Tuesday, January 31, 2012

စိတ်ပိုင်းဆိုင်ရာ အတားအဆီးများကို ကျော်လွှားခြင်း



မြင်ဖူးကြမှာပေါ့။ ဆင်ကြီးတစ်ကောင်ကို သံခြေကျင်း ခတ်ထားတာကိုလေ။ ဆင်ကြီးရဲ့ ခြေထောက်မှာ သံခြေကျင်းကို ချည်ထားပြီး သံကြိုးအစွန်းတစ်ဖက်ကိုတော့ မြေကြီးမှာ စိုက်ထားတယ်။

မထူးဆန်းဘူးလား။ ဆင်ကြီးတစ်ကောင်ရဲ့ ခွန်အားက မြေကြီးမှာ စိုက်ထားတဲ့ သံခြေကျင်းငုတ်ကို ပြုတ်ထွက်အောင် ရုန်းနိုင်ပါလျက်နဲ့ ဘာလို့ ဒီဆင်ကြီးက မရုန်းတာလဲ။

ဒါဟာ ကျနော်တို့ရဲ့ အောင်မြင်ရေးအတွက်လည်း အလွန်အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်လို့ ဒီကနေ့ အဲဒါကို ကျနော် ပြောချင်ပါတယ်။

ကျနော်တို့ ဘယ်သူတွေပဲဖြစ်ဖြစ်၊ ဘာတွေပဲလုပ်လုပ်၊ ကျနော်တို့မှာ လိုချင်တာကို မရနိုင်အောင်လုပ်နေတဲ့ စိတ်ပိုင်းဆိုင်ရာ အတားအဆီးတွေ ရှိကြပါတယ်။

အများအားဖြင့်တော့ အဲဒီစိတ်ပိုင်းဆိုင်ရာ အတားအဆီးတွေဟာ အမှန်တကယ် အခြေအမြစ်မရှိပါဘူး။ အဲဒါတွေအများစုဟာ ကျနော်တို့ ကြီးပြင်းခဲ့တဲ့ပတ်ဝန်းကျင်၊ ပညာရေး ဒါမှမဟုတ် ယဉ်ကျေးမှုတို့အပေါ် မူတည်ပြီး ဖြစ်ပေါ်လာကြတဲ့ အတားအဆီးတွေပါ။

ဒီအောက်က စာကြောင်းတွေကို စဉ်းစားကြည့်ပါဦး။

” ငါဟာ တက္ကသိုလ်တက်ရလောက်အောင် စာမတော်ဘူး ”
” ငါဟာ လူကြားသူကြားမှာ စကားပြောဖို့ သတ္တိမရှိဘူး ”
” ငါဟာ အဲဒီအားကစားကို ကစားဖို့ အရည်အချင်းမရှိဘူး ”
” ငါဟာ စီးပွားရေးလုပ်ငန်းမှာ မအောင်မြင်နိုင်ဘူး ”
” ငါ ဘယ်တော့မှ အဲဒီ ငွေကြေးအခြေအနေကို ရောက်မှာမဟုတ်ဘူး ”
” ငါ သူ့လို မအောင်မြင်နိုင်ဘူး ”
” ငါ့ရည်မှန်းချက်ဟာ ငါနဲ့ အလှမ်းဝေးနေတယ် ”

ဒါတွေ အားလုံးဟာ စိတ်ပိုင်းဆိုင်ရာ အတားအဆီးတွေပါပဲ။ အဲဒါတွေဟာ ဘယ်လိုမှ ယုတ္တိမရှိသလို အခြေအမြစ်လည်း မရှိပါဘူး။ သင့်မှာ အဲဒီလိုမျိုး စိတ်ပိုင်းဆိုင်ရာ အတားအဆီးတွေ နောက်ထပ် ရှိချင်ရှိနေမှာပါ။ လေးမိနစ် တစ်မိုင် အတားအဆီး အကြောင်းကို စဉ်းစားကြည့်ရအောင်။ ၁၉၄၀ ပြည့်နှစ်တွေတုန်းက လူတစ်ယောက်ဟာ လေးမိနစ်အတွင်းမှာ တစ်မိုင်ပြေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ယုံကြည်ခဲ့ကြတယ်။ အပြေးသမားအများစုကော၊ လူထုကပါ အဲဒီလို ယုံကြည်ခဲ့ကြတာပါ။ ဘာဖြစ်လို့လဲဆိုတော့ တာဝေးအပြေးသမားတွေကိုယ်တိုင်က လေးမိနစ်အတွင်း တစ်မိုင်ပြေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ယုံကြည်နေကြလို့ပါပဲ။ အဲဒီယုံကြည်မှုဟာ ၁၉၅၄ ခုနှစ် မေလအထိပဲ ခံပါတယ်။
ရိုဂျာ ဘန်နီစတာ (Roger Bannister) က ၃မိနစ်နဲ့ ၅၉စက္ကန့်အတွင်းမှာ ပြေးပြနိုင်ခဲ့တယ်။

စိတ်ဝင်စားစရာ ကောင်းတာကတော့၊ နောက်ထပ် ရက်သတ္တပတ် ၆ ပတ်အကြာမှာ ဘန်နီစတာရဲ့ စံချိန်ဟာ ကျိုးသွားခဲ့တယ်လေ။ အဲဒီနောက်တော့ လေးမိနစ် တစ်မိုင်ဆိုတာ အထူးအဆန်း မဟုတ်တော့ပါဘူး။

သင်ဟာ သင့်ရဲ့ ကိုယ်ပိုင် စိတ်ပိုင်းဆိုင်ရာ အတားအဆီးတွေကို သေသေချာချာ စဉ်းစား ဆင်ခြင်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါတွေက သင့်ကို သင်လိုချင်တာမရအောင် နောက်ပြန်ဆွဲနေလို့ပါပဲ။

၁။ သေသေချာချာ သတ်မှတ်ပါ

သင့်ကို နောက်ပြန်ဆွဲနေတဲ့ စိတ်ပိုင်းဆိုင်ရာ အတားအဆီးတစ်ခုကို ချရေးပါ။ အဲဒါရဲ့အောက်မှာ ဒီယုံကြည်မှုကြောင့် သင်ကြုံတွေ့ခဲ့ရတဲ့ ဆိုးကျိုးတွေကို ချရေးပါ။

ဥပမာ-

“ငါဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု မလုပ်နိုင်ဘူး”

ငါ စီးပွားရေးမှာ အောင်မြင်နိုင်မယ့်၊ အကျိုးအမြတ်ရနိုင်မယ့် စိတ်ကူးတချို့ ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ အခုထိ သူများဆီမှာ အလုပ်လုပ်နေမိတုန်းပဲ။

၂။ သင့်ကိုယ်သင် အားပေးပါ

တခြား စာရွက်မှာလည်း အဲဒီ အတားအဆီးကို ချရေးပါ။ ပြီးတော့ အဲဒါနဲ့ ဆန့်ကျင်ဘက် အပေါင်းလက္ခဏာဆောင်တဲ့ စာကြောင်းကိုလည်း ချရေးပါ။ နောက်ဆုံးအနေနဲ့ (အဲဒါအရေးကြီးပါတယ်) အဲဒီ စိတ်ပိုင်းဆိုင်ရာ အတားအဆီးကို ခြစ်ပစ်လိုက်ပါ။

ဥပမာ-

“ငါဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု မလုပ်နိုင်ဘူး”
“ငါဟာ စီးပွားရေးမှာ သိပ်ကိုအောင်မြင်မှာ သေချာတယ် ”

၃။ သင့်ရဲ့ စိတ်စွမ်းအားကို အသုံးပြုပါ

သင့်ရဲ့ အပေါင်းလက္ခဏာဆောင်တဲ့ စာကြောင်းကို မြင်သာတဲ့ နေရာတစ်ခုခုမှာ ရေးထားလိုက်ပါ။ ပြီးတော့ နေ့စဉ်နေ့တိုင်း အဲဒီစာကြောင်းကို စွမ်းအင်အပြည့်၊ အာရုံစူးစိုက်မှုအပြည့်နဲ့ အသံကျယ်ကျယ် ဖတ်ပါ။ ကျနော် ဒီနည်းကို သုံးကြည့်ပြီးပါပြီ။ တကယ် အလုပ်ဖြစ်ပါတယ်။

တကယ်တော့ စိတ်ပိုင်းဆိုင်ရာ အတားအဆီးတွေဟာ ဆင်တစ်ကောင်မှာ ခတ်ထားတဲ့ သံခြေကျင်းနဲ့ တူပါတယ်။ မြင်ဖူးကြမှာပေါ့။ ဆင်ကြီးတစ်ကောင်ကို သံခြေကျင်း ခတ်ထားတာကိုလေ။ ဆင်ကြီးရဲ့ ခြေထောက်မှာ သံခြေကျင်းကို ချည်ထားပြီး သံကြိုးအစွန်းတစ်ဖက်ကိုတော့ မြေကြီးမှာ စိုက်ထားတယ်။

မထူးဆန်းဘူးလား။ ဆင်ကြီးတစ်ကောင်ရဲ့ ခွန်အားက မြေကြီးမှာ စိုက်ထားတဲ့ သံခြေကျင်းငုတ်ကို ပြုတ်ထွက်အောင် ရုန်းနိုင်ပါလျက်နဲ့ ဘာလို့ ဒီဆင်ကြီးက မရုန်းတာလဲ။
ဒါဟာ စိတ်ပိုင်းဆိုင်ရာ အတားအဆီးကြောင့်ပါပဲ။

အဲဒီဆင်ကြီးကို ငယ်စဉ်က အဲဒီလို သံခြေကျင်းခတ်ထားတယ်။ သူက ရုန်းတယ်။ ငယ်ငယ်လေးဆိုတော့ မရုန်းနိုင်ဘူးပေါ့။ သူ ရုန်းလေ၊ သံခြေကျင်းက သူ့ခြေထောက်ထဲကို နစ်ဝင်ပြီး နာကျင်လေ။ အဲဒီနောက်တော့ နာကျင်မှုဒဏ်ကို မခံနိုင်တော့ဘဲ သူရုန်းနေတာကို ရပ်လိုက်တော့တယ်။ ပြီးတော့ သူဟာ သံခြေကျင်းကို ပြုတ်ထွက်အောင် မရုန်းနိုင်ဘူး။ ရုန်းလိုက်ရင် နာမှာပဲဆိုတဲ့ အသိကလည်း သူ့စိတ်ထဲမှာ စွဲနစ်သွားတော့တယ်။

ဒီလိုနဲ့ သူဟာ ဆင်ကြီးတစ်ကောင်ဖြစ်လာတယ်။ အင်အားအပြည့်၊ ခွန်အားအပြည့်နဲ့ပေါ့။ ဒါပေမဲ့ သူ့မှာ ငယ်ငယ်ကတည်းက စွဲလာတဲ့ ” သံခြေကျင်းကို ပြုတ်အောင် မရုန်းနိုင်ဘူး၊ ရုန်းရင် နာလိမ့်မယ် ” ဆိုတဲ့ အသိက မပျောက်တော့ဘူး။ ဒီတော့ သူမရုန်းဘူး။ သူ့ရဲ့ ခွန်အားနဲ့ ရုန်းလိုက်ရင် အသာလေးပြုတ်ထွက်မယ့် သံခြေကျင်းကို သူမရုန်းဘဲ နေတော့တယ်။

သင့်မှာလည်း အဲဒီဆင်ကြီးလိုပဲ ငယ်စဉ်ကတည်းက ရခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာ အတားအဆီးတစ်ခု ရှိချင်ရှိလိမ့်မယ်။ အဲဒါကို ဆုပ်ကိုင်မထားပါနဲ့။ အခု သင်ဟာ ခွန်အားအပြည့်နဲ့ ဆင်ကြီးတစ်ကောင်ဖြစ်နေပြီ။ သင့်ရဲ့ ခွန်အားတွေနဲ့ စွမ်းအင်တွေနဲ့ ရုန်းလိုက်စမ်းပါ။ အဲဒီ သံခြေကျင်းကို ပြုတ်ထွက်သွားအောင် ရုန်းပစ်လိုက်စမ်းပါ။ သင် လုပ်နိုင်ပါတယ်။

Ref: Lifestyle Tip #14: Mental Barriers by Oli Hille , Assumed Constraints by MorningCoach

Monday, January 30, 2012

နောက်ဘ၀အတွက် ဘယ်ကံအကျိုးပေးမလဲ - (၃)

အကျိုးပေးဖို့ရာ ဂရုကံမရှိရင် ဒုတိယဖြစ်တဲ့ အာသန္နကံ အခွင့်အလမ်းနှင့် ကြည့်ကြစို့။



ကားမှောက်လို့ ရေနစ်လို့ လုပ်ကြံခံရလို့ စသည်ဖြင့် ရုတ်တရက်သေဆုံးရမှုတွေ ရှိတတ်ပါတယ်။ ဒီကိစ္စတွေမှာ ရုတ်တရက်ကြုံတွေ့ရတဲ့ အာရုံတွေနှင့်သာ သေဆုံးကြရဖို့ များပါတယ်။ ဒီလိုဖြစ်ရပ်တွေမှာ ကြိုတင်ပြင်ဆင်ခွင့်မရလို့ ကံတရားအတိုင်းပဲ ထားကြပါစို့။ ဘယ်လိုမှ ပြင်ဆင်ခွင့် မရတာဘဲကိုး။





အသက်အရွယ်အရဖြစ်စေ၊ ရောဂါအခြေအနေအရဖြစ်စေ သေရတော့မယ်လို့ သိလာတဲ့အခါမှာတော့ ကြိုတင်ပြင်ဆင်ဖို့ အခွင့်အလမ်း ရတတ်ကြတယ်။ ဒီအခွင့်အလမ်းတွေက -

(၁) နားလည်သူတွေ စီမံပေး ဟောပြောပေးလို့ ကောင်းတဲ့အာရုံတစ်ခုခုကို အာရုံပြုဖို့ အခွင့်အရေး ရတတ်ပါတယ်။

(၂) မိမိရဲ့ ပင်ကိုယ်အသိနဲ့ ဘုရားအာရုံ တရားအာရုံ ဒါနမှု သီလမှုစသည်တွေကို အာရုံပြုနေဖို့ အခွင့်အရေးရတတ်ပါတယ်။





ဒါတွေဟာ အာသန္နကံကောင်းဖြစ်အောင် ပြင်ဆင်နိုင်တဲ့ အခွင့်အလမ်းတွေပါပဲ။ ဒီထဲက မိမိသေခါနီးမှာ စီမံပေး၊ ဟောပြောပေးမယ့်သူ ရှိမယ်မရှိဘူဆိုတာ အာမခံချက်ရှိတဲ့ကိစ္စမှ မဟုတ်ဘဲ။ ဘယ်နေရာ ဘယ်အချိန်မှာ ဘယ်လိုအခြေအနေမျိုးနှင့် သေရမယ်ရယ်လို့ သိနိုင်ကြတာမှ မဟုတ်တာ။ ဒါကြောင့် သေခါနီးမှာ သူတပါးရဲ့ စီမံပေးမှု၊ ဟောပြောပေးမှုကို အားကိုးဖို့ဆိုတာ မရေရာတတ်တဲ့ကိစ္စ ဖြစ်ပါတယ်။ ပြီးတော့ - သေခါနီးကျတော့မှ ကောက်ကာငင်ကာ ဘုရားအာရုံ တရားအာရုံကိုယူဖို့၊ ဒါနမှု သီလမှုတွေကို အာရုံပြုဖို့ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်ဘဲ။ လက်ရှိမှာပဲ ဒီလိုအာရုံကို ရုတ်တရက်ယူနိုင်သလားလို့ မိမိကိုယ် ပြန်သုံးသပ်ကြည့်ပါ။ ကြိုတင်အလေ့အလာလုပ်ထားပါမှ ဖြစ်နိုင်ခြေရှိမယ့်ကိစ္စပါ။ ဒီလို ကြိုတင်အလေ့အလာလုပ်ထားတယ်ဆိုတာ “အာစိဏ္ဏကံ” ပါပဲ။





ဒီတော့ တတိယအခွင့်အလမ်းအားကောင်းတဲ့ အာစိဏ္ဏကံဟာ မိမိအနာဂတ်ဘဝအတွက် ဘယ်လောက်အရေးပါတယ်ဆိုတာ သတိပြု မိလောက်ပါပြီ။ ဆက်ပြီး လေ့လာကြည့်ကြစို့။



အာစိဏ္ဏကံဆိုတာ နှစ်ရှည်လများ အစဉ်တစိုက်လုပ်ခဲ့ရတဲ့ အလုပ်။ ဒါမှမဟုတ် တစ်ကြိမ်တစ်ခါ လုပ်တာဖြစ်ပေမဲ့ စွဲစွဲမြဲမြဲ သတိတရဖြစ်နေတဲ့ကံလို့ ပြောခဲ့ပြီးပါပြီ။





နောက်ဘဝဆိုတာ မလွဲမသွေကြုံရမှာမို့ ကောင်းတဲ့ဘဝသစ်တစ်ခုမှာဖြစ်နိုင်ဖို့ ကောင်းတဲ့အာစိဏ္ဏကံ တစ်ခုခုရှိနေအောင် ကြိုးစားထား သင့်ပါတယ်။ အလေ့အကျင့်အားကောင်းရင် အားကောင်းသလောက် အာရုံယူရမှု လျင်မြန်တာကြောင့် အလျင်အမြန်အာရုံယူနိုင်အောင်အထိ အလေ့အလာ လုပ်ထားသင့်ပါတယ်။ အချို့က အသက်ငယ်သေးတယ်၊ နောက်မှလုပ်မယ်၊ အချိန်မရသေးလို့ စသည်ဖြင့် ဆင်ခြေအမျိုးမျိုးပေးပြီး အချိန်ဆွဲတတ်ကြတယ်။ သေခြင်းတရားက ငယ်သူကြီးသူရယ်လို့ ရွေးမနေတာကို လူတိုင်းနားလည်ပြီးသားပါ။ အသက်ငယ်သေးလို့ အချိန်မရသေးလို့ စသည်ဖြင့် မိမိက သက်သက်ညှာညှာ အချိန်ပေးပေမဲ့ သေခြင်းတရားက ဒီလိုနားလည်မှုရှိတာမျိုးမှ မဟုတ်ဘဲ။ ခွင့်လွှတ် သက်ညှာတတ်တာမှ မဟုတ်ဘဲ။





မကောင်းတဲ့ကံတစ်ခုခု အကျိုးပေးခွင့်ရသွာလို့ အပါယ်လေးပါးရောက်သွားရင်တော့ ခံပေရောပဲ။ အပါယ်လေးပါးရောက် သွားပြီဆို ရင် ကောင်းတဲ့အာစိဏ္ဏကံလုပ်ဖို့ အခွင့်အလမ်း မရှိသလောက် ဖြစ်သွားပါပြီ။ ငရဲရောက်နေသူ ပြိတ္တာဖြစ်နေသူ အသူရကာယ်ဖြစ်နေ သူ ခွေး ဝက် ကြက်စသည်ဖြင့် တိရစ္ဆာန်ဖြစ်နေသူတွေရဲ့ အခြေအနေကို တွေးကြည့်ပါ။ နေ့စဉ်ကြုံတွေ့နေရတဲ့ ဘဝဆင်းရဲ ရယ်၊ ယခုလို အသိဉာဏ်မျိုး မရှိနိုင်တာရယ်ကြောင့် အပါယ်လေးပါးက ပြန်လွတ်ဖို့ကိစ္စဟာ အတော်ခက်သွားပါပြီ။ ဒီသဘောကို သိစေချင်လို့ ရှင်တော်ဘုရားက လိပ်ကန်းကြီး ဥပမာပေးပြီး လူ့ဘဝကိုရဖို့ ခက်ခဲကြောင်း ဟောတော်မူခဲ့တာပါ။ ဒီအကြောင်းကို ကာဏကစ္ဆပေါပမသုတ်မှာ တွေ့နိုင်ပါတယ်။ သူသူငါငါ ကြားဖူးကြတာမို့ အကျယ်မပြောတော့ပါဘူး။





အာစိဏ္ဏကံပြီးတော့ စတုတ္ထအခွင့်အလမ်းအားကောင်းတဲ့ ကဋတ္တာကံနှင့် လေ့လာကြည့်ကြစို့။



ကောင်းတဲ့အာစိဏ္ဏကံဖြစ်စေ မကောင်းတဲ့အာစိဏ္ဏကံဖြစ်စေ အကျိုးပေးခွင့်မသာရင်တော့ အတိတ်ဘဝတွေ၊ ဒါမှမဟုတ် လက်ရှိဘဝမှာ အမှတ်မထင်ပြုလုပ်ထားတဲ့ ကံတွေရှိပါတယ်။ ဒီကံတွေထဲက ကံတစ်ခုခုအကျိုးပေးပါလိမ့်မယ်။ ဒါက “ကဋတ္တာကံ”ရဲ့ အကျိုးပေးမှုဖြစ်ပါတယ်။





သတ္တဝါတွေအတွက် အချစ်ဆုံးသူကို ညွှန်ပြပါဆိုရင် မိမိကိုယ်သာ ညွှန်ပြရမှာပါ။ မိမိကိုယ်ချစ်မှန်းသိရင် တကယ်ချစ်ရာရောက်အောင်လုပ်တတ်ဖို့ အရေးကြီးပါတယ်။ လက်ရှိဘဝတင်မဟုတ်ဘဲ အနာဂတ်အထိမျှော်တွေးပြီး ချစ်တတ်ဖို့ လိုပါတယ်။ ညီနှင့်အကို မောင်နှင့်နှမ ဆရာနှင့်တပည့် ဘယ်လောက် ချစ်တယ်ခင်တယ်ပြောပြော ကိုယ်ရေးကြုံလာပြီဆိုရင် ကိုယ့်ဘက်ဆွဲတတ်ကြမြဲပါ။ ဇနီးနှင့်ခင်ပွန်း ဘယ်လောက်ချစ်ပါတယ်ဆိုဆို မိမိလောက်မချစ်နိုင်ကြပါဘူး။ မိမိကိုယ်သာ အသားပေးကြတာပါ။ ဥပမာပြောရရင် ကောသလမင်းကြီးကို ကြည့်နိုင်ပါတယ်။



တစ်ခါက ကောသလမင်းကြီးနှင့် မလ္လိကာမိဖုရားတို့ဟာ နန်းတော်အိပ်ဆောင်မှာ ညအိပ်ခါနီး ရောက်တတ်ရာရာ ပြောနေမိကြပါသတဲ့။ ဒီလိုပြောနေကြရင်း ကောသလမင်းကြီးက “ဘယ်သူ့ကို အချစ်ဆုံးလဲ” လို့ မေးပါတယ်။ မောင်တော်ဘုရားကို အချစ်ဆုံးပါဆိုတဲ့အဖြေကို မလ္လိကာပေးလိမ့်မယ်လို့ ဘုရင်ကောသလ ထင်ခဲ့ပါတယ်။ မျှော်လည်းမျှော်လင့်ခဲ့ပါတယ်။ ဒီလိုအဖြေမျိုးက လောကမှာ ချစ်ကြ သူတွေချင်း ပြောရိုးဆိုစဉ်မဟုတ်လား။ ဒီတော့ ဘုရင်ကြီးလည်း မျှော်လင့်ပေမပေါ့။ ဒါပေမဲ့ ဒီနေရာမှာ ဘုရင်ကြီးမျှော်လင့်သလို မဟုတ်ခဲ့ဘူး။ မလ္လိကာမိဖုရားက “သူ့ကိုယ်သူ အချစ်ပါ” လို့ ဖြေလိုက်တယ်။ ဘုရင်ကြီး အတော်အခံရခက်သွားတယ်။ စိတ်ကောက်သွားလိုက်တာ ရက်အတန်ကြာအောင် မိဖုရားကြီးကို မခေါ်နိုင် မပြောနိုင်ဖြစ်သွားတဲ့အထိပဲ။





ပြီးတော့ - အဿကဘုရင်ကြီးရဲ့ ဖြစ်ရပ်ကလည်း ရှိသေးတယ်။



တစ်ခါက အဿကဘုရင်ကြီးမှာ အသက်ကလည်းငယ်၊ ရုပ်ကလည်းအလွန်လှပြီး ဘုရင်ကြီးအပေါ်လည်း အလွန်အလိုက်သိတတ်တဲ့ မိဖုရားတစ်ဦးရှိတယ်။ နာမည်က “ဥပရိဒေဝီ”တဲ့။ ဘုရင်ကြီး အလိုလိုက် အချစ်ပိုရတဲ့ မိဖုရားပေါ့။ အရွယ်ကောင်းစဉ်မှာပဲ မိဖုရား ရုတ်တရက် ကွယ်လွန်သွားပါရော။ ဘုရင်ကြီး ဘာပြောကောင်းမလဲ မိဖုရားစိတ်နှင့် မအိပ်နိုင် မစားနိုင် ပူဆွေးသောက အကြီးအကျယ်ဖြစ်ရတယ်။ မိဖုရားအလောင်းကို မပစ်ရက်လို့ နန်းတော်ထဲမှာပဲ ထားတယ်။





ဒီအချိန်မှာ အလောင်းတော်ရသေ့ဟာ ဟိမဝန္တာကနေ ဘုရင့်ဥယျာဉ်တော်သို့ ရောက်လာပါတယ်။ မိဖုရားကြီး ဘယ်ဘဝကိုရောက်နေ တယ်ဆိုတာ ပြောနိုင်ကြောင်း လုလင်ငယ်တစ်ဦးကို အမိန့်ရှိလိုက်ပါတယ်။ လုလင်ငယ်က ဘုရင်ကြီးကို သံတော်ဦးသွားတင်တော့ ဘုရင်ကြီးလိုက်လာပြီး မိဖုရားကြီးရဲ့ တမလွန်ဘဝကိုပြောပြဖို့ တောင်းပန်ပါတယ်။ အလောင်းတော်ရသေ့က ဥယျာဉ်တော် အတွင်း နွားချေးပုံတစ်ခုအောက်မှာနေတဲ့ နွားချေးပိုးနှစ်ကောင်ကို အဘိညာဉ်တန်ခိုးနှင့် ခေါ်ယူလိုက်ပါတယ်။ ရောက်လာတော့ အလောင်းတော် ရသေ့က မေးပါတယ်။ ဒီအခါမှာ နွားချေးပိုးမက “သူဟာ အတိတ်ဘဝက ဥပရိမိဖုရားဖြစ်ပါကြောင်း၊ ယခုအခါ ဥယျာဉ်တော် အတွင်းမှာ နွားချေးပိုးမ ဖြစ်နေပါကြောင်း၊ အတိတ်ဘဝက အဿကဘုရင်နှင့် ထီးနန်းစည်းစိမ်ကို အတူခံစားပြီး ဥယျာဉ်တော် အတွင်းမှာ လှည့်လည်သွားလာ အတူပျော်ရွှင်ခဲ့ဖူးပေမဲ့ ဘဝခြားသွားပြီဖြစ်ကြောင်း၊ အတူပါလာသူမှာ ယခုဘဝကြင်ဖော် နွားချေးပိုးထီးဖြစ်ကြောင်း၊ လက်ရှိ ဘဝ အတူနေရတဲ့ နွားချေးပိုးထီးကိုသာ ချစ်တော့ကြောင်း” လျှောက်ထားပါတယ်။





ဒီစကားကိုကြားတာနှင့် ဥပရိမိဖုရားအပေါ်ထားခဲ့တဲ့ ဘုရင်ကြီးရဲ့ မေတ္တာတွေ သံယောဇဉ်တွေဆိုတာ ဘယ်ရောက်ကုန်မှန်းမသိဘူး။ မစွန့်ရက် မပစ်ရက်ထားတဲ့ မိဖုရားအလောင်းကို ချက်ချင်းလွှင့်ပစ်ဖို့ အမိန့်ပေးလိုက်ပါတယ်။ ရေချိုးဦးခေါင်းလျှော်ပြီးမှ နန်းတော်သို့ဝင်ပြီး အခြား တစ်ယောက်ကို မိဖုရားမြှောက်ပါတော့တယ်။





ဒီသာဓကတွေဟာ ဘာကိုဖော်ညွှန်းနေသလဲဆိုရင် ပါးစပ်က ကြားကောင်းအောင် ဘယ်လိုပြောနေပြောနေ မိမိကိုယ်သာ အချစ်ဆုံးဖြစ်ကြောင်း ညွှန်ပြနေတာဖြစ်ပါတယ်။ ဘုရင်ကောသလဟာ မလ္လိကာမိဖုရားရဲ့ ဒုတိယလူဖြစ်ရတာကို လက်မခံနိုင် မမကျေနပ်နိုင်ပါဘူး။ မလ္လိကာရဲ့ ပဌမလူက သူဖြစ်ရမယ်၊ မလ္လိကာကိုယ်တိုင်က ဒုတိယနေရာမှာ နေရမယ်၊ ဒီလိုဖြစ်စေချင်တာ။ ဖြစ်မလာတော့ ဘုရင်ကြီး စိတ်ကောက်တယ်။ ချစ်ရပါတယ်ဆိုတဲ့ မိဖုရားကို အပြစ်မြင်တော့တယ်။





အဿကဘုရင်လည်း ချစ်ရတဲ့မိဖုရားမို့ အလောင်းကိုပင် မစွန့်ရက်မပစ်ရက်ထားခဲ့ပေမဲ့ သူ့ကိုယ်သူ ဒုတိယလူ၊ နွားချေးပိုးလောက်မှ အသိအမှတ်ပြုမခံရသူလို့ သိသွားတဲ့အခါ မိဖုရားအလောင်းကို ချက်ချင်းလွှင့်ပစ်ဖို့ အမိန့်ပေးပါတယ်။ မိဖုရားအပေါ်ထားခဲ့တဲ့ မေတ္တာတွေ သံယောဇဉ်တွေ ကွယ်ပျောက်ပြီး ချက်ချင်းအပြစ်မြင်သွားပါတယ်။ ဒါတွေဟာ ပါးစပ်က ဘယ်လိုပြောပြော မိမိနှင့်ပတ်သက်လာရင် ချစ်လှပါတယ် ဆိုတဲ့မိဖုရားကိုပင် အပြစ်မြင်လောက်အောင် မိမိကိုယ်ချစ်ကြောင်း ဖော်ညွှန်းနေတဲ့ သာဓကတွေပါပဲ။





ပြီးတော့ ရှိပါသေးတယ်။ မိဘနှင့်သားသမီးတို့ရဲ့ချစ်ခင်မှုကို အသန့်ရှင်းဆုံး အခိုင်မြဲဆုံးလို့ လောကမှာ ပြောရိုးဆိုစဉ်ရှိပါတယ်။ ဒီလောက် ချစ်ခင်မှုခိုင်မြဲပါတယ်ဆိုတဲ့ မိဘနှင့်သားသမီးပင်လျှင် ကိုယ်ရေးကြုံလာရင် မိမိကိုယ်သာ ဦးစားပေးတတ်ကြတာပါ။ ပြောဆိုဆုံးမတာကိုမနာခံဘဲ ဂုဏ်သိက္ခာထိခိုက်အောင် အကြိမ်ကြိမ်လုပ်လို့၊ ပစ္စည်းဥစ္စာတွေကို ဖြုန်းတီးလို့၊ စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်အောင် အမျိုးမျိုးလုပ်လို့၊ ကိုယ်ထိလက်ရောက်စော်ကားလို့ စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် သားသမီးကို အမွေဖြတ်စွန့်ပစ်တာတွေ၊ မခေါ်နိုင်မပြောနိုင်ဖြစ်ကြ တာတွေကို တွေ့ဖူးကြားဖူးနေကြတာပဲ မဟုတ်လား။





မိမိကိုယ်ကျတော့ အမျိုးမျိုးကာကွယ်ကြတော့တာပါပဲ။ မဖြစ်သင့်မလုပ်သင့်တာ လုပ်မိတာကိုပင် ဘာကြောင့်ညာကြောင့်ဆိုပြီး ဆင်ခြေဆင်လက်ပေးတတ်ကြပါတယ်။ အပြစ်ကိုရှောင်လွှဲတတ်ကြပါတယ်။ ဒါတွေဟာ မိမိကိုယ် ဘယ်လောက်ချစ်တယ်ဆိုတဲ့ သာဓကတွေပါ။ ဒါပေမဲ့ ဒီလုပ်ရပ်တွေဟာ လက်ရှိဘဝအတွက်လောက်ပဲ ချစ်တတ်ကြတဲ့သဘောပါ။ အနာဂတ်အထိ မျှော်တွေးချစ်တတ်ဖို့က အရေးကြီးပါတယ်။ အနာဂတ်အထိ မျှော်တွေးနိုင်ပါမှ မိမိကိုယ် တကယ်ချစ်တတ်သူ ဖြစ်ပါလိမ့်မယ်။ အနာဂတ်အထိ မျှော်တွေးနိုင်ဖို့က အာစိဏ္ဏကံကောင်းတစ်ခုခု မရှိမဖြစ်ရှိနေဖို့ လိုအပ်ပါတယ်။ ဒီထက်စွမ်းနိုင်ရင်တော့ အရိယာဖြစ်အောင် ကျင့်ကြံနိုင်ရင် အကောင်းဆုံးပေါ့။





ဒါကြောင့် ဆီမီးလှူ ပန်းလှူ ရေချမ်းလှူ ဆွမ်းလှူ ဆွမ်းလောင်းစတဲ့ ဒါနမှုတွေ၊ နေ့စဉ် ငါးပါးသီလ၊ ဥပုသ်နေ့တွေမှာ ဥပုသ်သီလထိန်းမှုစတဲ့ သီလမှုတွေ၊ ဘုရားဝတ်တတ်မှု၊ ပုတီးစိပ်မှု၊ ရုပ်နာမ်တရားရဲ့ မမြဲတဲ့အနိစ္စသဘော ဆင်းရဲတဲ့ဒုက္ခသဘော အစိုးမရတဲ့ အနတ္တသဘောကို ထင်မြင်အောင်ရှုမှတ်တဲ့ ဘာဝနာမှုတွေကို ကျင့်ဝတ်တစ်ခု၊ အဓိဋ္ဌာန်ချက်တစ်ခုအနေဖြင့်ထားပြီး နေ့စဉ်မှန်မှန် လုပ်ထားသင့်ပါတယ်။ လုပ်တဲ့အခါလည်း ပတ်ဝန်းကျင်အထင်ကြီးရုံ ကြည့်ကောင်းရုံမဟုတ်ဘဲ မိမိစိတ်မှာ တကယ် လိုလိုလားလား ကြည်ကြည်နူးနူးဖြစ်အောင် လုပ်ထားသင့်ပါတယ်။





ဒီအာရုံတွေကို နှလုံးသားမှာ စွဲထင်နေအောင် အလေ့အလာလုပ်ထားသူဟာ ရုတ်တရက်ကြုံလာရတဲ့ အခြားအာရုံတွေကို အလွယ်တကူ ကျော်လွှားနိုင်ပါလိမ့်မယ်။ ဒီလိုကောင်းမွန်တဲ့အာရုံနှင့် ဘဝကူးခဲ့ရင် တမလွန်ဟာ ကောင်းတဲ့ဘဝဖြစ်ဖို့ သေချာပါတယ်။





ဒီသဘောကိုနားလည်ကြလို့ ပညာရှိသူတော်ကောင်းကြီးများဟာ ဒါနမှု သီလမှု ဘာဝနာမှုတွေကို အာစိဏ္ဏကံမြောက်အောင် ကြိုးစား လုပ်ဆောင်သွားကြတာ ဖြစ်ပါတယ်။ အနာဂတ်အထိ မျှော်တွေးပြီး မိမိကိုယ်ချစ်ပြသွားကြတာ ဖြစ်ပါတယ်။ အခြားသူတွေကိုလည်း အာစိဏ္ဏကံကောင်းတွေ လုပ်မိစုမိကြစေလိုလို့ အကုသိုလ်မှန်သမျှရှောင်ဖို့၊ ကုသိုလ်မှန်သမျှလုပ်ဆောင်ဖို့ ဆုံးမတိုက်တွန်းသွားကြတာ ဖြစ်ပါတယ်။ “ကုသိုလ်တစ်ခုနေ့စဉ်ပြု” ဆိုတဲ့လမ်းညွှန်ကို ပေးသွားခဲ့ကြတာ ဖြစ်ပါတယ်။





ဒီတော့ [B]မိမိမှာ နောင်ဘဝအတွက် စိတ်ကျေနပ်လောက်တဲ့ အာစိဏ္ဏကံကောင်းတစ်ခုခု ရှိပြီးပြီလား?-[/B] ဒါဟာ မိမိကိုယ်မိမိ နေ့စဉ်မေးသင့်တဲ့ မေးခွန်းတစ်ခုပါ။ တကယ်လို့ မရှိသေးဘူးဆိုရင်တော့ မိမိကိုယ်မိမိ တကယ်ချစ်တာမဟုတ်သေးဘူး။ မိမိကိုယ်မိမိ မချစ်တတ်သေးဘူးလို့သာ မှတ်ပါ။





ပြဆိုခဲ့တဲ့ လေ့လာချက်တွေဟာ ရှင်တော်မြတ်ဘုရား ဟောကြားတော်မူခဲ့တဲ့ ဒေသနာတော်များကိုအခြေခံပြီး နောက်ဘဝ ပဋိသန္ဓေကျိုးကိုပေးမယ့် ကံသဘောကို ယေဘုယျလေ့လာကြည့်တဲ့ အချက်အလက်တွေသာ ဖြစ်ပါတယ်။ ဘယ်သူ့ကို နောက်ဘဝမှာ ဘယ်ကံက ဘယ်လိုအကျိုးပေးမယ်လို့ အတိအကျသိနိုင်တာက ရှင်တော်မြတ်ဘုရားရဲ့ “ဝိပါကဉာဏ်တော်” အရာသာဖြစ်ပါတယ်။ အခြားသူတွေရဲ့အရာ မဟုတ်ပါဘူး။





ဒါပေမဲ့ ရှင်တော်မြတ်ဘုရားရဲ့ ဒေသနာတော်တွေဟာ မှန်(ကြေးမုံ)နှင့် တူပါတယ်။ လောကမှာ အသုံးပြုနေကြတဲ့ မှန်(ကြေးမုံ)ဟာ မျက်စိအမြင်ရှိသူတိုင်း မိမိအခြေအနေကို ကြည့်နိုင်မြင်နိုင်တဲ့အရာ ဖြစ်ပါတယ်။ ပြုံးနေရင်ပြုံးနေတဲ့အတိုင်း၊ မဲ့နေရင်မဲ့နေတဲ့အတိုင်း၊ ငိုနေရင် ငိုနေတဲ့အတိုင်း၊ ရယ်နေရင် ရယ်နေတဲ့အတိုင်း တွေ့နိုင်မြင်နိုင်တဲ့အရာ ဖြစ်ပါတယ်။ ပစ္စည်းရှိပစ္စည်းမဲ့၊ အာဏာရှိ အာဏာမဲ့ဆိုပြီး မျက်နှာလိုက်လေ့မရှိပါဘူး။ သဘာဝအတိုင်း တွေ့မြင်နိုင်တဲ့အရာ ဖြစ်ပါတယ်။





ဒီအတိုင်းပါပဲ။ ရှင်တော်မြတ်ဘုရားရဲ့ ဒေသနာတော်တွေဟာ (ကြေးမုံ)မှန်တွေပါပဲ။ ကံအကျိုးပေးသဘောကို နားလည်သဘောပေါက်သူတိုင်း မိမိရဲ့ တမလွန်အခြေအနေကို ကြည့်ရှုနိုင် မြင်တွေ့နိုင်တဲ့အရာတွေ ဖြစ်ပါတယ်။ မိမိရဲ့ လက်ရှိလုပ်ရပ်တွေကို ရှင်တော်ဘုရားရဲ့ ဒေသနာတော် (ကြေးမုံ)မှန်မှာ တိုက်ဆိုင်ကြည့်နိုင်ပါတယ်။ မိမိမှာ ကောင်းတဲ့ဂရုကံ၊ ကောင်းတဲ့အာစိဏ္ဏကံစသည် ရှိ-မရှိ၊ မကောင်းတဲ့ ဂရုကံ၊ မကောင်းတဲ့အာစိဏ္ဏကံစသည် ရှိ-မရှိကိစ္စကို မိမိကိုယ်တိုင် အသိဆုံးဖြစ်ပါတယ်။ ကောင်းတဲ့ဂရုကံ၊ ကောင်းတဲ့အာစိဏ္ဏကံစသည် ရှိနေရင် မိမိရဲ့ ကောင်းတဲ့အနာဂတ်ဘဝသစ်ကို မြင်တွေ့နိုင်သလို၊ မကောင်းတဲ့ဂရုကံ၊ မကောင်းတဲ့အာစိဏ္ဏကံစသည် ရှိနေရင်လည်း မကောင်းတဲ့အနာဂတ်ဘဝသစ်ကို မြင်တွေ့နိုင်ပါတယ်။ ။



မေတ္တာများဖြင့်



အရှင်သိရိန္ဒ

Sunday, January 29, 2012

ကင်ဆာရောဂါအတွက် ''ထူးတဲ့အာလူး''



*** ကင်ဆာရောဂါအတွက် ''ထူးတဲ့အာလူး''

 ယနေ့ဂျပန်နိုင်ငံမှာ ဓါတ်စာဖျော်ရည်တစ်မျိုး ခေတ်စားနေပါသည်။ လူအများ စိတ်ဝင်စားလာအောင် စတင်ဖော်ထုတ် ဆော်သြခဲ့သူကတော့ ဂျပန်ဗုဒ္ဓဘာသာဘုန်းတော်ကြီး အရှင် တိုမီဇာဝ ဖြစ်ပါတယ်။ ထင်ပေါ်ကျော်ကြားလာတဲ့ ဓါတ်စာဖျော်ရည် ကတော့ ''အာလူးစိမ်း'' ဖျော်ရည်ပဲဖြစ်ပါတယ်။ 

ဂျပန်နိုင်ငံမှာ အာလူးစိမ်းဖျော်ရည်ကြောင့် ရောဂါ သက်သာပျောက်ကင်းသွားရတဲ့ လူနာတွေ ၊ လူနာရှင်တွေဆီက ကျေးဇူး တင်ကြောင်း ပလူပျံသလို ရောက်လာတဲ့စာတွေ အရှင်တိုမီဇာဝ လက်ခံရရှိခဲ့ပါတယ်။ ဆရာတော်က '' ဒီနှစ်ထဲမှာ ကင်ဆာအများအပြားဟာ အာလူးစိမ်းဓါတ်စာ ကို မှီဝဲခဲ့ကြပြီး ပမာဏ တော်တော်များများဟာ သိသိသာသာ သက်သာသွားပြီး သေမင်းနှုတ်ခမ်းဝက ပြန်လာနိုင်ခဲ့ကြပါတယ်'' ။

အသုံးပြုပုံကတော့ အာလူးအစိမ်း လတ်လတ်ဆတ်ဆတ်ကို ရေစင်အောင်ဆေးပြီး ထုထောင်းပါမယ်။ ပြီးမှ ပိတ်စိမ်းပါးနဲ့ထုပ်ပြီး အရည်ရအောင် ညှစ်ယူပါမယ် ။ အဲဒီအရည် ဖန်ခွက်တစ်ခွက်မှ နှစ်ခွက် နေ့စဉ် မှီဝဲသွားမယ်ဆိုရင် အသည်းရောဂါ ၊ ဆီးချိုရောဂါ ၊အစာအိမ်ရောဂါ ၊ ကျောက်ကပ်ရောဂါ ၊ နှလုံးရောဂါ ၊ သွေးတိုးရောဂါ ခါးနာ ၊ ပုခုံးနာ၊ ကျီးပေါင်းနာရောဂါတွေ ပျောက်ကင်းစေတယ်လို့ ဆိုပါတယ် ။ ပျောက်ကင်းကြောင်း အနယ်နယ် အရပ်ရပ်က ထောက်ခံစာများ ရရှိထားတယ်လို့ ဆိုပါတယ် ။

သာဓကတစ်ခု အနေနဲ့ကတော့ ...... မစ္စတာတီဆိုသူသည် နားရွက်အောက်နားမှာ အဖုတစ်ဖု ပေါ်လာတာနဲ့ ဆေးရုံကိုသွားပြီး ကင်ဆာကျိတ်ဖြစ်နေပြီး ခွဲစိတ်ကုသပြီး ဓါတ်ကင်ခဲ့ပါတယ် ။ သို့သော်လဲ ကင်ဆာကလပ်စည်းတွေက အဆုတ်ထိအောင် ပျံနှံသွားပါတယ် ။ သက်ဆိုင်ရာ ဆရာဝန်ကြီးများက ကင်ဆာကလပ်စည်းတွေ ပျံနှံ့ကုန်လို့ ကုသလို့ မရနိုင်တော့ဘူးလို့ ဆိုပါတယ် ။ အဲဒီနောက် သူဟာ အာလူးစိမ်းဓါတ်စာ အကြောင်းကြားသိရတဲ့အတွက် အရှုံးမရှိဘူးဆိုပြီး သောက်ကြည့်တယ် ။ အညွှန်းအတိုင်း နေ့စဉ် ရက်ဆက် ဇွဲကောင်းကောင်းနဲ့ သောက်ခဲ့ပါတယ် ။ အခုဆိုရင် ကင်ဆာကလပ်စည်းတွေ လျှော့ကျ သွားပြီး ထိန်းချုပ်ထားနိုင်တဲ့အတွက် ကျန်းမာရေးနဲ့ ခွန်အား ပြန်ကောင်းလာပါတယ် ။ မူလ အလုပ်အကိုင်လည်း ပြန်ပြီး လုပ်ကိုင်နိုင်ပါပြီ။ 

သုတေသီ တိုမီဇသက သူ့ရဲ့ ''ကင်ဆာရောဂါ ကြောက်စရာမလို၊ ကျန်းမာစေကြောင်း နည်းလမ်းကောင်း '' (The way to healthy life ; Cancer not to be feared) ဆိုတဲ့ စာအုပ်ထဲမှာ ကင်ဆာ ရောဂါ ခွဲစိတ်ကုသခဲ့သည့်တိုင်အောင် လူနာရဲ့ အကြောက်တရားကြောင့် ကင်ဆာကလပ်စည်းတွေ ပျံနှံ့ ကုန်ရပါတယ် ။ သူဟာ ကင်ဆာဆေး အဆက်မပြတ် မှီဝဲရပြီး ဓါတ်ကင် ပြီးသွားပြီဆိုတဲ့ သတင်း မကြားရသလောက်ပါပဲ ။ ဒါ့အပြင် ပြင်းထန်တဲ့ ကုထုံးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေရဲ့ အကျိုးဆက်ကို လူနာက ခံစားရပါသေးတယ်။  အကျိုးဆက်အနေနဲ့ လူနာဟာ ခံတွင်းပျက်ခြင်း ၊ အားအင်ချည့်နဲ့လာခြင်းတို့ ဖြစ်လာရပါတယ် ။ အာလူးစိမ်း ဓါတ်စာကို သောက်ခြင်းအားဖြင့် ဘေးထွက် ဆိုးကျိုးတွေ မခံစားရဘဲ လူနာဟာ တစ်နေ့တစ်ခြား အားအင်ပြည့်ဖြိုးလာတာ တွေ့ရပါတယ် ။ အာလူးပင်ဟာ ပင်ကိုယ်က အာဟာရပြည့်ဝနေတဲ့ အစာတစ်ခု ဖြစ်တဲ့အတွက် အကျိုးမယုတ်ပါဘူး ။ သူ့ကို မှန်မှန် မှီဝဲခြင်းအားဖြင့် ကင်ဆာ ကလပ်စည်း တွေကို ဟန့်ထားစေပါတယ်။'' လို့ ဖော်ပြထာားပါတယ် ။ အာလူးစိမ်း ဓါတ်စာဟာ ကိုယ်တိုင် လွယ်လွယ်ကူကူ ဖော်စပ်နိုင်ပြီး ချက်ချင်းလက်ငင်း သောက်သုံးနိုင်ပါတယ် ။ ပြီးတော့ အဲဒီအချိန်တိုအတွင်းမှာ သူ့ရဲ့ အာနိသင်ကို တွေ့ထိခံစားနိုင်ပါတယ်။'' ဓါတ်စာ တစ်ပါတ် နှစ်ပါတ်လောက် သောက်ပြီးတာနဲ့ နာကျင် ကိုက်ခဲမှုဝေဒနာတွေ တစ်စတစ်စ လျှော့ပါးသွားပါတယ် ။ ခံတွင်းပြန်ပြီး ကောင်းလာမယ် ။အသားအရေပြန်ပြီး ကောင်းလာမယ် ။ အာလူးစိမ်း ဓါတ်စာကို အထူးသဖြင့် ထောက်ခံတဲ့ နောက်တစ်ဦးကတော့ ဒေါက်တာ ကိုင်နိုရှိတ ဖြစ်ပါတယ် ။ သူ့အဆိုတွေက ''အာလူးကို ဥရောပတိုက်သားတွေက တစ်ချိန်တုန်းက မဟာပထ၀ီမြေကြီးရဲ့ ပန်းသီး (Apple of the great earth) လို့ခေါ်ခဲ့ကြောင်း သိရပါတယ် ။ အာလူးမှာ အဟာရဓါတ်တွေ စုံစုံလင်လင်ပါရှိပြီး အထူးသဖြင့် ဗိုက်တာမင်စီဓါတ်နဲ့ ထုံးဓါတ်တို့ အများဆုံး ပါဝင်ပါတယ် ။ ရှေးဟောင်း ဂျာမန်ဆေးကျမ်းတွေမှာ အာလူးစိမ်းဓါတ်စာရည်ကို.. အစာအိမ်အနာပေါက်ခြင်း ၊ ၀မ်းချုပ်ခြင်းတွေ အတွက်ပေးရကြောင်း ဖော်ပြထားပါတယ်။ 

ကင်ဆာကလပ်စည်းတွေကို ထိန်းချုပ်နုင်ခြင်းနှင့် ပါတ်သက်ပြီး အာကိတ တက္ကသိုလ် ဆေးသုတေသန ဌာနက ပါမောက္ခ ကာဂါမိ က ပြောကြားရာမှာ '' ကင်ဆာကလပ်စည်းကို ထိန်းချုပ်စေတဲ့ ဓါတ်ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပါတယ် ။ အဲဒီဆေးနဲ့ ကြွက်ကလေးတွေ အပေါ်မှာ စမ်းသပ်ကြည့်တဲ့အခါ အလားအလာ ကောင်းမွန်ကြောင်း တွေ့ရပါတယ်။ သူဟာ သူ့ရဲ့တွေ့ရှိချက်ကို စာတမ်းပြုစုပြီး မနှစ်က ဂျာမနီနိုင်ငံမှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ကင်ဆာညီလာခံ (International Cancer Society Conference) မှာ ဖတ်ကြား တင်သွင်းခဲ့ပါတယ် ။ နောက်ဆက်တွဲအနေနဲ့ အာလူးစိမ်းဓါတ်စာ ဖျော်ရည်လုပ်နည်းဟာ အလွန်ပဲ လွယ်ကူပါတယ် ။ အရွယ်တူ အာလူး (၃)လုံးကို ယူပြီး ရေစင်အောင်ဆေးပါ ၊ အခွံမနွှာရပါ ။ အစို့ပေါက်လေးများရှိရင် ဖယ်ရှားပေးပါ။ ပြီးလျှင် အာလူးကို သခွားခြစ်ဖြင့် အစလေးများဖြစ်အောင် ခြစ်ပေးပါ ။ ပြီးက အဲဒီအစလေးများကို သန့်ရှင်းသော ပိတ်စိမ်းပါးစဖြင့် ထုပ်ပြီး (အုန်းနို့ညှစ်သကဲ့သို့) အရည်ညှစ်ယူပါ ၊ အဲဒီအရည်ကို ခွက်ထဲမှာ ထည့်ပြီး အရသာကောင်းအောင် ပျားရည် နဲနဲရောစပ်ပြီး သောက်ပါ ။ အဲဒီအာလူးအရည်ကို နံနက်တိုင်း တစ်ခွက်နှုန်းဖြင့် သောက်ပေးနိုင်ပါတယ် ။ ဖြန့်ဝေသူ၏ အမှာစကား ယနေ့ကာလခေတ်တွင် ကင်ဆာရောဂါသည် အလွန်အဖြစ်များ၍ ငွေကုန်ကြေးကျ များသောရောဂါ ဖြစ်ပါသည် ။ 

ကင်ဆာရောဂါ ပျောက်ကင်းစေနိုင်သော တိုင်းရင်းဆေး ၊ နိုင်ငံခြားဖြစ်ဆေး အမြောက်အများ ပေါ်ထွက်လျှက် ရှိပါသည်။ ဗုဒ္ဓဘာသာအလိုရ ခန္ဓာရှိ၍ ဝေဒနာရှိဖြင်း ဖြစ်ပါသည် ။ မိမိပြုသော ကုသိုလ် ၊ အကုသိုလ် အစုစုတို့သည် သံသရာ ပြန်၍ တစ်ဖန် လည်ခြင်း ဖြစ်ပါသည် ။ ထို့ကြောင့် စိတ်ဓါတ်မကျဘဲ ၊ အားမငယ်ဘဲ မိမိတို့၏ ရောဂါဝေဒနာများကို စိတ်ဓါတ်ကြံ့ခိုင်စွာ၊ နည်းလမ်းပေါင်းစုံဖြင့် ကုသရမည် ဖြစ်ပါသည် ။ မိမိ၏ ကုသိုလ်ကံတရား အကျိုးပေးသော် မိမိနှင့် ကိုက်ညီသော ဆေးဝါးများ ၊ဆရာသမားများ (အနာနှင့်ဆေးတည့်သော်) တွေ့ကာ ရောဂါအမြစ်ပြတ်ကာ (လုံးဝ) အရှင်း ပျောက်ကင်း ချမ်းသာနိုင်ပါသည် ။သို့ဖြစ်ရာ အထက်တွက် ဖော်ပြခဲ့သော အာလူးစိမ်းဖျော်ရည်သည် ကုန်ကျစရိတ် နည်းပါးသည့်အပြင် ပြုလုပ်ရန်နည်းလမ်းသည် အလွန်ရိုးရှင်းပါသည် ။ လူသားတို့ စားသုံးသော သဘာဝဓါတ်စာ ဖြစ်သည့်အတွက်ကြောင့် ဘေးထွက်ဆိုးကျိုး မရှိပါ ။ ထို့ကြောင့် ရောဂါဝေဒနာရှင်များ လက်တွေ့အသုံချနိုင်ရန် အကျိုးငှာ ဤ ဆေးနည်းအား တဆင့်ပြန်လည် ဝေငှပေးခြင်း ဖြစ်ပါသည်။သူငယ်ချင်းမိတ်ဆွေများလဲ ထပ်မံ လက်ဆင့်ကမ်း ပြောကြားပေးကြပါခင်ဗျား။
ကျေးဇူးတင်ပါသည်။


မျိုးဝင်းသန်း

www.sbsangi.blogspot.com မှတဆင့် ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ ကင်ဆာရောဂါအတွက် ''ထူးတဲ့အာလူး''

Posted by kyitharhtoo on သြဂုတ် 12, 2010 at 8:40am သတင်းပို့မယ် View kyitharhtoo's blog

[www.forverfriends.ning.com]

မြန်မာပြည်မှ... ယဉ်ကျေးမှုအလွဲများ (သို့) ခေတ် ကို နားမလည်ကြသူများ

သူငယ်ချင်းတွေနဲ့ တစ်ရက်ဆုံဖြစ်ခဲ့တယ်။ စကားတွေက ပြောရင်းပြောရင်းနဲ့ .. ချစ်ကြောင်းကြိုက်ကြောင်း ..အချစ်ဒဿနတွေကိစ္စကိုရောက်ကုန်တ



ယ်။ အဲဒီ့တုန်းက ပြောဖြစ်ခဲ့တဲ့စကားလေးတွေကို

ပြန်ပြီးအမှတ်ရနေမိတုန်းပဲ ..။

''ငါကတော့ အချစ်ဆိုတာကို သိပ်ယုံကြည်လေ့မရှိဘူး။ ယုံကြည်မိတဲ့အချစ်ဆိုရင်လည်း ဘာအကြောင်းနဲ့မှမပြောင်းလဲချင်ဘူး။ ပြီးတော့ ငါ့မှာစည်းတွေဘောင်တွေ အများကြီးမဟုတ်ပေမဲ့၊ သတ်မှတ်ချက်တစ်ခုတော့မဖြစ်မနေထာ

းတယ်။ ငါ နဲ့ ယုံကြည်ကိုးကွယ်ရာတူတဲ့သူကိုပဲ ချစ်ချင်

တယ်''

ကျမက စကားကို အဲဒီလို အစပျိုးလိုက်တယ်ဆိုရင်ပဲ၊ သူငယ်ချင်းတွေဆီက တစ်ယောက်တစ်ပေါက် အသံတွေထွက်လာတယ်။

''အချစ်မှာ မျက်စိမရှိဘူးတဲ့။ နင် စာရေးဆရာမလုပ်နေပြီး တော်တော်ပိန်းတာပဲ။ တကယ်ချစ်လာရင် လူမျိုးဘာသာ ခြားနားချက်ဆိုတာ ဘာဆိုဘာမှ မရှိတော့ဘူး။ ပဒုမ ပေါင်တိုဇာတတ်ကို

ကြားဖူးတယ်မဟုတ်လား။ ခြေလက်တုံးတိယောကျာ်းကြီးကို ကြိုက်တာလေ။ မင်းသားလေးကို

ပစ်ပြီး ..''

နိုင်ငံခြားက မကြာသေးခင်ကမှ ပြန်ရောက်လာတဲ့ သူငယ်ချင်းမတစ်ယောက်ရဲ့စကားပါ။ နောက်တစ်ယောက်က အားကျမခံ ၀င်ပြောပြန်တယ်။

''ဟုတ်တယ်။ ငါလည်း သူပြောတာထောက်ခံတယ်။ နင် တကယ်မချစ်တတ်သေးလို့ အဲဒီလိုမြင်တာ။ တကယ်တော့ နင့်အယူအဆတွေဟာ ..တစ်ဘက်စွန်းကျတဲ့ ရှေးဆန်တဲ့အယူအဆတွေပါ။ ကိုယ်နဲ့

အဆင်ပြေဖို့က အရေးအကြီးဆုံးပဲ။ ဘယ်လူမျိုး ဘယ်ဘာသာဖြစ်ဖြစ်

ချစ်တတ်တဲ့ ကြင်နာတတ်တဲ့ နှလုံးသားပိုင်ဆိုင်ရင် ကောင်းတာပဲ''

သူတို့နှစ်ယောက်စလုံးရဲ့စကားက ကျမကို တဒင်္ဂတော့ ပါးစပ်ပိတ်သွားစေခဲ့တယ်။ တိကျခိုင်လုံတဲ့ဖြေရှင်းချက်တွေ

ပေးဖို့ ကျမကြိုးစားပြီး စဉ်းစားတယ်။

နောက်တစ်ယောက်က ကျမ စဉ်းစားနေတာကို ကြည့်ပြီး ...''သူတို့ ပြောတာ သူတို့ အမှန်တရားလို့ ငါမပြောချင်ဘူး။ နင့်ကိုလည်း မှားတယ်လို့ မပြောဘူး။ ငါသိတာတစ်ခုကတော့ ..ငါလည်း နင့်လိုပဲ

မြန်မာလူမျိုး မြန်မာပြည် ကိုယ့်ဘာသာ ကိုယ့်သာသနာကို အရမ်းချစ်တယ်။ ငါ ယူလည်း မြန်မာကောင်လေး

ကိုပဲ ယူမှာပဲ။ ဒါပေမဲ့ ..မိန်းကလေးတစ်ယောက်အနေနဲ့ ငါရင်ဖွင့်ချင်တာတွေ အများကြီးရှိတယ်။

ငါ ထားခဲ့ဖူးတဲ့ ရည်းစားအပါအ၀င်၊ ငါ့ပတ်ဝန်းကျင်က ယောကျာ်းလေးတွေနဲ့ပတ်သက်ပြီး ပြောချင်တယ်။

ငါ့ စိတ်ထင် မြန်မာကောင်လေးတွေက နည်းနည်းလမ်းလွဲနေတယ်။ ဒီလိုပြောလို့ လူမျိုးခြားတွေ ကောင်းတယ်လို့ ပြောနေတာလုံးဝမဟုတ်ဘူးနော်။ ငါ့က ငါတို့ဘက်အခြမ်းကိုပဲ ပြောမှာ။

အနီးစပ်ဆုံး ကိုရီးယားနဲ့နှိုင်းပြီးပြောမယ်ဟ

ာ ..။ ကိုရီးယားကောင်လေးတွေကို

ကြည့်ရင် ပျော့ပျော့နွဲ့နွဲ့လေးတွေများတယ်။ ဒါပေမဲ့..ကိုရီးယားလူမျိုးတွေအလ

ုပ်သိပ်ကြိုးစားတယ်တဲ့။

မြန်မာကောင်လေးတွေကကိုရီးယားတွေ

ကို အတုယူကြတယ်။ ငါတို့မိန်းကလေးတွေလည်း

အတုယူကြတယ်။ နင်တို့ငါတို့ စကတ်အတိုလေးတွေဝတ်တယ်။

ဟော့တ်တာမှန်သမျှ အကုန်ဝတ်တယ်။ စာရေးဆရာမကလို့ ဘာဖြစ်ဖြစ် ..ခေတ်မှာဖြစ်တဲ့လူငယ်တွေကိုး။ ဒါပေမဲ့ ..လိုက်လျောညီထွေ ဆိုတာ ရှိတယ်။ ကောင်လေးတွေဟာ ..အ၀တ်အစားဝတ်ရင် ကိုရီးယားဒီဇိုင်းကို

အတုယူတယ် ဆံပင်ပုံစံ ..ဖိနပ်ကအစ ...။

ကောင်းပါတယ်။ လိုက်ဖက်တဲ့သူလည်းရှိ၊ မလိုက်ဖက်တဲ့သူလည်းရှိ။ ဒါပေမဲ့ .. မိန်းကလေးတွေကို တန်ဖိုးထားမှုကျတော့ လူမျိုးခြားတွေ ဘာသာခြားတွေ ဘယ်လိုချစ်တတ်သလဲ ငါမသိဘူး။

မြန်မာကောင်လေးတွေကတော့ မိန်းကလေးတစ်ယောက်နဲ့ ချစ်ကြိုက်ပြီဆိုရင် တွက်ချက်မှုတွေ

အရမ်းများကြတယ်။ ရုပ်ချောရဲ့လား။ ပညာတတ်ရဲ့လား။ ဘယ်လောက် လန်းလဲ။ အဲဒါပဲတွေးတယ်။ အတွင်းစိတ်

လှပမှုကို တန်ဖိုးတစ်ခုအနေနဲ့ သုံးသပ်တန်ဖိုးထားကြတာ နည်းလွန်းတယ်။ ငါ့ကို ဘယ်လောက်သစ္စာရှိပါ့မလဲ။ အိမ်ထောင်ဖက်ကောင်းလေးဖြစ်လာမှာ

လားဆိုတာထက်၊ ခပ်တုံးတုံး ခပ်ရိုးရိုးဆိုရင် မျက်စိထဲကို

ထည့်ကြည့်ချင်စိတ်အရမ်းနည်းလာတယ

်။ ချစ်ခြင်းမေတ္တာထက် တဏှာကို ဦးစားပေးလာတယ်။ မြန်မာ

လူမျိုးတွေရဲ့ပုံရိပ်ဖြစ်တဲ့ မေတ္တာတရားကို တန်ဖိုးထားတဲ့ ပုံရိပ်တွေ ပျောက်လာတယ်။

အဲဒီ့တော့ မိန်းကလေးတွေကလည်း အမြင်တွေပြောင်းလာတယ်။ ကိုယ့်ကိုတောင် တန်ဖိုးမထားကြမှတော့၊ လူမျိုးခြင်းတူတူမတူတူအားလုံးဟ

ာ ဒီလိုတွေပါပဲဆိုပြီး ..ယောကျာ်းတွေကို ခွဲခြားမမြင်တော့ဘူး။

ဒါတော့ ငါတို့လူမျိုး လူ့အဖိုးတန်ပဲ ဆိုတာမျိုး မမြင်တတ်ကြတော့ဘူး။ ငါ့စိတ်ထင် မိန်းကလေးတွေ

လူမျိုးခြားကြိုက်တာ အကျင့်မကောင်းလို့ဖြစ်တာဆိုပြီး လက်ညှိုးထိုးနေတဲ့ကောင်လေးတွေလည

်း၊

သူတို့ကိုယ်သူတို့ လူတော်လူကောင်းလေးတွေ မြန်မာမလေးတွေ အားကိုးယုံကြည်စရာအရှင်သခင်ဖြစ်

လာချင်စရာတွေဖြစ်ထိုက်အောင်နေမယ

်ဆို တော်တော်ကောင်းမယ်ထင်တယ်။ ငါက စေတနာနဲ့ မြင်ကြည့်

တာပါ။ မှားရင်လည်း ခွင့်လွှတ်''

သူငယ်ချင်းဖြစ်သူက မောသွားလေဟန်နဲ့ စကားပြောတာ ရပ်သွားတယ်။ ကျမ ခေါင်းညိတ်မိတယ်။ သူပြောတာ ရာနှုန်းပြည့်မဟုတ်တောင် တော်တော်များများ မှန်ပါတယ်။ သူ့ကိုလည်း ကျေးဇူးတင်တယ်။ ကျမမှာ

သူပြောပြလိုက်တော့ ဟိုနှစ်ယောက်ကို ပြန်ချေပဖို့ အကြောင်းအရာတွေ စဉ်းစားမိသွားတယ်။

ကျမက စကားပြန်စတယ် ...။

''နင်တို့ပြောတာ အရမ်းမှန်တာပဲ။ ဒါပေမဲ့ .. ငါတစ်ခုတွေးမိတာလေးရှိသေးတယ်။ ငါ့အမြင်နော်။ ခုနက သူပြောသလို၊ မြန်မာကောင်လေးတွေ လိုတာတွေရှိသလိုပဲ၊ ငါတို့ မြန်မာမလေးတွေလည်း လိုတာတွေ

ရှိတယ်။ သူတို့အခုလို ကိုယ့်ကို တန်ဖိုးမထားတော့တာ၊ ကိုယ်ကလည်း တန်ဖိုးထားအောင် မနေတော့လို့

ဆိုတာနဲ့လည်း သက်ဆိုင်တယ်။ အခုနောက်ပိုင်း မြန်မာမလေးတွေ တော်တော်လမ်းလွဲလာကြတယ်။

နင်ပြောသလို စကတ်အတိုတော့ ငါလည်းဝတ်၊ နင်လည်းဝတ် ..မိန်းကလေးတွေ ၀တ်ကြတယ်ဆိုတာ .

.ခေတ်ရဲ့ရေစီးကြောင်းအနေနဲ့ လက်ခံလို့ရပေမဲ့၊ စာရိတ္တပိုင်းဆိုင်ရာ ပြောင်းလဲမှုကြတော့ ပြောစရာဖြစ်နေ

တယ်။ အရင်ခေတ်က မြန်မာမလေးတွေမှာ ငွေမက်ရင်၊ ဂုဏ်မက်ရင် ... အပြစ်ရှိသူလို၊ မထားအပ်တဲ့

စိတ်ကိုထားသူလို လူကြီးမိဘတွေကအစ ဆုံးမကြတယ်။ ငွေမက်တဲ့မိန်းကလေးလို့ အပြောခံရတာကို

ငါတို့မြန်မာလေးတွေ သိပ်နာခဲ့ကြတယ်။ အပြောခံရမှာကို ကြောက်ကြတယ်။ အခုခေတ်က ပြောင်းပြန်

ဖြစ်သွားတယ်။ စပွန်ဆာခေတ်ဆိုတာ ..။ ငွေမက်တယ်ပြောလည်း နာရမှန်းမသိတော့ဘူး. ရှက်စရာလည်းမထင်တော့ဘူး။ ဟီရိ၊ သြတပ္ပဆိုတာ မသိတော့ဘူး။ ဘယ်သူဟာ ကိုယ့်အတွက် ကောင်းကောင်းဖြည့်ဆည်းနိုင်လဲဆိ

ုတာပဲ တွေးတော့တယ်။ အဲဒီလိုပြောင်း

လဲလာတာနဲ့အမျှ မေတ္တာစစ်ဆိုတာလည်း ရှားပါးလာတယ်။ နိုင်ငံတကာမှာ ခေတ်နဲ့ရင်ပေါင်တန်းလို့ ကိုယ့်တိုးတက်ရာတိုးတက်ကြောင်းက

ိုယ့်ဘ၀လမ်းကြောင်းအတွက် ယောကျာ်းတွေ၊

စပွန်ဆာတွေကို အားမကိုးဘဲ၊ ကိုယ့်လမ်းကိုယ်ဖောက်နေတဲ့ အမျိုးသမီးတွေအများ

ကြီးရှိတယ်။ သူများအားကိုးတယ်ဆိုတဲ့ မိန်းမတစ်ယောက်၊ သူများပေးမှ တင့်တယ်ရတယ်ဆိုတဲ့ မိန်းမတစ်ယောက်၊ ထောက်ပံ့ကြေးနဲ့စိုပြည်လှပရတယ်၊

ကားစီးရတယ်ဆိုရင် ..အဲဒါ သူတောင်းစားနဲ့

မခြားနားဘူး။ သူတောင်းစားက ခွက်ကိုရင်းတယ်။ ကိုယ်က လူရင်းရတယ်။ ဘယ်သူပိုနိမ့်ကျတယ်ထင်လဲ။

ရှက်တတ်ရင် အကြိမ်ကြိမ်လဲသေလို့ရတယ်။ ဒီလို မိန်းကလေးတွေများလာတာနဲ့အမျှ ယောကျာ်း

လေးတွေရဲ့ တန်ဘိုးထားမှုနှုန်းကလည်း လျော့ကျလာမှာပဲ။ လူဆိုတာ ငွေနဲ့ဝယ်လို့ရရင် ငွေနဲ့ပဲဝယ်တယ်။ မေတ္တာနဲ့ ၀ယ်လို့ရမဲ့အရာကိုဘယ်သူကမှ ငွေပေးမ၀ယ်ဘူး။

ဝယ်လို့လည်းမရဘူး။ ငွေနဲ့ပေးဝယ်ထားတဲ့အရာတွေဟာ .. နောက်ထပ်ငွေရှိသေးရင် ထပ်ဝယ်လို့ရ

တော့ ..ဟောင်းသွားရင် ဂရုမစိုက်တော့ဘူး။ အချိန်မရွေးအသစ်လဲလို့ရတယ်။ ကိုယ်ကိုယ်တိုင် ရောင်းကုန်ဖြစ်နေတဲ့ မိန်းကလေးတွေအများကြီးကို သိစေချင်တယ်။

ကိုယ့်ကိုယ်ကို ငွေနဲ့ဝယ်လို့ရတဲ့ ပစ္စည်းအဖြစ် မသတ်မှတ်စေချင်ဘူး။ ဒါဆို ..နင်ခုနကပြောတဲ့ ကိုယ့်

လူမျိုးခြင်း မြတ်နိုးတန်ဖိုးထားမှုတင်မကဘူး၊ သူတစ်ပါးရဲ့ ကျူးကျော်စော်ကားမှုကိုလည်း ကာကွယ်ပြီးသားပဲ။ ငါ့အဖေက ပြောဖူးတယ်။

ကိုယ်က သစ်သားဆို ..သံရိုက်တဲ့ဒဏ်ကို ခံရတယ်တဲ့။ ကိုယ်က သံမဏိဆို ..ဘယ်သံကမှ ကိုယ့်ကို ထွင်းဖောက်မသွားနိုင်ဘူးတဲ့။

သူများဘာသာခြားမိန်းမတွေ ငါတို့ဘာသာ ငါတို့လူမျိုးယောကျာ်းကို ယူတဲ့ဦးရေက၊ ငါတို့မြန်မာမတွေ သူတစ်ပါးလူမျိုးခြား၊ ဘာသာခြားကို ယူတဲ့ဦးရေနဲ့ယှဉ်ရင် အရမ်းနည်းတယ်။ ဘာလို့လဲ ..သိလား။ သူတို့မှာ သံမဏိလိုမာကျောတဲ့စည်းမျဉ်းတွေန

ဲ့စိတ်ဓာတ်တွေရှိတယ်။ ဘာသာရေး လူမျိုးရေးအထပ်ထပ်နဲ့

စည်းမျဉ်းစည်းကမ်းတွေ တင်းကျပ်ထားတယ်။ ဘာသာခြားကို ယူရင်တစ်မျိုးလုံးက ပစ်ပယ်တယ်။

ရွံရှာမုန်းတီးတယ်။ အရှက်ရစေတယ်။ ငါတို့မှာကတော့ မိဘတွေကလည်း ဖြစ်ပြီးမှာတော့ မထူးပါဘူးလေ

ဆိုပြီး ခွင့်လွှတ်တတ်ကြတယ်။ ဆွေမျိုးတွေကလည်း အရေးမယူကြဘူး။ ဘာသာရေးစည်းမျဉ်းအရလည်း ဖယ်ကြဉ်နှိပ်ကွပ်တယ်ဆိုတာမရှိဘူ

း။

ကိုယ်ကတော့ မေတ္တာနဲ့ခွင့်လွှတ်လိုက်တာ ..သူတစ်ပါးအတွက်က မဟာအခွင့်အရေး၊ မဟာအားနည်းချက်ကြီး

အဖြစ်ရှုမြင်ပြီး၊ အသုံးချတတ်လာတယ်။

တစ်ခါခွင့်လွှတ်တတ်တော့ နောက်တစ်ခါ စော်ကားဖို့လည်း အခွင့်အရေးရှိလာတယ်။ တကယ်က ငါတို့မှာလည်း ရှိသင့်တယ်။ ထိရောက်တဲ့ပြတ်သားမှုတွေနဲ့ နောက်ထပ်မစော်ကားရဲအောင် လုပ်သင့်တယ်။ ကိုယ့်သားသမီးကို တကယ်မေတ္တာထားရင် ဒီတစ်ဘ၀စာပဲ မကြည့်ဘဲ၊ တစ်သံသရာလုံး အပါယ်လားမဲ့ကိစ္စကို အသက်နဲ့ထပ်တူ

အရေးကြီးသလို ကာကွယ်ပေးရမယ်။ အဓိကက သူများမဟုတ်ပါဘူး ..ကိုယ်ပါပဲ။

ငါပြောတာကို နင်တို့ သဘောတူချင်မှ တူမယ်။ မတူလည်းရတယ်။ ငါကတော့ ငါ့ခံယူချက်ကို ပြောပြတာပါ''

ကျမ စကာဆုံးတော့ ..ဘယ်သူမှ နောက်ထပ်၊ အဲဒီ့အကြောင်းကို စကားမစတော့ဘူး။ ကျမကိုလည်း စိတ်ဆိုးကြတယ်ထင်တယ်။ ဘယ်သူမှ ဖုန်းမဆက်တော့ဘူး။ တစ်ခါတစ်လေတော့လည်း တွေးမိတယ်။

ငါများမှားသွားလားလို့ .. ဒါပေမဲ့ .. ဘယ်လိုတွေးတွေး မမှားဘူးလို့လည်း ထင်မိပြန်တယ်။

ကျမပြောတာတွေကို လူ့အခွင့်အရေးပေတံနဲ့တိုင်းပြီး စိတ်တိုင်းမကျဖြစ်ခွင့်ရှိပါတယ်

။ ဘာပဲဖြစ်ဖြစ် ..လူဆို

တာ ..အများပြောကြသလိုပဲ ..လက်ချောင်းတွေတောင် အတိုအရှည်ညီကြတာမှ မဟုတ်တာပဲလေ ...။ ။





နန်းအသင်္ခယာ

ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ် အမဲစက်တွေအတွက်

ဆယ်ကျော်သက်တွေနဲ့ အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေကို အများဆုံးဒုက္ခပေးနေတဲ့ ပြဿနာပေါ့။သူငယ်ချင်းတို့အတွက် နဲနဲပဲဖြစ်ဖြစ် အထောက်အကူဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ထပ် ပိုကောင်းတဲ့နည်းလေးတွေ တွေ့ရင်လည်းပို့စ်တင်ပေးပါအုံးမယ်။ လောလောဆယ်တော့ အောက်ကနည်းတွေကို စမ်းကြည့်ပါအုံးနော် သူငယ်ချင်းတို့။

ဝက်ခြံက စပေါ်လာတဲ့အချိန်ထဲက လူကို စိတ်အနှောင့်ယှက်ပေးတယ်။ ပျောက်သွားရင်လည်း အမာရွတ်တွေကျန်ခဲ့ရော။ အလှအပကြိုက်တဲ့သူတွေအတွက်တော့ မဟာရန်သူတော်ကြီးပေါ့။ ၀က်ခြံအဖုက ပေါ်တာခဏပဲ။ ကျန်ခဲ့အမာရွတ်တွေက နှစ်ရှည်လများ စိတ်ဒုက္ခပေးတော့တာ။ အဲ့ဒီတော့ အဲဒီအမာရွတ်တွေကို ကြိုးစားပမ်းစား ရှင်းပစ်ကြရအောင်နော်။

တစ်ခုပြောပြချင်တာကတော့ အောက်ကနည်းတွေက အရမ်းဆိုးတဲ့အမာရွတ်တွေအတွက်တော့ မရဘူးနော်။ ပြီးတော့ ၀က်ခြံက ပိုးဝင်ရောင်ရမ်းနေရင်လည်း မလုပ်သင့်ဘူးလေ။ ဒါကြောင့် အရမ်းဆိုးတဲ့အမာရွတ်တွေရှိရင် ၀က်ခြံတွေကပိုးဝင်ရောင်ရမ်းနေရင်တော့ အရေပြားအထူးကုဆရာဝန်ကြီးတွေကိုပဲ အားကိုးရမှာပါ သူငယ်ချင်းတို့။


ရှောက်၊ သံပုရာရည်၊ သံပုရို


သံပုရာသီးကတော့ အရေပြားရဲ့အနာအဆာတွေကို ဖယ်ရှားပေးတဲ့နေရာမှာ ဆရာကြီးပဲလေ။ သံပုရာရည်က Citric Acid ဟာ အရေပြားကိုနုပျိုစေတဲ့ Alpha Hydroxy Acids (AHA) နွယ်ဝင်ပေါ့။ AHA ဟာ ဆဲလ်ဟောင်းတွေကို ဖယ်ရှားပေးတယ်။ ဆဲလ်သစ်တွေဖြစ်ပေါ်တာကို အားပေးတယ်။ အရေပြားရဲ့ ကျုံဆန့်နိုင်တဲ့သတ္တိကို ပြန်လည်ရရှိစေပြီး အမာရွတ်ကိုလည်း ဖျော့သွားစေတာကြောင့် ၀က်ခြံအမာရွတ်တွေအတွက်တော့ အရမ်းအသုံးဝင်တယ်လေ။ အဲ့ဒီတော့ သံပုရာရည်လေးကို အမာရွတ်ပေါ်တို့ထားပြီးခဏနေရင် ရေဆေးချလိုက်နော်။ တချို့ကလည်း သံပုရာရည်ကို ညမအိပ်ခင် အမာရွတ်ပေါ်လိမ်းပြီး အိပ်နိုင်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် အရမ်းနုတဲ့ အသားအရေတွေတော့ အဲလိုမလုပ်သင့်ဘူးထင်တာပဲ။


စန္ဒကူး


စန္ဒကူးကလည်း ၀က်ခြံအမာရွတ်တွေကို ပျောက်ကင်းစေတဲ့နေရာမှာ နာမည်ကြီးပါတယ်။ ဒါပေမယ့် စန္ဒကူးကို နှင်းဆီရည်နဲ့ ရောပေးရမှာပါ။ ၂ခုရောပြီး အနှစ်ပျစ်ပျစ်လေးဖြစ်လာတဲ့အခါ လိမ်းအိပ်လိုက်ပါ။ မနက်နိုးရင် မျက်နှာသစ်လိုက်ပေါ့။ အမာရွတ်တွေ ပျောက်ကင်းသွားတဲ့အထိ လုပ်ပေးရမှာပါ။



ခရမ်းချဉ်သီး


ခရမ်းချဉ်သီးကို ပါးပါးလှီးပြီး အမာရွတ်တွေပေါ် ပွတ်ပေးပါတဲ့။ ခရမ်းချဉ်သီးမှာVitamin A တွေ အများကြီးပါတယ်လေ။ Vit A က ၀က်ခြံထွက်တာကို လျှော့နည်းစေတယ်။ အသားအရေကို လန်းဆန်းစေတယ်။ အမာရွတ်တွေနဲ့ အသားအရေပျက်စီးတာတွေကိုလည်းပျောက်ကင်းသက်သာစေတယ်လေ။


သံလွင်ဆီ


သံလွင်ဆီက စားစရာတွေကို ပိုပြီးအရသာရှိစေသလို သင့်ကိုပိုလှလာအောင်လည်း စွမ်းဆောင်ပေးနိုင်တယ်နော်။ သံလွင်ဆီကို အမာရွတ်ပေါ်လူးပြီး နှိပ်နယ်ပေးပါ။ သံလွင်ဆီက အစိုဓာတ်ကို ဖြည့်ဆည်းပေးပြီး အသားအရေကိုနူးညံ့စေလို့ အမာရွတ်တွေကို မသိသာစေတော့ဘူးပေါ့။

ပျားရည်


ပျားရည်ကို သောက်မယ်၊ ပျားရည်နဲ့ မျက်နှာပေါင်းတင်ပေးမယ်ဆိုရင် ပျားရည်ရဲ့အစိုဓာတ်ဖြည့်ပေးတဲ့အစွမ်းကြောင့် ၀က်ခြံအမာရွတ်တွေကို ကုသရာမှာ ထိရောက်မှုရှိတယ်လေ။ ပျားရည်က ဒီလောက်စားလို့ကောင်းတာ၊ အသားလည်းလှစေတယ်ဆိုတော့ စမ်းကြည့်သင့်တယ်နော်။


Vitamin E


Vit E က အသားကိုလှစေတာ လူတိုင်းသိတယ်ဟုတ်?? Vit E က ၀က်ခြံအမာရွတ်မှ မဟုတ်ဘူးနော်။ အမာရွတ်တိုင်းကို သက်သာပျောက်ကင်းစေနိုင်တယ်လေ။ ကလေးမွေးပြီးလို့ ဗိုက်ကြောပြတ် ကျန်ခဲ့သူတွေအတွက်လည်း အသုံးဝင်ပါသေးတယ်။ ၀က်ခြံအမာရွတ်တွေအတွက်တော့ တော်တော်စွမ်းတယ်ဆိုပဲ။ Vit E အဆီလေးကို ၀က်ခြံအမာရွတ်တွေပေါ် သေချာစိမ့်ဝင်သွားအောင် လိမ်းပေးပါ။ အမာရွတ်တွေ တဖြည်းဖြည်းသက်သာလာပြီး သိပ်မဆိုးတဲ့ အမာရွတ်တွေဆိုရင် အချိန်တိုအတွင်းမှာ လုံးဝသက်သာပျောက်ကင်းစေနိုင်တယ်ဆိုတော့ သူ့အစွမ်းကအံ့မခန်းပါပဲနော်။

သခွားသီး


အရေပြားပြဿနာအမျိုးမျိုးမှာ သုံးနိုင်တာကတော့ သခွားသီးလေးပါပဲ။ ၀က်ခြံအမာရွတ်တွေမှာလည်း သုံးနိုင်တယ်လေ။ သခွားသီးရည်လတ်လတ်ဆပ်ဆပ်ကိုအမာရွတ်တွေပေါ် လိမ်းပေးပြီး မိနစ် ၂၀ ထားပါ။ ပြီးတော့ ရေအေးလေးနဲ့ မျက်နှာသစ်လိုက်နော်။ နေ့တိုင်းလုပ်သွားရင် အမာရွတ်တွေလည်း သက်သာလာမယ့်အပြင် အသားအရေလည်း လှလာမှာဆိုတော့ စမ်းကြည့်သင့်တာပေါ့။

နည်းတွေကတော့ အများကြီးပါပဲ သူငယ်ချင်းတို့ရေ။ ကိုယ်နဲ့ အဆင်ပြေနိုင်တာလေး ရွေးလုပ်ကြည့်ပေါ့။ အားလုံးကတော့ သူ့ဟာနဲ့သူ အစွမ်းထက်မှာပါ။ တခုပဲ :D စိတ်ရှည်ဖို့ပဲ လိုတယ်နော်။ အမာရွတ်တွေကို လုံးဝပျောက်ကင်းစေတယ်ဆိုတဲ့ကမ္ဘာကျော်ထုတ်ကုန်တွေတောင် တရက်ကို ၃ - ၄ ကြိမ် လိမ်းရပေမယ့် အနည်းဆုံး ၆ လ လောက်နေမှ အမာရွတ်တွေပျောက်တာ ဆိုတော့လေ။ အဲဒီတော့ ကိုယ်လှဖို့ပဲ သယ်ရင်းတို့ရယ် စိတ်ရှည်ရှည်နဲ့ ကြိုးစားလိုက်ကြစို့နော်။ Fighting !!!!

Myanmar Sky Link
(Myanmar Health & Beauty Website)
www.myanmarskylink.com မှ ကူးယူဖော်ပြပါသည်

ဝက်ခြံတွေကိုပျောက်ကင်းစေတဲ့ သဘာဝရဲ့ပဉ္စလက်စွမ်းအားများ

သူငယ်ချင်းတို့ကို ဒုက္ခပေးနေတဲ့ဝက်ခြံတွေကို နှိမ်နင်းပေးဖို့နည်းလမ်းတွေ ကြိုးစားပမ်းစားရှာထားပေးပါတယ်။ ဈေးကြီးကြီးပေးရတဲ့ အလှကုန်တွေကို လှည့်မကြည့်ပါနဲ့တော့။ သူငယ်ချင်းတို့ရဲ့ ကျန်းမာရေးကို အထောက်အကူပြုတဲ့ စားစရာလေးတွေရဲ့ ပဉ္စလက်ဆန်တဲ့အစွမ်းတွေကပဲ သူငယ်ချင်းတို့ကိုလှအောင် ကူညီပေးမှာပါ။ အကုန်အကျလည်းအများ၊ ဓာတ်မတည့်မှာလဲမပူရ၊ လွယ်လည်းလွယ်၊ ထိလည်းထိရောက် ဘယ်လောက်ကောင်းလဲနော်။ စမ်းကြည့်ကြပါအုံး။

ပန်းသီး

ပန်းသီးလေးရဲ့အစွမ်းနဲ့ သင့်အသားအရေကို ပြောင်းလဲရအောင်။ ပန်းသီးလေးကို ပါးပါးလှီးပြီး ရေနွေးပူလောင်းလိုက်ပါ။ ရေတွေကိုစုပ်ပြီး ပန်းသီးအသားလေးပိုနူးညံ့သွားပါစေ။ ပြီးရင် ခဏအအေးခံထားပြီး ၀က်ခြံရှိတဲ့နေရာတွေပေါ်မှာ ကပ်ထားလိုက်နော်။ ဒီနည်းလေးက အရေပြားအထူးကုဆရာဝန်ကြီးတွေ ထောက်ခံထားတဲ့ အကောင်းဆုံးနည်းတွေထဲက တစ်ခုပါ။ ၀က်ခြံကို မြန်မြန်ပျောက်ကင်းစေတဲ့ ပန်းသီးအက်ဆစ်ရဲ့နူးညံ့ချောမွတ်စေတဲ့အစွမ်းကို သူငယ်ချင်းအရမ်းကြိုက်သွားမှာ သေချာတယ်နော်။
သရက်သီး

“အသီးမှာသရက်”တဲ့။ သရက်သီးလေးကတော့ အကောင်းဆုံးအရသာကိုပေးသလို အသားအရေအတွက်လဲ အရမ်းကောင်းပါတယ်။ မျက်နှာအသားအရေကို ထိန်းသိမ်းတာကို ဆိုင်မှာအကုန်အကျခံပြီး သွားလုပ်စရာမလိုပဲ အိမ်မှာပဲလုပ်နိုင်မယ့် နည်းလေးပဲလေ။ သရက်သီးကို အခွံခွာပြီး သရက်သီးအသားတွေကို ခရင်းနဲ့ ကြေညက်အောင် ချေပေးပါ။ ပြီးတော့ ရလာတဲ့အနှစ်ကို မျက်နှာအနှံ့လိမ်းပြီး စက်ဝိုင်းသဏ္ဍာန်သေချာလေးနှိပ်ပေးနော်။ ၅-၁၀မိနစ်ကြာရင် ရေနဲ့သေချာဆေးချလိုက်ရုံပါပဲ။ မျက်နှာလေးက သန့်စင်ချောမွတ်ပြီး ချွေးပေါက်တွေပါ ကျဉ်းသွားပါလိမ့်မယ်။

သံပုရာသီးနဲ့ ဒိန်ခဲ

ဒီနှစ်မျိုးကလည်း သင့်ရဲ့ဝက်ခြံပြသနာကို ကူညီပေးနိုင်တယ်နော်။ ဒိန်ခဲနဲ့သံပုရာရည်လက်ဘက်ရည်ဇွန်း ၂ ဇွန်းစာစီကို ရောမွှေလိုက်ပါ။ ရလာတဲ့အနှစ်လေးတွေကို ၀ါဂွမ်းနဲ့ဆွတ်ပြီး ၀က်ခြံပေါ်ကပ်ထားလိုက်ပါ။ မျက်နှာတပြင်လုံး မလုပ်ရဘူးနော်။ ဒီနည်းလေးကို တစ်ပတ်တစ်ခါလုပ်ရင် ၀က်ခြံတွေ တဖြည်ဖြည်းပျောက်သွားပါလိမ့်မယ်၊

ရေနွေးကြမ်းနဲ့ မုန်လာဥနီ

ဒီနှစ်မျိုးအတွဲက နည်းနည်းတော့ထူးဆန်းမှာပဲနော်။ ဒါပေမဲ့ အရေပြားအထူးကုဆရာဝန်ကြီးတွေရဲ့ ထောက်ခံချက်ရထားတဲ့နည်းလေးပါ။ အနေတော်မုန်လာဥနီတစ်လုံးကို ရေစင်အောင်ဆေးပြီး ပြုတ်လိုက်ပါ။ ပြီးရင် ရေနွေးကြမ်းနဲနဲနဲ့ရောပြီး ညက်အောင်ချေပေးပါ။ သေချာကျေညက်တဲ့ အနှစ်လေးတွေ ရပြီဆိုရင်တော့ ၀က်ခြံတွေပေါ်အုံလိုက်ပါ။ ၁၅မိနစ်လောက်နေရင် ရေနွေးလေးနဲ့ဆေးချလိုက်ရုံပါပဲ။

လိမ္မော်သီးနဲ့ကြက်ဥ

အရွယ်တော်လိမ္မော်သီးတစ်လုံးကို အရေညှစ်ပြီး ကြက်ဥအကာနဲ့ ရောမွှေလိုက်နော်။ ရလာတဲ့အနှစ်ကို ၀က်ခြံပေါ်အုံပြီး ၁၅ မိနစ်ထားပါ။ ပြီးတော့ ရေဆေးချတာနဲ့ ၀က်ခြံက ရောင်တာရော နာတာပါ သက်သာသွားစေတဲ့အတွဲလေးပါ။

စတော်ဘယ်ရီရွက်

စတော်ဘယ်ရီသီးလေးတွေဟာ အရမ်းစားလို့ကောင်းသလို စတော်ဘယ်ရီရွက်လေးတွေဟာလည်း အရမ်းအသုံးဝင်ပါတယ်။ ဒီနည်းလေးက အလွယ်ဆုံးလို့တောင် ပြောရမလားပဲ။ စတော်ဘယ်ရီရွက်လေးတွေကိုရေအေးအေးနဲ့ သေချာဆေးပြီး ၀က်ခြံပေါ်ကပ်လိုက်ရုံပဲလေ။ ၁၀ မိနစ်နေရင် ခွာလိုက်။ ၀က်ခြံက နာတာရော ရောင်တာကိုရော အရွက်လေးက ယူပစ်လိုက်သလို သက်သာသွားမှာပါ။ ဒီထက်လွယ်တာတောင် ဒီလောက်လွယ်မှာမဟုတ်ဘူးနော်။

ကြက်ဥနဲ့ပျားရည်

အသားအရေလှပဖို့အတွက် အသုံးများတာလေးနှစ်ခုပါ။ ဒီနှစ်ခုကို ၀က်ခြံတွေအတွက်လည်း သုံးနိုင်ပါသေးတယ်နော်။ ကြက်ဥတစ်လုံးရဲ့အကာနဲ့ ပျားရည်လက်ဘက်ရည်ဇွန်း ၁ဇွန်းကို ရောလိုက်ပါ။ သမအောင်ရောမွှေပြီး ၀က်ခြံတွေပေါ်လိမ်းလိုက်ပါ။ မိနစ်သုံးဆယ်နေရင် ရေနဲ့သေချာဆေးချလိုက်ရုံပါပဲ။ တပတ်ကို တစ်ခါပုံမှန်လုပ်ပေးရင် ၀က်ခြံတွေ သက်သာပျောက်ကင်းသွားအောင် စွမ်းဆောင်နိုင်တဲ့ နည်းလေးပါပဲ။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူက အနံ့နံတော့ သုံးရမှာတွန့်မသွားနဲ့အုံးနော်။ သူ့ရဲ့ဓာတ်တိုးဆန့်ကျင်သတ္တိကို ဘာမှမယှဉ်နိုင်ဘူးလေ။ ကြက်သွန်ဖြူအခြမ်းလေးနဲ့ ၀က်ခြံပေါ်ကို အနည်းဆုံးသုံးခါပွတ်ပေးပါ။ အားနဲ့ပွတ်ရင်အသားအရေထိနိုင်လို့ ညင်ညင်သာသာလေး ပွတ်ပေးနော်။ ပြီးတော့ ၁၅မိနစ်လောက်နေရင် ရေနွေးလေးနဲ့ သစ်လိုက်ပါ။ အမာရွတ်မကျန်အောင်လည်း ကာကွယ်ပေးတဲ့ အဖိုးတန်နည်းလေးပါပဲ။

ဂျုံ

ဂျုံမှာ အဆီပိုတွေဖယ်ရှားပေးနိုင်တဲ့၊ ချွေးပေါက်တွေကို လုံးဝသန့်စင်စေတဲ့၊ မျက်နှာပေါ်က အစက်အပြောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ အံ့သြလောက်စရာအစွမ်းတွေရှိတယ်နော်။ ၀က်ခြံကုဖို့ဆိုရင်တော့ ဂျုံမှုန့်နဲနဲကို ရေသန့်နဲ့ ရောလိုက်ပါ။ ၀က်ခြံပေါ်ပဲ လိမ်းလည်း ရတယ်။ တမျက်နှာလုံးလိမ်းလည်း ရတယ်နော်။ ၁၅ - ၂၀ မိနစ်ကြာရင် ရေအေးအေးလေးနဲ့သာဆေးချလိုက်ပါ။ ၀က်ခြံက ရောင်နေတာလည်း သက်သာ၊ ချွေးပေါက်တွေလည်း သန့်စင်ပြီး၊ ၀က်ခြံရာလေးတွေပါ သက်သာသွားမှာ..။ ဘယ်လောက်ကောင်းလဲနော်။

သံပုရာရည်

သံပုရာရည်မှာ ဘက်တီးရီးယားပိုးတွေကို တိုက်နိုင်တဲ့အစွမ်းရှိတဲ့အစွမ်းရှိတော့ ၀က်ခြံတွေကို ကုသနိုင်တာပေါ့။ သံပုရာရည်ကို ၀ါဂွမ်းနဲ့တို့ပြီး ၀က်ခြံတွေပေါ်တို့ပေးပါ။ ရေပြန်ဆေးချစရာ မလိုဘူးနော်။ ၀က်ခြံပျောက်သွားတဲ့အထိတော့ တစ်နေ့ကိုသုံးကြိမ် လုပ်ပေးရမှာပါ။

သင်္ဘောသီး

သူငယ်ချင်းတို့ရဲ့ နီရဲပြီးရောင်နေတဲ့ ၀က်ခြံတွေအတွက် သင်္ဘောသီးလေးကိုလည်း အားကိုးနိုင်ပါသေးတယ်။ သင်္ဘောသီးက အရည်လေးကို ၀က်ခြံပေါ်တို့ထားလိုက်ရုံပါပဲ။ မိနစ် ၂၀ ထားပြီး ရေဆေးချလိုက်တဲ့အခါ ၀က်ခြံက နီတာ ရောင်တာ နာတာတွေ သက်သာသွားလိမ့်မယ်နော်။

ခရမ်းချဉ်သီး

အသားအရေကို သန့်စင်စေသလို အရောင်လည်းကျစေတဲ့ ခရမ်းချဉ်သီးလေးကလည်း ၀က်ခြံပြဿနာကို အစွမ်းပြဖြေရှင်းပေးနိုင်ပါတယ်။ ခရမ်းချဉ်သီးကို ပါးပါးလှီးပြီး ၀က်ခြံတွေပေါ် ကပ်ပေးပါ။ ၁၅ မိနစ်ကြာလို့ ရေဆေးချလိုက်ရင် သူငယ်ချင်းရဲ့အသားအရေလေး ပြောင်းလဲသွားတာကို တွေ့ရလိမ့်မယ်နော်။

သခွားသီး

အရေပြားပြဿနာအမျိုးမျိုးမှာ သုံးနိုင်တာကတော့ သခွားသီးလေးပါပဲ။ သခွားသီးက သူငယ်ချင်းတို့ကို ၀က်ခြံနဲ့ ဘာမှမဆိုင်တဲ့သူတွေဖြစ်အောင် လုပ်ပေးနိုင်တယ်နော်။ သခွားသီးကို ပါးပါးလှီးပြီး ၀က်ခြံရှိတဲ့ နေရာတွေပေါ်မှာ မိနစ် ၂၀ လောက် ကပ်ထားပြီး ရေအေးလေးနဲ့ ဆေးလိုက်ပါ။ ပုံမှန်သာလုပ်ရင် ၀က်ခြံဆိုတာ ဘာလဲလို့တောင် ပြန်မေးနေရမယ်တဲ့။

နည်းတွေကတော့ အများကြီးပဲ။ ဖတ်ရတာ မောသွားပြီလား။ ဒီလောက်ဆို ဘယ်နည်းလေးကကိုယ်နဲ့ သင့်တော်မလဲဆိုတာရွေးပြီးပြီဟုတ်..။ အော်.. လောကြီးပြီး မျက်နှာမသစ်ပဲ မလုပ်လိုက်နဲ့နော်။ အပေါ်က နည်းတွေအားလုံးကို မျက်နှာသစ်ပြီးမှ လုပ်ရမှာပါ။ သဘာဝသစ်သီးလေးတွေရဲ့ အစွမ်းကို သူငယ်ချင်းတို့ ကျေးဇူးတင်ရမှာပါ။ မသိသူကျော်သွား သိသူဖော်စား တဲ့။ တကယ်လည်း စားလို့ရတာတွေပါပဲ။ :P ၀က်ခြံရဲ့ သားကောင်အဖြစ်က အမြန်ဆုံးလွတ်နိုင်ပါစေ သူငယ်ချင်းတို့။

Myanmar Sky Link
(Myanmar Health & Beauty Website)
www.myanmarskylink.com မှ ကူးယူဖော်ပြပါသည်

ကင်ဆာရောဂါနှင့် သင်္ဘောရွက်

ကင်ဆာရောဂါနှင့် သင်္ဘောရွက် (ကိုယ်ကိုယ်တိုင် မခံစားရလည်း ခံစားနေရသော မိမိပတ်ဝန်းကျင်ကို မျှဝေပေးခြင်းဖြင့် ကုသိုလ်ယူကြပါစို့...)



လွန်ခဲ့သောနှစ်ပေါင်း ၃၅ နှစ်ကျော်က ဖြစ်သည်။ မြ၀တီစာပေတိုက်တွင် ကျွန်တော်အယ်ဒီတာချုပ် အဖြစ် တာဝန်ထမ်းဆောင်နေချိန်က ဖြစ်သည်။ တစ်နေ့တွင် ကျွှန်တော်နှင့်ခင်မင်ရင်းနီးသော ဆရာ ၀န်ကြီး ဒေါက်တာတင်အောင်သည် ကျွန်တော်ထံသို့လာ၍ စကားစမြည်ပြောရာမှ ထူးခြားသောသူ၏ ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို ပြောပြသွားသည်။ ဆရာဝန်ကြီး ဒေါက်တာတင်အောင်သည် ရန်ကုန်ဆေးရုံ ကြီးဓါတ်ရောင်ခြည်ဌာနတွင် တာဝန်ခံဆရာဝန်ကြီးတစ်ဦးဖြစ်သည်။ (ဆောင်းပါးနည်းနည်းရှည်သည် အချိန်သိပ်မရှိသော စာဖတ်ချစ်သူများ မိမိဘာသာမိမိ အပိုင်းအပိုင်း ခွဲ၍ ဖတ်ကြပါလေ)“ကင်ဆာနဲ့ပတ်သက်ပြီး ထူးခြားတဲ့ ကိုယ်တွေ့ဖြစ်ရပ် တစ်ခုကို ကျွန်တော် ပြောပြချင်တယ်။ လွန်ခဲ့တဲ့ ၅ လကျော်လောက်က ကျွန်တော်တို့ဌာနကို ကင်ဆာဝေဒနာရှင် ဆရာတော်တစ်ပါး ရောက်လာ တယ်။ ဆရာတော်က ကင်ဆာရနေလို့ ဓါတ်ရောင်ခြည်ကင်ဖို့ သက်ဆိုင်ရာ ဆရာဝန်ကြီးများရဲ့ ညွှန်ကြားချက်လည်းပါလာတယ်။ ကျွန်တော်တို့က ဆရာတော်ကို ဓါတ်ရောင်ခြည်ကင်ဖို့စီစဉ်တော့ ဆရာတော်က လက်မခံဘူး။ ပြန်ကြွသွားတယ်။ အဲ့ဒီလိုနေလာရာက၃-လကျော်လောက် အကြာမှာ အဲဒီဆရာတော် ပြန်ကြွလာတယ်။ ကျွန်တော်သူရောဂါကို စစ်ဆေးကြည့်တဲ့အခါ ကင်ဆာရော ဂါ ပျောက်ကင်းနေတာကို တွေ့ရတယ်။ ကျွန်တော်တို့လည်းအံ့သြမဆုးံဖြစ်သွားတယ်။



ဒါနဲ့ ‘ဆရာတော်ဒီကြားထဲ ဘာဆေးတွေ သောက်လဲလို့ မေးကြည့်တယ်။ ဆရာတော်က သင်္ဘော ရွက်အစိမ်းတွေကိုပဲ အရည်ညှစ်သောက်တယ်’ လို့ပြောပြတယ်။ သည့်နောက် ဆရာတော်လည်း ၀မ်းသာအားရ ပြန်ကြွသွားတာပဲ။ ဆရာတော်ရဲ့ ကင်ဆာရောဂါဟာ သင်္ဘောရွက် အစိမ်းကြောင့် ပျောက်တယ်ထင်တာပဲ၊ အတိအကျတော့ မပြောနိုင်ဘူး။ ဆေးသိပ္ပံသဘောအရ တစ်ဦး တစ်ယောက် သင်္ဘောရွက်ကြောင့် ကင်ဆာပျောက်တယ်ဆိုပေမဲ့ အားလုံးပျောက်လိမ့်မယ်လို့ ကောက် ချက်ချ မပြောနိုင်ဘူးဆရာ။ ကင်ဆာအမျိုးအစားနဲ့ ကင်ဆာလူနာပေါင်းများစွာကို စမ်းသပ် ကြည့်ပြီး ပျောက်မှ အတည်ပြုပြောနိုင်မှာပါ။ ထူးခြားတာကတော့ အမှန်ပဲဆရာ” ဟူ၍ ဆရာဝန်ကြီးဒေါက်တာ တင်အောင်က ပြောပြခဲ့သည်။ ကျွန်တော်လည်း ထိုစဉ်ကပင် သင်္ဘောရွက် စိမ်းအာနိသင်ကို သတိပြုမိသည်။ ၁၅-နှစ်ခန့်ကြာသောအခါ ဆရာဝန်ကြီး ဒေါက်တာတင်အောင်သည် ကွယ်လွန် သွားရှာသည်။ကျွှန်တော်လည်းကင်ဆာရောဂါနှင့် သင်္ဘောရွက်အကြောင်း သူ၏ပြောပြချက် ကို မေ့မေ့ပျောက် ပျောက် ပင်ရှိခဲ့သည်။ ဤသို့ရှိရာမှ မကြာမီက ရန်ကုန်မြို့မဟာသိမ်တော်ကြီး ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရက လက်ကမ်းစာစောင် ကလေးတစ်စောင်ကို မြတ်မင်္ဂလာတွင် လိုသလို အသုးံပြုနိုင်ရန် တာဝန်ခံအယ်ဒီတာ ဦးဥာဏ်လင်းအောင်မှတဆင့် ကျွန်တော့်ကို ပေးလိုက်သည်။ ဤလက်ကမ်း စာစောင်တွင် “ကင်ဆာရောဂါပျောက်စေသောသင်္ဘောရွက်” ဟူသော ဆောင်းပါးတစ်ပုဒ် ပါလာ သည်။ ရေးသားတင်ပြသူမှာ ဒေါက်တာခင်ရွှေ ( တိရစ္ဆာန်ဆေးကုဆရာဝန်) ဟူ၍ ဖော်ပြထားသည်။



ကျွှန်တော်ဖတ်ရူလေ့လာကြည့်ရာ ကင်ဆာရောဂါ ပျောက်စေသော သင်္ဘောရွက်အကြောင်း စုံစုံ လင်လင် ရေးသားထားသည်ကို တွေ့ရသည်။ ဤတွင်ကွယ်လွန်သူဆရာဝန်ကြီင်္း ဒေါက်တာ တင်အောင်၏ ကင်ဆာရောဂါနှင့် သင်္ဘောရွက်အကြောင်းပြောကြားချက်ကို သတိရကာ အများပြည် သူတို့ ဖတ်ရူနိုင်ရန် ထပ်ဆင့်တင်ပြပါသည်။ ကျွန်တော်သည် ဆရာဝန်လည်းမဟုတ်ပါ။ ဆေးဆရာ လည်းမဟုတ်ပါ။ ဆေးမြီးတို အကြောင်းရေးသားသူလည်း မဟုတ်ပါ။ သို့ရာတွင် ဤဖြစ်ရပ်၊ ဤ ဆောင်းပါးတို့သည် ကင်ဆာ ရော ဂါဝေဒနာရှင်တို့အတွက် တစ်စုံတစ်ခုသော အတိုင်းအတာအထိ အကျိုးပြုနိုင် လိမ့်မည်ဟုထင်မြင်ကာ မူရင်းအတိုင်း ကုသိုလ်ပြု တင်ပြအပ်ပါသည်။



ဒေါက်တာခင်ရွှေ (တိရစ္ဆာန်ဆေးကုဆရာဝန်) ဘာသာပြန်တင်ပြသော ဆောင်းပါးအပြည့်အစုံ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ “သင်္ဘောပင်ကို အပူပိုင်း အမေရိကန်နိုင်ငံတွင် စ-တင်စိုက်ပျိုးနေကြ သည်။ လက်တင်ဘာသာအားဖြင့် ( Carica Papaya ) ဟုခေါ်ပြီး သြစတြေးလျနှင့် နယူးဇီလန် တွင် ပေါပေါဟု ခေါ်ဆိုသည်။ မြောက်အမေရိကရှိ လက်တင်ဘာသာအားဖြင့် ( Asi-mina Tirbola ) နှင့်ရှိသော အပင်နှင့်မတူချေ။ ၎င်းကိုလည်း ပေါပေါဟုခေါ်ဆိုသည်။ နှစ်ပင်စလုံး ဆေးဖက်ဝင်ပါသည်။ သင်္ဘောရွက်အရည်သည် သြစတြေးလျနိုင်ငံ ရွှေကမ်းခြေရှိလူများအား ကင်ဆာရောဂါပျောက်စေပါသည်။



စာရေးဆရာ ( Harold Tieze )က ၎င်းစာအုပ်တွင် မည်သို့မည်ပုံ အဆီထုတ်မည်နှင့် ကင်ဆာပျောက် ကင်းသူတို့၏ ဇာတ်လမ်းတို့ကို အတိအကျ ရေးသားထားသည်။ ဤစာအုပ်တွင် ရွှေကမ်းခြေလက် ကမ်းစာစောင်တွင်ပါရှိသော အောက်ပါ အစီရင်ခံစာကိုဖော်ပြပါမည်။ “ပေါပေါသည် ကင်ဆာပျောက် သစ်သီးဖြစ်သည်။ ဥယျာဉ်မူးတို့သည် ကင်ဆာရောဂါရှင်တို့၏ သင်္ဘောရွက်အလှူခံမူကို အားပေး ကြသည်။ လွန်ခဲ့သော ၁၄- နှစ်က ဤအရပ်နေသူသည် ကင်ဆာရောဂါပျောက်ကြောင်း အရွက်၏ ဂုဏ်သတ္တိကိုထုတ်ဖော်ပါသည်။ ၎င်းကိစ္စကိုခြေရာခံလိုက်ရာ သူနာပြုဆောင် ရောက်သွားပါသည်။ မစ္စတာစတန်ရှယ်တန်သည် ပြုတ်ထားသော သင်္ဘောရွက်သတ္တုရည်ကို သောက်ခြင်းဖြင့် ပိန်းကြာ ရွက်ပေါ် ရေမတင်သကဲ့သို့ ကင်ဆာရောဂါ ရှောရှောရှူရှူ ပျောက်သွားသည်။



အမေရိကန်၌ သုသေသနလုပ်ရာတွင် သိပ္ပံဆိုင်ရာ အထောက်အထား ရရှိပါသည်။ ၎င်းသုသေသန၌ သင်္ဘောပင်မှ ဓာတုပစ္စည်းတစ်ခုကို ထုတ်နုတ်ရာ ကင်ဆာရောဂါ အဆတစ်သောင်းခန့် ထက်မြက် သွားပါသည်။ မစ္စတာရှယ်တန်က ဤတွေ့ရှိမူသည် ကျွန်ုပ်ကို သောက်သုံးရန် အကြံပေးခဲ့ပါသည်။ ကျွနှ်ပ် နှစ်လ စမ်းသောက်ကြည့်သည်။ ကျွန်ုပ်သည် တီဘီရောဂါကို ဓါတ်မှန်ဖြင့်အဆုတ် စစ်ဆေးခဲ့ သည်။ ဆရာဝန်တို့က ကင်ဆာပျောက်ပြီဟု ပြောပါသည်။ ထိုနှင့် ကျွန်ုပ်က အထူးကုတို့အား ပြော ကြားရာ ၎င်းတို့က မယုံကြည်ကြချေ။ နောက်ဆုးံ ခေါင်းကုတ်ပြီး ကျွနှ်ပ်က ကင်ဆာရောဂါအတွက် သင်္ဘော ရွက်ကို ပြုတ်သောက်ခဲ့ကြောင်း ထောက်ခံချက်ရေးခဲ့သည်။ ၁၉၆၂-ခုနှစ် ကင်ဆာသည် ဘယ်တော့ မှ ပြန်လည်မဖြစ်ပေါ်ခဲ့ပါ။ ရှယ်တန်၏ဇနီး သည်ကင်ဆာပျောက်ကြောင်း ဆေးမြီးတိုတို့ကို အခြားဝေဒနာ သည်တို့အားဖြန့်ဝေပေးရာ ၁၆-ယောက် ပျောက်ကင်းချမ်းသာပါသည်။



သင်္ဘောရွက်နှင့်ရိုးတံတို့ကိုမသောက်ခင် နှစ်နှစ်ရီကြာဒယ်အိုးထဲတွင် ပြုတ်ထားရပါသည်။သို့သော် ရေခဲသေတ္တာထဲတွင် ထားပါက ၃၊၄ရက် ခံပါသည်။ ထို့နောက် ပုပ်သွားမည်။ နောက်လူတစ်ယောက်က ၁၉၇၈-ခု စာစောင်ပါအတိုင်း ဖတ်ပြီး သင်္ဘောရွက်တို့ကိုဆေးလုပ်ကာ ကင်ဆာရောဂါသည်တို့အား ပေးခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ယခင် ကင်ဆာရောဂါတွေ့ရှိမူကြောင့် သေမည့်လူတို့သည် ယခုအခါ အသက်ရှင်နေကြသည်။ ထို့ကြောင့် သင်္ဘောရွက်ကုထုံးသည် ကင်ဆာကို တကယ်ပျောက် ကင်းပါသည်။ (ဆေးမြီးတို) သင်္ဘောရွက်အလတ်စားတို့ကို ဆေးကြောပြီး ဂေါ်ဖီကဲ့သို့ တောက် တောက်စဉ်းကာ ဒယ်အိုးထဲတွင်ရေနှစ်လီတာဖြင့် ပြုတ်ပါ။ အဖုံး ဖွင့်ပါ။ ၄-ခွက် ၂-ခွက်တင် ပြုတ်ပါ။ ထို့နောက်စစ်ပြီး ဖန်ပုလင်းထဲတွင်ထည့်ထားပါ။ ရေခဲသေတ္တာထဲတွင်ထည့်လျှင် ၃-၄-ရက် ခံမည်။ အကယ်၍ နောက် ကျသွားပါက စွန့်ပစ်လိုက်ပါ။ စားပွဲဇွန်းသုံးဇွန်း(သို့) ၅၀ မီလီမီတာကို ၁ရက် သုးံကြိမ်တိုက်ပါ။ ဤသင်္ဘောရွက် ကုထုံးဇာတ်လမ်းသည် အခြားဆေးဖက်ဝင်ကုထုံးများထက် ပိုမို ဆန်းပြားသည်။



R.J.W မှ အောက်ပါအတိုင်း စာတစ်စောင်ရေးသားသည်။ ကင်ဆာရောဂါဖြင့် သေလုဆဲဆဲ ဖြစ်နေသော လူနာများအား သင်္ဘောရွက်ပြုတ်ရည်နှင့် ကုရပါသည်။ ရှေးဦးစွာ အသက် ၄၀-ရှိ ငှက်ပျောတောင် သူတစ်ယောက်တွင် ဆီးအိမ်ကင်ဆာရောဂါ ပြန့်ပွားမူကို မရပ်တန့်နိုင်ခဲ့ချေ။ ကျွန်ုပ်က တောစာ များ၊လတ်ဆတ်သောဂျုံဖြူများ၊သကြားများ၊ ထိန်းဆေးမပါသော အစားအစာများစားရန် ပြောကြားပြီး သင်္ဘောရွက်တစ်ဆုပ်ကျ ဒယ်အိုးထဲတွင်ထည့်ပြုတ်ကာ သောက်စေသည်။ ထိုတောင် သူသည် ၅-ပါတ် သောက်လိုက်ရာ ကင်ဆာရောဂါ ပျောက်ကင်းသွားသည်။ အရွက်တို့ကို အခြောက် လှန်း၊ အမှုန့် ထောင်းပါကပိုမိုစွမ်းပါသည်။ ကြွက်များတွင် စမ်းသပ်ကြည့်ရာ အောင်မြင်ပါသည်။ သင်္ဘောရွက်များကို ထုထောင်း၍ ကြွက်များကိုဆေးထိုးကြည့်ရာကြွက်ရှိကင်ဆာအကျိတ်များ ပျောက် ကုန်ပါသည်။ သင်္ဘောရိုးတံတွင် Acetogenin ဓာတုပစ္စည်း ပါဝင်ရာ ၎င်းသည် ဆဲလ်အတွင်းရှိ ATP ထုတ်လုပ်မူ များကိုမျှတစေပါသည်။



ဤသို့အားဖြင့် ကင်ဆာဆဲလ်များဖြင့် သွေးကြောများရှင်သန်မှုတို့ကို Acetogenin ဖျက်ဆီး ပစ်ပါ သည်။ သင်္ဘောရွက်သတ္တုရည်တွင် Acetogenin အပါအ၀င် ဓာတုပစ္စည်း ၁၀၀ ပါဝင်ပါသည်။ ၎င်းတို့သည် ခန္ဓာကိုယ်ဆဲလ်များကို ဓာတ်ကျဆင်းမှုတွင် ပံ့ပိုးကူညီပါသည်။ ၁၉၇၆-ခု၊ ဒေါက်တာ မက်လလင်း၊ ပါကျူးတက္ကသိုလ်ပါမောက္ခသည် အမျိုးသားကင်ဆာသိပ္ပံမှ မေတ္တာရပ်ခံချက်ကြောင့် ထိုဆေးပင်၏ ကင်ဆာထိရောက်မှုကို စမ်းသပ်ခဲ့သည်။ အပင် ၃၅၀၀-တွင် အစွမ်းထက်ပစ္စည်း ၅၀-တွေ့ပါသည်။ ၎င်းအနက် Acetogenin သည် အလွန်အစွမ်းထက်ပြီးသန်ကောင်များ ၊ ဗိုင်းရပ်စ်များ၊ မှိုများနှင့် ကင်ဆာဆဲလ်တို့ကို တိုက်ဖျက်ပါသည်။ ထို့ပြင် လူနာအား ဆေးကြောင့် ဒုက္ခမဖြစ်စေပါ။



အထူးသဖြင့် သင်္ဘောရွက်သည် ကင်ဆာကျိတ်တို့ကို ထူးကဲစွာ ချေဖျက်ပေးပါသည်။ ထို့ပြင် ဓာတု နှင့်ဓါတ်ရောင်ခြည်ကုထုံးတို့တွင် ပံ့ပိုးမှုအဖြစ် သင်္ဘောရွက်ကိုသုံးကြပါသည်။ ဘေးထွက်ဆိုးကျိုး မရှိပါ။ ထို့အတွက်ကြောင့် သင်္ဘောရွက်သည် မြစ်ချင်းပြီးဆေးတစ်လက်ဖြစ်ရာ ၎င်းနှင့်အလား တူဆေးအမည်မှာ ရဲယိုရွက်၊ ရဲယိုသီး၊ ခုခံအားကျဆင်းမှု ကယ်တင်ရှင်တို့ဖြစ်ကြပြီး အစာအိမ်နှင့် အူလမ်းကြောင်း ကင်ဆာတို့ကို တိုက်ဖျက်သည်။ သို့သော်လည်း သင်္ဘောရွက်ဆေးကို KC-H (သို့) COQ10 COENZYNE 10 ကဲ့သို့သော် လည်ပင်းကျိတ်ဆွဆေးပြားဖြင့်ပူးတွဲအသုံးပြုနိုင်သည်။ Laetrine ဆေးကိုမှီဝဲသော ကင်ဆာရောဂါရှင်တို့သည် သင်္ဘောရွက်နှင့်နာနတ်သီးကို စားပေးရပါမည်။ အဘယ်ကြောင့်ဆိုသော် အယ်ဇိုင်းဓာတ်တို့သည် ကင်ဆာဆဲလ်တို့ကို ဖယ်ရှားပေးသည်။ ထို့ကြောင့် အစေ့အတွင်းရှိ B-17 သည် အလုပ်လုပ်နိုင်သည်။



တုပ်ကွေးရောဂါနှင့်ပတ်သက်၍ ကျောင်းသားတစ်ဦးမှ သိရှိရသည်မှာ ၎င်း၏သွေးသွင်းမူသည် ၁၅-လီတာရှိပြီး အင်အားချည့်နဲ့နေပါသည်။ ဖခင်ဖြစ်သူသည် စိတ်ပူပြီးဆေးမြီးတိုကို လိုက်ရှာရာ သင်္ဘော ရွက်အရည်ကိုသာလျှင် မှီဝဲကြောင်း၊ ၎င်းသွေးသွင်းမူကို ၂၀ လီတာတွင် သွေးဥငယ်အရေတွက် ၄၅.၅ ရှိကြောင်း၊ သို့သော် သင်္ဘောရွက်ဆေးကို မှီဝဲပြီးနောက် သွေးအဆင့် ၁၃၅-အထိ မြင့်တက်သွား ကြောင်း ၊ ဆရာဝန်တို့တောင်မှ အံ့အားသင့်ပြီး ကလေးကို ဆေးရုံမှဆင်းစေသည်။ ထိုသတင်းသည် တစ်မြို့လုံး ပျံ့နှံ့သွားပါသည်။ ၎င်းတို့၏ ဆေးမြီးတိုအရ သင်္ဘောရွက်နှစ်ရွက်ကို ဆေးကြောထုထောင်း စစ်ချရမည်။ ထိုအခါ အရွက်တစ်ရွက်လျှင် စားပွဲဇွန်း ၁-ရမည်။ တစ်နေ့လျှင် ၂-ဇွန်းမှီဝဲပါ။ ပြုတ်ခြင်း၊ အပူပေးခြင်း မပြုလုပ်ပါနှင့်။ ဆေးအာနိသင်ပြယ်တတ်သည်။ အရွက်ဖွားဖွားကိုရွေးပါ။ အလွန်ခါးသဖြင့် နှာခေါင်းပိတ်ပြီး မျိုရမည်။



နောက် ဇာတ်လမ်းတစ်ပုဒ်မှာ အသက် ၃၂-နှစ်ရှိသော ကျွှန်တော့်သူငယ်ချင်းတွင် လွန်ခဲ့သောနှစ်က တုပ်ကွေးဖြစ်ပြီး ဆေးရုံတင်ရသည်။ ဆရာဝန်ကတုပ်ကွေး ပျောက်ခြင်း မရှိကြောင်းပြောပြပါသည်။ မိမိခုခံအားကိုသာ မြင့်ပေးရန်ပြောသည်။ ထိုလူနာတွင် သွေးနှစ်ခါသွင်းပြီး ဘုရားဆီတွင် ဆုတောင်း နေရ သည်။ ၎င်း၏ သွေးဥတို့သည် ၂၈၀၀၁ သို့ ၃-ရက်အတွင်းကျသွားသည်။ ထိုအခါ ယောက္ခမ ဖြစ်သူက သင်္ဘောရွက်ရည်တိုက်ပြီး ကုသရာ သွေးများပြန်လည်မြင့်တက်ပြီး ၃-ရက်အတွင်း ပိန်းကြာရွက် တွင် ရေမတင်သကဲ့သို့ ရောဂါပျောက်ကင်းခြင်းသို့ ရောက်၏။ ထူးခြားသည်မှာ သင်္ဘော ရွက်သည် တုပ်ကွေးရောဂါဖြစ်သူအား အပူငြိမ်းစေကာ အေးမြမှုကိုပေးပါသည်။ လည်ချောင်း ရောဂါဖြစ်ပါက သင်္ဘောရွက်ကို မှီဝဲသင့်သည်။ ထို့်ကြောင့် အိုသူတော်ကောင်းအပေါင်းတို့ သင်္ဘော ရွက်ကို မွှေစက်ထဲ သို့ထည့်ပြီး ညှစ်၍ သုံးဆောင်ကြပါလေ။



ဒေါက်တာခင်ရွှေ(တိရစ္ဆာန်ဆေးကုဆရာဝန်)



ဤကားဒေါက်တာခင်ရွှေ၏ ဘာသာပြန်ဆိုတင်ပြချက် ဖြစ်ပါသည်။ ကျွှန်တော်သည် ထိုအကြောင်း ကိုရင်းနှီးသောမိတ်ဆွေ ဆရာတက္ကသိုလ်ဝင်းမွန် ( တွဲဖက်ပါမောက္ခ-ငြိမ်း) ကို စကားစပ်မိရင်း ပြောပြ သည်။ ဆရာတက္ကသိုလ်ဝင်းမွန်က ကျွှန်တော်၏ ပြောပြချက်ကို မှတ်သားထားရာမှ လည်ပင်းကြီး ရောဂါ ရနေရှာသူ နွမ်းပါးသောမိန်းကလေးတစ်ဦးအား ပြောပြသည်။ သင်္ဘောရွက်စိမ်းကို ထောင်းထု၍ အရည်ညှစ် သောက်ကြည့်စေသည်။ ဆရာတက္ကသိုလ်ဝင်းမွန်က “ဆရာဝင်းရေ၊ အဲဒီမိန်းကလေးရဲ့ လည်ပင်းကြီး ရောဂါဟာသိသိသာသာ လျော့ကျသွားတယ်” ဟူ၍ဖုန်းဆက် ပြောသည်။ သင်္ဘော ရွက်စိမ်းကတော့ တစ်နည်းမဟုတ်တစ်နည်း အာနိသင်ရှိသည်မှာ အမှန်ဖြစ်ပါသည်။



ကျွန်တော်သည် အသက် ၈၃-နှစ် ရှိသော်လည်း ဘာရောဂါမျှမရှိ။ ကျန်းမာပေါ့ပါးဖျတ်လတ်၍ တစ် နေ့လျှင် ၈-နာရီကျော် အယ်ဒီတာနှင့်စာရေးဆရာအလုပ်ကို လုပ်ကိုင်နေပါသည်။ ကျွန်တော်သည် ထမင်းစားတိုင်း သင်္ဘောရွက်စိမ်းကို ရေနွေးဖြော၍ မကြာခဏ တို့စားလေ့ရှိပါသည်။ သဘောင်္ရွက်စိမ်း မစားဖြစ်သော နေ့ ဆိုလျှင် ရဲယိုရွက်စိမ်းကို ရေနွေးဖြော၍ တို့စားတတ်ပါသည်။ သင်္ဘောရွက်စိမ်းနှင့် ရဲယိုရွက်စိမ်းသည် ကျွှန်တော်အားထားရာ အစားအစာများတွင် နှစ်ခုပါဝင်ကြောင်းတင်ပြအပ်ပါသည်။ ဖတ်မိသမျှကို ထပ်ဆင့် ၍မျှဝေလိုက်ပါသည်။ ရောဂါ ၊ဝေဒနာခံစားမှုမှ လျှော့ပါးနိုင်ကြပါစေ။


http://khinmaungsoe11.blogspot.com/2011/10/blog-post_16.html

Wednesday, January 25, 2012

သေပြီးသည့်နောက်မှာပင် ကိုယ့် ဖေ့စ်ဘွတ်ခ်မိတ်ဆွေများကို တမလွန်ကနေ နောက်ဆုံးစကား လှမ်းပြောနိုင်မည့် စနစ်တစ်ခု ဖေ့စ်ဘွတ်ခ် တီထွင်

ကိုယ့် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ကိုယ်တင်ချင်ရာများကို အသက်ရှင်နေစဉ်သာမက ကိုယ် ကွယ်လွန်သွားပြီးချိန်မှာပင် တမလွန်က လှမ်းတင်လိုက်သည့်အလား ဖန်တီးပေးနိုင်မည့် စနစ်တစ်ခုကို ဖေ့စ်ဘွတ်ခ်က တီထွင်လိုက်ကြောင်း သိရသည်။ ထိုစနစ်အရ အသက်ရှင်နေစဉ် တစ်လျှောက် မည်သူ့ကိုမျှ အသိမပေးခဲ့သော လျှို့ဝှက်ချက်များကို ကိုယ့် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် တမလွန်ရောက်ခါမှ လှမ်းတင် အသိပေးလိုက်သကဲ့သို့ဖြစ်အောင်လည်း ဖန်တီးပေးနိုင်ကြောင်း သိရသည်။

ထိုစနစ်ကို If I Die ဟု အမည်ပေးထားပြီး ကွယ်လွန်ပြီးချိန်တွင် မည်သည့်အကြောင်းအရာကို အသိပေးချင်သနည်းဟူသော မေးခွန်းဖြင့် ထိုအပလီကေးရှင်းက ကိုယ့်ကို ကြိုဆိုမည်ဖြစ်သည်။ ကိုယ် ကွယ်လွန်ပြီးနောက် ကျန်ခဲ့သူများကို ပြောချင်သည်များ အသိပေးချင်သည်များကို စာသားများဖြင့်သော်လည်းကောင်း၊ အသံဖိုင်များဖြင့်သော်လည်းကောင်း၊ ဗီဒီယို ရုပ်သံများဖြင့်သော်လည်းကောင်း ကြိုတင်ရိုက်ကူးပြီး ထိုစနစ်တွင် ထည့်သွင်းထားနိုင်ကြောင်း သိရသည်။

ထိုစနစ်ကို အသုံးပြုလိုသူအနေဖြင့် ထိုသို့ ဖန်တီးပြီးပါက ယုံကြည်စိတ်ချရဆုံး မိတ်ဆွေ သုံးဦးကို ရွေးပေးရသည်။ ထိုသို့ ရွေးချယ်သတ်မှတ်ပေးထားခဲ့မှသာ ထိုလူ သေဆုံးကြောင်းကို ထိုသုံးဦးထံ ဖေ့စ်ဘွတ်ခ် စနစ်က လှမ်းမေးမြန်းပြီး မှန်ကန်ကြောင်း ထိုလူ သုံးဦးလုံးကိ ထောက်ခံမှသာ If I Die စနစ်သည် ကွယ်လွန်သူ ချန်ထားခဲ့သည့် စာသားသော်လည်းကောင်း၊ ဓာတ်ပုံသော်လည်းကောင်း၊ ဗီဒိယိုသော်လည်းကောင်းကို ထိုလူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ၎င်းကိုယ်တိုင် တမလွန်က လှမ်းတင်လိုက်သကဲ့သို့ဖြစ်အောင် ဖော်ထုတ်တင်ပေးမည်ဖြစ်ကြောင်း သိရသည်။



သန်းထိုက်စိုး

Source: Daily Mail

အပင်သေပေမယ့် အစဉ်ဝေနေမယ့် သစ်တစ်ပင်အကြောင်း

အရှင်ဉာဏိက



အမေဆိုတာက သင့်ရဲ့နေ့တွေကို ရောင်စုံ သက်တန့် အလင်းနဲ့ ဝင်းပစေသူပါ။



အမေဆိုတာက သင့်ရဲ့ အိပ်မက် ညတွေကို ပုံပြင်တေး သီချင်းနဲ့ နွေးထွေး လှပစေသူပါ။



အမေဆိုတာက သင့်ရဲ့ မျက်ရည်စကို နှုတ်ခမ်းနဲ့ နမ်းလို့ ခမ်းခြောက်စေတတ်သူပါ။



အမေဆိုတာက…..



တုမမီ



လှပတဲ့ ကောင်းကင်ပြာမှာ



ကြယ်တာရာပေါင်းများစွာ လင်းလက်နိုင်ပါ၊



သမုဒ္ဒရာကမ်းရဲ့ သဲသောင်သာ



ခရုခွံလေးများစွာ ရောင်စုံဖြာ၊



နွေးထွေးတဲ့ နေရောင်ခြည်မှာ



ငှက်ငယ်များစွာ ပျံသန်းတေးဆိုနိုင်ပါ၊



နံနက်ခင်း လင်းအာရုဏ်မှာ



နှင်းစက်များစွာ နှုတ်ဆက်ဝေဖြာ၊



ရောင်စုံပန်းခင်း အလယ်မှာ



ပျားပိတုန်း ကုဋေကုဋာ ဝေ့သီဝဲကာ၊



စိမ်းလန်းတဲ့ မြက်ခင်းပြင်မှာ



လိပ်ပြာငယ်ပေါင်းများစွာ ဝဲပျံနိုင်ပါ၊



ဒါပေမယ့်



ဒီ မဟာပထဝီ မြေကမ္ဘာမှာ



အမေဆိုတာ တစ်ယောက်ထဲပဲ ရှိနိုင်ပါ



အို-အမေဆိုတာ တစ်ယောက်ထဲပဲ ရှိနိုင်ပါ။



ဉာဏ်ဦးမောင်



"အမေဆိုတာ ငါးယောက်ရှိတဲ့ စားပွဲဝိုင်းမှာ "အမေကတော့ ဒီမုန့်ကို မကြိုက်ပါဘူးကွယ်" လို့ပြောပြီး မုန့်ကို လေးစိတ်ပဲ စိတ်တဲ့သူ။ သားသမီးတွေနဲ့ ပတ်သက်လာရင် သူ့အတွက်ဆိုတာကို ဘယ်သောအခါမှ ထည့်မစဉ်း စားတဲ့သူ"-တဲ့။ တင်နေဗာ ဂျော်ဒန်ရဲ့ ဒီစကားလေးဖတ်မိတော့ ငယ်ငယ်က ဟင်းအိုးမှာ ကပ်ကျန်နေတဲ့ ဟင်း ကျန်လေးတွေနဲ့သာ လူးလက်ကာ စားလေ့ရှိတဲ့ အမေ့ပုံကို ပြန်လည်မြင်ယောင်မိတယ်။ ကြည်နူးနေတဲ့ အမေ့ အပြုံးက ကျင်ကနဲဖြစ်ရတဲ့အထိ နှစ်လုံးကို ခုပဲ လာရောက်ထိခတ်သလို ခံစားမိရပြန်တယ်။



"သားတို့စားပါ၊ အမေက ခုနကမှ ထမင်းချက်ရင်း ထမင်းကြမ်းလေးစားထားလို့ သိပ်မဆာဘူးလို့ ပြောတတ်"တဲ့ အမေ။ တကယ်တော့ ရှိသမျှ ထမင်းနဲ့ ဟင်းကျန်ကို ကိုယ်တို့ညီအကိုတွေ အကုန်စားပစ်လို့ ဘာထမင်းမှ ကျန် မနေခဲ့ပါဘူး။ ဒါပေမယ့် နွမ်းပါးလှတဲ့ မိသားစုမှာ မလောက်မင တိုင်းကာချက်ရတတ်လို့ သားသမီးတွေ စိတ် ဖြောင့်ဖြောင့် စားနိုင်စေဖို့ အမေက သိပ်မဆာဘူးရယ်လို့ ဆိုပြီး ဟင်းအိုးကျန်လေးကိုသာ လူးပြီးစားခဲ့တဲ့ အမေ့ မေတ္တာ။ ဒီမေတ္တာကို ငယ်ရွယ်စဉ် အဲဒီအချိန်က ကောင်းကောင်းနားမလည်နိုင်ခဲ့ဘူး။



အမေဆိုတာကတော့ အမေပါပဲလေ။ ခိုင်းစရာ၊ နှိုင်းစရာ ဘယ်မှာ စကားလုံးဥပမာဆိုတာ ရှာလို့ရနိုင်ပါမတဲ့လဲ။ ဆိုဖီယာလောရင်ဆိုတဲ့ အမျိုးသမီးကြီးတစ်ဦးက ပြောဖူးတယ်။ "သင်သာ မိခင်တစ်ယောက်ဖြစ်နေတယ်ဆို လျင် သင့်အတွေးထဲမှာ ဘယ်သောအခါမှ တစ်ယောက်ထဲ အတွက် ဆိုတာ မရှိနိုင်ပါဘူးတဲ့။ မိခင်ဆိုတာ အမြဲ တမ်း နှစ်ယောက်အတွက် တွေးတတ်တယ်။ တစ်ယောက်က သူကိုယ်တိုင်အတွက်နဲ့ တစ်ယောက် ကတော့ သူ့ရဲ့ သားသမီးများအတွက်ပါ"-တဲ့။ ဒို့တတွေ တွေးတဲ့အခါမှာရော။ ဒို့မိခင်တွေ တွေးသလို နှစ်ယောက်အတွက် များ တွေးခဲ့ဖူးပါသလား။ ဒို့တွေ မြတ်နိုးနှစ်သက်တဲ့အရာတစ်ခုကို ဒို့အတွက် စဉ်းစားတဲ့အခါမှာ "ဒါလေးကို တော့ ဒို့အမေလည်း နှစ်သက်မှာပဲရယ်"လို့ အမေ့အတွက်ဆိုတဲ့ အတွေး ဘယ်နှစ်ခါများ ဒို့တွေက တွေးခဲ့ဖူးပါ သလဲ။



အမေဆိုတာ ငါဘယ်တော့မှ ပြည့်စုံအောင် ဖွဲ့သီနိုင်မယ် မဟုတ်တဲ့ကဗျာတစ်ပုဒ်ပါ၊ ဒါပေမယ့် ငါရေးဖွဲ့သမျှက တော့ အမေ့အဖို့ လှပပြည့်စုံနေတဲ့ ကဗျာတွေချည်းသာပါ။ (ရှယ်ရွန် ဒေါ်ဘီယာဂို) မိခင်တစ်ယောက်ရဲ့ အကြင်နာ၊ မိခင်တစ်ယောက်ရဲ့ မေတ္တာ။ မိခင်တစ်ဦးရဲ့ စွန့်လွှတ်ပေးဆပ်နိုင်မှုနဲ့ အနစ်နာခံနှိုင်မှု အလှတွေကို ဘယ်လို သား သမီးတစ်ဦးတစ်ယောက်ကများ ပြည့်ဝကုန်စင်အောင် ကဗျာနဲ့ စာနဲ့ ဖွဲ့သီနိုင်ပါ့မလဲ။



ဖွဲ့သီလို့ရော ရနိုင်ကောင်း ပါ့မလဲ။ ဒါပေမယ့် မိခင်တွေအဖို့တော့ သားသမီးများရဲ့ ရေးဖွဲ့သီကုံးသမျှဟာ တကယ့်ကိုပြည့်ဝကောင်းမွန်လွန်း လှတဲ့ ကဗျာတွေချည်းသာ ဖြစ်နေနိုင်တယ်လေ။ တကယ်တော့ အမေဆိုတာ သားသမီးတွေရဲ့စာကို မျက်လုံးနဲ့ ဖတ်တာမှ မဟုတ်တာ။ နှစ်လုံးသားနဲ့ ဖတ်ကြတာပဲဟာကိုး။ သားသမီးတို့ရဲ့စကားကိုလည်း နားနဲ့ ကြားတတ်ကြ တာမျိုးမှ မဟုတ်တာ။ နှစ်လုံးသားနဲ့ နားထောင်တတ်ကြသူတွေပဲလေ။



ဟယ်ရီထရူမင်းက ပြောခဲ့ဘူးတယ်။ အမေ့နေရာကို ဘယ်သူတစ်ဦးယောက်နဲ့မှ အစားထိုးလို့ မရနိုင်ပါဘူးတဲ့။ သင်မှားချင် မှားမယ်၊ မှန်ချင်မှန်မယ်။ ဒါပေမယ့် အမေရဲ့အမြင်မှာတော့ သင့်ဖက်က အမြဲမှန်တယ်လို့ မြင်တယ် တဲ့။ နောက်ပြီး အမေတွေဆိုတာ သားသမီးတွေရဲ့ သေးသေးငယ်ငယ် အပြစ်လေးတွေအတွက် မြည်တွန် တောက်တီးကောင်း တောက်တီးမယ်။ ဒါပေမယ့် သားသမီးတွေရဲ့ ကြီးမားတဲ့ အပြစ်တွေအတွက်တော့ ဘယ် သောအခါမှ ပြစ်တင်စကား ဆိုမယ် မဟုတ်ဘူးတဲ့။ အမေဆိုတာ ခွင့်လွှတ်အနစ်နာခံတတ်မှုရဲ့ ဥပမာတစ်ခုပါ။



အမေဆိုတာက သင့်ရဲ့နေ့တွေကို ရောင်စုံသက်တန့်အလင်းနဲ့ ဝင်းပစေသူပါ။


အမေဆိုတာက သင့်ရဲ့အိပ်မက်ညတွေကို ပုံပြင်တေးသီချင်းနဲ့ နွေးထွေးလှပစေသူပါ။


အမေဆိုတာက သင့်ရဲ့မျက်ရည်စကို နှုတ်ခမ်းနဲ့နမ်းလို့ ခမ်းခြောက်စေတတ်သူပါ။


အမေဆိုတာက…..


ကိုယ်ဖတ်ခဲ့ဘူးတဲ့ ကိုးရီယားမိခင်တစ်ယောက်အကြောင်းကို ကိုယ်ပြောပြချင်နေမိတာ ကြာပြီ။ ဒါပေမယ့် ကိုယ် ပြောပြလို့ ဒီအကြောင်းဖတ်မိတဲ့ မိခင် တစ်ယောက်ရဲ့ပါးပြင်စမှာ မျက်ရည်တစ်စ ကျသွားခဲ့ရင် နာကျင်သွားချည် ရဲ့ဆိုတဲ့အတွေးနဲ့ မိခင်တွေအတွက် စာနာပေးခဲ့လို့ မရေးဖြစ်ခဲ့၊ မပြောဖြစ်ခဲ့ဘူး။ ဒါပေမယ့် မိခင်မေတ္တာအပေါ် သံသယရှိနေမယ့် တစ်ယောက်ယောက်အတွက်များ မိမေတ္တာကို မှန်းဆရာမှာ အထောက် အကူဖြစ်စေမလား ထင်မိလို့ ခုတော့ ပြောပြချင်မိပါတယ်။



"ကျနော့မိခင်က မျက်လုံးတစ်ဖက်သာ ရှိသူပါ။ တစ်ဖက်ကန်းအမေ့ကို ကျနော် သိပ်မုန်းခဲ့တယ်။ မျက်လုံးတစ် ဖက်နဲ့ အမေဟာ ကျနော့်အတွက် အလွန်စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။ အမေ့မှာ လမ်းဘေးဈေးလေးမှာ ပစ္စည်း ဟောင်းတွေရောင်းတဲ့ ဈေးဆိုင်လေးရှိပါတယ်။ သိပ်အသုံးမဝင်လှတဲ့ အသေးစား ပစ္စည်းဟောင်းလေးတွေကို ကောက်ယူသိမ်းဆည်းပြီး ပြန်ရောင်းတာပါ။ အမေရောင်းသမျှငွေအားလုံးဟာ ကျနော်တို့ လိုအပ်သမျှကို ဖြည့် ဆည်းဖို့ သက်သက်ပါ။



တစ်နေ့ကိုတော့ ကျနော်ကောင်းကောင်း မှတ်မိနေပါသေးတယ်။ အဲဒီနေ့က ကျနော်တို့ မူလတန်းကျောင်းလေး ရဲ့ ပြင်ပလေ့လာရေး ခရီးထွက်တဲ့ နေ့တစ်နေ့ပေါ့။ ကျနော်နဲ့ ကျနော့်သူငယ်ချင်းတွေ ရှိတဲ့နေရာကို အမှတ်မထင် အမေရောက်လာခဲ့ပါတယ်။ ခုလို အမေကျနော့ ဆီကို ရောက်လာတဲ့အတွက် ကျနော်သိပ်ကို စိတ်ဆိုးဒေါသ ဖြစ်ခဲ့တယ်။ ဘာကြောင့် ခုလိုကျနော်ရှိရာနေရာကို အမေရောက်လာရတာလဲ။ ကျနော်ရဲ့ နာကျည်းမုန်းတီးတဲ့ အကြည့်က အမေ့ဆီကို ဆိုက်ရောက်ခဲ့ပါတယ်။ ဒါကို အမေကောင်းကောင်းနားလည်ပုံပါပဲ။



နောက်တစ်ရက် ကျောင်းရောက်တဲ့အခါမှာတော့ "မင်းအမေက မျက်စိတစ်ဖက်တည်းရှိတာ၊ မင်းက မျက်ကန်း မ သားပဲ"ရယ်လို့ သူငယ်ချင်းတွေက စနောက်ကြပါတယ်။ အဲဒီအချိန်မှာ ကျနော်အတောင့်တဆုံးဆန္ဒဟာ ကျ နော့်အမေ ဒီကမ္ဘာမြေပေါ်က ဘယ်သောအခါမှ ပြန်လည် မပေါ်လာနိုင်တော့ တဲ့ ပျောက်ကွယ်သွားခြင်းမျိုးနဲ့ ပျောက်ကွယ်စေချင်တာပါပဲ။ ဒါကြောင့် ကျနော်က အမေ့ကို "အမေ ဘာဖြစ်လို့ အမေ့မှာ မျက်လုံးက တစ်ဖက် တည်းပဲ ရှိရတာလဲ။ အမေဟာ ကျနော့်ကို အခြားသူတွေရဲ့ လှောင်ပြာင်ကဲ့ရဲ့ခံရစေဖို့ သက်သက်ဖြစ်နေသလိုပဲ။ အမေဘာကြောင့် ခုထိ မသေနိုင်ရသေးတာလဲ" လို့ နာကျည်းစွာ ပြောခဲ့ပါတယ်။



ကျနော့စကားကို အမေက လုံးဝ မတုံ့ပြန်ခဲ့ပါဘူး။ ကျနော် ကိုယ့်ကိုယ်ကို အပြစ်အနည်းငယ် ရှိတယ်ရယ်လို့ တော့ ခံစားမိပါတယ်။ ဒါပေမယ့် ဒီအချိန်ဟာ ကိုယ်ပြောချင်တဲ့ စကားတွေကို အမေ့ကို ပြောဖို့အခွင့်အခါကောင်း ပဲဆိုပြီး ကျနော်မျိုသိပ်ထားခဲ့သမျှ၊ မကျေနပ်တာမှန်သမျှကို အမေ့ကို ပြောပြစ်ခဲ့ပါတယ်။ အဲဒီတုံးကတော့ ကျ နော်ခုလို နာနာကျည်းကျည်း ပြောဖြစ်ခဲ့တာဟာ အမေက ကျနော့ကို ဘာမှ အရေးမယူ အပြစ် မပေးလို့လို့ ထင် ခဲ့တာပါ။ ဒါပေမယ့် ကျနော့စကားတွေက အမေ့ကို အသဲခိုက်မတတ် နာကျင်စွာ ခံစားခဲ့ရပေလိမ့်မယ်ဆိုတာ ကျနော်လုံးဝ လုံးဝကို မတွေးခဲ့ပါဘူး။



အဲဒီညမှာပဲ ညလယ်မှာ ကျနော် အိပ်ရာက နိုးခဲ့ပါတယ်။ ရေဆာတာနဲ့ ရေသောက်ဖို့ မီးဖိုထဲကိုအသွားမှာ မီးဖို ထောင့်မှာ တိုးတိုးတိတ်တိတ် ရှိုက်ကြီးတငင် ကြိတ်ပြီးငိုနေတဲ့ အမေ့ကိုတွေ့ရပါတယ်။ အမေငိုနေတာကို မသိ ယောင်ဆောင်ပြီး ကျနော်လှည့်ထွက်ခဲ့ပါတယ်။ ပြောခဲ့သလိုပါပဲ။ ကျနော့်သူငယ်ချင်းတွေရဲ့ အလယ်မှာ ကျနော့ ကို ရယ်စရာဖြစ်နေခဲ့တာကြောင့် အမေဟာ ကျနော့နှစ်လုံးသား ဒဏ်သင့်နာကျင်စေခဲ့သူ တရားခံလို့ ထင်နေခဲ့တာပါ။ ဒါကြောင့် မျက်လုံးတစ်လုံးတည်းနဲ့ ငိုနေတဲ့ အမေ့ရဲ့ ငိုကြွေးမှုက ကျနော့ကို အမေ့ကို ပိုမိုမုန်းတီးစေဖို့ တွန်းအားပေး သလို သာ ဖြစ်စေခဲ့ပါတယ်။ ဒါကြောင့်ပဲ "ငါမြန်မြန်ကြီးပြင်းဖို့ လိုတယ်။ ငါဟာအောင်မြင်သူ တစ် ယောက်ဖြစ်ဖို့လိုတယ်။ ငါဟာ ငါ့အမေ တစ်ဖက်ကန်း ကို မုန်းတီးတယ်ဆိုရင် အမေ့အိမ်ကနေထွက်ပြီး သီးသန့် ရပ်တည်နိုင်အောင် ကျိုးစားဖို့လိုမယ်" လို့ ကျနော့်ကို ကျနော် ပြန်ပြောမိပါတယ်။



အဲဒီနောက်မှာတော့ ကျနော် အပြင်းအထန် ကြိုးစားခဲ့တယ်။ ကျနော် အမေ့ကိုစွန့်ခွါခဲ့ပြီး ဆိုးလ်ကိုပညာသင်ဖို့ ထွက်လာခဲ့တယ်။ ဆိုးလ်တက္ကသိုလ် ကနေ လက်ခံခဲ့လို့ တက္ကသိုလ်ကိုတက်ရောက်ပြီး အဲဒီကနေ ဘွဲ့ရခဲ့တယ်။ ကိုယ်ကိုယ်ကို ယုံကြည်မှုတွေလည်း ရှိလာခဲ့တယ်။ အဲဒီနောက် ကျနော် ကျနော့ချစ်သူနဲ့ လက်ထပ်ခဲ့ပါတယ်။ ကျနော်တို့အတွက် ကိုယ်ပိုင်အိမ်တစ်လုံးကိုလည်း ဝယ်ယူနိုင်ခဲ့ပါတယ်။ သားသမီးတွေလည်း ရလို့ အောင်မြင် တဲ့ အိမ်ထောင်တစ်ခုကို လှလှပပ တည်ဆောက်နိုင်တဲ့ အိမ်ထောင်ဦးစီးကောင်း တစ်ယောက်အဖြစ် ဂုဏ်ယူနိုင် ခဲ့ပါတယ်။ ကျနော့်ရဲ့ တစ်ဖက်ကန်းအမေကို ပြန်လည်သတိမရစေနိုင်ခဲ့တာကြောင့် ဒီဘဝ အနေအထားလေးကို ကျနော်သိပ်ကျေနပ် နှစ်သက်ခဲ့ပါတယ်။



ကျနော့ရဲ့ ပျော်ရွင်မှုတွေဟာ တဖြေးဖြေးတိုးတိုးပြီးသာ လာခဲ့ပါတယ်။ မမျှော်လင့်တဲ့သူ တစ်ဦးကို အမှတ်မထင် တွေ့လိုက်ရတဲ့ အချိန်ထိအောင်ပေါ့။ ဒီတစ်ဦးကလား။ ဘယ်သူဖြစ်ရဦးမှာလဲ။ ကျနော့ရဲ့ မျက်လုံးတစ်ဖက်သာ ရှိတဲ့အမေပေါ့။ ကျနော့အိမ်တံခါးဝမှာ အမေ့ကို ကျနော်တွေ့လိုက် ရတဲ့အချိန်မှာတော့ ကောင်းကင်ကြီးတစ်ခုလုံး ကျနော့ကိုယ်ပေါ် ပြိုကျလာသလို ခံစားလိုက်ရပါတယ်။ ကျနော့ရဲ့ သမီးငယ်က မျက်လုံးတစ်ဖက်နဲ့ အမေ့ကို မြင်ပြီး ကြောက်လန့်လွန်းလို့ အော်ငိုခဲ့ပါတယ်။



ကျနော်က အမေ့ကို မသိယောင်ဆောင်ပြီး ခင်ဗျားဘယ်သူလဲ။ ဘာကြောင့် ဒီကိုလာရတာလဲ။ ခင်ဗျားကို ကျ နော်မသိဘူးလို့ ငေါက်ငန်းထုတ်ပါတယ်။ ဘာကြောင့် သူများအိမ်ကို ဝင်ရောက်ပြီး ခုလိုကြောက်လန့်တုန်လှုပ် အောင် ခြောက်လှန့်ရတာလဲ။ ခုချက်ခြင်းထွက်သွားလို့ အော်ငေါက်ခဲ့ပါတယ်။ အမေက"အို ဝမ်းနည်းပါတယ် ကွယ်။ အိမ်မှားပြီး ဝင်လာမိတာပါ" လို့ နူးညံ့စွာပြောပြီး ပြန်လည်ထွက်ခွါသွားပါတယ်။ အဲဒီကနောက် သူဘယ် တော့မှ ပြန်လည်ပေါ်မလာတော့ပါဘူး။ ဒီအတွက် ဘုရားသခင် ကို ကျေးဇူးတင်မိပါတယ်။



သူကျနော့ကို တကယ်မမှတ်မိလောက်ဖူးရယ်လို့လဲ ကိုယ့်ကိုယ့်ကို ညာနေမိပါတယ်။ ဒီအတွက်လည်း ဘာမှ အထူးအထွေ မခံစားရပါဘူး။ အို သိတော့လည်း ဘာအရေးစိုက်နေစရာလိုလဲလို့ ကိုယ့်လုပ်ရပ်ကို ဂုဏ်ယူကျေ နပ်နေမိတယ်။ ဒါဟာ ဒီဘဝအတွက် နောက်ဆုံးတွေ့ ဆုံခြင်း ပဲ ဖြစ်မှာပဲဟာ။



ကျနော့မိသားစုဘဝလည်း ပိုမိုပြီးသာ တစ်နေ့တခြား လှပလာခဲ့ပါတယ်။ တစ်နေ့မှာတော့ ကျနော့အိမ်ကို စာ တစ်စောင် ရောက်လာ ပါတယ် ။ ကျောင်းသားဟောင်းများ ပြန်လည်တွေ့ဆုံကြမယ့်ပွဲအတွက် ဖိတ်စာပါ။ ကျ နော်က ဇနီးသည်ကို အလုပ်ကိစ္စအတွက် ခရီးထွက်ဖို့ ရှိတယ် လို့ ပြောပြီး မွေးရပ်မြေကို ပြန်ခဲ့ပါတယ်။ သူငယ် ချင်းတွေ မိတ်ဆုံပွဲအပြီးမှာတော့ ကျနော်နေထိုင်ခဲ့ရာ တစ်ချိန်ကတော့ အိမ်လို့ခေါ်ခဲ့တဲ့ တဲငယ်လေး ဆီ သွားခဲ့တယ်။ နေထိုင်ခဲ့တဲ့ နေရာလေး အခြေအနေ ဘယ်လိုများရှိနေသလဲလို့ စုံစမ်းရန်သက်သက်မျှသာပါ။ တဲထဲက အလွန်အေး စက်နေတဲ့ မြေမြင်ပေါ်တော့ ကျနော့်အမေ တစ်ယောက်ထဲ လဲနေတာကို တွေ့ရပါတယ်။ ဒီ အတွက် ကျနော့မှာ ဘာမှ အထူးမခံစားရပါဘူး။ မျက်ရည် တစ်ပေါက်မှလဲ မကျခဲ့ပါဘူး။ အမေ့လက်မှာတော့ စာရွက်လေးတစ်ရွက်ကို ဆုတ်ကိုင်ထားပါတယ်။ ဒီစာလေးက ကျနော့်အတွက် ရေးထားတဲ့ စာလေးပါ။



အမေက ခုလို ရေးထားပါတယ်။ "ချစ်ရတဲ့ သားလေး။ မေမေထင်ပါတယ်။ မေမေ့ရဲ့အရွယ်က ခုလောက်ဆို သေပျော်ပါပြီ။ မေမေ ဘယ်တော့မှ ဆိုးလ်ကို အလည်မလာတော့ပါဘူး သား။ ဒါပေမယ့် ဒီအချိန်မျိုးမှာ ငါ့သား လေး မေ့မေ့ဆီကို ခဏတာလေးမျှ တစ်ခေါက်လောက် အလည်လာ ခဲ့ပါလို့ မေမေက တောင်းဆိုခဲ့မယ်ဆိုရင် မေ့မေ့တောင်းဆိုချက်က များမယ် မထင်ပါဘူး သားရယ်။ မေမေ သားကို အရမ်းလွမ်းတာပဲ သားရယ်။ သား မိတ်ဆုံပွဲကို ပြန်လာမယ်ဆိုတာ ကြားရလို့ မေမေ သိပ်ဝမ်းသာတာပဲ သား။ ဒါပေမယ့် မေမေ ဒီမိတ်ဆုံပွဲရှိရာ ကျောင်းကို မသွားဖို့ ဆုံးဖြတ်ထားပါတယ် သား။



မေမေ့သားအတွက် မေမေ့မှာ မျက်လုံးတစ်ဖက်တည်း ရှိနေခဲ့ရတာကို အရမ်းဝမ်းနည်းမိပါတယ် သား။ ဒီအ တွက်လည်း မေမေ့သား အတွက် မေ့မေ့မှာ အမြဲတမ်း စိတ်မကောင်းဖြစ်မိရပါတယ်။ ဒါကလည်း ဒီလိုကြောင့်ပါ သားရယ်။ သားငယ်ငယ်ကဆော့လို့ ထိခိုက်မှုတစ်ခုကြောင့် သားမျက်လုံးတစ်လုံး ကွယ်သွားခဲ့တယ်လေ။ အမေတစ်ယောက် အနေနဲ့ သားလေးမှာ တစ်သက်လုံး မျက်လုံးတစ်ဖက်တည်းနဲ့ ကြီးပြင်း ရမှာမျိုးကို မေမေ ဘယ်လိုကြည့်ရက်နိုင်ပါ့မလဲ သားရယ်။ ဒါကြောင့် မေ့မေ့မျက်လုံးတစ်လုံးကို သားအတွက် မေမေပေးခဲ့ပါတယ်။ ဒီမျက်လုံးနဲ့ မေမေ့ အတွက် သားက ကမ္ဘာကြီးတစ်ခုလုံးကို ပြည့်ပြည့်ဝဝ ကြည့်ပေးနိုင်တာအတွက် မေမေသိပ် ကျေနပ်ဂုဏ်ယူပါတယ် သား။ မေမေ့အပေါ်မှာ သားပြုမူခဲ့ တာတွေပတ်သက်ပြီး မေမေဘယ်တော့မှ စိတ်မဆိုးခဲ့ပါဘူး သား။ မေမေ့အပေါ် သားစိတ်ဆိုးတဲ့အခါတိုင်း သားမေ့မေ့ကို ချစ်လို့ဆိုးတာပဲ လို့ မေမေအမြဲထင်နေပါ တယ် သားရယ်။ မေမေ့အတွက်တော့ သားက မေ့မေ့အနားမှာ အမြဲတမ်းရှိပြီး ငယ်ရွယ်နုပျိုနေတဲ့ ပီဘိကလေး ငယ်လေး တစ်ယောက်သာပါပဲ သားရယ်"။



မေမေ့စာကို ကျနော်ဖတ်လို့ အပြီးမှာတော့ ကမ္ဘာကြီးတစ်ခုလုံး အမှောင်ဖုံးသွားသလို ကျနော်ခံစားရပါတယ်။ ဒီနောက် ကျနော်ယူကြုံးမရ ငိုကြွေးမိပါတယ်။ ကျနော့အမေဟာ ကျနော့ဘဝအတွက်သက်သက်ပဲ အသက်ရှင် သန် နေသွားသူပါလားလို့ ကျနော်နားလည်လိုက်ပါတယ်။ ဒါပေမယ့် ကျနော့အတွက် အချိန်က သိပ်နောက်ကျ နေခဲ့လေပြီလေ။



ဒီဇာတ်လမ်းထဲက သားဟာ သိပ်ဆိုးတာပဲ။ အမေ့ရဲ့ မေတ္တာတရားကို ဒီလောက်တောင် မသိဆိုးဝါးစွာ လျစ်လျူ ပြုနိုင်ကောင်းရဲ့ရယ်လို့ သင်ကတော့ ထင်ကောင်းထင်မှာပါ။ ဒါပေမယ့် သေသေချာချာ စဉ်းစားကြည့်စမ်းပါ။ သင့်အတွက်ကြောင့်၊ သင့်မမြင်ကွယ်ရာမှာ တိတ်တိတ်လေးကြိတ်မှိတ်ကာ မျက်ရည်ကျခဲ့ရတာမျိုး သင့်မိခင် မှာရော မရှိနိုင်တာ သေချာရဲ့လားလို့။



ဆရာကံထွန်းသစ် ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ရွတ်ပြခဲ့တဲ့ ကဗျာလေးတစ်ပုဒ်။ အမေ့ဂုဏ်ပုဒ်တွေ ဝေလို့။


[နို့ဖိုး



ကြီးမြတ်ခြင်း အဝဝ လှပမှု အထွေထွေ


မြတ်မွေးမေ ခြေစုံရင်း


ဝပ်စင်းရပေ၊


မြတ်ဗုဒ္ဓသော်မှ


ဝါသုံးလ ပေးဆပ်ချေ


မကျေခဲ့ မိနို့ဖိုးတဲ့…


ကဗျာဆို သားငမိုက်က


လင်္ကာတို ထွာတစ်ပိုဒ်နဲ့


ဦးခိုက်ကာ လက်စုံယှက်


နို့တစ်စက်ဖိုး။ ။ (ကံထွန်းသစ်)



Mother's Day “အမေနေ့” တဲ့


အမေနေ့မှာ ဒို့တွေက အမေ့အတွက် လက်ဆောင်ကောင်းတစ်ခု ပြန်လည် ပေးကောင်းပေးမယ်။ ဒါပေမယ့် ဒို့တွေပေးတဲ့ ဒီလက်ဆောင်ဟာ အကြင်နာမေတ္တာတွေ အပြည့်ထုံမွှမ်းပြီးတော့ ဒို့အမေက ဒို့ကိုပေးခဲ့တဲ့ "အသက်"ဆိုတဲ့ လက်ဆောင်၊ "ဘဝ"ဆိုတဲ့ လက်ဆောင်နဲ့တော့ဖြင့် ဘယ်လိုမှ ညီမျှနိုင်မယ် မဟုတ်သလို၊ အမေ့ရဲ့ လက်ဆောင်ကိုတော့ဖြင့် ဘယ်တော့မှ မှီနိုင်မယ်လည်း မဟုတ်ပါဘူးလေ။ ။



မေတ္တာများဖြင့်

မေတ္တာဥယျာဉ်

ကောင်းတာတွေချည်း စု

ဟူပီ ဂိုးလ်ဘာ့ဂ် (Whoopi Goldberg) 




ဟူပီ ဂိုးလ်ဘာ့ဂ်ဟူပီ ဂိုးလ်ဘာ့ဂ်ဟာ လက်ချိုးရေလို့ရတဲ့ အလွန်ထူးချွန်တဲ့ ရုပ်ရှင်သရုပ်ဆောင် အနုပညာရှင်တွေထဲက တယောက်ပါ။ အဲဒီ အနုပညာရှင်တွေဟာ ဖျော်ဖြေရေး အနုပညာ လောကထဲက အမြင့်ဆုံး၊ အထူးချွန်ဆုံး ဆုတွေဖြစ်တဲ့ ဂရမ်မီ၊ အကယ်ဒမီ၊ ရွှေကမ္ဘာလုံးဆု၊ အမ်မီနဲ့ တိုနီဆု စသဖြင့် ဆုတွေကို အစုံရထားသူတွေ ဖြစ်ပါတယ်။



ဟူပီ ဂိုးလ်ဘာ့ဂ်ကို မြန်မာတွေကတော့ Ghost ရုပ်ရှင်ကားထဲမှာ တမလွန်ကို ရောက်သွားတဲ့ မင်းသားနဲ့ လက်ရှိ ဘ၀ထဲက မင်းသမီးတို့ ထိတွေ့ပေါင်းဖက်နိုင်အောင် ကူညီရတဲ့ ဗဟိဒ္ဓလောကနဲ့ ပရလောက ချိတ်ဆက်ပေးရသူ မှော်ဆရာမကြီးအဖြစ် ပီပီပြင်ပြင် သရုပ်ဆောင် နိုင်ခဲ့သူအဖြစ် သိကြပါတယ်။ (စကားမစပ် ကျွန်တော့် သူငယ်ချင်းမတွေထဲမှာ ဟူပီ ဂိုးလ်ဘာ့ဂ်နဲ့ အင်မတန်မှကို ရုပ်ချင်းဆင်သူ တဦးရှိနေတာကို ကျွန်တော် အလွန် ဂုဏ်ယူပါတယ်)။



ကမ္ဘာကျော် သရုပ်ဆောင်ဟာ ကလေးတွေ၊ အိမ်ရာမဲ့တွေအတွက် လူသားချင်း စာနာမှုနဲ့ ကူညီဆောင်ရွက်ပေးသလို ပညာရေး၊ လူ့အခွင့်အရေး မြှင့်တင်ရေး၊ အကြမ်းဖက် နှောင့်ယှက် စော်ကားမှုတွေ လျော့ပါးရေးနဲ့ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး စတဲ့ ပရဟိတလုပ်ငန်းတွေမှာ ရွပ်ရွပ်ချွံချွံ ဆောင်ရွက်ပါတယ်၊ တခါ အလားတူ လုပ်ငန်းတွေ လုပ်နိုင်ဖို့ ရန်ပုံငွေ ရှာတဲ့ပွဲတွေမှာလည်း အလွန်အင်မတန် တက်တက်ကြွကြွ ဆောင်ရွက်သူတဦး ဖြစ်ပါတယ်။



ဒီလို ကမ္ဘာနဲ့ချီပြီး လုပ်ငန်းတွေ၊ အများအကျိုးတွေ ဆောင်ရွက်တာကြောင့် ကုလသမဂ္ဂကလည်း ဂုဏ်ထူးဆောင် သံအမတ်ကြီးအဖြစ် သတ်မှတ်ခန့်အပ်ထားပါတယ်။



ကောင်းတာတွေချည်း စု (All the Right ingredients)

``ကိုယ့်ကိုယ်ကိုယ် တိုးတက်ပြောင်းလဲနေအာင် ကြိုးစားပြီး၊ ရှေ့ကို အမြဲလှမ်းနေဖို့က သိပ်အရေးကြီးပါတယ်၊ ကိုယ်ချမှတ်ထားတဲ့ ရည်မှန်းချက်ကို မရောက်ဘူး ဆိုရင်တောင် ကြိုးစားခဲ့မှုကြောင့် အတွေ့အကြုံတွေ၊ သင်ခန်းစာတွေ၊ နည်းလမ်းတွေ သိလိုက်ရတယ် ဆိုတာကိုက အင်မတန် ၀မ်းမြောက်စရာပါ။ အရှုံးဆိုတာ အဆုံးသတ် မဟုတ်ပါဘူး၊ ရှေ့ဆက်ဖို့ တွန်းအားတရပ်သာ ဖြစ်ပါတယ်``__ ဟူပီ ဂိုးလ်ဘာ့ဂ်။



ကျွန်မအမေ အမ်မာ (Emma) က အင်မတိအင်မတန်တော်တဲ့ အမျိုးသမီးတယောက်ပါ၊ သမီးတယောက်ဖြစ်တဲ့ ကျွန်မကို ပုံသွင်းဖို့ အမေ့မှာ ကောင်းတဲ့ အရည်အချင်းတွေ အကုန်ရှိပါတယ်။ ကောင်းတာတွေချည်း စု နေတဲ့သူပါ။



ကျွန်မတို့ ကလေးတအုပ် ကျောင်းလေ့လာရေး ခရီးထွက်တော့ အမေက အုပ်ထိန်းသူလုပ်ပြီး ကားမောင်းလို့ လိုက်ပို့ပါတယ်။ ကလေးတွေနဲ့ချည်း သွားရတော့ အုပ်စုလေးတွေ ခွဲကြတဲ့အခါ ကျွန်မက လူတော်တွေပါတဲ့ အုပ်ထဲ သေလောက်အောင် ပါချင်ခဲ့ပါတယ်။



ဒီလိုနဲ့ လေ့လာရေး ခရီးထွက်တဲ့အခါ ကျွန်မ တကယ်ပဲ လူတော်အုပ် တအုပ်ထဲ ရောက်ခဲ့ပြီး ပျော်လိုက်တာလည်း မပြောပါနဲ့တော့လေ၊ ဒါပေမဲ့ ကားပေါ်မှာ ကျွန်မ သူငယ်ချင်း ကောင်လေးတယောက်ကို ကားပေါ်က ကျောင်းသားတွေက ၀ိုင်းစကြတော့ ကျွန်မက ဘာမှ မပြော၊ မဟန့်ခဲ့ပါဘူး။ အဲဒီလို မတား၊ မပြုတဲ့အပြင် ကျွန်မကတောင် သူ့ကို ၀င်စ ခဲ့ပါသေးတယ်။



ကားမောင်းနေတဲ့ အမေဟာ တလုံးမှ မပြောဘဲ အသာနေခဲ့ပါတယ်၊ လေ့လာရေးခရီးပြီးလို့ အိမ်ရောက်တော့မှ အမေက ကျွန်မကို ကားပေါ်က ကောင်ကလေးဟာ ဒီနေ့တော့ ကံဆိုးတာပဲ၊ တကားလုံးက ကလေးတွေက အဲဒီကောင်လေးကို ဒုက္ခပေးကြတယ်၊ သူ အအံ့သြဆုံးကတော့ ကျွန်မက ကောင်လေးကို ဘာမှ မကူညီဘဲ နေခဲ့တာကိုပဲတဲ့... အမေက အဲဒီလို ကျွန်မကို ထောက်ပြတယ်။



``သမီးကို လူတွေက စ ရင်၊ စိတ်မကောင်းဖြစ်အောင် လုပ်ရင် အဲဒီလို လုပ်တဲ့ သူတွေကို သမီး ဘယ်လောက် မုန်းတီးသလဲ ဆိုတာ အမေ သိပါတယ်၊ ဒါပေမဲ့ အမေ အံ့သြတာက သမီးကလည်း သူများကို နာကျင်အောင် အဲဒီလိုပဲ လုပ်တတ်တာပါကလားလို့...`` ဆိုပြီး အမေက ပြောတော့ ကျွန်မဟာ ကိုယ့်ခေါင်းကို ဘေ့စ်ဘော တုတ်ကြီးနဲ့ အရိုက်ခံလိုက်ရသလို ခံစားခဲ့ရပါတယ်။



အဲဒီ အမေပေးတဲ့ အခြေခံသင်ခန်းစာဟာ ကျွန်မရင်ထဲ အသည်းထဲ နှလုံးထဲ စွဲသွားပြီး၊ နှစ်ပေါင်းများစွာ မာယာများတဲ့ လောကကြီးရဲ့ အရှုပ်အထွေးပေါင်းများစွာထဲမှာ ဖြတ်သန်းရင်း ကျွန်မနဲ့အတူ ရှိနေခဲ့ပါတယ်။



လူတွေနဲ့အတူ တွေ့ဆုံ၊ ပြောဆို၊ လုပ်ကိုင်၊ ဆက်ဆံရတဲ့ အခါတိုင်းမှာ ကိုယ့်ကို ပြုမူ ပြောဆို ဆက်ဆံစေချင်သလို သူတပါးကိုလည်း အလားတူ ပြုမူ၊ ပြောဆို၊ ဆက်ဆံဖို့ လိုပါတယ်။



ကျွန်မ မက်ဒီဆင်-ဖဲလီစီယာ (Medison-Felicia) နွေရာသီစခန်းကို တကြိမ်နဲ့ နယူးယောက်၊ ပိခ်စကေးလ် (Peekskill)က စခန်းတွေကို ရောက်ခဲ့ဖူးပြီး အလွှာစုံက လူပေါင်းစုံနဲ့ တွေ့ဆုံ ကြုံကြိုက် ရင်းနှီးခွင့်ရတာဟာ မဟာ့မဟာ အခွင့်အရေး ဖြစ်ပါတယ်။



ဒါဟာ ကျွန်မဘ၀အတွက် လူမှန်တွေကို အချိန်ကိုက် တွေ့ခွင့် ရခဲ့တာ ဖြစ်ပြီး၊ အများစုဟာ အခုထက်ထိ ကျွန်မရဲ့ သူငယ်ချင်းကောင်းတွေ အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။



အဲဒီအချိန်တွေနဲ့ အဲဒီသူငယ်ချင်းတွေအကြောင်း ပြန်စဉ်းစားမိတိုင်း ကျွန်မ ဒီနေ့ ဒါကြောင့် ဒီလိုနေရာမှာ ရှိနေတာပါလား ဆိုတာကို သတိပြုမိသွားပါတယ်။ ဒီလူတွေဆီက ကောင်းတဲ့ အရည်အချင်းတွေအကုန် ကျွန်မဆီ စုနေတာပါကလားရယ်လို့ ကျွန်မ တွေးမိပါတယ်။



သူတို့ဟာ ကျွန်မကို ကူတယ်၊ ကျွန်မကို ကယ်တယ်။ ကျွန်မရဲ့ ပျော်ရွှင်တဲ့ အချိန်၊ နိမ့်ပါးတဲ့ အချိန် သူတို့နဲ့အတူ မျှဝေခံစားလို့ ရတယ်။ ကျွန်မနဲ့ သူတို့အတူ ရှိကြတယ်။ သူတို့ အကူအညီလိုလည်း ကျွန်မ ကြိုးစားပြီး မရောက်ရောက်အောင် သွားခဲ့တယ်၊ အားပေးခဲ့တယ်။



နှစ်တွေလည်း လွန်ခဲ့ပါပြီလေ... ဒါပေမဲ့ သူငယ်ချင်းအများစုက ဒီအတိုင်းပဲ ရှိခဲ့တယ်၊ ကျွန်မကို နည်းပေး၊ လမ်းပြ၊ သင်ကြားပေးကြတုန်း ရှိသေးတယ်။ ကျွန်မအတွက် အကောင်းဆုံး သင်ခန်းစာတခု မှတ်မှတ်သားသား ဖြစ်ခဲ့တာကတော့ ``လူတယောက်ဟာ ဖြစ်ချင်တာ ဖြစ်အောင် လုပ်နိုင်စွမ်း ရှိတယ်``ဆိုတာပါပဲ။



ဘယ်လို လုပ်နိုင်မလဲ၊ ကြိုးစားရင်းပေါ့... မဖြစ်မနေ ကြိုးစားရင်း... ကြိုးစားရင်း ဖြစ်သွားတာပေါ့။ တခါတခါတော့ ရည်မှန်းချက် မပေါက်မြောက်ဘူးဆိုတာ ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ တကယ့်လိုရင်းက မဖြစ်ဖြစ်အောင် ကြိုးစားဖို့ပါပဲ...။



ကိုယ့်ကိုယ်ကိုယ် တိုးတက်ပြောင်းလဲနေအာင် ကြိုးစားပြီး၊ ရှေ့ကို အမြဲလှမ်းနေဖို့က သိပ်အရေးကြီးပါတယ်၊ ကိုယ်ချမှတ်ထားတဲ့ ရည်မှန်းချက်ကို မရောက်ဘူး ဆိုရင်တောင် ကြိုးစားခဲ့မှုကြောင့် အတွေ့အကြုံတွေ၊ သင်ခန်းစာတွေ၊ နည်းလမ်းတွေ သိလိုက်ရတယ် ဆိုတာကိုက အင်မတန် ၀မ်းမြောက်စရာပါ။ အရှုံးဆိုတာ အဆုံးသတ် မဟုတ်ပါဘူး၊ ရှေ့ဆက်ဖို့ တွန်းအားတရပ်သာ ဖြစ်ပါတယ်။



ဒီသင်ခန်းစာကို အမေ့ဆီကနဲ့ သူငယ်ချင်းတွေဆီကနေ ရခဲ့တာပါ၊ ဒီလို အသိမျိုးရအောင် ကူပံ့ခဲ့ကြတဲ့ အမေနဲ့ သူငယ်ချင်းတွေကို ကျွန်မ အလွန်တရာ ကျေးဇူးတင်ပါတယ်၊ အမှန်တကယ် ကျေးဇူးတင်ပါတယ်။



ဟူပီ ဂိုးလ်ဘာ့ဂ်



Shared from Ko Myo Tha Htet

Monday, January 23, 2012

နောက်ဘ၀အတွက် ဘယ်ကံအကျိုးပေးမလဲ (၂)

အဟောသိကံနှင့်ပတ်သက်လို့ သိထားသင့်တဲ့ အချက်တချို့ ရှိပါတယ်။ ဒါကြောင့် နည်းနည်းလေ့လာကြည့်ရအောင်။


ကုသိုလ်ကံအရာ ဆိုကြပါစို့။ ဥပမာ - စတုတ္ထဈာန်တိုင်အောင် ရရှိထားသူဟာ အဲဒီဈာန်နဲ့ကွယ်လွန်ခဲ့ရင် စတုတ္ထဈာန်ကံက သေချာပေါက် အကျိုးပေးလို့မို့ စတုတ္ထဈာန် ဗြဟ္မာ့ဘုံမှာ ဖြစ်ရပါတယ်။ ဒီပုဂ္ဂိုလ်ဟာ ပဌမဈာန် ဒုတိယဈာန် တတိယဈာန်တွေကိုလည်း ရရှိထားသူပါ။ အဲဒီဈာန်ကံတွေဟာ ပဌမဈာန် ဒုတိယဈာန် တတိယဈာန် ဗြဟ္မာ့ဘုံတွေမှာ အကျိုးပေးမှာဖြစ်ပေမဲ့ သူတို့ထက်အားကောင်းတဲ့ စတုတ္ထဈာန်ကံက အကျိုးပေးလိုက်လို့မို့ အကျိုးမပေးနိုင် ဖြစ်သွားပါတယ်။


အကုသိုလ်ကံအရာမှာ ပဉ္စာနန္တရိယကံငါးပါးလုံးကို ကျူးလွန်ထားသူဆိုကြပါစို့။ အပြစ်အကြီးဆုံး သံဃဘေဒကကံ အကျိုးပေးတာကြောင့် ငရဲသို့ရောက်ရပါတယ်။ ကျန်တဲ့ကံလေးခုကတော့ ပဋိသန္ဓေကျိုးပေးခွင့်မရှိ ဖြစ်သွားပါတယ်။ ပြဆိုခဲ့တာတွေက နောက်ဘဝမှာ ပဋိသန္ဓေ ကျိုးကိုသေချာပေါက်ပေးမှာဖြစ်ပေမဲ့ မပေးနိုင်တော့တာကို ရည်ရွယ်ပြောတာပါ။ ပဝတ္တိကာလမှာတော့ အကျိုးပေးနိုင်ပါသေးတယ်။ အချို့အချို့ ကံတွေကတော့ လုံးဝအကျိုးမပေးတော့တာလည်း ရှိပါတယ်။


ဥပမာ - အရှင်အဂုင်္လိမာလမထေရ်ကို ကြည့်နိုင်ပါတယ်။ မထေရ်လောင်းဟာ ဒီဘဝမှာပဲ လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ ရဟန္တာဖြစ်တော်မူသွားလို့ နောက်ဘဝမရှိတော့ပါဘူး။ ဒီတော့ လူသတ်မှု အကုသိုလ်ကံတွေ နောက်ဘဝပဋိသန္ဓကျိုး၊ ပဝတ္တိကျိုးကို လုံးဝမပေးနိုင်ဖြစ်သွားပါတယ်။ အဟောသိကံ ဆိုတာ အဲဒီသဘောပါ။


ဒါတွေဟာ အကျိုးပေးမှုကာလ အနီးအဝေးအရ ကံတွေကို (၄)မျိုးခွဲပြတာ ဖြစ်ပါတယ်။ အကျဉ်းမှတ်မယ်ဆိုရင် -

(က) လက်ရှိဘဝမှာ အကျိုးပေးတဲ့ကံ၊

(ခ) ဒုတိယဘဝမှာ အကျိုးပေးတဲ့ကံ၊

(ဂ) တတိယဘဝမှစပြီး နိဗ္ဗာန်မရမီကြားကာလမှာ အကျိုးပေးတဲ့ကံ၊

(ဃ) လုံးဝအကျိုးမပေးတော့တဲ့ကံ-လို့ မှတ်သားနိုင်ပါတယ်။ ပြဆိုခဲ့တာတွေဟာ ကံအမျိုးအစားကို အကျဉ်းသဘော လေ့လာကြည့် တာ ဖြစ်ပါတယ်။


ဆက်ပြီးတော့ - သတ္တဝါတွေရဲ့နောက်ဘဝကို ဘယ်ကံက စီမံပေးသလဲ၊ ဘယ်ကံကပေးတဲ့ အကျိုးကို ခံစားရဖို့နီးစပ်သလဲ ဆိုတဲ့ကိစ္စ ကို လေ့လာကြည့်ကြဦးစို့။


နောက်ဘဝ ပဋိသန္ဓေအကျိုးပေးကိစ္စမှာ အမှတ်(၃)အခွင့်သာမှုကံအုပ်စုက အများဆုံးသက်ဆိုင်တာမို့ အဲဒီကံအုပ် စုနှင့် လောလာကြည့်ကြရအောင်။ ဒီအုပ်စုထဲက အခွင့်အလမ်းအားအသာဆုံးကံဟာ “ဂရုကံ” ပါပဲ။ ဂရုကံ-ဆိုတာ အခြားကံတွေ ပိတ်ပင် တားမြစ်လို့မရလောက်အောင် အင်အားကြီးမားတဲ့ကံဖြစ်ကြောင်း ပြောခဲ့ပြီးဖြစ်ပါတယ်။


ဥပမာ - ကုသိုလ်အရာမှာဆိုရင် ရူပဈာန်ကံ၊ အရူပဈာန်ကံတွေပေါ့။ ပဌမဈာန်နဲ့ကွယ်လွန်သူဟာ နောက်ဘဝ ပဌမဈာန်ဗြဟ္မဘုံ မှာဖြစ်ရဖို့ သေချာပါတယ်။ ဒုတိယဈာန် စသည်နဲ့ကွယ်လွန်သူတွေလည်း ဒီအတိုင်းပါပဲ။ ဒုတိယဈာန်ဗြဟ္မာဘုံစသည်မှာ ဖြစ်ရဖို့ သေချာပါတယ်။ ဒီလိုဖြစ်ခဲ့တဲ့ သာဓကရှိသလား-လို့မေးရင် အများကြီးပါလို့ ပြောရမှာပါ။


ဘုရားအလောင်းတော် တောထွက်ပြီးနောက် တရားနည်းခံခဲ့တဲ့ အာဠာရ ရသေ့ဟာ အရူပ အာကိဉ္စညာယတနဈာန်ကို ရရှိထားသူဖြစ်လို့ ကွယ်လွန်တဲ့အခါ အာကိဉ္စညာယတနဘုံမှာ ဗြဟ္မာဖြစ်သွားတဲ့ဖြစ်ရပ်၊ ဥဒကရသေ့လည်း အရူပနေဝသညာနာသညာယတနဈာန်ကို ရရှိထားသူဖြစ်လို့ ကွယ်လွန်တဲ့အခါ နေဝသညာနာသညာယတနဘုံမှာ ဗြဟ္မာဖြစ်သွားတဲ့ဖြစ်ရပ်တွေဟာ ထင်ရှားတဲ့ သာဓကတွေပါ။


အကုသိုလ်အရာဆိုရင် ပဉ္စာနန္တရိယကံ ဖြစ်ပါတယ်။ အမိကိုသတ်သူ၊ အဖကိုသတ်သူ၊ ရဟန္တာကိုသတ်သူ၊ ဘုရားရှင်ကို သွေးစိမ်း တည်အောင်လုပ်သူ၊ သံဃာသင်းခွဲသူဟာ နောက်ဘဝ ငရဲရောက်ဖို့ သေချာပေါက်ပါပဲ။ သာဓကနေနဲ့ကြည့်မယ်ဆိုရင် - သံဃာသင်းခွဲလို့ အရှင်ဒေဝဒတ် အဝီစိငရဲသို့ရောက်သွားတဲ့ဖြစ်ရပ်၊ ဖခင်ဗိမ္ဗိသာရမင်းကိုသတ်လို့ အဇာတသတ်မင်း အဝီစိငရဲရဲ့ အခြံအရံ လောဟကုမ္ဘီငရဲသို့ ရောက်သွားတဲ့ဖြစ်ရပ်တွေဟာ ထင်ရှားတဲ့ သက်သေအထောက်အထားတွေပါပဲ။


ဒီနေရာမှာ အထူးနားလည်ထားသင့်တဲ့ အကြောင်းအရာတစ်ခု ရှိပါတယ်။ “နိယတမိစ္ဆာဒိဋ္ဌိကံဟာ ဂရုကံထဲမှာပါဝင်တယ်” လို့ ကျမ်းဂန်မှာ တိုက်ရိုက်ဖေါ်ပြမထားပေမဲ့ အကျိုးပေးသေချာလို့မို့ ပညာရှင်များစွာက ဂရုကံထဲ ထည့်သွင်းမိန့်ဆိုတော်မူကြပါတယ်။ ဒီအယူဝါဒရှိနေ ရင် နောက်ဘဝမှာ ငရဲသို့ရောက်ဖို့ သေချာပေါက်ပဲလို့ ဆိုလိုတာဖြစ်ပါတယ်။


နိယတမိစ္ဆာဒိဋ္ဌိဟာ ဘဝအတွက် အရေးကြီးတဲ့အရာမို့လို့ အခြေခံသဘောလောက်တော့ နားလည်ထားသင့်ပါတယ်။ ဒါကြောင့် အကျဉ်း ချုပ်ပြီး လေ့လာကြည့်ကြရအောင်။ နိယတမိစ္ဆာဒိဋ္ဌိ (၃)မျိုး ရှိတယ်လို့ ကျမ်းဂန်တွေမှာ မိန့်ဆိုကြပါတယ်။ အဲဒါတွေက -


(၁) လက်ရှိဘဝ ကောင်းတာပဲလုပ်လုပ်၊ မကောင်းတာပဲလုပ်လုပ် နောက်ဘဝမှာ ကောင်းကျိုး မကောင်းကျိုး ခံစားရတာမရှိဘူး - လို့ ယုံကြည်လက်ခံတဲ့ အယူဝါဒဖြစ်ပါတယ်။ (နောက်ဘဝဆိုတာ မရှိဘူး ဒီဘဝပြီးရင်ပြီးပြီ - ဆိုတဲ့ ယုံကြည်လက်ခံမှုဟာ ဒီအယူဝါဒထဲ အကျုံးဝင် ပါတယ်)။ ဒီလို ကောင်းမကောင်းကံရဲ့ ကောင်းကျိုးမကောင်းကျိုးပေးတဲ့ကိစ္စကို လက်မခံတဲ့အယူကို [B]“နတ္ထိက မိစ္ဆာအယူ”[/B] လို့ ခေါ်ပါ တယ်။


ကျမ်းဂန်တွေမှာ ဒီအယူဝါဒရဲ့ သဘောသဘာဝကို အကျယ်မိန့်ဆိုထားကြပါတယ်။ ဒီမှာတော့ လိုရင်းလောက်ပဲပြောရအောင်။ ကြီးကြီး ကျယ်ကျယ်ပေးလှူသည်ဖြစ်စေ၊ နည်းနည်းပါးပါး ပေးလှူသည်ဖြစ်စေ အဲဒီလိုပေးလှူမှုကြောင့် ကောင်းကျိုးခံစားရတယ်ရယ်လို့ မရှိဘူး၊ ကောင်းတာပဲလုပ်လုပ်၊ မကောင်းတာပဲလုပ်လုပ် ကောင်းကျိုးမကောင်းကျိုးကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်လို့ဖြစ်စေ ခံစားရတယ်ရယ် လို့မရှိဘူး၊ ဟိုဘက်ဘဝမှာရှိနေသူအတွက် ဒီဘက်ဘဝဆိုတာ မရှိသလို၊ ဒီဘက်ဘဝရောက်နေသူတွေအတွက် ဟိုဘက်ဘဝဆိုတာ မရှိဘူး၊ မိဘကိုပြုစုလုပ်ကျွေးလို့ နောင်အခါ ကောင်းကျိုးခံစားရတယ်ရယ်လို့မရှိဘူး၊ နတ်တွေ၊ ဗြဟ္မာတွေ၊ ကိုယ်ကျင့်သီလနှင့်ပြည့်စုံပြီး ဒီဘဝနောက်ဘဝကို သိမြင်တဲ့ ပုဂ္ဂိုလ်ထူးတွေရှိတယ်ဆိုတဲ့ ယုံကြည်မှုဟာလည်း မှားယွင်းမှုသာဖြစ်တယ်၊ အထင်မျှသာဖြစ်တယ် - လို့ ယုံကြည် လက်ခံမှုတွေ ပါဝင်ပါတယ်။


(၂) လက်ရှိဘဝ ကောင်းတာပဲလုပ်လုပ်၊ မကောင်းတာပဲလုပ်လုပ် ကောင်းမှုမကောင်းမှုရယ်လို့ လုပ်ရာမရောက်ဘူး။ ကောင်းမှု မကောင်းမှု လုပ်ရာရောက်တယ်ဆိုတာ အထင်မျှသာဖြစ်တယ် - လို့ ယုံကြည်လက်ခံတဲ့ အယူဝါဒဖြစ်ပါတယ်။


ဒီအယူဝါဒရဲ့ သဘောသဘာဝကိုလည်း အကျဉ်းသဘောကြည့်ရအောင် -

ဒီအယူဝါဒမှာ “သူ့အသက် ကိုယ်တိုင်သတ်သည်ဖြစ်စေ၊ သူတပါးကို အသတ်ခိုင်းသည်ဖြစ်စေ မကောင်းမှုပြုရာမရောက်ဘူး၊ ဒါနမှုစသည်တွေ မှာလည်း ကိုယ်တိုင်လုပ်သည်ဖြစ်စေ၊ သူတပါးကို အလုပ်ခိုင်းသည်ဖြစ်စေ ကောင်းမှုပြုရာမရောက်ဘူး” စတဲ့ ယုံကြည်လက်ခံမှုတွေ ပါဝင်ပါတယ်။ ဒီလို အကြောင်းကံတရားကို လက်မခံတဲ့အယူကို [B]“အကိရိယ မိစ္ဆာအယူ”[/B] လို့ ခေါ်ပါတယ်။




(၃) အကျိုးပေးတတ်ပါတယ်ဆိုတဲ့ အကြောင်းကံတရားလည်းမရှိ၊ အကြောင်းကံတရားက အကျိုးကိုဖြစ်စေတယ်ဆိုတာလည်း မရှိဘူးလို့ အကြောင်းအကျိုး နှစ်မျိုးလုံးကို လက်မခံတဲ့ အယူဝါဒဖြစ်ပါတယ်။


ဒီအယူဝါဒမှာ “သူ့အသက်သတ်မှုစတဲ့ အကုသိုလ်ကြောင့် ညစ်နွမ်း(မကောင်းကျိုးခံစားရ)မှုလည်း မရှိ၊ ဒါနပြုလုပ်မှုစသည့် ကုသိုလ်ကြောင့် ဖြူစင်(ကောင်းကျိုးခံစားရ)မှုလည်း မရှိ၊ သတ္တဝါတိုင်းရဲ့ သံသရာသက်တမ်းဟာ ကမ္ဘာပေါင်း ရှစ်သန်းလေးသိန်းသာရှိတယ် (မူလကတည်းက သတ်မှတ်ပြီးသားဖြစ်တယ်)၊ လူမိုက်ဆိုပြီး သံသရာရှည်တာ၊ ပညာရှိဆိုပြီး သံသရာတိုတာ မရှိဘူး၊ ကမ္ဘာပေါင်းရှစ်သန်းလေးသိန်း သက်တမ်းကုန်ရင် သံသရာမှလွတ်ပြီ” (သတ်မှတ်သက်တမ်းကုန်ရင် ဘဝပြတ်ပြီ)စတဲ့ ယုံကြည်လက်ခံမှုတွေ ပါဝင်ပါတယ်။ ဒီလိုအကြောင်း အကျိုး နှစ်မျိုးလုံးကို လက်မခံတဲ့အယူကို [B]“အဟေတုက မိစ္ဆာအယူ”[/B] လို့ ခေါ်ပါတယ်။


ဒီအယူဝါဒတွေထဲက တစ်မျိုးမျိုးကို ယုံကြည်လက်ခံသူဟာ နောက်ဘဝ ငရဲသို့ရောက်ရမှာ အသေအချာပါပဲ။ ဒါကြောင့် ဒီနိယတမိစ္ဆာအယူကိုလည်း ပညာရှင်များက ဂရုကံထဲ ထည့်သွင်းထားကြတာ ဖြစ်ပါတယ်။


ဒါက နိယတမိစ္ဆာဒိဋ္ဌိနှင့်စပ်လို့ အကျဉ်းသဘော လေ့လာကြည့်တာပါ။ အကျယ်သိချင်ရင်တော့ ကျမ်းဂန်တွေမှာ ပြဆိုထားတာ အများအပြားပါပဲ။ လေ့လာကြည့်နိုင်ပါတယ်။


ဒါကြောင့် ယဉ်ကျေးတဲ့လူ့ပတ်ဝန်းကျင်အတွင်း လူသားတစ်ယောက်အဖြစ် ခဏတာရောက်လာချိန်မှာ ဒီကံငါးပါးကို မကျူးလွန်မိဖို့ အရေးကြီးသလို နိယတမိစ္ဆာအယူကို လက်မခံမိဖို့လည်း အထူးလိုအပ်ပါတယ်။


ဆက်ပြီး ဒုတိယအခွင့်အလမ်းရှိတဲ့ကံကို ကြည့်ကြစို့။ နောက်ဘဝအတွက် သေချာပေါက်အကျိုးပေးမယ့် ဂရုကံမရှိရင်တော့ ဒုတိယအခွင့် အသာဆုံးက ကွယ်လွန်ခါနီးမှာပြုလုပ်တဲ့၊ ဒါမှမဟုတ် သတိတရဖြစ်လာတဲ့ “အာသန္နကံ” ပါပဲ။


ကုသိုလ်ရေးနဲ့ပြောရရင် - သေဆုံးခါနီးမှာ ဘုရားအာရုံပြုမှု၊ တရားနာမှု၊ တရားနှလုံးသွင်းမှု၊ ပန်းဆီမီးစသည် လှူဒါန်းမှုစတဲ့ ကုသိုလ်ရေး အလုပ်တွေ။ အကုသိုလ်ရေးနဲ့ပြောရရင် - အကုသိုလ်အလုပ်ကိုလုပ်နေစဉ် အကြောင်းတစုံတရာကြောင့် သေဆုံးကြမယ့်သူများအဖို့ လုပ်နေဆဲမုဆိုးအလုပ် တံငါအလုပ်စသည်တွေ ဖြစ်ပါတယ်။ ပြီးတော့ ဒီဘဝ ဟိုအတိတ်ဘဝတွေက ပြုလုပ်ပြောဆို ကြံစည်ခဲ့တာကို ယခု လုပ်နေရ ပြောနေရ ကြံနေရသလို သေခါနီးမှာ ထင်ထင်ရှားရှား ထင်မြင်လာမှုတွေ ဖြစ်ပါတယ်။


အာသန္နကံသဘောကို နားလည်သူတွေက တစ်ဦးတစ်ယောက်အတွက် ကွယ်လွန်ခါနီးမှာ ဘုရားတရားကိုအာရုံပြုဖို့၊ တစ်သက်တာမှာပြုလုပ်ခဲ့တဲ့ ဒါနကောင်းမှု၊ သီလကောင်းမှု၊ ဘာဝနာကောင်းမှုတွေကို အာရုံပြုဖို့ ဟောပြောပေး သတိပေးတတ်ကြပါတယ်။ ဒါဟာ အာသန္နကံကောင်း တစ်ခုဖြစ်စေဖို့ ရည်ရွယ်ပြုလုပ်ကြတာ ဖြစ်ပါတယ်။ အာသန္နကံကောင်းဖြစ်စေဖို့ ဆောင်ရွက်ခဲ့ကြတဲ့ သာဓကတွေ ကျမ်းဂန်တွေမှာ အများ အပြားတွေ့ရပါတယ်။


တစ်ခါက သီဟိုဠ်ကျွန်း သောဏဂိရိတောင်ပေါ်ကျောင်းမှာ သောဏမထေရ်မြတ် သီတင်းသုံးနေထိုင်တော်မူပါတယ်။ မထေရ်မြတ်ရဲ့ ခမည်းတော်ကတော့ မုဆိုးအလုပ်နဲ့ အသက်မွေးသူပါ။ အရွယ်ကောင်းစဉ်က ခွေးတစ်သိုက်နှင့်အတူ တောလည်ပြီး ရတတ်ရာရာ သားကောင်တွေကို ဖမ်းဆီးသတ်ဖြတ် ရောင်းချအသက်မွေးပါတယ်။ အသက်အရွယ်ကြီးလာတဲ့အခါမှာတော့ သားရဟန်းဆီလာပြီး ရဟန်းဝတ်နေပါတယ်။ ဒီလိုနဲ့ နေလာလိုက်တာ သေခါနီးကျတော့ မုဆိုးလုပ်ခဲ့စဉ်က အာရုံတွေ ထင်လာပါတော့ တယ်။ ခွေးကြီးတွေ တောင်ခြေမှထွက်လာပြီး သူ့ကို လိုက်ကိုက်နေကြတယ်လို့ ထင်လာတယ်။ ဒါကြောင့် ခြောက်ပါဦး ဟဲ့သားရဲ့လို့ အော် ဟစ်ပြောဆိုနေတယ်။ ဒါနဲ့ သားရဟန်းက ဦးပဉ္စင်းကြီး ဘာဖြစ်တာလဲလို့မေးတော့ ခွေးကြီးတွေ လာနေကြပြီ ခြောက်ပါဦး လို့ ပြန်ပြောသတဲ့။


သားရဟန်းက ဦးပဉ္စင်းကြီး ငရဲနိမိတ်တွေထင်နေပြီလို့သိတာနှင့် ကိုရင်တွေကို ပန်းအခူးခိုင်းလိုက်ပါတယ်။ ရသမျှပန်းတွေကို သေသေသပ်သပ် ကြည်ညိုဖွယ်ဖြစ်အောင်စီမံပြီး မဟာစေတီမှာ ပူ့ဇော်ပါတယ်။ ဦးပဉ္စင်းကြီးကိုလည်း ခုတင်နှင့်အတူ စေတီရင်ပြင်သို့ သယ်ယူလာပါတယ်။ ပူဇော်ထားတဲ့ပန်းတွေအနားမှာ ဦးပဉ္စင်းကြီးကိုချထားပြီး “ဦးပဉ္စင်းအတွက် ဘုရားမှာ ပန်းတွေပူဇော်ထားတယ်။ ဘုရားကိုအာရုံပြုပါ” လို့ အသိပေးပြီး ဘုရားဆီအာရုံရောက်လာအောင် သားရဟန်းက အနားကနေ ပြောပေးနေပါတယ်။ မကြာမီမှာ “သားရေ ဖယ်ပေးပါ၊ ဖယ်ပေးပါ၊ သင့်မိထွေးတွေ လာနေကြပြီ”လို့ ပြောပြောဆိုဆို ကွယ်လွန်သွားပါတယ်။ ဒါဟာ နတ်သမီးအာရုံတွေထင်လာလို့ ပြောတဲ့စကားမို့ နတ်ပြည်သို့ရောက်သွားကြောင်း သိနိုင်ပါတယ်။ ဒီလိုသာဓကတွေကိုကြည့်ပြီး သေခါနီးကာလမှာ အာရုံကောင်း နိမိတ်ကောင်းတွေဖြစ်စေဖို့ သတိပေး ဟောပြောပေးမယ့် မိတ်ဆွေကောင်းလိုတယ်လို့ ပြောတတ်ကြတာ ဖြစ်ပါတယ်။


ဒါပေမဲ့ ဒီဖြစ်ရပ်တွေဟာ ဖြစ်ခွင့်ရှိတယ်ဆိုတဲ့သဘောကို ပြဆိုတာပါ။ သတ္တဝါတွေ သေခါနီးမှာ မျက်စိ နား စသည်တွေရဲ့ အာရုံယူနိုင်မှုဟာ အလွန်အားနည်းသွားတတ်ပါတယ်။ မျက်စိပါလျက်နှင့်မမြင်၊ နားပါလျက်နှင့်မကြားဆိုတာ ဒီလိုအခါမျိုးကို ပြောတာပါ။ အထူး သဖြင့် ပြင်းထန်တဲ့ရောဂါတစ်မျိုးမျိုး ခံစားနေရသူတွေ၊ မေ့မျောနေသူတွေဟာ ပတ်ဝန်းကျင်က အသိပေး သတိပေးမှုတွေကို မသိနိုင်ကြတော့ ပါဘူး။ ဒီအခြေအနေမျိုးဆိုရင်တော့ ပတ်ဝန်းကျင်က လုပ်ဆောင်ပေးမှုဟာ အာသန္နကံဖြစ်ဖို့ အခွင့်အလမ်း အားနည်းသွားပါတယ်။ ဒါက ဒုတိယအားကောင်းတဲ့ အခွင့်အလမ်းပေါ့။


တကယ်လို့ အာသန္နကံ အကျိုးမပေးခဲ့ရင် တတိယအခွင့်အလမ်းအားကောင်းတာက နှစ်ရှည်လများပြုလာခဲ့တဲ့၊ ဒါမှမဟုတ် တစ်ကြိမ် တစ်ခါပြုလုပ်ပေမဲ့ စွဲစွဲမြဲမြဲ သတိတရဖြစ်နေတဲ့ “အာစိဏ္ဏကံ” ပါပဲ။


ကုသိုလ်အရာနဲ့ပြောရရင် နေ့စဉ်ရက်ဆက်ပြုလုပ်ထားတဲ့ ဒါနမှု၊ သီလမှု၊ ဘာဝနမှုတွေ။ အကုသိုလ်အရာဆိုရင် နေ့စဉ်လိုလို ရက်ရှည်လများပြုလုပ်ထားတဲ့ သူ့အသက်သတ်မှု၊ သူ့ဥစ္စာခိုးယူမှု စသည်တွေ ဖြစ်ပါတယ်။ ဒါ့ပြင် ကုသိုလ်ကောင်းမှုတစ်ခုလုပ်ပြီး မကြာမကြာ သတိရဝမ်းမြောက်နေမှု၊ အကုသိုလ်မှုတစ်ခုလုပ်ပြီး မကြာမကြာ နောင်တရ စိတ်ဆင်းရဲနေမှု စသည်တို့ ဖြစ်ပါတယ်။


သဘာဝနှင့်ကြည့်မယ်ဆိုရင် နှစ်ရှည်လများ ပြုမူလုပ်ဆောင်ခဲ့တာကြောင့် အာစိဏ္ဏကံဟာ အာသန္နကံထက် ပိုမိုအင်အားကောင်းပါတယ်။ ဒါပေမဲ့ ကျမ်းဂန်တွေမှာ အာသန္နကံကို ဦးစားပေးပြီး ဒုတိယအခွင့်သာတဲ့နေရာမှာ ပြဆိုထားကြပါတယ်။ ဒီလိုပြဆိုရတာကလည်း ဘဝတစ်ခုအတွက် အကျိုးပေးခါနီးဆဲဆဲမှာ သူက ရုတ်တရက်ဝင်ရောက် အကျိုးပေးတတ်လို့ပါ။ ဒါက တကယ်လို့ အာသန္နကံ ရှိခဲ့ရင်ဆိုတဲ့ သဘောနှင့် ပြဆိုတာဖြစ် ပါတယ်။ အများအားဖြင့်ကတော့ အာစိဏ္ဏကံကသာ အကျိုးပေးခွင့်ရဖို့ ပိုများပါတယ်။


အကြောင်းကတော့ သတ္တဝါတွေဟာ ဘဝပေးအခြေအနေအရ ကောင်းတဲ့အလုပ်၊ မကောင်းတဲ့အလုပ်တွေနှင့် နှစ်ရှည်လများ၊ ရုန်းကန်လှုပ်ရှားပြီး ဘဝရပ်တည်ကြရပါတယ်။ ဒီတော့ စိတ်မှာ နှစ်ရှည်လများ စွဲမြဲနေတဲ့ အာရုံသာထင်လာဖို့ ပိုပြီးအခွင့်အလမ်းများပါတယ်။


ဥပမာ - တောင်ဘက်သို့ ကိုင်းညွတ်နေတဲ့ သစ်ပင်တစ်ပင်ဆိုပါစို့။ သူ့သဘောဝအလျောက် လဲမယ်ဆိုရင် ဒီသစ်ပင် တောင်ဘက်သို့လဲမှာ အသေအချာဖြစ်ပါတယ်။ လေမုန်တိုင်းတိုက်လို့ ဒါမှမဟုတ် လူတွေက အခြားတစ်ဘက်သို့ လဲအောင်လုပ်လို့ စတဲ့ ပယောဂတစ်ခုခုကြောင့်သာ အခြေားတစ်ဘက်သို့ လဲနိုင်ပါတယ်။


ဒီအတိုင်းပါပဲ။ နှစ်ရှည်လများ စိတ်မှာစွဲထင်နေတဲ့ အာစိဏ္ဏကံအာရုံတွေသာ သေခါနီးထင်လာဖို့ များပါတယ်။ သားသမီးတွေ မိတ်ဆွေတွေစတဲ့ နားလည်သူတွေက စီမံပေး ဟောပြောပေးလို့ ကြားဖြတ်အာရုံတစ်ခု အစားထိုးဝင်ရောက်လာမှသာ အာရုံပြောင်းသွားပါလိမ့်မယ်။ ဒီလိုမဟုတ်ရင် အာစိဏ္ဏကံ အာရုံသာထင်နေဖို့ များပါတယ်။ ဒါကြောင့် အာစိဏ္ဏကံကောင်းတစ်ခုရှိနေဖို့ အထူးလိုအပ်ကြောင်း သတိပြုသင့်ပါတယ်။


ဂရုကံလည်းမရှိ၊ သေခါနီးမှာ အာသန္နကံ အာစိဏ္ဏကံလည်း အကျိုးမပေးရင်တော့ အတိတ်ဘဝတွေ ဒါမှမဟုတ် လက်ရှိဘဝမှာ အမှတ်မထင်ပြုလုပ်ခဲ့တဲ့ ကံတစ်ခုခုက အကျိုးပေးတတ်ပါတယ်။ ဒါဟာ စတုတ္ထအနေဖြင့် အခွင့်အလမ်းအားကောင်းတဲ့ [B]“ကဋတ္တာကံ”[/B] ပါပဲ။ ဒါတွေဟာ သတ္တဝါအားလုံးနှင့်သက်ဆိုင်တဲ့ နောက်ဘဝအတွက် ကံအကျိုးပေးသဘောတွေပါ။


သတ္တဝါတွေရဲ့ ဘဝသစ်အတွက် ကံအကျိုးပေးသဘောကို အကြမ်းဖျင်း လေ့လာခဲ့ပြီးပါပြီ။ နောက်ဘဝကိစ္စဟာ ရဟန္တာမဖြစ်သေးသူမှန်သမျှ အားလုံးနှင့်သက်ဆိုင်ကြောင်း ပြောခဲ့ပြီးဖြစ်ပါတယ်။ ရဟန္တာမဟုတ်သေးရင်တော့ မိမိတို့လည်း ရှောင်ပုန်းလို့မရဘဲ နောက်ဘဝကိစ္စနဲ့ မလွဲမသွေ ကြုံကြရမှာ အသေအချာပါပဲ။ ဒီတော့ မိမိကိုယ်မိမိ တကယ်ချစ်ရင် အနာဂတ်ဘဝအတွက် ပြင်ဆင်သင့်တာကို ကြိုတင်ပြင်ဆင်ထားဖို့ အထူးလိုအပ်ပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ လက်ရှိဘဝအခြေအနေရယ်၊ ဘယ်လိုကြိုတင်ပြင်ဆင်သင့်တယ်ဆိုတဲ့ အပိုင်းရယ်ကို ဝေဖန် သုံးသပ်ကြည့်ကြစို့။


အများစုဟာ ဈာန်ရသူများ မဟုတ်ကြလေတော့ အကျိုးပေးဖို့ဈာန်ကံ မရှိပါဘူး။ အကုသိုလ်ဘက်ကိုကြည့်ပြန်ရင်လည်း အမိသတ်အဖသတ်စတဲ့ ပဉ္စာနန္တရယကံကို ကျူးလွန်သူဆိုတာ အလွန်နည်းပါတယ်။ မရှိသလောက် ရှားရှားပါးပါးပါ။ နိယတမိစ္ဆာဒိဋ္ဌိနှင့် ကြည့်ပြန်ရင်လည်း “ကောင်းတာလုပ်ရင်ကောင်းကျိုး၊ မကောင်းတာလုပ်ရင် မကောင်းကျိုးခံစားရမယ်” လို့ ကံနှင့်ကံရဲ့အကျိုးကို ယုံကြည်သူတွေသာ ဖြစ်ကြပါတယ်။ ဒါကြောင့် ဂရုကံအကျိုးပေးဖို့ဆိုတာ မရှိဘူးလို့ပြောနိုင်လောက်အောင် နည်းပါးပါတယ်။


ဆက်လက်ဖေါ်ပြပေးသွားပါမည်။

မေတ္တာများဖြင့်

အရှင်သိရိန္ဒ

မေတ္တာဥယျာဉ်

Saturday, January 21, 2012

မြတ်စွာဘုရားရှင် အား သက်ရှိထင်ရှားဟု သဘောထားပါက ဆွမ်း ၊ သစ်သီးများ ကပ်လှူရာ၌ စဉ်းစား ၊ ဆင်ခြင်ကြည့်စေချင်သော အမှုကိစ္စများ

“ တို့ဘုရားသာသနာက နေပူအောင်လည်း လုပ်လို့ရတယ်။ မိုးရွာအောင်လည်း လုပ်လို့ရတယ်။

လူလာအောင်လည်း လုပ်လို့ရတယ်။ လူမလာအောင်လည်း လုပ်လို့ရတယ်။

မင်းတို့ ဘုရားကြည်ညိုတာက မတည့်တဲ့သူငယ်ချင်း အိမ်လာလည်သလောက်မှ မကြည်ညိုကြတော့ မင်းတို့မှာ ဘာအကျိုးထူးမှ မခံစားရဘူး။ မတည့်တဲ့သူငယ်ချင်း အိမ်ကိုလာလို့ ကိုယ်ကမခေါ်ချင်တောင်မှ စားချိန်ကျရင် မင်းဒကာမကိုတော့ ဟိုကောင်ကို ထမင်းကျွေးလိုက်ဆိုပြီး ခိုင်းမယ်။ စားပြီးရင်လည်း ဟိုဟာတွေသိမ်းတော့ ဆေးတော့လို့ပြောမယ်။ ခု မင်းတို့ဟာက ဘုရားမှန်မှန် ဆွမ်းမကပ်ဘူး။ ကပ်ပြီးလည်း ဆွမ်းတော်ပွဲကို တစ်နေကုန်ပစ်ထားတာ မဟုတ်လား။ ဘုရားကိုသာ တကယ်အသက်ထင်ရှားရှိတဲ့ ပုဂ္ဂိုလ်လို သဘောထားပြီးလုပ်ရင် မင်းတို့ ဒီလောက် ဒုက္ခမရောက်ဘူး။ သူများကို မကယ်ချင်နဲ့ဦး၊ ကိုယ့်ကိုကိုယ် အရင်ကယ်ပါဦး ။ ”

ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ဘုရားကြီး၏ အဆုံးအမ သြ၀ါဒ ပါ

ဆရာတော်ဘုရားကြီးရဲ့ အဆုံးအမ ကို ဖတ်ပြီး ကျနော် တွေးမိတဲ့ အတွေးလေးတွေ တစ်ချို့ကို တင်ပြချင်ပါတယ် ။ ဒီနေရာမှာ ကြိုတင်ပြီး တောင်းပန်ထားချင်တာက ဒီစာကို ရေးရတဲ့ရည်ရွယ်ချက်က မည်သူတစ်ဦး တစ်ယောက်ကိုမျှ အပြစ်တင်ခြင်း ၊ ဝေဖန်ခြင်းမဟုတ်ပါဘူး ခင်ဗျာ ။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးအား တကယ်သက်ရှိထင်ရှား ပုဂ္ဂိုလ်ဟု သဘောထား စေချင်တာရယ် ပို၍သင့်လျော်မည် ထင်သော ၊ ပို၍ကောင်းမွန်မည်ဟု ထင်သော ကျနော့် အတွေး နဲ့ စိတ်ကူး ကိုသာ ရိုးသားစွာ တင်ပြ ဆွေးနွေးခြင်း ဖြစ်ပါတယ် ။ ကျနော် အနေနဲ့ ဒီစာလေး ရေးတဲ့နေရာမှာ အသုံးအနှုန်း မတက်တာ ၊ မှားတာပါရင် သီးခံခွင့်လွှတ်ပေးကြပါ ၊ ဆုံးမ ပြုပြင်ပေးကြပါ ရန် မေတ္တာရပ်ခံပါသည် ။

ဗုဒ္ဓဘာသာဝင်တို့၏ နေအိမ်တိုင်းတွင် ဗုဒ္ဓရုပ်ပွားဆင်းတုတော်များကို တည်ထားကိုးကွယ်ကြ၏။ ယင်းသို့တည်ထား ကိုးကွယ်ရာတွင် ကြည်ညိုမှု သဒ္ဓါတရား အနည်းအများပေါ်တည်မှီလျက် ကိုးကွယ်ပုံ အနေအထားချင်း မတူညီကြပေ။ မိမိအိမ်တွင် သက်ရှိထင်ရှား ဘုရားရှင်ကိုယ်တော်မြတ်ကြီး ကိုယ်တိုင် သီတင်းသုံးစံပယ်တော်မူသကဲ့သို့ ရိုရိုသေသေကြည်ညို ကိုးကွယ် သူတို့လည်းရှိ၏။ မိရိုးဖလာ အစဉ်အလာအရ သာမန်မျှသာ သဘောထားကာ ကိုးကွယ်သူတို့လည်းရှိ၏ ။ ထိုမိရိုးဖလာ အစဉ်အလာအရ အပေါ်ယံ ကြည်ညိုခြင်းသဘော ၊ ၀တ်ပြုပူဇော်ခြင်းသဘော များတွင်သာ သောင်တင်နေသောသူ များပါသည် ။ အထက်က ဆရာတော်ဘုရားကြီး ပြောသလိုပါပဲ ဘုရားကို တကယ်သက်ရှိထင်ရှား ပုဂ္ဂိုလ်လိုသဘောထားတဲ့သူ အင်မတန်ရှားပါတယ် ။ မရှိဘူးလို့မဆိုလိုပါဘူး ခင်ဗျာ ။ ကျနော်တွေ့ဖူးတဲ့ သူများကိုသာ ရည်ညွှန်းပါတယ် ။ ၀တ်ကျေ တမ်းကျေ အဖြစ်သဘောလောက်သာ ကိုးကွယ်ကြတဲ့သူ များပါတယ် ။ ဘာလို့ဒီစကားကို ပြောလဲဆိုတော့ ကျနော်တို့ မြတ်စွာဘုရားရှင်အား ဆွမ်းတော်ကပ်ခြင်းကို စပြီး စဉ်းစား ဆင်ခြင်ကြည့်ကြပါစို့ . . . . . .

ဗုဒ္ဓဘာသာဝင် တော်တော်များများ ဆွမ်းတော်ကပ်ကြတဲ့အခါ ဆွမ်းခွက်ငယ်လေးတွေနဲ့ တစ်ချို့လည်း သုံးခွက် ၊ တစ်ချို့လည်း ငါးခွက် ၊ တစ်ချို့လည်း ခပ်ရွယ်ရွယ် ဆွမ်းခွက်နှင့် တစ်ခွက် ဆွမ်းကပ်ကြပါတယ် ။ ဆွမ်းဟင်းကိုတော့ သင့်သလို့ တစ်ချို့လည်း သကြား ၊ ပေါက်ပေါက် စသည်တို့ကို ထိုဆွမ်းခွက်ထဲ ထည့်၍ (ဒါက ကျနော့်ကြီးဒေါ်ကြီး ကပ်တာကို မြင်တာပါ) ၊ တစ်ချို့လည်း ဆွမ်းဟင်းကို ထိုဆွမ်းခွက်ထဲ ထည့်၍ ကပ်လှူကြပါတယ် ။ တစ်ချို့လည်း သေသေချာချာ ဆွမ်းပွဲပြင်၍ ကပ်လှူသူများ လည်း ရှိကြပါတယ် ။ မည်ကဲ့သို့ လှူသည်ဖြစ်စေ . . . မဟာဂရုဏာရှင် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကတော့ အပြစ်တစ်စုံတရာ ပြောဆိုမည် မဟုတ်ကြောင်းကတော့ အသေအချာပါပဲ ။ သို့ပေမယ့် ကျနော်တို့အနေနဲ့ကတော့ သင့်၏ ၊ မသင့်၏ ကိုတွေးဆ ဆင်ခြင် ရမှာပါ ။ ကျနော့် အမြင်ကတော့ အဲလိုမျိုး ဆွမ်းကပ်လှူဒါဟာ မဖြစ်သင့်ဘူး ၊ ၀တ်ကျ တမ်းကျေနိုင်တယ် ၊ သဒ္ဓါတရားလည်း နည်းပါးလွန်းရာရောက်တယ် လို့ ယူဆမိပါတယ် ။ တစ်ခြားမတွေးပါနဲ့ဦး ကျနော်တို့ ဒီနေရာမှာ ကိုယ့်ကိုကိုယ်နဲ့ အရင်တွေးကြည့်ကြရအောင်ပါ ။

ကျနော်တို့ ထမင်းစားမယ်ဆို ထမင်းကို ပန်းကန်နဲ့ ထည့်မယ် ၊ ဟင်းတွေကို ပန်းကန်နဲ့ သက်သက်ထည့်မယ် ။ အဲလို စားပွဲ (သို့) ခုံပ်ါမှာ ပြင်ပြီးရင် လက်ဆေးမယ် ၊ ဒါမှမဟုတ် ဇွန်း ၊ ခရင်းနဲ့ စားကြမယ် ။ စားပြီးတော့ ပန်းကန်ခွက်တွေ မဆေးရဘူးပဲ ထားပါဦး ပါးစပ်ဆေးမယ် ၊ လက်ဆေးမယ် ။ ဒါမှမဟုတ် ပါးစပ်ကို သုတ်မယ် ၊ လက်ကို သုတ်ကြမယ် ။ ဒါက အကြမ်းအားဖြင့် တွက်ကြည့်တာပါ ။ ကျနော်တို့ ဆက်ပြီးတွေးကြည့်ရအောင် . . . . .

ကျန်းမာနေတဲ့ လူတစ်ယောက် ထမင်းစားတဲ့အခါ တစ်ပန်းကန်လောက်တော့ စားနိုင်တယ် ခင်ဗျ ။ မြတ်စွာဘုရားရှင် အား ဆွမ်းကပ်တဲ့ အခါကြတော့ . . . . ပြောရမှာတောင် အားနာတယ် လက်တစ်ဆုပ်စာလောက်ကလေး ကပ်ကြတယ် ။

ကျနော်တို့ ထမင်းစားတဲ့အခါ ကောင်းနိုးရာရာ လေးတွေကို စီမံပြီး စားကြတယ် ။ ဟင်းမကောင်းရင် မစားချင်ဘူး သူများကိုပြောတာ မဟုတ်ပါဘူး ကျနော့်ကို ကျနော်ပြောတာပါ ။ တစ်မျိုးတည်းဆို သိပ်မကျေနပ်ချင်ဘူး ။

မြတ်စွာဘုရားရှင်အား ကပ်တဲ့ ဆွမ်းဟင်းကြတော့ ရော . . . . သကြားတဲ့ ၊ ပေါက်ပေါက်တဲ့ . . . . အဲလိုမျိုးတွေ . . .

ကိုယ်ကျတော့ လက်ဆေးပြီး သေချာစားမယ် ဒါမှမဟုတ် ဇွန်း ၊ ခရင်းနဲ့ စားမယ် ။ မြတ်စွာဘုရားရှင် ဆွမ်းကပ်တဲ့အခါ ကြတော့ လက်ဆေးစရာလည်း မပါ ၊ ဇွန်း လည်း မပါကြပါဘူး . . .

ဆွမ်းဘုဉ်းပေးပြီးတဲ့အခါ သန့်စရာ ရေလည်းမရှိ ၊ သုတ်စရာ လည်း တစ်ခုမှမပါ ။ ဒါတွေကို မဟာဂရုဏာရှင် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကတော့ အပြစ်တစ်စုံ တစ်ရာ ပြောမှာမဟုတ်ပါဘူး ခင်ဗျာ ။ ထိုသူအများ ကိုးကွယ်နေတဲ့ နတ်ကိုသာ အဲလို ကပြက်ကချော် (ဖြစ်ကတက်ဆန်း) လုပ်လို့ကတော့ ဟိုက ဘာပြောကောင်းမလဲ “ ကိုင် ” မှာ . . . အဲဒါကြတော့ ကြောက်တယ်ထင်တယ် ကြက်ဆို အကောင်လိုက် ၊ ငှက်ပျောသီးဆို အနာမပါတဲ့ အဖီးလိုက် ၊ အုံးသီး အလုံးလိုက် အနာမပါ,ကြွက်မြီးတောင် ကျိုးလို့မရဘူး တဲ့ . . . . ကောင်းရော . . . . ပေါ့ တွေးကြည့်ရင် ရင်နာစရာပါပဲ . . . . ။

မဟုတ်တဲ့ နေရာကြတော့ သဒ္ဓါတရားတွေ ကောင်းလိုက်ကြတာဗျာ ။ မြတ်စွာဘုရားရှင် ဆွမ်းကပ်တဲ့အခါကြတော့ အဖြစ်သဘောလေး ကြည်ညိုကြတော့ အဖြစ်သဘောလေးပဲ အကျိုးပေးတာ မဆန်းပါဘူး ။ ဘုရားရှင်အား ဆွမ်းကပ်တဲ့အခါကြတော့ ကြောင်စာလောက်ကလေး ကပ်ပြီး တောင်းလိုက်ကြတဲ့ ဆုတွေကတော့ တော်တော်များပါတယ် (မြင်းမိုရ်တောင်လောက်ရှိမယ်) ။အဲလိုမျိုးပြောရင် ကျနော့်ကို သိပ်တော့ ကျေနပ်ကြမယ် မထင်ဘူး ခင်ဗျ ။ ဖြစ်သင့်တာက ဆွမ်းကပ်တဲ့အခါ ရဟန်းတစ်ပါး ဆွမ်းဘုဉ်းပေးလောက်တဲ့ ဆွမ်း ၊ ဆွမ်းဟင်း တော့ အနည်းဆုံးဖြစ်သင့်တယ်လို့ ယူဆမိပါတယ် ။ ကျနော့် သဘောအတိုင်းဆိုရင်တော့ ဒီလို . . . ဘုရားစင်ရှေ့မှာ စားပွဲတစ်ခုချမယ် အဲဒီပေါ်မှာ ဆွမ်းကို ပန်းကန်တစ်ချပ်အပြည့်ထည့်မယ် ၊ အစဉ်ပြေမယ့် ဆွမ်းဟင်းကို ပန်းကန်တစ်ချပ်နဲ့ ထည့်မယ် (ဒီထက်တက်နိုင်ရင်လည်း ဒီထက်ပိုမယ်) ၊ လက်သန့်ဖို့ အတွက် ရေတစ်ခွက်ထားမယ် ၊ နောက် လက်သုတ်ပ၀ါ တစ်ခုထားမယ် ။ တစ်ခြား ခဲဖွယ် ဘောဇဉ်တို့ကို တက်နိုင်လို့ ထပ်ထည့်လည်း ပိုကောင်းတာပါပဲ ။ ပြီးရင်ဆွမ်းတော်ပွဲတွေကို နေမွန်းမတည့်ခင် ပြန်ပြီးသိမ်းမယ် ။ အဲလိုဆို မကောင်းဘူးလား ခင်ဗျာ . . . . .

“ ဟာ . . ကိုရဲ ရာ အဲလောက် ထိ လက်ဆေးရေတွေ ၊ ဘာတွေ ထိလုပ်ဖို့ မလိုပါဘူးကွာ ၊ မင်းက ပိုတယ် ” လို့ ပြောချင်လည်း ပြောပါခင်ဗျာ ။ မလိုဘူးထင်လို့ မလုပ်လည်း မြတ်စွာဘုရားရှင်ကတော့ မည်သူ့ကိုမှ အပြစ်ပြောမည် မဟုတ်ပါဘူး ။ တစ်ခုတော့ ပြောချင်တယ် ခင်ဗျ မိမိတို့ အိမ်ဦးခန်းမှာ တကယ်သက်ရှိထင်ရှား ဘုရားရှင်ကိုယ်တော်မြတ် ဆွမ်းစားကြွလာတယ် ဆိုရင် အဲဒီလို သက်ရှိထင်ရှားလို့ သဘောထားရင် ကျနော်ပြောတာတွေ ထက်တောင် ပိုပြီး လိုနေဦးမှာပါ . . . . ပိုပြီးလည်း လုပ်ကြမှာပါ . . ။

အဲဒီလိုပါပဲ သစ်သီးတွေ ကပ်ကြတဲ့အခါမှာလည်း အလုံးလိုက်ကပ်ကြတယ် ။ ခွဲစိပ်ပြီး သေချာ ပန်းကန်ထဲထည့်ပြီး ကပ်တဲ့သူ က နည်းပါတယ် ။ ကျနော်လည်း ပါခဲ့ပါတယ် ။ ကျနော်တို့ နည်းနည်းလောက် တွေးကြည့် ဆင်ခြင်ကြည့်ကြရအောင်

ကျနော်တို့ ဥပမာ ပန်းသီးစားတယ် ဆိုပါစို့ . . . ပန်းသီးကို ရေဆေးမယ် ၊ အခွံခွာမယ် ၊ အစိပ်လေးတွေ စိပ်မယ် ၊ ပန်းကန်ထဲ ထည့်ပြီး ကျကျနန ထိုင်စားကြတယ် ။ ဟုတ်တယ် ဟုတ် . . .။ ဧည့်သည်လာလည်း ဒီလိုပဲ လုပ်မှာပဲ ရဟန်းတစ်ပါး ဆွမ်းစားပင့်တဲ့အခါ လည်း ဒီလိုပဲ ခွဲစိပ်ပြီး ကပ်ကြတာပါပဲ ။ မြတ်စွာဘုရားရှင်အား ကပ်တဲ့အခါကြတော့ ရေစေးပြီး အလုံးလိုက် ကပ်လိုက်ကြတာပါပဲ ။ ဘယ်လိုတွေလဲမသိဘူး ဗျာ တစ်ခါတလေ နှစ်ရက် ၊ သုံးရက်တောင် ထားလိုက်ကြသေးတယ် ။ အဲဒီလို နှစ်ရက် ၊ သုံးရက်ကပ်လှူထားတာဟာ ၀ိနည်းတော်နှင့်လည်း မညီပါဘူး ။ နောက် အလုံးလိုက်ကပ်လှူထားတာ ဟာလည်း မသင့်တော်ပါဘူး ။ တစ်ခြားမတွေးပါနဲ့ဦး ရဟန်းတစ်ပါးကိုပဲ ကပ်ကြည့်ပါဦး ထိုရဟန်းက ပန်းသီးကို အလုံးလိုက် ကိုက်ပြီး ဘုဉ်းမယ်မထင်ဘူး ခင်ဗျာ ။ ကိုက်ဖျက်ပြီး စားနိုင်ပါတယ် ။ ဒါပေမယ့် မသင့်တော်တဲ့အတွက် စားမယ်မထင်ပါဘူး ခင်ဗျ ။ အဲဒီလိုပါပဲ တစ်ခြားသစ်သီးတွေလည် အလုံးလိုက် ကပ်လှူကြတာများပါတယ် ။ သရက်သီး ၊ ငှက်ပျောသီး ၊ မာလကာသီး အစရှိတဲ့ သစ်သီးတွေလည်း အလုံးလိုက်ပဲ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးအား ကပ်လှူပူဇော်ကြပါတယ် ။ အလုံးလိုက်ကပ်လှူကြလို့ ကျနော့်အနေနဲ့ ဝေဖန်ခြင်း ၊ အပြစ်တင်ခြင်း လုံးဝ,လုံးဝ မဟုတ်ပါဘူး ခင်ဗျာ သီးခံပေးကြပါ ။ ထိုသစ်သီးတွေကို ခွဲစိပ်ပြီး ကပ်လှူကြရင် ပိုပြီးသင့်လျှော်မည်ဟု ဆင်ခြင်မိသည့်အတွက် ကျနော့်ရဲ့ အတွေးကို တင်ပြခြင်းသာ ဖြစ်ပါတယ် ။ ဒီလိုလုပ်ရမယ်လို့ မည်သူ့ကိုမျှ မပြောရဲပါ ခင်ဗျာ ။ ဆင်ခြင်ကြည့်စေလိုခြင်း သက်သက်သာ ဖြစ်ပါတယ် ။ ကျနော့်အနေနဲ့ ပြောချင်တာကတော့ မြတ်စွာဘုရားရှင်အား ကပ်လှူကြတဲ့အခါ မိရိုးဖလာ ၀တ်ကျေ တန်းကျေ ကပ်လှူကြတာထက် တကယ်သက်ရှိထင်ရှား ပုဂ္ဂိုလ်လို့ သဘောထားပြီး ကပ်လှူကြည့် စေချင်တာပါ ။ တကယ်သက်ရှိထင်ရှား ဘုရားရှင်ကိုယ်တော်မြတ် ကိုယ်တော်တိုင် မိမိတို့ အိမ်ဦးခန်းမှာ ဆွမ်းစားကြွလာတယ် လို့ သဘောထား နိုင်ကြရင် မည်သူမဆို ပို၍ ပို၍ အကျိုးများကြမည်ဟု ထင်မြင် ယူဆမိပါကြောင်း . . . . . ။



ဒီနေရာမှာ နည်းနည်း ပြောစရာ ရှိပါသေးတယ် ။ ကိုယ့်အကြောင်း ကိုယ်ပဲ ပြောမှာပါ ။

“ ကိုရဲ ရယ် . . မင်းက သူများတွေကို တော့ စဉ်းစားဆင်ခြင် ကြည့်ခိုင်းပြီး မင်းကရော အဲလိုလုပ်လား ” လို့ မေးချင်စရာရှိချင် ရှိမှာပါ ။

ဟုတ်ကဲ့ . . . ကျနော် အခု သူများအိမ်မှာ ကပ်နေတာပါ ။ ရှင်းပါတယ် ။ အဲတော့ ကျနော့်အနေနဲ့ ဆွမ်းတော်ကပ်ဖို့ ကို ဆွေးနွေးဖို့ရော ၊ ကိုယ်တိုင်လုပ်ဖို့ရော အစဉ်မပြေတာတွေ ရှိပါတယ် ။ ဒါပေမယ့် ကျနော် ကိုယ့်မိသားစုနဲ့ ကိုယ်အိမ်နဲ့ ကိုယ် ဖြစ်တဲ့အခါ အထက်ပါအတိုင်း ဆွမ်းတော်ကပ်လှူမှာကတော့ အသေအချာပါပဲ ခင်ဗျ ။ ကျနော်အခု မလုပ်နိုင်ပေမယ့် ရွာမှာ ရှိနေတဲ့ ကျနော့်အမေရယ် ၊ ကျနော် ကြီးဒေါ်ရယ် ကိုတော့ အထက်ကလိုမျိုး ဆွေးနွေးဖူးပါတယ် ။ ကျနော်က အဲလိုလုပ်ပါလို့ မတိုက်တွန်းခဲ့ပါဘူး ။ စဉ်းစာ ဆင်ခြင် ကြည့်ခိုင်းခဲ့ပါတယ် ။ အဲလိုပြောပြီး နောက်နေ့ မနက်မှာပဲ အမေနဲ့ ကြီးဒေါ်ကြီး ဆွမ်းကပ်လှူတဲ့ ပုံစံက ပြောင်းသွားပါတယ် ။ အရင်ကလို ခွက်သေးသေးလေးတွေနဲ့ မဟုတ်တော့ပါဘူး ။ အဲဒီအတွက် ကျနော် ကျေနပ်ပါတယ် ။ ကျနော်ပြောတာကို လုပ်လို့ မဟုတ်ပါဘူး ။ မြတ်စွာဘုရားကို အရင်ကထက် သက်ရှိထင်ရှားလို့ သဘောထားလာတဲ့အတွက် ကျနော် အမေနဲ့ ကြီးဒေါ်ကြီးအတွက် ၀မ်းသာကြေနပ်မိကြောင်းကို ပြောကြားရင် . . . . . .



ရိုးသားသောစေတနာဖြင့်

ရဲဝင်းထွန်း

July 26,2011 12:33 PM

စိတ်ချမ်းသာစေတဲ့နေနည်း

ကျမမွေးနေ့တုန်းက မေမေ မေတ္တာလက်ဆောင်ပို့ပေးခဲ့တဲ့ဘုရားစာအုပ်ထဲကနေ...ကိုယ်ဖတ်လို့သဘောကျတာလေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်..ဆရာတော်ဦးဇောတိက ရဲ့ ဗုဒ္ဓရင်ခွင်မှာ...ဆိုတဲ့စာအုပ်ထဲကပါ...
" တကယ်စစ်မှန်တဲ့သတိ (ပစ္စုပ္ဗန်တည့်တည့်သိနေတဲ့သတိ)နှင့်တရားအားထုတ်ခြင်းဟာတကယ်စစ်မှန်တဲ့မေတ္တာကိုဖော်ပြနေတာနဲ့တူတယ်..အဲဒီလိုတရားကိုနှလုံးသွင်းပြီးကြည်လင်အေးချမ်းနေတဲ့လူဟာ သူတပါးကိုဘယ်တော့မှဒုက္ခရောက်အောင်ဘယ်တော့မှမလုပ်ဘူး။ကိုယ့်စိတ်ကချမ်းသာနေတော့သူတပါးကိုငါ့လိုပဲစိတ်ချမ်းသာပါစေဆိုတဲ့စိတ်ပဲဖြစ်တယ်..."
" အဲဒီတော့လောကမှာသူတပါးကိုဒုက္ခရောက်အောင်လုပ်တဲ့သူဟာဘယ်သူလဲဆိုတော့သူတို့ကိုယ်တိုင်စိတ်မချမ်းသာတဲ့လူတွေပဲ..ဒါကမိဘနှင့်သားသမီးကြားမှာလည်းဖြစ်ချင်ဖြစ်မယ်။ချစ်သူရည်းစား...ဇနီးမောင်နှံကြားမှာလည်းဖြစ်ချင်ဖြစ်မယ်။သူငယ်ချင်းချင်းကြားမှာလည်းဖြစ်ချင်ဖြစ်မယ်။ အထက်လူကြီးနဲ့အောက်လူငယ်ကြားမှာလည်းဖြစ်ချင်ဖြစ်မယ်။
သူကိုယ်တိုင်စိတ်ဆင်းရဲနေရင်သူတပါးကိုလည်းစိတ်ဆင်းရဲအောင်လုပ်မှာသေချာတယ်။သူကိုယ်တိုင်စိတ်ချမ်းသာနေရင်သူတပါးကိုဘယ်နည်းနဲ့မှစိတ်ဆင်းရဲအောင်လုပ်လို့မရဘူး။စိတ်ချမ်းသာအောင်ပဲလုပ်မယ်။ဒါဟာပါးစပ်ဖျားကဖြစ်ပေါ်လာတဲ့မေတ္တာမဟုတ်ဘူး။ ဒါဟာရင်ထဲကနေလှိုက်လှိုက်လှဲလှဲဖြစ်ပေါ်လာတဲ့မေတ္တာပဲ။
ပစ္စည်းတခုရလို့ဝမ်းသာတာ..အရောင်းအဝယ်အဆင်ပြေလို့ဝမ်းသာတာ..ရာထူးတိုးလို့ဝမ်းသာတာကြားရတယ်..ဒါတွေဟာဘယ်လောက်မြဲလို့လဲ။ခဏပဲခံတာပါ။အဲဒီတော့ အားလုံးကိုတရားနှလုံးသွင်းစေချင်လိုက်တာ..တရားနှင့်နေတတ်ရင်လောကဓံတရားအကောင်းအဆိုးအမျိုးမျိုးတွေ့ ရပေမယ့်စိတ်ထဲမှာကြီးကျယ်တဲ့ဝမ်းသာ..ဝမ်းနည်းမဖြစ်တော့ဘူး..
This love and awareness seem to highlight the blessedness and appreciation of life as I slip through the ups and downs of my days.
တနေ့တာအတွင်းမှာဝေဒနာက တိုးတဲ့အခါတိုး..လျှော့တဲ့အခါလျှော့..အဆင်ပြေတဲ့အခါပြေ..မပြေတဲ့အခါမပြေ..ဒီလိုကြားထဲမှာနေသွားရင်းနဲ့ကိုပဲဒီတနေ့ဟာတန်ဖိုးရှိတယ်လို့ခံစားလို့ရတယ်..
ဒါကြောင့်တရားကိုမှလုံးသွင်းနေတဲ့သူဟာ..အဆိုးနဲ့တွေ့ လည်းအရှုံးမရှိဘူး..သည်းခံနိုင်တဲ့စိတ်ရလာတယ်..အကောင်းနှင့်တွေ့ လည်းသတိသံဝေဂရတယ်..တကယ်တော့ဒီကောင်းတယ်ဆိုတာလည်းတသက်လုံးမြဲမှာမဟုတ်ပါဘူး..သူဟာအဲဒီလိုတနေ့တာလုံးအဖိုးတန်တဲ့စိတ်တွေဖြစ်နေတယ်..
အဲဒီလူရဲ့ စိတ်ထဲမှာငါ ကံဆိုးလေခြင်းလို့မတွေးတော့ဘူး...ဖြစ်သမျှကိုလက်ခံနိုင်တယ်..လုပ်နိုင်သမျှကိုလုပ်တယ်..တွယ်တာမှု..စွဲလန်းမှုနည်းတယ်..ဘယ်သူနဲ့မှမပြိုင်ဘူး..မနှိုင်းဘူး..ဘယ်သူ့ကိုမှအပြစ်မတင်ဘူး..အင်မတန်လွတ်လပ်တဲ့စိတ်ဖြစ်နေတယ်
I am happier and more at peace with both myself and the circumstances of my life than I have ever been before.
အရင်တုန်းကပျော်တာထက်အခုပိုပျော်ပါတယ်..ကိုယ့်ကိုယ်ကိုနဲ့ပတ်သတ်ပြီးမကျေနပ်တာမရှိဘူး.ပဋိပက္ခမရှိဘူး..ငြိမ်းချမ်းပါတယ်..ဘဝမှာကြုံတွေ
့နေရတဲ့အခြေအနေတွေနဲ့ပတ်သတ်ပြီးတော့လည်းဖြစ်ရလေခြင်းလို့မဖြစ်ဘူး..ဒေါသမဖြစ်ဘူး..ကျေနပ်အေးချမ်းပါတယ်...ဒီစိတ်မျိုးနဲ့နေသွားနိုင်ဖို့သိပ်အရေးကြီးတယ်...လောကဓံကိုခံနိုင်ရည်ရှိမှ အိနြေ္ဒရတယ်..သိက္ခာရှိတယ်...
ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်နော်..မေ့မေ့လျှော့လျှော့ပေါ့ပေါ့တန်တန်မနေကြပါနဲ့..ဘဝေ့ရေးနှင့်ပတ်သတ်ပြီးကြိုမြင်ထားပြီး ကြိုပြင်ထားမှတော်ကာကျမယ်..
ဒကာဒကာမတွေအားလုံးမိမိတို့ဘဝမှာ..အခက်အခဲတွေအဆင်မပြေမှုတွေရှိနေသော်ငြားလည်းသတိနဲ့နေရင်းတနေ့တခြား..စိတ်နေစိတ်ထားတွေ အသိဥာဏ်တွေ
လေးနက်ရင့်ကျက်ပြီးတော့စိတ်ချမ်းသာအောင်နေတတ်တဲ့သူတွေဖြစ်နိုင်ကြပါစေ "
ဒီစာအုပ်ဖတ်ပြီးချိန်မှာ..ဒီလိုအသိတရားနှလုံးသွင်းဖို့အများကြီးကြိုးစားရဦးမယ်ဆိုတာ ကိုယ်တိုင်ဆင်ခြင်မိပါတယ်...သို့သော်ငြားလည်းဆရာတော်ဆုံးမသလို ကြိုးစားကြိုတင်ပြင်ဆင်မှုရှိသွားမယ်ဆိုရင်..ဗုဒ္ဓရင်ခွင်မှာ တရားအဆုံးအမနှင့်နေတတ်သောသူတယောက် ဖြစ်သွားနိုင်မှာသေချာပါတယ်...


Shared from Ma Nan Shwe Ei