Sunday, March 23, 2014

ဆိတ်သားလုံးကြော်


ဂျင်း၊ကြက်သွန်ဖြူနဲ.မဆလာနံ.သင်း
သော ဆိတ်သားလုံးကြော်ကို
အတူတူ ကြော်စားကြည်.ရအောင်နော်.
ဆိတ်သားမစားသူများ ၀က်သားကို
တရုပ်မဆလာ၊ ပဲငံပြာရည်၊ နှမ်းဆီတို.ကို
ပြောင်းထည်.ပြီးလဲ ကြော်စားနိုင်ပါတယ်..

ဆိတ်သားလုံးကြော်အတွက်

-ဆိတ်သားကြိတ်ပြီးသား - 400 g (သို.) ဆိတ်သား ပေါင်သားကို
တောက်တောက်စင်းပါ။
-ကြက်သွန်ဖြူ - 5 မွာကို ရေဆေးကာ အခွံခွာထားပါ။
-ဂျင်း - 1” ကို ရေဆေးကာ အခွံခွာထားပါ။
- မဆလာ - လက်ဖက်ရည်ဇွန်း (1) ဇွန်း
-သံပုရာသီး - တစ်ခြမ်း
-ကော်မှုန်. - ထမင်းစားဇွန်း( 2) ဇွန်း
-ဆား - လက်ဖက်ရည်ဇွန်း (1) ဇွန်း
-နနွင်း - လက်ဖက်ရည်ဇွန်း တစ်စိတ်
-အရသာမှုန်.- လက်ဖက်ရည်ဇွန်း (1) ဇွန်း
-ငံပြာရည် - လက်ဖက်ရည်ဇွန်း (1) ဇွန်း
-သကြား - လက်ဖက်ရည်ဇွန်း တစ်စိတ်
- ဆီ - ဆန်ချိန်ခွက် တစ်ခွက်

-ကြက်သွန်ဖြူနှင့်ဂျင်းကို ရောကာထောင်းထားပါ။

-နယ်မည်.ပုဂံကြီးထဲသို.ကြိတ်ထားသော ဆိတ်သား၊
ထောင်းထားသော ကြက်သွန်ဖြူနှင့် ဂျင်း၊ မဆလာ၊
ကော်မှုန်.၊ ဆား၊နနွင်း၊ အရသာမှုန်.၊ငံပြာရည်၊သကြား
တို.ကို ထည်.ပြီး သံပုရာသီးညှစ်ကာ သမအောင်နယ်ပြီး
အလုံးသေးသေးလေးတွေလုံးထားပါ။

-ကြော်မည်.ဒယ်အိုးထဲသို. ဆီထည်.ပြီး
ဆီကျက်လျှင် ဆိတ်သားလုံးထည်.ကာကြော်ပြီး
နီညိုရောင်သန်းလာလျှင် ရေနွေး ဆန်ချိန်ခွက် တစ်ဝက်ခန်.ထည့်
ပြီးအဖုန်းအုပ်ပြီး (10)မိနစ်ခန်.ထားပါ။ထိုနောက်အ
ဖုံးကိုဖွင့်ကာ နီညိုရောင်သန်းအောင်ကြော်ပြီး အပေါ. အငံမြည်းပြီး
အရသာရှိသော ဆိတ်သားလုံးကို သုံးဆောင်နိုင်ပါပြီရှင်..

-ထမင်းကို ဆိတ်သားလုံးကြော်ဆီဆမ်း၊ ဆားနှင့်နယ်ပြီး
ဆိတ်သားလုံးကြော်နှင့်တွဲကာစားနိုင်သလို..
-ပဲပာင်းရည်နဲ.လဲတွဲကာစားနိုင်ပါသည်။
-ကြက်သွန်ဖြူနီဆီသတ်ပြီး မာဆလာ၊ ပျဉ်းတော်သင်
တို.နှင့်တွဲကာ လဲချက်စားနိုင်ပါသည်။

Shared from Myanmar Foods & Others (FB)

No comments:

Post a Comment