ဝေဒနာအစုစုတို့ဖေါက်လွဲဖေါက်ပြန် ခန္စာကိုယ်ကို အနိုင်နိုင်သယ်ရင်း တလှုပ်လှုပ်နဲ့ သွား လာနေပုံတို့က ပုရွတ် ဆိတ်လေးတွေပမာ။မနက်ဖြန်ဆိုတာ သေချာမှုမရှိတော့တဲ့ ဘဝအခြေနေတွေ အတွက် အနာဂါတ်၏ဆို ပုံဖေါ် နိုင်စွမ်းမရှိ၊ ပုံဖေါ်ခွင့်တို့မရှိ။မျှော်လင့်စရာ ကင်းမဲ့နေတဲ့ အသက်အရွယ် အပိုင်းအခြားလေးတွေ အတွက် ပရ ပိာတ နယ်ပယ် ကျဉ်းမြောင်းနေဆဲ။ပာုတ်တယ်လေ။ အနာဂါတ်ရဲ့မျိုး ဆက်သစ်တွေ အတွက်အားသွန်ခွန်စိုက် ကြိုးစားနေတဲ့ ဝါယမ ပရပိာတ အဖွဲ့တွေ တစ်ပုံကြီး။သဘာဝ ပတ်ဝန်းကျင်အတွက် လုံးလပြုနေတဲ့ ဂေပာ ပိာတ အဖွဲ့တွေဆိုလည်း ဒုနဲ့ဒေး။လောက ငရဲရဲ့ ဘေး မှာ ရောက်နေတဲ့ အိုမင်းမစွမ်း ပစ်ပယ် ခံသက်ကြီးရွယ်အိုတွေ အတွက် ကတော့ .............
အိမ်ပေါ်က အောက်ဆင်းလိုက်တာနဲ့ ပီယ ဝါစာ အသံကို အားပြုပြီး အသားမာတက်နေတဲ့ လက်ချောင်းတွေကို အစွမ်းကုန်ထုတ်လို့ မယ်ဒလင်းကို တီးခတ်၊အသံချိုချိုနဲ့ ရှေးသီချင်းတွေကို တီးခတ်နေတဲ့အဘိုးအို၊ အဘွားအို စုံတွဲကို တွေ့ရတယ်။ သနားကြပါလို့ အော်ပာစ်ပြီး မတောင်းဆိုပါဘူး။မျက်စိကွယ်နေတဲ့  အဖိုး ကို အဘွားအို က ခြံရံပြီး စည်းနဲ့ဝါး လိုက်ပေးနေတယ်။ သဒ္ဒါကြေးထက်ပိုပြီး ၊ လူတွေပိုပိုသာသာ သဒ္ဒါကြအောင် ဘာမှ ချွဲပစ်ပြီး မတောင်းဆိုဘူး။မစွမ်းတော့တဲ့ ခန္စာကိုယ် ကြီးကို အားငယ်ဖို့တောင် အချိန်မရလောက်အောင်။တရစပ် တီးခတ် သီဆိုနေတဲ့ အဖိုးအို။မနက်စာမှ စားရသေးရလား။
အနာကြီးဝေဒနာသည်တွေကို စောင့်ရှောက်ထားတဲ့ဂေပာာ တစ်ခုကိုရောက်တုန်းက တွေ့လိုက်ရတဲ့ အဖွားအို။ အဖွား က ကုတင်ပေါ်မှာ ပဲ နေရတာ နှစ်နဲ့ချီနေပြီ။ မလှုပ်ရှားနိုင်တော့ တဲ့ ရုပ်ခန္စာကြီးကို ယဲ့ယဲ့လေးပဲ ကျန်တော့ တဲ့ နာမ် အစုအဝေးတို့က မမျှတချင်တော့။ကျတော်တို့ရောက်သွားတော့ အဖွားက တဘက်ခြမ်း ကို လှည့်သွားတယ်။ အဖွား ဘာကို စဉ်းစားနေတာလဲဆိုတော့ သေဖို့ သေဖို့တဲ့။ ဘဝကိုအရှုံးပေး လက်မြှောက် ပစ်လိုက်ပါပြီ။ အဖွားရယ်ဆိုပြီး ဆို့နင့်ကြေကွဲစွာနဲ့ သိုင်းဖက်ထားလိုက်တော့ မယုံကြည်နိုင်စွာ အံ့သြတကြီး မျက် ဝန်းအစုံတို့နဲ့ လှည့်ကြည့်တယ်။ အဖွားကို မရွံ့ဘူးလားတဲ့။လူလူချင်း ၊ လူလူချင်း မှာ မှ အဖွား ငတ်နေတာ ဘာလဲလို့ သိလိုက်ရတယ်။
အဓိက လိုတာ မေတ္တာပါလို့အရင်ဆုံးပြောပါရစေ။ရောက်လာသမျှကို ငါ့သားတွေ ငါ့သားတွေ နဲ့ပျော်ရွှင်နေ တဲ့ အဖိုးအဖွားတွေက ပီဘိ ကလေးငယ်လေးတွေပမာ။မေတ္တာ ငတ်နေတဲ့ဘိုးဘွားတွေအတွက်မေတ္တာအလှူ ခံ လို ရင်း ပါ။ ဒါကြောင့် သင်မေတ္တာ ဘယ်လောက် ချမ်းသာသနည်း ။
နောက်ဆက်တွဲသိစေချင်တာလေးတွေက မထင်မှတ်ပဲရလိုက်တဲ့ ကော်မန့်လေးပါ။
Sein Khat Soe
ကျွန်တော်ပြည်ပတိုင်းပြည်တစ်ခုမှာ အလုပ်လုပ်တုန်းက ဘိုးဘွားရိပ်သာတစ်ခု မှာ သူတို့ဆီက လူငယ်တွေ ပရဟိတလာလုပ်ပုံလေးကိုအမှတ်ရမိတယ် - သူတို့ကျောင်းတာဝန် ခံက ဘိုးဘွားရိပ်သာကို ဖုန်းကြို ဆက်ပြီး အဖွဲ့ခေါင်းဆောင် ကျောင်းသား ဘယ်ကနဲ့အတူ ကျောင်းသား အရေအတွက် ဒီနေ့အတွက် လုပ်အားပေးလာမယ် ဆိုပြီး လှမ်းဖုန်းဆက် (အာမခံချက်ပေးတဲ့သဘော)တယ်။ လာတော့ အထက် တန်းကျောင်းသားလေး တွေ။ သူတို့က ဘိုးဘွားရိပ်သာမှာလာပြီး အိမ်သာဆေး၊ ပန်းကန်ဆေးကစလို့ ဘိုးဘွားတွေနဲ့ စကားထိုင်ပြောတာ၊ ချက်ထိုးတာ၊ တရားစာအုပ်ဖတ်ပြတာ၊ မောင်းလှဲတာ စတာလေးတွေကို တနေကုန်လုပ်သွားကြတယ်။ အဲဒါကို တစ်လ တစ်ခါလောက် သူတို့လုပ်ကြတယ်။ သူတို့ပြန်သွားပြီး တပတ်လောက်ထိ ဘိုးဘွားတွေက အဲဒီအကြောင်းကိုပြောမဆုံးတြ ပုံးပြုံးနဲ့..။ အဲလိုလုပ်တဲ့အတွက် ပိုက်ဆံတပြားမှမကုန်သလို။ ထူးထူးခြားအားစိုက်ထုတ်ရ တာမျိုးမပါဘူး။ ကျွန်တော်တို့ဆီက လူငယ်တွေ၊ ညီညီမငယ်တွေလည်း အဲလို လေးတွေလုပ်နိုင်ကြရင် .............
အထက်ပါ ကော်မန့်လေးကို ဖတ်ပြီး ကျတော် အတွေးထဲမှာပေါ်လာတာလေးတွေကတော့ ဘုန်းဘုန်းနဲ့
နှစ်ယောက်သားလျောက်ထားစဉ်ကအကြောင်းလေးတွေပါ..........
-
အောင်မေတ္တာရိပ်သာလေးမှာ ဘိုးဘွားတွေ အဝတ်ကို လျှော်ပေးဖို့ လူမရှိဘူး။ဝေယျာဝစ္စဆိုတာကလည်း အမြဲတမ်းမရှိနေနိုင်ဘူး။အဝတ်လျော်စက်လေးတစ်လုံးလောက်တော့စိတ်ကူးကြည့်မိပါတယ်။.........
နောက်တစ်ခုက ညနေစာ အတွက် ဘုန်းကြီးမှာ မပြည့်စုံဘူး မနက်စောစောစာနဲ့ညနေ စာအတွက် ဆို ဆန်တစ်နေ့ ဆယ်ပြည်လောက် ချက်နေရတယ်။မွန်းလွဲကော်ဖီတိုက်တယ်။ဒါတွေအားလုံးအတွက် ဘုန်းကြီးက စွန့်စားပြီးလုပ်နေရတယ်။ဓမ္မကထိက ဘုန်းကြီးဆိုရင်တော့ လာဘ်လာဘ ပေါကြွယ်ဝ တာပေါ့ဗျာ။ဒီမှာတော့ ဘိုးဘွားတွေအတွက်ပရပိာတ လုပ်ချင်တဲ့စိတ်လေးတစ်ခုနဲ့သာ ဆောင်ရွက်နေ ကြရတော့ အဖက်ဖက်မှာအသေးအဖွဲလိုအပ်ချက်တွေ ဖြစ်နေတာ။ တစ်ပတ်တစ်ခါ ဆွမ်းဆန် စိမ်းအလှူ ခံကို STA က လူငယ်လေးတချို့လာပြီးလုပ်အားဒါန ပြုတယ်။
နောက်ပြီး ကျောင်းမှာ ကိုးတန်း၊ဆယ်တန်းကလေးငယ် (၉)ဦးကို အခမဲ့ပညာဒါနအဖြစ် စာသင်ပေးပြီး ဂိုက်ပါ လုပ်ပေးနေတယ်။ ဒီကလေးငယ်တွေက သေချာပေါက် ပရပိာတ မျိုးဆက်သစ်လေးတွေပါ။ခု
လောလောဆယ် ဘိုးဘွားတွေအတွက် သူတို့ စာကျက်နားချိန်တွေမှာ ဝေယျာဝစ္စလုပ်ပေးခြင်း ၊သွေးပေါင် ချိန်တိုင်းပေးခြင်းနဲ့ကုသိုလ်ယူနေကြတယ်။
-
ဘိုးဘွားတွေ မနက်ခင်းမျိုး၊ညနေစောင်းမျိုးတွေမှာ စိတ်လက်ပေါ့ပါးစွာ အနားယူအ ပန်းဖြေပြီး လေကောင်းလေ သန့်ရှု၊ကျန်းမာရေး လေ့ကျင့်ဖို့အတွက် ပန်းခြံအဖြစ်ပြုလုပ်မယ့်နေရာဆိုပြီး ဘုန်းကြီး လက်ညိုးညွှန်ရာကြည့်လိုက်တော့ ရွှံ့ဗွက်တွေနဲ့အတိပြီးနေတဲ့ မြက်ရိုင်းကွင်းကြီး.......
မလှမ်းမကမ်းမှာ သဲချောင်းရှိတယ်၊သဲတွေကို စုပ်တင်ပြီး ကျောင်းဝန်းအနှံ့သဲဖို့ပေးမယ့် စေတနာရှင်များ အမြန်ဆုံးပေါ်ပေါက်ပါစေရယ်လို့ ဆုတောင်းရင်း ပန်ခြံထဲမှာ ရွှင်လန်းစွာ အနားယူနေမယ့် ဘိုးဘွားတွေ ကို စိတ်ကူးနဲ့ပုံပေါ်ကြည့်မိခဲ့တယ်။
-နောက်တစ်ခုက တစ်လ နှစ်ခါပဲ လာပေးနိုင်တဲ့ ဆရာဝန်တစ်ဦးပဲ ရှိနေသေးပါသောကြောင့် ပရပိာတ လူငယ်ဆရာဝန်များ မကြာမကြာ ရောက်လာပေးလျှင် ကောင်းလေစွ ကောင်းလေစွ....
-သူနာတွေ လက်မခံဘူးလို့ကြားထားတယ် ဘုန်းဘုန်း ပာုတ်ပါသလားဆိုတော့ ...လူအိုတွေ အဆင့်ပြီးရင် နာ တော့မှာပဲလေကွာ ခု ငါလက်ခံထားတဲ့ လူအိုတွေရဲ့သက်တမ်းကိုလည်း တစ်လ ကနေ ခြောက်လ အထိပဲ တွေးထားတာ ပြီးရင် လူနာအဆင့်ရောက်သွားပြီ..ဒီတော့ သူနာ တွေကို ငါကြောက်တာ မပာုတ်ပါ ဘူး...ငါ ဘာမှ မလုပ်ပေးနိုင်ပဲ လက်ပိုက်ကြည့်နေရမှာကိုသာကြောက်တာ ပါတဲ့....သူနာတွေ ကို ပြုစုစောင့်ရှောက်ပေး ဖို့ အမြဲတမ်းဝန်ထမ်း ခန့်ထားဖို့ အစီစဉ်ရှိပါတယ်...ဒါပေမယ့်....ဒကာရေ. ..စိတ်သာရှိပြီး........................
အောင်မေတ္တာဘိုးဘွားဓမ္မရိပ်သာလေးကို ဆက်သွယ်သွားရောက်လိုပါက.........
ရန်ကုန်တိုင်းဒေသကြီး၊ရွှေပြည်သာမြို့နယ်၊ အမှတ် (၈)ရပ်ကွက်၊မင်းရဲကျော်စွာ လမ်းထိပ်၊
အောင်မေတ္တာကျောင်း တိုက်၊ဘိုးဘွားဓမ္မရိပ်သာပါ။ လိုင်းကားနဲ့သွားလျှင် ၁၇၇အထူး ကားစီးပြီး ကျော်စွာ မှတ်တိုင်တွင်ဆင်းပါ။လမ်းညွှန်ဆိုင်းဘုတ်ထောင်ထားပါသည်။ အင်းစိန်ပန်းခြံမှ တဆင့်ပိာုင်းလတ်လေးများလည်း စီးသွားလို့ရပါကြောင်း။ထန်းခြောက်ပင် အလွန် ကျော်စွာမှတ်တိုင်ပါ။
ကျေးဇူးတင်ပါတယ်
ဗေဒါဇော်
အခုလိုတင်ပေးတာကျေးဇူးတင်ပါတယ်ခင်ဗျာ.
ReplyDeleteကျွန်တော်ကပရဟိတ၀ါသနာပါပါတယ်........
ကျွန်တော်တက်နိုင်သလောက်လုပ်နေပါတယ်ခင်ဗျာ...
အခုလဲဆက်သွယ်လိုက်ပါ့မယ်.....ကျေးဇူးတင်ပါတယ်ဗျာ
ရပါတယ် ကိုကြယ်ရောင်လင်း။ စိတ်ရင်းကောင်းတဲ့သူတွေမှသာ ပရဟိတကို ၀ါသနာပါနိုင်တာပါ။ အားလုံး အဆင်ပြေပါစေ။
ReplyDelete