Sunday, March 23, 2014

အာလူးထမင်းနယ် ပြုလုပ်နည်း


အာလူးထမင်းနယ်ကလဲ ရှမ်းပြည်တောင်ပိုင်းအစားအစာ
တစ်ခုပါပဲ… ငယ်ငယ်ကကျွန်မအဖိုး လုပ်ကျွေးတဲ.နည်း
အတိုင်းလုပ်ထားပါတယ်….မတူတာကတော. ရှမ်းဆန်မရလို.
ထိုင်းဆန်နဲ.လုပ်ထားရပါတယ်.. ကျွန်မအရင်က ငါးထမင်းနယ်
လုပ်နည်းလဲရေးခဲ.ပြီးပါပြီ..

လိုအပ်သောပစ္စည်း

ရှမ်းဆန်၊ အာလူး၊ ခရမ်းချဉ်သီး၊ ဂျူးမြစ် (သို.) ဂျူးဖူး၊ငရုတ်သီးခြောက်
၊ကြက်သွန်ပင်၊ကြက်သွန်ဖြူ၊ဆီ၊ဆား၊ အရသာမှုန်.၊နနွင်း၊ငရုပ်အရောင်တင်။

ပြုလုပ်နည်း …
-ရှမ်းဆန်မရှိသောကြောင့် ထိုင်းဆန်ကို ဆန်ချင်ခွက်နှင့် 2 ခွက်နှင့်
ရေဆန်ချိန်ခွက် ၄ခွက်ထည်.ပြီး၊ နနွင်းအနဲငယ်ထည်.ကာခပ်ပျော.ပျော.ချက်ပြီးအအေးခံထားပါ။
-ခရမ်းချဉ်သီးနှစ်လုံးကို ထမင်းအိုးထဲထည်.ပြုတ်ထားပြီး ထမင်းကျက်လျှင်
ခရမ်းချဉ်သီးကိုထုတ်ယူကာ ဓါးနှင့်တောက်တောက်စင်းပြီး
ဒယ်အိုးထဲကာ ဆီထည့်ဘဲ နနွင်း၊ အရသာမုန်.၊ဆား၊ရေ ဆန်ချိန်ခွက်နှစ်ခွက်ခန်.ထည်.ပြီး ခရမ်းချဉ်သီးချက်အရည်ကျဲချက်ထားပါ။
-အာလူး ရှစ်လုံးကိုနူးအိအောင်ပြုတ်ပြီး အခွံခွာကာ ကျေအောင်ချေထားပါ။
-ကြက်သွန်ဖြူတလုးံကိုထောင်း နနွင်းနှင့်ငရုပ်သီးအရောင်တင်မှုန်.ထည်.ကာ ဆီများများနင်.အရောင်လှအောင်ဆီသတ်ထားပါ။
-ငရုတ်သီးခြောက်ဆယ်တောင့်ကို ဆီပေါ်ကြော်ပြီး ဆီစစ်ထားပါ။
-ကြက်သွန်ပင် - ၃ ပင်ကိုရေဆေးပြီးပါးပါးလှီးထားပါ။
-ကြက်သွန်ပင် ၃ ပင် (သို.) ဂျူးမြစ် ( 100) g ကို ရေစင်စင်ဆေးထားပါ…
-ငါးမှုန်.ကြော် - ၁၀ ခု

-ထမင်းကို ချက်ထားတဲ.ခရမ်းချဉ်သီးအနှစတစ်ဝက်၊ ချေထာ.တဲ.အာလူး၊ ဆီချက်၊
အရသာမုန်.နှင့်ဆားထည်.ကာ စေးပိုင်နေအောင် နယ်ပြီး ပေါ.အငံမြည်းကာ
လက်ကို မကပ်စေရန် လက်ကိုဆီချက်သုတ်ပြီး အလုံးသေးသေးလေးတွေလုံးထားလိုက်ပါ၊

-စားခါနည်းမှ ပုဂံပေါ် အာလူးထမင်းလုံး ကိုပြားပြား ပါးပါးလေးဖြစ်အောင်ဖြန်.ကာ
ခရမ်းချဉ်သီးချက်အရည်ကျဲ၊ ဆီချက် ဆမ်းပြီးပါးပါးလှီးထားသောကြက်သွန်ပင်ဖြူးပါ။
ထိုနောက်ဂျူးမြစ်(သို.) ဂျူးဖူး၊ ကြက်သွန်ပင် ငရုပ်သီးတောင့်ကြော်၊ငါးမှုန်.ကြော်တို.နှင့်
တွဲကာ အရသာရှိသော အာလူးထမင်းနယ် ကိုသုံးဆောင်နိုင်ပါပြီရှင်..

Shared from Myanmar Foods & Others (FB)

No comments:

Post a Comment