောက်ပေးလိုက် ဘီယာမူးမူးနေတဲ့ကျွန်တော့်ရဲ့စိတ်တွေလည်း တစ်ခါတစ်ခါ လွတ်ထွက်မိပါတယ်။ နောက်ပိုင်းမှာ ကလေးမလေးကို လမ်းကြုံဆိုပြီး အဆောင်ပြန်ပြန်ပို့ပေးရင်း ကျွန်တော်တို့တွေ လွတ်ထွတ်ကုန်ကြပါတယ်။

နောက်ပိုင်းမှာ ကားအရောင်းအ၀ယ်တွေကလည်း သိပ်မတည့်တော့ ၀င်ငွေတွေလည်း လျော့လာပါတယ်။ ခင်သီသုံးနေတာကိုကြည့်ပြီး ကျွန်တော်လည်း အပြစ်မြင်လာပါတယ်။ တကယ်ဆို သူတကယ်အိမ်ထောင် ထိန်းသိမ်းမယ်ဆိုရင် ဒီလိုယိုပေါက်အများကြီးမရှိတော့ပါဘူး။ နာနီစရိတ်၊ နိုင်ငံခြားကလာဖွင့်တဲ့ အင်္ဂလိပ်ကျောင်းမှာထားတဲ့စရိတ၊် ကလေးစရိတ်၊ ခင်သီ့ရဲ့ အသုံးစရိတ် ၊ သူ့မိဘတွေမိသားစုတွေအသုံးစရိတ် ၊ နေထိုင်တဲ့ ကွန်ဒိုရဲ့ စရိတ်တွေဟာ တဖြည်းဖြည်းနဲ့ ထောင်းလာပါတယ်။ စီးပွားရေးအဆင်ပြေမှုမရှိလာတဲ့ ကျွန်တော်လည်း တဖြည်းဖြည်းနဲ့ စိတ်လေစပြုပြီး အဲဒီကလေးမလေးဆီကိုပဲသွားပြီး စိတ်အမောဖြေနေပါတော့တယ်။ ပင်လယ်ရေလိုပဲ သောက်လေသောက်လေ ငတ်မပြေဖြစ်နေသလိုပဲ ကျွန်တော် အပိုကုန်ကျမှုလေးတွေလည်း ပိုပိုလာပါတော့တယ်။ ကလေးမလေးကလည်း ကျွန်တော်နဲ့က အသက်၂၀လောက်ကွာသကိုး ။ နွားအိုမြက်နုကြိုက်တယ်ပဲပြောပြော ကျွန်တော်အဲဒီမှာ ကျွန်တော်မရတဲ့ အိမ်ထောင်သည်ဘ၀ကို ရှာနေခဲ့ပါတယ်။
ကလေးမလေးလည်း လိုချင်တတ်မက်မှုဆိုတာရှိတာပေါ့ နေထိုင်ရာ အဆောင်မှာ ဒီလိုမျိုးတွေ လာလာခေါ်နေရင်မကောင်းဘူးဆိုလို့ အိမ်ခန်းတစ်ခန်းငှားပေးရတာရယ်။ ဆက်သွယ်ဖို့ဆိုပြီး ဖုန်းဝယ်ပေးရတာရယ်။ အမျိုးမျိုးခေတ်နဲ့အမှီလိုက်ဖို့ အမျိုးစုံတဲ့ ဟန်းဆက်တွေဝယ်ပေးရတာရယ်။ ဈေးပတ်ဝယ်ရင် စိတ်ကျေနပ်အောင် လိုက်ရှင်းပေးနေရတာရယ်။ အလုပ်ဆက်မလုပ်ပဲ အိမ်ပို့ဖို့ဆိုတဲ့ ပိုက်ဆံတွေပေးပေးနေရတာရယ်ကိုတော့ ကျွန်တော် မမြင်မိပါဘူး ။ ငယ်ဂုဏ်နဲ့ဆိုတော့ ကျွန်တော်ကလည်းမွှန်နေတာကိုး ။
တဖြည်းဖြည်းနဲ့ ထိလာလိုက်တာ ကျွန်တော်မှာ တဖြည်းဖြည်းနဲ့လည်း ချွတ်ခြုံကျနေပါပြီ။ ပိုက်ဆံအသုံးကျပ်လို့ သူမဆီသိပ်မသွားတဲ့အခါ တဂွမ်ဂွမ်နဲ့ ဖုန်းဆက်ပြီးကျွန်တော့်ကိုရစ်ရင်း တစ်နေ့တော့ ခင်သီနဲ့ သွားတိုးမိပါတယ်။ သူမကလည်း ခပ်စွာစွာနဲ့ ခင်သီနဲ့ဖြစ်ကြတာပေါ့။ ကျွန်တော်လည်း ထူပူသွားပါတယ်။ နှစ်ဘက်လုံးရဲ့ ဖိနှိပ်မှုတွေရယ် ကျွန်တော်မှားသွားတဲ့ ခြေလှမ်းတွေအတွက် ကျွန်တော့်အပေါ် ခြိမ်းခြောက်မှုတွေကြားမှာ ကျွန်တော်ပိနေခဲ့ပါတယ်။
ခင်သီရဲ့တွန်းပို့မှုတွေ ချောက်ထဲရောက်နေတဲ့ ကျွန်တော့ကို လက်ဆွဲကူတာမဟုတ်ပဲ ပိုရောက်သွားအောင် အများကြီးတွန်းပို့ခဲ့ပါတယ်။ ကျွန်တော့မှာရွေးချယ်စရာဆိုတာ မရှိတော့ပါဘူး ။ ရှုပ်ထွေးနေတဲ့အကြားမှာ သားလေးမျက်နှာလည်း မမြင်နိုင်တော့ပါဘူး ။

ဟိုကလေးမလေး ပြဿနာမရှာအောင် ချော့မော့ရတာရယ် သူမစိတ်ကျေနပ်အောင် ဖြည့်ဆည်းပေးနေရတာရယ်က ကျွန်တော်မှာ ၀န်တွေပိနေခဲ့ပါတယ်။ ကျွန်တော်တကယ်မှားသွားမှန်းသိပေမဲ့ ဒီလိုချိန်မှာ ကျွန်တော် ခင်သီ့ဆီက လိုချင်တာက ဒီလိုပူလောင်တဲ့ ရန်ပွဲတွေမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ရန်ပွဲတွေမှာ ဘေးမှာမျက်နှာငယ်နဲ့ ထိုင်ငိုနေတဲ့သားလေးမျက်နှာကိုကျွန်တော်ကြည့်ရင်း မျက်ရည်လည်းကျမိပါတယ်။ ဒါပေမဲ့ ကျွန်တော်နောက်ဆုတ်လို့မရတော့ဘူးလေ။ ကောင်မလေးက ကျွန်တော့ကို ခင်သီနဲ့ ကွာရှင်းပြီး သူနဲ့လက်ထပ်ရမယ်ဆိုပြီး မိဘတွေကပါ တောင်းဆိုလာပါတယ်။ ကျွန်တော်ဘာမှပြန်မကွန့်နိုင်တော့ပါဘူး ။
နောက်ဆုံးကျွန်တော်တို့ ကွာရှင်းလိုက်ကြပါတယ်။ နောက်ဆုံးကျန်တဲ့ပိုက်ဆံလေးကိုပိုက်ပြီး ကောင်မလေးရဲ့ နယ်မြို့လိုက်ပြီး သူတို့ကိုလုပ်ကျွေးဖို့ လိုက်ခဲ့ရပါတယ်။ သူတို့တစ်မိသားစုလိုအပ်တာကို လုပ်ကျွေးဖြည့်ဆည်းရင်း တချိန်လုံးနောင်တတွေကို ပိုက်ရင်းတစ်ခါတစ်ခါ ယောကျာ်းကြီးတန်မဲ့ ငိုခဲ့မိပါတယ်။ ခင်သီနဲ့ သားလေးကိုလည်းလွမ်းပေမဲ့ တွေ့ခွင့် စကားပြောခွင့်လည်းမရှိခဲ့ပါဘူး။ ခုချိန်မှာ သူတို့တွေ ဘယ်လိုနေထိုင်စားသောက်နေလဲမသိတဲ့အတွက် ကျွန်တော်မှာ ပူပင်မှုတွေပါ ထပ်လောင်းရောက်ရှိလာတဲ့အတွက် ကျွန်တော်မသာယာခဲ့ပါဘူး။ တစ်နေ့တစ်နေ့ နေပူစပ်ခါးမှာ ကျွန်တော် မလုပ်ဖူးတဲ့အလုပ်တွေလုပ်ရင်း မတူတဲ့ မိသားစုအသိုင်းအ၀ိုင်းရဲ့ အမူအကျင့်တွေရယ် တစ်ခုခုဆိုရင် သတ်မယ်ဖြတ်မယ်ဆိုတဲ့ ကောင်မလေးရဲ့အကိုတွေအကြား ကျွန်တော်ဟာ ပင်ပန်းချိနဲ့နေတဲ့နွားတစ်ကောင်ဖြစ်နေခဲ့ပါတယ်။

ကျွန်တော်အခုချိန်မှာ နောင်တအများကြီးရခဲ့ပါတယ်။ မျက်ရည်တွေကျရင်း တစ်ချိန်က မှားခဲ့တာတွေကို ယူကြုံးမရဖြစ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ သာယာတဲ့မိသားစုဘ၀ကို ကျွန်တော်ကိုယ်တိုင်ဖျတ်ဆီးခဲ့တာပါ။ တကယ်ဆို ကျွန်တော်လိုချင်တဲ့ မိသားစု ဘ၀ အိမ်ထောင်ရှင်ဘ၀ကိုခင်သီနဲ့ ညှိနှိုင်းခဲ့ရမှာ။ ဒါပေမဲ့ ကျွန်တော်ခုမှရလိုက်တဲ့ သင်ခန်းစာက ကျွန်တော်ကို တစ်ဘ၀စာဖူလုံသွားပါပြီ။ အားလုံးရဲ့ မြေစာပင်ဖြစ်ခဲ့ရတဲ့ ချစ်စရာကောင်းတဲ့ သားလေးမျက်နှာကို မြင်ယောင်တိုင်း ကျွန်တော်ပြောမိပါတယ် သားလေးကြီးလာရင် ကျွန်တော့်လိုမမှားပါစေနဲ့လို့။ကျွန်တော်လို အဖေရှိခဲ့တယ်ဆိုတာထက် ကျွန်တော်သေသွားပြီလို့ သားလေးကို လူတွေအကြားပြောစေချင်တယ်။ သားလေး စိတ်နာတာထက် သားလေးသူငယ်ချင်းတွေကြား မင်းမှာ ဒီလိုအဖေရှိတယ်ဆိုတာကြောင့် သားလေး မျက်နှာငယ်တာကိုကျွန်တော်မလိုလားပါဘူး။
ကျွန်တော့ရဲ့ တဒင်္ဂစိတ်မထိန်းချုပ်နိုင်မှုဟာ လူလေးယောက်ရဲ့ဘ၀ကို အဆုံးထိနစ်နာသွားစေပါတယ်။

တကယ်ဆို ခင်သီလည်း အိမ်ထောင်ရှင်သည်မိန်းမတစ်ယောက် ရှိသင့်ရှိထိုက်တဲ့ အရည်ချင်းတွေရှိသင့်တယ်။
ကျွန်တော်ကလည်း ကျွန်တော့်မိသားစုပေါ် သစ္စာရှိသင့်ပါတယ်။ ကျွန်တော်လိုချင်တာကို အပြင်မှာရှာတာထက် ကိုယ့်ဇနီးမယားကို နားလည်မှုတွေနဲ့ ညှိယူသင့်ပါတယ်။ ရလာဒ်ကို မစဉ်းစားပဲလုပ်မိတာတွေအတွက် ကျွန်တော် နေပူထဲမှာ ပင်ပင်ပန်းပန်း နဖူးကချွေးနဲ့အတူ မျက်ရည်တွေရော ရောထွေးလာတဲ့ ပင်ပန်းဆင်းရဲမှုတွေဟာ တခြားမိသားစုအတွက်ဖြစ်လို့ ကျွန်တော်မိသားစုကတော့ အဝေးမှာ ……………………. ။
ဘယ်အရာမဆို မလုပ်ခင်က အရင်ဆုံး ဆိုးကျိုးကိုစဉ်းစားကြဖို့ပဲ တစ်ခွန်းပဲ ကျွန်တော်မှာချင်ပါတယ်။

================================
ချစ်တဲ့ . . . မနုဿ

Friday, February 21, 2014

ဖောက်ပြန်ချင်နေသော ယောက်ကျားများအား ဆုံးမရန်


(မိန်းကလေးတွေ အထူးသဖြင့် အိမ်ထောင်ရှင် အမျိုးသမီးတွေ ဖတ်ကြည့်သင့်ပါတယ်)

မယားငယ် - ဟယ်လို၊ ဦး.... ရဲ့ မိန်းမပါလား

မိန်းမ - ဟုတ်ပါတယ် ဘယ်သူပါလဲ

မယားငယ် - ကျွန်မ သူ့ချစ်သူပါ။ ရှင့်ယောက်ျားကို ကျွန်မ ချစ်မိသွားလို့ရှင့်။ အဲဒါ သူနဲ့လက်ထပ်မလို့။

မိန်းမ - ကောင်းတာပေါ့။ Congratulation ပါ။ ဒါပေမယ့် အဲဒါရှင့်ကိစ္စလေ

မယားငယ် - သူမကွာရှင်းဘဲနဲ့ ကျွန်မက သူနဲ့ ဘယ်လိုလက်ထပ်လို့ရမှာလဲ

မိန်းမ - Sorry. အဲဒါသူ့ကိစ္စပါ

မယားငယ် - သူကရှင့်ကိုတောင် မချစ်တော့တဲ့ဟာ ရှင်မကွာပေးဘူးလား။ ရှင့်နေရာမှာ ကျွန်မသာဆို အစောတည်းက ကွာပေးလိုက်ပီ

မိန်းမ - သြော်ဟုတ်လား။ ကွာတာမကွာတာ ကျွန်မကိစ္စပါ

မယားငယ် - ရှင်ငကြောင်ပဲ

မိန်းမ - သူခိုးကလူဟစ်လို့ရှင်

မယားငယ် - ရှင်မကွာပေးဘဲ နေတော့ရော သိသိကြီးနဲ့ ရှင်ဒီလို နေရတာကောင်းမလားရှင့်

မိန်းမ - ဒါကျွန်မကိစ္စပါ။ ကျွန်မကျေနပ်တယ်။ ဘာဖြစ်လဲ

မယားငယ် - ကျွန်မသူနဲ့ နေ့တိုင်းတွေ့တယ်။ အရမ်းချစ် အရမ်းကို ယုယကြင်နာတာ နေ့တိုင်းပဲ

မိန်းမ - အဲဒါရှင်တို့ကိစ္စလေ။ ကျွန်မကို အစီရင်ခံနေစရာမလိုပါဘူး။ ဒါပေမယ့် ရှင်အစီရင်ခံမှတော့ ကျွန်မက ခွင့်ပြုပေးရမှာပေါ့။ တစ်ခုပဲ သတိပေးလိုက်မယ်။ နောက်ကလေးရှိမှ မီးဖွားစရိတ်မရှိဖြစ်နေအုံးမယ်နော့

မယားငယ် - ကျွန်မတို့မှာ ကလေးမွေးစရာ ပိုက်ဆံမရှိဘူးလို့ ရှင့်ကို ဘယ်သူပြောလဲ။

မိန်းမ - သိတာပေါ့။ ကျွန်မယောက်ျားရဲ့ ပိုက်ဆံတွေအကုန် ကျွန်မကို သူအပ်ရတာလေ။ ရှင့်ကို ပေးတာရှိခဲ့မယ်ဆိုရင်တောင် အဲဒါ ကျွန်မ နှုတ်ဆိတ်ခွင့်ပြုခဲ့တဲ့ ပိုက်ဆံပဲ။ ယောက်ျားတွေဆိုတာ ဒီလိုပဲလေ ထမင်းစားရတာ များတော့လည်း အချို အချဉ်လေး ပြောင်းစားချင်ကြတာပေါ့။ အမှိုက်တွေမှန်း သိပေမယ့်လည်း ကိုယ့်စိတ်ကိုယ် ထိန်းနိုင်ကြတာမဟုတ်ဘူးလေ။ ဒီတော့ ကျွန်မကလည်း သူ့ကို အဲဒီ အမှိုက်စားဖို့ မုန့်ဖိုးလောက်တော့ ပေးရတော့တာပေါ့။ နောက်ပြီး ရှင်ကရော သူရှင်နဲ့ တကယ် ကလေးမွေးချင်ပါတယ်လို့ ရှင်ထင်နေတာလား

မယားငယ် - ကျွန်မမွေးကို မွေးဦးမယ်။ ရှင်ကွာမလား မကွာမလား စောင့်ကြည့်ကြတာပေါ့။

မိန်းမ - မကွာပါဘူး။ ရှင်မွေးပီးတဲ့ အခါမှသာ။ ကျွန်မကို ဖုန်းဆက်လိုက်။ ကျွန်မ တရားရုံးကသူတွေနဲ့ လာခဲ့မယ်။ လင်ခိုးမှုနော်။ ရှင်သုံးခဲ့တဲ့ ပိုက်ဆံတွေ အကုန်ကျွန်မကို ပြန်ပေးရမှာ......ရှင့်ကလေးကို မွေးပီးမှ ကျွေးမွေးစောင့်ရှောက်တဲ့သူမရှိ ဖြစ်မှာမကြောက်ဘူးဆိုရင် မွေးသာမွေး။ အဲဒါ ရှင့်ကိစ္စပဲ

မယားငယ် - ရှင့်ယောက်ျား အခြားမိန်းမနဲ့ အတူတူနေတာကို ရှင်လက်ခံနိုင်လို့လား။

မိန်းမ - လက်ခံနိုင်တာပေါ့။ ပိုက်ဆံမပေးရတဲ့ကြက်က ပိုက်ဆံပေးရတဲ့ကြက်ထက် အများကြီးသက်သာတယ် မဟုတ်လား။ ကျွန်မ ယောက်ျားက အဲလိုချွေတာလိုက်လို့ ပိုထွက်လာတဲ့ ပိုက်ဆံနဲ့ ကျွန်မလည်း ကြက်ကလေး ဘာလေးဝယ်ပေါင်း ပြီး ကိုယ့်ကိုကိုယ် အားဖြည့်လို့ရတာပေါ့

ဒီမှာတင်ပဲ မယားငယ်ဟာ ငိုပြီးဖုန်းချသွားသတဲ့ကွယ်


(This is How You Talk My Sisters )


Credit To Yu Hninn Liu
Jay Ki
Zuri's Beauty Hub

Wednesday, February 19, 2014

သင်အရမ်းချစ်ရတဲ့လူတစ်ယောက် သင့်အပေါ်မှာ ဘယ်လောက်လေးနက်သလဲ


သင်အရမ်းချစ်ရတဲ့လူတစ်ယောက် သင့်အပေါ်မှာ ဘယ်လောက်လေးနက်သလဲ ဘယ်လောက်ချစ်သလဲဆိုတာက
ဒီအတိုင်းကြည့်ရုံနဲ့ မသိနိုင်ပါဘူး...

သူ့ဖြစ်စေချင်သလို ကိုယ့်ဘက်ကမဖြည့်ဆည်းမပေးနိုင်တော့တဲ့အချိန်...
သူနဲ့ကိုယ် ရန်တွေဖြစ်ကြလို့ ကိုယ့်ဘက်ကအလျော့မပေးမိတဲ့အချိန်...
သူနဲ့ကိုယ် အခြေအနေအမျိုးမျိုးကြောင့် ဝေးကွာနေကြချိန်ကျမှပဲ...

သူကိုယ့်အပေါ်ကိုဘယ်လောက်ချစ်သလဲ
သူကိုယ့်ကို ဘယ်လောက်အလေးအနက်ထားသလဲ
ကိုယ်က အရမ်းကောင်းမှ သူကပြန်ကောင်းတာလား

ကိုယ့်အပေါ်ဘယ်လောက်သံယောဇဉ်ကြီးသလဲဆိုတာ
သင့်ကိုသူဘယ်လောက်မစွန့်လွှတ်ပဲတောင့်ခံထားနိုင်သလဲဆိုတာနဲ့
ဆုံးဖြတ်နိုင်ပါတယ်...

တချို့က အရမ်းပိုင်ဆိုင်ချင်ကြပေမဲ့ စိတ်ပျက်စရာကြုံလာတာနဲ့
သင့်ကိုအလွယ်တကူပဲ စွန့်ခွာတတ်ကြသလို...

အချို့ကကျတော့လည်း သင့်ဘက်ကအလျော့ပေးနေသရွေ့တော့
အဆင်ပြေနေပေမဲ့ သင့်ဘက်ကနည်းနည်းလေးအလျော့မပေးလိုက်တာနဲ့ စွန့်ခွာချင်လာသလို...

အချို့က သင့်ထက်သာတဲ့လူတစ်ယောက်နဲ့တွေ့တဲ့အခါမှာ
အလွယ်တကူပဲသင့်အပေါ်အေးစက်သွေးအေးသွားတတ်ကြတယ်လေ...

အချို့ကကျတော့ သင့်ဘက်ကအချိန်ပေးနေသရွေ့တော့ အဆင်ပြေနေပေမဲ့ သင့်ဘက်က ဂရုမစိုက်နိုင်တော့ရင် သင့်ကိုစွန့်ခွာလာချင်တတ်ကြတယ်လေ..

အဲလိုလူတွေနဲ့တွေ့ခဲ့ရင်
သူတို့ဟာသင့်အပေါ်မှာတကယ်မချစ်ခဲ့တဲ့လူတွေဆိုတာ သိနိုင်ပါတယ်...

အဲလိုလူတွေနဲ့ လမ်းခွဲရရင်လဲ
တကယ်ဝမ်းနည်းရမှာက သင်မဟုတ်ပါဘူး....
သင့်ကိုမချစ်တဲ့လူတစ်ယောက်ကို ဆုံးရှုံးရတာထက်
ကိုယ့်အပေါ်အရမ်းကောင်းတဲ့လူတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ သူတို့က ဆုံးရှုံးမှုပိုပြီးများတာပါ..

သင့်ကို တကယ်ချစ်တဲ့လူဆိုတာ
သင်သူ့အပေါ်ဘယ်လောက်ဆိုးဆိုး သူတတ်နိုင်သလောက် သည်းခံပေးသလို သင့်အပေါ်မှာ အပြည့်အ၀နားလည်ပေးတတ်သူပဲဖြစ်ပါတယ်...

တကယ်လို့ အခြေအနေတွေ အကြောင်းဖန်လာလို့
သင့်အပေါ် တကယ်ချစ်ခဲ့တဲ့လူဟာ သင့်ကိုစွန့်လွှတ်ခဲ့ရင်တောင်
အဲဒါ သူ့ဘဝရဲ့အခက်ခဲဆုံး ဆုံးဖြတ်ချက်တခုပဲဖြစ်ခဲ့မှာသေချာပါတယ်...

-----------------------------------------------------

" In the version of 37"
Credits: ကောင်မလေးရဲ့ကောင်ကလေး
posted by: We live in Philosophy

Saturday, February 15, 2014

လှောင်ပြုံးလေးတော့ ပြုံးတတ်လာခဲ့တယ်


အဆင်ပြေရဲ့လား
ဂရုစိုက် မေးမိရင်တောင်မှ
ငါ့ ဂရုစိုက်မှု ကို စိတ်ရှုပ်စရာလို့
နင် ထင် တတ်လာပြီနော်... ... ...

လိုနေချိန်ကျမှ ပြုံးပြနှုတ်ဆက်
မလိုတော့ရင် ငါ့ဘက်ခဏတောင်မငဲ့ပဲ
မသိသလို အိုက်တင်လေးနဲ့
နင် ငါ့အပေါ် ခေါက်ထား တတ်နေပြီနော်... ... ...

ယုံကြည်အောင် ဆင်ခြေအမျိုးမျိုးသုံး
ကွယ်ရာကျ လှောင်ပြောင်လေးပြုံးလို့
နင် ငါ့အပေါ် ဟန်ဆောင် တတ်လာပြီနော်... ... ...

ကောင်းကင်တောင်
အရောင်ပြောင်းတတ်သေးတာပဲ...
နင့်ပြောင်းလဲမှု လေးတွေအတွက်
ငါ နင့်အပေါ် အပြစ်ပြန်မမြင်ရက်ပါ... ... ...

ဒါပေမယ့်...
ဟိုတချိန် တုံးက...
နင် ငါ့စိတ်ကို ချည်နှောင်ခဲ့ဖူးတဲ့စကားလေးတွေ
ခုနေ ငါ ပြန်ပြီး တွေးမိလေတိုင်း... ... ...
ငါ နင့်အတွက် လှောင်ပြုံးလေးတော့ ပြုံးတတ်လာခဲ့တယ်... ... ...


Credit by - အလင်းဖြိုး

Aye Chan Mon# Credit To :အချစ်ရဲ့နိဒန်း အမုန်းရဲ့နိဂုံး> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

*** ကျောခိုင်းခဲ့ရတဲ့ ကျွန်တော့်ရဲ့ နေ့နေ့ညညတွေ ***


ကျွန်တော်နဲ့သူ အိမ်ထောင်ကျတာ ၁၅ နှစ်ရှိခဲ့ပြီ ။ ကျွန်တော့ သားလေးက အခု ၈ နှစ် တကယ်ကိုချစ်ဖို့ကောင်းတာ။ ဒါပေမဲ့ ခုချိန်မှာ ကျွန်တော် နယ်လေးတစ်နယ်မှာ မိသားစုကို လွမ်းရင်းနဲ့ မိန်းကလေး တစ်ယောက်ကို လုပ်ကျွေးနေရတဲ့ အိမ်ထောင်ရှင်ကြီး တစ်ယောက်ဖြစ်လို့ ။

ကျွန်တော့်ဘ၀မှာ နောင်တတွေ အများကြီးရခဲ့ဖူးပါတယ်။ မိသားစုကြောင့်ရတဲ့ နောင်တကတော့ ကျွန်တော့အတွက် အကြီးဆုံးပါပဲ။ ဒါပေမဲ့ အဲဒီအရာအားလုံးက နောက်ကြောင်း ပြန်လှည့်လို့ မရအောင် ကို မှားယွင်းခဲ့ပြီးပါပြီ။

ကျွန်တော်ဟာ အရင်က သဘောင်္သားတစ်ဦးပါ ။ ကျွန်တော်နဲ့ ခင်သီက ငယ်ကျွမ်းဆွေတွေပါ ။ ကောလိပ်အတူတူတက်ရင်း မေတ္တာမျှခဲ့ကြပြီး ဘွဲ့တွေကိုယ်စီရပြီးတော့ ကျွန်တော် သဘောင်္တက်ခဲ့ပါတယ်။ နောက်တော့ ကေသီနဲ့ပဲ အိမ်ထောင်ကျရင်း စီးပွားရှာခဲ့ပါတယ်။ ကျွန်တော် သားလေးရတော့ သဘောင်္ဆက်မလိုက်ဖြစ်ပဲ ရန်ကုန်ပြန်လာပြီး ကျန်တဲ့စီးပွားလည်း မလုပ်တတ်တော့ ကွန်ဒိုခန်းတွေဝယ်ပြီး ငှားစား ကျန်တဲ့အချိန်မှာတော့ ကျွန်တော် ကားပွဲစားအလုပ်လုပ်နေခဲ့ပါတယ်။ ကျောင်းတုန်းက သူငယ်ချင်းတွေကလဲ ဒီလုပ်ငန်းတွေလုပ်နေကြတော့ ကျွန်တော်လည်း သူတို့နဲကရောပြီး လုပ်ကိုင်ခဲ့ပါတယ်။ အစပိုင်းမှာကျွန်တော်လည်း မလည်မ၀ယ်နဲ့ သူတို့နဲ့ရောပြီးလုပ်ကိုင်ရင်း ပညာသင်ယူခဲ့ရပါတယ်။ ကားလေးအရောင်းတည့်သွားတိုင်း သူငယ်ချင်းတွေနဲ့ ပွဲလုပ်စားသောက်တာကလည်း အကျင့်ဖြစ်လာပါတယ်။ ညတိုင်းလိုလို ပွဲစားတွေနဲ့ပေါင်းပြီး သူတို့ပွဲလေးလိုက်စားလိုက် ကိုယ့်ပွဲလေးလုပ်လိုက်နဲ့ ညတိုင်းကို အိမ်အပြန်နောက်ကျနေခဲ့ပါတယ်။ ခင်သီကလည်း ကလေးတစ်ယောက်နဲ့ ကျွန်တော့်ကို စိတ်ဝင်းစားလှတယ်မရှိပါဘူး။ ညဆယ်နာရီလောက် ပြန်လာရင်ပဲ သူက အိပ်နေပြီ ။ မနက်ကျွန်တော်အိပ်ယာထရင် သူက ဈေးသွားဝယ်ပြီ ဆိုတော့ မျက်နှာချင်းမဆုံဖြစ်တာလည်း များပါတယ်။ နေ့လည်ခင်း တစ်ခါတစ်လေ ကျွန်တော်ပြန်လာရင်လည်း ခင်သီက ရှော့ပင်းသွားနေပြီ ။ သားလေးကလည်း ကျောင်းသွားတက်ပြီ ။ ဒီလိုနဲ့ ကျွန်တော် ကားပွဲစားလေးလုပ်ပြီး ဘ၀ကို ဒီလိုဖြတ်သန်းလာလိုက်တာ ငြီးငွေ့စလည်းပြုနေပြီ။

ညတိုင်းသွားနေတဲ့ စင်တင်တေးဂီတရှိတဲ့ စားသောက်ဆိုင်က ကလေးမလေးတွေကလည်း အသက်လေးဆယ်နီးလာပြီဖြစ်တဲ့ ကျွန်တော့်ကို ဗလောင်ဆူစေပါတယ်။ ပြန်လာတိုင်းလည်း အိမ်ထောင်သည်ဘ၀ကို မရတဲ့ကျွန်တော့ရဲ့ညတိုင်း နေ့တိုင်းတွေဟာ ကျွန်တော်ကို အခြေနေတစ်ခုရောက်အောင် ဖန်တီးလို့လာပါတယ်။
အဲဒီနေ့က ကျွန်တော်ကားတစ်စီးနဲ့ မြို့ထဲသွားတုန်း မြို့ထဲလမ်းထဲချိုးအ၀င် လူတစ်ယောက်ကို ပွတ်မိသလို ဖြစ်သွားပါတယ်။ ဆင်းကြည့်လိုက်တော့ ကျွန်တော်တိုက်မိလိုက်တာက ကလေးမလေးတစ်ယောက်ကိုပါ ။ မျက်နှာမော့လာမှာ သေချာကြည့်မိလိုက်တော့ ကျွန်တော်သွားသွားနေတဲ့ စားသောက်ဆိုင် မှာ သီချင်းဆိုတဲ့ ကလေးမလေးပါ ။ အဲဒီနောက်ပိုင်းမှာ ကလေးမလေးကို ဆေးခန်းသွားပြရင်း ကျွန်တော်တို့ ဖုန်းနံပါတ်တွေလဲမိပါတယ်။ အိမ်ပြန်ရောက်တော့ ခင်သီ့ကိုတောင် ကျွန်တော်ပြောမိပါသေးတယ်။ ခင်သီကတော့ ဖါသိဖါသာပါပဲ ။ ကျွန်တော်လည်းစလိုက်ပါသေးတယ် ကလေးမလေးနဲ့ ငြိသွားရင် ဘယ်လိုလုပ်မလဲဆိုတော့ ခင်သီက ရီနေပါတယ်။ သေချာတာကတော့ သူစိတ်ဝင်စားတဲ့ အ၀တ်စားအဆင်တွေလောက် စိတ်မ၀င်စားတာကတော့ အမှန်ပါပဲ။

ဒီကောင်မလေးနဲ့သိလာတော့ ညတိုင်းလိုလိုတော့ အဲဒီဆိုင်ရောက်ပြီ သူဆိုတဲ့အလှည့်ကျရင် ပန်းကုံးစွပ်မိပါတယ်။ သူငယ်ချင်းတွေကလည်း မြောက်ပေးလိုက် ဘီယာမူးမူးနေတဲ့ကျွန်တော့်ရဲ့စိတ်တွေလည်း တစ်ခါတစ်ခါ လွတ်ထွက်မိပါတယ်။ နောက်ပိုင်းမှာ ကလေးမလေးကို လမ်းကြုံဆိုပြီး အဆောင်ပြန်ပြန်ပို့ပေးရင်း ကျွန်တော်တို့တွေ လွတ်ထွတ်ကုန်ကြပါတယ်။

နောက်ပိုင်းမှာ ကားအရောင်းအ၀ယ်တွေကလည်း သိပ်မတည့်တော့ ၀င်ငွေတွေလည်း လျော့လာပါတယ်။ ခင်သီသုံးနေတာကိုကြည့်ပြီး ကျွန်တော်လည်း အပြစ်မြင်လာပါတယ်။ တကယ်ဆို သူတကယ်အိမ်ထောင် ထိန်းသိမ်းမယ်ဆိုရင် ဒီလိုယိုပေါက်အများကြီးမရှိတော့ပါဘူး။ နာနီစရိတ်၊ နိုင်ငံခြားကလာဖွင့်တဲ့ အင်္ဂလိပ်ကျောင်းမှာထားတဲ့စရိတ၊် ကလေးစရိတ်၊ ခင်သီ့ရဲ့ အသုံးစရိတ် ၊ သူ့မိဘတွေမိသားစုတွေအသုံးစရိတ် ၊ နေထိုင်တဲ့ ကွန်ဒိုရဲ့ စရိတ်တွေဟာ တဖြည်းဖြည်းနဲ့ ထောင်းလာပါတယ်။ စီးပွားရေးအဆင်ပြေမှုမရှိလာတဲ့ ကျွန်တော်လည်း တဖြည်းဖြည်းနဲ့ စိတ်လေစပြုပြီး အဲဒီကလေးမလေးဆီကိုပဲသွားပြီး စိတ်အမောဖြေနေပါတော့တယ်။ ပင်လယ်ရေလိုပဲ သောက်လေသောက်လေ ငတ်မပြေဖြစ်နေသလိုပဲ ကျွန်တော် အပိုကုန်ကျမှုလေးတွေလည်း ပိုပိုလာပါတော့တယ်။ ကလေးမလေးကလည်း ကျွန်တော်နဲ့က အသက်၂၀လောက်ကွာသကိုး ။ နွားအိုမြက်နုကြိုက်တယ်ပဲပြောပြော ကျွန်တော်အဲဒီမှာ ကျွန်တော်မရတဲ့ အိမ်ထောင်သည်ဘ၀ကို ရှာနေခဲ့ပါတယ်။
ကလေးမလေးလည်း လိုချင်တတ်မက်မှုဆိုတာရှိတာပေါ့ နေထိုင်ရာ အဆောင်မှာ ဒီလိုမျိုးတွေ လာလာခေါ်နေရင်မကောင်းဘူးဆိုလို့ အိမ်ခန်းတစ်ခန်းငှားပေးရတာရယ်။ ဆက်သွယ်ဖို့ဆိုပြီး ဖုန်းဝယ်ပေးရတာရယ်။ အမျိုးမျိုးခေတ်နဲ့အမှီလိုက်ဖို့ အမျိုးစုံတဲ့ ဟန်းဆက်တွေဝယ်ပေးရတာရယ်။ ဈေးပတ်ဝယ်ရင် စိတ်ကျေနပ်အောင် လိုက်ရှင်းပေးနေရတာရယ်။ အလုပ်ဆက်မလုပ်ပဲ အိမ်ပို့ဖို့ဆိုတဲ့ ပိုက်ဆံတွေပေးပေးနေရတာရယ်ကိုတော့ ကျွန်တော် မမြင်မိပါဘူး ။ ငယ်ဂုဏ်နဲ့ဆိုတော့ ကျွန်တော်ကလည်းမွှန်နေတာကိုး ။
တဖြည်းဖြည်းနဲ့ ထိလာလိုက်တာ ကျွန်တော်မှာ တဖြည်းဖြည်းနဲ့လည်း ချွတ်ခြုံကျနေပါပြီ။ ပိုက်ဆံအသုံးကျပ်လို့ သူမဆီသိပ်မသွားတဲ့အခါ တဂွမ်ဂွမ်နဲ့ ဖုန်းဆက်ပြီးကျွန်တော့်ကိုရစ်ရင်း တစ်နေ့တော့ ခင်သီနဲ့ သွားတိုးမိပါတယ်။ သူမကလည်း ခပ်စွာစွာနဲ့ ခင်သီနဲ့ဖြစ်ကြတာပေါ့။ ကျွန်တော်လည်း ထူပူသွားပါတယ်။ နှစ်ဘက်လုံးရဲ့ ဖိနှိပ်မှုတွေရယ် ကျွန်တော်မှားသွားတဲ့ ခြေလှမ်းတွေအတွက် ကျွန်တော့်အပေါ် ခြိမ်းခြောက်မှုတွေကြားမှာ ကျွန်တော်ပိနေခဲ့ပါတယ်။
ခင်သီရဲ့တွန်းပို့မှုတွေ ချောက်ထဲရောက်နေတဲ့ ကျွန်တော့ကို လက်ဆွဲကူတာမဟုတ်ပဲ ပိုရောက်သွားအောင် အများကြီးတွန်းပို့ခဲ့ပါတယ်။ ကျွန်တော့မှာရွေးချယ်စရာဆိုတာ မရှိတော့ပါဘူး ။ ရှုပ်ထွေးနေတဲ့အကြားမှာ သားလေးမျက်နှာလည်း မမြင်နိုင်တော့ပါဘူး ။

ဟိုကလေးမလေး ပြဿနာမရှာအောင် ချော့မော့ရတာရယ် သူမစိတ်ကျေနပ်အောင် ဖြည့်ဆည်းပေးနေရတာရယ်က ကျွန်တော်မှာ ၀န်တွေပိနေခဲ့ပါတယ်။ ကျွန်တော်တကယ်မှားသွားမှန်းသိပေမဲ့ ဒီလိုချိန်မှာ ကျွန်တော် ခင်သီ့ဆီက လိုချင်တာက ဒီလိုပူလောင်တဲ့ ရန်ပွဲတွေမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ရန်ပွဲတွေမှာ ဘေးမှာမျက်နှာငယ်နဲ့ ထိုင်ငိုနေတဲ့သားလေးမျက်နှာကိုကျွန်တော်ကြည့်ရင်း မျက်ရည်လည်းကျမိပါတယ်။ ဒါပေမဲ့ ကျွန်တော်နောက်ဆုတ်လို့မရတော့ဘူးလေ။ ကောင်မလေးက ကျွန်တော့ကို ခင်သီနဲ့ ကွာရှင်းပြီး သူနဲ့လက်ထပ်ရမယ်ဆိုပြီး မိဘတွေကပါ တောင်းဆိုလာပါတယ်။ ကျွန်တော်ဘာမှပြန်မကွန့်နိုင်တော့ပါဘူး ။
နောက်ဆုံးကျွန်တော်တို့ ကွာရှင်းလိုက်ကြပါတယ်။ နောက်ဆုံးကျန်တဲ့ပိုက်ဆံလေးကိုပိုက်ပြီး ကောင်မလေးရဲ့ နယ်မြို့လိုက်ပြီး သူတို့ကိုလုပ်ကျွေးဖို့ လိုက်ခဲ့ရပါတယ်။ သူတို့တစ်မိသားစုလိုအပ်တာကို လုပ်ကျွေးဖြည့်ဆည်းရင်း တချိန်လုံးနောင်တတွေကို ပိုက်ရင်းတစ်ခါတစ်ခါ ယောကျာ်းကြီးတန်မဲ့ ငိုခဲ့မိပါတယ်။ ခင်သီနဲ့ သားလေးကိုလည်းလွမ်းပေမဲ့ တွေ့ခွင့် စကားပြောခွင့်လည်းမရှိခဲ့ပါဘူး။ ခုချိန်မှာ သူတို့တွေ ဘယ်လိုနေထိုင်စားသောက်နေလဲမသိတဲ့အတွက် ကျွန်တော်မှာ ပူပင်မှုတွေပါ ထပ်လောင်းရောက်ရှိလာတဲ့အတွက် ကျွန်တော်မသာယာခဲ့ပါဘူး။ တစ်နေ့တစ်နေ့ နေပူစပ်ခါးမှာ ကျွန်တော် မလုပ်ဖူးတဲ့အလုပ်တွေလုပ်ရင်း မတူတဲ့ မိသားစုအသိုင်းအ၀ိုင်းရဲ့ အမူအကျင့်တွေရယ် တစ်ခုခုဆိုရင် သတ်မယ်ဖြတ်မယ်ဆိုတဲ့ ကောင်မလေးရဲ့အကိုတွေအကြား ကျွန်တော်ဟာ ပင်ပန်းချိနဲ့နေတဲ့နွားတစ်ကောင်ဖြစ်နေခဲ့ပါတယ်။

ကျွန်တော်အခုချိန်မှာ နောင်တအများကြီးရခဲ့ပါတယ်။ မျက်ရည်တွေကျရင်း တစ်ချိန်က မှားခဲ့တာတွေကို ယူကြုံးမရဖြစ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ သာယာတဲ့မိသားစုဘ၀ကို ကျွန်တော်ကိုယ်တိုင်ဖျတ်ဆီးခဲ့တာပါ။ တကယ်ဆို ကျွန်တော်လိုချင်တဲ့ မိသားစု ဘ၀ အိမ်ထောင်ရှင်ဘ၀ကိုခင်သီနဲ့ ညှိနှိုင်းခဲ့ရမှာ။ ဒါပေမဲ့ ကျွန်တော်ခုမှရလိုက်တဲ့ သင်ခန်းစာက ကျွန်တော်ကို တစ်ဘ၀စာဖူလုံသွားပါပြီ။ အားလုံးရဲ့ မြေစာပင်ဖြစ်ခဲ့ရတဲ့ ချစ်စရာကောင်းတဲ့ သားလေးမျက်နှာကို မြင်ယောင်တိုင်း ကျွန်တော်ပြောမိပါတယ် သားလေးကြီးလာရင် ကျွန်တော့်လိုမမှားပါစေနဲ့လို့။ ကျွန်တော်လို အဖေရှိခဲ့တယ်ဆိုတာထက် ကျွန်တော်သေသွားပြီလို့ သားလေးကို လူတွေအကြားပြောစေချင်တယ်။ သားလေး စိတ်နာတာထက် သားလေးသူငယ်ချင်းတွေကြား မင်းမှာ ဒီလိုအဖေရှိတယ်ဆိုတာကြောင့် သားလေး မျက်နှာငယ်တာကိုကျွန်တော်မလိုလားပါဘူး။
ကျွန်တော့ရဲ့ တဒင်္ဂစိတ်မထိန်းချုပ်နိုင်မှုဟာ လူလေးယောက်ရဲ့ဘ၀ကို အဆုံးထိနစ်နာသွားစေပါတယ်။

တကယ်ဆို ခင်သီလည်း အိမ်ထောင်ရှင်သည်မိန်းမတစ်ယောက် ရှိသင့်ရှိထိုက်တဲ့ အရည်ချင်းတွေရှိသင့်တယ်။
ကျွန်တော်ကလည်း ကျွန်တော့်မိသားစုပေါ် သစ္စာရှိသင့်ပါတယ်။ ကျွန်တော်လိုချင်တာကို အပြင်မှာရှာတာထက် ကိုယ့်ဇနီးမယားကို နားလည်မှုတွေနဲ့ ညှိယူသင့်ပါတယ်။ ရလာဒ်ကို မစဉ်းစားပဲလုပ်မိတာတွေအတွက် ကျွန်တော် နေပူထဲမှာ ပင်ပင်ပန်းပန်း နဖူးကချွေးနဲ့အတူ မျက်ရည်တွေရော ရောထွေးလာတဲ့ ပင်ပန်းဆင်းရဲမှုတွေဟာ တခြားမိသားစုအတွက်ဖြစ်လို့ ကျွန်တော်မိသားစုကတော့ အဝေးမှာ ……………………. ။
ဘယ်အရာမဆို မလုပ်ခင်က အရင်ဆုံး ဆိုးကျိုးကိုစဉ်းစားကြဖို့ပဲ တစ်ခွန်းပဲ ကျွန်တော်မှာချင်ပါတယ်။


=====================
ချစ်တဲ့ . . . မနုဿ

Friday, February 14, 2014

မမုန်းခင် ချစ်ခြင်းတွေနဲ့ လမ်းခွဲခွင့်ပြုပါ မောင်


ကြေးမှုံပြင်တစ်ချပ်ပေါ်က ပုံရိပ်တစ်ခုကို မမှိတ်မသုံ စိုက်ကြည့်နေမိသည် ။ မှန်ထဲတွင် မြင်နေရသူ နှင့် အပြင်ကကြည့်နေသူတို့သည် တစ်ယောက်ထဲဆိုတာ ဟုတ်ပါရဲ့လား ။မြင်နေရတဲ့ ပုံရိပ်လွာကို ကျေနပ်ကြည်နူးခြင်းတွေနဲ့ အတူ လွမ်းမောခြင်းတွေကပါ ကပ်ငြိပါလာခဲ့လေသည် ။
လွမ်းမောခြင်းကို သက်သေတည်စေမည့် အလွမ်းမျက်ရည်တွေ ပြည့်နှက်နေတဲ့ မျက်ဝန်းတစ်စုံကို မှိတ်ချလိုက်သည့် အချိန်မှာ ဘာကြောင့်မှန်းမသိတဲ့ မျက်ရည်စက်တွေ ကျွန်မပါးပြင်ပေါ်ကို အတားစီးမဲ့စွာ ပြိုဆင်းလာပါတော့သည်။ လွန်ခဲ့သော ခြောက်လခန့်က သိပ်ကိုစိတ်ပျက်ဖို့ကောင်းတဲ့ ၀၀ဖိုင်ဖိုင် ခန္ဓာကိုယ် တစ်ခုကို မလိုချင်ဘဲ ပိုင်ဆိုင်ခဲ့ရဘူးပါသည် ။ လူတကာ ပါးစပ်ဖျားက ထွက်ကျလာတဲ့ * ၀လိုက်တာနော် * ဆိုတဲ့စကားသံတွေကို မကြားချင်ဘဲ မကြာခဏ ကြားခဲ့ရသည် ။ လှလှပပ အ၀တ်စားလေးတွေကို တွေ့တိုင်း ကိုင်ကြည့်ယုံနဲ့ ကျေနပ်နေခဲ့ရဘူးသည် ။

သိပ်ချစ်ပါတယ်လို့ ပြောခဲ့သူ ခင်ပွန်းသည်ရဲ့ပွဲမထုတ်ချင်သလို ဆက်ဆံရေးတွေကို အချိန်အတော်ကြာ ရင်ဆိုင်ခဲ့ရလေသည် ။ သိပ်ချစ်လို့ လက်ထပ်ခဲ့ကြသူတွေ ဖြစ်ပါရဲ့နဲ့ လင်တော်မောင်ရဲ့ ဆိုက်ကယ် နောက်တော်ပါးဆီမှာ လိုက်ခွင့်မရခဲ့သည်မှာလည်း ကြာခဲ့ပါပြီ ။ အိမ်ထောင်ကြပြီး သုံးလခန့်အကြာကတည်းက မထင်မှတ်လောက်အောင် ၀လာလိုက်တာ ပေါင်100 ကနေ ထိုးတက်လို့ 195ပေါင်တိတိ ဖြစ်လာတဲ့ မိမိပုံစံ ကို မှန်ထဲတောင် မမြင်ချင်မိလောက်အောင် စိတ်ပျက်ခဲ့ရသည် ။ လှချင်တဲ့ စိတ်ရှိပေမယ့် ဆန္ဒပြင်းပြစွာ ပိန်ချင်တာမျိုးတော့ မရှိခဲ့မိပြန်ဘူး ။လင်တော်မောင် အပြင်သွားလို့ မခေါ်တိုင်းလည်း သူပေးတတ်တဲ့ အကြောင်းပြချက်တွေကို ယုံယုံကြည်ကြည် လက်ခံနေခဲ့မိသည် ။ ဒီလို မိန်းတစ်ယောက် ပုံစံ နဲ့နေလာလိုက်တာ ပတ်ဝန်းကျင်အလည်မှာ ပုံဆိုးပန်းဆိုး ၀တုတ်မကြီးဘ၀ကို ရောက်မှန်းမသိကို ရောက်လို့လာခဲ့ရတာပေါ့ ။

မိန်းမတစ်ယောက်ရဲ့ အိမ်တွင်းမှု့နိုင်နင်းခြင်း ၊ သန့်ရှင်းသပ်ရပ် စမတ်ကျခြင်း ဆိုတဲ့အချက်တွေဟာ
အိမ်ထောင်တစ်ခုအတွက် အရေးပါတယ်ဆိုတာကိုလည်း မေ့လျော့နေခဲ့မိပြန်သည် ။ ဒီအချက်လက်တွေဟာ

ယောကျာင်္းတစ်ယောက်ကို ကောင်းကောင်းကြိုးကိုင်နိုင်ဆိုတဲ့ အချက်တွေကိုလည်း သတိမမူခဲ့ပါဘူး ။
စားချင်တာတွေ စားလိုက် အိပ်လိုက် နေလာလိုက်တာ မောင် နဲ့ ကျွန်မ ဝေးမှန်းမသိဝေးကွာ လာတယ်ဆိုတာကို သိလိုက်ရတဲ့အချိန်မှာတော့ သိပ်ကိုနောက်ကျနေခဲ့ပါပြီ။ မိုးလင်းကနေ မိုးချုပ်တိုင် အိမ်မှာအနေများသူကျွန်မ နဲ့ အပြင်ကို မကြာခဏထွက်ရတဲ့ မောင်။ မောင် နောက်ကို တခါတရံမှာ ကျွန်မလိုက်ချင်ပေမယ့် အကြောင်းပြချက်ပေါင်းများစွာနဲ့ ဖယ်ရှောင်တတ်သူကို အပြစ်ရယ်လို့လည်း မတွေးခဲ့မိပါဘူး ။ တစ်နေ့မှာတော့ မေမေတို့နဲ့ တူတူ ကျွန်မတို့
လင်မယားနှစ်ယောက်လုံး ရန်ကုန်ကို လိုက်လာခဲ့ကြသည် ။ ရန်ကုန်ရောက်တော့ နေ၀င်ဆည်းတာချိန် ဖြစ်နေပါပြီ ။ ကျွန်မတို့ နေတာက တရုတ်တန်းနားမှာမို့ ညဘက်ဆို အရမ်းစည်ပါသည် ။ ရေချိုး အ၀တ်စားလဲပြီးချိန်လောက်မှာ

*မိန်းမရေ မောင် အောက်ဆင်းပြီး ၀က်သားတုတ်ထိုး ဆင်းစားအုံးမယ်*

*ကျွန်မလဲ လိုက်ချင်တယ် မောင်*

*အာနေခဲ့ပါကွာ ။ ပြီးမှ ကိုယ်ဘာကို ဆင်းစားပါကွာ ။ သွားပြီ *

ပြောလဲပြော သွားလဲသွားပါပဲ။ ထုံးစံအတိုင်း အစဉ်လာမပျက် ကျွန်မကတော့ ကျန်နေမြဲပေါ့ ။ မောင် ထွက်သွားတဲ့နောက်ကျောကို ငေးမောရင် သက်ပြင်းတွေကိုတာ အခါခါ ချမိလိုက်ပါတော့သည်။

*အောင်မလေးနော် ..မပြောချင်လို့ ကြည့်နေတာ ကြာပြီ။ လူးပါးဝလွန်းတယ်။ ငါသမီးကိုများ မစားကောင်းတဲ့ အသီးလိုဘဲ ။ မိတွေ ငုတ်တုတ်ရှိနေတာတောင် ဆက်ဆံပုံက အချိုးမပြေဘူး *

ရုတ်တရက်နောက်မှ ပေါ်လာသော မေမေ အသံကိုကြားလိုက်ရလေသည် ။

မေမေကို လှည့်ကြည့်ရင်း နှစ်သိမ့်အပြုံးတစ်ပွင့်ကိုသာ ချွေချလိုက်မိပါသည်။

* ပြုံးနေနိုင်သေးတယ် ငါ့သမီးလေးရယ် ။ သမီးလေး အိမ်ထောင်ကျထဲက အရင်ပုံစံလေးကို ပြန်တောင် အစကောက် လို့မရတော့ပါလားကွယ် ။ သမီးယောကျာင်္း ကိုလည်း မျက်စိထဲ တော်တော်လေးကို ထောက်မတွေ့တော့ဘူး ။ မိဘတွေရှေ့တောင် ဒီလိုဆက်ဆံနေတာ မေမေရင်ထဲ မချိဘူး ။ သမီး ပိန်အောင်လုပ်စမ်းအေ ။ လှချင်တဲ့ စိတ်နည်းနည်းလေးတောင် မရှိဘူးလား *

*သြော် ! လှချင်တာပေါ့ မေမေရယ် ။ ဘယ်သူက ခိုလို ပုံးဆိုးပန်းဆိုးဖြစ်ချင်မှာလည်း*

*ခက်ပါတယ်အေ ။ ယောကျာင်္းဆိုတဲ့အမျိုးကလည်း လူတိုင်းနီးပါး အလှမက်ကြတယ် ။ မလှရင်တောင် သေသေသပ်သပ်လေး ရှိစေချင်ကြတာ သမီး ။ ငါတော့ ညဉ်းတို့ လင်မယားကို ကြည့်ပြီး ရင်မောပါတယ်အေ *

မေမေက ပြောပြောဆိုဆို အခန်းထဲကို ထထွက်သွားလေတော့သည်။ မေမေတို့လည်း ကျွန်မအတွက် တော်တော်လေး စိတ်ဆင်းရဲနေကြရပါသည် ။ ကျွန်မ ပိန်ဖို့ အတွက်ဆိုလည်း ကုန်လိုက်တဲ့ ပိုက်ဆံတွေ မနည်းတော့ပါဘူး ။ ဘယ်လိုဘဲ လုပ်လုပ် ကျွန်မကတော့ ၀မြဲဝနေတော့တာပါပဲ ။

******************************

ဝနေတဲ့ ခန္ဓာကိုယ် အတွက်နောင်တရ ရကောင်းမှန်းလဲ မသိခဲ့ဘူး။ ဒီလိုနဲ့ အေးစက်စက် ဖြစ်မှန်းမသိ ဖြစ်လာတဲ့ ကျွန်မတို့ အိမ်ထောင်ရေးကို အက်ကြောင်းထင်စေခဲ့တဲ့ နေ့လေးတစ်နေ့ကို ရောက်ရှိလာခဲ့ပါသည် ။ ညကအေးစက်သော လေပြေလေညင်းလေးတွေကို သယ်ဆောင်လာကြပေမယ့် ကျွန်မရင်ထဲထိရောက်အောင် အေးမြခြင်းတွေက မပေးစွမ်းနိုင်ပါဘူး ။ ခုချိန်ထိ မောင်ပြန်မလာသေးဘူး ။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတစ်ခု မဖြစ်မနေ ထားသင့်တယ် မဟုတ်ဘူးလားမောင်ရယ် ။ တစ်ယောက်ထဲနေရတဲ့ အချိန်တွေ များလာတော့ ကျွန်မရင်ထဲ တိတ်တစ်ဆိတ်မျှော်လင့်နေခဲ့မိတဲ့ မောင်ရဲ့ ဂရုစိုက်ခြင်းတွေကို တောင်းတမိတဲ့ ဆန္ဒလေးက အားကြီးလာခဲ့တယ်မောင် ။ ကျွန်မမောင်ကို အမြဲနားလည်ပေးခဲ့သည် ။ မောင် ထားတဲ့ မောင်နဲ့ ဝေးမှန်းမသိ ဝေးနေတဲ့ နေရာလေးတစ်ခုမှာ ကျွန်မနေပေးခဲ့ပါသည် ။ ဒါတွေကို အသိမှတ်ပြုဖို့တောင် မောင်ကသတိမရခဲ့သူ ။ ဒီည မောင်ပြန်လာရင်တော့ ကျွန်မတို့ ဆွေးနွေးမှ ဖြစ်တော့မည် ။ အတွေးတွေနဲ့ လွမ်းမောနေတဲ့ ကျွန်မအာရုံတွေကို မောင်ဆိုက်ကယ်သံက ထိုးဖောက်ဝင်ရောက်ချိန်မှာ ကျင့်သားရနေတဲ့ ခြေထောက်တွေက မောင်ကိုကြိုဆိုဖို့ စတင်လှုပ်ရှားနေပါပြီ။ မောင်က ကျွန်မကိုတွေ့တာ နဲ့ တာဝန်ကျေ အသက်မပါတဲ့ အပြုံးတစ်ခုကို တန်ဆာဆင်ပြုံးပြဧ။် ။ အခန်းထဲရောက်တာနဲ့ ရေချိုး အ၀တ်စားလဲ ကာ အိပ်ယာပေါ်လဲချလိုက်တဲ့ မောင်ကို ကျွန်မ ပြန်ထိုင်စေရန် ထူလိုက်ပါသည် ။

*ဘာလုပ်တာလဲ ……..အိပ်တော့မယ်လေကွာ*

*ကျွန်မ မောင်နဲ့ စကားပြောစရာတွေ ရှိနေတယ်မောင်*

*စကားပြောချင်တာဘဲကွာ ဒီတိုင်းပြောလဲ ရနေတာကို*

*မောင်ရယ် ရှင် ကျွန်မကို အချိန်မပေးတာ တော်တော်ကို ကြာခဲ့ပါပြီ။ ခုပြောမှာတွေကိုတော့ အချိန်ပေး နားထောင်စေချင်လို့ပါ *

*ကဲ ဘာတွေပြောချင်နေလဲ ။ ပြောပြော*

* မောင် ကျွန်မကို ဥပက္ခပြုတာတွေ အရမ်းများလာပြီ ။ ကျွန်မသည်းခံခဲ့ပါတယ် ။ ခုတော့ ကျွန်မ သူငယ်ချင်းတွေ ၊ မိဘအသိုင်းဝိုင်း ၊ ပတ်ဝန်းကျင်တစ်ခုလုံးကပါ ပြောကုန်ကြပြီမောင် *

*ဟာကွာ ! လူတွေ အားအားယားယား အတင်းပြောနေတာတွေကို မင်းမို့ ခေါင်းထဲလိုက်ထည့်နေတယ် ။ခက်လိုက်တာ*

*သူတို့ပြောတာ မလွန်ဘူးမောင် ။ ကျွန်မက မောင်ကို ချစ်တဲ့စိတ်တစ်ခုနဲ့ မောင် ပေးတဲ့ဆင်ခြင်တွေကို မျက်စိမှိတ်ယုံနေခဲ့ပေးတာပါ ။ ဒါပေမယ့် မောင်ရယ် ခုတော့ မောင် နဲ့ ကျွန်မက ဝေးမှန်းမသိ ဝေးနေရပြီမောင် ။ တအိမ်ထဲနေပြီး အဝေးကြီးဝေးနေတယ် ။ ကျွန်မ မောင်ကို သိပ်ချစ်တယ်ဆိုတာ မောင် အသိဆုံးပါ ။ ကျွန်မနားမှာ မောင်ထက်သာတာတွေ တပုံကြီးကို ထားပြီး မေမေ တို့ လုံးဝသဘောမတူတဲ့ မောင်ကိုမှ ကျွန်မက မြတ်မြတ်နိုးနိုး ရွေးချယ်ခဲ့တာပါမောင် *

* ဟားဟ ! ဟုတ်ပါတယ်ကွာ ။ ငါထက် သာတာတွေကို ထားပြီး ငါကိုရွေးချယ်ခဲ့တယ်နော် ။ အေး ခုချိန်မှာ မင်းကို ရူးရူးမူးမူး ဖြစ်ခဲ့တဲ့အကောင်တွေကို ခေါ်ပြီး မင်းခုဖြစ်နေပုံကို ယူမလားမေးကြည့်လိုက်စမ်းပါအုံး ။ မင်းပုံ မင်းမှန်ထဲသေချာ ပြန်ကြည့်ပြီးမှ ခုနစကားကို ပြောဖို့ကောင်းတယ်ကွာ *

ကျွန်မပြန်ပြောဖို့ စကားတွေ လုံးဝ နှုတ်ဆိတ်သွားခဲ့ပါပြီ ။ ပြောထွက်တဲ့ မောင်နှုတ်ဖျားကစကားသံတွေ နဲ့အတူ ကျွန်မကို မောင်ကြည့်လိုက်တဲ့ အထင်သေး မှု့မျက်လုံးတွေ က ကျွန်မရင်ထဲမှာ အချိန်တော်တော်ကြာအောင် ပုန်းလျှိုးနေတဲ့ မာနတွေကို တူးဆွ ဖော်ထုတ်လိုက်ကြလေပြီ ။ မောင်အပေါ် အရူးမူး ချစ်ခဲ့တဲ့ ချစ်ခြင်းတွေ နဲ့ ကျွန်မ မာနတွေ အားပြိုင်ကြတဲ့ အချိန်မှာတော့ ကျွန်မ မာနတွေက မောင်ကို ချစ်မိတဲ့ အချစ်တွေကို အလဲထိုးလိုက်ပါသည် ။ မောင် ပြောချင်တာတွေကို စကားနိုင်လုပြောခဲ့စေသလား ၊ တမင်ကိုပြောချင်လို့ ပြောခဲ့ခြင်းမျိုးလားဆိုတာကတော့ ကာကယံရှင်ဖြစ်တဲ့ မောင်သာလျှင် အသိဆုံးဖြစ်ပါလိမ့်မည် ။ ပြောချင်တာတွေ ကျေနပ်အောင် ပြောပြီး မောင်က နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့ပါပြီ။ ကျွန်မမှာတော့ တညလုံးအိပ်မပျော်နိုင်ခဲ့ပါဘူး ။ နှစ်တွေ အတန်ကြာအောင် မောင်ရဲ့ အရေးမစိုက်မှု့ ၊ မောင်ရဲ့ ဥပက္ခာပြူခြင်း ဆိုတဲ့ အချက်တွေက ကျွန်မရင်ထဲက ငုပ်လျှိုးနေတဲ့ မာနတွေကို တဖြေးဖြေး တူးဆွနေဟန်တူပါလေရဲ့ ။ ဒီနေ့ မောင်ပြောခဲ့တဲ့ စကားတွေက ကျွန်မရင်ထဲက မာနာတွေကို အပြီးတိုင် တူးဆွ ဖော်ထုတ်လိုက်ကြလေသည် ။ အာရုံမိုးသောက်ချိန်ရောက်ချိန်မှာတော့ တိကျသေချာတဲ့ ဆုံးဖြတ်ချက်တစ်ခု ကျွန်မဆီမှာ ကို ပိုင်နိုင်စွာ ရှိနေခဲ့လေပြီ ။ ဆုံးဖြတ်ချက်နဲ့အတူ မောင်နဲ့ အဝေးဆုံးကို ကျွန်မ ထွက်ခွာလာခဲ့ပါတော့သည်။

*******************************************
အားလုံးကို ရှောင်နေခဲ့တာ ခုဆို ခြောက်လ တင်းတင်း ပြည့်ခဲ့လေပြီ ။ အိမ် ပြန်ဖို့ အချိန်လည်းတန်ခဲ့ပါပြီ။ ကျွန်မဖြစ်ချင်တာတွေကိုလည်း ဖြစ်အောင် ကြိုးစားနိုင်ခဲ့ပါသည် ။ မြို့လေးကို ပြန်ရောက်တာနဲ့ မေမေအိမ်ကိုဘဲ တန်းတန်းမတ်မတ် ပြန်လာခဲ့မိသည် ။
အိမ်ထဲကို ၀င်လိုက်တယ်ဆိုဘဲ

* အမ ဘယ်သူနဲ့တွေ့ချင်လို့လဲ *

ဆိုတဲ့ ညီမ၀မ်းကွဲလေး အသံကို ကြားလိုက်ရလေသည် ။ ကျေနပ်ခြင်းတွေ ရင်ထဲမှာ ပျော်ဝင်စီးမျောသွားပါတော့သည် ။ ကျွန်မကို ဘယ်သူမှ မမှတ်မိကြပါလား ။ ကျွန်မ မောင်ကို ထားရစ် ခဲ့တဲ့ ခြောက်လအတွင်းမှာ ပြင်းပြင်းထန်ထန် ၀ိတ်ချခဲ့သည် ။ အရင်က 195 ပေါင်တိတိ ရှိတဲ့ ကျွန်မ ခန္ဒာကိုယ်က ခုဆိုရင် 135ပေါင်တာရှိပါလေတော့သည် ။ ကျွန်မ သိပ်ဝတ်ချင်ခဲ့တဲ့ အ၀တ်စားတွေ အားလုံးကိုလည်း ၀တ်ဆင်လို့ရခဲ့လေပြီ။

* ဟဲ့ ။ ဝေေ၀ မမလေ။ မမှိတ်ဘူးလား *

ဒီတော့မှ ပြူးကြောင်ကြောင် ကြည့်နေတဲ့ ညီမက မှတ်မိ သွားပါတော့သည် ။ မေမေဆို ၀မ်းသာလွန်းလို့ ငိုတဲ့အထိပါဘဲ ။ အားလုံးနဲ့တအံ့တသြ စကားတွေကို ကြားရပြီးချိန်မှာတော့ မေမေဆီဆီက တည်ငြိမ်လေးနက်တဲ့ စကားတွေစလာပါသည် ။

* သမီး ရှေ့ဆက်ဖို့ ဘယ်လို ဆုံးဖြတ်ထားလဲ ။ သမီးယောကျာင်္းကတော့ သမီးထွက်သွားတဲ့ အတွက်လည်း ခံစားရပုံ သိပ်မပေါ်ဘူး ။ တာဝန်ကျေတော့ မေမေတို့ကို လာမေးတယ် ။ မေမေတို့လည်း သမီး ဘယ်မှာရှိနေတယ်ဆိုတာ မသိတာကတစ်ချက် ၊ သမီးအတွက်လည်း အရမ်းစိတ်ပူနေတဲ့အချိန်ဆိုတော့ သူကို ကောင်းကောင်းကို စကားမပြောချင်ဘူး ။ သမီး ဖေဖေဆို သူမျက်နှာကို မကြည့်ချင်တာ ။ ဒါပေမယ့် သမီး တို့ချင်းတွေ့ကြည့်ပါအုံး ။ သူဘာတွေပြောလာမလဲ ဆိုတာ နားထောင်ကြည်ပါ ။ မေမေတို့ကတော့ ဘာမှ မစွတ်ဖက်လိုပါဘူး ။ သမီး စိတ်တိုင်းကျတာ ဆုံးဖြတ်ပါ ။ သမီးလျှောက်ရမယ့် လမ်းကို သမီး မှန်ကန်စွာ ရွေးချယ်နိုင်ပါစေ ။ ဘ၀ဆိုတာ ကို ရေတိုမကြည့်ပါနဲ့ သမီး ။ ရေရှည်ကြည့်ပါ ။ရှေ့ဆက်မယ်ဆိုရင်လည်း သူကိုသမီး လိုချင်တဲ့ ပုံစံဖြစ်အောင် ထိန်းကျောင်းနိုင်ရမယ် ။အိမ်ထောင်ရေးဆိုတာ တကယ်တော့ စစ်မြေပြင်တစ်ခုလိုပါပဲ သမီးရယ် ။ မိန်းမတွေဟာ စစ်ပွဲတွေရဲ့ အရေးကြီးပုဂိုလ် စစ်သူကြီးတွေနဲ့ အလားတူတယ်သမီး။ အောင်မြင်တဲ့ အိမ်ထောင်ရေး တစ်ခုကို ထူထောင်နိုင်ဖို့ဆိုတာ အိမ်ထောင်ရှင် မိန်းမတစ်ယောက်ဟာ ခရာကျတယ် ။ မေမေတို့ကတော့ ကွာပါရှင်းပါလို့ လည်းမတိုက်တွန်းချင်သလို ပြန်ပေါင်းလို့လည်း မတိုက်တွန်းချင်ဘူး ။ သမီး ဘ၀ကို သမီး မှန်ကန်စွာဘဲ ရွေးချယ်စေချင်တယ် ။ မိန်းမတစ်ယောက်မှာ တစ်ကြိမ်တစ်ခါတော့ အမှားပြင်ဆင်ခွင့်ရှိပါတယ် ။ တစ်ကြိမ်ထက်ပိုတဲ့ အမှားပြင်ဆင်ခွင့်တော့ မရှိဘူးနော် ။ တစ်ကြိမ်ထက် ပိုကာ အမှားတွေကို ခဏခဏ ပြင်ဆင်နေမယ် ဆိုရင်တော့ ဒီမိန်းကလေးမျိုးဟာ မိန်းမကောင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှိမနေနိုင်တော့ဘူး ဆိုတာကိုတော့ သမီး ခေါင်းထဲ စွဲစွဲမြဲမြဲမှတ်ထားနော် ။ မေမေ ပြောချင်တာကတော့ ဒါပါပဲ ။ သမီးလည်း နားတော့နော် ။ *

မေမေပြောပြသည့်အချက်တွေကို သမီးထည့်တွေးခဲပပြီးတာတွေပါ မေမေ ။ သူအတွက် ဆုံးဖြတ်ချက်လည်း သမီးရင်ထဲမှာ အဆင်သင့်ရှိနေပြီးသားမေမေလို့ စိတ်ထဲကနေပြောပြလိုက်မိပါသည် ။ နှုတ်ဖျားကတော့

* ဟုတ်ကဲ့ပါ မေမေ ။ သမီး ဆုံးဖြတ်ပြီးတားပါ ။ သူနဲ့ တွေ့ကြည့်လိုက်ပါ့မယ် *

သူနဲ့ဆုံဖို့ ဖုန်းဆက်လိုက်သည် ။ ကျွန်မ အသံကို ကြားလိုက်ရချိန် မောင် တော်တော် လေး
အံ့သြသွားခဲ့လေသည် ။ ဖုန်းဆက်ပြီးမကြာသော အချိန်လေးမှာ ကျွန်မရှေ့ကို မောင် ရောက်လာခဲ့သည် ။ ဧည့်ခန်းထဲမှာ လည်တဆန့်ဆန့်နဲ့စောင့်နေသောမောင်ထိုင်နေရာနားကို ရောက်တယ်ဆိုရင်ဖြင့်

*သြော် မောင်ရောက်လာပြီကို *

အသံလာရာကို လှည့်ကြည့်လိုက်တဲ့ မောင်အကြည့်တွေ ကျွန်မဆီကို ရောက်ရှိလာလေသည် ။အမှတ်တမဲ့ ကြည့်လိုက်တဲ့ အကြည့်တစ်ချက်ကနေ ရုတ်ချည်းပြောင်းလဲသွားတဲ့
အံ့သြခြင်းအကြည့် ။ ဒီကနေ တစ်ဆင့်တက်လို့ ကျွန်မအလှတွေကို မှင်သက်စွာ ရုတ်တရက်

ငေးကြည့်နေလေသည် ။မောင်လက်ထဲမှာ ကိုင်ထားတဲ့ ဖုန်းလေး ကြမ်းပြင်ပေါ် လွတ်ကျသွားတဲ့ အထိကို မောင် အံ့သြမှင်သက်သွားစေခဲ့လေသည် ။ ကျွန်မလည်း မောင်မျက်နှာကို သေသေချာချာကို စိုက်ကြည်နေလိုက်သည် ။ စကားလုံးတွေကို အေးဆေးစွာ ပြောထွက်နိုင်ခဲ့အောင် ကျွန်မ မာနတွေက တွန်းအားတွေ ပေးစေခဲ့လေပြီ ။ မောင်ရှေ့မှာ ကျော့ကျော့လေး ၀င်ထိုင်လိုက်ပါသည် ။

* မောင် ကို ကျွန်မ ပြောစရာတွေ အများကြီးရှိနေပါတယ် ။ဒီတခါတော့ အရင်လို နားညဉ်းတယ်ကွာ လို့ မငြင်းလိုက်ပါနဲ့နော် ။ ပြောမှဖြစ်မှာတွေ မို့လို့ပါ ။ ကျွန်မလေ မောင်ကို သိပ်ချစ်ခဲ့ပါတယ် ။ ခုချိန်ထိ သိပ်ချစ်နေဆဲပါမောင် ။ ဒါပေမယ့် ရှေ့ဆက် လက်တွဲ လျှောက်ဖို့ကြတော့ ကျွန်မ မာနတွေက လုံးဝ လက်မခံတော့ပါဘူး ။ ကျွန်မတို့ ဇာတ်လမ်းလေး အပြီးတိုင် အဆုံးသတ်ဖို့ မောင် ကျွန်မကို ကွာရှင်းပေးပါ တော့။ မောင်ကို ဆက်သည်းခံပေးဖို့ ကျွန်မမှာ အားအင်တွေ ကုန်ခမ်းနေပါပြီ။ ခံနိုင်ရည်တွေလည်း ကုန်ခမ်းနေပါပြီ ။ မောင်ကို ကျွန်မနားလည်ပေးခဲ့ဘူးသလို ဒီတခါ မောင်လည်း ကျွန်မကို တစ်လှည့်ပြန် နားလည်ပါလို့ တောင်းဆိုပါရစေ ။တစ်ကြိမ်တစ်ခါမှ မပေးခဲ့ဘူးတဲ့ မောင်ရဲ့နားလည်မှု့ တစ်ခုအနေနဲ့ ကျွန်မကို ကွာရှင်းပေးပါမောင် ။ဒီလိုပြောတာ မောင်ကို ကျွန်မ မချစ်တော့လို့ မဟုတ်ပါဘူး ။ ကျွန်မဘ၀မှာ မောင်သည်သာ အချစ်ဆုံးပါ ။ ချစ်တိုင်း မာနတွေကို အကြိမ်ကြိမ်ရိုက်ချိုးခံနေရတာမျိုးကိုတော့ ခွင့်မပြုချင်တော့ဘူး ။ ကျွန်မသိပ်ချစ်ရတဲ့ မောင်ကို သေသည့်တိုင်အောင်ပဲ ချစ်နေချင်ပါတယ်မောင် ။ ချစ်ရသူတစ်ယောက်ကို မုန်းနေရတယ်ဆိုတဲ့ အဖြစ်မျိုးကို ကျွန်မ မလုပ်ချင်ဆုံးပဲ ။ ဒါကြောင့် မမုန်းခင်မှာ ချစ်ခြင်းတွေနဲ့ဘဲ လမ်းခွဲခွင့်ပြုပေးပါ မောင် ။ နောက်ထပ်အိမ်ထောင်ပြုဖို့လည်း ဘယ်တော့မှ အစီစဉ်မရှိပါဘူး ။ တူတူနေရင် ကျွန်မ မကြာခင်မှာ မောင်ကို မုန်းမိတော့မယ်ဆိုတာ သေချာနေတာမို့ တစ်နေရာဆီ နေရင်း အဝေးကပဲ မောင်ကို ချစ်နေပါရစေတော့ ။ ကျွန်မဘက်က ပြောစရာ စကားကုန်ပါပြီမောင် ။မောင် ဘာပြောစရာ ရှိလည်း ပြောပါ ။*

* မောင် မှာ ပြောစရာ မရှိတော့အောင် ဖြစ်နေပါပြီ ။ မောင် ဘာပြောရမလဲ ။ *

နှစ်တွေတော်တော်ကြာအောင် ပေါင်းဖက်လာတဲ့ ဇနီးမောင်နှံတွေမို့ မောင် သိနေခဲ့မှာပါ ။ ကျွန်မကို တောင်းပန်ဖို့ မရနိုင်တော့ဘူးဆိုတာကိုပေါ့ ။ ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု တခုနဲ့ လမ်းခွဲပြတ်ဆဲလိုက်ကြပါတော့သည် ။တရားရုံးပေါ်က ဆင်းလာတဲ့အချိန်မှာ မောင်မျက်နှာကို တစ်ချက်လှည့်ကြည့်ကာ နှုတ်ဆက်လိုက်ချိန်ကစပြီး ကျွန်မဘ၀ထဲကနေ မောင်ဆိုတဲ့ လူတစ်ယောက်ကို အပြီးတိုင် ထုတ်ပစ်လိုက်ပါတော့သည် ။ မောင်နဲ့ အဝေးဆုံး နေရာလေးတစ်ခုမှာဘဲ ကျွန်မဘ၀လေးကို ဆက်လက်ရှင်သန်ပါရစေတော့ မောင် ။ ကျွန်မ မသိစိတ်ထဲမှာ ပုန်းလျှိုးနေခဲ့တဲ့ မာနတွေကိုမှ မောင်ရဲ့ ရက်စက်တဲ့ စကားလုံးတွေကရှာဖွေစက်နဲ့ ဖော်ထုတ်စေခဲ့တယ်နော် ။ မောင်လို့ အမြတ်တနိုးခေါ်ခဲ့တဲ့ လူတစ်ယောက်ကို လှည့်ကြည့်ချင်စိတ်မရှိလောက်အော
င် နာကြည်းသွားခဲ့ပါပြီ။နာကျည်းခြင်းတွေကြောင့် တစ်နေရာဆီ နေကြသော်ညား ကျွန်မနှလုံးသားရဲ့ အနက်ရှိုင်းဆုံး မှာ ကမည်းတင်ထားတဲ့ မောင်ကို ချစ်တဲ့ ချစ်ခြင်းတွေကတော့ သေသည့်တိုင်အောင် တည်ရှိနေမှာပါ ။

မောင်ကို သိပ်ချစ်ခဲ့ဖူးပါသည် ။ သိပ်ချစ်နေဆဲပါ ။ နောင်ကိုလည်း သိပ်ချစ်နေအုံးမည်သာ ။

*** ခိုင်လေး ( ရွှေတောင် ) **

မျက်စိနဲ့ချစ်တဲ့ အချစ်


"လမ်းခွဲရအောင်"လို့ ကျွန်မကဆိုတော့ ဖုန်းတစ်ဖက်က မောင့်ရဲ့စကားသံက ကျွန်မတွေးထင်ထားသလောက် တုန်လှုပ်ချောက်ချားဟန် မပြခဲ့ဘူး။ တအောင့်လောက် ငြိမ်သက်သွားပြီးမှ "ကောင်းပြီလေ.. ဒါပေမယ့် မောင် နောက်ဆုံးအနေနဲ့ တစ်ခုတောင်းဆိုချင်တယ်။ ရတီတို့ကျောင်းကိုလာပြီး..... ရတီ့ကိုမောင်တွေ့ချင်တယ်။

မောင်တို့ရဲ့ နောက်ဆုံးချစ်သူနေ့အဖြစ်နဲ့ပေါ့" မောင်ရဲ့တောင်းဆိုချက်ကို ကျွန်မခွင့်ပြုလိုက်တယ်။ ချစ်သူနှစ်ဦး လမ်းခွဲတော့မယ်ဆိုတော့လည်း အနည်းအများတော့ နာကျင်ဝမ်းနည်းရဦးမှာပေါ့။ မောင်နဲ့ကျွန်မ တစ်နယ်တစ်ကျေးခြားနေတာ သုံးနှစ်ရှိပါပြီ။ နေ့တိုင်း ဖုန်းနဲ့ အင်တာနက်နဲ့ပဲ ဆက်သွယ်ခဲ့ရတယ်။ လူချင်းထိတွေ့ခွင့်မရ၊ မမြင်ရ၊ ဂရုမစိုက်ရတဲ့ ဒီလိုစိတ်ကူးအချစ်မျိုး ကျွန်မစိတ်ကုန်နေတာ ကြာခဲ့ပါပြီ။ တခြားသူပြောတဲ့ လှပတဲ့ တက္ကသိုလ်ကျောင်းသားဘဝမျိုး ကျွန်မ မခံစားခဲ့ရဖူးဘူး။ ကျောင်းဝင်းထဲမှာ တစ်ယောက်လက်ကိုတစ်ယောက်တွဲပြီး လမ်းလျှောက်နေကြတဲ့ချစ်သူတွေ၊ ကိုယ့်ချစ်သူကို တယုတယ ရေခပ်၊ မုန့်ခွံ့ပေးကြတဲ့ချစ်သူတွေ၊ ကိုယ့်ချစ်သူ မိုးစိုမှာစိုးလို့ ဂရုတစိုက် ထီးမိုးပြီး အဆောင်လိုက်ပို့ကြတဲ့ချစ်သူတွေ၊ ဒါတွေကို ကြည့်ပြီး ကျွန်မနှလုံးသားတွေ ပိုနာကျင်ခဲ့မိတယ်။ ငြင်းခုန်ရန်ဖြစ်ပြီးနောက် နှစ်သိမ့်၊ အလျော့ပေးတဲ့အပွေ့အဖက်တစ်ခုတောင် ကျွန်မ မရခဲ့ပါဘူး။ ဖုန်းခွက်ကိုကိုင်ပြီး အကူအညီမဲ့စွာ အကြိမ်ကြိမ်လဲပြိုခဲ့တာကို ကျွန်မကောင်းကောင်း မှတ်မိနေခဲ့တယ်။ မောင်လည်း ဒီလိုပဲ ခံစားခဲ့ရမယ်ထင်တယ်။ ဒါကြောင့် လမ်းခွဲဖို့ကို သူအလွယ်တကူ သဘောတူခဲ့တာဖြစ်မယ်။ ဖုန်းပြောပြီးနှစ်ရက်အကြာမှ ကျွန်မဆီ မောင်အခစားရောက်ခဲ့တယ်။ ဒီနှစ်ရက်အတွင်းမှာ နှင်းတွေ အဆက်မပြတ်ကျနေခဲ့တယ်။...

ကျွန်မနေတဲ့မြို့တစ်ခုလုံးကို နှင်းတွေက လွှမ်းခြုံသိမ်းကျုံးထားလိုက်တယ်။ မောင့်ရဲ့ ကိုယ်ပေါ်မှာလဲ အေးခဲတဲ့နှင်းပွင့်လေးတွေ ခပ်ပါးပါးဖုံးလို့.. ကျွန်မကိုတွေ့တော့ မောင်ကအပြုံးနွေးနွေးလေးနဲ့ နှုတ်ဆက်တယ်။ မောင့်အပြောကို ကျွန်မက နှင်းခဲတွေလို မာမာဆတ်ဆတ် အေးအေးစက်စက်တုန့်ပြန်တယ်။ ခွဲခွာနေတဲ့ ဒီသုံးနှစ်အတွင်းမှာ ရံဖန်ရံခါ မောင်နဲ့တွေ့ဆုံရတိုင်း မောင့်ရဲ့နွေးထွေးတဲ့အပြုံးက "ဒီတစ်ခါတွေ့ပြီးရင် လမ်းခွဲမယ်"ဆိုတဲ့ ကျွန်မရဲ့စိတ်ကူးကို ပြေပျက်သွားစေတာ အမှန်ပါပဲ။ ဒါပေမယ့် ဒီတစ်ခါတော့ ကျွန်မကိုယ်ကျွန်မ သတိပေးမိတယ်။ တခဏတာရလိုက်တဲ့ နွေးထွေးကြင်နာမှုကိုမက်မောပြီး တစ်ဘဝစာ အထီးကျန်ခြင်းကို မဖက်တွယ်နဲ့လို့ ..... "ထမင်း အရင်သွားစားရအောင်" လို့ ကျွန်မကဆိုတော့ မောင်က.. "မလောဘူးလေ... ဒီလောက်အေးတဲ့ရာသီဥတု ရတီ ရေတွေယူထားပြီးပြီလား? ဓာတ်ဗူးထဲ ရေအရင်ဖြည့်ဦး။

ရေတွေဖြည့်ပြီးမှ တခြားလုပ်စရာရှိတာ လုပ်ပေါ့။ တော်ကြာ.. ရေတွေခဲကုန်လို့ ညနေသုံးစရာမရှိရင် ဘယ်လိုလုပ်မလဲ?" မောင် တတွတ်တွတ်ပြောနေချိန် ကျွန်မမျက်လုံးအိမ်မှာ မျက်ရည်တွေစို့နေခဲ့ပြီ။ သုံးနှစ်... သုံးနှစ်ရှိခဲ့ပါပြီ။ လမ်းခွဲခါးနီးမှ ဒီသုံးနှစ်အတွင်း လစ်ဟင်းခဲ့တာတွေကို ပြန်ဖာထေးဖို့ မောင်နားလည်ခဲ့ရသလား? အဆောင်ကို ကျွန်မတို့အရင် ပြန်လာခဲ့တယ်။ လက်အိတ်ထူထူကိုဝတ်ပြီး ကျွန်မဓာတ်ဗူးတွေ ယူချလာခဲ့တယ်။ ဓာတ်ဗူးထဲရေဖြည့်ပြီးချိန် မောင့်လက်နှစ်ဖက်က အေးစက်နီရဲနေခဲ့ပြီ။ ကျွန်မလက်အိတ်ကိုချွတ်ပြီး မောင့်ကိုဝတ်ပေးလိုက်တယ်။ ပြီးတော့ ကျွန်မလက်ကိုလည်း လက်အိတ်ထဲ ခက်ခက်ခဲခဲ ထိုးထည့်လိုက်တယ်။ ဒီလိုဆိုတော့လဲ ကျွန်မတို့ရဲ့လက်နှစ်ဖက်က မြဲမြဲလေးချိတ်သွားမိပြန်တယ်။ မောင့်လက်က အေးစက်နေတယ်၊ လက်အိတ်က တင်းကျပ်နေတယ်ဆိုပေမယ့် တခြားချစ်သူကောင်မလေးတွေရဲ့ပျော်ရွှင်ကြည်နူးမှုမျိုးကို ကျွန်မခံစားမိလိုက်တယ်။

မောင်က ကျွန်မကို ကြင်ကြင်နာနာကြည့်တယ်။ မောင့်ပါးပေါ်မှာ ကြေကွဲရိပ်တွေ ရောထွေးနေခဲ့ပါတယ်။ စားသောက်ဆိုင်ရောက်တော့ ကျွန်မက ကျွန်မနှစ်သက်တဲ့ဟင်းတွေကိုမှာပြီး မောင့်ကိုမှာဖို့ menu ကမ်းပေးလိုက်တယ်။ မောင်က ညင်ညင်သာသာလေးပြုံးပြီး "မောင်မှာမယ့်ဟင်းကလည်း ရတီမှာတဲ့ဟင်းတွေပါပဲ"လို့ဆိုတယ်။ "မောင်က အားနာနေတာလား"လို့ ကျွန်မကဆိုတော့ မောင်က တည်ငြိမ်တဲ့မျက်နှာနဲ့ လေးလေးနက်နက်ပြောတယ်။ "ရတီရဲ့အကျင့်၊ အကြိုက်တွေက မောင့်ရဲ့အကျင့်အကြိုက်တွေဖြစ်နေခဲ့တာ ကြာပါပြီ ရတီ" မောင့်ဆီကနေ ပြတင်းပေါက်ဖက်ဆီ ကျွန်မအကြည့်လွှဲလိုက်တယ်။ ကျွန်မကို မောင်ချစ်နေသေးတယ် မဟုတ်လား! ထမင်းစားပြီး နှင်းတွေဖုံးနေတဲ့ အဖြူရောင်ဝန်းကျင်ထဲ ကျွန်မတို့လမ်းလျှောက်ခဲ့ကြတယ်။ တစ်ယောက်မှ စကားမပြောကြဘူး။ "ရေခဲမုန့်စားမလား?" ရုတ်တရက်မေးလာတဲ့စကားကြောင့် မောင့်ကို တအံ့တသြ ကျွန်မကြည့်လိုက်တယ်။ ကျွန်မနေမကောင်းဖြစ်မှာစိုးလို့ ဆောင်းတွင်းမှာ ကျွန်မရေခဲမုန့်စားတာကို မောင်ကမကြိုက်ခဲ့ဘူး။ "ရတီဖျားမှာကို မောင်မစိုးရိမ်ဘူးပေါ့!" ဒီစကားကိုပြောပြီးမှ ကျွန်မနောင်တရလိုက်တယ်။ လမ်းခွဲပြတ်စဲတော့မယ့် လူတစ်ယောက်က ကျွန်မဖျားမဖျားကို ဘယ်ဂရုစိုက်တော့မှာလဲ? "အခု ရတီဘေးမှာ မောင်ရှိတယ်။ မောင်ဘာကို စိုးရိမ်မလဲ?" အကြည့်ကို အဝေးတစ်နေရာဆီ မောင်ပို့လိုက်တယ်။ ကမ္ဘာခြားသွားတဲ့ အကွာအဝေးအကြည့်မျိုးနဲ့ပေါ့။ အေးစက်ရှတတဲ့လေက မျက်နှာပြင်ကို ဖျတ်ခနဲလာရိုက်တယ်။ မျက်နှာကို လက်နဲ့အုပ်ပြီး လေကို ကျွန်မကျောပေးလိုက်တယ်။ မျက်ခမ်းထောင့်ကမျက်ရည်တချို့ လက်ညိုးကြားထဲ စီးကျလာတယ်။ ဆီးနှင်းပေါ်မှာ မောင်နဲ့အတူ လျှောက်ခဲ့တဲ့ မညီမညာခြေရာလေးတွေကို ကျွန်မမြင်ရတယ်။ လမ်းအဆုံးကို ကျွန်မ မမြင်နိုင်ခဲ့ဘူး။ ရေခဲမုန့်ကိုကိုင်ပြီး နင်းလိုက်ရင်ကျွတ်ကျွတ်မြည်တတ်တဲ့ နှင်းပုံပေါ်မှာ ကျွန်မပြေးလွှားနေမိတယ်။ မောင်က အနောက်ကနေပြီး "ဖြည်းဖြည်း" လို့ လှမ်းအော်နေတယ်။ "စိတ်ချပါ... ရတီ မလဲဘူး........" နောက်လှည့်ပြီးပြောနေတဲ့ ကျွန်မစကားမဆုံးခင်မှာ ခြေချော်ပြီး ခန္ဓာကိုယ်နောက်လှန်ကျတဲ့ ခံစားမှုကို ကျွန်မခံစားလိုက်တယ်။ ကျွန်မတစ်ကိုယ်လုံး လဲကျမသွားခင် ရေခဲမုန့်ကိုင်ထားတဲ့ ကျွန်မရဲ့လက်ကို မောင်လှမ်းဆွဲလိုက်တယ်။ ဒါပေမယ့် မောင်ပြေးလာတဲ့အရှိန်နဲ့ ကျွန်မနောက်လှန်ကျတဲ့အရှိန်က "ဘုန်း..." ခနဲထိပ်တိုက်မိပြီး နှစ်ယောက်စလုံး နှင်းပြင်ပေါ်မှာ လဲကျသွားခဲ့တော့တယ်။ ရယ်ချင်စရာကောင်းတာက ကျွန်မလက်ထဲမှာ ရေခဲမုန့်ခွက်ပဲ ကျန်ခဲ့တယ်။ လွှင့်ထွက်သွားတဲ့ ရေခဲမုန့်ကို အရပ်လေးမျက်နှာ ကျွန်မပတ်ရှာကြည့်တယ်။ ပြီးတော့ မောင့်ကိုကြည့်လိုက်တယ်။ မောင့်မျက်နှာပေါ်မှာ ရေခဲမှုန့်တွေ လတ်လတ်ဆတ်ဆတ် တင်နေတယ်။ ခဏလောက် ကျွန်မတို့ ကြောင်အမ်းသွားတယ်။

ပြီးမှ တဟားဟားနဲ့ အော်ရယ်ခဲ့ကြတယ်။ မောင့်ကို တစ်ရှူးလှမ်းပေးပြီး ကျွန်မထရပ်လိုက်တယ်။ ကိုယ်ပေါ်က နှင်းစတွေကို ကျွန်မခါချလိုက်တယ်။ မောင်က လဲနေရာကမထဘဲ နှင်းပြင်ပေါ်မှာ ကိုယ်ကိုတစ်ပတ်လှိမ့်လိုက်တယ်။ ပြီးတော့ နှင်းပေါ်မှာ ဒူးထောက်ပြီး အသဲပုံတစ်ပုံဆွဲလိုက်တယ်။ အသဲပုံထဲမှာ "ရတီမိုး" လို့ သူရေးလိုက်တယ်။ အဲဒီအသဲပုံကို ကျွန်မ အကြာကြီးရပ်ကြည့်နေမိတယ်။ "ရတီ ပြန်သင့်ပြီ"လို့ ကျွန်မပြောပြီး မျက်ရည်တွေ ပါးပြင်ပေါ်စီးကျမလာအောင် မျက်နှာကို ကျွန်မမော့ထားလိုက်မိတယ်။ မျက်ရည်တွေက ပါးပြင်ပေါ်စီးကျမလာခဲ့ပါဘူး။ နှလုံးသားထဲ နောက်ပြန်စီးဝင်သွားခဲ့လို့ပါ။ အဆောင်ပြန်ရောက်တော့ အခန်းဖော်သူငယ်ချင်းတွေက ကျွန်မကိုစပ်စုတယ်။ "ရတီ .. နင့်ကောင်လေးက ချောလိုက်တာနော်" "ရတီ.... သူက နင့်အပေါ် ကြင်နာလိုက်တာ" "နင်တို့ အရမ်းလိုက်တယ် သိလား!" သူတို့ပြောတာတွေကို ကျွန်မဆိတ်ဆိတ်ငြိမ်ငြိမ် နားထောင်နေလိုက်တယ်။ "ငါက နင့်လောက်ကံမကောင်းပါဘူး ရတီ။ ငါတကယ်ချစ်တဲ့ လူနဲ့မဆုံသေးပေမယ့် အခုလက်ရှိချစ်သူနဲ့နေရတာ ငါပျော်ပါတယ်" "ဟင်း! နင်တကယ်မချစ်ဘဲ ဘာလို့အတူနေသေးလဲ?" "နင် နားမလည်ပါဘူး။ သူက ငါ့ကိုပျော်ရွှင်စေတယ်လေ။ ဒါကြောင့် သူနဲ့ငါအတူနေတယ်" "ငါကတော့ ငါချစ်တဲ့သူနဲ့ အတူနေပါတယ်။ ငါ မပျော်ခဲ့ရလည်း သူနဲ့ပဲအတူနေချင်တယ်" သူတို့စကားဝိုင်းထဲ ကျွန်မ မပါခဲ့ပါဘူး။

လူတစ်ယောက်ကိုနှစ်သက်တာဟာ သူနဲ့အတူနေရချိန်ပျော်ရွှင်လို့၊ လူတစ်ယောက်ကိုချစ်တာဟာ မပျော်ရွှင်လဲ သူနဲ့အတူနေချင်လို့တဲ့။ အချစ်ဆိုတာ ဒီလိုပဲလား? ကျွန်မ နောင်တရမိပါတယ်။ ကျွန်မက အရည်အချင်းရှိတဲ့ ချစ်သူတစ်ယောက်မဟုတ်ခဲ့ဘူး။ ချစ်သူကောင်းတစ်ယောက် မပီသခဲ့ဘူး။ မောင့်ရင်ထဲက ချစ်သူမျိုးမဟုတ်ခဲ့ဘူး။ မောင်တည်းတဲ့ တည်းခိုခန်းကိုအသွား ကျွန်မကိုကျွန်မ အဲဒီလိုပဲ အမှတ်ပေးမိတယ်။ တည်းခိုခန်းရောက်တော့ မောင်မရှိတော့ဘူး။ ဗလာကျင်းတဲ့အခန်းက ဟာတာတာကျွန်မရင်ကို ပြေးဆောင့်တယ်။ မျက်ရည်တွေက ပါးပြင်ပေါ်ကို အတားအဆီးမဲ့ စီးကျလာခဲ့တယ်။ တစ်လမ်းလုံး ကျွန်မဒယိမ်းဒယိုင်နဲ့ ကျောင်းဆောင်ပြန်ရောက်လာခဲ့တယ်။ မျက်ရည်ဖုံးနေတဲ့မျက်လုံးနဲ့ လောကကြီးကိုကြည့်တော့ လောကကြီးတစ်ခုလုံးကလည်း ငိုလို့.... အသိမဲ့တဲ့ခန္ဓာကိုယ်နဲ့ အဆောင်လှေကားဖက်ဆီ ကျွန်မခြေလှမ်းတွေဦးတည်တဲ့အခိုက် ရင်းနှီးနွေးထွေးတဲ့ အသံတစ်ခုကို ကျွန်မကြားလိုက်တယ်။ ကျွန်မ နောက်ပြန်လှည့်ကြည့်လိုက်တယ်။ ဓာတ်လိုက်ခံလိုက်ရတဲ့ လူတစ်ယောက်လို တွေတွေနဲ့ နေရာမှာတင် ကျွန်မရပ်နေမိတယ်။ ကျွန်မရှေ့ မောင်ရောက်လာပြီး ကျွန်မကို သူ့ရင်ခွင်ထဲ တင်းတင်းဆွဲပွေ့ထားလိုက်တယ်။ အသံတိတ်ငိုကြွေးနေတဲ့ ကျွန်မရဲ့အသံတွေ အပြင်ကို ပေါက်ကွဲထွက်လာခဲ့တယ်။ "ဘာလို့ ပြန်လာသေးလဲ! ပြန်သွားပြီ မဟုတ်လား! ဘာလို့ ပြန်လာသေးလဲ! ရတီကို မောင်ခွဲသွားပြီမဟုတ်လား! ရတီကို မောင်ပစ်ထားခဲ့ပြီ မဟုတ်လား? မောင်ကို မုန်းတယ်.. မောင် ရက်စက်တယ်...." မောင့်ရင်ဘတ်ကို တဘုံးဘုံးထုပြီး ကျွန်မအော်ငိုလိုက်တော့တယ်။ မောင်က ကျွန်မလက်ကို ကြင်ကြင်နာနာ ဖမ်းဆွဲလိုက်တယ်။ ပါးပြင်ပေါ်က မျက်ရည်တွေကို သုတ်ပေးရင်း "လမ်းခွဲမယ်လို့ အမြဲပြောသူက ရတီပါ။ မောင်ကို ပစ်သွားမယ့်သူက ရတီပဲလေ.."။ မောင့်ကို ကျွန်မတင်းတင်းလေး ပြန်ဖက်ထားလိုက်တယ်။ ဘယ်တော့မှ လက်မလွတ်တော့ပါဘူး.... တကယ်တော့ လူတစ်ယောက်ကိုနှစ်သက်တာဟာ နားရွက်တဲ့။ မနှစ်သက်တော့ရင် နားရွက်ကိုပိတ်ထားလို့ရတယ်။လူတစ်ယောက်ကိုချစ်တာဟာ မျက်စိတဲ။့ မချစ်တော့ရင် မျက်စိကို မှိတ်ထားလို့ရတယ်ဆိုပေမယ့် မျက်ရည်တွေက နှလုံးသားထဲကို နောက်ပြန်စီးဝင်တယ်။ ကျွန်မတို့ကြားမှာ ရာသီတွေခြားတယ်၊ မြို့ရွာတွေခြားတယ် ဒါပေမယ့် အချစ်တွေကွာဝေးအောင် မတားနိုင်ခဲ့တော့ပါဘူး။ ဆောရီးပါမောင်... ကျွန်မကိုမောင်ချစ်သလို မောင့်ကိုလည်းရတီချစ်တတ်အောင် သက်ဆုံးထိ ရတီသင်ယူပါမယ်လို့.....


(နိုင်းနိုင်းစနေ ဘာသာပြန်သည်။)