Friday, October 14, 2016

နေတတ်လာခဲ့ပြီ


အပေါ်ယံတွေချည်းပဲ ပေးဖူးသူအချို့ကြောင့်
ကိုယ်လည်း တဖြည်းဖြည်း သံယောဇဉ် နည်းလာတတ်ခဲ့တယ်

စိတ်ထိခိုက်ခြင်းတွေ ပေးခဲ့ဖူးသူအချို့ကြောင့်
ကိုယ့်စိတ်တွေ အရင်ကထက် နေတတ်လာခဲ့တယ်

လိုအပ်မှ ခင်မင်ပြတတ်တဲ့ သူအချို့ကြောင့်
ကိုယ့်ခင်မင်မှုတွေ ဘောင်ကျဉ်းကျဉ်းလာခဲ့တယ်

စကားချိုချိုလေးပြောပြီး လိမ်ညာတတ်သူအချို့ကြောင့်
ကိုယ့်ယုံကြည်မှုတွေ တဖြည်းဖြည်း အေးစက်တတ်လာခဲ့တယ်

ခဏခဏ အသုံးချခံ ဖြစ်လာရတော့လည်း
ကိုယ့်စေတနာတွေ
အရင်ကထက် လျော့နည်းတတ်လာခဲ့တယ်

ပေးသလောက်လေးပဲ ယူလိုက်တယ်
ပြောသလောက်လေးပဲ ယုံပေးလိုက်တယ်
နေတတ်သလိုလေးပဲ နားလည်မှု ထားလိုက်တယ်
ကူညီနိုင်သလောက်ပဲ ပေးဆပ်လိုက်တယ်

ကိုယ့်စိတ်ကို ပြောင်းလဲစေခဲ့သူအချို့ကို
အရာရာအတွက် ကျေးဇူးတင်ရင်း
အရင်ကထက် တဖြည်းဖြည်းနဲ့ ကိုယ်တကယ့်ကို နေတတ်လာခဲ့ပါတယ် .....

Credit. ရွက်သစ်

No comments:

Post a Comment