Sunday, March 23, 2014

ဆယ်ကျော်သက်တွေအတွက် Unlucky မဖြစ်စေနိုင်တဲ့အချက် ၁၃-ချက်


၁။ ကိုယ့်ကိုယ်ကို အကြီးကြီးထင်မနေနှင့်
လောကကြီးကို ကိုယ်ပြင်နိုင်မယ်လို့ ထင်မနေနှင့်။
လောကကြီးကကိုယ့်ထက်ပို ရင့်ကျက်နေတာကို
နောင်သိလိမ့်မယ်။

၂။ ကလေးပဲလို့ပြောကြတဲ့စကားကိုလက်ခံ။
ဘ၀မှာလူလုပ်လာတာမှ ဘယ်နှစ်နှစ်ရှိသေးလို့လဲ
လို့ ကိုယ့်ဟာကိုယ်ပြန်မေးကြည့်။ လူတစ်ယောက်
ဟာ ဆယ့်လေးငါးနှစ်လောက်ရှိရုံနဲ့ ဘာမှမဟုတ်
သေးဘူး။

၃။ ဘာမဆိုအဆက်မပြတ်သင်ယူပါ။
သင်မှတတ်မဲ့အရွယ်ပဲရှိသေးတယ်။ ကိုယ့်ကိုယ်ကို
တတ်လှပြီ ထင်မနေပါနှင့်။

၎။ ယဉ်ကျေးပါ။
မလောက်လေး မလောက်စားနှင့် ခံတန်တန် ပေ
ကပ်ကပ် လုပ်ပြနေတာဟာ ပေါကြောင်ကြောင်
ကြီးဖြစ်နေတယ်ဆိုတာ ကြီးမှသိလိမ့်မယ်။

၅။ မိတ်ဖွဲ့ပါ။
အလကားနေရင်း ရန်လိုနေတဲ့သူဟာ သူ့အတွက်
ဘာမှအကျိုးမရှိဘူးဆိုတာ သူသေခါနီးမှသိလိမ့်
မယ်။

၆။ ကူညီပါ။
ဘာအကျိုးမှ မမျှော်လင့်ခဲ့ပဲနဲ့ ကူညီလိုက်ခဲ့ရတဲ့ကိစ္စ
တွေရဲ့ တန်ဖိုးကြီးပုံကိုကြီးရင်သိလိမ့်မယ်။

၇။ နာခံပါ။
ကိုယ့်ထမင်းမှကိုယ်ရှာမစားနိုင်သေးဘဲနှင့် အိမ်က
လူကြီးတွေခေတ်တုံးသွားပြီ ဘာညာ လျှောက်ပြော
မနေနှင့်။

၈။ သေသေချာချာမသိဘဲနှင့် မတော်လှန်နှင့်။
တစ်ချို့ကိစ္စတွေကို ကိုယ်သေသေချာချာ မလေ့လာ
ထားရသေးဘူးဆိုတာ ကိုယ့်ဟာကိုယ်သိတယ်။
ထထမဆူနှင့်၊ သွန်ပြစ်တာခံရလိမ့်မယ်။

၉။ ဆွေးနွေးပါ။
ကိုယ်မသိသေးတာတွေ တစ်ခြားလူပေါင်းမြောက်များ
စွာဆီမှာရှိတယ်။ အားလုံးကိုငတုံးထင်မနေနှင့်။

၁၀။ ရှာဖွေပါ။
မသေခင်အထိကိုယ့်ဘ၀မှာ ဘယ်နေရာမှာဘာလုပ်
စားသင့်သလဲဆိုတာ သိအောင်လုပ်ရမယ်။ အဲဒါမသိ
တဲ့ကောင်ဟာ ဘာကောင်မှဖြစ်လာမှာ မဟုတ်ဘူး။

၁၁။ မငြင်းနဲ့။
ဘယ်လောက်အထိ သိထားပြီလို့ သွားငြင်းတာတုန်း။
ကိုယ်ကငယ်ငယ်လေးရှိသေးတာ။ အငြင်းအခုန်မှာ
ရှုံးပါများရင် လူသိမ်ငယ်သွားတတ်တယ်။

၁၂။ စုဆောင်းပါ။
ဘာမဆိုတတ်ထားတာ ကောင်းတယ်။ ဘယ်သူနှင့်
မဆိုပေါင်းလို့ရနိုင်တာပေါ့။ လူငယ်ပီပီကောင်းတာ
မကောင်းတာတွေ ထားလိုက်တော့။ အကုန်သင်ထား
ပေါ့။ ဘယ်ဘ၀ရောက်ရောက်လုပ်စားလို့ရတယ်။

၁၃။ သတိကောင်းပါ။
ဒါအရေးအကြီးဆုံးပဲ။ ဘာကိုမှအလွန်အကျွံမစွဲလမ်း
နှင့်။ မပတ်သတ်မယုံကြည်နှင့်။ မကြောက်နှင့်။ လူတစ်
ယောက်ရဲ့ဘ၀ဟာ အဲဒီလူဘာလုပ်ခဲ့လဲ၊ ဘာလုပ်နေ
တယ်ဆိုတဲ့အပေါ်မှာပဲ မူတည်တယ်။ အနာဂတ်မှာ
အဲဒီလူဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှမသိဘူး။
ငါဘာလုပ်နေသလဲ၊ ဘယ်လိုနေထိုင်နေသလဲဆိုတာ
ကိုပဲ သတိကောင်းကောင်းထားဖို့လိုတယ်။

၂၀၁၁ ဇူလိုင်လထုတ် အပျိုစင်မဂ္ဂဇင်းပါ
အရိုး၏ ဆယ့်သုံးဆောင်းပါးမှ။

No comments:

Post a Comment