Thursday, May 31, 2012

ဉာဏ်ပညာကို မြတ်နိုးတတ်ကြပါစေ...

ဖီလော်ဆော်ဖီဆိုတာ ဉာဏ်ပညာကို မြတ်နိုးခြင်းရယ်လို့ ကြားဖူးပါတယ်။ ဖလော်ဆော်ဖီဆိုတာနဲ့ ခပ်ကြောင်ကြောင် အတွေးမျိုးတွေလို့ မထင်လိုက်ပါနဲ့။ အဲ့ဒိလို ခပ်ကြောင်ကြောင် ဒဿနတွေ (၀ါ) ခပ်ကြောင်ကြောင် သမားတွေဟာ တွေးပုံစနစ်မကျ လမ်းချော်နေတဲ့သူတွေ (၀ါ) ဒဿန တတ်ယောင်ကား တွေသာ ဖြစ်ပါတယ်။ တကယ်တော့ အတွေးအခေါ် ဖလော်ဆော်ဖီဆိုတာ လူတိုင်း တွေးသင့်တဲ့ အရာ ဖြစ်ပါတယ်။ တွေးခေါ်မျှော်မြင်မှု ရှိခြင်း၊ ကျိုးကြောင်း ဆက်စပ်တွေးခေါ် တတ်ခြင်းတွေဟာ တကယ့် လက်တွေ့ ဘ၀မှာ အလွန်အသုံးဝင်သော ပညာရပ်တွေ ဖြစ်ကြပါတယ်။ စနစ်တကျ တွေးခေါ်တတ်သူတွေဟာ ဘယ်တော့မှ ကြောင်မနေတဲ့ အပြင် သူများတွေထက် ရှေ့နှာတဖျား၊ ခေါင်းတလုံးလောက်ကို သာနေပါလိမ့်မယ်။

အသိဉာဏ်ပညာဆိုတာ ကျိုးကြောင်းဆက်စပ်တတ်မှု၊ ထိုးထွင်းသိမြင်မှု၊ ပိုင်းခြားဝေဖန်စီစစ်တတ်မှု၊ တီထွင်ကြံဆ တတ်မှုတွေ ပေါင်းစည်းထားတဲ့ အသိပညာဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော့် ကိုယ်ပိုင် အမြင်နဲ့ အဓိပ္ပါယ် ဖွင့်ဆိုတာပါ။ (ထပ်ပေါင်းထည့်စရာတွေ လဲ ရှိချင်ရှိမှာပါ)

ဆိုတော့ ကျွန်တော်တို့ အမြဲတွေးခေါ် နေဖို့ လိုပါတယ်။ ဒီလိုတွေးခေါ်တတ်ဖို့၊ အသိဉာဏ်ပညာကို ချစ်မြတ်နိုး တတ်ဖို့ဆိုရင် ၀မ်းစာ အဖြစ် ဗဟုသုတ လောင်စာတွေကို များများ ရှာဖွေ သိုမှီးဖို့ လိုပါတယ်။ ကျွန်တော်တို့ လူသားတွေဟာ သမိုင်းဦး ခေတ်ကနေ စပြီး ဆင့်ကဲ ပြောင်းလဲ လာလိုက်ကြတာ တခြားသော သတ္တ၀ါများအားလုံးရဲ့ ခေါင်းဆောင်ဖြစ်လို့လာပါတယ်။ လူပဓာန၀ါဒ ဆိုတာတွေတောင် ဖြစ်လာကြပါတယ်။ ဒီလို ဘာလို့ ဖြစ်ရလဲ ဆိုတော့ လူဆိုတာ တွေးခေါ်မျှော်မြင်တတ်မှု စီမံခန့်ခွဲ တတ်မှု ဆိုတဲ့ အသိဉာဏ်တွေဟာ ဘယ်သတ္တ၀ါမှာမှ မရှိတဲ့ ၀ိသေသတွေ ပိုင်ဆိုင်နေလို့ပါပဲ။




တလောကပဲ ကျွန်တော် ရုပ်ရှင်တကား အိမ်မှာ ကြည့်ဖြစ်တယ်။ ၁၉၆၆ ခုနှစ်က ထုတ်တဲ့ One Million years B.C ဆိုတဲ့ ကားဟောင်း လေး ဖြစ်ပါတယ်။ ဇာတ်လမ်းက ဟိုးကျောက်ခေတ် သမိုင်းဦး ခေတ်ကို ဇာတ်လမ်းဆင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပါ။ ကျွန်တော် ပြောချင်တာက ဇာတ်လမ်းသွားထဲက ရလိုက်တဲ့ အမြင်လေးပါ။ ဇာတ်လမ်း အစပိုင်းမှာ ကျောက်ခေတ်ဲဦး ရိုင်းစိုင်းသော လူမျိုးစု တစုရဲ့ ပြုမူနေထိုင်ပုံကို ပြပါတယ်။ အမဲလိုက်တဲ့အခါမှာ ခပ်မိုက်မိုက် လူကောင်ကြီးတဲ့ ခေါင်းဆောင် ဖြစ်သူက ကြွင်းထဲမှာ မိနေတဲ့ တောဝက်ကို ငယ်သား တယောက်ကို ဆင်းစေပြီး နပန်းလုံး သတ်ခိုင်းပါတယ်။ တောဝက်သေတော့ တောဝက် အစွယ်ကို သတ်သူက တောဝက်ဆီက နှုတ်ယူလိုက်ပါတယ်။ အပေါ် ပြန်တက်လာတဲ့အခါ ခေါင်းဆောင် လုပ်သူက အဲ့ဒိအစွယ်ကို အတင်းလုယူကာ သူပေးချင်တဲ့ သူကို ပေးလိုက်တယ်။ ကိုယ်တိုင် သတ်သူ (မင်းသား) က မကျေနပ်လို့ ရန်ရှာတော့ ခေါင်းဆောင်က ကာယအားကိုးဖြင့် အတင်း တွန်းထိုးပြီး အနိုင်ကျင့်ပါတယ်။

အုပ်စုတွေ နေထိုင်တဲ့ ဂူထဲရောက်တော့ တောဝက်သားကို မီးကင်စားကြတယ်။ မီးကင်ပြီးတဲ့အခါ ကျက်တော့ ရိုင်းစိုင်းပြီး အသိဉာဏ်နည်းသော ခေါင်းဆောင်က ၀က်ကင်နားမှာ စားချင်လို့ သွားရေကျပြီး ငေးနေတဲ့ သူတွေကို (ကလေးတွေ မိန်းမတွေပါမကျန်) အတင်းတွန်းထိုးပြီး သူလိုချင်တဲ့ စားချင်တဲ့ တောဝက်ရဲ့ ပေါင်ပိုင်းကို အတင်းဆွဲယူ ဖဲ့စားပြီး တခြားသူတွေ အနားမကပ်နိုင်အောင် မာန်ဖီတယ်။ ခေါင်းဆောင် စားပြီးတော့ တခြား လက်အောက် ငယ်သားထဲက ခွန်အားကြီးသူတွေဟာ သူ့ထက်ငါ နိုင်လို မင်းထက် လုယက်စားကြတယ်။ အကြွင်းအကျန်ကိုမှ မိန်းမတွေနဲ့ ကလေးတွေ စားကြရတယ်။ အလွန်ရိုင်းစိုင်းပြီး လူ့ယဉ်ကျေးမှု အဆင့်အတန်း နိမ့်သော သမိုင်းဦး ကျောက်ခေတ်ကို ပေါ်လွင်အောင် တင်ပြထားတာ ဖြစ်ပါတယ်။ သူတို့ အုပ်စုဟာ ပစ္စည်းတခု သူများ ဆီက လိုချင်ပြီဆိုရင်တော့ အတင်းမရမက လုယူတယ်။ ဒါနဲ့ ငယ်သား ဖြစ်တဲ့ မင်းသားဟာ သူသတ်လို့ ရလာတဲ့ ၀က်စွယ်ကို ပြန်လိုချင်လို့ အတင်းပြန်လုရင်းက ပဋိပက္ခဖြစ်ပြီး ကျောက်ဂူရဲ့ အောက်ဘက် ချောက်ထဲကို အတွန်းချခံလိုက်ရတယ်။ (သည်းခံ ပါခင်ဗျ.. ဇာတ်ကြောင်း ဇာတ်ရည်လည်မှ ပြောချင်တဲ့ အမြင်ပေါ်လွင်မှာမို့ ဆက်ပြောပါရစေ)

ဒါနဲ့ မင်းသားဖြစ်တဲ့ ကျောက်ခေတ်လူသား ဟာ ကံကောင်းထောက်မစွာ မသေပဲ ဒီအုပ်စုနဲ့ ဝေးရာဆီကို ခြေဦးတည့်ရာ လျှောက်သွားတယ်။ သွားရင်းနဲ့ တခြားသော အရပ်မှာ အသားဝါတဲ့ လူမျိုးစုတစုကို မထင်မှတ်ပဲ သွားတွေ့တယ်။ ဒီလူမျိုးစုတွေက ထူးဆန်းသဗျာ။ သူအရင်နေထိုင်ခဲ့တဲ့ လူမျိုးစုတွေနဲ့ မတူပဲ အတော်အတန် ယဉ်ကျေးတဲ့သူတွေ ဖြစ်နေတယ်။ အဲ့ဒိအသားဝါ လူမျိုးစုတွေဟာ အထူးပြုလုပ်ထားတဲ့ လှံတံတွေနဲ့ အမဲလိုက် တတ်တယ်။ ရေထဲက ငါးတွေကို လှံနဲ့ ဖမ်းတတ်တယ်။ သီးနှံတွေ စနစ်တကျ စိုက်ပျိုး တတ်တယ်။ ပြီးတော့ အတော်လေး စည်းလုံး ညီညွတ်ကြပြီး သင့်သင့် မြတ်မြတ် ရှိကြတယ်။ မိန်းမတွေ ကလေးတွေကို ဦးစားပေးတယ်။ ဒီလို ယဉ်ကျေးတဲ့ သူတွေကြားထဲ ရောက်သွားတော့ အရိုင်းအစိုင်းဖြစ်တဲ့ မင်းသားက အံမ၀င်ဘူး။ သူက ထိုလူတွေကို တအံ့တသြ ဖြစ်ရပြီး ထိုလူတွေကလဲ သူ့ကို တအံ့တသြ ဖြစ်ရတယ်။ အရိုင်းအစိုင်းကလာတဲ့ သူဖြစ်တဲ့ အတွက် လှံတံတွေကိုတွေ့တော့ သူလိုချင်တဲ့အတွက် အတင်းလုယူတယ်။ နောက် ဟိုက မပေးတော့ အကြမ်းဖက်နည်းနဲ့ တိုက်ခိုက်တယ်။ အသတ်ကိုတောင် သေအောင် ကြံစည်တဲ့ အထိ ဖြစ်တယ်။ နောက်ဆုံး ဒီလူရိုင်းဟာ ဒီအဖွဲ့မှာလဲ အံမ၀င်တော့ပဲ သူထပ်ထွက်သွားပြန်တယ်။ အတိုချုံး ပြောရရင် (အဲလေ..ကျွန်တော့် အတိုချုံးက အတော်ရှည်နေပြီ) နောက်ဆုံး မင်းသားဟာ အသားဝါ ယဉ်ကျေးသော အုပ်စုက ကောင်မလေးကြောင့် လူယဉ်ကျေးအဖွဲ့နဲ့ ပြန်ပူးပေါင်းမိပြီး သူ့ဌာနေက အရိုင်းကောင်တွေကို ပြန်တိုက်ကြတယ်။ လူယဉ်ကျေးတွေ အောင်ပွဲရသွားကြတယ်။

ဒီနေရာမှာ ကျွန်တော် ရလိုက်တာ ၂ချက်ရှိတယ်..။ (တခြားသူတွေကလဲ တခြား အချက်တွေ ကျွန်တော့် ထက် ပိုရချင်ရမှာပေါ့)။ တစ်ချက်က နိုင်လိုမင်းထက်၊ ခွန်အား အားကိုးဖြင့် မတရား အနိုင်ယူခြင်းဟာ ဉာဏ်ရည် နိမ့်ပါးသော ၊ လူ့ယဉ်ကျေးမှု နိမ့်ကျသော သူများရဲ့ လုပ်ရပ်ဖြစ်တယ်။ ဒုတိယ အချက်ကတော့ evolution ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ်အရ ယဉ်ကျေးသော အသိဉာဏ်ရှိသော လူတွေကသာ လူ့ဘောင်အဖွဲ့အစည်းကို ဦးဆောင် အနိုင်ယူ ပဲ့ကိုင် နိုင်မှာ ဖြစ်တယ် ဆိုတာပါပဲ။

အဲ့ဒိတော့ ကျွန်တော်တို့ ယနေ့ ပြုမူ လုပ်ဆောင်နေမှု များသည် evolution ဆင့်ကဲ ပြောင်းလဲမှု ရှိရဲ့လား၊ ဉာဏ်ပညာအားဖြင့်၊ စာရိတ္တအားဖြင့် တိုးတက်သွားလား၊ ဒါမှမဟုတ် devolution ပြန်လည် ဆုတ်ယုတ် နိမ့်ကျ သွားလား ဆိုတာ ဆင်ခြင် ကြည့် ကြဖို့ ကောင်းပါတယ်။ ယနေ့ခေတ်လို အချိန်မျိုးမှာ ရုပ်ဝတ္ထုပိုင်း ဆိုင်ရာတွေ တမုဟုတ်ချင်း တိုးတက် လျှက်ရှိနေပါတယ်။ ဒါပေမယ့် စိတ်ပိုင်း ဆိုင်ရာများတွင် (တချို့တွင်) ညစ်တွန်းတွန်း နေကြတာ၊ အချင်းချင်း ချောက်ချ နေကြတာ၊ လက်နက်အားကိုး၊ ခွန်အား အားကိုးဖြင့် နိုင်လိုမင်းထက် ပြုမူနေကြ တာတွေဟာ တိုးတက်သလား ဆုတ်ယုတ်သွားသလား ခင်ဗျာ။ ခေတ်နောက်ပြန်ပြီး လူ့အရိုင်းအစိုင်း ခေတ်ကို ပြန်လည် မဖော်ဆောင်မိဖို့ အရေးကြီးလှပါတယ်။

ယဉ်ကျေးမှု မြင့်မားခြင်းဟာ လူမျိုးတမျိုး၊ နိုင်ငံတနိုင်ငံရဲ့ ဂုဏ်ကျက်သရေ ပဲ ဖြစ်ပါတယ်။ တနည်း ဒီလူမျိုး နိုင်ငံတနိုင်ငံရဲ့ အဆင့်အတန်းပဲ ဖြစ်ပါတယ်။ ယဉ်ကျေးမှု မြင့်မား တယ်ဆိုတာ ရုပ်ဝတ္ထုပိုင်း ဆိုင်ရာ တိုးတက် တာတွေ အပြင် စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်ပိုင်းဆိုင်ရာ မှာ တခြားလူမျိုးတွေထက် ခေါင်းတလုံး သာနေ တာမျိုးတွေ ဖြစ်ပါတယ်။

“ရှိပြီးသား အတွေး အမြင်တွေကို ပြန်လည်သုံးသပ်ပါ။ ခေတ်ကာလနှင့် မကိုက်ညီတော့သော အတွေးများကို လှီးဖယ် ထုတ်ပြီး စွန့်ပစ်ပါ။ အတွေးအမြင်သစ်တွေ တီထွင် ကြံဆပါ။ ပြီးတော့ လက်တွေ့ အကောင် အထည်ဖော်ပါ။”

မိမိကိုယ်ကို မိမိ တိုးတက်အောင် အမြဲတမ်း တွေးတော ဆင်ခြင်နေရပါမယ်။ ဉာဏ်ပညာ အတွေးအခေါ်တွေ မြင့်မား စေဖို့ များများ တွေးခေါ်ပေးဖို့ ဖတ်ရှုလေ့လာ ဆည်းပူး ဖို့၊ သင်ခန်းစာ ယူဖို့ အများကြီး လိုပါတယ်။ ကျွန်တော်တို့ ဦးနှောက်တွေကို တိုးတက်နေသော ရုပ်ဝတ္ထု ဇိမ်ခံပစ္စည်းများ ပေါ်မှာ တင် အလိုက်သင့် မျှောမနေပါနဲ့။ ကိုယ်တိုင် ကြံစည် တွေးတော ကြည့်ပါ။ လမ်းစ ထွင်ကြည့်ပါ။ သဘာဝရဲ့ လိုအပ်ချက်အရ ဦးနှောက်ဆိုတာ တွေးဖို့ အတွက် ဖြစ်လို့ အလကား မထားပါနဲ့။များများ တွေးပါ။ များများ အလုပ်ပေးပါ။ ဦးနှောက် အဟာရလဲ ပြည့်ဝနေပါစေ။ ဒါမှ အသုံးများလာတဲ့ အတွက် အမြဲ ထက်မြက် နေပြီး သူများထက် ရှေ့ကြိုမြင် နေမှာ ဖြစ်ပါတယ်။

“ဘယ်တော့မှ ခေတ်အခြေအနေ ကြောင့် ၊ လွတ်လပ်မှု မရှိတာကြောင့် အချိန်မရတာကြောင့် ဘာကြောင့် ညာကြောင့် ရယ်လိုပ ဆင်ခြေ မပေးပါနဲ့။ ဒါတွေဟာ ကိုယ့်ကိုကိုယ် သံချေးတက် စေမယ့် ခပ်ညံ့ညံ့ ဆင်ခြေတွေ ဖြစ်ပါတယ်”

ကျွန်တော်တို့ရဲ့ ဦးနှောက်ထဲက အတွေးအမြင်တွေ၊ အသိဉာဏ်ပညာတွေကို ဘယသူမှ လာထိန်းချုပ်လို့ မရပါဘူး။ ဆိုတော့ မိမိ အသိဉာဏ်ပညာ တိုးတက်စေမှုသည် မိမိဘာသာ ရှာကြံဆည်းပူး ရမည်သာ ဖြစ်ပြီး အခြား မည်သည့် ဗဟိန္ဓ အနှောင့်အယှက်ကိုမှ အပြစ်ပုံချနေ စရာ မလိုပေ။ ခေတ်အခြေအနေ မကောင်းတာကြောင့် ဆိုကာ ထိုင်ပြီး စိတ်ပျက်အားလျော့နေလဲ ဒီခေတ်အခြေအနေကြီးက တိုးတက်လာမှာ မဟုတ်ပါဘူး။ ကိုယ်လုပ်စရာ ရှိတာ ကိုယ်ဆည်းပူး စရာရှိတာတွေကို ဆက်လက် ပြုလုပ်နေရမှာပါ။ Globalization ခေတ်ကြီးထဲမှာ အမြဲတမ်း ပြေးမနေရင် နောက်ကောက် ကျသွားမှာပါပဲ။

လူတိုင်းဟာ ခေါင်းဆောင် ဖြစ်နိုင်ခွင့်ရှိတယ်။ အဲ့ဒိလို ခေါင်းဆောင် ဖြစ်နိုင်ဖို့ အတွက် ကိုယ့်ဘက်က ကြိုတင် အမြဲ ဖြည့်ယူထား ရမှာ ဖြစ်ပါတယ်။ ကိုယ့်ဘက်က ခေါင်းဆောင် လုပ်နိုင်မယ့် အရည်သွေး ပြည့်ပြီးသား ဖြစ်နေရင် အခြေအနေ အချိန်အခါ မရွေး၊ ဘယ်နေရာ မရွေး မှန်ကန်တဲ့ ခေါင်းဆောင်မျိုး ဖြစ်လာပါလိမ့်မယ်။

နိဂုံးချုပ် အနေနဲ့ ပြောချင်တာက များများတွေးပါ။ များများ တီထွင်ကြံဆပါ။ လူမျိုးတမျိုး တိုးတက်စေတာဟာ အသိဉာဏ်ပညာ သာ ဖြစ်ပါတယ်။ ပညာရှိ ပညာတတ် လူတန်းစားများလေလေ တိုင်းပြည် တပြည်ဟာ အလျှင် အမြန် တိုးတက် လေလေပါပဲ။ လူငယ်များ စနစ်တကျ ဆည်းပူး လေ့လာ ကြပါ။ ဖောက်ထွက် တွေးကြပါ။ ရှေ့ကလဲ မဦးဆောင်နိုင်၊ လမ်းဟောင်းလဲ နောက်က မလိုက်၊ လမ်းသစ်လဲ မထွင်နိုင်ပဲ ဂဏန်းသွား သွားမနေ ကြပါနဲ့။ အကျိုးမဲ့ ငြင်းခုန်ခြင်းတွေ လျှော့ကြပါ။ မည်သည့် ဘက် အစွန်းဖြစ်စေ အန္တရာယ်များလှပါတယ်။ အစွန်းလွတ်အောင် ဉာဏ်ပညာဖြင့် ဆင်ခြင်နိုင်ကြပါစေ။ ဗဟုသုတကို အာသာငမ်းငမ်း လိုက်စား ကြပါ။ အနာဂတ် တိုးတက်သော ၊ လွတ်လပ်သော ၊ အင်အားကြီးသော လူ့ဘောင် အဖွဲ့အစည်းကြီး ပေါ်ထွန်းလာအောင် ပြုလုပ်ပေးနိုင်သည့် စွမ်းပကားမှာ အသိဉာဏ်ပညာမှ တပါး အခြား မရှိပါကြောင်း..။

(ရုပ်ဝတ္ထုပိုင်း ဆိုင်ရာများပေါ်တွင်သာ သာယာနေသော ညီငယ်၊ ညီမငယ်လေးများနှင့်၊ ခေတ်အခြေအနေ မကောင်းဘူးကွာ လို့ မကြာခဏ ညည်းညူလေ့ရှိသော ချစ်သူငယ်ချင်း တချို့အား ရည်ရွယ်၍ ရေးသား အပ်ပါတယ်…)

မင်းယွန်းသစ်

by ယဉ်ကျေးသော လူ့အဖွဲ့အစည်း တစ်ရပ်ဆီသို့ on Thursday, May 31, 2012 at 1:20pm

ကိုယ့်ချစ်သူမှာ နောက်တယောက်ရှိနေပြီတဲ့လား....

သူကလဲ ကိုယ့်ကိုတကယ်ချစ်တယ်လို့ယုံကြည်တယ်

ကိုယ်ကလဲတကယ်ချစ်ခဲ့တယ်

သူက အကြောင်းတစုံတရာကြောင့်( သူငယ်ချင်းတွေမြှောက်ပေးလို့ပဲဖြစ်စေ..တဘက်ကအတင်းကြိုးစားလို့ပဲဖြစ်စေ..

သူကိုယ်တိုင်က စိတ်ဓါတ်မခိုင်ကျည်လို့ပဲဖြစ်စေ)

နောက်တယောက်နဲ့ ချစ်သွားခဲ့သော်

အဲ့လို့အခြေအနေကို ဘယ်လိုရင်ဆိုင်မလဲ

-၀မ်းနည်းပက်လက်နဲ့ နောက်တယောက်ဆီ သွားတောင်းပန်လို့ သင့်တော်မလား

-ဒါမှမဟုတ် ကိုယ်နဲ့ အကြောင်းတွေကိုနောက်တယောက်ကိုဒေါသတကြီးပြောလို့ ၇န်လုပ်မလား

-တိတ်တဆိတ်လေးပဲ တယောက်တည်းကြေကွဲ မျက်ရည် ကျရမလား

တစုံတွဲစီရဲ့ တုံ့ ပြန်သင့်ပုံချင်းမတူနိုင်ပါဘူး

ဝမ်းနည်းစွာနဲ့ နောက်တယောက်ကိုတောင်းပန်တယ်ဆိုတာ

ကိုယ့်အရှက်သိက္ခာကိုမြေမှာချနင်းလိုက်သလိုပါပဲ

ဒါပေမယ့် ..ကိုယ်ကသိပ်ချစ်နေခဲ့တယ်..လူကြီးတွေ ..ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းထိ..သိခဲ့ပြီးပြီ ဆိုရင်တော့..

လုပ်သင့်ပါတယ်...ရလာဒ်ကတော့ကောင်းဖို့ မသေချာနိုင်ပါဘူး

ကိုယ်နဲ့အကြောင်းတွေကို ဒေါသတကြီးပြောလို့ပေါက်ကွဲမယ်ဆိုရင်တော့..အဆိုးဘက်ကိုဦးတည်နေပါပြီ

ကိုယ့်ချစ်သူက ကိုယ့်ဆီပြန်ပါလာဖို့လုံးဝမသေချာနိုင်တော့ပါဘူး...၇န်လုပ်ခံရတဲ့ တခြားတဘက်ကိုသာ

ရာနှုန်းပြည့်ပါသွားမှာပါ..

အားလုံးဆိုးကျိုးဖြစ်လာဖို့သာများသွားပါတယ်

လူသိရှင်ကြားနဲ့ အရှက်တကွဲကိစ္စတွေဖြစ်ပြီး အားလုံး အရှက်ရမှာပါ

တိတ်တိတ်လေး ၀မ်းနည်းခြင်းကရော...အကောင်းဆုံးအဖြေလား

မဟုတ်ပါဘူး

မိမိကိုယ် ကိုယုံကြည်မှုတွေလျော့ပါးသွားပြီး

လောကကြီးကိုအဆိုးမြင်မျက်လုံးတွေနဲ့ကြည့်လို့ သံသယထားတတ်တဲ့စိတ်လဲ ကိုယ့်ရင်ထဲမှာကိန်းအောင်းသွား

ပါပြီ..အနက်ရှိုင်းဆုံးဒဏ်ရာကို သူ့ ဆီကရခဲ့ပါပြီ..

သူက နောက်တယောက်နဲ့ချစ်နေတာမှန်တယ်..ကိုယ်မသိအောင်လုပ်တာဆိုရင်တော့

ကိုယ့်ကိုလမ်းခွဲဖို့ သူ့ မှာအစီအစဉ်မရှိလောက်ပါဘူး

အပျော်သော်လည်းကောင်း...သူငယ်ချင်းတွေကြောင့်သော်လည်းကောင်းထားဖြစ်တာဖြစ်နိုင်ပါတယ်

ကိုယ်က ဒေါသတကြီးပေါက်ကွဲဖို့မသင့်လျော်လှပါဘူး..

ကိုယ်သိနေတယ်ဆိုတာ ကို...အေးအေးဆေးဆေးပြောပြလို့..သူ နောက်ဆုတ်မဆုတ် အတိအလင်းမေးသင့်ပါတယ်

မလုပ်တော့ပါဘူးဆိုတဲ့ကတိကိုတော့ စောင့်ကြည့်ရမှာပါ...ကိုယ့်ကိုတကယ်ချစ်၇င် သူ တခြားတယောက်ကိုဖြတ်ပါလိမ့်မယ်

ကိုယ့်ကိုလဲ အရင်ကထက်ပိုချစ်လာမယ်( သူ့ ကိုခွင့်လွှတ်ပေးတဲ့အတွက် )

တကယ်လို့ သူက အတိအလင်းလမ်းခွဲဖို့ပြောလာပြီဆိုရင်တော့....ခေါင်းအေးအေးနဲ့စဉ်းစားဖို့လိုပါတယ်

သွေးပူနေတုန်းဆုံးဖြတ်ချက်တွေကမှားတတ်ပါတယ်...သူကနောက်တယောက်လဲထားတယ်

ကိုယ့်ကိုလဲ လမ်းခွဲဖို့ပြောတယ်...မခံမရပ်နိုင်နဲ့ဒေါသတကြီး ပေါက်ကွဲနိုင်ဆုံးအခြေအနေပါ...

သူ လမ်းခွဲဖို့ဆုံးဖြတ်ရတဲ့အချက်တွေကို သူ့ ကိုမေးပါ...( ဒီလိုမေးတာဟာ သူ နဲ့ပြန်အဆင်ပြေဖို့

မဟုတ်ပါဘူး...ဒီလို လမ်းခွဲဖို့ အထိပြောလာပြီဆိုရင်တော့...ပြန်အဆင်ပြေဖို့မဖြစ်နိုင်တော့ပါဘူး...)

တကယ်လို့ ကိုယ့်မှာ ချစ်သူ အသစ်ရခဲ့သော် ကြိုတင်ကာကွယ်နိုင်ဖို့ပါ...

ကိုယ်နဲ့ သူချစ်တာ အသိုင်းအ၀ိုင်း လူကြီးမိဘထိမရောက်သေးရင်တော့ တိတ်တဆိတ်လမ်းခွဲလိုက်တာကောင်းပါတယ်

နောက်တယောက်ဆီသွားလို့ ....ကိုယ့်အရှုံးတွေ ..အရှက်သိက္ခာတွေကို..မနင်းချေပါစေနဲ့တော့...

တိတ်တိတ်ဝမ်းနည်းမယ်ကြံရင်လဲ ( ချစ်သူနဲ့ပြတ်ပြီးနောက် ...) ဘလော့ လေးကို ဖတ်ပြီး ...ကြိုးစားနေကြည့်ပါ်

From someone :

by Hnin Yay Sat on Friday, November 25, 2011 at 1:36am

Wednesday, May 30, 2012

Doing, Having & Being (ဆရာတော်ဦးဇောတိက)

Doing ဆိုတာ အလုပ်ကြီး အကိုင်ကြီးတွေ လုပ်ပြနိုင်တာ၊ အောင်မြင်တာကိုဆိုလိုတယ်။ လူအများမြင်နိုင်တဲ့ သိနိုင်တဲ့ အလုပ်မျိုး လူအထင်ကြီးတဲ့အလုပ်မျိုးကို လုပ်နိုင်မှ ကိုယ့်ကိုယ်ကို တန်ဘိုးရှိတယ်လို့  ယူဆတာ။ အဲဒါကိုမှ တစ်ခုတည်းသော တိုင်းတာစရာ ကျေနပ်စရာလို့  ယူဆရင်၊ လူအထင်ကြီးအောင် လုပ်ပြနိုင်မှ ငါ့ဘ၀ဟာ အောင်မြင်တာလို့  သဘောထားတဲ့လူဟာ မလုပ်နိုင်တော့တဲ့အခါ စိတ်ဓါတ်ကျသွားမယ်။ လုပ်နိုင်တယ်ဆိုတာ လူများကိုပြလို့ ရတဲ့အရာဖြစ်နေတယ်။ သူများနဲ့  ဆက်စပ်နေတယ်။

Having ဆိုတာ ငါ့မှာ အိမ်ကောင်းကောင်း၊ ကားကောင်းကောင်း၊ ပစ္စည်းကောင်းကောင်းတွေရှိတယ်။ ငါ့မှာ ငွေရှိတယ်၊ လက်ဝတ်ရတနာ ကောင်းကောင်းတွေရှိတယ်။ ဒီလိုရှိလို့  ငါဟာ တန်ဘိုးရှိတဲ့သူ၊ ဒီလိုရှိလို့  ငါဟာလေးစားခံရမယ့်သူ၊ ဒီလိုရှိမှ လူဖြစ်ကျိုးနပ်တဲ့သူလို့  သဘောထားတဲ့သူဟာ Having ပေါ်မှာ မှီနေတယ်။ သူ့ ဘ၀ကို Having နှင့်တိုင်းတာတယ်။ ဒါတွေမရှိတဲ့အခါမှာ အကြီးအကျယ်စိတ်ဓါတ်ကျမယ်။ ဒါတွေရှိနေတုန်းမှာလည်း တကယ်တော့ မပျော်ပါဘူး။

Doing နှင့် Having ဟာ ကိုယ်ကျိုးသက်သက်ဖြစ်နေရင် စိတ်ချမ်းသာမှုအစစ်ကို မပေးနိုင်ပါဘူး။ ဒါကြောင့် Being ကို လေးလေးနက်နက် နားလည်သင့်တယ်။ Being ဆိုတာ ဘာလဲ - မေတ္တာစိတ်နဲ့ နေတာ Being၊ ဘာလို့ လဲဆိုတော့ - I am a loving person. လို့  ပြောလို့ ရတယ်။ am ဆိုတာ Being ကိုပြောတာနော်။ လုပ်နေတာကို ပြောတာမဟုတ်ဘူး။ အဲဒီလိုပဲ ငါဟာ ကိုယ်ချင်းစာနာတတ်တဲ့သူ၊ သနားတတ်တဲ့သူ ဖြစ်တယ်။ သူများမှာ အဆင်ပြေတာကို ၀မ်းသာတတ်တဲ့သူ ဖြစ်တယ်။

သတိရှိနေတဲ့အခါမှာ I am mindful. am ဆိုတာ Being ကိုပြောတာပဲ။

I am peaceful. ငါ ငြိမ်းချမ်းနေတယ်။ ဒါလည်း Being။

ဒီလိုသတိရှိနေတဲ့စိတ်၊ ငြိမ်းချမ်းတဲ့စိတ်၊ ကိုယ်ချင်းစာတတ်တဲ့စိတ်၊ မေတ္တာစိတ်၊ ကရုဏာစိတ်နဲ့ နေရင်းနဲ့  လုပ်သင့်တဲ့ (Doing) အလုပ်တွေကို လုပ်သွားနိုင်ရင် သိပ်ကောင်းတယ်။ အဲသလိုလုပ်နိုင်ရင် အမှားနဲတယ်။ ကိုယ့် Doing ဟာ ကိုယ့် Being ကို ဖော်ပြတယ်။ ကိုယ့်အလုပ်ဟာ ကိုယ်ဘယ်လိုလူဆိုတာကို ဖော်ပြတယ်။ ဒီလိုမဟုတ်ရင် ကိုယ်လုပ်တဲ့အလုပ် Doing ဟာ သူများထက်သာဖို့  ကြွားဖို့  သူများကိုနိုင်ဖို့ ဖြစ်သွားရင် စိတ်ပင်ပန်းမယ်။ သူများကို ဒုက္ခပေးတဲ့အလုပ် Doing ဖြစ်သွားမယ်။ လောကအကျိုးကို ဆောင်ရွက်ချင်ရင် အဲဒီ Doing ဟာ Being ဆိုတဲ့ အုတ်မြစ် Foundation ရှိဖို့ လိုတယ်။ ဉာဏ်ကြီးကြီးနဲ့  ဒီအချက်ကိုသဘောပေါက်ပြီး ဒီအတိုင်းနေသွားရင် ကိုယ့်ဘ၀ကို ကျေနပ်မှုပြည့်ပြည့်၀၀ရမယ်။

Being ကို နားလည်တဲ့သူ၊ တန်ဘိုးထားတဲ့သူ၊ Being နဲ့  နေတဲ့သူဟာ ကိုယ့်ဘ၀ကို ပြင်ပရုပ်ဝတ္ထုတွေ၊ အဆင့်အတန်းတွေ၊ ဂုဏ်ရာထူးတွေနဲ့  မတိုင်းတာတဲ့အတွက် အဲဒီ ပစ္စည်းဥစ္စာ၊ ရာထူး၊ ဂုဏ်ထူးတွေ တက်လိုက်ကျလိုက်ဖြစ်တိုင်း သူ့ စိတ်က တက်လိုက်ကျလိုက် မဖြစ်ဘူး။ သူ့ Being ကိုကျသွားအောင် ဘယ်သူကမှ လုပ်လို့ မရဘူး။ သူ့ Being ကို သူများက အဆုံးအဖြတ်ပေးလို့ မရဘူး။ အမှတ်ပေးလို့ မရဘူး။ ကိုယ့်စိတ်ကလေး သတိရှိနေတယ်၊ ကြည်လင်အေးချမ်းနေတယ်၊ နူးညံ့နေတယ်၊ မေတ္တာ၊ ကရုဏာ ဖြစ်နေတယ်။ ဘယ်သူကအဲဒါကို လာတိုင်းတာလို့ ရမလဲ၊ မရဘူး။ သူများတိုင်းတာလို့ မရနိုင်တာကိုပဲ ကိုယ့်စိတ်ထဲမှာ ဖြစ်ပေါ်အောင်လုပ်ပြီး ဒါနဲ့ ပဲ ကိုယ့်ဘ၀ကိုကိုယ် ကျေနပ်အောင် နေရမှာနော်။

ကိုယ့်ကို သူများ အမှတ်ဘယ်လောက်ပေးနေလဲ ဆိုတာကို စဉ်းစားနေရတဲ့ သူဟာ စိတ်ချမ်းသာမှုအစစ်ကို မရနိုင်ဘူး။

တစ်သက်လုံး သူများအမှတ်ပေးတာကို ခံနေခဲ့ရတာနော်၊ သူများအမှတ်ပေးလို့ ရတဲ့ အရာတွေအားလုံးဟာ သူများနယ်မြေပဲ။ ဘယ်သူမှ အမှတ်ပေးလို့ မရတာမှ ကိုယ့်နယ်မြေ။ ကိုယ့်နယ်မြေအစစ်ထဲမှာကိုယ်နေရင် ကိုယ့်ကိုဘယ်သူမှ ဖယ်ခိုင်းလို့ မရဘူး။


ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ )

(စိတ်နှလုံး ရွှင်လန်းစေဖို့ )

Shared from Ma Sai Mon

သိမ်မွေ့သော စိတ်ကိုရှု့မှတ်ပုံ (ဆရာတော်ဦးဇောတိက)

တရားအားထုတ်ခါစမှာတော့ သတိပဋ္ဌာန်အစဖြစ်တဲ့ ကာယာနုပဿနာကို အခြေခံပြီး အားထုတ်ကြတယ်။ ကာယာနုပဿနာရှုရင်းကနေ အသေးစိတ်သိလာတဲ့အခါကျတော့ ကာယာနုပဿနာနှင့်တွဲပြီး ဝေဒနာနုပဿနာလည်း ပါလာတယ်။ ဝေဒနာနုပဿနာကို ရှုနေရင်းကနေ ဝေဒနာရဲ့  အနတ္တသဘော၊ ဝေဒနာရဲ့ အနိစ္စသဘော၊ ဝေဒနာရဲ့  ဒုက္ခသဘောတွေကို တဖြည်းဖြည်းသိလာတယ်။

ဒီလိုအားထုတ်ရင်းကနေ စိတ်ကိုလည်း ကြည့်တတ်လာတယ်။ သတိ၊ သမာဓိကောင်းလာတော့ စိတ်ထဲမှာ အတွေးအမျိုးမျိုး ပေါ်တိုင်း ပေါ်တိုင်း ချက်ချင်းသိတယ်။ တစ်ခါတလေ ဘယ်လောက်ထိသိလဲဆိုရင် အတွေးလေးတစ်ခု ပေါ်တော့မယ် ဆိုတာကိုတောင် သိနေတယ်။ ဒါကို မလုပ်ဖူးတဲ့သူဆို ယုံနိုင်မှာ မဟုတ်ဘူး။ အတွေးတစ်ခု ပေါ်တော့မယ်ဆိုတာ ဘယ်လိုလုပ်သိမှာလဲလို့  မေးလိမ့်မယ်။ စိတ်ကလေး ဦးလှည့်တာကို သိတယ်။ လက်ရှိအာရုံမှာ ကောင်းကောင်းမနေချင်တော့တာကို သိတယ်။ လက်ရှိအာရုံကို လွှတ်ချင်သလိုလို ဖြစ်လာပြီဆိုတာကို သိတယ်။ အာရုံသိပ်မထင်ရှားတော့ဘူး။ ထင်ရှားအောင်လည်း မကြိုးစားချင်တော့သလိုလိုဖြစ်ပြီး နောက်အာရုံတစ်ခုဖက်ကို စိတ်ဦးလှည့်လာတယ်။

တစ်ခါတလေ ဘယ်အာရုံဘက်ကို သွားတော့မယ် ဆိုတာကိုတောင်မှ နဲနဲလေးရိပ်မိတယ်။ ဒါတော်တော်လေး သမာဓိကောင်းတဲ့ အဆင့်ကျမှ သိလာတာပါ။ အဲဒီလို သွားတော့မယ်ဆိုတာကို သိလိုက်တာနဲ့  ပြန်ငြိမ်သွားတယ်။ တခြားအတွေးတစ်ခု ပေါ်လာရင်လည်း တွေးတယ်လို့ သိလိုက်တယ်။ သိလိုက်တာနဲ့  ပြန်ပျောက်သွားတယ်။ ပြန်ပျောက်သွားတော့ စိတ်ကအတွေးမရှိဘူး။ ရှင်းပြီးငြိမ်နေတယ်။ ငြိမ်နေတာကိုသိတယ်။ သိနေတာကိုသိတယ်။ အေးချမ်းနေတာကိုသိတယ်။ စိတ္တာနုပဿနာအဆင့်ကနေ ဓမ္မာနုပဿနာအဆင့်ကို ကူးသွားနေပြီ။ ဒါတွေဟာ လုပ်ရင်းနဲ့  သူ့ အလိုလိုဖြစ်လာတာပါ။

ဥပမာဆိုပါတော့ - ခန္ဓာကိုယ်ကို ရှုမှတ်နေပြီ။ ခန္ဓာကိုယ် ရုပ်သဘော ပူခြင်း အေးခြင်း လှုပ်ရှားခြင်းကို တဖြည်းဖြည်း သိလာရင်းကနေ သတိ သမာဓိကောင်းပြီး ပစ္စုပ္ပန်တည့်လာခဲ့ရင် ပူခြင်း၊ အေးခြင်း၊ လှုပ်ရှားခြင်းသဘောဟာ ပုဂ္ဂိုလ်သတ္တ၀ါ မဟုတ်ဘူး။ တကယ့်ကိုပဲ သဘာဝသဘောဆိုတာ သီးသီးခြားခြားမြင်တယ်။ ပုဂ္ဂိုလ်သတ္တ၀ါနှင့် မရောဘူး။ လုံးဝပုံသဏ္ဌာန် မရှိတော့ဘူး။ နာမည်တပ်ဖို့  မလိုတော့ဘူး။ နာမည်လည်း မရှိတော့ဘူး။

အဲဒီလို ပညတ်ကင်းပြီးတော့ သီးခြားလေး မြင်လိုက်တဲ့အခါ အနတ္တဉာဏ်ဟာ အင်မတန်မှရှင်းတယ်။ အဲဒီအခါ စိတ်ထဲက အနတ္တပါလားလို့  နှလုံးသွင်းမိတတ်တယ်။ အနတ္တသဘောတွေပဲ။ သူ့ သဘော သူဆောင်တာပဲလို့  နှလုံးသွင်းမိတယ်။ အဲဒီနှလုံးသွင်းတဲ့ဉာဏ်ကို ပြန်ကြည့်ရင် ဓမ္မာနုပဿနာ ဖြစ်သွားတယ်။ ဉာဏ်ကို ပြန်ရှုရင် ဓမ္မာနုပဿနာဖြစ်နေတယ်။

အနိစ္စကိုရှုရင်လည်း တဖြည်းဖြည်း ကြာလာတဲ့အခါမှာ ဖြစ်ဖြစ်ချင်း သိတယ်။ သိသိချင်း ပျောက်သွားတယ်။ ဘာမှမကျန်အောင် ပျောက်သွားတယ်။ အဲဒီလိုဖြစ်တိုင်းသိတယ်၊ သိတိုင်းမရှိဘူး၊ ဖြစ်တိုင်းသိတယ်၊ သိတိုင်းမရှိဘူးဆိုတာ ရှင်းလာတယ်။ တစ်ခုဖြစ်ပြီး ပျက်သွားတယ်။ နောက်တစ်ခုမဖြစ်ခင်ကြားမှာ ကြားကာလ (Gap) လေး တစ်ခုဖြစ်သွားတယ်လို့ တောင်မှ သိလို့ ရတယ်။ တစ်ခုနဲ့ တစ်ခု တစ်ဆက်တည်းမဟုတ်ဘူးဆိုတာ ဉာဏ်ထဲမှာ အင်မတန်မှ ရှင်းတယ်။

အင်မတန် လျင်လျင်မြန်မြန် ဖြစ်နေ ပျက်နေတဲ့ ရုပ်သဘော၊ နာမ်သဘောတွေကို အင်မတန် လျင်မြန်တဲ့ သတိ သမာဓိတွေက လိုက်သိနေတာ။ လိုက်သိတော့ မမြဲပါလားလို့  သိတဲ့ဉာဏ်ဖြစ်လာတယ်။ အဲဒီလို မမြဲပါလားလို့  နှလုံးသွင်းတဲ့ဉာဏ်ကို ပြန်ကြည့်ရင် မမြဲဘူးဆိုတဲ့ ဉာဏ်ကို ရှုမှတ်ပြီးသား ဖြစ်သွားတယ်။ ဒါဟာ အနိစ္စဉာာဏ်ကို ရှုမှတ်တာပဲ။ ဓမ္မာနုပဿနာဖြစ်သွားပြီ။ ဓမ္မ၀ိစယသမ္ဗောဇ္ဈင်ထဲကို ၀င်သွားတယ်။

တစ်ခါတလေ အားထုတ်ရင်း အားထုတ်ရင်းကနေ သိနေတာကိုပဲ ပြန်သိနေတယ်။ အဲဒါဆိုရင် သတိသမ္ဗောဇ္ဈင်ကို ရှုမှတ်ပြီးသားဖြစ်နေတယ်။ ပွားများပြီးသားဖြစ်နေတယ်။ အဲဒီတော့ သမ္ဗောဇ္ဈင်နဲ့ အညီ ဖြစ်သွားနေပြီနော်။

တစ်ခါတလေ အားထုတ်နေရင်းနဲ့  ပီတိသဘောမျိုးတွေဖြစ်လာတယ်။ နှစ်သက်နေတယ်။ သဘောကျနေတယ်။ ကျေနပ်နေတယ်။ တရားအားထုတ်ရတာ မပျင်းဘူး။ အဲဒီစိတ်ကို ပြန်ရှုပါ။ ဒါဟာ နှစ်သက်နေတဲ့သဘော၊ သဘောကျနေတဲ့သဘောလို့  မြင်လို့ ရှိရင် ဓမ္မာနုပဿနာဖြစ်သွားတာပဲ။ ပီတိသမ္ဗောဇ္ဈင်ကို ရှုမှတ်တဲ့သဘောမျိုးဖြစ်နေတယ်။

တရားအားထုတ်နေရင်း အားထုတ်နေရတာ ကောင်းလိုက်တာဆိုပြီး ပိုပြီးတော့ ကြိုးစားချင်တဲ့စိတ် ဖြစ်နေတယ်။ ပျင်းတယ်ဆိုတဲ့စိတ် မရှိတော့ဘူး။ လျှော့ချင်တဲ့စိတ် မရှိတော့ဘူး။ တိုးတိုးပြီးတော့ပဲ အားထုတ်ချင်တော့တယ်။ အဲဒီစိတ်တွေကို ပြန်ကြည့်ပါ။ ကြည့်လို့ ရတယ်။ သဒ္ဓါတရားတော်တော်ကောင်းတယ်။ ၀ီရိယတွေလည်း တော်တော်ကောင်းတယ်။ ဒါဟာ သဒ္ဓါတရား၊ ဒါဟာ ၀ီရိယလို့ ကြည့်လို့ ရတယ်။

အတွေးတွေ တော်တော်နဲသွားပြီးတော့ ရှင်းနေတဲ့အခါမှာ ပေါ်လာတဲ့စိတ်ကလေးတွေက တစ်လုံးချင်းပေါ်လာတယ်။ အရင်တုန်းကလို ဒလဟောကြီး ၀င်မလာဘူး။ အဲဒီလိုအခါမျိုးမှာ စိတ်တော်တော်များများကို ကြည့်လို့ ရတယ်။ စိတ်ကလေးတစ်ခုခု ဖြစ်လာပြီဆိုရင် သူ့ ကို အေးအေးဆေးဆေးကြည့်လို့ ရတယ်။

တရားအားထုတ်တဲ့အခါမှာ သဒ္ဓါတရားတွေဖြစ်တယ်။ ကောင်းလိုက်တာ၊ ဟုတ်လိုက်တာ၊ မှန်လိုက်တာဆိုတဲ့ စိတ်တွေဖြစ်တယ်။ ဘုရားကို ကြည်ညိုတဲ့ စိတ်တွေဖြစ်လာတယ်။ “တကယ် မလုပ်ကြသေးလို့  တကယ် မဖြစ်ကြတာပါ။ လုပ်ကြည့်ပါ” လို့  ပြောချင်တဲ့ စိတ်တွေလည်း ဖြစ်တတ်တယ်။ အဲဒီစိတ်ကိုပါ ပြန်ရှုမှတ်မှ။ ပြောချင်နေတဲ့စိတ်ကို မရှုမှတ်ရင် စိတ်ထဲမှာ တရားဟောတတ်တယ်။ အဲဒီအချိန်မှာ စိတ်ထဲမှာ တရားဟောရင် မကောင်းဘူး။ ကုသိုလ်စိတ်ဖြစ်ပေမယ့် တရားအားထုတ်မှုမှာ အနှောင့်အယှက်ဖြစ်တယ်။

မိတ်ဆွေ၊ အပေါင်းအသင်း၊ ဆွေမျိုး၊ မိဘတွေကို ကရုဏာဖြစ်တဲ့စိတ် ဖြစ်လာရင်လည်း အဲဒီစိတ်ကို ရှုမှတ်မှ။ ဒီကရုဏာစိတ်ကို ကြာကြာလက်မခံနဲ့ ။ ဒိအချိန်မှာ မကောာင်းဘူး။ ၀ိပဿနာဉာဏ်ကို အနှောင့်အယှက်ဖြစ်သွားနိုင်တယ်။ ဖြစ်ပေါ်လာနေတဲ့ ကရုဏာစိတ်ကို ပြန်ကြည့်ပါ။ သေသေချာချာ မြင်အောင် ကြိုးစားကြည့်ပါ။ မြင်အောင်ကြည့်နိုင်ရင် သိပ်ရှင်းတယ်။ အားလည်း အားရတယ်။ သိပ်ကျေနပ်တယ်။ အဲဒီအခါမှာ ဘုရားဟောတဲ့ အဘိဓမ္မာကို သွားဖတ်ကြည့်ရင် ကောင်းကောင်းသဘောပေါက်တယ်။ အဘိဓမ္မာဟာ တကယ်ဟုတ်လို့  ဟောထားတာပဲ ဆိုတာ ယုံကြည်သွားတယ်။

အားထုတ်ရင်းနဲ့  ကိုယ့်စိတ်ထဲမှာ ဖြစ်ပုံကို သေသေချာချာ ကြည့်ပါနော်။။ တစ်ခါတလေ စိတ်ထဲမှာ အေးနေတယ်။ အေးတာမှ စိတ်တင်မကဘူး။ ခန္ဓာကိုယ်ကြီးပါ အေးနေတယ်လို့ ခံစားရတယ်။ ကိုယ်အပူချိန် တကယ်ပဲ ကျသွားနိုင်တယ်။ တရားအားထုတ်လို့  ပဿဒ္ဓိဖြစ်တဲ့အချိန်မှာ ကိုယ်အပူချိန်ကျသွားတယ်ဆိုတာ သေသေချာချာ စမ်းသပ်ကြည့်လို့ ရတယ်။ အဲဒီအေးနေတာလေးကို ပြန်ကြည့်ရင် သိလို့ ရတယ်။ စိတ်ရဲ့ အေးငြိမ်းခြင်းဆိုတဲ့ စိတ်တစ်ခုဖြစ်နေတယ်။ အေးငြိမ်းခြင်းရဲ့ သဘောလေးကို ပြန်ကြည့်လို့ ရတယ်။ ဓမ္မာနုပဿနာ ဖြစ်ပြန်တယ်။ ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွားများပြီးသားဖြစ်နေတယ်။

တစ်ခါတလေလည်း စိတ်က ထားတဲ့အာရုံမှာ ကပ်ပြီး တည်ငြိမ်နေတယ်။ ဥပမာ- လူအများ စားကြတဲ့ Chewing-gum (ပီကေ) ဆိုပါတော့။ ပီကေကို ပစ်လိုက်ရင် ထိလိုက်တဲ့ နေရာမှာ ကပ်နေတယ်။ ပြန်မကွာဘူး။ အဲဒီလိုပဲ စိတ်က အာရုံတစ်ခုကို ရှုမှတ်လိုက်ရင် အာရုံမှာ ကပ်သွားတယ်။ အာရုံကနေ ပြန်ကွာမထွက်ဘူး။ သာမန် သတိ၊ သမာဓိ နဲတဲ့ အခြေအနေမှာတော့ အာရုံတစ်ခုကို ရှုမှတ်ဖို့  ကြိုးစားရင်း သိသလိုလိုဖြစ်ပြီးတော့ ပြန်ကွာသွားတယ်။ တခြားအာရုံကို ရောက်ရောက်သွားတယ်၊ ထားတဲ့အာရုံမှာ မနေဘူး။

အဲဒီလိုစိတ်ကို သေသေချာချာကြည့်နိုင်ပြီးတော့ စိတ်ကရှင်းသွားရင် သတိ၊ သမာဓိကလည်း ကောင်းနေတဲ့အတွက်ကြောင့် စိတ်ကို အာရုံတစ်ခုပေါ်မှာ ဦးတည်လိုက်ရင် အဲဒီမှာပဲ ကပ်နေတယ်။ ဆက်ခါဆက်ခါ အဲဒီအာရုံမှာပဲထား၊ ဘယ်လောက်ကြာကြာဖြစ်ဖြစ် ထားလို့ ရတယ်။ တခြားအာရုံဆီမှာ ကြာရှည်မနေဘူး။ ကျယ်လောက်တဲ့အသံတစ်ခု ကြားရင်တောင်မှ တစ်ချက်ကြားပြီးတော့ ပြီးသွားတယ်။ အဲဒါ ဘာသံလဲဆိုတာကို လုံးဝ မစုံစမ်းဘူး။ ကြားလိုက်ပြီးတော့ ဘာသံမှန်းမသိလိုက်ဘူး။ ကြား၊ သိ၊ ပျောက်ပဲ။ ကြားခါမျှ ဖြစ်သွားတယ်။

အတွေးတစ်ခုပေါ်လည်း ဒီအတိုင်းပဲ ပေါ်တော့မလိုဖြစ်သွားတာနဲ့  ပျောက်သွားတယ်။ ပေါ်လာရင်လည်း ပေါ်လာတာကို သိတာနဲ့ ပျောက်သွားတာပဲ။ ဘာဆိုတာကို ပညတ်တဲ့အဆင့် ၊ နာမည်တပ်တဲ့ အဆင့်ထိ မရောက်တော့ဘူး။ တစ်ခုခုဖြစ်လာတယ်။ သိတယ်။ ချက်ချင်း မရှိတော့ဘူး။

အဲဒီလို သတိ သမာဓိ ကောင်းနေရင် စိတ်က တခြားအာရုံတွေကို ပြောင်းဖို့ မလွယ်တော့ဘူး။ အဲဒီလို မလွယ်တဲ့အတွက် စိတ်ကို ဒီအတိုင်းလွှတ်ထားလို့ ရတယ်။ လွှတ်ထားရင်လည်း နဂိုထားနေကျ အာရုံမှာပဲ ဆက်ပြီးနေတယ်။ အလိုလိုသိနေတယ်။ အဲဒီအခါမှာ ဘယ်လိုတွေးမိလဲဆိုတော့ တရားက သူ့ ဟာသူ အားထုတ်နေတာပါလို့  တွေးမိတယ်။ ငါ တရားအားထုတ်တာ မဟုတ်တော့ဘူးလို့  သိလာတယ်။

ပြင်ပ ကာမဂုဏ်အာရုံတွေကို တွေးတောကြံစည်နေတဲ့ စိတ်ကလည်း မရှိတော့ဘူး။ စိတ်မှာဖြစ်နေတဲ့ ပစ္စုပ္ပန် အခြေအနေတွေကို တိုက်ရိုက်သိနေတဲ့အခါမှာ ငြိမ်သက်နေရင် ငြိမ်သက်နေမှန်း သိတယ်။ သိနေတဲ့ စိတ်ကလေးကို ကြည့်ရင်သိတယ်။ သိတယ်ဆိုတဲ့ သဘောလေးတွေကို ပြန်သိတယ်။ အဲဒီ သိနေတဲ့စိတ်ကလေးကို ရှုမှတ်နေရတာကိုက ပိုကောင်းနေပြန်တယ်။

ငြိမ်သက်နေတာ သက်သက်ကိုပဲ ရှုနေရင် ငြိမ်နေတာက အားကောင်းလာပြီးတော့ သိနေတာက အားနဲနေပြန်ရင် အနိစ္စကို မမြင်နိုင်တော့ဘူး။ သိတဲ့သဘောမှာလည်း အနိစ္စသဘောပါတယ်။ သိတာကလည်း တစ်ချက်ချင်း တစ်ချက်ချင်း သိတယ်ဆိုတာကို သိတယ်။ တစ်သိပြီးရင် နောက်တစ်သိ။ သိတဲ့သဘောလေးဟာ တစ်ခုချင်း တစ်ခုချင်း ဖြစ်လာတယ်ဆိုတာ ပြန်မြင်လာတယ်။ ကြာရင် အဲဒီ သိတဲ့သဘောလေးက တဖြည်းဖြည်း မြန်လာတယ်။ မြန်မြန်သိလာတယ်။

သတိ၊ သမာဓိ သိပ်ကောင်းတုန်းမှာ အခြေအနေအမျိုးမျိုး စိတ်မှာဖြစ်ပေါ်လာတာကို သေသေချာချာ ဆက်တိုက်ကြည့်တတ်ရင် အလွန်သိမ်မွေ့ တဲ့ စိတ်တွေဖြစ်လာတယ်။ အဲဒီအခါမှာ သိစရာ မရှိတော့သလို ဖြစ်သွားတယ်။ တစ်ချက်မှတ်လိုက်ရင် ပျောက်သွားပြီးတော့ နောက်ထပ် ဘာမှ မပေါ်လာတော့ဘူးလို့  ထင်ရတယ်။ ဘာမှ မရှိတာကြီးကို သိနေတယ်။ အဲဒီ အခြေအနေ သဘောသဘာဝ လက္ခဏာဟာ အာကိဉ္စညာယတန ဆိုတဲ့ အရူပဈာန်နဲ့  အတော်လေး သွားတူနေတယ်။

တစ်ခါတလေ သိနေတာလေးက သိမ်မွေ့ လွန်းလို့  သိသလိုလို မသိသလိုလိုတောင် ဖြစ်တတ်တယ်။ အဲဒါတွေကို တတ်နိုင်သလောက် သိအောင် ကြိုးစားမှ။ မသိလို့ ရှိရင် ဘာမှ ရှုမှတ်စရာမရှိ ဖြစ်ပြီးတော့ ဒီအတိုင်းပဲ ငြိမ်နေပြီး ဘာမှ မသိတော့သလို ဖြစ်နေတယ်။ တစ်ခါတလေ အဲဒါကိုပဲ တရားထူးလို့  ထင်တတ်တယ်။

ဘာမှ မရှိတော့ဘဲ အကုန်ချုပ်နေတယ်။ ဘာမှမသိသလိုဖြစ်နေရင် သိတဲ့စိတ် ရှိသေးသလားဆိုတာ ပြန်ကြည့်ပါ။ သိတဲ့စိတ်ကို ပြန်သိလို့ ရသေးရင် ဒါ-လောကီစိတ်ပဲ။ လောကီအဆင့်မှာပဲ ရှိသေးတယ်။ လောကုတ္တရာစိတ်က သိတာကို ပြန်သိလို့ မရတော့ဘူး။ ဒီလိုအားထုတ်လို့  အဆင်ပြေလာတဲ့အခါမျိုးမှာ ကိုယ့်ရဲ့ အားထုတ်မှုကို ရပ်တန့် မပစ်ဘဲ ဆက်ပြီး အားထုတ်ဖို့  အရေးကြီးတယ်။

တချို့ တပည့်တွေ ဒကာ ဒကာမတွေဟာ သူတို့ အားထုတ်တာ အတော်ကို ကောင်းနေပြီ။ ဆက်ကြိုးစားမယ်ဆိုရင် အများကြီး တိုးတက်သွားနိုင်တယ်။ အဲဒီအခါ ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး ဆက်အားထုတ်မယ်ဆိုရင် တကယ် တိုးတက်မှာပါ။

ဒကာကြီးတစ်ယောက်ကလျှောက်တယ်။ “တပည့်တော် ဆက်အားထုတ်ရင် ဘာဖြစ်မယ်ဆိုတာကို သိတယ်။ အဲဒီတော့ တပည့်တော် ဆက်မလုပ်ဘူး။ ဒီလောက်နဲ့  တော်ထားအုံးမယ်။” တဲ့။ သူက ဘာနဲ့  ဥပမာတူသလဲဆိုတော့ ချောက်ကြီးတစ်ခုကို ဟိုဘက် ဒီဘက် ကူးဖို့ အတွက် အလယ်ခေါင်မှာ ကြိုးတစ်ချောင်းရှိတယ်။ အဲဒီကြိုးကို ကိုင်ပြီး လွှဲလိုက်ပြီး ကြိုးကိုလွှတ်လိုက်ရင် ဟိုဘက်ကမ်းကို ရောက်သွားမှာနော်။ ဒီဘက်ကို ပြန်လာလို့ မရတော့ဘူး။ ဟိုဘက်ကို ရောက်ခါနီးမှ မလွှတ်ရဲဘူး။ ကြိုးကို ဒီအတိုင်းပဲ ကိုင်ထားတယ်။ ဒါကြောင့် ဒီဘက်ကို ပြန်လာတယ်။

စိတ်ရဲ့ သဘာဝက ဘယ်လောက် ဆန်းကြယ်သလဲနော်။ လိုချင်လွန်းလို့  ကြိုးစားတယ်။ တကယ်ရတော့မယ်ဆိုတော့ နေဦး၊ စဉ်းစားအုံးမယ် ဆိုတာ ဖြစ်လာတယ်။ အဲဒီစိတ်ကိုလည်း ပြန်ကြည့်တတ်ဖို့ လိုတယ်။ ဒီစိတ်မျိုးက ဖြစ်တတ်တယ်။ ဒီလို အကြိမ်များများ လွှဲနေတတ်တယ်။ လောကီစိတ်ဘက်ကို ပြန်ပြန်လာတယ်။ အကယ်၍ ဆက်အားထုတ်ပြီး တကယ်ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်ပြီဆိုရင်တော့ လွှတ်လိုက်ရုံပဲရှိတယ်။ ဒါကို မှတ်ထားသင့်တယ်။ အကယ်၍ ကိုယ်ကိုယ်တိုင် ဖြစ်လာခဲ့ရင် ဒီစိတ်ကို နားလည်ဖို့ လိုတယ်။ အပြစ်မတင်သင့်ဘူး။ ဒါဟာ စိတ်ရဲ့ သဘာဝပဲ။

နေနေကျ နေရာမှာ ဆက်နေချင်တယ်။ ဒီနေရာကိုပဲ ပိုကောင်းအောင် ပြုပြင်ပြီး ဆက်နေသွားချင်တယ်။ တစ်ခါမှ မရောက်ဖူးတဲ့ နေရာသစ်ကို သွားရမှာ နဲနဲ ကြောက်တတ်တယ်။

ဒကာ၊ ဒကာမတွေအားလုံး တရားကို တကယ် စွဲစွဲမြဲမြဲ အားထုတ်ကြပါ။ စွဲမြဲရင် တိုးတက်ပါတယ်။ မတိုးတက်ဘူးဆိုတာ မရှိပါဘူး။ အဲဒါကို ယုံကြည်စိတ်ချဖို့  အင်မတန် အရေးကြီးတယ်။ ဘ၀မှာ အရေးကြီးဆုံးက နေ့ စဉ် နေ့ စဉ် ကောင်းသည်ထက် ကောင်းတာတွေ လုပ်သွားဖို့ ၊ မြင့်သည်ထက် မြင့်တဲ့ဘက်ကို သွားဖို့ နဲ့  နောက်ဆုံးမှာ အမြင့်ဆုံးဖြစ်တဲ့ အရဟတ္တမဂ်ရဖို့  ဖြစ်ပါတယ်။

ဒကာ ဒကာမတွေအားလုံး တစ်နေ့ တခြား စိတ်ထား သဘောထား ပိုကောင်းလာပြီး မိမိကိုယ်ကို ချစ်ခင်လေးစား တန်ဖိုးထားနိုင်ကြပါစေ။ အမြင့်ဆုံးအသိဉာဏ်ကို ရအောင် ကြိုးစားနိုင်ကြပါစေ။


ဆရာတော် ဦးဇောတိက

“ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန်” စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

Shared from Ma Sai Mon

Tuesday, May 29, 2012

အတွင်းပစ္စည်း မပျက်စီးရင်ပြီးတာပဲ

အတွင်းပစ္စည်း မပျက်စီးရင်ပြီးတာပဲ (တင်ပြီးသားပေမယ့် အရမ်းကောင်းတဲ့ post တစ်ပုဒ်မို့လို့ပြန်ရှယ်လိုက်တာပါ)

ကြီးကျယ်ခန့်ညားပြီး မြင့်မြတ်တဲ့ သူတော်ကောင်းတွေရဲ့ နှလုံးသားဆိုတာ ဘယ်ဘက်ခြမ်းမှာ ကရုဏာရှိပြီး၊ ညာဘက်အခြမ်းမှာ ပညာ အပြည့်ရှိပါတယ်။ အဲဒီ ကရုဏာ၊ ပညာတရားတွေနဲ့ ကိုယ်ပိုင်ဘ၀၊ ကိုယ်ပိုင်အခွင့်အရေးတွေကို စတေးပြီး အများကောင်းစား ရေးအတွက် လောကအပေါ် စေတနာ အပြည့်အ၀ ထားနိုင်တာကို “ပါရမီဖြည့်တယ်”လို့ ခေါ်တာတာပါ။
“ပါရမီ”ဆိုတာ မြင့်မြတ်သူတွေရဲ့ ပုံရိပ်၊ မြင့်မြတ်သူတွေရဲ့ နှလုံးသား ၊မြင့်မြတ်သူတွေရဲ့ စရဏတရားပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် “ပါရမီဖြည့်တယ်”ဆိုတာ လောဘ၊အတ္တ၊ မာနတွေကြောင့် အကျည်းတန် အရုပ်ဆိုးလှတဲ့ လူ့ဘ၀၊ လူ့စေတနာကို အလှပ၊ အယဉ်ကျေး၊ အသိမ်မွေ့ဆုံးဖြစ်အောင် ခြယ်မှုန်းပြုပြင် တန်ဆာဆင်ပေးတာကို ခေါ်တာပါ။ ဘုရားအလောင်းတော်ဟာ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်တယ်ဆိုတာ မိမိရဲ့ဘ၀၊ မိမိရဲ့စေတနာကို လှသည်ထက်လှအောင် အားထုတ်ခြင်းဖြစ်ပါတယ်။
ကြာပန်းရဲ့အလှဟာ ရေကန်ကို တန်ဆာဆင်နိုင်သလို ဘ၀ရဲ့ အလှဟာလည်း လောကကို တန်ဆာဆင်ပေးနိုင်ပါတယ်။ ပါရမီတွေ ပြည့်ဝလို့ မိမိရဲ့ဘ၀က ပို၍ ပို၍ လှလေ လောကကိုလည်း ပို၍ ပို၍ လှအောင် တန်ဆာဆင်နိုင်လေ ဖြစ်ပါတယ်။ တကယ်တော့ ‘ပါရမီ’ ဆိုတာ လူ့ဘ၀ရဲ့ မြတ်နိုး တန်ဖိုးထားစရာ အလှပဆုံး “တော်ဝင်ပန်း တစ်ပွင်”့ ပါ။ ပါရမီပန်းတွေများ ပွင့်လန်းနေပြီဆိုရင် အကျည်းတန်မှုတွေနဲ့ ပြည့်လျှမ်းနေတဲ့ ဒီလူ့ဘ၀ ခရီးကြမ်းကြီးဟာ အင်မတန်မှ သာယာလှပ ပျော် မွေ့ဖွယ် ကော်ငးလှပါတယ်။
သာသနာတော်မှာ ဘုရားရှင်ရဲ့ အဆုံးအမ သြ၀ါဒကို ခြေခြေ မြစ်မြစ် လက်ခံရရှိသူတွေ အဖို့ ဘ၀သံသရာ ရှေ့ရေးနဲ့ ပတ်သက် လာရင် -----

(၁) ဒီဘ၀မှာ ကျွတ်တန်းဝင်ဖို့၊

(၂) ဆုတစ်ခုခုကို ရည်ရွယ်ပန်ဆင်ကာ ပါရမီဖြည့်ဖို့၊ ဒီအရေးကိစ္စ နှစ်ခုကလွဲလို့ တခြားရွေး ချယ်စရာ ရှိမနေတော့ပါ။
ဗုဒ္ဓသာသနာဝင်တွေအဖို့ ဘ၀ချမ်းသာဟူသမျှရဲ့ နောက်ဆုံး ပန်းတိုင်ဟာ အရိယာပုဂ္ဂိုလ်ဖြစ်ဖို့ပါ။ အရိယာပုဂ္ဂိုလ်ဖြစ်ဖို့ဆိုတာ အရိယသစ္စာကို သိမြင်နိုင်ရမှာပါ။ အရိယသစ္စာကို သိမြင်နိုင်ဖို့ဆိုတာ ပါရမီ မရှိဘဲ မဖြစ်နိုင်ပါ။ ပါရမီဆိုတာ မြင့်မြတ်မှုသို့ သွားရာ တစ်ကြောင်းတည်းသော ခရီး၊ တစ်ခု တည်းသော ခရီးလမ်းမကြီးဖြစ်ပါတယ်။ ပါရမီလမ်းမကြီးကို စွန့်ပစ်ပြီး မြင့်မြတ်မှု ပန်းတိုင်သို့ ရောက် နိုင်ရိုး ထုံးစံမရှိပါ။
ဒါကြောင့် ဗုဒ္ဓမြတ်စွာရဲ့ ကရုဏာနဲ့ ပညာရနဲ့တွေ သင်းပျံ့နေဆဲ ယခုလို ကာလမျိုးမှာ မြင့်မြတ် မှုကို မြတ်နိုးကြသူတိုင်းဟာ ပါရမီကောင်းမှု တစ်ခုခုကို နေ့စဉ် ၀တ်ထားပြီး ပြုလုပ်အားထုတ်သင့်ကြ ပါတယ်။ ကြေးနဲ့ ရွှေဟာ “ ၀ါ “ တာချင်းတူပေမယ့် တန်ဖိုးချင်း မတူညီနိုင်သလို ရိုးရိုး ကုသိုလ်နဲ့ ပါရမီ ကုသိုလ်ဟာလည်း “ ကုသိုလ်ချင်း” တူပေမယ့် အရှိန်အ၀ါ အကျိုးပေးတာချင်း အင်မတန်ခြားနားပါ တယ်။
ရိုးရိုးကုသိုလ်ဟာ ကိုယ်ကျိုးရှာ အသာစံလိုမှု ပါဝင်နေတတ်တာမို့ အကြောင်းအား မကောင်းသလို အကျိုးပေးလည်း မသန်တတ်ပါဘူး။ ရိုးရိုးကုသိုလ်ရဲ့ ပန်းတိုင်းဟာ လောကီအကျိုးမှာ လမ်းဆုံး နေတတ်ပြီး၊ အကျိုးပေးပြီးရင်လည်း အသစ်က ပြန်စရတာမို့(ရှာလိုက်၊ရလိုက်၊ ကုန်သွားလိုက်နဲ့၊ သံသရာလည်နေ တတ်ပါတယ်။ တစ်ခါတစ်ရံ အကြောင်းမညီညွတ်လို့ လုံးဝအကျိုးမပေးဘဲ အဟော သိကံ ဖြစ်သွားတာလည်း မရေမတွက်နိုင်အောင်ပါပဲ။
ပါရမီကုသိုလ်ကတော့ ကိုယ်ကျိုးစွန့်၊ အနစ်နာခံမှုကို အရင်းတည်တာမို့ အကြောင်းအား ကောင်းသလို အကျိုးပေးလည်း သန်ပါတယ်။ ပါရမီ ကုသိုလ်ရဲ့ ပန်းတိုင်ဟာ လောကုတ္တရာဖြစ်တာမို့ လောကီ သံသရာထဲမှာ လည်မနေတတ်သလို လမ်းဆုံးမရောက်ခင် ပျောက်ပျက်သွားရိုး မရှိလို့ အကျိုးမဲ့ အဟောသိကံ ဖြစ်သွားတာမျိုးလည်း မရှိပါဘူး။
အချုပ်ပြောရရင် ရိုးရိုးကုသိုလ်ဟာ လောကီကျိုးကိုသာ ဖြစ်စေနိုင်တယ်၊ မခိုင်မာဘူး၊ ပျက်စီးတတ်တယ်။ ပါရမီကုသိုလ်ကတော့ လောကီကျိုးကိုသာမက လောကုတ္တရာ အကျိုးကိုပါ ဖြစ်စေနိုင်တယ်။ ခိုင်မာတယ်။ မပျက်ပြယ်ဘူး။ ဒါကြောင့်မို့ အသိဥာဏ်ကြီးသူတိုင်းဟာ ရိုးရိုးကုသိုလ် ထက် ပါရမီကုသိုလ်ကို ပိုပြီး မြတ်နိုးတန်ဖိုးထားလေ့ရှိပါတယ်။
တကယ်တော့ ပါရမီ ကုသိုလ်ဆိုတာ ဘယ်လိုရန်သူမျိုးကမျှ မနှောက်ယှက် မဖျက်ဆီး၊ မဟန့် တား၊ မခိုးယူနိုင်တဲ့ “အနုဂါမိကရွှေအိုး” အတွင်း ပစ္စည်းမျိုးပါ။ ဒီအကြေင်းနဲ့ ပတ်သက်ပြီး ဓမ္မပုံပြင်က လေးတစ်ပုဒ်ကို ပြောပြချင်ပါတယ်။

အတွင်းပစ္စည်း မပျက်စီးရင် ပြီးတာပဲ
တစ်ခါတုန်းက နေပြည်တော်နဲ့ မနီးမဝေး တောအုပ်ကလေးထဲမှာကပ္ပိယကြီးတစ်ဦးနဲ့ တောရ ဆောက်တည်နေတဲ့ ဆရာတော်ကြီးတစ်ပါး ရှိခဲ့ဖူးတယ်။
အဲဒီဆရာတော်ကြီးဟာ ရဟန်းပျိုဘ၀တုန်းကတော့ နေပြည်တော်မှာ အင်မတန်ကျော်ကြားတဲ့ ပရိယတ္တိအကျော် စာချဆရာတော်ကြီး တစ်ပါးပါ။ ပိဋကသုံးပုံကို ထုံးလိုခြေ၊ ရေလိုနှောက်နိုင်ပြီး စာသင်သံဃာတော် ရာပေါင်းများစွာကို စာချပေးတဲ့ ဆရာတော်ကြီးပါ။
ဒါပေမယ့် ၀ါတော်(၃၀)အရမှာ သံဝေဂဖြစ်စရာ တစ်ခုနဲ့ ကြုံရပြီး “ပိဋကတ်တော်တွေဆိုတာ သင်ယူပြီးတဲ့အခါ သိတဲ့အတိုင်း မကျင့်ရင် စာအုပ်ထဲကလာပြီး စာအုပ်ထဲပြန် ၀င်သွားမှာ၊ သိထားတဲ့ အတိုင်း တကယ်ကျင့်သုံးမှသာ ကိုယ့်နှလုံးသားထဲမှာ ကိုယ်ပိုင်တရားအဖြစ် ကျန်ရစ်ခဲ့မှာ”လို့ ခံယူ တော်မူပြီး စာသင်စာချတဲ့အလုပ်ကို တပည့်ကြီးတွေ လက်ထဲ လွှဲအပ်ပြီး တောထွက်တော်မူခဲ့တာတဲ့။
ဆရာတော်ကြီးဟာ နံနက်လင်းလို့ ဆွမ်းခံဝင်ပြီဆိုရင် ဘုရားရှင်လက်ထက်တော်က အရှင်မဟာကဿပမထေရ်မြတ်ကြီးရဲ့ ထုံးကို နှလုံးမူပြီးတော့ နေပြည်တော် အစွန်အဖျားက ဆင်းရဲသား ရပ်ကွက်တွေထဲကို ကြွပြီး ဆင်းရဲသူ၊ ဆင်းရဲသားတွေကို ချီးမြှောက်လေ့ရှိပါတယ်။
တစ်နေ့တော့ ဆရာတော်ကြီးရဲ့ မွှေးပျံ့တဲ့ ဂုဏ်သတင်းကြောင့် နေပြည်တော်ထဲက အင်မ တန်ချမ်းသာတဲ့ သူဌေးကြီးတစ်ဦးဟာ ဆရာတော်ကြီးကို ဖူးတွေ့ဖို့ တောအုပ်ထဲက သစ်ရွက်မိုး ကျောင်းကလေးကို ရောက်လာပါတယ်။ ဆရာတော်ကြီးကို ဖူးမြော်ကန်တော့အပြီး ဆရာတော်ကြီး ချမ်းချမ်းသာသာ သီတင်းသုံးဖို့အတွက် နေပြည်တော်ထဲမှာ ကျောင်းကြီးတစ်ဆောင် ဆောက်လုပ် လှူဒါန်းလိုပါကြောင်း လျှောက်ထားပါတယ်။
အဲဒီအခါ ဆရာတော်ကြီးက “မိမိအနေနဲ့ ကြီးကျယ်ခမ်းနားတဲ့ အဆောင်အယောင်တွေနဲ့ မနေ ထိုင်လိုကြောင်း၊ အဲဒီလို နေထိုင်ရင် လောကီအာရုံ ကာမဂုဏ်တွေကို အနှစ်သာရ ဘာမျှမရှိကြောင်း ဟောကြားဆုံးမနေတဲ့ မိမိရဲ့ ပြောဆိုချက်တွေနဲ့ ဆန့်ကျင်ဘက်ဖြစ် နေတဲ့အပြင် ဒီတရားတော်အပေါ် မှာလည်း ကြားနာရသူတွေဟာ ယုံကြည်တော့မှာ မဟုတ်ကြောင်း” မိန့်တော်မူပါတယ်။
ပြီးမှ ဆရာတော်ကြီးက “မိမိကို တကယ်ကြည်ညိုတယ်ဆိုရင် မရှိဆင်းရဲသားတွေကို လှူဒါန်း ဖို့နဲ့ ဆင်းရဲသားတွေမှာ နေမကောင်း မကျန်းမမာဖြစ်တဲ့အခါ အလွန်ဒုက္ခရောက်တာမို့ ဆင်းရဲသား တွေအတွက် ဇီဝိတဒါန အခမဲ့ ဆေးကုသပေးဖို့” မိန့်ကြားတော်မူပါတယ်။
အဲဒီလို ဆရာတော်ကြီးရဲ့ သြ၀ါဒတွေကို နာယူရတဲ့အခါ သူဌေးကြီးဟာ ဆရာတော်ကြီးကို အရင်ကထက် ပိုပြီးကြည်ညိုမိသတဲ့။ ဆရာတော်ကြီးရဲ့ သြ၀ါဒအတိုင်း ဆင်းရဲသားတွေအတွက်လည်း ရန်ပုံငွေထူထောင်ကာ အခမဲ့ ဆေးကုသပေးတဲ့ ဆေးရုံတော်ကြီးတစ်ခု နေပြည်တော်ထဲမှာ ဆောက် လုပ်လှူဒါန်းပါတယ်။
ဒီလိုနဲ့ ဆရာတော်ကြီးရဲ့ ကြည်ညိုဖွယ်ရာ ဂုဏ်သတင်းတွေဟာ နေပြည်တော်အတွင်း ပျံ့နှံ့လာကာ ရွှေနန်းတော်ထဲအထိ ရောက်လာသတဲ့။ အဲဒီအခါ ဘုရင်မင်းမြတ်က ဆရာတော်ကြီးကိုဘွဲ့တံ ဆိပ်တော်တော်တွေ အထပ်ထပ် ဆက်ကပ်ပြီး နေပြည်တော်မှာ ကြွရောက်သီတင်းသုံးဖို့ ပင့်လျှောက်ပါတယ်။ ဒါပေမယ့် ဆရာတော်ကြီးက ပင့်လျှောက်တိုင်း “တောထဲမှာ နေရတာ ပိုပြီး ချမ်းသာပါ တယ်” ဆိုပြီး ကြွတော်မမူဘူးတဲ့။
ဘုရင်မင်းမြတ်ကတော့ လက်မလျှော့ဘဲ ဆရာတော်ကြီးကို အကြောင်းအမျိုးမျိုးပြပြီး နေပြည်တော်မှာကြွပြီး သာသနာပြုဖို့ ပင့်လျှောက်ပါတယ်။ နောက်ဆုံးတော့ ဆရာတော်ကြီးလည်း မနေသာတော့ဘဲ နေပြည်တော်ကြွပြီး ဘုရင်မင်းမြတ်ဆောက်လုပ် လှူဒါန်းအပ်တဲ့ ရွှေနန်းတော်ကျောင်းသစ် ကြီးမှာ သီတင်းသုံးတော်မူရပါတယ်။
ဘုရင်မင်းမြတ် ဆောက်လုပ်တော်မူတဲ့ ရွှေနန်းတော်ကျောင်းကြီးဟာ နာမည်နဲ့ လိုက်ဖက်အောင်ပဲ အင်မတန် ခမ်းနားကြီးကျယ်လှပါတယ်။ ရွှေပိန်းချ ပန်းကနုတ်တွေ ရတနာတွေ စီခြယ် ထားတဲ့ တိုင်လုံးကြီးတွေ၊ အဖိုးတန် ကော်ဇောကြီးတွေနဲ့ ကျောင်းတော်ကြီးတစ်ခုလုံးဟာ ဖိတ်ဖိတ် တောက်နေသတဲ့။
ဒါပေမယ့် ဆရာတော်ကြီးကတော့ “ရဟန်းဆိုတာ ငြိမ်ငြိမ်ကလေးနေပြီး ငြိမ်းအောင် ကျင့်ရတဲ့သူပဲ၊ ငြိမ်လည်း မငြိမ်ဘူး၊ ငြိမ်းလည်း မငြိမ်းဘူးဆိုရင် သင်္ကန်းဝတ်ထားတာမို့ ရဟန်းတော့ ရဟန်းပါပဲ၊ ဒါပေမယ့် ဘုရားကြိုက်တဲ့ ရဟန်းမျိုးတော့ မဟုတ်တော့ဘူး။ အဲဒီလို ရဟန်း မျိုးဟာ ဒီဘ၀က စုတိပြတ်ကြွေ သေလွန်တဲ့အခါ အများက “ပျံတော်မူသွားပြီ”လို့ ထင်ကြပေမယ့် သူကိုယ်တိုင်ကတော့ “လျှိုးတော်မူချင် လျှိုးတော်မူနေမှာ” အခုဘ၀မှာ ကြီးကြီးကျယ်ကျယ်နေရပြီး တော့မှ နောက်ဘ၀ရောက်တဲ့အခါ အောက်တန်းကျ မျက်နှာငယ်နေရတယ်ဆိုရင် မကောင်းပါဘူး ကွာ”လို့ ကပ္ပိယကြီးကို ပြောပြပါတယ်။
နောက်ပြီးတော့ “ရဟန်းတော်တစ်ပါးရဲ့ အများကောင်းကျိုးပြု အောင်မြင်မှုဆိုတာ ကျောင်းကြီး၊ ကန်ကြီး၊ စေတီကြီး၊ အဆောက်အအုံအကြီးကြီးနဲ့ အဖွဲ့အစည်းကြီးတစ်ခု တည်ဆောက်ပြနိုင်မှုအပေါ်မှာ တည်တာမဟုတ်ပါဘူး။ လူများစုရဲ့ ရင်ထဲနှလုံးသား ထဲမှာ အသိဥာဏ် အလင်းရောင်၊ မြင့်မြတ်မှု မျိုးစေ့ ထည့်သွင်းပေးနိုင်မှုရှိ-မရှိ အပေါ်မှာသာ တည်ထာပါကွ”လို့လည်း အမိန့်ရှိတော် မူပါတယ်။
ဒါကြောင့်မို့ ဆရာတော်ကြီးဟာ ခံယူချက်အတိုင်းပဲ နေ့ခင်းဘက်မှာ ရွှေနန်းတော်ကျောင်းပေါ် မှာ သီတင်းသုံးတော်မူပြီး ညမှောင်ရီပျိုးတာနဲ့ တစ်ပြိုင်နက် တော အုပ်ကလေးဘက်ကို ထွက်ပြီး တစ်ပါးတည်း နေတော်မူပါတယ်။ နံနက်ခင်း အရုဏ်တက်မှပဲ ကျောင်းကြီးဆီကို ပြန်ကြွလာလေ့ရှိ ပါတယ်။
ဒီလိုနေလာတော်မူရင်းက တစ်ညမှာတော့ ဒီရွှေနန်းတော် ကျောင်းကြီးကို မီးစွဲလောင်ပါတယ်။ တော်တော်နဲ့ မငြိမ်းသတ်နိုင်တာမို့ ကျောင်းတော်ကြီး တစ်ခုလုံး လောင်ကျွမ်းသွားပါတယ်။ အဲဒါနဲ့ မနက်ခင်း အလင်းရောက်လို့ ဆရာတော်ကြီး တောအုပ်ဘက်က ပြန်ကြွလာ တော်မူတဲ့အခါ ကပ္ပိယ အဖိုးကြီးက ပြာပုံဘ၀ရောက်နေတဲ့ ကျောင်းတော်ကြီးကို ညွှန်ပြပြီး “ဆရာတော်ဘုရား၊ ကျောင်း တော်ကြီးကတော့ မနေ့ညက မီးစွဲလောင်လို့ ပြာပုံဘ၀ရောက်သွားပြီဘုရား။တပည့်တော်တို့ ဘယ်နှယ့်လုပ်ရမလဲဘုရား”လို့မျက်နှာငယ်ကလေးနဲ့ လျှောက်ပါတယ်။
ဆရာတော်ကြီးက “ဟဲ့ ကပ္ပိယကြီး၊ ကျောင်းဆိုတာ လောင်စရာတွေနဲ့ တည်ဆောက် ထားတာပဲ၊ မီးလောင်တာ အဆန်းလာဟဲ့၊ ကျောင်းကြီး မီးလောင်တာ ဘာမျှအရေးမကြီးဘူး၊ အတွင်း ပစ္စည်းတွေ မပျက်စီးရင် ပြီးတာပဲ”လို့ မိန့်တော်မူပါတယ်။ အဲဒီအခါ ကပ္ပိယကြီးက “ဟာ.. အရှင်ဘုရား တပည့်တော်လည်း အိပ်ပျော်နေတာမို့ ဘာအတွင်းပစ္စည်းမျှ မရလိုက်ဘူးဘုရား။ အကုန်လုံး မီးထဲပါသွားတာပဲ”လို့ ပြန်လျှောက်ပါတယ်။
အဲဒီအခါ ဆရာတော်ကြီးက “ဟဲ့…ကပ္ပိယကြီး၊ ဘုန်းကြီးဆိုလိုတဲ့ အတွင်းပစ္စည်းဆိုတာ တခြားဟာကို ပြောတာမဟုတ်ဘူး၊ ကိုယ်ရဲ့ အတွင်း အဇ္ဈတ္တ နှလုံးသားထဲမှာရှိတဲ့ ကုသိုလ်ပါရမီကို ရည်ရွယ်ပြီး ပြောတာပါ။
ဗဟိဒ္ဓ အပြင်ပန်းပစ္စည်းဥစ္စာဆိုတာ ဘယ်အရာမှ ဆုပ်ကိုင်ထားလို့ မရဘူး၊ အားလုံး အချိန် တန်ရင် ပျောက်ကွယ်သွား ကုန်တာချည်းပဲ။ ဘုန်းကြီးရော၊ ကပ္ပိယကြီးရော ဘ၀သံသရာမှာ သိကြား မင်းလည်း ဖြစ်ခဲ့ရ၊ စကြ၀တေးမင်းလည်း ဖြစ်ခဲ့ရဖူးတာပဲ၊ သူဌေး သူကြွယ်ဖြစ်ခဲ့ရတဲ့ ဘ၀ဆိုတာက တော့ ပြောမနေနဲ့တော့၊ မရေတွက်နိုင်ဘူး။
ဒါပေမယ့် အခုအချိန် ပြန်ကြည့်ရင်လေ အဲဒီတုန်းက ပိုင်ခဲ့၊ ဆိုင်ခဲ့ရတာတွေအားလုံး ဘာတစ်ခုမျှ လက်ထဲ ကျန်ရစ်ခဲ့တာ မရှိဘူး။ ကပ္ပိယကြီး ဟိုကျောင်းရင်ပြင်မှာ ဆော့ကစားနေတဲ့ ခွေးတွေကို ကြည့်လိုက်စမ်း၊ အရင် အတိတ်ဘ၀တွေတုန်းက သူတို့လည်း မင်းညီ မင်းသား နန်းတွင်းသူ နန်းတွင် သူတွေ ဖြစ်ခဲ့ကြမှာပဲ။
ဘ၀သံသရာ တစ်လျှောက်လုံး တကယ်တမ်း ကိုယ့်လက်ထဲ ကျန်ရစ်နိုင်ခဲ့တာဆိုလို့ ပါရမီ ကု သိုလ်ပဲ ရှိတယ်။ ကုသိုလ်ပါရမီ ဆိုတာ သူတော်ကောင်းတွေရဲ့ တကယ့်အတွင်း ပစ္စည်းပဲ၊ ဒီအတွင်း ပစ္စည်းတွေ မပျက်စီးရင် အပြင် ဗဟိဒ ပစ္စည်းဥစ္စာတွေ ပျက်ချင်သလောက် ပျက်ပါစေ၊ ဘာမျှ နှမြော တသနေဖို့ မလိုပါဘူး။ အဲဒီ အတွင်းပစ္စည်း ပါရမီကုသိုလ်တွေ ပျက်စိးကုန်မှ တကယ့်ကို ပျက်စီး ဆုံး ရှုံးတာပဲ”လို့ ကပ္ပိယကြီး နားလည်အောင် အရှည်ကြီး ရှင်းပြတော်မူတယ်။
အဲဒီအခါ ကပ္ပိယကြီးက ဆရာတော်ကြီး အမိန့်ရှိတာတွေ အင်မတန်မှန်လှတာမို့ “မှန်ပါဘုရား” လို့တောင် ပြန်မလျှောက်နိုင်တော့ဘဲ သူ့ဆရာတော်ကြီးရဲ့ မျက်နှာတော်ကိုသာ အခုမှ မြင်ဖူးသလို အားရပါးရကြီး ဖူးမြော်နေမိပါသတဲ့။
လောကမှာ အတွင်းပစ္စည်းဆိုတာ အရေးအကြီးဆုံး ဖြစ်သလို အလုံခြုံဆုံးဖြစ်အောင်လည်း သိမ်းဆည်းတတ်ကြပါတယ်။ ဒီပုံပြင်ကို ပြောပြရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ပုံပြင်ထဲမှာ ပါတဲ့ အတိုင်း ဘ၀သံသရာမှာ ပါရမီကုသိုလ်ကိုသာ တကယ့်စစ်မှန်တဲ့ အတွင်းပစ္စည်းအဖြစ် မြတ်နိုး နှစ်ခြိုက် သိမ်းပိုက်နိုင်ကြစေဖို့ပါ။
ပါရမီဆိုတာ လူစွမ်းကောင်း လူရည်ချွန်တွေရဲ့ သီးသန့်ဥစ္စာ မဟုတ်ပါဘူး။ မြင့်မြတ်တဲ့ နှလုံးသားနဲ့ လောကကိုချစ်ခင် အလှဆင်လိုသူတိုင်း ဖြည့်ကျင့်ဆည်းပူးနိုင်တဲ့ လူ့ကျင့်ဝတ်တွေပါ။ ရိုးရိုးရှင်းရှင်းပြောရရင်ပါရမီဖြည့်တယ်ဆိုတာ လူသားတစ်ဦးအနေနဲ့ မြင့်မြတ်တဲ့ လူ့ကျင့်ဝတ်ကို လူသားဆန်စွာ ပီပီပြင်ပြင် ဖြည့်ကျင့်အားထုတ်တာကို ခေါ်တာပါ။
ပါရမီဆိုတာ မိမိအတွက် စွန့်လွှတ်အနစ်နာခံရတာမို့ အသွင်သဏ္ဍာန်အနေနဲ့ နှစ်မြို့ဖွယ်ရာ မကောင်းပေမယ့် အနှစ်သာရအနေနဲ့ တော့ လောကအတွက် မြင့်မြတ်တဲ့ “စံ” တစ်ခုဖြစ်တာမို့ မြတ်နိုးဖွယ် အတိဖြစ်ပါတယ်။ ကရုဏာ၊ ပညာနဲ့ မိမိဘ၀ကို စတေးပြီး အများအကျိုး သယ်ပိုး ဆောင်ရွက်လိုတဲ့ ကျင့်ဝတ် သူရဲကောင်းတွေ လူသားဆန်တဲ့ သူတော်စင်တွေ၊ စာရိတ္တသတ္တိ ပြည့်ဝသူတွေ ရှိနေသမျှ ပါရမီပန်းတွေကတော့ ဒီကမ္ဘာပေါ်မှာ ဖူးပွင့်ဝေဆာ လှပနေဦးမှာပါ။

တော်ဝင်နွယ်
Shared from Shwe Yee

လူဖြစ်ရှုံးကြသူများ

၁ ။ လူတစ်ယောက်ရဲ့ အကြောင်းကို ကွယ်ရာမှာ အုပ်စုလိုက် အတင်းတုပ်ပြီး အပုပ်ချ အကြောင်းမရှိအကြောင်းရှာ နှိမ့်ချ ပြောတတ်သူ ။

၂ ။ သူတပါးပျက်ဆီးရာပျက်ဆီးကြောင်း မဟုတ်မမှန် သတင်းလွှင့် ၊ အတင်းအဖျင်းပြောတတ်သူ ။

၃ ။ သူတပါးအပေါ်တွင် အမြဲ အနိုင်ယူလိုချင်နေသူ ။ သူတပါးမျက်ရည်စက်လက်အရှုံးကြီးရှုံးနိမ့်မှုအပေါ်တွင် ၀မ်းသာအားရ အောင်ပွဲခံနိုင်သူ ။

၎ ။ ကိုယ့်လက်အောင်ငယ်သားအပေါ်တွင် ညှာတာမှုမရှိပဲ အမြဲလိုလို အကာအကွယ်မပေးပဲ ကိုယ်လွတ်ရုန်း၍ ကိုယ့်အတွက်သာကြည့်တတ်သူ ။

၅ ။ နေရာတကာလူတတ်ကြီးလုပ်၍ မိမိသာလျှင် ပညာတွေပြည့်ဝနေသူ မိမိသာလျှင် အသိဆုံးအတတ်ဆုံးဟု မာန်မာနထောင်လွှား၍ မောက်မာတတ်သူ ။

၆ ။ မိဘ စည်းစိမ်အပေါ်တွင် သာယာယစ်မူးနေပြီး ကိုယ်ကိုယ်တိုင် ကိုယ့်အရည်အချင်းနှင့် တစ်ပြားတစ်ချပ်မှ မရှာနိုင်ပဲ အထက်စီးမှ အမြဲနေချင်နေသူ ။

၇ ။ ကားပေါ်ရောက်သည်နှင့် လမ်းလျှောက်နေသူများ အကြောင်းမသိသူ ၊ လေယဉ်ပေါ်ရောက်သည်နှင့် မြေကြီးပေါ်က လူတွေအကြောင်းမသိသူ ၊ ချမ်းသာသွားသည်နှင့် ဆင်းရဲခြင်းဒုက္ခများကိုမေ့သွားပြီးအောက်ခြေလွတ်သူ ။

၈ ။ မြေနိမ့်ရာ လှံစိုက် - ရေနစ်ရာ ၀ါးကူထိုး အမြဲလုပ်တတ်သူ ။

၉ ။ တစ်ခုခုဆိုလျှင် မှန်သည်မှားသည်မစဉ်းစားပဲ “ ငါလည်းဆွမ်းကြီးဝင်လောင်းလိုက်မယ် ” လို့ တွေးပြီး လူအများနှင့်ရောနှောလုပ်ဆောင်တတ်သူ ။ ( ပြင်ပလောက ၊ ဖေ့ဘုတ် နှင့် နေရာအမျိုးမျိုးတွင် ထိုလူများရှိသည်)

၁၀ ။ ကိုယ်ကိုယ်တိုင်က မည်သည့်အရည်အချင်းမှ မရှိပဲ သူတပါး အောင်မြင်မှုအား မုဒိတာ မပွားနိုင်သူ မနာလို မရှူစိမ့်ဖြစ်ပြီး ဒေါသပွားနေသူ ။

သက်တန့်ချို
အတွေးစလေးများ။

တစ်ယောက်တည်း တည့်အောင်နေ

ခင်မကန်ဆရာတော်ဘုရားကြီးဆိုတာ ကုန်းဘောင်ခေတ် မင်းတုန်းမင်းကြီးလက်ထက်မှာ ပေါ်ထွန်းခဲ့တဲ့ ဆရာတော်ဘုရားပါ။
တစ်နေ့တော့ ခင်မကန်ဆရာတော်ဘုရားကြီးဆီကို ဒကာတစ်ယောက် ရောက်လာပါတယ်။ ဒကာရောက်လာတဲ့အချိန်မှာ ဆရာတော်ဘုရားအနားမှာ တခြားဒကာ ဒကာမ တချို့လည်း ရောက်ရှိနေပါတယ်။

ရောက်လာတဲ့ဒကာက ဆရာတော်ဘုရားကြီးကို ဦးချ၊ ပါလာတဲ့ လှူဖွယ်ဝတ္ထုကို ဆက်ကပ်လှူဒါန်းပါတယ်။ လှူဒါန်းပြီးတော့ “ဆရာတော်ဘုရား… တပည့်တော်ကို တရားတိုတိုတုတ်တုတ် တစ်ပုဒ်လောက် ဟောပါဘုရား” လို့ လျှောက်လိုက်ပါတယ်။

ဒကာက တရားတော့ နာချင်ပါရဲ့။ ဒါပေမယ့် ရှည်ရှည်တော့ နာချင်ပုံမပေါ်ပါဘူး။ ဆရာတော်ဘုရားကြီးကလည်း ဒကာရဲ့ဆန္ဒကို မဆန့်ကျင်ပါဘူး။

ဒီတော့ ဆရာတော်ဘုရားကြီးက “တစ်ယောက်တည်း တည့်အောင်နေ” လို့ ဟောလိုက်ပါတယ်။

ဆရာတော်ကဟောပြီး ခပ်ဆိတ်ဆိတ်ပဲငြိမ်နေ လိုက်ပါတယ်။ ဆရာတော်ဘုရားကြီးဆီက အသံဆက်ထွက်မလာတော့ ဒကာက “ဆရာတော်ဟောတဲ့ တရားကလည်း တိုလွန်းအားကြီးပါတယ်ဘုရား။ တစ်ယောက်တည်းနေတဲ့သူဟာ ဘယ်သူနဲ့မတည့်ဘဲနေမှာလဲဘုရား။ ရန်ဖြစ်စရာလူမှ မရှိဘဲဘုရား” လို့ ပြန်လျှောက်ပါတယ်။

ဒီအခါကျမှ ဆရာတော်ဘုရားကြီးက “တစ်ယောက်တည်း နေနေပေမယ့် ကိုယ့်သန္တာန်မှာ လောဘ၊ ဒေါသ၊ ရာဂ၊ က္ကုဿာမစ္ဆရိယစတဲ့ အကုသိုလ်တရားတွေ ကိန်းနေရင် ဖြစ်နေရင် တစ်ယောက်တည်း ရန်ဖြစ်နေတာပဲ ဒကာရဲ့။ ကောင်းတဲ့ကုသိုလ်တရားတွေကို ပယ်ထားပြီး အကုသိုလ်တရားတွေနဲ့နေနေရင် တစ်ယောက်တည်းနေပေမယ့် သေရင် အပါယ်မုချရောက်လိမ့်မယ်။ ဒါကြောင့် အတိုကောက်အနေနဲ့ တစ်ယောက်တည်း တည့်အောင်နေလို့ ပြောတာ” လို့ ဆရာတော်ဘုရားက အကျယ်ထပ်ရှင်ပြမှ ဒကာလည်း သဘောပေါက်သွားပါတယ်။ ကျန်တဲ့ဆရာတော်ဘုရားအနား ရောက်နေတဲ့ ဒကာဒကာမတွေလည်း မမျှော်လင့်ဘဲ အသိသစ်တရားတစ်ပုဒ်ကို နာလိုက်ရတဲ့အတွက် အထူးဝမ်းသာသွားကြပါတယ်။

စာအုပ်ထဲမှာတော့ ဆရာတော်ဘုရားကြီးက အကုသိုလ်တွေကို အကျယ်ဟောပြပြီး ရှင်းပြထားပါတယ်။ ဒီမှာတော့ အကျဉ်းချုပ်ပဲ ရေးပြလိုက်ပါတယ်။ ဆရာတော်ဘုရားကြီးရဲ့ စကားလေးကို အခြေခံပြီး ထပ်တွေးကြည့်ရင် တစ်ယောက်တည်း နေနေပေမယ့် ကိုယ့်သန္တာန်မှာ မကောင်းတဲ့ အကုသိုလ်စိတ်တွေ ဖြစ်နေရင် တစ်ယောက်တည်း မတည့်အောင်နေတာပါပဲ။ ကောင်းတဲ့ကုသိုလ်စိတ်တွေနဲ့ နေနေရင် တစ်ယောက်တည်းတည့်အောင် နေနေတာပါပဲ။

အဓိကကတော့ ကိုယ့်သန္တာန်မှာ မကောင်းတဲ့ အကုသိုလ်စိတ်တွေ ဖြစ်နေရင် တစ်ယောက်တည်း ရန်ဖြစ်နေတာပါပဲ။

ထားပါတော့ အခန်းထဲမှာ တစ်ယောက်တည်းပဲ နေနေတယ်ဆိုပါတော့။ လူဟာတစ်ယောက်တည်းနေရင် ပျင်းတတ်ပါတယ်။ ဒါကြောင့် စိတ်ထဲကနေ အဖေါ်တွေကို ခေါ်လိုက်ပါတယ်။

စိတ်နဲ့ခေါ်လိုက်တာဆိုတော့ လေယာဉ်တွေ ကားတွေ မလိုပါဘူး။ ချက်ချင်းရောက်လာကြပါတယ်။ ခေါ်ပုံနဲ့ ရန်ဖြစ်ပုံက ဒီလိုပါ။

“ဟိုတစ်နေ့က မိဖြူဆွဲလာတဲ့ ဆွဲကြိုးလေးက သိပ်လှတာပဲ။ ဟင်း… လူက ပိန်ညှောင်ညှောင် ပိုးဟတ်ဖြူနဲ့ တစ်စက်မှ မလိုက်ဘူး။ အေးပေါ့ သူ့ယောကျာ်းက ဟိုမှာ ဟိုလိုတွေလုပ်နေတာဆိုတော့ ၀ယ်နိုင်မှာပေါ့။ ငါနဲ့ဆို သိပ်လိုက်မှာပဲ၊ လကုန်ရင်တော့ ၀ယ်ဖြစ်အောင် ၀ယ်ဦးမှပဲ။ ဟိုတစ်လောက အလုပ်သာ အဆင်ပြေလိုက်ရင် ဒီနေ့တောင် သွားဝယ်လို့ရတယ်။ တောက်… ဟိုကောင်မညှက်စိ ဖြတ်ခုတ်သွားလို့ပေါ့”

လောဘနဲ့ ဒေါသကို ခေါ်လိုက်ပြီး အပြင်က အမျိုးသမီးနှစ်ယောက်နဲ့ ရန်ဖြစ်နေပါပြီ။

“ဘာလိုလိုနဲ့ ဟိုကောင်မတောင် ရာထူးတက်သွားပြီ၊ အလုပ်ဝင်တုန်းက ငါနဲ့အတူတူ။ အေးပေါ့လေ သူ့အဖေက ဘော့စ်နဲ့ သူငယ်ချင်းဆိုတော့ တက်မှာပေါ့။ ပညာအရည်အချင်းက ငါ့လောက်တောင်မရှိဘဲနဲ့…ဟင်း”

က္ကုဿာမစ္ဆရိယကို ခေါ်လိုက်ပြီး ရုံးက လုပ်ဖော်ကိုင်ဖက် အမျိုးသမီးနဲ့ ရန်ဖြစ်နေပြန်ပါပြီ။ “တစ်နေ့က ဟိုအန်တီကြီးဆီ ဖုန်းဆက်ပြီး ကားလိုလို့ အကူအညီတောင်းမိပါတယ်။ မအားဘူးတဲ့။ ဒါ ညာပြောတာ၊ ဒီကိစ္စ ဖေ့ဖေ့ကို တိုင်ရဦးမယ်။ ဒီတစ်သက် အဲဒီမိန်းမကြီးဆီ ဘယ်တော့မှ ဖုန်းမဆက်ဘူး။ သူ့မှာ မာနရှိသလို ငါ့မှာလည်း မာနရှိတာပဲ”

ဒေါသနဲ့ မာနကို ခေါ်လိုက်ပြီး အပြင်က အန်တီကြီးနဲ့ ရန်ဖြစ်နေပြန်ပါပြီ။

“အင်း… ပြီးခဲ့တဲ့ အပတ်ကလည်း ရုံးမှာ တစ်ခါလေး မှားမိပါတယ်။ ငါ့ကို စိတ်ကောင်း နှလုံးကောင်းထားလုပ် တဲ့။ သူက ပိုင်ရှင်သူဋ္ဌေးဆိုပြီး စကားကို ပြောလို့ရတိုင်း ပြောထည့်လိုက်တာ၊ ငါ့မှာ နှစ်ရက်သုံးရက်လောက် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်နေတာ”

အလုပ်ပိုင်ရှင်လူကြီးက ကိုယ့်ကိုငေါက်ခဲ့တာကို ပြန်တွေးပြီး ဒေါသနဲ့သောကကို ခေါ်လိုက်ပြီး လူကြီးနဲ့ ရန်ဖြစ်နေပြန်ပါပြီ။

ဒါတွေကတော့ အခန်းထဲမှာ တစ်ယောက်တည်းနေပြီး ဟိုလူ့မကျေနပ်၊ ဒီလူ့မကျေနပ်နဲ့ အကုသိုလ်မျိုးစုံကို ကိုယ့်ဆီခေါ်ပြီး လူမျိုးစုံနဲ့ ရန်ဖြစ်နေတာပါ။ ကိုယ်ကသာ ကိုယ်မကျေနပ်တဲ့သူတွေနဲ့ စိတ်ထဲက ရန်ဖြစ်နေတာ အပြင်ကလူတွေကတော့ သိတောင်မသိပါဘူး။ သူတို့ကတော့ ကိုရီးယားဇာတ်ကားလေးကြည့်ပြီး ငြိမ့်ချင်ငြိမ့်နေမှာပါ။ အဲဒီအချိန်မှာ ဘယ်လောက်စိတ်ဆင်းရဲပြီး ဘယ်လောက်ပူလောင်နေရတယ်ဆိုတာ မြင်ဖူးသူတိုင်းသိပါတယ်။

တကယ်သေချာစဉ်းစားကြည့်ရင် ဒီလိုစိတ်ဆင်းရဲအောင် ကိုယ့်စိတ်ကပဲ တမင်ဖန်တီးယူနေတာပါ။ သူတစ်ပါးက ဖန်တီးနေတာ မဟုတ်ပါဘူး။ ဒါကို ကိုယ်က “ငါ စိတ်ဆင်းရဲအောင် ငါ့စိတ်က ဖန်တီးနေတာပါလား” ဆိုတာ ပထမဆုံး သိလိုက်ဖို့ သိပ်အရေးကြီးပါတယ်။ သိမှလည်း ဖယ်ရှားလို့ရပါတယ်။ ဒီအသိလေးကို ကောင်းကောင်းလက်ခံလိုက်နိုင်တာနဲ့ ဖယ်ရှားရတာ လွယ်သွားပါပြီ။

ဇလေန ဘ၀တိ ပင်္ကံ၊ ဇလေနေ၀ ၀ိသုဇ္ဈတိ။

စိတ္တေန ဘ၀တိပါပံ၊ စိတ္တေနေ၀ ၀ိသုဇ္ဈတိ။

ရွှံ့ညွန်ဟာ ရေကြောင့် ဖြစ်ရတာပါတဲ့။ ရေကြောင့်ဖြစ်တဲ့ ရွှံ့ညွှန်ကို ရေနဲ့ပဲ ပြန်ဆေးကြောစင်ကြယ်ရသလို စိတ်ကြောင့်ဖြစ်ရတဲ့ အကုသိုလ်စိတ်ကိုလည်း စိတ်နဲ့ပဲ ပြန်ဆေးကြော စင်ကြယ်ပစ်လိုက်ပါတဲ့။

စိတ်က ဖန်တီးထားတဲ့ စိတ်ဆင်းရဲမှုကို စိတ်နဲ့ပဲ ပြန်ဖယ်ရှားရပါတယ်။

ကဲ ထားပါတော့၊ ဖယ်ရှားချင်တဲ့စိတ် ရှိတယ်ပဲ ဆိုပါစို့။ ဥပမာ… အပြင်က ပုဂ္ဂိုလ်တစ်ယောက်ယောက်က စကားကို မဆင်မခြင်နဲ့ ကိုယ့်ကို ပြောထည့်လိုက်တယ်ပဲ ဆိုပါစို့။ ဖြစ်ခဲ့တာကို ကိုယ်က အသေးစိတ်ပြန်တွေးပြီး ဒေါသတွေ သောကတွေ ၀င်လာပြီပဲ ဆိုပါစို့။ စိတ်ထဲမှာလည်း တနုံ့နုံ့နဲ့ “ငါ့ကို ပြောရက်လေခြင်း” ဆိုပြီး စိတ်ဆင်းရဲမှု စိတ်မချမ်းသာမှုတွေ ဖြစ်လာပြီဆိုပါစို့။

အခန်းထဲမှာ တစ်ယောက်တည်းနော်။ ဒီဖြစ်စဉ်ကိုကြည့်ပြီး အကြောင်းနဲ့ အကျိုး ခွဲကြည့်ရအောင်ပါ။

ကိုယ့်သန္တာန်မှာ ဒေါသ သောက စတဲ့ အကုသိုလ်တရားတွေကြောင့် စိတ်မချမ်းသာဘူး။ စိတ်ဆင်းရဲနေရတယ် ဆိုတဲ့နေရာမှာ အကြောင်းနဲ့အကျိုးခွဲရင် ဒေါသ သောက စတဲ့ အကုသိုလ်တွေကအကြောင်း။ စိတ်ဆင်းရဲမှု ဖြစ်နေရတာက အကျိုးပါ။

အကြောင်းနဲ့အကျိုး ကွဲသွားပါပြီ။

စာထဲမှာ အကြောင်းနဲ့အကျိုးနဲ့ ယှဉ်လာရင် အကျိုးနောက်ကို မလိုက်ဘဲ အကြောင်းရင်းကိုရှာပြီး အကြောင်းရင်းကို ပယ်ပစ်လိုက်ပါတဲ့။ ဒီတော့ အကြောင်းရင်းကို ရှာကြည့်တော့ ကိုယ့်သန္တာန်မှာ ဖြစ်နေတဲ့ ဒေါသ သောက စတဲ့ အကုသိုလ်တရားတွေပါ။

ဒါကြောင့် ဒီအကြောင်းရင်းတွေကို ပယ်လိုက်ရင် အကျိုးဆက်က သူ့အလိုလိုပြုတ်သွားပါလိမ့်မယ်။ အကြောင်းအကျိုးပယ်ပုံနဲ့ ပတ်သက်ပြီး စာထဲမှာ ဘယ်လို ဥပမာပြထားသလဲဆိုတော့ ခြင်္သေ့လိုကျင့်ပါ၊ ခွေးလို မကျင့်ပါနဲ့တဲ့။

ခြင်္သေ့ဟာ လူတွေက လေးတွေမြားတွေနဲ့ ပစ်ခတ်လာရင် အကျိုးဖြစ်တဲ့ လေးတွေမြားတွေကို အာရုံမပြုဘဲ အကြောင်းဖြစ်တဲ့ လေးမြားနဲ့ပစ်တဲ့ လူကိုပဲ ကိုက်သတ်ပစ်တတ်ပါတယ်တဲ့။ အကြောင်းရင်းဖြစ်တဲ့လူကို ကိုက်သတ်လိုက်နိုင်ရင် အန္တရာယ်ကင်းသွားတာပဲတဲ့။

ခွေးကျတော့ လူက တုတ်တို့ ခဲတို့နဲ့ ပစ်လိုက်ရင် အကြောင်းရင်းဖြစ်တဲ့လူကို အာရုံမပြုဘဲ အကျိုးဆက်ဖြစ်တဲ့ မိမိကို လတ်တလောနာကျင်စေတ်တဲ့ တုတ်တွေခဲတွေကိုပဲ လိုက်ကိုက်တတ်ပါတယ်တဲ့။ ဒီတော့ လူက နောက်ထပ် တုတ်တွေခဲတွေနဲ့ ပစ်ခတ်နေဦးမှာဖြစ်သလို အန္တရာယ်ကလည်း မလွတ်နိုင်ပါဘူးတဲ့။

ဒီဥပမာအတိုင်းပါပဲ။ စိတ်မချမ်းသာဘူး စိတ်ဆင်းရဲနေတယ်ဆိုရင် အကျိုးဆက်ကို အာရုံမပြုဘဲ အကြောင်းအရင်းကိုရှာပြီး ပယ်နှုတ်ပစ်ရပါတယ်။ ဒီနေရာမှာ ပြင်ပပုဂ္ဂိုလ်ရဲ့ ပြုမှုပြောဆိုမှုကြောင့် စိတ်မချမ်းသာမှု၊ စိတ်ဆင်းရဲမှု ဖြစ်နေရတယ်ဆိုတာ သာမန်အားဖြင့်ကြည့်ရင် ပြင်ပပုဂ္ဂိုလ်ကြောင့်လို့ ထင်စရာရှိပေမယ့် တကယ်လို့သာ ကိုယ့်သန္တာန်မှာ လောဘ ဒေါသ က္ကုဿာမစ္ဆရိယ စတဲ့ အကုသိုလ်တရားတွေ ရှိမနေခဲ့ရင် ဖြစ်မှာ မဟုတ်ပါဘူး။ အကုသိုလ် ကိလေသာ ကိုယ့်သန္တာန်မှာ လာရောက်နေလို့သာ စိတ်ဆင်းရဲမှု ဖြစ်နေရတာပါ။ ဒီတော့ အကြောင်းရင်းဖြစ်တဲ့ ကိုယ့်သန္တာန်မှာ ဖြစ်နေတဲ့ အကုသိုလ်ကိုပဲ ပယ်ပစ်ရမှာပါ။ တကယ်လို့သာ ကိုယ်က ပြင်ပပုဂ္ဂိုလ်ကိုပဲ အာရုံပြုနေမယ်ဆိုရင် ခွေးက ခဲကိုလိုက်ကိုက်နေတာနဲ့တူပြီး ပြင်ပပုဂ္ဂိုလ်ကို အာရုံပြုလိုက် စိတ်ဆင်းရဲမှုဖြစ်လိုက်၊ ပြင်ပပုဂ္ဂိုလ်ကို အာရုံပြုလိုက် စိတ်ဆင်းရဲမှုဖြစ်လိုက်နဲ့ စိတ်ဆင်းရဲမှုက ဘယ်တော့မှ ဆုံးတော့မှာ မဟုတ်တော့ပါဘူး။ ဆင့်ကဲဆင့်ကဲ ဖြစ်နေတော့မှာပါ။

ပြင်ပပုဂ္ဂိုလ်ကို အာရုံပြုပြီးဖြစ်တဲ့ တချို့အမုန်းတွေဟာ နောက်ဘ၀အထိ ပါသွားတတ်ပြီး ကလဲ့စားချေတဲ့အထိတောင် ဖြစ်သွားတတ်ပါတယ်။

ကိုယ်က သူ့ကို ကလဲ့စားချေလိုက်၊ သူက ကိုယ့်ကို ကလဲ့စားချေလိုက်နဲ့ အမုန်းသံသရာ ရှည်နေပါလိမ့်မယ်။

တရားရှာ ကိုယ်မှာတွေ့… ဆိုတဲ့အတိုင်း ကိုယ့်ကိုယ်ကိုမှာပဲ ပြန်ရှာတာ အမှန်ကန်ဆုံးပါ။ အပြင်ထွက်ရှာနေရင် တရားမှန်ကို မတွေ့နိုင်ပါဘူး။ နောက်တစ်ခုတွဲပြီး သတိထားရမှာက တစ်ဖက်သားရဲ့ မဆင်မခြင်ပြောဆိုမှကြောင့် ကိုယ့်မှာ စိတ်ဆင်းရဲမှု ဘယ်လောက်ခံစားနေရတယ်ဆိုတာကို နှလုံးသွင်းဆင်ခြင်ပြီး တကယ်လို့ ကိုယ်က တစ်စုံတစ်ယောက်ကို ပြောဖို့ အခွင့်ကြုံလာရင် “သူတစ်ပါး ငါ့ကိုပြောလိုက်တုန်းက ငါ့မှာ မစားနိုင်မအိပ်နိုင်နဲ့ စိတ်ဆင်းရဲမှုတွေ ဖြစ်နေခဲ့ဖူးတယ်။ ငါပြောလိုက်ရင် သူစိတ်မချမ်းမသာ ဖြစ်သွားလိမ့်မယ် မပြောတော့ပါဘူးလေ” ဆိုပြီး ကိုယ့်စကားကို ဘရိတ်အုပ်ပစ်ရပါမယ်။

ကိုယ်ကတော့ စကားကို မဆင်မခြင်ပြောပြိး မေ့ပစ်လိုက်တာပါ။ အပြောခံရတဲ့သူကတော့ သုံးလေးရက်လောက် လူးလိမ့်နေအောင် ခံစားရတာပါ။ ပြောတဲ့ ပုဂ္ဂိုလ်က အကြီးအကဲဖြစ်ပြီး အရေးပါအရာရောက်ရင် ရောက်သလောက် ခံစားရတာပါ။ သာမန်ပုဂ္ဂိုလ်ကပြောရင်တော့ ဒီလောက်ကြီး မခံစားရပါဘူး။ ကိုယ်က အရေးပါအရာရောက်တဲ့ လူကြီးတစ်ယောက် ဖြစ်တယ်ဆိုရင် ပိုဆင်ခြင်ရပါ့မယ်။

ဒါက အပိုအဆစ်အနေနဲ့ ပြောတာပါ။ ရှေ့ကိုပဲ ဆက်ရအောင်ပါ။ အကြောင်းရင်းဖြစ်တဲ့ ကိုယ့်သန္တာန်မှာ ဖြစ်နေတဲ့ အကုသိုလ် ကိလေသာတွေကို ပယ်ထုတ်ပစ်လိုက်ရုံပါပဲ။

ဒီတော့ ကိုယ့်သန္တာန်မှာ ဖြစ်နေတဲ့ စိတ်ကလေးကို တည့်တည့်ကြည့်လိုက်ပါ။ ပကတိမျက်စိနဲ့ ကြည့်ခိုင်းတာ မဟုတ်ပါဘူး။ စိတ်ကိုစိတ်နဲ့ ပြန်ကြည့်ခိုင်းတာပါ။ ကြည့်ရင်တွေ့တာပါပဲ။ တွေ့ရင် အမည်လေးတပ်ခေါ်လိုက်ပါ။ “ဒေါသ၊ သောက” လို့၊ အကုသိုလ်ဆိုတဲ့ အကောင်တွေက သူတို့ကို လူသိမှာ သိပ်ကြောက်ပါတယ်။ လူသိသွားပြီဆိုရင်ပဲ သူတို့မှာ အနေရ၊ အထိုင်ရ ခက်နေပါပြီ။ ဒီတော့ ကိုယ်က ဥာဏ်နဲ့ မြင်နေရတဲ့ အကုသိုလ်စိတ်ကို နာမည်လေးတပ်ပြီး “ဒေါသ သောက၊ ဒေါသ သောက” လို့ ဥာဏ်ထဲမှာ မြင်လာတဲ့အထိ အာရုံပြုပြီး ဆယ်ကြိမ်ဆယ့်ငါးကြိမ်လောက် ခေါ်ပစ်လိုက်ပါ။ သူခိုးဆိုတာ အိမ်ရှင်နိုးပြီ သိပြီဆိုရင် ပြေးတော့သလို အကုသိုလ်ဟာလည်း လူသိသွားပြီဆိုရင် ပြေးဖို့ အသင့်ဖြစ်နေပါပြီ။ ကိုယ်က နာမည်လေးတပ်ပြီး အကြိမ်ကြိမ်ခေါ်လိုက်တော့ ပြေးတော့တာပါပဲ။

အဲဒီလိုပြောတော့ စကားက နည်းနည်းပေါ့နေသလိုပါပဲ၊ စာသံပေသံလေးနဲက ပြောကြည့်ရအောင်ပါ။ ကိုယ့်သန္တာန်မှာ ဖြစ်နေတဲ့စိတ်ကို သတိကပ်ပြီး စိတ်နဲ့ပြန်သိလိုက်တာ မှတ်လိုက်တာဟာ စိတ္တာနုပဿနာ ဖြစ်သွားတာပါ။

ဒီတော့ ဖြစ်နေတဲ့ စိတ်ကလေးကို သတိကပ်ကြည့်လိုက်ပါ။ ဘာစိတ်ကလေးလဲ၊ ကြည့်လို့ သိပြီဆိုရင် “ဒေါသ သောက ဖြစ်တယ်၊ ဒေါသ သောက ဖြစ်တယ်” ဆိုပြီး ဆယ်ချက် ဆယ့်ငါးချက်လောက် မှတ်ပစ်လိုက်ပါ။ မှတ်တဲ့နေရာမှာ ဒေါသ သောကရဲ့ သဘောအထိ မိအောင် မှတ်ရပါ့မယ်။ ဒါမှမဟုတ် ဒေါသ သောကလို့ မမှတ်ချင်လည်း စိတ်ဆင်းရဲနေမှုလေးကို သေချာသတိကပ်ကြည့်ပြီး “စိတ်ဆင်းရဲတယ်၊ စိတ်ဆင်းရဲတယ်” ဆိုပြီး ဆင့်ကာဆင့်ကာ မှတ်ပစ်လိုက်ပါ။ မှတ်တဲ့နေရာမှာ စိတ်ဆင်းရဲတဲ့ သဘောလေးကို သိနိုင်သမျှ သိအောင် သတိကပ်မှတ်ပါ။ အဲဒီမှာ အာရုံက သိပ်ပြီး အားကြီးနေရင် မှတ်သိစိတ်က နိုင်အောင် မမှတ်နိုင်ဘဲ ဖြစ်နေတတ်ပါတယ်။ အဲဒီအခါမျိုးမှာ စိတ်ဓာတ်ကျသွားတတ်ပါတယ်။

အာရုံဆိုးရင် ဆိုးသလောက် မှတ်ရခက်ပါတယ်။ စိတ်ဓာတ်မကျပါနဲ့။ အာရုံနဲ့ မှတ်သိစိတ် သူနိုင်ကိုယ်နိုင် နပမ်းလုံးနေတယ်လို့ သဘောထားပါ။ ပြိုင်ပြီးနပမ်းလုံးပြီ ဆိုကတည်းက ကိုယ်က အလွယ်နဲကတော့ ဘယ်နိုင်နိုင်မှာလဲ။

ပထမပိုင်းမှာ အာရုံက ဘယ်ဝိုက် ညာဝိုက် လက်သီးတွေနဲ့ ကျွေးနေတော့ ကိုယ်က လူးလှိမ့်နေရပါလိမ့်မယ်။ မောရင် ဒိုင်လူကြီးကို အနားတောင်းပြီး ရေလေးဘာလေး သောက်လိုက်ပါဦး။

မှတ်လိုက် အာရုံဆိုးက ပြန်ပြန်ပေါ်လိုက်၊ မှတ်လိုက် အာရုံဆိုးက ပြန်ပြန်ပေါ်လိုက်နဲ့ ပထမနှစ်ရက် သုံးရက်အတွင်းမှာ အာရုံဆိုးက မှတ်သိစိတ်ကို နိုင်နေတဲ့သဘောပါ။ လေးငါးရက်လောက် ရောက်လာတဲ့ အခါမှာတော့ အာရုံနဲ့ မှတ်သိစိတ် သူနိုင်ကိုယ်နိုင်နဲ့ သရေဖြစ်လာပါလိမ့်မယ်။ ခြောက်ရက် ခုနစ်ရက်လောက် အရောက်မှာတော့ မှတ်သိစိတ်က နိုင်သွားပါလိမ့်မယ်။ အဲဒီအချိန်ကျရင်တော့ နှစ်ချက် သုံးချက်လောက် မှတ်လိုက်တာနဲ့ အာရုံဆိုးက ပျောက်ပျောက်သွားပါလိမ့်မယ်။ နောက်ဆုံးတော့ မှတ်သိစိတ်ရဲ့ လက်သီးပြင်းပြင်းကြောင့် အာရုံဆိုး နောက်ကောက်ကျသွားတဲ့ သဘောပါ။ အာရုံကို မှတ်သိစိတ်က နိုင်သွားပြီဆိုရင် စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ကျေနပ်ပြီး ပျော်သွားတတ်ပါတယ်။ အဲဒီအရသာဟာ ဘာနဲ့မှလဲလို့ မရပါဘူး။

စာရေးသူကတော့ ရူးတယ်ပဲပြောရမလား မသိပါဘူး။ တစ်ခါတလေ စိတ်ညစ်စရာကြုံလို့မှတ်ပြီး ဖျောက်ရတဲ့အခါ မှတ်သိစိတ်က အာရုံကို နိုင်သွားပြီဆိုရင်၊ စိတ်ညစ်စရာ အာရုံဆိုးကို ပြန်ခေါ်ကြည့်ပါတယ်။ ပြန်ခေါ်တဲ့နေရာမှာလည်း စိတ်ညစ်စရာဖြစ်ခဲ့သမျှ ဖြစ်စဉ်အားလုံးကို ပြန်တွေးပြီးကို ပြန်ခေါ်တာပါ။ သူငါ့ကို ဘယ်တုန်းက ဘယ်လိုပြောလိုက်တာ စသည်ဖြင့်ပေါ့။

ပြန်ဝင်လာရင် ပြန်မှတ်ကြည့်ချင်လို့ပါ။ စိတ်ထဲမှာလည်း တင်းပုတ်ကိုင်ထားပြီး အပေါက်ဝက ၀င်လာရင် ထုပစ်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ပါ။ ခေါ်လိုက်တော့လည်း ပြန်ပေါ်လာပါတယ်။ ပေါ်လာပေမယ့် နှစ်ချက် သုံးချက်လောက် မှတ်လိုက်တာနဲ့ ပျောက်သွားတာ များပါတယ်။

အထက်ကပြောခဲ့တာတွေကတော့ တစ်ယောက်တည်းနေတဲ့အခါ မကောင်းတဲ့ အကုသိုလ်စိတ်တွေ ၀င်လာပြီး စိတ်မချမ်းသာမှု စိတ်ဆင်းရဲမှုတွေ ခံစားနေရတဲ့အခါ ပယ်ထုတ်နည်းကို ပြောတာပါ။

ဆရာဝန်တွေ ပြောပြောနေကြတဲ့ စကားရှိပါတယ်။ ရောဂါဖြစ်မှ ကုတာထက် မဖြစ်ခင် ကြိုတင်ကာကွယ်တာက အကောင်းဆုံးကုသနည်းပါတဲ့။ ဟုတ်လည်း ဟုတ်ပါတယ်။ ရောဂါဖြစ်မှ ကုတာထက် ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်ထားတာက အကောင်းဆုံးပါ။

ဒီသဘောကိုပဲ နည်းယူပြီး ကိုယ်ကလည်း အကုသိုလ်ကို ကြိုကာကွယ်ထားလိုက်ရုံပါပဲ။

တစ်ယောက်တည်းနေတဲ့အခါ အကုသိုလ်စိတ်တွေ ၀င်လာပြီး စိတ်ဆင်းရဲမှု၊ စိတ်မချမ်းသာမှုတွေ ဖြစ်တတ်တဲ့သဘောလေးကို အာရုံပြုပြီး တစ်ယောက်တည်း နေဖြစ်လိုက်တာနဲ့ ကမ္မဋ္ဌာန်းတစ်ခုခုကို ကြိုနှလုံးသွင်းထားလိုက်ဖို့ပါ။ ဂုဏ်တော်ပဲဖြစ်ဖြစ်၊ မေတ္တာပဲဖြစ်ဖြစ်၊ ၀ိပဿနာပဲဖြစ်ဖြစ်ပေါ့။

စိတ်ဆိုတာ အဘိဓမ္မာသဘောအရ အာရုံနှစ်ခုကို ယူလို့မရတာဆိုတော့ ကမ္မဋ္ဌာန်းတစ်ခုခုကို ကြိုနှလုံးသွင်းထားလိုက်ရင် အကုသိုလ်က ၀င်လို့ မရတော့ပါဘူး။

“တစ်ယောက်တည်းနေလိုက်တာနဲ့ ကမ္မဋ္ဌာန်းတစ်ခုခုကို ကြိုနှလုံးသွင်းထားလိုက်၊ တစ်ယောက်တည်းနေလိုက်တာနဲ့ ကမ္မဋ္ဌာန်းတစ်ခုခုကို ကြိုနှလုံးသွင်းထားလိုက်” အဲဒီလိုသာ အကျင့်လေးလုပ်သွားစမ်းပါ။ နောင်တစ်ယောက်တည်း နေဖြစ်တဲ့အခါတွေမှာ အထူးကြောင့်ကြစိုက်စရာမလိုဘဲ ကိုယ့်စိတ်က ကမ္မဋ္ဌာန်းတစ်ခုခုကို အလိုလိုနှလုံးသွင်းပြီးသား ဖြစ်ဖြစ်နေပါလိမ့်မယ်။

တစ်ယောက်တည်းနေတဲ့အခါ ကမ္မဋ္ဌာန်းတစ်ခုခုကို နှလုံးသွင်းပြီး နေလို့ရတဲ့အရသာဟာ အရသာတွေထဲက အရသာတစ်ခုပါ။ အဲဒီအရသာကို အမြဲတမ်းသတိရနေအောင် နှလုံးသားနဲ့ ကျက်ပစ်လိုက်ပါ။ ပြန်အာရုံပြုလိုက်တိုင်း ပြန်ပြန်သတိရနေရပါ့မယ်။

ဥပမာ- စားသောက်ဆိုင်တစ်ခုခုမှာ နေ့လယ်စာပဲဖြစ်ဖြစ်၊ ညစာပဲဖြစ်ဖြစ် ၀င်စားလိုက်တဲ့အခါ ကိုယ်မှာစားလိုက်တဲ့ စားစရာဟာ သိပ်ပြီး ခံတွင်းတွေ့သွားမယ်။ ပြန်တွေးလိုက်တိုင်း ပြန်ပြန်သတိရနေမယ်။ နောက်တစ်ခါ အဲဒီဆိုင်ကိုရောက်တဲ့အခါ ခံတွင်းတွေ့ခဲ့တဲ့စားစရာကို ပြန်မှာစားဖြစ်သလိုပါပဲ။ တစ်ယောက်တည်းနေလိုက်တာနဲ့ “ငါ တစ်ယောက်တည်းနေပြီး ဒီကမ္မဋ္ဌာန်းလေးကို နှလုံးသွင်းပြီး နေလိုက်တုန်းက ဒီလိုအရသာလေး ခံစားခဲ့ရဖူးတယ်။ အခုလည်း အဲဒီအရသာလေး ခံစားရအောင် အဲဒီကမ္မဋ္ဌာန်းလေးကို ပြန်နှလုံးသွင်းလိုက်ဦးမှပဲ” လို့ တွေးပြီးသား ဖြစ်နေရမှာပါ။ တွေးပြီး ပွားပြီးသားလည်း ဖြစ်နေရမှာပါ။

ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ် အကျင့်လေးလုပ်ထားရင် စွဲနေတတ်ပါတယ်။ ကောင်းတာလေးတစ်ခု အကျင့်တစ်ခုလို စွဲသွားပြီဆိုရင် တစ်ဖက်က အကုသိုလ်ကို ကာကွယ်ပြီးသား ဖြစ်နေသလို တစ်ဖက်ကလည်း ကုသိုလ်တွေ ဖြစ်နေတော့ ဘ၀တစ်လျှောက်လုံးအတွက် အဆင်ပြေသွားတတ်ပါတယ်။

တစ်ခါတလေများ နေရထိုင်ရတာ သိပ်ပြီး စိတ်ချမ်းသာနေတတ်ပါတယ်။ အဲဒီလိုအခါမျိုးမှာ ကိုယ့်စိတ်ကလေးကို ပြန်ပြီး အာရုံပြုကြည့်ပါ။ လောဘ ဒေါသ ရာဂ က္ကုဿာမစ္ဆရိယ စတဲ့ အကုသိုလ်တရားတွေ ကင်းနေတာ တွေ့ရပါလိမ့်မယ်။

ကိုယ်က ဒီသဘောလေးကို သေချာအာရုံပြုပြီး “သြော်… အကုသိုလ်တရားတွေ ရင်ထဲမှာ ရှိမနေရင် တော်တော်စိတ်ချမ်းသာပါလား” ဆိုတဲ့ အသိအတွေးလေးတွေကို နှလုံးသားထဲကို တစ်ခါတည်း ထည့်ပေးလိုက်ရပါတယ်။

ဥာဏ်နဲ့ယှဉ်ဖြစ်လာတဲ့ အသိအတွေးကို နှလုံးသားနဲ့ ကျက်လိုက်တာပါ။ အာရုံမျိုးစုံက ကိုယ့်ကို နေ့စဉ် စာမေးပွဲစစ်နေတာဆိုတော့ ကိုယ်ကျက်ထားတဲ့ အသိအတွေးလေးတွေနဲ့ ပြန်ဖြေယူရပါတယ်။

ကိုယ့်နှလုံးသားထဲမှာ အသိအတွေးတွေ ကျက်ကျက်မထားရင် စာမေးပွဲကျတတ်ပါတယ်။

ဥပမာ လူတစ်ယောက်က ကိုယ့်ကို နစ်နစ်နာနာ ပြောလိုက်မယ်။ ကိုယ်က ဒေါသထောင်းကနဲထွက်ပြီး သူ့ကိုစကားနဲ့ ပက်ကနဲ ပြန်ပြောလိုက်မိမယ်ဆိုရင် စာမေးပွဲကျသွားတာပါ။ “ငါ စာမေးပွဲကျသွားပြီ” လို့ ကိုယ့်ကိုယ်ကိုယ်လည်း စိတ်ထဲက ပြန်ပြောလိုက်ပါ။ စာမေးပွဲဆိုတာ ကျရင် ပြန်ဖြေလို့ရတာဆိုတော့ သတိနဲ့ ပြန်ဖြေရပါတယ်။

လောကီလူမှုနယ်ပယ်ထဲမှာ အာရုံမျိုးစုံရှိနေတာဆိုတော့ အကုသိုလ်ဖြစ်စရာတွေကလည်း အများကြီးပါ။ ဒီတော့ ကိုယ်က ကာကွယ်ရေးကော ကုသရေးကော ဗဟုသုတရှိပြီး လက်တွေ့ကျင့်သုံးနိုင်ဖို့ သိပ်အရေးကြီးပါတယ်။ ဘာပဲပြောပြော တစ်ယောက်တည်းနေဖြစ်တဲ့အခါ ကမ္မဋ္ဌာန်းတစ်ခုခုကို ကြိုနှလုံးသွင်းထားလိုက်ရင် ဘယ်သူနဲ့မှ ရန်မဖြစ်တော့ဘူးလေ။

ကျမ်းကိုး-

၁။ သင်္ဂဇာစကားပုံပေါင်းချုပ်၊
ခင်မကန်ဆရာတော်ဘုရားစကားပုံ။

၂။ သက္ကပဥှသုတ်တရားတော်၊
မဟာစည်ဆရာတော်ဘုရားကြီး

မဇ္ဇျိမတရားတော်များ(၂)
နှင်းဝေနေ၀င်းစာပေ။

ဆရာတော် ရဝေနွယ်(အင်းမ) ၏ “အတွေးများနှင့် မိတ်ဖွဲ့ခြင်း” စာအုပ်မှ “တစ်ယောက်တည်း တည့်အောင်နေ” ဆောင်းပါးလေးကို ကြိုက်လွန်း၍ ဓမ္မမိတ်ဆွေများအတွက် ပြန်လည်ရိုက်ကူးမျှဝေပါတယ်။

ခိုင်ခိုင်

အတွေးများနှင့် မိတ်ဖွဲ့ခြင်း စာအုပ်ကို ဓမ္မဒေါင်းလုပ်ဆိုဒ်မှ ဒေါင်းလုပ်ယူရန်... http://dhammadownload.com/YaWaiNgwe-eBookInMyanmar.htm

Monday, May 28, 2012

တစိမ့်စိမ့်တွေးမယ်

သူတစ်ပါးမှာ အမှားတစ်ခုခု ချို့ယွင်းချက်တစ်ခုခု တွေ့တဲ့အခါ ကိုယ့်မျက်နှာကို မှန်ထဲမှာ ကြည့်နေသလို သဘောထားပါ။

ကိုယ့်ကိုယ့်ကို တကယ်သတ္တိရှိတယ် ထင်ရင် ကိုယ့်အမှားကို ကိုယ် ရဲရဲကြီး ပြင်လိုက်ပါ။

အမှားအယွင်းတွေ၊ ချို့ယွင်းချက်တွေကို မကြောက်တဲ့သူ အမှားထဲက ပညာရအောင် ယူတတ်တဲ့သူဟာ အမှားကိုပဲ ကောင်းတဲ့ဘက်က အကျိုးရှိအောင် ယူနိုင်လို့ မှားတာဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတစ်ခု ဖြစ်သွားတယ်။

အကောင်းကို အဆိုးဖြစ်အောင် မြင်တတ်တာဟာ အသိအမြင် မှားယွင်းမှူတွေထဲမှာ အဆိုးဆုံး၊ အထိခိုက်ဆုံး အမှားမြင်ပုံပဲ။

အဆိုးတွေ ဘယ်လောက်ကြုံရကြုံရ အကောင်းကို မျှော်လင့်ချက်ထားပြီး လုပ်သင့်တာကို ဆက်ပြီး လုပ်နိုင်ရမယ်။ ဒါကြောင့် စိတ်ကို သိနေတဲ့ အလေ့အကျင့် ရှိဖို့ သိပ်အရေးကြီးတယ်။

ကိုယ့်အဆိုးကို လက်ခံနိုင်မှသာ အဲ့ဒီ့အဆိုးဟာ အကောင်းဘက်ကို တဖြည်းဖြည်း ပြောင်းသွားမယ်။ လက်မခံနိုင်သေးသရွေ့ ဖုံးကွယ် ထားသရွေ့ အကောင်းဖြစ်မလာနိုင်ဘူး။

အမှန်တော့ ဘ၀နဲ့ ပတ်သက်ပြီး အလေးနက်ဆုံး အသိဉာဏ်ကို အဆိုးနဲ့ ကြုံရပြီး အဆိုးကို ခံနိုင်ရည် ရှိပြီးတော့ ဒိအဆိုးထဲက အသိဉာဏ်ရပြီး လွန်မြောက်လာတဲ့သူတွေကမှ ရတယ်။

သူတပါး အပြစ်ကို ထောက်ပြရုံနဲ့ ကိုယ့်အပြစ်က ပျောက်မသွားဘူး။

စေတနာဆိုးနဲ့ လုပ်တာတွေ အားလုံးဟာ ကိုယ့်စိတ်ထားကို အောက်တန်းကျသွားစေတယ်။

ဘ၀တစ်ခုလုံးဟာ လက်တွေ့ စမ်းသပ်မှူ လုပ်နေတာပဲ။ အမှားတွေကို များများပြင်နိုင်တဲ့သူ ဖြစ်ဖို့လိုတယ်။ တစ်ချို့ လူတွေဟာ မှားနေမှန်း မသိဘူး။ တစ်ချို့တော့ မှားနေမှန်း သိပါလျက်နဲ့ မပြင်ချင်ဘူး။ အဲ့ဒီ့လို လူတွေဟာ အသိဉာဏ် မကြီးထွားဘူး၊ မတိုးတက်ဘူး။

မမှားဘူးတဲ့သူ မရှိပါဘူး၊ အမှားကင်းဖို့ ဆိုတာလည်း သိပ်တော့ မလွယ်ဘူး။ အမှားနဲ့ဖို့ပဲ ကြိုးစားရမှာ၊ အမှားတစ်ခုကို ထပ်ခါ ထပ်ခါ မမှားဖို့ မလုပ်မိဖို့ပဲ လိုပါတယ်။

သူများမှားလို့ ကိုယ်ခံရတာထက် ကိုယ်မှားလို့ ကိုယ်ခံရတာက ပိုဆိုးပါတယ်။

ကိုယ့်အပြစ်ကို ရှာပြတဲ့သူကို ကိုယ့် ကျေးဇူးရှင်လို့ သဘေားထားပါ။

အသေးအမွှား အဆိုးတွေကြောင့် စိတ် အနှောင့်အယှက် ဖြစ်တာကို မခံချင်ရင် အရေးကြီးတဲ့ အလုပ်၊ တန်ဖိုးရှိတဲ့ အလုပ်တွေကို အချိန်ပြည့် လုပ်နေပါ။

အကောင်းအဆိုး နှစ်မျိုးစလုံးကို နားလည်လက်ခံပြီး ခံနီုင်ရည်ရှိမှ ပိုပြီး ရင့်ကျက်တဲ့သူ ဖြစ်မယ်။

ကိုယ်က သူများကို အပြစ်တင်နေတာ ရှူံ့ချနေတာဟာ သူဘယ်လိုလူ ဆိုတာ တကယ်တော့ သိပ်မပေါ်လွင်ဘူး၊ ငါဘယ်လိုလူ ဆိုတာတော့ သေသေချာချာ ပေါ်လွင်သွားပြီ။

တကယ်ကြီးတဲ့ ထိရောက်တဲ့ တန်ဖိုးရှိတဲ့ ကိုယ့်အတွက် စိတ်ကျေနပ်မှူ အများဆုံးရတဲ့ အလုပ်၊ ကိုယ့်အရည်အချင်းတွေလည်း အများဆုံးထုတ်ပြီး သုံးရတဲ့ အလုပ်ကို လုပ်မယ့်သူဟာ အသေးအမွှား အဆိုးတွေကို တွေးနေဖို့ မသင့်ဘူး။

သူတစ်ပါးကို အပြစ်မြင်လို့ရှိရင် အဲ့ဒီအပြစ်မျိုး ကိုယ့်မှာ ရှာကြည့်ပါ။ ရှိနေတတ်တာပဲ များပါတယ်။ သူတစ်ပါးမှာ ကောင်းတာ မြင်ရင်လည်း အဲ့ဒီလို ကောင်းတာ ငါ့မှာကော မရှိဘူးလား။ ရှိရင် ကောင်းပါတယ်။ ကောင်းသထက် ကောင်းအောင် ကြိုးစားရမယ်။ မရှိသေးရင်တော့ ရှိလာအောင် ကြိုးစားရမယ်။

တကယ်တော့ အဆိုးတွေထဲက အမှားတွေထဲက ဒုက္ခတွေထဲကမှ တကယ်လေးနက်တဲ့ အသိဉာဏ်ကို ရတာပါ။ အလေးနက်ဆုံး အသိဉာဏ်ကို ဘ၀တွေ့အကြုံ ထဲကပဲ ရနိုင်တယ်၊ စာအုပ်ထဲက မရနိုင်ဘူး။ ဘ၀ဟာ အလေးနက်ဆုံး စာအုပ်ပဲ။

ကိုယ့်ကိုယ်ကို ဒုက္ခပေးရင် လောကကြီး ဒုက္ခရောက်တယ်။ ကိုယ်နဲ့ လောကကြီးဟာ ဆက်စပ်နေတယ်၊ ဘယ်လိုမှ သီးခြားဖြစ်သွားအောင် လုပ်လိုက်ရင် လောကကြီးကို ကောင်းအောင် လုပ်တာပါ။

ကိုယ့်ကိုယ်ကို ပြုပြင်ပြောင်းလဲချင်ရင် ငါ ဘာကို ကြောက်တာလဲ၊ ဘာကို မုန်းသလဲဆိုတာကို အရင်ဆုံးသိအောင်လုပ်ပါ။ အဲဒီ့က စ, ပါ။

သူများအပြစ်ကို များများရှာပြီး ပြောနေတဲ့သူဟာ ကိုယ့်ဂုဏ်သိက္ခာကို ကိုယ်ချတာပဲ။ သူများကို ဂုဏ်သိက္ခာချပြီးမှ ကိုယ့်ဂုဏ်ကို တင်လို့ရမယ့် ဘ၀ကို ရောက်နေရပြီ။

ဆရာတော် ဦးဇောတိက

Shared from Shwe Yee

ရင့်ကျက်သူမှာမရှိသင့်တဲ့ လက္ခဏာရပ်များ

လူတွေဟာ အသက်ကြီးလို့ ရင့်ကျက်တာမဟုတ်သလို အသက်ငယ်လို့ မရင့်ကျက်တာလည်း မဟုတ်ပါဘူး။ ဘဝရဲ့စိန်ခေါ်မှုကို အကြိမ်ကြိမ်ရင်ဆိုင်ရဲပြီး ကြုံတွေ့ရတဲ့အခက်အခဲကို ဖြေရှင်းကျော်လွှားနိုင်ရင် ရင့်ကျက်တဲ့လမ်း၊ အောင်မြင်တဲ့လမ်းဆီကို လျှောက်လှမ်းနိုင်ပါတယ်။ ပေးဆပ်ဖို့လဲမဝံ့၊ စောင့်မျှော်ဖို့လဲမလုပ်ဘဲ လွယ်လွယ်ပြော၊ လွယ်လွယ်လက်လွတ်တတ်သူက ဘယ်တော့မှ အောင်မြင်တဲ့လမ်းဆီ မရောက်နိုင်ပါဘူး။

ရင့်ကျက်သူမှာမရှိသင့်တဲ့ လက္ခဏာရပ်များ ---

(၁) ချက်ချင်းတုန့်ပြန်တယ်၊ ဆင်းရဲသားစိတ်ထားရှိတယ်။

(i) အခွင့်အရေးတစ်ခုနဲ့ ကြုံတွေ့တိုင်း သူတို့တွေ့တာက အခွင့်အရေးထဲက အခက်အခဲကိုဖြစ်တယ်။ ဒါကြောင့် "No"လို့ ချက်ချင်းငြင်းဆန်တတ်သူဖြစ်တယ်။

(ii) ဆင်းရဲသားစိတ်ထားလိုမျိုး နေ့ချင်းညချင်း ကြီးပွားချင်ကြတယ်။ အလွယ်တကူရတဲ့အရာက တန်ဖိုးရှိတဲ့အရာ မဟုတ်သလို တန်ဖိုးရှိတဲ့အရာကလည်း အလွယ်တကူ မရနိုင်ပါဘူး။ အိုလံပစ် ရွှေတံဆိပ်ပိုင်ရှင်တွေက တစ်ညတည်း ကြိုးစားခဲ့ကြတာမဟုတ်ပါဘူး။ ပြိုင်ပွဲမှာ သူတို့ရလိုက်တာက သူတို့ ကြိုးစားလေ့ကျင့်ခဲ့တဲ့ရလဒ်အတွက် လူတွေရဲ့အသိအမှတ်ပြုခြင်းတွေဖြစ်တယ်။ "Rich Dad Business School" စာအုပ်မှာပြောထားတာက အမေရိကန်မှာ ထီတစ်သန်းဆုပေါက်သူတွေဟာ ၅နှစ်နောက်ပိုင်းမှာ သူတို့ရဲ့ဘဝက အရင်ကလောက်မပျော်ဘူးလို့ ဆိုပါတယ်။

(၂)

(i) ကိုယ့်ဆီမှာရှိတဲ့ အတွေးအခေါ်ဟောင်းတွေကို မပြောင်းလဲချင်ဘူး

လူလူချင်းကြားမှာ အခြေခံကွဲပြားနေတဲ့အချက်က တွေးခေါ်နည်း ခြားနားတာပဲဖြစ်တယ်။ အောင်မြင်သူဖြစ်ချင်ရင် ကိုယ့်ဆီမှာရှိတဲ့ အတွေးအခေါ်ဟောင်းတွေကို အရင်ဆုံးပြောင်းလဲပစ်ရပါတယ်။ အဲဒီနောက် အပြုအမူကို ပြောင်းလဲရပါတယ်။ ကိစ္စရပ်တစ်ခုဆောင်ရွက်တဲ့အခါ အခက်အခဲ၊ အဟန့်အတားကို သင်အရင်ဆုံးမြင်ရင် အောင်မြင်ဖို့မပြောနဲ့ မဖြစ်မြောက်တဲ့အံ့သြဖွယ်ဖြစ်ရပ်မှာ သင်ပါသွားနိုင်ပါတယ်။ ဟောင်းတဲ့အတွေးအခေါ်ဆိုတာ... ချက်ချင်းတုန့်ပြန်တာ၊ ဆင်းရဲသားစိတ်ထားရှိတာ၊ အခက်အခဲကြုံတာနဲ့ နောက်ဆုတ်ပြေးတာ.. တွေဖြစ်တယ်။ ကြံ့ကြံ့ခံတဲ့အားက အရာအားလုံးကို သိမ်းသွင်းနိုင်ပါတယ်။ ဟောင်းအိုတဲ့ အပြုအမူဆိုတာ... အရက်သောက်တယ်၊ ဖဲရိုက်တယ်၊ အကျိုးမရှိတဲ့ ဖြေဖျော်မှုတွေဖြစ်တယ်။

(ii) တခြားလူကို နောက်ကွယ်မှာ ဝေဖန်ကဲ့ရဲ့ဖို့ နှစ်သက်တယ်

ဒီလိုလူမျိုးကို ကျွန်တော်တို့က အားယားနေသူလို့ တင်စားတယ်။ ဒီလိုစကားကို ကျွန်တော်တို့ နားမထောင်ဘူး၊ မပြောဘူး၊ လက်ဆင့်မကမ်းဘူး။ သူပြောဆိုဝေဖန်တဲ့စကားက မှန်တယ်ထားဦး သူ့အတွက်လည်း ဘာကောင်းကျိုးမှ မရှိပါဘူး။

(iii) အမြဲညည်းတွားတယ်၊ အပြုအမူ အပျက်ဆောင်တယ်

လူဆိုတာ ခြောက်ပစ်မကင်းပါဘူး။ ချွတ်ယွင်းချက် အနည်းအများတော့ ရှိတတ်ကြပါတယ်။ ကိုယ်ကျင့်တရားအတွက် မဟုတ်ဘူးဆိုရင် သူတို့ကို ကောင်းတဲ့အကြည့်နဲ့ ကျွန်တော်တို့ကြည့်ဖို့လိုတယ်။ ပိုအရေးကြီးတာက သူ့ရဲ့ချွတ်ယွင်းချက်ကိုပဲ အမြဲမကြည့်ဖို့ဖြစ်တယ်။ သူ့အပေါ် ကိုယ်မကျေမနပ် ညည်းတွားတာတွေက မှန်ခဲ့တယ်ဆိုရင်တောင် မညည်းတွားသင့်ပါဘူး။ အကြောင်းက အောင်မြင်သူတွေဟာ ဘယ်တော့မှ မညည်းတွားလို့ပါပဲ။

(iv) သင်ယူဖို့ ငြင်းဆန်တယ်၊ ပြောင်းလဲဖို့ ငြင်းဆန်တယ်

၂၁ရာစုလောကရဲ့ထူးခြားတဲ့ လဏ္ခာသုံးရပ်က ... အမြန်နှုန်း၊ ပြောင်းလဲနှုန်းနဲ့ ကပ်ဆိုက်နှုန်းဖြစ်တယ်။ ကျွန်တော်တို့ရဲ့နည်းဗျူဟာက သင်ယူမယ်၊ လုပ်ငန်းတွေကို ပြောင်းလဲမယ်။ သင်မြန်မြန်သင်ယူနိုင်လေ သင့်ပြောင်းလဲနှုန်းကမြန်လေ အောင်မြင်မှုကို သင်မြန်မြန်ဆန်ဆန်ရလေဖြစ်တယ်။ ဒီကနေ့ခေတ် လုပ်ငန်းတွေရဲ့ယှဉ်ပြိုင်မှုက လူရဲ့အရည်အချင်း ယှဉ်ပြိုင်မှုဖြစ်တယ်။ လူရဲ့အရည်အချင်း ယှဉ်ပြိုင်မှုက သင်ယူခြင်းရဲ့ယှဉ်ပြိုင်မှုပဲဖြစ်တယ်။ ကပ်ဆိုက်တဲ့ကာလမှာ သင်အောင်မြင်ချင်ရင် များများသင်ယူရတယ်။ ဒီကနေ့ခေတ် သူဌေးသူကြွယ်တချို့ဟာ နောင် ၅နှစ် ၁ဝနှစ်မှာ ၈ဝ%က ဒေဝါရီခံရကိန်းရှိတယ်။ တကယ်လို့ သင်အောင်မြင်ချင်ရင် သင်ယူရမယ်၊ ပြောင်းလဲရမယ်။

(၃) ခံစားချက်ရဲ့ အထိန်းအချုပ်ကို အမြဲခံတယ်

လောကမှာဖြစ်ပျက်နေတဲ့ ကြေကွဲဝမ်းနည်းခြင်းတွေ၊ ကြောက်ရွံ့ခြင်းတွေဟာ လူလူချင်းကြား သည်းမခံနိုင်လို့ ဖြစ်လာတာတွေဖြစ်တယ်။ တချို့က မဖြစ်စလောက်ကိစ္စနဲ့ ဒေါသအကြီးအကျယ်ထွက်တယ်။ ပေါက်ကွဲတယ်။ အောင်မြင်ခြင်းအတွက် အခြေခံအချက်(၅)ချက်မှာ တစ်အချက်က ကိုယ့်ခံစားချက်ကို ထိန်းချုပ်နိုင်ခြင်းဖြစ်တယ်။ နှစ်အချက်က ကျန်းမာရေး။ သုံးအချက်က အချိန်စီမံခန့်ခွဲရေး၊ လေးအချက်က ဘဏ္ဍာစီမံခန့်ခွဲရေး၊ ငါးအချက်က ကောင်းမွန်တဲ့ လူလူချင်းဆက်ဆံပြောဆိုရေးတွေဖြစ်တယ်။

ကောင်းမွန်တဲ့ လူလူချင်းဆက်ဆံပြောဆိုရေးရဲ့ အဓိကအချက်(၃)ချက်က

(i) တခြားသူကို ကိုယ့်ကိုယ်ကိုထက် ပိုဂရုစိုက်တာဖြစ်တယ်။

(ii) အပြစ်မရှာဘူး၊ မညည်းတွားဘူး၊ မဝေဖန်ဘူး။ များများချီးကျူး ချီးမွမ်းတယ်၊ များများခွင့်လွှတ်နားလည်တယ်။

(iii) နားထောင်ကောင်းသူ၊ ပြောဆိုဆက်ဆံရေးကောင်းသူ လုပ်တယ်။ ဂရုစိုက်ဖော်ရွေမှုက အေးစက်လျစ်လျူရှုမှုထက်များတယ်။

(၄) စိတ်မှန်းနဲ့ ကိစ္စရပ်တွေကို ဝေဖန်ပိုင်းခြားတယ်၊ မှန်ကန်တဲ့ အကြောင်းရင်းကို အခြေမခံဘူး

ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာ လူတော်တော်များများက ကိစ္စရပ်တွေကို စိတ်မှန်းနဲ့ပဲ ဝေဖန်ပိုင်းခြားကြတယ်။ ကျွန်တော်ထင်တာက ဒီလိုပါ။ ကျွန်မထင်တာက ဟိုလိုပါ။ ထင်တာပြောရရင်...

(၅) အလုပ်လုပ်ရမှာ ယုံကြည်မှုကို အမှီမပြုဘူး။ လူ့အပြောကိုပဲ အမှီပြုတယ်

လူ့ဘဝက ကိုယ့်အတွက်ရှင်သန်တာဖြစ်တယ်၊ သူတစ်ပါးအတွက် ရှင်သန်တာ မဟုတ်ပါဘူး။ သူတစ်ပါးရဲ့ပါးစပ်က သူ့ကိုယ်ပေါ်မှာရှိတဲ့အတွက် ပြောချင်ရာပြောပါစေ။ ဂရုမစိုက်ပါနဲ့။ လမ်းမှားညွှန်ပြပြီး အဲဒီအမှားအတွက် ကိုယ်တိုင်တာဝန်ယူပေးသူ မရှိပါဘူး။ တကယ့်လမ်းမှန်ကို ညွန်ပြတဲ့ ဆရာကောင်းသမားတွေ ပေါများပါတယ်။

ဒီလောကရဲ့လူအုပ်စုကို နှစ်ဖွဲ့ခွဲရင် တစ်ဖက်က ၅%နဲ့ ကျန်တစ်ဖက်က ၉၅%ဖြစ်တယ်။ ၅%သော အောင်မြင်သူတွေက မအောင်မြင်ခင်မှာ လူတွေရဲ့ကဲ့ရဲ့ဝေဖန်တာကို ခံရတယ်။ အရူး၊ လူတုံးလူအလို့ အခေါ်ခံရတယ်။ လေဒီယိုတီထွင်ခဲ့သူဟာ အရူးလို့စွပ်စွဲခံရပြီး အရူးဆေးရုံအပို့ခံခဲ့ရပါတယ်။ လူအများရဲ့(၉၅%)ဘဝလို့ ကျွန်တော်တို့ မဖြတ်သန်းချင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အခေါ်ခံရပါစေ၊ အလှောင်ရယ်ခံရပါစေ ကျေနပ်ပါတယ်။

Shared from Phyu Phyu San

Sunday, May 27, 2012

၂၄ နာရီ ချိန်ခွင်

ကာမသုခလ္လိကာအကျင်.ဆိုတာ ဘယ်တရားများထင်ကြသလဲ။ တံခါးခြောက်ပေါက်နောက်က အာရုံခြောက်ပါးနောက်ကို တကောက်ကောက်လိုက်ပြီး ခံစားနေတဲ.အကျင်.ဟာ ဘယ်လိုခံစားနေကြသတုန်းဆိုတော. မျက်စိဟာ အဆင်းနဲ.အကြောင်းအားလျော်စွာ တိုက်ခိုက်လိုက်သည်.အခါ သာယာနှစ်သက်တဲ.အဆင်းလေးကို မြင်လိုက်တော. သာယာတယ်နှစ်သက်တယ်။ မသာယာတဲ.အဆင်းကိုမြင်လိုက်တော. မသာယာချင်ဖြစ်သွားတယ်။ ဟော ရာဂနဲ.ဒေါသ။

ပုထုဇဉ်တို. ကာမသုခလ္လိကနိရောဂ ဆိုတဲ.အကျင်.၊ တံခါးခြောက်ပေါက်က အာရုံခြောက်ပါးနောက်ကို လိုက်ပြီးတော. တရစပ်ကြီး ခံစားတယ်။ ဒုက္ခဝေဒနာနဲ.သုခဝေဒနာခံစားတယ်။ နားနဲ.အသံထိမှန်လိုက်တဲ.အခါကျတော. သာယာတဲ.အသံလေးကြားလိုက်တော. သာယာတယ် နှစ်သက်တယ်။ ရာဂစိတ်ဖြစ်တယ်။ မသာယာတဲ.အသံကိုကြားလိုက်တော. မကြားချင်တဲ.စိတ်ဖြစ်သွားတယ်။
ရာဂနဲ.ဒေါသ။

နှာခေါင်းနဲ. အနံ.ထိမှန်လိုက်တဲ.အချိန်ခါသာယာနှစ်သက်တဲ. ကြိုက်နှစ်သက်တဲ. အနံလေးကို နံလိုက်တော. မွှေးလိုက်တာ သင်းလိုက်တာ ကြိုင်လိုက်တာ၊ သာယာတယ်နှစ်သက်တယ် တဏှာ ရာဂစိတ်ဖြစ်တယ်။ မသာယာတဲ.အနံ.ကို နမ်းမိတော. ပုပ်စော်နံတယ် ချဉ်စော်နံတယ်ဆိုတော. မခံစားချင်တော.ဘူး၊ ဒေါသစိတ်တွေဖြစ်တယ်။ အဲဒီ ဒုက္ခနဲ. သုခခံစားတာ။

လျှာနဲ. အရသာ စားလိုက်တဲ.အချိန်ခါ ကြိုက်နှစ်သက်တဲ. အရသာလေးကို စားမိတော. အရသာခံပြီးတော. တဏှာရာဂစိတ်ဖြစ်တယ်။ မကြိုက်တဲ. အစားလေး စားမိတော. မကြိုက်နှစ်သက်တဲ. စိတ်ကလေးဖြစ်သွားတယ်။ ရသာနဲ.လျှာနဲ.ပေါင်းဆုံလိုက်တဲ.အခါ ရာဂနဲ.ဒေါသ ဒီစိတ်တွေပဲ ဖြစ်နေတယ်။ အာရုံခံစားသော အကျင်.ကိုး။

ကိုယ်နဲ.အတွေ.နဲ. ထိမှန်လိုက်တဲ.အခါ သာယာနှစ်သက်တဲ. အတွေ.လေးကို တွေ.လိုက်တော. သာယာတယ် နှစ်သက်တယ်။ ခဏခဏ အတွေ.တွေ.ချင်တယ်။ မသာယာတဲ.အတွေ.ကို တွေ.လိုက်တော. ဓါတ်ကြီးလေးပါး ဖောက်ပြန်လာတဲ.အခါ တင်းလာတယ် တောင်.လာတယ် ထုံလာတယ် ကျင်လာတယ် ဆိုတော. မခံစားချင်တဲ.စိတ်ဖြစ်တယ်၊ ဒေါသစိတ်ဖြစ်တယ်။ အဲဒီကျတော. ဆရာဝန်အားကိုးတယ်၊ သေရမှာ ကြောက်တာကိုး။

မနောနဲ.ဓမ္မာ ပေါင်းဆုံလိုက်တဲ.အခါ ကိုယ်ကြိုက်နှစ်သက်တဲ. အသိလေး သိလိုက်တော. တဏှာ ရာဂစိတ်ဖြစ်တယ်။ မကြိုက်နှစ်သက်တဲ. အသိလေးကို သိလိုက်တော. မကြိုက်တဲ. အသိလေးဖြစ်သွားတယ်။

အဲဒီတော. ဘုရားရှင်ကိုယ်တော်မြတ်ကြီးက တခါးခြောက်ပေါက်က အာရုံခြောက်ပါးကဖြင်. ကာမသုခလ္လိကအကျင်.ဟာ အာရုံခံစားနေတဲ. အကျင်.တဲ.။ အဲဒီအကျင်.ကို ကျင်.နေတာက အယုတ်တရားတဲ.။ မပေါ်တဲ.တရား၊ မြုပ်တဲ.တရား၊ ဆုံးဆုံးကို မြုပ်တဲ.တရား။ မပေါ်ဘူး ဘယ်တော.မှ မပေါ်ဘူး။ ဘာကြောင်.လဲတဲ.။ အာရုံခံစားနေတဲ.အကျင်.။ ကာမသုခလ္လိကနိရောဂ အကျင်.ဟာ မပေါ်တော.ဘူးလို. တထစ်ချမှတ်ပေတော.။

ငါတို. နှစ်ဆယ်.လေးနာရီ ရှိတဲ.အနက်က ဘယ်အာရုံတွေ ခံစားသလဲဆိုတာ ကိုယ်.စိတ်ကိုသာစစ်ကြတော.။

မျက်စိအာရုံတွေ ခံစားလိုက် ။ နား၏ အာရုံတွေ ခံစားလိုက်၊ နှာခေါင်း၏ အာရုံတွေ ခံစားလိုက်၊ ရသာ၏ အာရုံတွေ ခံစားလိုက်၊ အတွေ.၏ အာရုံတွေ ခံစားလိုက်၊ ဓမ္မ၏အာရုံတွေ ခံစားလိုက်၊ တံခါးခြောက်ပေါက်က အာရုံခြောက်ပါး တရစပ်ကြီး ကာမသုခလ္လိကနိရောဂ ဆိုတဲ.အာရုံခံစားသော အကျင်.ဟာ အယုတ်ဆုံးတရားတဲ.။ မြုပ်တရားတဲ.။ ဘယ်တော.မှ မပေါ်ဘူးတဲ. အဲဒီအကျင်.။

အဲဒီတော. ဒါနမှု သီလမှု သမထမှုလေးတော. ရံဖန်ရံခါပြုတယ်။ အဲဒီတော. ဒကာဒကာမများ အကုသိုလ်စိတ် ကုသိုလ်စိတ်တဲ.။ အကုသိုလ်စိတ် ကုသိုလ်စိတ်ဆိုတာ ဒါနကုသိုလ်ကံ စေတနာ၊ သီလကုသိုလ်ကံ စေတနာ၊ သမထကုသိုလ်ကံစေတနာကတော. ကံရမယ်။ ဒါနကုသိုလ်ကံစေတနာ လူရယ် နတ်ရယ်၊ သီလကုသိုလ်ကံ စေတနာ လူရယ် နတ်ရယ်၊ သမထကုသိုလ်ကံစေတနာ အားသာလို.ရှိရင် ဗြဟ္မာနှစ်ဆယ် သံသရာ၊ ဒါတွေက ကံတရားတွေ။

နှစ်ဆယ်.လေးနာရီရှိတဲ. အနက်က ဒါနကုသိုလ်ကံစေတနာ စိတ်ကလေးက ဘယ်လောက်ဖြစ်ကြတုန်း၊ သီလကုသိုလ်ကံ ကျောင်းကိုသွားပြီးတော. သီလဆောက်တည်နေတဲ. သီလကုသိုလ်ကံစေတနာက ဘယ်လောက်ရှိကြတုန်း။ သမထကုသိုလ်ကံ စေတနာက နှစ်ဆယ်.လေးနာရီရှိတဲ.အနက်က သမထကုသိုလ်ကံ စေတနာ စိတ်က ဘယ်လောက်ရှိကြတုန်း၊
အဲဒီ စိတ်သုံးစိတ်က ချိန်ခွင် တစ်ဖက်တည်းကို ထည်.ကြ။

နှစ်ဆယ်.လေးနာရီ ရှိတဲ. အနက်က တံခါးခြောက်ပေါက်က အာရုံခြောက်ပါး ။ အဆင်းကိုလည်း ဒုက္ခနဲ. သုခခံစားလိုက်တယ်။ အသံကိုလည်း သုခနဲ. ဒုက္ခခံစားတယ်၊ အနံ.ကိုလည်း သုခနဲ.ဒုက္ခခံစားတယ်၊ အရသာကိုလည်း သုခနဲ. ဒုက္ခခံစားတယ်၊ အတွေ.ကိုလည်း ဒုက္ခနဲ. သုခခံစားတယ်။ ဓမ္မကိုလည်း ဒုက္ခနဲ.သုခ ခံစားတယ်။ အဲဒီစိတ်က ချိန်ခွင်တစ်ဖက်တည်းကို ထည်.။

ချိန်ခွင်တစ်ဖက်တည်းကို ထည်.ပြီဆိုရင် ခုန ဒါနကုသိုလ်ကံ စေတနာ စိတ်၊ သီလကုသိုလ်ကံစေတနာ စိတ်၊ သမထကုသိုလ်ကံ စေတနာစိတ်ရယ်၊ အဲဒီစိတ်က ချိန်ခွင်တစ်ဖက်တည်းကို ထည်.လိုက်ကြ။

နှစ်ဆယ်.လေးနာရီရှိတဲ. အနက်က ချိန်ခွင်ဘယ်ဘက်ကို အားသာကြမလဲ၊ အားသာတဲ.ဘက်ကို သွားကြလိမ်.မယ်။ သူများမပြောရဘူး ကိုယ်.စိတ်ကို စစ်ကြ။

ကိုယ်ကပြုထားတာက မကောင်းတဲ. အာစိန္နကံပြုထားတယ်၊ သေခါနီးဆဲဆဲကျတော. မကောင်းတဲ. အာသန္နကံ မြင်ရလိမ်.မယ်။အထက်ကို မြင်လို.ရှိရင် အထက်ကိုသွားလိမ်.မယ်၊ အောက်ကို မြင်လို.ရှိရင် အောက်ကို သွားလိမ်.မယ်။ ကိုယ်ပြုထားတဲ.ကံ ကိုယ်ရလိမ်.မယ်၊ ကိုယ်ဆောက်လုပ်ထားတဲ. အိမ် ကိုယ်နေရလိမ်.မယ်။

၂၄ နာရီ ဘယ်လိုမြင်ကြသလဲတဲ.။ ဒကာမမြင်တော. ဒကာမသိတယ်၊ ဒကာမြင်တော. ဒကာသိတယ်၊ ခွေးကိုမြင်တော. ခွေးကို သိတယ်၊ ကြက်ကိုမြင်တော. ကြက်ကိုသိတယ်၊ ရေကိုမြင်တော. ရေကို သိတယ်၊ငါးကိုမြင်တော. ငါးကိုသိတယ်။ တောကိုမြင်တော. တောကိုသိတယ်။ဆိတ်မြင် ဆိတ်သိတယ်၊ နွားမြင် နွားသိတယ်။ ဆင်းရဲတာမြင်တော. ဆင်းရဲတာသိတယ်၊ ချမ်းသာတာမြင်တော. ချမ်းသာတာသိတယ်၊ ကိုယ်သိတာက ဘာသိသလဲ.. အောက်ကိုသိတယ်။ လူတိုင်း လူတိုင်းမြင်တဲ. လူတိုင်းလူတိုင်း အသိ။ ချောတာမြင်လို. ချောတာပဲသိသလား၊ လှတာမြင်လို. လှတာသိသလား။ ၀တာမြင်လို. ၀တာလေး သိသလား။ ဒီလိုသိနေလို.ကတော. ဒကာဒကာမများ လူတိုင်းအမြင် လူတိုင်း အသိ၊ ကလေးလေးလည်း ဒီတိုင်းသိတယ်၊ ကိုယ်လည်း ဒီတိုင်းသိတယ်ဆိုရင် ကလေးသိပဲရှိသေးတယ်။ ငါတို. သူများထက်ထူးကဲပြီး သိတဲ. သမ္မာဒိဋ္ဌိ ဥာဏ် များရပြီလား..။ သမ္မာဒိဋ္ဌိဆိုတာ အမှန်မြင်တဲ. တရား။ ကိုယ်.စိတ်ကို စစ်ကြ။

ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါး ပျက်တော.မယ်ဆိုရင် ကိုယ်ပြုထားတဲ.ကံ က ဘာကံလဲတဲ.။ တံခါးခြောက်ပေါက် အာရုံခြောက်ပါးနောက်ကို တကောက်ကောက်လိုက်နေတဲ. အာစိန္နကံ တွေ..တံခါးခြောက်ပေါက်က သုခနဲ.ဒုက္ခ ဝေဒနာ တွေ တရစပ်ကြီးခံစားနေတဲ. ပုဂ္ဂိုလ်မှန်သမျှကတော. သေခါးနီးဆဲဆဲကျတော. မကောင်းတဲ. အာသန္နကံ မြင်ရမယ်သာ မှတ်တော.။ အထက်ကိုမြင်ရင် အထက်ကိုသွားမယ်.. အောက်ကိုပဲမြင်တဲ.သူဟာ အောက်ကိုသွားကြလိမ်.မယ်..။

ငါတို.မြင်တဲ. အမြင်တွေက ဘယ်မှာ မြင်သလဲ .. ကိုယ်.စိတ်ကိုသာ စစ်ကြပေတော.။

(သဲအင်းဂူဆရာတော်ဘုရား- ချည်တိုင်တရားတော်မှ)

Shared from Lwinoo Ko

Saturday, May 26, 2012

ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်

တစ်ခါက လူကြီးတစ်ယောက်ဟာ ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်ကို

ရှာဖွေဖို့အတွက် သူ့ရဲ့သားကို ပညာရှိတစ်ဦးထံ စေလွှတ် လိုက်ပါတယ်..

လူငယ်လေးဟာလည်း စူးစမ်းလိုစိတ်ရဲ့ ဦးဆောင်မှုနဲ့ ပညာရှိကြီး ရှိတဲ့အရပ်ကို

ခရီးထွက်ပါတယ်.. ပညာရှိထံ ရောက်ဖို့ လမ်းခရီးမှာ ကန္တာရကြီး တစ်ခုကို ရက်ပေါင်း

၄၀ကြာအောင် ကျော်ဖြတ်ရပါတယ်.. နောက်ဆုံးတော့ တောင်ထိပ်ကြီး တစ်ခုမှာ လှပ

ခန့်ညားစွာ တည်ရှိနေတဲ့ ရဲတိုက်ကြီး တစ်ခုဆီကို ရောက်လို့ သွားပါတော့တယ်.. အဲဒီ

ရဲတိုက်ကြီးဟာ ပညာရှိကြီး နေထိုင်ရာ နေရာဖြစ်ပါတယ်.

ပညာရှိကြီးကို ရှာဖွေရင်း လူငယ်လေးဟာ ခန်းမကျယ်ကြီး တစ်ခုထဲကို

ရောက်ရှိသွားခဲ့ပါတယ်.. အဲဒီအခန်းထဲမှာ လူတွေဟာ ပျားပန်းခတ်မျှ လှုပ်ရှား

သွားလာနေကြပြီး လူတစ်ချို့ဟာ ခန်းမကြီးရဲ့ ထောင့်မှာ

စကားဝိုင်းဖွဲ့ပြောနေကြသလို ၊တီးဝိုင်းငယ် တစ်ခုကလည်း သာယာ ငြိမ့်ညောင်းတဲ့

တေးသွားလေးများကို တီးခတ်ဖျော်ဖြေ နေပါတယ်.. စားသောက်စရာတွေ တည်ခင်းထားတဲ့

စားပွဲကြီးမှာတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံး၊အရသာအရှိဆုံးလို့ ထင်ရလောက်တဲ့

စားသောက်ဖွယ်ရာ မျိုးစုံကို ပန်းကန်ပြားများပေါ်မှာ လှပစွာ တည်ခင်းထားပါတယ်..

ပညာရှိကြီးဟာလည်း လူတစ်ဦးချင်းဆီသို့ လိုက်လံနှုတ်ဆက် နေပါတယ်.. လူငယ်လေးဟာ

ပညာရှိကြီး သူ့ဆီ ရောက်လာဖို့ကို ၂နာရီလောက် ကြာအောင် စောင့်လိုက်ရပါတယ်..

ပညာရှိကြီးက လူငယ်လေး ရှင်းပြနေတဲ့ ဒီရဲတိုက်ကြီးကို လာရောက်ရခြင်း

အကြောင်းရင်းကို သေချာ အာရုံစိုက်ပြီး နားထောင် နေပါတယ်… ပြီးတော့

လူငယ်လေးကိုလည်း အခု လောလောဆည်တော့ ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်ကို

ရှင်းပြဖို့ အချိန် မရှိသေး ကြောင်းနဲ့ ဒီရဲတိုက်ကြီးကို လှည့်လှည်ကြည့်ရှုပြီး

၂နာရီအကြာမှာ ပြန်လာဖို့ ပြောပါတယ်… *“*အဲဒီလို လျှောက်ကြည့်နေစဉ် အတွင်းမှာ

မင်းကို လုပ်စေချင်တာ တစ်ခုရှိတယ်..*” *လို့ပြောပြီး ပညာရှိက လ္ဘက်ရည်ဇွန်း

တစ်ဇွန်းထဲကို ဆီ အနည်းငယ် ထည့်ပြီး လူငယ်လေးကို ပေးလိုက်ပါတယ်… ပြီးတော့

*“*မင်း ဘေးပတ်ဝန်းကျင်ကို လျှောက်ကြည့်နေတုန်း ဒီဇွန်းလေးကိုပါ ယူသွားပါ..

ဇွန်းထဲက ဆီကို လုံးဝ မဖိတ်စင် အောင်လဲ ဂရုစိုက်ပါ..*” *လို့ ပြောပါတယ်..

ကောင်လေးဟာ ရဲတိုက်ကြီးအတွင်း အပြင်ကို ဆင်းလိုက် တက်လိုက် နဲ့ လှေကားထစ်ပေါင်း

များစွာကို ကျော်ဖြတ်ရင်း သူ့ရဲ့ အကြည့်ကိုလည်း ဆီထည့်ထားတဲ့ဇွန်းပေါ်မှာမှ

တစ်ပါး အခြားဘယ်ကိုမှ အာရုံမစူးစိုက်မိ၊ မလေ့လာမိဘဲ လျှောက်သွား နေခဲ့ပါတယ်..

ပညာရှိပြောတဲ့ ၂နာရီ ပြည့်တဲ့ အချိန်မှာ သူ ရှိနေတဲ့ အခန်းထဲကို

ပြန်လာခဲ့ပါတယ်..

*“*ကဲ ကောင်းပြီ.. မင်း အခုလိုလျှောက်ပြီး လှည့်လည် ကြည့်ရှုခဲ့ပြီဆိုတော့

ဘာတွေများ မြင်တွေ့ခဲ့လဲ.. ငါ့ထမင်းစားခန်းထဲမှာ ပြင်ဆင် ထားတဲ့ ပြင်သစ်လက်ရာ

ပန်းထိုးပန်းချီရဲ့ ကြီးကျယ် ခမ်းနားမှုတွေကို တွေ့ခဲ့လား၊ ပန်းဥယျာဉ်ကြီးထဲမှာ

ငါ့ရဲ့ အကောင်းဆုံး ဥယျာဉ်မှူးကြီး ၁၀နှစ် ကြာအောင် လက်စွမ်းပြထားတဲ့ အလှအပကို

တွေ့ခဲ့ရဲ့လား၊ ငါ့ရဲ့ စာကြည့်ခန်းထဲက ရှေးဟောင်း ပုရပိုဒ်စာတွေ တွေ့ခဲ့ရဲ့လား*

”* လို့မေးပါတယ်..

လူငယ်လေးဟာ ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး သူဘာကိုမှ မကြည့်ခဲ့မိကြောင်းကို

ဝန်ခံလိုက်ပါတယ်.. သူ့အာရုံ တစ်ခုလုံးနဲ့ အကြည့်ကို ပညာရှိကြီးက

မဖိတ်စင်စေနဲ့လို့ မှာလိုက်တဲ့ ဆီဇွန်းပေါ်မှာသာ စူးစူးစိုက်စိုက်

ထားရှိခဲ့မိပါတယ်..

*“ *ဒါဆို ပြန်သွားပြီးတော့ ငါ့ရဲတိုက်ကြီးရဲ့ ခမ်းနားလှပမှုကို သေချာ

ပြန်သွားကြည့်ခဲ့. မင်းမသိတဲ့ နေရာတစ်ခုက၊ လူတစ်ယောက်ကို မင်း ယုံကြည်ဖို့

ခက်လိမ့်မယ်.. ဒီတော့ သေချာ သိအောင် လေ့လာခဲ့ပါ *”* လို့ပြောလိုက်ပါတယ်..

ဒါနဲ့ဘဲ ကောင်လေးဟာ ဆီဇွန်းလေးကို ကိုင်ပြီး ပတ်ဝန်းကျင်ကို ကြည့်ဖို့

ပညာရှိထံက ပြန်ထွက်လာခဲ့ပါတယ်.. ဒီတစ်ခေါက် မှာတော့ လူငယ်လေးဟာ နံရံနဲ့

မျက်နှာကြက်ပေါ်က အနုပညာ လက်ရာ၊ ကျယ်ဝန်း ခမ်းနားလှတဲ့ ဥယျာဉ်ကြီးရဲ့ မွေးမြ

သင်းထုံနေတဲ့ပန်းပေါင်းစုံရဲ့ ရနံ့၊ ရဲတိုက်ကြီး တည်ရှိနေတဲ့ တောင်တန်းကြီးရဲ့

အလှအပ၊ ဖူးပွင့်ဝေစီနေတဲ့ ပန်းပွင့်ကလေးများရဲ့လှပမှု စသဖြင့် အရာရာအားလုံးကို

သေချာ လေ့လာခံစားရင်း ပညာရှိထံ ပြန်လာခဲ့ပါတယ်… ပညာရှိနဲ့ တွေ့တော့

သူတွေ့ခဲ့သမျှ၊ မြင်ခဲ့ရသမျှ အရာ အားလုံးကို ပညာရှိကြီးအား ပြန်ပြောပြ ပါတယ်..

*“*ကဲ .. ကြည့်ခဲ့တာတွေတော့ ဟုတ်ပါပြီ.. ဒါပေမဲ့ ဘယ်မှာလဲ မင်းကို

ငါထည့်ပေးလိုက်တဲ့ ဆီတွေ ဘယ်ရောက်ကုန်ပြီလဲ..*”*

ဒီတော့မှ လူငယ်လေးဟာ သူ့လက်ထဲမှာ ကိုင်ထားတဲ့ ဇွန်းထဲက ဆီတွေကို

သတိရမိပါတော့တယ်.. ဇွန်းထဲမှာ ဆီတွေဟာ တစ်စက် မှကို မကျန်ရစ် တော့ပါဘူး…

*“*အဲဒါဟာ ငါ မင်းကို ပေးနိုင်တဲ့ အကြံပါဘဲ… ပျော်ရွှင်ခြင်းရဲ့

လျှို့ဝှက်ချက်ဆိုတာ ကမ္ဘာလောကကြီးရဲ့ အံ့မခန်း လှပ ဆန်းကျယ်မှုတွေကို

လေ့လာကြည့်ရှုရင်း လက်ထဲက ဆီဇွန်းကိုလဲ ဘယ်တော့မှ မမေ့ပါနဲ့*” *ဆိုတာပါဘဲ…………….
———————————————————————————————————————ပညာရှိကြီး ပြောသွားတဲ့ ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်ဟာ အခြားတော့

မဟုတ်ပါဘူး… လူတိုင်းဟာ ကိုယ့်ရည်မှန်းချက် ပန်းတိုင်ကို ရောက်အောင်

သွားနေတဲ့အချိန်မှာ မိမိရဲ့ အလုပ်၊ မိမိစီးပွားရေး၊ မိမိ ကိုယ်ရေးကိုယ်တာ ကိုသာ

ဦးစားပေးပြီး ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်မိ၊ စိတ်ချမ်းသာ ပျော်ရွှင်မှုအတွက်

အချိန်မပေးနိုင် ဖြစ်နေတတ်ကြပါတယ်.. မိမိဘ၀ရဲ့ တိုးတက်ရာ တိုးတက်ကြောင်း အတွက်

ကြိုးစား နေရင်းနဲ့ဘဲ စိတ်အပန်း ဖြေစရာ အချိန်လေးများ၊ ပျော်စရာ အကြောင်းအရာ

လေးများကိုလည်း မိမိ ပတ်ဝန်းကျင်မှာ ရှာဖွေ ကြည့်တတ်ဖို့ဘဲ ဖြစ်ပါတယ်..

အချို့လူများ ကျတော့ ဘ၀ရဲ့ တိုးတက်ရာ တိုးတက်ကြောင်းကို ဘာတစ်ခုမှ

မလုပ်ဆောင်ဘဲ အပျော်အပါး ကိစ္စတွေမှာဘဲ အချိန်ကုန်ဆုံးလို့ နေတတ်ကြပါတယ်…

ထိုကဲ့သို့ အပျော်အပါးမှာ နှစ်မြုပ် နေသူများသည် လက်ထဲက ဆီဇွန်းကို ဂရုမထား

လိုက်မိတဲ့ အဖြစ်မျိုးလိုပါဘဲ.. ဘ၀တိုးတက်ရာ တိုးတက်ကြောင်းကို မရှာဖွေမိခဲ့တဲ့

အတွက် နောက်ဆုံးမှာ ကိုယ့်လက်ထဲမှာ ဘာဆို ဘာမှ မကျန်တော့မဲ့ အဖြစ်မျိုးနဲ့

ကြုံတွေ့ ရတတ်ကြောင်းကို သတိပေးလိုက်ခြင်းဘဲ ဖြစ်ပါတယ်..

ဒီတော့ ကျွန်မတို့ဟာ ပညာရှိကြီး အကြံပေးသလို ပညာသင်ကြား နေရင်းဘဲဖြစ်စေ၊

လုပ်ငန်းခွင်ထဲမှာ ၀င်ရောက် နေသည်ဘဲဖြစ်စေ၊ စီးပွားရေး နယ်ပယ်ထဲမှာဘဲ ဖြစ်စေ၊

ပျော်ရွှင်မှုနဲ့ ဘ၀တိုးတက်ရာ တိုးတက်ကြောင်းကို မျှမျှတတ ဖြစ်အောင်

ရှာဖွေကြည့်နိုင်ဖို့ ကြိုးစားသင့်ပါတယ်.. အပျော်အပါးကို တရားလွန် ၀ါသနာ

ကြီးသူများကလည်း အသိ တစ်ခါးချပ်လေး လှပ်ပြီးတော့ အနာဂတ်အတွက်

ကြိုတင်ပြင်ဆင်ဖို့ မိမိလက်ထဲက ဆီဇွန်းလေးကို သတိထားမိ နိုင်ပါစေလို့

အကြံပြုလိုက်ပါတယ်

Shared from Shwe Yee

Friday, May 25, 2012

လက်ငင်းအကျိုးပေးသောဒါနစေတနာ (ရဝေနွယ်အင်းမ)

ဘယ်နေရာရောက်ရောက် ခွေးကျွေးတဲ့အလုပ်ကလေးကိုတော့ ၀တ်တစ်ခုလိုကိုထားပြီး လုပ်ဖြစ်ပါတယ်။ တစ်ခါတလေဆို လမ်းပေါ်မှာခွေးပိန်ကလေးတွေ တွေ့ရရင်တောင် နီးစပ်ရာ မုန့်ဆိုင်က၀ယ်ပြီး ကျွေးခဲ့ဖူးပါတယ်။ တစ်နေ့တော့ ဒီခွေးကျွေးတာနှင့် ပတ်သက်ပြီး သူငယ်ချင်းက မေးခွန်းတစ်ခု မေးလာပါတယ်။

“တနင်္လာနံမို့ ခွေးကျွေးတာလား” တဲ့။

မိမိက “တနင်္လာနံ ဆိုတာ ဘာလဲ” လို့ ပြန်မေးတော့ သူငယ်ချင်းက “ငွေနံလေ” တဲ့။

ဒီတော့မှ မိမိလည်းသဘောပေါက်သွားပြီး “တနင်္လာနံကြောင့်တော့ မဟုတ်ဘူး။ သီဟိုဠ်ဝတ္ထုလေးတစ်ပုဒ်ကို ဖတ်ဖူးထားလို့ပါ” လို့ပြောပြီး အဲဒီသီဟိုဠ်ဝတ္ထုလေးကိုပါ သူငယ်ချင်းကို ပြောပြဖြစ်လိုက်ပါတယ်။ သူငယ်ချင်းက “သြော်...ဒါကြောင့်ကိုး။” လို့ အတည်လိုလို နောက်သလိုလိုနဲ့ ပြန်ပြောခဲ့တာ အခုအထိ မှတ်မိနေပါသေးတယ်။

သူငယ်ချင်းကို ပြောပြဖူးခဲ့တဲ့ သီဟိုဠ်ဝတ္ထုလေးကို အခုချစ်တဲ့ စာဖတ်သူတွေကိုလည်း ပြန်ပြောပြချင်ပါတယ်။

တစ်ခါတုန်းက သီဟိုဠ်ကျွန်းမှာ အရှင်စူဠနာဂ လို့ အမည်ရတဲ့ မထေရ်တစ်ပါးရှိခဲ့ဖူးပါတယ်။

သီဟိုဠ်ကျွန်း အနုရာဓမြို့ မှာ မြတ်စွာဘုရားရဲ့  ညှပ်ရိုးတော်ကို ဌာပနာထားရာလည်းဖြစ်၊ ဒေ၀ါနံပိယတိဿမင်းကြီးရဲ့  ကောင်းမှုလည်းဖြစ်တဲ့ ထူပါရုံစေတီဆိုတာ ရှိပါတယ်။ ထူပါရုံစေတီတော်ရဲ့ အနီးမှာရှိတဲ့ ကျောင်းကြီးကိုလည်း ထူပါရုံကျောင်းတိုက်ကြီးလို့ ခေါ်ပါတယ်။ အရှင်စူဠနာဂဟာ အဲဒီထူပါရုံကျောင်းတိုက်ကြီးမှာ တခြားရဟန်းတော်တွေနှင့်အတူ သီတင်းသုံးနေတဲ့ ရဟန်းတစ်ပါးပါ။

တစ်နေ့မှာ အရှင်စူဠနာဂဆွမ်းစားပြီးလို့ ခံတွင်းဆေးပြီးချိန်မှာ သားတွေပေါက်ထားတဲ့ ခွေးမတစ်ကောင်ကို တွေ့လိုက်ရပါတယ်။ ခွေးမကိုသေချာ ကြည့်လိုက်တော့ ပိန်ပိန်ချည့်ချည့်နဲ့ အတော်ဆာလောင်မွတ်သိပ်နေတဲ့ပုံပါ။ ဆာလောင်မွတ်သိပ်နေပုံရတဲ့ ခွေးမကိုမြင်လိုက်တော့ အရှင်စူဠနာဂက တော်တော်လေး သနားသွားပါတယ်။ ဒါပေမယ့် ဆွမ်းစားပြီး သပိတ်ဆေးပြီးပြီဆိုတော့

ကျွေးစရာဆွမ်းကျန်လည်း မရှိတော့ပါဘူး။

ဒါကြောင့် ဘာလုပ်လိုက်သလဲဆိုတော့ “ငါသည် စားအပ်ပြီးသော အစာမှန်သော်လည်း ထိုခွေးမအား အန်၍ လှူအံ့သောငှာအပ်၏” လို့ နှလုံးပိုက်ပြီး မိမိရဲ့ ခံတွင်းထဲကို လက်ထိုးအန်ပြီး ခွေးမကို ကျွေးလိုက်ပါတယ်။

အရှင်စူဠနာဂဟာ ခွေးမကို အန်ကျွေးရုံတင်မကပါဘူး၊ အိုးခြမ်းကွဲတစ်ခုထဲမှာ ရေထည့်ပြီး ရေလဲတိုက်လိုက်ပါသေးတယ်။

အစာထိုက်သင့်သလောက်ဝသွားတဲ့ခွေးမကို ကြည့်ပြီး အရှင်စူဠနာဂ လည်း တစ်ခါမှ မဖြစ်ဖူးတဲ့ ပီတိတွေ ဖြစ်လာပါတယ်။

ဒါကြောင့် ဆုတစ်ခုကို ကောက်ခါငင်ခါ တောင်းလိုက်ပါတယ်။ သူ့ရဲ့ ဆုတောင်းက

"ငါသည် ဤခွေးမအား မိမိရဲ့ခန္ဓာကိုယ်ကို မငဲ့ကွက်ဘဲ အန်၍ကျွေးလိုက်ရသော ကုသိုလ်ကောင်းမှုကြောင့် နိဗ္ဗာန်ရောက်ရပါလို၏။ နိဗ္ဗာန်မရသေး၍ သံသရာကျင်လည်ရသည်ရှိသော် ပစ္စည်းလာဘ်လာဘ ပေါများရပါလို၏" တဲ့။

စာမှာတော့ အရှင်စူဠနာဂရဲ့  ဒါနစေတနာဟာ ပထမဇောအဆင့်မှာတင် အရှိန်အဟုန်အစွမ်း တော်တော်ကြီးမားနေခဲ့တယ်လို့ ဆိုပါတယ်။

အရှင်စူဠနာဂဆုတောင်းတဲ့နေ့ ညချမ်းမှာပဲ ဒကာ ဒကာမများစွာဟာ ထောပတ်တွေ တင်လဲခဲတွေ သကာတွေ ပျားရည်တွေ ယူလာပြီး “အရှင်စူဠနာဂ ဘယ်ကျောင်းမှာ နေပါသလဲ” လို့ မေးပြီး ရောက်လာကြပါတယ်။ အရှင်စူဠနာဂလည်း ကိုယ့်ကိုယ်ကို အံ့အားသင့်နေပါတယ်။ အရှင်စူဠနာဂဟာ ရောက်လာတဲ့ ဘုဉ်းပေးစရာတွေကို သီတင်းသုံးဖော်ရဟန်းတော်တွေကိုပါ ခွဲဝေလှူဒါန်းလိုက်ပါတယ်။

နောက်မကြာခင်မှာ ဒကာ ဒကာမတွေ ထပ်ရောက်လာပြန်ပါတယ်။ သူတို့ သီဟိုဠ်ခေတ်မှာ အသုံးများတဲ့ ဇာတိပ္ဖိုလ်ပွင့် အစရှိတဲ့ဆေးတွေကို ယူလာပြီး ကပ်လှူပြန်ပါတယ်။ အရှင်စူဠနာဂလည်း ရှေးနည်းအတိုင်း သီတင်းသုံးဖော်တွေကိုပါ ခွဲဝေလှူဒါန်းလိုက်ပါတယ်။

နံနက်လင်းလို့ ဆွမ်းခံကြွတဲ့အခါမှာတော့ ဒကာ ဒကာမတွေဟာ ရေတွက်လို့မရနိုင်လောက်အောင် ဆွမ်းဟင်းများစွာကို လောင်းလှူတော့တာပါပဲတဲ့။

ဘယ်လောက်အထိ ဆွမ်းတွေရသလဲဆိုရင် ထူပါရုံကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ ရဟန်းတော်အားလုံး သုံးဆောင်နိုင်လောက်အောင်အထိ များပြားလွန်းတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အရှင်စူဠနာဂက ကျောက်စည်ကို တီးခတ်ပြီး ထူပါရုံကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ ရဟန်းတော်တွေကို ပြန်ပြီးလောင်းလှူလိုက်ပါတယ်။ နောက်ရက်တွေမှာလည်း အရှင်စူဠနာဂဟာ ရသမျှဆွမ်းဟင်းတွေကို ကျောက်စည်တီးခတ်ပြီး နေ့စဉ်ပြန်လှူခဲ့ပါတယ်။

တစ်နေ့မှာတော့ အရှင်စူဠနာဂဟာ မိမိပြုခဲ့တဲ့ ဒါနစေတနာကို ပြန်ဆင်ခြင်ရင်း ပီတိတွေဖြစ်လာပါတယ်။ အဲဒီဖြစ်ပေါ်လာတဲ့ ပီတိကို အခြခံပြီး ၀ိပဿနာဘက်ကူး ကမ္မဋ္ဌာန်းဘာဝနာကို ကြိုးကြိုးစားစား အားထုတ်လိုက်တာ ရဟန္တာဖြစ်သွားခဲ့ပါတယ်။ တက်ကြွထက်သန်တဲ့ ဒါနစေတနာဟာ ပစ္စုပ္ပန်အကျိုးတင်မကဘဲ အရဟတ္တဖိုလ်အထိ အကျိုးပေးသွားတာပါပဲ။

အရှင်စူဠနာဂ ရဟန္တာဖြစ်ပြီးနောက်ပိုင်း တစ်ခုသောကာလကြာကြာ ရက်တစ်ရက်မှာ ထူပါရုံကျောင်းတိုက်မှာရှိတဲ့ ရဟန်းတော်ငါးရာကြွလာပြီး မဇ္ဈိမဒေသ အိန္ဒိယနိုင်ငံမှာရှိတဲ့ မဟာဗောဓိပင်ကို လိုက်ပို့ပေးဖို့ တောင်းပန်ကြပါတယ်။ အရှင်စူဠနာဂကလည်း လိုက်ပို့ပေးပါမယ်လို့ ပြန်ဝန်ခံလိုက်ပါတယ်။ အရှင်စူဠနာဂကို လိုက်ပို့ပေးဖို့ တောင်းပန်ရခြင်းရဲ့  အဓိကအကြောင်းကတော့ လမ်းခရီးတစ်လျှောက်မှာ ဆွမ်းကွမ်းအခက်အခဲ မရှိအောင်လို့ပါ။

အရှင်စူဠနာဂလည်း ဂတိခံထားတဲ့အတိုင်း ရဟန်းတော်ငါးရာကို မဟာဗောဓိပင်ကို လိုက်ပို့ပေးပါတယ်။ လမ်းခရီးတစ်လျှောက်မှာ နတ်ကောင်းနတ်မြတ်တွေက ကူညီစောင့်ရှောက်သလို ရောက်ရာဒေသက ဒကာ ဒကာမတွေကလည်း ဆွမ်းအချိုပွဲတွေ အလျှံအပယ် လောင်းလှူကြပါတယ်။

မဟာဗောဓိပင်ကိုဖူးပြီး အပြန်ခရီးမှာတော့ အရှင်စူဠနာဂဟာ လေ၀မ်းရောဂါကို အပြင်းအထန်ခံစားရပါတော့တယ်။ ဒီတော့ အတူပါလာသူ ရဟန်းတော်တွေလည်း စိတ်မကောင်းဖြစ်ကြရပါတယ်။ သူတို့စိတ်မကောင်းဖြစ်ကြခြင်းရဲ့  အကြောင်းကတော့ အကယ်၍ အရှင်စူဠနာဂ လမ်းခရီးမှာ ပရိနိဗ္ဗာန်ပြုခဲ့ရင် သူတို့အတွက် ဆွမ်းဘောဇဉ်အခက်အခဲ တွေ့ကြမှာစိုးလို့ပါ။ ဒါကိုသိတဲ့ အရှင်စူဠနာဂက အဖော်ရဟန်းငါးရာကို ဘယ်လိုမိန့်သလဲဆိုတော့ “အရှင်ဘုရားတို့၊ အထွေအထူး မစိုးရိမ်ကြပါနဲ့ ။ တပည့်တော် ပရိနိဗ္ဗာန်ပြုခဲ့ရင် ကြွင်းကျန်တဲ့ တပည့်တော်ရဲ့ ဓါတ်တော်ကို ရှေ့ ဆုံးကကြွတဲ့ မထေရ်ရဲ့  ရေစစ်မှာဖြစ်ဖြစ်၊ သပိတ်မှာဖြစ်ဖြစ် ဖွဲ့ ချည်ပြီး မြို့ ရွာထဲ ၀င်ပါဘုရား။ ဒါဆို အရှင်ဘုရားတို့အတွက် လမ်းခရီးမှာ ပစ္စည်းလေးပါးအတွက် မပင်မပန်းဖြစ်ရပါလိမ့်မယ်ဘုရား။” လို့ အကြံပေးတော်မူပါတယ်။

အရှင်စူဠနာဂမထေရ်လည်း အဲဒီလိုအကြံပေးပြီး မကြာခင်မှာပဲ ပရိနိဗ္ဗာန်ပြုသွားပါတယ်။ ကျန်ခဲ့တဲ့ သတင်းသုံးဖော်ရဟန်းတော်တွေက အရှင်စူဠနာဂရဲ့  အလောင်းတော်ကို ကောင်းကောင်းသဂြိုလ်ပြီး အရှင်စူဠနာဂမှာခဲ့တဲ့အတိုင်း ဓါတ်တော်တွေကိုယူပြီး ကြွတော်မူကြပါတယ်။ ကြွတော်မူတဲ့ လမ်းခရီးတစ်လျှောက် ပစ္စည်းလေးပါးမပင်မပန်းနဲ့  မိမိတို့သီတင်းသုံးရာ သီဟိုဠ်ကျွန်း ထူပါရုံကျောင်းတိုက်ကို ပြန်ရောက်ခဲ့တယ်လို့ဆိုပါတယ်။

စေတနာကြီးမားလှတဲ့ သာမန်ဒါနလေးဟာ ကာယကံရှင်မရှိတော့တာတောင် ကျန်ခဲ့သူတွေအတွက် အကျိုးပြုသွားတဲ့ သီဟိုဠ်ဓမ္မ၀တ္ထုလေးပါ။ စေတနာရဲ့  သဘောသရုပ်ကို ဖွင့်ပြခဲ့တဲ့ ၀တ္ထုလေးအဖြစ်လည်း ပူးတွဲသဘောပေါက်လိုက်ရပါတယ်။

အရှင်စူဠနာဂရဲ့ ဝတ္ထုလေးကို သတိရနေသမျှတော့ ခွေးတွေကို ကျွေးဖြစ်နေအုံးမှာပါ။

ခွေးတွေကို ကျွေးဖြစ်နေသမျှတော့ အရှင်စူဠနာဂရဲ့  ၀တ္ထုလေးကို သတိရနေဖြစ်အုံးမှာပါ။


ကျမ်းကိုး

မဓုရ ရသ၀ါဟိနီကျမ်း - စူဠနာဂမထေရ်ဝတ္ထု

(နှာ ၃၇၁-၃၈၀)

ရဝေနွယ် (အင်းမ)

Shared from Ma Sai Mon

နေရင်းထိုင်ရင်း... သွားရင်းလာရင်း...



လူတွေက ကိုယ်ဘယ်တော့ သေရမလဲဆိုတာကို မသိနိုင်ကြဘူး။ မသိနိုင်ကြတာထက် ပိုဆိုးတာက သေမယ်လို့ကို မထင်တာ။ အစီအစဉ်တွေချကြတယ်။ အဲဒီအစီအစဉ်တွေ မပြီးမြောက်ခင် (သို့) မစကို မစလိုက်နိုင်ခင်မှာပဲ အချိန်မရွေး သေသွားနိုင်တယ်ဆိုတာကို မဆင်ခြင်မိကြတာ များပါတယ် (ခိုင် အပါအ၀င်ပေါ့)။ အဲဒီတော့ တရားအားထုတ်ဖို့ဆိုလည်း ပင်စင်ယူပြီးမှ၊ အသက်ကြီးမှ၊ ကျောင်းပြီးမှ၊ အလုပ်ကိစ္စတွေ ရှင်းလင်းပြီးလို့ အချိန်တွေ အားသွားတော့မှ ဆိုပြီး ရွှေ့နေကြတာ။
တကယ်တမ်းကတော့... ပင်စင်မယူမီ၊ အသက်ကြီးခွင့် မရလိုက်မီ၊ ကျောင်းလေးတောင် ပြီးအောင် မတက်နိုင်ခင်၊ အလုပ်ကိစ္စတွေအားလုံး မရှင်းလင်း မပြီးမြောက်နိုင်သေးခင်မှာကိုပဲသေသွားနိုင်ပါတယ်။ စီစဉ်ထားတာတွေ ဘာမှဖြစ်မလာခင်၊ မပြီးမြောက်ခင်မှာတင်ကိုပဲ သေမင်းက ၀ရုန်းသုန်းကားနဲ့ လာခေါ်ရင် ကမန်းကတန်း ကောက်ထပြီး လိုက်သွားလိုက်ရမှာ။

အရှင်ဆန္ဒာဓိက ဟောထားသလိုပေါ့... အားမှ သေမှာလား၊ သေမှ အားမှာလား... ဆိုတာ။ ခိုင်ကလည်း လောလောဆယ် စာမေးပွဲတွေ ဖြေထားတော့ စာမေးပွဲဥပမာတွေပဲ စဉ်းစားမိနေတယ်။ ဥပမာ... မနက်ဖြန် အရေးကြီးတဲ့ ခက်ခဲတဲ့ စာမေးပွဲကြီးတစ်ခု ဖြေရမယ် ဆိုရင် သေချာတာက ဒီနေ့မှာ ငါးရံ့ပြာလူး ဖြစ်နေမှာပဲ။ စိုးရိမ်ပူပန်မှုတွေနဲ့ စာနဲ့ ခေါင်းနဲ့မခွါနိုင်အောင် ဖတ်နေရမှာ။ အဲဒီလို ကိုယ့်အတွက် အရေးကြီးတဲ့ စာမေးပွဲဖြေရတော့မယ့်အချိန်မှာ တစ်ယောက်ယောက်က လာပြောတယ်... နင့်ရဲ့ သေခြင်းတရားက အချိန်မရွေး ရောက်လာနိုင်တယ်နော်... ဒီနေ့ တရားလေးမရရအောင် ထိုင်လိုက်၊ မှတ်လိုက်ပါဦးဆိုရင် (မှတ်နေကျသူ မဟုတ်ခဲ့ရင်) လာပြောတဲ့သူကို ဒေါသတောင် ထွက်လိုက်ဦးမယ်။ ... ငါ ဒီလောက် စိတ်ပင်ပန်း၊ လူပင်ပန်းပြီး အရေးကြီးနေတာကို ဒါတွေ လာပြောနေသေးတယ် ဆိုပြီးတော့ပေါ့။

မဟုတ်မှ လွဲရော၊ မသေမှ ရှင်ရော... တကယ်တမ်းသာ စာမေးပွဲကြီးက မနက်ဖြန် နေ့လယ် ၁ နာရီမှာ ဖြေရမယ်။ ကိုယ်သက်တမ်းက မနက် ၁၁း၃၀ မှာတင် ကုန်နေပြီဆိုရင် ဘယ်လိုလုပ်ကြမလဲ။ ဖတ်လို့မပြီးသေးတဲ့ စာမျက်နှာတွေကိုပဲ ထိုင်ဖတ်ရမှာလား၊ တရားပဲ ထအားထုတ်ရမှာလား။ (စာမေးပွဲ ဖြေဖို့သွားရင်း... ကျောင်းမရောက်ခင် သေခဲ့သူတွေလည်း နည်းမှာ မဟုတ်တော့ဘူးနော်။ အရေးကြီးတဲ့ အလုပ်အစည်းအဝေး မသွားမီ အကြောင်းကြောင်းကြောင့် သေခဲ့ရသူတွေလည်း ရေလို့ကုန်နိုင်မှာ မဟုတ်တော့ဘူး။)

ဟိုတစ်လောက ဖတ်လိုက်ရတဲ့ တရားလေးကို တော်တော်သဘောကျမိပါတယ်။
ပြောနေကျ၊ သုံးနှုန်းနေကျ စကားပုံလေးကို အမှန်ကန်ဆုံးဖြစ်အောင် ပြန်ပြုပြင်ထားတဲ့ စာလေးပါ...
ငယ်တဲ့အရွယ်မှာ ပညာလည်းရှာ၊ တရားလည်းရှာ...
လတ်တဲ့အရွယ်မှာ စီးပွားလည်းရှာ၊ တရားလည်းရှာ...
ကြီးတဲ့အရွယ်မှာ တရားလည်းရှာ၊ တရားလည်းဆက်ရှာ... တဲ့။ အရှင်ဆန္ဒာဓိက ဟောထားသလိုမျိုး... ဘုရားကတော့ ၀င်သက် မထွက်မီ နဲ့ ထွက်သက် မ၀င်မီမှာကိုတင် သေနိုင်တယ်လို့ နှလုံးသွင်းပြီး တရားအားထုတ်ရမယ်တဲ့။ ဒါပေမယ့် သေမယ်လို့ကို မထင်ထားတဲ့ ခိုင်တို့လို သာမန်လူတွေအနေနဲ့ကတော့ အဲဒီလောက်ကြီး နီးနီးကပ်ကပ် သေခြင်းတရားကို နှလုံးမသွင်းနိုင်ရင်တောင် ဒီနေ့က ဒီဘ၀ရဲ့ နောက်ဆုံး အသက်ရှင်ရမယ့်နေ့။ မနက်ဖြန်ဆိုရင် သေရတော့မယ်လို့ကို နှလုံးသွင်းလိုက်ပါတော့တဲ့။

အဲဒီလိုလုပ်မှပဲ ဘာမပြော၊ ညာမပြော အချိန်မရွေး လာခေါ်မယ့် သေမင်းနောက်ကို စိတ်ချလက်ချ အေးအေးချမ်းချမ်းလေး လိုက်နိုင်မယ် ထင်ပါတယ်။
ခိုင် စဉ်းစားမိတာလေးကို ပြန်ပြောပြရုံပါ။ ကိုယ်တိုင်ကတေ့ အစချီဖို့ ချီမယ့်အစကို လိုက်ရှာနေရတုန်းပါ... :)
ခိုင်ခိုင်

http://www.mediafire.com/?z4ewrbogxzubfqy.

Thursday, May 24, 2012

May23 အင်တာနက်ကို အကျိုးရှိစွာ သုံးကြပါစို့လို့တိုက်တွန်းရင် အွန်းလိုင်းကနေ ၀ိပဿနာ ဆရာ၊ ဆရာမ အကူအညီနဲ့ တရားထိုင်ကြရအောင်........

internet ယောဂီမသန္တာအောင်၏ postမှ..ဘာကြောင့်ဒီပိုစ့်လေးရေးရလည်းဆိုရင် ဒီနေ့ ထမင်းစားရင်းနဲ့ ညီမတစ်ယောက်က အစ်မ အွန်းလိုင်းတရား ဘယ်လိုထိုင်တာလည်း ရုံးမှာလားတဲ့။ ဒါနဲ့ရှင်းပြပေါ့။

တကယ်တော့ အနားမှာဆရာ၊ ဆရာမတွေ က လာသင်ပေးသလို့ ကွန်ပြူတာလေးဖွင့်ပြီး တရားထိုင်နေတဲ့ယောဂီများနဲ့ ဖုန်းယောဂီများကို တဖက်က ဆရာ၊ ဆရာမ က အွန်းလိုင်းကနေကြည့်ပြီး တငါငါအစွဲတွေဖြုတ်တတ်ဖို့ နှလုံးသွင်းမှန်ဖို့ ကျင့်နည်းမှန်ဖို့  အတွက် သတိအစဉ်ကပ်ရန် သတိပေးရင်း မရပ်မနား ပြောဆိုဆုံးမ သင်ပြပေးနေခြင်းဖြင့် လေ့ကျင့်ပေးနေခြင်းဖြစ်ပါတယ်။

ဘယ်လိုလုပ်ဆရာမနဲ့တွေ့တာလည်း ဘယ်သူမိတ်ဆက်ပေးတာလည်းဆိုရင်တော့ (Google) ပေါ့။

တနေ့မှာ ကျမ Google မှာရှာဖွေရင်းနဲ့ ဆရာမ မမေသက်ရဲ့ ၀က်ဆိုဒ် (http://maythetwin.multiply.com) သွားတွေ့ပါတယ်။ ဒါနဲ့ ဖတ်ရင်းကျမ တရားထိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။

ဘာကြောင့်လည်းဆိုတော့ ကျမက တရားတွေသာနာပြီ ကျင့်ကြံအားထုတ်မှု့အဆင့်က သုံညအဆင့်မို့ပါ။ ကျမက ဒီဘ၀မှာအနည်းဆုံးတော့ သောတပန်ဖြစ်ချင်တာလေ (ကျမရဲ့ဘ၀ရည်ရွယ်ချက်ပေါ့)။

ဒါနဲ့ ဆရာမဆီ စာလှမ်းရေးလိုက်ပါတယ် အွန်းလိုင်း တရားထိုင်လိုကြောင်းပေါ့။ များမကြာခင်မှာပဲ ဆရာမရဲ့ အီးမေလ် လေးဝင်လာပါတယ် အပါတ်စဉ် (အင်္ဂါ ဗုဒ္ဓဟူး ကြာသပတေး သောကြာနေ့)

စင်္ကာပူအချိန် ၆ခွဲ ကနေ ၇ခွဲအထိ( ထိုင်းအချိန်၅ခွဲ မှ ၆ခွဲ ) မြန်မာတွေ အတွက် အချိန်တချိန်ရှိပါတယ်။

တနင်္ဂနွေအားရင် အင်တာနက်ယောဂီအဖြစ် စင်္ကာပူအချိန် ၉နာရီ(ထိုင်းအချိန်၈နာ၇ီ ) လိုက်ထိုင်ကျင့်လို့ ရပါတယ်။ နေ့ပိုင်း စင်္ကာပူ ၂နာ၇ီ (ထိုင်း၁နာ၇ီ )အချိန်တွေ လိုက်ကျင့် လို့  လည်းရပါတယ်။ တနင်္ဂနွေတိုင်း ဘုန်းကြီးကျောင်းမှာ တရက်တရားစခန်း ရှိပါတယ်။ အဲ့ကနေ တရားပေးပေးမှာပါ။ ဆိုတဲ့စာပေါ့။

ဒါနဲ့ပဲ ၀မ်းမြောက်ဝမ်းသာ SKYPE ကောင့်လေး ရှိပြီးသားလေး Password မမှတ်မိတာလေးကို (Forgotten password) လုပ်ပြီ ပြင်ဆင်ပါတယ်။

SkyPe မရှိသူများ http://www.skype.com/intl/en/home ၀က်ဆိုဒ်ကိုသွားပြီး ဒေါင်းလုပ်လုပ်ပါ ပြီးရင် အကောင့်အသစ်လေး အလကားလုပ်လို့ရပါတယ်။


"သီလ၊သမာဓိ၊ပညာ" ၀ိပဿနာတရားစခန်း၊ချင်းမိုင်မြို့ ၊ထိုင်းနိုင်ငံ

http://www.dhammadownload.com/Sayamalay-MayThet-news.htm

အင်တာနက်မှ တရားဥာဏ်အကူညီပေးချိန်များတွင်လည်း လာရောက်တရားထိုင်နိုင်ကြပါသည်။

Contact No: +66-8-7576-3062

Email: globe9win@gmail.com, purewhite.9win@gmail.com

Messengers: Skype,Yahoo, Hotmail, Oovoo { User Name "globe9win" }

Website: http://maythetwin.multiply.com


"ကိုယ့်စိတ်ကိုယ်စစ် ကမ္မဋ္ဌာန်းရိပ်သာ" မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့

kotseikkosit@gmail.com

http://kotseikkosit.multiply.com/

Posted 18 hours ago by Thandar Aung
2View comments




*** အွန်လိုင်း ပေါ်က ဗုဒ္ဓဘာသာဝင်တစ်ချို့  ဆင်ခြင်ဖို့ ***

ချမ်းချမ်း အင်တာနက် သုံးတာ နှစ်နှစ်နီးပါး ကာလအတွင်းမှာ ဖတ်ခဲ့သမျှ Post တွေ Comment တွေ နဲ့ ပက်သက်ပြီး ရင်ထဲ၇ှိတာ ဝေဖန်ဆွေးနွေးချင်တဲ့အကြောင်းလေးပါ။

လူတစ်ကိုယ် စိတ်တစ်မျိုးမို့ ခံယူချက်တွေ၊ ထင်မြင်ချက်တွေ ခံစားချက်တွေ တူချင်မှလည်း တူလိမ့်မယ်။ အခုရေးတဲ့ပိုစ့်ဟာ

အွန်လိုင်းပေါ်မှာ တွေ့ ခဲ့ရတဲ့ အဆဲသန်တဲ့ တစ်ချို့ သောဗုဒ္ဓဘာသာဝင် သူငယ်ချင်း တွေကို ချမ်းချမ်းသိထားတာတွေကို ပြန်လည်မျှဝေတဲ့သဘောပါ။

အမှားပါရင်တော့ ခွင့်လွှတ်ပေးပါလို့  ကြိုတောင်းပန်ပါတယ်။

စာပေလောကမှာ ပုံနှိပ်တိုက် ထောင်ပြီး အကျိုးအမြတ်အတွက် စာအုပ်တွေထုတ်ဝေနေတဲ့စီးပွါးရေးသမားတွေ၊ အချစ်ဝတ္ထုတွေ၊ရေးရင်းနာမည်ကြီးပြီးချမ်းသာ

သွားကြတဲ့ စာရေးဆရာမတွေ ရဲ့ ဘ၀ နဲ့ စာရင် ချမ်းချမ်းတော့ အင်တာနက်ပေါ်က Site ပိုင်၇ှင်များနဲ့ စေတနာရှင် စာရေးတဲ့သံဃာတော်များ

၊ဘလောဒ့်ဂါများနဲ့ ပိုစ့်ရေးကြတဲ့သူများအားလုံးကို အရမ်းလေးစားအားကျမိတယ်။ ဘာလို့ လဲဆိုတော့ အင်တာနက်ပေါ်မှာဖတ်ခဲ့ရတဲ့ စာတွေအားလုံးဟာ

စိတ်ကူးယဉ်အချစ်ဇာတ်လမ်း.တွေမဟုတ်ပဲ ဘ၀အမြင်၊လောကအမြင်နဲ့ ကိုယ်သိသမှ ခံစားမိသမျှ ပြန်လည်မျှဝေပေးတဲ့ ရသစာတွေ ဖတ်ရလို့ ပါပဲ။

အင်တာနက်ပေါ်က ဆိုဒ်ပိုင်ရှင်တွေဟာပိုက်ဆံအကုန်ခံပြီး Site တွေ BlogSpot ၀ယ် ပြီးကိုယ်ကျိုးစီးပွါးအတွက် မဟုတ်ပဲ စေတနာသက်သက်နဲ့ 

စီးပွါးရေး၊လူမှုရေး၊ဘာသာရေး၊ဘ၀အမြင်တွေ ဆောင်ရန် ရှောင်ရန်ဗဟုသုတစာပေ တော်တော်များများ ကို မျှဝေပေးနေသလို Blogger များနဲ့  Site တွေမှာ Post တင်တဲ့

သူတော်တော် များများဟာ လူငယ်တွေ အသိအလိမ်မာရှိဖို့ ၊အတွေးအခေါ်တွေရင့်ကျက်ဖို့ ၊ငွေရဖို့ အတွက်မဟုတ်ပဲ အချိန်အကုန်ခံပြီး ၀ါသနာအရ စာပေတွေမျှဝေပေးတာဟာ

ပညာဒါန ပြုနေကြတာပါ။ ၃၈ ဖြာမင်္ဂလာတရားထဲမှာ အသိပညာ ဗဟုသုတ နဲ့ ပြည့်စုံတာလည်းမင်္ဂလာတစ်ပါး လို ဗုဒ္ဓဘုရားရှင်ဟောထားပါတယ်။အပြင်က ဆောင်းပါးတစ်ပုဒ်နဲ့  အင်တာနက်ပေါ်က ဆောင်းပါးတစ်ပုဒ် ယှဉ်ကြည့်ရအောင်။

စာဖတ်တဲ့သူတွေအနေနဲ့ အပြင်က ဆောင်းပါးတစ်ပုဒ်ကို မနှစ်သက်ဘူး ဆိုရင် မူရင်းရေးတဲ့သူ

ကိုတိုက်ရိုက်ဝေဖန်စာရေးလို့ မရဘူး။ အဲ့ဒီစာရေးဆရာကိုမကျေနပ်ရင်လဲ တိုက်ရိုက် ဆဲလို့ မ၇ဘူး။ ကိုယ့်အတွေးကိုယ့်ခံယူချက်နဲ့ မကိုက်လို့ ပြိုင်ပြီးငြင်းလို့ လဲမရဘူး။

ဒါ့ကြောင့် အပြင်က စာရေးတဲ့သူတွေဟာ စာတစ်ပုဒ်ရေးတိုင်းသူတို့ အတွက်ထိုက်တန်တဲ့ 

ပိုက်ဆံကရပြီးသားပဲ၊ မကြိုက်တဲ့သူမဖတ်နဲ့ ကြိုက်တဲ့သူဖတ်။ တိုက်ရိုက်ဝေဖန်ဆဲဆိုတာမခံရတော့ နားပူသက်သာတယ်။ အင်တာနက်ပေါ်က ပိုစ့်ရေးကြတဲ့ သူတော်တော်များများကတော့

ပိုက်ဆံရဖို့ ပိုစ့်ရေးနေကြတာမဟုတ်ပါဘူး၊ တစ်ကယ်လို့ ကိုယ်ရေးလိုက်တဲ့ပိုစ့်ဟာ ဖတ်တဲ့သူရဲ့ စိတ်နဲ့ မကိုက်ရင်လဲ အပြစ်တင်ခံရတယ်။

Post တိုင်းမှာ ဖတ်တဲ့သူအတွက် Comment ရေးဖို့ အခွင့်အရေး၇ှိပါတယ်။Comment ဆိုတာကလည်း စာရေးတဲ့သူနဲ့ စာဖတ်တဲ့သူ ကြားက အတွေးအမြင်

တွေဖလှယ်တဲ့သဘော။အားပေးတဲ့သဘော ဝေဖန်ဆွေးနွေးတဲ့ သဘောလောက်ပဲ ရှိသင့်ပါတယ်။ ကိုယ်ထင်မြင်ရာ တစ်ဖက်သတ် ရမ်းပြီး

လူမျိုးခြား နဲ့ တစ်ခြားသောဘာသာဝင်တွေကိုရိုင်းရိုင်းစိုင်းစိုင်းဆဲဖို့ တော့ လုံးဝ မဖြစ်သင့်ပါဘူး။

အထူးသဖြင့် နိုင်ငံရေး ဘာသာရေးနဲ့ ပက်သက်တဲ့ Comment ပြဿနာတွေ မန်ဘာအချင်းချင်းအဆင်မပြေတာတွေ

တော်တော်များများ အွန်လိုင်းပေါ်မှာ တွေ့ နေရပါတယ်။

လွန်ခဲ့တဲ့ ၇ လကျော်လောက်တုန်းက

facebook မှာ အမေစုနာမည်နဲ့ အကောင့်ဖွင့်ပြီး အမေ နဲ့ စုNLD အဖွဲ့ ဝင်တွေကို ရိုင်းရိုင်းစိုင်းစိုင်း ဆဲထားတဲ့ သူတစ်ယောက် တွေ့ လိုက်ရတယ်။

အမေစုကိုလည်း မိန်းမပျက်တစ်ယောက်လို သတ်မှတ်ပြီး ဆဲနည်းပေါင်းစုံနဲ့ ဆဲထားလိုက်တာ တော်တော်လေးကြောက်စရာကောင်းတယ်။

ချမ်းချမ်းဘ၀ မှာ အဲဒီလောက် အောက်တန်းကျတဲ့သူ တစ်ခါမှမတွေ့ ဖူးဘူး၊ရိုင်းစိုင်းပါတယ်ဆိုတဲ့ငါးစိမ်းသည်ထက် အဆပေါင်းများစွာ ယုတ်ညံ့တဲ့ စကားလုံတွေနဲ့ ဆဲထားတာလည်း

မိုးမွှန်နေတာပဲ။အဲ့ဒီဆဲတဲ့ သူဟာ လူ လာဖြစ်ပေမယ့် လူတစ်ယောက်လို စဉ်းစားဆင်ခြင်နိုင်တဲ့အသိညဏ် ရှိမယ့်ပုံမပေါ်ဘူး။

အမေစုကို ဆဲလိုက်လို့ အမေစုရဲ့ ဂုဏ်သိက္ခာ ကျမသွားဘူး၊ အမေစုငရဲမကျသွားဘူး၊ အမေစုဘာမှဖြစ်မသွားဘူး၊ကိုယ်တိုင်ပဲ အကုသိုလ်ဖြစ်တယ်၊ကိုယ်တိုင်ပဲငရဲကျတယ်။

ပြီးတော့ ဖတ်လိုက်ရတဲ့ တခြားသူလဲ စိတ်ရှုပ်ရ၊ဒေါသထွက်ရတယ်။

မေတ္တာ၇ှင် (ရွှေပြည်သာ) အ၇ှင်ဇ၀န ရဲ့ **ဘ၀နဲ့ ရင်းရသော အတွေးအမြင်များ**စာအုပ်ထဲမှာ

လူသားတိုင်းကြုံရမယ့် ဘေးနှစ်မျိုးရှိပါတယ်။အဲ့ဒါကတော့

(၁) ပရာနုဝါဒဘေး

(၂) အတ္တာနုဝါဒဘေး

(၁) ပရာနုဝါဒဘေး....ဆိုတာ သူတစ်ပါးက ကဲ့ရဲ့ အပုတ်ချ စွပ်စွဲခံရတဲ့ဘေးပါ။အဲ့ဒီဘေးကို လူတိုင်းကြုံဖူးကြပါလိမ့်မယ်။ ဘုရား၊ရဟန္တာ တွေတောင်မှ မလွတ်ပါဘူး၊

အဲ့ဒီဘေးမှာ ကိုယ်က အမှန်တစ်ကယ်အပြစ်ကင်းနေရင် သီလ လုံခြုံနေရင် ကိုယ့်ကို ငရဲကျအောင် မပို့ ပေးနိုင်ဘူး။ ကိုယ့်ကိုယ် ဆဲတဲ့သူပဲ ငရဲကျပါတယ်။

တစ်ကယ်လို့ အဆဲခံလိုက်ရတဲ့ ပုဂ္ဂိုလ်ဟာ သီလ လုံခြုံနေရင် တစ်ကယ် သူတော်ကောင်းဖြစ်နေရင် ဆဲလိုက်တဲ့သူဟာ ဘ၀မကူးပါဘူး၊ဒီဘ၀မှာပဲ ဘေးဆိုးကြုံရပါတယ်။

အသေဆိုးနဲ့ သေရပါတယ်။ ဘုရားကိုစွပ်စွဲပုတ်ခတ်စော်ကားခဲ့တဲ့ စိဉ္စမာန မိန်းမဟာ ချက်ချင်းမြေမြိုခံရသလို သုန္ဒရီ ဟာလည်းအသေဆိုးနဲ့ သေခဲ့ရပါတယ်။

(၂) အတ္တာနုဝါဒဘေး...ဆိုတာက ကိုယ့်ကိုယ် ကိုယ် ပြန်လည်အပြစ်တင်ကဲ့ရဲ့ တဲ့ ဘေးပါ။ အဲ့ဒီဘေးကတော့ သူတစ်ပါးမစွပ်စွဲပေမယ့် ကိုယ့်လုပ်

ခဲ့တဲ့ အကုသိုလ်ကို သူများမသိပေမယ့် ကိုယ်ပဲသိလို့  ကိုယ်တိုင်ငရဲကျနိုင်တဲ့ဘေးပါ။ အပြင်ပန်းသူတစ်ပါးအထင်ကြီးအောင် ချီးမွမ်းအောင် နေပြီး

ကိုယ်တိုင်က လူမသိ သူမသိ မဟုတ်တာတွေ အကုသိုလ်တွေလုပ်နေရင်တော့ အဲ့ဒီဘေးဟာ ငရဲကလည်းမလွတ်နိုင်ပါဘူး။

အခု..အမေစုကို ပုတ်ခတ်စော်ကားတဲ့သူဟာ အမေစုသာ တစ်ကယ် သီလနဲ့ ပြည့်စုံနေရင် တစ်ကယ် ပြည်သူအတွက် အနစ်နာခံ တယ်ဆိုရင် ဆဲတဲ့သူပဲ

အပြစ်ပိုကြီးပါတယ်။ အမေစုရဲ့ ကိုယ်ကျင့်တရားတွေ စိတ်ဓါတ်တွေ အောက်တန်းကျမသွားဘူး။

မြတ်စွာဘုရား ၇ှင်ကိုယ်တိုင် တရားနာပရိတ်တွေေ၇ှ့ မှာပုတ်ခတ်ဆဲဆိုတာ ခံရဖူးပါတယ်။အဲ့ဒီအခါ ဘုရားရှင်က ဆဲတဲ့သူကို လက်ဆောင်တစ်ခုနဲ့ ဥပမာပေးပါတယ်။

***အကယ်၍ ငါဘုရားကို သင်ကလက်ဆောင် တစ်ခု ပစ္စည်းတစ်ခု လာပေးတဲ့အခါ ငါဘုရားက လက်မခံရင် အဲ့ဒီလက်ဆောင်ဟာ မူလပိုင်ရှင်ဖြစ်တဲ့ သင့်

လက်ထဲပဲပြန်ရောက်သွားလိမ့်မယ်။

အခုလဲ ငါဘုရား ကိုလာဆဲတဲ့အခါ ငါဘုရားက လက်မခံဘူး၊ဒေါသမဖြစ်ဘူး၊ပြန်မဆဲဘူး ဆိုရင် အဲ့ဒီအကုသိုလ်ဟာ မူလ ဆဲတဲ့သူကိုပဲ ပြန်အကျိုးပေးလိမ့်မယ်တဲ့”။

.**၀စီဗေဒ ထိထိုင်းရှ*** ဆိုပြီး မြန်မာစကားပုံလဲ ၇ှိတယ်လေ။ဒါ့ကြောင့် အရေမရ အဖတ်မရ ရိုင်းရိုင်းစိုင်းစိုင်းဆဲတာ ရှောင်ကြပါ။

တစ်ခါတစ်လေ တစ်ချို့ ပိုစ့်တွေမှာ ဗုဒ္ဓဘာသာဝင် မြန်မာတွေက ဘာသာခြားလူမျိုးခြားတွေကို ”အမျိုးယုတ်တွေ ကိုမုန်းတယ် အဲ့ဒီကုလားမျိုးတွေ ကမ္ဘာမြေပေါ်က နေပျောက်သွားပါစေ”

.“ ကုလားတွေဆို ရွံတယ် တဲ့” အဲ့ဒီလို Comment မျိုးတွေ တစ်ချို့ ဆိုဒ်တော်တော်များများမှာ ခဏခဏ တွေ့ ဘူးတယ်။

အဲ့ဒီComment တွေမြင်ရတိုင်း ဗုဒ္ဓသာသနာတော်အတွက် စိတ်မကောင်းဖြစ်မိပါတယ်။

ဆိုဒ်တိုင်းမှာ ဖောင်ဒါတွေနဲ့ အက်ဒ်မင်တွေကိုယ်တိုင် နိုင်ငံရေး၊ဘာသာရေးနဲ့ ပက်သက်ပြီး ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုတာ တားမြစ်ထားပါတယ်။

တစ်ချို့ က ငါ့ပါးစပ်နဲ့ ငါဆဲတာ ငါ့အကုသိုလ် ငါ၇ှာတာ သူများကို ငရဲပေးတာမဟုတ်ဘူးလို့ ဆင်ခြေပေးချင်တဲ့သူတွေ ၇ှိပါလိမ့်မယ်။

ဗုဒ္ဓဘာသာမှာ ကိုယ်ဖြစ်ကိုယ်ခံ ဆိုတော့ ကိုယ်စိတ်ထင်ရာ လုပ်လို့ သူတစ်ပါးကို မထိခိုက်ဘူး ထင်ပါလိမ့်မယ်။

သူတစ်ပါးကို မထိခိုက်ပေမယ့် ကိုယ့်လုပ်ရပ်ကြောင့် ကိုယ့်ရဲ့ အမျိုး ၊ဘာသာ ၊သာသနာကို ထိခိုက်နေတာ သတိပြုမိကြဘူး။

ဗုဒ္ဓဘာသာဝင်တွေအတွက်မှတ်သားစရာ မြတ်စွာဘုရားရဲ့ အဆုံးအမ လေးတစ်ခုရှိပါတယ်။

သားတော် ရာဟုလာ သာသနာ့ဘောင်ထဲစ၀င်တော့ အသက်က ၇ နှစ်သားလောက်ပဲ ၇ှိတာမို့ တခြား သောရဟန်းတွေလို ၀ိနည်းတွေ သိက္ခာပုဒ်တွေ ထိန်းရအောင်

အသိညဏ်က ကလေးသာသာ ရှိသေးလို့  မရင့်ကျက်သေးတော့ ဘုရား၇ှင်က စကားသုံးခွန်း နဲ့ ပထမဦးဆုံး လိုက်နာဆင်ခြင်ဖို့ ဆုံးမပါတယ်။

***ချစ်သား ရာဟုလာ ကာယကံ(ကိုယ်အမူအရာ) နဲ့ ပြုလုပ်မယ့် အလုပ်တစ်ခု လုပ်မယ်ဆိုရင် မလုပ်ခင် အရင်စဉ်းစားပါ။ဆိုလိုတာက (အရင်ဆုံးသတိထားပါ)။ ငါ့အတွက် ဒါမှမဟုတ်

သူတစ်ပါး

အတွက် ထိခိုက်နစ်နာမယ်ဆိုရင် အဲ့ဒီအလုပ်ကိုမလုပ်ပါနဲ့ ။တစ်ကယ်လို့ အရင်မစဉ်းစားမိဘဲနဲ့ လုပ်မိသွားတယ်ဆိုရင်တောင် လုပ်နေတုန်းမှာ စဉ်းစားပါ။(သတိထားပါ၊)

ငါသူတစ်ပါး ထိခိုက်နစ်နာ နိုင်မယ် ဆိုရင် ဆက်မလုပ်ပါနဲ့ ချက်ချင်းရပ်ပစ်ပါ။ တစ်ကယ်လို့ လုပ်နေတုန်းမှာ သတိမထားမိလို့ လုပ်ပြီးသွားခဲ့ရင်တောင် ငါလုပ်ခဲ့တာဟာ ငါ့အတွက်

ဒါမှမဟုတ်သူတစ်ပါးအတွက် ထိခိုက်နစ်နာသွားသလားဆိုတာကို ပြန်စဉ်းစားပါ။တစ်ကယ်လို့ ငါ့ အတွက် သူတစ်ပါး အတွက် ထိခိုက်သွားတယ်ဆိုရင် နောက် ဘယ်တော့မှ

ထပ်မလုပ်မိပါစေနဲ့ ။

ဝစီကံ (နှုတ်အမူအရာ) နဲ့ ပြောဆိုမယ့်စကားတစ်ခွန်းကိုလည်း မပြောခင်မှာ အရင်စဉ်းစားပါ။ငါ့ အတွက် သူတစ်ပါး အတွက်ထိခိုက်နစ်နာ နိုင်မယ်ဆိုရင် မပြောမိပါစေနဲ့ ။

တစ်ကယ်လို့ 

မစဉ်းစားမိဘဲပြောမိသွားခဲ့ရင်တောင် ပြောနေတုန်းမှာ သတိထားပါ။ငါ့အတွက် သူတစ်ပါး အတွက် ထိခိုက်နိုင်မယ် ဆိုရင် ဆက်မပြောပါနဲ့ ချက်ချင်းရပ်လိုက်ပါ။

တစ်ကယ်လို့ သတိမထားမိဘဲ ပြောပြီးသွားခဲ့ရင်တောင် ပြန်စဉ်းစားပါ။ငါ့ အတွက် သူတစ်ပါးအတွက် ထိခိုက်နစ်နာသွားတယ်ဆိုရင် နောက်အဲ့ဒီစကားကိုဘယ်တော့မှ

ထပ်မပြောမိပါစေနဲ့ ။

မနောကံ( စိတ်အမူအရာ )နဲ့  စဉ်းစားကြံစည်မယ့်အရာကိုလည်း မစဉ်းစားခင် မကြံစည်ခင် သတိထားပါ။ငါ့အတွက် သူတစ်ပါးအတွက် ထိခိုက်နစ်နာမယ့် အတွေးမျိုး

စိတ်မျိုးဆိုရင် မတွေးမိ

မကြံမိအောင် အရင်စဉ်းစားပါ။တစ်ကယ်လို့ တွေးမိသွားတယ်ဆိုရင်တောင် သတိထားပါ၊ ငါ့အတွက် သူတစ်ပါးအတွက် ထိခိုက်နစ်နာနိုင်တယ်ဆိုရင်

ဆက်မတွေးပဲချက်ချင်းအတွေးကို၇ပ်ပစ်လိုက်ပါ။

တစ်ကယ်လို့ တွေး မိပြီးသွားပြီဆိုရင်တောင် ပြန်စဉ်းစားပါ။ငါ့အတွက် သူတစ်ပါးအတွက် ထိခိုက်နစ်နာသွားတယ်ဆိုရင် နောက်ဘယ်တော့မှ အဲ့ဒီအတွေးကိုထပ်မတွေးမိပါစေနဲ့ ***

ဒါက ၇ နှစ်သားအရွယ် ကလေးလေးတစ်ယောက် လိုက်နာကျင့်ကြံရမယ့် ဘုရားကပေးတဲ့ ရိုးရှင်းတဲ့အဆုံးအမနည်းလေးပါ။ အခု တစ်ချို့ ဗုဒ္ဓဘာသာဝင်တွေကိုယ်တိုင်

တခြားသော လူမျိုးခြား၊ဘာသာခြားတွေကို ဆဲဆိုလိုက်တာဟာ ၀စီကံ နဲ့ မနောကံ ပြစ်မှုကိုကျုးလွန်တာပဲ။

လူကိုယ်တိုင်ဆဲမရလို့ စာနဲ့ ရိုင်းရိုင်းစိုင်းစိုင်းသုံးနှုန်းပြီးရေးထားတာလဲ ၀စီကံ နဲ့ မနောကံထိုက်တာပါပဲ။

မဆဲခင်မှာ ငါဆဲလိုက်ရင် ငါ့အတွက် ငါ့ဘာသာအတွက် အကျိုး၇ှိလား၊မရှိဘူးလားဆိုတာ သေချာပြန်တွေးပါ။

ရပ်ကွက်ထဲမှာ အဆဲသန်တဲ့ ကလေးတွေကို လူတွေက မိမဆုံးမ၊ဖမဆုံးမ မို့ လို့ ဒီလောက်ရိုင်းနေတာလို့  ပြောကြတာ ကြားဖူးပါလိမ့်မယ်။

အခုလဲ...

ကိုယ့်စိတ်ထားက ညံ့လို့  ဘာသာခြား၊လူမျိုးခြား တွေကိုရိုင်းရိုင်းစိုင်းစိုင်းဆဲဆိုတာဟာ ကိုယ်ကိုးကွယ်တဲ့ ဘာသာက မဆုံးမရာ ရောက်လို့  ကိုယ့်ဘာသာကို

တခြားဘာသာဝင်တွေက အထင်သေးပါတယ်။

ပြီးတော့ ကိုယ်ယုံကြည်နေတဲ့ ကိုယ့်ဗုဒ္ဓဘုရား နဲ့ ကိုယ် ကိုးကွယ်တဲ့သာသနာရဲ့ ဂုဏ်ကို ညှိုးနွမ်းအောင်လုပ်တာနဲ့ အတူတူပါပဲ။

***သူ့ ဂုဏ် နှိမ့် ရင် ကိုယ့်ဂုဏ် နိမ့်တယ်***လို့  ဆရာတော်တစ်ပါးက ဆုံးမခဲ့ဖူးပါတယ်။

ဗုဒ္ဓဘာသာဝင်တွေအတွက် ဘာသာခြား ၊လူမျိုးခြားတွေကို ဆဲဆိုဖို့  မုန်းတီးဖို့ ဗုဒ္ဓမြတ်စွာဘုရားကလည်း သင်ခဲ့ဖူးပါသလား။

သာသနာပြုနေကြတဲ့ ဆရာတော်များ ကိုယ်တိုင် ဘာသာခြား လူမျိုးခြားတွေကို ရိုင်းရိုင်းစိုင်းစိုင်းဆဲပြီးမှ သာသနာပြုခဲ့ပါသလား။

သင်သာ ထေရ၀ါဒဗုဒ္ဓဘာသာဝင် စစ်စစ် ဖြစ်ပြီး ဘုရားကို ရိုသေရင်တယ်ဆိုရင် သေချာပြန်စဉ်းစားသင့်ပါ။

ဝေဖန်တာ နဲ့ ဆဲဆိုတာကို နားလည်သလို ပြောရရင် လူမျိုးတစ်စု၊ဘာသာတရားတစ်ခုကို လူသားတိုင်း ဝေဖန်ဆန်းစစ်လေ့လာခွင့် ၇ှိပါတယ်။ဗုဒ္ဓသာသနာ(ဗုဒ္ဓရဲ့ အဆုံးအမတရား)

သစ္စာလေးပါတရားကို မှန် မမှန် ယုတ္တိ၇ှိမ၇ှိ တစ်ကမ္ဘာလုံးက ဝေဖန်ဆန်းစစ်ခွင့်ရှိသလို ။ခရစ်ယာန်သာသနာ ၊အစ္စလာမ် သာသနာ တို့ 

ရဲ့ ဟောပြောချက် ဆုံးမချက် ကိုလည်း ဘာသာဝင်အားလုံးက

ဝေဖန်ဆန်းစစ်လေ့လာခွင့် ၇ှိပါတယ်။ဒါပေမယ့် အမျိုး၊ဘာသာ၊သာသနာနဲ့ ပက်သက်လာရင်ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုဖို့ တော့ လုံးဝမဖြစ်သင့်ပါဘူး။

ဘာသာခြား၊လူမျိုးခြားကို မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တစ်ယောက်က ဆဲဆိုဖို့ မသင့်သလို၊ဘာသာခြား လူမျိုးခြားကလည်း မြန်မာလူမျိုး၊ဗုဒ္ဓဘာသာကို ဆဲဆိုဖို့ မသင့်ပါဘူး။

ဘာလို့ လည်းဆိုတော့ ဒါဟာ ကမ္ဘာပေါ်မှာရှိတဲ့ လူသားတိုင်းမှာရှိသင့်တဲ့ လူ့ ယဉ်ကျေးမှုတစ်ခုပါပဲ။

တစ်ချို့ ဗုဒ္ဓဘာသာဝင်တွေထဲက လူမျိုးခြား ဘာသာခြားတွေကို အလိုလိုနေရင်းမုန်းတယ်၊ရွံတယ်ဆိုတဲ့သူတွေ ကို တစ်ခုမေးချင်ပါတယ်။

ဘာဖြစ်လို့  မုန်းရတာလဲ။ရွံတယ် ဆိုရင်ရော ဘာကြောင့်ရွံရတာလဲ ။ကိုယ့်ကိုယ်ကို သေချာပြန်မေးကြည့်ပါဦး။

သူတစ်ပါးကို အမျိုးယုတ်တွေလို့ ဆဲလိုက်တိုင်း ကိုယ့်အမျိုးအားလုံးကို ကိုယ်ပြန်စစ်ကြည့်ပါ ။ကိုယ့်အမျိုးအားလုံး

တစ်ကယ် မြတ်ပါသလားလို့ ။ သူတစ်ပါးကို ရွံစရာလို့ သတ်မှတ်လိုက်တိုင်း ကိုယ့် စိတ်ဓါတ်နဲ့ ကိုယ့်ခန္ဓာကိုယ်ကိုပြန်စစ်ကြည့်ပါ။တစ်ကယ်သန့် ပါသလားလို့ ။

လူမျိုးခြား၊ဘာသာခြားမို့ လို့ သူတို့ ရဲ့ အယူအဆတွေ ကိုယ်က လက်မခံနိုင်လို့ 

အလိုလိုနေရင်းနဲ့ မုန်းနေတာဆိုရင်တော့ ဗုဒ္ဓဘာသာဝင်တွေရဲ့ နှလုံးသားမှာ လူလူချင်းအပေါ်ထားရှိတဲ့ အမုန်းတရားတွေ ဟာ ဘယ်လိုမှ မ၇ှိသင့်တဲ့အရာပါ။

တစ်ချို့ က...ဘာသာခြားတွေဟာ ဗုဒ္ဓဘာသာအမျိုးသမီးတွေကို ရာထူးတွေငွေတွေနဲ့ ဆွဲဆောင်ပြီး သူတို့ ဘာသာထဲ အတင်းသိမ်းသွင်း လို့ သူတို့ လူမျိုး ကို မုန်းတယ်လို့ 

ပြောကြတယ်။

ဒါကလည်း ကိုယ့်ရဲ့ မြင့်မိုရ်တောင်လောက်အပြစ်ကို မမြင်ပဲ သူတစ်ပါးရဲ့ ဇီးစေ့လောက်အပြစ်ကို မြင်ပြီးပုံကြီးချဲ့ တာနဲ့ တူပါတယ်။

ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတွေကိုယ်တိုင် ဘာသာတန်ဖိုး၊ဘ၀တန်ဖိုး မသိရင် ငွေအတွက် ရာထူးအတွက် စည်းစိမ်အတွက်နဲ့ 

ဘာသာခြားကိုယူပြီးဘာသာပြောင်း နိုင်ပါတယ်။

ခြွင်းချက်အနေနဲ့  ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေ၊အမျိုးသားတွေ ဘာသာခြားကို တစ်ကယ်ချစ်မိလို့ ဘာသာခြားကိုယူလိုက်တဲ့သူတွေ ရှိပါတယ်။

တစ်ကယ်လို့ သူဟာ ရတနာသုံးပါးရဲ့ ကျေးဇူး၊နဲ့ ကံ ကံရဲ့ အကျိုး ကိုမယုံတဲ့သူဆိုရင် ဘာသာခြားကို ပြောင်းနိုင်ပါတယ်။ဘာဖြစ်လို့ လဲဆိုတော့

ဘာသာရေး အဆုံးအမ နဲ့ ဘာသာတန်ဖိုးမသိလို့ ပဲ။ တစ်ချို့ ကျတော့ ဘာသာခြားကို ချစ်လို့ ယူလိုက်တယ် ဘာသာခြားကိုလည်းမပြောင်းနိုင်ဘူး၊ တစ်ဦးနဲ့ တစ်ဦး

နားလည်မှုတွေ မထားနိုင်ကြဘူးဆိုရင် ပြဒါးတစ်လမ်း သံတစ်လမ်းနဲ့ အသွင်မတူတော့ အိမ်ထောင်ရေးအဆင်မပြေကြပြန်ဘူး။

သူရဲ့ အသိုင်းအ၀ိုင်း ဆွေမျိုးမောင်နှမ ဘာသာဝင်အနေနဲ့ ကြည့်ရင် ကိုယ်ဟာ ရုပ်တုတွေ ကိုးကွယ်တဲ့ အယူမှားတဲ့သူတွေ၊

ကိုယ့်ဘက်က အသိုင်းအ၀ိုင်း ကလည်း သူတို့ ဘာသာကို မမြင်ဘူးတဲ့ ဖန်ဆင်းရှင် ကယ်တင်ရှင် တွေ ယုံကြည်ကိုးကွယ်နေတဲ့ အယူမှားတဲ့ သူတွေ

လို့ မြင်ကြပြန်ရော။ အချစ်နဲ့ ဘ၀ ထပ်တူမကျ ခဲ့ရင် အချစ်တစ်ခုတည်းနဲ့ ဘ၀တစ်ခုတည်ထောင်လို့ မရဘူး။အချစ်ဆိုတာ ရင်ထဲက ခံစားချက်တစ်ခု.ဘ၀ဆိုတာ လက်တွေ့ 

ရင်ဆိုင် ဖြတ်သန်းနေရတဲ့ ခရီးလမ်းတစ်ခု။ဘာသာတရားဆိုတာက သံသရာခရီးအတွက် ပန်းတိုင် တစ်ခု။

ဒါ့ကြောင့် ကိုယ့်ဘ၀ ကို ဘယ်လိုခရီးလမ်းမျိုးလျှောက်ပြီးတော့ ဘယ်လိုပန်းတိုင်မျိုးရောက်ချင်လဲ ဆိုတာ သေချာ လေ့လာဆန်းစစ်ပြီးမှ ရွေးချယ်ပြီးလျှောက်လှမ်းသင့်ပါတယ်။

အဓိက အရေးကြီးဆုံးက ဘယ်အရာကိုမဆို တန်ဖိုးသိအောင်သေချာလေ့လာဆန်းစစ်ပါ။ ***တန်ဖိုးသိမှ တန်ဖိုး၇ှိမယ် တန်ဖိုး၇ှိမှ တန်ဖိုးထားကြမှာပါပဲ***

ဘာသာခြားတွေကိုယ်တိုင် သူတို့ ဘာသာကို လေးလေးနက်နက်ယုံကြည်ကြတာဟာ ဘာသာတန်ဖိုးကို သိ ပြီး ဘာသာရေးအဆုံးအမအတိုင်းနေကြလို့ ပါပဲ။

ကိုယ့်ဘက်က ဘာသာရေး အဆုံးအမတွေ အသိညဏ်တွေအားနည်းနေတာကို အရင်မြင်ပါ။သူတစ်ပါး ရဲ့ အပြစ်ကို အရင်မမြင်ပါနဲ့ ။

ကိုယ်တိုင်က ဘာသာတန်ဖိုး သိအောင် ဗုဒ္ဓရဲ့ အဆုံးအမတွေ ကိုကိုယ်ပိုင်ညဏ်နဲ့ သေချာ ဆန်းစစ်လေ့လာပါ။

ကိုယ့်လူမျိုး ကိုယ့်ဘာသာရဲ့ အားနည်းချက်ကို အရင်မြင်အောင်ကြည့်ပြီး ပြုပြင်ပါ။

ဗုဒ္ဓကိုယ်တော်တိုင် လူကောင်း လူဆိုး အမျိုး ဘာသာ အဆင့်အတန်းမရွေး ပဲ တစ်ပြေးထဲမေတ္တာ ထားပါတယ်။ အောင်ခြင်း၇ှစ်ပါး ကို လည်း မေတ္တာဓါတ်

ဂရုဏာဓါတ်နဲ့ အောင်မြင်ခဲ့တာပါ။

ဗုဒ္ဓဘာသာဝင်တို့  နေ့ စဉ် ဘုရား၇ှိခိုး ကန်တော့ တိုင်း ဆုတောင်း မေတ္တာပို့ ပြီး အမျှဝေ တဲ့အခါ လူ၊နတ်၊ဗြဟ္မာ သတ္တ၀ါအားလုံး ပါပါတယ်။

မဟာစည်ဆရာတော်ဘုရားကြီးရဲ့ မေတ္တာပို့ နည်းလေးထဲမှာ

***ကမ္ဘာပေါ်ရှိ များဘိသူတွေ ရောဂါကင်းလျှက်အသက်တာ၇ှည်

ချမ်းသာကိုယ်စိတ်ယိုဖိတ်လျှံဝေ ဘေးခပ်သိမ်း အေးငြိမ်းကြပါစေ***

နဲ့ 

***သုံဆယ့်တစ်ဘုံ နေကုန်သူတွေ ရောဂါကင်းလျှက် အသက်တာရှည်

ချမ်းသာကိုယ်စိတ် ယိုဖိတ်လျှံဝေ ဘေးခပ်သိမ်း အေးငြိမ်းကြပါစေ ***

လို့ ဆိုတဲ့နေရာမှာ လူသားအားလုံး သတ္တ၀ါအားလုံး ကို မေတ္တာထားဖို့ ပါပါတယ်။

ဗုဒ္ဓဘာသာ ပြန့် ပွားအောင် သာသနာပြုခဲ့ကြတဲ့ ရဟန္တာများ နဲ့ သံဃာတော်များအားလုံးဟာ ခန္တီဆိုတဲ့သည်းခံခြင်း ၊ စေတနာ၊ဂရုဏာ၊မေတ္တာဓါတ်၊အပြည့်နဲ့ 

သာသနာတော်ကို စောင့်ေ၇ှာက်ခဲ့ကြပါတယ်။ သာသနာအတွက် အတွက် မတရား ညှင်းဆဲ သတ်ဖြတ် ပြီးတော့လည်း မသိမ်းသွင်းခဲ့ပါဘူး။ဘာသာပြောင်းသွားတဲ့သူတွေကိုလည်း

အပြစ်မပေးခဲ့ဖူးပါဘူး။ဗုဒ္ဓပေးတဲ့အဆုံးအမလေးတစ်ခုက***ချစ်သား ချစ်သမီးတို့  တစ်စုံတစ်ယောက်သောသူက သင်တို့ ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို တစ်စစီ

ဖြတ်တောက်ပြီး ညှင်းဆဲသတ်ဖြတ်နေစေဦး အဲ့ဒီပုဂ္ဂိုလ်အပေါ် ဒေါသအမျက်မထွက်ပဲ နဲ့ မေတ္တာဘာဝနာကိုသာအထပ်ထပ်ပွားပါ။အကယ်၍ ဒေါသအမျက်ထွက်ခဲ့ရင်

် ငါဘုရားရဲ့ အဆုံးအမကို ဆန့် ကျင်တဲ့သူပဲ။သင်တို့ ကိုယ်တိုင် ဒေါသစိတ် နဲ့ သေခဲ့ရင် င၇ဲကျလိမ့်မယ်။မေတ္တာ ပွားပြီးမေတ္တာဈာန်နဲ့ သေရင်တော့ ဗြဟ္မာ

တောင်ဖြစ်ပါတယ်*** လို့ ဆုံးမထားပါတယ်။

မြတ်စွာဘုရား ၇ှင်နဲ့ ဆရာတော်ကြီးများကိုယ်တိုင် မေတ္တာ ဂရုဏာထားဖို့ ဆိုဆုံးမခဲ့တာမို့  ကိုယ်တိုင်က လူလူချင်း မုန်းတဲ့စိတ် နဲ့ ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆို ဖို့ မသင့်ပါဘူး။

အခုဆိုရင် ဆရာတော်သံဃာတော်များက ထေရ၀ါဒဗုဒ္ဓသာသနာ ကို ကမ္ဘာအနှံ့ သာသနာပြုနေကြပါတယ်။ ဗုဒ္ဓဘာသာဟာ သိပ္ပံပညာ နဲ့ အပြိုင် အစမ်းသပ်ခံပြီး ဟောပြနေကြပါတယ်။

ဒါပေမယ့် ဗုဒ္ဓဘာသာဝင်တွေကိုယ်တိုင် စိတ်ဓါတ်ရေးရာ ညံ့ဖျင်းအောက်ကျနေရင် ကိုယ့်ဘာသာကို သူတို့ တွေက ယုံကြည်လက်ခံတယ်ဆိုရင်တောင် အထင်ကြီးလေးစားမှုသိပ်မ၇ှိပါဘူး။

ဘာလို့ လဲဆိုတော့ *** ငါတို့ ကိုသာ စိတ်ဓါတ်ရေးရာ နဲ့ ကိုယ်ကျင့်တရားကောင်းအောင် ၀ိပဿနာကမဋ္ဌာန်းတရားတွေဟောနေတာ သူတို့ ဘာသာဝင်တွေကိုယ်တိုင်က

စိတ်ဓါတ်ရေးရာနဲ့ ကိုယ်ကျင့်တရား အောက်တန်းကျနေတာပဲ*** လို့ ပြောကြမှာတေ့သေချာပါတယ်။

ကိုယ့်ဘာသာကိုယ့်သာသနာကို ကိုယ်တိုင်ရိုသေမှ သူများက ရိုသေမှာပေါ့။

ကိုယ်တိုင်က ဘာသာခြား လူမျိုးခြားကို ဆဲနေ၊မုန်းနေလို့  ဘာသာခြား လူမျိုးခြားက ပျောက်မသွားဘူး၊ကုန်မသွားဘူး။ ကိုယ့်ဘာသာကိုယ့်သာသနာ ကိုယ့်လူမျိုးပဲ ဂုဏ်ညှိုးပါတယ်။

ကိုယ်ပဲ ၀စီကံ မနောကံ အကုသိုလ်ထိုက်ပါတယ်။ဒီအချက်လေးကိုတော့ အလေးအနက်ထားကြပါ။

သင်ကိုယ်တိုင်က ဒီဘ၀မှာတောင် ဗုဒ္ဓဘာသာဝင်ဖြစ်ပေမယ့် စိတ်ဆိုး စိတ်ညံ့တွေနဲ့ ဒေါသတရားတွေနဲ့ ရိုင်းရိုင်းဆဲဆိုနေရင် ။ဗုဒ္ဓဘာသာကို တစ်ကယ်ကြည်ညိုတာ

တော့လုံးဝမဖြစ်နိုင်ဘူး။

မြတ်စွာဘုရားက ဗုဒ္ဓဘာသာဝင်အချင်းချင်းကို ဆဲလို့ အကုသိုလ်ဖြစ်တယ် ဘာသာခြား သာသနာခြားကို ဆဲရင်အကုသိုလ်မဖြစ်ဘူးလို့ မျက်နှာလိုက်ပြီး မဟောခဲ့ဘူးနော်။

သတ္တ၀ါ အားလုံးအပေါ်မေတ္တာထားဖို့ ကိုယ်ချင်းစာစိတ်ထားဖို့ ပဲဟောခဲ့ပါတယ်။သုံးဆယ့်တစ်ဘုံ မှာ လူ့ ဘုံက အမြတ်ဆုံးလို့ ဟောထားတယ်။

ရခဲခြင်း ၅ မျိုးထဲမှာ လူ့ ဘ၀ ကိုရခဲတယ်လို့ ဟောထားတာပါတယ်။ေ၇ှးဘ၀က ကုသိုလ်ကံ ၇ှိမှ ဒီဘ၀ လူလာဖြစ်ရတာနော်။

ဒါ့ကြောင့် ဘာသာခြား၊လူမျိုးခြား လည်း ဘုန်းကံ၇ှိတဲ့ လူသားတစ်ယောက်ပါဘဲ။ ကံအကျိုးပေးကြောင့်သာ လူမျိုးခြား၊ဘာသာခြား ဖြစ်နေရတာပါ။ သူတို့ ဘာသာသူတို့ 

လူမျိုးကို မနှစ်သက်ဘူးဆိုရင် ကိုယ့်စိတ်ထဲမှာ ထားလိုက်ပါ။ ရိုင်းရိုင်းစိုင်းစိုင်းတော့ မဆဲကြပါနဲ့ ။ ကြားရတာ ဖတ်၇တာနဲ့ တင် ရှက်စရာကောင်းလွန်းလို့ ပါ။

ပြီးတော့ ရတနာသုံးပါးရဲ့ ဂုဏ်လည်းညှိုးပါတယ်။ဘုရားရှင်ဟောကြားထားတဲ့ အဆုံးအမကို မလေးစားရာလည်း ရောက်ပါတယ်။

ကိုယ်ဟာ ဒီဘ၀မှာ ဒီလူမျိုး၊ဒီဘာသာကို မုန်းတယ် ၊ရွံတယ် ဆိုပါစို့ .တစ်ကယ်လို့ နောက်ဘ၀မှာ ကိုယ်မုန်းတဲ့ လူမျိုး ကိုယ်မုန်းတဲ့ ဘာသာရဲ့ မိခင်ဝမ်းထဲဝင်စားရင်တော့ သေချာတယ်

အဲ့ဒီလူမျိုး၊အဲ့ဒီဘာသာ ကို ကိုယ်လဲ လိုက်ပြီးကိုးကွယ်ရမှာပါပဲ။ ဗုဒ္ဓဘာသာမှာ...လက်၇ှိဒီဘ၀မှာ သရဏဂုံ တည်ပေမယ့် ရတနာသုံးပါး ဘယ်လောက်ပဲ ရိုသေနေပေမယ့်

ဝိပဿနာညဏ်၊သောတပတ္တိ မဂ်ညဏ် ဖိုလ်ညဏ်ရအောင်မကျင့်နိုင်ခဲ့ရင်နောက်ဘ၀မှာ ကံဆိုးရင် ဘာသာခြားဘ၀တောင်ရောက်နိုင်ပါတယ်။ ဒီဘ၀မှာတည်ထားတဲ့

ပုထုဇဉ်တွေရဲ့ သရဏဂုံဟာဒီဘ၀မှာပဲတည်ပါတယ်။နောက်ဘ၀ ပါမသွားပါဘူး။ နောက်ဘ၀ပါသွားတာက ဒါန၊သီလ၊ဘာဝနာ ကုသိုလ်ပါ။ ဒါ့ကြောင့်

ချမ်းချမ်းတို့ လို ပုထုဇဉ်တစ်ယောက် သေသွားခဲ့ရင် ကုသိုလ်အကုသိုလ်အတိုင်း ခံစားစံစားရမှာမို့ ရောက်ချင်တဲ့

ဘ၀ရောက်နိုင်ပါတယ်။ ကိုယ်တိုင်ရွေးချယ်ခွင့်မ၇ှိဘူး၊ ကိုယ်ပြုခဲ့တဲ့ ကံက ပို့ ပေးမှာ။ဒါ့ ကြောင့် ဒါန၊သီလ၊ဘာဝနာ ဘယ်လောက်ပဲ ၇ှိရှိ ဘာသာခြားရဲ့ ဝမ်းထဲလဲရောက်နိုင်ပါတယ်။

ဒီဘ၀မှာ ဒါနပြုထားလို့  နောက်ဘ၀ ဘာသာခြားမိခင်ဝမ်းထဲ ၀င်စားရင်တော့

ချမ်းသာတဲ့ဘာသာခြား ၀မ်းထဲဝင်စား၇မှာပါပဲ၊သီလစောင့်တည်ထားလို့ ရုပ်ရည်ချောမောတဲ့ ဘာသာခြားဖြစ်မှာပါပဲ၊ဒါပေမယ့် ကိုးကွယ်ရမှာကတော့ သရဏဂုံမဟုတ်တော့ဘူး။

ကိုယ့်မိဘတွေ ကိုးကွယ်တဲ့ဘာသာကို လိုက်ပြီး ကိုးကွယ်ရတော့မှာနော်..

ဒါဟာ မမြင်နိုင်တဲ့ ကံတရားရဲ့ ဖန်တီးမှုပါပဲ။မဖြစ်နိုင်ဘူး ထင်တဲ့ သူငယ်ချင်းတွေကို သက်သေတစ်ခုပြပါ့မယ်။

ဗုဒ္ဓကိုယ်တိုင် သဗ္ဗင်ညုတ ညဏ်တော်ရဖို့  လေးသင်္ချေ နဲ့ ကမ္ဘာတစ်သိန်းမှာ ဘ၀မေ၇ွး၊ဘာသာမရွေး၊ ကာလမေ၇ွး

ကျချင်ရာဘုံဘ၀ကျပြီး ပါရမီအကျဉ်းဆယ်ပါး အကျယ်သုံးဆယ်ဖြည့်ခဲ့ရပါတယ်။ ဗုဒ္ဓရဲ့ ဖြစ်စဉ်တော် တစ်ခုအကြောင်းပြောပြပါ့မယ်။

ကဿပ မြတ်စွာဘုရားရှင်လက်ထပ်မှာ ဘုရားအလောင်းတော်ဟာ ဘာသာခြားတစ်ယောက်ပါ။ တစ်နေ့ တော့ တောထဲမှာ ဘုရားဖြစ်ဖို့ ဒုက္ခရစရိယ

ကျင့်နေတဲ့ ကဿပ ဘု၇ားအလောင်းတော်ကိုမြင်တဲ့အခါ ဘေးကအဖော်ပါလာတဲ့ သူငယ်ချင်းကို ဘာပြောလိုက်လဲဆိုတော့****ဒီကိုယ်တော် ဘုရားဖြစ်ဖို့  ၆ ရက်ကျင့်တာနည်းတာပေါ့

ငါ့အလှည့်ကျ ၆ နှစ်ကျင့်ပြမယ်*** လို့ အထင်သေးပြီး နှုတ်နဲ့ ပြစ်မှားမိခဲ့ပါတယ်။

ဘုရားရှင်ကို အထင်သေးပြီး နှုတ်နဲ့ ပစ်မှားမိခဲ့တဲ့ အကုသိုလ်ကံကြောင့် သူကိုယ်တိုင် ပါရမီပြည့်လို့ ဘုရားဖြစ်တဲ့ဘ၀မှာတောင် အစာရေစာငတ်ပြတ်ခံပြီး ၆နှစ်တိတိ

ဒုက္ခရစရိယကိုဆင်း၇ဲပင်ပန်းစွာကျင့်ခဲ့ရပါတယ်။

တစ်ကယ်တော့ ပွင့်ခဲ့ပြီးတဲ့ ဘုရားရှင်တိုင်းဟာ ပြည့်စုံလုံလောက်တဲ့ ပါရမီ ၇ှိနေပြီမို့ 

အနည်းဆုံး ၇ ရက် အများဆုံး ၇ လ လောက်ပဲ ဒုက္ခရစရိယ ကျင့်ခဲ့ရတာပါ။ဂေါတမဘုရားတစ်ဆူသာလျှင် ၆ နှစ်တိတိ ကျင့်ခဲ့တာဟာ

သူဘာသာခြားဘ၀ ရောက်ခဲ့တုန်းက ဘုရား၇ှင်ကို ပြစ်မှား မိတဲ့ အကုသိုလ်ကံကြောင့်ပါပဲ။ ကဿပဘုရားရှင် ဘုရားအဖြစ်ရောက်ပြီး တရားဟောတော့ သူငယ်ချင်းက ဗုဒ္ဓဘာသာ ဖြစ်

သွားပေမယ့် ဂေါတမအလောင်းတော်က ဘာသာခြား မို့ ဘုရား၇ှင်ကို မဖူးသလို တရားလည်းမနာပါဘူး။ သူငယ်ချင်းက သုံးကြိမ်တိတိ ခေါ်တော့မှ ကဿပဘုရားရှင် ရဲ့ တရားကို

လေ့လာရင်း နောက်ဆုံးတော့ ဗုဒ္ဓဘာသာဖြစ်သွားခဲ့ပါတယ်။

သေချာစဉ်းစားကြည့်ရင်

ဒီပင်္ကရာ မြတ်စွာဘုရားလက်ထပ်မှာ ဘုရားဖြစ်ဖို့ ဗျာဒိတ်ခံပြီး ပါရမီဖြည့်ခဲ့ ရတဲ့ ဘု၇ားအလောင်းတောင်မှ

ဘာသာခြား လူမျိုးခြားဘ၀ ရောက်ခဲ့သေးတာနော်။ချမ်းချမ်းတို့ လို သာမန်ပုထုဇဉ်တွေဆို ရောက်နိုင်ချေ ပိုများပါတယ်။

ဆရာဦးဆန်းလွင် (ဆရာတော် အရှင်အာဒိစ္စရံသီ) ရေးသားတဲ့ ***ရတနာသုံးပါးကို ယုံကြည်

ကိုးကွယ် ဆည်းကပ် လာသူတစ်ယောက် အကြောင်း*** စာအုပ်လေးထဲမှာ သူဟာ အရင်တုန်းက အစ္စလာမ်ဘာသာဝင်စစ်စစ်တစ်ယောက်ဖြစ်ခဲ့ပါတယ်။

ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ယောက်နဲ့ အိမ်ထောင်ကျပြီး တခါတလေ ဘုရားပေါ်ကို

မိန်းမနဲ့ အတူ ရောက်ဖြစ်တယ်တဲ့၊ ရောက်တဲ့အခါတိုင်း သူ့မိန်းမ ဘုရားရှိခိုးနေတာကြည့်ပြီး ရင်ထဲမှာ အရမ်းပူပူလောင်လောင် ခံစားရတယ်တဲ့၊

အဲ့ဒါဘာကြောင့်လည်းဆိုတော့ ဘာသာရေးနဲ့ ပက်သက်ပြီး

ငယ်ငယ်လေးကတည်းက မိဘတွေရဲ့ သွင်သင်ဆုံးမမှုကြောင့်တဲ့။ သူ့အမေသူ့ကို ဆုံးမနေကျ စကားက

“ဘယ်လောက် အသိဉာဏ် နည်းလိုက်ကြသလဲ ရုပ်တုကို ထိုင်ကန်တော့နေကြတယ်” တဲ့။ အဲ့ဒီစာအုပ်လေးကိုဗုဒ္ဓဘာသာဝင်အားလုံးဗဟုသုတရအောင် ၀ယ်ဖတ်သင့်တယ်။

ဘာသာရေးနဲ့ ပက်သက်တဲ့အကြောင်းတွေအားလုံးကိုအသေးစိတ် နှိုင်းယှဉ်ပြီးရှင်းပြထားပေးပါတယ်။



ဗုဒ္ဓကို မယုံကြည်ပေမယ့် ကောင်းတာလုပ်တဲ့သူမှန်သမျှ ကောင်းတဲ့အကျိုး ကိုခံစားရမှာပါပဲ။

မကောင်းတာလုပ်တဲ့သူ မှန်သမျှ မကောင်းတာခံစားရမှာပါပဲ။

ဗုဒ္ဓဘာသာဟာ ယုံကြည်ချက်နဲ့ ကိုးကွယ်ရတဲ့ဘာသာမဟုတ်ဘူး။ ကိုယ်ပိုင်အသိညဏ်နဲ့ လေ့လာဆန်းစစ်ဝေဖန်ပြီးမှ ကိုးကွယ်ရတဲ့ဘာသာပါ။

“ကိုယ်တိုင်က ဗုဒ္ဓဘာသာ ဖြစ်ပေမယ့် ဗုဒ္ဓရဲ့ တရားတော်ကို

မလေ့လာ မဆန်းစစ် ဘူးဆိုရင် ဘာသာတန်ဖိုး၊သာသနာတန်ဖိုး မသိနိုင်ဘူး။

အရှင်ဇ၀န မေတ္တာ၇ှင်ရွှေပြည်သာက ဗုဒ္ဓဘာသာဝင်တွေကိုယ်တိုင် မြတ်စွာဘုရားကို

***(၁) သေဘေး ဒါမှမဟုတ် အသက်အန္တရယ် တစ်ခုခုကို ကြောက်လို့  မကိုးကွယ်သင့်ပါဘူး

(၂) လာဘ ဆိုတဲ့ ကြီးပွားချမ်းသာချင်လို့ စည်းစိမ်တိုးချင်လို့ ဆိုပြီး လည်း လာဘ်လာဘကို မျှော်ပြီး မကိုးကွယ်သင့်ပါဘူး

(၃) မိရိုးဖလာ ဆိုတဲ့ မိဘဘိုးဘွား အစဉ်အဆက်က ဗုဒ္ဓဘာသာဖြစ်ခဲ့လို့  ကိုယ်ဟာ မြတ်စွာဘုရား ကို ကိုးကွယ်တာမဖြစ်သင့်ပါဘူး...***

တစ်ကယ်လို့ အဲ့ဒီ သုံးချက်နဲ့ ကိုယ်ဟာ မြတ်စွာဘုရားကို ကိုးကွယ်ပြီး ဗုဒ္ဓဘာသာဖြစ်ခဲ့ရင် အညံ့စားဗုဒ္ဓဘာသာ ယုတ်ညံ့ တဲ့ဗုဒ္ဓဘာသာ တစ်ယောက်ပဲဖြစ်ပါလိမ့်မယ်။

လို့ မြတ်စွာဘုရား၇ှင်က ဟောကြားထားပါတယ်တဲ့။ကိုယ့်အဖေအမေတွေက ကိုးကွယ်နေလို့ မိရိုးဖလာ ရိုးရားအစဉ်အဆက်ကို ထိန်းသိမ်းချင်လို့ ကိုးကွယ်နေတာထက် ။

ဗုဒ္ဓကိုဘာ့ကြောင့် ကိုးကွယ်နေရတာလဲ။ဗုဒ္ဓကိုကိုးကွယ်နေလို့ ငါတို့ အတွက် ဘယ်လိုတန်ဖိုး၇ှိနိုင်မလဲ။

မြတ်စွာဘုရား နှုတ်တော်က ဟောကြားခဲ့တဲ့ တရားတော်ကို ကိုယ်ပိုင်အသိညဏ်နဲ့ 

သေချာ လေ့လာဆန်းဖို့ လိုပါလိမ့်မယ်။

မှန် မမှန် အကြောင်းအကျိုး ခိုင်လုံမှုရှိမ၇ှိ ကိုယ်ပိုင်အသိညဏ်နဲ့ ဝေဖန်ပါ။ မြတ်စွာဘုရား၇ှင်ကိုယ်တိုင်ဝေဖန် ဆန်းစစ်တာကို နှစ်သက်ပါတယ်။

မြတ်စွာဘုရားဟောကြားခဲ့တဲ့ တရားတော်များအားလုံးဟာ ***ဧဟိပသိကော*** ဆိုတဲ့ လာပါ ရှုလှည့်ပါ လို့ ဖိတ်ခေါ်ပြီး လေ့လာဆန်းစစ်ဝေဖန် နိုင်တဲ့ ဂုဏ်ကျေးဇူးရှိပါတယ်။

ကိုယ်ဟာ ဗုဒ္ဓဘာသာဝင် ဖြစ်ပြီဆိုရင်တော့ဘုရားဟောထားတဲ့ အဆုံးအမကိုသေချာနားလည်အောင် လေ့လာသင်ယူရပါ့မယ်။

ဘုရား၊တရားနဲ့ သံဃာတော်များရဲ့ ဂုဏ်ကျေးဇူးကို ကိုယ်ပိုင်အသိညဏ်နဲ့ လေ့လာဆန်းစစ်ဝေဖန်ပြီးမှ မြတ်စွာဘုရားကို တစ်ကယ်ကြည်ညိုလေးစားမှ

ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်ပါတယ်။ ပြီးရင် ဘုရားဟောထားတဲ့ အဆုံးအမကိုလည်း လက်တွေ့ ကြိုးစားကျင့်သုံးနိုင်ရပါ့မယ်။



***လောကကြီးကို အလှမဆင်ချင် နေပါ အမှိုက်တော့ မဖွ ပါနဲ့ *** ဆိုတဲ့ ဆရာဟိန်းဇေ ရဲ့ ဒဿန လေး လိုပဲ ကိုယ်ဟာ ဘာသာ၊သာသနာ တိုးတက်ဖို့ ကိုယ့်ကိုယ် ကို

ဘာသာရေးအဆုံးအမ နဲ့ အညီနေပြီး သာသနာကို မလျှုဒါန်း မချီးမြှုင့် မကာကွယ်မစောင့်ေ၇ှာက်ချင်နေပါ။ ကိုယ့်ရဲ့ အပြုအမူကြောင့်ကိုယ့်ဘာသာကို တခြားသော ဘာသာက

အထင်သေးအောင် ရိုင်းရိုင်းစိုင်းစိုင်း

မဆဲဆိုပါနဲ့ ။ဘ၀တန်ဖိုး ဘာသာတန်ဖိုး သိအောင် ကြိုးစားပါ။ကို

ကိုယ့်ဗုဒ္ဓဘာသာဝင် အချင်းချင်း တစ်ဦးနဲ့ တစ်ဦး အမှားတွေ့ ရင် လမ်းညွှန်ဆုံးမပါ။ ပြုပြင်ပေးပါ ။

ချမ်းချမ်းမသိတာတွေ နားမလည်တာတွေ မှားတာတွေကို သိတဲ့ တတ်တဲ့ သူတွေက ပြန်လည်ဆုံးမပါ။ ချမ်းချမ်း ထက်အသက်ငယ်တဲ့သူ ဆုံးမလည်း ချမ်းချမ်း ရဲ့ ဆရာအဖြစ် လေးစားနာခံပါတယ်။

ပုထုဇဉ်လူသားတိုင်းဟာ အမှားတော့မကင်းပါဘူး။ ဒါပေမယ့် မှားနေတာကိုမှားမှန်းသိပြီး ပြင်တတ်ဖို့ ပဲလိုပါတယ်။

အခုလဲ.. တစ်ချို့ သော ဗုဒ္ဓဘာသာဝင်တွေ ရဲ့ အမှားကို ချမ်းချမ်း ထောက်ပြတာဟာ သိလို့ တတ်လို့  ဆရာလုပ်ချင်လို့ မဟုတ်ဘူး။ ဗုဒ္ဓသာသနာတော်ကို တစ်ကယ် မြတ်နိုး ကြည်ညိုစိတ်နဲ့ 

ဗုဒ္ဓဘာသာဝင်များ သိသင့်သိထိုက်တယ်လို့ ပါ။

ဗုဒ္ဓဘာသာဝင်များ အားလုံး သာသနာတော်ကိုတစ်ကယ် မြတ်နိုးတန်ဖိုးထားတတ်ကြပါစေလို့ 

Written....By....ရွာသူလေးချမ်းချမ်း(ရင်တွင်းဖြစ်)

http://www.haymonchan.blogspot.com