Tuesday, July 12, 2011

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ

ဟိုရှေးရှေးတစ်ခါတုန်းက စေတီယတိုင်းမှာ ဥပ၀ရလို့ခေါ်တဲ့ မင်းတစ်ပါးအုပ်ချုပ်နေပါ တယ်၊ အဲဒီမင်းက တန်းခိုးလည်းအရမ်းကြီးပါတယ်၊ဘယ်လောက်အထိတန်ခိုးကြီးသလဲ ဆိုရင် ကောင်းကင်မှာပျံနိုင်ပါတယ်၊ဒီလိုပျံနိုင်တဲ့အတွက် ဘယ်သွားသွား မြင်းတွေရ ထားတွေစီးစရာမလိုဘူးပေါ့၊ ဒီလိုတန်ခိုးတွေတင်မက သူရဲ့သက်တော်စာင့်အဖြစ် နတ် သားလေးယောက်ကလည်း သန်လျှက်ကိုကိုင်ပြီး သူအပါးမှာမမြဲတမ်းစောင့်နေရပါ သေးတယ်၊ ဥပ၀ရမင်းရဲ့ ခန္ဓာကိုယ်ကိုကလည်း စန္ဒကူးနတ်တွေမွှေးပျံ့နေပါတယ်၊ နောက်ပြီး သူ့ရဲ့ခံတွင်းထဲကလည်း ကြာညိုရနံ့လေးတွေသင်းနေပါသေးတယ်၊ ဥပ၀ရမင်းဟာ အဲဒီလောက်ထိအောင်တန်ခိုးကြီးတာပါ၊
        အဲဒီလိုတန်ခိုးကြီးတဲ့ ဘုရင်မင်းမှာတက္ကသိုလ်ကျောင်းတက်တော့ ပုရောဟိတ် ကြီးရဲ့ညီဖြစ်တဲ့ ကောရကလမ္ဗနဲ့သူငယ်ချင်းဖြစ်ပြီး အရမ်းရင်းနှီးလာပါတယ်၊ ရင်းနှီး တော့ သူငယ်ချင်းအချင်းချင်း “ငါတိုင်းပြည်မှာ ဘုရင်ဖြစ်ရင် သူငယ်ချင်းကို ပုရောဟိတ် ရာထူးပေးမယ်”လို့ ကတိပေးခဲ့ပါတယ်၊ ဒီလိုနဲ့သူငယ်ချင်းနှစ်ယောက်ပညာတွေစုံလို့ တိုင်းပြည်ကိုပြန်လာကြပါတယ်၊ တိုင်းပြည်ပြန်ရောက်ပြီးမကြာခင်မှာ ဖခင်ဘုရင်မင်း တြားကြီးနတ်ရွာစံကံတော်ကုန်လို့ ဥပ၀ရမင်းသားက နန်းတက်လို့ ရှင်ဘုရင်ဖြစ်သွားပေ မဲ့ သူငယ်ချင်းဖြစ်တဲ့ ကောရလမ္ဗကတော့ သူ့ရဲ့အစ်ကိုကြီးက ပုရောဟိရာထူးနဲ့ဆိုတော့ သူ့မှာပုရောဟိတ်ရာထူးမရပဲ တစ်ဆို့နေပါတယ်၊ နောက်တစ်ခု ခံပြင်းစရာကောင်းတာ က သူအစ်ကိုကြီးဟာ တစ်နေ့မှာ သူရာထူးကိုစွန့်လွှတ်ပြီး တောထွက်ရသေ့ဝတ်သွားပါ တယ်၊ ဒါပေမဲ့ သူ့ရဲ့ရာထူးကို့ ညီဖြစ်တဲ့သူ့ကိုမလွဲပဲ သူ့သားကိုလွဲခဲ့ပါတယ်၊ ဒီအတွက် ပုရောဟိတ်ရာထူးရမယ်လို့မျှော်လင့်ချက်ဟာ သူ့အတွက်ဝေးကွာနေပါတယ်၊
        ဒီလိုနဲ့ သူပုရောဟိတ်ရာထူးရဖို့ သူ့သူငယ်ချင်း ဘုရင်ဥပ၀ရမင်းနဲ့ ခေါင်းခြင်းဆိုင် ကာ အကြံထုတ်ရပါတော့တယ်၊
“သူငယ်ချင်းဘယ်လိုလုပ်ကြမလဲ မင်းကတော့ဘုရင်ဖြစ်သွားပြီ ငါကတော့ ဒုံရင်းဒုံရင်းပဲ ကွာ”
အဲဒီအတွက်မပူပါနဲ့ ငါမင်းကိုအကြီးလို့ပြောပြီး မင်းအစ်ကိုကြီးကိုအငယ်လို့ပြောဆိုကာ ရာထူးရအောင် ကြံဆောင်ပေးပါမယ်ကွာ၊ ဘုရင်ကဒီလိုပြောလိုက်တော့ ကောရလမ္ဗနဲနဲ တော့ စိတ်အေးသွားတယ်၊ ပြောရရင်တော့ အဲဒီခေတ်အခါက ရာထူးဆိုတာ ကြီးသူကိုဦးစားပေးရတာပါ၊ သူ့အစ်ကိုက သူ့ကိုရာထူးမလွဲပဲ သူ့သားကိုလွှဲသွားတဲ့ အ တွက် ခုလို သူငယ်ချင်းဘုရင်နဲ့ ခေါင်းခြင်းဆိုင်ရတာပါ၊
“ အရှင်မင်းတြား နောင်တော်က တန်ခိုးကြီးတယ်နော်၊ အဲဒီလိုအရှင်က ကျွန်တော်မျိုး ကို အကြီးမဟုတ်ပဲ အကြီးပါလို့ လိမ်ပြောလိုက်ရင် နောင်တော်က အရှင့်မှာရှိတဲ့တန်ခိုး တွေကို တကယ်မကွယ်ပဲကွယ်အောင်လုပ်လိမ့်မယ်၊ အရှင့်ကို မြေကြီးထဲတကယ်မ၀င် ပဲ ၀င်အောင်လုပ်လိမ့်မယ်၊ အဲဒီကျရင် အရှင်မင်းတြားက စိတ်ပျက်ပြီးလိမ်ထားတဲ့စ ကားတွေပြန်ပြင်ပြောရင် ပြောပြီးသားတွေသဲထဲရေသွန် အလကားဖြစ်လိမ့်မယ်နော်”
အဲဒီလိုပြောတယ်ဆိုတာကလည်း တကယ်အဲဒီဖြစ်လာရင် သူ့သူငယ်ချင်းအရှင်ဘုရင် စိတ်ဓာတ်ကျ လက်လျှော့သွားမှာစိုးလို့ ကြိုပြီးချီးပြီးသားတုပ်ပြီးသားလုပ်ထားလိုက်တာ ပါ၊ အဲဒီမှာ ဘုရင်မင်းတြားက စိတ်ချစမ်းပါသူငယ်ချင်းရာ ဒီနေ့ကနေ နောက်(၇)ရက်နေ့ ရောက်ရင် ငါမင်းကိုအကြီး မင်းအစ်ကိုကြီးရသေ့ကိုအငယ်လို့ လိမ်ပြောမယ်ကွာ”လို့ က တိပေးလိုက်ပါတယ်၊       
        အဲဒီဘုရင်မင်းတြားလိမ်ပြောမယ်ဆိုတဲ့သတင်းဟာ တစ်တိုင်းပြည်လုံး ဟိုးလေး တကြော်ကြော်ဖြစ်သွားပါတယ်၊ အဲဒီခေတ်က မုသားဆိုတာချိုနဲ့လားလို့မေးရမယ့်ခေတ် ဆိုတော့ လိမ်ပြောတယ်ဆိုတာ ဘယ်လိုဟာပါလိမ့် လူတွေသိချင်ကြပါတယ်၊သိချင်ကြ တော့လူတွေဟာ မုသားပြောမဲ့(၇)ရက်နေ့ မရောက်ခင်ကတည်းက ဖျာတွေခင်းကာ နေ ရာတွေ ယူထားသူယူထား၊ ကုဋင်တွေ၊ ကုလားထိုင်တွေနဲ့ ခင်းပြီးစောင့်သူစောင့်ပေါ့၊ အဲဒီလိုနဲ့ (၇)ရက်နေ့ရောက်လာပါတယ်၊
        အကြီးကိုအငယ်၊ အငယ်ကိုအကြီးလို့လိမ်ပြောမဲ့ ဘုရင်မင်းတရားနဲ့ သူ့ရဲ့သူငယ် ချင်းပုရောဟိတ်ရာထူးလိုချင်တဲ့ကောရလမ္ဗအပြင် အဲဒီမုသားပြောမဲ့အခမ်းအနားကို ပု ရောဟိတ်ဟောင်း ရသေ့လည်းကြွလာပါတယ်၊
        ရောက်ရောက်ချင်းပဲ ရှင်ရသေ့က “မင်းကြီး အငယ်ကိုအကြီး အကြီးကိုအငယ်လို့ လိမ်ပြောမယ်ဆိုတာမှန်းပါသလား၊
ရှင်ဘုရင်=မှန်ပါတယ်အရှင်
ရသေ့=မင်းမြတ် လိမ်ပြောတယ်ဆိုတာ အရမ်းအပြစ်ကြီးပါတယ်၊ကိုယ့်မှာရှိတဲ့ဂုဏ်ကို ဖျက်ဆီးပစ်ရုံးမက အပါယ်ထိရောက်အောင်စွမ်းဆောင်နိုင်ပါတယ်၊လိမ်ပြောတဲ့သူဟာ မိမိကိုယ်ကျင့်တရားကို သတ်ပြစ်ရာရောက်ပါတယ်၊မိမိကိုယ်ကျင့်တရားတွေ သတ်ပြစ် တဲ့သူဟာ ကိုယ့်ကိုယ်လည်း သတ်ပြစ်ရာရောက်ပါတယ်၊ လိမ်ပြောတဲ့သူကို ကိုယ်စောင့်နတ်တွေက မစောင့်ချင်ကြပါဘူး၊ ခံတွင်းက အပုတ်နံ့များလည်းထွက်တတ်ပါ တယ်၊ ရာထူးလည်းလျှောတတ်ပါတယ်၊
        အဲဒီစကားတွေကြားတော့ ဘုရင်မင်တြားနဲနဲတော့ဖြုံသွားပါတယ်၊ ဒါနဲ့ သူငယ် ကောရလမ္ဗကိုလှမ်းကြည့်ပါတယ်၊ ကောရလမ္ဗက “အရှင်မင်းတြားကို အစောက ဒီလို ပြောလိမ့်မယ်လို့ ကျွန်တော်မျိုးသတော်ဦးတင်ထားတယ်လေ”လို့ပြောလိုက်တော့
ရှင်ဘုရင်လည်းအားကိုးရှိတာနဲ့ဆက်ပြီး“အရှင်ရသေ့ အရှင်ကအငယ်၊ ကောရလမ္ဗကအ ကြီး”ဆိုပြီးမုသားဆိုပါတော့တယ်၊
အဲဒီလိုပြောလိုက်တာနဲ့တပြိုင်နက် စောင့်နေကြတဲ့ ကိုယ်စောင့်နတ်တွေလည်း သန် လျှက်ပစ်ချပြီး ထွက်သွားပါတယ်၊ ဘုရင်မင်းတြားခံတွင်းကလည်း ကြာညိုနံ့တွေ ပျောက်ပြီး ကြက်ဥပုတ်နံတွေထွက်လာပါတယ်၊ ခန္ဓာကိုယ်ကလည်း စန္ဒကူးနံ့တွေ ပျောက်ပြီး အိမ်သာအနံ့ကြီးပေါ်ထွက်လာပါတယ်၊ ကောင်ကင်းပေါ်မှာလည်းမပျံနိုင် တော့ပဲ မြေပြင်ပေါ်ကျလာပါတယ်၊
ရှင်ရသေ့က သနားတဲ့မျက်နှာနဲ့ကြည့်ကာ ”အရှင်မင်းတြား လိမ်မပြောပါနဲ့ အမှန်တိုင်း ပြန်ပြင်ပြောပါ၊ အဲဒီလိုပြောမယ်ဆိုရင် တန်ခိုးတွေအရင်လိုပြန်ရပါလိမ့်မယ်”လို့ ပြောပါ တယ်၊ အဲဒီလိုတားမြစ်စကားပြောတာလည်း နားမထောင်ပဲ အရှင်ရသေ့ ငါ့ကိုသင်ရဲ့ တန်းခိုးတွေနဲ့ လာမလှည့်စားပါနဲ့ ငါကတော့ ပြောမြဲတိုင်းဆက်ပြောမှာပဲ၊ သင်ရသေ့က အငယ် ငါ့သူငယ်ချင်းကောရလမ္ဗက အကြီးဆိုပြီး ဆက်ပြောပါတယ်၊
        တိုတိုပြောရရင်ဒီလိုနဲ့ ရသေ့ကတားလိုက် ရှင်ဘုရင်ကဆက်ပြောလိုက်နဲ့ နောက် ဆုံး ရှင်ဘုရင်ဟာ မုသားစကားလိမ်ညာပြောရင်း မြေမျိုကာအ၀ိစိရောက်သွားပါတယ်၊ ပြောရရင်တော့ လိမ်ပြောတာလေးနဲ့ ပြစ်ဒဏ်ကကြီးတယ်လို့ထင်စရာပါ၊ ဒါပေမဲ့ အဲဒီအ ချိန်က ဘယ်သူမှလိမ်မပြောတဲ့အချိန်ဆိုတော့ လိမ်ပြောတဲ့မုသားက အဲဒီလောက်ထိ ဖြစ်သွားတာပါ၊
ဒီနေ့ခေတ်မှာ အဲဒီလိုလိမ်ပြောလို့သာမြေမျိုမယ်ဆိုရင် အွန်လိုင်းပေါ်မှာ လိမ်ပြောတဲ့သူ တွေအားလုံး မြေမျိုကုန်မယ်ထင်ပါတယ်၊ ခုခေတ်မြေမမျိုတာက လိမ်ပြောတာထက်ဆိုး တဲ့အပြစ်ကြီးတွေရှိနေကြတော့ လိမ်တာလောက်ကတော့ မိုင်နာလောက်ပေါ့ဆိုတာလို ဖြစ်နေကြလို့ပါ၊ အတတ်နိုင်ဆုံးတော့ လိမ်မပြောမိအောင်နေတာ အကောင်းဆုံးပါ၊  ဘာကြောင့်လည်းဆိုတော့ လိမ်ပြောတဲ့သူကို နောက်ဘ၀ဆိုတာတွေ မြေမျိုတာတွေကို ခဏထားပါဦး လူတိုင်းကမယုံမကြည်ဖြစ်ရမှာမို့ပါ၊ ကျောက်မျက်လောကထဲမှာဆို သစ္စာစကားကပိုအရေးကြီးပါတယ်၊ လိမ်တဲ့သူများဆိုရင် ဘယ်သူမှကျောက်မရောင်း ချင်ကြပါဘူး၊ နောက် ကိုကလိမ်လိုက်လို့ တစ်ဖက်သားနစ်နာ ရရင်လည်းမကောင်းပါ ဘူး၊ တစ်ခါလိမ်ရင် လိမ်တဲ့သူအပြစ် နှစ်ခါလိမ်ရင် အလိမ်ခံရတဲ့သူအပြစ်ဆိုတာ လိမ့် တဲ့သူတွေဘက်က ကာကွယ်ပေးထားတဲ့ စကားလုံးပါ၊
        ဘာပဲဖြစ်ဖြစ် ဒီစာလေးဖတ်မိပြီး အားလုံးသောစာဖတ်သူများ အွန်လိုင်းပေါ်မှာ ရောအပြင်မှာပါ လိမ်ညာမှုကနေကင်းဝေးအောင် ကြိုးစားကြည့်စေချင်ပါတယ်၊နောက် ဆုံးအနေနဲ့ မေတ္တာသုတ်ထဲက “န ပရော ပရံ နိကုဗ္ဗေထ= လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ”ဆိုတဲ့စာပိုဒ်လေး တစ်ပိုဒ်နဲ့ ဆုတောင်းမေတ္တာပို့လိုက် ရပါတယ်၊
ရွှေမန်းသား

No comments:

Post a Comment