Friday, February 28, 2014

ရခဲသောဘဝ


ယောက်ျားမာယာက မိန်းမမာယာထက်
သာတာတော့ အမှန်ပဲ၊ ညောင်ကန်ဆရာတော်
လုံးလုံး မကြည့်တဲ့ ကျမ်းစာ တစ်အုပ်ရှိတယ်။
အဲဒီကျမ်းကို သံပျင်ဋီကာလို့ခေါ်တယ်။ ဘာဖြစ်
လို့မကြည့်တာလဲဆိုတော့ ဏှာပူးကျပြီးရေးထား
တဲ့ကျမ်းမို့လို့ မကြည့်တာလို့ဆိုတယ်။

ဦးသုမနနှင့်ဦးခေမိန္ဒတို့က စိတ်ဝင်တစားပြိုင်တူ
မေးလိုက်မိကြသည်။

ဘယ်လို ဏှာပူးကျတာလဲ

ပုဂံခေတ်ကပေါ့၊ ပိဋကတ်သုံးပုံ နိကာယ်ငါးရပ်
ကို ကျကျနနတတ်မြောက်ကျွမ်းကျင်လို့ ကျစွာ
လို့အမည်ရတဲ့မင်းကြီးတစ်ပါးပေါ်ဖူးတယ်။ သဒ္ဒါ
ငယ်၁၅ စောင်ထဲက သဒ္ဒါဗိန္ဒုကျမ်းဆိုတာ ကျစွာ
မင်းကြီးရေးသားခဲ့တာပေါ့။ အဆင့်မြင့်တယ်။ ပါဠိ
ဂါထာတွေနဲ့ရေးထားတာ။

အဲဒီမင်းကြီးမှာ သူ့လိုပဲ ပိဋကတ်ကိုကျွမ်းကျင်တဲ့
သမီးတော်တစ်ပါး ရှိတယ်။ သံပျင်မင်းသမီးလို့ ခေါ်
တယ်။ သမီးတော်ကလည်းဘယ်လောက် စာတတ်
သလဲဆိုရင် ရဟန်းတော်တွေကိုတောင် စာချပေးရ
တယ်။ အမျိုးသမီးနဲ့ ရဟန်းတော်တွေဆိုတော့ မြင်
နေရင်မသင့်တော်လို့ တင်းတိမ် ကန့်လန့်ကာ ကာပြီး
စာပေပို့ချပေးတယ်။

ဒီအချိန်တုန်းက ပေရွက်တွေပဲရှိသေးတာပေါ့။ ရဟန်း
တော်တွေကပါဠိလိုရေးထားတဲ့ ပေရွက်တွေကိုကြည့်
နေရတယ်။ သမီးတော်က တင်းတိမ် ဟိုးဘက်ကနေ
အနက်၊ မြန်မာပြန်ပြီး အဓိပ္ပါယ်ရှင်းရတာပေါ.။ အဲဒီ
စာသင်သားရဟန်းတော်တွေထဲက အသက်ငယ်ငယ်
ရဟန်းတော်တစ်ပါးဟာ မင်းသမီးအသံကိုကြားရတာ
နဲ့ ချစ်ခင်သွားသတဲ့

ဒီတော့ ၊ အဲဒီကိုယ်တော်က သမီးတော်ကိုမြင်ဖူးချင်
တော့ နောက်တစ်နေ့ စာတက်အလာမှာ ပေရွက်ထဲ
စာကြောင်းတစ်ကြောင်း သူ့ဟာသူရေးတည့်လာတယ်။
သူရေးထည့်လာတဲ့ ပါဠိက ဟိံဇာလေ၊ဟေဟေယျုံ တဲ့၊
အဲဒီနေ့က စာတက်ပြီးလို့ တခြား ကိုယ်တော်တွေ ပြန်
သွားတော့ သူကတစ်ပါးတည်းကျန်မှ တင်းတိမ်ထဲက
မင်းသမီးကို အသံပြုလိုက်သတဲ့

မင်းသမီး အနက်ပြန်ရအောင် စာတစ်ကြောင်းကျန်နေ
ပါတယ် ဆိုတော့ မင်းသမီးက ဒီပေစာကို တပည့်တော်
ပို့ချနေတာ အတော် ကြာပါပြီ၊ မကျန်ပါဘူး ဘုရားလို့
လျှောက်တော့ အကြံသမား ကိုယ်တော်က မယုံရင်
အသင်မင်းသမီးကိုယ်တိုင်ကြည့်ပါလို့ပြောတော့မင်းသမီး
လည်း ရုတ်တရက် တင်းတိမ်ကိုမပြီး ကြည့်မိသတဲ့

စာတစ်ကြောင်းကိုတွေ့တာနဲ့ ထပ်ဖြည့်ထားမှန်း
မင်းသမီးကသိပါသတဲ့၊ ဒါပေမဲ့ကိုယ်တော်ကျေနပ်အောင်
အနက်ကတော့ပေးလိုက်ပါတယ်။ဟိံ၊တံငါသည်တို့သည်၊
ဇာလေ၊ ကွန်ယက်ကို။ ဟေဟေယျုံ၊ ပစ်လွှင့်ကြကုန်၏
တဲ့။ မင်းသမီးကတော့အနက်ပေးပြီး သူ့နေရာသူပြန်သွား
တယ်။ ဘာမှမဖြစ်ဘူး။မင်းသမီးကိုမြင်သွားတဲ့ကိုယ်တော်
မှာတော့ အဲဒီနေ့ကစပြီးရာဂမီးလောင်လိုက်တာ စာလည်း
မလိုက်နိုင်၊ ဆွမ်းလည်းမစားနိုင်တော့ဘူးတဲ့။

ထိုစကားအရောက်တွင် ဦးခေမိန္ဒက စကားတစ်ချက်
ထောက်ပေးသည်။

ဦးသီလာစာရ၊ မိန်းမဆိုတာ ရဟန်းတော်တွေ သတိ
ထားသင့်တဲ့ အန္တရာယ်တစ်ခုပါပဲလား

ဟုတ်တာပေါ့ ဦးခေမိန္ဒ၊ ဒါကြောင့်ရှေးပညာရှိများက
ဘိက္ခုသေမင်း ဓားနှစ်စင်းလို့ ဆိုထားကြတယ်။
မိန်းမနဲ့ငွေဟာ ရဟန်းဘ၀က လူ့ဘ၀ရောက်အောင်
သေအောင်သတ်ဖြတ်တတ်လို့ ဓားနှစ်စင်းလို့နာမည်
ပေးခဲ့တာပေါ့။

ဒါနဲ့နောက်ဆုံး ကျစွာမင်းကြီးသိသွားတော့ အသက်
တစ်ချောင်းတော့ အလဟဿ မဆုံးရှုံးပါစေနဲ့၊ သမီး
တော်ကိုလိုချင်ရင် ဋီကာကျမ်းတစ်ကျမ်းကို အဆင့်မှီ
အောင်ရေးပြီး ဆက်သွင်းပါလို့ အမိန့်ချတော့ အဲဒီ
ရဟန်းလည်းကျမ်းမျိုးစုံကို မွှေနောက်ခြောက်ခြားပြီး
ရေးလိုက်တာအခုပြောနေတဲ့ သံပျင်ဋီကာဆိုတာ ဖြစ်
သွားတာပေါ့။

ကတိအတိုင်း ကျစွာမင်းကြီးကလည်း ရဟန်းတော်
ကို လူဝတ်လဲစေပြီးသမီးတော်နဲ့ပေးစားခဲ့ပါတယ်

သြော် ဒါကြောင့် ဆရာတော် ဦးဗုသ်က ဏှာပူးကျ
ပြီးရေးတဲ့ကျမ်းမဖတ်ချင်ပါဘူးလို့ ဆိုတာကိုး

ဟုတ်တာပေါ့။ ဒီဖြစ်ရပ်မှာ အပေါ်ယံကြည့်ရင်တော့
ရဟန်းတော်ဟာ သူလိုချင်တဲ့ ဘုရင့်သမီးတော်ကိုရ
သွားလို့ ၀မ်းသာစရာပေါ့။ နက်နက်နဲနဲကြည့်ရင်တော့
ဝမ်းနည်းစရာကြီးပါ။

ဘယ်လိုဝမ်းနည်းစရာလဲ ဦးသီလာစာရ
ဦးသုမနပင်စိတ်ဝင်တစား မေးလိုက်မိသည်။
ဦးသီလာစာရက

ဦးသုမနစဉ်းးစားကြည့်လေ ဂေါတမဘုရားတောင်
လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်တဲ့ အချိန်
အတွင်းမှာ ရဟန်းဘ၀ကို ကိုးဘ၀ပဲရခဲ့တယ်။ အရှင်
ဘုရားတို့တပည့်တော်တို့လို လူတွေမှာတော့ ရဟန်း
ဘ၀ တစ်ဘ၀တောင်ရဖို့ မလွယ်ပါဘူး။

ဒါကြောင့်လဲ အဂုတ္ထိုရ်ပါဠိတော်မှာ ပဗ္ဗဇ္ဇိတဘာဝေါ
ဒုလ္လဘော ရဟန်းဘ၀ကိုရခဲတယ်လို့ ဘုရားကဟော
တာပေါ့။ ဒီလောက်ရခဲတဲ့ ရဟန်းဘ၀ကို စွန့်ပြီး
မင်းသမီးကိုယူလိုက်တယ်ဆိုတာ သာသနာ့မျက်စိနဲ့
ကြည့်ရင်သူ့အတွက် ဆုံးရှုံးသွားတာဖြစ်လို့ ၀မ်းနည်း
စရာကြီးပါ။

ဥပမာ ရိုင်းရိုင်းပြောရရင် သလေးထမင်းနဲ့ ခွေးအန်
ဖတ်ကိုလဲစားရသလိုဘဲပေါ့။ လူတွေဟာ အရလွယ်
တဲ့အရာကို အထင်သေးတတ်တာ ဓမ္မတာပါပဲ။ အရှင်
ဘုရားတို့ တပည့်တော်တို့မြန်မာပြည်က ရဟန်းတော်
တွေဟာ ရဟန်းဘ၀ကို လွယ်လွယ်ကူကူရခဲ့ကြတော့
တန်ဖိုးမထားကြဘူး။ အထင်သေးကြတယ်။

နိုင်ငံခြားသား၊ ဘာသာခြား၊ လူမျိုးခြားကနေ
ဗုဒ္ဓဘာသာ ရဟန်းတော်ဖြစ်လာရတဲ့ အီတာလျှံလူမျိုး
ဦးလောကနာထဆိုရင် သူ့ဦးလေးက အီတလီကနေ
မြန်မာပြည်ကို ပြန်ခွင့်မပေးဘူး။ သာသနာပြုခွင့်မပေး
ဘူးလို့ အကျပ်ကိုင်တော့အစာငတ်ခံပြီးဆန္ဒပြတယ်

လေးငါးခြောက်ရက် သေခါနီးမြော့မြော့ကျန်တဲ့အထိ
ဆန္ဒပြမှ သူ့ဦးလေးက အလျှော့ပေးပြီး မြန်မာပြည်ကို
ပြန်ခွင့်ပြုလိုက်တယ်။ ဒါပေမဲ့ ပညာရှိ နှိပ်စက်နည်းနဲ့
လမ်းစားရိပ်တစ်ပြားမှ မထောက်လိုက်ဘူး။ရဟန်းတော်
ဆိုတော့ဘယ်ကမှလည်းငွေမရနိုင်လို့ ဦးလောကနာထ
ဟာ အီတလီ၊ ပြင်သစ်၊ ဆွစ်ဇာလန်၊ သြစတေးလျ၊
ပါလက်စတိုင်း၊ အိန္ဒိယစတဲ့ နိုင်ငံပေါင်းဆယ်နိုင်ငံကိုခြေ
ကျင်ကျော်ဖြတ်ပြီးမြန်မာနိုင်ငံကို အရောက်ပြန်ခဲ့တယ်။

မြန်မာနိုင်ငံက ပြင်ဦးလွင်မြို့မှာပဲ ပျံလွန်တော်မူတဲ့အထိ
သီတင်းသုံးသွားခဲ့တယ်။
ရဟန်းဘ၀ကို ဘာဖြစ်လို့ဒီလောက်ထိအောင်တန်ဖိုးထား
ရသလဲဆိုရင် နောက်ဘ၀မှာ
လူဖြစ်ဖို့
ယောက်ျားဖြစ်ဖို့
မြန်မာပြည်မှာဖြစ်ဖို့
ဗုဒ္ဓဘာသာဖြစ်ဖို့
ရဟန်းဖြစ်ဖို့ဆိုတဲ့ အချက်ငါးချက်နဲ့ပြည့်စုံဖို့ မလွယ်လို့ဆို
တာ သေချာသိထားလို့ဘဲ။ အရှင်ဘုရားတို့ တပည့်တော်
တို့လည်း ရဟန်းဘ၀ကို လွယ်လွယ်ရခဲ့တာဆိုပြီးအထင်
မသေးသင့်ဘူး။ နောက်ဘ၀မှာ ဒီအချက်ငါးချက်နဲ့ပြည့်စုံ
ဖို့ဆိုတာ တော်တော် ခဲယဉ်းတာ မဟုတ်လား။

မေတ္တာရှင် ရွှေပြည်သာ
စာရိတ္တသတ္တိ

လောင်တဲ့မီး ကူငြိမ်းနိုင်ကြပါစေ


တစ်ခါက ရွာတစ်ရွာမှာ ပစ္စည်းဥစ္စာ ချမ်းသာတဲ့
မုဆိုးမ တစ်ယောက်ရှိ၏။ မုဆိုးမဟာ ဥစ္စာလည်းရှိ
မာနလည်း ကြီးတာကြောင့် တစ်ရွာလုံးက သူမကို
မျက်မုန်းကျိုးနေတာပေါ့။

တစ်နေ့ကျတော့ မုဆိုးမအိမ်မှာ မီးလောင်တော့
ရွာသားတွေကို အားကိုးတကြီးနဲ့ မီးကူငြိမ်းပေးဖို့
အော်နေတယ်။ မီးလောင်နေတဲ့ မုဆိုးမအိမ်ကို
ရွာသားတွေက တစ်ယောက်မှ လာမကူငြိမ်းတဲ့
အပြင် တချို့က " အကုန်လောင်ပါစေ။ ဒီလောက်
မာနကြီးတဲ့ မုဆိုးမ တစ်ခါထဲ မွဲသွားပါစေ" ဆိုပြီး
မေတ္တာပို့နေကြတယ်။ မကြာမီ ရွာသူကြီးရောက်
လာပြီး ဒီလိုအော်ပြောလိုက်ပါတယ်။

" ဟေ့ ရွာသားတွေအားလုံး ကြီးငယ်ပါမကျန် ရေ
ခပ်ပြီး မီးငြိမ်းကြ မီးသတ်ကြဟေ့"

" ရွာသူကြီး ဒီမုဆိုးမက မာနကြီးတယ် တစ်ရွာလုံး
နဲ့လည်း မတည့်ဘူး ဒါကြောင့် မီးကို ကူမငြိမ်းနိုင်
ဘူး"

" ဟ မင်းတို့ ဒီလို မပြောကြနဲ့ အခုလောင်နေတဲ့မီး
က မုဆိုးမအိမ်ရဲ့ မိုးဖိုဆောင်ကို စလောင်တာတော့
ဟုတ်တယ်ကွ။ သူမရဲ့ အိမ်ကလေညာမှာရှိနေတော့
သူ့အိမ်ကြီးကို မီးစွဲလောင်သွားရင် မင်းတို့ငါတို့အိမ်
တွေ တစ်ရွာလုံး ပြောင်သွားလိမ့်မယ် သိလား။
ဒါကြောင့် ရွာသားတွေတစ်ယောက်မှ မကျန် ဒီမီးကို
ဝိုင်းဝန်းပြီး ငြိမ်းသတ်ကြ"

ဒီလိုနဲ့ ရွာသားတွေ ကလေးရော လူကြီးပါမကျန် တ
ရွာလုံး မီးကို ဝိုင်းငြိမ်းလိုက်တော့ မီးငြိမ်းသွားတယ်။
မုဆိုးမရဲ့ မီးဖိုဆောင်တစ်ဝက်လောက်သာမီးလောင်
သွားတယ်။

မီးလောင်ပြီးတဲ့နောက် မုဆိုးမလည်း သူမရဲ့ အိမ်ကြီး
မီးဘေးက လွတ်ခဲ့တာကို လွန်စွာဝမ်းသာသွားတယ်။
ရွာသားတွေကိုလည်း အထူးကျေးဇူးတင်မိတော့တယ်။
သူမမျက်ရည်ကျပြီးတော့ အခု မီးမလောင်ဘဲ ကျန်တဲ့
ပစ္စည်းတွေဟာ ရွာသားတွေကြောင့် ကျန်နေခြင်းသာ
ဖြစ်ကြောင်း သူမ သဘောပေါက်သွားတယ်။

မီးလောင်ပြီးတဲ့နောက် မုဆိုးမဟာ အရင်တုံးကလို မာန
မကြီးတော့ဘူး။ ရွာရဲ့ ကိစ္စအဝဝကို လိုလေသေးမရှိ
အောင် ကူညီလေတော့တယ်။

တကယ်တော့ ရွာသားတွေ ငြိမ်းလိုက်တဲ့ မီးဟာ အပြင်
မီးလို့ဆိုပေမယ့် မုဆိုးမကြီးရဲ့ အတွင်းမီးဖြစ်တဲ့ မာန
တရားကိုလည်း ငြိမ်းသတ်နိုင်ခဲ့ခြင်းပါ။


တောင်တန်းသာသနာပြု ဆရာတော် စဝ်ဆုခမ်း (တန့်ယန်း)
..............
https://www.facebook.com/pages/Sao-Su-Kham/
208466092499618မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

လက်ထက်ဖို့ စဉ်းစားပြင်ဆင်နေပြီလား ညီမလေး


Friday, February 28, 2014

လက်ထက်ဖို့ စဉ်းစားပြင်ဆင်နေပြီလား ညီမလေး
ဖေ့ဘွတ်မှာတွေ့လို့ပြန် ရှယ်လိုက်ပါသည်။ အစဆုံးဖတ်ကြည့်စေချင်ပါသည်။ ရေးထားတာ အနှစ်သာရ ရှိပါတယ်။ မိန်းကလေးမှ မဟုတ်ပါဘူး ယောင်္ကျားလေးလည်း ဖတ်သင့်ပါတယ်။

တစ်ခါ တစ်ခါ ညီမလေးတွေ အိမ်ထောင်ပြု ဖို့စိတ်ကူး တာ ကြားမိရင်.. ကျွန်မ ရင်နည်းနည်းလေး မိတယ်..။ ကိုယ်ကို တိုင် အိမ်ထောင်ပြု ခဲ့ပြီးမှ ..သူများအိမ်ထောင်ပြု မှာကိုဘာလို့ရင်လေးမိပါလိမ့်လို့ ကျွန်မကိုယ်ကျွန်မ ပြန် မေးမိတယ်..။ ကျွန်မ မသိတတ် နားမလည်တတ်ခဲ့လို့ အိမ်ထောင်ရေးမသာယာ ခဲ့တာ တွေ ရှိခဲ့ဖူးတာကိုး..။ဒါကြောင့် ညီမငယ်တွေ ကို တစ်နည်းတစ်ဖုံအသိပေး ရှင်းပြ ချင်ခဲ့မိပါတယ်..။ စိတ်ကူးယဉ် ရုပ်ရှင်ဇာတ်ကားတွေမှာ... မင်းသားနဲ့မင်းသမီး ပျော်ရွှင်စွာဇာတ်ပေါင်းကြလေသတည်း မှာ ဇာတ်လမ်းဆုံးပေမယ့်.. တကယ်လက်တွေ့ဘဝမှာ..မင်းသားနဲ့မင်းသမီး တို့ရဲ့ ဇာတ်လမ်း ကြီးက အစ ပဲမဟုတ်လား..။ အင်မတန်ရှည်လျားတယ်... အင်မတန် ရှုပ်ထွေးတယ်..အင်မတန်ကို လေးနက်တယ်.. ။

ဟိုးအစ က ဆိုခဲ့ဖူးသလို..ချစ်သူ ၂ ဦး ချစ်လွန်းလို့အတူဘဝကိုရင်ဆိုင်မယ်ဆိုပြီး လက်တွဲ ခဲ့ပြီးကာမှ..တစ်ချို့ ချစ်လှပါချည်ရဲ့ ဆိုတဲ့ ဇနီးမောင်နှံတွေ..ဘာကြောင့် လမ်းခွဲ ခဲ့ကြ သလဲ.. ဘာ့ကြောင့် ကွာရှင်းပြတ်စဲမှုတွေ တစ်နှစ်ထက်တစ်နှစ်များပျား လာရတာလဲ..။ ညီမလေး တို့ သိထားသလို..ချစ်သူ ၂ ဦးအတူ တူ နေဖြစ်ကြပြီးတဲ့နောက်မှာ..အစစ အရာအရာသာယာနေမယ်... နေ့သစ်တိုင်းဟာလှပနေမယ် လို့ မတွေးထား ကြစေချင်ဘူး..။ နေ့သစ်တိုင်းလှပနိုင်ဖို့ ... သတို့သားလောင်းဘက်ကရော..သတို့သမီးလောင်းဘက်က ပါ..စိတ်ပိုင်းဆိုင်ရာ.. ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများစွာကို လေ့လာ ပြင်ဆင်ထားသင့်ပါတယ်..။

ဘယ်လိုပြင်ဆင်ကြမလဲ

ကျွန်မ ပထမ တစ်ပုဒ်မှာရေးခဲ့သလို.. အမျိုးသမီးလေးတွေ ဘက်က.. ဦးစွာပထမ အကြံပေးချင်ပါတယ်.. အရင့်အရင် ကျွန်မထက်နားလည်တတ်ကျွမ်းသူတွေ .. ရေးသားထားခဲ့တာကို ဖတ်ဖူးမှတ်ဖူးသမျှ ရောကိုယ်တွေ့ကိုပါ ကျွန်မ ပြန်လည်မျှဝေ လိုပါတယ်၇ှင်..။ သတိရမိသလောက် အချက်အလက်များစုစည်းပေးလိုက်ပါတယ်..ပထမ တစ်ပုဒ်လို အတွေးတွေ ပြန့်ကျဲမနေတောာ့အောင်ပါ..။အခု တစ်ပိုင်းကတော့ .......လင်နှင့်မယား....ကတောက်ကဆ မများရလေအောင်.. များခဲ့သော်...

၁ ။ မိမိခင်ပွန်း ဖြစ်လာသူကို ချစ်သူဘဝကလိုမျိုး... ကိုယ်လိုချင်ကိုယ်ဖြစ်ချင်ရာ ကို တစ်ချက်လွှတ်အမိန့်များနှင့် မချုပ်ချယ် မတားမြစ်သင့်တော့ပါဘူး .. ( ကိုယ်က ဘယ်လိုပင်ချုပ်ချယ်ပါစေ.. ယောင်္ကျားအများစုဟာ.. ၄င်းတို့ကိုယ်တိုင် စိတ်ပါလက်ပါ ရပ်ပစ်မှ ရပ်တန့်သွားပါတယ်..မိမိကို ချစ်လို့ရပ်တန့်ရင်တောင် ခဏတစ်ဖြုတ်သာ ဖြစ်ပြီး အခြေအနေအကြောင်းကြောင်းကြောင့်ပြန်လည် သွားတတ်ကြတယ်.. ဒါကြောင့် မိမိတို့မိန်းမသားများအနေဖြင့် အတွေး မြင့်မြင့်အသိကြွယ်ကြွယ် စကားလည်လည်ဖြင့် ဖြေရှင်းရင်း ကိုယ်လိုရာကိုပုံသွင်း တတ်ကြစေလိုပါတယ် ) ။

၂ ။ မိမိခင်ပွန်းကို လူတကာရှေ့..အများအားဖြင့်ရွယ်တူမိန်းမသားများရှေ့တွင် ကိုယ်ပိုင်ကြောင်း ကိုယ်နိုင်ကြောင်း အမူအရာအပြောအဆို များရှောင်ရှားသင့်ပါတယ်. ( ယောင်္ကျားတွေ က သိပ်ရှက်တတ်ကြပါတယ်.. အထူးသဖြင့်မိန်းမကိုကြောက်ရသူများအဖြစ် အခြားမိန်းမသားများရှေ့မှာပါ..။ ကိုယ့်မိန်းမ က ကိုယ့်ကို ဂရုစိုက်ကြောင်းသဝန်တိုကြောင်း ပြသ တာမျိုးကိုတော့အ ထူး ခုံမင် နှစ်သက်တတ်ကြပြန်ပါတယ်...ဒါကြောင့်မို့ မိမိလင်သားကို ပိုင်နီုင်ဖို့ရာ.. အဓိက လိုအပ်ချက်ကတော့.. လင်ယောင်္ကျားကို လူအများရှေ့ ရိုသေလေးစားနေရာပေးတတ် ဖို့ပါပဲ..။)

၃ ။ မိမိခင်ပွန်း ကို ဘယ်တော့မှ.. ကိုယ်ထိလက်ရောက် မိမိကစပြီးမတုန့်ပြန် မိပါစေ နှင့် ..။ ( အင်မတန် ကြမ်းတမ်းသောမိသားစုအသိုင်းအဝိုင်းက မဟုတ်ပဲ..မည်သို့သောနူးညံ့သိမ်မွေ့သော အသိုင်းဝိုင်းကပင်ဖြစ်စေ...မိန်းမသားတွေရဲ့ နှုတ်ထွက်ကြမ်းတမ်းမှု..ကိုယ်လက်အမူအရာကြမ်း တမ်းမှုတွေဟာ.. ယောက်ျင်္ားသားတွေရဲ့ မူလ ဇစ်မြစ် ဖြစ်တဲ့ကြမ်းတမ်းမှု ကိုလှုပ်နိုးလိုက်သလိုမို့.. မိမိ ကတစ်ချက်ကုတ်ဆွဲ ရုံနဲ့ အစပိုင်းသည်းခံတတ်ပေမယ့်..သူလဲလေ လူသားပေမို့ နား ကလည်းမခံသာ... ကိုယ်ထိလက်ရောက်ကလဲ ပြုခံရ ပါများရင် ..သူတို့ရဲ့ တုန့်ပြန်မှုတွေက မိမိထက်ပိုပြီးကြမ်းတမ်းရက်စက်လာ အောင် မိမိကိုယ်တိုင် ဖန်တီးမိသလိုဖြစ်လာတတ်ပါတယ်။။ လင်ယောင်္ကျားရဲ့အရိုက်အနှက်ခံရတဲ့ အမျိုးသမီးအများစုဟာ.... မိမိတို့ကိုယ်တိုင်ကစပြီး နှုတ်ကြမ်း လူကြမ်း မိတာကို မေ့လျော့ နေတတ်ပါတယ်.. ။ )

၎ ။ မိမိခင်ပွန်း အမှားပြုသည်ရှိသော်.. သေးသော်ခွင့်လွှတ်..ကြီးသော်နားလည်... ပေးရင်း သူစိတ်အေးချမ်းအောင် အရင် ပြုမှုဆက်ဆံပေးသင့်ပါတယ်... ထို့နောက်တွင်မှ... မိမိ စိတ်မကောင်းဖြစ်နေတာကို သိအောင်ပြောရင်း နားလည်အောင် တစ်ဖြည်းဖြည်းချင်း အပြုံမပျက် ဆွေးနွေး ပေးပါ..။ (ယောင်္ကျားအများစုဟာ..သွေးဆူလွယ်တဲ့မိန်းမ တွေကို မလေးစားတတ်ကြပါဘူး... ပြဿနာတစ်ခုဖြစ်လာရင် သွေးအေးအေးနဲ့ဖြေရှင်းတတ်တဲ့မိန်းမမျိုးကိုတော့ လန့်လည်းလန့် လေးလည်းလေးစားတတ်ကြ ပြန်ပါတယ်။တစ်ချို့က ငိုယိုအော်ဟစ်ထုနှက် ပြီးယောင်္ကျားကိုအပြစ်တွေ အလျည်းသင့်ရင်သင့်သလိုတင်ရင်း အခုခေတ်စကားနဲ့ပြောရရင် လူရှေ့သူရှေ့ရောက်မှ ဖဲ့တယ် ပြောရမလား... အဲလို မယားမျိုးကတော့ရန်သူလိုမယားအဖြစ်သတ်မှတ်ခံရမှာပါ.) သတိထားကြစေလိုပါတယ်ရှင်..။

၅ ။ အိမ်မှုကိစ္စ အဝဝ ကို အိမ်ထောင်မကျခင်ကထဲက လေ့လာသင်ယူထားသင့်ပါတယ်.. ယခုခေတ်မိန်းမပျိုတွေအနေနဲ့..သင်ယူချိန်မရ.. အလေ့အကျင့်မရ ဖြစ်နေကြပါပြီ.. ကျောင်းပြီးရင်းကျောင်းအလုပ်ပြီးရင်းအလုပ်ဖြစ်နေကြတဲ့ခေတ်ကြီမှာ... လင့်လုပ်စာ ထိုင်မစား ရတော့တဲ့အိမ်ထောင်သည်အမျိုးသမီးဦးရေတိုးလို့လာနေပါပြီ..။ သို့ပါသော်ငြား.. မလုပ်ချင်လို့မလုပ်တာသာဖြစ်ရမယ်..မလုပ်တတ်တာမရှိဆိုတာမျိုးဖြစ်အောင်လေ့လာသင်ယူသင့်ပါတယ်..။ ဟင်းချက်ကောင်း ခြင်းကလဲ..မိမိခင်ပွန်းမည်သည့်နေရာရောက်နေပါစေ..အချိန်တန် အိမ်ပြန်ရောက်စေတဲ့..လက်နက်တစ်မျိုး ပါ..။ သန့်ရှင်းစွာနေထိုင်တတ်ခြင်းလဲပါဝင်ပါတယ်.. ။ ငွေလဲ ဒိုးတူဘောင်ဖက် ရှာရသေး သူ့ကိုလဲဟင်းချက်ကျွေးရသေး ဆိုတဲ့အတွေးဝင်လာမိရင်တောင်.... ဟင်းတစ်ခွက်အတူချက်ရအောင်နော်လို့ ချိုသာတဲ့စကားတစ်ခွန်း နဲ့ မီးဖိုခန်းကို တစ်ဝက်ခွဲပေးဖို့ မိမိတို့နှုတ်ရေးရာကြွယ်ဝမှုကလည်းအရေးပါနေပါသေးတယ်ဆိုတာ မေ့လျော့မသွား ကြပါနဲ့ရှင်..။ အိမ်မှုကိစ္စ အဝအဝကိုလဲ..တစ်ယောက်တစ်ဝက်ခွဲဝေယူတတ်အောင် လဲ မိမိတို့နှုတ်ခမ်းချိုချိုများပေါ်မှာသာမှုတည် ပါတယ်..။

၆ ။ ဇနီးမောင်နှံ့ ကြားမှာ အားနာတယ်ဆိုတဲ့အတွေးနဲ့စကားမရှိသင့်ပါ..။ အိမ်ထောင်ဦးအစထဲက အားနာလို့..ဆိုပြီး..ကိုယ်ပဲ အစစအရာအရာသိမ်းကြုံးလုပ်မိတတ်ကြတယ်... ချစ်စ ခင်စမို့အိမ်မှုကိစ္စ ကျွန်မ ကျွမ်းကျင်ပါတယ် ဆိုတာ ပြချင်တာလဲပါမယ်ထင်ပါတယ်..။ မယားဝတ္တရားငါးပါး ကို အားနာပါနားနဲ့အသကုန်ကြေစရာမလိုပါဘူး... ကိုယ်မလုပ်နိုင်တဲ့အရာ..မလုပ်ချင်တဲ့အရာ..မကြိုက်တဲ့အရာမှန်သမျှကို ငြင်းပယ်ရဲရပါမယ်..။ ရှင်းပြ ရဲရပါမယ်..။ အဲလိုမှမဟုတ်ရင် အိမ်ထောင်သက်ကြာလာတာနှင့်အမျှဝန်ထုတ်ဝန်ပိုး ဖြစ်လာပါလိမ့်မယ်... လုပ်ကိုင်နေရသမျှ ဟာလည်းမေတ္တာအရင်းခံနည်း ပြီးအားနာလို့ြ့ပုခဲ့တာမို့... စိတ်ပျက်စရာ... ဒေါသထွက်စရာတွေသာဖြစ်လာပြီးမခံရပ်နိုင်တော့တဲ့တစ်နေ့ မီးတောင်ပေါက်ကွဲသလို ပေါက်ကွဲရင်း.ဝမ်းနည်းစရာအဖြစ်တွေဖြစ်လို့လာတော့မှာပါ..။

၇ ။ စီးတဲ့ရေ ဆည်တဲ့ကန်သင်း ဆိုသလို... ဇနီးမယားကိုယ်တိုင်က အသုံးအဖြူန်း ကြီး ခဲ့တာကို သမီးရည်းစားဘဝထဲကသိထားယောင်္ကျာ့း တွေအဖို့ကတော့ သူတို့ရှာသမျှ အကုန်အပ်မယ်လို့မထင်ပါဘူး... ငွေမအပ်ရကောင်းလားလို့အပြစ်မတင် စေချင်ဘူး... ကိုယ်ကိုတိုင် အသုံးနဲ့အဖြုန်းကိုအရင် သေချာ နားလည် ကိုင်တွယ်ပြ သင့်တယ်...မိမိကိုယ်တိုင်စီးပွားရှာနေရသူဆိုရင်လည်း ... စစ်စစ် စီစီ သုံးပြ ပြီးတဲ့နောက်မှာ..အလိုလို မိသားစုဘဏ္လာ စိုး အဖြစ် ရောက်ပါလိမ့်မယ့်...ဒါဆို..သမီးရည်းစားဘဝထဲက သူ့ယုံကြည်မှု ရယူဖို့လိုတယ်ဆိုတာ သဘောပေါက်မယ်ထင်ပါတယ်ရှင်..။

၈ ။ တစ်ဦးနှင့်တစ်ဦးလက်ထပ်ပြီဆိုကထဲက မိသားစု ၂ စု လုံးလက်ထပ်လိုက်တာပါပဲ.. ဒါကိုတစ်ချို့ကတော့..အို..တကယ်ပေါင်းရတာ နင်နဲ့ငါ ဆိုတဲ့အတွေး .. ဟုတ်ပါတယ် တကယ်ပေါင်းကြရတာက နင်နဲ့ငါ.. ပါ..ဒါပေမယ့် အဲဒီနင်ရယ် ငါရယ်တွေဖြစ်လာတာက ကိုယ်စီမိဘ တွေဆီကပါ..အနည်းနှင့်အများ ပက်သက်စပ်ဆိုင် ပါတယ်..။ လူ မှန်ရင်တစ်ယောက်ထဲရပ်တည်လို့မရပါဘူး. မိဘ ဆွေမျိုး.. မိတ်ဆွေသူငယ်ချင်း..လုပ်ဖော်ကိုင်ဖက် အစရှိသည်တို့၏ အမှီအခို အထောက်အပံ့ နှင့်ချီးမြှောက်မှုတွေ ရှိမှသာ လူ့လောကအလယ်ဝင့်ထည်နီုင်မှာပါ..။ သိပ်အရေးကြီးပါတယ်ရှင်..။ ၂ ဖက်ဆွေးမျိုးတွေအပေါ် လျော်အောင်ဖြန့်ချီ ဆိုတဲ့ မယားဝတ္တရား ကို ကျွန်မ နားလည်သလို ပြောရရင်..ပေးကမ်းထောက်ပံ့ တဲ့နေရာတွင်သာ မက .. စကား အရာကိုပါ..တစ်ဖက်နားမှ တစ်ဖက်နားသို့မပေါက်ရလေအောင် ကျွမ်းကျင်လိမ္မာစွာ ထိန်းသိမ်းသင့်ပါတယ်..။ သူ့မိဘ ကိုယ့်မိဘ မခွဲခြားပဲ မျှတစွာနေထိုင်ပြောဆို တတ်မယ်ဆိုရင်... ၂ ဖက် မိသာစု ဆက်ဆံရေး ကို အလွယ်တကူ ခိုင်မာစွာတည်ဆောက်နိုင်လာတာနှင့်အမျှ ခင်ပွန်းလင်ရဲ့ လေးစားမှု ယုံကြည်မှုကို အလွယ်တကူ ရယူနိုင်ပါလိမ့်မယ်... မိမိခင်ပွန်းသည် ဖာသိဖာသာနေတတ်သူ ဖြစ်လျင်တောင်မှမိမိဖော်ရွေမျှတမှုကြောင့် .. သူ့မှုရင်း အကျင့်စရိုက်တွေပြောင်းလဲ လာကာ ၂ဖက်မိသာစု ဆက်ဆံရေး ပိုမို တိုးတက်လာပါလိမ့်မယ်..။

၉ ။ မိမိ ခင်ပွန်း ရဲ့စိတ်တွေ တစ်ခြားတစ်ယောက်ဆီ ရောက်နေလေမလား ??.. အမျိုးသမီးတိုင်းကြောက်တဲ့ ဆင်းရဲခြင်း တွေထဲမှာ.. ဒီလို စိတ်ဆင်းရဲခြင်းမျိုးကိုတော့ ကမ္ဘာတုန်အောင် ကြောက် ကြပါတယ်.. ကြားဖူးမှာပေါ့.. အမျိုးသားတွေဟာ ချမ်းသာခြင်းဒဏ်ကိုမခံနိုင်ကြသလို အမျိုးသမီးတွေကလဲ ဆင်းရဲခြင်းဒဏ်မခံနိုင်ကြပါဘူး..။ အဲဒီ ဆိုလိုရင်းအနေဆင်းရဲ အစားဆင်းရဲ အဝတ်ဆင်းရဲ ဒဏ်ကို ကျွန်မတို့မိန်းမသားတွေ တော်တော်များများ သိပ်ကြောက်ကြပေမယ့် ခင်ပွန်းလင် ဆီမှ ရသင့်တဲ့မေတ္တာ အကြင်နာ ဆင်းရဲဒဏ် ကိုတော့ သေမလောက်ကြောက်တတ်ကြသူချည်းပါပဲ..။ ကိုယ့်ခင်ပွန်းခြေလှမ်းစပျက်ပြီဆိုကထဲက..သွေးရူးသွေးတန်း ဘာဖြစ်နေလဲ ဆိုတာ သူ့ကို တစ်နေ့ဆယ်ခါလောက်မေးမိလာတယ်.. ယောင်္ကျားလုပ်သူကလဲ..စီးပွားရေးကြောင့် အလုပ်ကိစ္စကြောင့်.. မျက်နှာပျက်တာပဲဖြစ်ဖြစ်..မူမမှန်လို့မျက်နှာပျက်တာပဲဖြစ်ဖြစ် မိန်းမသားတွေ မှာတော့ သံသယ အတွေးနယ်ချဲ့ ပြီး ယောင်္ကျားဖြစ်သူကိုရန်ရှာလာမိတတ်တယ်...အရင်ကဆို ..ရှင်က ဘယ်လို ပါ... အခုတော့ပြောင်းလဲနေပြီ..ဟုတ်မှဟုတ်သေးရဲ့လား..ဘယ် မယားငယ်ဆီ စိတ်ေ၇ာက်နေပါလိမ့် ဆိုပြီးစကားနာစထိုးမိတတ်လာပါရော..။ အဲဒီကစ ပါပြီ... ကိုယ့်လင်သား မည်သို့သော အကြောင်းကြောင့်ပဲ မျက်နှာပျက်ပျက်... တစ်ချိန်ချိန်မှာတော့မျက်နှာကြည် ပါလိမ့်မယ်..အဲဒီတော့မှမေးကြည့်ပါ.. သို့မဟုတ် .. သည်းခံပြီး စောင့်ပါ..။ .. သူ့ဘက်က စဖွင့်ပြောလာသည်အထိပေါ့။။ ယုတ်ဆွဆုံး ....တကယ်လို့သူ့မှာနောက်တစ်ယောက်ရှိနေပါပြီ... သူ့ကိုနားလည်ပေးပါ လို့ ပြောလာ သည်အထိ ပေါ့။ မိမိဘာသာ အပြင်ကသိထားသည်များရှိသည့်တိုင်အောင် သူ့အပြော သူ့ဝန်ခံချက်ကို စိတ်ပူလောင်မှုတွေကြားက ပြင်ဆင်ရင်းစောင့်နေ စေလိုပါတယ်..။ အဲဒါမှ ..သူဖွင့်ပြောလာသည်ရှိသော်.. ကိုယ်ပြန်ပြောရမယ့်စကားများကို သွေးအေးအေးနှင့် သူ့ကိုမိတ်ဆွေကောင်းတစ်ယောက်လို အကြံပေး ဆွေးနွေး နှစ်သိမ့်ပေး နိုင်မှာပါ..။ ဒီလိုမိန်းမမျိုးကို ယောင်္ကျားတိုင်းလေးစားတယ်..တန်ဖိုးလဲထားတယ်.. ဘယ်လိုမှ မတတ်သာလို့လမ်းခွဲကြရရင်တောင် တစ်သက်လုံးမိတ်ဆွေကောင်းတွေအဖြစ်နဲ့ ပက်သက်သွားလို့ရတယ်.. ဒါပေမယ့် မိမိ ဖြေရှင်းမှုအပေါ် မူတည်ပြီးသူတို့ဆုံးဖြတ်ချက်တွေ ပြောင်းလဲသွားနိုင်တယ် ဆိုတာ မမေ့စေချင်ပါဘူး..။

လူဆိုတာ ကိုယ့်ခန္ဒာ ကို ကိုယ်မပိုင်သလို ကိုယ့်စိတ်တောင်မှ ကိုယ်မနိုင်နိုင်အောင် ကြိုးစား နေရသူများပါ..။ တစ်ဖက်သားကို ပိုင်ဆိုင် ချင်တယ်ဆိုတာ တွေးကြည့်ရင်ရယ်စရာကြီးပါ..။ တစ်ဖက်သားရဲ့ စိတ်ကို ချုပ်ကိုင်လွှမ်းမိုးလိုသူတိုင်း ၄င်းတို့စိတ်တွေ သာ ပင်ပန်းဆင်းရဲ ကြစမြဲပါ..။

လက်ထပ်တယ်ဆိုတာ

တစ်ဦးနဲ့တစ်ဦးပိုင်ဆိုင်လိုစိတ်တွေကိုအဆုံးသတ်ပြီး .. လောက ရဲ့ဒုက္ခ..သုခ တွေကို မျှဝေခံစားဖို့ ထွက်တဲ့ခရီးအစ လို့တင်စားချင်တယ်..။ အဲဒီခရီးမှာ ..ဆောင်ရမည်ပစ္စည်းတွေက... ဖေးကူ မယ့်လက်တစ်စုံ..နားထောင်ပေးမယ့်နားတစ်စုံ... နှစ်သိမ့်ပေးမယ့်နှုတ်ခမ်းနှစ်လွာ..အစဉ်အမြဲနွေးထွေးစေ မယ့်မျက်ဝန်းတစ်စုံနဲ့ ကြင်နာတတ် တဲ့နှလုံးသား တစ်ခု အဓိကလိုအပ်တယ်..။ ချန်ထားခဲ့ရမယ့်ပစ္စည်းကတော့သိပ်မများပေမယ့် ချန်ဖို့အရမ်းမေ့လျော့တတ်ကြ တဲ့.... "ငါ " ဆိုတဲ့ အတ္တ ... ပါပဲ ..။

ချစ်သော ညီမလေး များ အတ္တနည်းနည်း လေး ချန်ထားခဲ့ပြီးမှ လက်ထပ် ကြပါနော်... ချစ်ခြင်းမေတ္တာဆိုတာ ကိုယ်ကလိုချင်လေ... ကိုယ်ကပဲပေးဆပ်ရလေ ပါပဲ... အပူအပင်ကင်းသော အိမ်ကလေး တွင် စံရသော အိမ်ကြီးရှင်မ များ ဖြစ်ကြပါစေလို့ ဆုတောင်း ပေးရင် နိဂုံးချုပ်လိုက်ပါတယ် ..။

လေးစားကျေးဇူးတင်လျက်
အိမ်ထောင်ရေး ဗဟုသုတလေးတစ်ခုဖြစ်မယ်ထင်လို့ ပြန်လည်မျှဝေပေးပါသည်။တစ်ကယ်လက်တွေ့ အိမ်ထောင်ပြုတဲ့ အခါကြရင်အသုံးဝင်ချင်းဝင်မှာပါ။ကျေးဇူးပါ။။။။။။။

By Ko Nyo Win

Thursday, February 27, 2014

မြူရွက်သုပ်


မြူရွက်လေးတွေမြင်တော့..ဟိုးတက္ကသိုလ်တက်ချိန်...တောင်သမန်အင်းဘေးကို သတိရမိပါတယ်...ငါးကပ်ကြော်၊ လယ်ပုစွန်ခွက်ကြော် ၊ ပုစွန်ကြော်တွေနဲ.မြူရွက်သုပ်စားရတာကိုနှစ်သက်လို.ကျောင်းကနေတောင်သမန်အင်းထိ..စက်ဘီးစီးပြီးသွားစားခဲ့ရတဲ့..အချိန်တွေကို

မြူရွက်သုပ်
*******

မြူရွက်..............၂ စည်း
ကြက်သွန်နီ+ဖြူဆီချက်
မြေပဲလှော်ထောင်း
နှမ်းလှော်
ပဲမှုန်.အကျက်
ဆား+ ဟင်းခတ်မှုန်. ..အနည်းငယ်စီ

မြူရွက်တွေကို..နုတဲ့အပိုင်းလေးတွေသင်ပြီး..ရေဆေးထားပါတယ်..။

ကြက်သွန်ဖြူ +နီ ကိုရောပြီး..နနွင်းမှုန်.လေးနဲဆီချက်ချက်ပါတယ်..။

မြေပဲလှော်..အခွံတွေဖယ်ကာ..မညှက်တညှက်လေးထောင်းထားပါတယ်..။

ပွက်ပွက်ဆူနေတဲ့ရေမှာ..မြူရွက်တွေကို အရောင်မပြောင်းအောင်ရေနွေးဖျော
ကာ ရေအေးလောင်းအအေးခံကာ..ရေတွေကိုကုန်စင်အေင်ညှစ်ထုတ်လိုက်
ပါတယ်။

ခပ်ကြမ်းကြမ်းလေးလှီးဖြတ်ကာ...နီ+ဖြူ ဆီချက် ၊ ပဲကျက်မှုန်. ၊မြေပဲထောင်း၊ နှမ်းလှော်တွေရောထည့်ကာ ဆား၊ ဟင်းခတ်မှုန်.တို.ကိုပါသည်ဆိုရုံလေးထည့်ကာ..စိမ့်စိမ့်လေးစားရတဲ့မြူရွက်သုပ်ကို..အကြိုက်ဆုံးပါ။

Shared from ဟင်းချက်နည်းများ (FB)

တို့ဟူးနွေး (၃ယောက်စာ)


တို့ဟူးနွေးကို လုပ်ရလွယ်ပြီ စားလို့ကောင်းတဲ့နည်းလေးနဲ့ တင်ဆက်ထားပါတယ်။ နေ့လည်စာ အစာပြေလုပ်စားနိုင်ဖို့ပါ။ လုပ်နည်းလေး ကြည့်ရအောင်…

တို့ဟူးနွေး ပြင်ဆင်ရာတွင် ပါဝင်သည့်ပစ္စည်းများ

၁။ ဆန်စီခေါက်ဆွဲထုပ် – တ၀က်

၂။ မြေပဲ – စားပွဲတင်ဇွန်း ၃ဇွန်း (မညက်တညက် ထောင်းထားပေးပါ)

၃။ နံနံပင် (သို့) ကြက်သွန်မြိတ် – ၂ပင် (ပါးပါးလှီးပါ)

တို့ဟူးကျိုရန် ပါဝင်ပစ္စည်းများ
၁။ ကုလားပဲအစိမ်းမှုန့် (သို့) တို့ဟူးမှုန့် – ၁၅၀ဂရမ်

၂။ ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ

၃။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း

၎။ သကြား – စားပွဲတင်ဇွန်း ၁ဇွန်း

၅။ အချိုမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း

ခရမ်းချဉ်သီးဆော့ရည်အတွက် ပါဝင်ပစ္စည်းများ

၁။ ကြက်သား (သို့) ၀က်သား – ၁၅ကျပ်သား (အတုံးသေးလေးများ တုံးပေးထားပါ)

၂။ ခရမ်းချဉ်သီး – ၃လုံး (အစေ့ထုတ်ပြီ အရှည်ပါးပါးလှီးပါ)

၃။ ကြက်သွန်နီ – ၂ခု (နှုတ်နှုတ်စဉ်းပါ)

၎။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)

၅။ ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း

၆။ သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း

ရ။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း

၈။ ပဲငံပြာရည် (အကြည်) – စားပွဲတင်ဇွန်း ၁ဇွန်း

၉။ ငါးငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်း

၁၀။ ပဲငပိ – စားပွဲတင်ဇွန်း ၂ဇွန်း

ချက်ပြုတ်နည်းများ

၁။ အရင်ဆုံး ဆန်စီခေါက်ဆွဲခေါက်များကို ရေနွေးတည်ထားသော အိုးထဲသို့ ထည့်၍ ပြုတ်ပေးပါ။ ခေါက်ဆွဲကျက်ပြီဆိုလျှင် ရေပြန်စစ်ပြီ ရေစိမ်ထားပေးပါ။ (ရေမစိမ်ထားပါက ခေါက်ဆွဲများ ကပ်သွားပါလိမ့်မည်)

၂။ ထို့နောက် ခရမ်းချဉ်သီး ဆော့ချက်ရန် ဒယ်ထဲသို့ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပါ။

၃။ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ နီများ ထည့် ဆီသပ်ပေးပြီ ငရုတ်သီးမှုန့်၊ ခရမ်းချဉ်သီးများ ထည့်၍ ရေ(ဆန်ချိန်ခွက် တခွက်)ခန့်ထည့်ပြီ ခရမ်းချဉ်သီးများ နူသည်အထိ တည်ထားပေးပါ။

၎။ ခရမ်းချဉ်သီးများ နူးသွားမှ ၀က်သားများကို ထည့်ပြီ ရောမွှေလိုက်ပါ။

၅။ အရသာ အပေါ့အငံ့အတွက် ဆား၊ ပဲငံပြာရည်၊ ပဲငပိ၊ ငါးငံပြာရည်၊ သကြား တို့ကို ထည့်ပေးပါ။

၆။ ထို့နောက် အသားနူရန် ရေ(ဆန်ချိန်ခွက် တခွက်) ထည့်ပြီ ဆီပြန်လျှင် မီးပိတ်၍ ခွက်တစ်ခုထဲ ပြောင်းထည့်ထားပါ။

ရ။ တို့ဟူးကျိုရန်အတွက် ကုလားပဲမှုန့်များကို ရေ(ဆန်ချိန်ခွက် တခွက်ခွဲ)ဖြင့် ရောပြီ သမအောင် မွှေလိုက်ပါ။

၈။ ကုလားပဲမှုန့်များကို ကျေသွားအောင် လက်ဖြင့် (သို့) ဇကာဖြင့် ကျေအောင် လုပ်ပေးပါ။

၉။ ကုလားပဲမှုန့်များ ကျေသွားမှ ရေ(ဆန်ချိန်ခွက် ၂ခွက်)၊ ဆနွင်းတို့ဖြင့် ရောမွှေပြီ ဒယ်ထဲသို့ လောင်းထည့်လိုက်ပါ။

၁၀။ မီးနည်းနည်းဖြင့် ရမိနစ်ခန့် အဆက်မပြတ်မွှေပေးနေပါ။ အရသာအတွက် ဆား၊ သကြား၊ အချိုမှုန့်တို့ကို ထည့်ပေးပါ။

၁၁။ ပုံတွင် ပြထားသည့်အတိုင်း တို့ဟူးနှစ် မပျစ်မကျဲ အနေထားတွင် ချလိုက်ပါ။

၁၂။ တို့ဟူးနွေးအတွက် ပြင်ဆင်ပါတော့မည်။ အရင်ဆုံး ခွက်ထဲသို့ ဆန်စီခေါက်ဆွဲ လက်တဆုပ်စာခန့် ထည့်လိုက်ပါ။

၁၃။ ပြီလျှင် ခေါက်ဆွဲပေါ်မှ ကျိုထားသော တို့ဟူးများကို ခေါက်ဆွဲဖုံးသည်အထိ လောင်းထည့်ပေးပါ။

၁၄။ နောက်ဆုံးမှ ခရမ်းချဉ်သီးဆော့ရည်(စားပွဲတင်ဇွန်း ၂ဇွန်းခွဲ)၊ မြေပဲ(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ကြက်သွန်မြိတ် အနည်းငယ်၊ ပဲငံပြာရည်အကြည်(စားပွဲတင်ဇွန်း ၁ဇွန်း) တို့ထည့်ပေးပါ။ ထို့နည်းအတိုင်း ကျန်တို့ဟူးနွေး ၂ပွဲကို ပြင်ပါ။

၁၅။ တို့ဟူးနွေးကို ပူပူလေး ၀က်ခေါက်၊ ရှမ်းချဉ် တို့ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…

Shared from ချက်ကြမယ် (FB)

မြိတ်ကတ်ကြေးကိုက်


ပါဝင်သောပစ္စည်းများ

ကတ်ကြေးကိုက် မုန့်ဖတ် – ၄၀ကျပ်သား
ပုဇွန်ကျား – ၂၀ကျပ်သား (အမြှီးခံကာ အခွံနွာပြီ ကျောခွဲထားပေးပါ)
ကင်ပွန်း (သို့) ပြည်ကြီးငါး – ၂၀ကျပ်သား (အညှိအခွဲတွေ စဉ်အောင် ရှာလကာရည်နဲ့ အရင်ဆေးပြီမှ ရေနဲ့ ပြန်ဆေးထားပါ။ ပြီလျှင် ကြက်ခြေခတ်ပုံ ဓားဖြင့် မွှန်းထားပေးထားပါ)
ဂဏန်းချောင်း – ၇ချောင်း (အစောင်းပါးပါးလှီးပါ)

ကမာ – ရကောင် (ရှာလကာရည်နဲ့ အရင်ဆေးပြီမှ ရေနဲ့ ပြန်ဆေးထားပါ) (optional)
ကြက်သား – ၁၅ကျပ်သား (အစောင်းပါးပါးလှီးပါ) (optional)
ပဲပင်ပေါက် – ၁၀ကျပ်သား (ရေစဉ်အောင် ဆေးထားပါ)
ကြက်သွန်မြိတ် – ၅စည်း ( ပါးပါးလှီးထားပါ)
ကြက်သွန်ဖြူ – ၆မွှာ (နှုတ်နှုတ်စဉ်းပေးပါ)
ဘဲဥ – ၄လုံး (ဆားအနည်းငယ် ထည့်၍ ခလောက်ထားပေးပါ)
ပဲပြုတ် – ၁၀ကျပ်သား

အရသာအတွက် ပါဝင်ပစ္စည်းများ

ပအုန်းရည် – စားပွဲတင်ဇွန်း ၆ဇွန်း (*ပအုန်းရည်အစား ရှာလကာရည်ထည့်လို့ ရပါတယ်)
ပဲငံပြာရည် (အကြည်) – စားပွဲတင်ဇွန်း ၁ဇွန်း
ပဲငံပြာရည် (အနောက်) – လက်ဖက်ရည်ဇွန်း တ၀က်
ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ခနော ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၃ဇွန်း

ပြင်ဆင်နည်း

၁။ အရင်ဆုံး ကြက်သား၊ ကင်ပွန်း၊ ပုဇွန်ကျားများကို ( ဆား၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း တ၀က်) စ်ီဖြင့် နည်းထားပေးပါ။

၂။ ပြီလျှင် ခလောက်ထားသော ဘဲဥကို ဒယ်ထဲထည့်၍ ကြော်ပေးပြီ ပါးပါးပြန်လှီးပေးထားပါ။

၃။ ထို့နောက် ချက်ပြုတ်ရန် ပန်းကန်တစ်ခုထဲတွင် ပြင်ဆင်ထားပေးပါ။

၎။ ခုကတ်ကြေးကိုက်ကြော် စချက်တော့ပါမည်။

ချက်ပြုတ်နည်း

၁။ ဒယ်ထဲသို့ ဆီ(စားပွဲတင်ဇွန်း ၆ဇွန်း) ထည့်ပြီ ကြက်သွန်ဖြူများကို ထည့်ပြီ ဆီသပ်ပေးပါ။

၂။ ပြီလျှင် ငရုတ်သီးမှုန့်(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ကာ ၁စက္ကန့်မျှ မွှေပေးပါ။

၃။ ထို့နောက် ကြက်သား၊ ပုဇွန်ကျား၊ ပြည်ကြီးငါး၊ ကမာ၊ ဂဏန်းချောင်းများကို ထည့်၍ မကျက်တကျက် အနေထားရောက်သည်အထိ ရောမွှေပေးပါ။

၎။ ထိုချိန်မှ ကတ်ကြေးကိုက်မုန့်ဖတ်ကို ဇလုံတစ်ခုထဲထည့်၍ (ပအုန်းရည်(စားပွဲတင်ဇွန်း ၆ဇွန်း)၊ ဆား(လက်ဖက်ရည်ဇွန်း တ၀က်)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း ၃ဇွန်း)၊ ပဲငံပြာရည်အနောက်၊ ပဲငံပြာရည်အကြည်) တို့ဖြင့် သမအောင် နုယ်ပြီ ဒယ်ထဲသို့ လောင်းထည့်လိုက်ပါ။

၅။ ပြီနောက် နုံ့အောင် ရောမွှေလိုက်ပါ။ အရသာအပေါ့အငံ့မြည်း၍ ဆား(လက်ဖက်ရည်ဇွန်း ၃ဇွန်း)၊ ကြက်သားမှုန့်(စားပွဲတင်ဇွန်း ၁ဇွန်း)၊ သကြား(လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ပေးပါ။

၆။ အရသာအနေတော်မှ ပဲပင်ပေါက်၊ ပဲပြုတ်၊ ကြက်ဥတို့ထည့်ပေးပါ။

ရ။ မီးဖိုမှချခါနီးမှ ကြက်သွန်မြိတ်များကို ဖြူးပေးပြီ အရသာရှိရှိ မြိတ်ကတ်ကြေးကိုက်ကို သုံးဆောင်နိုင်ပါပြီ…..

Shared from ချက်ကြမယ်  (FB)

ရေးးးးးး…၁၀ရက်အတွင်း ၄ပေါင် (၁.၈ကီလို) ကျသွားပြီ… ရှင်တို့ ရော .. ?


လွန်ခဲ့တဲ့ ၅နှစ်က ကျွန်မ ပေါင်ချိန် ၅၀ ကီလို (၁၁၀ပေါင်) ရှိတယ်။

ကျွန်မအလုပ်က အထိုင်များတယ်.. အဲကွမ်းက အေးတယ်.. မနက်စာများများစားရတယ်ဆိုတော့ … စားတာပေါ့ မနက်တိုင်း အများအားဖြင့် စားဖြစ်တာ ကြာဇံကြော် .. သူငယ်ချင်းတွေ နေ့လည်ကျရင် သူတို့ပါလာတဲ့မုန့်တွေ လာကျွေးလဲ စားတာပဲ.. အလုပ်အသစ်ဆိုတော့ စိတ်ဖိစီးတာလဲပါတာပေါ့…

၆လလောက်လဲကျရော… သူငယ်ချင်းတစ်ယောက် အလုပ်ထွက်တော့ သူ့ နှုတ်ဆက်ပွဲမှာ ရိုက်ထားတဲ့ ပုံတွေ ကြည့်လိုက်တာ ဘုရားရေ ကျွန်မ ၀လာပြီး … အပြေးလေး ၀ိတ်ချိန်ကြည့်လိုက်တာ ၅၄ကီလို (၁၂၀ပေါင်) သာမန်အရပ် နဲ့ဆိုတော့ ၁၀ပေါင်တတ်တယ်ဆိုတာ ၀တာပေါ့..

အဲနောက်တစ်ခု က ကျွန်မမှာ Breast Lump တစ်ခုဖြစ်နေတာကိုပါ သိလိုက်ရတယ်.. memogram ရိုက်ကြည့်တာတော့ cancer မဟုတ်သေးဘူးတဲ့… ထားလို့ရတယ်ပေါ့..
ဆရာဝန်က ၀ိတ်တတ်ရင်လဲ breast Lump ဖြစ်တတ်တယ်တဲ့… ဒါနဲ့ပဲ ကျွန်မ စပြီး ၀ိတ်ချဖြစ်ခဲ့တယ်။

စိတ်ညစ်တာလဲပါမယ်.. သိပ်မစားဖြစ်တော့ဘူး.. တစ်ရက် ပန်ကန်လုံး ၃လုံးစာ ပဲစားဖြစ်တယ် တခြားအချိန် ဗိုက်ဆာတိုင်း အသီးလောက်ပဲစားတယ် နို့သောက်တယ် .. ရုံးမှာဆိုလဲ မကြာခဏ ထထပြီး လမ်းလျှောက်တယ်.. နေ့လည်ထမင်းစားချိန် ၁နာရီနားရင် .. လမ်းထွက်လျှောက်တာပဲ… အိမ်ပြန်ရောက်လာလဲ ..မအိပ်မချင်း အိမ်အလုပ်တွေ လုပ်တယ်.. ပြီးရင် တစ်ရက် ၃ကီလိုမီတာပြေးတယ်.. လမ်းလျှောက်တယ်။ ရေကူးတယ်။ တစ်ပတ်အတွင်း အလှည့်ကျ နေ့တိုင်းလုပ်ပေးတယ်။

၆လလောက်ကြာတော့ ၄၆ကီလို (ပေါင် ၁၀၀) အထိ ကျွန်မ၀ိတ်ကျခဲ့တယ်.. စုစုပေါင်း ၁၈ပေါင် ကျွန်မချခဲ့တယ်။ အဲတုန်းက ကျွန်မ အမျိုးသားက အပျိုတုန်းက ထက်တောင် ပိုလှနေတယ် လို့ ပြောဘူး တယ်… ဟီးဟီး .. ရှက်တာ… :P///

၃နှစ်လောက်အထိ ပုံမှန်စားသောက်ခဲ့တာ… တစ်ပါတ်တစ်ရက် လေ့ကျင့်ခန်းလုပ်တယ်.. အရွက်များများစားတယ်.. ပန်းသီး အစိမ်း တစ်ရက် တစ်လုံး စားတယ်…နေ့လည်စာတို့ညစာတို့မှာတောင် အရည်ပြုတ်လေးတွေ အစားများတယ်…
ဒါက ၀ိတ်ကိုထိန်းတာ… ထမင်းစားတာများတယ်.. သိပ်မထိန်းပဲ စားသောက်တာလေးတွေကျရင်.. ပြန်ပြန်တတ်လာခဲ့တာ.. ၅၀ကီလို (၁၁၀ပေါင်) ပြန်ဖြစ်လာခဲ့ပြန်ပြီ။

လွန်ခဲ့တဲ့ ခြောက်လလောက်က breast lump အကြိတ်ခွဲတာရော အမေချက်တဲ့ ဟင်းမွှေးမွှေးလေးတွေ စားသောက်ပြီး အနားယူလိုက်တာ.. ဘုရားရေ ကျွန်မ ၅၁.၈ကီလို (၁၁၅ပေါင်) ဖြစ်နေပြီ… :(…

ဒီလိုနဲ့ အခု ဒီမှာ စာတွေရေးဖြစ်တယ်… ကိုယ်တိုင်လဲ အစားလျော့စားတယ်.. တစ်ရက် ၁၁၀၀ ကယ်လိုရီပဲစားတယ်… ကျွန်မခနာကိုယ် အတွက် ပုံမှန်လိုအပ်တာက ၁၃၀၀ ကယ်လိုရီ.. ၂၀၀ ကယ်လိုရီ လျော့စားတဲ့သဘောပေါ့.. နောက် တစ်ရက်ခြား ၇ကီလိုမီတာပြေးတယ်.. ခါးလှည့် ၁၀၀၊ ပေါင်လွှဲ ၁၀၀ ၊ လက်မောင်းလှည်၁၀၀၊ အိပ်ထ ၃၀၊ Jump Step ၁၀၀ ၊ လုပ်လိုက်တာ.. တစ်ရက် ၇၀၀ကီလို လောင်ကျွမ်းစေခဲ့တယ်။

ဒါဆို စုစုပေါင်း တစ်ရက် ၉ ၀၀ ကယ်လိုရီပေါ့နော်..လေ့ကျင့်ခန်းမလုပ်တဲ့နေ့တွေမှာလဲ active style လေးပြောင်းနေပေးတယ်။ ကျွန်မ မလိုချင်တဲ့အဆီပိုတွေရှိတဲ့ နေရာတွေကို အဆီချဆေးလိမ်းတယ် 2B arm and body လိမ်းတယ်.. ဗိုက်နဲ့ ခါး ကိုလဲ … (Elancyl stomach and Waist Cellulite) ဆိုတဲ့ Lotion လေး လိမ်းတယ်.. အ၀တ်လေးနဲ့ စည်းပြီး ရေဓါတ်ထုတ်တယ် .. လက်ဖက်ခြောက်ရည်သောက်တယ်..

၁၀ရက်ပြည့်တဲ့နေမှာ ကျွန်မ၀ိတ်ချိန်ကြည့်လိုက်တာ… ဟယ်… ၄ပေါင်တောင်ကျသွားပြီ… အခု ၅၀ကီလို တိတိ.. အရမ်းပျော်တာပဲ.. ကျွန်မအတွက် တော့ ၀ိတ်ချခြင်းဆိုတာ.. သိပ်ကိုပျော်စရာကောင်းပါတယ်။

ကဲ သူငယ်ချင်းတို့ရော…. ??

အားလုံး ရွှင်ပြုံးနိုင်ကြပါစေ။

-------------------------

အပြုံးတစ်ခု၏ လျှို့ဝှက်ချက်

ကမ္ဘာ့အကောင်းဆုံး Blog – Mashable


Pete Cashmore လို့အမည်ရတဲ့ လူငယ်လေးက အသက် ၁၉ နှစ်ပဲ ရှိပါသေးတယ်။ သက္ကရာဇ် ၂၀၀၅ ခုနှစ်ကပါ။ စကော့တလန်မှာ နေထိုင်ပြီး Mashable လို့မည်ရတဲ့ Blog ကို စတင်ဖန်တီးပါတယ်။

တစ်ယောက်တည်း ရေးရင်းကနေ၊ မိတ်ဆွေ သူငယ်ချင်းများကို ဖိတ်ခေါ် ရေး သားလာရာမှ နယ်ပယ်စုံ၊ သတင်းစုံတဲ့ Blog တစ်ခုဖြစ် လာပြီး အောင်မြင်လာပါတယ်။ သက္ကရာဇ် ၂၀၀၉ ခုနှစ် အရောက်မှာတော့ Time မဂ္ဂဇင်းက ဖော်ပြတဲ့ ကမ္ဘာ့ အကောင်းဆုံး Blog ၂၅ ခုနှစ်စာရင်းထဲမှာ ထိပ်တန်း ပါဝင်လာခဲ့ပါတယ်။ ဆိုရှယ်မီဒီယာ လမ်းညွန်ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ ဆိုရှယ်မီဒီယာ သတင်း၊ မိုဘိုင်း ဖျော်ဖြေရေး၊ အွန်လိုင်း ဗီဒီယို၊ စီးပွားရေး၊ Web Development, နည်းပညာ၊ ရုပ်ပြောင် memes, Gadgets ပစ္စည်း အပြင် နိုင်ငံရေး အထိ စုံလင်စွာ ဖော်ပြတဲ့ Blog ကောင်းတစ်ခု ဖြစ်ခဲ့ပြီး ယနေ့မှာ ကြည့်ရှုသူ တစ်လကို သန်း ၅၀ ကျော် ရှိပါတယ်။

Twiter နဲ့ Facebook မှာလည်း ပရိတ်သတ်ပေါင်း သိန်းသန်းမက ရှိနေပြီး ကမ္ဘာ့လူကြီးအများဆုံး Blog စာရင်းထဲမှာ ပါဝင်နေခဲ့ပါတယ်။ တည်ထောင် သူက Pete Cashmore ဖြစ်ပြီး Lance Ulanoff နဲ့ Adam Ostrow ကိုလည်း အယ်ဒီတာနဲ့ ဗျူဟာ အရာရှိအဖြစ် ခန့်အပ်လို့ ပူးပေါင်းလုပ်ကိုင်ပါတယ်။ ဝန်ထမ်းပေါင်း ၈၀ ကျော် ရှိပါတယ်။ ဗြိတိန်- အမေရိကန် သတင်းဝဘ်ဆိုဒ် တစ်ခု ဖြစ်လာပြီးတည်ထောင်သူ Pete Cashmore ဟာလည်း Fobes က ဖော်ပြတဲ့ အသက် ၃၀ အောက် Web Celebs ၃၀ စာရင်းထဲမှာလည်း ပါဝင် လာပါတယ်။ CNN မှာ အပတ်စဉ် နည်းပညာနဲ့ ဆိုရှယ် မီဒီယာ ဆောင်းပါး ရှင် တစ်ဦး ဖြစ်လာပြီး Mashable မှာ လုပ်ကိုင်နေ သူများ လည်း အောင်မြင်တဲ့ စာရေးဆရာတွေ ဖြစ်ကုန် ပါတယ်။

ဝင်ငွေကောင်းပြီး အောင်မြင်နေတဲ့ www.mashable.com ဟာ ကမ္ဘာအရပ်ရပ်မှ Blog ဖန်တီးသူများအတွက် အတုယူစရာ ဝဘ်ဆိုဒ် တစ်ခု ဖြစ်သလို Pete Casmore ကလည်း စံနမူနာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာ ပါတယ်။

Ref:
အောင်ခမ်း (Smart Pro Journal)

အစွမ်းထက်လှသော ခွေးလှေးသီး အနက်စေ့ပဲ


အစွမ်းထက်လှသော ခွေးလှေးသီး အနက်စေ့ပဲ တနည်း မဟူရာပဲနက်လို့လည်းခေါ်ပါတယ်
ဒီပဲရဲ့ အစွမ်ထက်လှပုံလေးကို အများသူငါသိအောင် ပြောပြချင်လို့ပါ
ဖတ်ဖြစ်အောင်ဖတ်ပြီး တဆင့်ပြန်လည်မျှဝေပေးတဲ့အနေနဲ့
ရှယ်ပေးကြပါလို့ တောင်းဆိုပါရစေ။
။ ။ ။ ။ ။ ။ ။ ။ ။

လက်တွေ့ သုံးစွဲပြီးပျောက်ကင်း ချမ်းသာသုခကို ရရှိသွားတဲ့ ရွာသာရွာက အောင်ငြိမ်းပြောတဲ့ သူဇနီး မခင်စောအကြောင်းးးး

ကျွန်တော်၏အမည်မှာ ဦးအောင်ငြိမ်းဇနီးအမည်ကဒေါ်ခင်စောဖြစ်ပါသည်။
တိုက်ကြီးမြို့နယ် ဖိုးခေါင်းအုပ်စု ရွာသာရွာမှာနေပါတယ်။
ခွေလှေးယားသီး အနက်စေ့အစွမ်ထက်ပုံကိုယ်တွေ့
့ဖြစ်ရပ်ကိုတင်ပြလိုပါတယ်။ ကျွန်တော်ကဲ့သို့ ဆင်းရဲနွမ်းပါးသော လူနာရှင်များဖတ်မိ ကြားမိကြပါစေ။
ဖတ်ကြားပြီးသူများကလည်း ဆင်းရဲနွမ်းပါးသူ လူနာရှင်များအား တဆင့်ပြောပြနိုင်ပါစေလို့ ဆုတောင်း မျှော်လင့်ပါတယ်။
ကျနော်၏ ဇနီးဒေါ်ခင်စောသည် မကျန်းမာ၍ ဓါတ်မှန်ရိုက် သလိပ်စစ် အမျိုးမျိုးစမ်းသပ်ကုသခဲ့သော်လည်း သက်သာပျောက်ကင်းခြင်းမရှိပါ ။ တနေ့တခြား အားအင်ကုန်ခမ်းပြီး ၉ လအကြာမှာ ရောဂါပြင်းထန်ပြီး နီးစပ်ရာဆေးရုံသို့ တက်ခဲ့ရပါသည်။
ဆေးရုံရောက် ရောက်ချင်းမေ့မြော်သွားတာ တနေ့နှင့် တညကြာပါသည် လူအများကသေပြီ ဟုထင်မှတ်ကြသည်။ သေလျှင်အဆင်သင့်ဖြစ်အောင် စီစဉ်နေစဉ် သတိပြန်ရလာပါသည် အဖြေရှာတွေ့သောရောဂါမှာ အရိုးကျီးပေါင်းတက်ခြင်း အစာအိမ်ရောဂါဖြစ်ခြင်းလောက်သာ သိရသည် ။ ဆရာဝန်ညွန်ကြားသောဆေးများကို ၁၂ လကြာသောက်သုံးပြီး ငွေကျေးအဆင်မပြေ၍ဆက်မသုံးနိုင်တော့ပါ ။ ဆေးရုံကပြန်ဆင်းလာပြီး
မိတ်ဆွေတော်တော်များများက ခွေးလေးယားသီးအနက်စေ့ကိုစားပါ
ခွေးလေးယားသီး အနက်စေသည်
ဆေးရုံမှပြန်လာသော လူနာများ
ကျန်းမာဝဖြိုးနေခြင်း မြွေကိုက်ခံရသော လူနာများ ဆေးရုံမတက်ရဘဲ ခွေးလေးယားသီး
အနက်ကိုစားရုံမျဖြင့် ပျောက်ကင်းခြင်း
အိပ်ပျော်ခြင်း အားရှိခြင်း ပန်းသေပန်းညိုးရောဂါများကိုပျောက်ကင်းခြင်း မဖြစ်အောင်ကာကွယ်နိုင်ခြင်း ဝမ်းတွင်း ကင်ဆာရောဂါများကို မဖြစ်အောင် ကာကွယ်ပေးနိုင်ခြင်း
စသည်တို့ကိုလာပြောပေးကြပါသည်
ထိုအချိန်မှာ လူနာ၏အခြေနေမှာ
လူရုပ်ပျက်ပြီး အသက်ရှိသည်လို့
ပြောလို့ရ ရုံသာရှိသည် ။
မိတ်ဆွေများဖြစ်ကြသော ကျောက်ဖျာ
ကုန်းကျေးရွာမှ ဆရာထိန်ဝင်း ကံကလေးရွာမှ ဦးမောင်ခင် ဒေါ်နန်းတို့က ခွေးလေးယားသီး အနက်စေ့ကို ယူဆောင်လာပြီး
အမှုန့်ပြု လုပ်ကာ ပျားရည်နှင့်ရောပြီး လူနာအားကျွေးပါသည် ။ စားပြီးသုံးရက်မြောက် သောနေ့မှာ
လူနာမှာထူးထူးခြားခြား ဖြစ်လာတာကိုတွေ့ရပါတယ်။
ဆေးစားပြီး၂ နာရီခန့်မှာ အိပ်ချင်လာသည် နေ့တစေ့ ညတစေ့ စားကြည့်သောအခါ ညဘက်ပို၍အိပ်ပျော်စေသည် အိပ်
ယာထလျင်လည်း လန်းလန်းဆန်းဆန်း
ဖြစ်ခါ ပေါ့ပေါ့ပါးပါးရှိသည် ခါးနာ ဒူးနာ ဇက်ကြော်တက်တာတွေလည်ပျောက်သည် ဒေါ်ခင်စောလည်း နဂို ကလိုကျန်းမာဝဖြိုး လျက်ရိပါသည်။

ဤဆေးစေ့ကိုစားသုံးခြင်ဖြင့် အိပ်ခြင်တာကလွဲ၍ အခြားဘာရောဂါမှမဖြစ်ပါ မတည့်သောအစားအစာ မတည့်သော
ဆေးဟူ၍လည်းမရှိပါ။
ပန်းသေ ပန်းညိုးဖြစ်ဘူးသော မိတ်ဆွေများသည်လည်း ပျောက်ကင်း၍ အကျိုးရှိကြောင်းပြောပြလာကြပါသည်
ခွေးလေးယားသီး အနက်စေ့ တစေ့၏အာနိသင်ဟာ ဆေးတပြားထက်ပိုမိုကောင်းသည့်အပြင် ရောဂါကြီး ရောဂါသေးများကိုပါ ပျောက်ကင်းစေပါသည် အခြားသောရောဂါများကိုပါပျောက်ကင်းသည့်ဆေးစွမ်းကောင်းတလက်ဖြစ်ပါသည် မသိသူကျော်သွား သိသူဖော်စား
ကြစေရန်ရည်ရွယ်ပြီး ခွေးလေးယားသီးပဲ အနက်စေ့ရဲ့ အစွမ်းထက်ပုံကို လက်တွေ့နှင့်တကွ
ဖော်ပြပေးလိုက်ပါသည်။

လူသားအားလုံး ခံစားနေရသော ရောဂါ
ဝေဒနာများ ပျောက်ကင်းကြပါစေ။

မေတ္တာ စေတနာကြီးမားစွာဖြင့်
ဦးခေမာ

Wednesday, February 26, 2014

အောင်မြင်ချင်သော သူငယ်ချင်းများအတွက်


ကောင်လေးတစ်ယောက်၊ အိမ်က လူတွေက သူ့ကို Sparky လို့ ခေါ်ကြတယ်။ ကျောင်းတက်တယ် သူ့အတွက် ကျောင်းဆိုတာ အပျော်ပဲ၊ ဘာစာမှ သူစိတ်မ၀င်စားဘူး၊ ဘာသာရပ်အားလုံး ကျတယ်။ အိမ်က ဆူတယ်၊ ဂရုမစိုက်ဘူး၊ အဆိုးဆုံးကတော့ ရူပဗေဒစာမေးပွဲတိုင်း သုည နဲ့ ကျတယ်။

ကျောင်းမှာလည်း သူငယ်ချင်းမရှိဘူး။ သူဘ၀ကြီးမှာ ဘေးက လူတွေ အမြင် မှာတော့ ပျင်းစရာ၊ လူကြီးတွေကလည်း ဒီကလေး ကြီးလာရင်တော့ မိဘ ကို ဒုက္ခပေးမယ့် ကောင်ဘဲ လို့ ပြော၊ ဟုတ်မှာပါလေ ပညာကို အလေးထား တဲ့ အမေရိကားလို နိုင်ငံမှာ သူကတေလေဂျပိုး၊ အဲတာလည်း သူ ဂရုမစိုက်ပါဘူး။

https://www.facebook.com/mmwikipedia

ပတ်ဝန်းကျင်ကို ဂရုမစိုက်ပေမယ့် သူမြတ်နိုးတာတော့ တခုရှိတယ်၊ ကာတွန်း ဆွဲတာပဲ။ အချိန်အားရင် ကာတွန်းဆွဲတယ်။ ကျောင်းမှာ ပြိုင်ပွဲ တွေ
လုပ်ရင် ၀င်ပြိုင်တယ်။ အမှတ်ပေးသူတွေက သူ့နာမည်တွေ့တာနဲ့ သူ့အမှတ်ကို အလိုလို သုည ပေးလိုက်တယ်။

ဒါပေမယ့်လည်း သူ့ကာတွန်းကို သူကတော့ သဘောကျတယ်။ ပတ်ဝန်းကျင်က သူ့ကို မကောင်းမြင်နေပေမယ့် သူ့ကို အကောင်းမြင်တာ တစ်ဦးပဲ ရှိတယ်၊ အဲတာ သူ့အမေပဲ။ အားပေးတယ်၊ ဒါကြောင့် သူပျော်နေ နိုင် တာပေါ့။

ဘာသာရပ်တွေ ကျသော်လည်း ကျောင်းမှ သူ့ကို ချွင်းချက်နဲ့ အတန်းတွေ တင်ပေးတယ်။ အထက်တန်း ကျောင်းသားဘ၀ မှာ Walt Disney Studios ဆီကို သူ စာရေးပို့တယ်။ Walt Disney မှ သူ့ကာတွန်းတွေကို ပို့လာ ပေးဖို့ တောင်းဆိုတော့ သူပျော်ရွှင်သွားပြီး သေသေချာချာ ပြင်ဆင် ပြီး ပို့လိုက်သော်လည်း သူ့ကာတွန်းကို အရည်အသွေးမရှိ ဆိုပြီး ပယ်ချခံ ရပါတယ်။

https://www.facebook.com/mmwikipedia

အတန်းတိုင်းမှာ သူ့ကို အရူံးသမား လို့ ခေါ်ခံရတာ သူ ဂရုမစိုက်ပေမယ့်၊ နာမည်ကြီး ကာတွန်း company မှ သူ့ကာတွန်းကို အရည်အသွေး မရှိ လို့ ပြောလိုက်တာဟာ သာမန်လူဆိုရင် ဘာမှ လုပ်တော့မှ မဟုတ်ပါဘူး။

ဒါပေမယ့် သူက Sparky လေ အရူံးမပေးဘူး။ သူ့ဘ၀ နဲ့ ပတ်သက်တဲ့ အကြောင်းအရာ တွေကို ဇာတ်လမ်းတခု ရေးဆွဲပြီး ကာတွန်းတခု ထုတ် လိုက်တယ်။ အဲ့ကာတွန်းထဲက ဇာတ်လိုက်ကလည်း သူ့လိုပဲ အရူံးသမား ပဲ၊ အဲ့ ကာတွန်းက အနောက်နိုင်ငံတွေမှာ ချက်ချင်း ဆိုသလိုပဲ နာမည်ကျော် သွားတယ်။ ပတ်ဝန်းကျင်ကလူတွေလည်း အံ့သြကုန်တယ်။ ကျောင်းက သူ့ ဆရာ တွေဆိုရင် အိမ်ထိတောင် လာပြီး ဟုတ်ပါ့ဟုတ်မလား ဆိုပြီး သေချာ အောင် လာကြည့်ကြတယ်။

ကာတွန်းလေးကတော့ Peanuts လို့ အမည်ရပါတယ်။ သူဟာ အဲ့ ကာတွန်း တခုထဲကနေ အမြတ်ငွေ 1 billion အထိ မြတ်ကာ ချမ်းသာ ခဲ့ပါတယ်။ ကာတွန်းဆရာနာမည်အရင်းကတော့ Charles M. Schulz ဖြစ်ပါတယ်။

ကိုယ်စိတ်ဝင်စားတဲ့ အရာကို ဇွဲ၊လုံ့လ မလျော့ဘဲ၊ စဉ်းစားတွေးခေါ်တတ်တဲ့ ဥာဏ်နဲ့ ပေါင်းကာ ကြိုးစားခဲ့သည့်အတွက် သူဟာ အရူံးသမားကနေ သန်းကြွယ် သဌေးဘ၀ကို ရောက်သွားပါတယ်။

အောင်မြင်တဲ့သူတွေရဲ့ ဘ၀ဟာ ဘယ်တော့မှ တာထွက် မကောင်း ခဲ့ပါဘူး၊ အခက်အခဲတွေဆိုတာလည်း သူ့တို့အတွက်ဟာ ပန်းနဲ့ ပေါက်သလိုပါပဲ၊ ကိုယ် ယုံကြည်ရာကို ဇွဲသန်သန်နဲ့ ကြိုးစားနေဖို့က ကိုယ့်တာဝန်ပါပဲ၊ ကျန်တာ သူ့အလိုလိုဖြစ်လာလိမ့်မယ်။ အောင်မြင်ချင်သော သူငယ်ချင်းများ အတွက်...

-MM-
သုတစွယ်စုံကျမ်း

ဝိဝေကသုခကို ရှာဖွေကြရာတွင်


လူဟာအသိုင်းအ၀ိုင်းနဲ့နေရတာမှန်ပေမယ့် တစ်ခါ
တစ်ရံမှာတော့ အသိုင်းအ၀ိုင်းနဲ့ ခပ်ဝေးဝေးနေချင်
ကြတယ်။ လူဟာအပေါင်းအသင်းနဲ့ ဆက်ဆံနေရ
ပေမဲ့ တစ်ခါတစ်လေကျတော့ အပေါင်းအသင်းတွေ
ကို ငြီးငွေ့လာတတ်ပေတယ်။ လူဟာပတ်ဝန်းကျင်
မှာ ကျင်လည်နေကြရပေမဲ့ အချိန်ကာလတွေ ကြာ
လာရင် ပတ်ဝန်းကျင်ကို စွန့်ချင်လာတတ်ကြလေရဲ့၊
သဘောတရားချင်းဆိုလို ချက်ချင်းတူပေမဲ့ အသိုင်း
အ၀ိုင်း အပေါင်းအသင်း ပတ်ဝန်းကျင်တို့နဲ့ ထိစပ်
ဆက်နွယ်မှုကို ပေါ်အောင် ၀ါကျတွေထပ်ဖွဲ့ပြလိုက်
တာပါ။

အရိယာ ပုဂ္ဂိုလ်တွေကျတော့ ပတ်ဝန်းကျင်ကိုငြီးငွေ့
သွားကြတယ်။ အသိုင်းအ၀ိုင်းကိုစွန့်ခွါသွားကြတယ်။
အပေါင်းအသင်းတွေကို ချန်ထားပစ်ခဲ့ကြတယ်။ တစ်
ယောက်တည်းနေပြီး တစ်စိတ်တည်းထားရတဲ့ ဓမ္မ
ရသကို တွေ့ရှိတော်မူကြလို့ပါပဲ။ အရိယာ ရဟန္တာ
ပုဂ္ဂိုလ်တွေအတွက် တစ်ယောက်တည်းနေ တစ်စိတ်
တည်းထားရတာလွယ်ကူပေမဲ့ ပုထုဇဉ်တွေအဖို့တော့
မလွယ်ပါဘူး။ တစ်ယောက်တည်းနေနိုင်ပေမဲ့တစ်စိတ်
တည်းကြာရှည်စွာ မထားနိုင်ကြဘူးလေ။ ဘာဖြစ်လို့
လဲဆိုတော့ `စိတ်´ဆိုတဲ့ ´စိတ်´ဟာ တစ်စိတ်တည်း
ကြာရှည်လေးမြင့်စွာ နေတတ်တာမှမဟုတ်ဘဲကလား၊
တစ်စိတ်ပြီးတစ်စိတ်ဖြစ်နေတာ၊

အဲဒီဖြစ်တဲ့စိတ်နောက်ထပ်ပေါ်လာတဲ့စိတ်အစားထိုးလိုက်
တဲ့စိတ်ကလည်း စိတ်ကောင်းဖြစ်ချင်မှဖြစ်မှာပါ။ ဘာဖြစ်
လို့လဲဆိုရင်ပုထုဇဉ်တွေရဲ့စိတ်ဟာ ``မကောင်းမှုမှာ မွေ့
လျော်ပျော်ပါးတတ်´´လို့ပဲ။ တစ်စိတ်တည်းထားတတ်တဲ့
စိတ်ဟာ ဘာမျှမကြာပေမဲ့ စိတ်ကောင်းဖြစ်ဖို့ မလွယ်တဲ့
အပြင် ထားတဲ့စိတ်ကလည်းစိတ်ဆိုး စိတ်ညစ်အပြစ်တွေ
ဗလပွဖြစ်နေရင် တန်ခိုးမရှိနိုင်ပါဘူး။

သူတော်ကောင်းတွေဟာ ဆိတ်ငြိမ်မှုငြိမ်းအေးမှုချမ်းသာ
`၀ိဝေကသုခ´ကို ရရှိချင်လို့ ခံစားချင်လို့ တစ်ယောက်
တည်း တစ်ပါးတည်း နေကြတာပါ။ `ကာယ၀ိဝေက´လို့
ဆိုတဲ့ ကိုယ်ဆိတ်ငြိမ်မှုချမ်းသာကို ခံစားဖို့အတွက် တစ်
ယောက်တည်းနေကြတာပါ။ ကာယ၀ိဝေကဆိုတာ ဂဏ
သင်္ဂဏိကံ ၀ိနောဒေတိလို့ ဖွင့်ဆိုထားတဲ့အတိုင်း ဂိုဏ်း
တွေ အပေါင်းအသင်းတွေကို ဖယ်ရှားပြီး နေထိုင်ခြင်းပါ
ပဲ။အပေါင်းအသင်းတွေနဲ့ ပျော်မွေ့တတ်တဲ့ လူသားဟာ
တစ်ယောက်တည်း တစ်ကိုယ်တည်း မနေနိုင်ပါဘူး။ တစ်
ယောက်တည်းနေတဲ့လူ တစ်ကိုယ်တည်း ဖြစ်နေတဲ့သူကို
တောင် `အထီးကျန်´လို့ဆိုကြသေးတယ်။ `တစ်ကောင်
ကြွက်´လို့ခေါ်ကြသေးတယ်။ `ဥတစ်လုံး´လို့လည်း သုံး
နှုန်းပြောဆိုကြသေးတယ်။

အဲတရားဓမ္မနဲ့ ဓမ္မရသခံစားပြီး အေးချမ်းငြိမ်သက်ချမ်းသာ
စွာနေလိုတဲ့ အရိယာ ပုဂ္ဂိုလ်တွေနဲ့ ဆန့်ကျင်ဘက်ပေါ့။ ဓမ္မ
ရသ ဓမ္မအငွေ့အသက်ကို ရှုရှိုက်ပြီးနေလိုကြတဲ့ သူတော်စင်
အတွက် အပေါင်းအဖော်တွေဟာ အနှောင့်အယှက်ဖြစ်ပေမဲ့
ပုထုဇဉ်အပူအပင်တွေကြားမှာ အတူယှဉ်ကာ မျှဝေခံစားချင်
ကြတဲ့ လူတွေအတွက်တော့ အပေါင်းအသင်းဟာခင်မင်စရာ
ပဲ။ ပတ်ဝန်းကျင်ကပျော်မွေ့စရာပဲဖြစ်မှာပေါ့။

ကာယ၀ိဝေကဆိုတဲ့ ကိုယ်အေးငြိမ်းမှုကိုလိုချင်ရင်တော့
အပေါင်းအဖော်တွေကို ခွါရှောင်ပြီး တစ်ယောက်တည်းနေမှ
ဖြစ်မှာပါ။

ဧက၀ိဟာရီ(တစ်ပါးတည်းနေတဲ့)မထေရ်ဟာ တစ်ပါးတည်း
နေတယ်။ တစ်ပါးတည်း ကျိန်းစက်(အိပ်)တယ်။ တစ်ပါး
တည်းနေထိုင်ပြီး မပျင်းမရိ လုံ့လ ၀ီရိယရှိစွာ တရားအား
ထုတ်တော်မူတယ်။ တစ်ယောက်တည်းနေပြီး မိမိကိုယ်ကို
(တစ်စိတ်တည်းဖြစ်အောင်) ဆုံးမတော်မူပြီး တောအရပ်မှာ
သာ ပျော်မွေ့တော်မူပါတယ်။
(ဓမ္မပဒ၊ ဧက၀ိဟာရီထေရ်)

ကာယ၀ိဝေက ကိုယ်ငြိမ်းချမ်းမှုရချင်ရင် တစ်ယောက်တည်း
နေပါ။ စိတ္တ၀ိဝေကဆိုတဲ့ စိတ်ငြိမ်းချမ်းမှုရချင်ရင် တစ်စိတ်
တည်းထားနိုင်အောင် ကြိုးစားပါ။ သို့မှသာ ဥပဓိဝိဝေကဆို
တဲ့သန္တိသုခ ငြိမ်းအေးမှုချမ်းသာဆိတ်ငြိမ်အေးမြတဲ့ နိရောဓ
ဓမ္မနိဗ္ဗာန်အငြိမ်းဓာတ်ကို မျက်မှောက်ပြုနိုင်ပေလိမ့်မယ်။

ကာယ၀ိဝေကကို ရှေးဦးစွာရအောင်ယူပါ။ ဒုတိယစိတ္တ၀ိဝေ
က ရရှိအောင် လောဘ၊ ဒေါသ၊ မောဟစတဲ့ ကိလေသာ
အညစ်အကြေးတွေ စိတ်မှာဝင်မလာအောင်နှင်ထုတ်ပါ။
အဲဒါကိုတစ်စိတ်တည်းထားတယ်လို့ ဆိုလိုတာပါ။ အဲဒီကမှ
တစ်ဆင့် ရင့်ကျက်ပြည့်ဝလာပြီ ဆိုရင်တော့ ဥပဓိဝိဝေက၊
စိတ္တ၀ိတော၊ ဥပဓိဝိဝေကဆိုတဲ့ ၀ိဝေကတရား သုံးပါးတို့ကို
မဇ္ဈိမနိကာယ်၊ မူလပဏ္ဍာသ ပါဠိတော်မှာ အသေအချာ ပြ
ထားပါတယ်။

တစ်ယောက်တည်းနေခြင်း(ကာယ၀ိဝေက)

သမာဓိတရား ကမ္မဋ္ဌာန်းတရား ပွားများနေခြင်း၊ သမာပတ်
ဝင်စားခြင်း
(စိတ္တ၀ိဝေက)

`စိတ္တ၀ိဝေကော ကိလေသသင်္ဂဏိကံ ၀ိနောဒေတိ=
စိတ္တ၀ိဝေကသည် လောဘ၊ ဒေါသ၊ မောဟစသော
အပေါင်းအသင်းများကို ပယ်ရှား၍ နေထိုင်ခြင်းဖြစ်
သည်။

သန္တိသုခ လွန်အေးမြတဲ့ ဆိတ်ငြိမ်ရာနိဗ္ဗာန်ကို အာရုံ
ပြုခြင်း(ဥပဓိဝိဝေက)လို့မှတ်သားနိုင်ပါတယ်။

ဝိဝေကသုခဖြင့် ငြိမ်းချမ်းမှုကိုရယူနိုင်ကြပါစေ။

ဒါကြောင့်မို့ တရားဓမ္မကို လုံ့လကြိုးကုတ် အားထုတ်
တော်မူကြတဲ့ သူတော်စင်တွေဟာ ဆိတ်ငြိမ်ရာ
(၀ိဝေက)နေရာကို ယူတော်မူခြင်းဖြစ်တယ်။

အရညဂတောဝါ- တောအရပ်သို့ချဉ်းကပ်သွားရောက်
ပြီး တရားအားထုတ်ခြင်း၊

ရုက္ခမူလဂတောဝါ- နေပူ၊ လေမိုးလုံခြုံတဲ့ သစ်ပင်ရိပ်
ကောင်းကောင်းကိုအမှီပြုရခြင်း။

သုညာဂါရဂတောဝါ - ဆိတ်ငြိမ်ပြီးအေးချမ်းမှုရရှိနိုင်တဲ့
နေရာမျိုးကိုရွေးချယ်ခြင်း။ ဒီနေရာသုံးမျိုးအနက် တစ်
နေရာရာကိုရွေးချယ်ပြီး ကိုယ်ခန္ဓာကိုဖြောင့်မှန်စွာထား
လျက် တင်လ္လင်ခွေ ထိုင်ကာ သတိကိုပဓာနပြု တရား
အားထုတ်ပါလို့ မဟာသတိပဋ္ဌာနသုတ်မှာ ဗုဒ္ဓမြတ်စွာ
ဘုရားက မိန့်ကြားတော်မူပါတယ်။

ဆိတ်ညငိမ်မှုဝိဝေကရဖို့ဟာ ဘယ်လောက်အရေးကြီး
တယ်ဆိုတာ ထင်ရှားပါတယ်။

အဲသလို စိတ်ငြိမ်ရာသို့ ချဉ်းကပ်ပြီး တရားရှုမှတ်ကြရာမှာ
တောဖြစ်စေ၊ သစ်ပင်ရင်းမှာဖြစ်စေ၊ ဆိတ်ငြိမ်မှုရတဲ့နေရာ
မှာဖြစ်စေ၊အကယ်၍အနှောင့်အယှက်တစ်စုံတစ်ရာဖြစ်ပေါ်
ကြုံတွေ့လာရင် ကာကွယ်နည်းကိုလည်း ဗုဒ္ဓဘုရားရှင်က
လမ်းညွှန်မိန့်ကြားချက်များရှိသေးတယ်။

``ရဟန်းတို့ ငါဘုရားသည်ကား ဤသို့ဟောတော်မူ၏။
ရဟန်းတို့ တောအရပ်ဒေသသို့ကပ်ရောက်သည်မူလည်း
ဖြစ်ကုန်သော၊ သစ်ပင်ရင်းသို့ ကပ်ရောက်တောမူသည်
လည်းဖြစ်ကုန်သော၊ ဆိတ်ငြိမ်ရာအရပ်သို့ ကပ်ရောက်
တော်မူသည်လည်းဖြစ်ကုန်သောသင်တို့အာ ကြောက်ရွံ့
ထိတ်လန့်ခြင်းသည်လည်းကောင်း၊ ထိတ်လန့်တုန်လှုပ်
ခြင်းသည် လည်းကောင်း ကြက်သီးမွှေးငြင်းထခြင်းသည်
လည်းကောင်း၊ အကယ်၍ဖြစ်ပေါ်ငြားအံ့(ဖြစ်လာအံ့)။

ထိုအခါ ငါဘုရားကိုသာလျှင် အဖန်တလဲလဲ အောက်မေ့
ကြကုန်လော့´´(သံယုတ္တနိကာယ်၊ သဂါထာဝဂ္ဂသံယုတ်၊
သက္ကသံယုတ်၊ ဓဇဂ္ဂသုတ်)

ဆိုလိုတာကတော့ ၀ိဝေကသုခရဖို့အတွက် တစ်ယောက်
တည်းနေတစ်စိတ်တည်းထားရန် ကြိုးစားကြရန်မှာ
ကြောက်ရွံ့ထိတ်လန့်မှု၊ကိုယ်တုန်လှုပ်မှု၊ ကြက်သီးမွှေးညှင်း
ထမှု၊ ( တစ်ဦးတစ်ယောက်၊တစ်စုံတစ်ယောက်၏ နှောက်
ယှက်မှု) တွေ့ကြုံလာပါက ငါဘုရားကို အောက်မေ့လိုက်ပါ
လို့ ( မကြောက်ဆေးကို ) ပေးခြင်းဖြစ်ပါတယ်။

``ငါဘုရားကို အောက်မေ့ပါ´´ဆိုရာမှာဗုဒ္ဓဘုရား၏ ဂုဏ်
တော်ကိုးပါးတို့ကို နှလုံးသွင်းဆင်ခြင်အောက်မေ့ခြင်းဖြစ်ပါ
တယ်။ ငါဘုရားရဲ့ဂုဏ်တော်ကိုးပါးသာမက တရားဓမ္မရဲ့
ဂုဏ်တော်ခြောက်ပါး၊ သံဃာတော်ရဲ့ဂုဏ်တော်ကိုးပါးတို့ကို
အောက်မေ့ရန် ညွှန်ကြားထားတော်မူပါတယ်။

ဘေးရန်ခပ်သိမ်းကင်းငြိမ်းစွာ ဆိတ်ငြိမ်အေးချမ်းမှုကို ရရှိ
နိုင်ကြပါစေ။

ဘဒ္ဒ န္တဇနိန္ဒသာရ ( သဒ္ဓမ္မဇောတိကဓဇ )
ဓမ္မ၀ီရဂျာနယ်၊ ၂၀၀၉၊ ဧပြီ(၂၈)ရက်

ငါလည်းတစ်နေ့ သူတို့လို


“၉၅၊ ၈၄၊ ၇၂၊ ၇၃၊ ၈၁၊ ၆၄၊ ၆၃၊ ၆၈၊ ၃၅၊
၃၁၊ ၄၇၊ ၄၃၊ ၅၁၊ ၂၂၊ ၃၊ ၄၆၊ ၆၉၊ ၇”

အထက်ပါဂဏန်းသင်္ချာတို့ကား အခြားမဟုတ်၊ နေ့စဉ်
ထုတ်သတင်းစာ နာရေးကဏ္ဍတွင် တွေ့မြင်နေရသော
သေဆုံးသူတို့၏ အသက်တို့ပင်ဖြစ်၏။

ထိုအထဲ၌ အသက်အရွယ်ကြီးရင့်သူများပါသလို အသက်
အရွယ် ငယ်ရွယ်သူများလည်း ပါဝင်ပေ၏။ ကျော်ကြားသူ
များ ပါသလို သာမန် လူများလည်း ပါဝင်ပေ၏။ တစ်ဖန်
ရာထူးဂုဏ်သိမ်မြင့်မားကာ အခြွေအရံအသင်းအပင်း
ဝန်းရံနေသောသူများ ပါသလို ရာထူးဂုဏ်သိမ်မရှိ၊ အခြွေ
အရံအသင်း အပင်းကင်းသော သူတို့လည်း ပါဝင်ပေ၏။
အချို့ကား လူ့ဘ၀ပင် ဘယ်လိုနေမှန်း မသိသေး။ နာရေး
ကဏ္ဍ၌ ပါဝင်နေ၏။ ထိုမြင်ကွင်းကား တစ်ရက်မဟုတ်၊
နေ့စဉ်မြင်တွေ့နေရသော မြင်ကွင်းဖြစ်၏။

ထိုသေဆုံးသူတို့အထဲ၌ ကိုယ်မသိဖူး မမြင်ဖူးသူများပါဝင်
သလို ကိုယ့်မိတ်ဆွေ ကိုယ့်သူ ငယ်ချင်းတို့လည်း ပါဝင်နေ
၏။ တစ်ဖန် ကိုယ့်ဆွေမျိုး သားချင်းထဲက ပါရှိနေတတ်သ
လို ရံဖန်ရံခါ ကိုယ့်မိသားစုဝင်ထဲကပင် ဖြစ်နေတတ်၏။ ထို
သေဆုံးသူတို့ကို တွေ့မြင်ရသည့်အချိန် (သေဆုံးသည့်
အကြောင်းကို ကြားသိရသည့်အချိန်)တွင် မည်သို့သော
စိတ်ခံစားမှုများ ဖြစ်ခဲ့ပါသနည်း။ ထိတ်လန့်မှု သံဝေဂကော
ဖြစ်ခဲ့ရဲ့လား။ မိမိကိုယ်မိမိ ပြန်မေးကြည့်ပါက ချက်ချင်းပင်
အဖြေထွက် လာမည်ဖြစ်၏။

အများအားဖြင့် သေဆုံးသူသည် ကိုယ်နှင့် မည်သို့မျှမတော်
စပ်လျှင် စိတ်မကောင်းဖြစ်ရုံ သနားရုံမျှသာ ဖြစ်ကြ၏။ သွေး
သားတော်စပ်လျှင်မူ ၀မ်းနည်းကြေကွဲရုံ၊ ပူဆွေးသောက
ရောက်ရုံ မျှသာ ဖြစ်ကြ၏။ ပြောရလျှင် “ဤမျှသာ”ဟု ပြော
ဆိုရမည်ဖြစ်၏။ ထို့ထက်မပို။ “သူတို့သေရသလို တစ်နေ့နေ့
တစ်ချိန်ချိန်မှာ ငါလည်း သေရမှာပါလား”ဆိုသော ထိတ်လန့်
မှုသံဝေဂအဆင့်သို့ မရောက်ပေ။ ရောက်လျှင်လည်း အခိုက်
အတန့်သာ ဖြစ်ပေလိမ့်မည်။

အချို့ကား စိတ်မကောင်းဖြစ်ခြင်း၊ သနားခြင်းမျှပင် မဖြစ်။
အလောင်းကို ရှေ့မှာထား၍ စီးပွားရေးအကြောင်း၊ သားရေး
သမီးရေးအကြောင်း၊ အိမ်အကြောင်း၊ ကားအကြောင်း၊ စပါး
အကြောင်း၊ ပဲအကြောင်း၊ ရုပ်ရှင်ဗီဒီယိုအကြောင်းတို့ကို လှိုင်
လှိုင်ပြောနေကြ၏။ အသိတရား၊ သတိ တရား မရှိကြပေ။

သံဝေဂဖြစ်စရာမြင်ကွင်းကို ရှေ့မှာထားကာ သံဝေဂမဖြစ်ဘဲ
လောဘဖြစ်စရာ၊ ဒေါသဖြစ်စရာ၊ မောဟဖြစ်စရာ အာရုံတွေ
နှင့် လုံးထွေးရစ်ပတ်နေသည်မှာအရုပ်ဆိုးအကျည်းတန်လှ၏။

သေခြင်းတရားမှာ ကိုယ်နှင့် မဆိုင်တော့သလိုလို။ သေခြင်း
တရားမှ အစဉ်ထာဝရ လွတ်ကင်းနေကြသလိုလိုပင်။ အမှန်
အားဖြင့် သံဝေဂဖြစ်စရာကို တွေ့မြင်ကြားသိရလျှင် “ငါလည်း
တစ်နေ့နေ့မှာ သူတို့လို…”ဆိုသော ထိတ်လန့်မှုသံဝေဂအဆင့်
သို့ ရောက်သင့်၏။ ထိုသို့ သံဝေဂဖြစ်သည့်အတွက် လောကီ
ကိစ္စရော လောကုတ္တရာကိစ္စပါ အကျိုးမယုတ်။ ဆုံးရှုံးမှုမဖြစ်။
မိမိအတွက် တစ်ခုခုတော့ ကျန်ရှိမည်သာ ဖြစ်၏။
ဤ၌ တိဿမင်းသား၏ အဖြစ်ကို ပြဆိုလို၏။

၇-ရက်ပြည့်က အသတ်ခံရမည့်တိဿ
သီရိဓမ္မာသောကမင်းကြီး၌ ညီတော်အရင်းတစ်ယောက် ရှိလေ
၏။ ယင်းညီတော်ကား တိဿမင်းသားပင်။ မင်းကြီးသည် ညီ
တော် တိဿမင်းသားကို အိမ်ရှေ့မင်းသားအရာ၌ ထားလေ၏။
ထိုတိဿမင်းသားသည် တစ်နေ့ တောလည်ထွက်ရာ သမင်များ
ကိုမြင်ပြီး “မြက်ကိုစားနေရတဲ့ သမင်တွေတောင်မှ ပျော်မြူးနိုင်ကြ
သေးတယ်၊ စားကောင်းသောက်ဖွယ်တွေစား၊ နူးညံ့သိမ်မွေ့တဲ့အိပ်
ရာတွေမှာ အိပ်ကြရတဲ့ ရဟန်းတွေမှာ ဘယ်မှာမပျော်ဘဲ ရှိပါ့မလဲ”
ဟု မသင့်လျော်သော အကြံကို ကြံမိလေ၏။ ထိုအကြံကို သီရိဓမ္မာ
သောကမင်းကြီးအားလျှောက်ထားလေ၏။သီရိဓမ္မာသောကမင်းကြီး
သည် ညီတော်တိဿမင်းသားကို ဆုံးမလိုသည့်အတွက်….

“ညီတော်တိဿ….လာပါ။ ၇-ရက်တိတိ ထီးနန်းစံပါ။ ၇-ရက်ပြည့်
ရင်တော့ ညီတော်ကို သတ်မယ်” ဟု မိန့်ကြားလေ၏။

တိဿမင်းသားသည် “၇-ရက်ပြည့်ရင် ငါဟာ အသတ်ခံရတော့
မယ်(သေရတော့မယ်)”ဟု တွေးပြီး ရေမချိုးနိုင်၊ မအိပ်နိုင်၊ မစား
နိုင်ဖြစ်ကာ ခန္ဓာကိုယ်မှာ ပိန်ချုံးလာလေ၏။ ၇-ရက်ပြည့်သောအခါ
သီရိဓမ္မာသောကမင်းကြီးက.........”မင်းဟာ ဘာဖြစ်လို့ မအိပ်နိုင်၊
မစားနိုင်ဖြစ်ပြီး ပိန်ချုံး သွားတာလဲ”ဟု မေးလေ၏။ ထိုအခါ တိဿ
မင်းသားက….”သေရမည့်ဘေးကို တွေးကြောက်နေမိ လို့ပါ”ဟု
လျှောက်တင်ရာ…”ဟဲ့တိဿ…. ၇-ရက်ကြာမှ သေရမယ်လို့ ရက်
တိတိကျကျပိုင်းဖြတ်ပြီး သိတဲ့ မင်းတောင်မှ လွတ်လွတ်လပ်လပ်
မပျော်ရွင်နိုင်ဘူးဆိုရင်ထွက်သက်ဝင်သက်တိုင်း အစဉ်မပြတ် သေ
ဘေးကို ရှုနေကြတဲ့ ရဟန်းတော်တွေမှာ ဘယ်မှာပျော်နိုင်မှာလဲ”ဟု
မိန့်တော်မူလေ၏။

တိဿမင်းသားသည် ထိုအခါမှ သာသနာတော်ကို ပို၍ကြည်ညို
လေ၏။ နောင်တစ်ချိန်တွင် ရဟန်းပြုရာ ရဟန္တာဖြစ်သွားလေ၏။

ဤ၌ တိဿမင်းသားသည် အစက သူလိုကိုယ်လိုပင်။ သေခြင်း
တရားကို သတိမရ။ သေခြင်းတရားနှင့် ပတ်သက်၍ အသိမရှိ၊
သတိမရှိ။ မေ့လျော့ကာနေ၏။ တကယ်သေရမည်ဆိုသောအခါမှ
မအိပ်နိုင်၊ မစားနိုင်လောက်အောင်ပင် ထိတ်လန့်မှုဖြစ်လေ၏။
ယင်းထိတ်လန့်မှုကို အခြေခံကာ နောင်တွင် ရဟန္တာဖြစ်သွားလေ
၏။ ဆိုလိုသည်မှာ ထိတ်လန့်မှု သံဝေဂသည် နိဗ္ဗာန် ရောက်
အောင် ပို့ဆောင်ပေးနိုင်စွမ်းရှိသည်ဟုပင်။

“နိဗ္ဗာန်က မြင့်တယ်။ လက်ရှိအကျိုးတရားကိုပဲ လိုချင် ရချင်
တယ်”ဟုဆိုလျှင်လည်း ရနိုင်ပေ၏။ လက်ရှိအကျိုးတရားကား စိတ်
ဓာတ်များ မြင့်မားလာခြင်းပင် ဖြစ်၏။ မှန်ပေသည်။ ပုထုဇဉ် တို့သ
ဘောမှာအများအားဖြင့် မဟုတ်တာလုပ်ရမည်ကိုသဘောကျတတ်
၏။ မဟုတ်တာပြောဆိုရသည်ကိုကျေနပ်နေတတ်၏။မကောင်းတာ
ကြံစည်နေရသည်ကိုနှစ်ခြိုက်နေတတ်၏။ ထိတ်လန့်မှုသံဝေဂ ပွား
များသူတစ်ယောက်အနေနှင့်မူ “ငါလည်း တစ်နေ့နေ့မှာ သူတို့လို
သေရမှာ ပါလား”ဟူသောအသိ၊သတိထားရှိသည့်အတွက်ခြောက်
ပြစ်ကင်းသဲလဲစင် မဖြစ်သည့်တိုင် မဟုတ်တာလုပ်ရမည်ကို တတ်
နိုင်သမျှ ရှောင်ကြဉ်လာ၏။ မဟုတ်တာပြောရမည်ကို ရွံရှာလာ၏။
မကောင်းတာကြံစည်ရမည်ကို စက်ဆုပ်လာ၏။

ထို့ကြောင့် သံဝေဂပွားများသူ၏ ဘ၀သည် တဖြည်းဖြည်း အထက်
တန်းကျလာ၏။ အခြေ ခိုင်လာ၏။ တည်ငြိမ်လာ၏။ အေးချမ်းလာ
၏။ ကိုယ်လိုသူလို သာမန် စိတ်ထားမျိုးမှ အဆင့်အတန်း မြင့်မား
သော စိတ်ဓာတ်၊ အပြောအဆို၊ အပြုအမူများ ပိုင်ဆိုင်လာ၏။

သို့ဖြစ်၍ လူတို့သည် သံဝေဂဖြစ်စရာမြင်ကွင်းကိုရှေ့မှာထား၍ အမှု
မဲ့ အမှတ်မဲ့ မနေသင့်ပေ။ အသိတရား၊ သတိတရား ရှိသင့်ပေ၏။
“ငါလည်း တစ်နေ့နေ့တစ်ချိန်ချိန်မှာ သူတို့လို သေရ မှာပါလား”ဟု
ထိတ်လန့်မှုသံဝေဂ ဖြစ်သင့်ပေ၏။ မိမိချစ်ခင်မြတ်နိုးအပ်သော မိဘ၊
သားသမီး၊ ဇနီးမယား၊ လင်သား၊ မိတ်ဆွေသူငယ်ချင်း၊ (သို့မဟုတ်)
ဘ၀တူလူသားတစ်ဦးကို ဘာမျှတန် ကြေးမရှိသော စိတ်မကောင်းမှု၊
သနားမှု၊ ၀မ်းနည်းကြေကွဲမှု၊ ပူဆွေးသောကရောက်မှုတို့မျှ လောက်
နှင့် အလဲအလှယ် ပြုလုပ်မည်လား၊ စဉ်းစားသင့်ပေ၏။ အမှန်အားဖြင့်
လဲချင်းလဲရလျှင် “ငါလည်းပဲ တစ်နေ့နေ့တစ်ချိန်ချိန်မှာ သူတို့လို သေ
ရမှာပါလား”ဆိုသော တန်ဖိုးရှိသော ထိတ်လန့်မှုသံဝေဂနှင့်သာ လဲ
လှယ်သင့်ပေ၏။ သို့မှသာ အတိုင်းအတာတစ်ခုအထိ လဲလှယ်ရကျိုး
နပ်မည် ဖြစ်၏။

အရှင်ကောဏ္ဍည (သာသနာ့တက္ကသိုလ်)
မှတ်ချက်-မေတ္တာဥယျာဉ်ဆိုဒ်မှကူးယူတင်ပြသည်

Tuesday, February 25, 2014

ဝိဇ္ဇာ နှင့် စရဏ။


နိဗ္ဗာန်ကို ရည်ရွယ်မှန်းထားကာ ပြုစုပျိုးထောင်လိုက်သည့် "စရဏတရား" တို့ကား လက်,ခြေနှင့် တူကြ၏။
လက်,ခြေ ရှိသည့်သူသည် လိုရာအရပ်ကို သွားနိုင်သကဲ့သို့၊ အလိုရှိရာပစ္စည်းဝတ္ထုကို ကောက်ယူကိုင်ယူနိုင်သကဲ့သို့ အလားတူပင် နိဗ္ဗာန်ကို ရည်ရွယ်မှန်းထားကာ ပြုစုပျိုးထောင်ထားအပ်သည့် "စရဏတရား" တို့က . .
နိဗ္ဗာန်ရောက်ကြောင်း သူတော်ကောင်းတရားတို့ကို ဟောကြားပြသ ဆိုဆုံးမပေးမည့် ဘုရား အစရှိသောသူတော်ကောင်းတို့နှင့် တွေ့အောင်၊ မိကောင်း ဖကောင်း, မိတ်ကောင်း ဆွေကောင်း, ဆရာကောင်း သမားကောင်းတို့နှင့် တွေ့အောင် . . ပို့ဆောင်ပေးမည် ဖြစ်သည်။

ဤကဲ့သို့ ဘုရား အစရှိသော သူတော်ကောင်းတို့နှင့် တွေ့ဆုံသည့်အခါ, ဘုရား အစရှိသော သူတော်ကောင်းတို့ထံမှ သစ္စာလေးပါးနှင့်စပ်သည့် တရားစကားတို့ကို နာကြားခွင့် ရရှိသည့်အခါဝယ် -
ယင်းသစ္စာလေးပါးကို ထွင်းဖောက်သိမြင်နိုင်ဖို့ရန်
မိမိထူထောင်ထားခဲ့သည့် "၀ိဇ္ဇာမျိုးစေ့" ဟု ဆိုအပ်သည့် ပါရမီတရားတို့က မိမိလိုလားတောင့်တနေသည့် ဗောဓိဉာဏ်သို့ရောက်အောင်
ရှေးရှုသယ်ဆောင်ပေးမည့် အဘိနီဟာရတရားများ ဖြစ်ကြပေသည်။
"၀ိဇ္ဇာမျိုးစေ့" တို့က . .
သစ္စာလေးပါးကို ထွင်းဖောက်သိမြင်အောင် ရွက်ဆောင်ပေးကြမှာဖြစ်သည်
ဟု ဆိုလိုသည်။

( မ၊ဋ္ဌ၊၂၊၁၁၄။ မ၊ဋ္ဌ၊၂၊၁၉၄။ )
Shared from Yangon Media (FB)

အကြားအမြင်


ဗုဒ္ဓ၀ါဒအရ ``ယထာကမ္မူပဂဉာဏ်´´ကို ရတဲ့သူဟာ ဘယ်ကံရဲ့အကျိုးပေးကြောင့် သတ္တ၀ါတွေ ဘယ်ဘုံဘ၀မှာဘယ်လိုဖြစ်နေတယ်ဆိုတာကို လမ်းပေါ်မှာသွားနေသူတွေကို အိမ်ပြတင်းပေါက်ထိုင်ကြည့်နေသလိုမြင်နိုင်တယ်။
ဒါကြောင့်အဲဒီဉာဏ်ကိုရရင် ``အကြားအမြင်´´ရသူလို့ဆိုခွင့်ရှိတာမှန်တယ်။ အဲဒီဉာဏ်ကိုရဖို့ မြတ်ဗုဒ္ဓရဲ့သိက္ခာသုံးပါးကျင့်စဉ်ကိုကျင့်ရင် ရတာလည်းဟုတ်တာပဲ။

ဒါပေမဲ့ အဲဒီဉာဏ်ကိုရမှသာ အကြားအမြင်ရသူလို့ဆိုရင် မပြည့်စုံတော့ဘူး။ ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓလက်ထက်က ၀င်္ဂီသရဲ့ဖြစ်ရပ်အရ အဲဒီဉာဏ်ကိုမရဘဲ တခြားစွမ်းရည်တစ်မျိုးနဲ့လည်းသတ္တ၀ါတွေ ရောက်နေတဲ့ဘ၀ကို သိနိုင်
တာကိုတွေ့ရလို့ပါ။အဓိပ္ပါယ်ကတော့ မြင်နိုင်ကြားနိုင်တဲ့စွမ်းရည်ပမာဏသာကွာရင်ကွာမယ် အခြားနည်းနဲ့ အကြားအမြင်ရတာမျိုးလည်းရှိနိုင်တယ်လို့ဖြစ်ပါတယ်။

သာဝတ္တိမြို့သား (ဓမ္မပဒ-ဋ္ဌ ၂၊ ၄၄၉ ) အရ ရာဇဂြိုလ်မြို့သား ၀င်္ဂီသအမည်ရတဲ့လူငယ်ဟာ သုံးနှစ်အလွန်က လူသေရဲ့ခေါင်းခွံကိုပင် လက်သည်းဖျားနဲ့ခြစ်ပြီး ခေါက်ကြည့်ရုံနဲ့အဲဒီလူဘယ်ဘ၀ရောက်နေတယ်ဆိုတာ
ကို ပြောနိုင်သတဲ့။အဲဒီတော့ပုဏ္ဏားလူလည်တွေက``ဒီကောင်ကိုပြပြီးလုပ်စားလို့
ရတယ် ( သက္ကာ ဣမံ နိဿာယ လောကံ ခါဒိတုံ )လို့ ကြံပြီးဝါဒဖြန့်လိုက်တာ ``အင်္ဂီသနဲ့တွေ့ရင်ဝင်ငွေလာဘ်တိုးရုံမျှမက သေရင်နတ်ပြည်ရောက်တယ်´´ဆိုတဲ့အထိပဲ။တစ်ထောင်ဆိုလည်း ရော့၊ တစ်သောင်းဆိုလည်း အင့်လို့ဆိုပြီး ပေးလာတဲ့ လူတွေထဲမှာ မင်းမှုးမတ်နဲ့သူဋ္ဌေးတွေ ရှေ့ဆုံးကပါသတဲ့။ ဗုဒ္ဓနဲ့တွေ့တဲ့အခါ ဗုဒ္ဓက ၀င်္ဂီသကို ဦးခေါင်းခွံတစ်ခုပေးပြီး ဟောခိုင်းတယ်။ ၀င်္ဂီသကလက်ခြစ်ခေါက်
ကြည့်ပြီး ``ဒီခေါင်းပိုင်ရှင်က ငရဲမှာ´´လို့ဖြေတော့ ဗုဒ္ဓက ``ကောင်းစွ၊ မင်းမြင်တာမှန်တယ် ( သာဓု သုဒိဋ္ဌံ တယာ )( အံ-ဋ္ဌ ၁၊ ၂၀၉ )´´လို့မိန့်တော်မူတယ်။

ဝင်္ဂီသဆီမှာလူတွေတရုန်းရုန်းဖြစ်ရတာဟာ သေသူတွေရဲ့ရောက်ရာဘ၀ကိုပြောနိုင်တာအပြင်တမလွန်မှာရှိနေတဲ့သေပြီးသူတွေနဲ့ သေသူအကြားရှိခဲ့တဲ့လျှို့ဝှက်ကိစ္စနဲ့ပါတ်သတ်ပြီး လူအများယုံကြည်လောက်အောင် ပြောပြနိုင်တာတွေ
ကြောင့်လည်း ဖြစ်ဖွယ်ရှိတယ်။ ဗုဒ္ဓကတောင် ၀င်္ဂီသဖြေတာမှန်တယ်လို့ မိန့်တော်မူပုံထောက်ရင် သူ့စွမ်းရည်ဟာ မခေဘူး။ ကျမ်းဂန် ( အပဒါန၊ ဋ္ဌ ၂၊ ၂၅၄ ) မှာတော့ ဝေဒကျမ်းလာ ``ဆ၀သီသ မန္တာန်´´ကိုတတ်လို့ အဲဒီလိုဟောနိုင်တာ
လို့ သာမာန်ပဲဆိုတယ်။ အဲဒီမန္တာန်ကဘာ၊ ဘယ်လိုစီရင်ရတယ်ဆိုတာ မဖော်ပြဘူး။ ၀င်္ဂီသဟာ သူ့စွမ်းရည်ကို သက်မွေးကျောင်းအတွက် အသုံးချခဲ့တာပဲ။

ယနေ့ခေတ်မှာလည်း ကမ္ဘာတစ်လွှား ``အကြားအမြင်ရ ကြားခံလူ (psychnic medium) ´´လို့ခေါ်တဲ့ ၀င်္ဂီသလိုလူတွေရှိကြတယ်။ ဒီဘက်ကမ္ဘာကခေတ်သစ် ၀င်္ဂီသတွေကတော့ သူ့တို့ရဲ့စွမ်းရည်ကိုလျော့မသွားအောင် ထိန်းသိမ်းထားပြီး
ကိုယ့်ကိုယ်ကို လူအများသိအောင် စာရေး၊ ရုပ်မြင်သံကြား၊ သတင်းမီဒီယာတွေနဲ့ ဆက်သွယ်ပြီးအဲဒီမွေးရာပါစွမ်းရည်ကိုမိမိတို့ရဲ့သက်မွေးဝမ်းကျောင်းဘ၀ထဲရောက်
အောင် ကြိုးစားကြတယ်။

ကမ္ဘာနဲ့အ၀ှမ်းနာမည်ကြီးသူတွေအနက် တစ်ဦးက နယူးယောက်မြို့သား ဂျွန် အက်ဒ်ဝပ် (John Edward)ဖြစ်ပါတယ်။ မွေးတုန်းကရိုမန်ကက်သလစ်၊ နောက်တော့
အဲဒီယုံကြည်မှုကိုစွန့်ခဲ့ကြောင်းသိရပါတယ်။ ဒီလူက ပရလောကသား
( သူ့အခေါ် outer side က ပုဂ္ဂိုလ် )တွေနဲ့ ဆက်သွယ်ပြီး စကားပြောနိုင်ပါသတဲ့။ ဒီလူရဲ့အကြားအမြင်ဟောပြောချက်ကို CNN မှာတွေ့ဖူးကြမှာပေါ့။

နောက်တစ်ဦးက သူ့ကိုယ်သူ ဂျွန် ဟော်လန် ( John Holland ) ဒီလူကတော့ သူ့ဆီကိုလာမေးတဲ့လူတွေကိုလည်း အခကြေးငွေယူပြီး ဟောပေးသတဲ့။ ၀ိညာဉ်တွေသူ့ဆီလာပြီး သူ့နားရွက်နားမှာ တိုးတိုးလေးကပ်ပြောတယ်လို့သူကဆို
တယ်။ ဒီလူတွေဟာဆယ်ခုမေးရင် ရှစ်ခုထက်မနည်းတော့ မှန်အောင်ဖြေနိုင်ကြသတဲ့။

သိပ္ပံပညာရှင်တွေက ``ဒီလူတွေဟာ သိပ်ပြီးတော့ sensitive ဖြစ်တယ်။ ( အမြင် အကြား အတွေးစတဲ့ အာရုံတွေသူများထက် အားကောင်းတယ် )´´လို့မှတ်ချက်ပေးရုံကလွဲပြီး အဲဒီလူတွေရဲ့စွမ်းရည်ကို သိပ္ပံနည်းနဲ့ မစမ်းသပ်နိုင်သေး
ပေမဲ့ CIA လိုထောက်လှမ်းရေးဌာနကတောင် ထိုလူတွေရဲ့စိတ်နဲ့ပုံဖော်တဲ့ တရားခံရဲ့ရုပ်သဏ္ဍာန်ကို အတည်ပြုရပါသတဲ့။

ဗုဒ္ဓ၀ါဒမှာ လူတစ်ချို့ကလွဲပြီး လူတိုင်းမတွေ့မြင်နိုင်တဲ့ တမလွန်ဘ၀မျိုးရှိတယ်ဆိုတာယုံကြည်တယ်။ ပုထုဇဉ်မျှသာဖြစ်တဲ့မာရ်နတ်က သောတာပန်အရိယယာဖြစ်တဲ့ ရှင်အာနန္ဒာရဲ့ နှလုံးအိမ်ကိုဖမ်းဆုတ်ထားတယ်။ (မုခေန ဟတ္ထံ ပဝေ
သေတွာ ဟဒယံ မဒ္ဒတိ၊ ဒီ-ဋ္ဌ ၂၊ ၁၄၅ )ဆိုတာကို ခေတ်ဝေါဟာရနဲ့ အဓိပ္ပါယ်ယူရင် အရှင်အာနန္ဒာကိုမရ်နတ်ကြီးက ၀င်ပူးတဲ့သဘောပဲ။ ဒါကြောင့်ဝင်ပူးတယ်ဆိုရင်လဲလက်ခံနိုင်ဖွယ်ရှိတယ်။ မရ်နတ်ကြီးလည်းသေလာအမည်ရှိတဲ့
ဘိက္ခူနီမရဲ့နားရွက်နားကို ကပ်ပြီး ``သိပ်ချောတာပဲ´´လို့ပြောတယ်။( သံ-၁၊ ၁၃၅ ) ဆိုတော့ မမြင်နိုင်သူ ပရလောကသားနဲ့ ဆက်သွယ်စကားပြောတယ်လို့ဆ်ုရင်ကော ငြင်းလို့သင့်ပါမလား။

ဒီနေရာမှာ သူသူငါငါတို့သတိထားရမှာက
၁။ နတ်ဝင်သည် သို့မဟုတ် အကြားအမြင်ရသည်ဆိုသူတွေအနေနဲ့ မလိမ်မညာဘူး။ ရိုးတယ်ပဲထား။ ၀င်ပူး ကပ်ပြောလာတဲ့ ပရလောကသားအများစုဟာ ပုထုဇဉ်တွေပဲဖြစ်ဖွယ်ရှိလို့ပြောတိုင်းမမှန်နိုင်ဘူးလို့မှတ်ထားပါ။
၂။ ဒါ့အပြင် ဘယ်လောက်ရိုးပါတယ်ပြောတဲ့ လူတွေတောင် နာမည်ကြီးလာတဲ့အခါ ရရှိတဲ့ အရှိန်အ၀ါနဲ့ စီးပွားဖြစ်ထွန်းမှုကို သာယာမက်မောပြီးအမှန်တစ်ပဲ အလွဲတစ်ပိဿာဖြစ်မှန်းမသိ ဖြစ်နေတတ်တယ်။
ဒါ့ကြောင့် နာမည်ကြီးလို့ဆိုပြီး မိမိရဲ့ဘ၀နဲ့ဓနကို ဘယ်တော့မှ အကြားအမြင်တွေစီမှာ ပုံမအောမိပါလေနဲ့။လိမ္မာမြင်သိပညာရှိ ဗုဒ္ဓ၀ါဒီဖြစ်ရင် အဲဒီလို အကြားအမြင်ဆရာတွေကို မျက်စိစုံမှိတ်ယုံကြည်ပြီး ရာထူးတက်မယ် သူဋ္ဌေးဖြစ်မယ်ဆိုတဲ့ အမျှော်စိတ်စွဲနဲ့ ၄င်းတို့နောက်လိုက်ရင်း အချိန်ကုန် လူပန်းဥစ္စာဖြုန်း နလပိန်းတုန်းမလုပ်ပဲ``ကံဆိုတာ အလုပ်၊ အလုပ်ကောင်းမှ ကံကောင်းမယ်´´ဆိုတာကို ဦးနှောက်ထဲ သံမှိုနှက်သလိုစွဲထားပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရင်း ဇွဲ လုံ့လ ဆင်ခြေတုံတရား ထိုလေးပါးနဲ့သာ ဘ၀လောကဓံကို ကျော်လွှားဖို့ ကြိုးစားသင့်ပါကြောင်း။



အရှင်ကေလာသ(USA)
ဓမ္မအမေးအဖြေများ

“နားလည်မှု၏ အသီးအပွင့်”


နားလည်မှုဆိုတဲ့စကားလုံးက
အတော်ကျယ်ပြန့်မယ်ထင်ပါတယ်။

•ခွင့်လွတ်နိုင်မှု ၊
•လက်ခံနိုင်မှု၊
•အခြေအနေအရပ်ရပ်ကိုသုံးသပ်နိုင်မှု၊
•ကိုယ်ချင်းစာနိုင်မှု၊
•အကောင်းဘက်ကပဲ မြင်နိုင်အောင်
ဘက်ပေါင်းစုံကကြည့် မြင်တတ်မှု၊
•မိမိစိတ်ကိုအလိုဆိုးများ မလွမ်းမိုးနိုင်အောင်
သတိထားတတ်မှု၊
•အရာရာကိုမမြဲတဲ့
သဘောတရားအဖြစ် ဆင်ခြင်နိုင်မှုစတဲ့
အခြေအနေကောင်းတွေ
မိမိသဏ္ဍန်မှာဖြစ်ပွားလာပြီဆိုရင်
နားလည်မှုဆိုတာ သီးပွင့်လာမှာပါ။

တစ်ယောက်နဲ့ တစ်ယောက်နားလည်မှု
ရလာပြီဆိုရင် “အေးငြိမ်းတဲ့ဘဝ” ကို
တည်ဆောက်ပြီးသားဖြစ်သွားနိုင်ပါတယ်။
တစ်ဦးခြင်းရဲ့ဝါသနာ အကျင့်စရိုက်၊
အလေ့အကျင့်နဲ့ကြီးပြင်းလာတဲ့ပတ်ဝန်းကျင်ကို
သဘောပေါက်လာတဲ့အတွက် နားလည်လာတဲ့အခါ
စိတ်ထဲမှာအလိုလို ခွင့်လွှတ်လာနိုင်တယ်။

နားလည်မှုဆိုတာတကယ်တော့
တစ်ဘက်သားရဲ့အားနည်းချက်တွေ၊
အပြစ်တွေ ၊ အချိုးမကျတာတွေ
ကိုယ့်စိတ်ထဲ မရောက်အောင်
ကာကွယ်တဲ့အလုပ်လည်းဖြစ်ပါတယ်။

နားလည်မှုရဲ့ အသီးအပွင့်ဆိုတာ
ဘဝကို အေးချမ်းစွာဆောက်တည်လိုသူတွေ
မဖြစ်မနေ ပျိုးထောင်ရမယ့်
စိတ်ရဲ့ အရည်အချင်းတစ်ရပ်ပဲဖြစ်ပါတယ်။


-【အရှင်ဝိလာသဂ္ဂ
(ဗောဓိမြိုင်သစ္စာရွှေပြည်ဓမ္မရိပ်သာဆရာတော်)】

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

Monday, February 24, 2014

အသည်းကို သန့်ရှင်းဖို့တွက် Detox Water


ကျွန်မတို့ တွေဟာ တချိန်လုံး စားချင်တာတွေ စားကြ သောက်ချင်တာတွေ သောက်ကြနဲ့ ကိုယ်တွင်းမှာ ဘယ်လို အကျိုး သက်ရောက်မှုတွေ ဖြစ်နေမယ်ဆိုတာ သတိမထား မိကြပါဘူး။

စားသောက်သမျှ တွေဟာ အသည်းတို့ ကျောက်ကပ်တို့မှာ စစ်ထုတ်ရင်းနဲ့ သူတို့ဟာ အဆိပ်အတောက် တွေကို ခံစားရပါတယ်။

အဲ့ဒီတော့ မျက်နှာတို့ ခန္ဓာကိုယ်တို့ကို သန့်ရှင်းရုံတင် မကပဲ ကိုယ်တွင်းက ကလီဆာ တွေကိုပါ သန့်ရှင်း ပေးသင့် ပါတယ်။

လောလောဆယ်တော့ အသည်းကို သန့်ရှင်းနိုင်တဲ့ နည်းတွေကို ရေးပြပါမယ်။

ဒီနည်းတွေဟာ ပိုက်ဆံလဲ အကုန်သက်သာပြီး အိမ်မှာတင် ကိုယ်တိုင် ပြုလုပ်နိုင်တာမို့ ဈေးကြီးပေးပြီး Detox တွေ ၀ယ်သောက်ရတာထက် အများကြီး သက်သာပါတယ်။

1. Apple Cinnamon Detox Water - သောက်ရေထဲကို ပန်းသီးစိတ် ကလေးတွေနဲ့ သစ်ဂျပိုးမှုန့် အနည်းငယ်ကို စိမ်ပြီးသောက်ခြင်း

2. Cucumber Lemon Mint Detox Water - သောက်ရေထဲကို သခွားသီးစိတ် ကလေးတွေရယ်၊ သံပယိုသီး ခေါ် Lemon ပါးပါးလှီး ထားတာရယ်၊ ပူစီနံရွက်ရယ် စိမ်၍ သောက်ခြင်း

3. Strawberry Detox Water - သောက်ရေထဲကို စတော်ဘယ်ရီသီး လေးများ စိမ်၍ သောက်ခြင်း

4. Simple Detox Water - ဒါကတော့ သောက်ရေထဲကို Lemon တစ်စိပ်လောက် ညှစ်ထဲ့၍ သောက်ခြင်း

5. Apple Cider Vinegar Detox Water - သောက်ရေထဲကို ACV အနည်းငယ်ထဲ့၍ သောက်ခြင်း

6. Weight Loss Detox Water - Grapefruit ကိုသုံးတာ ဖြစ်ပါတယ်။ အထဲကို မန်ကျည်းသီးမှဲ့ နဲနဲရယ် သခွားသီး နည်းနည်းရယ် ထဲ့ပြီး သောက်ခြင်း ဖြစ်ပါတယ်။

ဒါတွေအားလုံး လုပ်ရမယ်လို့ မဟုတ်ပါဘူး။ တခြား နိုင်ငံတွေက တချို့လူတွေဟာ တစ်ပတ်ကို တစ်ရက် (သို့) သုံးရက် ၊တစ်လကို တစ်ပတ် အဲ့လို ကိုယ်အဆင်ပြေသလို Detox လုပ်ကြ တယ်လို့ သိရပါတယ်။

တစ်ရက်လုံး ဆိုတာက အဲ့ဒီတစ်ရက်မှာ တခြားဘာ အစားအစာမှ မစားပဲ အသီးအနှံတွေနဲ့ အသီးအနှံ ဖျော်ရည်တွေပဲ သောက်ပြီး Detox လုပ်တာပါ။ တစ်နေ့လုံး တခြားအစာဘာမှ မစားရပါဘူး။

ကိုယ်တွင်း ကလီစာတွေကို အနားပေးတဲ့ သဘောပေါ့။ သန့်ရှင်းရေးပေါ့ တစ်ရက်လုံး မလုပ်နိုင်လဲ Simple Detox Water ကတော့ ဘယ်သူမဆို သောက်ဖို့ အဆင်ပြေမှာပါ။ အချိုရည်တွေ သောက်မဲ့အစား Detox Water လေးသောက်တော့ ကျန်းမာရေး အတွက် ကောင်းတာပေါ့။

Shared from  မြ၀တီ  (FB)

အထိရောက်ဆုံး ကျား မ မရွေး ဆီကျ ၊ ပိန် ၊ ကျစ် စေနည်း


ဒီနည်းလေးဟာ အင်မတန်မှလွယ်ကူပြီး အဆီကျဖို့ ပိုမိုထိရောက်တဲ့ သဘာဝနည်းလေးတစ်ခုပါ။

တစ်နေ့ သုံးကြိမ်သောက်သုံးရုံဖြင့် ၅ရက်အတွင်း အာနိသင်ပြနိုင်မှာဖြစ်ပြီး အဆီတွေကို သဘာဝနည်းနဲ့ ကျစေတဲ့ နည်းလေးမို့ မနုဿ က အားလုံးအတွက် တင်ပြပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းတွေကတော့ - ပျားရည်စစ်စစ်ရယ်၊ ရှာလကာရည်အဖြူရယ် နှစ်မျိုးတည်းပါပဲ ။

အသုံးပြုနည်းကတော့ -

ဆေးတစ်ဖုံစာအတွက် ရှာလကာရည် ၄ဇွန်း ၊ ပျားရည် ၁ ဇွန်း ( 4 :1 လက်ဘက်ရည်ဇွန်းဖြင့် ချိန်တွယ်ပါ ။ )

သောက်သုံးချိန်တွေကတော့ - မနက်စာ မစားခင် တစ်ဖုံသောက်သုံးပေးပါ။

နေ့လည်စာ စားပြီး တစ်ဖုံသောက်ပေးပါ။

ညစာ စားပြီးချိန်တွင် တစ်ဖုံသောက်ပေးပါ။

တစ်ချို့တွေကတော့ အရသာမကြိုက်တာတွေဘာတွေ ရှိတတ်ကြပါတယ်။

ဒါပေမဲ့ ပိန်ချင်လှချင်သူတွေအတွက် သည်းခံပြီးသောက်သုံးပေးကြပါနော်။

သူငယ်ချင်းတစ်ယောက်ဆိုရင် တစ်လအတွင်း ၄ ပေါင် ၅ ပေါင်လောက်ကျသွားတယ်ဆိုပဲ။

အားလုံး စမ်းကြည့်လိုက်ကြနော်။ မသိသေးတဲ့ သူငယ်ချင်းတွေကိုလည်း ဆက်လက်ဝေမျှပေးလိုက်ပါဦးနော်။

ပိန်လို့လှသွားရင် ဟောဒီက မနုဿ ကိုလည်းမမေ့နဲ့နော်။

ပျိုမေတို့သိစေဖို့ မှ ပြန်လည်မျှဝေပေးလိုက်ပါသည်။

ချစ်တဲ့ ....မနုဿ
Credit: မနုဿ ရဲ့ စာမျက်နှာလေးများ

အလုပ်ထွက်ပြီး ကိုယ်ပိုင်စီးပွားလုပ်မယ်ဆို စဉ်းစားရမယ့် ၁၀ ချက်


အောင်ခမ်း (ရိုးရာလေး)

စွန့်ဦးစီးပွားတီထွင်သူများအနေနဲ့ ကိုယ်ပိုင်စီးပွားရေး စတင်ဖန်တီးတော့ မယ်ဆိုရင် အချိန်ပေး ရပါတယ်။ အဲ့ဒီလို အချိန်ပေးဖို့ အတွက်ရင် လက်ရှိ အလုပ်မှာပေးထား တဲ့အချိန်ကို လျော့လိုက်ရပါတယ်။ ဒါကြောင့် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း တစ်ခု စတင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက အလုပ်ထွက်လိုက်ခြင်းပါ။ ဒီတော့ အလုပ်ထွက်ပြီး ကိုယ်ပိုင်စီးပွားရေး လုပ်တော့မယ်ဆိုရင် အောက်ပါ မေးခွန်း ၁၀ ချက်ကို ကိုယ့်ကိုယ် ကို မေးလို့ ဖြေကြည့်ဖို့ လိုအပ်ပါတယ်။

၁။ ပိုမို ပျော်ရွှင်စေမှာလား

ကိုယ်က ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခု စတင်မှာတော့ ဟုတ်ပါပြီ။ လုပ်တတ်လို့စလိုက်မယ်သာ ဆိုတယ်။ တကယ်ကော လုပ်ပျော်မှာလား ဆိုတာကို သေချာ မေးဖို့လိုအပ်ပါတယ်။ အချို့ က ငွေအရင်းရှိလို့ ဖုန်းဆိုင်လေး ဖွင့်တော့မယ်ဆိုပြီး လုပ်ငန်းစပါတယ်။ သို့ပေမယ့် သူပျော်တာ ဖုန်းထိုင်ရောင်းနေဖို့လည်း မဟုတ်ပြန်ပါဘူး။ ဒီတော့ အလုပ်ထွက်ပြီး မှ ပျော်စရာမကောင်းတဲ့ လုပ်ငန်း တစ်ခုစမိရင် ကျရှုံးဖို့ လမ်းကို ပိုနီးစပ်နေပါတယ်။

၂။ အချိန်တန်ပြီလား

ကိုယ်ပိုင်စီးပွားရေး ဆိုပြီးတော့သာ အလုပ်ထွက်မိတယ်။ လက်ရှိ ကိုယ့်ဆီမှာ ကိုယ်ဝန်သည် ဇနီးရှိနေမယ်။ မနာမကျန်းမိဘ ရှိနေမယ်ဆိုရင်လည်း အဆင်မပြေပြန်ဘူးလေ။ အလုပ်ထွက်ရင်ဝင်ငွေက မရှိတော့ဘူး။ ဝင်ငွေ မရှိတော့ပဲနဲ့ အဲဒီတာဝန်တွေကို ထမ်းရွက်နေရင် ကိုယ်ပိုင်စီးပွားတောင် မလုပ်နိုင်ပဲ မွဲပြာကျသွား နိုင်ပါတယ်။ ဒီတော့ သင့်တင့်မျှတတဲ့ အချိန်ကာလတစ်ခုကို ရောက်ပြီလားဆိုတာကို သေချာ ချင့်ချိန် စဉ်းစားဖို့ လိုအပ် ပါတယ်။

၃။ ငွေလုံလောက်ပြီလား

ဒါကလည်း စဉ်းစားစရာပေါ့။ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်း တစ်ခုထောင်ဖို့ အတွက် လိုအပ်တဲ့ အရင်းအနှီး ပဲလိုတာ မဟုတ်တော့ဘူးလေ။ အဲဒီကာလအတွင်း ကိုယ့် စားဝတ်နေရေးအတွက် လုံလောက်တဲ့ ငွေကြေး အင်အား ရှိပြီလားဆိုတာကိုပါ ထည့်သွင်းစဉ်းစားရတော့မှာ ဖြစ်ပါတယ်။ ဒီတော့ ငွေလုံလောက်ပြီလားလို့ ကိုယ့်ကိုယ်ကို အရင်ပြန်မေးဖို့ လိုအပ်ပါသေးတယ်။

၎။ ကူညီထောက်ပံ့မယ့်သူ ရှိပြီလား

ကူညီထောက်ပံ့သူဆိုလို့ ငွေကြေးကို ဆိုလိုတာ မဟုတ်ပါဘူး။ လုပ်အားအရ တစ်ယောက်တည်း မနိုင်ရင် ဝိုင်းကူပေမယ့် ပါတနာမျိုး၊ အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်းတိုင်ပင်နိုင်တဲ့ မိဘမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်းမျိုး တို့ ဖြစ်ပါတယ်။ စီးပွားရေး တစ်ခုစတင်တိုင်း အခက်အခဲဆိုတာ ရှိမှာပဲ။ အဲဒါကို တစ်ယောက်တည်း ခေါင်းအစားခံ ဖြေရှင်းနေတာထပ် တစ်ဦးတစ်ယောက်ရဲ့  အကြံအဥာဏ်လေး ရလိုက်တာကလည်း အားသာချက် တစ်ခုပဲ ဖြစ်ပါတယ်။ ဒီတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ အတွက် ကူညီထောက်ပံ့၊ အကြံပေးမယ့်သူလည်း လိုအပ် ပါတယ်။

၅။ ဘဝနေထိုင်မှု ပုံစံပြောင်းနိုင်ပြီလား

ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ ဆုံးဖြတ်လိုက်တဲ့ သူက မနက် စောစော ထပြီး ရုံးအမှီမသွားရတော့ဘူး။ သို့ပေမယ့် အဲ့ဒါထပ် ပိုပင်ပန်းကောင်း ပင်ပန်းလိမ့်မယ်။ အရင်လို နက်ခ်တိုင် ကျကျ နန မဝတ်ရတော့ပဲ ချွေးတစ်လုံးလုံးနဲ့လည်း ဖြစ်ချင်ဖြစ်မယ်။ အလုပ်များလို့ ထမင်းကို ဇိမ်ကျကျစားကောင်းမှ စားရလိမ့်မယ်။ အသုံး စရိတ် နည်းသွားလို့ ဆင်းရဲသားလိုလည်း နေကောင်းနေရလိမ့်မယ်။ ဒီဒဏ်တွေခံနိုင်မယ် ဘဝနေထိုင်မှု ပုံစံကိုအခြေအနေလိုက် ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိရင်တော့ လုပ်ငန်းစဖို့ ထောက်ခံချက်တစ်ခု ရသွားပါပြီ။

၆။ စည်းကမ်းနဲ့ နေနိုင်ပါ့မလား

ငါ ဝန်ထမ်းမဟုတ်တော့ဘူး။ မနက်လည်း ထချင်မှထမယ်။ အလုပ်လည်း လုပ်ချင်မှ လုပ်မယ်။ အဲ့ဒီလိုပုံစံနဲ့ ဆိုရင် လုပ်ငန်းရှင်မဟုတ်ပဲ အလုပ်လက်မဲ့ ဘဝကို ရောက်သွားပါမယ်။ ကိုယ်ပိုင်လုပ်ငန်း တစ်ခု စဖို့ ရည်ရွယ် သူက မိမိကိုယ်ကို စည်းကမ်းချမှတ်လို့ ကျင့်ကြံနေထိုင်ရမှာ ဖြစ်ပါတယ်။ အကောင်းစား ပစ္စည်းသုံးမှ လုပ်ငန်းရှင်လို့ မဆိုလိုပါဘူး။ မိမိလုပ်ငန်း လည်ပတ်မှုအတွက် လိုအပ်သလို ကိုယ့်ကိုယ်ကို ထိန်းချုပ် ဆောင်ရွက်နိုင် ဖို့ကသာ အရေးကြီးပါတယ်။

၇။ အစမ်း ခြေလှမ်းရှိပြီလား

ကော်ဖီဆိုင်ဖွင့်ဖို့ ရည်ရွယ်တဲ့ စာရင်းကိုင်တစ်ယောက်ဟာ ကော်ဖီဆိုင် တစ်ခုမှ ၆ လလောက် အချိန်ပိုင်း စားပွဲထိုး အရင်လုပ်ရမယ် လို့ ဥပမာ ပေးထားပါတယ်။ သို့ပေမယ့် ကိုယ်စမယ့် စီးပွားရေးလုပ်ငန်းက Model အသစ် သို့မဟုတ် လက်ရှိအလုပ်နဲ့ အလားသဏ္ဍာန် တူ ဆိုရင်တော့ Beta Test လုပ်နေစရာ မလိုပါဘူး။ အကယ်၍ အဲ့လို မဟုတ်ပဲ ပုံစံမတူတဲ့ ခြေလှမ်းဖြစ်နေရင် ပုံစံတူတဲ့ ကုမ္မဏီတစ်ခုမှာ အောက်ခြေ ကစလို့ ၆ လလောက် အချိန်ပိုင်း လုပ်ကိုင် သင့်ပါသေးတယ်။

၈။ အရည်အချင်းပြည့်ဝပြီလား

ကိုယ်ပိုင်လုပ်ငန်း တစ်ခုစဖို့အတွက် တစ်ခုတည်း တတ်နေလို့ မရတော့ဘူး။ အလွယ်ဆုံး ပြောရရင် ထုတ်ကုန် ထုတ်လုပ်ရေး၊ ဈေးကွက် ရှာဖွေရေး ၊ ဖြန့်ချိရေး အချက် သုံးခု စလုံး ပိုင်မှ အလုပ်ဆိုတာ စလို့ ကောင်းတာပါ။ ဒီမှာ ပါလာမယ့် ကိစ္စတွေက အများကြီးပဲ လူမှုဆက်ဆံရေး၊ စီးပွားရေး ဥပဒေ၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေး ပြောမယ်ဆို အတော်ကိုများတဲ့ လိုအပ်ချက်တွေပါ။ ဒါတွေ တစ်ခုတည်းလိုက်ဖြည့်နေရင် အချိန်ကုန်သွား မယ် လို့လည်း ဆိုပါတယ်။ အချိန်ပေးစရာမလိုပဲ အဲဒါတွေအားလုံး လုပ်ရင်းနဲ့ လေ့လာသွားလို့ရမယ်၊ လေ့လာနေစဉ်လည်း လုပ်ငန်းအပေါ် ထိခိုက်မှု ရှိမသွားဘူးလို့ သေချာယုံကြည်ရင်တော့ လုပ်ငန်း စနိုင်ပါ တယ်။

၉။ အိုင်ဒီယာ ကောင်းရဲ့ လား

ကိုယ့်ကိုယ်ကို ပြန်မေးရမယ့် မေးခွန်းပါ။ ရှိနေတဲ့ အိုင်ဒီယာက သစ်ဆန်းရဲ့ လား ၊ ဖြစ်ကော ဖြစ်နိုင်ရဲ့ လား၊ ငါတွေးတဲ့ အိုင်ဒီယာ ကောင်းရဲ့ လား အစရှိသဖြင့် ပြန်မေးရမှာ ဖြစ်ပါတယ်။ အတွေးစိတ်ကူးကောင်းကောင်း မရှိ ဘူးဆိုရင်တော့ ကိုယ်ပိုင်စီးပွားလုပ်ငန်းတစ်ခု အောင်မြင်ဖို့ မသေချာ ပါဘူး။

၁၀။ စီးပွားရေး ယာထားချက် ရှိရဲ့ လား

ဒါအရေးကြီးဆုံးပါ။ အထပ်ပါ ၉ ချက်စလုံးက ပြည့်စုံနေပြီ။ အလုပ်ကလည်း ထွက်လိုက်ပြီ။ သို့ပေမယ့် Business Plan ရှိမထားရင်တော့ လုံးပါးပါး သွားနိုင်ပါတယ်။ ဘာနဲ့တူသလဲဆို ခရီးသွားဖို့ ပစ္စည်းပစ္စယ စုံလင်သွားပေ မယ့် ဘယ်အရပ်ကို သွားရမှန်းမသိတဲ့ အနေအထားနဲ့ တူပါတယ်။ ဒါကြောင့် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း တစ်ခုစတော့မယ်ဆိုရင် အရေးအကြီးဆုံး အနေနဲ့ Business Plan တစ်ခု ရှိထားဖို့ လိုအပ် ပါတယ်။
.
Ref: entrepreneur.com

http://www.yoyarlay.com/book/article/40117-entreprener-job-to-consider

"ကံနှင့် ကံ၏အကျိုးပေးပုံ"


★ ကံကံ၏အကျိုးပေးပုံမှာ တစ်ခုနှင့်တစ်ခုမတူ တစ်မူ
ထားခြားကာစိတ်ဝင်စားစရာကောင်းလှသည်။ အဘိ
ဓမ္မာဘုံပိုင်းတွင်လေ့လာကြည့်ပါက ကိစ္စအားဖြင့်
လည်းကောင်း၊ အကျိုးပေးရာအလှည့်အစဉ်အားဖြင့်
လည်းကောင်း၊ အကျိုးပေးရာကာလအားဖြင့်လည်း
ကောင်း အမျိုးမျိုးကွဲပြားပါသည်။

★ ကိစ္စအားဖြင့် ကံ(၄)မျိုးရှိသည်။ ထိုကံများမှာ
၁။ ဇနကကံ
၂။ ဥပတ္ထ မ္ဘကကံ
၃။ ဥပပီဠကကံ
၎။ ဥပဃာတကကံတို့ဖြစ်ကြသည်။
ပဋိသန္ဓေအကျိုးနှင့် ပ၀တ္တိအကျိုးတို့ကို ကိုယ်တိုင်ဖြစ်
စေတတ်သော ကံ။ ပဋိသန္ဓေအခါနှင့် ပ၀တ္တိအခါတို့၌
ဝိပါက်စိတ်နှင့် စေတသိက်များကမ္မဇရုပ်နှင့် ဥတုဇရုပ်
တို့ကို ဖြစ်စေတတ်သောကုသိုလ် အကုသိုလ်စေတနာ
ကို ဇနကကံဟုခေါ်သည်။

★ ဇနကကံကို အထောက်အပံ့ပြုသောကံမိမိကိုယ်တိုင်
ကား အကျိုးမပေးနိုင်။ တစ်ပါးသောကံကိုအကျိုးပေး
ခွင့်ရလေအောင်၊အကျိုးပေးသောအခါအကျိုးပေးသန်
လေအောင်၊ ထိုအကျိုးပေးများ ကြာရှည်အောင်လျော်
စွာထောက်ပံ့ကူညီတတ်သော ကုသိုလ်၊ အကုသိုလ်
စေတနာကံ၊ ဇနကကံကို အထောက်အပံ့ပြုသောကံ
ကို ဥပတ္ထ မ္ဘကကံခေါ်သည်။

★ တစ်ပါးသောကံ အကျိုးပေးခွင့်မရအောင် အခွင့်ရ၍
အကျိုးပေးသော်လည်း မကြာရှည်အောင်ကပ်၍ နှိပ်
စပ်တတ်သောကံ၊ ဇနကကံ၏ အကျိုးကို အားနည်း
ချည့်နဲ့အောင် ဖိနှိပ်တတ်သောကံကို ဥပပီဠကကံဟု
ခေါ်သည်။

★ ဇနကကံ အကျိုးပေးထားသော ၀ိပါက်နာမက္ခန္ဓာနှင့်
ကဋတ္တာ ရုပ်အစဉ်ကို ဖြတ်တောက်တတ်သောကံကို
ဥပဃာတကကံဟုခေါ်သည်။

★ အကျိုးပေးရာအလှည့်အစဉ်အားဖြင့်(၄)မျိုးရှိသည်။
ထိုကံများမှာ
၁။ ဂရုကံ
၂။ အာသန္နကံ
၃။ အာစိဏ္ဏကံ
၎။ ကဋတ္တာကံတို့ဖြစ်ကြသည်။

★ တစ်ပါးသောကံများက မတားမြစ်နိုင်ပဲ စုတိပြီး အခြားမဲ့
၌ အကျိုးပေးမြဲ ဖြစ်သော အလွန်အားကြီးသည့် ကံကို
ဂရုကံဟုဆိုလိုသည်။ ( ပဉ္စာနန္တိယကံ ငါးပါးသည် အကု
သိုလ်ဂရုကံဖြစ်သည်။ ကုသိုလ်အရာတွင်လည်း
မဟဂ္ဂုတ်ကုသိုလ်ကံနှင့် လောကုတ္တရာကံတို့သည် ဂရုကံ
များဖြစ်သည်။)

★ ရှေးအခါကပြုခဲ့ပြီး၍ သေခါနီးအခါ၌အောက်မေ့အပ်သော
ကုသိုလ်၊ အကုသိုလ်ကံသည်လည်းကောင်း၊ သေခါနီး
အချိန်၌ ကပ်ပြုလုပ်သော ကုသိုလ် ၊အကုသိုလ်ကံသည်
လည်းကောင်း အာသန္နကံမည်၏။

★ နေ့စဉ် အမြဲမပြတ် ပြုလုပ်ဆောင်ရွတ်သော ကုသိုလ်
အကုသိုလ်ကံ၊ တစ်ကြိမ်ပြုလုပ်ပြီးနောက် အစဉ်အမြဲ
ဆင်ခြင်အောက်မေ့အပ်သော ကုသိုလ် အကုသိုလ်ကံ
သည် ၄င်း
အာစိဏ္ဏကံမည်၏။

★ ဂရုက၊ အာသန္န၊ အာစိဏ္ဏကံအခြေအနေသို့ မရောက်
တတ်ဘဲ ဒီဘ၀၌ပြုလုပ်ခဲ့သောကံများနှင့်ရှေးရှေးဘဝ
များ၌ ပြုလုပ်ခဲ့သော ကံများတည်း။ ဤကံတို့သည်
လည်းအခွင့်သာသည့်အခါ ပဋိသန္ဓေအကျိုးနှင့် ပ၀တ္တိ
အကျိုးတို့ကို ပေးနိုင်ကြ၏။ အထက်ပါကံလေးပါးတို့၏
အလှည့်အစဉ်အတိုင်း အကျိုးပေးပုံမှာ တစ်စုံတစ်
ယောက်ထံတွင် ကံလေးမျိုးစလုံးရှိပါက ဂရုကံသည်
အရင်အကျိုးပေး၏။ ထိုကံမရှိသော် အာသန္နကံ အကျိုး
ပေး၏။အာသန္နကံမရှိခဲ့သော် အာစိဏ္ဏကံသည် အကျိုး
ပေး၏။ မရှိပါက ကဋတ္တာကံသည် အကျိုးပေး၏။

★ အကျိုးပေးရာကာလအားဖြင့် ကံ(၄)မျိုးရှိသည်။
ထိုကံများမှာ
၁။ ဒိဋ္ဌဓမ္မဝေဒနီယကံ
၂။ ဥပပဇ္ဇဝေဒနီယကံ
၃။ အပရာပရိယဝေဒနီယကံ
၎။ အဟောသိကံတို့ဖြစ်ကြသည်။
ကုသိုလ်ပြုသည်ဖြစ်စေ အကုသိုလ်ပြုသည်ဖြစ်စေ
ကောင်းကျိုးဆိုးကျိုးကိုပေးမည့် ဇောစေတနာ(၇)ချက်
ဖြစ်သည်။ ထို(၇)ချက်သည် ပထမဇောစေတနာသည်
ယခုဘ၀အကျိုးပေး၏။ ဒိဋ္ဌဓမ္မဝေဒနီယကံခေါ်၏။
သတ္တမဇောစေတနာသည် ဒုတိယဘ၀(နောက်ဘ၀)ကို
အကျိုးပေး၏။ ဥပပဇ္ဇဝေဒနီယကံခေါ်၏။ အလယ်ဇော
ငါးချက် စေတနာသည်တတိယဘ၀မှ နိဗ္ဗာန်မရောက်မ
ချင်း အကျိုးပေး၏။ အပရာပရိယဝေဒနီယကံခေါ်၏။
ဖောစေတနာ(၇)မျိုးတို့တွင် ပထမဇောစေတနာနှင့် သတ္တ
မဇောစေတနာသည် အကျိုေးပးခွင့်မရဘဲပျက်သွားသည်
ကများ၏။ ထိုသို့အကျိုးမပေးပဲပျက်သွားသောကံကို
အဟောသိကံဟုခေါ်၏။

★ အကျိုးပေးရာဌာနအားဖြင့် ကံ(၄)မျိုးရှိသည်။ ထိုကံများမှာ
၁။ အကုသိုလ်ကံ
(ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်) အပါယ်လေးဘုံ၌
ပဋိသန္ဓေအကျိုးနှင့် ပ၀တ္တိအကျိုးတို့ကို ပေးသောကံဖြစ်
သည်။

၂။ ကာမာဝစရကုသိုလ်ကံ
ကာမသုဂတိခုနစ်ဘုံ(လူ+နတ်၆) ၌ပဋိသန္ဓေအကျိုးနှင့်
ပ၀တ္တိအကျိုးတို့ကို ပေးသောကံဖြစ်သည်။

၃။ ရူပါဝစရကုသိုလ်ကံ
ရူပဗြဟ္မာ ၁၆ ဘုံ၌ ပဋိသန္ဓေအကျိုးနှင့် ပ၀တ္တိအကျိုးတို့
ကို ပေးသောကံဖြစ်သည်။

၎။ အရူပ၀စရကုသိုလ်ကံ
အရူပဗြဟ္မာလေးဘုံ၌ ပဋိသန္ဓေအကျိုးနှင့် ပ၀တ္တိအကျိုး
တို့ကို ပေးသောကံဖြစ်သည်။

★ ထိုသို့သောအကျိုးပေးပုံ မတူညီခြင်းကြောင့် အကျိုးရရှိ
မှုများကွာခြားရပါသည်။ထိုသို့အကျိုးရရှိမှုကွာနေခြင်းကို
အထင်လွဲ အမြင်လွဲကာ အယူမမှားသင့်ပေ။ တကယ်
တော့လောကကြီးတွင် ဖြစ်ပျက်နေမှုအားလုံးသည် မြတ်
စွာဘုရား၏ သဗ္ဗညုတဉာဏ်တော်ဖြင့် ဟောကြားတော်
မူခဲ့သော အဘိဓမ္မာတရားအတိုင်းသာဖြစ်ပါသည်။

(Credit to ဓမ္မစာပေများ)

Salmon ငါးကြော်နှင့် စပျစ်သီးအသုပ်


(Pan Fried Salmon With Graps Sals)

လွယ်လွယ်ကူကူနဲ့ ချက်ပြုတ်ပြင်ဆင်လို့လွယ်တဲ့
အနောက်တိုင်းအစားအစာပဲ ဖြစ်ပါတယ်။
Salmon ငါးကြော်ရဲ့အရသာနဲ့ စပျစ်သီးအသုပ် လိုက်ဖက်ပြီး
စားလို့အရမ်း ကောင်းပါတယ်။ စပျစ်သီးကို အချိုပွဲအနေနဲ့
စားသုံးကြတာများပြီး ဟင်းတစ်ခွက်အနေနဲ့ ချက်ပြုတ်ပြီး
ကျွေးမွေးတဲ့အခါ အံ့အားသင့်ပြီး ဆွဲဆောင်မှုကောင်းတဲ့
အနောက်တိုင်း အစားအစာလည်းဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ
........................
• Salmon ငါး - ၂၀၀ ဂရမ် ၂ တုံး
• ငရုတ်ကောင်းမူန့်အဖြူ - အနည်းငယ်
• ဆား - အနည်းငယ်
• သံလွင်ဆီ - စားပွဲဇွန်း ၂ ဇွန်း

Graps Salasa အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းများ
.....................................................................
• အစေ့မပါတဲ့စပျစ်သီးအနီ - ၅၀၀ ဂရမ် (နှစ်ခြမ်းခြမ်းထားပါ)
• ကြက်သွန်မြိတ် - ၂ ပင်
• ကြက်သွန်ဖြူ - ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)
• ငရုတ်သီးအမှည့် - ၁ တောင့် (အစေ့ထုတ်ပြီး နုပ်နုပ်စဉ်းထားပါ)
• ငရုတ်သီးစိမ်း - ၁ တောင့်(အစေ့ထုတ်ပြီး နုပ်နုပ်စဉ်းထားပါ)
• ငရုတ်သီးဆော့စ် (Chili Sauce) - လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ တစ်ဝက်
• နံနံပင် - ၃ ပင် (ပါးပါးလှီးပါ)
• လီမွန်ရည် (Lemon Juice) - ၁ လုံး

ပြုလုပ်နည်း
.................
Salmon ငါးနှစ်တုံးကို ဆား၊ ငရုတ်ကောင်းမှုန့်နဲ့ရောနယ်ပြီး
၁၀ မိနစ်ခန့် နှပ်ထားပါ။ ပြီးလျှင် ဒယ်အိုးအပြားတွင် Salmon ငါးကို
သံလွင်ဆီနှင့်ကြော်ပါ။ Salmon ငါးက အစိမ်းစားလို့ရတဲ့ငါးဖြစ်တဲ့အတွက်
ကြွပ်နေအောင်ကြော်စရာမလိုပါ။ ပြီးလျှင် ဒယ်အိုးထဲမှဆယ်ယူပြီးထားပါ။
စားသုံးမည်ဆိုပါက Graps Salsa အတွက် လိုအပ်တဲ့
ပါဝင်ပစ္စည်းများအားလုံးကို ဇလုံကြီးတစ်လုံးတွင်ထည့်ပြီး
ဖွဖွလေးနယ်ပါ။ ပြီးလျှင် စားသုံးမည့် ပန်းကန်ပြားနှစ်ချပ်တွင်ထည့်ပြီး
အဆင်သင့်ကြော်ထားသော Salmon ငါးကြော်ကို
Graps Salsa ပေါ်တွင်တင်ပြီး စားသုံးနိုင်ပါပြီ။

.......................................................................................
Delicious Food From All Over The World By Myint Oo Tha

“လူတွေ ဘာကြောင့် သေ”


လူနတ်ဗြဟ္မာ့ သတ္တဝါတွေ သေတယ် ဆိုတဲ့ အထဲမှာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးလည်း ပါတယ်။ ဘုရားရှင်တောင်မှ မလွတ်ကြရပဲ အားလုံး မုချ မှန်စွာ သေကြရမှာ ဖြစ်သောကြောင့် ... လောကမှာ လူတိုင်း လူတိုင်း အရှုံးနှင့် ကြုံပြီးသားပါ။ အရှုံးကြုံပြီးရင်တော့ အဲဒီ အရှုံးထဲက နေပြီး ဆက်ရှုံးအောင်တော့ လုပ်ဖို့ မကောင်းဘူး။ အရှုံးကြုံပြီးရင် “အရှုံးထဲက အမြတ် ထုတ်ရမှာ”။

ဘုရားရှင် ကိုယ်တော်မြတ်ကြီးက တန်ခိုး ဒီလောက်ကြီးတာ ဘာကြောင့် သေသလဲ ဆိုရင် မယ်တော် မာယာ သေတယ်။ သုဒ္ဓေါဒနမင်းကြီး လည်း သေတယ်။ အဖေက သေတယ်။ အမေက သေတယ်။ အဖေအမေ သေရာကနေ သေတဲ့သူက မွေးလာတဲ့သားလည်း “သေမှာပါပဲ့”။

အဖိုးတွေ သေတယ်။ အဖွားတွေ သေတယ်။ အဖိုးအဖွားတွေက သေသွားကြတဲ့ ဓာတ်တွေရှိတဲ့ ဖိုးဖွားကနေ မွေးလာကြတဲ့ သားသမီး မြေးမြစ်တွေလည်း “သေကြရမှာပဲ့”။

အဖိုးအဖွားတွေ သေခဲ့ ကြကုန်၏။ အဖိုးအဖွားတွေ သေလို့ မြေးမြစ်တွေ သေကြရဦးမည်။ အဖေအမေတွေ သေခဲ့ ကြကုန်၏ အဖေအမေတွေ သေခဲ့ကြလို့ သားသမီးတွေလည်း သေကြရ လိမ့်ဦးမည်။ အဖိုးအဖွားတွေက ဓာတ်တွေ တဆင့်ပြီး တဆင့် ပေးခဲ့ကြပါကုန်၏။ ဘာဓာတ်တွေပေးခဲ့ကြလဲ ဆိုရင် “သေတဲ့ဓာတ်”တွေ ပေးခဲ့ကြတယ်။ ယခု တရားနာ နေကြတဲ့ ပုဂ္ဂိုလ်ရော ဟောသူပါ မကျန် အပ်ဖျားလေးနှင့် လိုက်စမ်းကြည့် တစ်ကိုယ်လုံးမှာ သေတဲ့ ဓာတ်တွေ ရှိတယ်။ အဖိုးဖွား ၊အဖေမေတွေ စီးပွားဥစ္စာ ရတနာတွေ ပေးတာ မပေးတာထက် ခဏတာ ဘာအမွေပေးခဲ့လည်း ဆိုရင် “သေတဲ့ဓာတ်” တွေ ပေးခဲ့ပါသည်။ အဖိုးဖွား အဖေမေတွေ ကြောင့် ဖြစ်လာရတဲ့ ဒီ ခန္ဓာကိုယ်ကြီး ထဲမှာ ဘာတွေ ထည့်ပေးခဲ့သလဲ ဆိုရင် သေတဲ့ ဓာတ်တွေ ထည့်ပေးခဲ့တာပါ...။

ရောဂါကြောင့် သေတာလား။ သေတဲ့ဓာတ် ရှိလို့ သေတာလား။ ထို သေတဲ့ဓာတ်သာ မရှိဘူး ဆိုရင် မသေတော့ဘူးပေါ့။ “ဘာကြောင့် သေတာလဲ ဆိုရင် သေတဲ့ ဓာတ်ရှိလို့ပါ”။ လူဖြစ်ချင်ပါတယ် ဆိုတာသည် သေတဲ့ဓာတ်ကလေး ပေးပါလို့ တောင်းတာနှင့် အတူတူပါပဲ့။ နတ်ဖြစ်ချင်ပါတယ် ဆိုတာသည် သေတဲ့ဓာတ် ကလေးကို ပေးပါလို့ တောင်းတာနဲ့ အတူတူပါပဲ့။
ဒါဖြင့် သေတဲ့ဓာတ်က အဖိုးဖွားတွေက ပေးတာလား။ မိဘတွေက ပေးတာလား။ ကိုယ်ကိုယ်တိုင်က လိုချင်လို့ကို ရလာတာလား။

သေသူကမွေးလို့ သေတဲ့ သွေးတွေ ပေးခဲ့တဲ့ ခန္ဓာကိုယ်....
အိုသူကမွေးလို့ အိုတဲ့ သွေးတွေ ပေးခဲ့တဲ့ ခန္ဓာကိုယ်....
နာသူကမွေးလို့ နာတဲ့ သွေးတွေ ပေးခဲ့တဲ့ ခန္ဓာကိုယ်....

ဘုရားရှင် ကိုယ်တော်မြတ်ကြီး သက်တော် (၇၀)၊(၈၀) အရွာယ်မှာ ရေချိုးတဲ့ အခါ အသားတွေ တွန့်နေတာကို တွေ့ရတယ်။ ဇရာက ဖိစီးတာပါ။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးကို ဇရာ ကနှိပ်စက်တယ်။ အိုတယ်။ ဘာလို့ အိုတာလဲ ... အိုတဲ့သူတွေက အိုတဲ့ သွေးတွေ သူ့ခန္ဓာကိုယ်ထဲကို ထည့်ပေးလိုက်လို့ ပဲ့။

သေတဲ့ဓာတ် ပါတဲ့ ပုဂ္ဂိုလ် ဧကန် မုချ သေရမှာပါ။
အိုတဲ့ဓာတ် ပါတဲ့ ပုဂ္ဂိုလ် ဧကန် မုချ အိုရမှာပါ။

အခါတပါး ဘုရားရှင် ကိုယ်တော်မြတ်ကြီး တရားဟောတော့ ခါးနာတယ် ။ ဘုရားရှင် လက်ဝှေ့သမား ဘဝတုန်းက သူနိုင်ခဲ့လို့ ရှိရင် ခါးချိုးချိုး ပစ်ခဲ့လို့။ နာတဲ့ဓာတ် ပါတဲ့ ပုဂ္ဂိုလ် ဧကန် မုချ နာရမှာပါ...။

ဘုရားရှင်တောင်မှ မလွတ်ကြရပဲ အားလုံး မုချ မှန်စွာ ဘာကြောင့် အိုရ၊ နာရ၊ သေရတာလဲ ဆိုရင် ဘုရားရှင် ကိုယ်တော်မြတ်ကြီး ဖြစ်လာမဲ့ ခန္ဓာကိုယ်ကြီးထဲမှာ အိုဓာတ်၊ နာဓာတ်၊ သေတဲ့ဓာတ်တွေ ထည့်ပေးလိုက်လို့ အမွေယူခဲ့လို့ ပဲ့။

မွေးကတည်းက သေတဲ့ဓာတ်တွေ ပါလာကြလို့ အမိဝမ်းထဲမှာ သေသွားကြတာတွေလည်း တစ်ပုံကြီး။၁နှစ် ၂နှစ် ၃...၄နှစ် အရွယ်တွေ လသားတွေမှာလည်း သေတယ်။ နှစ်သားတွေလည်း သေတယ်။ ၁၀နှစ်သားတွေ၊ အနှစ်၂၀ သားတွေလည်း သေတယ်။ မွေးကတည်းက ဒီသေတဲ့ဓာတ်တွေ ပါလာကြလို့ပါ။တချို့တချို့ သားသမီး ရင်နှစ်သည်းခြာနှင့် တကွ ဇနီး၊ မယား၊ မိဘ၊ ညီအစ်ကို မောင်နှမ၊ ဆွေမျိုးသားချင်းတွေ ဆုံးပါးသွားကြလို့ နောက်ထပ် သောက ပဋိဒေဝတွေ တောက်လောင်ပြီး အော်ဟစ် ငိုကြွေး ပူဆွေး လုပ်နေဦးမယ် ဆိုရင် အရှုံးထဲက အရှုံးပဲ့ ဖြစ်တာပေါ့။

(တကယ်တမ်း အရှုံးထဲက အမြတ်ထုတ်ရမှာ။)
အဲဒီလို ဆိုရင် သေမှာက သေချာတဲ့ မိမိခန္ဓာကိုယ်မှာ အဲဒီဓာတ်တွေ ပါလာမှန်း သိနေမှတော့ အေးအေးဆေးဆေး ချမ်းချမ်းသာသာ ကုသိုလ်စိတ်နှင့် သေအောင် လုပ်ရင်လုပ် မဟုတ်ရင် မသေရာ ဖြစ်တဲ့ နိဗ္ဗာန်ကို ရအောင်လုပ် ဒီ(၂)မျိုးပဲ့ လုပ်ရတော့မှာ။ သေမှာကတော့ သေချာတဲ့အတွက် အချိန်ရှိသ၍ ကုသိုလ်ဖြစ်အောင်ပဲ့ နေပါတော့။ ကုသိုလ် ဖြစ်အောင်ပဲ့ ပြောပါတော့။ ကုသိုလ် ဖြစ်အောင်ပဲ့ စိတ်ကူးပါတော့။ နိဗ္ဗာန်ရောက်အောင်ပဲ့ အားထုတ်ကြပါစို့။

ဓမ္မ ဒူတ အရှင်ဆေကိန္ဒ

“သည်းခံခြင်းအတွက် မှတ်ချက်”


သည်းခံမှုနဲ့ ပတ်သက်ပြီး ဒကာလေးတစ်ယောက်က လျှောက်ဖူးပါတယ်။ ဘယ်လိုကျင့်သုံးရမလဲတဲ့။

ဘယ်လိုကျင့်သုံးရမလဲဆိုတော့ သည်းခံပေါ့လို့။ ဒါပေမယ့် အနှိမ်ခံဖို့တော့ မဟုတ်ပါဘူး။ မြတ်ဗုဒ္ဓကလည်း သည်းခံဖို့ မိန့်ပါတယ်။ ဒါပေမယ့် မှန်တာကိုတော့ မှန်တဲ့အကြောင်း၊ မဟုတ်တာကိုတော့ မဟုတ်တဲ့အကြောင်း ပြန်ပြောဖို့နဲ့ မှားရင်လည်း မှားကြောင်းဝန်ခံရမယ်တဲ့လေ။ အဲဒီလို ကျင့်သုံးရမှာပါ။

နောက်တစ်ချက်က သည်းခံတယ်ဆိုတဲ့နေရာမှာ မှားမှားမှန်မှန် သည်းခံနေဖို့ မဟုတ်ပါဘူး။ အကြောင်းအရာတစ်ခုဟာ ကိုယ်သည်းခံလိုက်တဲ့အတွက် ကိုယ့်အတွက်လည်း အကျိုးရှိသွားမယ်၊ သူ့အတွက်လည်း အပြစ်မဖြစ်ဘူး။

အကောင်းဘက်ကို ဦးတည်သွားနိုင်တယ်ဆိုရင် ဘာပဲဖြစ်ဖြစ် သည်းခံရမှာ ဖြစ်ပါတယ်။ တစ်ချို့ကိစ္စတွေကျတော့ သည်းခံခြင်းအားဖြင့် ကိုယ့်မှာအကုသိုလ် အပြစ်တွေပဲ ထပ်တိုးနေတယ်၊ သည်းခံမှန်းသိလို့ တဖက်ကလည်း ဆက်ပြီးအကုသိုလ်ဖြစ်အောင် လုပ်သလိုဖြစ်နေတယ်

လုပ်တဲ့သူမှာလည်း အပြစ်တွေထပ်တိုးနေမယ်ဆိုရင်ဒါမျိုးကတော့ အမှန်တရားနဲ့ တော်လှန်နိုင်အောင် ကြိုးစားရမှာဖြစ်ပါတယ်။ တဖက်သူကို ရန်ပြုဖို့မဟုတ်ဘဲ နှစ်ဦးနှစ်ဖက် အပြစ်မရှိ အကျိုးရှိသွားစေဖို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် သည်းခံတာကောင်းပါတယ်။ ဒါပေမယ့် ကုသိုလ်အတွက် သည်းခံပြီး အကုသိုလ်အတွက်တော့ တွန်းလှန်ဖို့ လိုပါတယ်။ ဒီတွန်းလှန်မှုဟာ ဒေါသနဲ့တွန်းလှန်တာ မဟုတ်ပါဘူး။ အကျိုးကို လိုလားတဲ့ မေတ္တာကို အခြေခံတဲ့ တွန်းလှန်မှုပါပဲ။

(မနာပဒါယီ အရှင်ဝိစိတ္တ - ဒိုက်ဦး)

နှလုံးသားအာဟာရ

Do you want to speak faster?


တစ်ဘက်သားပြောတာကို နားမလည်ဘူးဆိုတဲ့အထဲမှာ အောက်ဖော်ပြပါ
အသံထွက်များကြောင့်လည်း ဖြစ်ပါတယ်....( မြန်မာလို....သတိရလိုက်တာ
ဆိုတာကို ......မြန်မာစကားလေ့လာနေတဲ့ နိုင်ငံခြားသားတွေ ရှေ့မှာသွားပြီး
သတိရထှာ ဆိုသွားပြောရင်..မသိသေးခင်မှာသူတို့နားမလည်နိုင်ဘူးပေါ့ )
အောက်ဖော်ပြပါ အသုံးတွေက အင်္ဂလိပ်လို Informal အသုံးတွေ အရမ်းအသုံး
များတယ်....လေ့လာထားပါ။

Shared from Maung Maung Wann (FB)

ပုစွန်ခွက်ကြော်သုပ်


ဒေါ်ပုကတော့ ပုစွန်ခွက်ကြော်သုပ်ကို ခေါက်ဆွဲကြော်၊ ပဲပြားကြော်၊ ပုစွန်ခွက်ကြော်၊ ပဲမှုန့်၊ ကြက်သွန်နီဆီချက်၊ ငံပြာရည်၊ သခွါးသီး၊ နံနံပင်၊ ငရုတ်ဆီအချဉ်ရည်တို့ဖြင့် ချဉ်ငံစပ် သုပ်စားပါတယ်။
ပုစွန်ခွက်ကြော်လုပ်ရန်အတွက် ယိုးဒယား အကြော်မှုန့်ကို ဆားနှင့် နနွင်းမှုန့် အနည်းငယ်ဆီထည့်၍ မုန့်နှစ်ရေကို မပျစ်မကျဲဖျော်ထားပါ။ ပုစွန်ကို ရေဆေးပြီး ခေါင်းဖြုတ်ထားပါ။ ပဲတီပင်ပေါက်များကို ရေဆေးပြီး ရေစစ်ထားပါ။ ပြီးလျှင် ပုစွန်နှစ်ကောင်နှင့်ပဲတီပင်ပေါက်အနည်းငယ်ကို ဖျော်ထားသော မုန့်နှစ်ရည်ထဲနှစ်ထည့်ပြီးအချိုပန်းကန်ပြားအသေးတခုထဲသို့ထည့်ပါ။ ပြီးနောက် ပန်းကန်ထဲမှ မုန့်နှစ်နှင့်ရောထားသော ပုစွန်နှင့်ပဲတီပင်ပေါက်ကို ဆီအိုးထဲသို့ အသာစောင်းထည့်ပြီး မီးအနေတော်ဖြင့် ကြွပ်နေအောင်ကြော်ကာ ဆီစစ်ထားပါ။

ခေါက်ဆွဲကြော်ရန်အတွက် ခေါက်ဆွဲအစိုကို ဆား၊ပဲငံပြာရည်အကြဲ၊ခရုဆီတို့ဖြင့် သမအောင်နယ်ထားပါ။ထို့နောက် သင့်ရုံအရွယ် လှီးထားသော ဂေါ်ဖီ၊ ပဲသီး၊ ကြက်သွန်နီ တို့ကို ဆားအနည်းငယ် ထည့်ကာ ဆီအနည်းငယ်ဖြင့် ကြော်ထားပါ။ထိုနောက် အရွက်များ အနည်းငယ်နွမ်းလျှင် ခေါက်ဆွဲ ထည့် ပြီး ကြော်ပါ။ အနည်းငယ် ကြာအောင် မွှေ၍ အထက်အောက်လှန်ပြီးလျှင် မီးဖိုပေါ်မှ ချထားပါ။ (ကြက်သားမှုန့်၊အရသာမှုန့်၊ဟင်းချိုမှုန့် ကြိုက်နှစ်သက်ရာ ထည့်ချင်လျှင် ထည့်လို့ရပါတယ်ရှင်။)

ပဲပြားကြော်ရန်အတွက် ပဲပြားများကို ရေအသာဆေးပြီး အတုံးလေးများပိုင်းကာ ဆီပူပူတွင် ရွှေရောင်သန်းလာသည်အထိ ကြော်ထားပါ။ ကြက်သွန်နီပါပါးလှီး၍ နနွင်းအနည်းငယ်ထည့်ပြီး ကြက်သွန်နီဆီချက် ချက်ထားပါ။ သခွါးသီး၊နံနံပင်တို့ကို ပါပါးလှီးထားပါ။ အချဉ်ရည်လုပ်ရန်အတွက် မကျည်းသီးမှည့် ကိုရေနွေးဖြင့် ၁ နာရီလောက်ကြိုစိမ်ထားပါ။ မကျည်းရည်ထဲသို့ ငံပြာရည်၊ငရုတ်ဆီအချဉ် ထည့်ပါ။ ထန်းညက်ခဲ ၁ ခဲ (သို့) ၂ ခဲကို ရေနွေးဖြင့်ကျိုပြီး ထည့်ပါ။ညက်အောင် ထောင်းထားသော ဂျင်း၊ကြက်သွန်ဖြူ၊ငရုတ်သီးစိမ်း၊ငရုတ်သီးအရောင်တင်မှုန့်၊နံနံပင် တို့ကိုမကျည်းရည်ထဲသို့ နှံ့အောင် ရောမွှေပေးပါ။ အပေါ့အငံမြည်းကြည့်ပြီး လိုအပ်မှ ဆားထည့်ပါ။

အားလုံးအဆင်သင့်ဖြစ်ပြီဆိုလျှင် ဇလုံတခုထဲတွင် ကြော်ထားသောခေါက်ဆွဲထည့်ပါ။ပုစွန်ခွက်ကြော်နှင့် ပဲပြားကြော်များကို အနေတော် အရွယ်လေးများ ညှပ်ထည့်ပါ။ ကြက်သွန်နီဆီချက်၊ ငရုတ်ဆီအချဉ်ရည်၊ ပဲမှုန့်၊ ငံပြာရည်၊ ပါးပါးလှီးထားသော သခွါးသီးနှင့် နံနံပင် တို့ကိုထည့်ပြီး အားလုံး ရောနယ်ကာ အပေါ့ အငံ အချဉ် မြည်း၍ အရသာရှိသော ချဉ်ချဉ်ငံငံစပ်စပ် ပုစွန်ခွက်ကြော်သုပ်ကို ဂေါ်ဖီကြာဇံဟင်းခါး ပူပူလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်ရှင်။ (ကြက်သားမှုန့်၊အရသာမှုန့်၊ဟင်းချိုမှုန့် ကြိုက်နှစ်သက်ရာ ထည့်ချင်လျှင် ထည့်လို့ရပါတယ်ရှင်။)

ဂေါ်ဖီကြာဇံဟင်းခါး
အိုးထဲတွင် ရေကိုလိုသလောက်ထည့်ကာ ငါးပိစိမ်းစား၊ပုစွန်ခြောက်မှုန့်၊ဆား အသင့်အတင့်ထည့်ကာ တည်ထားပါ။ ရေများပွက်ပွက်ဆူလာပြီး ငါးပိနံ့ပျောက်လျှင် ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး ထည့်ပါ။ ပြီးလျှင် အနေတော်လှီးထားသော ဂေါ်ဖီများကိုထည့် ပြီးတည်ထားပါ။ ခဏကြာလျှင် ပဲကြာဇံ အနည်းငယ် ထည့်ပေးပါ။ ဂေါ်ဖီနှင့် ပဲကြာဇံများနူးလာလျှင် အပေါ့အငံမြည်းကာ ငရုတ်ကောင်းခတ်ပြီး ဂေါ်ဖီကြာဇံဟင်းခါးလေး သုံးဆောင်လို့ ရပါပြီရှင်။ (ကြက်သားမှုန့်၊အရသာမှုန့်၊ဟင်းချိုမှုန့် ကြိုက်နှစ်သက်ရာ ထည့်ချင်လျှင် ထည့်လို့ရပါတယ်ရှင်။)

Shared from  ဒေါ်ပုလက်ရာ (FB)

*** ကျောခိုင်းခဲ့ရတဲ့ ကျွန်တော့်ရဲ့ နေ့နေ့ညညတွေ ***


ကျွန်တော်နဲ့သူ အိမ်ထောင်ကျတာ ၁၅ နှစ်ရှိခဲ့ပြီ ။ ကျွန်တော့ သားလေးက အခု ၈ နှစ် တကယ်ကိုချစ်ဖို့ကောင်းတာ။ ဒါပေမဲ့ ခုချိန်မှာ ကျွန်တော် နယ်လေးတစ်နယ်မှာ မိသားစုကို လွမ်းရင်းနဲ့ မိန်းကလေးတစ်ယောက်ကို လုပ်ကျွေးနေရတဲ့ အိမ်ထောင်ရှင်ကြီးတစ်ယောက်ဖြစ်လို့ ။

ကျွန်တော့်ဘ၀မှာ နောင်တတွေ အများကြီးရခဲ့ဖူးပါတယ်။ မိသားစုကြောင့်ရတဲ့ နောင်တကတော့ ကျွန်တော့အတွက် အကြီးဆုံးပါပဲ။ ဒါပေမဲ့ အဲဒီအရာအားလုံးက နောက်ကြောင်းပြန်လှည့်လို့မရအောင် ကို မှားယွင်းခဲ့ပြီးပါပြီ။

ကျွန်တော်ဟာ အရင်က သဘောင်္သားတစ်ဦးပါ ။ ကျွန်တော်နဲ့ ခင်သီက ငယ်ကျွမ်းဆွေတွေပါ ။ ကောလိပ်အတူတူတက်ရင်း မေတ္တာမျှခဲ့ကြပြီး ဘွဲ့တွေကိုယ်စီရပြီးတော့ ကျွန်တော် သဘောင်္တက်ခဲ့ပါတယ်။ နောက်တော့ ကေသီနဲ့ပဲ အိမ်ထောင်ကျရင်း စီးပွားရှာခဲ့ပါတယ်။ ကျွန်တော် သားလေးရတော့ သဘောင်္ဆက်မလိုက်ဖြစ်ပဲ ရန်ကုန်ပြန်လာပြီး ကျန်တဲ့စီးပွားလည်း မလုပ်တတ်တော့ ကွန်ဒိုခန်းတွေဝယ်ပြီး ငှားစား ကျန်တဲ့အချိန်မှာတော့ ကျွန်တော် ကားပွဲစားအလုပ်လုပ်နေခဲ့ပါတယ်။ ကျောင်းတုန်းကသူငယ်ချင်းတွေကလဲ ဒီလုပ်ငန်းတွေလုပ်နေကြတော့ ကျွန်တော်လည်း သူတို့နဲကရောပြီး လုပ်ကိုင်ခဲ့ပါတယ်။ အစပိုင်းမှာကျွန်တော်လည်း မလည်မ၀ယ်နဲ့ သူတို့နဲ့ရောပြီးလုပ်ကိုင်ရင်း ပညာသင်ယူခဲ့ရပါတယ်။ ကားလေးအရောင်းတည့်သွားတိုင်း သူငယ်ချင်းတွေနဲ့ ပွဲလုပ်စားသောက်တာကလည်း အကျင့်ဖြစ်လာပါတယ်။ ညတိုင်းလိုလို ပွဲစားတွေနဲ့ပေါင်းပြီး သူတို့ပွဲလေးလိုက်စားလိုက် ကိုယ့်ပွဲလေးလုပ်လိုက်နဲ့ ညတိုင်းကို အိမ်အပြန်နောက်ကျနေခဲ့ပါတယ်။ ခင်သီကလည်း ကလေးတစ်ယောက်နဲ့ ကျွန်တော့်ကို စိတ်ဝင်းစားလှတယ်မရှိပါဘူး။ ညဆယ်နာရီလောက် ပြန်လာရင်ပဲ သူက အိပ်နေပြီ ။ မနက်ကျွန်တော်အိပ်ယာထရင် သူက ဈေးသွားဝယ်ပြီဆိုတော့ မျက်နှာချင်းမဆုံဖြစ်တာလည်း များပါတယ်။ နေ့လည်ခင်း တစ်ခါတစ်လေ ကျွန်တော်ပြန်လာရင်လည်း ခင်သီက ရှော့ပင်းသွားနေပြီ ။ သားလေးကလည်း ကျောင်းသွားတက်ပြီ ။ ဒီလိုနဲ့ ကျွန်တော် ကားပွဲစားလေးလုပ်ပြီး ဘ၀ကို ဒီလိုဖြတ်သန်းလာလိုက်တာ ငြီးငွေ့စလည်းပြုနေပြီ။

ညတိုင်းသွားနေတဲ့ စင်တင်တေးဂီတရှိတဲ့ စားသောက်ဆိုင်က ကလေးမလေးတွေကလည်း အသက်လေးဆယ်နီးလာပြီဖြစ်တဲ့ ကျွန်တော့်ကို ဗလောင်ဆူစေပါတယ်။ ပြန်လာတိုင်းလည်း အိမ်ထောင်သည်ဘ၀ကို မရတဲ့ကျွန်တော့ရဲ့ညတိုင်း နေ့တိုင်းတွေဟာ ကျွန်တော်ကို အခြေနေတစ်ခုရောက်အောင် ဖန်တီးလို့လာပါတယ်။
အဲဒီနေ့က ကျွန်တော်ကားတစ်စီးနဲ့ မြို့ထဲသွားတုန်း မြို့ထဲလမ်းထဲချိုးအ၀င် လူတစ်ယောက်ကို ပွတ်မိသလို ဖြစ်သွားပါတယ်။ ဆင်းကြည့်လိုက်တော့ ကျွန်တော်တိုက်မိလိုက်တာက ကလေးမလေးတစ်ယောက်ကိုပါ ။ မျက်နှာမော့လာမှာ သေချာကြည့်မိလိုက်တော့ ကျွန်တော်သွားသွားနေတဲ့ စားသောက်ဆိုင် မှာ သီချင်းဆိုတဲ့ ကလေးမလေးပါ ။ အဲဒီနောက်ပိုင်းမှာ ကလေးမလေးကို ဆေးခန်းသွားပြရင်း ကျွန်တော်တို့ ဖုန်းနံပါတ်တွေလဲမိပါတယ်။ အိမ်ပြန်ရောက်တော့ ခင်သီ့ကိုတောင် ကျွန်တော်ပြောမိပါသေးတယ်။ ခင်သီကတော့ ဖါသိဖါသာပါပဲ ။ ကျွန်တော်လည်းစလိုက်ပါသေးတယ် ကလေးမလေးနဲ့ ငြိသွားရင် ဘယ်လိုလုပ်မလဲဆိုတော့ ခင်သီက ရီနေပါတယ်။ သေချာတာကတော့ သူစိတ်ဝင်စားတဲ့ အ၀တ်စားအဆင်တွေလောက် စိတ်မ၀င်စားတာကတော့ အမှန်ပါပဲ။

ဒီကောင်မလေးနဲ့သိလာတော့ ညတိုင်းလိုလိုတော့ အဲဒီဆိုင်ရောက်ပြီ သူဆိုတဲ့အလှည့်ကျရင် ပန်းကုံးစွပ်မိပါတယ်။ သူငယ်ချင်းတွေကလည်း မြောက်ပေးလိုက် ဘီယာမူးမူးနေတဲ့ကျွန်တော့်ရဲ့စိတ်တွေလည်း တစ်ခါတစ်ခါ လွတ်ထွက်မိပါတယ်။ နောက်ပိုင်းမှာ ကလေးမလေးကို လမ်းကြုံဆိုပြီး အဆောင်ပြန်ပြန်ပို့ပေးရင်း ကျွန်တော်တို့တွေ လွတ်ထွတ်ကုန်ကြပါတယ်။

နောက်ပိုင်းမှာ ကားအရောင်းအ၀ယ်တွေကလည်း သိပ်မတည့်တော့ ၀င်ငွေတွေလည်း လျော့လာပါတယ်။ ခင်သီသုံးနေတာကိုကြည့်ပြီး ကျွန်တော်လည်း အပြစ်မြင်လာပါတယ်။ တကယ်ဆို သူတကယ်အိမ်ထောင် ထိန်းသိမ်းမယ်ဆိုရင် ဒီလိုယိုပေါက်အများကြီးမရှိတော့ပါဘူး။ နာနီစရိတ်၊ နိုင်ငံခြားကလာဖွင့်တဲ့ အင်္ဂလိပ်ကျောင်းမှာထားတဲ့စရိတ၊် ကလေးစရိတ်၊ ခင်သီ့ရဲ့ အသုံးစရိတ် ၊ သူ့မိဘတွေမိသားစုတွေအသုံးစရိတ် ၊ နေထိုင်တဲ့ ကွန်ဒိုရဲ့ စရိတ်တွေဟာ တဖြည်းဖြည်းနဲ့ ထောင်းလာပါတယ်။ စီးပွားရေးအဆင်ပြေမှုမရှိလာတဲ့ ကျွန်တော်လည်း တဖြည်းဖြည်းနဲ့ စိတ်လေစပြုပြီး အဲဒီကလေးမလေးဆီကိုပဲသွားပြီး စိတ်အမောဖြေနေပါတော့တယ်။ ပင်လယ်ရေလိုပဲ သောက်လေသောက်လေ ငတ်မပြေဖြစ်နေသလိုပဲ ကျွန်တော် အပိုကုန်ကျမှုလေးတွေလည်း ပိုပိုလာပါတော့တယ်။ ကလေးမလေးကလည်း ကျွန်တော်နဲ့က အသက်၂၀လောက်ကွာသကိုး ။ နွားအိုမြက်နုကြိုက်တယ်ပဲပြောပြော ကျွန်တော်အဲဒီမှာ ကျွန်တော်မရတဲ့ အိမ်ထောင်သည်ဘ၀ကို ရှာနေခဲ့ပါတယ်။
ကလေးမလေးလည်း လိုချင်တတ်မက်မှုဆိုတာရှိတာပေါ့ နေထိုင်ရာ အဆောင်မှာ ဒီလိုမျိုးတွေ လာလာခေါ်နေရင်မကောင်းဘူးဆိုလို့ အိမ်ခန်းတစ်ခန်းငှားပေးရတာရယ်။ ဆက်သွယ်ဖို့ဆိုပြီး ဖုန်းဝယ်ပေးရတာရယ်။ အမျိုးမျိုးခေတ်နဲ့အမှီလိုက်ဖို့ အမျိုးစုံတဲ့ ဟန်းဆက်တွေဝယ်ပေးရတာရယ်။ ဈေးပတ်ဝယ်ရင် စိတ်ကျေနပ်အောင် လိုက်ရှင်းပေးနေရတာရယ်။ အလုပ်ဆက်မလုပ်ပဲ အိမ်ပို့ဖို့ဆိုတဲ့ ပိုက်ဆံတွေပေးပေးနေရတာရယ်ကိုတော့ ကျွန်တော် မမြင်မိပါဘူး ။ ငယ်ဂုဏ်နဲ့ဆိုတော့ ကျွန်တော်ကလည်းမွှန်နေတာကိုး ။
တဖြည်းဖြည်းနဲ့ ထိလာလိုက်တာ ကျွန်တော်မှာ တဖြည်းဖြည်းနဲ့လည်း ချွတ်ခြုံကျနေပါပြီ။ ပိုက်ဆံအသုံးကျပ်လို့ သူမဆီသိပ်မသွားတဲ့အခါ တဂွမ်ဂွမ်နဲ့ ဖုန်းဆက်ပြီးကျွန်တော့်ကိုရစ်ရင်း တစ်နေ့တော့ ခင်သီနဲ့ သွားတိုးမိပါတယ်။ သူမကလည်း ခပ်စွာစွာနဲ့ ခင်သီနဲ့ဖြစ်ကြတာပေါ့။ ကျွန်တော်လည်း ထူပူသွားပါတယ်။ နှစ်ဘက်လုံးရဲ့ ဖိနှိပ်မှုတွေရယ် ကျွန်တော်မှားသွားတဲ့ ခြေလှမ်းတွေအတွက် ကျွန်တော့်အပေါ် ခြိမ်းခြောက်မှုတွေကြားမှာ ကျွန်တော်ပိနေခဲ့ပါတယ်။
ခင်သီရဲ့တွန်းပို့မှုတွေ ချောက်ထဲရောက်နေတဲ့ ကျွန်တော့ကို လက်ဆွဲကူတာမဟုတ်ပဲ ပိုရောက်သွားအောင် အများကြီးတွန်းပို့ခဲ့ပါတယ်။ ကျွန်တော့မှာရွေးချယ်စရာဆိုတာ မရှိတော့ပါဘူး ။ ရှုပ်ထွေးနေတဲ့အကြားမှာ သားလေးမျက်နှာလည်း မမြင်နိုင်တော့ပါဘူး ။

ဟိုကလေးမလေး ပြဿနာမရှာအောင် ချော့မော့ရတာရယ် သူမစိတ်ကျေနပ်အောင် ဖြည့်ဆည်းပေးနေရတာရယ်က ကျွန်တော်မှာ ၀န်တွေပိနေခဲ့ပါတယ်။ ကျွန်တော်တကယ်မှားသွားမှန်းသိပေမဲ့ ဒီလိုချိန်မှာ ကျွန်တော် ခင်သီ့ဆီက လိုချင်တာက ဒီလိုပူလောင်တဲ့ ရန်ပွဲတွေမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ရန်ပွဲတွေမှာ ဘေးမှာမျက်နှာငယ်နဲ့ ထိုင်ငိုနေတဲ့သားလေးမျက်နှာကိုကျွန်တော်ကြည့်ရင်း မျက်ရည်လည်းကျမိပါတယ်။ ဒါပေမဲ့ ကျွန်တော်နောက်ဆုတ်လို့မရတော့ဘူးလေ။ ကောင်မလေးက ကျွန်တော့ကို ခင်သီနဲ့ ကွာရှင်းပြီး သူနဲ့လက်ထပ်ရမယ်ဆိုပြီး မိဘတွေကပါ တောင်းဆိုလာပါတယ်။ ကျွန်တော်ဘာမှပြန်မကွန့်နိုင်တော့ပါဘူး ။
နောက်ဆုံးကျွန်တော်တို့ ကွာရှင်းလိုက်ကြပါတယ်။ နောက်ဆုံးကျန်တဲ့ပိုက်ဆံလေးကိုပိုက်ပြီး ကောင်မလေးရဲ့ နယ်မြို့လိုက်ပြီး သူတို့ကိုလုပ်ကျွေးဖို့ လိုက်ခဲ့ရပါတယ်။ သူတို့တစ်မိသားစုလိုအပ်တာကို လုပ်ကျွေးဖြည့်ဆည်းရင်း တချိန်လုံးနောင်တတွေကို ပိုက်ရင်းတစ်ခါတစ်ခါ ယောကျာ်းကြီးတန်မဲ့ ငိုခဲ့မိပါတယ်။ ခင်သီနဲ့ သားလေးကိုလည်းလွမ်းပေမဲ့ တွေ့ခွင့် စကားပြောခွင့်လည်းမရှိခဲ့ပါဘူး။ ခုချိန်မှာ သူတို့တွေ ဘယ်လိုနေထိုင်စားသောက်နေလဲမသိတဲ့အတွက် ကျွန်တော်မှာ ပူပင်မှုတွေပါ ထပ်လောင်းရောက်ရှိလာတဲ့အတွက် ကျွန်တော်မသာယာခဲ့ပါဘူး။ တစ်နေ့တစ်နေ့ နေပူစပ်ခါးမှာ ကျွန်တော် မလုပ်ဖူးတဲ့အလုပ်တွေလုပ်ရင်း မတူတဲ့ မိသားစုအသိုင်းအ၀ိုင်းရဲ့ အမူအကျင့်တွေရယ် တစ်ခုခုဆိုရင် သတ်မယ်ဖြတ်မယ်ဆိုတဲ့ ကောင်မလေးရဲ့အကိုတွေအကြား ကျွန်တော်ဟာ ပင်ပန်းချိနဲ့နေတဲ့နွားတစ်ကောင်ဖြစ်နေခဲ့ပါတယ်။

ကျွန်တော်အခုချိန်မှာ နောင်တအများကြီးရခဲ့ပါတယ်။ မျက်ရည်တွေကျရင်း တစ်ချိန်က မှားခဲ့တာတွေကို ယူကြုံးမရဖြစ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ သာယာတဲ့မိသားစုဘ၀ကို ကျွန်တော်ကိုယ်တိုင်ဖျတ်ဆီးခဲ့တာပါ။ တကယ်ဆို ကျွန်တော်လိုချင်တဲ့ မိသားစု ဘ၀ အိမ်ထောင်ရှင်ဘ၀ကိုခင်သီနဲ့ ညှိနှိုင်းခဲ့ရမှာ။ ဒါပေမဲ့ ကျွန်တော်ခုမှရလိုက်တဲ့ သင်ခန်းစာက ကျွန်တော်ကို တစ်ဘ၀စာဖူလုံသွားပါပြီ။ အားလုံးရဲ့ မြေစာပင်ဖြစ်ခဲ့ရတဲ့ ချစ်စရာကောင်းတဲ့ သားလေးမျက်နှာကို မြင်ယောင်တိုင်း ကျွန်တော်ပြောမိပါတယ် သားလေးကြီးလာရင် ကျွန်တော့်လိုမမှားပါစေနဲ့လို့။ကျွန်တော်လို အဖေရှိခဲ့တယ်ဆိုတာထက် ကျွန်တော်သေသွားပြီလို့ သားလေးကို လူတွေအကြားပြောစေချင်တယ်။ သားလေး စိတ်နာတာထက် သားလေးသူငယ်ချင်းတွေကြား မင်းမှာ ဒီလိုအဖေရှိတယ်ဆိုတာကြောင့် သားလေး မျက်နှာငယ်တာကိုကျွန်တော်မလိုလားပါဘူး။
ကျွန်တော့ရဲ့ တဒင်္ဂစိတ်မထိန်းချုပ်နိုင်မှုဟာ လူလေးယောက်ရဲ့ဘ၀ကို အဆုံးထိနစ်နာသွားစေပါတယ်။

တကယ်ဆို ခင်သီလည်း အိမ်ထောင်ရှင်သည်မိန်းမတစ်ယောက် ရှိသင့်ရှိထိုက်တဲ့ အရည်ချင်းတွေရှိသင့်တယ်။
ကျွန်တော်ကလည်း ကျွန်တော့်မိသားစုပေါ် သစ္စာရှိသင့်ပါတယ်။ ကျွန်တော်လိုချင်တာကို အပြင်မှာရှာတာထက် ကိုယ့်ဇနီးမယားကို နားလည်မှုတွေနဲ့ ညှိယူသင့်ပါတယ်။ ရလာဒ်ကို မစဉ်းစားပဲလုပ်မိတာတွေအတွက် ကျွန်တော် နေပူထဲမှာ ပင်ပင်ပန်းပန်း နဖူးကချွေးနဲ့အတူ မျက်ရည်တွေရော ရောထွေးလာတဲ့ ပင်ပန်းဆင်းရဲမှုတွေဟာ တခြားမိသားစုအတွက်ဖြစ်လို့ ကျွန်တော်မိသားစုကတော့ အဝေးမှာ ……………………. ။
ဘယ်အရာမဆို မလုပ်ခင်က အရင်ဆုံး ဆိုးကျိုးကိုစဉ်းစားကြဖို့ပဲ တစ်ခွန်းပဲ ကျွန်တော်မှာချင်ပါတယ်။

================================
ချစ်တဲ့ . . . မနုဿ