Sunday, March 30, 2014

အမှိုက်ပုံကြီး မဖြစ်ပါစေနှင့်


နှလုံးသားမှာ ဘုရားတည်မပေးရင်...
လမ်းဘေးမှာရှိနေတဲ့
အမှိုက်ပုံးကြီးလို ဖြစ်နေတတ်တယ်။
အမှိုက်ပုံတို့၊အမှိုက်ပုံးတို့ ဆိုတာ...
ထားတာကလည်းလမ်းဘေးမှာ။
အမှိုက်ထည့်ဖို့ဆိုတော့....
တွေ့တဲ့သူတွေက ကြုံရာအမှိုက်တွေ
ထည့်သွားတယ်။

အမှိုက်တွေ ထည့်သွား၊
တံတွေးအညစ်အကြေးတွေစွန့်ထား၊
ကွမ်းသွေးတွေထွေးသွား၊
ကောင်းတာတစ်ခုမှ မထည့်ပါဘူး။

ဒါမျိုးလိုပဲ....
ပုထုဇဉ်တို့ရဲ့ စိတ်နှလုံးခန္ဓာအစဉ်ဟာလည်း၊
နှလုံးသားထဲ တရားထည့်မပေးရင်၊
အမှိုက်ပုံကြီးလို ဖြစ်နေတယ်။

အမှိုက်က သူများတွေလာထည့်တာမဟုတ်ဘူး။
ကိုယ့်ဟာကိုယ်ထည့်နေတာ။

လောဘအမှိုက်တွေ လာထည့်၊
ဒေါသအမှိုက်တွေ လာထည့်၊
ဣဿာမစ္ဆရိယ ကိလေသာ အမှိုက်တွေ
လာထည့်ကြတော့.....

နှလုံးသားထဲ တရားမထည့်ထားရင်၊
အမှိုက်တွေ ရှုပ်ထွေးပြည့်ကြပ်နေတယ်.......။

( ယောဆရာတော်ဘုရားကြီး)။

မေတ္တာအားဖြင့်. Daw Khin Aye Win.

နိဗ္ဗာန်ကို ဘာကြောင့် လိုချင် တာလဲ


ဘာဖြစ်လို့ နိဗ္ဗာန်ကို လိုချင်တာလဲ။

ခန္ဓာကို မလိုချင်တော့လို့။

ခန္ဓာကို ဘာလို့မလိုချင်တာလဲ။

ဆင်းရဲလို့။

ဘာဖြစ်လို့ဆင်းရဲတာလဲ။

ကိုယ်လည်းမဟုတ်ဘူး။ ကိုယ့်ဥစ္စာလည်းမဟုတ်ဘူး။ ကိုယ်နဲ့လည်းမဆိုင်ဘူး။

မမြဲတဲ့သဘောတရားတွေပဲ။ အမြဲတမ်း ဖြစ်နေပျက်နေတဲ့ အနိစ္စတရားတွေပဲ။

ဇာတိလေးပေါ်လိုက် အိုသွားလိုက် သေသွားလိုက်နဲ့ တရစပ်ဆင်းရဲနေတာပဲ။

ဒါတွေကို သိအောင် ဘယ်လိုလုပ်ရမလဲ။

တရားထိုင်ရမယ်။ ဒီလိုထိုင်တာဟာ အရှင်းဆုံးပဲ။

ဘာဖြစ်လို့လဲဆိုတော့ ဒီခန္ဓာကြီးဟာ မတည်မြဲဘူး။

အမြဲတမ်းဖောက်ပြန် ပျက်စီးနေတယ်။ တဖြည်းဖြည်းနဲ သေတဲ့ဖက်ကို သွားနေတယ်။

တရားထိုင်တယ်ဆိုတာ စိတ်ကို စုစည်းလိုက်တယ်။ ပြန့်ကျဲနေတဲ့ စိတ်တွေကို ဝင်လေ

ထွက်လေပဲဖြစ်ဖြစ် ဖောင်းတယ် ပိန်တယ်ပဲဖြစ်ဖြစ် တည်ရာနေရာလေးတစ်ခု ပေးလိုက်တယ်။

တည်ငြိမ်အောင်လုပ်လိုက်တယ်။ငြိမ်နေအောင် လုပ်လိုက်တယ်ဆိုရင်ပဲ ခန္ဓာရဲ့ဖောက်ပြန်ပျက်စီးမှု

က ထင်ရှားစွာ အချက်ပေးလာတယ်။ ဘယ်လိုပြနေလဲဆိုတော့ ခန္ဓာဟာ တစ်နေရာထဲမှာ ငြိမ်နေရ

တော့ ညောင်းလာတယ် ကိုက်လာတယ်။ တောင့်လာတယ် တင်းလာတယ်။ သာမာန်အချိန်မှာတော့ မသိသာဘူး။ သင်္ခါရအနေနဲ့ ညောင်းလာရင် ပြင်လိုက်တာပဲ။

ခန္ဓာက ငါမဟုတ်ဘူး။ ရုပ်တရားသာဖြစ်တယ်။ ပေါင်မုန့်တစ်လုံးကို ဝယ်လာသလိုပဲ။

ဝယ်လာကတည်းကနေ တရစပ် ဖောက်ပြန်နေတယ်။ သူ့ရဲ့သက်တမ်းက သုံးရက်လား လေးရက်လား။

လေးရက်မှာ ပုပ်သိုးသွားတယ်ဆိုပါစို့။

လေးရက်ပြည့်မှ ပုပ်သိုးသွားတာ မဟုတ်ဘူးနော်။

ပေါင်မုန့်အဖြစ် စတင်ဖြစ်တည်လာကတည်းက စပြီး ပုပ်သိုးခြင်းဆီကို တရစပ်ဦးတည်ပြီးသွားနေတယ်။

ဒါကို တစ်ရက်ကြာတယ် နှစ်ရက်ကြာတယ် စသဖြင့် ကြာမြင့်ချိန်ပေါ် မူတည်ပြီး ဒီမုန့် လတ်ဆတ်တယ်

မလတ်ဆတ်ဘူး။ စသဖြင့် ဆုံးဖြတ်တယ်။ ခန္ဓာလည်း ဒီသဘောပဲ။ အမြဲတမ်းဖောက်ပြန်နေတယ်။

ထိုင်နေတော့လည်း ဖောက်ပြန်တယ် ရပ်နေတော့လည်း ဖောက်ပြန်တယ် သွားနေတော့လည်း ဖောက်ပြန်တယ် အိပ်နေတော့လည်း ဖောက်ပြန်တယ်။
ဒါကို ဣထိယာပုဒ်တွေလို့ ခေါ်တယ်။

ဒီလေးပါးမှာ အကြာကြီး မတည်မြဲနေဘူး။ တရားထိုင်တော့ ညောင်းလာတယ် ကိုက်လာတယ်။

ဒါဟာ ထိုင်ကတည်းက ဖောက်ပြန်ပျက်စီးမှုကို ဦးတည်နေလို့ပဲ။ သူ့ရဲ့ ဖောက်ပြန်မှု အမြင့်ဆုံးကိုရောက်လာတဲ့အခါ sign ပြလိုက်တယ်။ ညောင်းတယ် ပေါ့။

ဒါဆိုရင် ညောင်းတာက ရုပ်တရားပေါ်မှာ
ပေါ်လာတာ။ညောင်းတာကိုသိတာက နာမ်တရား။ နေရာပြင်ချင်တာက နာမ်တရား။
နေရာပြင်လိုက်တာက ရုပ်တရား။

ဒီတော့ဖောက်ပြန်ပျက်စီးတတ်တဲ့ ရုပ်သည် ဒုက္ခသစ္စာ။

သိတတ်သောသဘော ခံစားတတ်သောသဘော ပြုပြင်စီရင်သောသဘော မှတ်သားတတ်သော

သဘော သည် နာမ်တရား။ ဒီရုပ်တရား နာမ်တရားတို့သည် ရုပ်ကို ကြည့်တော့လည်း မတည်မြဲဘူး။ တော်နေကြာ တောင့်လာလိုက် ယားလာလိုက် အောင့်လာလိုက်နေသာတဲ့အနေအထားလေးဖြစ်လိုက် နဲ့ တရစပ်ဖောက်ပြန်နေတယ်။

ဒီရုပ်က ပြတာကို နာမ်ကလည်း သိပေးနေရတယ်။ ရုပ်က ပူလာလိုက်ရင်
နာမ်က ပူတယ်လို့ သိပေးလိုက် တစ်ခါ ရုပ်က ညောင်းတယ်ဆိုရ့င် နာမ်က သိပေးလိုက်နဲ့ ရုပ်ရော
နာမ်ရောဟာ ဖောက်ပြန်နေတယ်။

ဒါကို ရှုနေတဲ့ ယောဂီဟာ ပူရင်ပူတယ်မှတ်တယ်။ အရှုခံက ပူတယ်။အရှုဥာဏ်က ပူတယ်ဆိုတာကို သိတယ်။

ဒီလို အရှုခံနဲ့ အရှုဥာဏ်သွားနေတော့ ပူတာကို မကြိုက်တဲ့ဒေါသ ဖြစ်ခွင့်မရဘူး။ ဒါဆိုရင် ဒီဒေါသ ကိလေသာအတွက် ဖြစ်ရတဲ့ ရုပ်တွေ နာမ်တွေ အကုန်သိမ်းတယ်။ ခန္ဓာတွေ ဖြစ်ခွင့်ရဘူး။

ဒါက တဒင်္ဂပယ်ဟန်နဲ့ ကိလေသာပယ်တာ။ နိဗ္ဗာန်ဆိုတာက ကိလေသာကို အမြစ်ပြတ်ပယ်တာဆိုတော့ ဒီလို တဒင်္ဂပယ်ဟန်ကနေပဲ သွားရတယ်။

ရေကန်ထဲက ရေတွေကို ခပ်ထုတ်သလိုပဲ။ ပထမစခပ်ကာစမှာတော့ မသိသာဘူး။ ဒါပေမယ့် ခပ်ထုတ်ရင်း ခပ်ထုတ်ရင်းနဲ့
တဖြည်းဖြည်း ကုန်သွားသလိုပဲ။

ခန္ဓာဆိုတာ ကိလေသာကြောင့်ဖြစ်ရတာ။ ခန္ဓာရရင် အို နာ သေနဲ့ဆင်းရဲရမှာအမှန်ပဲ။ ဘယ်လောက်ပဲ ချမ်းသာပြည့်စုံပျော်ရွှင်တဲ့ ဘဝကို ရပါစေ ။ သေရမှာပဲ။

ဒီတစ်ဘဝပြီးတော့ရော နောက်ဘဝမှာလည်း အသတ်ခံရမှာပဲ။ ဒါကြောင့် ခန္ဓာမရမှ အေးမယ်။

ခန္ဓာမရချင်ရင် လောဘ ဒေါသ မောဟ မရှိအောင် ကုန်အောင်လုပ်ရမယ်။ ဒီလို လုပ်ဖို့ ဒီခန္ဓာဟာ ဆင်းရဲတယ်။

ဒါကိုမြင်အောင်ကြည့်ရမယ်။ ဒီလိုကြည့်တာဟာ တမင်လုပ်ကြည့်တာ မဟုတ်ဖူး။ သူ့နဂိုသဘာဝကိုက ဒီလိုပဲ။ ဒါကို မြင်မှ မလိုချင်မယ်။ မလိုချင်မှ နိဗ္ဗာန်ရမယ်။

ဒီလိုထိုင်ခြင်းဖြင့် ဒုက္ခဆင်းရဲဆိုတာကို ထင်ရှားစွာတွေ့လိမ့်မယ်။

အမှန်တော့ တရားထိုင်မှမဟုတ်ဘူး။
မြင်တဲ့နေရာ ကြားတဲ့နေရာ စားတဲ့နေရာ နံတဲ့နေရာထိတွေ့တဲ့နေရာ တွေးတောတဲ့နေရာ ဒါတွေအကုန်လုံးဟာ ဝိပဿနာရှုရမယ့်နေရာပဲ။

ဒါပေမယ့် မြင်သာထင်ရှားတဲ့အနေနဲ့ ဒုက္ခကို ပြတဲ့နေရာမှာ တရားထိုင်တာဟာ အကောင်းဆုံးပဲ။

အစပိုင်းမှာ ပြောခဲ့သလိုပဲ နိဗ္ဗာန်ဆိုတာ လွတ်မြောက်တာ ဒုက္ခတွေက လွတ်မြောက်တာ
ငြိမ်းချမ်းတာ။ ဒါဆိုရင် ဒုက္ခဆိုတာ ဘာလဲ။ ဒုက္ခလွတ်မြောက်ရာကကော ဘယ်လိုလဲ။

ဒီလို ဒုက္ခကလွတ်ဖို့ ဘာလုပ်ရမလဲ။ ဒီဒုက္ခက ဘာကြောင့်ဖြစ်တာလဲ။

ဒီလေးချက်ကို သိရမယ်။

ဒါကို စာလိုပြောတော့ သစ္စာလေးပါးလို့ ခေါ်တယ်။

ဒုက္ခက ဒုက္ခသစ္စာ သူက ယခုဘဝမှာ ရထားတယ်။ သူ့ကိုရထားသရွေ့ အို နာ သေ ရှိတယ်။

ဒုက္ခလွတ်မြောက်ရာက နိဗ္ဗာန်။ သစ္စာက နိရောဓသစ္စာ။ အို နာ သေ မရှိဘူး။

ဒုက္ခကို လွတ်ဖို့နည်းလမ်းရှိတယ်။ ဒီနည်းလမ်းက ရှစ်မျိုးရှိတယ်။ သစ္စာက မဂ္ဂသစ္စာ။

ဒုက္ခက ဘာကြောင့်ဖြစ်တာလဲ။ ကိလေသာကြောင့်ဖြစ်တာ။ သစ္စာက သမုဒယသစ္စာ။

ဒီသစ္စာလေးပါးမှာ အဓိကက ဒုက္ခကို ဒုက္ခလို့ သိဖို့လိုရင်းပဲ။

ဒုက္ခလို့သိမှသာ လွတ်မြောက်ချင်မှာ ဖြစ်ပါတယ်။

ဒီအတိုင်း မင်းရထားတာ ဒုက္ခသစ္စာကြီးလို့ ပြောရုံနဲ့ မသိနိုင်ဘူး။

သူ့သဘောကို ကိုယ်တိုင် သိမှသာ လွတ်မြောက်ချင်မှာ မလိုချင်မှာ ဖြစ်ပါတယ်။

အဝိဇ္ဇာဆိုတာ ဒီဆင်းရဲခြင်းကို မသိတာ။

ဒါကြောင့် အဝိဇ္ဇာရှိရင် ရုပ်နာမ်ရှိတယ်

အဝိဇ္ဇာမရှိရင် ရုပ်နာမ်မရှိဘူး။

ရုပ်နာမ်ရှိရင် အနိစ္စ ဒုက္ခ အနတ္တ ရှိတယ်။

ရုပ်နာမ်မရှိရင် အနိစ္စ ဒုက္ခ အနတ္တမရှိဘူးလို့ ကျေးဇူးတော်ရှင် မင်းကွန်းဇေတဝန်ဆရာတော်ဘုရားကြီး

မှ ဟောညွှန်ထားပါတယ်။

ဒါကြောင့် အဝိဇ္ဇာကို သတ်ချင်ရင် အနိစ္စ ဒုက္ခ အနတ္တကို မြင်အောင်ကြည့်ရမှာဖြစ်ပါတယ်။

လိုချင်တယ်ဆိုတာ မသိလို့လိုချင်တာပါ။ ဆင်းရဲမှန်းမသိလို့ လိုချင်တာ။

မသိတာက အဝိဇ္ဇာဖြစ်ပါတယ်။

************************************************************************************************

ဆရာ ကျော်နန္ဒအောင်၏ ကျေးဇူးတော်ရှင်ဆရာတော်ကြီးများ၏ ဝိပဿနာရှုနည်းပေါင်းချုပ်စာအုပ်

မှ ကျေးဇူးတော်ရှင် မင်းကွန်းဇေတဝန်ဆရာတော်ဘုရားကြီး၏ ဝိပဿနာရှုနည်းမှ မှီငြမ်းပါသည်။

သူတော်ကောင်းအပေါင်း အေးငြိမ်းကြပါကုန်။

သုညတ (16-03-2014)

သုညတ Page မှ ကူးယူသည်။

ကုသိုလ်ဖြစ်အောင် ချစ်ကြမယ်


(၁)

အဲဒီနေ့က သူတစ်ယောက်တည်း “အချစ်က မီးလား”ဆိုတာကို တွေးနေဖြစ်တယ်၊
တစ်ခါတစ်ခါတော့လဲ အချစ်ကမီးပါလို့ လက်ခံလိုက်တယ်၊ တစ်ခါတစ်ခါတော့လဲ အချစ်က မီးမဟုတ်ပြန်ဘူးလို့ ငြင်းဆန်လိုက်တယ်၊ သူတစ်ယောက်တည်း တစ်ထိုင် တည်းနဲ့ တစ်နေရာတည်းမှာ အချစ်က မီးဖြစ်သွားလိုက် ရေဖြစ်သွားလိုက်နဲ့ အဆုံးမသတ်တဲ့ အတွေးတွေနဲ့ လုံးချာလိုက်နေတာပဲ၊
အချစ်နဲ့ ပတ်သက်ပြီးလဲ အဆုံးမတွေ အများကြီး ဖတ်ဖူးတဲ့ သူ့မှာ မေးခွန်တွေကို ဘာသာထုတ်လိုက် ဘာသာပြန်ဖြေလိုက်နဲ့ အချစ်က ဘာဆိုတာ ကွဲကွဲပြားအဖြေ မရခဲ့ဘူး၊

ဒီလိုနဲ့ အဲဒီနေ့ဟာ တစ်နေကုန်ပြီး တစ်မိုးချုပ်ခဲ့တယ်၊ မပြိးပြတ်သေးတဲ့ အတွေးကို အဖြေရှာဖို့ သူ စာအုပ်စင်ပေါ်က ဇာတ်တော်စာအုပ်လေး ကောက်ကိုင်လိုက်တယ်။ ။


(၂) သူစဖတ်မိတဲ့ စာမျက်နှာ အစမှာပဲ -------------------
စာဖတ်သူများလဲ အဲဒီလို အတွေးတွေနဲ့ ချာချာလည်ခဲ့တဲ့ အကြိမ်တွေ မနည်းမနော ရှိခဲ့ဘူးမှာပါ၊ ဘာလို့လဲ ဆိုရင် အားလုံးက ပုထုဇဉ်တွေလေ အချစ်အကြောင်း မတွေးပဲ ဘယ်နေလိမ့်မလဲနော်၊ တွေးမိမှာပါပဲ၊
အချစ်က မီးပဲဖြစ်ဖြစ် ၊ရေပဲဖြစ်ဖြစ် မချစ်မိအောင်တော့ ဘယ်သူမှ နေနိုင်ကြမှာ မဟုတ်ပါဘူး၊ ဘာလို့လဲ ဆိုရင် အားလုံးက ချစ်တတ်တဲ့ နှလုံးသားရှိကြတဲ့သူတွေမို့ ပါ၊ အ၀ိဇ္ဖာနယ်တွင်းမှာ သက္ခာဆယ်ရင်းနဲ့ချစ်လိုက် လိပ်ပြာငယ်ရင်းနဲ့ ချစ်လိုက်၊၊ ။

ချစ်လိုက် ၊ချစ်လိုက်၊ ချစ်လိုက်နဲ့ အချစ်မကြိုက်တာတွေလုပ်မိလို့ အချစ်နဲ့ ကွဲကွာ ခွဲခွါရလိုက်၊ အချစ်ကြိုက်တာတွေ လုပ်မိပြန်တော့ အချစ်နဲ့ ပြန်လည်ပေါင်းစည်းမိကြ နဲ့ အချစ်သံသရာနွံတောမှာ ချစ်တတ်မြတ်နိုးတတ်တဲ့ ပုထုဇဉ်သတ္တ၀ါ သူသူငါငါ မျောလွင့်ဖူးတာပေါ့၊
အဲဒီတော့ မချစ်တတ်တဲ့ သတ္တ၀ါထဲမှာလဲ ကိုယ်က ၀င်ပါရတဲ့အခါလဲ ရှိကြတာပဲ၊ အချစ်ငတ်တဲ့ သတ္တ၀ါထဲမှာ ကိုယ်က ၀င်ပါရတဲ့ အကြိမ်တွေလဲ မနည်းမနောရှိခဲ့ကြ မှာပါ၊ ကိုယ့်ကြောင့် အချစ်ခင်မျာ မျက်နှာငယ်၊ ဒုက္ခရောက် မဖြစ်စလောက်ကလေးက စ အနာတရဖြစ်ခဲ့ရတဲ့ အချိန်တွေလဲ မနဲခဲ့ဘူးပေါ့၊
လူတိုင်း၊သတ္တ၀ါတိုင်းကတော့ အချစ်ကို မျက်နှာလဲ ငယ်စေချင်မှာမဟုတ်ပါဘူး၊ ဒုက္ခလဲ ရောက်စေချင်မှာ မဟုတ်ပါဘူး၊ အနာတရတွေနဲ့ နာကြဉ်နေတာမျိုးလဲ ဖြစ်စေချင်မှာ မဟုတ်ပါဘူး၊ အချစ်ကို အမြဲတမ်းပျော်ရွှင် နေစေချင်မှာပါ၊
ဒါပေမဲ့ လူတိုင်း သတ္တ၀ါတိုင်းက မချစ်တတ်တော့ အချစ်ခမျာ နာမည်ကောင်း မရရှာပဲ ခဏခဏ နာမည်ပျက်ရရှာတယ်လေ၊ အချစ်နာမည်ကောင်းကောင်း ရအောင် ချစ်တတ်အောင် သင်ရမှာပေါ့နော်၊
ဒါဆို ချစ်တတ်အောင်ဘယ်လိုသင်မလဲ ၊ လွယ်လွယ်လေးပါ စာဖတ်သူရေ၊ လွယ်လွယ်လေးဆိုပြန်တော့ စာဖတ်သူက တွေးနေမှာပေါ့ လွယ်နေရင် လူတိုင်းလုပ် တတ်နေမှာပေါ့လို့လေ၊ ဒါပေမဲ့ လွယ်မယောင်နဲ့ ခက် ၊ တိမ်မယောင်နဲ့နက် ဆိုသလို အချစ်ကို ကိုင်တွယ်ရတာ ခက်တယ်လေ၊ လွယ်လွယ်နဲ့ စပါယ်ပွင့်ရင် လူတိုင်းခေါင်း မှာ စပါယ်တွေဝေနေမှာပေါ့ စာဖတ်သူ၊
ဒါဆို ဘယ်လိုလုပ်မလဲ၊ ဘယ်လိုသင်မလဲဆိုတာ သိရအောင် စာရေးသူ ဖတ်ဖူးတဲ့ ဇာတ်ဝတ္ထုလေး တစ်ခုကိုဖောက်သည်ချပြချင်ပါတယ်၊

သူဖတ်ပြီးသွားတဲ့ စာပိုဒ်တွေက သူတွေးခဲ့တာတွေနဲ့ ကွက်တိကျနေပါရောလား။ ။


(၃) ဒါနဲ့ အဖြေဆက်သိချင်တာနဲ့ သူက ကျန်နေတဲ့ စာပိုဒ်တွေကို ဆက်ဖတ်လိုက် တယ်၊-----------

ဘုရားအလောင်းတော် နုစဉ်က မစလရွာမှာ မဃဆိုတဲ့ အမျိုးသားလေး ဖြစ်တုန်းက အချစ်ကို ရွှေတင်မြခက် စုံဖက်မြတ်နိုး အောင်မြင်မှု တန်ခိုးနဲ့ နာမည် ကောင်းရအောင် လုပ်သွားတဲ့ နည်းလေးကို ပြောပြချင်ပါတယ်၊
ပြောပြရမယ်ဆိုရင် ဇာတ်တော်ကတော့ အရှည်ကြီးပါ၊ စာဖတ်သူများ ဖတ်ရတာ များနေမှာစိုးလို့ အကျဉ်းချုံးပြောပြပါမယ်၊ အဲဒီမစလရွာမှာ မဃဆိုတဲ့အမျိုးသား လေးက လမ်းတွေပြင်တယ်၊ တံတားတွေဆောက်တယ် ၊ အများအကျိုးကို ကူညီတာ စတဲ့ ကုသိုလ်အလုပ်တွေကို လုပ်ပါတယ်၊
အဲဒီလိုပါပဲ သူနဲအတူ သူ့နောက်လိုက် လူငယ်လေးတွေ ( ၂၉)ယောက်ကလဲ အများ အကျိုးတွေကို သယ်ပိုးဆောင်ရွက်ကြပါတယ်၊ အဲဒီ မာဃလူငယ်လေး ဦးဆောင်တဲ့ အဖွဲ့ဟာ ငါးပါးသီလကိုလဲ အမြဲစောင့်ထိန်းပါတယ်။ အဲဒီမာဃဆိုတဲ့ လူငယ်လေးမှာ လဲ မယားက လေးယောက်တောင် ရှိသတဲ့၊ သူတို့တစ်တွေကတော့ ------------
( ၁) သုဓမ္မာ
(၂) စိတ္တာ
(၃) နန္ဒာ
(၄) သုဇာ တို့ဖြစ်ပါတယ်၊
တစ်နေ့မှာ သူတို့လူငယ်လေးတွေတိုင်ပင်ပြီး ရွာလယ်မြေကွက်လပ်မှာ ဇရပ်ကြီး တစ်ဆောင်ဆောက်လုပ်ကြပါတယ်၊ အဲဒီဇရပ်ကြီးရဲ့ထိပ်မှာ အထွဋ်ထပ်ဖို့အနေနဲ့ လိုတဲ့ပစ္စည်း အသားတွေကို သုဓမ္မာက ပါဝင်ကုသိုလ်ယူပါတယ်၊
စိတ္တာဆိုတဲ့ အမျိုးသမီးလေးကတော့ အဲဒီဇရပ်ကြီးနားမှာ ပန်းမျိုးစုံဖူးပွင့်နေတဲ့ ဥယျာဉ်ကြီးတစ်ခု ဆောက်လုပ်လှူဒါန်းပါတယ်၊ နန္ဒာဆိုတဲ့ အမျိုးသမီးလေးကတော့ အဲဒိဥယျာဉ်နားမှာပဲ ကြာမျိုးငါးပါးနဲ့ ပြည့်စုံတဲ့ရေကန်ကြီး တစ်ကန်တူးဖော် လှူဒါန်းပါတယ်၊ အဲဒီလို လူအများက ကုသိုလ်ကောင်းမှုတွေလုပ်ကြ၊ သီလဆောက် တည်ကြပေမဲ့ သုဇာဆိုတဲ့ အမျိုးသမီးလေးကတော့ သူ့အလှသူပြင်၊ သူလင်တော်မောင်လုပ်ရင် ငါလဲရမှာပဲ ဆိုပြီး ဘာသိဘာသာနေလာပါတယ်၊

အဲဒီလိုနဲ့ မာဃလူငယ်တို့အယောက်သုံးဆယ်နဲ့ သုဓမ္မာ၊ စိတ္တာ၊ နန္ဒာတို့တစ်တွေဟာ အသက်အတိုင်းအရှည်အတိုင်း လူပြည်မှာ နေထိုင်ကုသိုလ်ကောင်းမှုတွေပြုပြီး၊ သေလွန်သွားကြပါတယ်၊ သေလွန်တော့ တာဝတိံသာနတ်ပြည်မှာ မာဃလူငယ် လေးက သိကြားမင်းကြီးဖြစ်လာပြီး ကျန်တဲ့သူတွေက သူရဲ့နောက်လိုက် နတ်သားတွေ နတ်သမီးတွေဖြစ်လာပါတယ်၊
အဲဒီအချိန်မှာ တာဝတိံသာမှာ အသုရာတွေနေထိုင်တာပါ၊ သိကြားမင်းပိုင်ဆိုင်တဲ့ နတ်ပြည်မဟုတ်သေးပါဘူး၊ အသုရာတွေကပဲဆိုင်တဲ့ ပြည်ပါ၊ မာဃတို့လူငယ်တွေ ရောက်လာမှ အသုရာတွေကို မြင့်မိုရ်တောင်ခြေရင်းကို နှင်ထုတ်လိုက်ပါတယ်၊ အဲဒီအသုရာတွေက အမြဲတမ်းအရက်မူးနေကြပါတယ်၊ အရက်အမူးပြေလို့ သခွတ်ပန်းပွင့်ချိန်ရောက်တိုင်း သူတို့ပြည်တာဝတိံသာကို သတိရကြသတဲ့လေ၊
သခွတ်ပန်းပွင့်ချိန်ရောက်တိုင်းလဲ တာဝတိံသာက သိကြားမင်းနဲ့ အသုရာတွေနဲ့ စစ်ဖြစ်ကြတယ်တဲ့၊ အဲဒီလိုနဲ့ သူတို့ဟာ တစ်ဦးနဲ့ တစ်ဦး ရန်သူကြီးတွေဖြစ်လာပါ တယ်၊

ဒါပေမဲ့ စစ်ဖြစ်တိုင်း အသုရာတွေရှုံးတာပါတဲ့၊ သိကြားမင်းက အမြဲတမ်းနိုင်ပါတယ်၊
သိကြားမင်းက တာဝတိံသာမှာအနေကြာလာရင်း တစ်နေတော့ သူမယားလေး ယောက်ထဲ တစ်ယောက်ဖြစ်တဲ့ သုဇာလေး တာဝတိံသာမှာ ပါမလာတာ သတိ ထားမိသွားပါတယ် ၊
ငါရဲ့ အချစ်ဆုံးသုဇာလေး ဘယ်ဝများ ရောက်နေလဲ၊ အဆင်ပြေရဲ့လား၊ နေကေင်းရဲ့ လားဆိုပြီး နတ်မျက်စိနဲ့ ရှာကြည့်ပါတယ်၊
လားလား အဲဒီချိန်မှာ သုဇာလေးက ကုသိုလ်ကောင်းမှု ဘာမှမလုပ်ခဲ့တော့ ငါးတွေ ဖမ်းစားနေတဲ့ ဗျိုင်းမလေးဖြစ်နေရှာသတဲ့၊

ဒါနဲ့ သိကြားမင်းကလဲ မဖြစ်ချေဘူး၊ ငါရဲ့အချစ်ဟောင်းကို ကယ်မှပဲဆိုပြီး သုဇာဗျိုင်းမလေးဆီသွားပါတယ်။ သွားပြီတော့ ရှင်မရယ် မင်းမလဲ ရှေးက ကုသိုလ်ကောင်းမှုနဲခဲ့လို့ အခုလို တိရစ္ဆာန်ဘ၀ရောက်နေတာ၊ ဒီဘ၀က လွတ်အောင် ငါးပါးသီလဆောက်တည်ပါကွယ်လို့ တိုက်တွန်းအားပေးခဲ့ပါတယ်၊
သုဇာလေးကလဲ သိကြားမင်းပြောတဲ့အတိုင်း ချစ်တဲ့စိတ်နဲ့လိုက်နာပြီး ငါးပါးသီလတွေမြဲအောင်စောင့်ပါတယ်၊
အဲဒီဗျိုင်းမလေးဘ၀မှာ သုဇာဟာ ငါးပါးသီလတွေစောင့်စည်းခဲ့တဲ့အတွက်၊ သူသေ လွန်တဲ့အခါ လူပြည်က ဗာရာဏသီပြည်မှာ အိုးလုပ်တဲ့အိမ်မှာ သမီးကလေး အဖြစ်နဲ့ မွေးဖွား လာပါတယ်။

အဲဒီအိုးထိန်းသည် သမီးကလေးဘ၀မှာလဲ သုဇာဟာ ငါးပါးသီလတွေကို ဆက်လက်စောင့်ထိန်းပါတယ်၊
အဲဒီအခါမှာလဲ တာဝတိံသာက သိကြားမင်းကြီးခများ မနေသာဘူး ၊ အချစ်ဟောင်း သုဇာလေး ဘယ်ဘ၀ရောက်နေလဲဆိုတာ နတ်မျက်စိနဲ့ ရှာကြည့်ပြန်ရှာတယ်၊ ဗာရာဏသီက အိုးထိန်းသည်အိမ်မှာ အိုးလုပ်သမလေးဖြစ်နေပြီး ဆင်းရဲနေတာ မြင်ပြန်တော့၊
သိကြားမင်းခများ အဖိုးအိုယောင်ဖန်ဆင်းပြီး၊ အဲဒီအိုးလုပ်တဲ့ ရွာထဲမှာ လှည်းကြီးနဲ့ ရွှေဖရုံသီးတွေတင်ပြီး ၀င်သွားတယ်၊ ရွာသူရွာသားတွေက ရွှေဖရုံသီးတွေ ရောင်းပါလို့ အဖိုးအိုယောင် ဆောင်ထားတဲ့ သိကြားမင်းကိုပြောတော့ သကြားမင်းက ငါက ရောင်းဖို့မဟုတ်ဘူးကွာ၊ ငါးပါးသီလစောင့်တယ်၊ ငါးပါးသီလကို သိတဲ့သူကို ပေးဖို့ယူလာတာလို့ပြောလွှတ်တော့ ၊ ရွာသူ ရွာသားတော်တော်များ များက ငါးပါးသီလကို မသိကြတော့ တစ်ယောက်မှ ရွှေဖရုံသီးတွေမရကြဘူး၊
အဲဒီအချိန်မှာ သုဇာအိုးလုပ်သမလေးက သူငါးပါးသီလကိုသူသိပါတယ်၊ သူရွှေဖရုံ သီးတွေပေးပါလို့ တောင်းတော့ သိကြားမင်းက သုဇာကိုရွှေသခွားသီးတွေပေးပြီး ၊ ကုသိုလ်ကောင်းမှု တွေလုပ်ပါ၊ သီလတွေကို ဆက်လက်စောင့်ထိန်းပါလို့ မှာကြားပြီး တာဝတိံသာကို ပြန်သွားခဲ့တယ်။
အဲဒီလိုနဲ့ သုဇာအိုးလုပ်သမလေးဟာ အဲဒီဘ၀မှာ သီလတွေစောင့် ၊အလှူဒါနတွေ လုပ်ကာ သေဆုံးတဲ့အခါ သကြားမင်းတို့ရဲ့ ရန်သူတော်တွေနေတဲ့ အသုရာနတ် ပြည်မှာ အသုရာနတ်ဘုရင်ရဲ့ သမီးနတ်သမီးလေး သွားဖြစ်ပါတယ်၊
ဘ၀တိုင်းဘ၀တိုင်း သီလတွေစောင့်တည်ခဲ့တဲ့အတွက်ရုပ်ရှည်အဆင်းက အရမ်းကို လှပပါသတဲ့ ၊ မြင်ရတဲ့ နတ်သားတိုင်းက သုဇာနတ်သမီးလေးကို သိမ်းပိုက်ချင်ပါ သတဲ့၊ သုဇာလေးရဲ့ ချစ်လင်ဖြစ်ရရင် သေပျော်ပါပြီကွာလို့ ပြောရတဲ့ အထိကို ဖြစ်ကြသတဲ့၊

အဲဒီသတင်းကို တာဝတိံသာက သိကြားမင်းကကြားတော့ အသုရာနတ်ပြည်ကို ရုတ်တရက်ဆင်းလာပြီး သုဇာလေးကို လာကြည့်သတဲ့၊ နောက်တစ်ခါ ဘ၀ဘ၀က တိုင်းက အချစ်မေတ္တာ တန်ခိုးတွေကြောင့် မြင်မြင်ချစ်မိသွားပြီး တာဝတိံသာကို ခေါ်သွားပါသတဲ့ စာဖတ်သူ။

(၄)
ဇာတ်လမ်းလေးကတော့ ဒါပဲ စာဖတ်သူရေ အချစ်က မီးဖြစ်ချင်ဖြစ်မယ်၊ ရေဖြစ်ချင် ဖြစ်မယ်၊ဒါပေမဲ့ အသုံးချတ်မှ ရေဖြစ်မယ်နော်၊ ဘာလို့လဲ ဆိုရင် ဒီဇာတ်တော်လေး မှာ အချစ်ကြောင့်၊ ရှင်းရှင်းလင်းလင်း ပြောရရင် သိကြားမင်းက သုဇာလေးကို ချစ်တဲ့ ချစ်ခြင်းမေတ္တာကြောင့် ဘ၀ခြားပေမဲ့ ခဏတိုင်းလာလာပြီး သီလတွေ ဆောက် တည်ပါ၊ အလှူဒါနတွေလုပ်ပါလို့ တိုက်တွန်းခဲ့တာပါ၊
အဲဒီလိုပါပဲ သုဇာလေးကလဲ သကြားမင်းကို ချစ်တဲ့ စိတ်နဲ့ ချစ်သူပေးတဲ့ ဆုံးမစကား တွေ အကြံကောင်းတွေကို တစ်သွေမတိမ်းလိုက်နာပြီး ကုသိုလ်ကောင်းမှုတွေပြုလုပ် လို့ နောက်ဆုံးမှာ ပြန်လည်ဆုံးဆည်းကြရတယ်နော်၊
ဒါကြောင့် စာဖတ်သူရော အချစ်နဲ့ မကင်းသေးတဲ့ သူတစ်ယောက်ဖြစ်နေသေးတယ် ဆိုရင် အချစ်ကို မီးမဖြစ်အောင် ဘယ်လိုလုပ်မလဲ၊ ဘယ်လိုလုပ်မယ်ဆိုတာ မသိရင်

ဒီဇာတ်တော်လေးကို အစကနေ အဆုံးထိအောင် တစ်ခေါက်လောက် ပြန်ဖတ်ကြည့် ပါလို့ တိုက်တွန်းစကား ဆိုပါရစေ။ ။
( ၅) အားလုံး အဆုံးသတ်ဖတ်ပြီး ချိန်မှာတော့ ---
သူ တွေးဖြစ်ပြီးတော့ မပြီးပြတ်သေးတဲ့ အချစ်အကြောင်း အရှုတ်ထွေး အတွေကို ရှင်းလင်းသွားရပါတယ်။ အော်----------ဒါဆို အချစ်ဟာ တကယ်ချစ်တတ်ရင်-------------------------------------------------------

ရွှေမန်းသား အရှင်အကုင်္ရ
http://www.facebook.com/shwemantha
http://shwemantha.blogspot.in/
shwemantha@gmail.com
ကျမ်းကိုး=
ခုဒ္ဒက နိကာယ
ကုလာဝကဇာတက
ပါဠိတော်၊ အဋ္ဌကထာ၊
Jataka Tales of the Buddha an Anthology
( Ken and Visakha Kawasaki)

*** စိတ်အားဖြည့် ဓမ္မနှင်းပွင့်စာစုများ


(အရှင်ဆန္ဒာဓိက-ရွှေပါရမီတောရ)…

ဘယ်တော့မှ မဆာချင်ရင်
တရားနို့သောက်ပါ။
--------------------------

"သစ္စာလေးပါး မြတ်တရား” ဆိုတဲ့
“ဓမ္မနို့ရည်” ကတော့
ဆာလောင်မွတ်သိပ်မှု
တဏှာအားလုံးကို
အကြွင်းမဲ့ပယ်ဖျောက်
ပေးနိုင်ပါတယ်။

သစ္စာလေးပါးကို
အရဟတ္တမဂ်နဲ့
ထိုးထွင်းသိမြင်ပြီးလို့
ရဟန္တာဖြစ်သွားပြီဆိုရင်
ဘယ်အရာကိုမှ
ဆာလောင်မွတ်သိပ်မှု
မရှိတော့ပါဘူး။

အာရုံအားလုံး
ဘ၀အားလုံး
ဘာကိုမှ
သာယာနှစ်သက်
တပ်မက်တွယ်တာမှု
မရှိတော့တဲ့အတွက်
တဏှာအဆာဓာတ်အားလုံး
အပြီးတိုင်ချုပ်ငြိမ်း
ပြေပျောက်သွားပါပြီ။

…………………………

စိတ်မြင့်မားလေ ဘ၀တိုးတက်လေ
-------------------------------------

တရားဘာဝနာ အားထုတ်လို့
အတွေးအခေါ်ထက်မြက်
ဆုံးဖြတ်ချက် မှန်ကန်ပြီး
လုပ်ငန်းစွမ်းဆောင်ရည်နဲ့
ဘ၀အောင်မြင်မှု
တိုးတက်မြင့်မားလာတယ်ဆိုတာ
တရားဘာဝနာရဲ့ တန်ခိုးကြောင့်
စိတ်မော်ဒယ်လ်မြင့်လာတဲ့အတွက်
အလုပ်မော်ဒယ်လ်ရော
ဘ၀မော်ဒယ်လ်ပါ
မြင့်လာတာပါပဲ။

စိတ်မြင့်မှ အလုပ်မြင့်ပြီး
ဘ၀မြင့်ပါတယ်။

စိတ်နိမ့်ရင် အလုပ်နိမ့်ပြီး
ဘ၀နိမ့်မှာပါ။

ကိုယ့်စိတ် မော်ဒယ်လ်သစ်လေ
ကိုယ့်အလုပ်နဲ့ ကိုယ့်ဘ၀မှာ
အသစ်အသစ် အောင်မြင်မှုတွေ
တိုးပွားလာလေပါပဲ။

ကောင်းမြတ်တဲ့
တိုးတက်မှုတွေနဲ့
စိတ်အသစ်၊ ဘ၀အသစ်
ဖြစ်လိုသူတိုင်း
ကိုယ့်စိတ်၊ ကိုယ့်ဘ၀ကို
မော်ဒယ်လ်သစ်စေတဲ့
တရားဘာဝနာအလုပ်ကို
နေ့စဉ် နေ့တိုင်း
အချိန်မရရအောင်ယူ
သတိမရရအောင်
အလေ့အကျင့်လုပ်ပြီး
အားထုတ်သင့်ပါတယ်။

………………………………

စိတ်ကောင်းစိတ်မြတ်
တိုးပွားနေမှ ဘာဝနာသမားအစစ်။
----------------------------------=

ဘာဝနာ” ဆိုတဲ့
ပါဠိစကားလုံးက
“ဖြစ်စေခြင်း၊ တိုးပွားစေခြင်း”
လို့အဓိပ္ပါယ်ရပါတယ်။

စိတ်ကောင်းစိတ်မြတ်တွေ
ဖြစ်ပေါ်လာအောင်
ဓာတ်ကောင်းဓာတ်မြတ်တွေ
တိုးပွားလာအောင်
ပြုလုပ်အားထုတ်တာကို
ဘာဝနာလို့ခေါ်ပါတယ်။

စိတ်အစဉ်မှာ
ဓာတ်ကောင်းဓာတ်မြတ်တွေ
တိုးပွားနေပြီဆိုရင်
နှုတ်အမူအရာမှာလည်း
ဓာတ်ကောင်းဓာတ်မြတ်တွေ
ကိန်းဝပ်နေပါတယ်။

ကိုယ်အမူအရာမှာလည်း
ဓာတ်ကောင်းဓာတ်မြတ်တွေ
လွှမ်းခြုံနေပါတယ်။

ဘာဝနာသမားစစ်စစ်
တစ်ယောက်မှန် ရင်
်ကိုယ်အမူအရာလည်း
လိမ်မာယဉ်ကျေးသလို
နှုတ်အမူအရာလည်း
ချိုသာနူးညံ့ပါတယ်။

စိတ်အမူအရာလည်း
တည်ငြိမ်အေးချမ်းပါတယ်။

Credit to Mee Ku.

မျက် ရည် သောက် တဲ့ လူ


လူတွေအားလုံး
နေ့စဉ်နေ့တိုင်းအကြိမ်ကြိမ်
ရေသောက်ကြပါတယ်။

ရေသောက်တိုင်းရေသောက်တိုင်း
ရေအိုးထဲမှာရှိတဲ့ရေ၊
ရေခွက်ထဲမှာရှိတဲ့ရေကို
ကြည့်ပြီးတော့……

သြော်……
သံသရာတစ်လျှောက်
ငါကျခဲ့ရတဲ့ မျက်ရည်တွေဟာ
ဒီရေအိုးထဲကရေထက်၊
ဒီရေခွက်ထဲကရေထက်
အဆပေါင်းများစွာ များလှပါလား။

သံသရာ တစ်လျှောက်
ငါကျခဲ့တဲ့ မျက်ရည်တွေကို
ငါသောက်နေရတာပါလား။

အဲဒီလိုလေးများ တစ်ချက်လောက်
ဆင်ခြင်နှလုံးသွင်းလိုက်မယ်ဆိုရင်
သောက်လိုက်ရတဲ့ ရေနဲ့အတူ
မိမိတို့ရဲ့ နှလုံးသားထဲကို
သံဝေဂစွမ်းအားတွေ
စီးဆင်းပြီးတော့ သွားပါလိမ့်မယ်။

ကြိမ်ဖန်များလာပြီဆိုရင်
မိမိရဲ့ အသွေးအသားတွေဟာ
သံဝေဂ ဓာတ်တွေနဲ့
ထုံမွမ်းထားတဲ့
အသွေးအသားတွေအဖြစ်နဲ့
မြင့်မြတ်စွာ
ဖြစ်တည်နေတော့မှာပါပဲ။

အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ)

Credit to U Myomyat Thu.

ဗုဒ္ဓဘာသာဝင်တွေ မရှိတဲ့ဘုရားကို ကိုးကွယ်နေကြတာလား?


“သူတို့ကိုးကွယ်တဲ့ ဘုရားသခင်ဆိုတာ အခုထိ ကောင်းကင်ဘုံနန်းမှာ ရှိနေတယ်။ ပြီးတော့ သူတို့ဘုရားသခင်က ကိုးကွယ်ဆည်းကပ် လာသူတိုင်းကို ရှိသမျှ အပြစ်တွေလည်း ဆေးကြော ဖယ်ရှားပေးမယ်။ ဆင်းရဲဒုက္ခတွေ ကင်းဝေးစေမယ်။ ချမ်းသာသုခတွေနဲ့ ပြည့်စုံအောင်လည်း အစစ တာဝန်ယူတယ်” ဆိုတဲ့ အာမခံချက် အပြည့်ရှိကြောင်းတွေကို သူတို့ဘက်က ရွှန်းရွှန်းဝေအောင် ပြောပြကြပါတယ်။

ပြီးတော့ သူတို့က “မင်းတို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ ဘုရားဆိုတာ လူကဖြစ်လာတဲ့ဘုရားဖြစ်လို့ လူတွေလိုပဲ သေသွားခဲ့ပြီ။ အခု မရှိတော့ဘူး။ အဲဒီတော့ မင်းတို့ဟာ မရှိတဲ့ ဘုရားကို
ကိုးကွယ်နေကြသူတွေ ဖြစ်မနေဘူးလား?။ တို့ ဘုရားသခင်က တို့အတွက် လုံးဝအပြည့်အစုံ တာဝန်ယူပြီး အာမခံချက်ပေးသလို မင်းတို့ ဘုရားသခင်ကကော မင်းတို့အတွက် ဘယ်လိုတာဝန်ယူသလဲ၊
ဘာတွေအာမခံချက် ပေးသလဲ?။

ဆိုတဲ့ မေးခွန်းမျိုးတွေ မေးလာတဲ့အခါ မိမိရှင်းပြခဲ့တာကတော့=

လက် ရှိ ကိုးကွယ်နေကြတဲ့ ဘာသာတရားတွေကို ချမှတ် တည်ထောင်ခဲ့ကြတဲ့ ဦးစီးခေါင်း ဆောင်ဆိုတဲ့ ပုဂ္ဂိုလ်တွေအားလုံးထဲမှာ ဘယ်ခေတ်က၊ ဘယ်အရပ်မှာ၊ ဘယ်မိ ဘယ်ဖဖွားမြင်တယ်။ ငယ်နာမည်က ဘယ်လိုခေါ်တယ်။ ဘယ်အရွယ်မှာ ဘုရားဖြစ်တယ်။

ဘယ်လိုတရားတွေကို ဘယ်အရပ် ဘယ်ဒေသမှာ ဘယ်ပုဂ္ဂိုလ်ကို အကြောင်းပြုပြီး ဟောခဲ့တယ်” စတဲ့ သေချာရေရာတဲ့ မှတ်တမ်းမှတ်ရာ သမိုင်းအထောက်အထား ခိုင်ခိုင်လုံလုံ ရှိတာဆိုလို့ ဗုဒ္ဓဘာသာဝင်တွေ ကိုးကွယ်နေတဲ့ “ဂေါတမမြတ်စွာဘုရား” တစ်ဆူတည်းသာ ရှိတယ်ဆိုတာ ဒီနေ့ သိပ္ပံပညာ ဖွံ့ဖြိုးတိုးတက်နေတဲ့ ကမ္ဘာ့ပညာရှင်တွေ အားလုံကလည်း အလေးထား သိမှတ်ထားကြတာ အားလုံးအသိပါ။

ဗုဒ္ဓဘုရား ပွင့်တော်မူခဲ့တဲ့ မဇ္ဈိမဒေသ(အိန္ဒိယ၊ နီပေါနိုင်ငံတွေ) မှာ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင်ကျော်က အသောကမင်းကြီး ရေးထိုးစိုက်ထူခဲ့တဲ့ ဒီမှတ်တမ်း ကျောက်စာတွေ၊ ကျောက်တိုင်ကြီးတွေကို ကမ္ဘာ့ပညာရှင်တွေ အားလုံတို့ကလည်း အလေးထား အသိအမှတ်ပြုကြတယ်ဆိုတာ အားလုံးသိကြမှာပါ။

ဒါကြောင့် ဗုဒ္ဓဘာသာဆိုတာ ကမ္ဘာမှာ အရေရာဆုံး၊ အခိုင်မာဆုံး အထောက်အထားပြနိုင်တဲ့ ဘာသာတရားဖြစ်တယ်ဆိုတာ ဘယ်ပညာရှင်ကမှ မငြင်းဆန်ပါဘူး။

နောက်တချက်က “ဗုဒ္ဓမြတ်စွာ အခုဘယ်မှာရှိသလဲ?” ဆိုတဲ့ကိစ္စပါ။ ဂေါတမ မြတ်စွာဘုရားရှင်ဟာ (၄၅) ၀ါတိတိ သက်ရှိထင်ရှား နေထိုင်ခဲ့ပြီး တရားဓမ္မတွေကိုလည်း မရပ်မနားလို့ ဆိုရလောက်အောင် ဟောတော်မူခဲ့တာပါ။

သက်တော် (၈၀) အရွယ်၊ ၀ါတော် (၄၅) ၀ါ ပြည့်ပြီးချိန်မှာ ပရိနိဗ္ဗာန်စံသွားပါတယ်။ ပရိနိဗ္ဗာန်စံဝင်ခါနီးမှာ အလုပ်အကျွေးဖြစ်တဲ့ အရှင်အာနန္ဒာမထေရ်ကို ဘုရားရှင် မိန့်ကြားခဲ့တဲ့စကား ရှိပါတယ်။

“ ငါ ဘုရားရှင် ပရိနိဗ္ဗာန်စံသွားပြီ၊ ခန္ဓာရုပ်ဒြပ်ကြီး ကွယ်ပျောက်သွားပြီ ဆိုတာနဲ့ ကိုးကွယ်ရာမဲ့သွားပြီ၊ ဘုရားမရှိတော့ဘူးလို့ မမှတ်ယူပါနှင့်၊ ငါ ဘုရားရှင် (၄၅) ၀ါပတ်လုံး ဟောကြားခဲ့တဲ့ တရားပုဒ်စု(ဓမ္မက္ခန္ဓာ) ရှစ်သောင်းလေးထောင်တို့ဟာ ငါဘုရားရှင်ရဲ့ ကိုယ်စားတွေပါပဲ၊ ဒီတရားပုဒ်စုတွေ ထင်ရှားရှိနေသမျှ ငါဘုရား ထင်ရှားရှိနေတယ်လို့ ခံယူကြပါ ” ဆိုတဲ့ မှာတမ်းစကားပါ။

ဒါကြောင့် “ မြတ်စွာဘုရား အခု ဘယ်မှာရှိသလဲ ” ဆိုရင် ဓမ္မက္ခန္ဓာ တရားတော်တွေရှိတဲ့ နေရာမှာ ရှိတယ်လို့ ပြောရမှာပါ။

ဒါကို ကြည့်လိုက်ရင် ဗုဒ္ဓဘာသာဝင်များဟာ မရှိတော့တဲ့ ဘုရားကို ကိုးကွယ်နေကြသူတွေ မဟုတ်ဘူး။ ထင်ရှားတဲ့ မြတ်ဗုဒ္ဓရဲ့ကိုယ်စား တရားတော်တွေကို လိုက်နာကျင့်သုံးပူဇော်နေကြသူတွေ ဖြစ်တယ်ဆိုတာကို အထူးသိမှတ်သင့်ပါတယ်။

ထပ်ပြီးသတိပေးလိုတာကတော့ “ ဗုဒ္ဓဘာသာဆိုတာ ကိုးကွယ်ပသရေး ဘာသာတရား မဟုတ်ဘူး၊ လိုက်နာကျင့်သုံးပူဇော်ရေး ဘာသာတရားသာ ဖြစ်တယ် ” ဆိုတာကို အလေးအနက် နားလည်ကြရမှာ ဖြစ်ပါတယ်။


{ ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း) ၏
ဘယ်ကျောင်းနေမလဲ မောင်ရေခဲနှင့် အာခံတွင်းက ဖွားသူများမှ ကောက်နုတ်ရေးသားပူဇော်ပါသည်။

MML.

Credit to Minmin Latt.

" တိတ်ဆိတ်ငြိမ်သက်မှုကိုမြတ်နိုးသူ "


မြတ်စွာဘုရားသခင်ရဲ့
တိတ်ဆိတ်ငြိမ်သက်စွာနေရမယ်ဆိုတဲ့
အဆုံးအမတွေကို
ဗုဒ္ဓဘာသာဝင်ဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ
မလိုက်နာတာပါလား။

ဒို့ တစ်တွေဟာ ဘုရားရဲ့ အဆုံးအမကို
ဒါလေးတောင် မလိုက်နာဘူးဆိုရင်
တစ်ခြားဟာတွေလည်း
လိုက်နာမှာ မဟုတ်ဘူးလို့ 
အဓိပ္ပါယ်ဟာ အင်မတန်မှ ထင်ရှားတယ်။

ကြည့်လေ..။
ရွှေတိဂုံဘုရားပေါ်သွားကြည့်ကြည့် သွားဖူးဖူး၊
ဆူးလေးဘုရား သွားဖူးဖူး၊
ဗိုလ်တစ်ထောင် ဘုရား သွားဖူးဖူး၊
ဟို…ဘုရားပေါ် လှည့်ပတ်ကြည့် ဆူညံ့သွားကြတာများတယ်။

ဘုရားဟာ လှည့်ပြီးတော့ ဈေးထဲဝင်သလို
အတိုင်းအတာ တစ်ခုဖြစ်နေတယ်။
ရိုသေမြတ်နိုးမှုကို အင်မတန်မှ အားနည်းတယ်။
မြန်မာ လူမျိုးတွေရဲ့ အလေ့အထဟာ
အဲ့သလိုမျိုးပဲ။

အများစုဟာ အဲ့သလိုမျိုးပဲ။
လူတိုင်းကို မဆိုလိုပါဘူး။
ထပ်ပြီးတော့ ဘယ်သူက မှ သုတေသန လုပ်မကြည့်ဘူး။
တကယ် သုတေသန လုပ်ကြည့်လိုရှိရင်
နေ့ စဉ် ဘုရားပေါ်တက်လာသူ ဘယ်နှစ်ယောက်ရှိလဲ?၊
စကားမပြောပဲ ဘုရားကို မြတ်မြတ်နိုးနိုး ရှိခိုးပြီး သွားတဲ့လူက ဘယ်နှစ်ယောက်၊
စကားပြောပြီးတော့ လှည့်ပတ် လျှောက်ကြည့်တဲ့လူက ဘယ်နှစ်ယောက်၊
ဘုရားတောင်မှ ဦးမချပဲနဲ့ 
ထွေလာ ပွေလာ စကားတွေလျှောက်ပြောပြီး
ဘုရားပေါ်က ဆင်းသွားတဲ့လူက ဘယ်နှစ်ယောက်ဆိုတာ
နေ့ စဉ်မှာ သုတေသန လုပ်ကြည့်ဘို့ ကောင်းတဲ့
အနေအထားတစ်ခု။

ဘုန်းကြီးတို့ တစ်ခါ ဆူးလေ ဘုရားထဲမှာ
တရားသွားဟောတာ တရားဟောလို့ မဖြစ်ပါဘူး။
ဘုရားဖူးတွေက အပြင်ဘက်က
ဘုရားဖူးလို့ ပြောတဲ့ ပုဂ္ဂိုလ်တွေက
ဘုရားပေါ် ဆူညံ ဆူညံနဲ့  လှည့်ပတ်ပြီးတော့
စကားပြောသွားတာ
စကားပြောသွားတော့
တရားဟောလို့ မဖြစ်ခဲ့ဘူး။

နောက်ဆို ဆူးလေဘုရားထဲက ပင့်တဲ့
တရားပွဲတွေဆို မသွားတော့ဘူး။
ဘာဖြစ်လို့ လဲဆိုတော့
ဘုရားကြိုက်တဲ့ တိတ်ဆိတ်ငြိမ်သက်မှု မရတော့
ဘုရား တရားဟောရန်
အင်မတန်မှ ခဲရင်းတဲ့ နေရာမျိုးဖြစ်ပါတယ်။

တစ်ခြားနိုင်ငံတွေမှာ
အတော်အံသြစရာ ကောင်းလောက်အောင်
တိတ်ဆိတ်ငြိမ်သက်မှု့ ကိုတွေ့ ရတယ်။
ပျင်းစရာကောင်းလောက်အောင်
တိတ်ဆိတ်တယ်လို့ ပြောရမယ်။
အဲ့သလို သူတို့ ဆီမှာလို
တိတ်ဆိတ်ငြိမ်သက်မှု့ ကို
ဘယ်သူကလုပ်ပေးလို့  ဘယ်သူက ဆုံးမလို့ 
ဒီလောက် ငြိမ်သက်ကြတာလဲ? ၊

ဒို့  နို်င်ငံမှာ ဗုဒ္ဓဘာသာလို့ ပြောပြီးတော့
ဘုရား က ဆုံးမရဲ့သားနဲ့ ဘာဖြစ်လို့ 
ဘုရားစကား နားမထောင်ကြတာလဲလို့ ။
ဘာဖြစ်လို့ တုန်းဆိုတော့
ဘုရားပေါ်တက်လဲ မတိတ်ဆိတ်ဘူး။
ဘုန်းကြီးကျောင်းသွားလဲ မတိတ်ဆိတ်ဘူး။
ဘယ်နေရာမှ မတိတ်ဆိတ်ဘူး။
ဆူညံပြီးတော့ နေလေ့ ရှိကြတာ
အတော်အံသြစရာ ကောင်းတဲ့
အနေအထားတစ်ခုပဲတဲ့။

မစဉ်းစား မဆင်ချင်လို့ ရှိရင်
ဒီကိစ္စ မသိနိုင်ဘူး။
စဉ်းစား ဆင်ချင်ဘို့ ကောင်းတယ်။

ပြီးတော့ ဘာသာရေးပွဲတော်
လုပ်တာက ဘာသာရေးပွဲတော်
ဖွင့်တယ် ကက်ဆက်တွေ သီချင်းတွေ
ဖွင့်လိုက်တဲ့ သီချင်းတွေက ကာမ သီချင်းတွေဖွင့်တယ်။
ဘာသာရေးနဲ့ ကာမနဲ့  ဆန့် ကျင်ဘက် ဖြစ်တယ်။
ဘာသာရေးဆိုရင် ဘာသာရေးသီချင်းလေးကိုဖွင့်ပေါ့၊
အဲ့ဒီ စည်းကမ်းချက်လေးတောင်မှ ဒီမှာ မရှိဘူး။
မပီပြင်ဘူးပေါ့။

ဘုရားပေါ်ကလည်း ဖွင့်ချင်တာဖွင့်တာ။
ဖွင့်လိုက်တဲ့ နေရာက ဘုရား
ဖွင့်လိုက်တဲ့သီချင်းက နားမကြားသာ သီချင်းမျိုး။
ဒါတွေကို မစဉ်းစားကြဘူးလားလို့ 
တွေးတောမိတာပေါ့။

(ပါချုပ်ဆရာတော်ဘုရား
ဒေါက်တာ အရှင် နန္ဒာမာလာဘိဝံသ)

Credit to Thant Gyi.

စမ်းချောင်းထဲက ရေ


တစ်ခါတုန်းက ပညာရှိ အဖိုးအို နေထိုင်တဲ့စမ်းချောင်းလေးဘေးက အိမ်ကလေးကို လူတစ်ယောက်ရောက်လာတယ် ။

“ အဖိုး ကျွန်တော်အဖိုးကို တစ်ခုမေးပါရစေ ”

“ မေးပါ လူလေး ”

“ ကျွန်တော်က ဟိုဖက်ခြမ်းမှာရှိတဲ့ရွာကလေးမှာ နေတဲ့ ရွာသားတစ်ယောက်ပါ ကျွန်တော့်ကို တစ်ရွာလုံးက ၀ိုင်းနှိမ်ကြပါတယ် အဖိုး။

ကျွန်တော့်ကို ဆင်းရဲလို့လည်းနှီမ်ကြတယ်။
ရုပ်ဆိုးလို့လည်းနှိမ်ကြတယ်။
အရပ်ပုလို့လည်းနှိမ်ကြတယ်။
ကျွန်တော့်ရဲ့မျိုးရိုးကိုလည်းနှိမ်ကြတယ်။

ကျွန်တော်က သဘောထားပြည့်ဝပါတယ်။
ဒါပေမယ့် ကျွန်တော်အရမ်းကို ဒေါသထွက်ရပါတယ်။

အဲဒီအတွက်ဘယ်လို တုန့်ပြန်ရမလဲဆိုတာ အဖိုးကိုလာမေးတာပါ ”

“ လူလေး တကယ်သဘောထားပြည့်ဝရဲ့လား ”

ပြောပြောဆိုဆို အဖိုးအိုက ဘေးနားက ဇလုံကို ယူပြီး အဲဒီလူကို စမ်းချောင်းဖက်ခေါ်လာခဲ့တယ် ။

စမ်းချောင်းအစပ်ရောက်တဲ့အခါ
အဖိုးအိုက ဇလုံထဲကိုရေဖြည့်ပြီး
ကျောက်တုံးတစ်တုံးထည့်လိုက်တယ် ။

အဲဒီအခါ ရေတွေဟာ ဇလုံရဲ့အပြင်ဖက်ကို လျှံကျလာတာတွေ့လိုက်ရတယ် ။

ပြီးတော့အဖိုးအိုကအရွယ်အစားကြီးတဲ့ကျောက်တုံးတစ်တုံးကိုယူပြီး စမ်းချောင်းထဲပစ်ချလိုက်တယ် ။

စမ်းချောင်းထဲမှာ လှိုင်းအနည်းငယ်ဖြစ်ပြီးခဏကြာတော့ ငြိမ်သက်သွားတယ် ။

အဖိုးက ရွာသားကိုပြောလိုက်တယ် ။

“ ငါ့မြေး ငါ့မြေးဟာ
စမ်းချောင်းထဲကရေးလား ...
ဇလုံထဲကရေလား .. .
ကိုယ့်ကိုယ်ကို စမ်းချောင်းထဲကရေလို့ သဘောထားခဲ့ရင် ဘာလို့ တစ်ဖက်သားက ကျောက်ခဲသေးသေးလေးပစ်ထည့်လိုက်တာနဲ့ ဇလုံထဲကရေလို လျှံကျချင်နေရတာလဲ ” တဲ့။

=============================

သင့်ရဲ့ ပင်ကိုယ်စိတ်ရင်းဟာ စမ်းချောင်းထဲကရေလို ကြည်လင်အေးမြ နေတယ်ဆိုရင်
တစ်ပါးသူရဲ့ မနာလို ၀န်တို တိုက်ခိုက်မှု ကျောက်တုံးသေးသေးလေးတွေကြောင့် အနှောက်အယှက်မဖြစ်ပါစေနဲ့။

ပင်ကိုယ်စိတ်ရင်းက ကြည်လင်နေတယ်ဆိုရင် သူတစ်ပါးကြောင့်လှိုင်းထတယ်ဆိုရင်လည်းခဏတာပါပဲ။ဘယ်တော့မှ ဇလုံထဲကရေလို လျှံမကျမိပါစေနဲ့ ။

စိတ်သဘောထားပြည့်ဝတဲ့လူဆိုတာ သူတပါးရဲ့ အပြုအမူ စော်ကားမှုကြောင့်
ကိုယ့်စိတ်ကိုယ် လှိုင်းမထန်စေပါဘူး ။

Thinking Concept စာစုများ ။

Credit to သက်တန့်ချို....။

Credit to Aye Aye Cho.

*... ဆယ်ပါးသော အမှားများ ...*


၁။ ပညာအားကောင်း၍ သဒ္ဓါအားနည်းသော သူတို့သည်

စကားများခြင်းဟူသော အမှားကို ရောက်တတ်ကုန်၏။

၂။ ပညာအားနည်း၍ သဒ္ဓါအားကောင်းသော သူတို့သည်

ကျဉ်းမြောင်းသည့် အယူသန်ခြင်းဟူသော အမှားသို့

ရောက်တတ်ကုန်၏။

၃။ သင့်လျော်လုံလောက်သော ဘာသာရေးညွှန်ကြားချက်မရရှိဘဲလုံ့ 

လ ဝိရိယကောင်းသောသူသည် ချော်ချွတ်သော အစွန်းများသို့(အန္တ)

သွားခြင်းဟူသော အမှားသို့ ရောက်တတ်၏။

၎။ တရားတော်ကို ကြားနာဆင်ခြင်ပြီးနောက်

လုံလောက်သောပြင်ဆင်မှူမရှိဘဲ ဘာဝနာကို ပွားများ

အားထုတ်ခြင်းသည် သတိမေ့လျော့ခြင်းဟူသော မှောင်မိုက်ထဲမှာ

မိမိကိုယ်ကို ပျောက်ဆုံးစေခြင်းဟူသော အမှားသို့ ရောက်တတ်၏။

၅။ တရားတော်ကို လက်တွေ့အားထုတ်ခြင်းနှင့်

သင့်လျော်လုံလောက်သော နားလည်ခြင်းမရှိသောသူသည်

ဘာသာရေး၌ ကိုယ့်ကိုယ်ကို အထင်ကြီးခြင်းဟူသော အမှားသို့

ရောက်တတ်၏။

၆။ စိတ်အား ကိုယ့်အကျိုးကို မငဲ့ကွက် အထောက်ထားခြင်းနှင့်

အတိုင်းမရှိသော ကရုဏာဖြစ်ခြင်းကို လေ့ကျင့်မထားပါက

တစ်ကိုယ်တည်းအတွက် လွတ်လပ်ရေးကို ရှာဖွေခြင်းတည်း ဟူသော

အမှားသို့ ရောက်တတ်၏။

၇။ စိတ်အား မိမိကိုယ်တိုင်၏ ပုဂ္ဂိုလ်အတ္တဘော ထင်ရှားမရှိသော

သဘာဝကို သိမြင်နားလည်ခြင်းဖြင့် ဆုံးမသွန်သင်ခြင်း

ပြုလုပ်မထားပါက လောကီရေးရာကို လိုက်စားခြင်း

လမ်းကြောင်းတလျှောက်၌ အားလုံးသော အပြုအမူများကို

လွှဲဖယ်စေခြင်းဟူသော အမှားသို့ ရောက်တတ်၏။

၈။ လောကီရေးရာ၌ လိုက်စားတတ်သော အလိုဆန္ဒအားလုံးကို

အမြစ်မဖြတ်နိုင်ပါက လောကီရေးရာ၌ လိုက်စားတတ်သော

အကြောင်းရင်းများဖြင့် လွှမ်းမိုးခံရန် မိမိကိုယ်တိုင်ကို ခွှင့်ပြုခြင်းဟူသော

အမှားသို့ ရောက်တတ်၏။

၉။ ယုံကြည်လွယ်ပြီး မယဉ်ကျေးသော ချီးမွမ်းသူများကို သင်၏

ပတ်ဝန်းကျင်၌ စုရုံးစေရန် ခွှင့်ပြုထားခြင်းဖြင့် လောကီရေးရာနှင့်

ပတ်သတ်သော မာန်မာနဖြင့် တက်ကြွလာခြင်းဟူသော အမှားသို့

ရောက်တတ်၏။

၁၀။ မိမိ၏ မသိမမြင်နိုင်သော အတတ်ပညာများနှင့် တန်ခိုးများကို

ကြွားဝါခြင်းဖြင့် လောကီရေးရာနှင့် ပတ်သတ်သော ကိစ္စများထဲ၌

တတ်ကျွမ်းခြင်းကို မောက်မာစွာ ပြသခြင်းဟူသော အမှားထဲသို့

ကျရောက်တတ်၏။

ဤဆိုအပ်ခဲ့ပြီးသည်တို့ကား ဆယ်ပါးသော အမှားတို့ ဖြစ်ကုန်သည်။

(ကောက်နုတ်ချက်။ ။ စင်ကြယ်သော ဗုဒ္ဓဘာသာ၊ အရှင်ပညိန္ဒာဘိဝံသ။)
အလင်းတမန်

- OneOne KAW

"... ဗုဒ္ဓ၏ဉာဏ်တော် ( ၁၄ ) ပါး ..."


၁။ ဒုက္ခ ကိုသိသောဉာဏ်

၂။ ဒုက္ခ ၏အကြောင်းကိုသိသောဉာဏ်

၃။ ဒုက္ခ ချုပ်ရာကိုသိသောဉာဏ်

၎။ ဒုက္ခ ချုပ်ရာသို့ရောက်ကြောင်းကိုသိသောဉာဏ်

၅။ အနက်အကျိုးကိုသိသော အတ္ထပဋိသမ္ဘိဒါဉာဏ်

၆။ သဒ္ဒါအကြောင်းကိုသိသော ဓမ္မပဋိသမ္ဘိဒါဉာဏ်

၇။ သဒ္ဒါကိုသိသောဉာဏ်

၈။ ဉာဏ် ပဋိဘာန်ကို သိသောဉာဏ်

၉။ သတ္တဝါတို့၏ ဉာဏ်အနုအရင့်ကို သိသောဉာဏ်

၁၀။ သတ္တဝါတို့၏ အလိုဆန္ဒကိုသိသောဉာဏ်

၁၁။ တန်ခိုးပြာဋိဟာ၌ သိသောဉာဏ်

၁၂။ မဟာကရုဏာသမာပတ်၌ သိသောဉာဏ်

၁၃။ အလုံးစုံကိုသိသော သဗ္ဗညုတဉာဏ်

၁၄။ အပိတ်အပင် အတားအဆီးမရှိသော အနာဝရဏဉာဏ်

( ပဋိသမ ၻိဒါမဂၢ - ၁၂၆ )

အထက်ပါဉာဏ်တော် ( ၁၄ ) ပါးတို့တွင် ရှေ့ မှဉာဏ်တော် ( ၈ ) ပါးသည် သာဝကတို့နှင့်လည်း သက်ဆိုင်သည်။

နောက်ဉာဏ်တော် ၆ ပါးကား ဘုရားရှင်တို့နှင့်သာ သက်ဆိုင်သော အသာဓာရဏဉာဏ်တော်ဖြစ်သည် ။

ဘုရားရှင်၏ဉာဏ်တော်များအား ကြည်ညိုနိုင်ကြပါစေ ။

— မန်းသား မှကူးယူဖော်ပြပေးပါသည်

မိမိစိတ်ကို ကောင်းစွာစောင့်ရှောက်ခြင်း


တစ်ခါတုန်းက ဘုရားအလောင်း ဟိရိတစ ရသေ့ဟာ ဟိမ၀န္ဆာ တော မှာ

သီတင်းသုံး နေပါတယ်။ တရား ကျင့် ရင်း ဈာန် အဘိညာဉ် သမာ ပတ်တွေ

လည်း ရထားပါတယ်။ တစ်နေ.တော့ ချဉ်စားမှီဝဲ ဖို. ဗာရာဏသီ ပြည်ကို

ထွက်ခဲ့ပါတယ်။ တောထဲမှာ အနေကြာရင် ဆားဓတ် နည်းလာ ပြီး

ဒူးခေါင်းတွေ ကြီးလာ ရတယ်လို. ဆိုပါတယ်။ ဒါကြောင့် တောထဲမှာ နေတဲ့

ရသေ.တွေဟာ ခန္ဓာကိုယ်မှာ ဆားဓတ် နည်း လာပြီ ဆိုရင် မြို.တက်ပြီး

အလှူခံလေ. ရှိပါတယ်။

ဟရိတစ ရသေ.ဟာ မြို.ရောက်တော့ ဗာရာဏသီ မင်းရဲ့ နန်းတော် ကို

သွားပြီး ချဉ်ဆား အလှူ ခံပါတယ်။ ဗာရာဏသီမင်းက ဟရိတစ ရသေ. ကို

မြင်မြင်ချင်း ကြည်ညိုသွားပြီး နန်းတော်ထဲက ဥယျာဉ်ထဲမှာ

သိတင်းသုံးစေပါတယ်။

တစ်နေ.မှာ ဗာရာဏသီမင်းက စစ်ထွက်ဖို. ကြုံလာပါတယ်။ ဒါကြောင့်

စစ်ထွက်ခါနီးမှာ ဆရာရသေ.ကို ကောင်းကောင်းလုပ် ကျွေးဖို. မိဖုရားကို

မှာခဲ့တယ်။

မိဖုရားက မင်း မှာတဲ့ အတိုင်း

ဆွမ်း ဘောဇဉ်ကို ကောင်းကောင်းပြင်ပြီး ရေချိုး နံ့သာရည်

လိမ်းပြီး စောင့်နေ လိုက်ပါတယ်။ ရသေ.ကို စောင့်ရင်းနဲ့ အမှတ်တမဲ့

ကုတင်ပေါ်မှာ အိပ်ပျော်သွားပါတယ်။ မိဖုရား အိပ်ပျော်နေစဉ်မှာပဲ ရသေ.က

ဈာန် နဲ့ပြူတင်းပေါက်က ၀င် လာ ပါတယ်။ မိဖုရားက

လျှော်တ သင်္ကန်းသံကြားလို. အမှတ်တစ်မဲ့ အမြန်ထလိုက်တာ ၀တ်ထားတဲ့

ဝတ်ရုံက အောက်လျောကြ သွားပါတယ်။ ရသေ.က မိဖုရားရဲ့ ၀ိသဘာဂ

အာရုံကို မြင်လိုက်တော့ ကိုယ်တွင်းမှာ ငြိမ်သက်စွာ တည်နေတဲ့

ကုေ ဋ နှစ်သိန်းလောက် ရှိတဲ့ ကိလေသာ တွေဟာ တစ်ခါတည်း

ထကြွလာတယ် လို. ဆိုပါတယ်။ ရထားတဲ့ ဈာန်လည်း ကိလေသာနဲ့ အတူ

ကွယ်ပျောက် သွားပါတယ်။ နောက်ဆုံး မိဖုရားနဲ့ မှားယွင်းတဲ့

အထိ ရောက်သွားပါတယ်။

ဗာရာဏသီမင်း ပြန်ကြွလာတော့ ဒီအကြောင်းကို အမတ်တွေက

တိုင်ကြပါတယ်။ ဒါပေမဲ့ မင်းက မယုံဘူးလို.ဆိုပါတယ်။ အမတ်တွေက

တစ်ယောက် မက တိုင်လာတော့ မင်းက မိဖုရာကို “ သင်ရသေ.နဲ့

မှားယွင်းနေတယ် ဆိုတာ ဟုတ်သလား ” လို. မေးကြည့်ပါတယ်။

မိဖုရားကလည်း မှန်ပါတယ် လို. ၀န်ခံပါတယ်။ ဒါပေမဲ့ မင်းက

မယုံပြန်ပါဘူးတဲ့ ။ နောက်ဆုံး ရသေ.ကို တိုက်ရိုက် သွားမေးတော့

ဟုတ်ပါတယ် မင်းကြီးလို. ပြောလိုက်ပါတယ်။ ဒီတော့မှ မင်းက

ယုံသွားပါတယ်။

ပြီးတော့ ဟရိတစ ရသေ.က ကိုယ့်စိတ်ကိုယ် ပြန်ဆောက်တည် ယူပါတယ်။

ငါဟာ အမှားကြီးတစ်ခုကို ကျုးလွန်ခဲ့ပြီ၊ ငါ့အမှားကို ငါကိုယ်တိုင်ပဲ

တည်ဆောက် ယူလို.ရမယ်။ မင်းကြိးလည်း တည်ဆောက်ပေးလို. မရဘူး၊

မိဖုရားကြီးလည်း တည်ဆောင်ပေးလို. မရဘူး၊ ကိုယ့်အမှား ကိုယ် သိတဲ့

သူဟာ ပြုပြင်ယူဖို. မခဲယဉ်းပါဘူး။

ရသေ.က ၊ အဲဒီလို ဆင်ခြင်ပြီး မင်းကြီးကို “ မင်းကြီးရေ ငါ့ကိုခွင့်လွတ်ပါ

၊ငါဟာ မနေသင့်တဲ့ အရပ်မှာ နေခဲ့လို. လူတွေရဲ့ ပါးစပ်ဖျားမှာ ကဲ့ရဲ့ စရာ

ဖြစ်ကုန်ပြီ ၊ မိန်းမနံ ကင်းတဲ့ တောဆီကိုပဲ ပြန်ပါရစေတော့

လို. ပြောပြီး တော ကို ပြန်ကြွ သွားပါတယ်။

ပြောလက်စနဲ့ အများကြားဖူးတဲ့ ဓမ္မ ၀တ္တုလေး တစ်ပုဒ်ကိုလည်း

ခပ်ကျဉ်းကျဉ်း ထပ်ပြော လိုက်ပါရစေဦး။ အာရုံးနိုးတဲ့ အနေနဲ့ပေါ့ ။

ကဿပ ဘုရားရှင် လက်ထက်က ရဟန်းတစ်ပါး ရှိပါတယ်။ အဲ့ဒီ ရဟန်းက

သီလလည်း တော်တော် စင်ကြယ်ပါတယ်။ တစ်နေ.တော့ သူ.ကျောင်းကို

အာဂန္တု ကိုယ်တော်တစ်ပါး ရောက်လာပါတယ်။ သူ.ရဲ့ ဆွမ်းကပ်နေကျ

ဒကာက ကျောင်းမှာ အာဂန္တု ကိုယ်တော်တစ်ပါး ရောက်နေတယ် ဆိုတာ

သိရတော့ မနက်ကျရင် အာဂန္တု ရဟန်းကိုပါ ပင့်ခဲ့ဖို. ဖိတ်သွားပါတယ်။ အဲဒီ

အချိန်မှာ ကျောင်းထိုင် ကိုယ်တော် ရဲ့ စိတ်ဟာ အာဂန္တု ရဟန်းကို မနာလို

ဝန်တိုတဲ့ စိတ်တွေက တစ်ဖွားဖွား ပေါ်လာတော့တာပါပဲ။ ဒီတော့

မနက်ဆွမ်းစား သွားခါနီးမှာ

လက်သည်းဖျားနဲ့ ခေါင်းလောင်းထိုး နိုးခဲ့ပါသတဲ့.။ အိမ်ရောက်တော့

ဒကာကို သင့်ကိုယ်တော်ကြီး အအိပ်ကြီးနေတယ် ၊ ခေါင်းလောင်း

ထိုးနိုးတာတောင် မနိုးဘူးလို. မိန်.ပါတယ်။

ဒကာကတော့ ရိပ်မိလိုက်ပြီ။ ဒါကြောင့် အာဂန္တု ကိုယ်တော် အတွက်

ဆွမ်းထည့်ပေးလိုက်ပါတယ်။ အဲဒီတော့ ကျောင်းထိုင်ကိုယ်တော် က

ဒုတိယအကြိမ် မနာလို ၀န်တိုစိတ်တွေ ထပ်ဝင်လာပြန်ရော။ ဒီတော့

ဆွမ်းကိုလမ်းမှာပဲ သွန်ပစ်ခဲ့ပါတယ်။ အဲဒီ မကောင်းတဲ့ စိတ်ဟာ သူ.ဘ၀ရဲ့

တစ်သံသရာလုံးကို ဒုက္ဖပေးခဲ့ ပါတယ်။ သူတင်မကဘူး၊ ရွာ တစ်ရွာ မှာလူ

ဖြစ်သွားရင် တစ်ရွာလုံး ဆင်းရဲ တဲ့ အထိပါ။

တကယ်လို.သာ ဒီရဟန်းဟာ သူတစ်ပါး အပေါ် မကောင်းတဲ့ စိတ်ဖြစ်တာနဲ့

ချက်ခြင်း သိပြီး ကိုယ့် စိတ်ကလေးကို အကောင်းဆုံး ဖြစ်အောင်

ပြန်တည်ဆောက် ယူလိုက်မယ်ဆိုရင် ဇတ်လမ်းက တစ်မျိုး

ဖြစ်သွားနိုင်ပါတယ်။ ခုတော့ ဇတ်လမ်းက မလှတော့ဘူး ဖြစ် သွားပါတယ်။

မင်္ဂလာ (၃၈) ပါးထဲမှာ စာရေးသူ စိတ်ဝင်စားတာက အတ္တ သမ္မာ ပဏိဓိ

မင်္ဂလာပါ။ ဘာဖြစ်လို.လဲ ဆိုတော့ အဲဒီ အတ္တ သမ္မာ ပဏိဓိ မင်္ဂလာနဲ့

ဆန်.ကျင်ဘက် ဖြစ်ဖြစ်နေတတ်လို.ပါ ။

အတ္တ သမ္မာ ပဏိဓိဆိုတာ ကိုယ့်စိတ်ကိုယ် မှန်ကြည့်သလို

သတိနဲ့ စောင့်ကြည့်နေတာပါ။ အထူးသဖြင့် မကောင်းတဲ့ စိတ်ဖြစ်တာနဲ့

ချက်ခြင်း သိ သိတာနဲ့ ပယ်နိုင်ဖို.ပါ။ ဘယ်လို ပယ်မလဲ ဆိုတော့

ပယ်နည်းမှာ နှစ်မျိုးရှိပါတယ်။ ဆင်ခြင်ပြီး ပါယ်တာနဲ့ ပွားများပြီး ပယ်တာပါ။

“ငါ့မှာ မကောင်းတဲ့ စိတ်တွေ ဖြစ်နေပြီ။ သူတစ်ပါး အပေါ် မကောင်းတဲ့

စိတ်ဟာ ငါ့အောင်မြင်မူ.၊ ငါ့တိုးတက်မူ.၊ ငါ့ဘ၀ ၊ ငါ့အနာဂတ်ကို

ငါကိုယ်တိုင် ဖျက်စီးပစ်နေတာပဲ ။ သူတစ်ပါးအပေါ် မကောင်းတဲ့

စိတ်ဖြစ်တဲ့သူဟာ ကြီးပွားတိုးတက် အောင်မြင်တယ် လို. တစ်ခါ မှ

မကြားဘူးသေးဘူး။ စသည် ကိုယ်နားလည်သလို ဆင်ခြင်ပြီး ပယ်နိုင်သလို

မကောင်းတဲ့ စိတ် ဖြစ်နေတာလေးကိုလည်း သတိကပ်ပြီး

“ မကောင်းတဲ့ စိတ် ဖြစ်နေတယ်။ မကောင်းတဲ့ စိတ် ဖြစ်နေတယ်။ ” ဆိုပြီး

အချက်သုံးဆယ် လောက်မှတ်ပြီးလည်း ပယ်နိုင်ပါတယ်။ မှတ်နေတဲ့

အချိန်မှာ ကုလားထိုင် ပေါ်မှာ ထိုင်နေတယ် ဆိုရင်လည်း မျက်လုံးလေးကို

အသာလေး မှိတ်ပြီး မကောင်းတဲ့ စိတ် ဖြစ်နေ တာလေးကို အာရုံ

ညွတ်နိုင်သမျှ ညွတ်ပြီး သိနေဖို.လည်း အရေးကြီးပါတယ်။

သူတစ်ပါးအပေါ် မကောင်းတဲ့ စိတ်ကို ဆင်ခြင်ပြီး ပယ်ပယ် ပွားများပြီး

ပယ်ပယ် ၊ ပယ်နိုင်ဖို.က အဓိကပါ။ ဥပမာ၊ လမ်းသွားရင်း မကောင်းတဲ့ စိတ်

ဖြစ်တယ် ဆိုပါစို။ လှမ်းနေတဲ့ ခြေလှမ်းကို ချက်ခြင်း ရပ်ပစ်ပြီး ကိုယ် စွမ်းနိုင်

သမျှ နည်းနဲ့ ပယ်ပစ်နိုင်ရပါမယ်။ အထူးသဖြင့် ပွားများပြီး ပယ်နိုင်ရင်တော့

ပိုကောင်းပါတယ်။ အသွားမှာ ဖြစ်တဲ့ မကောင်းတဲ့ စိတ်ကို အသွားမှာပဲ

ပယ်ပစ်နိုင်ဖို.ပါ။

ဒီလိုပါပဲ၊ ကားစီးရင်း ပဲဖြစ်ဖြစ်၊ ဧည့် ခံပွဲ တက်ရင်းပဲ ဖြစ်ဖြစ် ထိုင်ရင်းပဲ

ဖြစ်ဖြစ်၊ အိပ်ရင်းပဲဖြစ်ဖြစ် ဖြစ်တာနဲ့ သိ၊ သိတာနဲ့ ပယ် ပစ်ဖို.ပါ။

အကျင့်တစ်ခု ဆိုတာ ကျင့်ယူရတာပါပဲ ။ အတိတ်ဘ၀က အကုသိုလ်

အထုံတွေ များခဲ့တော့ အတိတ် အထုံတွေရဲ့ လွမ်းမိုး မူ.ကြောင့် ကျင့်စမှာ

နည်းနည်း ခက်ရင်ခက်မယ်။ ကျင့်ပါ များလာရင် အဆင်ပြေသွားပြီး အလေ့

အကျင့်တစ်ခုလို ဖြစ်နေပါလိမ့်မယ်.။ ဒါဆို အလေ့ အကျင့်က တစ်ခု

ဖြစ်နေပြီး မကောင်းတဲ့ စိတ်ရဲ့နေရာမှာ မေတ္တာ၊ ဂရုဏာ ၊ မုဒိတာ

စတဲ့ ကောင်းတဲ့ စိတ်ကလေးတွေ ၀င်လာပါ လိမ့်မယ်။

အောင်မြင်ခြင်း ၊ မအောင်မြင်ခြင်း ၊ အဆင်ပြေခြင်း၊ အဆင်မပြေခြင်း ၊ .

အသက်ရှည်ခြင်း၊ မရှည်ခြင်း၊ ကျန်းမာခြင်း ၊ မကျန်းမာခြင်း၊ စသည်တွေကို

အတ္တသမ္မာပဏိဓိက လူသား တစ်ယောက် အတွက် များစွာ ပြဌန်း

ထားပါတယ်။

ဟိုဟို ဒီဒီ သွားနေ စရာမလိုပဲ အချိန်မရွေး၊ နေရာမရွေး ၊ အလုပ်မရွေး၊

ရိယာပုထ် မရေါး ကျင့်လို. ရတဲ့ အကျင့်လေး တွေကို ကျင့် ကြည့်လိုက်

စမ်းပါ။ အောင်မြင် စေချင်လို.ပါ။

စာဖတ်သူ- စကားလေး တစ်ခွန်းတော့ ထပ်မှာလိုက်ပါရစေ။ သူတစ်ပါး

အပေါ် မကောင်းတဲ့ စိတ်ဖြစ်တဲ့ နေ.ဟာ ကိုယ့်အောင် မြင်မူ. ၊

ကိုယ့်တိုးတက်မူ. ၊ ကိုယ့် အနာဂတ်ကို ၊ ကိုယ်တိုင်ဖျက်စီး

ပစ်လိုက်တဲ့ နေ.ပါပဲ။ တကယ်ပါ။ အကြားနဲ့ ပြောတာ မဟုတ်ဘူး၊

ကိုယ်တွေ. မို.လို. ပြောတာပါ ။ ။

မင်္ဂလာ အတွေးများ (၆)
အလင်းတန်း ဂျာနယ် (၆.၈.၂၀၀၃)
ရေးသားသူ- ရဝေနွယ် (အင်းမ)

အလှူများ၏ ဆိုင်ရာအကျိုးကျေးဇူးများ


ဆီမီးကပ်လှူခြင်းအကျိုးနှစ်ပါး
------------------------------

၁။ ပကတိမျက်စိကြည်လင်ခြင်း
၂။ ဥာဏ် (မျက်စိ)ကြည်လင်ခြင်း

ဆွမ်းအကျိုး ငါးပါး
------------------

၁။ အသက်ရှည်ခြင်း
၂။ အဆင်းလှခြင်း
၃။ ချမ်းသာကြီးခြင်း
၎။ ခွန်အားကြီးခြင်း
၅။ ဥာဏ်ပညာကြီးခြင်း

ပန်းလှူရသည့် အကျိုးသုံးပါး
-----------------------------

၁။ ရုပ်ရည်လှပသည်။
၂။ ခန္ဒာကိုယ်သန့်ရှင်းစင်ကြယ်စေသည်။
၃။ ခံတွင်းအနံ မွှေးကြည်စေသည်။

သီလရှိသူ ရနိုင်သောအကျိုး ငါးပါး
----------------------------------

၁။ စည်းစိမ်ဥစ္စာရရှိနိုင်သည်။
၂။ ဂုဏ်သတင်းကျော်ကြားနိုင်သည်။
၃။ တင့်တင့်တယ်တယ်နေနိုင်သည်။
၎။ မတွေမဝေဘဲသေရမည်။
၅။ သေပြီးနောက် ကောင်းသောဘ၀ရောက်နိုင်သည်။

တရားနာခြင်း၏ အကျိုး ငါးပါး
------------------------------

၁။ မကြားဖူးသော ထုံနည်းပုံစံ တရားကောင်းတို့ကို ကြားရခြင်း။
၂။ ကြားဖူးသော တရားကောင်းကို အဖန်တလဲလဲ မှတ်မိအောင်နာကြားရခြင်း။
၃။ ယုံမှားသံသယကို ဖျောက်နိုင်ခြင်း။
၎။ အယူဝါဒကို ဖြောင့်မတ်စွာ ယူနိုင်ခြင်း။
၅။ သဒ္ဓါယုံကြည်သောစိတ်တိုးပွားစေခြင်း။

မေတ္တာအကျိုး ၁၁ ပါး
----------------------

၁။ ချမ်းသာစွာအိပ်ရသည်။
၂။ ချမ်းသာစွာနိုးရသည်။
၃။ မကောင်းသောအိမ်မက်မမြင်
၎။ လူနတ်ချစ်သနားသည်။
၅။ ဘေးလွတ်အောင်နတ်တို့စောင်မသည်။
၆။ မီးမလောင်နိုင်
၇။ ဓားလက်နက်မထိနိုင်
၈။ အဆိပ်နှင့်မသေနိုင်
၉။ မကောင်းသောစိတ်ပျောက်သည်။
၁၀။ မျက်နှာအဆင်းလှသည်။
၁၁။ မတွေဝေဘဲသေ၍ ဗြမ္မာပြည်သို့ရောက်သည်။

သည်းခံခြင်းအကျိုး ငါးမျိုး
--------------------------

၁။ လူအများချစ်ခြင်း။
၂။ ရန်ငြိမ်းခြင်း။
၃။ အပြစ်နည်းခြင်း။
၎။ မတွေမဝေသေရခြင်း။
၅။ သုဂတိဘ၀သို့လားရခြင်း။

သင်္ကန်းလှူခြင်း အကျိုး(၈)ပါး
------------------------------

၁။ ဖြစ်လေရာ ဘ၀၌ ရုပ်ရည်အဆင်း လှပခြင်း၊
၂။ မိမိခန္ဓာကိုယ်ဝယ် ဂျီး မြူ အညစ်အကျေး ကင်းစင်ခြင်း၊
၃။ ကိုယ်ရောင်ကိုယ်ဝါ တောက်ပ တင့်တယ်ခြင်း၊
၎။ တန်ခိုးသြဇာ အာဏာထက်မြက်၍ မိမိစကားကို နားထောင်လွယ်ခြင်း၊
၅။ မိမိခန္ဓာကိုယ်အသားအရေသည် နုးညံ့ ချောမွေ့နေခြင်း၊
၆။ သန့်ရှင်းဖြူစင်သော အ၀တ်အထည်တို့ကို ရရှိတတ်ခြင်း၊
၇။ ရွှေရောင်တောက်ပသော အ၀တ်အထည်တို့ကို ရရှိတတ်ခြင်း၊
၈။ နီထွေးနူးညံ့သော အ၀တ်အထည်တို့ကို ရရှိခြင်း။

ဂုဏ်တော်ပွားခြင်း အကျိုး (၁၇)ပါး
-----------------------------------

၁။ စေတီအိမ်နှင့် တူသည်ဖြစ်၍၊ သူတပါးတို့၏ ရှိခိုးမှုကို ခံထိုက်ခြင်း။
၂။ စိတ်တည်ကြည် ရဲရင့်ခြင်း။
၃။ သေခါနီး၌ မတွေမဝေ သေရ၍၊ သေသည်၏ အခြားမဲ့၌ သုဂတိဘ၀ကို ရခြင်း။
၎။ နောင် ဘုရားရှင်ကို ဖူးမြော်ရသည့်အခါ ဘုရားဟောတရား
(သစ္စာလေးပါး) ကို သိလွယ်ခြင်း။
၅။ အမျိုးမြတ်ခြင်း။
၆။ သူတပါးတို့၏ အရိုအသေပြုမှုကို ခံရခြင်း။
၇။ ချီးမွမ်းထိုက်သော ကိုယ်အင်္ဂါနှင့် ပြည့်စုံခြင်း။
၈။ အဆင်းကောင်းခြင်း။
၉။ ကိုယ်အနံ့ ကြိုင်သင်းခြင်း။
၁၀။ ခံတွင်းအနံ့ မွှေးပျံ့ခြင်း။
၁၁။ ကြီးကျယ်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၂။ နက်နဲသော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၃။ ထက်မြက်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၄။ လျှင်မြန်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၅။ ရွှင်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၆။ ဆန်းကြယ်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၇။ စကားကောင်းကို ဆိုနိုင်ခြင်း။

ဒါနအကျိုး ငါးပါး
-----------------

၁။ လူအများ ချစ်မြတ်နိုးခံရခြင်း။
၂။ သူတော်ကောင်းများ အလှူရှင်ထံ ချဉ်းကပ်လာခြင်း။
၃။ ကောင်းသတင်းကျော်ဇောခြင်း။
၎။ မည်သည့်ပရိသတ်ထဲမဆို ရဲရဲဝင့်ဝင့် ၀င်ရောက်နိုင်ခြင်း။
၅။ သေသော်နတ်ပြည်ရောက်ရခြင်း။

— Original Uploader

“ ဒီဘ၀က ပြုခဲ့တဲ့ကုသိုလ်ကံ အကုသိုလ်ကံတွေကို ဟိုဘက်ဘ၀မှာ ဒီကရုပ်နာမ်ပါမသွားဘဲနဲ့ ဘယ်ပုံဘယ်နည်း ခံစားရတယ်ဆိုတာ ရှင်းပြတော်မူပါဘုရား ”


“ ဒီဘ၀က ပြုခဲ့တဲ့ကုသိုလ်ကံ အကုသိုလ်ကံတွေကို ဟိုဘက်ဘ၀မှာ ဒီကရုပ်နာမ်ပါမသွားဘဲနဲ့ ဘယ်ပုံဘယ်နည်း ခံစားရတယ်ဆိုတာ ရှင်းပြတော်မူပါဘုရား ”
.................................................................................

“ကုသိုလ်ကံ အကုသိုလ်ကံတွေပြုတဲ့အခါ ဇောစေတနာတွေဖြစ် တယ်။

ဒီဇောစေတနာတွေက နာမ်တရားဖြစ်လို့ပျက်သွားတာမှန်

ပေမယ့် နောက်ဘ၀မှာ ကောင်းကျိုးဆိုးကျိုးဖြစ်စေမယ့်

အာနိသင်သဘောတရားလေးတွေ ကျန်နေခဲ့တယ်။ဒီစေတနာလို့ခေါ်တဲ့ ကံနဲ့

ခန္ဓာဒုက္ခမသိမှု အ၀ိဇ္ဇာ၊ ခန္ဓာအ သစ်ကို လိုချင်မှု တဏှာ ဒီသုံးပါးပေါင်းမိပြီး

ဘ၀အသစ်ဖြစ်အောင်ဖန်တီး လိုက်ကြတာပဲ။”

ဋီကာကျော်ကျမ်းမှာ ဘ၀သစ်ဖြစ်ပုံကိုဥပမာသုံးမျိုးပေးထားတယ်။ မီးတိုင်၊

တံဆိပ်တုံး၊ပဲ့တင်သံမီးတိုင် ဥပမာ ဖယောင်းတိုင်တစ်တိုင်

မီးထွန်းထားတယ်။နောက်တစ်တိုင်ထွ န်းချင်တဲ့ အခါ ပထမအတိုင်ကနေ

မီးကူးယူလိုက်တယ်။ဒီနေရာမှာစဉ်းစားရမှာကဒုတိယအတိုင်မှာ

တောက်လောင်နေတဲ့မီးဟာ ပထမအတိုင်ကကူးလာ

တဲ့မီးတွေလား။ဒုတိယအတိုင်က ဖယောင်းသားကို လောင်နေတဲ့မီးတွေ

လားဆိုတာပဲ။ တကယ့်အမှန်က ပထမဖယောင်းတိုင်ကမီးတွေဟာ

ဒုတိယဖယောင်းတိုင် ကို ကူးမလာပါဘူး။ ဒါပေမယ့် ပထမဖယောင်းတိုင်က

မီးနဲ့ကင်းပြီးတော့လည်း ဒုတိယဖယောင်းတိုင် မီးမတောက်နိုင်ပါဘူး။

ထို့အတူ ကျောင်းဒကာ အနာထပိဏ်ဘ၀က ရုပ်နာမ်တရားတွေ ဟာ

နတ်ပြည်ကိုတစ်ခုမှကူးမလာပါဘူး။ဒါပေမယ့် ကျောင်းဒကာအနာထပိဏ်နဲ့

ကင်းပြီးတော့ လည်းနတ်ပြည့်မှာ နတ်သားလာမဖြစ်လာပါဘူး။

အကြောင်းအကျိုးဆက်သွယ် မှုလောက်ပဲရှိတယ်လို့ ယူရမှာပေါ့။

တံဆိပ်တုံးဥပမာ တံဆိပ်တုံးနဲ့ ဥပမာပေးကြဦးစို့။ဒီသင်္ကန်းခေါက်ကို

ကြည့်လိုက်ပါ။သင်္ကန်းသား ပေါ်မှာဂဠုန်တံဆိပ်ထင်နေတယ်။သံပြားထူထူမှာ

ဂဠုန်တံဆိပ်ထွင်းအပူပေးပြီး သင်္ကန်ခေါက်ပေါ်ဖိချလိုက်တာနဲ့ ဂဠုန်တံဆိပ်

ထင်သွားတာပါပဲ။ဒီလိုထင်တဲ့နေ ရာမှာ သင်္ကန်းမှာထင်နေတဲ့ ဂဠုန်ရုပ်ဟာ

သံပြားက ဂဠုန်ရုပ်မဟုတ်ပါဘူး။ဒါပေ မယ့် သံပြားက

ဂဠုန်ရုပ်နဲ့ကင်းပြီးတော့လည်း မထင်နိုင်ပါဘူး။ ထို့အတူ နတ်ပြည်က

နတ်သားဘ၀ဟာ လူ့ပြည်က ကျောင်းဒကာအနာထပိဏ်

မဟုတ်ပါဘူး။ရုပ်သစ်နာမ်သစ်ထပ်ဖြစ်တာပါ။ ဒါပေမယ့်လူ့ပြည်

ကအနာထပိဏ် နဲ့ကင်းပြီးတော့ မဖြစ်နိုင်ပါဘူး။

ပဲ့တင်သံ ဥပမာ

ပဲတင်သံဥပမာကတော့လိုဏ်ဂူကြီးထဲမှာ ဟေးကနဲတစ်ချက်အော်လိုက်ရင်

ပထမအသံက လိုဏ်ဂူနံရံကိုရိုက်ပြီးဟေးဟေး ဆိုတဲ့ ဒုတိယ တတိယပဲ့

တင်သံများ ပေါ်လာပါတယ်။ဒုတိယ တတိယပဲ့တင်သံများဟာ ပထမအော်

လိုက်တဲ့အသံမဟုတ်ပါဘူး။ အသစ်ထပ်ဖြစ်တာပါ။ဒါပေမယ့် ပထမအော်

သံနဲ့လည်းကင်းပြီးမဖြစ်နိုင်ပါဘူး။

အကြောင်းအကျိုးဆက်စပ်မှုကတော့ ရှိနေပါတယ်။

ထို့အတူနတ်သားဘ၀ဟာ အသစ်ထပ်ဖြစ်တဲံ ရုပ်နာမ်ပေါ့။ လူ့ဘ၀က အနာ

ထပိဏ်ရဲ့ရုပ်နမ်နဲ့လည်းကင်းပြီးတော့ မဖြစ်နိုင်ပါဘူး။ ဒီလောက်ဆိုရင်

ဝိညာဉ်ကောင်ပါမသွားဘဲ ဘ၀သစ်ဖြစ်ပုံကို

မင်းတို့နားလည် လောက်ပြီထင်တယ်။

“မှန်ပါနားလည်ပါပြီဘုရား။”

“တကယ်နားလည်သွားတယ်ဆိုရင်တော့ သိပ်ဝမ်းသွားတယ်။ ဘာဖြစ်လို့လဲ

ဆိုတော့ ရုပ်နာမ်တစ်ပါးပါးကို မပျက်မစီးအမြဲတည်တယ်လို့ အယူမှားတဲ့

သဿတဒိဋ္ဌိခံနေရင် ၀ိပဿနာအားထုတ်တောင် တရားမရဘူး ဖြစ်တတ်

တယ်။ အခုလိုရှင်းရှင်းလင်းလင်းနားလည်သွားတယ်ဆိုရင် မဂ်လမ်းဖိုလ်

လမ်းပွင်းသွားတာပေါ့။”

“တပည့်တော်တို့ သဿတဒိဋ္ဌိလွတ်ပါပြီဘုရား။”

“သာဓု သာဓု သာဓု။”

မှတ်ချက် ။ ။ ဒီဘ၀ကပြုခဲ့တဲ့ အကုသိုလ်ကံကြောင့် ငရဲခံရသည့်အခါ ဘယ်ခန္ဓာနှင့် သွားခံရမည်လဲ ? ဆိုသည့်မေးခွန်းကိုလည်း ဆရာတော် ဖြေကြားချက်များဖြင့် ချဲ့တွေးစဉ်းစား နိုင်ပါသည် ..။

_အရှင်ဇ၀န (မေတ္တာရှင်-ရွှေပြည်သာ) ရေးသားတော်မူသော
လူငယ်များအတွက် ဂမ္ဘီရ၀ိပဿနာ အတွဲ ၃+၄စာအုပ်မှ _

"မဂ်တား ဖိုလ်တား နီဝရဏတရားတော်"


နိဝရဏတရားဆိုတာ မဂ်ဖိုလ်ကို (မရေအာင်) ပိတ်ပင်တားဆီး

ဖုံးလွှမ်းတားတဲ့တရားလို့မှတ်၊ နီဝရဏ တရားမှာ"လောဘ၊ ဒေါသ၊ ထိနမိဒ္ဓ၊

ဥဒ္ဓစ္စ၊ ကုက္ကုစ္စ၊ ဝိစိကိစ္ဆာ"လို့ ၅-ပါးရှိတယ်။ ဒီ နီဝရဏတရား ၅-ပါးက

ဝင်ရောက်နှောက်ယှက်လို့ရှိရင် ခန္ဓာထဲဉာဏ်စိုက် ရှုငြားသော်လည်းပဲ၊

ခန္ဓာထဲမှာရှိတဲ့ဖြစ်ပျက်=အနိစ္စသ ဘောကို မမြင်နိုဘင်ူး၊ မမြင်တော့

ခန္ဓာအရှိနဲ့ ဉာဏ်အသိ မလိုက်တော့ မဂ်ဖိုလ်မရနိုင်ဘူး၊ မဂ်ဖိုလ်မရ တော့

သံသရာတေလျှာက်လုံးမှာ တဒိုင်းဒိုင်းပြေးနေရတာပေါ့၊ ဒုက္ခရဟတ်ကြီး

ချာချာလည်နေရတာ ပေါ့၊ ဒါကြောင့် ဒီနီဝရဏတရား ၅-ပါးကို

မိမိဉာဏ်အေပါ် မဖုံးလွှမ်းနိုင်အောင် ဖြစ်ပျက်ရှုားပြီး ပစ်မှ

သာလျှခင်န္ဓာထဲရှိ ဖြစ်ပျက်အနိစ္စတွေကို မြင်နိုင်ပြီး မဂ်ဖိုလ်နိဗ္ဗ်ာရန၍

မိမိ၏ခန္ဓာ ပဋိစ္စသမုပ္ပါဒ်ပြတ်လို့ ဒုက္ခ ခမ်သိမ်း ကင်းငြိမ်းသွားမယ်။

စိတ်ဝိညာဏ်ဟာ ၆-မျိုးရှိတယ်၊ ဆိုရင်ာဝတ္တုရုပ်အသီးသီးမှာ မှီပြီးဖြစ်တယ်၊

စက္ကုဝိဉာဏ်စိတ်က မျက်လုံး မှာပေါ်တယ်၊ သောတဝိဉာဏ်စိတ်၊

ဃာနဝိဉာဏ်စိတ်၊ ဇိဝှာဝိဉာဏ်စိတ်၊ ကာယဝိဉာဏ်စိတ် တို့ဟာလဲ့

နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်

အသီးသီးမှာပေါ်တယ်၊ မေနာဝိညာဏ်စိတ်ေကတာ့

ဟဒယရုပ်ခေါ်တဲ့ နှလုံး သွေးထဲမှာပေါ်တယ်၊ ဒီစိတ်ဟာ အာရုံနဲ့

ဒွါရတိုက်ဆိုတဲ့ အခါမှာဖျတ်ခနဲ့ဖျတ်ခနဲ့ ပေါ်လာရတယ်၊

ဟဒယဝတ္ထုနှလုံးသွေးဟာအသစ်အသစ်ဖြစ်ပြီး

အမြဲပြောင်းလဲနေတယ်၊ နှလုံးသွေးကဖြူနေရင်

ကြည်နေရင် မှာ ပေါ်တဲ့စိတ်ကလဲကြည်လင်နေပြီးဉာဏ်ပညာကဘာလဲ

ထိုးထွင်းသိတော့တာပဲ၊အကယ်၍နှလုံးသွေးကေနာက်နေရဒင်ီအထဲမှာပေါ်တဲ့

စိတ်ကလဲ နောက်တောက်တောက်ဖြစ်နေတာ့၊ဉာဏ်ကထိုးတွင်ပြီးမသိနိုင်

တော့ဘူး၊ ဒီတော့ခုနကေပြာခဲ့တဲ့ နီဝဏတရားတွေက

ဝင်ရောက်နှောက်ယှက်လို့ရှိရင်၊ စိတ်ဟာမကြည်မ

လင်နောက်တောက်တောက်ဖြစ်ပြီးဉာဏ်ကထိုးထွင်းမသိနိုင်တော့ဘူး၊

ဒီနီဝရဏအေကြာင်းကို ပဉ္စကနိ ပါတ် အင်္ဂုတ္တိုရ်ပါဠိတော်မှာလာတဲ့

ဝတ္ထုနဲ့တကွရှင်းပြမယ်၊ ဘုရားရှဟင်ာ စမ္ပာနဂိုရ်ပြည်မှာ သီတင်းသုံးနေ

တယ်၊ သင်္ဂါရဝဆိုတဲ့ သတို့သားတစ်ယောက်ဟာ ဘုရားရှဆင်ီလာပြီး

တပည့်တော်ပုဏ္ဏားထုံးစံအတိုင်း ဗေဒကင်ျမ်းဂန်တွေညညရွတ်ဖတ်သရဇ္ဈာယ်

တဲ့အခါ၊ တစ်ခါတစ်လေ တစ်လုံးမှသတိမရဘူးး အကုန်မေ့

ကုန်တယ်ဘုရား၊ တစ်ခါတစ်လေကျပြန်တော့ ရပြီးသားစာတွေမပြင်

မရေသးတာတွေတောင် ဉာဏ်ထဲမှာ ထလင်ာပါတယ်ဘုရား၊

အဲဒါဘာကြောင့်ပါလဲဘုရားလို့ မေးလျှောက်တယ်၊ ဒီတော့ ဘုရားက

ငါရှင်းပြမယ် ကွာဆိုပြီး ဥပမာကေလးနဲ့ဒီလိုရှင်းပြလိုက်တယ်။

(၁)ခွက်တစ်ခုထဲမှာကြည်နေတဲ့ရေကိုထည့်လိုက်၊ နောက်ဒီရေထဲကိုဆေးနီ

ဆေးဝါ ဆေးပြာတွေရောထည့်လိုက်။ ရေကိုငြိမ်အောထင်ားပြီး

မင်းမျက်နှာဟပ်ကြည့်လိုက်စမ်း၊ မျက်နှာရိပ်ထထင်ရငှ်ားရှား မြင်နိုင်

ပါမလား၊ မမြင်နိုဘင်ူး၊ ဒီလိုပဲ နဂိုစိတ် (ဘဝစငိတ်) ဟာကြည်နေတယ်၊

သူ့မှိရာနှလုံးသွေးဟာလဲ ကြည်နေ တယ်၊

ဒီနှလုံးသွေးအကြည်ထဲမှာ လောဘစိတ်ေကလး ဝလင်ာ ပေါ်လာလို့ရှိရင်၊

စိတ်ဟာနောက်ကျိသွား ပြီး သိပြီးသားစာတွေတောင်

မမှတ်မိမသိနိုင်တော့ဘူး၊ ဒီမှာလဲ ဝိပဿနာအားထ်ုရတာမှာလဲ ထိုအတူပဲ

သားသမီးအတွက်စီးပွားရေးအတွက် လောဘစိတ်ဝလင်ာရင် ခန္ဓာထဲမှာ

နဂိုကရှိနေတဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ အသုဘ၊ ဒုက္ခသစ္စာရိပ်တွေကို

ဉာဏ်နဲ့ဆင်ခြတင်ဲ့ အခါမှာ မသိမမြင်နိုင်တော့ဘူး၊

ဒီတော့ရေထဲမှာရှိတဲ့ ဆေးနီ၊ ဆေးဝါ၊ ဆေးပြာတွေ

ဖယ်ပစ်ပြီး ရေငြိမ်အောင်တင်ထားပြီး မျက်နှာဟပ်ကြည့်မှ မျက်နှာရိပ်ကို ထင်

ထင်တင်ရှားရှားမြင်နိုင်သလို၊ ဒီပေါ်လာတဲ့လောဘစိတ်ကို ဖြစ်ပျက်ရှုပြီး

ဖယ့်၇ှားပစ်ရမယ်၊ အဲဒါကိုဖယ်ရှားပစ်ပြီး မှ မိမိရှုနေတဲ့

မူလကမ္မဋ္ဌာန်းကို ပြန်ကောက်ပြီး ခန္ဓာဉာဏ်စိုက်ကြည့်လိုရကင်ခန္ဓာထဲမှာ

နဂိုရှိနေတဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘ၊ ဒုက္ခသစ္စာအရိပ်တွေ တစ်ခုခုဟာ

ထင်ထင်ရှားရှားမြင်နိုတင်ယ်၊ ဒီတော့

ခင်ဗျားတို့ခန္ဓာထဲ့ဉာဏ်စိုက်ပြီး ဖြစ်ပျက်ရှုလို့

မမြတာဟာဒီလောဘစိတ်ကဝင်ရှုပ်လို့မမြရင်တာ၊

ဒီတော့ လောဘစိတ်ဝလင်ရင်သူ့ကို အရင်ဖြစ်ပျက်ရှုပြီးဖယ်ရှားပစ်ပြီးမှ

မူလကမ္မဋ္ဌာန်းကို ပြန်ကောက်ပြီးရှုပါ၊ ဒါမှ ဖြစ်ပျက် အနိစ္စတွေမြင်လာမယ်။

(၂) ဒုတိယအချက်ကတာ့ ဒေါသပဲ၊ ဒေါသစိတ်ဖြစ်နေရင် နှလုံးသွေးဟာ

ပွက်ပွက်ဆူနေတာပဲ၊ ပွက်ပွက် ဆူနေတဲ့ရေနွးထဲကို

မျက်နှာရိပ်ဟပ်ကြည့်ပါ၊ ရေက ပွက်ပွက်ဆူနေပြီးအခိုးတွေထေနေတာ့

မျက်နှာရိပ်မ မြင်နိုင်ဘူး၊ ဒီလိုပဲဒေါသစိတ်ဝင်ရှုပ်နေတဲ့အခါ

နဂိုရထားတဲ့စာတွေတောအင်ကုန်မေ့သွားရတယ်၊ ဒီမှာလဲ

ဝိပဿနာရှုတဲ့ နေရာမှာလဲ ဒေါသစိတ်ဖြစ်တဲ့အခါခန္ဓာကိုယ်ထဲကို

ဉာဏ်နဲ့ကြည့်ပါ၊ ခန္ဓာမှာရှိတဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘ၊

ဒုက္ခသစ္စာကြီးကိုဘယ်တော့မှမမြင်နိုဘင်ူး၊ ဒေါသဆိုတဲ့ရေဆူပြီး

အခိုးထနေတာကို ဒီတော့ရေအခိုးငြိမ်အောင်ရေအးရေငြိမ်အောထင်ားပြီး

မျက်နှာရိပ်ဟပ်ပြီးကြည့်တော့ မျက်နှာရိပ်မြရင်သ

လိုဒီပေါ်လာတဲ့ဒေါသကို ဖြစ်ပျက်ရှုပြီး အရင်ဖယ်ရှားပစ်ရမယ်၊

ဒီလိုဖယ်ရှားပစ်ပြီးမှ မူလကမ္မဋ္ဌာန်းကိုပြန် ကောက်၊ ဒီလိုရှုတော့မှ

ခန္ဓာထဲမှာရှိတဲ့ ဖြစ်ပျက်အနိစ္စတွေကို မြလင်ာလိမ့်မယ်။

(၃) တတိယ အချက်က ထိနမိဒ္ဓပဲ၊ ထိနမိဒ္ဓဆိုတာကိုယ်စိတ်ကို

ကိုယ်မနိုတင်ာငိုက်မျည်းသွားတာ၊ရေကန်

ထဲကရေပြင်မှာ မှော်တွေဖုံးအုပ်နေတဲ့အခါ၊

မျက်နှာကိုဟပ်ကြည့်ရမင်ျက်နှာရိပ်ကိုမမြင်နို့င်ဘူး၊ ဒီလိုပဲ

ဟဒယဝတ္ထုနှလုံးသွေးထဲမှာ ထိနမိဒ္ဓ၊

ငိုက်မျည်းတဲ့စိတ်ကဝင်ရောက်နှောက်ယှက်နေရရင်ပြီးသားစာတွေ မေ့မှာပဲ

၊ အခု ဝိပဿနာရှုတဲ့နေရာမှာလဲ ထိနမိဒ္ဓဆိုတဲ့ ငိုက်မျည်းတဲ့စိတ်က

ဟဒယဝတ္ထုနှလုံးသွေးမှာဝင် ရောက် ဖုံးလွှမ်းနေရ့င်ဥာဏ်ဝင်ခွင့်မရလို့

ခန္ဓာထဲရှိတဲ့ဖြစ်ပျက်အနိစ္စတွေ မမြင်နိုဘင်ူး၊ ဒီတော့

ဖုံးနေတဲ့အမှောင်တွေဖယ်ရှားပစ်ပြီး မျက်နှာရိပ်ကိုဟပ်ကြည့်မှ

ထထင်ရှားရှားမြင်ရမယ်၊ ဒီမှာလဲ ဉာဏ်ပေါ်မှာဖုံးနေတဲ့

ထိနမိဒ္ဓကိုအရင် ဖြစ်ပျက်ရှုပြီး ဟဒယဝတ္ထု နှလုံးသွေးမှ

ဖယ်ရှားပစ်ပြီးမှရှုနေတဲ့မူလကမ္မဋ္ဌာန်းကို ပြန် ကောက်ပါ၊

ဒီတော့မိမိရှုနေတဲ့ ဖြစ်ပျက် အနိစ္စတွေထင်မြလင်ာမယ်။

(၄) စတုတ္ထအချက်က ဥဒ္ဓစ္စ ကုက္ကုစ္စဖြစ်တယ်၊ ဥဒ္ဓစ္စ ကုက္ကုစ္စဆိုတာ

စိတ်ပျံ့လွင့်တာ စိတ်မငြိမ်တာ၊ ထားရာ

မှာမေနတာဘဲ။ ရေကန်ထဲကေရဟာလေတိုက်ခတ်လို့လှုပ်နေတဲ့အခါ

မျက်နှာရိပ်ကိုဟပ်ကြည့်ပါ၊ မျက်နှာ ရိပ်ကိုမမြရင်ဘူး၊ ဒီမှာလဲ

ဝိပဿနာရှုရာမှာလဲ စိတ်ပျံ့လွင့်လှုပ်ရှားနေတဲ့အခါ ဝိပဿနာရှုရင် ခန္ဓာထဲရှိတဲ့

အနိစ္စတွေကိုမမြင်နိုင်းဘူး၊ ရေကိုငြိမ်အောလုပ်ပြီး

မျက်နှာရိပ်ဟပ်ကြည့်မှမြရင်တယ်၊ ဒီမှာလဲ ပျံ့လွင့်နေ

တဲ့စိတ်ကို ဖြစ်ပျက်ရှုပြီးဖယ်ရှားပစ်ပါ၊ ပြီးမှမူလကမ္မဋ္ဌာန်းကိုပြန်ကောက်ပြီး

ရှုရခင်န္ဓာထဲရှိတဲ့ဖြစ်ပျက်အနိစ္စ တွေကိုမြင်နိုတင်ယ်၊ ထို့အပြင်

ကုက္ကုစ္စဟာအေရးကြီးလို့ အထူးရှင်းပြပါဦးမယ်၊ ခဗင်ျားတို့ငယ်စဉ်တုန်းက

မသိမလိမ္မာလို့ မိုက်ခဲ့တာတွေကိုတွေးပြီး ပူမေနနဲ့၊ ကြောက်လန့်မေနနဲ့၊

ငယ်တုန်းကမိုက်ခဲ့တာတွေကို နှလုံးသွင်းနေရင်

ဒါမဂ်တားဖိုလ်တားဖြစ်တယ်၊

ငယ်ငယ်တုန်းကစပြီး တောက်လျှောက်လိမ္မာတဲ့ အမျိုးလို့ မရှိပါဘူး၊

အနည်းနဲ့အများ မိုက်မှားခဲ့တဲ့လူတွေများပါတယ်၊

ဒါတွေတွေးမေနနဲ့၊ တွေးနေရင် ကုက္ကုစ္စဖြစ်ပြီး

ဝိပဿနာမှာ အေနှာင့်အယှက်ဖြစ်တယ်၊

ဒီတော့ကုက္ကုစ္စစိတ်တွေလာရင်ဖြစ်ပျက်ရှုပြီး၊ ဖယ်ရှားပစ်ပါ၊

ဘုရားရှလင်က်ထက်ကလူဆိုးကြီးတွေ မဂ်ဖိုရလသွားကြတာရှိခဲ့သားပဲ၊

ပြီးတော့သေခါနီးမှာ ကုက္ကုစ္စစိတ် တွေဖ်ြရစင် တိရစ္ဆာန်ဖြစ်တတ်တယ်၊

ပြိတ္တာဖြစ်တယ်၊ ဒါကြောင့်

ခင်ဗျားတို့ကို သေနည်းသင်ပေးနေရတာ၊ သေခါနီးရင်

ကိုယ်ခန္ဓာကိုဖြစ်ပျက်ရှုပေးပါ သားသမီး

ပစ္စည်းဥစ္စာတွေအတွက်စိတ်မချတာစွဲလမ်းတာတွေ လာရင် ပြိတ္တာနဲ့

တိရစ္ဆာန်ဖြစ်တတ်တယ်၊ ဒါကြောင့် ဝိပဿနာလုပ်တဲ့အခါ ရှေးက

ဒုစရိုက်မှုတွေကို မေတွး တော့ဘဲ ဖြစ်ပျက်ရှုဖ်ရယှားပစ်ပြီး မိမိရှုနေတဲ့

မူလကမ္မဋ္ဌာန်းကိုသာ စိုက်စိုက်မတ်မတ် ရှုသွားရမယ်။

(၅) ပဉ္စမအချက် ဝိစိကိစ္ဆာဖြစ်တယ်၊ ဝိစိကိစ္ဆာဆိုတာသံသယရှိတာ၊

ဘုရား တရား သံဃာအေပါ် သံသယ ရှိမှု၊ မိမိကျင့်နေတဲ့

ဝိပဿနာအကျင့်ပေါ်မှာ သံသယရှိမှုတွေဟာ မဂ်တားဖိုလ်တားပဲ၊

မိမိဉာဏ်မမီတာတွေ ကို စဉ်းစားပြီး သံသယဖြစ်နေရင် ဒါအန္တရာယ်တစ်ခုပဲ

သဒ္ဓါကိုရှေ့သွားပြုပြီးတဖြည်းဖြည်း ဉာဏ်နဲ့ဆင်ခြင် သွားမှသာ

အမှန်ရောက်နိုင်တာ၊ ဒီတော့ တွေးတောယုံမှား သံသယစိတ်တွေဝင်လာရင်

ဒါကိုဖြစ်ပျက်ရှုပြီး ဖယ်ရှားပစ်ရမယ်၊ ဖယ်ရှားပစ်ပြီးမှ မိမိရှုနေတဲ့

မှုလကမ္မဋ္ဌာန်းကိုပြန်ကောက်၊ ရေကန်ထဲကေရေတွေအနယ်ထနေရင်

မျက်နှာရိပ်မထင်နိုင်ဘူး အနယ်တွေဖယ်ရှားပစ်မှ မျက်နှာရိပ်ထင်နိုတင်ယ်၊

ဝိပဿနာရှုရာမှာလဲ ဝိစိကိစ္ဆာတွေဝင်ရှုပ်လာရင် ခန္ဓာအရှိကို

ဉာဏ်မျက်စိကမမြင်နိုဘင်ူး၊ ဒီတော့ ဒီဝိစိကိစ္ဆာကို ဖ်ရယှားပစ်မှ သာ

ခန္ဓာအရှိနဲ့ ဉာဏ်အသိကိုက်မယ်၊ ခန္ဓာထဲမှာရှိတဲ့ အနိစ္စ၊ ဒုက္ခ၊

အနတ္တတွေကိုတွေ့မြင်နိုမင်ယ်။ ။

( မိုးကုတ်ဆရာတော်ဘုရားကြီး၏ မဂ်တား ဖိုလ်တား နီဝရဏတရားတော်)

_စာရေးသူ - အရှင်ဥာဏဓဇ

"... သံေ ယာ ဇ ဉ် ..."


မြေးငယ်ကတငိုငို

ပုတီးကိုဘေးမှာချ

အမေအိုသံချိုတေးနဲ့ 

ထွေးသိပ်ပါရ ....။
.

မြေးကြီးမို့ စကားကြွယ်

ပုတီးရယ်လက်ကဆင်း

အမေအိုပုံပြင်ပြောတယ်

မောတယ်လို့ မငြင်း .။
.

ဝမ်းစာရှာလုပ်ခွင်သွားတဲ့

သားလှတွက်တွေးပူပန်

ပြန်လာချိန်နီးပေမယ့်

ပုတီးကိုတိုင်မှာချိတ်

စိတ်ကမဖြောင့် . . .။
.

လက်စွဲတော် ဒီပုတီးရယ်နဲ့ 

ရိပ်ကြီးနယ်မြိုင်ညိုညို

ခိုမယ်လို့ အမေအို ခဲ ...။
.

ကံကြမ္မာသံသရာအရေးကိုလ

အမှန်သာကြံကာတွေးသော်လည်း

သားမြေးရယ်ဒီအပူအပင်တွေကြောင့်

တရားဝေးကာ " ဂူ " မမြင်နိုင်ပါဘူး။
.

သံယောဇဉ်ကြိုးမျှင်တန်းတွေက

လွတ်ကြောင်းရှာအေးရာလမ်းကိုဖြင့်

အမေအိုမှာလေ . . . . .

သြော် ....... အလှမ်းခက်သည်ပဲ။

Poet - အမည်မသိ

".... သံသရာ ...."


သံသရာ ၀က်စားကျင်းမှာ
ခန္ဓာအမျိုးမျိုးနဲ့
ဒုက္ခတွေ တရှုံ့ ရှုံ့ နမ်းခဲ့ဖူးပြီ...

ရန်သူမျိုးငါးပါးနဲ့
မကြာမကြာ နပမ်းလုံးရင်း
ဘ၀က
ကပ်သုံးပါးလည်း ဆိုက်ဖူးပြီ

ဇာတိနဲ့ စ
ဇရာနဲ့ဗျာဓိကို စာကိုယ်ထားပြီး
မရဏနဲ့ နိဂုံးအုပ်ရင်း
သံသရာ စာစီစာကုံးကို
အခန်းဆက် ရေးလာခဲ့တာ
အခုထိ
သေရတာ ငြီးငွေ့တယ်မရှိသေးဘူး

လောကဓံမင်နီပေးခံရတဲ့အခါများဆို
သောက,က
ပရိဒေ၀နဲ့ ပေါင်းပြီး
ဒေါမနဿရဲ့ ကုန်းပိုးစီးမှုမှာ
ဘ၀က
လူလုံးလည်း မလှခဲ့ဘူး....

ဝေဒနာ ပစ္စယာ တဏှာတောင်ကို
မကျော်နိုင်ဘဲ
ဥပါဒါန်အောက်မှာ
သစ္စာတွေ အိတ်ပေါက်နဲ့ကောက်ရင်း
သင်္ခါရ လယ်တောမှာ
ကံပင်တွေကို
ကာယနဲ့လည်း စိုက်ခဲ့
ဝစီနဲ့လည်း စိုက်ခဲ့
မနောနဲ့လည်း စိုက်ခဲ့....

ပေါက်လာတဲ့ ၀ိညာဉ်ပင်မှာ
နာမ်ရုပ်တွေ သီးပွင့်ခဲ့တဲ့အခါ
အာယတနဆိုတာ
ဖဿနားခိုရာ အရိပ်မျိုးလား..
ဝေဒနာ သွန်သင်မှုမှာ
အ၀ိဇ္ဇာ မျက်လှည့်က
တဏှာတွေ အချောင်းလိုက်
ဖန်ဆင်းပစ်လိုက်တယ်

အိုး
ဘ၀ဆိုတာ
အနုသယက တီထွင်လိုက်တဲ့
ဘတ္ထရီမဲ့ စက်ရုပ်လိုပါ

အမြဲတမ်း ဒုက္ခတွေ အားပြည့်နေလေရဲ့..

— ဖိုးဥာဏ် (လောကနတ်)

တရားအားထုတ်တော့မည်ဆိုလျှင်


မှတ်ချက် ...

ယခုခေတ် ကမ္မဋ္ဌာန်းပေးသော အချို့ အချို့ တို့သည် ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်မှသာ တရားပေါ်လျှက် သိမြင်လာမည်ဟူ၍ ယူဆချက်
ရှိကြသည့်အတိုင်း ထိုထိုတရားရှာ ပုဂ္ဂိုလ်တွေကို ခန္ဓာကိုယ် ပင်ပန်းသည်ထက် ပင်ပန်းအောင် နွမ်းနယ်သည်ထက် နွမ်းနယ်အောင် (အာနာပါနဿတိ)ကမ္မဋ္ဌာန်းကို ပွားများအားထုတ်ကြစေလေသည်။

ထိုသို့သော အားထုတ်ပြီးလာခဲ့ဖူး သောဒါယကာကြီး တစ်ယောက်က ပြောဖူးခဲ့သည်ကား ...

(ဒီကမ္မဋ္ဌာန်း အားထုတ်ရတာ လယ်ထွန်ရတာထက် ပင်ပန်းတယ်။ ဆယ်ယောက်
ကောက်စိုက်ရတဲ့ လယ်ကိုပဲ ဆင်းထွန်လိုက်ချင်သေး) လို့ ပြောဖူးပါတယ်။

ဤမျှ ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ် ဆင်းရဲနေပါမူ အဘယ်မှာလျှင် လောကုတ္တရာတရားထူး တရားမြတ် ဖြစ်ပေါ်လာနိုင်ခွင့်
ရှိချေတော့အံ့နည်း။ မဖြစ်ပေါ်ဖို့ သေချာသည်။

ထင်ရှားအောင် ပြဦးအံ့၊

ပဋ္ဌမသင်္ဂါယနာတင်ရန် တစ်ရက်အလို၌ ရှင်အာနန္ဒာမထေရ်သည် အထက်မဂ်ဖိုလ်အကျိုးငှာ
နေ့ညဥ့်ပတ်လုံး ကာယဂတာ သတိပဋ္ဌာန်ဖြင့် လွန်စေလျှက် တရားအားထုတ်ရာ တရားအထူးကို ဖြစ်စေခြင်းငှာ မစွမ်းနိုင်ချေ။
ထိုအခါ အဘယ်ချို့ ယွင်းမှုကြောင့် တရားအထူး မဖြစ်ရပါနည်းဟု စီစစ်ဝေဖန်သောအခါ
(ငါ ဝီရိယလွန်နေသည်။ ထိုဝီရိယလွန်ခြင်းကြောင့် ငါစိတ်ပျံ့ လွင့်ခြင်း ဥဒ္ဓစ္စဖြစ်နေပါတကား။ ဝီရိယမျှအောင် ယခု ငါယှဉ်စေတော့အံ့) ဟု စင်္ကြမှသက်ဆင်းလျှက် ခြေဆေးရာအရပ်၌ ခြေဆေးပြီး
ကျောင်းတွင်းဝင်ကာ ညောင်စောင်းတွင်နေလျှက် ကိုယ်ပင်ပန်းမှု ဖြေရန်အလို့ငှာ ကိုယ်ကို ညောင်စောင်း၌ညွှတ်လေသည်။ ထိုသို့ ညွှတ်ရာခဏကာလ
ခြေသည် မြေမှလွတ်ဆဲ ဦးခေါင်းသည်လည်း ခေါင်းအုံးသို့ မကျသေးမှီ
ရဟန္တာဖြစ်သွားတော်မူသည်။

သောတာပတ္တိမဂ်ဖိုလ်ရပြီး ပုဂ္ဂိုလ်သည်လည်း စင်္ကြလျှောက်သွားခြင်းကြောင့်ဖြစ်သော ကိုယ်ပင်ပန်းမှုသည်ပင် တရားထူး တရားမြတ် ပေါ်လာနိင်ခွင့် မရှိသေးပါမူ
သောတာပတ္တိမဂ်ဖိုလ် ဘယ်လိုဆိုတာ မသိကြသေးသော ပုဂ္ဂိုလ်တို့အား လယ်ထွန်ခြင်းထက် ပင်ပန်းမှုဖြစ်သော ကမ္မဋ္ဌာန်းအားထုတ်မှုသည်
အဘယ်မှာလျှင် လောကုတ္တရာ တရားထူးတရားမြတ် ဖြစ်အံ့နည်း။ မဖြစ်ပေါ်ဖို့ရာ
သေချာသည်ဟု မှတ်သားထိုက်လေတော့သည်။

ထို့ကြောင့် ယခုလက်ရှိ လယ်ထွန်ရခြင်းထက် ကိုယ်ပင်ပန်း
နွမ်းနယ်ဆင်းရဲလှသော
ထိုကမ္မဋ္ဌာန်း အားထုတ်နည်းသည် (အတ္တကိလမထ)အစစ် ဧကန်ဖြစ်လေသည်။ ထိုကမ္မဋ္ဌာန်းနည်းကို အားထုတ်နေသမျှ ကာလပတ်လုံး (အတ္တကိလမထ)အတွင်း ဂျွန်းထိုးဆင်းနေသော ပုဂ္ဂိုလ်တို့ချည်းသာ ဖြစ်လေသည်။

တစ်ဖန် ထိုကမ္မဋ္ဌာန်းပေးဆရာ အချို့ သည်ကား မိမိတို့၏ ကမ္မဋ္ဌာန်းပေးနည်း မှန်ကန်ကြောင်းကို ပါဠိ အဋ္ဌကထည ဋီကာပါဌ် ကိုးကားစရာ မရှိလေရကား
ဘုရားအလောင်းတော်ကြီးသည်
ဥရုဝေလဇနပုဒ်၌ ဒုက္ကရစရိယ ကျင့်တော်မူခြင်းကို အထောက်အထားပြကာ ကိုးကားကြလေသည်။

ထိုကမ္မဋ္ဌာန်းပေးဆရာတို့၏ နှလုံးသွင်းအာဘောဂကား
ဘုရားအလောင်းတော်ကြီး ခြောက်နှစ်ပတ်လုံး ဒုက္ကရစရိယအကျင့်ကို ကျင့်ခဲ့တုံသေး၏။ ထို့ကြောင့် မိမိတို့ကမ္မဋ္ဌာန်း အားထုတ်နည်းသည် (အတ္တကိလမထ)မဖြစ်ဟု ဆိုကြပေသည်။

သို့ရာတွင် ဘုရားအလောင်းတော်ကြီးသည် ထိုဥရုဝေလ ဇနပုဒ်၌ ကျင့်စဉ် အမြတ်မထွက်သည့်ပအပြင် မူလရှိရင်းစွဲ လက္ခဏာတော်အချို့ ပင် အခိုက်အတန့်အားဖြင့် ကွယ်ပျောက်ခဲ့ရဖူးသည်ကို
အဆိုပါ ကမ္မဋ္ဌာန်းဆရာတို့ မစဉ်းစားမိကြချေ။

ဒီမျှနဲ့ နားခွင့်ပြုကြပါ။

အသျှင် ပဏ္ဍာဘိဝံသ၏ " ပဋိပတ္တိက္ကမဋီကာ" နှာ ၃၁၀'-၃၁၁။

— Myo Htun

— ( Royal Poe )

ရှိသမျှ စည်းစိမ် အကုန်ရောင်းလို့ ဆင်းရဲကလေးငယ် များကို ကျွေးမွေးသူ သန်းကြွယ်သူဌေး


ပုံမှာ မြင်တွေ့နေရတဲ့ ပုဂ္ဂိုလ်က Scott Neeson လို့ အမည်ရပြီး 20th Century Fox ဆိုတဲ့ ဟောလိဝုဒ် ရုပ်ရှင် ထုတ်လုပ်ရေးမှာ ၁၀ နှစ်ကြာ ဥက္ကဌ အဖြစ် ဦးဆောင်လုပ်ကိုင် ခဲ့သူဖြစ်ပါတယ်။

သူ့လက်ထက်မှာ တိုက်တန်းနစ် ရုပ်ရှင်၊ X Men, Braveheart, Independence Day, Star War တို့လို အောင်မြင်တဲ့ ရုပ်ရှင်ပေါင်း ၁၀၀ ကျော်ကို ထုတ်လုပ် နိုင်ခဲ့ပြီး ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ် စာရင်းထဲ ပါဝင်ခဲ့ ပါတယ်။ သက္ကရာဇ် ၂၀၀၃ ခုနှစ် အရောက်မှာတော့ 20 Centry မှ ထွက်ခွာပြီး ကမ္ဘောဒီးယားကို သွားပါတယ်။ ကမ္ဘောဒီးယားက အမှိုက်ပုံတွေ ပေါ်မှာ အမှိုက်ကောက်၊ အသက်မွေး ဝမ်းကျောင်း ပြုနေတဲ့ ကလေး ငယ်တွေကို မြင်တော့ သနား နာကျင်တဲ့ ဝေဒနာ ခံစား ရပြီး နောက်တော့ ဖောင်ဒေးရှင်း တစ်ခု ထောင်ဖို့ ဆုံးဖြတ် ခဲ့ ပါတယ်။

ရှိသမျှ အိမ်၊ ကား၊ ဇိမ်ခံရွက်လှေနဲ့ စည်းစိမ် အားလုံး အားလုံး တစ်ခု မကျန် အကုန် ရောင်းချပြီး သူ့ဖောင်ဒေးရှင်းမှာ ရင်းနှီးလိုက်ပါတယ်။ အခု ဆိုရင် သူ့ကျွေးမွေး ထောက်ပံ့မှုကြောင့် ကလေးပေါင်း တစ်ထောင်ကျော် ဆင်းရဲတွင်းမှ လွတ်ခဲ့ ပါပြီ။ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အားလုံးကို တာဝန်ယူလို့ ဆောင်ရွက်ပေးခဲ့ ပါတယ်။ လက်ရှိမှာလည်း ဆက်လက် ဆောင်ရွက်ဆဲ ဖြစ်ပါတယ်။

မိမိ စည်းစိမ်ကို တွယ်တာ၊ သက်ညာမှု မရှိပဲ တစ်ပါး ဆင်းရဲ အားနွယ့်သူကို သနား၊ ကြင်နာ ကူညီတဲ့ Scott Neeson ဟာ ကမ္ဘာက လေးစားရတဲ့ ပုဂ္ဂိုလ် တစ်ဦး ဖြစ်ကြောင်း သိရ ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

http://www.yoyarlay.com/international-news/asia/40411-scott-neeson

စကားပြောကောင်းခြင်းဟာ အတတ်ပညာတစ်မျိုးပါ


Saturday, March 29, 2014

မိမိဟာ စကားတစ်ခွန်းကို အောင်မြင်စွာ ပြောချင်ရင်၊ အရေးပါ အရာရောက်ချင်ရင် မိမိရောက်နေတဲ့ ဒေသရဲ့ ယဉ်ကျေးမှုကို အရင်ဆုံးလေ့လာသင်ယူရမယ်၊ မိမိရောက်နေတဲ့ အသိုင်းဝိုင်းဟာ ဘယ်လို အသိုင်းဝိုင်းမျိုးလည်းဆိုတာ လေ့လာထားဖို့ လိုအပ်တယ်။ ဒါမှသာ ထိထိရောက် ပြောနိုင်ဆိုနိုင်မှာ ဖြစ်ပါတယ်။ စကားပြောကောင်းခြင်းဟာလည်း အတတ်ပညာတစ်မျိုးဖြစ်ပါတယ်။

ကိုယ်ဘာပြောချင်တယ်ဆိုတာထက် သူတို့ ဘယ်လိုစကားတွေ နှစ်သက်တတ်လည်းဆိုတာ သိအောင် အရင်လုပ်ရမှာဖြစ်တယ်။ ပရိတ်
သတ်က နှလုံးသားနဲ့  နားထောင်လာနိုင်ဖို့  အတွက် ပရိတ်သတ်ရဲ့ နှလုံးသားဆိုတာကို ရအောင် အရင်ဦးဆုံးယူနိုင်ဖို့ တော့ လိုပါလိမ့်
မယ်။ လူတစ်ယောက်ရဲ့ နှလုံးသားကို ရလိုက်ခြင်းဟာ ဒီလူရဲ့ ဘ၀ကို ရလိုက်ခြင်းတစ်မျိုးပါ။

စင်မြင့်ထက်မှာ စကားပြောတာပဲ ဖြစ်ဖြစ်၊ အပေါင်းသင်း မိတ်ဆွေကြားမှာ စကားပြောတာပဲ ဖြစ်ဖြစ် ပထမဆုံး နားထောင်ပေးတဲ့သူ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောဖို့ မမေ့သင့်ပါဘူး။ ဟာသလေးတွေ ကြားညှပ် ပြောတတ်ဖို့ လည်းလိုပါတယ်။ သူတို့ ရဲ့ ဓလေ့စရိုက်၊ အမူအကျင့်လေးတွေက မိမိ နှစ်သက်မိတယ်ဆိုတာမျိုးကိုလည်း ပြောဖို့ လိုပါတယ်။ ဒီအခြေခံ သဘောတရားတွေတော့ သိနေရမှာပါ။

ကိုယ်ပြောတဲ့ စကားလေးတစ်ခွန်းဟာ လူတစ်ဖက်သားရဲ့ ဘ၀ သေဆုံးသွားနိုင်သလို၊ အောင်မြင်သွားတဲ့ထိလည်း ဘ၀ပြောင်းလဲ သွား
နိုင်တယ်ဆိုတာ တွေးထားသင့်ပါတယ်။ ဒါဟာ စကားမမှားနိုင်ဖို့ လည်း ဆင်ခြင်ရာရောက်ပါတယ်။ စကားတစ်ခွန်းကြောင့်လည်း မိမိရဲ့
ဂုဏ်သိက္ခာ ကျဆင်းသွားနိုင်ပါသေးတယ်။ သတိထားဖို့ လိုပါတယ်။

အပြောအဆို ကျွမ်းကျင်လိမ္မာခြင်းဟာ အလိုဆန္ဒတစ်ဝက်ကို ပြီးမြောက်နိုင်ပါတယ်။ ဒါကြောင့် လူတစ်ယောက်က စကားပြောတတ်ဖို့ 
သိပ်အရေးကြီးပါတယ်။ ယနေ့ ကမ္ဘာမှာ အောင်မြင်နေသူတွေဟာ အဟောအပြော ကောင်းသူများဖြစ်တယ်ဆိုတာကို လေ့လာတွေ့ ရှိ
နိုင်မှာပါ။ စကားပြောကောင်းတဲ့သူတိုင်းဟာလည်း စာဖတ်တဲ့ သူတွေဖြစ်ကြတယ်ဆိုတာပါ တွဲမှတ်ထားရမှာပါ။ ကျင့်ကြံ အားထုတ်နိုင်ကြပါစေ။
========================

True Man
Myanmar Online News

``နှုတ်ကြွေး´´


ယမန်နေ့ထုတ် The Pyi Myanmar Dailyပါ ဆောင်းပါး။
``နှုတ်ကြွေး´´

မိမိနဲ့ညီအစ်ကိုရင်းချာတွေလို ခင်မင်ရင်းနှီးတဲ့ ဆေး(၁)က Part.2ကျောင်းသားလေးတစ်ဦးက ``ဦးခေ လှုပါ့ မယ်လို့ ကတိပေးထားပြီး မလှုဖြစ်ရင် ဘယ်လိုအပြစ်ဖြစ်လဲဟင်´´လို့ ဖုန်းဆက်ပြီး မေးလာပါတယ်။ ``ဘာ ဖြစ်လို့ မေးတာလဲ ´´ ပြန်မေးတော့ သူ့သူငယ်ချင်းတစ်ဦးရဲ့ မိဘများဟာ ဘုန်းကြီးတစ်ပါးကို သိမ်လှုပါ မယ်။ လောလောဆယ် ဘုန်းကြီးက ငွေစိုက်ပြီးဆောက်ထားနှင့်ပါ။ အားလုံးပြီးတာနဲ့ ကုန်ကျစရိတ်ကို လှုပါ မယ်လို့ လျှောက်ထားပြီး ဘုန်းကြီးက သိမ်ပြီးပြီလို့ အကြောင်းကြားလာတော့ လုပ်ငန်းတွေအဆင်မပြေဖြစ်ပြီး ဘေးကြပ်နံကြပ်ဖြစ်နေတော့ မလှုနိုင်ဘူးဖြစ်နေတယ်။ အဲဒါကြောင့် သူ့သူငယ်ချင်းက မေးခိုင်းလို့မေးတာပါလို့ ပြောပြပါတယ်။

သူ့စကားနားထောင်ပြီးတော့ မိမိငယ်တုန်းက အဖြစ်အပျက်လေးတစ်ခုကို သွားသတိရမိပါတယ်။ မိမိအင်မတန် လေးစားချစ်ခင်ကြည်ညိုရတဲ့ ဆရာဘုန်းကြီးက တိုက်အုပ်စာချဘုန်းကြီးလုပ်နေရာကနေ ကိုယ်ပိုင်ကျောင်းခွဲ ထိုင်ပါတယ်။ ဆရာဘုန်းကြီးရဲ့ကျောင်းက အုတ်တံတိုင်းမရှိပါဘူး။ ဒါနဲ့ ဆရာဘုန်းကြီးကလည်း စာချဘုန်းကြီး လုပ်နေရာကနေ ကျောင်းထိုင်လိုက်တာဆိုတော့ ခပ်မွဲမွဲပါပဲ။ ရွာကနေ အမေက မိမိအတွက် ရိက္ခာလာပို့တော့ အမေ့ကို အုတ်တံတိုင်းတစ်ခန်းလှုဖို့ မိမိက တိုက်တွန်းပါတယ်။ အမေကလည်း လှုမယ် ဒါပေမယ့် အခုတစ် ခေါက်တော့ ငွေက အလုံအလောက်ပါမလာလို့ နောက်တစ်ခေါက်မှ လှုမယ်လို့ ပြောပါတယ်။ မိမိကလည်း မလှုဖြစ်မှာမို့ အဲဒါဆိုရင်လည်း ဘုန်းကြီးကို လှုမယ့်အကြောင်းလျှောက်သွားလေလို့ ပြောပါတယ်။ အမေက တစ်ခါထဲ မလှုနိုင်ခဲ့ပဲနဲ့ မလျှောက်ချင်ဘူး။ ကိုယ်က မလှုခင်သေသွားခဲ့ရင် သံသရာမှာ `နှုတ်ကြွေး´တင်လိမ့် မယ်လို့ ပြောပါတယ်။ အဲဒီတုန်းက ကိုယ်က အသက်၁၂နှစ်အရွယ် ကိုရင်ပေါက်စလေးဆိုတော့ နှုတ်ကြွေးတင် တယ်ဆိုတာ ဘယ်လို မျိုးလည်းဆိုတာ သေချာမသိပါဘူး။ နောင်အသက်ကြီးလို့ စာပေကျမ်းဂန်တွေကို သင်ယူ လေ့လာတာများလာမှ နှုတ်ကြွေးတင်ခြင်းဟာ အလွန်အင်မတန်ကြောက်လန့်ဖွယ်ရာကြီးပါလားဆိုတာ သိလိုက်ရပါတယ်။

`အကြင်သူသည် ရသေ့ရဟန်း ပုဏ္ဏား ဖုန်းတောင်းယာစကာတို့အား အလိုရှိရာကို လာ၍အလှုခံပါ။ ပေးလှုဒါန်း ပါမယ်လို့ ပြောဆိုလျှောက်ထားပြီး အလှုခံလာသောအခါ၌ အလှုခံသောအရာကို မပေးလှုအံ့။ ထိုသူသည် စင်စစ် လူယုတ်မာဖြစ်၏´´လို့ ရှင်တော်မြတ်ဘုရားက သုတ္တနိပါတပါဠိတော် ၀သလသုတ်တော်မှာ ထုတ်ဖော် ကာ ဟောကြားတော်မူခဲ့ပါတယ်။

တစ်ခါ ` အကြင်သူသည် ရသေ့ရဟန်း ပုဏ္ဏား ဖုန်းတောင်းယာစကာတို့အား အလိုရှိရာကို လာ၍အလှုခံပါ။ ပေးလှုဒါန်းပါမယ်လို့ ပြောဆိုလျှောက်ထားပြီး အလှုခံလာသောအခါ၌ အလှုခံသောအရာကို မပေးလှုပဲ မုသာ ၀ါဒဖြင့်လှည့်ပတ်ပြောဆို၏။ ထိုသို့ မုသာဝါဒဖြင့် လှည့်ပတ်ပြောဆိုသောသူသည် မိမိ၏ ဘ၀ပျက်စီးကြောင်း တရားကို မိမိကိုယ်တိုင် ပြုလုပ်သောသူမည်၏´´လို့ သုတ္တနိပါတပါဠိတော် ပရာဘ၀သုတ်တော်မှာ ဟောကြား တော်မူခဲ့ပြန်ပါတယ်။

တစ်ခါတုန်းက အရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ မြတ်စွာဘုရားထံချဉ်းကပ်ပြီး ``ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား၊ ဤလောက၌ အချို့သောသူ အားထုတ်အပ်သော ကုန်သွယ်မှုသည် ကုန်သွယ်မှုချင်းတူမျှသည်သာ ဖြစ်ပါလျက် ပျက်စီးခြင်းသို့ ရောက်ပါသည်။

အချို့သောသူ အားထုတ်အပ်သော ကုန်သွယ်မှုသည် ကုန်သွယ်မှုချင်းတူမျှသည်သာ ဖြစ်ပါလျက် ရည်မှန်း ချက်အတိုင်းမဖြစ်ပါ။

အချို့သောသူ အားထုတ်အပ်သော ကုန်သွယ်မှုသည် ကုန်သွယ်မှုချင်းတူမျှသည်သာ ဖြစ်ပါလျက် ရည်မှန်း သည့်အတိုင်း ဖြစ်လာပါသည်။

အချို့သောသူ အားထုတ်အပ်သော ကုန်သွယ်မှုသည် ကုန်သွယ်မှုချင်းတူမျှသည်သာ ဖြစ်ပါလျက် ရည်မှန်း သည်ထက် သာလွန်များပြားသော အကျိုးကိုရရှိပါသည်။ ဤသို့ ဖြစ်ရခြင်းမှာ အဘယ်သို့သော အကြောင်း အထောက်အပံ့တို့ကြောင့် ဖြစ်ပါသနည်း´´လို့ မေးမြန်းလျှောက်ထားတော်မူပါတယ်။

ဒီအခါမှာ ရှင်တော်မြတ်ဘုရားက ``သာရိပုတ္တရာ ဤလောက၌ အချို့သောသူသည် ရဟန်းပုဏ္ဏားတို့အား `အရှင်တို့ အလိုရှိသော ပစ္စည်းကို မိန့်ကြားအလှုခံတော်မူပါလော´ဟု ဖိတ်ကြားပြီး ထိုဖိတ်ကြားထားသည့် အတိုင်း ကတိတည်ကြည်စွာဖြင့် အလှုခံလာသောအခါ၌ မလှုဒါန်းချေ။ ထိုသူသည် ထိုဘ၀မှ စုတေသေလွန်၍ ဤလူ့ဘုံသို့ တစ်ဖန်ပြန်၍ ရောက်လာသည်ရှိသော် အကြင်အကြင် ကုန်သွယ်မှုကိုပြု၍ ကုန်သည်အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်း ပြု၏။ ထိုသူပြုအပ်သော ကုန်သွယ်မှုမှန်သမျှသည် ပျက်စီးခြင်းသို့သာ ရောက်၏။´´

`` သာရိပုတ္တရာ ဤလောက၌ အချို့သောသူသည် ရဟန်းပုဏ္ဏားတို့အား `အရှင်တို့ အလိုရှိသော ပစ္စည်းကို မိန့်ကြားအလှုခံတော်မူပါလော´ဟု ဖိတ်ကြားပြီး ထိုဖိတ်ကြားထားသည့်အတိုင်း ကတိတည်ကြည်စွာဖြင့် အ လှုခံပုဂ္ဂိုလ် အလိုရှိသလောက် မပေးလှုပဲ အနည်းငယ်မျှသာ ပေးလှု၏။ ထိုသူသည် ထိုဘ၀မှ စုတေသေလွန် ၍ ဤလူ့ဘုံသို့ တစ်ဖန်ပြန်၍ ရောက်လာသည်ရှိသော် အကြင်အကြင် ကုန်သွယ်မှုကိုပြု၍ ကုန်သည်အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်း ပြု၏။ ထိုသူပြုအပ်သော ကုန်သွယ်မှုမှန်သမျှသည် ရည်မှန်းထားသည့်အတိုင်း မဖြစ် ချေ။´´

``သာရိပုတ္တရာ ဤလောက၌ အချို့သောသူသည် ရဟန်းပုဏ္ဏားတို့အား `အရှင်တို့ အလိုရှိသော ပစ္စည်းကို မိန့်ကြားအလှုခံတော်မူပါလော´ဟု ဖိတ်ကြားပြီး ထိုဖိတ်ကြားထားသည့် အတိုင်း ကတိတည်ကြည်စွာဖြင့် အလှုခံပုဂ္ဂိုလ် အလိုရှိသလောက် လှုဒါန်း၏။ ထိုသူသည် ထိုဘ၀မှ စုတေသေလွန် ၍ ဤလူ့ဘုံသို့ တစ်ဖန်ပြန်၍ ရောက်လာသည်ရှိသော် အကြင်အကြင် ကုန်သွယ်မှုကိုပြု၍ ကုန်သည်အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်း ပြု၏။ ထိုသူပြုအပ်သော ကုန်သွယ်မှုမှန်သမျှသည် ရည်မှန်းထားသည့်အတိုင်း ဖြစ်မြောက်အောင်မြင်၏။´´

``သာရိပုတ္တရာ ဤလောက၌ အချို့သောသူသည် ရဟန်းပုဏ္ဏားတို့အား `အရှင်တို့ အလိုရှိသော ပစ္စည်းကို မိန့်ကြားအလှုခံတော်မူပါလော´ဟု ဖိတ်ကြားပြီး ထိုဖိတ်ကြားထားသည့်အတိုင်း ကတိတည်ကြည်စွာဖြင့် အလှုခံပုဂ္ဂိုလ် အလိုရှိသည်ထက် ပိုလွန်၍ လှုဒါန်း၏။ ထိုသူသည် ထိုဘ၀မှ စုတေသေလွန် ၍ ဤလူ့ဘုံသို့ တစ်ဖန်ပြန်၍ ရောက်လာသည်ရှိသော် အကြင်အကြင် ကုန်သွယ်မှုကိုပြု၍ ကုန်သည်အလုပ်ဖြင့် အသက်မွေး ၀မ်းကြောင်း ပြု၏။ ထိုသူပြုအပ်သော ကုန်သွယ်မှုမှန်သမျှသည် ရည်မှန်းထားသည့်ထက် သာလွန်များပြား သော အကျိုးကျေးဇူးကို ရရှိခံစားရ၏´´

``သာရိပုတ္တရာ ကုန်သွယ်မှုချင်း တူမျှသည်သာ ဖြစ်ပါလျက် အကျိုးကျေးဇူးရရှိမှု ကွဲပြားရခြင်း၏ အကြောင်း အထောက်အပံ့တို့ကား ဤဆိုအပ်ခဲ့ပြီးသော အကြောင်းများပင်တည်း´´လို့ ဖြေကြားတော်မူခဲ့ပါတယ်။

မိမိတို့ငယ်စဉ်ကိုရင်ဘ၀တုန်းက ``တစ်ခါနှစ်ခါ သိမြင်ဘူးပြီး မိသားစုသဖွယ် ခင်မင်ရင်းနှီးမှုမရှိတဲ့ ဒကာဒကာ မတွေက မင်းတို့ကို အလိုတာရှိရင် အလှုခံနော်လို့ ပြောရင် မင်းတို့က ယုံကြည်ပြီး သွားအလှုမခံကြနဲ့။ အဲဒါက မင်းတို့နဲ့ တွေ့တုန်းဆုံတုန်း လှုစရာကလည်းမပါ လှုဒါန်းချင်စိတ်လည်းမရှိပဲ မကောင်းတတ်လို့ စကားအရ ပြော တာ။ အဟုတ်မှတ်ပြီး သွားအလှုခံမနေကြနဲ့။ တကယ်လှုချင်တဲ့သူက ကိုရင် တပည့်တော်တို့ ကိုရင့်ကို လှုချင် တယ်။ ကိုရင် ဘာလိုအပ်လဲဆိုတာ ပြောပါဦးလို့ တစ်ခါထဲအပြီးအပြတ် လျှောက်တာကွ´´လို့ ဆရာ ဘုန်းကြီးက ဆုံးမခဲ့ဘူးပါတယ်။ ဒါကြောင့် မိမိမှာ အလိုရာအလှုခံပါလို့ လျှောက်ထားကြတဲ့ ဒကာဒကာမတွေ များပေမယ့် ဘယ်သူ့ဆီကိုမှ အလှုမခံဘူးပါဘူး။ ရဟန်းဒကာဒကာမများဆီတောင် ရဟန်းဖြစ်ပြီးကထဲက ယခုချိန်ထိ နှစ်ခါပဲ အလှုခံဘူးပါတယ်။

ဒကာဒကာမတွေအနေနဲ့လည်း အမှန်တကယ် လှုဒါန်းလိုတဲ့ စိတ်စေတနာမရှိပါပဲ မကောင်းတတ်တာကြောင့် လူမှုအရေး ဟန်လုပ်ပြီး မလျှောက်ထားသင့်ပါဘူး။ ကိုယ်က တကယ်လှုချင်လို့ လျှောက်ထားတာမှန်ရင်လည်း `အလိုရှိရာ´လို့ မလျှောက်ထားပဲ `တပည့်တော်တို့ထံမှာ ဘယ်လောက်ပမာဏတန်ဖိုး ရှိတဲ့အရာဝတ္ထုကို တစ်လတစ်ခါ လာရောက်အလှုခံနိုင်ပါတယ်´လို့ တိတိကျကျ လျှောက်ထားသင့်ပါတယ်။ `အလိုရှိရာ´ဆိုတဲ့ စကားလုံးနဲ့ လျှောက်ထားပြီး သူအလိုရှိတာကို လာလှုခံလို့ ကိုယ်က မလှုနိုင်ဘူးဆိုရင် နှုတ်ကြွေးတင်ပြီး ပစ္စုပ္ပန်အတွက်ရော သံသရာခရီးအတွက် မကောင်းနိုင်ပါဘူး။ ဆိုးကျိုးတွေက များပြားလွန်းလှပါတယ်။

ကိုယ်ကတိတိကျကျ လျှောက်ထားပြီးတော့ ကိုယ်လျှောက်ထားတဲ့အတိုင်း လာရောက်အလှုခံတဲ့အခါမှာ အကြောင်းကြောင့် မလှုဒါန်းနိုင်ရင်လည်း နှုတ်ကြွေးမတင်အောင် လောလောဆယ်မှာ ဘာကြောင့် မလှုဒါန်းနိုင် သေးပါဘူး။ ဒါကြောင့် ဘယ်ကာလလောက်ကြရင် လာရောက်လှုဒါန်းပေးပါ့မယ်စသဖြင့် အကျိုးသင့်အကြောင်း သင့် လျှောက်ထားပြောဆိုကြရပါမယ်။ ဒါမှသာလျှင် နှုတ်ကြွေးတင်မှုကနေ လွတ်မြောက်နိုင်လိမ့်မယ်။

တကယ်တမ်းကြတော့ ကိုယ်က လုပ်ပေးပါ့မယ်။ လှုပါ့မယ်ပြောထားပြီး လုပ်မပေးပဲနေတာ မလှုဒါန်းပဲနေတာ ဟာ သူတစ်ပါးရဲ့ ရည်မှန်းချက်တွေ မျှော်လင့်ချက်တွေကို ဖျက်ဆီးလိုက်တာပါပဲ။ သူတစ်ပါးရဲ့ ရည်မှန်းချက် တွေ မျှော်လင့်ချက်တွေကို ဖျက်ဆီးလိုက်တဲ့သူ တစ်ဦးတစ်ယောက်ဟာ သူ့ရဲ့ မျှော်လင့်ချက်တွေ ရည်မှန်းချက် တွေလည်း မပြည့်ဝနိုင်တော့ပါဘူး။ တူသောအကျိုးကို ပေးတာပါ။ အထူးသဖြင့် မိတ်ဆွေသူငယ်ချင်းစတဲ့သူ တွေကိုလည်းပဲ မိမိက အမှန်တကယ်မကူညီနိုင်ပါပဲ ကူညီပေးပါ့မယ်လို့ လူမှုရေးအရ မပြောဆိုသင့်ပါဘူး။ အဲဒီလိုပြောဆိုတာဟာလည်းပဲ နှုတ်ကြွေးတင်တဲ့ထဲ ပါဝင်ပါတယ်။ မိမိတို့ဘ၀ရဲ့ ရည်မှန်ချက်တွေ မျှော်လင့် ချက်တွေ ပြည့်ဝချင်တယ်ဆိုရင်တော့ နှုတ်ကြွေးကင်းစင်ဖို့လိုအပ်ပါတယ်။ 

(မိုးသု-မန္တလေး)

တိမ်မြှုပ်နေသော အစွမ်းထက်ဆေး


" ဗျို့ ဆရာ ... ဗျို့ ဆရာ...."
ညကြီးမင်းကြီး ဘယ်လူနာပါလိမ့်။
" ဗျာ....ဘယ်သူလဲဗျ...."
"ကျွန်တော်ပါ ...နေ့လယ်က ဆေးခန်းလာပြတဲ့
လူနာပါ ဆရာ...ထွက်လာပါဦးဆရာရဲ့...ဝမ်းလျှောတာမသက်သာလို့
ဆရာ့ကိုပြန်လာပြတာ..."
" အော်...အေး အေး လာပြီ..."
ဆေးခန်းတံခါးကိုဖွင့်၊မီးကိုဖွင့်ပြီး လူနာ့မျက်နှာကို
သေသေချာချာကြည့်လိုက်သည်။အားကုန်ခန်းနေတဲ့ အမူအရာကို
သူ့မျက်နှာပေါ်မှာ မြင်ရတယ်။
" ဘယ်လိုလဲ မသက်သာဘူးလား..."
" ဟုတ်တယ်ဆရာ...မသက်သာဘူး...အခုညတွင်ပဲ လေးငါးခါထပ်သွား
သေးတယ်...လူလည်းတစ်ကိုယ်လုံး နုံးချိနေပြီ..."
ဘာမှပြန်ပြောမနေပဲ လူနာကိုသွေးပေါင်ချိန်လိုက်သည်။
ပေးထားသောဓာတ်ဆားကြောင့် သွေးဘောင်က ပုံမှန်အနေအထားမှာရှိနေသည်။ဒီအတိုင်းသာ ဝမ်းဆက်သွားနေရင်
လူနာအတွက်စိုးရိမ်ရတယ်။ဝမ်းရောဂါ ကြီးကြီးမားမားတွေမှာ
ကျွန်တော့်ရဲ့ လျှို့ဝှက် အစွမ်းထက်လက်နက်ကို ကျွန်တော် ထုတ်သုံးလေ့ရှိသည်။
" သွေးပေါင်က ကောင်းတယ်...ဓာတ်ဆားဆက်သောက်...
အိမ်မှာ မီးဖိုရှိလား...."
" ဟုတ်ကဲ့...ရှိတယ်ဆရာ..."
" ရှိရင် မီးဖိုထဲကို မီးသွေးထည့်ပြီး မီးမွှေး...
ပြီးရင် ထမင်းကို လက်တစ်ဖက်နဲ့ ကျစ်နေအောင်ဆုပ်....ရလာတဲ့ ထမင်းဆုပ်ကို မီးသွေးမီးဖိုထဲ ထည့်ဖုတ်....ထမင်းစုပ် နီရဲလာရင် ဆယ်ယူပြီး
လက်ဖက်ခြောက်ခပ်ထားတဲ့ လက်ဖက်ရည်ကြမ်း (ငါးကြင်းဖန်ခွက်) ထဲ
ထည့်လိုက်...ရေနဲ့မီးထိတွေ့သံ 'ရှဲ 'ဆိုတဲ့အသံ မြည်လိမ့်မယ်....
အဲဒီ ထမင်းဆုပ်ထည့်ထားတဲ့ လက်ဖက်ရည်ကို ခဏခဏသောက်ပေး....
မှတ်မိတယ်နော်....."
" ဟုတ်ကဲ့....မှတ်မိပါတယ်ဆရာ...."

@@@@@@@@@@@

နောက်တစ်နေ့ ကြက်ဥဝယ်တော့ ကြက်ဥဆိုင်နားက
ဝက်သားတုတ်ထိုးဆိုင်မှာတွေ့တယ်။ကျွန်တော်က ထိုလူနာကို
" ကောင်းသွားပြီလား ... "
လို့မေးတော့ သူက
" ကောင်းသွားပြီဆရာ...ဖန်ခွက်တစ်ခွက်ကုန်တာနဲ့ ဝမ်းထပ်မသွား
တော့ဘူး......ဆရာကလည်း အစောကတည်းက အဲဒီဆေးနည်း
ပေးလိုက်တာမဟုတ်ဘူး....ကျွန်တော့်မှာတော်တော်ခံလိုက်ရတယ်..."
လူနာက အပြစ်တင်တဲ့လေသံအနည်းငယ်ရောယှက်ပြီး
ကျွန်တော့်ကို ပြောလာတယ်။
" ကျွန်တော်က အနောက်တိုင်းဆေးပညာနဲ့ ဘွဲ့ရထားတာလေ....တိုင်းရင်းဆေးပညာနဲ့ ဘွဲ့ရထားတာမှ မဟုတ်တာ
...ဒါကြောင့် ကျွန်တော့်ရဲ့အဓိက အနောက်တိုင်းဆေးပညာနဲ့ အရင်ဦးစားပေးကုရမှာပေါ့....ကျွန်တော့်ဆေးခန်းနာမည်က
'.............' ဆေးခန်းလို့ တပ်ထားတာလေ....'_________'တိုင်းရင်းဆေးကုခန်းလို့
တပ်ထားတာမှ မဟုတ်တာ...ပေးထားတဲ့ဆေးတွေ ဆေးပတ်လည်အောင် ကုန်အောင်သောက်ဦးနော်...."လို့ လူနာ နားလည်အောင် ရှင်းပြလိုက်ပါသည်။

@@@@@@@@@@@

ဤနည်းသည် ဝမ်းလျှောလူနာများအတွက် အနောက်တိုင်း
ဆေးနှင့်တွဲဖက်ကုသလျှင် များစွာအကျိုးရှိမည်ဟု ယုံကြည်မိပါသည်။ဤနည်းသည် ဝမ်းလျှောခြင်းကြောင့် သေဆုံးမှုနှုန်းကို လျော့ချပေးနိုင်မည်ဟု ယုံကြည်မိပါသည်။
ဤစာကိုရေးသားရခြင်းအကြောင်းကြောင့်
နှစ်စဉ် ဝမ်းလျှောခြင်းကြောင့် လူသေဆုံးမှုနှုန်း
ကျဆင်းသော အကျိုးကိုရပါစေသား အရှင်ဘုရား။

ဦးတိုးအောင်

သစ်ပင်ရဲ့ သက်တမ်းကို ခန့်မှန်းနိုင်တဲ့နည်း


သစ်ပင်ငုတ်တိ မျက်နှာပြင် ( ခုတ်ပြီးသားသစ်ပင်) ကြည့်လိုက်ရင် မျက်နှာပြင် မှာ အရစ်အရစ်တွေ သစ်ကြောကွင်းအထပ်ထပ် ကို တွေရပါ လိမ့်မယ်။ တစ်ရစ်ဟာ တစ်နှစ်ဖြစ်ပါတယ်။ အဲဒါကြောင့် အရစ်ကို ရေတွက် ရင် အဲဒီသစ်ပင် သက်တမ်းကို ခန့်မှန်းနိုင်ပါတယ်။

ဒါကတော့ နည်းလမ်းများထဲက တစ်နည်းဖြစ်ပါတယ်။

-MM-
သုတစွယ်စုံကျမ်း

သင့်မျက်နှာပေါ်ရှိ မှဲ့ များမှ ပြောပြသော သင့်အကြောင်း


မျက်နှာပေါ်ရှိ မှဲ့ အနက်အဓိပ္ပာယ်ပထမဦးစွာ သင့်မျက်နှာပေါ်ရှိမှဲ့ကို အရင်ဆန်းစစ်ပါ။ ပြီးရင် သင့်မျက်နှာပေါ်ရှိ မှဲ့နေရာ
ကို ပုံပါအတိုင်း အနီးစပ်ဆုံးနံပါတ်ကိုကြည့်ပြီး အမျိုးအစားပိုင်းခြားသတ်မှတ်ပါ။ထင်ရှားပြတ်သားပြီး တခုတည်းရှိသော
မှဲ့ကိုသာ အဓိပ္ပာယ်ကောက်ယူရပါမယ်။ မျက်နှာပေါ်မှ အစက် အပြောက်များ၊ ဝက်ခြံ (သို့) မှဲ့သေးသေး ကလေးများကို
ထည့်မတွက်ရပါဘူး။ ကဲ- မှဲ့နေရာက သက်ဆိုင်ရာအနေအထားမှာရှိတာသေချာရင် ဘယ်နံပါတ်ထဲ ပါဝင်နေမလဲဆိုတာ
ဆန်းစစ်ကြည့်ရအောင်။

နံပါတ် ၁မှ၃ကလေးတယောက်လိုပဲ သင့်ရဲ့စိတ်ဟာ တခါတရံမထိန်းချုပ်နိုင်ပဲ ပေါက်ကွဲလွယ်တယ်။ မွေးရာပါတီထွင်ကြံ
ဆဥာဏ်ရှိပြီး လွတ်လပ် ခွင့်ပြုထားပါက အကောင်းဆုံးဖြစ်အောင် လုပ်နိုင်စွမ်းရှိသောကြောင့် သင့်ရဲ့ အထက်အရာရှိက
သင့်ရဲ့တွေးခေါ်ဆန်းသစ် လုပ်ဆောင်ရည်ကို နှစ်သက်သဘောကျမှာဖြစ်ပါတယ်။အဲဒီနေရာမှာရှိတဲ့ မှဲ့ပိုင်ရှင် ဟာသူများ
အလုပ်ကို လုပ်ရတာထက် ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ ကံပါပြီး စီးပွားရေးမှာလည်း အောင်မြင်ထွန်းပေါက်မှာ ဖြစ်ပါတယ်။

နံပါတ် ၄သင်ဟာ စိတ်ကူးရသလို လုပ်တတ်တဲ့သူဖြစ်ပါတယ်။မကြာခဏဆိုသလို သူတပါးအပေါ်ကို လွှမ်းမိုးသွားအောင်
ဆွဲဆောင်နိုင်ပြီး ထူးခြားဆန်းပြားတဲ့ ပင်ကိုယ်အရည်အသွေးမျိုးပိုင်ဆိုင်သူဖြစ်ပါတယ်။ ထင်မြင်ယူဆဝေဖန်မှုများအပေါ်
အငြင်းအခုံသန်သူဖြစ်ပြီး မကျေနပ်ချက်နဲ့ အလိုမကျမှုများကို စိတ်ထဲရှိတဲ့အတိုင်း ပြောတတ်သူဖြစ်လို့ အများနှင့် ဆက်
ဆံရာမှာ အခက်အခဲတွေ့တတ်ပါတယ်။ အဆိုပါမှဲ့ပိုင်ရှင်မှာ အငြိုးဒေါသ ပေါက်ကွဲလွယ်သူဖြစ်လို့အဲဒီအကျင့်လေးသာ
ဖျောက်အောင် လုပ်နိုင်မယ်ဆိုရင် လူ့လောကမှာ တည်ငြိမ်အေးချမ်းစွာ နေထိုင်သွားနိုင်မှာ ဖြစ်ပါတယ်။

နံပါတ် ၅မျက်ခုံးအပေါ်ထက်ရှိ မှဲ့ပိုင်ရှင်ဟာ ဘဝမှာချမ်းချမ်းသာသာနဲ့ နေရမယ့်ကံပါတယ်။ဒါပေမယ့်သူများထက်တော့
ပိုရှာပြီး ပိုကြိုးစားလုပ်ကိုင်ရပါတယ်။ သင်ရှာသမျှငွေတွေကို သေချာထိန်းသိမ်းရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သင့်ကို
မနာလိုသူတွေက စကားချိုချိုနဲ့ သင့်ရဲ့ဥစ္စာဓနကို ခွဲဝေယူဖို့ကြံစည်ကြပါလိမ့်မယ်။သင့်ရဲ့အလျင်အမြန်ကြီးပွားချမ်းသာတဲ့
စီမံကိန်းကြီးထဲကို ရင်းနှီးမြှုပ်နှံဖို့ကြိုးစားလာသူများကို အထူးသတိရှိပါ၊ သူတပါးအား အယုံမလွယ်မိဖို့သတိပေးပါရစေ။
သင့်ရဲ့ပင်ကိုဥာဏ်ကိုသုံးပြီးသတိဝိရိယနဲ့နေပါ။ဘယ်သောအခါမှ သင့်ရဲ့ငွေကြေးကိစ္စရပ်များကို တပါးသူအားမချုပ်ကိုင်
ပါစေနဲ့။

နံပါတ် ၆ဒီနေရာမှာရှိတဲ့မှဲ့ပိုင်ရှင်ဟာ ဥာဏ်ကောင်းတယ်၊ တီထွင်ဖန်တီးဥာဏ်ရှိတယ်၊ အနုပညာစွမ်းရည်ရှိတယ်။ အဆို
ပါစွမ်းရည်က သင့်ကိုချမ်းသာကျော်ကြားပြီး အောင်မြင်စေတယ်။ ချမ်းသာမဲ့ကံပါလာပြီးသား။ ဒါပေမဲ့သမားရိုးကျစီးပွား
ရှာဖို့လမ်းစဉ်ထက် ကိုယ်စိတ်နှလုံးသွင်းပြီးရဲရင့်သတ္တိရှိမှ အောင်မြင်မှုကို အကောင်အထည်ဖော်ဆောင်နိုင်မှာဖြစ်တယ်။

နံပါတ် ၇မျက်ခုံးအောက်မှာရှိတဲ့ မှဲ့ပိုင်ရှင်ဟာ ပူဆွေးသောက စိတ်မချမ်းမြေ့ဖွယ်ကောင်းတဲ့ ဆွေမျိုး၊ မိသားစုအသိုင်းအ
ဝိုင်းကြားမှာ ကတောက်ကဆ စကားများ တတ်တယ်။ အဲဒါက သင့်အလုပ်နဲ့ အသက်မွေးဝမ်းကျောင်း ကို ထိခိုက်စေပါ
တယ်။ တည်ငြိမ်အေးချမ်းတဲ့ ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဆွေမျိုး အသိုင်းအဝိုင်းတွေနဲ့ အဆင်ပြေအောင် ညှိ
ယူပါ။

နံပါတ် ၈ဒီနေရာမှာမှဲ့ရှိရင်တော့ မကောင်းပါဘူး။ အသုံးအဖြုန်းများတတ်တဲ့ အတွက်ကြောင့် အမြဲအလိုလို ငွေ ကြပ်နေ
တတ်တယ်။ လောင်းကစားကို ခုံမင်သူလည်း ဖြစ်တယ်။ ဘယ်အချိန်မှာ ရပ်တန်းက ရပ်ရမလဲဆိုတာ မိမိကိုယ်ကိုသိပါ။
အလားတူ အဲဒီမှာ မှဲ့ ရှိတဲ့သူ ဟာ ဆန့်ကျင်ဘက်လိင်ကို သာမက လိင်တူကိုပါ ဆွဲဆောင်ကလူတတ်ပါတယ်။ သင့်ရဲ့ဆွဲ
ဆောင်မှုကို အသုံးချရာမှာ အနည်းငယ် မြော်မြင်ဆင်ခြင်နိုင်မှ တော်ခါကြပါမယ်။ မဟုတ်ရင် ဒုက္ခရောက်သွားနိုင်တယ်။

နံပါတ် ၉ဒီနေရာရှိ မှဲ့ပိုင်ရှင်ဟာ လိင်ပိုင်းဆိုင်ရာနဲ့ အခြားပြဿနာများ ရှိနိုင်ပါတယ်။ ကံမကောင်းတဲ့မှဲ့ဖြစ်လို့ ဖြတ်ပစ်ဖို့
အကြံပြုပါရစေ။ ပူဆွေးသောကများစွာနဲ့ ပြဿနာပေါင်းများစွာကို ယူဆောင်လာမဲ့ မှဲ့မျိုးပါ။

နံပါတ် ၁၀နှခေါင်းအောက်တည့်တည့်မှာမှဲ့ပါရင် သားမြေးစဉ်ဆက်ထိ ကံကောင်းတယ်။ အချိန်ပြည့် မိသားစုဝင်များနဲ့
သားသမီးများ၊ မြေးများနဲ့ သိုက်သိုက်ဝန်းဝန်းနေရမယ်။ သင်နဲ့အနီးဆုံးလူရဲ့ အထောက်အပံ့ကို ရရှိနိုင်မှာဖြစ်ပြီး သင့်
အား ဥစ္စာပစ္စည်းရော၊ စိတ်ခံစားမှုရော အပြည့်အဝဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။

နံပါတ် ၁၁ဒီနေရာမှဲ့ရှိတဲ့သူဟာ နာဖျားခြင်းကို မလွန်ဆန်နိုင်ပါ။ အထူးသဖြင့် အဲဒီမှဲ့ကြီးပြီး မည်းလာရင် ဖျက်ပစ်လိုက်
တာ အကောင်းဆုံးပဲ။ ဒါမှမဟုတ် အောက်ခံမိတ်ကပ်ဖောင်ဒေးရှင်းများများသုံးပြီး ဖုံးထားပါ။

နံပါတ် ၁၂ဒီနေရာမှဲ့ရှိတဲ့သူဟာ အောင်မြင်ရုံသာမက တည်ငြိမ်မျှတတဲ့ဘဝကို ရရှိခံစားနိုင်မှာဖြစ်ပါတယ်။ သိပ် မချမ်း
သာရင်တောင်မှ ကျော်ကြားမယ်။ သင့်ကို မြင့်မားတဲ့ဘဝမှာ နေထိုင်ပိုင်ဆိုင်ဖို့ အခွင့်အရေးပေးသော်လည်းပဲ သင်ဟာ
သင့်အိမ်နဲ့မိသားစုဘဝမှာပဲ ကျေနပ်တင်းတိမ်နေမယ်။ အဲဒီနေရာမှာမှဲ့ရှိတဲ့ အမျိုးသမီးများဟာ အထူးသဖြင့် ကံကောင်း
မယ်၊ လှပမက်မောစွဲမက်ဖွယ်ကောင်းပါလိမ့်မယ်။

နံပါတ် ၁၃သင့်ကလေးတွေက သင့်ဘဝမှာ ကြီးမားတဲ့ပူပန်သောက စိုးရိမ်မှု တခုပါပဲ။ သူတို့လေးတွေနဲ့ ဆက်ဆံရတာ
အဆင်မပြေနိုင်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး သည်းခံနိုင်အောင် ကျင့်ကြံဖို့ ကြိုးစားရုံမှတပါး ဘာမှမတတ်နိုင်ပါ။

နံပါတ် ၁၄ဒီနေရာမှာမှဲ့ရှိတဲ့သူဟာ အစားအသောက်နဲ့ ပတ်သက်ပြီး သင့်ဘဝမှာ ကြီးမားတဲ့ပြဿနာတခုပါပဲ။ဘာလို့လဲ
ဆိုတော့ သင်ဟာတချို့အစားအစာနဲ့ဓါတ်မတည့်မှု ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ်ရင် အစားကြီးလွန်းရင်တောင်ဖြစ်တတ်
ပါတယ်။

နံပါတ် ၁၅သင်ဟာ သွက်လက်တက်ကြွတယ်၊ သင့်အိမ်ကို အမြဲလိုလို ပြုပြင် မွမ်းမံပြီး အလှဆင်ရတာကို နှစ်သက်သူ
ဖြစ်တယ်။ ပစ္စည်းသစ် ကို သုံးရတာ၊ နေရာ အသစ်အဆန်းကို သွားရတာ သဘောကျတယ်။ တနေရာ ထဲမှာ ကြာ ကြာ
နေရတာကို မနှစ်မြို့ပေ။ ခရီးသွားခြင်း၊ စွန့်စားခြင်းကို နှစ်သက်ပြီး ဂရုတစိုက်စူးစမ်းသိမြင်သော အမြင်ရှိပါတယ်။

နံပါတ် ၁၆သင်အစားစားတော့မယ်၊ လိင်ဆက်ဆံတော့မယ်ဆိုရင် သတိထားဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီ၂ခု
ဟာ သင့်ရဲ့ကြီးမားတဲ့ပြဿနာဖြစ်ပေတယ်။ သင့်ကိုစိတ်ဓါတ်ကျစေမဲ့ ပူပန်သောကတွေ ရှိလာတတ်ပါတယ်။ သင်ဟာ
ချစ်ရေး ချစ်ရာ မှာ စိတ်ပါဝင်စားပြီး ချစ်သူ ကို တယောက်မက ထား တတ်ကြပါတယ်။ ဒါပေမယ့် သင်ဟာ ကိုယ်ကျင့်
သိက္ခာစောင့်ထိန်းသူဖြစ်တဲ့အတွက်ကြောင့် ဒါကို အပြစ်ကျူးလွန်မိတယ် လို့ ယူဆကာ စိတ်ဖိစီးမှုများ ဖြစ်ပေါ်စေနိုင်
ပါတယ်။

နံပါတ် ၁၇ သင်ဟာ လူမှုရေးရာမှာ ထင်ပေါ်ကျော်ကြားမယ်။ သင်ဟာ ပေါင်းသင်းဆက်ဆံရေးကောင်းသလို စကားပြော
ကောင်းသူတယောက်လဲ ဖြစ်တယ်။ သင့်ရဲ့အောင်မြင်မှုနဲ့ ပတ်သက်ပြီး စိတ်ကြီးဝင်နေတတ်ပါတယ်။ ဒါဟာ သင့်ရဲ့ ဂုဏ်
သတင်းကျော်စောမှုကို ဆုံးရှုံးစေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သင့်ရဲ့မိမိကိုယ်ကို ယုံကြည်မှုနဲ့ ကိုယ့် ကိုယ်ကို တန်ဖိုး
ထားလေးစားမှုဟာ သင့်ကို အလွန်အမင်းထိခိုက်စေလိမ့်မယ်။

နံပါတ် ၁၈ သင်ဟာ အမြဲတမ်း ခရီးထွက်နေရမဲ့ သူ ဖြစ်တယ်။ သင့်ဘဝ မှာ နိုင်ငံရပ်ခြားခရီးဝေး အများကြီးသွားရမယ်။
ဒါပေမဲ့ ရေလမ်းခရီးသွားရမဲ့အခါတိုင်း အထူးသတိရှိပါ။ ဘာလို့လဲဆိုတော့ အဆိုပါ မှဲ့မျိုးဟာ အိမ်မှာနေရတာက သင့်အ
တွက် ပိုပြီးကောင်းပါလိမ့်မယ်။

နံပါတ် ၁၉သင့်မှာ ငွေရမဲ့ကံရှိပြီး မိတ်ဆွေကောင်းလည်း ပေါများပါတယ်။ ဒါကြောင့် ဒီမှဲ့မျိုးရှိတာ ကောင်းပါတယ်။ အား
နည်းချက်က ဆန့်ကျင်ဘက်လိင်ရဲ့ဆွဲဆောင်မှုနောက်သို့အလွယ်တကူပါသွားတတ်ကြတယ်။ သင့်ဘဝမှာအဲဒါက သင့်
ကို ဒုက္ခရောက်စေပါတယ်။ ဒါကြောင့် သင့်ရဲ့စိတ်ကို တည်ငြိမ်အောင်ကြိုးစားပါ။

နံပါတ် ၂၀ဒီနေရာရှိ မှဲ့ပိုင်ရှင်ဟာ ကံအရမ်းကောင်းချင်ကောင်းမယ်။ ကံအရမ်းဆိုးရင်ဆိုးမယ်။ ကံတရားက သင့်ကို အ
လွန်အမင်းကျော်ကြားမယ် ဒါမှမဟုတ်ရင် မကောင်းသတင်းဖြင့် ကျော်ကြားမယ်လို့ကြိုတင်စီရင်ထားပြီး ဖြစ်တယ်။ သင့်
မှာ တီထွင်ဖန်တီးတတ်တဲ့ ပါရမီရှိသလို ဥာဏ်ရည်ထက်မြက်သူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သင့်ရဲ့ပင်ကိုအရည်အသွေး
ကိုကောင်းတဲ့နေရာရော ဆိုးတဲ့နေရာမှာပါ အသုံးပြုလို့ ရပါတယ်။ သင်ဟာ လူတွေကို မထီမဲ့မြင်၊ မလေးမစား ဆက်ဆံ
တတ်တဲ့ လူစားမျိုးမဟုတ်ပါဘူး။ သင်ဟာ သဘောလွယ်သူမဟုတ်တဲ့အတွက် အလွယ်တကူ ခွင့်မလွှတ်တတ်သလို မေ့
လဲမမေ့တတ်ပါ။ ဒီမှဲ့ဟာ ထူးချွန်ပြောင်မြောက်သူ (သို့မဟုတ်) နိုင်လိုမင်းထက်ပြုမူသူ အဖြစ် မှတ်ယူရမဲ့ အမှတ်အသား
တစ်ခုပါပဲ။

နံပါတ်၂၁ ဒီမှဲ့မျိုးက ကောင်းပါတယ်။ ဘဝတလျှောက် များများစားရ ၊သောက်ရမှာ ဖြစ်ပါတယ်။နောက်ပြီး ကျော်ကြားမှု
နဲ့အသိအမှတ်ပြုခံရမှုများကို ယူဆောင်လာမဲ့ မှဲ့မျိုးဖြစ်ပါတယ်။

နံပါတ် ၂၂သင့်ဘဝဟာအမြဲ ပျော်ရွှင်နေပြီး အစစအရာရာအဆင်ပြေချောမွေ့ပါတယ်။ သင်ဟာအားကစားကိုဝါသနာထုံ
သူဖြစ်ပါက စူပါစတား အားကစားသမားကောင်းတယောက် ဖြစ်လာနိုင်ပါတယ်။မျက်ခုံးမွေး အဆုံးမှာရှိတဲ့ မှဲ့ ပိုင်ရှင်များ
ဟာသြဇာတိက္ကမ ရှိတဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ပါတယ်။ ဒါကြောင့် သင်သာ ကုမ္ပဏီရဲ့ အလုပ်အမှုဆောင် အရာရှိတယောက် ဆို
ပါကကောင်းစွာလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

နံပါတ် ၂၃သင့်မှာ ဥာဏ်ရည် (IQ) အရမ်းပဲမြင့်မားပါတယ်။ ဥာဏ်ရည်ပါးနပ်သလို မြို့ရည်လည်ပြီး လူအမျိုးမျိုးနဲ့ပေါင်း
သင်းဆက်ဆံတတ်ပါတယ်။ လူ့ဘဝမှာ ဘယ်လို ရှင်သန် ရပ်တည်ရမလဲ ဆိုတဲ့ ရင့်ကျက် တဲ့ ပင်ကိုဥာဏ်ရှိတဲ့အတွက်
ကြောင့် အဓိပ္ပာယ် ရှိရှိ၊ သက်တမ်းရှည် တဲ့ ဘဝ ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ အသက် အိုမင်း လာသည့် တိုင်အောင်
တက်ကြွဖျတ်လတ်နေတုန်းပါပဲ။ ဘဝဆုံးတဲ့အထိ မိတ်ဆွေများ၊ မိသားစုများနဲ့ သိုက်သိုက်ဝန်းဝန်းနေသွားရမှာပါ။

နံပါတ် ၂၄သင်ဟာ ငယ်ရွယ်စဉ်မှာ ကျော်ကြားမှုနဲ့အခွင့်အလမ်းများ ရရှိနိုင်ပါတယ်။ ဒါကြောင့်အိုမင်းတဲ့အခါအထောက်
အပံ့ပြုဖို့ ငယ်စဉ်ခါ ရလာမဲ့အခွင့်အရေးကို အသုံးချတတ်ဖို့ အကြံပြုပါရစေ။ ဘာလို့လဲဆိုတော့အဆိုပါမှဲ့ပိုင်ရှင်များဟာ
အသက်ကြီးလာတဲ့အခါ သူတို့ရဲ့ဘဝဟာ ခက်ခဲကြမ်းတမ်းတတ်ပါတယ်။

နံပါတ်၂၅သင်ရဲ့ ကြိုးစားအားထုတ်မှုက ကြီးပွားချမ်းသာခြင်းနဲ့ အသိအမှတ်ပြုခြင်းကို ရရှိပြီး အခွင့်အလမ်းများစွာ ခံစား
ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လွန်ကဲမှုကို အထူးသတိပြုပါ။ သမရိုးကျအတိုင်း ပြုမူနေထိုင်ပါ။ အသက်ရှည်ပြီး အကျိုး စီး
ပွားဖြစ်ထွန်းမဲ့ဘဝမျိုးကို ပိုင်ဆိုင်ရရှိမှာ ဖြစ်ပါတယ်။

Shared from Myawady News (FB)

အတတ်ကြူး အရူးဖြစ်


ဒီဖြစ်ရပ်ဟာ ရယ်စရာလည်း ကောင်းသလို အတတ်ကြူး အရူးဖြစ် ဆိုတဲ့ စကားပုံ အတိုင်းပါပဲ ဂျပန်မှာ တကယ့်ဖြစ်သွားတဲ့ ဖြစ်ရပ်လို့ ဆိုပါတယ်။

အလှသုံးကုန် ပစ္စည်းတွေ ထုတ်တဲ့ ကုမဏ္ဏီမှာပါ၊ တနေ့ သူတို့ customer
တွေဆီကနေ complaint ရပါတယ်။ သူတို့ ၀ယ်လိုက်တဲ့ ဆပ်ပြာဟာ ဗူးလွတ် ကြီးဖြစ်နေတယ်။ အထဲမှာ ဆပ်ပြာမပါဘူးဆိုပြီး တိုင်ကြတယ်။ တယောက်လည်း မဟုတ် တော်တော်လေး များလာတော့ နာမည် အပျက် မခံ ချင်တာနဲ့ Management ပိုင်းမှ ပညာရှင်တွေကို စုပြီး အကြီးအကျယ် meeting မှာ ဘယ်လိုလုပ်ကြမလိုဆိုတာ ဆွေးနွေးကြတယ်။

ပညာရှင်တွေကတော့ X-ray စက်တွေ တပ်မယ်။ အလွန်အားကောင်းတဲ့ sensor တွေနဲ့ ပစ္စည်းတွေ ပါမပါ စစ်မယ် စသဖြင့် ပိုက်ဆံအများကြီး သုံး ရမယ့် နည်းလမ်းတွေကို တင်ပြကြတယ်။ သူတို့ အဲလို အကြီးအကျယ် ဆွေး
နွေး ပြီး နောက်ဆုံး အားလုံးမှ ပိုက်ဆံ million နီးပါး သုံးဖို့ သဘောတူ ကြလေ၏။

Meeting အပြီးမှာပဲ စက်ရုံက သတင်းတခု ရောက်လာပါတယ်။ အဲ့ ပြသနာ ကို ဖြေရှင်းနိုင်လိုက်ပြီ ဆိုတာပါ။ ပညာရှင်တွေက အားလုံး အံ့သြကြကုန်ပြီး အပြေးအလွှား သွားကြည့်ကြတယ်။ စက်ရုံအလုပ်သမား တစ်ယောက်က အဲ့ ဆပ်ပြာဗူးတွေ သွားနေတဲ့ လမ်းကြောင်း မနီးမဝေးမှာ ပန်ကာ တခု ကို ထားလိုက်ပါတယ်။ အဲ့တော့ ဆပ်ပြာမထည့်မိတဲ့ ဗူးခွံက လွင့်သွားပါတယ်။

-MM-
သုတစွယ်စုံကျမ်း

ဘာသာရေးတွေ့ဆုံဆွေးနွေးပွဲ အပိုင်း(၂)



မြန်မာဗုဒ္ဓဘာသာဝင်တစ်ဦးနှင် အစ္စလာမ်ဘာသာဝင် မွတ်စလင်လူမျိုး မော်လဝီပညာရှင်နှင့် ဘာသာရေးတွေ့ဆုံဆွေးနွေးပွဲ အပိုင်း(၂)

****************************

သူငယ်ချင်းများအားလုံးပဲ …………… မင်္ဂလာပါဗျာ။
ကျွန်တော် ပို့ စ် မဆန့် ပါသဖြင့် ခွဲတင်ထားခြင်း ဖြစ်ပါတယ်။

ပြန်ချေပချက် ၂) ။ ။ ဦးလေးအပါအ၀င် မွတ်စလင်တိုင်းက အစ္စလာမ်ဘာသာမှာ ကြောင်းကျိုးဆက်စပ်ခြင်း၊ ကြောင်းကျိုးဆင်ခြင်ခြင်း
ကိုလက်ခံတယ်လို့ ပြောထားကြပါတယ်။ ဒါကြောင့်လည်း အလ္လာဟ်ကို ကြောင်းကျိုးဆက်စပ်ခြင်းဖြင့် သိနိုင်တယ်လို့  ဂုဏ်ဖော်ပြီး ပြောနေကြခြင်း ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော့်ဘက်က ပြန်ချေပပေးပါ့မယ်။ သေးငယ်သော နာရီတစ်လုံးဖြစ်လာဖို့ အတွက် ကုန်ကြမ်းပစ္စည်းတွေလိုအပ်ပါတယ်။ သံတွေ၊ သတ္ထုတွေ၊ စသဖြင့်လိုအပ်ပါတယ်။ နောက်ပြီး နာရီကို ပုံလောင်းခွက်ထဲမှာ ပုံဖော်ဖို့ အတွက် နာရီလုပ်တဲ့စက်ရုံကြီးတွေ လိုအပ်ပါတယ်။ လူအင်အားများစွာက ပေါင်းစုပြီးမှ တီထွင်ဖန်တီးရပါတယ်။
နောက် နာရီကိုတီထွင်သူမှာ သူ့ ကို ဖြစ်လာအောင် ပြုလုပ်သူ သူ့ မိဘ ၂ပါးက ဖန်တီးမွေးဖွားပေးပါတယ်။ ထိုနာရီတီထွင်သူရဲ့ မိဘ ၂ပါးကို သူတို့ ရဲ့  မိဘ တွေ မိဘ တွေ က တဆင့်ပြီး တဆင့် မွေးဖွား ဖန်တီးပေးရပါတယ်။ ဒါမှ အကြောင်း အကျိုး ကွင်းဆက်က ညီညွတ်မျှတသွားမှာဖြစ်ပါတယ်။ နောက်ဆုံးမှာ ကမ္ဘာဦး လူသား ၂ဦး အလှည့်ရောက်သွားတယ် ဆိုပါစို့ ။ ထိုလူသား ၂ဦးကို ဖန်ဆင်းရှင် အလ္လာဟ်က ဖန်ဆင်းပေးခဲ့တယ်ဆိုရင် ထိုဖန်ဆင်းရှင်ကို ဖန်တီးပေးသူလည်း ကြိမ်းသေ ဧကန်အမှန် ရှိရပါလိမ်မယ်။

ဆိုလိုတာက …………..
- နာရီက အကျိုးတရား ၊ ထိုနာရီကို ပြုလုပ်သူက အကြောင်းတရား
- နာရီပြုလုပ်သူက အကျိုးတရား ၊ ထိုနာရီပြုလုပ်သူကိုမွေးဖွားပေးသော မိဘ ၂ပါးက အကြောင်းတရား
- ထိုမိဘတွေက အကျိုးတရား၊ ထိုမိဘရဲ့ မိဘက အကြောင်းတရား
- ထိုမိဘအားလုံးက အကျိုးတရား ၊ ကမ္ဘာဦး လူသား ၂ဦးက အကြောင်းတရား
- ထိုကမ္ဘာဦးလူသား ၂ဦးက အကျိုးတရား ၊ ထိုကမ္ဘာဦးလူသား ၂ဦးကို
ဖန်ဆင်းသူ ပြုလုပ်သူက အကြောင်းတရား
- ထိုကမ္ဘာဦး လူသား ၂ဦးကို ပြုလုပ်ဖန်ဆင်းသူ အလ္လာဟ်က အကျိုးတရားဖြစ်တယ်ဆိုရင်

ထို အလ္လာဟ် ကို ဖန်တီးသူ က WHO ???
ထို အလ္လာဟ် ဖြစ်ပေါ်လာတဲ့ အကြောင်းတရားက WHAT ???
ထို အလ္လာဟ် က ဘယ်ကနေ လာတာလဲ WHERE ???
ထို အလ္လာဟ် ဖြစ်လာဖို့ ကျင့်စဉ်တွေက HOW ???
ထို အလ္လာဟ် ဆိုတာ (ကြောင်းကျိုးဆက်စပ်ခြင်းလုံးဝမရှိဘဲ)
(အလိုအလျောက်)(ဥုံဖွ) ဖြစ်လာတာက WHY ???
အခုလို ကျွန်တော်ဘက်က ပြန်လည်ချေပချက် မေးခွန်းအချို့ ကို
ပြန်ဖြေပေးပါလို့  ပြောလိုပါတယ်။

(မော်လ၀ီဆရာ)
အင်း ………… ငါ့တူ အခု မေးတဲ့မေးခွန်းက နိုင်ငံတကာက အစ္စလာမ့် ပညာရှင်တွေပဲ သေချာဖြေပေးနိုင်မယ်လို့ ဦးလေးယူဆပါတယ်။
ဒေါက်တာဇာကီးနိုက် လိုမျိုးပေါ့။ ဒါပေမယ့်လည်း သူကိုယ်တိုင်လည်း
ဖြေဆိုလို့ ရချင်မှလည်း ရနိုင်ပါလိမ့်မယ်။ ဒါက ဖန်ဆင်းရှင်ပဲ သိနိုင်မှာမို့ပါ။

(KMMS)
ဦးလေးက မော်လ၀ီပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့်
ဦးလေးကိုယ်တိုင် ၀န်ခံတဲ့စကားကို ကျွန်တော်ကြားချင်လို့ ပါ။
ကျွန်တော် အခုပြန်လည်ချေပချက်နဲ့  ပြန်လည် စဉ်းစားဝေဖန်သုံးသပ်
ချက်တွေက အကြောင်း အကျိုး ခိုင်လုံပါရဲ့ လား။ ကျိုးကြောင်းဆင်ခြင်
ပြီးယုတ်တိရှိပါသလားဆိုတာကို ပြောပြပေးပါ ဦးလေ။
ဘာကြောင့်လဲဆိုရင် အပြင်မှာလူကိုယ်တိုင်တွေ့ ပြီး တိုက်ရိုက်ဆွေးနွေး
တဲ့အဓိက ရည်ရွယ်ချက်က ကျွန်တော်လို သာမာန်ဗုဒ္ဓဘာသာဝင်
တစ်ယောက် နဲ့  အစ္စလာမ်မော်လ၀ီပညာရှင်တစ်ယောက်ရဲ့ ဆွေးနွေးမှု
မှာတိကျတဲ့ ၀န်ခံချက်ကို သိချင်တာပါ။ ဒါကြောင့် ဦးလေးဘက်က
ကျွန်တော်အခု သုံးသပ်ဝေဖန်ပြီး ဖြေရှင်ချက်နဲ့ အတူ မေးခွန်းကို
ပြန်လည်ဖြေဆိုနိုင်ခြင်း ရှိ မရှိ ကို သိချင်ပါတယ်။ ပြောပြပေးပါ ဦးလေး။

(မော်လ၀ီဆရာ)
ကောင်းပါပြီ ငါ့တူ။ ဦးလေး ဒီမေးခွန်းကိုတော့ ဖြေဆိုဖို့ ဗဟုသုတမရှိပါ။
ဝန်ခံပါတယ် ငါ့တူ။ ဒါနဲ့  ငါ့တူ မေးချင်တဲ့ မေးခွန်းဆိုတာ ဦးလေး မသိရသေးဘူး။ ငါ့တူ မေးချင်တဲ့ မေးခွန်းကို မေးမယ်ဆိုတာ မေးကြည့်ပါ။ ဦးလေး သိသလောက်ဖြေပေးပါ့မယ်။

(KMMS)
ဦးလေး ……… အခုတောင် အဖြေကထွက်နေပါပြီ။ မေးဖို့ မလိုတော့ဘူးလို့  ထင်တာပဲ။ ဒါပေမယ့် ကျွန်တော့်မေးခွန်းကို အချည်းနှီးမဖြစ်ဖို့ အတွက် သေချာအောင် ထပ်ပြီး မေးခွန်းတစ်ခုတည်းပဲ မေးပါရစေ။ အလ္လာဟ် ဆိုတာ (ရုပ်လား ၊ နာမ်လား ၊ ရုပ်နာမ်မဟုတ်တာလား) ဆိုတဲ့ ၁ခုတည်းသော မေးခွန်းဖြစ်ပါတယ် ဦးလေး။ ???

(မော်လ၀ီဆရာ)
အလ္လာဟ်ရှင်မြတ်ဆိုတာ အမြဲရှိနေတဲ့ ပရမတ်ဖန်ဆင်းရှင်ဖြစ်ပါတယ်။
ငါ့တူကို ဦးလေး တစ်ခုမေးပါရစေ။ လောကမှာ ရုပ် နဲ့ နာမ် ၂ခုပဲ ရှိတယ်လို့  ငါ့တူက ထင်တာလား။ လောကမှာ ရုပ်နဲ့ နာမ် ၂ခု ပဲ
ရှိတယ်လို့  သက်သေပြပေးနိုင်မလား၊ ရုပ်နဲ့ နာမ် ၂ခုပဲ ရှိတယ်လို့ 
ငါ့တူတို့ ဘုရားက ဟောထားလို့ လား ??? ဦးလေး သိချင်လို့ ပါ။

(KMMS)
ဟုတ်ကဲ့ လောကမှာ ရုပ် နဲ့ နာမ် ၂ မျိုးပဲ ရှိတယ်လို့  ဗုဒ္ဓကိုယ်တိုင်လည်း
ပိဋကတ်ထဲမှာ၊ သုတ္တန်ထဲမှာ၊ အဘိဓမ္မာထဲမှာ အတိအကျ ဟောထားပါတယ် ဦးလေး။ ဒီနေရာမှာ တဆက်တည်းရှင်းပြပေးချင်တာ
တစ်ခုရှိပါတယ်။
(လောက ဆိုတာ စကြာဝဠာအနန္တကို ခေါ်ဆိုတာပါ၊ နောက်ပြီး ၃၁ ဘုံ
ကိုခေါ်ဆိုတာပါ)
လောက ထဲမှာက ( ရုပ်နာမ် ၂ပါး ) ပဲ ရှိတာပါ။ အကျယ်ခွဲပြရရင်
(ရုပ်၊ စိတ်၊ စေတသိက်) ထို ၃ မျိုးဟာ ပရမတ် တွေပါ။
(လောကုတ္တရာ ဆိုတာ လောကမှ လွန်မြောက်မှု၊ လွတ်မြောက်မှု ကို
ခေါ်ဆိုတာပါ။ ထိုအရာကို နိဗ္ဗာန် လို့ သတ်မှတ်ပါတယ်)

(KMMS)
ဦးလေးကို ကျွန်တော်က သက်သေပြပေးရမယ့်အချက် ရှိပါတယ်။
ဦးလေးက တောင်းဆိုထားတဲ့အတွက်။ အနန္တစကြာဝဠာလောကမှာ
(ရုပ် နဲ့  နာမ်) ၂ မျိုးပဲ ရှိတယ်ဆိုတာကို သက်သေပြပေးပါ့မယ်။

ရုပ် ဆိုတာ ………………
ပထ၀ီ၊ တေဇော၊ ၀ါယော၊ အာပေါ စတဲ့ အခြေခံမဟာဘုတ်ဓာတ်ကြီး
၎ပါး နဲ့ ဖွဲ့ စည်းထားတာမှန်သမျှကို ရုပ်လို့ ခေါ်ဆိုပါတယ်။
ရုပ် တရားမှန်သမျှတိုင်းမှာ
၁) ပထ၀ီဓာတ် (မာခြင်း ပျော့ခြင်း သဘော၊ နူးညံ့သိမ်မွှေ့ ခြင်း၊ ခက်ထန်ကြမ်းတမ်းခြင်း သဘော) အမြဲပါဝင်ပါတယ်
၂) တေဇောဓာတ် (ပူခြင်း အေးခြင်း သဘော၊ ရင့်ကျက်စေခြင်းသဘော)
အမြဲပါဝင်ပါတယ်
၃) အာပေါဓာတ် (ယိုစီးခြင်း၊ ဖွဲ့ စည်းထားခြင်း သဘော၊ ပေါင်းစည်းခြင်း
သဘော) အမြဲပါဝင်ပါတယ်
၎) ၀ါယောဓာတ် (တည်ငြိမ်ခြင်း၊ လှုပ်ရှားခြင်း၊ ထောက်ကန်ခြင်း၊ တွန်းကန်ခြင်း သဘော) အမြဲပါဝင်ပါတယ်။
ရုပ်တရားမှန်ရင် ထိုမဟာဘုတ်ဓာတ်ကြီး၎ပါး အမြဲပါဝင်ပါတယ် ဦးလေး။

ရုပ်တရားဟုတ်မဟုတ်ကို ဘယ်လိုသိနိုင်မလဲဆိုတာထပ်မံရှင်းပြပေးပါ
ဦးမယ်။ ( မျက်စိ၊ နား၊ နှာခေါင်း၊ လျှ၊ ခန္ဓာကိုယ်အရေပြား ) ဒွါရ ၅ခု နဲ့ သိနိုင်တဲ့အရာမှန်သမျှကို ရုပ်တရားလို့ ခေါ်ပါတယ် ဦးလေး။
ဥပမာ - လူ၊ တိရိစ္ဆာန်၊ ကမ္ဘာ၊ နေ၊ လ ၊ စကြာဝဠာ၊ ဂြိုလ်၊ သစ်ပင်၊ တော၊ တောင်၊ ပင်လယ်၊ သမုဒ္ဒရာ၊ မြေ၊ ရေ၊ လေ၊ မီး၊ အလင်း၊ အသံ၊ အနံ့ ၊ လျှပ်စစ်၊ ရောင်ခြည်၊ စတဲ့ စတဲ့ အရာအားလုံးဟာ ရုပ်တရားတွေပဲ ဖြစ်ပါတယ်။ အချုပ်ပြောရရင် ရုပ်တရားဆိုတာ ပဉ္စဒွါရ ၅ခုနဲ့  သိမြင်နိုင်တယ်၊ စမ်းသပ်နိုင်တဲ့အရာလည်းဖြစ်ရမယ်၊ အနည်းဆုံး အခြေခံမဟာဘုတ် ဓာတ်ကြီး၎ပါး နဲ့ လည်းတည်ဆောက်ထားတာ မှန်သမျှကို ရုပ်တရားလို့ ခေါ်ပါတယ်။

နာမ်တရား ဆိုတာက ဦးလေး နားလည်အောင် ၊ ဘာသာခြားနားလည်
လွယ်အောင် အလွယ်ပြောပေးရမယ်ဆိုရင် (စိတ် နဲ့  စေတသိက်) ကို
နာမ်တရားတွေလို့ ခေါ်ဆိုပါတယ်။
(စိတ် = ၁ ခု) ၊ (စေတသိက် = ၅၂ ခ)ု ရှိပါတယ်။
လူတစ်ယောက် လောဘဖြစ်နေတဲ့ စိတ် ကို အထက်ကပြောထားတဲ့
ပဉ္စဒွါရ ၅ခု နဲ့ စမ်းသပ်လို့ လုံးဝ မရပါဘူး။ လောဘ ဆိုတဲ့ စေတသိက်ကို ဓာတ်ကြီး ၄ပါး နဲ့ လည်း မဖွဲ့ စည်းထားပါဘူး ဦးလေး။

(KMMS)
ဒါကြောင့် လောကမှာ စကြာဝဠာ အနန္တမှာ (ရုပ်နဲ့ နာမ်) ၂ မျိုးပဲ ရှိတယ်
ဆိုတာကို ထပ်မံပြီး သိပ္ပံနဲ့ ပါ ပြောပြပေးပါ့မယ်။

သိပ္ပံပညာရပ်မှာလည်း ရှိရှိသမျှသောအရာအားလုံးမှာ
(Matter and Energy) ပဲ ရှိတယ်လို့  အဆိုပြုထားကြပါတယ်။
ထို အရာတွေကို ပြုလုပ်သူမရှိ၊ ဖန်တီးသူမရှိ၊ ဖျက်ဆီးလို့ မရဘူးဆိုတာ
ကိုလည်း သိပ္ပံပညာရှင်အားလုံးက တစ်ညီတစ်ညွတ်တည်း အဆိုပြုထားတဲ့ နိယာမ ရှိပါတယ်။
(Matter and Energy can neither be created nor destroyed)
သိပ္ပံရှု့ ထောင့်က ကြည့်မယ်ဆိုရင်လည်း လူ၊ ခွေး၊ ကြောင်၊ ကမ္ဘာ၊
စကြာဝဠာ ဆိုတာ မရှိပါဘူး။ အားလုံးဟာ အသေးဆုံး အဏုမြူတစ်ခုမှ
အကြီးဆုံး စကြာဝဠာ နေအဖွဲ့ အစည်းအထိကို Matter and Energy ပဲ
ရှိတယ်ဆိုတာ ထင်ရှားပါတယ်။
ဗုဒ္ဓအဘိဓမ္မာရှု့ ထောင့်ကနေ ကြည့်မယ်ဆိုရင်လည်း (ရုပ်နဲ့ နာမ်) ၂မျိုး
ပဲ ရှိတယ်ဆိုတာ သက်သေပြပြီးပါပြီ။
ဒါကြောင့် ဦးလေး ဘက်က အလ္လာဟ် ဆိုတာ (ရုပ်လား နာမ်လား)???
ဖြေပေးပါဦး။

(မော်လ၀ီဆရာ)
အင်း ………. ငါ့တူ ဆီက အခုလိုတွေ ကြားသိရတာ အတော်လေးကို ဗဟုသုတတွေရခဲ့ပါတယ်။ ဒီလောက်ထိ အသေးစိတ်ပြောပြနိုင်လိမ့်မယ်
လို့ ငါ့တူကို ဦးလေး မထင်ထားဘူးကွယ့် အဲ့ဒါ အမှန်ပြောတာ။
ငါ့တူမေးသလို အလ္လာဟ်ရှင်မြတ်က ရုပ်လား နာမ်လား ဆိုတာတော့
ဦးလေး အမှန်အတိုင်းဝန်ခံရရင် မသိပေမယ့် ။ အလ္လာဟ်ရှင်မြတ်တောက ထိုအဖန်ဆင်းခံ ရုပ်နာမ်တော့ မဟုတ်ဘူး ငါ့တူ။ အလ္လာဟ်ရှင်မြတ်ဆိုတာ အမြဲတည်ရှိနေတဲ့ ပရမတ် ဘုရားသခင်ပါ။ ဒီလောက်ပဲ ဦးလေး ဖြေနိုင်ပါတယ်။

(KMMS)
ဟုတ်ကဲ့ (ပညတ် ပ၇မတ)် ဆိုတာကို ဦးလေးဘယ်လိုနားလည်ပါသလဲ?
ကျွန်တော့်ကို ရှင်းပြပေးပါလား ??? ကျွန်တော်က ဗုဒ္ဓဘာသာအရ
(ပညတ် ပရမတ်) ဆိုတာကို ပြောပြပေးပါ့မယ်။

ရှင်ပြချက်။ ။
ပညတ် ဆိုတာ တကယ်မရှိတဲ့အရာတွေပဲဖြစ်တယ်။ စကားပြောဆိုဖို့ 
ပြောဆိုသုံးနှုန်းဖို့ အတွက်ပဲ သတ်မှတ်ခေါ်ဝေါ်ထားတဲ့အရာကို ပညတ်
လို့ ခေါ်ပါတယ် ဦးလေး။
ဥပမာ - လူ၊ ကား၊ နှင်းဆီပန်း၊ နံ့ သာဖြူတုံး၊ ပန်းကန်၊ ကမ္ဘာ၊ စကြာဝဠာ၊
ကောင်းကင်၊ အာကာသ၊ နေ၊ လ၊ ကြယ်၊ တော၊ တောင်၊ ပင်လယ် စတဲ့အရာမှန်သမျှသည် ပညတ်ပဲဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုရင် စကားပြောဆိုသုံးနှုန်းဖို့ အတွက်ပဲ သတ်မှတ်ခေါ်ဝေါ်ထားတဲ့အရာတွေဖြစ်နေလို့ ပါပဲ။ တကယ်မရှိပါဘူး။
ဒီလိုတကယ်မရှိဘဲ အခေါ်အဝေါ်အရသာ ပညတ်ထားတဲ့အရာဖြစ်တဲ့ (လူ၊ ခွေး၊ ကြောင်၊ ကမ္ဘာ၊ စကြာဝဠာ၊ ကောင်းကင်) စတာတွေကို
ထာဝရဖန်ဆင်းရှင်က ဖန်ဆင်းတယ်ဆိုတာ ရီစရာတစ်ခုလိုဖြစ်သွားပါ
လိမ့်မယ် ဦးလေး။ ဖန်ဆင်းရှင်က တကယ်မရှိတဲ့ အခေါ်အဝေါ်ရှိ ပညာတ်တွေကို ဖန်ဆင်းသလို ဖြစ်မနေဘူးလား ဦးလေးရယ်။

ပရမတ် ဆိုတာကို ကျွန်တော် ရှင်းပြပါ့မယ်။ အထက်က ဥပမာထဲက
ရုပ်တရားတစ်ခုလည်းဖြစ်တယ်။ ပညတ်တစ်ခုဖြစ်တဲ့ နဲ့ သာဖြူတုံး တစ်တုံးကို ပညတ် ပရမတ် ခွဲပြပေးပါ့မယ်။
နံ့ သာဖြူတုံး တစ်တုံး ကို စားပွဲတစ်ခုပေါ်မှာ တင်ထားလိုက်ပါ။
ထိုအရာကို (နံ့ သာဖြူတုံး) လို့ ခေါ်ဆိုထားတာက ပညတ်ပါ။ ဒါက တကယ်မရှိပါဘူး။
ထိုစားပွဲပေါ်က နံ့ သာဖြူတုံး ကို ဓါးနဲ့  အစိတ်စိတ်အမွှာမွှာခွဲလိုက်မယ်
ဆိုရင် ဦးလေး ဒီအခုဖြစ်လာတဲ့အရာတွေကို ဘာလို့ ခေါ်ပါသလဲ။
ဦးလေးကိုယ်တိုင်ပဲ ကျွန်တော့်ကို အဖြေပေးကြည့်ပါ။

(မော်လ၀ီဆရာ)
နံ့ သာဖြူတုံးကြီးကို အစိတ်စိတ်ခွဲပြစ်လိုက်ရင် နံ့ သာဖြူချောင်းလေးတွေ
ရလာမှာပေါ့ ငါ့တူ။

(KMMS)
ဟုတ်ကဲ့ ဒါဆို ခုနက ခေါ်ဝေါ်နေတဲ့ နံ့ သာဖြူတုံး ဆိုတဲ့ ပညတ်အခေါ်
အဝေါ်တစ်ခုကနေ အခု နံ့ သာဖြူချောင်းလေးတွေဆိုပြီး အခေါ်ဝေါ်
ပညတ်သမုတ်က ပြောင်းသွားတယ် မဟုတ်လား ဦေးလ။
ဦးလေး အရှေ့ မှာတင် မျက်မြင်ကိုယ်တွေ့ ပဲနော်။
ပညတ်အရ နံ့ သာဖြူတုံးကြီးကနေ နံ့ သာဖြူချောင်းလေးတွေသာ
ပြောင်းလဲသွားပါတယ်။ ထို နံ့ သာဖြူတုံးမှာ ပါဝင်ဖွဲ့ စည်းထားတဲ့
ဓာတ်ကြီး၎ပါး ကတော့ နံ့ သာဖြူတုံးကြီးအဖြစ်တုန်းကလည်း
တည်ရှိနေပါတယ်။ နံ့ သာဖြူချောင်းဘ၀ကိုရောက်သွားတော့လည်း
တည်ရှိနေပါတယ်။ ဒါက ရုပ်ပရမတ် လို့ ခေါ်ပါတယ် ဦးလေး။

(KMMS)
ဟုတ်ပြီ။ ဒီတခါ ခုနက ရလာတဲ့ နံ့ သာဖြူချောင်းလေးတွေကို
ကြိတ်စက်ထဲကိုထည့်ပြီး အမှုန့် ဖြစ်အောင်ကြိတ်ချေလိုက်တယ်ဆိုရင်
ဘာလို့ ခေါ်ဆိုမလဲ။ ဦးလေးကိုယ်တိုင်ပဲ ဖြေဆိုပေးစေချင်ပါတယ်။

(မော်လ၀ီဆရာ)
အင်း ………. နံ့ သာဖြူချောင်းလေးတွေကို ကြိတ်စက်ထဲထည့်ပြီး
ကြိတ်လိုက်တော့ ပေါင်ဒါမှုန့် လိုဖြစ်သွားတဲ့အတွက် နံ့ သာဖြူမှုန့် 
လို့ ခေါ်ပါတယ် ငါ့တူ။ ဆက်ပြောပါဦး ငါ့တူ။ ဦးလေး စိတ်ဝင်စားလာလို့ပါ။

(KMMS)
ဟုတ်ကဲ့ပါ ဦးလေး။ နံ့ သာဖြူချောင်းဘ၀ကနေ နံ့ သာဖြူမှုန့် ဖြစ်သွားတယ်လို့  အခေါ်အဝေါ်ကို ဦးလေးပဲ သတ်မှတ်လိုက်တာပဲ မဟုတ်လား။ ဘယ်သူက သတ်မှတ်ပေးတာလဲ။

(မော်လ၀ီဆရာ)
ဟုတ်ပါတယ် ငါ့တူ။ ဦးလေး ကိုယ်တိုင် အခြေအနေတွေ ပြောင်းလဲတဲ့
အပေါ်မှာ အခေါ်အဝေါ် အသုံးအနှုန်းက လိုက်ပြီးပြောင်းလဲခေါ်ဝေါ်
သွားလိုက်တာပါ။ ဘယ်သူကမှ ခေါ်တာမဟုတ်ပါဘူး။ ဦးလေးကပဲ
ခေါ်ဝေါ်သမုတ်လိုက်တာပါ။ အော် ……… ဒါကြောင့် ပညတ်လို့ ခေါ်တာကိုး ။ ငါ့တူ ဆက်ပြောပါဦး။

(KMMS)
ဟုတ်ကဲ့။ နံ့ သာဖြူမှုန့် ဖြစ်သွားလည်းပဲ ပရမတ်တရားဖြစ်တဲ့
ဓာတ်ကြီး၎ပါး ရုပ်တရားက အမြဲရှိနေတာပဲ မဟုတ်လား ဦးလေ။
ထို နံ့ သာဖြူအမှုန့် ကို ကိုင်ကြည့်ပါ နူးညံ့တဲ့သဘောကို တွေ့ ထိရပါလိမ့်မယ်။ အဲ့ဒါ ပထ၀ီပါ။ ထိုအမှုန့် ကို ကိုင်တဲ့အခါ
ပူတဲ့သဘော၊ အေးတဲ့သဘောကိုတွေ့ တာက တေဇောဓာတ်ပါ။
ထိုအမှုန့် လေးတွေက အခုထိ အစိုင်အခဲသေးငယ်သွားတယ်ဆိုပေမယ့်
ဒီလိုအစိုင်အခဲဖြစ်အောင် ဖွဲ့ စည်းထားတာက အာပေါဓာတ်ပါ။
ထိုအမှုန့် လေးတွေက လှုပ်ရှားတဲ့အခါရှိမယ်၊ ငြိမ်နေတာရှိပါမယ် ဒါက
ဝါယောဓာတ်ပါ။ ပညတ်တွေဘယ်လိုပဲပြောင်းလဲသွားပါစေ ရုပ်တရား
ဆိုတဲ့ ပရမတ်တရားက အမြဲရှိနေတယ် မဟုတ်လား ဦးလေ။
ဒါကြောင့် လောကမှာ အခေါ်အဝေါ်အရ ရှိတဲ့အရာ နဲ့  အမှန်တကယ်
ရှိတဲ့ ပရမတ် ဆိုတာ အဲ့ဒါကို ပြောတာပါ။
(ရုပ်၊ စိတ်၊ စေတသိက်)တွေဆိုတာ ပရမတ် ပါ။ ပညတ် မဟုတ်ပါဘူး။

ဒါကြောင့် နောက်ဆုံးအနေနဲ့ ကျွန်တော့်ဘက်က ပြောပြလိုတာက
- အလ္လာဟ် ဆိုတာ ပရမတ်လို့ ပဲ ပြောပြော
- အလ္လဟ် ဆိုတာ ပညတ် လို့ ပဲပြောပြော
- အလ္လာဟ် ဆိုတာ ရုပ်လို့ ပဲ ပြောပြော
- အလ္လာဟ် ဆိုတာ နာမ်လို့ ပဲ ပြောပြော
- အလ္လာဟ် ဆိုတာ ရုပ်နာမ် ရှိတယ်လို့ ပဲ ပြောပြော
- အလ္လာဟ် ဆိုတာ ရုပ်နာမ်မှ လွတ်ကင်းတယ်ပဲ ပြောပြော
လောကမှာ ဖန်ဆင်းရှင် ဆိုတာ တကယ်မရှိဘူးဆိုတာ ဦးလေး သိသွားပြီမဟုတ်လား။

(မော်လ၀ီဆရာ)
ငါ့တူ ကို ဦးလေး ချီးကျူးပါတယ်။ ငါ့တူပြောတဲ့အရာတွေအရ သိရသလောက် အတော်လေးကို ဗဟုသုတရလိုက်ပါတယ်။
ငါ့တူမေးတဲ့အရာတွေကိုလည်း ဦးလေး ပြန်မဖြေလိုပါဘူး။
ဖြေစရာလည်း ကျမ်းအထောက်အထားမရှိသလို၊ ငါ့တူကို သက်သေပြဖို့ လည်း ဦးလေး ဒီလောက်ထိ မစွမ်းနိုင်ပါဘူး။
ဒါကြောင့် နောင် ကြုံကြိုက်တဲ့အခါ ငါ့တူ နဲ့ ပြန်တွေ့ ချင်ပါတယ်။

(ကျွန်တော့်ကိုဖိတ်ခေါ်သော မွတ်စလင်သူငယ်ချင်း)
အကို ………… အကို့ ကို တစ်ခု တောင်းဆိုပါရစေ။
ကျွန်တော်နဲ့  ကျွန်တော်တို့ ဆရာ ကို Online မှာ နာမည်တွေကို
ထုတ်ဖော်မပြောပြပါနဲ့ လို့  အကို့ ကို request လုပ်ပါတယ်။
အကို့ ကို လေးစားလျက်ပါ။

အားလုံးပဲ နှုတ်ဆက်ပြီး ထွက်ခွာခဲ့ကြပါတယ်။
(အားလုံးပဲ လောကအမှန်တရားကို သိမြင်နိုင်ကြပါစေ)

By Kaung Myat Min Soe