Tuesday, February 25, 2014

“နားလည်မှု၏ အသီးအပွင့်”


နားလည်မှုဆိုတဲ့စကားလုံးက
အတော်ကျယ်ပြန့်မယ်ထင်ပါတယ်။

•ခွင့်လွတ်နိုင်မှု ၊
•လက်ခံနိုင်မှု၊
•အခြေအနေအရပ်ရပ်ကိုသုံးသပ်နိုင်မှု၊
•ကိုယ်ချင်းစာနိုင်မှု၊
•အကောင်းဘက်ကပဲ မြင်နိုင်အောင်
ဘက်ပေါင်းစုံကကြည့် မြင်တတ်မှု၊
•မိမိစိတ်ကိုအလိုဆိုးများ မလွမ်းမိုးနိုင်အောင်
သတိထားတတ်မှု၊
•အရာရာကိုမမြဲတဲ့
သဘောတရားအဖြစ် ဆင်ခြင်နိုင်မှုစတဲ့
အခြေအနေကောင်းတွေ
မိမိသဏ္ဍန်မှာဖြစ်ပွားလာပြီဆိုရင်
နားလည်မှုဆိုတာ သီးပွင့်လာမှာပါ။

တစ်ယောက်နဲ့ တစ်ယောက်နားလည်မှု
ရလာပြီဆိုရင် “အေးငြိမ်းတဲ့ဘဝ” ကို
တည်ဆောက်ပြီးသားဖြစ်သွားနိုင်ပါတယ်။
တစ်ဦးခြင်းရဲ့ဝါသနာ အကျင့်စရိုက်၊
အလေ့အကျင့်နဲ့ကြီးပြင်းလာတဲ့ပတ်ဝန်းကျင်ကို
သဘောပေါက်လာတဲ့အတွက် နားလည်လာတဲ့အခါ
စိတ်ထဲမှာအလိုလို ခွင့်လွှတ်လာနိုင်တယ်။

နားလည်မှုဆိုတာတကယ်တော့
တစ်ဘက်သားရဲ့အားနည်းချက်တွေ၊
အပြစ်တွေ ၊ အချိုးမကျတာတွေ
ကိုယ့်စိတ်ထဲ မရောက်အောင်
ကာကွယ်တဲ့အလုပ်လည်းဖြစ်ပါတယ်။

နားလည်မှုရဲ့ အသီးအပွင့်ဆိုတာ
ဘဝကို အေးချမ်းစွာဆောက်တည်လိုသူတွေ
မဖြစ်မနေ ပျိုးထောင်ရမယ့်
စိတ်ရဲ့ အရည်အချင်းတစ်ရပ်ပဲဖြစ်ပါတယ်။


-【အရှင်ဝိလာသဂ္ဂ
(ဗောဓိမြိုင်သစ္စာရွှေပြည်ဓမ္မရိပ်သာဆရာတော်)】

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment