၂။ ဟန်ဆောင်ခြင်းကင်းသော ချိုသာသည့် စကားနှင့်သာ ပြောဆိုပါ ။
၃။ မိမိနှင့် စကားပြောနေသော မိတ်ဆွေ၏ စကားများကို စိတ်ပါဝင်စားပါ ။
၎။ မိမိမိတ်ဆွေနှင့် မိမိသည် ပြုသင့်ပြုအပ်သော လူမှုရေး အပြန်အလှန်သဘော လက်တွေ့ကျင့်သုံးတက်ပါစေ ။
၅။ မိမိက နည်းနည်းပြောပါ ၊ သူက များများပြောပါစေ ။
၆။ မိမိမိတ်ဆွေအား နှိမ့်ချပြောဆိုမှုကို ရှောင်ကြည်ပါ ။
၇။ မိမိမိတ်ဆွေ စကားကို ပြက်ရယ်မပြုပါနှင့် ။
၈။ မိတ်ဆွေအပေါ် အပေါ်စီး မပေါင်းပါနှင့် ။
၉။ ကြင်နာမှုထားပါ ။
၁၀။ ရင်းနှီးမှုထားပါ ။
၁၁။ မိမိမိတ်ဆွေက မိမိအား ပြန်လည်လေးစား ခင်မင်မှုမပျက်အောင် ကိုယ်နှုတ်နှလုံး သုံးပါးစလုံး စောင့်ထိန်းပြုကျင့်တက်ပါစေ ။
၁၂။ မိတ်ဆွေနှင့် အနိုင်အထက် စကားမပြောပါနှင့် ၊ ငြင်းခုံမှုကိုရှောင်ပါ ၊ ဆွေးနွေးမှုကိုပြုပါ ။
၁၃။ မိမိမိတ်ဆွေ၏ စိတ်သဘောကို သိရှိအောင်ကြိုးစားပါ ။
၁၄။ မိတ်ဆွေအပေါ် သည်းခံနိုင်ပါစေ ။
၁၅။ တွေ့လျှင် ပြုံးပါ ။
၁၆။ ကူညီနိုင်တာ ကူညီပါ ။
၁၇။ လေးစားပါ ။
၁၈။ ဒေါသမာန်မာနတရားကို ဖယ်ရှားပါ ။
၁၉။ အလွန်အမင်း အရောတဝင်နေခြင်းသည် အရိုသေတန်မှုကို ဖြစ်စေကြောင်း သိရှိထားပါ ။
၂၀။ ကျီစားသန် ရန်ဖြစ်ခြင်းကိုလည်း မမေ့နှင့် ။
၂၁။ မိတ်ဆွေ၏ ကိုယ်ရေးကိုယ်တာကိစ္စများ သူမပြောဘဲ မမေးမြန်းပါနှင့် ။
၂၂။ မိတ်ဆွေများအပေါ် မှန်ကန်သော ကတိနှင့် ချစ်ခြင်းမေတ္တာထားပါ ။
၂၃။ မိတ်ဆွေ၏ အခက်အခဲပြဿနာကို မိမိပြဿနာကဲ့သို့ သဘောထား၍ စွမ်းအားရှိသလောက် ကူညီပါ ။
၂၄။ မိတ်ဆွေများနှင့် ဆက်ဆံမှုမှန်သမျှမှာ ရေလို လလိုဖြစ်ပါစေ ။
၂၅။ သင့်မိတ်ဆွေက အကုသိုလ်မကောင်းမှုဘက် စိတ်ထက်သန်ပါက ကောင်းမှုကုသိုလ်ဘက်သို့ နည်းအမျိုးမျိုးနှင့် ဆွဲဆောင်ပါ ။
၂၆။ စိတ်အားညှိုးငယ်နေသော မိတ်ဆွေကို ပျော်ရွှင်ဖွယ်စကားများ ပြောပါ ။ စိတ်ချမ်းသာမှုကို ရှာဖွေပေးပါ ။
၂၇။ မိတ်ဆွေသည် ဒေါသကြီးသောသူဖြစ်က မိမိက မေတ္တာကြီးသူ ဖြစ်ပါစေ ။
၂၈။ မိတ်ဆွေက အစားကျူးသူဖြစ်က မိမိက အစားဆင်ခြင်သူ ဖြစ်ရမည် ။
၂၉။ မိတ်ဆွေကို မိမိက တည်ငြိမ်စွာ အလုပ်လုပ်၍ ရပ်တည်ပြပါ ။
၃၀။ မိတ်ဆွေအား ဘယ်သောအခါမှ ရိုင်းပျစော်ကားမှုကို မပြုပါနှင့် ။
( သုတေသီဘုန်းမြင့်သွေး - ဘဝတန်ဖိုး အမှန်တိုးအောင် ) မှ ကောက်နှုတ်တင်ပြပါသည် ။
ရဲဝင်းထွန်း
October 06,2011 1:18 PM
No comments:
Post a Comment