Showing posts with label ချက်ပြုတ်နည်းများ. Show all posts
Showing posts with label ချက်ပြုတ်နည်းများ. Show all posts

Friday, July 29, 2016

ဆိတ်သားထောင်း အစပ်မဆလာ


ဆိတ်သား.. .............၃၀ကျပ်သား
ကြက်သွန်နီ.. ............၃လုံး
ကြက်သွန်ဖြူ..............၅တက်
ချင်းသေးသေး............၁တက်
ငရုတ်သီးခွဲကြမ်း.........၂ဇွန်း
ဒံပေါက်မဆလာ..........၁ဇွန်း

ဆိတ်သားတွေကိုရှလကာရည်အနည်းငယ်နှင့်နယ်ပြီးဆေးကြောပါ။

ဆား၊ဟင်းခတ်မှုန့်၊ နနွင်းမှုန့်အနည်းတို့ဖြင့်အရသာနယ်ပါ။

အိုးတစ်လုံးအတွင်းမှာအရသာနယ်ထားသောဆိတ်သားတွေထည့်ပါ။ချင်းသေးသေး၁တက်ကိုဓားပြားရိုက်ထည့်ပြီးနှုးသည်အထိပြုတ်ပါ။
(ရေအနည်းငယ်လေးသာကျန်ပါစေ)

ထိုစဉ်အတွင်းကြက်သွန်နီ၊ကြက်သွန်ဖြူတို့ကိုပါးပါးလှီးထားပါ။

ငရုတ်သီးခွဲကြမ်းမှုန့်ရအောင်ကြိတ်ထားပေးပါ။

ပြုတ်ထားတဲ့ဆိတ်သားတွေကိုထောင်းပါ။အမျှင်လေးတွေရအောင်လက်ဖြင့်ဖွာပေးပါ။

ဆား၊ဟင်းခတ်မှုန့်၊ ငရုတ်သီးခွဲကြမ်းမှုန့်၊ဒံပေါက်မဆလာတို့ဖြင့်တဖန်နယ်ထားပါ။

ဒယ်အိုးတစ်လုံးအတွင်းမှာဆီအနည်းငယ်ကိုအပူပေးပါ။
ဆီပူလာလျှင်ကြက်သွန်နီ၊ ဖြူ တို့ကိုနွမ်းအောင်ဆီသတ်ပါ(မကြွပ်စေရ။ မကျွမ်းစေရ။ )

မွှေးလာလျှင်အရသာနယ်ထားတဲ့ဆိတ်သားအမွှတွေကိုထည့်ကြော်ပါ။

ရေခမ်းသွားသည်အထိကြော်လျှင်လုံလောက်ပါပြီ။
ခပ်စိုစိုအနေအထားပုံစံမျိုးသာဖြစ်ပြီးမခြောက်စေရန်(သို့)
မကြွပ်သွားစေရန်ဂရုပြုပေးရပါမယ်။

Shared from ဟင်းချက်နည်းများ

Thursday, May 12, 2016

ပလောင် တောင်ယာဟင်း



ဒီဟင်းပွဲအမည်ကို ကျွန်တော်ကိုယ်တိုင် အမည်ပေးပါတယ်။ ငယ်ငယ်က ပလောင်တိုင်းရင်းသူနဲ့ အိမ်ထောင်ကျတဲ့ ကျွန်တော့်အစ်ကိုဝမ်းကွဲရဲ့ ပန်းဂေါ်ဖီစိုက်ခင်းထဲမှာ ကျွန်တော့်မရီး ချက်ကျွေးတဲ့ဟင်းလေးကို အမှတ်တရရှိလို့ ပေးလိုက်မိပါတယ်။

စိုက်ခင်းထဲမှာ စားစရာကရှား၊ အလုပ်ပန်းတာကြောင့် ဘယ်လိုပဲနည်းစနစ်မမှန်စွာ ချက်ပြုတ်ထားသည်ဖြစ်စေ.. စားကောင်းတာတော့ အမှန်ပါပဲ။

ကြက်သား...............၁ခြမ်း
ကြက်သွန်နီ.............၂လုံး
ချင်းသေးသေး..........၁တက်
ကြက်သွန်ဖြူ.............၃တက်
ငရုတ်ခြောက်တောင့်.၅တောင့်ခန့်
မုန်ညှင်းစိမ်း.............၁စည်းခန့်
မှို.............................အနည်းငယ်

ကြက်သားကို အတုံးငယ်များတုံးပြီး ထောင်းထားသောချင်း၊ ကြက်သွန်ဖြူ ၊ ငရုတ်ခြောက်တောင့်နီတို့နှင့်အတူ ဆား၊ ဟင်းခတ်မှုန့်တို့ဖြင့်
အရသာနယ်ပါ။

ချက်မဲ့အိုးထဲမှာထည့်ပြီး ရေအနည်းငယ်ထည့်ကာ အဖုံးပိတ်ပြီး စတင်အပူပေးပါ။

ကြက်သားတစ်ဝက်ခန့်ကျက်ပြီဆိုရင်.. ကြက်သွန်နီ ရှစ်စိတ်ခွဲ၊ မှို၊ မုန်ညှင်းစိမ်းတို့ထည့်ပြီး ခေတ္တခဏ အဖုံးပြန်ပိတ်ပါ။

နောက်ဆုံး သံပုရာသီးတစ်ခြမ်းလောက်ညှစ်ပြီး တောင်ယာဆန်နီကြမ်းကြမ်းနဲ့ ထမင်းမြိန်စေခဲ့တဲ့ တောင်ယာဟင်းတစ်ခွက်ပေါ့။

--------------
Photo and Credit to: ဟင်းချက်နည်းများ

မျှစ်ချဉ် နဲ့ ၀က်သား


မျှစ်ချဉ်နဲ. ၀က်သားဆိုရင်.. Admin က ကိုယ်တိုင်လုပ်မျှစ်ချဉ်(သို.) ဇာတိမြို.က မျှစ်ချဉ်ကို အကြိုက်ဆုံးပါ။ အချို.မျှစ်ချဉ်တွေက ကြွပ်ကြွပ်လေးဖြစ်မနေပဲ ထုံနေတဲ့ပာာမျိုးကို မနှစ်သက်ပါဘူး..။

မျှစ်ချဉ်နဲ့ ၀က်သား
************

မျှစ်ချဉ်...........................၁ ပိဿာ
ဝက်သုံးထပ်သား...............၅၀ ကျပ်သား
ငပိ................................၁ဇွန်း(ထမင်းစားဇွန်း)
သကြား..........................၁ဇွန်း(...........။......)
ကြက်သွန်နီ.....................၄ လုံး
ချင်း................................၁တက်
နနွင်းမှုန်. ........................အနည်းငယ်
ဆား+ပာင်းခတ်မှုန်. ...........သင့်ရုံ

ပထမဆုံး..မျှစ်ချဉ်က..အရမ်းအချဉ်လွန်နေတာမျိုးဆိုရေစစ်ပြီး.. ရေတစ်ထပ်လောက်ဆေးပါ။ ချဉ်ခါစအသစ်သုံးမယ်ဆိုရင်တော့ ဆေးစရာမလိုပါဘူး..။

အိုးတစ်လုံးမှာ မျှစ်ချဉ်တွေကိုထည့်ပြီး.. ကြက်သွန်နီ၁ လုံးနဲ.ခရမ်းချဉ်သီးကို ပါးပါးလှီးထည့်ကာ.. နနွင်းမှုန်.အနည်းငယ်၊ ငပိထည့်ကာ ရေ ၁လီတာလောက်ထည့်ပြီး.. ကျနေအောင် ပြုတ်ထားပါ။

ထိုစဉ်အတွင်း.. ၀က်သုံးထပ်သားတွေကို ၁လက္မခွဲအရွယ်လောက် တုံးပြီး ကျန်တဲ့ ကြက်သွန်နီ၊ ချင်းထောင်းတို.နဲ.ရောနယ်ပြီး..သကြား၊ ဆား၊ ပာင်းခတ်မှုန်.တို.နဲ.နယ်ပြီး..လုံးချက်ပါ။

ဝက်သားကလည်းတစ်ဝက်ကျက်လောက်နှူးပြီး..မျှစ်ချဉ်ကလည်းပြုတ်တာ ကျနေပြီဆိုမှ.. မျှစ်ချဉ်အိုးထဲကို ၀က်သားတွေပေါင်းထည့်ပါ။

မီးအရှိန်ကိုလျှော့ချပြီး..အဖုံးပိတ်ကာ (တစ်ပွက်ဆူပုံစံမှာ) မိနစ်(၃၀) ခန်. ဆက်ပြီးချက်ပေးပါ။

လိုအပ်လျှင်ရေကိုအနည်းငယ်ချင်းစီဖြည့်စွက်ပေးပါ။

ဒါမှသာ.. ၀က်သားလည်းအတုံးမပျက် နူးအိပြီး အရသာကောင်းတဲ့ မျှစ်ချဉ် ၀က်သားအရောလေး ရရှိမှာဖြစ်ပါတယ်။

------------
Photo and Credit to: ဟင်းချက်နည်းများ

Saturday, February 7, 2015

ကရေကရာ


မြန်မာ့အစားအစာ ကရေကရာကို ကောက်ညှင်းစပါးကနေ လုပ်ပါတယ်။ ကောက်ညှင်းစပါးတွေကို မိုးဗြဲဒယ်ထဲထည့်ပြီး
အပေါ်ကနေ အဖုံးအုပ်-အောက်ကနေ အပူတိုက်ရင်
ကောက်ညှင်းပေါက်ပေါက်တွေ ရလာပါမယ်။
ကောက်ညှင်းပေါက်ပေါက်ကို အမှုန့်ဖြစ်အောင်လုပ်ပြီး သကာရည်နဲ့နယ်ပါ။ သကာရည်မဟုတ်ရင်လည်း
ထန်းညက်ရည်၊ သကြားရည်ပျစ်ပျစ်နဲ့နယ်လို့ရပါတယ်။
အုန်းသီးကို ဂျစ်ထိုးပြီး သကြားနဲ့ယိုထိုးပါ။ နှစ်သက်ရင် ဒူးရင်းယိုထည့်နိုင်ပါတယ်။ နယ်ပြီးသားကရေကရာကို အောက်ကနေ လက်မ၀က်လောက် အထူတစ်ထပ်ခင်းပါ။ အပေါ်ကနေ ဌာပနာတစ်ထပ်ခင်းပါ။ အပေါ်ဆုံးကနေ ကရေကရာတစ်ထပ်တင်ပါ။
ပြီးရင် ပေါက်ပေါက်မှုန့်ကို အပေါ်ဆုံးကနေဖြူးပါ။ အပေါ်ကနေ စက္ကူဖြန့်ခင်းပြီး လက်နဲ့ဖိပေးပါ။ စက္ကူ ခင်းတာက လက်ကို မုန့် မကပ်အောင်လို့ပါ။ ပြီးမှ အပေါ်ကနေ အလေးတစ်ခုခုတင်ပြီး ဖိထားပေးပါ။ ပြီးရင် လိုသလောက် လှီးဖြတ် နိုင်ပါတယ်။
မလိုင်ကရေကရာလုပ်ချင်ရင်တော့-
နွားနို့စစ်စစ်ကိုမီးအေးအေးနဲ့ မလိုင်တက်အောင်ကျို ပါ။
မလိုင်အချပ်လိုက်ကို သံဒယ်အိုးအပြန့်မှာ မီးနွေးနွေးနဲ့ အိုးပူကပ်ပါ။
ပြီးရင် စောစောကနည်းအတိုင်း ဖြန့်ခင်းထားတဲ့ အုန်းသီးပေါ်ကနေ မလိုင်အချပ်လိုက်တင်ပါ။ ဒါဆို မလိုင်ကရေကရာ ရပါပြီ။


Shared from ချက်ကြမယ်ဟေ့ မကောင်းတကောင်း-အန်တီလော်ရာရဲ့ ဟင်းချက်နည်းများ (FB)

Sunday, July 6, 2014

ပိန်းဥအော်ကွေ့ ကြည် (Yum Cake)


ညနေခင်း (သို့ ) အဆာပြေစားဖို့  ပိန်းဥ အော်ကွေ့ကြည် လုပ်နည်းလေး ကို share ပါမယ်ရှင်။
ဒီနည်းလေးကတော့ မုန့် ကြိတ်ဆုံမရှိတဲ့အရပ်မှာ မဖြစ်ဖြစ်အောင် လုပ်စားရတဲ့ အလွယ်နည်းလေးပါ။

Ingredients:
ဆန်မှုန့် ဆန်ချိန်ခွက် ၁ခွက်
ပိန်းဥအကြီး တခြမ်း
ပုစွန်ခြောက်မှုန့်  ၃ဇွန်း
ဂျုံမှုန့်  ၂ဇွန်း
ငရုတ်ကောင်းမှုန့်  အနည်းငယ်
ဆား အနည်းငယ်
ဆီ အနည်းငယ်

Preparation Method:
၁) ပိန်းဥကို အတုံးသေးသေးတုံးထားပြီး ရေအနည်းငယ်နဲ့ ပြုတ်ထားပါ။
၂) ဆန်မှုန့် ဂျုံမှုန့်  ပုစွန်ခြောက်မှုန့် ဆား ငရုတ်ကောင်းမှုန့်  တို့ ကို ရောနယ်ပေးပါ။ရေကို သင့်ရုံချိန်ဆထည့်ကာ သမအောင်နယ်ပေးပါ။
၃) ပြုတ်ထားတဲ့ ပိန်းဥကို ချေပြီး မုန့်နှစ်အရောထဲ ထည့်ပြီး သမအောင် နယ်ပေးပါ။
၎) မုန့် နှစ်တွေကို ပုံစံခွက် (သို့ ) ပန်းကန်လုံးထဲထည့်ပြီး နာရီဝက်ခန့်  ပေါင်းပေးပါ။
၅) ကျက်မကျက်ကို ဓားဖျားလေးဖြင့် ထိုးကြည့်ပါ။ မကျက်သေးလျှင် ထပ်ပေါင်းပေးပါ။
၆) ပေါင်းထားတဲ့ မုန့် ကို မထူမပါးလှီးပြီး ဆီနည်းနည်းနဲ့  အိုးကပ်ကြော်ပေးပါ။
၇) နှစ်ဖက်စလုံး နီညိုရောင်သန်းလာရင် (ကြွပ်ကြွပ်လေး) ရပါပြီ။

အချဉ်ရည်ကတော့ Chili sauce ၄ဇွန်း၊ ထန်းညက်ရည် ၂ဇွန်း၊ ဆားအနည်းငယ် ရောမွှေထားပါ။

စားမယ့် ပန်းကန်ထဲ ညှပ်ထည့်ပြီး အပေါ်မှ ချိုချဉ်ရည်ဆမ်း ကြက်သွန်မိတ်တင်ပြီးလျှင် ရေနွေးကြမ်းလေးနဲ့ သုံးဆောင်လို့ ရပါပြီတဲ့ရှင်...

Enjoy Weekends!

Shared from KaeKae's Food Palace (FB)

မုန့် ကြာစေ့ - မုန့် ပိန္န္နဲစေ့




နေ့ လည်ခင်းတွေမှာ အဆာပြေစားဖို့  အသည်လေးတွေ မုန့် အစုံ ဗန်းနဲ့ လာရောင်းတဲ့အခါ အမြဲစားဖြစ်တဲ့ မုန့် လေးပါ။ သာကူနဲ့ ရောပြီး စားကြပါတယ်။ ကဲကဲကတော့ သူ့ ချည်းသပ်သပ် စားရတာကို ပိုကြိုက်ပါတယ်။

မုန့် ပိန္န္နဲစေ့ လုပ်နည်းလေးကို share ပါမယ်ရှင်။

Ingredients:
ကောက်ညင်းမှုန့် ဆန်ချိန်ခွက် ၁ခွက်
ဆန်မှုန့် ဆန်ချိန်ခွက် ၁၀က်
ရေ ဆန်ချိန်ခွက် ၁၀က်
ဆား အနည်းငယ်
ထန်းညက်ခဲ ၂၀ခဲ
အုန်းသီး ၁လုံး

Preparation Method:

၁) ကောက်ညှင်းမှုန့် ၊ဆန်မှုန့် ၊ဆားတို့ ကို ရေသုံးပုံ နှစ်ပုံ လောက်ထည့်ပြီး မုန့်အစေးပေါက်တဲ့ အထိ နှယ်ပါ။ အရေးကြီးတာကတော့ ရေကို ဖြေးဖြေးချင်း လောင်းထည့်ပါ၊ နယ်ရင်းနဲ့  လုံးလို့ ရပြီဆို ရေထည့်တာကို ရပ်ပါ။
၂) မုန့် သားနပ်သွားအောင် ၂နာရီလောက် ရေစိုပိတ်စ နဲ့ အုပ်ထားပေးပါ။
၃) ရေနွေးအိုးကို ပွက်ပွက်ဆူအောင် တည်ထားပါ။ အိုးက အ၀ကျယ်ဆို ပိုကောင်းပါတယ်။ ပြီးလျှင် မုန့် သားနည်းနည်းချင်းစီယူပြီး အလုံးတွေ လုံးပြီး အိုးဘေးတစောင်းကနေ ထည့်ပါ။ (အပူငွေ့  သတိထားပါ။)
မုန့် ကြာစေ့ဆို သေးသေးလုံးလုံးလေးတွေ လုံးပါ။ မုန့် ပိန္န္နဲစေ့ဆို သေးသေးလုံးလုံးလေးတွေ လုံးပြီး လက်နှင့် အသာလေးလှိမ့်လိုက်လျှင် ပိန္န္နဲစေ့ပုံစံ ရပါပြီ။
၎) မုန့် တွေ ကျက်ပြီဆိုလျှင် ရေပေါ်သို့ တက်လာပါတယ်။ ဆယ်ယူပြီး ရေအေးထဲ စိမ်ထားပါ။
၅) အုန်းသီးတခြမ်းကို ခြစ်ပြီး အုန်းနို့ ရည်ရအောင် ကျိုထားပါ။ ကျန်တခြမ်းကို အပေါ်မှဖြူးစားရန် ခြစ်ထားပါ။
၆) ထန်းညက်ရည်အတွက် ထန်းညက်ခဲတွေကို ရေအရင် စိမ်ထားပါ..ပြီးလျှင် ရေစစ်ဖြင့် စစ်ပြီး ဆား အနည်းငယ် ထည့်ကာ မပြစ်မကျဲ ကျိုထားပါ။
၇) ထန်းညက်ရည်အနေတော်ရပြီဆိုလျှင် ဆယ်ထားသော မုန့် လေးတွေထည့်ပါ။ (အုန်းနို့ ရည်ကို တခါတည်းထည့်လည်းရပါတယ်။ )

ပြင်ဆင်ပုံ
စားမယ့်ပန်းကန်လေးထဲ လိုသလောက်ထည့်ပြီး အုန်းနို့ ရည်ဆမ်းပါ။ အုန်းသီးခြစ်ကြိုက်လျှင် အပေါ်မှဖြူးပါ။

အချိုကြိုက်တဲ့သူတွေအတွက် ပူပူမွှေးမွှေး အဆာပြေစားစရာ မုန့် ပိန္န္နဲစေ့ ရပါပြီ။

*** ကောက်ညင်းမှုန့်၊ဆန်မှုန့် အမျိုးအစားပေါ် မူတည်ပြီး ရေကို ချိန်ဆထည့်ပါ။

p.s မြန်မာမုန့် တွေက ကောက်ညှင်းနဲ့ ဆန်ကို တညသိပ်ရေစိမ်၊ မုန့် ကြိတ်ဆုံမှာသွားကြိတ် ၊ ပြီးမှ အပေါ်ကအလေးတင်ပြီး ရေစစ်ထား မုန့် သားနပ်သွားမှ ကိုယ်လုပ်ချင်တဲ့ မုန့် ကို လုပ်စားရတာပါ။ မုန့် အမျိုးအစားပေါ် မူတည်ပြီး သုံးတဲ့ ဆန်၊ အချိုးအစားလည်း ကွာပါတယ်။

Shared from KaeKae's Food Palace (FB)

နို့ စိမ်းခေါက်ဆွဲ ( Noodle with Evaporated Milk and Chick pea Soup)


တက္ကသိုလ်ဝင်တန်းအောင်မြင်သွားကြတဲ့သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့  မိသားစု ပျော်ပျော်ပါးပါး စားလို့ ရအောင် နိုစိမ်းခေါက်ဆွဲ ချက်နည်းလေးကို share ပါမယ်ရှင်။

Servings: 3

Ingredients:
ခေါက်ဆွဲ
နို့ စိမ်း ၂၅၀ml
ကြက်သား ၂၀ကျပ်သား
ကြက်ရိုး ၃၀ကျပ်သား
ကြက်သွန်နီအကြီး ၂လုံး (ဟင်းဆီသတ်ရန်)
ကြက်သွန်နီအသေး ၁၀လုံး (ဟင်းရည်ထဲထည့်ရန်)
ကြက်သွန်ဖြူ ၁၀မွှာ
ငရုတ်သီးအစိမ်းမှုန့်  ၂ဇွန်း
ကုလားပဲ ၁၀ကျပ်သား
ချင်း အနည်းငယ်
ဆား အနည်းငယ်

Preparation Method:
၁)ကုလားပဲကို ရေတညသိပ်စိမ်ပြီးလျှင် နူးအိအောင် ပြုတ်ပါ။ အေးသွားလျှင် ကြေအောင် ချေထားပါ။
၂) ကြက်ရိုးတွေကို ခုတ်ထစ်ပြီး ရေဆေးပါ။ ဆားနနွင်းချင်း ထည့်ပြီး ပြုတ်ပါ။ အေးသွားလျှင် အရည်သပ်သပ် ဖယ်ပြီး အသားနွှင်ထားပါ။
၃) ကြက်သားတွေကို အတုံးသေးသေးတုံးပြီး ဆား နနွင်းတို့နှင့် နယ်ပါ။
၎) ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီးအစိမ်းမှုန့်  အားလုံးကို ညက်နေအောင် ရောထောင်းပါ။
၅) ဒယ်အိုးထဲ ဆီထည့်ပြီး ဆီဆူလာလျှင် ထောင်းထားသော အရောကို ဆီသတ်ပါ။
၆) ကြက်သွန်နီဆီသတ်တ၀က်ဖယ်ထားပြီး ကျန်တ၀က်ထဲသို့  ကြက်သားတွေကို ထည့်ပြီး ဆီသတ်ပါ။
၇) ရေနွေးအနည်းငယ်ထည့်ပြီး ကြက်သားဟင်း ဆီပြန်အောင် တည်ပါ။
၈) ဖယ်ထားသောကြက်သွန်နီဆီသတ်တ၀က်ထဲသို့  ချေထားသော ကုလားပဲကို မွှေးလာသည်အထိ ဆီသတ်ပါ။ အဆင့်၂ မှ နွှင်ထားသောအသားကို ထည့်ပြီး မွှေပါ။
၉) ဟင်းရည်ကို တည်ထားပြီး ဆူလာမှ ဆီသတ်ထားသော ကုလားပဲအနှစ်များကို လောင်းထည့်ပါ။
၁၀) ရေနွေးလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူလာလျှင် နို့ စိမ်း ထည့်ပြီး ပြန်တည်ပါ။ ဆားအနည်းငယ် ထည့်ပါ။ နောက်ဆုံးမှ ကြက်သွန်နီအသေးများကို ထည့်ပါ။

အရသာ စိတ်ကြိုက်ပြင်ပြီးလျှင် နို့ စိမ်းဟင်းရည် ရပါပြီရှင်။

ပြင်ဆင်ပုံ
စားမယ့်ပန်းကန်ထဲ ခေါက်ဆွဲထည့် ၊ ကြက်သားဟင်းထည့်၊ ဟင်းရည်ထည့်ပြီး နှစ်သက်သလို ပြင်ဆင်စားနိုင်ပါပြီ။

Enjoy Weekends!

Shared from KaeKae's Food Palace (FB)

ငှက်ပျောဖူး အစပ်ချက် (Spicy Banana Flower Stir Fry)


နွေကျောင်းပိတ်လို့  မော်လမြိုင်ခြံကို အလည်သွားရင် အစ်မတွေ ခဏခဏချက်ကျွေးတဲ့ ဟင်းလေးပါ။ ခြံထဲမှာ သီးပင်စားပင် ပေါများတဲ့အတွက် အသီးအရွက်တွေကို ချက်ခါနီးမှ ခူးပါတယ်။ ကစားပြီးလို့ မောမောနဲ့  ပြန်လာတိုင်း မွှေးနေတဲ့ဟင်းနံ့ တွေက ပိုပြီး ထမင်းဆာလာပါတယ်။ ၀မ်းကွဲမောင်နှမတွေနဲ့  လုစားရတဲ့အရသာကလည်း ပိုပြီး စားကောင်းစေပါတယ်။

ထမင်းစားလို့ မြိန်တဲ့ ငှက်ပျောဖူး အစပ်ချက်နည်းလေးကို share ပါမယ်ရှင်။

Ingredients:
ငှက်ပျောဖူးအကြီး ၁ဖူး (အသေး ၂ဖူး)
ပုစွန်အနေတော် ၁၀ကောင်
ကြက်သွန်နီ ၂လုံး
ကြက်သွန်ဖြူ ၅မွှာ
ငရုတ်သီးအစိမ်းမှုန့်  ၂ဇွန်း
စပါးလင် ၂ပင်
ချင်း အနည်းငယ်
ပဲငံပြာရည်အကျဲ ၁ဇွန်း
ဆား အနည်းငယ်
ဆီ အနည်းငယ်
နနွင်းမှုန့်  အနည်းငယ်

Preparation Method:
၁) ပုစွန်တွေကို ခေါင်းဖြုတ်၊ အခွံခွာ၊ ကျောလယ်က အမည်းကြောင်းကို ထုတ်ပြီး ရေဆေးပါ။ နုတ်နုတ်စင်းပြီး ဆား နနွင်းတို့နှင့် နယ်ထားပါ။
ပုစွန်ခြောက်မှုန့် သုံးမည်ဆိုလျှင် ၃ဇွန်းထည့်ပါ။
၂) ငှက်ပျောဖူးအပြင်ဖက်က အကြမ်းဖတ်များကို ခွာပါ။ အထဲမှ ငှက်ပျောဖူးသီးဖူးပေါက်စတွေကို ဖယ်ပါ။ အတွင်းသားအနုလေးများကို ပါးပါးလှီးပြီး ငှက်ပျောဖူးတွေ မမဲသွားအောင်နဲ့  အစေးတွေ ထွက်သွားအောင် မန်ကျည်းရည်နဲ့ စိမ်ပါ။
၃) အဖန်လျှော့အောင် မန်ကျည်းရည်စိမ်ထားသော ငှက်ပျောဖူးတွေကို ပြုတ်ပြီး ရေစစ်ပါ။
၎) စပါးလင်အပြင်ခွံတွေကို ဖယ်ပြီး စပါးလင်အတွင်းသားကို ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီးအစိမ်းမှုန့်  ချင်းအားလုံးနဲ့ ရောပြီး ညက်နေအောင် ရောထောင်းပါ။
၅) ဒယ်အိုးထဲ ဆီထည့်ပြီး ဆီဆူလာလျှင် ထောင်းထားသော အရောကို ဆီသတ်ပါ။ ပြီးလျှင် နုတ်နုတ်စင်းထားသော ပုစွန်တွေကိုထည့်ပါ။
၆) ငှက်ပျောဖူးတွေကိုထည့်ပါ။ ပဲငံပြာရည်အကျဲ နဲ့ ဆားအနည်းငယ်ထည့်ပါ။
၇) အရသာ စိတ်ကြိုက်ပြင်ပြီး ဆီပြန်လာလျှင် ငှက်ပျောဖူးအစပ်ချက် ရပါပြီ။

ပူပူစပ်စပ် အရသာနဲ့ ငှက်ပျောဖူးရဲ့ ဆိမ့်တဲ့အရသာ ပေါင်းထားတဲ့ ဒီဟင်းလေးက ထမင်းစားလို့ မြိန်စေမှာပါရှင်။

Shared from KaeKae's Food Palace (FB)

Saturday, May 3, 2014

စားတော်ပဲ ပြုတ်နည်း


စားတော်ပဲပြုတ်နည်းလေးတင်ပေးဖို.စိတ်ကူးရှိတာကြာပါပြီ...။
အဓိက က..
ဓါတ်ပုံရဖို.ခက်နေလို.ပါ..။အခုမြန်မာပြည်ကို ဓါတ်ပုံလှမ်းတောင်းယူရပါတယ်
ဟိုရက်ပိုင်းက..မေးထားတဲ့သူရှိတော့..ပိုအဆင်ပြေသွားပါတယ်...။

စားတော်ပဲပြုတ်ရန်...
**************

စားတော်ပဲ .......ဆန်ချင်ခွက် (၅) ခွက်
စားဆော်ဒါမှုန်. ......၁ ဇွန်း(လက်ဖက်ရည်ဇွန်း)
ထန်းလျက်ခဲအသေး..၂ ခဲခန်.( သို.) သကြားညို အနည်းငယ်
ဆီ.....................၁ ဇွန်း
ရေ....................ပဲအပေါ်လက်တစ်ဆစ်ကျော်ကျော်ခန်.

စားတော်ပဲကို ပြည်တွင်းနေသူများအလွယ်တကူဝယ်ရနိုင်ပေမယ့်..ပြည်ပမှာ
ရှိသူများကတော့..Green peas , Yellow peas , Mellow peas ဆိုပြီး..
Ready To Use အထုပ်တွေကို ဂရမ်နဲ.ရနိုင်ပါတယ်..။ yellow peas က
အခွံကျွတ်များပြီး..green peas ကတော့အခွံကျွတ်သက်သာစေပါတယ်..။

ပဲကို ရေဆေးပြီး တစ်ည ကြိုတင်ရေစိမ်ထားပါ ။စား ဆော်ဒါမှုန်. ၃ ပုံ ၁ပုံကိုပါ
ထည့်ပြီးစိမ်ထားပေးရပါမယ်...။

နံနက်လင်းတာနဲ. ပဲတွေကိုရေစစ်ပြီး..ဇကာခြင်းမျိုးထဲဖြန်.ထည့်ပြီး..အ၀တ်စ
ကိုရေဆွတ်ပြီးအုပ်ထားပေးပါ။အ၀တ်စခြောက်သွားတာနဲ.ရေပြန်ဆွတ်ပြီးအုပ်
ထားပေးရပါမယ်..။

အညှောင့်ထွက်တာ ပုံမှန်လောက်ပဲဆိုရင်..နောက်တစ်ည အိပ် ပြီးပြုတ်လို.ရ
ပါပြီ ၊ အညှောင့်ရှည်ရှည်ထွက်ချင်ရင်တော့..နောက်ထပ်၁ည ထပ်ထားပေးရပါမယ်။ ရေစိမ် ၁ည ၊ အညှောင့်ဖောက်၁ည (သို.) ရေစိမ်၁ည၊
အညှောင့်ဖောက် ၂ ည ဖြစ်ပါတယ်။

အညှောင့်ပေါက်နေတဲ့စားတော်ပဲထဲကို ဆီ ၊စား ဆော်ဒါမှုန်. ၊ ထန်းလျက်ခဲ(သို.)
သကြား ရောထည့်မွှေပြီး.ရေကို ပဲအထက် လက်တစ်ဆစ်ကျော်ကျော်ခန်.လေးသာထည့်ပြီး ရေခမ်းအောင်ပြုတ်ပေးရုံပါပဲ။

ရေခမ်းလို.ပဲတွေကျက်ပြီး (၁၀) မိနစ်ခန်.လောက်မှ..အဖုံးကိုဖွင့်ပေးပါ။
ထို(၁၀) မိနစ်ကအငွေ.နဲ.ကျက်စေတာမို.ပဲကိုအရသာထူးစေပါတယ်။

နည်းလမ်းမျိုးစုံကိုမှီငြမ်းပြီး..နောက်ဆုံးစမ်းသပ်ထားတဲ့ပဲပြုတ်နည်းဖြစ်ပါတယ်

Shared from ဟင်းချက်နည်းများ (FB)

မဉ္ဇူသက နတ်ပန်း


အပွင့်သေးသေး လျှာဖျားမှာ ချိုချိုလေးရှိပြီး ဆေးဘက်လည်းဝင်တဲ့ ဒီပန်းနာမည်က မဉ္ဇူသကနတ်ပန်းတဲ့လေ.
နှလုံး၊ သွေးတို၊ ဆီးချို၊ မူးဝေအော့အန်ရင် ရေနွေးကြမ်းနဲ့ရောပြီးသောက်လို့ အထုပ်မှာတော့ ရေးထားတယ် ... ငယ်ငယ်တုန်းကတော့ ပုဂံဘုရားတွေမှာ ရောင်းတာ တွေ့ခဲ့ဖူးတယ်။ စားကြည့်တော့ ချိုချိုလေးရယ်။ ခုတော့ ဦးပိန်မှာတွေ့လို့ ရိုက်ခဲ့တာ။ နာမည်လေးကိုလည်း သဘောကျတယ်။

Shared from အစိမ်းရောင် လွင်ပြင် (FB)

သကြားမုန်.ဖက်ထုပ် (၁၂ ထုပ်)












(ကျွန်မရဲ့ ဒုတိယမြောက်စာအုပ် (အစိမ်းရောင်) စာမျက်နှာ 114 - 115 မှာ ပါပြီးသားလေးပါ။)

**.. လိုအပ်သော မုန်.နှစ် စ လုပ်ကြရအောင်…

1. ကောက်ညင်းမှုန်. ၄ ခွက် (rice cooker တွင်ပါသောခွက်)
2. ရေ ၂ ခွက် (rice cooker တွင်ပါသောခွက်)

ကောက်ညင်းမှုန်. ထဲ ရေကို ဖြည်းဖြည်းချင်းထည့်ကာ အရမ်းမမာ၊ အရမ်းမပျော့ပဲ စေးစေးလေးဖြစ်အောင် နယ်ပါ။
(ကောက်ညင်းမှုန်.က အလေးချိန်နဲ. ချိန်ထည့်တာမဟုတ်ပဲ ခွက်နဲ. ချင်ထည့်တာမို. အချိုးအစား အရမ်းအတိအကျ မရနိုင်လို. ရေကိုဖြည်းဖြည်းချင်းထည့်ခိုင်းတာပါ။)

**.. လိုအပ်သော အုန်းယို ကျိုရအောင်…

1. ခြစ်ထားသော အုန်းသီး- တရုတ်ပန်းကန်လုံး ၂ လုံး
2. သကြား- ထမင်းစားဇွန်း ၁၂ ဇွန်း
3. ရေ- ထမင်းစားဇွန်း ၂ ဇွန်း (အုန်းသီးအခြောက်ကိုသုံးလျှင် ရေ – ထမင်းစားဇွန်း ၄ ဇွန်းခန်.ပိုထည့်ပေးပါ။)

မီးအေးအေးနှင့် ရောကြိုထားသော ရေ နှင့်သကြားပွက်လာလျှင် အုန်းသီးကို ထည့်မွှေပါ။

အရည်များ ထမင်းစားဇွန်း ၁ ဇွန်းခန့်ကျန်ပြီး အတော်လေးပျစ်လာလျှင် မီးဖိုမီးပိတ်ပါ။ (အုန်းသီးဖတ်များ အရမ်းခြောက်ကပ်သွားအောင် မလုပ်ပါနှင့်။)

အေးသွားမှလုံးလျှင် သကြားများခဲသွားသဖြင့် လက်ဖြင့်ကိုင်နိုင်သော အပူရှိန်ဖြစ်လာသည်နှင့် အလုံး ၁၂ လုံး လုံးထားပါ။ (ဖိပြီးဆုပ်နယ်မှ အလုံးလေးက ခပ်ကျစ်ကျစ်ဖြစ်ပါတယ်။)

မုန်.နှစ်ကိုလည်း ၁၂ လုံး လုံးထားပါ။

**.. မုန်.ဖက်ထုပ် စထုပ်ကြရအောင်…

ငှက်ပျောဖက်၏ ပြောင်နေသောဖက်ကို အပြင်ထားကာ အတွင်းဖက်တွင် ဆီသုတ်ပါ။ (ငှက်ပျောဖက်များကို မုန့်ထုတ်ချိန်၌ ပျော့နေအောင် microwave ထဲ ၁ မိနစ်ခန့်ထည့်ကာ အပူပေးထားပါ။)

လက်ကိုဆီသုတ်ပြီး လုံးထားသော မုန်.နှစ်ကိုပြားကာ အုန်းယိုလုံးကိုတင်ပြီး လုံအောင်ဖုံး၍ အလုံးပြန်လုံးပါ။

လုံးသွားပြီးနောက် အလုံးကို ဆီသုတ်ပေးပါ။

ထိုအလုံးကို ဆီသုတ်ထားသောဖက်၏ အလယ်မှာထားကာ ဖက်အနားနှစ်ဖက်ဖြင့် ဖုံးပါ။

ပြီးလျှင် ပုံတွင်ပြထားသကဲ့သို. ဆက်ထုပ်ပါ။

သွားကြားထိုးတံလေးနှင့် ပိတ်ပြီး ပေါင်းမည့်အိုးလေးထဲ ထည့်ပါ။

ရေတစ်ဝက်ခန်.ထည့်ကာ ဆူအောင်တည်ထားသည့် အိုးပေါ်တင်ကာ အဖုံး ဖုံးပြီး high heat နှင့် ၂၀ မိနစ်ပေါင်းလိုက်လျှင် အရသာရှိလှသော မုန်.ဖက်ထုပ်ပူပူနွေးနွေး စားရန် အသင့်ဖြစ်ပါပြီ။

အုန်းယို နှင့် ဒူရင်းယို ရောလုံးပြီး ဌာပနာရင်လည်း စားလို.ကောင်းလှပါ တယ်။

Shared from Chaw Su's Food Friends (FB)

Saturday, April 19, 2014

သကြားရည်ထဲမှ မလိုင်လုံးလေးများ







သကြားရည်ထဲမှ မလိုင်လုံးလေးများ (၁၅ လုံး)
(ကျွန်မရဲ့ ပထမစာအုပ် (လိမ္မ်ာရောင်) စာမျက်နှာ ၇၆-၇၇ မှာ ပါပြီးသားလေးပါ။)

**.. သကြားရည် အတွက် လိုအပ်တာလေးတွေ…


1. သကြား – ၁ ခွက်ခွဲ (375 ml)
2. ရေ – ၁ ခွက် (250 ml)
3. သံပရာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
4. rose syrup – လက်ဖက်ရည်ဇွန်း ၁ ဇွန်း (ကျွန်မကတော့ အနံ.မကြိုက်လို. မထည့်ပါဘူး။)
5. cardamon powder(ဖာလာစေ့ အမှုန်.) – လက်ဖက်ရည်ဇွန်း တစ်ဝက်
6. saffron – လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံ

သကြား နှင့် ရေ ကို ပင်ပေါင်ဘောလုံးအရွယ် (မလိုင်လုံးများ သကြားရည် စိမ်ပြီး ဖြစ်လာမည့် အရွယ်အစား) ၁၅ လုံးခန်ု.ဆန်.မည့် အိုးထဲ ထည့်ကာ မီးဖိုပေါ်တင်ပြီး ဆူလာလျှင် အပူရှိန်လျှော့ကာ ၅ မိနစ်ထားပါ။

ပြီးလျှင် သံပရာရည်၊ rose syrup၊ saffron နှင့် cardamom powder ထည့်မွှေပြီး သကြားရည် ဖြည်းဖြည်းချင်းပွက်နေစေနိုင်မည့် အပူရှိန်သို့ လျှော့ထားပါ (အရမ်းမြန်မြန်မပွက်ပါစေနှင့်)။

**.. မလိုင်လုံး လုံးရန်အတွက် လိုအပ်တာလေးတွေ…

1. နို.မှုန်. – ၁ ခွက် (250 ml)
2. all purpose flour - (250 ml)ခွက်ရဲ့ ၄ ပုံ ၁ ပုံ
3. ခဲနေသော ထောပတ် ထမင်းစားဇွန်း – ၂ ဇွန်း ခွဲ (ထောပတ်ပျော်နေလျှင် ထမင်းစားဇွန်း ၃ ဇွန်း)
4. နွားနို. – ထမင်းစားဇွန်း ၅ ဇွန်း
5. baking powder – လက်ဖက်ရည်ဇွန်း တစ်ဝက်
6.fine semolina(ရွှေကြည်မှုန်.) – လက်ဖက်ရည်ဇွန်း ၁ ဇွန်း (မထည့်လည်းရ) (ဆနွင်းမကင်းလုပ်တဲ့ ရွှေကြည်မှုန်. ထက် ပိုပြီးအမှုန်. ဖြစ်ရပါမယ်။)

အားလုံးကိုရောနယ်ရာတွင် milk ကိုဖြည်းဖြည်းချင်းထည့်ပါ။

မုန့်နှစ်အရမ်းပျာ့နေသည်ဟုထင်လျှင် milk ကိုအကုန်မထည့်ပဲ ချန်ထားလိုက်ပါ။ ထိုအရောအနှောကို အဖုံး ဖုံးကာ ၁၀ မိနစ်ခန်.ထား ထားပါ။ (မုန်.နှစ်က အောက်ပုံပါအတိုင်း ဖြစ်နေရပါမယ်။)

အလုံးလေးများ စလုံးရာတွင် ချက်ချင်းမလုံးသေးပဲ တစ်လုံးစာ မုန့်နှစ် ကိုယူပြီး ထောပတ်အနည်းငယ်သုတ်ထားသည့် လက်နှင့် ၁၀ ချက်ခန့်ဆုပ်ကာ နယ်ပါ။ (ကြော်သောအခါ ဆီအိုးထဲမှာ ကွဲထွက် မသွားစေရန် ဖြစ်ပါတယ်။)

ပြီးမှ လုံးပါ။

ထိုနည်းအတိုင်း အလုံးကလေး ၁၅ လုံး ရအောင် လုံးပါ။ (ဆီ အပူရှိန်စမ်းသပ်ရန် အတွက် သေးသေးလေး ၁ လုံးလောက် အပိုလုံးထားပါ)။

၇ လုံးခန်.ဆန်.သော အိုးထဲ ဆီအပြည့်နီးပါး ဖြည့်ကာ medium heat နှင့်ပူအောင်တည်ထားပါ။

ဆီပူလာလျှင် အလုံးသေးလေးတစ်လုံးစမ်းထည့်ကြည့်ပါ။

၁ မိနစ် အတွင်းအလုံးကလေးမြင့်တက်လာ လျှင်ဆီအပူရှိန်မှန် ပြီမို. မီးကို low heat သို.လျှော့ပြီး မလိုင် ၇လုံးကို တစ်လုံးချင်း ဖြည်းဖြည်း ထည့်ချပါ။

ပြီးလျှင် အပေါက်ကလေးများပါသောဇွန်း (ဇကာဇွန်း)နှင့် လိုက်မကာ လှန်ပေးပါ။

မလိုင်လုံးတော်တော်ညိုသွားလျှင် အပေါက်ကလေးများပါသောဇွန်း (ဇကာဇွန်း)နှင့် ဆယ်ပြီး ဖြည်းဖြည်းချင်းပွက်နေသည့် သကြားရည် နွေးနွေးလေးထဲ ထည့်ချပါ။

ကျန်သည့် ၈ လုံးကိုလဲ ထိုအတိုင်းဆက်လုပ်ပါ။

မလိုင်လုံးအားလုံး သကြားရည်ထဲ ထည့်ပြီးလျှင် သကြားရည်အိုးတင်ထားသော မီးဖိုကိုပိတ်ကာ အဖုံး ဖုံးထားပါ။ မိနစ် ၂၀ခန်.နေလျှင် စားလို.ရပါပြီ။

Shared from Chaw Su's Food Friends (FB)

မုန့်လက်ဆောင်းဖတ် အလွယ်လုပ်နည်း



( မွှေချိန် မိနစ် ၂၀ ခန့်သာ ကြာပါတယ်)
ဒီနည်းလေးက အလွန်လွယ်ပြီးအချိန်လုံးဝ မကုန်တဲ့နည်းလေးပါ။ ထုံးကျက်တတ်ရေမလိုပဲရိုးရိုးရေဖြင့်လုပ်နိုင်ပါတယ်။ မူရင်းက ဆန်ကိုကြိတ်ပြီးကျိုရပေမဲ့ အခုလို အချိန်မရပဲ အလုပ်များကာ ကိုယ်တိုင်လုပ်မှ စားရသော နေရာဒေသအသီးသီးကို ရောက်ရှိနေသောအိမ်ရှင်မများအဖို့ ဒီနည်းလေးက အကောင်းဆုံးနည်းပါရှင်

ပါဝင်ပစ္စည်းများ
၁။မတ်ပဲအမှုန့် ( mung bean flour- ၇၅ ဂရမ်)
၂။ဆန်မှုန့် ( rice flour -၆၀ဂရမ်)
၃။သာကူအမှုန့်( tapioca flour -၃၀ ဂရမ်)
၎။ရေ ( ၁လီတာ )
၅။ဆွမ်းမွှေး ကြိတ်မှန်ရည် pandan paste (အရောင်အနုအရင့်ကြိုက်သလောက်သုံးပါရှင်)

မတ်ပဲအမှုန့်၊ ဆန်မှုန့် ၊ သာကူအမှုန့် တို့ကို ရေ ၆၀၀ မီလီ လီတာဖြင့် ဖျော်ပြီး မကပ်သောအိုးထဲကို ထဲ့ကာ မီးအေးအေးဖြင့်တည်ပေးပါ။ တဖက်တည်းကို မွှေပေးနေပါ။
အနဲငယ်ပျစ်လာရင် လက်ကျန်ရေကို နဲနဲစီထဲ့လိုက် မွှေလိုက်ဖြင့်နောက်ဆုံးမှာ လုံးဝပျစ်ခဲကာ အရောင်ပြောင်လာပါမယ်။ ဆွမ်းမွှေးရည် အရောင်နု၊ ရင့် ကြိုက်သလိုထဲ့ မွှေပြီး တော်တော်ပျစ်လာပြီ အရောင်လဲပြောင်လာပြီဆိုမှ အောက်ကရေခဲထဲ့ထားသော ရေခဲရည်ထဲသို့ ဇကာပေါက်ပါသောခွက်ထဲကို မုန့်ရည်ကိုထဲ့ပြီး ဖြေးဖြေးချင်း ဖိချပါ။
potatoes masher , pasta press လို့ ခေါ်တယ်။ ဘေးက အပေါက်တွေပါတဲ့ ဟာတွေက အဖတ်သိပ်မလှဘူး။ အောက်ဖက်ပဲ အပေါက်လေးတွေပါမှ မုန့်သားလှပါမယ်။
ရေခဲရေကိုခဏခဏလဲပေးရပါမယ်နော် ဘာလို့ဆိုတော့အပေါ်ကကျလာတဲ့အပူမုန့်ရည်က အောက်က ရေခဲရည်ကြောင့်အခဲသဏ္ဍာန်ပြောင်းသွားတာပါနော်။ ရေအေးမှ မုန့်အပူက အခဲသဏ္ဍာန်ဖြစ်ပါမယ်။
အဆင်ပြေပြေ လုပ်စားနိုင်ပါစေရှင်။

Shared from Ei Thet (FB)

မျှစ်စပ်ထောင်း







**... မျှစ်စပ်ထောင်း အတွက် လိုအပ်တာလေးတွေ…

1. မျှစ်ဝါ – 280 g (1 1/2 cups ခန့်)
2. ၄ စိတ်ကွဲလှီးထားသော ဂေါက်သီးအရွယ် ကြက်သွန်နီ – တစ်ခြမ်း
3. ပါးပါးလှီးထားသော ကြက်သွန်ဖြူ အတက်ကြီး – ၆ တက်
4. ငရုတ်သီးစိမ်း – ၁၀ တောင့်
5. ဖုတ်ထားသော (သို့) ထဲ ၃၀ စက္ကန့်ခန့် ထည့်ထားသော စိမ်းစားငပိ – ထမင်းစားဇွန်း ၁ ဇွန်း
6. ပုဇွန်ခြောက်မှုန့် – ထမင်းစားဇွန်း ၂ ဇွန်း
7. သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
8. ငါးငံပြာရည် – ထမင်းစားဇွန်း ၂ ဇွန်း
9. သံပုရာရည် – ထမင်းစားဇွန်း ၂ ဇွန်း
10. ၆ စိတ်ကွဲလှီးထားသော ဂေါက်သီးအရွယ် ခရမ်းချဉ်သီး – ၁ လုံး
11. လှီးထားသော ကြက်သွန်ပင် – ထမင်းစားဇွန်း ၂ ဇွန်းခန့်
12. ရှောက်ရွက် (သို့) ပူစီနံ – အနည်းငယ်


မျှစ်ဝါကို ရေဆူဆူထဲ ၁၀ မိနစ်ခန့် ထည့်ပြုတ်ပြီး ရေစစ်ကာ ပါးပါးသေးသေးအချောင်းလေးများ လှီးထားပါ။

ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်းတို့ကို အနံ့မွှေးအောင် အိုးပူတိုက်လှော်ထားပါ။

အနည်းငယ်မီးကျွမ်းအောင် လှော်ထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ၊ငရုတ်သီးစိမ်းတို့ကို ဆုံထဲထည့်ပြီး ခပ်ကြမ်းကြမ်းထောင်းပေးပါ။ ( ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ၊ငရုတ်သီးစိမ်း ဖတ်များအရမ်းမကြေရင် ပိုစားလို့ကောင်းပါတယ်။)

စိမ်းစားငပိ၊ ပုဇွန်ခြောက်မှုန့်၊ သကြား တို့ကို ထည့်ကာ မိနစ်ဝက်ခန့် ဆက်ထောင်းပေးပါ။

ငါးငံပြာရည်၊ သံပုရာရည် နှင့် ခရမ်းချဉ်သီးတို့ကို ထည့်ကာ ငရုတ်ကျဉ်ပွေ့ဖြင့် ခပ်ဖွဖွဖိကာမွှေရောပါ။

ကြက်သွန်ပင် နှင့် မျှစ်ထည့်၍ ခပ်ဖွဖွထောင်းကာ မွှေရောပြီးလျှင်တော့ ရှူးရှူးရှဲရှဲဖြစ်အောင်စပ်ပြီး၊ စားကောင်းလှသော မျှစ်စပ်ထောင်းကို ရှောက်ရွက် (သို့) ပူစီနံလေးဖြူးကာ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

Shared from Chaw Su's Food Friends (FB)

ကြက်ဥအမြှုပ် ကျောက်ကျော











FB ကတစ်ဆင့် ခင်မင်ခွင့်ရတဲ့ မဝတ်မှုံရဲ့ နည်းလေးအတိုင်းလုပ်ထားတာပါ။ လုပ်နည်းလေးကို အသုံးပြုခွင့်ပေးတဲ့ မနှင်းဝတ်မှုံ ကို ကျေးဇူးအများကြီးတင် ပါတယ်ရှင်။

** ကြက်ဥအမြှုပ် ကျောက်ကျော အတွက် လိုအပ်တာလေးတွေ…

1. အုန်းနို့ – 400 ml
2. နွားနို့ – 500 ml
3. သကြား – 1 cup (250 ml)
4. ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်
5. ရေ – 300 ml
6. ကျောက်ကျောမှုန့် – အထုပ်တစ်ဝက် (12.5 g) (လက်ဖက်ရည်ဇွန်း ၅ ဇွန်း)
7. ကြက်ဥ – ၄ လုံး
8. ရေ – ထမင်းစားဇွန်း တစ်ဇွန်းခွဲ (ကြက်ဥအနှစ်ဖြင့် ရောပြီးခလောက်ရန်)
9. သကြား – ထမင်းစားဇွန်း တစ်ဝက် (ကြက်ဥအကာဖြင့် ရောပြီးခလောက်ရန်)
10. သံပုရာရည် – ထမင်းစားဇွန်း တစ်ဝက် (ကြက်ဥအကာဖြင့် ရောပြီးခလောက်ရန်)
11. ဂျယ်လီ – ၃ ခု

အုန်းနို့၊ နွားနို့၊ သကြား နှင့် ဆားကို အိုးသန့်သန့်ထဲထည့်ကာ medium heat ဖြင့် တည်ထားပါ။

ထိုအချိန်တွင် ရေ – 300 ml ဖြင့် ကျောက်ကျောမှုန့်ကို ဖျော်ထားပါ။

ကျိုထားသည့်အရည် ပူပြီး (ဆူရန်မလို) သကြားပျော်သည်နှင့် ဖျော် ထားသော ကျောက်ကျောရည်ကို လောင်းထည့်ပြီး ဆူလာသည်အထိ medium heat ဖြင့် အနည်းငယ်မွှေကျိုပေးပါ။

အရည်ဆူအောင် စောင့်နေချိန်တွင် ကြက်ဥကို အနှစ် နှင့် အကာခွဲပြီး အကာထဲကို ရေ (ထမင်းစားဇွန်း တစ်ဇွန်းခွဲ)ထည့်ကာ အဖတ်များကြေအောင် ခလောက်ထားပါ။

ကျောက်ကျောရည်စပြီးဆူလာသည်နှင့် အရည်တစ်ဝက် (3 cups (750 ml)) ခန့် ကို နောက် (ဒုတိယ)အိုးထဲ ခွဲထည့်ပေးပါ။

ကြက်ဥအနှစ်ရည်လောင်းထည့်မည့် ဒုတိယအိုးကို medium heat ဖြင့် ပြန်ဆူလာအောင်တည်ပါ။ (ကျောက်ကျောများ မခဲသွားအောင် ပထမအိုးကိုလည်း low heat ဖြင့် တည်ထားပါ။)

ဒုတိယအိုး ဆူလာသည်နှင့် အနှစ်ရည်ကိုလောင်းထည့်ကာ အတုံးလိုက် မကျက်သွားအောင် အမြန်မွှေပေးပြီး (၁ မိနစ်ခန့်)

ခဲမည့်ခွက် (8″ x 8″) ထဲ လောင်းထည့်ကာ အအေးခံထားပါ။

အအေးခံထားချိန်တွင် ကြက်ဥအကာကိုမွှေသည့်စက်ဖြင့် အမြှုပ်များဖြစ်လာအောင် ၁ မိနစ်ခန့်မွှေပေးပါ။ (ထိုအချိန်တွင် low heat ဖြင့်တည်ထားသော ပထမ ကျောက်ကျောရည်အိုးကို medium heat တို့တိုးပြီး ဆူလာအောင် လုပ်ထားပါ။)

ပြီးလျှင် သကြား(ထမင်းစားဇွန်း တစ်ဝက်) နှင့် သံပုရာရည်(ထမင်းစားဇွန်း တစ်ဝက်)ကို ထည့်ပြီး နောက်ထပ် ၂ မိနစ်ခန့် (သို့) လုံးဝအရည်မကျန်အောင် ဆက်မွှေပေးပါ။ (ကြက်ဥအမြှုပ်ဇလုံကို စောင်းချကြည့်လို့ အမြှုပ်များလုံးဝဆင်းမလာပဲ ဇလုံနှင့်ကပ်နေလျှင် ရပါပြီ။)

ထိုအမြှုပ်များကို ဆူနေသည့်ကျောက်ကျောရည်အိုးထဲ ထည့်ကာ ခပ်ဖွဖွ ၂ မိနစ်ခန့်ရောမွှေပေးပါ။

ပြီးလျှင် မျက်နှာပြင်တင်းစပြုနေသော အနှစ်ရည်ကျောက်ကျောပေါ်သို့ ဟင်းခပ်ဇွန်းကြီးဖြင့်ခပ်ပြီး ဖြန့်ထည့်ပေးပါ။

အမြှုပ်များအားလုံးထည့်ပြီးနောက် ဂျယ်လီများကို မိမိနှစ်သက်သလိုလှီးကာ အပေါ်မှာဖြန့်ထည့်ပေးပြီး အအေးခံထားပါ။

ကိုက်လိုက်ရင် ကြက်ဥအကာဖြင့်လုပ်ထားသည့် အမြှုပ်မွမွလေးတွေက ပါးစပ်ထဲမှ ပျော်သွားပြီး၊ အနှစ်ဖြင့်လုပ်ထားသောအပိုင်းက နို့ နဲ့ အုန်းနို့ကြောင့် စိမ့်စိမ့်လေးနဲ့စားကောင်းလှသည့် ကြက်ဥအမြှုပ် ကျောက်ကျောလေးကို အေးသွားပြီးနောက် မိမိနှစ်သက်ရာပုံစံလှီးကာ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

Shared from Chaw Su's Food Friends (FB)

ကိုရီယား ၀က်သားကင်


ကိုရီယား စတိုင် ၀က်သားကင် လေးပါ။ ဆလတ်ရွက်ထဲ ၀က်သားကင်၊ ငရုတ်သီး၊ ကြက်သွန်ဖြူ ထည့်၊ ဆလတ်ရွက်လေးနဲ့ ထုပ်ပြီ သုံးဆောင်ရတာပါ။ မိသားစု နဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်း တွေနဲ့ပဲဖြစ်ဖြစ် အတူလုပ်စားမယ်ဆိုရင် အရမ်းကောင်းတဲ့ ၀က်သားကင်လေးပါ။ ချက်နည်းလေး ကြည့်ရအောင်
---------------------------------------------------
လုပ်ပုံ အဆင့်ဆင့်ကို http://www.wutyeefoodhouse.com/?p=4643%2F မှာရေးထားပါတယ်..
---------------------------------------------------
ပါဝင်ပစ္စည်းများ

ဝက်သား သုံးထပ်သား – ၃၀၀ ဂရမ် (ခပ်ပါးပါးလှီးပေးပါ)
ဆလတ်ရွက် – ၁စည်း (ရေစင်အောင် ဆေးထားပါ)
ငရုတ်သီးစိမ်း တောင့်ရှည် – ၁ခု (ပါးပါးလှီးပါ)
ကြက်သွန်ဖြူ – ၄ခု ( အရှည်ပါးပါးလှီးပါ)
---------------------------------------------------
နုပ်ထားရန် ပါဝင်ပစ္စည်းများ

သစ်တော်သီး – ၁လုံး (ပါးပါးလှီးထားပါ)
ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ)
ကြက်သွန်ဖြူ – ၄မွှာ (နှုတ်နှုတ်စဉ်းပါ)
ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးပါ)
သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
ပျားရည် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
ငရုတ်ကောင်းမှုန့် – အနည်းငယ်
နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၂ဇွန်း
ကိုရီယား ငရုတ်သီးအနှစ် – စားပွဲတင်ဇွန်း ၃ဇွန်း
---------------------------------------------------
Ssamjangဆော့တွင် ပါဝင်ပစ္စည်းများ

ပဲငပိ – စားပွဲတင်ဇွန်း ၄ဇွန်း (ဇွန်းဖြင့် ခြေထားပေးပါ)
ကိုရီယား ငရုတ်သီးအနှစ် – စားပွဲတင်ဇွန်း ၁ဇွန်း
ကြက်သွန်ဖြူ – ၁မွှာ (နှုတ်နှုတ်စဉ်းပါ)
ကြက်သွန်မြိတ် – စည်းဝက် (ပါးပါးလှီးပါ)
ပျားရည် – လက်ဖက်ရည်ဇွန်း ၂ဇွန်း
နှမ်း – လက်ဖက်ရည်ဇွန်း ၂ဇွန်း
နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၂ဇွန်း
---------------------------------------------------
ကင်နည်း

၁။ နုပ်ရန် ပါဝင်ပစ္စည်းများဖြစ်သော (သစ်တော်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ)တို့ကို ကြိတ်စက်(blender) ဖြင့် ကြေညက်အောက် ကြိတ်ပေးပါ။

၂။ ပြီနောက် ဇလုံတစ်ခုထဲ (၀က်သား၊ ကြိတ်ထားသော သစ်တော်သီး၊ ငရုတ်သီးနှစ်၊ သကြား၊ ပျားရည်၊ ငရုတ်ကောင်းမှုန့်၊ နှမ်းဆီ၊ ကြက်သွန်မြိတ်) တို့ကို ထည့်လိုက်ပါ။

၃။ နုပ်ရန်ပါဝင်ပစ္စည်း အားလုံးကို သမအောင် ရောနုယ်ပြီ ရေခဲသေတ္တာအောက်ထပ်တွင် အနည်းဆုံး နာရီဝက်ခန့် နုပ်ထားပေးပါ။

၎။ ပြီမှ မီးကင်ပြားကို ဆီအနည်းငယ်သုတ်ပြီ ၀က်သားများကို ကျက်သည်အထိ တဖက် ၅-၆ မိနစ်နှုန်းဖြင့် ကင်ပေးပါ။

၅။ ၀က်သားကင်များရပြီဆိုလျှင် Ssamjang ဆော့ပြုလုပ်ရန် ပါဝင်ပစ္စည်းများဖြစ်သော (ပဲငပိ၊ ငရုတ်သီးအနှစ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ပျားရည်၊ နှမ်းဆီ၊ နှမ်း)တို့ကို သမအောင် ရောမွှေလိုက်ပါ။

၆။ ဆလတ်ရွက်ထဲ ၀က်သားကင်၊ ငရုတ်သီးတောင့်ရှည်၊ ကြက်သွန်ဖြူ ၊ samjang ဆော့ထည့်၍ ထုပ်ပြီ သုံးဆောင်လို့ရပါပြီ…

---------------------------------------------------
Wutyee Food House
---------------------------------------------------

ကူဖီ မလိုင် (Kulfi)


ပူနွေးတဲ့ ရာသီမှာ အမောပြေ ကူဖီမလိုင် လေးအိမ်မှာပါ လုပ်စားနိုင်အောင်ပါ။ ချက်နည်းလေး ကြည့်ရအောင်…
----------------------------------------------------
လုပ်ပုံ အဆင့်ဆင့်ကို http://www.wutyeefoodhouse.com/?p=2902 မှာ ကြည့်နိုင်ပါတယ်...
----------------------------------------------------
ပါဝင်ပစ္စည်းများ

၁။ နွားနို့ (full fat milk) – ၁ လီတာ

၂။ သီဟိုဌ်စေ့ (သို့) ဗန်ဒါသီး – စားပွဲတင်ဇွန်း ၃ဇွန်းစာ (မညက်တညက် ထောင်းထားပေးပါ)

၃။ ဆန်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း

၎။ သကြား – စားပွဲတင်ဇွန်း ရဇွန်း

၅။ ဖာလာမှုန့် – လက်ဖက်ရည်ဇွန်း တ၀က် (သို့) ဖာလာမှုန့်အစား ဖာလာစေ့များကို ထောင်းထည့်လျှင်လည်း ရသည်။
----------------------------------------------------
ပြုလုပ်နည်း

၁။ အရင်ဆုံး ဒယ်အိုးတစ်ခုထဲသို့ နွားနို့ (၁လီတာ)ကို လောင်းထည့်လိုက်ပြီ မီးနည်းနည်းဖြင့် ဆူအောင် တည်ထားပေးပါ။

၂။ နွားနို့ပူလာပြီဆိုမှ (ဆန်မှုန့်၊ ထောင်းထားသော သီဟိုဌ်စေ့ (သို့) ဗန်ဒါသီး) တို့ကို နွားနို့နည်းနည်းဖြင့် ခွက်တစ်ခုထဲတွင် အရင်ဖော်ပြီမှ ဒယ်အိုးထဲ လောင်းထည့်ပြီ ရောမွှေလိုက်ပါ။

၃။ ချိုစိမ့်အောင် သကြား(စားပွဲတင်ဇွန်း ရဇွန်း)ကို ထည့်ပြီ ရောမွှေလိုက်ပါ။

၎။ နွားနို့ တ၀က်လောက်ပဲ ကျန်သည်အထိ ၁နာရီခန့် မီးနည်းနည်းဖြင့် တည်ထားရမည်။ နွားနို့ပေါ်မှ အမြုပ်များ၊ မလိုင်ဖတ်များတက်လာလျှင် ဆက်မွှေပေးနေပါ။

၅။ နွားနို့လည်း တ၀က်လောက်ကျန်သည့်အချိန်မှ အနံ့အတွက် ဖာလာမှုန့်လေးများ ထည့်ရောမွှေပေးပြီ မီးပိတ်ထားလိုက်ပါ။

၆။ ပြီလျှင် ကူဖီမလိုင်အိုးကို လုံးဝအေးသွားသည်အထိ အအေးခံထားပါ။

ရ။ ပြီနောက်မှ ကူဖီမလိုင်များကို မိမိကြိုက်နှစ်သက်ရာ ပုံစံခွက်ထဲသို့ လောင်းထည့်ပေးပြီ ၂နာရီခန့် ရေခဲသေတ္တာ ခဲသောနေရာတွင် ထည့်၍ ခဲထားပေးပါ။

၈။ ကူဖီမလိုင်မသုံးဆောင်မှီ ခေတ္တမျှ ရေခဲသေတ္တာထဲမှ ၅မိနစ်ခန့် အရင်ထုတ်ထားပေးပါ။

၉။ ပြီမှ ကူဖီမလိုင်အေးအေးလေးကို မိမိကြိုက်နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ…

Shared from Wutyee Food House (FB)

ခရမ်းကြွပ်သီး ပင်စိမ်း အစပ်ကြော်


ခရမ်းကြွပ်သီးအစိမ်း(သို.) ခရမ်းရောင်.......၁၀ လုံးခန်.
ကြက်သွန်ဖြူ.......................................၅ တက်
ငရုတ်သီးစိမ်းနီ...................................၇ တောင့်ခန်.
စပါးလင်...........................................၁ ချောင်း(အဖြူ ရောင်အပိုင်း)
ပဒဲကောသေးသေး..............................၁ တက်
ထိုင်းပင်စိမ်း(သို.) မြန်မာပင်စိမ်း.............၁စည်း

ခရမ်းကြွပ်သီးကို ၄ စိတ်ခွဲပြီးဆားပါတဲ့ရေမှာခေတ္တစိမ်ထားပါ။

ငရုတ်သီးစိမ်းတောင့်နီ ၊ပဒဲကော ၊ ကြက်သွန်ဖြူ ၊ စပါးလင်တို.ကိုညှက်နေ
အောင်ရောထောင်းပါ။

ပင်စိမ်းရွက်လေးတွေကိုခြွေထားပါ။

ပူနေတဲ့ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်နှင့်အတူ ထောင်းထားသောအရော
ကိုဆီသတ်ပါ။

အနည်းငယ်မွှေးလာလျှင်..ခရမ်းကြွပ်သီးတွေပေါင်းထည့်ပြီး..ခေတ္တလေးနှံ..
အောင်မွှေပေးပါ။

ငါးငံပြာရည် ၊ခရုဆီ ၊သကြား ၊ဟင်းခတ်မှုန်.တို.နှင့်ချက်ချင်းအရသာသွင်းပါ။

ရေလက်ဖက်ရည်ပန်းကန်တစ်ဝက်ကျော်လောက်လောင်းထည့်ပြီးချက်ချင်းအဖုံးအုပ်ထားပါ။

ရေခမ်းတဲ့အသံမကြားရချင်းအဖုံးမဖွင့်ပါနဲ.( ခရမ်းကြွပ်သီးတွေအရောင်ပြောင်းသွားပါလိမ့်မယ်)။ နောက်ဆုံးပင်စိမ်းရွက်
တွေအုပ်လိုက်ရင်..အင်မတန်အရသာရှိတဲ့..ခရမ်းကြွပ်သီးပင်စိမ်းအစပ်ကြော်
လေးသုံးဆောင်လို.ရပါပြီ...။

Shared from ဟင်းချက်နည်းများ (FB)

ဝက်သားဒုတ်ထိုး


မနေန.ညနေက လုပ်စားဖြစ်တဲ. မစုံမလင် ၀က်သားဒုတ်ထိုးနဲ. ကြာဇံကြော်၊
တတိယ အကြိမ်မြောက်လုပ်စားခြင်းပါ။..

ဝက်သားဒုတ်ထိုးအတွက်

-၀က်ကလီစာအစုံ၊နားရွက်၊ လျှာ၊၀က်သား – ၁.၅ KG
-ပြုတ်ထားသောကြက်ဥ – 3လုံး
-ရှာလကာရည် – ထမင်းစားဇွန်း ၃ဇွန်း
-ဟင်းချက်ဝိုင် - ထမင်းစားဇွန်း ၃ဇွန်း
-ကြက်သားမှုန့် – ထမင်းစားဇွန်း ၁ ဇွန်း
- ပျားရည် – ထမင်းစားဇွန်း ၃ ဇွန်း
- ခရုဆီ – ထမင်းစားဇွန်း ၃ဇွန်း
- ပဲငံပြာရည် အနောက် – ထမင်းစားဇွန်း ၁ဇွန်း
-ပဲငံပြာရည် အကြည်- – ထမင်းစားဇွန်း ၃ဇွန်း
- ဆား – ထမင်းစားဇွန်း ၁ ဇွန်း
- သကြား – ထမင်းစားဇွန်း ၁ ဇွန်း
-နတ်နတ်ပွင့် – ၃ ပွင့် (သို.) တရုပ်မဆလာ ထမင်းစားဇွန်း ၁ ဇွန်း
- ဆီ - ထမင်းစားဇွန်း ၃ ဇွန်း
-ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်း
-ငရုပ်ဆီ- ရွေပုဇွန်မှဝယ်သည်..

ဝက်သားဒုတ်ထိုးချက်နည်း

- နားရွက်နှင့်လျှာကို ဓါးနှင့်ခြစ်ပါကာ ၀က်ကလီစာအစုံ၊နားရွက်၊ လျှာ၊၀က်သား၊ တို.ကိုရေနှင့်ဆေးပြီးဝက်အူများကို ရှလာကာရည်နှင့်ရေအနဲငယ်ထည်.ကာ သန်.စင်အောင်ဆေးပါ။ ၀က်အူပိတ်အတွက် ၀က်အူမလေးတွေကို အထပ်ကလေးတွေဖြစ်အောင် ပြောင်းပြန်လှန်ပြီး အူဒီဖက်ထိပ်မှပိာုဖက်ထိပ်ကို ၁၀” ကို ၅” သာကျန်သည်အထိ တူတံလေးနှင့်ထိုးထည်.ပါ။
အူချိုများကိုလဲရေဆေးပြီး ထိပ်နှစ်ဖက်ကို သွားကြားထိုးတံနှင့်ပိတ်ထားပါ။
ထိုနောက် ဆား၊ ကြက်သားမှုန့်၊ဟင်းချက်ဝိုင် ပျားရည်၊ ရှာလကာရည်၊ သကြား၊ ခရုဆီ၊ ပဲငံပြာရည်အကြည်နှင့်အနောက်၊ နတ်နတ်ပွင့်တို.ကိုထည့်ကာသမအောင်နုယ်ပေးပြီး ၁နာရီခန့် နုပ်ထားပါ။
-ချက်မည်. ဒယ်အိုးကြီးထဲသို. ဆီထည့်ပြီး ဆီကျက်လျှင် ၀က်ကလီစာကိုထည်.ကာ သူ.ရေကုန်ပြီှးဆီပြန်သည်အထိကြော်ပေးပါ။ထိုနောက် ၀က်ကလီစာမြုပ်ရုံရေနွေးထည့်ကာမီးပြင်းပြင်းဖြင့် ရေခမ်းပြီးဆီပြန်သည်အထိ အဖုန်းအုပ်ကာတည်ထားပေးပါ။ဆီပြန်လာလျှင် အကျက်မြန်သော အသဲ၊ နှလုံး၊ လျှာ၊နားရွက်၊ကျောက်ကပ်၊တို့ကို ဆယ်ကာပုဂံတစ်ခုထဲထည်.ထားပါ။ပြုတ်ထားသော ကြက်ဥ ၃လုံးကို အခွံခွာကာထည့်ပြီး ကျက်ခဲသော ၀က်အူအစုံကိုရေနွေးနှစ်ကြိမ် (သို) ၃ကြိမ်ခန့် ထပ်ကာထပ်ကာထည်.ကာမီးပြင်းပြင်းနှင့်အဖုံးအုပ်ကတည်ပြီး ကျက်၍ ဆီပြန်လာပါက ဆော့ရည်အနည်းငယ်ထားကာဖယ်ထားသော အသဲ၊ နှလုံး၊ လျှာ၊နားရွက်၊ကျောက်ကပ်၊တို့ကို ထည်.ကာမွေပြီး ၀က်ကလီစာတို.ကို ပါးပါးလှီးကာ ဆော့ရည်များ ဆမ်းပြီး ငရုတ်ဆီ၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ တို့ဖြင့် အရသာရှိသောဝက်သားဒုတ်ထိုးကိုသုံးဆောင်နိုင်ပါပြီရှင်..
- ကြာဇံကြော်နဲ.လဲတွဲဖက်ပြီးစားနိုင်ပါတယ်..

ငရုပ်ဆီအတွက်

ငရုပ်သီးစိမ်း(၂)တောင့်နှင့် ကြက်သွန်ဖြူနှစ်မွာကိုရေဆေးကာ
ထောင်းပြီး ပုဂံတစ်ခုထဲသို.ထည်.ပါ အပေါ်မှ ငရုပ်ဆီ
ဆန်ချိန်ခွက် တစ်ဝက်ခန်.နှင့် ဆား၊ ငံပြာရည်၊သကြား၊ရှာလကာရည်၊
ထမင်းရည်အနဲငယ်ထည်.ကာ သမအောင်မွေပြီး
ဝက်သားဒုတ်ထိုးနှင့်တွဲကာသုံဆောင်နိုင်ပါပြီရှင်

Shared from Myanmar Foods & Others (FB)

ပထမဦးဆုံးအကြိမ် လက်တည့်စမ်းတဲ့ မုန့်ပျားသလက်


 နှမ်းလှော်ထောင်းလေးဖြူး ဖို.မေ့သွားတယ်။

မုန်.ပြားသလက် ကို အစီအစဉ်မရှိပဲ မုန်.လုံးရေပေါ်၊
မုန်.လက်ကောက်၊ မုန်.ဖက်ထုတ်နဲ. ငှက်ပျောပေါင်းလုပ်တဲ.နေ.က စားချင်လာတာနဲ.လုပ်စားဖြစ်တယ်...
ကလောကအန်တီလုပ်တုန်းက ကြည်.ထားတာမုန်.ရည်ကို တစ်ညသိပ်ပြီးမှလုပ်တာသိပေမယ်.
ကိုယ်က အစီအစဉ်မရှိပဲ ထလုပ်တော.
ဆန်မှုန်.ကလဲ ထိုင်းကဆန်ချောမှုန်.ကိုချက်ချင်းဖျော် ချက်ချင်းလုပ် တော. ဆိုင်လက်ရာကို မမှီပေသိစားလို.တော.အဆင်ပြေပါတယ်.. မုန်.လုပ်တဲ.ဒယ်အိုးကလဲကြီးနေတော. ဘေးကိုမကြီးကြီးပြန်.မသွားအောင် ဂရုစိုက်ပြီးလုပ်ရတယ်..

မုန်.ပျားသလက်

-ဆန်ကြမ်းမှုန့်ဆန်ချိန်ခွက် ( 1) ခွက်ကို
ရေ ဆန်ချိန်ခွက် (3 ) ခွက်၊ဆော်တာအနဲငယ်
၊ဆား အနဲငယ် ကိုထည်.ကာသမပြီးကျေအောင်မွပြီး
တစ်ည သိပ်ဖို.လိုပါတယ်..
-စားတော်ပဲပြုတ် -
-ပါးပါးလှီးထားတဲ.ကြက်သွန်ပင် နှင့် နံနံပင်
-ဆီ အနဲငယ်
- နှမ်းလှော်ထောင်းအနဲငယ်

- ထိုနောက် မုန်.ပျားသလက်လုပ်တဲ. မြေးအိုး (သို.) မကပ်တဲ.အိုးသေးလေးထဲသို. ဆီသုတ်ကာ ဖျော်ထားတဲ.မုန်.ရည်ကိုဟင်းခတ်ဇွန်း
တစ်ဇွန်းစာထည်.ကာ အပေါ်မှ ပဲပြုတ်၊ နံနံပင်၊ ကြက်သွန်ပင်၊
ဖြူးပြီး အဖုန်းအုပ်ထားပါ။ မီးအရမ်းပြင်းဖို.မလိုပါ။
3 or 5 မိနစ်ခန်.ကြာလျှင် အဖုန်းကိုဖွင့်ကြည်.ကာ မုန်.ကိုဆီသုတ်ပြီး ဆယ်ယူကာ နှမ်းလှော်ထောင်းဖြူးပြီး သုံးဆောင်နိုင်ပါပြီရှင်

မကပ်တဲ.အိုးကပါးပြီး မီးကများနေလျှင် တူးပြီးမကျက်ဖြစ်နိုင်သည်။

Shared from Myanmar Foods & Others (FB)