အချိန်တွေက သက်သေပြလိုက်တာကတော့ ကလေးငယ်လေးဟာ အားလုံးကို ကောင်းကောင်းကြားနိုင်စွမ်းရှိခဲ့တယ် ။ ရုပ်ဆိုးနေတဲ့တစ်ခုတည်းသောအရာကတော့ နားရွက်မပါလာတာပါပဲ ။
တစ်နေ့မှာ သူကျောင်းက အိမ်ကိုပြန်လာတဲ့အခါ မိခင်က သားငယ်ကို ထွေးပွေ့ကြိုတယ် ။ ကောင်လေးက မိခင်လက်ကို တွန်းထုတ်ခဲ့တယ် ။ မိခင်ဖြစ်သူက သက်ပျင်းချလိုက်ပြီး သားငယ်ရဲ့ နှလုံးသားမှာ ဒါဏ်ရာဒါဏ်ချက်တွေရှိနေပြီဆိုတာ သိလိုက်ရတယ် ။
ကောင်လေးက ကံဆိုးမိုးမှောင်ကျနေသလို ရှေ့နောက်မစဉ်းစားပဲ ပြောလိုက်တယ် ။ “ လူထူးဆန်း လူထူးဆန်း ကျွန်တော့်ကို အကုန်လုံး ငကြောင်တစ်ကောင်လို သရဲတစ်ကောင်လို လူထူးဆန်းလိုလို ခေါ်ကြတယ် ”
------------------------------------------------------------------------
ကောင်လေးတဖြည်းဖြည်း အရွယ်ရောက်လာပါပြီ ။ ချို့ယွင်းချက်လေးတစ်ခုကလွဲလို့ ယောင်္ကျားပီပီသသနဲ့ကြည့်ကောင်းတဲ့ လူတစ်ယောက်ဖြစ်ခဲ့တယ် ။ အတန်းထဲမှာ ကျောင်းသားခေါင်းဆောင်ဖြစ်နိုင်ပေမယ့် ချို့ယွင်းချက်ကြောင့်မဖြစ်ခဲ့ရဘူး ။ အရွယ်ရောက်လာတဲ့ကောင်လေးဟာ ဂီတနဲံစာပေကို ၀ါသနာပါခဲ့တယ် ။ “ သား မင်းတခြားလူတွေနဲ့ ရောရောနောနှောနေရမယ်လေ ” လို့ မိခင်က သူ့ကို အားပေးစကားပြောတယ် ။ မိခင်ရဲ့ ရင်ထဲမှာတော့ သားငယ်အတွက် စိတ်မကောင်းခြင်းများစွာနဲ့ပေါ့ ။
ကောင်လေးရဲ့ဖခင်က မိသားစု ဆရာဝန်နဲ့တိုင်ပင်ခဲ့တယ် ။ “ ဆရာ - - ကျွန်တော်တို့ သားကို ဘာမှမလုပ်ပေးနိုင်ဘူးလား ” “ ကျွန်တော်ယုံကြည်ပါတယ် ရနိုင်မယ်ဆိုရင် သူ့အတွက်အဆင်ပြေမယ်ဆိုရင် အပြင်နားတစ်စုံနဲ့အစားထိုးပေးနိုင်ပါတယ် ” ဆရာဝန်က ဆုံးဖြတ်ခဲ့တယ် ။
ဒီလိုနဲ့ကောင်လေးရဲ့ လစ်ဟာနေတဲ့ နားရွက်နေရာမှာ အစားထိုးဖို့ နားရွက်အဆုံးခံနိုင်တဲ့လူတစ်ဦးကို စတင်ရှာဖွေခဲ့ကြတယ် ။
နှစ်နှစ်ခန့်ကြာပြီးနောက် - - - -
“ သား မင်းဆေးရုံကိုသွားရမယ် အဖေနဲ့အမေက သားအတွက် နားရွက်လှူမယ့်လူတစ်ယောက် ရှာတွေ့ပြီ ဒါပေမယ့် ဒါဟာ လှို့ဝှက်ချက်ပဲ ” လို့ ဖခင်ကပြောတယ် ။
ခွဲစိတ်ကုသမှုက ၁၀၀ ရာခိုင်နှုန်းအောင်မြင်ခဲ့တယ် ။ ပြီးတော့ ချောမောခန့်ညားတဲ့လူသစ်တစ်ယောက် ထွက်ပေါ်လာခဲ့တယ် ။ သူ့ရဲ့ပင်ကိုယ်စွမ်းရည်နဲ့ သူ့ရဲ့ပါရမီကြောင့် ကျောင်းမှာလည်း သူဟာ ကျော်ကြားအောင်မြင်လာခဲ့တယ် ။ နောက်ပိုင်းမှာ သူဟာ အိမ်ထောင်ကျပြီး သံတမန်အလုပ်ကို ရခဲ့တယ် ။
“ ဒါပေမယ့် ကျွန်တော်သိရမှဖြစ်မယ် ” ကောင်လေးက သူ့ဖခင်ကိုတောင်းဆိုခဲ့တယ် ။ “ ကျွန်တော့်အတွက် နားရွက်လှူခဲ့တာဘယ်သူလဲ ကျွန်တော် သူ့အတွက် ဘာမှပြန်မလုပ်ပေးရသေးဘူး ”
“ သားပြန်လုပ်ပေးနိုင်မယ်လို့ အဖေမထင်ဘူး ” သူ့ဖခင်ကပြောခဲ့တယ် ။ “ ဒါပေမယ့် အဖေတို့ကတိမှာ သားကို ပေးမသိရဘူးဆိုတာ ပါတယ် မဖြစ်နိုင်ပါဘူး မမေးပါနဲ့ ”
ဒီလိုနဲ့ နှစ်တွေများစွာကြာအောင် ဒါဟာ လှို့ဝှက်ချက်တစ်ခုအနေနဲ့ရှိနေခဲ့တယ် ။ ဒါပေမယ့် ရက်တစ်ရက်ကတော့ရောက်ရှိလာခဲ့ပါပြီ ။ မှောင်မိုက်တဲ့ရက်တွေအားလုံးကောင်လေးက ကြံကြံ့ခံခဲ့တယ် ။ ကောင်လေးဟာ သူ့ဖခင်နဲ့အတူ သူ့မိခင်ရဲ့ ခေါင်းတလားရှေ့မှာ ရပ်နေခဲ့တယ် ။ ဖခင်က ဖြည်းဖြည်းချင်း ညင်ညင်သာသာလေး လက်ကိုမြှောက်ပြီး ထူထဲပြီးနီညိုရောင်သမ်းနေတဲ့ သူ့ဇနီးသည်ရဲ့ ဆံပင်တွေကို ဖယ်ပြလိုက်တဲ့အခါ ------ နားရွက်တွေ ရှိမနေပါဘူး ။
“ အမေကပြောတယ် သူ့ဆံပင်တွေ ဘယ်တော့မှ မညှပ်တော့ဘူးတဲ့ အဲဒါကို သူဝမ်းသာတယ်တဲ့ ” ကောင်လေးက ဆို့နင့်စွာပြောတယ် ။ “ ပြီးတော့ ဘယ်သူကမှ အမေ့အလှလျော့သွားတယ်လို့ မတွေးခဲ့ကြဘူး .... ” ကောင်လေး ပါးပြင်မှာ မျက်ရည်တွေစီးကျလာပြီး ခေါင်းငိုက်စိုက်ချ ငိုကြွေးခဲ့ပါတော့တယ် ။
@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်မှန်တဲ့အလှတရားဆိုတာ ခန္ဓာကိုယ်အသွင်သဏ္ဍာန်ပေါ်မူတည်နေတာမဟုတ်ပါဘူး ။ နှလုံးသား ထဲမှာ တည်ရှိနေတာဖြစ်တယ် ။ ပကတိအသွင်သဏ္ဍာန်တွေက စစ်မှန်တဲ့ တန်ဖိုးဆိုတာကိုမပေးနိုင်သလို မြင်လည်းမမြင်နိုင်ဘူး ။ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာဟာလည်း အဖြူရောင်မုသားတွေရှိကောင်းရှိပေမယ့် လေးနက်တဲ့ မေတ္တာ အေးချမ်းတဲ့မေတ္တာတရားဖြစ်တဲ့အတွက် ထာဝစဉ်လှပ တန်ဖိုးရှိနေမှာဖြစ်ပါတယ် ။
သက်တန့်ချို
The baby without ears အား ဘာသာပြန်သည် ။
No comments:
Post a Comment