Saturday, March 22, 2014

နွားနို့ ခဲဟင်း



ဒီဟင်းလေးကစိမ့်စိမ့်လေးနဲ့ အတော်အရသာရှိပါတယ် ၊ အချဉ်ဓာတ်လေး အစပ်လေးပါ ပါတဲ့အတွတ် မအီပဲအလွန်းကောင်းပါတယ်.သတ်သတ်လွတ်ဟင်းတခွက်လဲ ဖြစ်ပါတယ်။
နို့ခဲလုပ်ပုံကတော့ အညာနို့ခဲလုပ်စားမယ် မှာတင်ပြီ:သာ:ပါနော်

နွားနို့ ခဲဟင်းပါဝင်ပစ္စည်း
- နွားနို့ခဲအတုံးလေးများ
- နို့ခဲအရည် ( စစ်ထားတဲ့အရည် )
-ကြက်သွန်ဖြူ၊ နီ၊ ဆား၊ ကြက်သားမှုန့်
-ပဲငပိ ငရုတ်သီးကြော်
-ခရမ်းချဉ်သီး နှစ်လုံး
-ငရုတ်သီးစိမ်း



နွားနို့ခဲအတုံးလေးများကို ဆား၊ ကြက်သားမှုန့်၊ ပဲငပိ ငရုတ်သီးကြော်တစ်ဇွန်းတို့နဲ့နယ်ထားပါ၊

ထုံးစံအတိုင်း ကြက်သွန်ဖြူ၊ နီ ကို ဆား၊ ကြက်သားမှုန့်၊ အရောင်တင်မှုန့် တို့နဲ့ ဆီသတ်ပါတယ်၊



ရွှေဝါရောင်သန်းလာပြီဆိုရင် ခရမ်းချဉ်သီးထဲ့ပြီး အသာလေးမွှေပေးပါ.ခရမ်းချဉ်သီးနွမ်းလာရင် နယ်ထားတဲ့ နွားနို့ခဲလေးတွေထည့်၊ ဆား၊ အချိုမှုန့် သင့်သလိုထည့်ပြီး နို့ခဲအရည် ( စစ်ထားတဲ့အရည် ) လောင်းထဲ့ပြီး ငရုတ်သီးစိမ်းလေးတွေထဲ့ပြီးနှပ်ထားလိုက်ပါ။ ဆီပြန်လာပြီဆိုရင် နွားနို့ ခဲဟင်း စပ်စပ်လေး နဲ့ စိမ့်စိမ့်လေးရပါပြီ

Shared from
http://htetfamily.com/2012/02/12/%E1%82%8F%E1%80%BC%E1%80%AC%E1%80%B8%E1%82%8F%E1%80%AD%E1%80%AF%E1%82%94-%E1%80%81%E1%80%B2%E1%80%9F%E1%80%84%E1%80%B9%E1%80%B8/


No comments:

Post a Comment