Sunday, March 30, 2014

ဘာသာရေးတွေ့ဆုံဆွေးနွေးပွဲ အပိုင်း(၂)



မြန်မာဗုဒ္ဓဘာသာဝင်တစ်ဦးနှင် အစ္စလာမ်ဘာသာဝင် မွတ်စလင်လူမျိုး မော်လဝီပညာရှင်နှင့် ဘာသာရေးတွေ့ဆုံဆွေးနွေးပွဲ အပိုင်း(၂)

****************************

သူငယ်ချင်းများအားလုံးပဲ …………… မင်္ဂလာပါဗျာ။
ကျွန်တော် ပို့ စ် မဆန့် ပါသဖြင့် ခွဲတင်ထားခြင်း ဖြစ်ပါတယ်။

ပြန်ချေပချက် ၂) ။ ။ ဦးလေးအပါအ၀င် မွတ်စလင်တိုင်းက အစ္စလာမ်ဘာသာမှာ ကြောင်းကျိုးဆက်စပ်ခြင်း၊ ကြောင်းကျိုးဆင်ခြင်ခြင်း
ကိုလက်ခံတယ်လို့ ပြောထားကြပါတယ်။ ဒါကြောင့်လည်း အလ္လာဟ်ကို ကြောင်းကျိုးဆက်စပ်ခြင်းဖြင့် သိနိုင်တယ်လို့  ဂုဏ်ဖော်ပြီး ပြောနေကြခြင်း ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော့်ဘက်က ပြန်ချေပပေးပါ့မယ်။ သေးငယ်သော နာရီတစ်လုံးဖြစ်လာဖို့ အတွက် ကုန်ကြမ်းပစ္စည်းတွေလိုအပ်ပါတယ်။ သံတွေ၊ သတ္ထုတွေ၊ စသဖြင့်လိုအပ်ပါတယ်။ နောက်ပြီး နာရီကို ပုံလောင်းခွက်ထဲမှာ ပုံဖော်ဖို့ အတွက် နာရီလုပ်တဲ့စက်ရုံကြီးတွေ လိုအပ်ပါတယ်။ လူအင်အားများစွာက ပေါင်းစုပြီးမှ တီထွင်ဖန်တီးရပါတယ်။
နောက် နာရီကိုတီထွင်သူမှာ သူ့ ကို ဖြစ်လာအောင် ပြုလုပ်သူ သူ့ မိဘ ၂ပါးက ဖန်တီးမွေးဖွားပေးပါတယ်။ ထိုနာရီတီထွင်သူရဲ့ မိဘ ၂ပါးကို သူတို့ ရဲ့  မိဘ တွေ မိဘ တွေ က တဆင့်ပြီး တဆင့် မွေးဖွား ဖန်တီးပေးရပါတယ်။ ဒါမှ အကြောင်း အကျိုး ကွင်းဆက်က ညီညွတ်မျှတသွားမှာဖြစ်ပါတယ်။ နောက်ဆုံးမှာ ကမ္ဘာဦး လူသား ၂ဦး အလှည့်ရောက်သွားတယ် ဆိုပါစို့ ။ ထိုလူသား ၂ဦးကို ဖန်ဆင်းရှင် အလ္လာဟ်က ဖန်ဆင်းပေးခဲ့တယ်ဆိုရင် ထိုဖန်ဆင်းရှင်ကို ဖန်တီးပေးသူလည်း ကြိမ်းသေ ဧကန်အမှန် ရှိရပါလိမ်မယ်။

ဆိုလိုတာက …………..
- နာရီက အကျိုးတရား ၊ ထိုနာရီကို ပြုလုပ်သူက အကြောင်းတရား
- နာရီပြုလုပ်သူက အကျိုးတရား ၊ ထိုနာရီပြုလုပ်သူကိုမွေးဖွားပေးသော မိဘ ၂ပါးက အကြောင်းတရား
- ထိုမိဘတွေက အကျိုးတရား၊ ထိုမိဘရဲ့ မိဘက အကြောင်းတရား
- ထိုမိဘအားလုံးက အကျိုးတရား ၊ ကမ္ဘာဦး လူသား ၂ဦးက အကြောင်းတရား
- ထိုကမ္ဘာဦးလူသား ၂ဦးက အကျိုးတရား ၊ ထိုကမ္ဘာဦးလူသား ၂ဦးကို
ဖန်ဆင်းသူ ပြုလုပ်သူက အကြောင်းတရား
- ထိုကမ္ဘာဦး လူသား ၂ဦးကို ပြုလုပ်ဖန်ဆင်းသူ အလ္လာဟ်က အကျိုးတရားဖြစ်တယ်ဆိုရင်

ထို အလ္လာဟ် ကို ဖန်တီးသူ က WHO ???
ထို အလ္လာဟ် ဖြစ်ပေါ်လာတဲ့ အကြောင်းတရားက WHAT ???
ထို အလ္လာဟ် က ဘယ်ကနေ လာတာလဲ WHERE ???
ထို အလ္လာဟ် ဖြစ်လာဖို့ ကျင့်စဉ်တွေက HOW ???
ထို အလ္လာဟ် ဆိုတာ (ကြောင်းကျိုးဆက်စပ်ခြင်းလုံးဝမရှိဘဲ)
(အလိုအလျောက်)(ဥုံဖွ) ဖြစ်လာတာက WHY ???
အခုလို ကျွန်တော်ဘက်က ပြန်လည်ချေပချက် မေးခွန်းအချို့ ကို
ပြန်ဖြေပေးပါလို့  ပြောလိုပါတယ်။

(မော်လ၀ီဆရာ)
အင်း ………… ငါ့တူ အခု မေးတဲ့မေးခွန်းက နိုင်ငံတကာက အစ္စလာမ့် ပညာရှင်တွေပဲ သေချာဖြေပေးနိုင်မယ်လို့ ဦးလေးယူဆပါတယ်။
ဒေါက်တာဇာကီးနိုက် လိုမျိုးပေါ့။ ဒါပေမယ့်လည်း သူကိုယ်တိုင်လည်း
ဖြေဆိုလို့ ရချင်မှလည်း ရနိုင်ပါလိမ့်မယ်။ ဒါက ဖန်ဆင်းရှင်ပဲ သိနိုင်မှာမို့ပါ။

(KMMS)
ဦးလေးက မော်လ၀ီပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့်
ဦးလေးကိုယ်တိုင် ၀န်ခံတဲ့စကားကို ကျွန်တော်ကြားချင်လို့ ပါ။
ကျွန်တော် အခုပြန်လည်ချေပချက်နဲ့  ပြန်လည် စဉ်းစားဝေဖန်သုံးသပ်
ချက်တွေက အကြောင်း အကျိုး ခိုင်လုံပါရဲ့ လား။ ကျိုးကြောင်းဆင်ခြင်
ပြီးယုတ်တိရှိပါသလားဆိုတာကို ပြောပြပေးပါ ဦးလေ။
ဘာကြောင့်လဲဆိုရင် အပြင်မှာလူကိုယ်တိုင်တွေ့ ပြီး တိုက်ရိုက်ဆွေးနွေး
တဲ့အဓိက ရည်ရွယ်ချက်က ကျွန်တော်လို သာမာန်ဗုဒ္ဓဘာသာဝင်
တစ်ယောက် နဲ့  အစ္စလာမ်မော်လ၀ီပညာရှင်တစ်ယောက်ရဲ့ ဆွေးနွေးမှု
မှာတိကျတဲ့ ၀န်ခံချက်ကို သိချင်တာပါ။ ဒါကြောင့် ဦးလေးဘက်က
ကျွန်တော်အခု သုံးသပ်ဝေဖန်ပြီး ဖြေရှင်ချက်နဲ့ အတူ မေးခွန်းကို
ပြန်လည်ဖြေဆိုနိုင်ခြင်း ရှိ မရှိ ကို သိချင်ပါတယ်။ ပြောပြပေးပါ ဦးလေး။

(မော်လ၀ီဆရာ)
ကောင်းပါပြီ ငါ့တူ။ ဦးလေး ဒီမေးခွန်းကိုတော့ ဖြေဆိုဖို့ ဗဟုသုတမရှိပါ။
ဝန်ခံပါတယ် ငါ့တူ။ ဒါနဲ့  ငါ့တူ မေးချင်တဲ့ မေးခွန်းဆိုတာ ဦးလေး မသိရသေးဘူး။ ငါ့တူ မေးချင်တဲ့ မေးခွန်းကို မေးမယ်ဆိုတာ မေးကြည့်ပါ။ ဦးလေး သိသလောက်ဖြေပေးပါ့မယ်။

(KMMS)
ဦးလေး ……… အခုတောင် အဖြေကထွက်နေပါပြီ။ မေးဖို့ မလိုတော့ဘူးလို့  ထင်တာပဲ။ ဒါပေမယ့် ကျွန်တော့်မေးခွန်းကို အချည်းနှီးမဖြစ်ဖို့ အတွက် သေချာအောင် ထပ်ပြီး မေးခွန်းတစ်ခုတည်းပဲ မေးပါရစေ။ အလ္လာဟ် ဆိုတာ (ရုပ်လား ၊ နာမ်လား ၊ ရုပ်နာမ်မဟုတ်တာလား) ဆိုတဲ့ ၁ခုတည်းသော မေးခွန်းဖြစ်ပါတယ် ဦးလေး။ ???

(မော်လ၀ီဆရာ)
အလ္လာဟ်ရှင်မြတ်ဆိုတာ အမြဲရှိနေတဲ့ ပရမတ်ဖန်ဆင်းရှင်ဖြစ်ပါတယ်။
ငါ့တူကို ဦးလေး တစ်ခုမေးပါရစေ။ လောကမှာ ရုပ် နဲ့ နာမ် ၂ခုပဲ ရှိတယ်လို့  ငါ့တူက ထင်တာလား။ လောကမှာ ရုပ်နဲ့ နာမ် ၂ခု ပဲ
ရှိတယ်လို့  သက်သေပြပေးနိုင်မလား၊ ရုပ်နဲ့ နာမ် ၂ခုပဲ ရှိတယ်လို့ 
ငါ့တူတို့ ဘုရားက ဟောထားလို့ လား ??? ဦးလေး သိချင်လို့ ပါ။

(KMMS)
ဟုတ်ကဲ့ လောကမှာ ရုပ် နဲ့ နာမ် ၂ မျိုးပဲ ရှိတယ်လို့  ဗုဒ္ဓကိုယ်တိုင်လည်း
ပိဋကတ်ထဲမှာ၊ သုတ္တန်ထဲမှာ၊ အဘိဓမ္မာထဲမှာ အတိအကျ ဟောထားပါတယ် ဦးလေး။ ဒီနေရာမှာ တဆက်တည်းရှင်းပြပေးချင်တာ
တစ်ခုရှိပါတယ်။
(လောက ဆိုတာ စကြာဝဠာအနန္တကို ခေါ်ဆိုတာပါ၊ နောက်ပြီး ၃၁ ဘုံ
ကိုခေါ်ဆိုတာပါ)
လောက ထဲမှာက ( ရုပ်နာမ် ၂ပါး ) ပဲ ရှိတာပါ။ အကျယ်ခွဲပြရရင်
(ရုပ်၊ စိတ်၊ စေတသိက်) ထို ၃ မျိုးဟာ ပရမတ် တွေပါ။
(လောကုတ္တရာ ဆိုတာ လောကမှ လွန်မြောက်မှု၊ လွတ်မြောက်မှု ကို
ခေါ်ဆိုတာပါ။ ထိုအရာကို နိဗ္ဗာန် လို့ သတ်မှတ်ပါတယ်)

(KMMS)
ဦးလေးကို ကျွန်တော်က သက်သေပြပေးရမယ့်အချက် ရှိပါတယ်။
ဦးလေးက တောင်းဆိုထားတဲ့အတွက်။ အနန္တစကြာဝဠာလောကမှာ
(ရုပ် နဲ့  နာမ်) ၂ မျိုးပဲ ရှိတယ်ဆိုတာကို သက်သေပြပေးပါ့မယ်။

ရုပ် ဆိုတာ ………………
ပထ၀ီ၊ တေဇော၊ ၀ါယော၊ အာပေါ စတဲ့ အခြေခံမဟာဘုတ်ဓာတ်ကြီး
၎ပါး နဲ့ ဖွဲ့ စည်းထားတာမှန်သမျှကို ရုပ်လို့ ခေါ်ဆိုပါတယ်။
ရုပ် တရားမှန်သမျှတိုင်းမှာ
၁) ပထ၀ီဓာတ် (မာခြင်း ပျော့ခြင်း သဘော၊ နူးညံ့သိမ်မွှေ့ ခြင်း၊ ခက်ထန်ကြမ်းတမ်းခြင်း သဘော) အမြဲပါဝင်ပါတယ်
၂) တေဇောဓာတ် (ပူခြင်း အေးခြင်း သဘော၊ ရင့်ကျက်စေခြင်းသဘော)
အမြဲပါဝင်ပါတယ်
၃) အာပေါဓာတ် (ယိုစီးခြင်း၊ ဖွဲ့ စည်းထားခြင်း သဘော၊ ပေါင်းစည်းခြင်း
သဘော) အမြဲပါဝင်ပါတယ်
၎) ၀ါယောဓာတ် (တည်ငြိမ်ခြင်း၊ လှုပ်ရှားခြင်း၊ ထောက်ကန်ခြင်း၊ တွန်းကန်ခြင်း သဘော) အမြဲပါဝင်ပါတယ်။
ရုပ်တရားမှန်ရင် ထိုမဟာဘုတ်ဓာတ်ကြီး၎ပါး အမြဲပါဝင်ပါတယ် ဦးလေး။

ရုပ်တရားဟုတ်မဟုတ်ကို ဘယ်လိုသိနိုင်မလဲဆိုတာထပ်မံရှင်းပြပေးပါ
ဦးမယ်။ ( မျက်စိ၊ နား၊ နှာခေါင်း၊ လျှ၊ ခန္ဓာကိုယ်အရေပြား ) ဒွါရ ၅ခု နဲ့ သိနိုင်တဲ့အရာမှန်သမျှကို ရုပ်တရားလို့ ခေါ်ပါတယ် ဦးလေး။
ဥပမာ - လူ၊ တိရိစ္ဆာန်၊ ကမ္ဘာ၊ နေ၊ လ ၊ စကြာဝဠာ၊ ဂြိုလ်၊ သစ်ပင်၊ တော၊ တောင်၊ ပင်လယ်၊ သမုဒ္ဒရာ၊ မြေ၊ ရေ၊ လေ၊ မီး၊ အလင်း၊ အသံ၊ အနံ့ ၊ လျှပ်စစ်၊ ရောင်ခြည်၊ စတဲ့ စတဲ့ အရာအားလုံးဟာ ရုပ်တရားတွေပဲ ဖြစ်ပါတယ်။ အချုပ်ပြောရရင် ရုပ်တရားဆိုတာ ပဉ္စဒွါရ ၅ခုနဲ့  သိမြင်နိုင်တယ်၊ စမ်းသပ်နိုင်တဲ့အရာလည်းဖြစ်ရမယ်၊ အနည်းဆုံး အခြေခံမဟာဘုတ် ဓာတ်ကြီး၎ပါး နဲ့ လည်းတည်ဆောက်ထားတာ မှန်သမျှကို ရုပ်တရားလို့ ခေါ်ပါတယ်။

နာမ်တရား ဆိုတာက ဦးလေး နားလည်အောင် ၊ ဘာသာခြားနားလည်
လွယ်အောင် အလွယ်ပြောပေးရမယ်ဆိုရင် (စိတ် နဲ့  စေတသိက်) ကို
နာမ်တရားတွေလို့ ခေါ်ဆိုပါတယ်။
(စိတ် = ၁ ခု) ၊ (စေတသိက် = ၅၂ ခ)ု ရှိပါတယ်။
လူတစ်ယောက် လောဘဖြစ်နေတဲ့ စိတ် ကို အထက်ကပြောထားတဲ့
ပဉ္စဒွါရ ၅ခု နဲ့ စမ်းသပ်လို့ လုံးဝ မရပါဘူး။ လောဘ ဆိုတဲ့ စေတသိက်ကို ဓာတ်ကြီး ၄ပါး နဲ့ လည်း မဖွဲ့ စည်းထားပါဘူး ဦးလေး။

(KMMS)
ဒါကြောင့် လောကမှာ စကြာဝဠာ အနန္တမှာ (ရုပ်နဲ့ နာမ်) ၂ မျိုးပဲ ရှိတယ်
ဆိုတာကို ထပ်မံပြီး သိပ္ပံနဲ့ ပါ ပြောပြပေးပါ့မယ်။

သိပ္ပံပညာရပ်မှာလည်း ရှိရှိသမျှသောအရာအားလုံးမှာ
(Matter and Energy) ပဲ ရှိတယ်လို့  အဆိုပြုထားကြပါတယ်။
ထို အရာတွေကို ပြုလုပ်သူမရှိ၊ ဖန်တီးသူမရှိ၊ ဖျက်ဆီးလို့ မရဘူးဆိုတာ
ကိုလည်း သိပ္ပံပညာရှင်အားလုံးက တစ်ညီတစ်ညွတ်တည်း အဆိုပြုထားတဲ့ နိယာမ ရှိပါတယ်။
(Matter and Energy can neither be created nor destroyed)
သိပ္ပံရှု့ ထောင့်က ကြည့်မယ်ဆိုရင်လည်း လူ၊ ခွေး၊ ကြောင်၊ ကမ္ဘာ၊
စကြာဝဠာ ဆိုတာ မရှိပါဘူး။ အားလုံးဟာ အသေးဆုံး အဏုမြူတစ်ခုမှ
အကြီးဆုံး စကြာဝဠာ နေအဖွဲ့ အစည်းအထိကို Matter and Energy ပဲ
ရှိတယ်ဆိုတာ ထင်ရှားပါတယ်။
ဗုဒ္ဓအဘိဓမ္မာရှု့ ထောင့်ကနေ ကြည့်မယ်ဆိုရင်လည်း (ရုပ်နဲ့ နာမ်) ၂မျိုး
ပဲ ရှိတယ်ဆိုတာ သက်သေပြပြီးပါပြီ။
ဒါကြောင့် ဦးလေး ဘက်က အလ္လာဟ် ဆိုတာ (ရုပ်လား နာမ်လား)???
ဖြေပေးပါဦး။

(မော်လ၀ီဆရာ)
အင်း ………. ငါ့တူ ဆီက အခုလိုတွေ ကြားသိရတာ အတော်လေးကို ဗဟုသုတတွေရခဲ့ပါတယ်။ ဒီလောက်ထိ အသေးစိတ်ပြောပြနိုင်လိမ့်မယ်
လို့ ငါ့တူကို ဦးလေး မထင်ထားဘူးကွယ့် အဲ့ဒါ အမှန်ပြောတာ။
ငါ့တူမေးသလို အလ္လာဟ်ရှင်မြတ်က ရုပ်လား နာမ်လား ဆိုတာတော့
ဦးလေး အမှန်အတိုင်းဝန်ခံရရင် မသိပေမယ့် ။ အလ္လာဟ်ရှင်မြတ်တောက ထိုအဖန်ဆင်းခံ ရုပ်နာမ်တော့ မဟုတ်ဘူး ငါ့တူ။ အလ္လာဟ်ရှင်မြတ်ဆိုတာ အမြဲတည်ရှိနေတဲ့ ပရမတ် ဘုရားသခင်ပါ။ ဒီလောက်ပဲ ဦးလေး ဖြေနိုင်ပါတယ်။

(KMMS)
ဟုတ်ကဲ့ (ပညတ် ပ၇မတ)် ဆိုတာကို ဦးလေးဘယ်လိုနားလည်ပါသလဲ?
ကျွန်တော့်ကို ရှင်းပြပေးပါလား ??? ကျွန်တော်က ဗုဒ္ဓဘာသာအရ
(ပညတ် ပရမတ်) ဆိုတာကို ပြောပြပေးပါ့မယ်။

ရှင်ပြချက်။ ။
ပညတ် ဆိုတာ တကယ်မရှိတဲ့အရာတွေပဲဖြစ်တယ်။ စကားပြောဆိုဖို့ 
ပြောဆိုသုံးနှုန်းဖို့ အတွက်ပဲ သတ်မှတ်ခေါ်ဝေါ်ထားတဲ့အရာကို ပညတ်
လို့ ခေါ်ပါတယ် ဦးလေး။
ဥပမာ - လူ၊ ကား၊ နှင်းဆီပန်း၊ နံ့ သာဖြူတုံး၊ ပန်းကန်၊ ကမ္ဘာ၊ စကြာဝဠာ၊
ကောင်းကင်၊ အာကာသ၊ နေ၊ လ၊ ကြယ်၊ တော၊ တောင်၊ ပင်လယ် စတဲ့အရာမှန်သမျှသည် ပညတ်ပဲဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုရင် စကားပြောဆိုသုံးနှုန်းဖို့ အတွက်ပဲ သတ်မှတ်ခေါ်ဝေါ်ထားတဲ့အရာတွေဖြစ်နေလို့ ပါပဲ။ တကယ်မရှိပါဘူး။
ဒီလိုတကယ်မရှိဘဲ အခေါ်အဝေါ်အရသာ ပညတ်ထားတဲ့အရာဖြစ်တဲ့ (လူ၊ ခွေး၊ ကြောင်၊ ကမ္ဘာ၊ စကြာဝဠာ၊ ကောင်းကင်) စတာတွေကို
ထာဝရဖန်ဆင်းရှင်က ဖန်ဆင်းတယ်ဆိုတာ ရီစရာတစ်ခုလိုဖြစ်သွားပါ
လိမ့်မယ် ဦးလေး။ ဖန်ဆင်းရှင်က တကယ်မရှိတဲ့ အခေါ်အဝေါ်ရှိ ပညာတ်တွေကို ဖန်ဆင်းသလို ဖြစ်မနေဘူးလား ဦးလေးရယ်။

ပရမတ် ဆိုတာကို ကျွန်တော် ရှင်းပြပါ့မယ်။ အထက်က ဥပမာထဲက
ရုပ်တရားတစ်ခုလည်းဖြစ်တယ်။ ပညတ်တစ်ခုဖြစ်တဲ့ နဲ့ သာဖြူတုံး တစ်တုံးကို ပညတ် ပရမတ် ခွဲပြပေးပါ့မယ်။
နံ့ သာဖြူတုံး တစ်တုံး ကို စားပွဲတစ်ခုပေါ်မှာ တင်ထားလိုက်ပါ။
ထိုအရာကို (နံ့ သာဖြူတုံး) လို့ ခေါ်ဆိုထားတာက ပညတ်ပါ။ ဒါက တကယ်မရှိပါဘူး။
ထိုစားပွဲပေါ်က နံ့ သာဖြူတုံး ကို ဓါးနဲ့  အစိတ်စိတ်အမွှာမွှာခွဲလိုက်မယ်
ဆိုရင် ဦးလေး ဒီအခုဖြစ်လာတဲ့အရာတွေကို ဘာလို့ ခေါ်ပါသလဲ။
ဦးလေးကိုယ်တိုင်ပဲ ကျွန်တော့်ကို အဖြေပေးကြည့်ပါ။

(မော်လ၀ီဆရာ)
နံ့ သာဖြူတုံးကြီးကို အစိတ်စိတ်ခွဲပြစ်လိုက်ရင် နံ့ သာဖြူချောင်းလေးတွေ
ရလာမှာပေါ့ ငါ့တူ။

(KMMS)
ဟုတ်ကဲ့ ဒါဆို ခုနက ခေါ်ဝေါ်နေတဲ့ နံ့ သာဖြူတုံး ဆိုတဲ့ ပညတ်အခေါ်
အဝေါ်တစ်ခုကနေ အခု နံ့ သာဖြူချောင်းလေးတွေဆိုပြီး အခေါ်ဝေါ်
ပညတ်သမုတ်က ပြောင်းသွားတယ် မဟုတ်လား ဦေးလ။
ဦးလေး အရှေ့ မှာတင် မျက်မြင်ကိုယ်တွေ့ ပဲနော်။
ပညတ်အရ နံ့ သာဖြူတုံးကြီးကနေ နံ့ သာဖြူချောင်းလေးတွေသာ
ပြောင်းလဲသွားပါတယ်။ ထို နံ့ သာဖြူတုံးမှာ ပါဝင်ဖွဲ့ စည်းထားတဲ့
ဓာတ်ကြီး၎ပါး ကတော့ နံ့ သာဖြူတုံးကြီးအဖြစ်တုန်းကလည်း
တည်ရှိနေပါတယ်။ နံ့ သာဖြူချောင်းဘ၀ကိုရောက်သွားတော့လည်း
တည်ရှိနေပါတယ်။ ဒါက ရုပ်ပရမတ် လို့ ခေါ်ပါတယ် ဦးလေး။

(KMMS)
ဟုတ်ပြီ။ ဒီတခါ ခုနက ရလာတဲ့ နံ့ သာဖြူချောင်းလေးတွေကို
ကြိတ်စက်ထဲကိုထည့်ပြီး အမှုန့် ဖြစ်အောင်ကြိတ်ချေလိုက်တယ်ဆိုရင်
ဘာလို့ ခေါ်ဆိုမလဲ။ ဦးလေးကိုယ်တိုင်ပဲ ဖြေဆိုပေးစေချင်ပါတယ်။

(မော်လ၀ီဆရာ)
အင်း ………. နံ့ သာဖြူချောင်းလေးတွေကို ကြိတ်စက်ထဲထည့်ပြီး
ကြိတ်လိုက်တော့ ပေါင်ဒါမှုန့် လိုဖြစ်သွားတဲ့အတွက် နံ့ သာဖြူမှုန့် 
လို့ ခေါ်ပါတယ် ငါ့တူ။ ဆက်ပြောပါဦး ငါ့တူ။ ဦးလေး စိတ်ဝင်စားလာလို့ပါ။

(KMMS)
ဟုတ်ကဲ့ပါ ဦးလေး။ နံ့ သာဖြူချောင်းဘ၀ကနေ နံ့ သာဖြူမှုန့် ဖြစ်သွားတယ်လို့  အခေါ်အဝေါ်ကို ဦးလေးပဲ သတ်မှတ်လိုက်တာပဲ မဟုတ်လား။ ဘယ်သူက သတ်မှတ်ပေးတာလဲ။

(မော်လ၀ီဆရာ)
ဟုတ်ပါတယ် ငါ့တူ။ ဦးလေး ကိုယ်တိုင် အခြေအနေတွေ ပြောင်းလဲတဲ့
အပေါ်မှာ အခေါ်အဝေါ် အသုံးအနှုန်းက လိုက်ပြီးပြောင်းလဲခေါ်ဝေါ်
သွားလိုက်တာပါ။ ဘယ်သူကမှ ခေါ်တာမဟုတ်ပါဘူး။ ဦးလေးကပဲ
ခေါ်ဝေါ်သမုတ်လိုက်တာပါ။ အော် ……… ဒါကြောင့် ပညတ်လို့ ခေါ်တာကိုး ။ ငါ့တူ ဆက်ပြောပါဦး။

(KMMS)
ဟုတ်ကဲ့။ နံ့ သာဖြူမှုန့် ဖြစ်သွားလည်းပဲ ပရမတ်တရားဖြစ်တဲ့
ဓာတ်ကြီး၎ပါး ရုပ်တရားက အမြဲရှိနေတာပဲ မဟုတ်လား ဦးလေ။
ထို နံ့ သာဖြူအမှုန့် ကို ကိုင်ကြည့်ပါ နူးညံ့တဲ့သဘောကို တွေ့ ထိရပါလိမ့်မယ်။ အဲ့ဒါ ပထ၀ီပါ။ ထိုအမှုန့် ကို ကိုင်တဲ့အခါ
ပူတဲ့သဘော၊ အေးတဲ့သဘောကိုတွေ့ တာက တေဇောဓာတ်ပါ။
ထိုအမှုန့် လေးတွေက အခုထိ အစိုင်အခဲသေးငယ်သွားတယ်ဆိုပေမယ့်
ဒီလိုအစိုင်အခဲဖြစ်အောင် ဖွဲ့ စည်းထားတာက အာပေါဓာတ်ပါ။
ထိုအမှုန့် လေးတွေက လှုပ်ရှားတဲ့အခါရှိမယ်၊ ငြိမ်နေတာရှိပါမယ် ဒါက
ဝါယောဓာတ်ပါ။ ပညတ်တွေဘယ်လိုပဲပြောင်းလဲသွားပါစေ ရုပ်တရား
ဆိုတဲ့ ပရမတ်တရားက အမြဲရှိနေတယ် မဟုတ်လား ဦးလေ။
ဒါကြောင့် လောကမှာ အခေါ်အဝေါ်အရ ရှိတဲ့အရာ နဲ့  အမှန်တကယ်
ရှိတဲ့ ပရမတ် ဆိုတာ အဲ့ဒါကို ပြောတာပါ။
(ရုပ်၊ စိတ်၊ စေတသိက်)တွေဆိုတာ ပရမတ် ပါ။ ပညတ် မဟုတ်ပါဘူး။

ဒါကြောင့် နောက်ဆုံးအနေနဲ့ ကျွန်တော့်ဘက်က ပြောပြလိုတာက
- အလ္လာဟ် ဆိုတာ ပရမတ်လို့ ပဲ ပြောပြော
- အလ္လဟ် ဆိုတာ ပညတ် လို့ ပဲပြောပြော
- အလ္လာဟ် ဆိုတာ ရုပ်လို့ ပဲ ပြောပြော
- အလ္လာဟ် ဆိုတာ နာမ်လို့ ပဲ ပြောပြော
- အလ္လာဟ် ဆိုတာ ရုပ်နာမ် ရှိတယ်လို့ ပဲ ပြောပြော
- အလ္လာဟ် ဆိုတာ ရုပ်နာမ်မှ လွတ်ကင်းတယ်ပဲ ပြောပြော
လောကမှာ ဖန်ဆင်းရှင် ဆိုတာ တကယ်မရှိဘူးဆိုတာ ဦးလေး သိသွားပြီမဟုတ်လား။

(မော်လ၀ီဆရာ)
ငါ့တူ ကို ဦးလေး ချီးကျူးပါတယ်။ ငါ့တူပြောတဲ့အရာတွေအရ သိရသလောက် အတော်လေးကို ဗဟုသုတရလိုက်ပါတယ်။
ငါ့တူမေးတဲ့အရာတွေကိုလည်း ဦးလေး ပြန်မဖြေလိုပါဘူး။
ဖြေစရာလည်း ကျမ်းအထောက်အထားမရှိသလို၊ ငါ့တူကို သက်သေပြဖို့ လည်း ဦးလေး ဒီလောက်ထိ မစွမ်းနိုင်ပါဘူး။
ဒါကြောင့် နောင် ကြုံကြိုက်တဲ့အခါ ငါ့တူ နဲ့ ပြန်တွေ့ ချင်ပါတယ်။

(ကျွန်တော့်ကိုဖိတ်ခေါ်သော မွတ်စလင်သူငယ်ချင်း)
အကို ………… အကို့ ကို တစ်ခု တောင်းဆိုပါရစေ။
ကျွန်တော်နဲ့  ကျွန်တော်တို့ ဆရာ ကို Online မှာ နာမည်တွေကို
ထုတ်ဖော်မပြောပြပါနဲ့ လို့  အကို့ ကို request လုပ်ပါတယ်။
အကို့ ကို လေးစားလျက်ပါ။

အားလုံးပဲ နှုတ်ဆက်ပြီး ထွက်ခွာခဲ့ကြပါတယ်။
(အားလုံးပဲ လောကအမှန်တရားကို သိမြင်နိုင်ကြပါစေ)

By Kaung Myat Min Soe

No comments:

Post a Comment