Thursday, January 19, 2012

သိဒ္ဓိတင်ခြင်း

“ လူတစ်ယောက်သည် အခြားလူတစ်ယောက်ကို

ပါးစပ်က ပွစိပွစိ လုပ်၍ မန်းမှုတ်ပေးရုံမျှဖြင့်

တကယ် သိဒ္ဓိမြောက်သွားနိုင်ပါသလော . . . ။

ယင်းသို့ စေတစ်လုံးနှင့် ဖန်တီးပေးနိုင်သူကား

ကြောင်းကျိုးဝါဒ ဗုဒ္ဓအယူ၌

ရှေးကလည်း မရှိခဲ့၊ ယခုလည်း မရှိ

နောင်လည်း ရှိမည်မဟုတ်ပါ။



ပိဋကတ်သုံးပုံတွင် သိဒ္ဓိမြောက်စေနိုင်သော

ဒေသနာတော်ကို ရှာမတွေ့မိပါ။

ရဟန္တာမထေရ်ကြီးမှ စ၍

မထေရ်အဆက်ဆက် ဆောင်ခဲ့သော

ထေရ၀ါဒ ဗုဒ္ဓဘာသာ အလိုအားဖြင့်လည်း

သိဒ္ဓိမြောက်စေသော ပါဠိဂါထာဟူ၍ မရှိပါ။



သို့ပါလျက် '၀' မရှိဘဲ '၀ိ' လုပ်နေသူတို့အဖြစ်မှာ

ကာလနယ် ဆိုးပါဘိ၊

သူခိုးက လူလူ၊ အလေ့အပေါက် မင်းမူတယ်။

အိမ်သူကို ဧည့်စောင့် ဟု

ဦးပုညရေးသလို ရယ်စရာပြက်လုံးသာ ဖြစ်ချေမည်။



'ဘုရားရှေ့ ၌ ပွစိပွစိလုပ်ခြင်းကို သိဒ္ဓိတင်တယ်' ဟု

လူအများက ထင်ဟန်တူ၏။

ယင်းသို့ သိဒ္ဓိတင်သဖြင့် ရရှိသော အကျိုးတရား ဟူသည်

ရှင်တစ်ပါးကို ဆန်တစ်ဇွန်း လောင်းလှူသလောက်

အကျိုးမများနိုင်ပါ။



လက်ဖွဲ့စသည်ကို ဆောင်ထား၍ရသော

အကျိုးတရားထက် သူတောင်းစား တစ်ယောက်ကို

ရေတစ်ခွက်တိုက်သည်က အကျိုးများနိုင်သေးသည်”



အရှင် အဂ္ဂဉာဏ (ချမ်းမြေ့ ) ဆရာတော်



မင်းနန်း(မော်ကျွန်း)

ဆရာတော်ကြီးများ၏ သြ၀ါဒတော်များ (စာ-၄၀၃/၄၀၄) - စာအုပ်မှ ကောက်နှုတ်ရေးသားပါသည်။

No comments:

Post a Comment