Thursday, February 20, 2014

ရွှေဥမင်ဆရာတော်၏ ဆုံးမသြ၀ါဒ


ခြေတစ်လှမ်း ကုဋေတစ်သန်းတန်တယ်ဆိုတာ ဘယ်ကမလဲ၊ နေ့တိုင်းလျှောက်နေကြတာ ကုဋေသန်းပေါင်းတွေမနည်းတော့ဘူး၊ တရားနှလုံးမသွင်း သတိလက်လွတ်ဖြစ်တိုင်း ကုဋေတစ်သန်းမက တန်တဲ့ ဥာဏ်ကုသိုလ်တွေ ဆုံးရှုံးသွားပြီ။
ငွေလေးတစ်ထောင်၊ တစ်သောင်းပါတဲ့ ပိုက်ဆံအိတ်ကျပျောက်တော့ ငိုလိုက်ကြတာ နှမြောလိုက်ကြတာ ရှာလိုက်ရတာအမော၊ ကုဋေသိန်းပေါင်းများစွာ တန်တဲ့ ကုသိုလ်ပျောက်ဆုံးကုန်တာတော့ ငိုရမှန်း၊ နှမျောရမှန်း မသိကြပါလား။
သတိပဌာန်တရားအားထုတ်တာဟာ ဥာဏ်ကုသိုလ်အလုပ်လုပ်တာပဲ၊ ကံကုသိုလ်က သုံးဆယ်တစ်ဘုံ ချမ်းသာပဲ ပေးနိုင်တယ်။ ဥာဏ်ကုသိုလ်ကြီးကတော့ မနှိုင်းဆနိုင်တဲ့ အကျိုးထူး နိဗ္ဗာန်ချမ်းသာကြီးရစေတယ်


Shared from ဓမ္မစာပေများ (FB)

No comments:

Post a Comment