Sunday, March 23, 2014

ဘိတ်ကပ်ကြေးကိုက် (၂ ပွဲစာ)


http://chawsufoodfriends.wordpress.com/2012/07/31/

** ဘိတ်ကပ်ကြေးကိုက် အတွက် လိုအပ်တာလေးတွေ…

ညှပ်ခေါက်ဆွဲဖတ် – ထမင်းတစ်ပန်းကန်စာ မောက်မောက်
ပဲပင်ပေါက် – တရုတ်ပန်းကန်လုံး ၁ လုံး
ဓါးနှင့်မွှန်းကာ ၃ ပိုင်းဖြတ်ထားသော ပြည်ကြီးငါး (squid) ခပ်သေးသေး – ၅ ကောင်
ခပ်စောင်းစောင်းလှီးထားသော seafood stick – ၂ ချောင်း
လက်ညှိုးအရွယ် ပုဇွန် (prawn) – ၈ ကောင်
ခပ်စောင်းစောင်းလှီးထားသော ဝက်အူချောင်း – ၂ ချောင်း
ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ – ၅ တက်
ပဲပြုတ် – ထမင်းစားဇွန်း ၄ ဇွန်း
ပဲငံပြာရည် အကျဲ – ထမင်းစားဇွန်း ၂ ဇွန်း
ပဲငံပြာရည် အပျစ် – ထမင်းစားဇွန်း ၂ ဇွန်း
သကြား – ထမင်းစားဇွန်း ၁ ဇွန်း
ရှာလကာရည် (vinegar) – ထမင်းစားဇွန်း ၁ ဇွန်း
အရသာမှုန်. – လက်ဖက်ရည်ဇွန်း ၃ ဇွန်း
ငရုတ်သီး အကြမ်းမှုန်. – ထမင်းစားဇွန်း ၁ ဇွန်း
ဆီ – ထမင်းစားဇွန်း ၆ ဇွန်း

ညှပ်ခေါက်ဆွဲဖတ်များထဲသို. ပဲငံပြာရည် အကျဲ၊ ပဲငံပြာရည် အပျစ်၊ ရှာလကာရည်၊ သကြား၊ အရသာမှုန်.တို. ထည့်ကာ ခပ်ဖွဖွနယ်ထားပါ။

နယ်ပြီးလျှင် ပဲပင်ပေါက်ထည့်ကာ ကြော်ရန်အသင့်ပြင်ထားပါ။

ငရုတ်သီးအကြမ်းမှုန်. (ထမင်းစားဇွန်း ၁ ဇွန်း) ထဲသို. ပွက်ပွက်ဆူနေသောရေနွေး (ထမင်းစားဇွန်း ၃ ဇွန်း)ထည့်ကာ ဖျော်ထားပါ။

ဒယ်အိုးထဲရှိ ဆီ(ထမင်းစားဇွန်း ၅ ဇွန်း) ပူလာလျှင် ကြက်သွန်ဖြူကို ထည့်ကာ ၁ မိနစ်ခန်.ကြော်ပါ။

ပြီးလျှင် အသားများကိုထည့်ကာ ၂ မိနစ်ခန်.ကြော်ပြီး အိုးထဲ အရည်အနည်း ငယ်ချန်ကာ ဆယ်ထုတ်ထားပါ။

ထိုအရည်ကျန်ထဲသို. ရေနှင့်ဖျော်ထားသည့် ငရုတ်သီးအကြမ်းမှုန်.၊ ညှပ်ခေါက်ဆွဲ နှင့် ပဲပင်ပေါက်ကို ထည့်ပြီး ၄၊၅ ချက်မွှေကြော်ကာ အိုးထဲမှ ဖယ်ထုတ်ထားပါ။

ဒယ်အိုးထဲ ဆီ(ထမင်းစားဇွန်း ၁ ဇွန်း) ထပ်ထည့်ပြီး ပူလာလျှင် ကြက်ဥ ၂ လုံးကို ဖေါက်ထည့်ကာ မွှေကြော်ပါ။

ကြက်ဥကျက်လျှင် ပဲပြုတ်၊ ဖယ်ထုတ်ထားသည့် အသားများ နှင့် ခေါက်ဆွဲကို ထည့်ကာ ၂ မိနစ်ခန်. ခပ်ဖွဖွ မွှေကြော်ပါ။ (ခေါက်ဆွဲများ မကြေသွားစေရန်)

ထို.နောက် အနံ.အရသာနှင့်ပြည့်စုံသော ဘိတ်ကပ်ကြေးကိုက်လေး သုံးဆောင်ရန်အသင့်ဖြစ်ပါပြီ။

Shared from Chaw Su's Food Friends (FB)

No comments:

Post a Comment